အခန်း (၇၆-၈၀)
Vol. 6 Ch. 76-80
အခန်း ၇၆ စားသောက်ဆိုင်ထဲမှ ပစ်ခတ်မှု
"အမ်, မဖြစ်ပါဘူး." ဟိုတယ်မန်နေဂျာက ငြင်းလိုက်တယ်. သူစိတ်ငြိမ်အောင်အတတ်နိုင်ဆုံးထိန်းပြီး ပြောပေမယ့် ကျရှုံးသွားပါတယ်. ထိုလူနှစ်ယောက်က သူ့ကို လုံးဝမယုံကြည်ပါဘူး.
"ဒီမှာ ပြဿနာရှိနေတယ်လို့ သူတို့ကိုသွားပြောလိုက်." တစ်ယောက်ကပြောလိုက်တော့ ကျန်တစ်ယောက်က လှည့်ထွက်လိုက်တယ်.
ကုနင်း ထိုလူရဲ့ သေနတ်ကိုကြည့်လိုက်တာ့ မောင်းမတင်ထားသေးဘူး. တကယ်လို့ ကုနင်းသာထိုသေနတ်ကို ဆွဲလုလိုက်မယ်ဆိုရင် ထိုလူပြန်ပစ်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး. တစ်နည်းပြောရရင်, ကုနင်း ထိုသို့လုပ်လိုက်ရင် လုံခြုံသွားမယ်.
ကုနင်း အရာရှိထံ ထိုအကြံကို အသိပေးချင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်. ခနကြာတော့ အရာရှိလဲ သဘောပေါက်သွားတယ်.
အရာရှိခဗျာအံ့ဩသွားရတယ်. ဒီမိန်းကလေး အသက်ငယ်ငယ်လေးနဲ့ လုံးဝမကြောက်ဖူးဘဲ! အရင်တောင်စပြီး တိုက်ချင်နေသေးတယ်.
အရိုးသားဆုံးပြောရရင် စစ်အရာရှိမှာ ကုနင်းရဲ့စွမ်းရည်ကို မယုံကြည်ပါဘူး. သူ အနည်းငယ် တုံ့ဆိုင်းနေပေမယ့် ကုနင်းရဲ့ ငြင်းမရနိုင်လောက်သည့် အကြည့်ကိုမြင်လိုက်ရတော့ သူ့မှာပိုပြီး ယုံကြည်ချက်ရှိလာခဲ့တယ်.
ဒါကြောင့် သူမအကြံကို သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်တယ်.
ကေင်မလေးက လူဆိုးတစ်ယောက်ရဲ့ လက်ထဲက သေနတ်ကို သတ္တိရှိရှိနဲ့ ကျွမ်းကျင်စွာပဲ ဆွဲယူလိုက်တယ်.
ကုနင်းချက်ချင်းပဲ လျှပ်စီးတစ်မျှအမြန်နှုန်းနဲ့ ထိုလူရဲ့လက်ကို ဆွဲလိုက်တဲ့အချိန် 'ခရပ်'ဆိုသောအသံနှင့်အတူ ထိုလူရဲ့လက်ကျိုးသွားခဲ့ပါတယ်.
တစ်ချိန်တည်းမှာပဲ စစ်အရာရှိကနေပြီး သူ့သေနတ်ကိုဆွဲထုတ်ကာ နောက်တစ်ယောက်ကို ပစ်လိုက်တယ်.
ထိုလူ ပထမလူဘာသံမှမထွက်နိုင်သေးခင်မှာပဲ ကုနင်းချက်ချင်း ထိုလူ့ပါးစပ်ကို တစ်ရှူးနဲ့စို့လိုက်တယ်. ပြီးတာနဲ့ လက်ကိုမြှောက်လိုက်ကာ ထိုလူရဲ့ဂုတ်ပိုးကို ရိုက်ချလိုက်တာကြောင့် ချက်ချင်းသတိလစ်သွားတော့တယ်.
စစ်အရာရှိက သေနတ်တွင် အသံတိတ်ပြောင်းကို တပ်ထားခဲ့တာကြောင့် ဘာသံမှလဲ ထွက်မသွားခဲ့ပါဘူး. သူချက်ချင်းပဲ ကျန်တဲ့နေတဲ့တစ်ယောက်ရဲ့ ခေါင်းကိုပါ သေနတ်နဲ့ပစ်လိုက်တာကြောင့် အသံတောင်မထွက်ဘဲနဲ့ လဲကျသွားရတော့တယ်.
ထိုအဖြစ်အပျက်တွေက သတိမပြုမိနိုင်လောက်အောင် မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားတာကြောင့် ထိုလူနှစ်ယောက်မှာ သူတို့ကိုယ်သူတို့ ဘာြဖစ်သွားမှန်းမသိခင်မှာပဲ အသတ်ခံလိုက်ရတော့တယ်.
ဟိုတယ်မန်နေဂျာနဲ့ ကျိုးကျန်းဟုန်တို့ကတော့ ထိတ်လန့်မှုကြောင့် မျက်လုံးတွေပြူးကျယ်နေကြကာ အိပ်မက်မက်နေတယ်လို့တောင် ထင်မိကြတယ်.
