အခန်း (၆၆-၇၀)
Vol. 5 Ch. 66-70
အခန်း ၆၆ မတော်တဆ
"ကောင်မလေး, ကျုပ်ဒီ ဖန်သားကျောက်အတွက် ယွမ်သန်း၃၀ပေးမယ်. ဘယ်လိုလဲ?"
ဆရာကြီးဖူမေးလိုက်တယ်.
"ကိစ္စမရှိပါဘူး" ကုနင်ပြန်ဖြေလိုက်တယ်. ဒီဈေးကသင့်လျော်ပါတယ်.
အခုတော့ ကုနင်းလက်ထဲမှာ ယွမ်သန်း၂၇၀လောက်ရှိသွားပါပြီ.
"ဟ-ဟ, မင်းရဲ့ကျွမ်းကျင်တဲ့ အပေးအယူလုပ်ပုံကို ကျုပ်သဘောကျတယ်. ကောင်းပြီလေ, အခုပဲ မင်းကို ငွေလွှဲပေးမယ်." ကုနင်းရဲ့ ကျွမ်းကျင်မှုက ထပ်ပြီးတော့ ဆရာကြီးဖူကို အမြင်ကောင်းကျန်ခဲ့စေပြန်တယ်. သူချက်ချင်းပဲ ငွေလွှဲပေးဖို့ ဖုန်းခေါ်ပြီးပြောလိုက်တယ်.
"ကောင်မလေး, မင်းစိတ်မရှိဘူးဆိုရင် ကျုပ်ကို အဖိုးဖူလို့ခေါ်ပါလား. နောက်ကျုပ်အကူအညီလိုရင်လဲ မင်းပြောပေါ့. ကျုပ်အတတ်နိုင်ဆုံးထောက်ပံ့ပေးမယ်." ဆရာကြီးဖူကပြောလိုက်တယ်. သူ ဒီမိန်းမငယ်လေးကို တကယ်လေးလေးစားစားနဲ့ မိတ်ဆွေဖြစ်ချင်နေတာပါ.
ဆရာကြီးဖူက အတွေ့အကြုံများတဲ့သူဖြစ်တာကြောင့် ကုနင်းက တိုးတက်ဖို့အလားအလာရှိတဲ့ ဆယ်ကျောက်သက်လေးတစ်ယောက်မှန်း သေချာသိနေပါတယ်.
"အဖိုးဖူ, အခုပဲအဘိုးရဲ့အကူအညီလိုနေပါပြီ." ကုနင်းက တုံ့ဆိုင်းမနေဘဲ သူမကိုကူညီပေးရန် ဆရာကြီးဖူကိုပြောလိုက်တယ်.
"အိုး. ဘာဖြစ်လို့လဲ? ပြောလေ." ဆရာကြီးဖူက အနည်းငယ်အံ့ဩသွားကာ သိချင်သွားတယ်.
"အဲ့ဒါက, ကျွန်မကျောက်မြတ်ရတနာကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ဖို့လုပ်နေတာ. ဒါပေမယ့် အဲ့ကိစ္စက အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်လေ. ဒါကြောင့် အဖိုးမှာများ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနဘက်မှု လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်လောက်များရှိလား?
ဒီကိစ္စကို မြန်မြန်ဆန်ဆန်နဲ့ ချောချောမွေ့မွေ့ပြီးသွားအောင် ကူညီပေးပါလား? သေချာပေါက် လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန်ကို ကျွန်မဘက်ကပဲ ပြင်ဆင်ပေးမှာပါ."
ဆရာကြီးဖူက ကူညီပေးချင်နေမှတော့ ကုနင်းဘက်ကလဲ ဒီအခွင့်အရေးကို မဖြုန်းတီးပစ်ချင်ပါဘူး. သူမရဲ့ လူမှုကွန်ရက်တွေကို အလုံးစုံအသုံးချဖို့ ဆုံးဖြတ်ထားပါတယ်. သူမကိုပေးလာတဲ့အခွင့်အရေးကို အသုံးချတာဖြစ်တဲ့အတွက် ဒါအမှားတစ်ခုမဟုတ်ပါဘူး.
"ဘာ? မင်းက ကျောက်မြတ်ရတနာကုမ္ပဏီဖွင့်တော့မယ်? " ဒါကိုကြားလိုက်ရတော့ ဆရာကြီးဖူအံ့ဩသွားတယ်. ဒီမိန်းမငယ်လေးက တော်တော်ရည်မှန်းချက်ကြီးတာပဲ.
သူမက ကျောက်မြတ်ရတနာကုမ္ပဏီဖွင့်ဖို့တောင် စဉ်းစားပြီးနေပြီ.
"ဟုတ်ပါတယ်." သူမတည်တည်ငြိမ်ငြိမ်ပဲပြန်ဖြေလိုက်တယ်.
"မှတ်ပုံတင်မယ့် ရင်းနှီးငွေက ဘယ်လောက်လဲ?" ဆရာကြီးဖူမေးလိုက်တယ်.
"စဦးရင်းနှီးငွေကတော့ ယွမ်သန်း၁ရာပါ နောက်ကျရင်လဲထပ်ထည့်သွားဦးမှာ" ကုနင်းဖြေလိုက်တယ်.
ဆရာကြီးဖူ အသက်ပြင်းပြင်းရှူမိလိုက်တယ်. ယွမ်သန်း၁ရာဆိုတာ ကျောက်မြတ်ရတနာလောကအတွက် အရမ်းမများပေမယ့် ဒီလိုမိန်းမငယ်လေးအတွက်တော့ အရမ်းကိုများတဲ့ပမာဏပါ.
ဒီမိန်းကလေးက တကယ့်ကိုသာမာန်ဆယ်ကျော်သက်လေးတစ်ယောက်မဟုတ်ဘူးပဲ.
ဒါပေမယ့်, ကုနင်းက သာမာန်မဟုတ်ဘဲ ထူးချွန်တယ်ဆိုရင်တောင်မှ ကုမ္ပဏီတစ်ခုစတင်ရာမှ ဆိုးကျိုးတွေရှိနေပါသေးတယ်.
ဆရာကြီးဖူက မသေချာမရေရာတဲ့လေသံနဲ့မေးလိုက်တယ်,
"မင်း ကျောက်မြတ်ရတနာကုမ္ပဏီဖွင့်မယ်ဆိုတာသေချာပြီလား? စီးပွားရေးတစ်ခုစတင်ဖို့ ငွေထက်ပိုအရေးကြီးပိုလိုအပ်တာတွေရှိသေးတယ်. မင်းအဲ့ဒီကုမ္ပဏီကို လည်ပတ်ဖို့အတွက် တည်ငြိမ်တဲ့ ကုန်ပစ္စည်းတွေရှိနေဖို့လိုတယ်. ပြီးတော့ အဲ့ကုမ္ပဏီကို အုပ်ချုပ်ဖို့အတွက်ကော အချိန်လုံလုံလောက်လောက်ရှိရဲ့လား?"
ဆရာကြီးဖူက ကုနင်းကိုတားချင်တာမဟုတ်ဘဲ ကုနင်းစည်းမျဉ်းတွေကို အပြည့်အဝနားမလည်ထားဘဲနဲ့ ငွေတွေဆုံးရှုံးသွားမှာကို စိုးရိမ်နေတာပါ.
ကုနင်းလဲ ဆရာကြီးဖူက သူမကို ဂရုစိုက်လို့အခုလိုပြောနေမှန်းသိတာကြောင့် လေးလေးစားစားနဲ့ပဲပြန်ဖြေလိုက်တယ်,
"အဖိုးဖူ, ကျွန်မအားလုံးပြင်ဆင်ပြီးသွားပါပြီ. ပြီးတော့ ကုမ္ပဏီလည်ပတ်ဖို့အတွက် ကျွမ်းကျင်တဲ့ဝန်ထပ်တစ်ယောက်လဲ ကျွန်မမှာရှိပါတယ်. ဘာမှစိုးရိမ်စရာမရှိပါဘူး."
ကုနင်းမှာ ယုံကြည်ချက်တွေရှိနေမှတော့ ဆရာကြီးဖူလဲ သူမမျှော်လင့်ချက်တွေကို မဖြုတ်ချချင်ပါဘူး, ဒါကြောင့်
"ကောင်းပြီလေ, ဒါက သိပ်ကိစ္စကြီးလဲမဟုတ်ပါဘူး. မှတ်ပုံတင်တာနဲ့ပတ်သတ်ပြီး ကျုပ်ကူညီပေးပါ့မယ်. အိုး, ဟုတ်သားပဲ, မင်းအခု အသက်ဘယ်လောက်ရှိပြီလဲ."
"ကျေးဇူးပါ အဖိုးဖူ, ကျွန်မ အသက် ၁၈နှစ်ပြည့်ပြီးလို့ အရွယ်ရောက်နေပါပြီ." ကုနင်းပြောလိုက်တယ်.
"ဒါပေမယ့် ကျွန်မဆိုင်တစ်ဆိုင်ရှာဖို့လိုနေသေးတယ်. ဆိုင်တွေ့သွားတော့မှ အဖိုးကိုပြန်ဆက်သွယ်လိုက်ပါ့မယ်."
