← Chapters

အခန်း (၅၁-၅၅)

Vol. 4 Ch. 51-55

အခန်း (၅၁-၅၅)

Vol. 4 Ch. 51-55

အခန်း ၅၁ မြို့တော်Gသို့သွားပြီ

ကုမန့်ကိုထိုလူ စွန့်ပစ်သွားခဲ့တာလို့ ကုနင်းထင်ထားခဲ့ပေမယ့် အမှန်တရားက လုံးဝကွဲပြားနေတယ်.

နင်း, ကုနင်း သူမရဲ့သမီးကို ကုနင်းလို့ခေါ်ရတဲ့အကြောင်းပေါ့

"အမေသူနဲ့အတူရှိနေတုန်းက တခါမှမရှိခဲ့ဖူးတဲ့ ပျော်ရွှင်မှုတွေရှိခဲ့တယ်. ဒါကြောင့် သူမတော်တဆဖြစ်ပြီးသွားတော့ ကိုယ့်ကိုကိုယ်သတ်သေဖို့တောင် တွေးမိတယ်. အမေတစ်ကိုယ်ကောင်းဆန်မှန်းလဲသိတယ်. အမေ့ကိုချစ်တဲ့မိဘတွေမောင်နှမတွေအပေါ်မှာ မတရားရာလဲရောက်တယ်. အဲ့လိုစိတ်ခံစားချက်တွေရှုပ်ထွေးနေတဲ့အချိန်မှာမှ ကိုယ်ဝန်၃လရှိနေပြီမှန်းသိခဲ့တယ်. ဒါကြောင့် အမေ့ဘဝကိုရှေ့ဆက်ဖို့အတွက် ကျောင်းကထွက်ခဲ့လိုက်တယ်."

နောက်ဘာဆက်ဖြစ်ခဲ့တယ်ဆိုတာကတော့ ကုနင်းအတွက် လျှို့ဝှက်ချက်မဟုတ်တော့ပါဘူး.

ကုမန့်အမေက ဒီလိုမျိုး ကုမန့် လက်မထပ်ရသေးခင် ကိုယ်ဝန်ရှိလာတာက သူတို့ကို အရှက်ခွဲတာပဲလို့တွေးခဲ့တယ်. ဒါကြောင့် သူမက ကုမန့်ကို ကိုယ်ဝန်ဖျက်ချရင်ဖျက်ချ မဟုတ်ရင် သူမသမီးအဖြစ်အသိမှတ်မပြုနိုင်ဘူးလို့ပြောခဲ့တယ်.

ကုမန့်ကတော့ အမေထက် သူမကလေးကိုရွေးချယ်လိုက်ပြီး အိမ်ကနေထွက်ခဲ့လိုက်တယ်. သူမအဖေဆီကနေအိမ်ငှားဖို့ ငွေယူကာ ကြိုးစားပြီးအလုပ်တွေရှာခဲ့တယ်.

ဒါပေမယ့် သူမမှာကိုယ်ဝန်ရှိနေတာကြောင့် အငြင်းခံခဲ့ရတယ်.

လအနည်းငယ်ကြာတော့မှ ရှိတဲ့ပိုက်ဆံတွေကုန်သွားခဲ့တာကြောင့် ကုချင်ဘက်ကို အကူညီလှည့်တောင်းခဲ့ရပြန်တယ်.

ကုမန့် အိမ်ကထွက်သွားခဲ့ကတည်းက သူမအဖေနဲ့ကုချင်တို့က သူမကိုလိုက်ရှာနေခဲ့တာ ကုမန့်ကိုယ်တိုင် ကုချင်ဆီရောက်လာတဲ့အချိန်ထိပဲ.

နောက်တော့ ကုမန့်အဖေက သူမကိုအိမ်ပြန်ခေါ်လာခဲ့တယ်. ဖခင်ရဲ့အရိပ်အောက်မှာပဲ ကုနင်းကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်.

၁၈နှစ်ကြာပြီးနောက်မှာတော့ ထိုဝမ်းနည်းစရာအဖြစ်အပျက်ဟောင်းတွေက ပြီးဆုံးသွားခဲ့ပြီဆိုပေမယ့် ကုမန့်ကတော့ အတိတ်ရဲ့မှတ်ဉာဏ်တွေကိုပြန်တွေးမိတိုင်း ဝမ်းနည်းနေမိတယ်.

နောက်တစ်နေ့မှာတော့, ပုံမှန်အတိုင်းပဲ ကုနင်းစောစောထလိုက်တယ်. ပြေးပြီးကျောင်းကိုသွားကာ ကျောင်းရောက်တော့လဲ သူငယ်ချင်းတွေနဲ့ဆက်ပြီးပြေးတယ်. မနက်ခင်းအတန်းစဖို့၅မိနစ်အလိုမှသာ အခန်းထဲကိုပြန်သွားလိုက်တယ်.

သူတို့ကျောင်းမှာရေချိုးခန်းမရှိတာကြောင့် သူတို့ချွေးတွေထွက်ထားတာတောင်မှ ရေမချိုးနိုင်ပါဘူး.

ကံကောင်းစွာနဲ့ သူတို့အိမ်ပြန်ပြီးရေချိုးလို့ရနေတာကြောင့် အနံ့တော့မနံနေပါဘူး.

"ဘော့စ်, ဒီနေ့က သောကြာလေ. ငါတို့ဒီည ကလပ်သွားပြီးပျော်ကြရအောင်!" သူတို့အခန်းတွေကိုပြန်နေတဲ့လမ်းမှာ ဟောင်ရန်ကပြောလိုက်တယ်.

"ငါတော့ကြိုက်တယ်. ကုနင်း, သွားကြရအောင်!" ချူးဖေ့ဟန် စိတ်လှုပ်ရှားမှုအပြည့်နဲ့ပြောလိုက်တယ်.

"ဟုတ်တယ်! ငါတို့အပိုင်ပဲဆိုတော့ လုံခြုံတယ်." ချင်းကျီရွှမ်ကလဲပြောလိုက်တယ်.

"ငါတို့မှာ သစ်သီးဖျော်ရည်အသစ်လဲရှိတယ်. မိန်းကလေးတွေအကြိုက်ပဲ! ဘော့စ်လဲ သောက်ကြည့်ပါလား?" ကျန်းထျန်ပင်းကဆက်ပြောလိုက်တယ်.

"ငါဒီနေ့လည် မြို့တော်Gကိုသွားဖို့ရှိသေးတယ်. ဆောရီးနော်" ကုနင်းပြန်ဖြေလိုက်တယ်.

တစ်ဖွဲ့လုံးစိတ်ပျက်သွားကြတယ်.

"ဘာလို့ မြို့တော်Gကိုသွားမှာလဲ?" ချူးဖေ့ဟန်မေးလိုက်တယ်.

"လုပ်စရာနည်းနည်းရှိလို့"ကုနင်းပြောလိုက်တယ်.

"ဘာလုပ်မှာလဲ?" ဟောင်ရန်ထပ်မေးလိုက်တယ်.

"ဒါကတော့ လျှို့ဝှက်ချက်." ကုနင်းပြန်ဖြေပေးလိုက်တယ်.

ဒါကိုကြားတော့ အားလုံးသိချင်နေပေမယ့် ကုနင်းကပြောမပြချင်မှတော့ သူတို့လဲ မမေးနေတော့ပါဘူး.

"ဒါပေမယ့် နင်တို့အားလုံးအတွက် လက်ဆောင်ဝယ်ခဲ့ပေးပါ့မယ်." ကုနင်းထပ်ပြောလိုက်တယ်.

ဒီတော့မှ လူတိုင်းပြန်ပျော်သွားကြတယ်.

"ကောင်းတာပေါ့!"

သူတို့အားလုံးကုနင်းရဲ့မိသားစုက ဆင်းရဲမှန်းသိထားတာကြောင့် သူမပေးမဲ့လက်ဆောင်တွေက ဈေးမကြီးနိုင်မှန်းသိထားပေမယ့်လဲ သူမရဲ့စေတနာကိုမငြင်းနေတော့ပါဘူး.

လက်ဆောင်ဆိုတာ ခင်မင်မှုကိုပြဖို့ဖြစ်ပြီး ဈေးကြီးနေဖို့မလိုပါဘူး.

"နင်ဒီနှစ်ရက်အတွင်းဆေးရုံမှာမရှိဘူးဆိုတော့ ငါတို့ နင့်အမေဆီကိုသွားလည်ပေးရမလား?" မုခယ်ဂရုတစိုက်နဲ့မေးလိုက်တယ်.

"မလိုပါဘူး,ရတယ်. အန်ချင်းလဲရှိနေတာပဲ." ကုနင်းပြောလိုက်တယ်.

ကုနင်းသူတို့ကို သွားလည်ဖို့ခွင့်ပြုလို့မဖြစ်ပါဘူး. ဘာလို့ဆို မြို့တော်Gကို မုခယ်နဲ့သွားတာလို့ ကုမန့်ကိုသူမလိမ်ထားတာလေ. သူတို့သာသွားလည်လိုက်ရင် ကုမန့်အမှန်ကိုသိသွားလိမ့်မယ်.

နေ့လည်ရောက်တော့ ကုနင်း ချင်ကျန်းဆီကနေ စာတစ်စောင်ရောက်လာတယ်. သူမကို စကားပြောရအောင်ခေါ်လိုက်တာပါ.

ကုနင်းကတော့ ချင်ကျန်းနဲ့ပြောစရာရှိမယ်လို့မထင်ပါဘူး. ကားတိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ ချင်ကျန်းကိုခွင့်လွှတ်ပေးနိုင်ပါတယ်. ပြီးတော့ အဲ့ဒါက သူမဘက်ကအတတ်နိုင်ဆုံးလုပ်ပေးနိုင်တာပါပဲ.

တကယ်လို့ ချင်ကျန်းသာ သူမနဲ့ဝေးဝေးနေမယ်ဆိုရင် အားလုံးအဆင်ပြေနေမှာပါ. မဟုတ်ဘဲနဲ့ သူမကိုလာရှုပ်မယ်ဆိုရင်တော့ သူမဘက်ကလဲ သူ့အပေါ်ကြင်နာပေးနိုင်မှာမဟုတ်ပါဘူး.

ဒါကြောင့် ချင်ကျန်းရဲ့ဖုန်းနံပါတ်ကို ကုနင်းဘလော့ဒ်လိုက်တယ်.

ကုနင်းဘက်ကအဖြေပြန်မရတာကြောင့် ချင်ကျန်းမကျေမနပ်ဖြစ်သွားပေမယ့် စိတ်ဆိုးလွန်းလို့ ကုနင်းကို စာထပ်ပို့မနေတော့ပါဘူး.

အခုတလော ချင်ကျန်းရဲ့စိတ်ထဲမှာ ကုနင်းအမြဲတမ်းရှိနေခဲ့တယ်. ကုနင်းအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက် ဘာဆိုတာကိုတော့ သူလဲမပြောပြနိုင်ပါဘူး.

ကုရှောင်ရှောင်ကြောင့် ကုနင်းနဲ့သူမအမေတို့ကို သူမအဘွားက နှင်ထုတ်လိုက်မှန်းကြားတော့ သူကူညီပေးချင်ပေမယ့် ကုနင်းက သူ့စာတွေကို လျစ်လျူရှုထားခဲ့တယ်.

ကုရှောင်ရှောင် ဒီနေ့တော့ ကုနင်းနဲ့ဝေးဝေးနေနေပါတယ်.

ကုနင်းကို သွားပြီးလှောင်ချင်နေပေမယ့် ထပ်ပြီးအရိုက်ခံရမှာကိုလဲ ကြောက်ရပါသေးတယ်.

ဒီနေ့တော့ ရှောင်ဖေးဖေး သူမရဲ့မကျေနပ်တဲ့အကြည့်တွေနဲ့ကလွဲပြီး ကုနင်းနဲ့ဝေးဝေးနေနေပါတယ်.

ဒီနေ့တော့ ကုနင်းငြိမ်းငြိမ်းချမ်းချမ်းပဲဖြတ်သန်းလိုက်ရတယ်.

