← Chapters

အခန်း (၇၁-၇၅)

Vol. 5 Ch. 71-75

အခန်း (၇၁-၇၅)

Vol. 5 Ch. 71-75

အခန်း ၇၁ ရှင်ပြန်ပေးဆပ်စေရမယ်

"တောင်းပန်ပါတယ်, ငါအလုပ်စရာကိစ္စရှိသေးလို့ မင်းသူငယ်ချင်းတွေနဲ့ပဲသွားလိုက်လေ." ချင်ယီဖန်းပြန်ပြောလိုက်တယ်. ဒါကတော့ သူ့ရဲ့ငြင်းနေကြ အရိုးရှင်းဆုံးနည်းလမ်းပါပဲ.

"ညီမ အကို့ကို ရုပ်ရှင်ကြည့်ဖို့ဖိတ်တိုင်း အလုပ်များနေတယ်ဆိုတာကြီးပဲ." လီကျန်းကျန်း အစကတည်းက ဒီလိုမျိုးအဖြေနဲ့ပဲ အဆုံးသတ်မယ်ဆိုတာ ကြိုသိထားပေမယ့်လဲ တကယ်တမ်းကြားလိုက်ရတော့ ရင်ထဲမှနာကျင်လာရတယ်.

သူမမှာ အရည်အချင်းကောင်းတွေရှိနေတာတောင် သူဘာလို့ဒီလောက်ထိ အေးစက်နိုင်ရတာလဲ?

လီကျန်းကျန်းသည် လှပပြီးဆွဲဆောင်မှုရှိကာ ချမ်းသာတဲ့မိသားစုမှ ပညာတတ်မိန်းမတစ်ယောက်ဖြစ်တယ်. သူမမှာ ယောက်ျားတစ်ယောက်က မိန်းမှတစ်ယောက်ဆီမှမျှော်လင့်ထားတဲ့ လိုအပ်ချက်တွေအကုန်ရှိနေတယ်. ပြီးတော့ သူမကို သဘောကျနေတဲ့သူတွေလဲ မရေမတွက်နိုင်အောင်ရှိရဲ့သားနဲ့ ချင်ယီဖန်းကကျ ဘာလို့ထိုထဲတွင် မပါရတာလဲ.

သူမ ချင်ယီဖန်းရဲ့ ညီမလေးလဲမဖြစ်ချင်သလို ချစ်သူလဲမဖြစ်ချင်ပါဘူး. သူ့ရဲ့ဇနီးမယားတစ်ယောက်သာဖြစ်ချင်တာပါ.

"ယီဖန်း..." လီကျန်းကျန်းထပ်ပြောချင်ပေမယ့် သူမဖုန်းကမြည်လာခဲ့တယ်.

လီကျန်းကျန်းရဲ့ဖုန်းက စားပွဲပေါ်မှာတင်ထားတာဖြစ်ပြီး ခေါ်ဆိုသူက လျို့ဖြစ်တာကြောင့် သူမခနလောက်စိတ်လှုပ်ရှားသွားကာ ပြီးနောက်တော့ ပျော်ရွှင်သွားတယ်.

"အမ်.. ညီမဖုန်းသွားဖြေလိုက်ဦးမယ်နော်." လီကျန်းကျန်း သူမဖုန်းကို ချက်ချင်းကောက်ယူလိုက်ကာ ထိုင်ရာကနေ ထထွက်သွားလိုက်တယ်. သူမတို့ပြောတာတွေ ချင်ယီဖန်းကြားသွားမှာစိုးရိမ်လို့ပါ.

လီကျန်းကျန်း အပြင်ကိုပြေးထွက်လိုက်ပြီးနောက် ဖုန်းကိုဖြေလိုက်တယ်. သူမစိတ်တွေအရမ်းလှုပ်ရှားနေတာကြောင့် တဖက်ကမပြောရသေးခင်မှာပဲ အရင်ဦးစွာမေးလိုက်တယ်,

"ဟေ့, လျို့, ရှင်ပြီးသွားပြီလား? ကျန်တဲ့ ယွမ်၅သောင်းကို ခနနေရှင့်အကောင့်ထဲကို လွှဲပေးလိုက်မယ်."

"အိုး, မိန်းကလေးလီ, ရှင့်အမြင်မှာ ကျွန်မရဲ့ဂုဏ်သိက္ခာက ယွမ်၁သိန်းပဲတန်တယ်လား?" ကုနင်းနှာခေါင်းရှုံ့ရင်းမေးလိုက်တယ်.

"နင်..." ကုနင်းရဲ့အသံကိုကြားလိုက်ရတော့ လီကျန်းကျန်းထိတ်လန့်အံ့ဩသွားကာ ဖုန်းကိုတောင် လွှင့်ပစ်မိတော့မလိုပဲ. ဘာလို့လဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဘာတွေဖြစ်ကုန်တာလဲ? သူတို့က ပိုက်ဆံတော့ယူထားပြီး သူမခိုင်းတာကိုတော့ ကျရှုံးသွားတယ်လား?

"မိန်းကလေးလီ, ဒီနေ့ဖြစ်ခဲ့တာကို ကျွန်မစိတ်ထဲ သေချာမှတ်ထားလိုက်ပြီ. ရှင်ပြန်ပေးဆပ်စေရမယ်. သတိထားနေ!" ကုနင်းသတိပေးလိုက်တယ်.

"နင်ကများ ငါ့ကိုခြိမ်းခြောက်ရဲတယ်?" လီကျန်းကျန်းကြောက်နေပေမယ့် ကုနင်းရဲ့စကားကိုကြားလိုက်တာကြောင့် ဒေါသထွက်သွားတယ်. သူမရဲ့အမူအရာပြောင်းလဲသွားကာ ရက်စက်တဲ့အရိပ်အယောင်တွေပေါ်လာခဲ့တယ်.

"ဟုတ်တယ်, ကျွန်မ ရှင့်ကို ခြိမ်းခြောက်နေတာလေ." ကုနင်းဘက်က တုံ့ဆိုင်းမှုမရှိပဲ အတည်ပြုပေးလိုက်တာကြောင့် လီကျန်းကျန်းဒေါသတွေဆူပွက်လာပေမယ့် နောင်တလဲရသွားမိတယ်.

ခနကြာတော့မှ ကုနင်းကထပ်ပြီး,

"မိန်းကလေးလီ, ရှင်ဒီလိုလုပ်မယ်ဆိုကတည်းက ဖြစ်လာမယ့်အကျိုးဆက်အတွက်လဲ ကြိုပြင်ဆင်ထားသင့်တယ်."

ထို့နောက် လီကျန်းကျန်းဘက်ကပြန်ပြောတာကိုစောင့်မနေတော့ဘဲ ကုနင်းဖုန်းအရင်ချလိုက်တယ်.

လီကျန်းကျန်း စိတ်တိုလွန်းလို ဖုန်းကိုတောင်ပစ်ခွဲမိတော့မလိုဖြစ်သွားတယ်. သူမ ကုနင်းရဲ့နောက်ခံကိုမသိပေမယ့် လျို့ရဲ့ဖုန်းနဲ့ သူမကိုခေါ်တယ်ဆိုကတည်းက ကုနင်းက သာမာန်လူမဟုတ်တာသေချာတယ်.

ဒါကြောင့် ကုနင်းရဲ့ခြိမ်းခြောက်မှုကို လီကျန်းကျန်း စိတ်မအေးသလိုခံစားလိုက်ရတယ်.

အခုဆို လီကျန်းကျန်းလုံးဝကို ရုပ်ရှင်ကြည့်ဖို့ စိတ်မပါတော့ပါဘူး. သူမကိုယ်သူမ ချင်ယီဖန်းနဲ့ အပြီးထိ ဆက်စားဖို့အားတင်းလိုက်ကာ ပြီးတာနဲ့ သူမကို အိမ်ပြန်လိုက်ပို့ပေးဖို့ ချင်ယီဖန်းကိုမေးလိုက်တယ်.

သူမအိမ်ပြန်တဲ့လမ်းမှာ မကောင်းတာတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေမိတယ်.

လီကျန်းကျန်း သူ့ကို အတင်းရုပ်ရှင်လိုက်ကြည့်ဖို့မပြောတော့တာကြောင့် ချင်ယီဖန်းပျော်သွားတယ်.

ဒါပေမယ့် သူသာအကြောင်းရင်းမှန်ကို သိသွားမယ်ဆိုရင် ဒီလိုပျော်နိုင်တော့မှာမဟုတ်ပါဘူး.

တစ်ဖက်မှာတော့ ကုနင်းဖုန်းချလိုက်ပြီးတာနဲ့ လူဆိုးခေါင်းဆောင်ဆီပြန်ပစ်ပေးလိုက်ကာ လှည့်ထွက်လာလိုက်တော့တယ်.

သူတို့ သူမအပေါ် လက်စားလာချေမလားဆိုတာကို ကုနင်းမသိပေမယ့် သူမကိုသူမတော့ အတတ်နိုင်ဆုံးကာကွယ်မှာပါ.

ကုနင်းကားဆီကိုသွားလိုက်ကာ ယာဉ်မောင်းထိုခုံက သတိမေ့နေတဲ့လူကို ဆွဲထုတ်ပြီး မြေပေါ်ပစ်ချလိုက်တယ်. ပြီးတော့ ထိုထိုင်ခုံမှာ သူမဝင်ထိုင်လိုက်တယ်.

ကုနင်းကားစက်နှိုးကာ စတင်ထွက်ခွာလိုက်တယ်.

ကုနင်းထွက်သွားတော့မှ လမ်းတစ်ဖက်ခြမ်းမှာ ရပ်ထားတဲ့ အနက်ရောင်မာစီးဒီးကားမှန်က တဖြည်းဖြည်းပွင့်လာခဲ့တယ်.

ထိုထဲတွင် ယောက်ျားနှစ်ယောက်ထိုင်နေကာ ကုနင်းထွက်သွားတာကို ကြည့်နေကြတယ်.

ယာဉ်မောင်းထိုင်ခံမှ လူမှာ အသက်၂၅နှစ်အရွယ် သာမာန်ဝတ်စုံကိုဝတ်ဆင်ထားတဲ့လူငယ်ဖြစ်ပြီး သူ့မျက်နှာပေါ်မှာတော့ စိတ်လှုပ်ရှား အံ့ဩမှုတွေနဲ့ပြည့်နေတယ်.

"ဝိုး, မိန်းမငယ်လေးတစ်ယောက်က ဒီလောက်သန်မာပြီး စွမ်းအားကြီးမယ်လို့ ကျွန်တော်မထင်ထားဘူး! သူနဲ့တောင် တိုက်ကြည့်ချင်တယ်! "

"မင်းရှုံးမှာသေချာတယ်." ခရီးသည်ခုံမှာထိုင်နေတဲ့လူက အေးစက်စက်အသံနဲ့ပြန်ပြောလိုက်တာကြောင့် ထိုလူငယ် ဝမ်းနည်းသွားတယ်.

ခရီးသည်ခုံမှာထိုင်နေတဲ့သူက အသက်အများကြီးပိုကြီးကာ ၃၀ကျော်လောက်ဖြစ်ပုံရပြီး သူ့ပတ်ဝန်းကျင်ကလေထုကတောင် စွမ်းအားတွေနဲ့ပြည့်နေသလိုပဲ.

ဒါကိုကြားတော့ ထိုလူငယ်မကျေမနပ်ဖြစ်သွားကာ အထွန့်တက်လိုက်တယ်,

"ဘော့စ်, ကိုယ့်သူငယ်ချင်းကိုတော့ ဝမ်းနည်းအောင်မလုပ်သင့်ဘူးလေ"

"မင်း အဲ့လူတွေကို တစ်မိနစ်အတွင်းချနိုင်လို့လား?" အသက်ပိုကြီးတဲ့လူက မေးလိုက်တယ်.