"ရတယ်, ကိစ္စမရှိဘူး. ကျုပ်လုပ်ပေးမယ်." ဆရာကြီးဖူလဲ ဝမ်းမြောက်စွာနဲ့သဘောတူလိုက်တယ်.
"ကျေးဇူးအများကြီးတင်ပါတယ်. အဖိုးဖူ." ကုနင်းကျေးဇူးတင်စကားထပ်ပြောလိုက်တယ်.
ဆရာကြီးဖူလဲ အကြာကြီးမနေတော့ဘဲ ပြန်သွားတယ်. ပြီးနောက် ကုနင်လဲ ထွက်လာခဲ့လိုက်တယ်.
သူမ ရှေးဟောင်းပစ္စည်းတွေရှိတဲ့လမ်းဘက်ကို သွားလိုက်တယ်.
ကုနင်းက ရှေးဟောင်းပစ္စည်းတွေကို မစုချင်ပေမယ့် အခွင့်အရေးရှိနေမှတော့ လက်မလွှတ်ချင်ပါဘူး. ဒါပေမယ့် ဆိုင်တွေအတွင်းထိလိုက်မကြည့်ဘဲ အပြင်မှာ ထိုးထားတဲ့ ဆိုင်သေးသေးလေးတွေကိုပဲ လှည့်ပတ်ကြည့်နေလိုက်တယ်.
ပစ္စည်းတိုင်းက ရှေးဟောင်းပစ္စည်းအစစ်မဟုတ်ပေမယ့်လဲ တကယ်စစ်တဲ့ဟာတွေမှာ ရေးထားတဲ့ဈေးက အရမ်းများလွန်းတယ်.
ခနကြာပတ်ပြီးနောက်မှာတော့ ကုနင်းစိတ်ပျက်သွားရတယ်. သူမ တကယ့်ရှေးဟောင်းပစ္စည်းအစစ်အမှန် တစ်ခုတောင်မှမတွေ့ခဲ့ပါဘူး.
ဒါနဲ့ သူမအကြာကြီး ဆက်ကြည့်နေရင်း နောက်ဆုံးမှာတော့ ဆိုင်အသေးလေးတစ်ခုမှ စွမ်းအားတွေရှိနေတဲ့ ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့တယ်. အဲ့ဒါက ဝိုင်ခွက်တစ်ခွက်ဖြစ်ပြီး စွမ်းအားတွေထူထပ်သိပ်သည်းစွာရစ်ပတ်နေတာကြောင့် ဒီပစ္စည်းက နှစ်ပေါင်းများစွာ သမိုင်းကြောင်းရှိမှန်းသိသာပါတယ်.
"ဟေ့, ဒါဘယ်လောက်လဲ?" ကုနင်းထိုဝိုင်ခွက်ကို ညွှန်ပြကာမေးလိုက်တယ်.
ကုနင်းက မိန်းမငယ်လေးတစ်ယောက်မှန်းမြင်လိုက်တော့ သူမဝယ်နိုင်မယ်လို့ ဆိုင်ရှင်ကမထင်တာကြောင့် ဝတ်ကျေတန်းကျေသာဖြေလိုက်တယ်,
"အဲ့ဒါက ချင်လုံခေတ်က ယွမ်၁သောင်းတန်တယ်."
ဒီပစ္စည်းက ချင်လုံခေတ်ကပေါ့. ဘယ်လိုလုပ်ယွမ်၁သောင်းပဲတန်တာလဲ? အနည်းဆုံးယွမ်၅သိန်းလောက်တန်သင့်တယ်မဟုတ်ဘူးလား?
ကြည့်ရတာ ဆိုင်ရှင်က ဒါကို အတုလို့ထင်နေပုံပဲ.
ဒီတစ်ခေါက်တော့ ဆိုင်ရှင်အမြင်မှားသွားပါပြီ. ဒီဝိုင်ခွက်က ရှေးဟောင်းပစ္စည်းအစစ်ပါ. ကုနင်းကတော့ ဘယ်ခေတ်ကဆိုပြီး အတိအကျတော့မသိပါဘူး.
ဒါက အစစ်ဆိုမှတော့ ယွမ်၁သောင်းလောက်က ဂရုစိုက်စရာမလိုပါဘူး. သူမချက်ချင်းပဲ ဆိုင်ရှင်ကိုငွေချေဖို့ ကျောပိုးအိတ်ထဲကနေ ထုတ်လိုက်တယ်.
ဒီဆယ်ကျော်သက်ကောင်မလေးက ဈေးတောင်မဆစ်ပဲနဲ့ ဝယ်မယ်လို့ ဆိုင်ရှင်မမျှော်လင့်ထားမိတာကြောင့် အံ့အားသင့်သွားရတယ်.
ဒီကောင်မလေးက မဝယ်နိုင်လောက်ဘူးလို့ သူထင်ခဲ့တာကြောင့် ဈေးကို တမင်သက်သက်မြှင့်ထားတာပါ. ပြောရရင် ဒါကို ယွမ်ရာဂဏန်းလောက်နဲ့ပဲရောင်းလို့ရရမှာလေ.
ဒါတကယ်အစစ်ဖြစ်နေလို့များလား?
သူ့ဆိုင်သေးသေးလေးထဲမှာ ရှေးဟောင်းပစ္စည်းအစစ်ရှိနေမယ်လို့ သူကိုယ်တိုင်တောင်မယုံပါဘူး. ရှေးပစ္စည်းအစစ်ဆိုတာ တစ်ခုတစ်လေရဖို့တောင် မလွယ်ကူဘူးလေ.
ဒီကောင်မလေးက ရှေးဟောင်းပစ္စည်းအကြောင်းဘာမှမသိဘဲ ကြိုက်ရုံကြိုက်လို့ဝယ်တာပဲဖြစ်ရမယ်.
ဆိုင်ရှင်ကတော့ ထိုပစ္စည်းကို ဈေးမြင့်မြင့်နဲ့ရောင်းလိုက်ရတာကြောင့် ဝမ်းသာနေတယ်. သူပိုက်ဆံကို ပျော်ရွှင်စွာယူပြီးချိန်မှာတော့ ဝယ်သူကသေချာပေါက်နောင်ကတွေရနေမယ်ပေါ့..
ဒါပေမယ့် သူမသိလိုက်တာက တကယ်နောင်တရနေမယ့်လူဟာ သူပဲဆိုတာကိုပါ.
ဆိုင်ရှင်က ပိုက်ဆံကိုယူလိုက်ကာ ကုနင်းလဲ ဝိုင်ခွက်ကိုရရှိသွားတယ်. အပေးအယူကပြီးမြောက်သွားကာ ဘယ်သူမှလဲ နောင်တမရသေးပါဘူး.
ကုနင်းလဲ ဝိုင်ခွက်ကို ကျောပိုးအိတ်ထဲထည့်လိုက်ကာ မတ်တပ်ထရပ်လိုက်တယ်.
ထိုအချိန်မှာပဲ သူမခြေထောက်အောက်နားမှ တစ်စုံတစ်ခုကျကွဲသွားတယ်. ထိုအရာတွေက များပြားလှတဲ့ ကြွေထည်အပိုင်းအစတွေပါ. လူတစ်ယောက်က ထအောင်လိုက်တော့တယ်,
"အိုး, ငါ့ရဲ့ ပဲစိမ်းစဉ့်ပန်းအိုးလေး!"
ပြီးသွားတော့ ထိုလူက ကုနင်းကိုကြည့်လိုက်ကာ စိတ်ဆိုးမာန်ဆိုးနဲ့ ကျိန်ဆဲတော့တယ်,
"မင်းပဲ. မင်းငါ့ရဲ့ ပန်းအိုးကို မြေပေါ်တိုက်ချလိုက်တာ. အခုတော့ကွဲသွားပြီး. မင်းဒါအတွက်ငွေပြန်လျော်ပေးစမ်း."
ထိုတော့မှ ကုနင်းလဲ တစ်စုံတစ်ယောက်က သူမကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင် "မတော်တဆ"ဖြစ်အောင်လုပ်လိုက်မှန်းသိသွားတော့တယ်.
ဒါမျိုးက ရှေးဟောင်းလောကမှာ မထူးခြားတဲ့ဖြစ်ရပ်ပါ. တစ်စုံတစ်ယောက်ကနေပြီး အရှေးပစ္စည်းအတုတစ်ခုကို တမင် "မတော်တဆ" ဖြစ်အောင်လုပ်ပြီး ရှေးဟောင်းပစ္စည်းအစစ်နဲ့တူညီတဲ့ဈေးအတိုင်း အလျော်တောင်းကြတာပါ.
အဲ့လူတွေကလဲ အမြဲအောင်မြင်ခဲ့ပါတယ်. ဘာလို့ဆို သူတို့က အမြဲတမ်း အားနည်းတယ်လို့ထင်ရတဲ့လူတွေအပေါ်မှာ အခွင့်ရေးယူကြလို့လေ.
ပြီးတော့ ကုနင်းက အလွယ်တကူခြောက်လှန့်လို့ရတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပုံဖြစ်နေသေးတယ်. ဒါကြောင့် သူမကပစ်မှတ်ဖြစ်လာတာပါ.
သို့ရာတွင် ဘယ်သူကမှတော့ ဒီပြဿနာထဲဝင်ပါကာ ကူညီပေးကြမှာမဟုတ်ပါဘူး.