သူမအားလုံးပြင်ဆင်ထားပြီးဖြစ်တာကြောင့် နေ့လည်အတန်းတွေပြီးသွားတာနဲ့ တက္ကစီတစ်စီးငှားလိုက်ကာ လေဆိပ်ကိုပဲတန်းသွားလိုက်တယ်.

သူမမှာ လွယ်အိတ်တစ်လုံးသာပါပြီး, ကျန်တဲ့စာရွက်စာတမ်းအားလုံးကိုတော့ သူမရဲ့ကျောက်စိမ်းမျက်ဝန်းထဲထည့်ထားတယ်. လွယ်အိတ်ထဲမှာတော့ လဲဝတ်ဖို့အင်္ကျီတစ်စုံသာပါပါတယ်. ဒါကလဲ မြို့တော်Gကိုကျောင်းဝတ်စုံကြီးနဲ့မသွားချင်လို့ လေဆိပ်ရောက်ရင်လဲဝတ်ရအောင်လို့ပါ.

အခုချိန်က ရုံးဆင်းကျောင်းဆင်းချိန်ကြောင့် မြို့ထဲမှာ ပြည့်ကျပ်နေတာကြောင့် ဖြည်းဖြည်းမောင်းနေရပြီး မြို့ထဲကထွက်တဲ့အချိန်မှာတော့ ပြန်မြန်သွားတယ်.

ကုနင်းကျောင်းက ထွက်လာတော့ ၅နာရီ၅၀မိနစ်ဖြစ်ကာ လေယာဉ်ချိန်ကတော့ ၇နာရီခွဲမှပါ. လေဆိပ်ကိုရောက်ဖို့ မိနစ်၄၀လောက်မောင်းလိုက်ရပြီး ထိုနေရာကိုရောက်တော့ ၆နာရီမိနစ်၄၀ရှိနေပါပြီ. မိနစ်၅၀တောင်လိုသေးတာကြောင့် ကုနင်းအလောမကြီးနေပါဘူး. သူမ သန့်စင်ခန်းကိုသွားလိုက်ကာ အဝတ်အစားလဲလိုက်တယ်.

ဂျင်းဘောင်းဘီတို, အဖြူရောင်ကိုယ်ကျပ်တီရှပ်တစ်ထည် နဲ့ အဖြူရောင်အားကစားဖိနပ်ကိုတွဲဖက် ဝတ်ဆင်ထားပြီး ဆံပင်အမြင့်စီးထားပုံက ကုနင်းကို ခွန်အားအပြည့်နဲ့ ဆွဲဆောင်မှုရှိစေပါတယ်.

သူမရဲ့ဖြူဖျော့တဲ့ အသားအရည်ကိုပါထည့်ပေါင်းလိုက်တော့ အလွန်ဆွဲဆောင်မှုရှိပြီး တောက်ပနေတော့တယ်. သူမဘေးနားကလူတွေတောင်မှ တဖန်ပြန်လှည့်ကြည့်မိလောက်အောင်ပါပဲ.

ကုနင်းမှာအဝတ်အစားအသစ်ဝယ်ဖို့အချိန်မရှိတာကြောင့် အရင်ရှိပြီးသားအဟောင်းတွေပဲယူလာတာပါ.

ကံကောင်းစွာနဲ့ပဲ, ကုမန့်က ကုနင်းကို အမြဲဂရုစိုက်ခဲ့တာကြောင့် ဒီနေ့ဝတ်ထားတဲ့ဝတ်စုံလိုမျိုး အရည်အသွေးကောင်းတဲ့ ဝတ်စုံတစ်ချို့ကိုဝယ်ပေးထားပါတယ်. ဒါကအရမ်းဈေးမကြီးပေမယ့် ယွမ်၁၀၀တော့ကျော်ပါတယ်.

ကုနင်း လက်မှတ်တန်းစီယူလိုက်ပြီး နားနေခန်းမှာသွားစောင့်နေလိုက်တယ်.

နားနေခန်းမှာ နာရီဝက်လောက်နေလိုက်တယ်. အခုဟာက ထမင်းစားချိန်လဲမရောက်သေးတာနဲ့ ကောဖီတစ်ခွက်ဝယ်ဖို့တွေးမိလိုက်တယ်.

မထင်မှတ်ထားပဲ ကုနင်းကော်ဖီဆိုင်ထဲဝင်လိုက်ချိန်မှာ လှပတဲ့မိန်းကလေးတစ်ယောက်နဲ့အတူ ချင်ယီဖန်းကိုတွေ့လိုက်တယ်.

"ကုနင်း, တိုက်ဆိုင်လိုက်တာ! မင်းဘယ်ကိုသွားမလို့လဲ?" ချင်ယီဖန်းလဲ ကုနင်းကိုမြင်လိုတော့ အားရပါးရပြုံးပြလိုက်ကာ စိတ်လှုပ်ရှားစွာနဲ့ပဲ အရင်နှုတ်ဆက်လိုက်တယ်.

ချင်ယီဖန်းရဲ့ဘေးနားကမိန်းကလေးကတော့ သိပ်သဘောမကျသလိုပါပဲ. သူမ ကုနင်းကို မကျေမနပ်နဲ့ကြည့်လိုက်တယ်. ကုနင်းရဲ့ပုံစံက ဆွဲဆောင်မှုရှိတာကြောင့် သူမမနာလိုဖြစ်မိနေတာပါ.

ကုနင်းက သတိကြီးတာကြောင့် ထိုမိန်းကလေးရဲ့ မကျေနပ်တဲ့အကြည့်ကိုခံစားမိလိုက်ပေမယ့် လျစ်လျူရှုထားလိုက်ပါတယ်.

"ဟိုင်း, တိုက်ဆိုင်တာပဲ! ကျွန်မက မြို့တော်Gကိုသွားမလို့ပါ. ရှင်ရော?" ကုနင်းကလဲ ချင်ယီဖန်းနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ရည်ရွယ်ထားတာကြောင့် ရင်းနှီးစွာပဲပြန်ပြောလိုက်တယ်.

သေချာပေါက် သူ့ကို မမှတ်မိသလိုဟန်ဆောင်ဖို့တော့ ကုနင်းမှာစိတ်ကူးမရှိပါဘူး.

"ဝိုး, ကျွန်တော်လဲ မြို့တော်Gကိုပဲသွားမှာ. ကျွန်တော်စီးမဲ့လေယာဉ်က ၇ခွဲထွက်မှာ မင်းရော?" ကုနင်းကလဲ မြို့တော်Gကိုသွားမယ်မှန်းသိသွားတော့ ချင်ယီဖန်းပိုလို့တောင် စိတ်လှုပ်ရှားမိသွားတယ်. သူများတွေအမြင်မှာဆို သူက ကုနင်းကိုကြိုက်နေတယ်လို့တောင် ထင်မိလောက်တယ်.

...............P51 End............

ဖီးနစ်သွေးစက်

အခန်း ၅၂ လီကျန်းကျန်း

အခုချိန်ထိတော့ ကုနင်းရဲ့အရည်အချင်းကိုအသိအမှတ်ပြုတဲ့အဆင့်ထိပဲရှိပါသေးတယ်. ချင်ယီဖန်းစိတ်ထဲမှာ အခုလို အဆင့်မြင့်မြင့်တွေးဖူးတဲ့လူဆိုတာအများကြီးမရှိပါဘူး. ဒါကြောင့် ကုနင်းကို ထပ်တွေ့လိုက်ရတော့ စိတ်လှုပ်ရှားနေမိတာပါ.

"ကျွန်မရောပဲ." ကုနင်းပြုံးလိုက်တယ်.

"တကယ့်ကို တိုက်ဆိုင်တာပဲ! လာလေ ပြီးရင်အတူတူလေယာဉ်ပေါ်တက်ကြတာပေါ့." ချင်ယီဖန်းက သူမကို ဖိတ်ခေါ်လိုက်တယ်.

ကုနင်းလဲ မငြင်းနေတော့ဘဲ ချင်ယီဖန်းတို့ထိုင်တဲ့နေရာကိုလိုက်သွားလိုက်တယ်.

လူကြီးလူကောင်းတစ်ယောက်လိုမျိုး ကုနင်းအတွက်ထိုင်ခုံကို ချင်ယီဖန်းဆွဲထုတ်ပေးလိုက်တော့ ဟိုဘက်က အမျိုးသမီးလေးရဲ့မျက်နှာ ထပ်ပြီးတော့ မှောင်မိုက်သွားပြန်တယ်.

"မင်းဘာသောက်မလဲ?" ချင်ယီဖန်းမေးလိုက်တယ်.

"ကော်ဖီ," ကုနင်းလဲပြန်ဖြေလိုက်တယ်.

ချင်ယီဖန်း စားပွဲထိုးတစ်ယောက်ကိုခေါ်လိုက်ကာ ကုနင်းအတွက် ကော်ဖီတစ်ခွက်မှာပေးလိုက်တယ်.

"ယီဖန်း, နင်ငါ့ကို ဒီမိန်းကလေးနဲ့မိတ်မဆက်ပေးရသေးဘူးနော်." ထိုမိန်းကလေးကနေပြီး တမင်သက်သက် ချင်ယီဖန်းနဲ့ ရင်းနှီးတယ်ဆိုတာသိသာအောင် ခေါ်လိုက်ပြီး စပြောလိုက်တယ်.

ထို့နောက် ချင်ယီဖန်းလဲ ထိုမိန်းကလေးဘက်ကိုလှည့်လိုက်ပြီ.

"ဒါက ငါ့သူငယ်ချင်း, ကုနင်းတဲ့."

"ကုနင်း, ဒီဘက်က ငါ့ဦးလေးရဲ့သမီး လီကျန်းကျန်း." သူကုနင်းကို ပြန်မိတ်ဆက်ပေးလိုက်တယ်.

"တွေ့ရတာဝမ်းသာပါတယ်, မိန်းကလေးလီ." လီကျန်းကျန်း သူမကိုမနှစ်သက်မှန်း ကုနင်းသိပေမယ့် သူမကိုမထိခိုက်သေးတာကြောင့် ယဉ်ယဉ်ကျေးကျေးပဲ ပြန်နှုတ်ဆက်လိုက်တယ်.

"ကျွန်မလဲ တွေ့ရတာဝမ်းသာပါတယ်, မိန်းကလေးကု." လီကျန်းကျန်းပြန်ဖြေလိုက်တယ်. သူမ ကုနင်းနဲ့ချင်ယီဖန်းတို့ကြားက ဆက်ဆံရေးအမှန်ကို အတိအကျမသိသေးတာကြောင့် မရိုင်းချင်သေးပါဘူး.

ပြီးသွားတော့ လီကျန်းကျန်းလဲ ချင်ယီဖန်းဘက်ကိုကြည့်လိုက်ကာ,

"ငါ့အထင် မိန်းကလေးကုက ၁၈နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်နဲ့တူတယ်, ဟုတ်လား? နင်နဲ့ မိန်းကလေးကု ဘယ်လိုများတွေ့ခဲ့ကြလဲဆိုတာ သိချင်လိုက်တာ."

"ငါမင်းကို နေ့လည်ကပြောတယ်လေ. ငါ ငုံဥအရွယ်လောက်ရှိတဲ့ အစိမ်းရောင်ဘုရင်ကို ကျောင်းသူတစ်ယောက်ဆီကနေ ဝယ်ခဲ့တယ်လို့. အဲ့ဒီကျောင်းသူက ကုနင်းပဲ." လို့ ချင်ယီဖန်းပြန်ဖြေလိုက်တယ်. ထိုစကားတွေထဲမှာပဲ ချင်ယီဖန်းရဲ့ ကုနင်းအပေါ်နှစ်သက်မှုတွေကို တွေ့နိုင်ပါတယ်.

"အိုး, အဲ့လိုလား!" ထိုစကားကိုကြားလိုက်တော့ လီကျန်းကျန်းအံ့ဩသွားရတယ်. တစ်ချိန်တည်းမှာပဲ, ချင်ယီဖန်းရဲ့ ထိုကျောင်းသူလေးအပေါ် နှစ်သက်မှုတွေကို ခံစားလိုက်ရတာကြောင့် သူမမျက်နှာကြီး မည်းသွားခဲ့ပြန်တယ်.