"အမ်...." လူငယ်ရှက်သွားမိတယ်. သူအဲ့လောက်ထိမလုပ်နိုင်ပါဘူး.

သူတို့ကို မိနစ်အနည်းငယ်အတွင်းတိုက်နိုင်တာတောင်မှ ထိုမိန်းကလေးလုပ်သလိုတော့မလုပ်နိုင်ပါဘူး.

"ရွှန်းဖန်, အဲ့လူတွေခေါင်းဆောင်က ဘယ်သူလဲရှာခဲ့. သူတို့ကများ ငါ့ခွင့်ပြုချက်မရှိဘဲ ဝယ်သူရဲ့ငွေကို တိုးတိုးတိတ်တိတ်လက်ခံရဲတယ်?" ထိုလူက အေးစက်စွာနဲ့ပြောလိုက်တယ်. သူသိသိသာသာကို စိတ်တိုနေတာပါ.

ထိုလူက တကယ်တော့ ချင်ဂိုဏ်းရဲ့ ဥက္ကဌ စစ်ထူယဲ့ဖြစ်ပါတယ်.

ချင်ဂိုဏ်းက လူဆိုးဂိုဏ်းတစ်ဂိုဏ်းဆိုပေမယ့်လဲ သူတို့မှာ စည်းမျဉ်းစည်းကမ်းတွေတော့ရှိပါတယ်. ဒီလိုကိုယ်ကျင့်တရားမဲ့တဲ့ ဝယ်သူငွေကို တိုးတိုးတိတ်တိတ်ယူတာမျိုးရှိလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး.

သေချာပေါက် စည်းမျဉ်းတွေရှိနေတာတောင်မှ လူတွေက သူတို့စိတ်ကြိုက်ချိုးဖောက်နေကြတာပဲလေ.

နိုင်ငံတစ်ခုမှာတောင်မှ လာဘ်စားတဲ့ အစိုးရဝန်ထမ်းတွေရှိကြတာပဲကို.

သူတို့ကို ရှာဖွေမဖော်ထုတ်နိုင်သေးခင်အထိတော့ ထိုကိုယ်ကျင့်တရားမဲ့တဲ့အပြုအမူတွေကို ဆက်လုပ်နေကြမှာပါပဲ.

"ဟုတ်ကဲ့,ဘော့စ်!" ချူးရွှမ်းဖန် ပြန်ဖြေလိုက်တယ်.

ကုနင်းခနလောက်သွားပြီးချိန်မှာတော့ ကားရပ်လိုက်တယ်. သူမလမ်းပျောက်သွားလို့မဟုတ်ဘဲ တကယ့်ဒရိုင်ဘာကို ရှာဖို့လိုလို့ပါ.

သူမအခု ထိုဒရိုင်ဘာကို စိုးရိမ်မှုတစ်ဝက် သံသယတစ်ဝက်ဖြစ်နေမိတယ်.

အဲ့ဒီ့ဒရိုင်ဘာကကော လူဆိုးတွေထဲက တစ်ယောက်ပဲလား? သူပဲဒုက္ခရောက်နေလို့လား?

ကုနင်းကားရပ်လိုက်ကာ ဖုန်းကိုထုတ်လိုက်ပြီး ဒရိုင်ဘာဆီဆက်လိုက်တယ်.

မမျှော်လင့်ထားစွာပဲ တစ်ဖက်ကပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး.

ကုနင်း ရဲစခန်းကို ဖုန်းခေါ်ဖို့လုပ်နေချိန် ကားနောက်ဖုံးထဲမှ ဆူညံသံတစ်ခုကို ကြားလိုက်ရတယ်. ကုနင်းအတွေးတစ်ချက်ဝင်သွားတာကြောင့် ဖုန်းပြန်ပိတ်လိုက်ကာ ကားထဲမှထွက်ပြီး နောက်ဖုံးဆီသို့လျှောက်သွားလိုက်တယ်.

သူရှိနေတာပဲ! သူမကို လာကြိုရမယ့် တကယ့်ဒရိုင်ဘာက ကားနောက်ဖုံးထဲတွင် ကြိုးတွေနဲ့တင်းတင်းအတုပ်ခံထားရကာ ပါးစပ်ထဲမှာလဲ အဝတ်စနဲ့အစို့ခံထားရပါတယ်.

ကုနင်းကိုမြင်လိုက်တော့ သူ့မျက်လုံးတွေ မြင့်တက်သွားတယ်. ကုနင်းက သူ့ကို ကယ်တင်ဖို့ရောက်လာတာပဲဖြစ်ရမယ်. ဒါကြောင့် ကုနင်းကို စိတ်လှုပ်ရှားစွာနဲ့ ဝူးဝူးဝါးဝါးလှမ်းပြောနေတယ်.

ကုနင်းလဲ ဒရိုင်ဘာဘေးကင်းတာကိုမြင်တော့မှ စိတ်အေးသွားကာ ချက်ချင်းပဲ ကြိုးဖြည်ပေးလိုက်တယ်.

ပါးစပ်ထဲမှ အဝတ်စပါဖယ်ပြီးတော့ ဒရိုင်ဘာလဲ လွတ်မြောက်သွားကာ ချက်ချင်းတောင်းပန်စကားဆိုလိုက်တယ်,

"မိန်းကလေးကု, ကျွန်တော်တောင်းပန်ပါတယ်. သူတို့ဘာလို့ ကျွန်တော့်ကို ဒီလိုလုပ်မှန်းတော့မသိဘူး. ကျွန်တော့်ကို ကယ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်!"

...................P71End.....................

ဖီးနစ်သွေးစက်

အခန်း ၇၂ ဈေးဝယ်ထွက်ကြမယ်

ထိုအကြောင်းကိုတွေးနေမိသေးတာကြောင့် ဒရိုင်ဘာရဲ့ကိုယ်ဟာ ထိတ်လန့်တုန်လှုပ်နေတယ်.

"တောင်းပန်ပါတယ်. တကယ်တော့ကျွန်မအမှားပါ. သူတို့ရဲ့ပစ်မှတ်က ကျွန်မပါ." ကုနင်းပြောလိုက်ပြီး ဖြစ်ခဲ့တာတွေကိုပါပြောပြလိုက်တယ်.

"ဘာ?" ဒရိုင်ဘာ လန့်သွားပေမယ့် ကုနင်းကိုယ်တိုင်ကလဲ ခံရသူဖြစ်တာကြောင့် သူမကိုတော့အပြစ်မတင်ပါဘူး.

အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့တာကြောင့် ကုနင်းဟိုတယ်ကိုပြန်ရောက်တော့ ည၈နာရီပင်ရှိနေလေပြီ. ကုနင်းအရမ်းဆာနေပြီဖြစ်တာကြောင့် ချက်ချင်းပဲ အခန်းဝန်ဆောင်မှုကိုခေါ်လိုက်တယ်.

အစတုန်းက နေ့လည်ခင်းမှာ မြို့ထဲသွားပြီး အဝတ်အစားတွေဝယ်ဖို့ စီစဉ်ထားပေမယ့် အချိန်မရှိခဲ့လိုက်ဘူး.

ဈေးဝယ်စင်တာက အခုထိဖွင့်နေသေးပေမယ့် သူမတစ်ယောက်ထဲအတွက် အဝတ်အစားတွေသွားဝယ်မှာမဟုတ်ပါဘူး. ကုမန့်ကော ကုချင်အတွက်ပါ သူမဝယ်မှာပါ.

ဒါကြောင့် တစ်နာရီနဲ့ ဝယ်ဖို့မလုံလောက်ပါဘူး.

ကုနင်းမှာ အဝတ်အစားအပိုမပါလာတာကြောင့် အခုညလျှော်ထားပြီး မနက်ဖြန်ခြောက်ဖို့ပဲ မျှော်လင့်ရတယ်.

သူမလွယ်အိတ်ထဲမှာ ကျောင်းဝတ်စုံရှိနေသေးပေမယ့် မဝတ်ချင်ပါဘူး. ထိုဝတ်စုံနဲ့ဆိုရင် လူအုပ်ထဲမှာ အရမ်းကို သိသာနေလိမ့်မယ်.

သူမအတွက် ညစာက အခုထိမရောက်သေးတာကြောင့် ကုမန့်ကို ဖုန်းခေါ်ပြီး ခနတဖြုတ်စကားပြောနေလိုက်တယ်.

ပြီးတော့ ချူးဖေ့ဟန်နဲ့ တခြားသူတွေဆီ WeChatကနေ စကားခနဆက်ပြောလိုက်တယ်.

............

ညနေခင်းလေက လမ်းသွားနေတဲ့လူများကြားမှာ အေးဆေး ညင်သာစွာတိုက်ခတ်နေပြီး တစ်ခါတစ်ရံအေးစက်စက် ခံစားရတယ်.

မြို့တော်Gရဲ့ မြို့ထဲမှ အကြီးဆုံးဖျော်ဖြေရေးအဆောက်အဦးတစ်ခုဖြစ်တဲ့ ဘုရင်ကလပ်တွင်.

ဆူညံပြီး မီးရောက်စုံတွေလင်းလက်နေကာ ယောက်ျား မိန်းမတွေက အကကြမ်းပြင်ပေါ်တွင် သူတို့ခါးတွေကို ယိမ်းနွဲ့ကာ ကနေကြပြီး လေထုထဲမှာတော့ အလိုဆန္ဒတွေနဲ့ ပြည့်နှက်နေတယ်.

ထိုအဓိကခန်းမကြီးနဲ့ဆက်စပ်နေတဲ့ ကြီးမားတဲ့ သီးသန့်အခန်းတစ်ခုထဲတွင်တော့ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံနဲ့အတူ စကားသံတွေရှိနေတယ်.

ထို သီးသန့်ခန်းတွင် အပျော်မယ်လေးတွေတစ်ယောက်တောင်မပါပဲနဲ့ ယောက်ျားလေး၅ယောက်သာရှိနေတယ်.

ကြည့်ရတာ ထူးခြားတာတစ်ခုခုဖြစ်သွားခဲ့ပုံပဲ.

"ဖော့ခ်, သီသီလေး ကံကောင်းသွားတယ်. ငါတို့လူ၇ယောက်ကိုတောင်သတ်သွားတဲ့ မီးတောက်နီအဖွဲ့ခေါင်းဆောင် အနီရောင်ဝံပုလွေကိုတောင် တွေ့ခဲ့သေးတယ်. တစ်ဖွဲ့လုံးအရှင်းခံရတော့မလို့ ပြေးတာမြန်လို့တော်သေးတယ်. " ရင်ထဲမှာပါ ဒေါသတွေပြည့်နေတဲ့ လူငယ်တစ်ယောက်က ညည်းညူပြောဆိုလိုက်ရင်း စီးကရက်တိုကို မြေပြင်ပေါ်ပစ်ချလိုက်တယ်.

"အဲ့ဒီ အနီရောင်ဝံပုလွေက အင်အားကြီးတယ်လို့ ငါလဲကြားဖူးတယ်. အရင်ကတော့ ဂရုမထားခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ မျက်မြင်တွေ့လိုက်တာပဲ. သူက တော်တော်ကို အင်အားကြီးတာပဲ. တစ်ယောက်ထဲနဲ့ လူဒါဇင်လောက်နဲ့ တစ်ချိန်တည်းတိုက်နိုင်ပြီး ၇ယောက်ကိုတောင် သတ်လိုက်နိုင်သေးတယ်. ပြီးတော့ သူသေနတ်နှစ်ချက်တည်းပဲ အပစ်ခံလိုက်ရတယ်." အပေါ်ပိုင်းဗလာနဲ့ ဗလတောင့်တောင့်လူက ပြောလိုက်တယ်.