ဒါပေမယ့် ဒီလူတွေဆုံးဖြတ်ချက်မှားသွားခဲ့ပြီ. ကုနင်းက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဆိုရင်တောင်မှ အခုဆို သူမကို ဘယ်သူမအနိုင်ကျင့်ခွင့်မရနိုင်ပါဘူး.
"ကျွန်မ ရှင့်ရဲ့ပန်းအိုးကို ထိတောင်မထိခဲ့ဘူး." ကုနင်းအေးဆေးပဲပြောလိုက်တယ်.
ထိုလူက သူမကို ထောင်ချောက်ဆင်ဖို့ကြိုးစားနေပေမယ့် တကယ်လဲ သူမထိုပန်းအိုးကို ထိတောင်မထိခဲ့မိပါဘူး.
...................P66End.....................
ဖီးနစ်သွေးစက်
အခန်း ၆၇ ထွက်ပြေးပြီ
"ဘာ? မင်းမထိရင် ငါ့ပန်းအိုးက ဘယ်လိုလုပ်ကျမှာလဲ!" ထိုလူကပြန်ပြီး အော်ပြောလိုက်တယ်.
"အဲ့တော့ဘာဖြစ်လဲ?" ကုနင်းမေးလိုက်တယ်.
"ဒီပဲစိမ်းစဉ့်ပန်းအိုးက ခန်ရှီခေတ်ကကွ. ဈေးထဲမှာဆို အနည်းဆုံးယွမ်၅သိန်းလောက်တန်တယ်! မင်းက ငယ်သေးတယ်ဆိုတော့ ယွမ်၅သိန်းနဲ့လောက်ဆိုလုံလောက်ပါပြီ."
ကုနင်းနှာခေါင်းရှုံလိုက်မိတယ်. ဒီလူတော်တော်အရှက်မဲ့တာပဲ.
"ကောင်းပြီလေ, ကျွန်မရှင့်ကို အလျှော်ပေးနိုင်ပါတယ်. ဒါပေမယ့် ရှင်ပြောတာမလုံလောက်သေးဘူး. ဒီတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ကျွမ်းကျင်တဲ့လူတွေလိုသေးတယ်. ဒါက တကယ်ပဲ ယွမ်၅သိန်းတန်တယ်ဆိုရင် ကျွန်မချက်ချင်းပဲပေးလိုက်မယ်." လို့ကုနင်းပြောလိုက်တယ်.
ထိုလူအနည်းငယ်ထိတ်လန့်သွားကာ လေသံလျှော့လိုက်ပြီး,
"အဲ့လောက်ရှုပ်အောင်မလုပ်စမ်းပါနဲ့! ကျွမ်းကျင်ပညာရှင်နဲ့တွေ့ရင် အများကြီးကုန်မှာ. ငါ့မှာလဲ ရှေးဟောင်းပစ္စည်းစစ်သူဆိုတဲ့ တရားဝင်အထောက်အထားလက်မှတ်ရှိတယ်. ဒီပန်းအိုးကအစစ်ဆိုတာ အဲ့လက်မှတ်နဲ့ အတည်ပြုပေးနိုင်တယ်."
ပြောနေရင်းနဲ့ပဲ ထိုလူက သူပြောနေတဲ့ တရားဝင်အထောက်အထားလက်မှတ်ဆိုတာကြီးကို ထုတ်လိုက်တယ်. ကုနင်းကတော့ သေချာပေါက်မယုံကြည်ဘူးပေါ့.
"ဒီလောက်က ကိစ္စမရှိပါဘူး. ကုန်ကျစရိတ်ကို ကျွန်မပေးပါ့မယ်." သူမထပ်ပြောလိုက်တယ်.
ထိုလူခနမျှကြောင်သွားတယ်. သူလူရွေးမှားသွားပြီဆိုတာသိလိုက်ပေမယ့် အရှုံးမပေးချင်ပါဘူး.
"ငါမင်းနဲ့ အချိန်မဖြုန်းနေနိုင်ဘူး. အခုချက်ချင်းပိုက်ဆံပေး! အခုချက်ချင်းပေးရင်ပေး မဟုတ်ရင် ရဲခေါ်လိုက်မယ်!" ထိုလူ ခြိမ်းခြောက်လိုက်တယ်. သူကချက်ချင်းပဲဖုန်းကို ထုတ်လိုက်ကာ ရဲကို ဆက်တော့မလိုလုပ်နေလိုက်တယ်.
ကုနင်းနှုတ်ခမ်းထောင့်လေးအထက်သို့ကွေးတက်သွားတယ်. ဒီလူသူမကို ခြိမ်းခြောက်နေမှန်းသိတာပေါ့.
ပြီးတော့ သူမအေးဆေးပဲပြန်ပြောလိုက်တယ်, "ကောင်းပြီလေ, ဆက်လုပ်ပေါ့!"
"မင်း..." ကုနင်းလုံးဝမကြောက်ဘဲ ရှိနေမယ်လို့ ထိုလူမမျှော်လင့်ထားတာကြောင့် ရှေ့တိုးမရ နောက်ဆုတ်မရအခြေနေဖြစ်သွားတယ်.
ထိုအချိန်မှာပဲ, ဘေးနားကလူတစ်ယောက်က ထိုလူကိုတားလိုက်ကာ,
"ဟေ့လူ, ဒီလောက်ထိမလုပ်နဲ့လေ. ကျုပ်တို့ဆွေးနွေးလို့ရနေတာပဲ. သူက အခုမှဆယ်ကျော်သက်လေးပဲရှိသေးတာ. အဖမ်းခံရမယ်ဆိုရင် သူ့အနာဂါတ်အတွက်လဲမကောင်းပါဘူး. သူ့ကို ညှိနှိုင်းခွင့်လေးပေးလိုက်ပါဦးလား?"
ထိုလူပုံစံက ကုနင်းကို ကူညီပေးနေတာလို့ထင်ရပေမယ့် တကယ်တော့ သူကလဲကြံရာပါပါပဲ.
မမျှော်လင့်ထားဘဲ ကုနင်းက သူတို့နှစ်ယောက်ပတ်သတ်မှုကို ရှင်းရှင်းကြီးသိနေပါတယ်.
"ဘာတွေဖြစ်နေကြတာလဲ?" တစ်ချိန်တည်းမှုပဲ အဖိုးကြီးတစ်ယောက်အသံပါကြားလိုက်ရတယ်.
မကြာခင်မှာပဲ လူတစ်စုက လူအုပ်ကြီးကြားထဲကို ရောက်လာခဲ့တယ်. အသက်၇၀လောက်ရှိတဲ့ အဖိုးကြီးနှစ်ယောက်ရှေ့ကို လျှောက်လာတယ်.
တစ်ယောက်က မထင်မှတ်ထားစွာပဲ ဆရာကြီးဖူဖြစ်နေခဲ့တယ်.
"ကောင်မလေး, မင်းပါလား? ဘာဖြစ်ကြတာလဲ?" ကုနင်းကို မြင်တော့ ဆရာကြီးဖူအနည်းငယ်အံ့ဩသွားတယ်. ကြည့်ရတာ ကုနင်းပြဿနာတက်နေတယ်ထင်တယ်.
ဒါပေမယ့် လျော်ကြေးတောင်းနေတဲ့လူရဲ့မျက်နှာကတော့ ပြောင်းလဲသွားတယ်.
သူဒီအုပ်စုကို သေချာသိတာပေါ့.
"အိုး, ဒီတိုင်းမတော်တဆပါ. မတော်တဆလေးပဲ." ကုနင်းဘာမှမပြောရသေးခင်မှာပဲ, ထိုလူက ဝင်ပြောလိုက်တယ်. အခုကျတော့ သူပုံစံက အစောကနဲ့ လုံးဝကိုမတူကွဲပြားသွားပါပြီ.
သူ သူ့ရှေ့ကို ထိုလူအိုကြီးနှစ်ယောက်ကို ကြောက်နေပါတယ်.
ဒီရှေးဟောင်းဈေးထဲမှာ ဆရာကြီးဖူနဲ့ ဆရာကြီးယန်ကို မသိတဲ့လူမရှိပါဘူး. ဒီနှစ်ယောက်က အာဏာရှိသလို ဘယ်သူကမှလဲ အမှားမလုပ်ရဲကြပါဘူး.
အထူးသဖြင့် ဆရာကြီးယန်ပေါ့. သူက မြို့တော်Gမြို့တော်ဝန်ရဲ့ ဖခင်ဖြစ်သလို အရှေးဟောင်းလောကရဲ့ မငြင်းပယ်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်.
သူကြည့်လိုက်ရုံနဲ့တင် ပန်းအိုးက အစစ်လား အတုလားဆိုတာပြောနိုင်ပါတယ်.
သူတို့နှစ်ယောက်က ကုနင်းအတွက်ရောက်လာတာလား? ကုနင်းက ဆရာကြီးယန် နဲ့ ဆရာကြီးဖူတို့ကို သိတယ်ပေါ့.
ဒါပေမယ့် ဆရာကြီးယန်ကော ဆရာကြီးဖူပါ မြေပြင်ပေါ်က ကွဲထားတဲ့ ကြွေအပိုင်းအစတွေကို မြင်တာနဲ့ ဘာတွေဖြစ်နေမှန်းသိသွားကာ နှစ်ယောက်လုံး စိတ်အနှောက်အယှက်ဖြစ်သွားတယ်.