သူမချင်ယီဖန်းကို ကြိုက်ကြောင်း အကြိမ်ပေါင်းများစွာ ဖွင့်ပြောခဲ့ပေမယ့်လဲ ချင်ယီဖန်းကအမြဲတမ်းသူမကို ညီမတစ်ယောက်လိုသာ သဘောထားကြောင်းပြန်ပြောတယ်.

ချင်ယီဖန်း သူမနဲ့ရှိနေတဲ့အချိန်ဆို အမြဲတမ်းတည်တည်ကြီးသာနေတတ်ပြီး အခု ထိုကျောင်းသူကုနင်းနဲ့ ရှိနေတဲ့အချိန်ကျ အရူးကျနေတာပဲ. လီကျန်းကျန်းအရမ်းကို မနာလိုဖြစ်နေပါပြီ.

"အိုး, ကုနင်း, မင်းမြို့တော်Gကိုဘာအတွက်သွားမှာလဲ?" ချင်ယီဖန်းမေးလိုက်တယ်.

"ဒီအတိုင်းအလည်သက်သက်ပါပဲ." လို့သာ ကုနင်းဖြေလိုက်တယ်.

"တည်းဖို့နေရာကကော?" ချင်ယီဖန်း ဂရုစိုက်စွာနဲ့မေးလိုက်တယ်.

"မြို့ထဲက ဟွမ်းဒင်ဟိုတယ်မှာပါ." လို့ကုနင်းပြန်ဖြေလိုက်တယ်.

ဟွမ်းဒင်ဟိုတယ်ဆိုတာ မြို့တော်Gရဲ့ ကြယ်၅ပွင့် အဆင့်မြင့်ဟိုတယ်တစ်ခုဖြစ်ပြီး တစ်ညကိုတောင် ယွမ်ရာနှင့်ချီပေးရပေမယ့် ကုနင်းထိုဟိုတယ်မှာနေဖို့ ရွေးလိုက်တာအကြောင်းရှိပါတယ်.

ဟိုတယ်ကနေပြီး တည်းခိုသူတွေအတွက် တစ်နေ့တာလုံးအတွက် ကားအလကားစီစဉ်ပေးထားပါတယ်.

ဒီလိုဆို ကိုယ်နဲ့မရင်းနှီးတဲ့မြို့မှာ ကားငှားဖို့တို့ စောင့်ရဖို့တို့မလိုတော့ဘူးပေါ့.

အဲ့လိုက အချိန်ပြည့်ယဉ်မောင်းငှားရတာထက်ကိုပိုပြီး အဆင်ပြေပါတယ်.

ဒ့ါအပြင် သူမမှာလဲ ပိုက်ဆံအလုံအလောက်ရှိနေတယ်လေ.

"ကောင်းပြီလေ, ကျွန်တော်လဲ ဟွမ်ဒင်ဟိုတယ်ဘက်နေသွားရမှာဆိုတော့ တူတူသွားကြတာပေါ့." ချင်ယီဖန်းပြောလိုက်တယ်.

"ယီဖန်း..." ဒါကိုကြားတော့ လီကျန်းကျန်းမကျေမနပ်ဖြစ်သွားတယ်. တကယ်တော့ သူတို့နေမယ့်နေရာနဲ့ ဟွမ်ဒင်ဟိုတယ်က တခြားစီဖြစ်တာကြောင့် ဘယ်လိုမှဖြတ်သွားစရာမရှိပါဘူး.

မြို့တော်Gကိုရောက်ရင်ပဲ တော်တော်ညဉ့်နက်နေပြီမို သူတို့အိမ်မပြန်ခင် ဟွမ်ဒင်ဟိုတယ်ကိုပါသွားလိုက်ရင် လမ်းပေါ်မှာပဲ အချိန်ကုန်သွားမှာပေါ့.

လီကျန်းကျန်း တကယ်တော့အချိန်ကုန်မှာစိုးလို့မဟုတ်ဘဲ ကုနင်းကို သဘောမကျလို့ပါ. တကယ်လို့ ကုနင်းသာ ချင်ယီဖန်းရဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ဆို သူမဒီလိုမျိုးတွေ ဂရုစိုက်နေမှာမဟုတ်ပါဘူး.

ဒါပေမယ့် လီကျန်းကျန်းဘာမှဆက်မပြောနိုင်ခင်မှာပဲ ချင်ယိဖန်းက အကြည့်တစ်ချက်နဲ့ ဟန့်တားလိုက်တယ်. သူမစိတ်တိုသွားပေမယ့် သူမရဲ့ရည်မွန်တယ်ဆိုတဲ့အနေအထားလေးပျက်သွားမှာစိုးတာကြောင့် ပါးစပ်ပိတ်ထားလိုက်တော့တယ်.

သူတို့နှစ်ယောက်ဘာတွေဖြစ်နေလဲဆိုတာ ကုနင်းရှင်းရှင်းကြီးသိပါတယ်. တကယ်လို့ ချင်ယီဖန်းက သူမကို ကြည်ကြည်ဖြူဖြူနဲ့ အတူခေါ်သွားမယ်ဆိုရင်တောင်မှ သူမဘက်ကလက်မခံနိုင်ပါဘူး.

"ကျေးဇူးတင်ပါတယ်. ဒါပေမယ့် ဟိုတယ်က ကျွန်မကို လာကြိုပေးပါလိမ့်မယ်."

"ဒါဆိုလဲ ကောင်းပြီလေ." တကယ်လို့ ကုနင်းကသာ ဟိုတယ်ကို တက္ကစီငှားပြီးသွားမှာဆိုရင် ချင်ယီဖန်းသူမကို အတင်းလိုက်ပို့ပေးမှာဖြစ်ပေမယ့် ဟိုတယ်က လာကြိုမယ်ဆိုမှတော့ သူလဲဆက်မပြောတော့ပါဘူး.

"ဒါနဲ့မင်းဘယ်တော့ပြန်မှာလဲ? အားလို့ရှိရင် ကျွန်တော်တို့တွေ့ကြရအောင်. ကျွန်တော်က နေ့တိုင်းအားနေတာဆိုတော့ မင်းဆက်သွယ်လိုက်တာနဲ့ နေရာအနှံ့လိုက်ပို့ပေးနိုင်တယ်." ချင်ယီဖန်းပျော်ရွှင်စွာနဲ့ပြောလိုက်တယ်. သူမြို့တော်Gကို အလုပ်ကိစ္စကြောင့်လာတယ်ဆိုတာကို လုံးဝမေ့နေပါပြီ.

လီကျန်းကျန်းကတော့ အရမ်းကိုကန့်ကွက်ချင်နေပေမယ့် ကုနင်းကပဲစပြီး,

"မနက်ဖြန်ကိစ္စလေးတစ်ခုလုပ်ပြီးတာနဲ့ သန်ဘက်ခါဆိုပြန်မှာ."

ဆိုလိုတာကတော့ သူမမှာအချိန်မရှိဘူးပေါ့.

မကြာခင်မှာပဲ လေယာဉ်ပေါ်တက်ခွင့်ရသွားတယ်. ကုနင်းနဲ့ ချင်ယီဖန်းတို့အားလုံး အထက်တန်းမှာပဲဖြစ်တာကြောင့် လီကျန်းကျန်းတစ်ယောက်တော်တော်လေးကို မပျော်မရွှင်ဖြစ်နေတယ်.

ကုနင်းရှိနေတော့ ချင်ယီဖန်းက သူမနဲ့ပဲစကားပြောနေကာ လီကျန်းကျန်းကိုတော့ လျစ်လျူရှုထားတယ်.

တကယ်တော့ ရိုးရိုးတန်းကနေပဲစီးဖို့ စိတ်ကူးထားပေမယ့် လက်မှတ်တွေအားလုံးကုန်နေတာကြောင့် အထက်တန်းတန်းလက်မှတ်ကိုပဲ ဝယ်လိုက်ရတာပါ.

ချင်ယီဖန်း, လီကျန်းကျန်းနဲ့ ကုနင်းတို့အားလုံးက ဒုတိယခုံတန်းမှာထိုင်ကြတာဖြစ်ပြီး ကုနင်းကတော့ လမ်းဘက်အခြမ်းမှာထိုင်ရတာဖြစ်တယ်. ချင်ယီဖန်းကတော့ ပြတင်းပေါက်ဘက်မှာထိုင်ရမှာပေမယ့် လီကျန်းကျန်းနဲ့ နေရာချင်းလဲလိုက်ကာ ကုနင်းဘေးမှာထိုင်လိုက်တယ်.

လီကျန်းကျန်းတော်တော်စိတ်တိုနေပါပြီ. သူမရဲ့အသွင်အပြင်လေးကို ထိန်းထားရတာကြောင့်သာမဟုတ်ရင် အခုဆို ချင်ယီဖန်းနဲ့ စကားများနေလောက်ပါပြီ.

တကယ်တော့ ချင်ယီဖန်းနဲ့ ကုနင်းစကားမပြောချင်ပါဘူး အထူးသဖြင့် လီကျန်းကျန်းရဲ့ရှေ့မှာပေါ့. သူမ နားလည်မှုလွဲတာတွေ ပြဿနာတက်မှာတွေမဖြစ်ချင်ဘူး.

ဒါကြောင့် လေယာဉ်စပြီး ပျံသန်းပြီဆိုတာနဲ့ မျက်လုံးမှိလိုက်ပြီး အနားယူနေလိုက်တယ်.

ချင်ယီဖန်းလဲ ကုနင်းကိုဆက်ပြီး မနှောက်ယှက်နေတော့ပါဘူး.

တစ်လမ်းလုံးတော့ ကုနင်းမျက်လုံးမှိတ်ထားလို့မဖြစ်ပါဘူး အဲ့လိုဆို ပုံမှန်မဟုတ်တော့ဘူးလေ.

တစ်နာရီကြာပြီးနောက်မှာတော့ လေယာဉ်ဟာ မြိုတော်Gရဲ့လေဆိပ်မှာ ဆင်းလိုက်ပြီး ကုနင်းနဲ့ ချင်ယီဖန်းတို့လဲ အသီးသီးထွက်ခွာသွားကြတော့တယ်.

ဟိုတယ်က အကြိုလွှတ်လိုက်တဲ့ကားကို ကုနင်း မြင်တာနဲ့ တက်လိုက်ပြီး ဟိုတယ်ကိုပဲတန်းသွားလိုက်တယ်.

သူမ ဟိုတယ်ကိုရောက်တော့ ၉နာရီ၄၀မိနစ်ရှိပြီဖြစ်ကာ စာရင်းသွင်းပြီး အပေါ်ထပ်ကိုတက်လာခဲ့တယ်.

သူမ ညာဘက်အခြမ်းက ဓါတ်လှေကားရှေ့ရပ်လိုက်ချိန် ဘယ်ဘက်ဓါတ်လှေကားတံခါးပွင့်လာပြီး လူတွေအများကြီးထွက်လာခဲ့တယ်.

ရှေ့ဆုံးကလူကတော့ လင်ရှောင်းထင်ပဲဖြစ်ပါတယ်.

လင်ရှောင်းထင်ကို ကုနင်းတခနတော့မမှတ်မိဘဲဖြစ်သွားတယ်.

ဒါကပြဿနာအကြီးကြီးတော့မဟုတ်ပါဘူး. သူတို့နှစ်ယောက်က နှစ်ကြိမ်ထဲသာတွေ့ခဲ့ဖူးတဲ့ သူစိမ်းတွေပဲလေ.

ဒါပေမယ့် ဒီလူကိုထပ်တွေ့ရတယ်ဆိုတာ ကုနင်းရဲ့ကံကြမ္မာပါပဲ.

ကုနင်းအခန်းကိုရောက်တာနဲ့ ကုမန့်ထံဖုန်းခေါ်လိုက်ပြီး သူမအဆင်ပြေကြောင်းလှမ်းပြောလိုက်တယ်.