သူ့ရဲ့ သေခြင်းပြိုင်ဘက်ဖြစ်နေတာတောင်မှ မလေးစားပဲမနေနိုင်ဘူး.

"တော်သေးလို့ သူသေနတ်မှန်ပြီး ငါတို့နောက်ကိုမလိုက်နိုင်‌ပေလို့ပေါ့ မဟုတ်ရင် ငါတို့ကို ရှာတွေ့သွားမှာ."ရက်စက်မယ့်ပုံပေါ်တဲ့ အရပ်ပုပုနဲ့လူက ဝင်ပြောလိုက်တယ်.

"ဒါပေမယ့် ငါတို့သတိလွတ်လို့တော့မဖြစ်ဘူး. တဖက်အသင်းက အဓိကနိုင်ငံ့အဖွဲ့ရဲ့ခေါင်းဆောင်ဆိုတော့ ငါတို့နောက်ကို တစ်ယောက်ယောက်လွှတ်ပြီး လိုက်ရင်လိုက်ခိုင်းလိမ့်မယ်! ဒီတော့ မနက်ဖြန် ငါတို့အရောင်းအဝယ်ကို မြန်မြန်ပြီးအောင်လုပ်ပြီး ဘေးကင်းတဲ့ဆီရွှေ့ကြတာပေါ့."

"ဒါပေမယ့် သူတို့ဘာလို့ မြို့လယ်က ကုန်သွယ်ရေးအဆောက်အဦးကိုမရွေးတာလဲ! အဲ့မှာဆို လူတွေအများကြီးပဲ. သူတို့ကိုရှာတွေ့သွားမှာမကြောက်ဘူးလား?"

"ဖော့ခ်, သူတို့က ငါတို့ငွေရသွားမှာကိုပဲ စိုးရိမ်နေကြတာ ဒါပေမယ့် သူတို့ကိုလဲ ပစ္စည်းတွေပေးလိုက်လို့မဖြစ်ဘူး. ဒီတော့ လူများတဲ့နေရာက အလုံခြုံဆုံးပဲ. ငါတို့သာ သူတို့ကို ပစ္စည်းတကယ်မပေးဘူးဆိုရင် သူတို့က အဓိကရုဏ်းဖြစ်အောင်လုပ်ပြီး ရဲတွေကိုရောက်လာအောင်လုပ်လိမ့်မယ်. ဒီလိုသာဆို ငါတို့လဲ ထွက်လို့မရနိုင်တော့ဘူး."

"ဒါပထမအကြိမ်လဲမဟုတ်ဘဲနဲ့. သူတို့ ငါတို့ကိုမယုံကြည်ကြဘူးလား?"

"ဒီတစ်ခေါက် ပစ္စည်းက ယွမ်သန်း၁ရာလောက်အဖိုးတန်တယ်. ဒါကြောင့် ပိုသတိထားနေကြတာ."

နောက်ထပ် သီးသန့်ခန်းတစ်ခုအတွင်း၌,

စားပွဲပေါ်တွင် လပ်တော့ တစ်လုံးရှိနေပြီး မှန်သားပြင်ပေါ်မှာတော့ အပေါ်က စကားပြောနေကြတဲ့ လူတွေရဲ့အခန်းပုံရိပ်ကိုပြနေတယ်.

လူတစ်ယောက်က နားကျပ်တပ်ထားပြီး ထိုလပ်တော့ရှေ့တွင်ထိုင်နေကာ ဟိုလူတွေဆွေးနွေးသမျှကို အတိုင်းသားကြားနေရတယ်.

ထိုလူကတော့ လင်ရှောင်းထင်ပါပဲ.

သူမှာ သေသပ်ကြည့်ကောင်းတဲ့ပုံရိပ်ရှိပေမယ့် အေးဆက်မှုတွေကိုတော့ လွှမ်းခြုံထားပါသေးတယ်. သူရဲ့မျက်ဝန်းအိမ်ဟာ သမုဒ္ဒရာပြင်လို နက်ရှိုင်းပြီး အင်အားကြီးတဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ်. သူ့ပုံစံက ဘုရင်တစ်ပါးလိုပါပဲ.

လင်ရှောင်းထင်ရဲ့နောက်မှာတော့ လူနှစ်ယောက်ရပ်နေကာ သူတို့လဲ လပ်တော့မျက်နှာပြင်ကို စိုက်ကြည့်နေကြပေမယ့် ဘာတွေပြောနေလဲဆိုတာတော့မကြားရပါဘူး.

"ဘော့စ်, သူတို့ရဲ့နောက်ထပ်လှုပ်ရှားမှုကဘာလဲ?" လင်ရှောင်းထင် နားကြပ်ချွတ်လိုက်တာကိုမြင်တော့ လူတစ်ယောက်က မေးလိုက်တယ်.

"သူတို့ မနက်ဖြန် မြို့ထဲက ကုန်သွယ်ရေးအဆောက်အဦးမှာ အရောင်းအဝယ်လုပ်ကြလိမ့်မယ်. သူတို့ကို မျက်ခြေမပြတ်စေနဲ့." လင်ရှောင်ထင် ရုပ်တည်တည်နဲ့ အေးဆေးစွာပြောလိုက်တယ်.

အခုချက်ချင်းတော့ သူတို့ကို လင်ရှောင်းထင် မသတ်သေးပါဘဲ ငါးစာအဖြစ်အသုံးချဖို့ ကြံစည်နေတာပါ.

သူတို့ခေါင်းဆောင်က ဒီမှာမရှိဘူး ပြီးတော့ ပစ္စည်းကလဲ ခေါင်းဆောင်ရဲ့လက်ထဲမှာ. အခုချိန် သူတို့ကို သူသတ်လိုက်မယ်ဆိုရင် သပ်သပ်မဲ့ သတိပေးလိုက်သလိုဖြစ်သွားမယ်.

သူတို့ခေါင်းဆောင်ဘယ်မှာရှိလဲဆိုတာ သူတို့လဲမသိဘူး. သိခဲ့ရင်လဲ တန်းပြီးသွားသတ်လိမ့်မယ်.

...........

နောက်တစ်နေ့မှတော့ ကုနင်း မနက်၈နာရီထိုးတဲ့အထိမထသေးပါဘူး.

တကယ်တော့ ကုနင်းအစောကြီးထဲက နိုးနေတာဆိုပေမယ့် သူမမှာဘာမှလုပ်စရာမရှိပါဘူး. ဈေးဝယ်စင်တာကို သွားဖို့ကလဲ မနက်၈နာရီဆိုတာ ဘာမှမဖွင့်သေးတာကြောင့် ဆက်ပြီးတော့ပဲ အိပ်နေလိုက်တာပါ.

ဒါ့အပြင်, နေ့လည်၂နာရီကျရင် မြို့တော်Fကို ပြန်ဖို့ လေယာဉ်ပြန်စီးရမှာပါ. တစ်မနက်ခင်းလုံး ‌စင်တာထဲကို ပတ်ဖို့ အချိန်ရှိနေတာကြောင့် အလျင်မလိုနေတော့ပါဘူး.

ပြီးတော့ ဒီနေ့ဈေးဝယ်စင်တာမှာပဲ ကျိုးကျန်းဟုန်နဲ့ လက်မှတ်ထိုးဖို့ ရှိပါသေးတယ်.

ချိန်းထားတဲ့အချိန်က မနက်၁၁နာရီမှာဖြစ်ပြီး နေ့လည်စာစားချိန်နဲ့ကွက်တိပါပဲ.

ကုနင်းနိုးလာတော့ အောက်ထပ်ကိုဆင်းသွားလိုက်ကာ အခြေနေကြည့်လိုက်တယ်.

ဈေးဝယ်စင်တာက မဝေးတာကြောင့် မိနစ်၂၀လောက်လမ်းလျှောက်သွားလိုက်ရင်ရောက်ပါတယ်. ဒါကြောင့် ကုနင်း တက္ကစီငှားမနေတော့ဘဲ လမ်းလျှောက်ပြီးသာသွားလိုက်တယ်.

သူမ လမ်းသွားရင်းနဲ့ပဲ မနက်စာစားလိုက်ကာ ဈေးဝယ်စင်တာသို့ ၉နာရီတွင်ရောက်ရှိသွားတယ်.

ဒီနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် ၉နာရီမှာတောင် ဈေးဝယ်စင်တာထဲ လူတွေများနေပါပြီ.

မိန်းကလေးအဝတ်အထည်တွေက ဒုတိယထပ်မှာဖြစ်တာကြောင့် ကုနင်းလဲ ဒုတိယထပ်ကိုပဲ တန်းသွားလိုက်တယ်.

ဈေးဝယ်စင်တာက အရမ်းကြီးကာ အဆုံးမရှိဘူးလို့တောင်ထင်ရတာကြောင့် ရုတ်တရက် ကုနင်းလဲ ဘယ်ကိုစသွားရမှန်းမသိဖြစ်သွားတယ်.

ဒါကြောင့် အဝတ်အစားတွေတန်းစီရှိနေတဲ့ နေရာဆီ လျှောက်သွားကြည့်ရင်း တံဆိပ်ကြိုက်ရင်ဖြစ်ဖြစ် ပုံစံကိုကြိုက်ရင်ဖြစ်ဖြစ် အထဲကို ဝင်ကြည့်လိုက်တယ်.

ခနကြာပြီးနောက်မှာတော့ နိုင်ငံတကာဒီဇိုင်းနာရဲ့တံဆိပ်ကို ကုနင်းရှာတွေ့သွားတယ်. ဒါက အရမ်းအရမ်းကိုဈေးကြီးတာပဲ.

ဒါပေမယ့် အခုချိန်မှာ ဘယ်လောက်ပဲဈေးကြီးကြီး ကုနင်းအတွက် ဘာမှမဟုတ်တော့ပါဘူး.

"မင်္ဂလာပါ. ကြိုဆိုပါတယ်!" ကုနင်း အထဲကို ဝင်လာတာနဲ့ ချက်ချင်းပဲ အရောင်းဝန်ထမ်းရောက်လာကာ,

"မိန်းကလေး, ဘာများကူညီပေးရမလဲ?"

"အသက် ၄၀အရွယ်လောက်ရှိတဲ့ အမျိုးသမီးတွေနဲ့သင့်တော်တဲ့ အဝတ်အစားတွေပြပေးလို့ရမလား?" ကုနင်းမေးလိုက်တယ်.

"ရတာပေါ့, မိန်းကလေး ဒီဘက်ကိုကြွပါ." အရောင်းဝန်ထမ်းက ကုနင်းကို နေရာတစ်ခုသို့‌ ခေါ်ဆောင်သွားတယ်.

ကုနင်းတစ်ချက်ကြည့်လိုက်ပေမယ့် သ‌ဘောကျတာတစ်ခုမှမတွေ့ဘူး.

"ဝတ်မယ့်သူရဲ့ ခန္ဓာကိုယ်က ဘယ်လိုမျိုးလဲ ပြောပြပေးလို့ရမလား?" အရောင်းဝန်ထမ်းက ထပ်မေးလိုက်တယ်.

"ခန္ဓာကိုယ်က ကျွန်မနဲ့အတူတူပဲ. ကျွန်မနဲ့တော်ရင် သူနဲ့လဲကအဆင်ပြေလောက်မယ်." ကုနင်းဖြေလိုက်တယ်.