စစ်အရာရှိမှာလဲ ကုနင်းကြောင့် အံ့အားသင့်နေတုန်းပါပဲ. ဒီလိုမိန်းမငယ်လေးတစ်ယောက်က အခုလောက်ထိ ခွန်အားရှိမယ်လို့ သူမထင်ထားဘူး. သူမက သူ့လိုပဲ လျင်လျင်မြန်မြန်နဲ့ အကောင်းဆုံးလုပ်သွားနိုင်ခဲ့တယ်.
သူက စစ်ထဲဝင်တာအနည်းဆုံး၁၀နှစ်လောက်ရှိပြီဖြစ်ကာ စီနီယာအထူးကွန်မန်ဒါတစ်ယောက်ဖြစ်နေပြီး ၁၀နှစ်လုံးလုံး နတ်ဆိုးလေ့ကျင့်ရေးဆင်းခဲ့ရသူဖြစ်သည်. ဒီကောင်မလေး ဘယ်လိုလေ့ကျင့်မှုကိုများဖြတ်ကျော်ခဲ့ရတာမို့လို့လဲ? စစ်အရာရှိမှာ သူ့ဘာသာတွေးနေမိတယ်.
သူအံ့ဩနေပေမယ့် ထုတ်တော့မမေးပါဘူး. ဒါက သူ့ကိစ္စမှမဟုတ်တာ.
ဒါ့အပြင် အခုချိန်မှာ ငါးကြီးကြီးကျော်ဖို့ရှိနေသေးတယ်.(လူဆိုးဖမ်း)
"မင်းတို့ အခုထွက်သွားကြတော့!" စစ်အရာရှိကပြောလိုက်တယ်.
"နောက်ကျသွားပြီ." ကုနင်းပြောလိုက်တယ်. ဘာလို့ဆို တစ်ဖက်က သီးသန့်ခန်းကနေ လူတစ်ယောက်ထွက်လာတာကို သူမမြင်လိုက်လို့ပါ.
ထိုလူအပြင်ရောက်လာတာနဲ့ ဒီအလောင်းတွေကို တွေ့သွားတော့မှာ.
ထိုအချိန်မှာ၌ ကုနင်းဘာတစ်ခွန်းမှမပြောဘဲ အပြင်ကို ပြေးထွက်သွားတာကြောင့် အခန်းထဲက ကျန်သူတွေအားလုံး အံ့ဩသွားကြတယ်. သူမဘာလုပ်မလို့လဲဆိုတာ သူတို့လဲမသိကြပါဘူး.
ကုနင်းရဲ့ လုံခြုံမှုကို စိတ်ပူတာကြောင့် ကျိုးကျန်းဟုန်နောက်ကလိုက်ကြည့်ချင်နေတယ်. ဒါပေမယ့် သူ့ကို စစ်အရာရှိကတားလိုက်ကာ သူ့အစားစစ်အရာရှိက ကုနင်းနောက်ကို လိုက်သွားလိုက်တယ်.
တစ်ဖက်၌ ကုနင်းထွက်လာတာကို လင်ရှောင်းထင် သတိထားမိလိုက်တယ်.
ကုနင်းထွက်လာပြီဆိုတော့ အခန်းနံပါတ်၃ကလူတွေလဲ ဘေးကင်းသွားပြီမှန်း သူသိလိုက်ပေမယ့် ကုနင်းက ဘာလို့ အလောတကြီးထွက်လာရတာလဲ?
သူစိတ်ရှုပ်ထွေးနေတုန်းမှာပဲ, ကုနင်းက အခန်းနံပါတ်၄ရဲ့ တံခါးကို ဆောင့်ဖွင့်ဖို့လုပ်လိုက်တယ်. ထိုအချိန်မှာ တံခါးလဲပွင့်သွားကာ အထဲမှလူတစ်ယောက် ထွက်လာခဲ့တယ်.
ထိုလူ ကုနင်းလာနေတာကို သတိမထားမိခင်မှာပဲ ကုနင်းက သူ့ကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်တယ်. ထိုလူချက်ချင်းသတိလစ်သွားကာ ကြမ်းပြင်ပေါ်လဲကျသွားတော့တယ်. ပြီးတာနဲ့ ကုနင်း ထိုလူရဲ့သေနတ်ကို ဆွဲယူလိုက်တယ်.
ထိုမြင်ကွင်းကို မြင်တော့ စခရင်ပေါ်ကကြည့်နေကြတဲ့ လင်ရှောင်းထင်နဲ့ သူ့လူတွေအပါအဝင် ကုနင်းနောက်ကို လိုက်လာတဲ့ စစ်အရာရှိပါ ထိတ်လန့်သွားကြတော့တယ်.
အခုတော့ ကုနင်းနောက်ကျသွားပြီလို့ ဘာကြောင့်ပြောမှန်း သူတို့နားလည်သွားကြပါပြီ.