ဒီလို "မတော်တဆမှု"ဖြစ်တယ်ဆိုတာက မထူးဆန်းပေမယ့် ဘာလို့ကုနင်းမှာမှ သွားဖြစ်ရတာလဲ? ဒီတရားခံတော့ ဒုက္ခရောက်ပြီ.
ဆရာကြီးဖူက ကုနင်းကို သူ့မိတ်ဆွေလို သူ့မြေးမတစ်ယောက်လို သဘောထားတာပါ. သေချာပေါက်လဲ သူမကိုကာကွယ်ပေးမှာပါ.
ဒါကြောင့် ဆရာကြီးဖူက မကျေမနပ်ဖြစ်သွားပြီး မေးလိုက်တယ်,
"ဒါတကယ်မတော်တဆဖြစ်တာလား?"
သူဘယ်လိုမှမယုံပါဘူး.
တရားခံမှာတော့ နဖူးကနေပြီး ချွေးအေးတွေက်ထွက်လာကာ ဟုတ်ပါတယ်လို့ဖြေလိုက်ချင်ပေမယ့် ဒါက အဖြေကောင်းတစ်ခုမဟုတ်မှန်းလဲသိတယ်.
အဆုံးမှာတော့ ဆရာကြီးဖူရဲ့ဖိအားပေးမှုကို ဆက်မခံနိုင်တော့ကာ တောင်းပန်လိုက်တော့တယ်,
"ဆရာကြီးဖူ, ကျွန်တော်တောင်းပန်ပါတယ်. ဒါကျွန်တော့်အမှားပါ. နောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်."
"မင်းတောင်းပန်သင့်တဲ့လူက ကျုပ်မဟုတ်ဘူး." ဆရာကြီးဖူ စိတ်ဆိုးနေပါပြီ.
အဲ့တော့မှထိုလူလဲ ချက်ချင်းပဲ ကုနင်းဘက်ကို လှည့်လိုက်ကာ ဦးညွှတ်ပြီးတောင်ပန်တော့တယ်.
"မိန်းကလေး, ကျွန်တော်တောင်းပန်ပါတယ်. ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ."
"ဒီတစ်ခေါက်တော့ ရှင်တောင်းပန်တာကို လက်ခံလိုက်မယ်. ဒါပေမယ့် ကျွန်မလူတွေကို စောင့်ကြည့်ခိုင်းထားမှာ. ရှင်နောက်တစ်ခေါက်ထပ်လုပ်ရဲတယ်ဆိုရင်တော့ အဲ့ကျထောင်ထဲဝင်ဖို့သာပြင်ထားလိုက်!" ကုနင်းပြောလိုက်တယ်.
သူမ သူတို့ကို နောက်ထပ်,ထပ်မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်တယ်.
"မလုပ်တော့ပါဘူး, မလုပ်တော့ပါဘူး."
ထိုလူနှစ်ယောက် ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်. သူတို့က လမ်းပေါ်က ကြွက်တွေလိုပါပဲ. သူတို့စိတ်ထဲမှာ ဒီနေရာကနေ တက်နိုင်သလောက်မြန်မြန်ထွက်သွားဖို့ပဲရှိနေကြတယ်.
ပြောပြီးတာနဲ့ ချက်ချင်းကိုထွက်ပြေးသွားကြတော့တယ်.
"ဒါမျိုးက ဒီလမ်းထဲမှာမကြာခနဖြစ်တယ်. နောက်ဆို ဂရုစိုက်ဦး." ဆရာကြီးဖူက ကုနင်းကိုပြောလိုက်တယ်. သူတို့သာအချိန်မှီမရောက်လာခဲ့ရင် ကုနင်းအလိမ်ခံလိုက်ရတော့မလို့.
"သတိထားလိုက်ပါ့မယ်, အဖိုးဖူ." သူမကို အခုဆိုဘယ်သူမှအနိုင်ကျင့်လို့ရကြမှာမဟုတ်တော့ပေမယ့် ဆရာကြီးဖူရဲ့စေတနာကြောင့် လေးလေးစားစားပဲပြန်ဖြေလိုက်တယ်.
"ဟုတ်သားပဲ မင်းကိုမိတ်ဆက်ပေးရဦးမယ်. ဒါက ဆရာကြီးယန်, ရှေးဟောင်းပစ္စည်းအဖွဲ့အစည်းရဲ့ ဥက္ကဌပဲ." ဆရာကြီးဖူက ကုနင်းကိုပြောပြလိုက်တယ်.
"တွေ့ရတာဝမ်းသာပါတယ်. ဆရာကြီးယန်." ကုနင်းယဉ်ယဉ်ကျေးကျေးနဲ့နှုတ်ဆက်လိုက်တယ်.
"အင်း.." ဆရာကြီးယန်က လူငယ်မျိုးစက်သစ်တွေရှေ့မှာဆိုပိုပြီး ရုပ်တည်ကြီးနဲ့နေတတ်ပါတယ်.
ဒါကြောင့် ကုနင်းရဲ့ နှုတ်ဆက်စကားကို အေးစက်စက်နဲ့ပဲ ပြန်ဖြေလိုက်တာက သူမကို အထင်သေးလို့မဟုတ်ပါဘူး.
"ဒါဆို, ကျွန်မကိုခွင့်ပြုပါဦး. ကျွန်မသွားရတော့မယ်." ကုနင်းပြောလိုက်တယ်.
ဆရာကြီးဖူက ခွင့်ပြုလိုက်တော့မှ ကုနင်းလဲ ထွက်လာလိုက်တော့တယ်.
နောက်တော့ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ဘေးနားတစ်ဝိုက်က ပစ္စည်းတွေကို လိုက်စစ်ကြည့်နေလိုက်တယ်.
မီတာအနည်းငယ်လောက်သွားပြီးနောက်မှာပဲ သူမနောက်ထပ် စွမ်းအင်တွေပါဝင်နေတဲ့ ပစ္စည်းတစ်ခုကိုတွေ့လိုက်ပြန်တယ်. ထိုအရာက မင်သွေးကျောက်တစ်ခုဖြစ်ကာ သန်မာတဲ့ စွမ်းအင်လှိုင်းတွေပါဝင်နေတယ်.
ကုနင်းချက်ချင်းပဲသွားလိုက်ကာ. ဈေးမေးပြီးချက်ချင်းငွေချေလိုက်တယ်.
ဒီရှေးဟောင်းပစ္စည်းအတွက် သူမယွမ်၅ထောင်သာပေးခဲ့ရပါတယ်.
ဆရာကြီးဖူနဲ့ ဆရာကြီးယန်တို့က ကုနင်းရဲ့နောက်မလှမ်းမကမ်းတွင်ရှိနေကြတယ်. သူတို့နှစ်ယောက်လုံး ကုနင်းလုပ်လိုက်တာတွေကိုတွေ့လိုက်တော့ ထိတ်လန့်သွားကြတယ်.
ကုနင်း ရှေးဟောင်းပစ္စည်းအကြောင်းသိမသိကိုတော့ သူတို့မသိပေမယ့် သူမက ဘာမှတောင် မစစ်ဆေးပဲတန်းဝယ်နေတာပဲ.
"ကောင်မလေး, မင်း..." ဆရာကြီးဖူ ကုနင်းနားကို မြန်မြန်လျှောက်သွားလိုက်ကာ သူမကိုတားဖို့လုပ်လိုက်ပေမယ့် နောက်ကျသွားခဲ့တယ်. အရောင်းအဝယ်ကပြီးသွားခဲ့ပါပြီ. ဒါကြောင့် ဆရာကြီးဖူ သက်ပြင်းတစ်ချက်သာချလိုက်နိုင်တော့တယ်.
"မင်း ရှေးဟောင်းပစ္စည်းအကြောင်းသိလို့လား?" ဆရာကြီးယန်က နောက်ကလိုက်လာကာ တည်ငြိမ်တဲ့အသံနဲ့မေးလိုက်တယ်.
ဆရာကြီးယန်က ကုနင်းရဲ့အပြုအမူတွေကို မကြိုက်သော်လဲ ဒါက သူ့ကိစ္စမဟုတ်တာကြောင့် သူမကိုမဝေဖန်ချင်ပါဘူး.
...................P67End.....................
ဖီးနစ်သွေးစက်
အခန်း ၆၈ မင်သွေးကျောက်အတွက် ပြိုင်ပွဲ
"အမ်, သိပ်မသိပါဘူး." ကုနင်းပြန်ဖြေလိုက်တယ်.
"ဒါဆို ဘာလို့တစ်စက္ကန့်လောက်တောင်မစဉ်းစားဘဲနဲ့ မင်သွေးကျောက်ကို ဝယ်လိုရတာလဲ?" ဆရာကြီးဖူ အပြစ်တင်လိုက်မိတယ်. သူ ကုနင်းရဲ့အဖြေကို ဒီထက်ပိုကောင်းတာမျိုး မျှော်လင့်ထားခဲ့မိတာ.