ကုနင်းက ၁၆၇စင်တီမီတာမြင့်ကာ ပိန်သွယ်ပါတယ်.

ထို့နောက် အရောင်းဝန်ထမ်းက အင်္ကျီတစ်စုံကို ရွေးချယ်လိုက်ကာ ကုနင်းကိုပြလိုက်ပြီး,

"မိန်းကလေး, ဒီတစ်စုံဆိုဘယ်လိုနေလဲ?"

"အွန်, အဆင်ပြေသားပဲ." ကုနင်းထိုဝတ်စုံကိုကြည့်လိုက်တော့ သဘောကျသွားတယ်. ဒါဆိုကုမန့်နဲ့တော်လောက်မယ်. သူမ ထိုဝတ်စုံကို ယူလိုက်ကာ အနီးကပ်ကြည့်ကြည့်လိုက်တယ်.

...................P72End.....................

ဖီးနစ်သွေးစက်

အခန်း ၇၃ ဈေးဝယ်စင်တာမှ ဇာတ်လမ်းတစ်ပုဒ်

ဒါပေမယ့် ကုနင်း ထိုဝတ်စုံကို မထိလိုက်ရသေးခင်မှာပဲ နောက်ထပ်လက်တစ်စုံက အရင် ဆွဲယူသွားကာ, "ဒီတစ်စုံငါကြိုက်တယ်, စမ်းဝတ်ကြည့်ဦးမယ်."

ထိုသူကတော့ အသက်၄၀လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ကာ ဈေးကြီးတဲ့အဝတ်အစားတွေဝတ်ဆင်ထားပုံက အဆင့်အတန်းမြင့်တယ်ထင်ရပေမယ့် သူ့ရဲ့အမူအကျင့်ကတော့ လုံးဝမတူညီပါဘူး.

အမူအကျင့်ကောင်းရှိတဲ့ အမျိုးသမီးတစ်ယောက်က တစ်ခြားလူလက်ထဲက ပစ္စည်းကို ဆွဲလုမှာမဟုတ်ပါဘူး.

"အဲ့မှာရပ်လိုက်." ကုနင်းစိတ်အနှောက်အယှက်ဖြစ်သွားတယ်.

ထိုအမျိုးသမီး သူမလက်ထဲက ဝတ်စုံကို ဆွဲလုသွားတာ ကုနင်းဘယ်လိုမှသည်းမခံနိုင်ပါဘူး.

ဒါပေမယ့် ထိုအမျိုးသမီးက ကုနင်းရဲ့အသံကို မကြားသလိုမျိုးနဲ့ ဆက်ပြီးလျှောက်သွားတယ်.

ဒါကိုမြင်လိုက်တော့ ကုနင်းမျက်မှောင်ကြုတ်သွားပြီး သူမမျက်နှာတွင် စိတ်အနှောက်အယှက်ဖြစ်မှုတွေ ဖြတ်ပြေးသွားကာ သူမလဲ ချက်ချင်းပဲ သွားလိုက်ပြီး ထိုအမျိုးသမီးရဲ့ရှေ့မှာပိတ်ရပ်လိုက်တယ်.

ထိုအမျိုးသမီးမှာ ကုနင်းနဲ့တိုက်မိမလိုတောင်ဖြစ်သွားခဲ့ကာ ကြောက်လန့်တကြားနဲ့ ကုနင်းကိုအော်တော့တယ်,

"မင်းဘာလိုချင်တာလဲ, ကောင်မလေး? မင်းငါ့ကို ထိခိုက်အောင်လုပ်မလို့လား?"

ထိုအမျိုးသမီးရဲ့အော်သံက ဆိုင်ထဲမှာ တခြားသူတွေရဲ့အာရုံကို ဆွဲဆောင်မိသွားတယ်.

လူတွေချက်ချင်းသူတို့နားကို အုံလာကာ လာကြည့်ကြတယ်.

"ဆောရီး, ကျွန်မ ဒီဝတ်စုံကို ရှင့်ထက်အရင်ရွေးထားတာပါ." ကုနင်းအေးဆေးပဲပြောလိုက်တယ်. သူမသာ ဒီဝတ်စုံကို မလိုချင်ရင်တော့ စိတ်ထဲမထားဘဲနေမှာဆိုပေမယ့် အခုသူမ လိုချင်နေတာကြောင့် ထိုအမျိုးသမီးယူသွားမှာကို ခွင့်မပြုပေးနိုင်ပါဘူး.

"ဟွန့်, မင်းရွေးထားတာနဲ့ပဲ မင်းပိုင်တယ်လို့မဆိုလိုဘူးလေ. အခုဒါက ငါ့လက်ထဲရောက်နေပြီ! တကယ်လို့ ဒီတစ်ဆိုင်လုံးက ဝတ်စုံတွေကို ငါရွေးထားတာလို့ပြောလိုက်မယ်ဆိုရင် မင်းဘယ်တစ်ခုကိုမှ ဝယ်လို့မရတော့ဘူးလို့ ဆိုလိုတာလား?" ထိုအမျိုးသမီးက အထင်သေးဟန်နဲ့ပြောလိုက်တယ်.

"ဝိုး, ရှင်ဒီလောက်ချမ်းသာမှန်းမသိခဲ့ဘူး. ဒါတွေအကုန်လုံးကိုတောင်မှ ရှင်ကလိုချင်နေတာပေါ့! ဟေ့, မင်း သူပြောတာကိုကြားလိုက်တယ်မလား? ဒီအမျိုးသမီးက ဒီမှာရှိတဲ့ ဝတ်စုံတွေအကုန်ကိုလိုချင်တယ်တဲ့. ရှင်ဒီနေ့ရမယ့် ကော်မရှင်ခက တစ်နှစ်လုံးနေမှရမှာထက်တောင် ပိုများတော့မယ့်ပုံပဲ." ကုနင်း အရောင်းဝန်ထမ်းအား အမှန်ကို တမင်လှည့်ပတ်ပြီးပြောလိုက်တယ်.

"မင်းပါးစပ်ပိတ်ထားစမ်း! ငါအဲ့လိုမပြောခဲ့ဘူး!" ထိုအမျိုးသမီးလဲ ကုနင်းကိုစိတ်တိုစွာနဲ့ ကျိန်ဆဲလိုက်တယ်.

သူမချမ်းသာတယ်ဆိုရင်တောင်မှ နိုင်ငံတကာဒီဇိုင်းနာရဲ့ တံဆိပ်က အလွန့်အလွန်ကို ဈေးကြီးပြီး တစ်ထည်ကိုတောင်မှ ယွမ်သောင်းကျော်ပါတယ်. ဒီနေရာက ဝတ်စုံတွေအားလုံးအတွက်သာဆိုရင် အနည်းဆုံး ယွမ်သန်းနဲ့ချီကို ကျသင့်သွားမှာမို့ သူမအဲ့လောက်အထိတော့မတတ်နိုင်ပါဘူး.

လူအုပ်ကြီးကလဲ ကုနင်း အမှန်တရားကိုလှည့်စားပြီးပြောနေမှန်းသိတာကြောင့် ဘယ်သူမှ သူမစကားကို အတည်မှတ်ယူမနေကြပါဘူး.

"တကယ်လား? ဒါကို ကျွန်မရွေးထားတာဆိုတော့ ကျွန်မဝယ်မယ်. ရှင်ရော?" ကုနင်းတမင်ရန်စလိုက်တယ်.

"မင်း...." အမျိုးသမီးလဲ ဒေါသထွက်သွားတယ်. ကုနင်းက တမင်သူမကို လိုက်ယှဉ်ပြိုင်နေမှန်း နားလည်ပေမယ့် ဒေါသကိုတော့ ထိန်းမရပါဘူး.

"တောင်းပန်ပါတယ်, မဒမ်. ဒီမိန်းကလေးက ဝတ်စုံကို အရင်ရွေးထားတာဆိုတော့ မဒမ်က တခြားပစ္စည်းကိုပဲ ရွေးပေးပါလား?" အရောင်းဝန်ထမ်းက ထိုအမျိုးသမီးကို တောင်းပန်လိုက်တယ်.

ဒါကိုကြားတော့မှ လူအုပ်ကြီးလဲ ဘာတွေဖြစ်ခဲ့မှန်းနားလည်သွားကာ ထိုအမျိုးသမီးရဲ့ အပြုအမူကို မကြိုက်နှစ်သက်ကြတော့ပေ.

"ရှောင်လီ, မစ်ရှောင်က ဗီအိုင်ပီ ငွေရောင်ကဒ်ရှိတဲ့ ငါ့တို့ရဲ့ ပုံမှန်ဖောက်သည်လေ. သူ့ကို အရင်ရွေးခိုင်းလိုက်." မစ်ရှောင်နဲ့ နောက်ထပ် အရောင်းဝန်ထမ်းတစ်ယောက်က ကုနင်းနဲ့ရှိနေတဲ့ အရောင်းဝန်ထမ်းကို စိုက်ကြည့်ပြီးပြောလိုက်တယ်.

အဲ့လို အရင်ဦးစားပေးရွေးခွင့်ဆိုပြီးမရှိဘဲနဲ့ ထိုအရောင်းဝန်ထမ်းက သက်သက်ဘဝင်မြင့်နေတာပါ.

ရှောင်လီက ထိုသတိပေးချက်ကို လျစ်လျူရှုလိုက်ကာ, ပြန်တုံ့ပြန်လိုက်တယ်.

"မိန်းကလေးဝမ်, ကျွန်မကတော့ သဘောမတူနိုင်ဘူး. အရင်ဆုံးရောက်တဲ့သူကသာ အရင်ရွေးနိုင်မယ်. ဗီအိုင်ပီဖောက်သည်ဖြစ်နေရင်တောင်မှ တခြားဝယ်သူလက်ထဲက ဆွဲလုလို့မရဘူး."

"နင်..." မိန်းကလေးဝမ် စိတ်တိုသွားပြီး ပြန်ပြောဖို့လုပ်လိုက်တယ်.

ဒီမိန်းကလေးဝမ်က အမြဲတမ်းဘဝင်မြင့်ကာ ပိုက်ဆံချမ်းသာတဲ့သူတွေကိုသာ ကောင်းကောင်းဆက်ဆံပါတယ်.

မစ်ရှောင်က ဒီဆိုင်ရဲ့ ပုံမှန်ဖောက်သည်ဖြစ်ပြီး ကြည့်ရတာတောင့် သူတို့နှစ်ယောက်က တော်တော်လေးလဲ ရင်းနှီးကြပုံပဲ.

ဒီဆိုင်က နိုင်ငံတကာဒီဇိုင်းနာတံဆိပ်ဖြစ်ပြီး ဈေးအပေါဆုံးကတောင်မှ ယွမ်သောင်းဂဏန်းရှိတယ်. ဒါ့အပြင် အရောင်းဝန်ထမ်းတစ်ယောက်က ရောင်းရမှုအပေါ်မှာ ကော်မရှင်ခ ၂ရာခိုင်နှုန်းရရှိပါတယ်.

မစ်ရှောင် ဒီဆိုင်ကိုလာတိုင်း အနည်းဆုံး ယွမ်၈သောင်းလောက်သုံးတာကြောင့် ကော်မရှင်ခတွေလဲအများကြီးရပါတယ်.

ပွဲကြည့်နေသူတွေကလဲ ရှောင်လီကိုထောက်ခံကြကာ မကျေမနပ်ဖြစ်နေကြတယ်.

"အမှန်ပဲ, ဗီအိုင်ပီဖောက်သည်ဆိုရင်တောင် တခြားဝယ်သူလက်ထဲက ဆွဲလုလို့ရမလား. မတရားလိုက်တာ!"