ကုမန့်က မုခယ်နဲ့ ယွီမီရှိတို့နဲ့ဖုန်းပြောချင်တယ်လို့ပြောလာမှာစိုးတာကြောင့် သူမစာရွက်စာတမ်းအချို့ဖတ်စရာရှိတယ်လို့အကြောင်းပြကာ မြန်မြန်ဆန်ဆန်ပဲ ဖုန်းချလိုက်တော့တယ်.

ကုနင်းတကယ်လဲ စာဖတ်ဖို့ရှိပါတယ်. သူမဝယ်ထားတဲ့ ကျောက်အကြောင်းစာအုပ်တွေကို အခုထိမဖတ်ရသေးဘူးမလား! ဒါကြောင့် သူမရဲ့အချိန်တွေအားလုံးကို ထိုစာအုပ်တွေဖတ်ဖို့သာသုံးရပါမယ်.

ဒါတွေမလုပ်ခင် ကုနင်းWeChatကနေပြီး 'ဖိုက်တာမိသားစု' အဖွဲ့ထဲရှိ သူမသူငယ်ချင်းများထံကိုလဲ သူမဘေးကင်းကင်းနဲ့ရောက်သွားကြောင်းစာတစ်စောင် လှမ်းပို့ဖို့လုပ်လိုက်တယ်.

...............P52End............

ဖီးနစ်သွေးစက်

အခန်း ၅၃ ကျောက်အလောင်းအစား

သူမဖွင့်လိုက်တာနဲ့ စာပေါင်းထောင်ချီဝင်လာတာကြောင့် ကုနင်းလန့်သွားရတယ်.

ဒီလူတွေတော်တော် စကားများကြတာပဲ!

ကုနင်းထိုစာတွေကိုဖတ်ကြည့်လိုက်တော့ တချို့က သူမမြို့တော်Gကိုရောက်ပြီလားမေးထားကြကာ တချို့ကတော့သူမဘာလို့သွားလဲဆိုတာ သိချင်နေကြတယ်.

တစ်ယောက်က သူမဆွေမျိုးတွေဆီသွားလည်တာလို့ပြောပြီး နောက်တစ်ယောက်ကကျ ကြင်ဖက်သွားတွေ့တာလို့ပြောတယ်. ကုနင်းရယ်လိုက်မိတယ်.

ကုနင်း : "ငါအခုဟိုတယ်ကို ဘေးကင်းကင်းနဲ့ရောက်သွားပြီ"

ဟောင်ရန် "ဝိုး, ဘော့စ်ရောက်လာပြီ."

ချူးဖေ့ဟန် : "ဘော့စ်,ငါတို့အတွက် လက်ဆောင်မမေ့ခဲ့နဲ့နော်." [လက်ဆောင်အီမိုဂျီ]

မုခယ် : "ငါတို့အတွက်လက်ဆောင်မမေ့နဲ့!" [လက်ဆောင်အီမိုဂျီ]

ချင်းကျီရွှမ် : "ငါတို့အတွက်လက်ဆောင်မမေ့နဲ့!" [လက်ဆောင်အီမိုဂျီ]

ကျန်းထန်ပင်း : "ငါတို့အတွက်လက်ဆောင်မမေ့နဲ့!" [လက်ဆောင်အီမိုဂျီ]

ယွီမီရှီ : "ငါတို့အတွက်လက်ဆောင်မမေ့နဲ့!" [လက်ဆောင်အီမိုဂျီ]

ကုနင်းအကျယ်ကြီးထုတ်ရယ်မိလိုက်တယ်. ဒီလူတွေတော်တော်ချစ်ဖို့ကောင်းကြတာပဲ!

သူမအခုထိသူတို့အတွက် ဘာဝယ်သွားပေးရမယ်မှန်း မဆုံးဖြတ်ရသေးပါဘူး.

ကုနင်း : "ငါမမေ့ပါဘူ. အခုတော့နောက်ကျနေပြီ. အိပ်တော့မယ်. မနက်ဖြန်လဲအလုပ်ရှုပ်ဦးမှာ!"

ချူးဖေ့ဟန် : "ကောင်းပြီလေ. နင်အခုဘာဆက်လုပ်မှာလဲဆိုတော ပိိုပုပြီးတောင် သိချင်လာပြီ."

ဟောင်ရန် : "ဟုတ်တယ်, ဘော့စ် ငါတို့ကိုမပါဘဲနဲ့ တစ်ယောက်ထဲ ဇိမ်ခံနေတယ်."

မုခယ် : "ပေါက်ကရပြောမနေနဲ့, ဟောင်ရန်. မင်းကအစထဲက ဇိမ်နဲ့နေနေတာလေ." [ကန်ထုတ်သည့် အီမိုဂျီ]

ချင်းကျီရွှမ် နဲ့ ကျန်းထန်ပင်း : "ထောက်ခံတယ်." [ကန်ထုတ်သည့် အီမိုဂျီ]

ဟောင်ရန် : "မင်းတို့ ငါ့ကို အနိုင်ကျင့်ကြတယ်." [ငိုတဲ့အီပိုဂျီ]

ဟောင်ရန် : "ဘော့စ် ငါ့ကိုကူပေးဦး." [အသနားခံတဲ့အီမိုဂျီ]

ကုနင်း : "ထွက်သွားစမ်း." [ကန်ထုတ်သည့် အီမိုဂျီ]

လူတိုင်း : "ဟားဟားဟား" [ရီတဲ့အီမိုဂျီ]

ဟောင်ရန် "မင်းတို့တွေ, ငါသေလိုက်မှာနော်." သွေးပန်းထွက်နေတဲ့အီမိုဂျီ

ကုနင်း : "ကောင်းပါပြီ. ငါကိစ္စတစ်ခုရှိလို့ပါ တစ်နေ့ကျ နင်တို့ကိုပြောပြမယ်. ဂွတ်နိုက်ဒ်."

ယွီမီရှီ : "ဂွတ်နိုက်ဒ်, နင်းနင်း."

လူတိုင်း : "ဂွတ်နိုက်ဒ်, ဘော့စ်"

သူတို့နဲ့ပြောပြီးသွားတော့မှ ကုနင်းစာစဖတ်လိုက်တယ်.

ကျောက်အလောင်းအစားလုပ်တယ်ဆိုတာ ကျောက်ရိုင်းတွေကိုအလောင်းအစားလုပ်တာပါပဲ. ပြောရမယ်ဆိုရင်တော့ အထဲက အရည်အသွေးကို မသိရဘဲနဲ့ အပြင်မှပုံမှန်ကျောက်သားတစ်ထပ်ဖြင့်ဖုံးအုပ်ထားတာဖြစ်တယ်. ကျောက်ရဲ့တကယ့်အရည်အသွေးကို သိချင်ရင် ၎င်းကိုဖြတ်လိုက်မှရပါမယ်.

မူလကျောက်တွေကို တောင်အရာဝတ္ထုနဲ့ မျိုးစေ့အရာဝတ္ထု ဆိုပြီး အမျိုးအစား၂မျိုးခွဲနိုင်ခြားထားပါတယ်. တောင်အရာဝတ္ထုကတော့ နာမည်အတိုင်းပဲ တောင်ကနေရတဲ့ ပစ္စည်းဖြစ်ကာ အပြင်လွှာမပါပဲ ကျောက်စိမ်းသပ်သပ်ဖြစ်တယ်. ထိုကျောက်စိမ်းအများစုရဲ့အရည်အသွေးကလဲ မကောင်းပါဘူး.

မျိုးစေ့အရာဝတ္ထုဟာဆိုရင်တော့ ကျောက်ပြပွဲတွေမှာ လူတွေလိုချင်ကြတဲ့ ကျောက်ရိုးတစ်မျိုးပေါ့. ထို ကျောက်တွေကိုတော့ မြစ်ကြမ်းပြင်တွေမှာတွေ့ရတတ်ပြီး ရာသီဥတုရဲ့တိုက်စားမှုဒဏ်ကြောင့် အပြင်လွှာတစ်ထပ်ဖြစ်ပေါ်လာသည်. ဒါကြောင့်လဲ အတွင်းမှာဘယ်လိုရှိမှန်းမမြင်နိုင်ကြပါဘူး. စစ်ဆေးမှုအတွေ့အကြုံအများကြီးရှိပြီးတဲ့လူတွေမှသာ အတွင်းပိုင်းက တကယ်ကျောက်စိမ်းဟုတ်လားဆိုတာ ခွဲခြားနိုင်တာပါ. ၎င်းကိုတော့ ပစ္စည်းရိုင်းလို့လဲ ခေါ်သလို ကျောက်ရိုင်းလို့လဲခေါ်ပါတယ်.

ကျောက်လောင်းခြင်းဟာ အမြတ်အရဆုံး, အဆွဲဆောင်နိုင်ဆုံးလဲဖြစ်သလို ဆိုးကျိုးအများဆုံးလဲဖြစ်ပါတယ်.

ကျောက်မြတ်ရတနာလောကမှာ စကားတစ်ခွန်းပြောလေ့ရှိတယ် : ကျောက်လောင်းတယ်ဆိုတာ ဘဝကိုလောင်းကြေးထပ်သလိုပဲ. ကျောက်အောင်တဲ့သူကတော့ ပိုက်ဆံတွေအများကြီးရပြီး ညတွင်းချင်း သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်သွားနိုင်သလို ရှုံးသွားတဲ့လူကလဲ ရှိသမျှ ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးသွားရမှာပါ.

ကျောက်ရိုင်း အရောင်းအဝယ်လုပ်တာသည် ကျောက်မြတ်ရတနာလောကတွင် နားလည်ရအခက်ဆုံးဖြစ်ပြီး ၎င်းကို လောင်းအစားလုပ်တယ်လို့ခေါ်တယ်. ဒါကြောင့် ဝယ်သူတွေက အမြဲတမ်း ထိုအရာကို ကျောက်စိမ်းလောင်းတယ် ဒါမှမဟုတ် ကျောက်လောင်းတယ်လို့ခေါ်တယ်.

ပုံမှန်အားဖြင့် ဘယ်သူမှကျောက်ရဲ့ပုံစံကိုကြည့်ပြီး မခွဲခြားနိုင်ပါဘူး. ယခုခေတ်နည်းပညာတွေနဲ့ဆိုရင်တောင်မှ အချိန်ခနလေးနဲ့ ထိုကျောက်သည် တန်းဖိုးရှိလား မရှိဘူးလားဆိုတာမခွဲခြားနိုင်ပါဘူး. ထို့ကြောင့် ကျောက်အရောင်းအဝယ်လုပ်ခြင်းသည် ဆိုးကျိုးအရမ်းမြင့်တဲ့အပြင် အရမ်းလဲ စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တစ်ခုပါပဲ.

ဒါကြောင့် ဒီလုပ်ငန်းကို "အလောင်းအစား"လုပ်တယ်လို့ခေါ်ကာ တစ်ခေါက်လောက်နိုင်လိုက်ရင်လဲ အမြတ်ကြီးကြီးတစ်ခါတည်းရမှာဖြစ်ပါတယ်. ပြီးတော့ ကျောက်အလောင်းအစားလုပ်တယ်ဆိုတာ ဟိုးရှေးယခင်နှစ်များထဲက လုပ်ကိုင်ကြတဲ့ လုပ်ငန်းလဲဖြစ်ပါတယ်.

ကျောက်စိမ်းတွေကို အလောင်းအစားလုပ်တဲ့နေရာမှာ အဓိကအားဖြင့် အမျိုးအစား, အရောင်အဆင်းနဲ့ အလင်းဖောက်နိုင်မှုတွေပေါ်မူတည်ပြီး အဆင့်တွေအများကြီးခွဲထားပါတယ်.

ထပ်ပြီးတော့ ကျောက်စိမ်းရဲ့အရည်အသွေးကိုလဲထပ်ပြီး : အရောင်အဆင်းနဲ့ အလင်းဖောက်မှုဆိုပြီး အဓိကအချက်သုံးချက်ဖြင့်ခွဲထားပါသေးတယ်.

အမျိုးအစားကတော့ ကျောက်စိမ်းအမျိုးမျိုးပေါ်မှာမူတည်ပြီး ကျောက်စိမ်းကမာလေ ပိုပြီးအမျိုးအစားကောင်းလေပါပဲ.