"ဘာလို့ဆို ကိုယ်တိုင်သိစိတ်နဲ့ပါ. ဒါနဲ့ ဆရာကြီးတို့နှစ်ယောက်ကို လက်ဖက်ရည်တစ်ခွက်လောက်သောက်ဖို့ ဖိတ်လို့ရမလား? ပြီးတော့ ဆရာကြီးယန်ကလဲ ဒီပစ္စည်းကို ကူညီပြီးစစ်ဆေးပေးနိုင်မလား?" ကုနင်းပြောလိုက်တယ်.
ဆရာကြီးယန်က ရှေးဟောင်းပစ္စည်းစစ်ဆေးတဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်တယ်. ပြီးတော့ သူက ရှေးဟောင်းပစ္စည်းတွေအပေါ်မှာ ထူးခြားတဲ့ခံစားမှုရှိတာကြောင့် သူ့ကို ပစ္စည်းစစ်ဆေးပေးဖို့ပြောတာကို ဘယ်တုန်းကမှမလုပ်ဘူးလို့မပြောဖူးပါဘူး.
သူတွေးမိတာကတော့ လက်ဖက်ရည်သောက်ဖို့အထိမလိုဘူးလို့ပါပဲ.
ဒါပေမယ့် ကုနင်းက ဒီမင်သွေးကျောက်ကတကယ်အစစ်လိုမျိုး ယုံကြည်မှုအပြည့်ရှိနေတာကြောင့် ဆရာကြီးယန်လဲ သိချင်လာမိတယ်.
တကယ်လို့ မင်သွေးကျောက်ကအစစ်သာဆိုရင် ဒီလိုနေရာမှာ စစ်ဆေးဖို့ကမသင့်တော်လေဘူး. ဒါကြောင့် ဆရာကြီးယန်ပြန်ဖြေလိုက်တယ်,
"ကောင်းပြီလေ."
သူတို့အနီးနားက လက်ဖက်ရည်ဆိုင်ကိုပဲသွားလိုက်တယ်.
သူတို့က အရေးကြီးတဲ့ပုံရိပ်ရှိပြီးသားလူတွေဖြစ်တာကြောင့် သီးသန့်ခန်းတစ်ခန်းရှိပြီးသားပါ.
သူတို့ထိုင်တောင်မထိုင်ရသေးခင်မှာပဲ ဆရာကြီးယန်က အရင်ဆုံးအလျင်လိုစွာပြောလိုက်တယ်,
"ကောင်မလေး, ငါ့ကိုတစ်ချက်လောက်ပြကြည့်."
မင်သွေးကျောက်ကို ကုနင်းလက်ထဲမှာပဲကိုင်ထားခဲ့တာကြောင့် ဆရာကြီးယန်တောင်းလိုက်တာနဲ့ ချက်ချင်းကမ်းပေးလိုက်တယ်.
ဆရာကြီးဖူနဲ့ ကုနင်းတို့ကတော့ တိတ်တဆိတ်နဲ့ပဲ လက်ဖက်ရည်ကိုအရသာခံသောက်နေလိုက်တယ်.
ဆရာကြီးယန်ကတော့ စမ်းသပ်တယ်, ကိုင်ကြည့်တယ်, အပေါ်ယံကိုသန့်စင်ကြည့်တယ် စသဖြင့်ပြုလုပ်နေတယ်. အဆုံးမှာတော့ ဆရာကြီးယန်ရဲ့မျက်လုံးတွေ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပလာခဲ့ကာ,
"ဒါအစစ်ပဲ! ဒါတကယ်အစစ်ပဲ! ဒီမင်သွေးကျောက်က ချင်လုံခေတ်ကပဲ. ဒါကို လိုင်ကျိုးရဲ့ ကဗျာနဲ့ ပန်းချီပညာရှင် ကျန်းဝန်ထောင်းပိုင်တာပဲ. ဒါက ရှေးဟောင်းတွင်းထွက်ပဲဖြစ်ရမယ်!"
"ဘာ?" ထိုစကားကိုကြားတော့ ဆရာကြီးဖူလဲ စိတ်လှုပ်ရှား အံ့ဩသွားတယ်.
ဒီလိုတန်ဖိုးကြီးတဲ့ရှေးဟောင်းကစ္စည်းကို ရှာတွေ့တဲ့သူက မိန်းမငယ်လေးတစ်ယောက်ဖြစ်နေတာကြောင့် ဆရာကြီးယန်ပိုလို့တောင် အံ့ဩနေမိတယ်. ဒါကြောင့် သူထပ်မေးလိုက်တယ်,
"တကယ်ပဲ မင်းရဲ့ကိုယ်တိုင်သိစိတ်နဲ့ တွေ့ခဲ့တာဟုတ်ရဲ့လား?"
ရိုးရိုးသားသားပြောရရင်, ဒီလောက်ရိုးရှင်းလိမ့်မယ်လို့ ဆရာကြီးယန် မယုံကြည်ပါဘူး. ကုနင်းမှာ ဒီလောက်ယုံကြည်မှုတွေရှိနေခဲ့တာဆိုတော့ ဒါအစစ်ဆိုတာ သူမသိထားပြီးလို့ပဲဖြစ်ရမယ်.
ကုနင်းလဲ သူမရဲ့အကြောင်းပြချက်က မခိုင်လုံမှန်းသိပေမယ့် သူမတကယ်လဲ ရှေးဟောင်းပစ္စည်းအကြောင်းကို တစ်ခုမှမသိထားပါဘူး. ဒါကြောင့် သူမရဲ့အကြောင်းပြချက်ကိုပဲ ဆက်ပြီးခိုင်ခိုင်မာမာနဲ့,
"ဟုတ်ပါတယ်."
ဆရာကြီးယန်ရော ဆရာကြီးဖူပါ မယုံကြည်ကြသေးပေမယ့် ဒီကောင်မလေးက အဲ့တိုင်းပဲပြောနေမှတော့ သူတို့လဲ ထပ်မမေးတော့ပါဘူး.
ဆရာကြီးယန် သူ့လက်ထဲက မင်သွေးကျောက်ကို ကိုင်ကြည့်နေရင်း သူ့ရင်ထဲ ပိုပိုပြီး ပျော်ရွှင်လာကာ,
"ကောင်မလေး, မင်းဒါကို ရောင်းချင်လား? မင်းရောင်းမယ်ဆို, ပေါက်ဈေးအတိုင်းကျုပ်ပေးမယ်." ဆရာကြီးယန်ကပြောလိုက်တယ်.
ဆရာကြီးယန်သည် ရှေးဟောင်းပစ္စည်းစစ်ဆေးတဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်ရုံမက လက်ရေးလှရေးတဲ့နေရာမှာလဲ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်. ဒါကြောင့် လက်ရေးလှရေးဖို့လိုအပ်တဲ့ ပစ္စည်းတွေကို မြတ်နိုးပါတယ်.
"ဆရာကြီးယန်, ဒီမိန်းကလေးကို ခင်ဗျားထက် ကျုပ်အရင်သိတာလေ. ဒီတော့ သူရောင်းချင်သပဆို ကျုပ်ရပဲ ဦးဆုံးဝယ်သူဖြစ်သင့်တာပေါ့. ခင်ဗျား ကျုပ်ဆီက လုပ်ဖို့မစဉ်းစားနဲ့." ဆရာကြီးဖူကလဲ ချက်ချင်းထရပ်ကာ မင်သွေးကျောက်ကို ဆွဲလုချင်နေပုံပဲ.
ဆရာကြီးဖူက ဆရာကြီးယန်လို ကျွမ်းကျင်လက်ရေးလှရေးသူတစ်ယောက်မဟုတ်ပေမယ့် ဝါသနာရှင်တစ်ယောက်တော့ဖြစ်ပါတယ်.
သူက လက်ရေးလှရေးတာကို သိပ်မကြိုက်ပေမယ့် ရှေးဟောင်းပစ္စည်းတွေစုဆောင်းရတာကိုတော့ သဘောကျတယ်.
ကုနင်း စိတ်ကသိကအောက်ဖြစ်သွားရတယ်. သူမ ဒီလေးစားရတဲ့ ပုဂ္ဂိုလ်နှစ်ယောက်က မင်သွေးကျောက်တစ်ခုအတွက် ယှဉ်ပြိုင်ကြမှာကို မလိုလားပါဘူး.
ဆရာကြီးဖူက ကုနင်းနဲ့ ပထမဆုံးတွေ့ခဲ့တဲ့သူဖြစ်တာကြောင့် ဦးစားပေးခံချင်လိုကြောင်းနားလည်ပါတယ်.
တစ်ဖက်မှာ ဆရာကြီးယန်ကကြတော့ မင်သွေးကျောက်ကို သူ့လက်မောင်းတွေထဲ ထည့်ကာကာကွယ်နေတယ်. သူက ဆရာကြီးဖူကို ရန်လိုစွာကြည့်လိုက်ရင်း,
"ဆရာကြီးဖူ, ခင်ဗျားလက်ရေးလှရေးတာကို မကြိုက်ဘူးလေ. ဒါကို ဘယ်လိုလုပ်လိုမှာလဲ?"
"ကျုပ် လက်ရေးလှရေးတာကို မကြိုက်ပေမယ့် ရှေးဟောင်းပစ္စည်းကိုတော့ကြိုက်တယ်လေ!" ဆရာကြီးဖူလဲ ပြန်ပြောလိုက်တယ်.