"မတရားဘူး. ဒါဘဝင်မြင့်နေတာပဲ."

"မင်းတို့ဘာလို့ ဗီအိုင်ပီဖောက်သည်တွေကြီးသီးသန့်မရောင်းနေတာလဲ? ဒီဆိုင်က အဝတ်အစားဝယ်ချင်တဲ့လူ ဘယ်သူမဆို ဗီအိုင်ပီဖောက်သည်အရင်ဖြစ်နေရမယ်ပေါ့."

"မှန်တယ်!"

မိန်းကလေးဝမ်နားမှာ တခြားဝယ်သူတွေက ဝန်းရံကာ အပြစ်တင်နေကြတာကြောင့် သူမရှက်သွားပေမယ့် ပြန်တုံ့ပြန်ဖို့အထိတော့ အတင့်မရဲသေးပါဘူး.

"ရှင်ဘယ်ကဖြစ်ဖြစ်ဝယ်နိုင်ပေမယ့် တခြားသူဆီကနေတော့ ဆွဲလုလို့မရဘူး!" တစ်ယောက်က ပြောလိုက်တယ်.

"ဟုတ်တယ်! ဒီအမျိုးသမီးမှာ ကိုယ်ကျင့်တရားလုံးဝမရှိဘူး." နောက်တစ်ယောက်က ဝင်ပြောလိုက်တယ်.

"နင်တို့! ငါဘယ်သူလဲဆိုတာကောသိရဲ့လား? နင်တို့ကများ ဒီလိုပြောရဲတယ်! ငါက ကျိုးဖူကျောက်မြတ်ရတနာ ဥက္ကဌရဲ့ ဇနီးပဲ!" မစ်ရှောင် စိတ်တိုသွားတာကြောင့် သူမဘယ်သူဆိုတာကို အကျယ်ကြီးအောင်ပြောလိုက်တယ်.

ဒါကိုကြားတော့ လူတိုင်းပါးစပ်ပိတ်သွားကြတယ်.

သူတို့အားလုံး ယွမ်သန်း၁ရာလောက်ထိချမ်းသာတဲ့ ကျိုးဖူကျောက်မြတ်ရတနာအကြောင်းကို သေချာသိတာပေါ့! ပြီးတော့ သူတို့တောင်မှ ယွမ်သန်းအနည်းငယ်ခန့် ထိုလုပ်ငန်းတွင်ပိုင်ဆိုင်ကြသေးတယ်. ဒါကြောင့် ဘယ်သူမှ ကျိုးဖူကျောက်မြတ်ရတနာနဲ့ မယှဉ်ပြိုင်ရဲပါဘူး.

ကုနင်းလဲ အနည်းငယ်အံ့ဩသွားတယ်. ဒီအမျိုးသမီးက ရှောင်ပင်းရဲ့ဇနီးဖြစ်နေလိမ့်မယ်လို့ သူမမမျှော်လင့်ထားဘူး.

ရှောင်ပင်းနဲ့ ကျိုးကျန်းဟုန်တို့က ဘယ်လိုမှမတည့်ကြတဲ့လူတွေ. ဒါကြောင့်ကုနင်းလဲပဲ ရှောင်ပင်းတို့ မိသားစုကို မနှစ်သက်ပါဘူး.

ထိုပွဲကြည့်သူတွေက ရှောင်မိသားစုကို ကြောက်ကြပေမယ့် ကုနင်းကတော့ မပါဘူးလေ. သူမက တဲ့ပဲအပြစ်တင်လိုက်တယ်,

"ရှင်က ကျိုးဖူကျောက်မြတ်ရတနာ ဥက္ကဌရဲ့ဇနီးဖြစ်နေတာနဲ့ လုပ်ချင်နာအကုန်လုပ်လို့ရမယ်ထင်နေတာလား?"

"နင်..." ရှောင်မိသားစုအကြောင်းသိပြီးတာတောင်မှ ကုနင်း ဒီလိုမျိုးတုံ့ပြန်လာလိမ့်မယ်လို့ မစ်ရှောင်း မထင်ထားမိဘူး.

ဒါပေမယ့် မစ်ရှောင်းကတော့ အလွန်ဂုဏ်မောက်နေပါတယ်. မြို့တော်Fမှာ သူတို့ထက်အများကြီးပိုချမ်းသာတဲ့မိသားစုတွေအများကြီးရှိပါတယ်.

ထိုအချိန်မှာပဲ, ဆိုင်မန်နေဂျာရောက်လာကာ,

"ဘာတွေဖြစ်နေကြတာလဲ?"

ဘယ်သူမှမပြောခင်မှာပဲ, ကုနင်းက အနည်းငယ်ရက်စက်မဲ့အသံလေးနဲ့,

"တွေ့ရတာဝမ်းသာပါတယ်, မန်နေဂျာ. ကျွန်မရှင့်ကို မေးခွန်းလေးအရင်မေးပါရစေ. ဒီဆိုင်မှာ ဗီအိုင်ပီဖောက်သည်ဆိုရင် သူလိုချင်တာနဲ့ တခြားဝယ်သူလက်ထဲက ဝတ်စုံကို ဆွဲလုခွင့်ရှိတယ်ဆိုတာ အမှန်ပဲလား?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အရင်ရောက်တဲ့ သူက အရင်ရွေးနိုင်ပါတယ်. ဗီအိုင်ပီဖောက်သည်တွေက လျှော့ဈေးတစ်ခုထဲ ရတာပါ." ဆိုင်မန်နေဂျာက ချက်ချင်းပဲပြန်ဖြေလိုက်တယ်.

မကြာခင်မှာပဲ, ဘာတွေဖြစ်နေလဲဆိုတာကို သူသိသွားကာ မိန်းကလေးဝမ်ဘက်ကိုလှည့်လိုက်ပြီး,

"ဝမ်ယွမ်ယွမ်, ဘာတွေဖြစ်ကုန်တာလဲ?"

ဒီဆိုင်မှာ ဗီအိုင်ပီဖောက်သည်ဆိုလို့ မစ်ရှောင်တစ်ယောက်ထဲရှိနေတာကြောင့် မစ်ရှောင်နဲ့အတူရှိနေတဲ့ ဝမ်ယွမ်ယွမ်ဆီကို မန်နေဂျာက တန်းလှည့်သွားတာဖြစ်တယ်.

ဝမ်ယွမ်ယွမ်လဲ ဘာလို့ ဒီလိုပုံစံမျိုးအဆုံးသတ်သွားလဲဆိုတာစဉ်းစားလို့မရတော့ပါဘူး. သူမက ကုနင်းကို အရမ်းမုန်းနေပေမယ့် မန်နေဂျာရဲ့ရှေ့မှာဖြစ်တာကြောင့် ထိုအမုန်းတွေကို ထုတ်ဖော်မပြရဲပါဘူး.

ဒါ့အပြင်, ဒီလိုအဖြစ်မျိုးဖြစ်တာလဲ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ဘယ်လိုရှင်းပြရမလဲဆိုတာကိုလဲ သူမမသိတော့ပါဘူး.

...................P73End.....................

ဖီးနစ်သွေးစက်

အခန်း ၇၄ အလုပ်ထုတ်ပြီ

"ကျွန်မရှင်းပြပါရစေ. ရှောင်လီက ကျွန်မကို ဝတ်စုံတစ်ခုပြတယ် ပြီးတော့ ကျွန်မကလဲ သဘောကျတယ်. ဒါကြောင့် ကျွန်မအနီးကပ်ကြည့်ချင်လို့ ယူမလို့ပေမယ့် မမျှော်လင့်ထားစွာပဲ မစ်ရှောင်က ကျွန်မဆီကနေ ဆွဲယူသွားတယ်. ကျွန်မဘက်က ပြန်ပေးဖို့တောင်းဆိုခဲ့ပေမယ့် သူက ငြင်းလိုက်တယ်. အဲ့အချိန်မှာပဲ ဝမ်ယွမ်ယွမ်က မစ်ရှောင်ကဗီအိုင်ပီဖောက်သည်မို့လို့ အရင်ရွေးခွင့်ရှိတယ်လို့ပြောပါတယ်." ကုနင်းအကုန်ပြန်ပြောလိုက်တယ်.

မန်နေဂျာရဲ့ မျက်နှာချက်ချင်းပြောင်းလဲသွားခဲ့တယ်. သူ ကုနင်းရဲ့ ရှင်းပြချက်ကို သံသယမဝင်ဘဲနဲ့ ဝမ်ယွမ်ယွမ်ကို ရိုက်လိုက်ကာ,

"ဝမ်ယွမ်ယွမ်, မင်းဘာဖြစ်နေတာလဲ? မင်းဒီမှာအလုပ်လုပ်တာလဲကြာနေပြီလေ. စည်းမျဉ်းတွေကို ဘယ်လိုလုပ် မသိရတာလဲ?"

ဝမ်ယွမ်ယွမ် ဘဝင်မြင့်နေတာတွေကို မန်နေဂျာသိထားပေမယ့် ဘာပြဿနာမှတော့မလုပ်ဖူးပါဘူး. ဒါကြောင့် မန်နေဂျာကလဲ လွှတ်ထားခဲ့တာပါ. ဒီတစ်ကြိမ်ကတော့ ဆိုင်ရဲ့ဂုဏ်သတင်းကို ပျက်စီးအောင်လုပ်တဲ့အတွက် ဘယ်လိုမှလက်မခံပေးနိုင်တော့ပါဘူး.

"ကျွန်...ကျွန်မ..." ဝမ်ယွမ်ယွမ်ရုတ်တရက် ဘာပြန်ပြောရမလဲမသိဖြစ်သွားတယ်. သူမလုပ်ရပ်တွေကမှားနေမှန်းတော့သိပေမယ့်လဲ ဒါတွေအကုန်လုံးက ကော်မရှင်ခပိုရချင်လို့ပဲလေ.

"တော်တော့, မင်းကိုအလုပ်ထုတ်လိုက်ပြီ. နောက်နေ့ကစပြီး လာစရာမလိုတော့ဘူး." မန်နေဂျာက ဝမ်ယွမ်ယွမ်နဲ့ထပ်ပြီး အချိန်ဖြုန်းမနေချင်တော့ပါဘူး. သူမ ဒီဆိုင်ရဲ့ ဂုဏ်သတင်းကိုဖျက်ဆီးလိုက်ကတည်းက မန်နေဂျာမှာ ဆက်ပြီးတော့ အလုပ်ခန့်ထားဖို့ရည်ရွယ်ချက်မရှိတော့ပါဘူး.

"ဘာ?" ထိုစကားကိုကြားလိုက်ရတော့ ဝမ်ယွမ်ယွမ် အကြီးအကျယ်ထိတ်လန့်သွားရတယ်. ဒီလောက်ဆိုးတဲ့အခြေနေထိရောက်သွားလိမ့်မယ်လို့ သူမမမျှော်လင့်ထားခဲ့ပါဘူး.

အခုတော့ သူမကြောက်လန့်မှုကို ခံစားလိုက်ရပါပြီ. သူမသာ အလုပ်ထုတ်ခံလိုက်ရမယ်ဆိုရင် ဒီလောက်ကောင်းတဲ့အလုပ်မျိုး ထပ်မရှာနိုင်တော့ပါဘူး. ဒါကြောင့် သူမတောင်းဆိုလိုက်တယ်,

"မန်နေဂျာ, နောက်ထပ်အခွင့်ရေးလေးတစ်ခါလောက်ပေးပါ! နောက်ဒီလိုမျိုး ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်."