အမျိုးအစားတွေရဲ့အဆင့်ကို (အမြင့်မှအနိမ့်သို့) ဖန်သား, ရေခဲသား, ပဲစိမ်းသား, တိမ်ခိုးသားကျောက်ဆိုပြီးစသဖြင့်အမျိုးအစားခွဲခြားထားပါတယ်.

ကျောက်စိမ်းအမျိုးအစားသည်လဲ အရမ်းကို အရေးပါပါတယ်.

အရောင်အဆင်းဆိုတာကတော့ ကျောက်စိမ်းရဲ့အရောင်ကိုဆိုလိုတာဖြစ်တယ်. ကျောက်စိမ်းတွင်အရောင်အများကြီးရှိပေမယ့် အကောင်းဆုံးကျောက်စိမ်းကတော့ အစိမ်းတောက်တောက်ပဲဖြစ်ပါတယ်.

အရောင်တွေထဲမှာတော့ အစိမ်းရောင် (အစိမ်းဘုရင်, အစိမ်းတောက်, ပန်းသီးစိမ်းရောင်)သည်အမြင့်ဆုံးဖြစ်ပြီး နောက်မှာတော့ အနီရောင်, အဝါရောင်နှင့် ခရမ်းရောင်ဆိုပြီးရှိပါတယ်.

ကျောက်စိမ်းအထူးအရောင်ထွက်ရှိမှုကတော့ တော်တော်လေးကိုနည်းပါတယ်. ကျောက်စိမ်းအရောင်နဲ့ ဖောင်းထွင်းမြင်နိုင်မှုတို့က ယှဉ်တွဲနေပြီး အက်ရာနည်းမှသာ ဈေးမနည်းမှာပါ.

ဖောက်ထွင်းမြင်နိုင်မှုဆိုတာကတော့ ကျောက်စိမ်းကို အလင်းထိုးဖောက်မြင်နိုင်တဲ့အပေါ်တွင် သတ်မှတ်ထားတာပါ.

ပိုပြီးဖောက်ထွင်းမြင်ရတဲ့ကျောက်စိမ်းဖြစ်လေ ပိုပြီးတန်ဖိုးကြီးလေပါပဲ. အကောင်းဆုံးကျောက်စိမ်းကတော့ ဖန်နဲ့တူကာ "ဖန်သားကျောက်"ဆိုပြီး ကျောက်မြတ်လောကတွင် ခေါ်ဆိုကြပါတယ်.

(T/N - ကျွန်တော် ကျောက်အကြောင်းလုံးဝ နားမလည်ပေမယ့် အတတ်နိုင်ဆုံးလေ့လာပြီးတော့ ဘာသာပြန်ပေးထားပါတယ်ဗျ. အမှားပါသွားခဲ့ရင်လဲတောင်းပန်ပါတယ်.)

ကျောက်အလောင်းအစားလုပ်တဲ့အကြောင်းတွေကိုနားလည်သွားတော့မှ ကုနင်းလဲ ကွန်ပျူတာကိုဖွင့်လိုက်ကာ ပြည်တွင်းကျောက်မြတ်ရတနာတံဆိပ်ရဲ့ သမိုင်းကြောင်းတွေ, တိုးတက်လာမှု, ကျော်ကြားမှု, ဂုဏ်သတင်း, တည်ထောင်သူတွေနဲ့ ဥက္ကဌအကြောင်းတွေကို ရှာလိုက်တယ်.

တစ်ခုပြီးတစ်ခုကို ဖတ်နေရင်းနဲ့ ကုနင်းအားလုံးကိုဖတ်ပြီးသွားတယ်.

ဒါပေမယ့် အချိန်မရသေးတာကြောင့် နိုင်ငံခြားက တံဆိပ်နာမည်တွေကိုတော့မရှာကြည့်နိုင်သေးပါဘူး. သို့သော် ကုနင်းရဲ့တိုးတက်မှုကတင် တော်တော်လေးကိုမြန်နေပါပြီ. သူမအားလုံးကိုလွှမ်းမိုးနိုင်သူဖြစ်ချင်ပေမယ့် ဖြည်းဖြည်းချင်းအရှိန်ယူရမယ်မှန်းနားလည်ပါတယ်.

...............

နောက်နေ့မနက်၇ရာရီတွင် ကုနင်းအိပ်ရာမှထလိုက်ကာ မနက်စာအရင်လာပို့ဖို့မှာလိုက်ပြီးမှ သွားတိုက်မျက်နှာသစ်လိုက်တယ်.

မိနစ်၃၀ကြာပြီးနောက်မှာတော့ မှာထားတဲ့မနက်စာရောက်လာပါပြီ.

ဒီလောက်အစောကြီး ဘယ်ဆိုင်မှဖွင့်ဦးမှာမဟုတ်တာကြောင့် ကုနင်းအလျင်မလိုပါဘူး.

၈နာရီခွဲမှာတော့, ကုနင်းဧည့်ကြိုဌာနကိုဖုန်းခေါ်ကာ ကားစီစဉ်ပေးထားဖို့ပြောလိုက်တယ်.

ဒီဟိုတယ်က တော်တော်လေးကျွမ်းကျင်ပါတယ်. ဒါကြောင့်ကုနင်း မြေညီထပ်ကိုရောက်တာနဲ့ သူမအတွက်ကားက အဆင်သင့်စောင့်လို့နေပါပြီ.

ရှေးဟောင်းပစ္စည်းနဲ့ ကျောက်အလောင်းအစားဆိုတာ အမြဲယှဉ်တွဲနေတာပါ. ဒါကြောင့် သူမလဲ ဒရိုင်ဘာကို ရှေးဟောင်းဈေးသို့သာမောင်းစေလိုက်တယ်.

မြို့ထဲကနေ ရှေးဟောင်းဈေးကိုက သိပ်မဝေးတာကြောင့် လမ်းသာမပိတ်ရင် မိနစ်၄၀လောက်နဲ့ရောက်ပါတယ်.

ကားပေါ်ရောက်တော့ ကုနင်း ဖုန်းကိုထုတ်လိုက်ကာ "ဖိုက်တာမိသားစု"ထဲမှာ သူမသူငယ်ချင်းတွေက ထပ်ပြီးစကားပြောထားကြပြန်တယ်.

သူမကတော့ ဝင်ပြောမနေတော့ဘဲ ဖုန်းကိုပြန်ချထားလိုက်တယ်.

ရှေးဟောင်းဈေးကိုရောက်သွားတော့ ၉နာရီကျော်နေပြီဖြစ်တာကြောင့် ဈေးထဲတွင်စပြီး သက်ဝင်လှုပ်ရှားနေကြပါပြီ..

ရှေးဟောင်းဈေးထဲမှာ ကြာဦးမယ်မှန်း ကုနင်းခန့်မှန်းမိတာကြောင့် ဒရိုင်ဘာကို သူမကိုစောင့်မနေဘဲ ပြီးတော့မှလှမ်းခေါ်မယ်ဆိုပြီး အရင်ပြန်ခိုင်းလိုက်တယ်.

ကုနင်း ဈေးထဲကို ဝင်သွားတဲ့အချိန် စိတ်လှုပ်ရှားနေမိတယ်.

မြို့တော်Gရဲ့ ရှေးဟောင်းဈေးသည် မြို့တော်Fကထက်ပိုပြီး ကြီးကာ ပစ္စည်းတွေလဲ ပိုများတယ်.

ကုနင်းရဲ့ ကျောက်စိမ်းမျက်ဝန်းစွမ်းအားက နည်းနေသေးတာကြောင့် ကျောက်တွေကိုအရင်ရှာပြီး စွမ်းအင်တွေ စုပ်ယူရန်ဆုံးဖြတ်လိုက်တယ်.

ရှေးဟောင်းပစ္စည်းနဲ့ ကျောက်အလောင်းအစားလုပ်တဲ့နေရာကို လမ်းသပ်သပ်စီခွဲထားတာကြောင့် ကုနင်းလဲ လမ်းညွှန်ဆိုင်းဘုတ်အတိုင်း ကျောက်ရောင်းဝယ်တဲ့နေရာကိုသွားလိုက်တယ်.

ကုနင်း ထိုကျောက်အလောင်းအစားလုပ်တဲ့လမ်းနဲ့နီးလာလေ ပိုပြီးစိတ်လှုပ်ရှားလာလေဖြစ်ကာ သူမအတွက်ငွေတွေနဲ့ များပြားတဲ့စွမ်းအင်တွေက စောင့်နေကြသလိုပါပဲ.

မြို့တော်Gရဲ့ကျောက်ဈေးကသိပ်မကြီးပဲ ၁၀ဆိုင်လောက်သာရှိပေမယ့် လူတွေကတော့ အပြည့်ပါပဲ.

ကုနင်း ပထမဆိုင်ထဲကို အရင်ဝင်လိုက်တယ်. ထိုဆိုင်က သိပ်မကြီးပဲ စတုရန်းမီတာ၄၀လောက်သာကျယ်ဝန်းပြီး မြေပြင်ပေါ်မှာကော ပလက်ဖောင်းတွေမှာပါ ကျောက်တုံးအကြီးအသေးအစုံချခင်းထားတယ်.

ထိုကျောက်တွေအကုန်လုံးက ကျောက်ရိုင်းတုံးအဆင့်ပဲရှိပါသေးတယ်.

ထိုကျောက်ရိုင်းတွေကို သူဌေးက ရွေးချယ် စိစစ်ထားပြီးသားဖြစ်ပြီး စနစ်တကျပုံထားကာ အားလုံးမှာလဲ အမှတ်အသားတွေ မှတ်ထားပြီးသားဖြစ်ပါတယ်.

...............P53End............

ဖီးနစ်သွေးစက်

အခန် ၅၄ မြကျောက်တစ်တုံးရရှိခြင်း

မြေပြင်ပေါ်မှာတော့ အဆင့်နိမ့်တဲ့ ကျောက်ရိုင်းတုံးတွေကို ပုံထားကာ စင်တွေပေါ်မှတော့ အဆင့်မြင့်တဲ့ကျောက်ရိုင်းတုံးတွေကို စီထားတယ်.

ကျောက်ရိုင်းတုံးတွေကို အရေအတွက် ဒါမှမဟုတ် အလေးချိန်နဲ့ ရောင်းနိုင်ပါတယ်.

ကျောက်ရိုင်းတွေရဲ့ဈေးနှုန်းက သူ့ရဲ့ အရွယ်အစားနဲ့မဆိုင်ပါဘူး. ကျွမ်းကျင်သူတစ်ယောက်ရဲ့အမြင်အရဆိုရင် အသားကောင်းစိမ်းလေ ဈေးမြင့်ကာ အဆင့်မြင့်ပြီး ဈေးကြီးတယ်လို့သတ်မှတ်နိုင်တယ်.

သေချာပေါက်အဆင့်မြင့်တာနဲ့ ပိုစိမ်းတာနဲ့ကလဲ မတူပါဘူး. ပြောရရင်တော့ စစ်မှန်တဲ့ ကျောက်ရိုင်းတစ်တုံးကိုရွေးဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်. ဘယ်သူမှ ဘယ်ကျောက်က မြစိမ်းကျောက်တစ်တုံးဖြစ်မှန်းမပြောနိုင်ပါဘူး.

ဒါကြောင့် အဆင့်နိမ့်တယ်လို့သတ်မှတ်ထားတဲ့ ကျောက်ရိုင်းတွေထဲမှာတောင်မှ မြစိမ်းကျောက်ကို ရှိနေနိုင်ပါသေးတယ်.

ဒါတွေအားလုံးက ကံအပေါ်မှာပဲမူတည်ပါတယ်.

ဆိုင်ထဲတွင် လူအများကြီးရှိနေကာ ကုနင်းဝင်လာတာကို ဘယ်သူမှလာမကြိုဆိုကြပါဘူး. ဒီလိုကို ကုနင်းကပိုတောင် သဘောကျပါသေးတယ်. သူမနားမှာ တစ်ချိန်လုံးပေါက်ပေါက်ဖောက်နေမယ့် အရောင်းဝန်ထမ်းတစ်ယောက်ရှိနေမှာကို သူမလဲ မကြိုက်ပါဘူး.