ကုနင်းနဲ့ ဆရာကြီးဖူတို့က အရင်တွေ့ခဲ့ကြတာကြောင့် သူ့ကိုမရောင်းမှာကို ဆရာကြီးယန်တကယ်ကြောက်နေမိတယ်. ဒါကြောင့် သူ့ရဲ့အကောင်းဆုံးပစ္စည်းကိုတောင်သုံးပြီး,
"ခင်ဗျား ကျုပ်နဲ့မပြိုင်ဘူးဆိုရင် ၁၀နှစ်သက်တမ်းရှိတဲ့ မက်မွန်ပန်းဝိုင်တစ်ပုလင်းပေးမယ်." ဆရာကြီးယန်က ဆရာကြီးဖူကို ပြောလိုက်တယ်.
ဒါကိုကြားတော့ ဆရာကြီးဖူရဲ့မျက်လုံးတွေလင်းလက်သွားတယ်. သူ မင်သွေးကျောက်ကို ဆက်ပြီးပြိုင်မလုတော့ပေမယ့် ထပ်ပြီး ဈေးညှိလိုက်တယ်,
"နှစ်ပုလင်း."
ဆရာကြီးယန် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မပါပေမယ့် သဘောတူမှပဲဖြစ်ပါမယ်.
နောက်ဆုံးမှာတော့ မင်သွေးကျောက်အတွက်နဲ့ သဘောတူလိုက်ရတော့တယ်,
"ကောင်းပြီလေ, နှစ်ပုလင်းပေါ့." ဆိုပြီး ဆရာကြီးယန် အံ့ကြိတ်ကာပြောလိုက်တယ်.
ဒီတော့မှ ဆရာကြီးဖူလဲ ကျေနပ်သွားကာ ခံမှာပြန်သွားထိုင်နေလိုက်တော့တယ်.
ပြီးတော့မှ ဆရာကြီးယန် အခုထိ ကုနင်းဘက်က မင်သွေးကျောက်ကိုရောင်းမယ်လို့သဘောမတူရသေးမှန်း သတိရသွားတယ်.
"ကောင်မလေး, ပစ္စည်းကို ဒီအဘိုးကြီးယန်ဆီကို ရောင်းနိုင်မလား?" ဆရာကြီးယန်က ကုနင်းကိုကြည့်ကာ လေးလေးစားစားနဲ့မေးလိုက်တယ်. မသိရင် မင်သွေးကျောက်က သူ့ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းလိုမျိုးလို့ထင်ရလောက်အောင်ကို လိုချင်နေပါတယ်. ကုနင်းသာ ပြန်ယူသွားမယ်ဆိုရင် အရှင်လတ်လတ်သူ့အသားကို လှီးထုတ်လိုက်သလိုဖြစ်သွားမှာပေါ့.
ဆရာကြီးယန်က အခုဆိုရင် အစောတုန်းက မြင်ခဲ့တဲ့ ရုပ်တည်ကြီးနဲ့ပုံစံနဲ့ လုံးလုံးကွဲပြားသွားပါပြီ.
တကယ်တော့ ဆရာကြီးယန်ကို မင်သွေးကျောက်အားစစ်ဆေးပေးဖို့ ကုနင်းခေါ်လိုက်တယ်ဆိုတာ သူ့ကို ရောင်းချင်တာကြောင့်လဲပါပါတယ်.
ဆရာကြီးယန် လိုချင်ပါ့မလားဆိုတာတော့မသေချာခဲ့ပေမယ့် သူက ကျွမ်းကျင်ရှေးဟောင်းပစ္စည်းစစ်ဆေးသူတစ်ယောက်ဖြစ်တာကြောင့် ဒီလို ရှေးဟောင်းပစ္စည်းအစစ်တစ်ခုကို လွယ်လွယ်နဲ့လက်မလွှတ်လောက်ပါဘူး.
"ရတာပေါ့." ကုနင်းပြန်ဖြေလိုက်တယ်.
ဆရာကြီးယန် အခုဆိုပိုလို့တောင်ဝမ်းသာသွားကာ, "အရမ်းကောင်းတယ်, ကောင်မလေး ကျုပ်လဲမင်းကို မလိမ်ဘူး. ဒီမင်သွေးကျောက်က ချင်လုံခေတ်ကပဲ. ဒါကိုလိုင်ကျိုးရဲ့ ကျော်ကြားတဲ့ ကဗျာနဲ့ ပန်းချီပညာရှင် ကျန်းဝန်ထောင်းပိုင်တာ. ဒါက ယွမ်၅သန်းဝန်းကျင်လောက်တန်ဖိုးရှိတယ်. ဒီတော့ ကျုပ်မင်းကို ယွမ်၅သန်းပေးမယ်. ဒီလောက်ဆိုလက်ခံနိုင်တယ်မလား."
"ကိစ္စမရှိပါဘူး." ကုနင်းလဲ တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်းသဘောတူလိုက်တယ်. ဒီဈေးက သင့်တော်တာကြောင့် သူမဘက်က ဘာမှပြောစရာမရှိပါဘူး.
"ကောင်မလေး, မင်းနောက်တစ်ခါထပ်ပြီး ကံကောင်းခဲ့မယ်ဆိုရင်တော့ ကျုပ်ကိုအရင်ဆုံးရောင်းနော်!" ဆရာကြီးယန်နဲ့ ဆက်ပြီးမပြိုင်တော့တာတောင်မှ ဆရာကြီးဖူ သိပ်မကျေနပ်သေးပါဘူး.
ကုနင်း ခပ်ပါးပါးပြုံးလိုက်ကာ, "အဖိုးဖူက မက်မွန်ပန်းဝိုင်နှစ်ပုလင်းအတွက်နဲ့ မင်သွေးကျောက်ကို လဲလိုက်တယ်ဆိုတော့ ဝိုင်သောက်ရတာကြိုက်တယ်ထင်တယ်. ကျွန်မမှာ ဝိုင်ခွက်တစ်ခွက်ရှိတယ်. တစ်ချက်လောက် ကြည့်ချင်လား?"
ပြောရင်းနဲ့ပဲ, ကုနင်းလွယ်အိတ်ထဲက ဝိုင်ခွက်ကိုထုတ်ယူလိုက်တယ်.
ဆရာကြီးယန်ကော ဆရာကြီးဖူတို့ ခေတ္တမျှ ဆွံ့အသွားကြကာ, ဒီလိုတွေးမိလိုက်ကြတယ် : သူမနောက်တစ်ကြိမ်ကံကောင်းသွားပြန်ပြီလား?
နောက်ထပ်တစ်ကြိမ်သာ ထပ်ပြီးကံကောင်းတာဆိုရင် သူမက တကယ်ပဲကံကောင်းတာလား ဒါမှမဟုတ် သူမရဲ့ကိုယ်ပိုင်စွမ်းရည်ကြောင့်များဖြစ်မလား?
ဆရာကြီးဖူ ကုနင်းနားကို တိုးထိုင်လိုက်ကာ, ကုနင်းခွက်ကို ထုတ်လိုက်တာနဲ့ ဆွဲယူပြီးကြည့်လိုက်တယ်.
ဒါပေမယ့် သူက ရှေးဟောင်းပစ္စည်းမှာ မကျွမ်းကျင်တာကြောင့် ဆရာကြီးယန်ကို ကမ်းပေးလိုက်ကာ,
"ဆရာကြီးယန်, ဒါကိုကြည့်ပေးဦး."
သံသယတစ်ချို့နဲ့ပဲ ဆရာကြီးဖူဆီက ခွက်ကို ဆရာကြီးယန်ယူလိုက်တယ်.
ထိုဝိုင်ခွက်သည် လုံးဝန်းဖြောင့်တန်းပြီး အလည်ပိုင်းနေရာကို သားရဲလက်စွပ်လိုပုံစံတစ်ခုက ဖုံးအုပ်ထားကာ ခြေသုံးချောင်းထောက်နဲ့ဖြစ်တယ်. သူ့ရဲ့ပုံစံအရတော့ ထန်မင်းဆက်ကနဲ့တူတယ်.
ဒါနဲ့ ဆရာကြီးယန်လဲ သေချာပစ္စည်းတွေကို သုံးကာ စစ်ဆေးလိုက်တယ်.
ဆရာကြီးဖူကလဲ ထိုနေရာကနေပြီး ဆရာကြီးယန်ဘက်ကို စိတ်စောစွာနဲ့ကြည့်နေတယ်. ရလဒ်ကိုမေးချင်နေပေမယ့်လဲ သူ့ကို စိတ်အနှောက်အယှက်ဖြစ်သွားမှာကို စိုးရိမ်နေမိတယ်.
ဆရာကြီးယန်ကလဲ စိတ်လှုပ်ရှားမှုတွေမြင့်တက်လာကာ,
"ဒါအစစ်ပဲ. ဒါကထန်မင်းဆက်က အုပ်ချုပ်သူဝူရဲ့ တော်ဝင်ဝိုင်ခွက်ပဲ."
"ဘာ? တကယ်လား?" ဆရာကြီးဖူ စိတ်လှုပ်ရှားလွန်းလို့ ထိုင်ခံပေါ်ကနေတောင် ထခုန်မိသွားတယ်.
ဒါကိုမြင်တော့ ဆရာကြီးဖူ ပြုတ်ကျမှာကို ကုနင်းစိုးရိမ်သွားတယ်.