"ဝမ်ယွမ်ယွမ်, ဒီအချက်ကို စာချုပ်ထဲမှာရေးပြီးသား. ဆိုင်ရဲ့ဂုဏ်သတင်းကို ဖျက်စီးတဲ့ ဘယ်သူမဆို အလုပ်ထုတ်ခံရမယ်. ဆောရီး. စည်းမျဉ်းကစည်းမျဉ်းပဲ." မန်နေဂျာကပြောလိုက်တယ်.

ပြီးတာနဲ့ မန်နေဂျာက ဝမ်ယွမ်ယွမ်ကို လျစ်လျူရှုလိုက်ကာ မစ်ရှောင်ဘက်ကိုလှည့်လိုက်ပြီး, ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ရှင်းပြလိုက်တယ်.

"မစ်ရှောင်, ကျွန်တော်တို့ဆိုင်မှာ စည်းမျဉ်းတွေရှိပါတယ်. အရင်ရောက်တဲ့လူက အရင်ရွေးခွင့်ပဲရှိပါတယ်. ခင်ဗျားဘက်က ဒီဝတ်စုံကို နှစ်သက်တယ်ဆိုရင် ဒီမိန်းကလေးဘက်က မလိုချင်တော့ဘူးလို့ပြောတဲ့အထိစောင့်ပေးရပါမယ်. အခုတော့ မိန်းကလေးကို ဒီဝတ်စုံပြန်ပေးလိုက်ပါ. ကျေးဇူးတင်ပါတယ်ဗျ."

ဒီဝတ်စုံကိုမရတာကြောင့်အပြင် အရှက်ပါအခွဲခံလိုက်ရတာကြောင့် မစ်ရှောင်လုံးလုံးမပျော်ရွှင်တော့ပါဘူး.

မန်နေဂျာကိုယ်တိုင် ဒီနေရာကိုရောက်နေတာဖြစ်တာကြောင့် သူ့ကိုပြန်ခံပြီးလဲ မပြောချင်တော့ပါဘူး. ဘာလို့ဆို နောင်ကျရင်လဲ ဒီဆိုင်ကနေ ဝတ်စုံတွေအများကြီးဝယ်ရဦးမှာလေ.

မြို့တော်Gမှာ ဒီတံဆိပ်ရောင်းတဲ့ဆိုင်တွေအများကြီးရှိသေးပေမယ့်လဲ ဒီဆိုင်မှာသာ အလှဆုံးဒီဇိုင်းတွေအများကြီးရှိတာပါ.

"ကျွန်မလဲ မလိုချင်တော့ပါဘူးနော်. ဒါလောက်ကို ဘယ်သူဂရုစိုက်နေမှာလဲ!" မစ်ရှောင်က စိတ်တိုနေတာကြောင့် ဝတ်စုံကို ကုနင်းထံပြန်ပစ်ပေးလိုက်ကာ လှည့်ထွက်သွားတော့တယ်.

သူမ လူတွေအများကြီးရှေ့မှာ အရှက်ခွဲခံလိုက်ရတာကြောင့် ဒီနေရာမှာအကြာကြီးဆက်နေလို့မဖြစ်တော့ပါဘူး.

ကုနင်းလဲ ထိုဝတ်စုံကို ယူထားလိုက်တယ်. သူမ ဒီတစ်ထည်ကို တစ်ကယ်ကြိုက်နေတာလေ.

"ကျွန်မဒါလဲယူမယ် နောက်ထပ်လဲယူဦးမယ်. ဝတ်စုံဆိုဒ် Lနဲ့ အသက်၄၀အရွယ် ဝတ်စုံတွေအကုန်ပြပေးပါ." ကုနင်း ထိုဝတ်စုံကို အရောင်းဝန်ထမ်းထံကို ကမ်းပေးရင်းပြောလိုက်တယ်.

ဒါကိုကြားတော့ လူအုပ်ကြီးမှာ အံ့အားသင့်ကုန်ကြတယ်.

ဒီမိန်းကလေးက ဈေးနှုန်းကဒ်ကိုတောင်တစ်ချက်မကြည့်ဘူး. သူမက အရမ်းချမ်းသာတာပဲဖြစ်ရမယ်!

ဝယ်သူ ဝယ်သလောက် အရောင်းဝန်ထမ်းက ကော်မရှင်ရတာဖြစ်တဲ့အတွက် ရှောင်လီမှာ အရမ်းကိုပျော်သွားရတယ်. သူမချက်ချင်းပဲ ကုနင်းပြောတဲ့အတိုင်း ဝတ်စုံတွေရှာပေးနေတော့တယ်.

နောက်ဆုံးမှာတော့ ကုနင်း ဆွယ်တာနှစ်ထည်, ဘောင်းဘီရှည်နှစ်ထည် နဲ့ သိုးမွေးကုတ်အရှည်နှစ်ထည်တို့ကို ကုမန့်နဲ့ ကုချင်တို့အတွက် ရွေးလိုက်တယ်.

သေချာပေါက် သူမရဲ့ဦးလေးကျန်းရွှီနဲ့ သူမရဲ့ဝမ်းကွဲညီမ ကျန်းရှင်းရွှယ်တို့အတွက်လဲ မမေ့ပါဘူး.

သူမ အာမန်နီအနက်ရောင်ဝတ်စုံပြည့်တစ်စုံ, ဆွယ်တာတစ်ထည် နဲ့ ဘောင်းဘီရှည်တစ်ထည်တို့ကို ကျန်းရွှီအတွက်ဝယ်လိုက်တယ်.

ကျန်းရှင်းရွှယ်အတွက်ကတော့ သူမကငယ်သေးတာကြောင့် ဒီလို ဒီဇိုင်းနာတွေရဲ့ တံဆိပ်မျိုးတွေမလိုအပ်သေးပါဘူး. သူမကိုယ်တိုင်လဲ ဒီလိုဝတ်စုံတွေမဝတ်ချင်ပါဘူး ဒါကြောင့် နောက်ထပ် သာမာန်တံဆိပ်တွေရောင်းတဲ့ ဆိုင်တစ်ခုထံကိုသွားလိုက်ကာ ကျန်းရှင်းရွှယ်နဲ့ သူမအတွက် ဝတ်စုံအနည်းငယ်ကိုဝယ်လိုက်တယ်.

အဝတ်အစားတွေ ဝယ်ပြီးချိန်မှာတော့ ကုမန့်နဲ့ ကုချင်တို့အတွက် အသားအရေထိန်းသိမ်းဖို့ ပစ္စည်းတွေဝယ်ဖို့သွားလိုက်တယ်.

ထိုအချိန်မှာပဲ သူမခေါင်းထဲ မေးခွန်းတစ်ခုဝင်လာခဲ့တယ်. သူမ ချူးဖေ့ဟန်နဲ့ တခြားသူတွေအတွက် ဘာဝယ်ပေးသင့်သလဲ?

လက်ဆောင်ဆိုတာ ရည်ရွယ်ချက်ကောင်းဖို့အဓိကဖြစ်ပြီး ဈေးနှုန်းက အရေးမကြီးပါဘူး. ပြီးတော့ ယွီမီရှီကလွဲပြီး ကျန်သူတွေအကုန်လုံးက ချမ်းသာတဲ့ကလေးတွေဖြစ်တာကြောင့် သူတို့အတွက် ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ပေးတာက ဉာဏ်ရှိတဲ့ရွေးချယ်မှုတစ်ခုမဟုတ်ဘူး.

ခနကြာတော့မှ ချူးဖေ့ဟန်နဲ့ ယွီမီရှီတို့အတွက် ယွမ်၁ထောင်ကျော်တန်ဖိုးရှိတဲ့ ရေမွှေး တစ်ပုလင်းစီကိုဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်.

ယွီမီရှီမှာက ဖုန်းကောင်းကောင်းမရှိတာကြောင့် ကုနင်း သူမအတွက် ဖုန်းတစ်လုံးပါဝယ်ပေးရမယ်. သူမသူငယ်ချင်းကို ဝန်မလေးစေချင်တာကြောင့် ဈေးအရမ်းကြီးတာမဟုတ်ဘဲနဲ့ ယွမ်၂ထောင်လောက်တန် ဖုန်းအသစ်တစ်လုံးကို ဝယ်ပေးရမယ်.

သူမဖုန်းဆိုင်ထဲကို ရောက်ပြီးနေမှတော့ ကုမန့်နဲ့ ကုချင်တို့မိသားစုအတွက်ပါ ဖုန်းအသစ်တွေ ဝယ်ပေးလိုက်တယ်.

ဟောင်ရန်နဲ့ ကျန်တဲ့ကောင်လေးတွေအတွက်ကတော့ ယွမ်၁ထောင်ဝန်းကျင်တန်ဖိုးရှိတဲ့ အာမန်နီပိုက်ဆံအိတ်တစ်လုံးစီဝယ်လိုက်တယ်.

အဆုံးမှာတော့ ကုနင်းစိတ်ကျေနပ်သွားတော့တယ်. သူမကုမ္ပဏီဖွင့်ပြီးရင်တော့ သူတို့အတွက် လက်ဝတ်ရတနာအချို့ပြင်ဆင်ပေးဖို့လဲ စီစဉ်ထားပါသေးတယ်.

ကျိုးကျန်းဟုန်က ဖုန်းခေါ်လာချိန်မှာ ကုနင်းလဲ ဈေးဝယ်လို့ပြီးသလောက်ရှိနေပါပြီ. သူမမသွားခင် အမျိုးသမီးအဝတ်လဲခန်းထဲသို့ ဝင်လိုက်ကာ ပစ္စည်းအားလုံးကို သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲထည့်လိုက်တယ်. ဒါတွေအားလုံးကို ကိုင်ဖို့ကအရမ်းများလွန်းနေတယ်လေ.

သူတို့ချိန်းဆိုထားတဲ့နေရာက ကုန်သွယ်ရေးအဆောက်အဦးဘေးက စားသောက်ဆိုင်တစ်ဆိုင်တွင်ဖြစ်တောကြောင့် သူမကုန်သွယ်ရေးအဆောက်အဦးကနေထွက်ပြီး လမ်းလျှောက်ပြီးသာသွားဖို့လုပ်လိုက်တော့တယ်.

သူမ ဓါတ်လှေကားထဲကို ဝင်လိုက်ပြီး တံခါးပိတ်တော့မယ့်အချိန်မှာ ယောက်ျားတစ်ယောက်ပြေးလာတာကြောင့် ကုနင်းနဲ့ မတော်တဆတိုက်မိသွားတယ်.

"အိုး. တောင်းပန်ပါတယ်. ကျွန်တော်အလျင်လိုနေလို့ပါ." ထိုလူက တောင်းပန်လိုက်တယ်.

"ကိစ္စမရှိပါဘူး." ကုနင်းပြောလိုက်တယ်. ဒါပေမယ့် ထိုလူနဲ့တိုက်မိတဲ့အချိန် သူမတစ်ခုခုထူးဆန်းနေသလိုခံစားလိုက်ရတယ်. ထိုလူရဲ့ခါးနားမှာ မာတဲ့အရာဝတ္ထုတစ်ခုရှိနေပုံပဲ. သတ္ထုတစ်မျိုးလိုပဲ ပြီးတော့ ထိုပစ္စည်းရဲ့ပုံစံက ကုနင်းနဲ့လဲ ရင်းနှီးသလိုခံစားနေရတယ်.

ထိုတစ်ခနမှာပဲ ကုနင်းစိတ်ထဲအတွေးတစ်ခုပေါ်လာခဲ့တယ်. အဲ့ဒါသေနတ်များလား?