ကုနင်းချက်ချင်းပဲ သူမရဲ့ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ စင်ပေါ်ကကျောက်တွေကို စစ်ဆေးလိုက်တော့ အဆင့်မြင့်တယ်လို့သတ်မှတ်ထားတဲ့ကျောက်အများစုက အဖြူရောင်ကျောက်တုံးတွေဖြစ်နေတယ်.

ထိုထဲမှာ‌ ကျောက်စိမ်းအချို့ပါပေမယ့် အရည်အသွေးတော့မကောင်းပါဘူး. မင်းအဲ့ဒါတွေကို ဖြတ်ကြည့်လိုက်မယ်ဆိုရင်တောင်မှ အဖိုးတန်မှာမဟုတ်ပါဘူး. ဒါတွေအတွက်နဲ့တော့ ကုနင်းအချိန်ကုန်မခံချင်တာကြောင့် မြေပေါ်ကကျောက်တွေကို ကြည့်လိုက်တော့လဲ ကျောက်ဖြူတွေဖြစ်နေပြန်တယ်.

ကြည့်ရတာ ကျောက်စိမ်းမျက်ဝန်းတစ်စုံထဲနဲ့အဆင်မပြေဘူးပဲ. ကံကောင်းဖို့လဲလိုသေးတယ်!

ကုနင်းလဲ ထိုဆိုင်ထဲကနေစိတ်ပျက်လက်ပျက်နဲ့ထွက်လာလိုက်ပြီး နောက်တစ်ဆိုင်ထဲသို့ဝင်လိုက်တယ်.

ရလဒ်ကတော့အတူတူပါပဲ. ကျောက်ရိုင်းတွေက အဖြူတွေဖြစ်ရင်ဖြစ်မဟုတ်ရင်လဲ အရည်အသွေးမကောင်းတဲ့ ကျောက်စိမ်းတွေဖြစ်နေပါတယ်.

ကုနင်းရဲ့ ကျောက်စိမ်းမျက်ဝန်းစွမ်းအားက နည်းသေးတာကြောင့် အချိန်ခနလေးနဲ့ ပင်ပန်းလာခဲ့တယ်. ဒါကြောင့် ကျောက်စိမ်းကို မြန်မြန်ရှာတွေ့ဖို့ သူမနှလုံးသားထဲကနေကို ဆုတောင်းနေမိတယ်. တနည်းအားဖြင့် ရှာတွေ့မှသာ သူမရဲ့စွမ်းအားပြည့်စုံသွားမှာဖြစ်ပြီး မဟုတ်ရင် စိတ်စွမ်းအင်မျက်လုံးကို ဆက်သုံးနိုင်မှာမဟုတ်ဘူး.

ကြည့်ရတာ ဘုရားသခင်က ကုနင်းရဲ့ဆုတောင်းကို ကြားသွားတယ်နဲ့တူတယ်. သူမရဲ့ ကျောက်စိမ်းမျက်ဝန်းအားကုန်ခါနီးမှာပဲ ကျောက်ရိုင်းတုံးတွေပုံထားတဲ့ထဲမှ အစိမ်းရောက် ကျောက်စိမ်းရိုင်းနှစ်တုံးကို ရှာတွေ့လိုက်တယ်.

တစ်ခုက ဘောလုံးတစ်လုံးလောက်အရွယ်ရှိကာ နောက်တစ်ခုကတော့ ပန်းသီးတစ်လုံးထက်ပိုကြီးတဲ့ အရွယ်ရှိတဲ့.

နှစ်ခုလုံးကတော့ အရည်အသွေးကောင်းကြတယ်.

ကုနင်းစိတ်လှုပ်ရှားသွားပေမယ့် သူမပုံစံကတော့ အေးဆေးသလိုဖြစ်နေတုန်းပါပဲ. ပြီးတော့ သာမာန်ဝယ်သူတစ်ယောက်လိုပဲ ထိုကျောက်ရိုင်းတုံးပုံနားကို လျှောက်သွားကာ ခြင်းတစ်လုံးနဲ့ ထိုကျောက်စိမ်းနှစ်ခုကို ကောက်ထည့်လိုက်တယ်.

အာရုံစိုက်ခံရတာကို ရှောင်ရှားရင်အလို့ငှာ နောက်ထပ် အရွယ်မတူတဲ့ ကျောက်သုံးတုံးလောက်ကိုထပ်ထည့်လိုက်တယ်. ထိုသုံးခုကတော့ ဘောလုံးတစ်လုံးထက်ပိုသေးပါတယ်.

"ဟေ့, ဒါတွေအားလုံးပေါင်းဘယ်လောက်လဲ?" ကောင်တာထံသို့ ခြင်းကို တွန်းပို့လိုက်ရင်း ကုနင်းမေးလိုက်တယ်.

ကုနင်းက ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့် သူဌေးအံ့ဩသွားပေမယ့် သူမကလဲ ဝယ်သူပဲဖြစ်တာကြောင့် ကောင်းကောင်းမွန်မွန်ပဲဆက်ဆံလိုက်ပါတယ်.

ကျောက်ရိုင်းတုံးတွေမှာ အမှတ်အသားများပါရှိပြီးဖြစ်တာကြောင့် ကုနင်းဘယ်နေရာကနေကောက်ယူလာလဲဆိုတာကို သူဌေးအနေနဲ့မေးနေစရာမလိုတော့ပါဘူး.

ထိုကျောက်ရိုင်းတွေအားလုံးက အဆင့်နိမ့်တွေထဲကဖြစ်ကာ ၁ပေါင်ကိုမှ ယွမ်၂၀၀လောက်ပြကျပါတယ်.

ကုနင်းရွေးလာတဲ့ ကျောက်ရိုင်း၅တုံးသည် သိပ်မကြီးတာကြောင့် အားလုံးပေါင်းမှ ပေါင်၄၀လောက်ပဲရှိကာ ယွမ်၈၀၀၀ ဝန်းကျင်ပဲကျသင့်မှာပါ.

ဒီထဲမှာ ကျောက်စိမ်းပါနေမှတော့ ယွမ်၈၀၀၀ဆိုတာမများပါဘူး. တကယ်လို့ ဒါတွေအားလုံးကသာ ရိုးရိုးကျောက်တုံးတွေပဲဆိုရင်တော့ ယွမ်၈၀၀၀ဆိုတာ အတော်ကိုများပါတယ်.

ကုနင်း ငွေချေပြီးသွားတော့ သူဌေးကမေးလိုက်တယ်.

"မိန်းကလေး, ဒီကျောက်တွေကို တစ်ခါတည်းဖြတ်သွားမလား?"

"ဟုတ်ကဲ့, ဖြတ်ပေးပါ." ကုနင်းပြန်ဖြေလိုက်တယ်.

ကုနင်းက ဒီကိုပိုက်ဆံလိုချင်လို့လာတာဖြစ်တာကြောင့် ဒီမှာပဲ ကျောက်ရိုင်းတွေကိုဖြတ်ကာ ဘယ်လိုပဲဖြစ်ဖြစ် ဒီကျောက်စိမ်းတွေကို ရောင်းသွားမှာပါ.

"လောင်ကျန့်, ဒီကိုလာပြီး ကျောက်ဖြတ်ပေးပါဦး." အတွင်းခန်းက တစ်ယောက်ယောကို သူဌေးလှမ်းခေါ်လိုက်တယ်.

"လာပါပြီ." အသက်၅၀ ဝန်းကျင်လောက်ရှိတဲ့ လူတစ်ဦး အခန်းထဲကနေထွက်လာကာ ကောင်တာကိုရောက်တော့ ကုနင်းကိုမြင်ပြီး ဝယ်သူကအရမ်းငယ်တာကြောင့် အံ့ဩသွားမိတယ်.

လောင်ကျန့်လဲ ချက်ချင်းမေးလိုက်တယ်,

"မိန်းကလေးက ကျောက်ဖြတ်ချင်တဲ့သူများလား?"

"ဟုတ်ပါတယ်." ကုနင်းပြန်ဖြေလိုက်တယ်.

"ကျွန်တော့်နောက်လိုက်ခဲ့ပါ." လောင်ကျန့်က ဦးဆောင်ကာ ကုနင်းကို ကျောက်ဖြတ်တဲ့နေရာသို့ ခေါ်ဆောင်သွားလိုက်တယ်.

ခနနေတော့ သူတို့ကျောက်ဖြတ်တာကိုကြည့်ရန် ဆိုင်ထဲကဝယ်သူတွေ စုအုံလာခဲ့တယ်.

ကျောက်စိမ်းထွက်လာဖို့က ကံကြမ္မာပေါ်မူတည်ပြီး ဖြစ်နိုင်ချေအရမ်းနည်းနေတာတောင်မှ ဒါကလဲ ကျောက်အလောင်းအစားလုပ်ခြင်းရဲ့ စိတ်လှုပ်ရှားစရာအချက်တစ်ချက်ပါပဲ. တကယ်လို့ ကျောက်စိမ်းမထွက်လာဘူးဆိုရင်တောင်မှ ကျောက်ပိုင်ရှင်ကတော့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေရပါတယ်.

လူတိုင်းကလဲ ကျောက်အလောင်းအစားလုပ်နေတဲ့ ခံစားချက်ကို မျှဝေကြရတာကို နှစ်သက်ကြတယ်.

ပြီးတော့ ထိုကျောက်ရိုင်းတွေရဲ့ပိုင်ရှင်ဟာ မိန်းမငယ်လေးတစ်ယောက်ဖြစ်နေတာကြောင့် လူအုပ်ကြီးလဲ အံ့ဩသွားရတယ်.

ဒီနေရာရဲ့ ဝယ်သူအများစုဟာ သက်လတ်ပိုင်းအရွယ်အမျိုးသားများနဲ့ ထိုထက်ကြီးတဲ့သူတွေသာဖြစ်ပြီး လူငယ်တွေအထူးသဖြင့် မိန်းမငယ်လေးတွေကတော့ မရှိသလောက်ကိုနည်းပါတယ်.

ကုနင်းက အလုပ်သမားကို ကျောက်စိမ်းအစစ်မဟုတ်တဲ့ ကျောက်တုံးကိုအရင် ညွှန်ပြလိုက်တော့ ထိုကျောက်ဖြတ်သူက ,

"မိန်းကလေး, ဒါကိုဘယ်လိုဖြတ်ချင်လဲ? ဒီတိုင်းဖြတ်ချမှာလား? ကျောက်သွေးမှာလား?"

"ဖြတ်လိုက်ပါ." ကုနင်းပြန်ဖြေလိုက်တယ်.

"တန်းဖြတ်မှာလား? မျဉ်းစွဲပြီးမှဖြတ်မလား?" ကျောက်ဖြတ်သူက ထပ်မေးလိုက်တယ်. ဒီတစ်ခုက ရှုံးမယ်ဆိုတာသိနေပေမယ့်လဲ ဝယ်သူရဲ့ဆန္ဒအတိုင်းလုပ်ဖို့လိုနေသေးတယ်လေ.

"တန်းဖြတ်လိုက်ပါ." ဒါက တန်းဖိုးမရှိတဲ့ကျောက်ဖြစ်တာကြောင့် ကုနင်းဂရုစိုက်မနေပါဘူး.

ကျောက်ကို တန်းဖြတ်တယ်ဆိုတာက ဖြတ်ချင်သလိုဖြတ်လိုက်တယ်လို့မဆိုလိုပါဘူး. ကျောက်ဖြတ်သူက သေချာအကဲဖြတ်ဖို့လိုပါသေးတယ်.

စက်ကိုစပြီး အလုပ်ပေးလိုက်ကာ ပထမအကြိမ်ဖြတ်လိုက်တော့ဘာမှမရှိတဲ့ ကျောက်တုံးဖြူကြီးဖြစ်နေတယ်. နောက်တစ်ကြိမ်ကို ဖြတ်တော့လဲ အတူတူပါပဲ. နောက်တတိယအကြိမ်ကျတော့ ကျောက်ရဲ့တစ်ဝက်အထိ ဖြတ်ပြီးသွားပေမယ့်လဲ ဘာမှတန်ဖိုးမရှိတဲ့ကျောက်တုံးဖြစ်နေစဲပါ.