"ဟုတ်တယ်! ဒါတကယ်အစစ်ပဲ. ပြတိုက်ထဲမှာလဲ နောက်ထပ် တော်ဝင်ဝိုင်ခွက်တွေအများကြီးထားထားသေးတယ်. ဒါကြောင့် ကျုပ်ဒါတွေနဲ့ ရင်းနှီးတယ်." ဆရာကြီးယန် ပြန်ဖြေလိုက်တယ်.
"ဟ-ဟ,ဟ-ဟ! ကျုပ်ကြိုက်တယ်." ဆရာကြီးဖူ ပျော်ရွှင်စွာနဲ့ အကျယ်ကြီးထရယ်လိုက်တယ်. သူနဲ့ ဆရာကြီးယန် လာပြိုင်လုနေမှာစိုးတာကြောင့် ဝိုင်ခွက်ကို ချက်ချင်းပြန်ဆွဲယူလိုက်တာကြောင့် ကုနင်းကော ဆရာကြီးပါ ဆွံ့အသွားကြရတယ်.
...................P68End.....................
ဖီးနစ်သွေးစက်
အခန်း ၆၉ ထောင်ချောက်
ဆရာကြီးယန်လဲ ထိုဝိုင်ခွက်က ထန်မင်းဆက်ကဖြစ်တာကြောင့် သဘောကျပေမယ့် သူ့မှာမင်သွေးကျောက်ကို ရထားပြီးတာကြောင့် ဆရာကြီးဖူနဲ့ ထပ်ပြီးမပြိုင်တော့ပါဘူး.
"ဆရာကြီးယန်, ဒီဝိုင်ခွက်က ဘယ်လောက်တန်လဲ?" ဆရာကြီးဖူမေးလိုက်တယ်.
"ဒီဝိုင်ခွက်တွေကို ပြတိုင်မှာ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကတော့ ယွမ်၃သိန်းတန်တယ်. အခုတော့ ဈေးက ဆယ်ဆလောက်မြင့်သွားပြီဆိုတော့ ယွမ်၃သန်းလောက်ဖြစ်သွားပြီ." ဆရာကြီးယန်ပြောပြလိုက်တယ်.
ဒီဝိုင်ခွက်က ဧကရာဇ်ဝူသုံးတဲ့ တော်ဝင်ပစ္စည်းမဟုတ်ပေမယ့် နန်းတော်ထဲက ပစ္စည်းပါပဲ. ပြီးတော့ အရည်အသွေးကလဲ အရမ်းကောင်းတယ်. ဒါကို တော်ဝင်မျိုးနွယ်တွေကတောင်သုံးခဲ့တယ်ဆိုမှတော့ ဈေးကအခုထိမနိမ့်သေးပါဘူး.
"ကောင်းပြီ. ကျုပ်ဒါအတွက် ယွမ်၃သန်းပေးမယ်. ဘယ်လိုလဲ ကောင်မလေးကု?" ကုနင်းကို ဆရာကြီးဖူမေးလိုက်တယ်.
"ကိစ္စမရှိပါဘူး." ကုနင်းပြန်ဖြေလိုက်တယ်.
သဘောတူညီမှုပြီးသွားတော့ စာချုပ်မှာလက်မှတ်မထိုးကြတော့ဘဲ ငွေလွှဲပြောင်းပေးလိုက်တယ်.
ကုနင်း ထိုအဖိုးကြီးနှစ်ယောက်ကိုယုံပါတယ်. သူတို့က နောင်တရပြီး ငွေပြန်တောင်းမှာလဲ မဟုတ်သလို စည်းမျဉ်းတွေကိုလဲ ဖောက်ဖျက်ကြမှာမဟုတ်ပါဘူး.
ဒါအပြင် သဘောတူညီမှုက ပြီးသွားပြီဖြစ်တာကြောင့် ထိုရှေးဟောင်းပစ္စည်းတွေက အစစ်မဟုတ်ရင်တောင်မှ သူတို့ဘာမှမလုပ်နိုင်ကြတော့ပါဘူး.
အားလုံးပြီးစီးသွားတော့ ဆရာကြီးယန်နဲ့ ဆရာကြီးဖူတို့ အရေးအကြီးဆုံးအချက်ကို သတိရသွားကြကာ ဆရာကြီးယန်က ကုနင်းကိုမေးလိုက်တယ်,
"မင်း ဝိုင်ခွက်ကိုကော ကိုယ်တိုင်သိစိတ်ကြောင့် ဝယ်လာတာပဲလား?"
"ဟုတ်ပါတယ်." ကုနင်းရိုးသွားစွာပဲပြန်ဖြေလိုက်တယ်.
ကုနင်းရဲ့ အတည်ပြုချက်ကို ကြားတော့ ဆရာကြီးယန်ကော ဆရာကြီးဖူပါ သက်ပြင်းအရှည်ကြီးချလိုက်မိတယ်.
ကုနင်းဘယ်လိုလုပ် ဒီရှေးဟောင်းပစ္စည်းနှစ်ခုက အစစ်မှန်းသိနေလဲဆိုတာ သူတို့နှစ်ယောက်လုံး စဉ်းစားလို့လဲမရတာတောင်မှ သူမရဲ့ မယုံနိုင်စရာကံကောင်းနေမှုကိုလဲ အံ့အားသင့်နေမိတယ်.
မကြာခင်မှာပဲ ကုနင်းဘက်ကနေပြီး အရင်ထွက်သွားဖို့နှုတ်ဆက်လိုက်တယ်.
ဆရာကြီးဖူက ကုနင်းကို သူတို့နဲ့အတူ ညစာလိုက်စားဖို့ ဖိတ်ကြားလိုက်ပေမယ့် ကုနင်းကတော့သူမမှာ လုပ်စရာရှိသေးတာကြောင့်ဟုဆိုကာ ငြင်းပယ်လိုက်တယ်.
သူမမထွက်သွားခင်လေးမှာ ဆရာကြီးယန်က သူ့နာမည်ကဒ်ကိုပေးလိုက်ကာ,
"ကောင်မလေး, မင်းစိတ်မရှိဘူးဆိုရင် ဆရာကြီးဖူကို ခေါ်သလိုမျိုး ကျုပ်ကိုလဲ အဖိုးယန်လို့ခေါ်နိုင်တယ်. မင်းနောက်ကို ကျုပ်ရဲ့အကူအညီလိုလဲ ဆက်သွယ်နိုင်တယ်. ပြီးတော့ နောက်ထပ်ရှေးဟောင်းပစ္စည်းအစစ်တွေကိုတွေ့ရင်လဲ ကျုပ်ကိုအရင်ပြပေါ့ ဒါပေမယ့် ကျုပ်သဘောကျတာ တစ်ခုလောက်ပဲဝယ်မှာပါ."
ကြည့်ရတာ ဆရာကြီးယန်ကလဲ ကုနင်းနဲ့မိတ်ဆွေတွေဖြစ်ချင်နေပုံပါပဲ.
"မစိုးရိမ်ပါနဲ့ အဖိုးယန်. နောက်ကျွန်မ ရှေးဟောင်းပစ္စည်းအစစ်ဘာပဲရှာတွေ့တွေ့ အဖိုးကို အရင်ဆက်သွယ်လိုက်ပါ့မယ်." ကုနင်းပြောရင်း သူ့ရဲ့နာမည်ကဒ်ကိုယူလိုက်တယ်.
သူမမှာ ကိုယ်ပိုင်နာမည်ကဒ်မရှိသေးတာကြောင့် စာရွက်ပိုင်းတစ်ခုနဲ့ ဘောပင်ကိုထုတ်လိုက်ကာ သူမနာမည်နဲ့ ဖုန်းနံပါတ်ကိုရေးပြီး ဆရာကြီးယန်ကို ကမ်းပေးလိုက်တယ်.
"ဟေ့! မင်း ဆရာကြီးယန်ကိုပဲ ဆက်သွယ်သွယ်လို့မရဘူးလေ! ကျုပ်ကိုလဲ ဆက်သွယ်ရမှာပေါ့!" သူမကျန်ခဲ့ချင်ပါဘူး.
"ဆက်သွယ်မှာပါ." ကုနင်းရယ်ချင်သွားတယ်. ဒီအဖိုးနှစ်ယောက်က တော်တော်ပျော်စရာကောင်းတာပဲ!
ကုနင်းထွက်သွားပြီးတော့မှ ဆရာကြီးယန်လဲ မနေနိုင်ဘဲ ပြောမိသွားတယ်,
"ဒီကောင်မလေး တကယ့်ကိုသာမာန်မဟုတ်ဘူးပဲ!"
"အဟုတ်ပဲ! သူမ ဒီမနက်တင် အဆင့်မြင့် ကျောက်စိမ်းသုံးတုံးကိုလဲ ဖြတ်လိုက်ပြီး ယွမ်သန်း၁ရာကျော်ကို တစ်ခါထဲနဲ့ရှာသွားတာ!" ဆရာကြီးဖူက ထပ်ပေါင်းပြောလိုက်တယ်.