ဒီလိုတွေးလိုက်မိတော့ ကုနင်း သူမရဲ့ကျောက်စိမ်းမျက်ဝန်းကို အသုံးပြု၍ကြည့်လိုက်တယ်. တကယ်ကို သေနတ်အစစ်ပဲ!

တစ်ချိန်တည်းမှာပဲ သူမဘေးနားမှာရှိနေတဲ့ ကျန်တဲ့လူ၄ယောက်ကိုလဲ ကျောက်စိမ်းမျက်ဝန်းနဲ့ကြည့်လိုက်ပြန်တယ်. သူမ ထိုတစ်ခနအတွင်း စိတ်လှုပ်ရှားသွားမိတယ်. ဒီလူ၅ယောက်လုံး သူတို့ခါးနားမှာ သေနတ်တွေသယ်လာကြတာပဲ.

သေနတ်ကိုင်တဲ့လူက ပုံမှန်ဆို ရဲ ဒါမှမဟုတ် စစ်သားဖြစ်ရမယ်. အဲ့လိုမဟုတ်ရင် လူဆိုးဂိုဏ်းက ဒါမှမဟုတ် အပြစ်သားတွေလဲ ဖြစ်နိုင်တယ်.

ကုနင်း ထိုလူတွေနားက ရက်စက်တဲ့ အငွေ့အသက်တွေရရှိနေတာကြောင့် သူတို့က လူဆိုးဂိုဏ်း ဒါမှမဟုတ် အပြစ်သားတွေပဲဖြစ်ရမယ်.

ကုနင်းထပ်ပြီးတော့ သူမရဲ့ကျောက်စိမ်းမျက်ဝန်းနဲ့ လူတစ်ယောက်ကိုင်ထားတဲ့ သေတ္တာထဲကို ကြည့်လိုက်တော့ အထဲမှာ အဖြူရောင်အမှုန့်တွေပါတဲ့ အထုပ်တစ်ထုပ်ကိုတွေ့လိုက်ရတယ်.

သူမကိုယ်တိုင်တော့ ထိုအဖြူမှုန့်တွေကို စမ်းမသုံးကြည့်ဖူးပေမယ့် သူမလဲချမ်းသာတဲ့အတွေ့အကြုံရှိဖူးတာကြောင့် ဘာတွေဆိုတာကို တန်းသိလိုက်တယ်.

ကုနင်းတိုးတိုးတိတ်တိတ်နဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်မိတယ်. ဒီလူတွေက အရောင်းအဝယ်လုပ်ဖို့လာကြတာပဲဖြစ်ရမယ်.

ဒါက သူမကိစ္စမဟုတ်တာကြောင့် ဝင်ပါဖို့အစီအစဉ်မရှိပါဘူး.

ဓါတ်လှေကားက ငါးလွှာတွင်ရပ်သွားကာ ကုနင်းထွက်လိုက်တယ်. တိုက်ဆိုင်စွာပဲ ထိုလူတွေအားလုံးကလဲ ငါးလွှာတွင်ပဲဆင်းလိုက်ကြတယ်.

ကုနင်း ချိန်းထားတဲ့ သီးသန့်ခန်းသို့သွားလိုက်တယ်. ထပ်ပြီးအံ့ဩစရာက ထိုလူတွေသည်လဲ သူမဝင်တဲ့အခန်းရဲ့ ဘေးက သီးသန့်ခန်းကို ဝင်သွားတာပါပဲ.

"ဘော့စ်, ရောက်ပြီပဲ. ထိုင်ပါ." ကုနင်းဝင်လာတော့ ကျိုးကျန်းဟုန်က ချက်ချင်းပဲ သူမကို နှုတ်ဆက်လိုက်ကာ ထိုင်ခံကိုတောင် ဆွဲပေးလိုက်သေးတယ်.

"ဘော့စ်, မင်းဘာကြိုက်တယ်ဆိုတာမသိလို့ ကျွန်တော် မမှာထားရသေးဘူး. ဘာစားမလဲ အခုမှာတာပေါ့." ကုနင်းကို စားသောက်ဖွယ်စာရင်းကို ကမ်းပေးလိုက်ကာ ဝန်ထမ်းခေါ်တဲ့ ဘဲလ်ကိုနှိပ်လိုက်တယ်.

...................P74End.....................

ဖီးနစ်သွေးစက်

အခန်း ၇၅ အရမ်းသတိထားနေတယ်

စားပွဲထိုး တံခါးကိုဖွင့်လိုက်ချိန် အပြင်မှဖြတ်လျှောက်သွားသောလူတစ်စုကို ကုနင်းဖျက်ခနဲမြင်လိုက်တယ်. မမျှော်လင့်ထားစွာနဲ့ ရှေ့ဆုံးကယောက်ျားရဲ့ပုံစံက သူမနဲ့ရင်းနှီးနေတယ်.

ကုနင်းသေချာကြည့်လိုက်တော့ သူတို့က ထွက်သွားပါပြီ.

ကုနင်း ယောက်ျားတွေအများကြီးနဲ့မသိပေမယ့် အတွေ့ဖူးတဲ့လူနည်းစုကတင် မမေ့နိုင်စရာကောင်းတဲ့ တွေ့ဆုံမှုတွေရှိခဲ့ပါတယ်. ဒါကြောင့် ချက်ချင်းပဲ ထိုလူဘယ်သူဆိုတာကို သူမသတိရသွားတော့တယ်.

ထိုလူက တခြားသူမဟုတ်ဘဲ သူမကို အစိမ်းရောင်ဘုရင်ပေးခဲ့တဲ့လူပါ. တိုက်ဆိုင်လိုက်တာ! သူလဲဒီကိုရောက်နေတာပဲ.

ကုနင်းထိုအကြောင်းဆက်မတွေးနေတော့ဘဲနဲ့ အစားသောက်စာရင်းသို့ အကြည့်ပြန်ပို့လိုက်ပြီး သူမမှာချင်တဲ့ နှစ်မျိုးလောက်ကိုမှာလိုက်ကာ ကျိုးကျန်းဟုန်ထံပြန်ပေးလိုက်တယ်.

"ဦးလေးကျိုး, ကိုယ်တိုင်ကြိုက်တာမှာလိုက်ပါ."

ကျိုးကျန်းဟုန်လဲ ယူလိုက်ကာ နှစ်မျိုးလောက်မှာပြီး စားပွဲထိုးထံ ကဒ်ကိုပြန်ပေးလိုက်တယ်.

စားပွဲထိုးထွက်သွားတဲ့အခါမှာတော့ ကျိုးကျန်းဟုန် ချက်ချင်းပဲ စက္ကူဖိုင်တစ်ခုကိုထုတ်ပြီး ကုနင်းကိုပေးလိုက်ကာ,

"ဘော့စ်, ကျွန်တော် စာချုပ်ပြင်ဆင်ခဲ့ပါတယ်. တစ်ချက်လောက်ကြည့်ပြီး အဆင်မပြေတာရှိရင် ပြန်ပြင်ပေးပါ့မယ်."

"ကောင်းပြီလေ." ကုနင်း ပြောပြီးယူလိုက်တယ်. သူမထိုစက္ကူဖိုင်ကိုဖွင့်လိုက်ကာ အထဲမှစာကိုဖတ်လိုက်တယ်.

သူမရဲ့ ကျောက်စိမ်းမျက်ဝန်းစွမ်းအားကြောင့် စာချုပ်ကိုလျင်လျင်မြန်မြန်နဲ့ လွယ်လွယ်လေးဖတ်လိုက်လို့ရပေမယ့် ကျိုးကျန်းဟုန်ရဲ့ရှေ့မှာဖြစ်နေတာကြောင့် ဟန်ဆောင်လိုက်တယ်.

ပုံမှန်အတိုင်းပဲဖြစ်စေရန် စာရွက်တစ်ရွက်ပေါ်အချိန်ကြာကြာပိုသုံးလိုက်တယ်.

စာချုပ်က နှစ်ရွက်တည်းရှိတာကြောင့် သူမတမင်အချိန်ဆွဲဖတ်နေတာတောင်မှ နှစ်မိနစ်နေတော့အကုန်ပြီးသွားတယ်.

ကုနင်းနဲ့ ကျိုးကျန်းဟုန်တို့ကြားထဲက အလုပ်ရှင်အလုပ်သမားသဘောတူညီမှုစာချုပ်အရ ကျိုးကျန်းဟုန်သည် Jade Beautyကျောက်မြတ်ရတနာကုမ္ပဏီရဲ့ အလုပ်အမှုဆောင်ဒါရိုက်တာဖြစ်ပြီး သူ့လုပ်ပိုင်ခွင့်အကြောင်းကို အကျယ်တဝင့်ရေးသားထားတယ်. Jade Beautyကျောက်မြတ်ရတနာကုမ္ပဏီရဲ့ ရင်းနှီးငွေမှာ ယွမ်သန်း၁ရာဖြစ်ပါတယ်. ကျိုးကျန်းဟုန်က လစဉ်လစာအပြင် Jade Beautyကျောက်မြတ်ရတနာကုမ္ပဏီရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းကိုလဲ ပိုင်ဆိုမှာဖြစ်ကြောင်းတွေကို စာချုပ်ထဲ ထည့်သွင်းရေးသားထားပါတယ်.

"ကောင်းပြီလေ, ဒါအဆင်ပြေပြီလို့ ထင်တယ်." ကုနင်းပြောလိုက်ပြီးတော့ သူမနာမည်ကို ပုဂ္ဂိုလ်Aနေရာတွင်ရေးထိုးလိုက်ပြီး ကျိုးကျန်းဟုန်ကို ကမ်းပေးလိုက်တယ်. ပြီးတော့ ကျိုးကျန်းဟုန်လဲ သူ့နာမည်ကို ရေးထိုးလိုက်လေတယ်.

ကုနင်း သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုပြီး တစ်ဖက်သီးသန့်ခန်းထဲကို မနေနိုင်ဘဲ ကြည့်လိုက်တယ်. ထိုထဲတွင် သူမဓါတ်လှေကားထဲမှာမြင်ခဲ့တဲ့အဖွဲ့နဲ့ နောက်တစ်ဖွဲ့က စားပွဲတစ်ဖက်စီတွင်ထိုင်နေတာကို မြင်လိုက်ရတယ်. သူတို့နှစ်ဖွဲ့ရဲ့ ရှေ့ရှိ စားပွဲပေါ်မှာတော့ အမဲရောင်သေတ္တာနှစ်လုံးချထားတာကိုမြင်ရပါတယ်.

သူတို့က အကာအကွယ်ကောင်းတဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေရောက်နေတာကြောင့် သူတို့ဘက်က စကားတိုးတိုးပြောနေတာမဟုတ်တာတောင်မှ ကုနင်းဘာမှမကြားရပါဘူး.

သူတို့ဘာလုပ်နေတယ်ဆိုတာကိုပဲ သူမမြင်ရပါတယ်.

သူတို့သေတ္တာကို ဖွင့်လိုက်ကြတော့ တစ်လုံးတွင် အဖြူရောင်အမှုန့်ထုတ်အိတ်တွေအပြည့်ရှိနေကာ တစ်ဖက်တွင်တော့ ငွေတွေနဲ့ ရွှေချောင်းတွေအပြည့်ရှိနေတယ်.

ကြည့်ရတာ သူတို့စပြီး အရောင်းအဝယ်လုပ်နေကြပြီထင်တယ်.

သူတို့ တရားမဝင်တာတစ်ခုခုလုပ်နေတာမှန်း ကုနင်းသိနေပေမယ့် သူမဝင်မပါသင့်မှန်းလဲ သိပါတယ်.