ထိုရလဒ်ကိုမြင်ပြီးတော့ လူအုပ်ကြီးလဲ စိတ်ပျက်သွားကြတယ်.

ဒါပေမယ့် ထိုထဲမှာသာ ကျောက်စိမ်းရှိနေခဲ့ရင် ထိုလူအုပ်ကြီးအရမ်းကို မနာလိုဖြစ်နေမှာပါ.

ဒါကလူသားတွေရဲ့သဘာဝပါပဲ.

ကုနင်းကတော့ အေးဆေးပဲ နောက်ထပ်တန်ဖိုးမရှိတဲ့ကျောက်တုံးတစ်ခုကိုရွေးလိုက်ပြန်တယ်. ထိုကျောက်ကနေလဲ အဖြူရောင်ကျောက်သားသာထွက်လာကြောင့် လူအုပ်ကြီးလဲ ပျင်းသွားကြကာ တစ်ချို့ဆို ထွက်သွားကြပြီ.

တတိယတစ်တုံးကိုတော့ ကုနင်းက ကျောက်စိမ်းရိုင်းတုံးတစ်ခုကို ရွေးလိုက်တယ်.

"မျဉ်းဆွဲပါရစေ" ကုနင်းပြောပြီး မျဉ်းအရင်ဆွဲလိုက်တယ်.

သူမတကယ်ကြီးမျဉ်းဆွဲလိုက်တာမဟုတ်ဘဲ ထိုသဘောနဲ့ဆင်တူရုံပါ.

စက်ကစတင်လှုပ်ရှားလာကာ ပထမအကြိမ်ဖြတ်လိုက်ကာ အပေါ်ယံလွှာကို ခွာလိုက်တော့ အစိမ်းရောင်အလင်းလေးဟာ လေထုထဲကိုပေါ်ထွက်လာတယ်.

ထိုတခနမှာပဲ ကုနင်းအားပြင်းတဲ့ စွမ်းအင်တွေကို ခံစားလိုက်ရကာ စိတ်လှုပ်ရှားသွားပြီး စုပ်ယူပစ်ဖို့ထပ်မစောင့်နိုင်တော့ပါဘူး.

ထိုစွမ်းအားတွေကို စုပ်ယူလိုက်တော့ အေးပြီး သက်တောင့်သက်သာဖြစ်သလိုခံစားလိုက်ရကာ သူမရဲ့အမြင်အာရုံပိုကောင်းလာကာ အားအင်တွေပြည့်လာတယ်.

တစ်ချိန်တည်းမှာပဲ ကျောက်ဖြတ်သူက အသံကျယ်ကြီးနဲ့ ထအော်လိုက်တယ်.,

"ကျောက်စိမ်းပဲ! ဒီထဲမှာ ကျောက်စိမ်းရှိတယ်!"

သူ့ရဲ့အသံက ဆိုင်ထဲရှိလူတိုင်းရဲ့အာရုံကို ဆွဲဆောင်လိုက်တယ်.

ရှေ့မှာရှိနေတဲ့လူတွေကတော့ အံ့ဩလွန်းလို့ မျက်လုံးတွေပြူးကျယ်နေကြကာ, မယုံနိုင်စရာပဲ! ထွက်သွားတဲ့လူတွေလဲ ချက်ချင်းပြန်ရောက်လာကြပြီး အခုမှဝင်လာတဲ့သူတွေလဲ စုပြုံလာကြတယ်.

"ဘာ? ကျောက်စိမ်းရှိနေတာလား?"

"ဟုတ်တယ်. ကျောက်စိမ်းရှိနေတယ်.!"

ပိုင်ရှင်ဖြစ်တဲ့ကုနင်းထက်တောင် ကြည့်နေတဲ့လူတွေက ပိုပြီးစိတ်လှုပ်ရှားနေကြတယ်. ဘာလို့ဆို ကျောက်အလောင်းအစားလုပ်ငန်းဆိုတာ ဆိုးကျိုးများတဲ့အပြင် အစိမ်းရောင်ကျောက်စိမ်းတွေတယ်ဆိုတာကလဲ အရမ်းနည်းပါတယ်.

ကြည့်နေတဲ့သူတော်တော်များများက ကုနင်းပိုင်ရှင်မှန်းသိကြတာကြောင့် ကုနင်းကို မနာလိုစွာဝိုင်းကြည့်လိုက်ကြတော့ သူမကအေးဆေးပဲရပ်နေခဲ့တယ်.

...............P54End............

ဖီးနစ်သွေးစက်

အခန်း ၅၅ လေလံ

လူအုပ်ကြီးကတော့ အံ့ဩနေမိတယ်. ဒီဆယ်ကျော်သက်မိန်းကလေးက တကယ်ပဲကျောက်အကြောင်းနားလည်နေလို့လား ဒါမှမဟုတ် ဒီအတိုင်းပဲ ရွေးလိုက်တာများလား?

"မိန်းကလေး, ဒီကျောက်ရိုင်းကို ယွမ်၅သောင်းနဲ့ ငါ့ကိုရောင်းပါလား. အခုဒီမှာ အစိမ်းရောင်နဲနဲထွက်လာပြီဆိုပေမယ့် နောက်ထပ်ဘယ်လောက်များများဆက်ရှိဦးမလဲဆိုတာမသိဘူးလေ. ထပ်ပြီးတော့သာမရှိတော့ရင် ဒီကျောက်ရိုင်းက အလကားပဲ. အခုသာရောင်းမယ်ဆိုရင် မင်းဘယ်လိုပဲဖြစ်ဖြစ် ယွမ်၅သောင်းတော့ရသွားမှာပဲ. မရောင်းရင်တော့ မင်းတစ်ပြားမှတောင်ရလိုက်မှာမဟုတ်ဘူး."

ဝတ်စုံပြည့်ဝတ်ထားပြီး အသက်၅၀လောက်ရှိတဲ့ လူဝကြီးကပြောလိုက်တယ်.

ကျောက်ရိုင်းတုံးတစ်တုံးကို ဖြတ်လိုက်လို့ ကျောက်စိမ်းသားပေါ်လာပြီဆိုရင် ထိုဖြတ်ထားတဲ့အတုံးကို "ဝင်းဒိုး" လို့ခေါ်ပြီး ပိုင်ရှင်ကထပ်ပြီး ကျောက်စိမ်းဆက်ရှိသေးလားမကြည့်ဘဲ အလောင်းအစားထပ်မလုပ်ချင်တော့ရင် ရောင်းလိုကရောင်းနိုင်ပါပြီ.

ထိုအခါဝယ်တဲ့သူကလဲ အလောင်းအစားသဘောမျိုးနဲ့ဝယ်ရတာပေါ့. ဘာလို့ဆို အပေါ်ယံကျောက်စိမ်းလွှာရှိရုံနဲ့ ကျောက်ရိုင်းတုံးတစ်ခုလုံး အဖိုးတန်နေမယ်လို့ပြောလို့မရဘူးလေ.

အပေါ်ယံအလွှာလေးလောက်သာ စိမ်းတဲ့ ကျောက်ရိုင်းတွေလဲအများကြီးရှိသလို အတွင်းတွင်ပါတဲ့ ကျောက်စိမ်းပမာဏအရမ်းနည်းတာတွေလဲရှိပါတယ်.

ဒါပေမယ့် "ဝင်းဒိုး"လုပ်ပြီးသားကျောက်ရိုင်းသည်တော့ မလုပ်ရသေးတာထက်ပိုပြီး ဈေးကြီးပါတယ်. အခုလိုမျိုးပေါ့ ကုနင်းက ယွမ်၂ထောင်လောက်နဲ့ဝယ်ခဲ့ပေမယ့် ထိုလူကြီးကတော့ ယွမ်၅သောင်းလောက်ပေးပြီး ဈေးခေါ်နေပါပြီ.

အစိမ်းရောင်ပေါ်လာပြီးသားကျောက်ရိုင်းတုံးသည် ကျောက်စိမ်းတုံးတစ်ခုတောင်ဖြစ်နေနိုင်ပါသေးတယ်.

တကယ်လို့ အစိမ်းရောင်အလွှာကသာ ပါးပါးလေးဖြစ်နေမယ်ဆိုရင်တော့ ဒါကတန်ဖိုးမရှိဘူးပေါ့. အကယ်၍ ကျောက်စိမ်းသာဖြစ်နေခဲ့မယ်ဆိုရင် ကျောက်စိမ်းတုံးရဲ့အရွယ်အစားအရ အဖိုးများစွာထိုက်တန်မှာပါ.

ထိုသက်လတ်ပိုင်းအရွယ်လူကြီးက ကုနင်းကို လိမ်ဖို့ကြိုးစားနေတာပါ. သူ့အမြင်မှာတော့ ကုနင်းက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်တာကြောင့် ကျောက်အကြောင်းဘာမှမသိဘူးလို့ ထင်နေပါတယ်.

တကယ်လို့ ကျောက်ရိုင်းထဲမှာ ကျောက်စိမ်းတကယ်မရှိခဲ့ရင်လဲ ယွမ်၅သောင်းလောက်က သူတတ်နိုင်ပါတယ်.

အထဲက ကျောက်စိမ်းဖြစ်ခဲ့မယ်ဆိုရင်တော့ ပိုက်ဆံအမြောက်အမြား သူပြန်ရမှာပါ.

ကုနင်း ကျောက်အလောင်းအစားအကြောင်းသိပ်မသိသေးတာတောင်မှ ဒီကျောက်စိမ်းတုံးက အရမ်းတန်ဖိုးကြီးပြီး ယွမ်၅သောင်းဆိုတာ ဒီကျောက်စိမ်းရဲ့ ၁ရာပုံ၁ပုံတောင်ဝယ်လို့မဖြစ်နိုင်မှန်းသိပါတယ်.

"ကျွန်မ ကျောက်စိမ်းတစ်ခုလုံးပေါ်လာတဲ့အထိ လောင်းအုံးမယ်. အရက်ရောဆုံးဝယ်သူက ဒါကိုရလိမ့်မယ်." ကုနင်းပြောလိုက်တယ်.

ထိုလူ စိတ်ပျက်သွားပေမယ့် ဘာမှတော့ထပ်မပြောနိုင်ပါဘူး.

ကျောက်ဖြတ်သူက ဆက်ပြီးတော့ဖြတ်လိုက်တယ်. ခနကြာမှာတော့ နောက်ထပ် အစိမ်းရောင်အလွှာတစ်ခုပေါ်လာခဲ့ကာ ကျောက်စိမ်းရဲ့အမျိုးအစားက ပေါ်ထွက်လာပါပြီ.

"ဒါအဖိုးတန်တယ်!" ကျောက်ဖြတ်သူက စိတ်လှုပ်တရှားနဲ့ပြောလိုက်တယ်.

"အရောင်က အဝါဘက်သန်းတယ်. အရည်အသွေးကောင်းပဲ. ဒါက ဂလူတီးနက်စ်ရိုက် အမျိုးအစားပဲ." သူဌေးကလဲဝင်လာကာ ထိတ်လန့်စွာနဲ့ပြောလိုက်တယ်.

"မိန်းကလေး, အဲ့ဒါကို ယွမ်၅သိန်းနဲ့ ကျုပ်ကိုရောင်းပါလား?" နောက်ထပ်သက်လတ်ပိုင်းလူကြီးက ထပ်ပြီးဈေးခေါ်လိုက်ပြန်တယ်.

"ငါ ယွမ်၈သိန်းပေးမယ်."

"ယွမ်၁သန်း"

...........

"ယွမ်၂သန်း!"

ဈေးက ၂သန်းအထိတက်သွားချိန်မှာတော့ နောက်ထပ် ထပ်ပြီးလေလံဆွဲတဲ့သူမရှိတော့ပါဘူး. ကျောက်စိမ်ကို အခုထိအဆုံးထိမဖြတ်ရသေးတာကြောင့် ဘယ်လောက်ထိကြီးပြီး ဘယ်လောက်ထိအဖိုးတန်မလဲဆိုတာမသိသေးပါဘူး.