"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! သူကတစ်မနက်တည်းနဲ့ အဆင့်မြင့်ကျောက်စိမ်းသုံးတုံးတောင်ဖြတ်တယ်!" ဆရာကြီးယန် ထပ်ပြီးထိတ်လန့်သွားပြန်တယ်. ဒီလိုကိစ္စမျိုး သူတစ်ခါမှမကြားဖူးခဲ့ဘူး.
ဆရာကြီးဖူ ထပ်ပြီးတော့ ကုနင်းကျောက်မြတ်ရတနာကုမ္ပဏီဖွင့်မယ့်အကြောင်းကိုတော့မပြောတော့ပါဘူး. ဒါပါထပ်ပြောလိုက်မယ်ဆိုရင် ဆရာကြီးယန်လုံးဆွံ့အသွားလိမ့်မယ်.
ဆရာကြီးဖူလဲ ဘာကိုပြောသင့်ပြီး ဘာကိုတော့မပြောသင့်ဘူးလဲဆိုတာ သိပါတယ်. ကုနင်းရဲ့ကုမ္ပဏီက အခုထိ မှတ်ပုံတောင်မတင်ရသေးတာကြောင့် အခုချိန်ပြောဖိုမသင့်ပါဘူး.
ကုနင်းကတော့သူမ ကျောက်အလောင်းအစားလုပ်တဲ့လမ်းမက ထွက်ကတည်းက သူမဒရိုင်ဘာကို ခေါ်ထားပြီးသားပါ. ဒရိုင်ဘာက လွန်ခဲ့တဲ့နာရီဝက်ကတည်းကရောက်နေတာပေမယ့် သူမက ဆရာကြီးယန်ရယ် ဆရာကြီးဖူတို့ရယ်နဲ့တွေ့နေတာကြောင့် နာရီဝက်လောက်နောက်ကျသွားတာပါ.
သူမ ကျောက်အလောင်းအစားလုပ်တဲ့လမ်းကနေထွက်လိုက်တော့ ရင်းနှီးနေတဲ့ကားရပ်ထားတာကိုတွေ့တာကြောင့် အနားကိုသွားလိုက်တယ်.
ဒါပေမယ့် သူမကားတံခါးကိုဖွင့်လိုက်တော့ ဒရိုင်ဘာကမတူဘူး.
ကုနင်းဘာမှမမေးရသေးခင်မှာပဲ ထိုလူငယ်ဘက်နေစပြီး,
"တွေ့ရတာဝမ်းသာပါတယ်, မိန်းကလေးကု. အရင်ဒရိုင်ဘာက နေမကောင်းလို့ ကျွန်တော်ကပဲ ဒီနေ့အစားမောင်းပေးမှာပါ."
ကုနင်းလဲ သံသယမဝင်နေတော့ဘဲ ခေါင်းညိတ်ပြကာ ကားပေါ်တက်လိုက်တယ်.
ပြီးတာနဲ့ ကားကစတင်ထွက်ခွာလာတယ်.
ရှေးဟောင်းဈေးလမ်းကနေထွက်ပြီးတော့ သူမတို့လာခဲ့တဲ့လမ်းကနေပြီးမပြန်ခဲ့ပါဘူး. ကုနင်းမေးတောင်မမေးရသေးခင်မှာပဲ ထပ်ပြီးတော့ ထိုလူငယ်ဒရိုင်ဘာကရှင်းပြလိုက်တယ်,
"အခုက ရုံးဆင်းချိန်မို့ လမ်းပိတ်ပါတယ်. ဒါကြောင့် နောက်တစ်လမ်းကနေသွားမယ်ဆို အချိန်ကုန်သက်သာပြီး ကျွန်တော်တို့ ဟိုတယ်ကို တစ်နာရီအတွင်းပြန်ရောက်မှာပါ."
ထိုလူငယ်ပြောခဲ့သလိုပဲ သူက လူသွားလူလာအနည်းဆုံးလမ်းကို ရွေးထားတာပါ.
ဒါပေမယ့် မိနစ်၂၀လောက်ကြာပြီးနောက်မှာတော့ ကားကတဖြည်းဖြည်းနဲ့ ဝေးလံတဲ့ လမ်းကြိုလမ်းကြားတွေထဲကို ဝင်လာတာကြောင့် ကုနင်းလဲ တစ်ခုခုတော့လွဲနေပြီမှန်းသတိထားမိသွားတယ်.
သူမလဲ ချက်ချင်းပဲ ဒရိုင်ဘာရဲ့လည်ပင်းကို ဖမ်းကိုင်လိုက်ကာ အေးစက်စွာနဲ့ပြောလိုက်တယ်,
"ကားရပ်စမ်း."
ထိုဒရိုင်ဘာလဲ ကုနင်းဒီလောက်မြန်မြန်ရိပ်မိသွားမယ်လို့မထင်ထားတဲ့အပြင် ဒီလောက်သန်မယ်လို့လဲ မထင်ထားပါဘူး. သူ့လည်ပင်းကိုအညှစ်ခံထားရတာကြောင့် အသက်ကိုမနည်းရှူနေရကာ ကားကို သတိလက်လွတ်ရပ်လိုက်မိတယ်.
"ပြောစမ်း, ရှင့်ကို ဘယ်သူလွှတ်လိုက်တာလဲ?" ကုနင်းမေးလိုက်တယ်.
ထိုဒရိုင်ဘာက ကုနင်းရဲ့မေးခွန်းကို မဖြေပါဘူး. သူဘာမှမလုပ်နိုင်သေးခင် ကားနား၂မီတာလောက်အကွာတွင် လူတွေအများကြီးဝန်းရံလာကြတယ်.
ကုနင်းစိတ်ရှုပ်သွားကာ ဒရိုင်ဘာကို သတိလစ်သွားအောင်ရိုက်ချလိုက်တယ်.
"ဒီကောင်မလေး ဒရိုင်ဘာကို သတိလစ်အောင်ရိုက်လိုက်တာလား?" ကားရှေ့တည့်တည့်မှာရပ်နေတဲ့လူက အထဲမှာဘာတွေဖြစ်သွားမှန်းမြင်လိုက်တယ်. ဒါကြောင့် သူ့ဘေးကနောက်တစ်ယောက်ကို အံ့အားသင့်စွာနဲ့ပြောလိုက်တယ်.
"ဘာ?" နောက်လူလဲ အံ့ဩသွားတယ်. ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က အရွယ်ရောက်ပြီးသားယောကျာ်းတစ်ယောက်ကို သတိမေ့အောင်ရိုက်လိုက်တယ်?
ဒါပေမယ့် ထိုလူက ကုနင်းကိုမကြောက်ဘဲ အမိန့်ပေးလိုက်တယ်,
"ကောင်မလေးကို ဆွဲထုတ်လိုက်ကြ!"
ဘယ်သူမှရှေ့ကို မတက်လာရသေးခင်မှာပဲ ကုနင်းက သူမဘာသာ ကားတံခါးကိုဖွင့်လိုက်တယ်.
သူမရဲ့ကျောက်စိမ်းမျက်ဝန်းက အခုချိန်မှာ စွမ်းအားတွေပြည့်ဝနေသလို သူမရဲ့အားတွေလဲအပြည့်ပါပဲ. ဒီအပြင်ကလူတွေလောက်ကို သူမမကြောက်ပါဘူး.
ကုနင်းက သူမဘာသာအပြင်ကိုထွက်လိုက်တာကြောင့် သူမကိုဆွဲထုတ်မယ့်လူလဲ ရပ်သွားရတယ်.
ကုနင်းရဲ့မျက်နှာကို မြင်လိုက်တော့ ထိုလူတွေအားလုံး သူမရဲ့အလှကြောင့် အံ့ဩသွားကုန်ကြတယ်.
ဘယ်လောက်တောင်လှလိုက်တဲ့ မိန်းကလေးလဲ!
ကုနင်းကတော့ ထိုလူတွေကို အေးစက်စက်တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်တယ်. သူတို့အားလုံးက အသက်၂၀, ၃၀လောက်ရှိကာ လူဆိုးတွေပုံစံနဲ့တူပါတယ်.
သေချာပေါက် သူတို့က လူဆိုးတွေပဲဖြစ်ရမယ်. ကုနင်းသူမဘာသာတွေးလိုက်တယ်.
သူတို့ကို ဦးဆောင်လာတဲ့ ယောကျာ်းက အသက်၃၀လောက်ရှိကာ လူကောင်ကြီးပြီး အနက်ရောင်ဆွယ်တာနဲ့ ဘောင်းဘီအကျပ်ကိုဝတ်ထားတယ်. သူ့ပုံစံက ကြမ်းကြုတ်တဲ့ပုံစံပဲ.
သာမာန်လူတွေသာ သူ့ကိုမြင်ရင် အရမ်းကြောက်လန့်သွားကြမှာပေမယ့် ကုနင်းက သာမာန်မိန်းကလေးမဟုတ်တာကြောင့် လုံးဝမကြောက်ပါဘူး.
"လီကျန်းကျန်း ရှင်တို့ကိုလွှတ်လိုက်တာမဟုတ်လား?" အသံကတော့ အတည်ပြုရုံအသံပါပဲ.
ကုနင်းနဲ့ မြို့တော်Gမှာ ရန်ငြှိုးရှိတဲ့သူဆိုလို့ လီကျန်းကျန်းတစ်ယာက်ထဲရှိပြီး တခြားသူမရှိပါဘူး.