ပြီးတော့ အနည်းဆုံးသေနတ်ကိုင်ထားတဲ့လူ၁၀ယောက်လောက်ကလဲရှိနေသေးတယ်. ကုနင်း ထိုလူတွေနဲ့ယှဉ်တိုက်ဖို့အထိ ခွန်အားအလုံအလောက်မရှိသးပါဘူး.

ဒါကြောင့် သူမအကြည့်ကို ပြန်သိမ်းလိုက်ပြီး လက်ဖက်ရည်ခွက်ကိုကိုင်ကာ တစ်ငုံလောက်သောက်နေလိုကတော့တယ်.

ထိုအခန်းနဲ့ကပ်လျက်ရှိနေတဲ့‌ နောက်ထပ် သီးသန့်ခန်းတစ်ခုတွင်တော့ လူ၃ယောက်ရှိနေကာ ထိုထဲမှ တစ်ယောက်သည်တော့ လင်ရှောင်းထင်ဖြစ်ပါတယ်.

လင်ရှောင်းထင်က အနက်ရောင်ဝတ်စုံပြည့်ကိုဝတ်ထားကာ သူ့ပုံစံက အရပ်ရှည်ပြီး အမူအရာကတော့ ကင်းမဲ့နေပါတယ်.

သူက နားကြပ်တပ်ထားပြီးဘေးခန်းက ပြောနေတဲ့စကားတွေကို နားထောင်နေရင်းနဲ့ ထိုလူတွေကိုလဲ စောင့်ကြည့်နေပါတယ်.

ထိုအချိန်တွင် လူငယ်တစ်ယောက်က လင်ရှောင်းထင်နားကို လျှောက်လာပြီးပြောလိုက်တယ်,

"ခေါင်းဆောင်, ကျွန်တော်တို့ရယ် ရန်သူတွေရယ်အပြင် ဒီအထပ်က နောက်ထပ်သီးသန့်ခန်းတစ်ခုမှာ တခြားလူတွေလဲရှိနေသေးတယ်. ကျွန်တော်တို့ ရန်သူတွေရဲ့ဘေးခန်း အခန်းနံပါ၃မှာပါ. သူတို့ကို ထွက်သွားအောင်လုပ်ဖို့ မန်နေဂျာကို ပြောထားပြီးသွားပြီ."

"ကောင်းတယ်." လင်ရှောင်းထင် ထိုလောက်သာဖြေလိုက်ပြီး ဘာမှဆက်မပြောတော့ပေ.

ဘာလို့ဆို သူတို့လဲ ရန်သူတွေရဲ့ အချိန်းအချက်လုပ်မယ်နေရာကို အစထဲကမသိထားတဲ့အတွက် နေရာကိုကြိုတင်ပြင်ဆင်မှုလဲ မလုပ်ခဲ့ရပါဘူး. သူတို့ချိန်းပြီးမှသာ ထိုပတ်ဝန်းကျင်ကို စစ်ဆေးနိုင်ခဲ့တာပါ.

ခိုးနားထောင်ဖို့တပ်တာကလဲ လင်ရှောင်းထင်ရဲ့လူတစ်ယောက်ကနေပြီး စားပွဲထိုးလိုဟန်ဆောင်ပြီး လျှို့ဝှက်ဝင်ရောက်ခဲ့လို့သာပါ.

ဒေါက် ဒေါက်

ထိုအချိန်မှာပဲ, ကုနင်းရဲ့ သီးသန့်ခန်းတွင် တံခါးခေါက်သံပေါ်လာကာ ဆွဲဖွင့်ခံလိုက်ရတယ်.

ကုနင်းက စားပွဲထိုးလို့ထင်ထားပေမယ့် အသက်၃၀လောက်ရှိတဲ့ လူနှစ်ဦးဝင်လာတာကြောင့် အံ့ဩသွားရတာကြောင့် ကုနင်းရော ကျိုးကျန်းဟုန်ပါ မျက်မှောင်ကြုတ်သွားကြတယ်.

လူတစ်ယောက်ကတော့ စိတ်မကောင်းတဲ့မျက်နှာထားနဲ့,

"တွေ့ရတာဝမ်းသာပါတယ်, မိန်းကလေး နဲ့ လူကြီးမင်း. ကျွန်တော်က ဒီဟိုတယ်ရဲ့ မန်နေဂျာပါ. အရေးပေါ်ကိစ္စတစ်ခုရှိတာကြောင့် ခင်ဗျားတို့ကို နှောက်ယှက်ရတာအတွက် တောင်းပန်ပါတယ်."

ထိုနောက် ဟိုတယ်မန်နေဂျာနဲ့အတူပါလာတဲ့လူက ကုနင်းကို အချက်အလက်တစ်ချို့ကမ်းပေးလိုက်ကာ,

"မင်္ဂလာပါ. ဒါက ကျွန်တော့်ရဲ့ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ကြောင်း ထောက်ခံချက်ပါ. ကျွန်တော်တို့ စစ်တပ်ကနေပြီး ဒီအထပ်မှာ ထမ်းဆောင်ရမယ့်တာဝန်တစ်ခုရှိပါတယ်. ဒါကြောင့် ခင်ဗျားတို့ဘေးကင်းရအောင်လို့ အပေါ်ထပ်က သီးသန့်ခန်းတစ်ခုကို ရွေ့ပေးမယ်လို့မျှော်လင့်ပါတယ်. ဒီကိစ္စအတွက် စိတ်မကောင်းပါဘူး."

ထိုစကားကို ကြားလိုက်ရတော့ ကျိုးကျန်းဟုန်က ထိတ်လန့်သွားပေမယ့် ကုနင်းကတော့ နဲနဲပဲ အံ့ဩသွားတယ်. ဘေးခန်းကလူတွေကို တစ်ခုခုလုပ်ဖို့ပဲဖြစ်ရမယ်.

ဘယ်လိုလုပ် ဒီလူက စစ်တပ်ကလူဖြစ်နိုင်မှာလဲ?

အင်းပါလေ. ဒီလူ့ပုံစံက စစ်တပ်ကလူနဲ့တော့တူပါတယ်.

"ရပါတယ်." ကုနင်းထိုကိစ္စထဲမှာ ဝင်မပါချင်တာကြောင့် ဖြေပြီးတာနဲ့ ကျိုးကျန်းဟုန်နဲ့အတူ ဟိုတယ်မန်နေဂျာရယ် စစ်တပ်အရာရှိရယ်တို့နောက်ကို လိုက်ခဲ့လိုက်တယ်.

သူတို့အခန်းထဲကနေထွက်ပြီးတာနဲ့ အခန်းနံပါတ်၄အပြင်မှာ ရပ်နေတဲ့ လူ၂ယောက်က သူတို့ကို ကြည့်လာခဲ့တယ်. ထိုအကြည့်ကြောင့် ဟိုတယ်မန်နေဂျာမှာ အထိတ်တလန့်ဖြစ်ကာ ဖြူဖျော့သွားတော့တယ်. ဘာလို့ဆို ထိုသီးသန့်ခန်းတွင် သံသယရှိတရားခံတွေရှိနေမှန်း သူသေချာသိနေတယ်လေ.

ကုနင်းနဲ့ အရာရှိကတော့ တစ်ခုခုဖြစ်တော့မယ်မှန်း သိလိုက်တယ်. ဟိုတယ်မန်နေဂျာရဲ့ အမူအရာက ထိုလူနှစ်ယောက်ရဲ့အာရုံကို စွဲဆောင်သလိုဖြစ်သွားတာကြောင့် အရာရှိလဲ ချက်ချင်းရှေ့တက်လိုက်ကာ ဟိုတယ်မန်နေဂျာရှေ့ကာရပ်လိုက်ပြီး မန်နေဂျာကို သတိပေးတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်.

ဘယ်လိုပဲဖြစ်ဖြစ် ဟိုလူနှစ်ယောက်မှာ မန်နေဂျာရဲ့မျက်နှာကို မြင်ပြီးဖြစ်တာကြောင့် တစ်ခုခုတော့မှားနေပြီမှန်းသိသွားကာ လှမ်းခေါ်လိုက်တယ်,

"နေဦး."

ဟိုတယ်မန်နေဂျာမှာ တုန်ရီနေပေမယ့် အရာရှိရဲ့သတိပေးနေတဲ့အကြည့်ကြောင့် သူ့ကိုသူ စိတ်ကိုအတင်းလျှော့လိုက်ကာ ချက်ချင်းပဲ ပုံမှန်အတိုင်းပြုံးပြလိုက်ပြီး,

"မင်္ဂလာပါ, လူကြီးမင်း. ဘာများကူညီပေးရမလဲ?" သူ့ကို ခေါ်လိုက်တဲ့လူကို မေးလိုက်တယ်.

ထိုလူနှစ်ယောက်က သိနေသလိုအကြည့်တွေပြောင်းသွားကာ သူတို့ထံကို လျှောက်လာလိုက်တယ်.

ကုနင်းနဲ့ အရာရှိတို့ကတော့ သတိကပ်ထားလိုက်ကြတယ်. တစ်ခုခုတော့မှားနေပြီမှန်းသိပေမယ့် သံသယတွေပိုပြီးမကြီးထွားလာအောင်လို့ ပုံမှန်အတိုင်းရပ်နေဖို့သာ ဆုံးဖြတ်လိုက်ကြတယ်.

ထိုလူနှစ်ယောက်က လျှောက်လာပြီးတော့ ရုတ်တရက် သေနတ်ကို ဆွဲထုတ်လိုက်ကြကာ,

"အထဲဝင်ကြ!"ဆိုပြီး တိုးတိုးတိတ်တိတ်နဲ့ အသံပြုလိုက်တယ်.

ကုနင်းနဲ့ အရာရှိမှာတော့ အေးဆေးနေကြသေးပေမယ့် သံသယပိုမဖြစ်သွားစေရန် သူတို့မျက်နှာပေါ်မှာ ကြောက်ရွံ့နေဟန် ပြုမူလိုက်တယ်.

သူတို့အားလုံး သီးသန့်ခန်းထဲကို အတင်းအကြပ်ပြန်ဝင်ခိုင်းခံလိုက်ရတယ်.

အခန်းနံပါတ်၅ လင်ရှောင်းထင်ရှိတဲ့အခန်းတွင်,

အပြင်ဘက်တွင်လဲ ကင်မရာတွေတပ်ထားတာကြောင့် ဘာတွေဖြစ်နေတယ်ဆိုတာကို သူမြင်လိုက်တယ်.

"ခေါင်းဆောင်, ကျွန်တော်တို့ ဘာလုပ်ကြမလဲ? သူတို့အရမ်းသတိထားနေကြတယ်!" ထိုလူက စိုးရိမ်စွာနဲ့ပြောလိုက်တယ်.

"စိတ်ရှည်ရှည်ထား." လင်ရှောင်းထင်ပြောလိုက်တယ်.

လင်ရှောင်းထင် ထိုလူတွေထဲက ရင်းနှီးနေတဲ့ သေးငယ်တဲ့ပုံရိပ်လေးကို မမေ့ပါဘူး. သူအနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွားကာ စိုးရိမ်သွားမိတယ်. ကြည့်ရတာ သူမလုံခြုံရေးအတွက် စိတ်ပူနေပုံပဲ.

အခန်းနံပါတ် ၃ တွင်တော့,

"မင်းငါတို့ကို မြင်တာနဲ့ ဘာလို့ ကြောက်သွားရတာလဲ?" သံသယရှိသူက ဟိုတယ်မန်နေဂျာ မေးလိုက်တယ်. သူ ဟိုတယ်မန်နေဂျာကို မှတ်မိလိုက်တာကြောင့် ပိုပြီး သတိထားနေတာပါ.

All Chapters