ကုနင်းကတော့ သူတို့ဈေးပြိုင်ပေးနေတာကို မတားပါဘူး. သူတို့ပြီးသွားတော့မှ နှုတ်ဟလိုက်ကာ.

"ဒီကျောက်စိမ်းကို အဆုံးထိဖြတ်ပြီးသွားတော့မှ ကျွန်မရောင်းမယ်."

ဒီကျောက်စိမ်းဟာ ယွမ်၂သန်းထက်ပိုပြီးအဖိုးတန်ပါတယ်.

ကျောက်ဖြတ်သမားလဲ ဆက်ပြီးဖြတ်လိုက်တယ်.

သူနောက်ထပ်အပြင်လွှာတစ်လွှာကို ဖယ်လိုက်ပြီးနောက်မှာတော့ စပြီးကျောက်ကိုသွေးလိုက်တော့တယ်.

နာရီဝက်ကြာပြီးနောက်မှာတော့ ဘောလုံးတစ်လုံးစာလောက်ကြီးတဲ့ကျောက်စိမ်းတုံးကြီးကို ဖြတ်လို့ပြီးသွားပါတယ်.

ဂလူတီးနက်စ်ရိုက်အမျိုးအစားကျောက်စိမ်းသည် အတော်လေးအဆင့်မြင့်ပြီး အများကြီးလဲအဖိုးတန်ပါတယ်.

ပြီးတော့ အရွယ်ကလဲ လုံးဝမသေးဘူး.

"ယွမ်၅သန်း"

"ယွမ်၆သန်း"

"ယွမ်၇သန်း"

"ယွမ်၁၀သန်း!" အသံကျယ်ကျယ်တစ်သံထွက်လာခဲ့တယ်. ထိုလေလံပစ်သူက ဈေးနှုန်းကို ၃သန်းတောင်ခွာပစ်လိုက်ပါပြီ.

ခွန်အားအပြည့်နဲ့ အသက်၇၀လောက်ရှိတဲ့ အဘိုးတစ်ယောက်ဝင်လာခဲ့တယ်.

"အိုး, ဆရာကြီးဖူပဲ မတွေ့ရတာတောင်ကြာပေါ့! တွေ့ရတာဝမ်းသာပါတယ်!" လူတစ်ယောက်က ချက်ချင်းပဲနှုတ်ဆက်လိုက်တယ်.

"လအစတုန်းက မြေးလေးမွေးလို့လေ. ဒါပေမယ့် အိမ်မှာအကြာကြီးနေလိုက်တော့ နေလို့ထိုင်လို့တောင်မကောင်းတော့ဘူး. ဒါကြောင့် ပတ်ဝန်းကျင်လေးဘာလေးပတ်ကြည့်တာ. မမျှော်လင့်ဘဲ ငါရောက်တဲ့အချိန်မှ ထိပ်တန်းကျောက်စိမ်းတစ်ခုကို ဖြတ်တာနဲ့ကြုံသွားတယ်. ဒါကို ငါ့မြေးလေးအတွက် ဝယ်သွားချင်လို့လေ!" ဆရာကြီးဖူကပြောလိုက်တယ်.

ဆရာကြီးဖူဟာ အိမ်ခြံမြေလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး တခြားစီးပွားရေးနယ်ပယ်တွေမှာလဲ လုပ်ငန်းတွေရှိပါတယ်. သူက အရမ်းကို ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ယွမ်၈ဘီလီယံလောက် ကြွယ်ဝပါတယ်. သူ့ရဲ့မိသားစုသည် မြို့တော်Gလိုဒုတိယအဆင့်မြို့တော်မျိုးတွင် တတိယအဆင့်အချမ်းသာဆုံးဖြစ်ပါတယ်.

ပထမအဆင့်, ဒုတိယအဆင့်နဲ့ တတိယအဆင့်မြို့တော်တွေမှာ အချမ်းသာဆုံးမိသားစုတွေကို ထိတ်တန်းမိသားစု၁၀စုအဖြစ်ခွဲထားပါတယ်.

ထိုမိသားစု၁၀စုကိုသာ အချမ်းသာဆုံးဆိုပြီးခေါ်ဆိုနိုင်တာပါ.

ဆရာကြီးဖူရဲ့မိသားစုကတော့ ထိုထိပ်တန်း၁၀ဖွဲ့ထဲက နံပါတ်၇နေရာမှရှိပါတယ်.

ဒါပေါ့ ဒီအချမ်းသာဆုံး၁၀မိသားစုအပြင် နောက်ထပ် အရမ်းချမ်းသာတဲ့ မိသားစုတွေလဲ အများကြီးရှိပါသေးတယ်.

"ကြည့်ရတာ ဆရာကြီးဖူက ဂလူတီးနက်စ်ရိုက်ကိုတော်တော်လေးစိတ်ဝင်စားနေပုံပဲ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကျွန်တော်လဲ ကြိုက်နေတယ်. ဆရာကြီးဖူနဲ့ ကျွန်တော်ယှဉ်ပြိုင်ရမှာတောင် ကြောက်မိတယ်." နောက်လူတစ်ယောက်ကပြောလိုက်တယ်.

"ယွမ်၁၁သန်း"

ထိုလူက ဆရာကြီးဖူလောက်မချမ်းသာတာတောင်မှ ကျောက်စိမ်းကိုဈေးထပ်မြှင့်လိုက်တယ်.

"အရက်ရောဆုံးဝယ်သူက ဒီကျောက်စိမ်းကို ရမယ်ဆိုတော့ ပြိုင်ကြတာပေါ့. ယွမ်၁၅သန်း." ဆရာကြီးဖူက ပြောပြီးတာနဲ့ ချက်ချင်းယွမ်၅သန်းပိုပြီးဈေးတင်လိုက်တယ်.

"ယွမ်၁၆သန်း"

"ယွမ်၁၇သန်း"

"ယွမ်၁၈သန်း"

.............

"ယွမ်သန်း၃၀"

လေလံဈေးက ယွမ်သန်း၃၀အထိတက်သွားခဲ့ပြီ. ဒါကို ဆရာကြီးဖူပေးခဲ့တာပါ.

ယွမ်သန်း၃၀ဆိုတာ ကျောက်စိမ်းအတွက် အမြင့်ဆုံးဈေးနီးနီးပါပဲ. ဝယ်သူဘက်က ရှုံးလဲမရှုံးသလို သိပ်လဲမြတ်မှာမဟုတ်ပါဘူး.

ဆိုင်သူဌေးမှာ ခံစားချက်တွေမျိုးစုံရောထွေးသွားတယ်. စိတ်လဲလှုပ်ရှားနေသလို တစ်ချိန်တည်းမှာပဲ နောင်တလဲရနေမိတယ်.

ဘာလို့လဲ?

စိတ်လှုပ်ရှားရတာကတော့ သူ့ဆိုင်က ကျောက်ရိုင်းကနေ ကျောက်စိမ်းတုံးဖြတ်မိလို့ဖြစ်ပါတယ်. ဒါက ကြော်ငြာပြီးသားဖြစ်သွားပြီး သူ့ဆို ယခင်ထက်ပိုပြီး ကျော်ကြားလာတော့မှာပါ.

တစ်ချိန်တည်းမှာပဲ နောင်တရရတာကတော့ ထိုကျောက်ရိုင်းတုံးက အဖိုးတန်မှန်းမသိခဲ့တာကိုပါပဲ. သူသာ ထိုကျောက်ရိုင်းရဲ့ တန်ဖိုးကိုသိခဲ့ရင် ကိုယ်တိုင်ပဲဖြတ်ခဲ့မှာပေါ့.

ဒါပေမယ့် ဒီကျောက်အလောင်းအစားလုပ်တဲ့လောကက ဘယ်လိုလည်ပတ်လဲဆိုတာကို သူဌေးလဲသိတာကြောင့် သူ့စိတ်ကိုသူပြန်ပြင်လိုက်တယ်.

ဒါ့အပြင်, ဒါကဖြစ်ပြီးသွားပြီဖြစ်တာကြောင့် အဖြစ်မှန်ကို သူလက်ခံလိုက်ပါတယ်.

ဈေးပြိုင်ပေးနေတဲ့လူလဲ ဆရာကြီးဖူက ဒီလောက်အထိ ဈေးမြှင့်ပေးမယ်လို့ မမျှော်လင့်ထားမိတာကြောင့် နောက်ဆုံးမှာတော့ လက်လျှော့လိုက်ရကာ,

"ဆရာကြီးဖူ, ခင်ဗျားနိုင်ပါတယ်."

"ဟား-ဟား, ရှောင်ကျောင်း, စိတ်မပူပါနဲ့. ဒီထက်ပိုကောင်းတဲ့ အခွင့်အရေးတွေ မင်းကိုစောင့်နေဦးမှာပါ!" ဆရာကြီးဖူက ထိုလူကိုနှစ်သိမ့်ပေးလိုက်တယ်. မမျှော်လင့်ထားပဲ ဆရာကြီးဖူပြောလိုက်တဲ့ စကားသည် မကြာခင်မှာပဲ အမှန်တကယ်ဖြစ်လာခဲ့တယ်.

ဟုတ်ပါတယ်. နောက်ထပ်သေးတဲ့ ကျောက်စိမ်းက ပိုပြီးတော့တောင် အဖိုးတန်နေပါသေးတယ်.

"ကျေးဇူးတင်ပါတယ်, ဆရာကြီဖူ." ထိုလူလဲ ဝမ်းနည်းမှုနဲ့အတူပြုံးပြလိုက်တယ်. ဒီလိုမျိုးထိပ်တန်းအရည်အသွေးနဲ့ ကျောက်စိမ်းမျိုးရဖို့ဆိုတာ မလွယ်မှန်း သူသိပါတယ်.

"ဒီကျောက်စိမ်းပိုင်ရှင်က ဘယ်သူများလဲ?" ဆရာကြီးဖူမေးလိုက်တယ်.

ကုနင်း ဒီကျောက်စိမ်းက ဂလူတီးနက်စ်ရိုက်ဖြစ်ပြီး အဆင့်မြင့်မှန်းသိပါတယ်. အစိမ်းရောင်ဘုရင်ထက်အများကြီး ဈေးနည်းတယ်ဆိုပေမယ့်လဲ တော်တော်လေးကိုတော့ အဖိုးတန်နေပါပြီ. ဒီကျောက်စိမ်းကို ယွမ်သန်း၃၀လောက်ဖြစ်မယ်လို့ ကုနင်းခန့်မှန်းထားပေမယ့် တကယ်တမ်း လေလံတင်တဲ့ဈေးကို ကြားလိုက်ရတော့ သူမလန့်သွားမိတယ်. တကယ်ကြီးဖြစ်လာတယ်ဆိုတာ သူမမယုံနိုင်သေးပါဘူး.

ဆရာကြီးဖူ မေးခွန်းမမေးခင်အထိ ကုနင်းအသိပြန်မဝင်လာသေးပါဘူး. သူမပြန်ပြီး အေးအေးဆေးဆေးနဲ့ဖြေလိုက်တယ်,

"တွေ့ရတာဝမ်းသာပါတယ်, ဆရာကြီးဖူ. ဒီကျောက်စိမ်းက ကျွန်မရဲ့ပစ္စည်းပါ."

မိန်းမငယ်လေးမှန်း မြင်လိုက်ရတော့ ဆရာကြီးဖူအံ့ဩသွားပြီး အထူးသဖြင့် ယွမ်သန်း၃၀အထိဈေးမြင့်သွားတာတောင်မှ ကုနင်းကအေးဆေးဖြစ်နေသေးတာကြောင့်ရောပေါ့.

သူမက ဒီလောက်ငယ်နေသေးတာတောင်မှ အေးဆေးဖြစ်နေသေးတယ်.

ထိုကြောင့် ကုနင်းအပေါ် ဆရာကြီးဖူရဲ့ ပထမအကြိမ်ထင်မြင်ချက်ကောင်းသွားပါတယ်.

All Chapters