ဒါပေမယ့် ဒီလူထွက်လာမယ်လို့ သူမဘယ်လိုလုပ်သိတာလဲ?
ကုနင်းဘေးကင်းတာကို သိတော့မှ လင်ရှောင်းထင်လဲ စိတ်အေးသွားတော့တယ်. အခုချိန်ကစပြီး သူတို့လှုပ်ရှားရမယ့်အလှည့်ပဲ.
သူတို့သုံးယောက် ချက်ချင်းပဲ ထွက်လာလိုက်ကြတယ်.
လင်ရှောင်းထင်ရဲ့ မျက်လုံးတွေကို မတော်တဆ ကုနင်းဖြတ်ကနဲမြင်လိုက်ရတယ်. သူ့ရဲ့ အေးစက်ခန့်ညားတဲ့မျက်နှာကို မြင်လိုက်ရတော့ ကုနင်းရဲ့နှလုံးသား တစ်ချက်ခုန်သွားတယ်. ဒါပေမယ့် အခုချိန်က ခန့်ညားယောက်ျားတစ်ယောက်ကို အရသာခံကြည့်နေဖို့ အချိန်ကောင်မဟုတ်သေးမှန်း သူမသိပါသေးတယ်.
"သီးသန့်ခန်းထဲ ပြန်ဝင်နေလိုက်." လင်ရှောင်းထင် ကုနင်းကိုပြောလိုက်တယ်.
"ကျွန်မကိုယ် ကျွန်မကာကွယ်နိုင်တယ်." ကုနင်းပြန်ဖြေလိုက်ပြီး ပြန်တော့မသွားပါဘူး.
လင်ရှောင်ထင် မျက်မှောင်အနည်းငယ်ကြုတ်သွားတယ်. သူသိပ်တော့ မကျေနပ်ပေမယ့် ဘာမှထပ်မပြောနေတော့ပါဘူး. သူဒီမှာရှိနေသ၍ ဒီကောင်မလေးကို ကာကွယ်ပေးနိုင်မယ်လို့လဲ ယုံကြည်ချက်ရှိနေလို့ပါ. တခနအတွင်းမှာပဲ လင်ရှောင်းထင်နဲ့ သူ့လူတွေ အခန်းနံပါတ်၄ထဲသို့ပြေးဝင်သွားကာ သေနတ်တွေနဲ့ ပစ်ခတ်ကြတော့တယ်.
သေနတ်သံကို ကြားလိုက်ရတာကြောင့် အဆောက်အဦးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြကာ ထွက်ပြေးတဲ့သူတွေပြေး ပုန်းတဲ့သူတွေပုန်းနဲ့ ယောက်ယက်ခတ်ကုန်ကြတယ်.
ကျိုးကျန်းဟုန်နဲ့ ဟိုတယ်မန်နေဂျာတို့မှာတော့ ကြောက်လို့ စားပွဲခုံအောက်ကို ဝင်ပုန်းကြလေတယ်.
ကျိုးကျန်းဟုန် ကုနင်းကို စိတ်ပူပေမယ့်လို့ အပြင်တော့မထွက်ရဲပါဘူး. ဒါ့အပြင် ကုနင်းက သတိပေးထားတာကြောင့် မထွက်တာလဲပါပါတယ်.
မကြာခင်မှာပဲ သေနတ်သံတွေရပ်တန့်သွားခဲ့တယ်.
ထိုအချိန်မှာပဲ အောက်ထပ်မှ ရဲကားသံတွေပေါ်လာကာ ရဲတွေရောက်လာပြီး မှုခင်းနေရာကို ရှင်းလင်းကြတော့တယ်.
ကုနင်းအခန်းထဲကို လိုက်မဝင်သွားခဲ့ပေမယ့် သူမရဲ့ကျောက်စိမ်းမျက်ဝန်းကြောင့် ဘာတွေဖြစ်နေလဲဆိုတာကို မြင်နေရပါတယ်.
လင်ရှောင်းထင်မှာ သူအပါအဝင်လူသုံးယောက်ရှိပြီး ကျန်တစ်ဖက်ကတော့ လူ၇ယောက် ၈ယောက်ခန့်ရှိတယ်. သံသယရှိသူမှာတော့ လင်ရှောင်းထင်နဲ့ သူ့လူတွေပေါ်လာတာက လုံးဝမမျှော်လင့်ထားတာကြောင့် ပြန်တုံ့ပြန်ဖို့နှောင့်နှေးနေကြကာ အသတ်ခံလိုက်ကြရတော့တယ်.
ပြီးတော့ လင်ရှောင်းထင်နဲ့ သူ့လူတွေကတော့ ဘေးကင်းခဲ့ပါတယ်.
သူတို့က အရမ်းကို တော်ကြတာပဲ.
မစ်ရှင်က ပြီးသွားတာတောင်မှ လင်ရှောင်းထင်နဲ့ သူ့လူတွေမှာ ချက်ချင်းထွက်မသွားသေးဘဲ ရဲလက်ကို အပ်ပြီးတဲ့အထိစောင့်နေလိုက်တယ်.
ကုနင်းလဲ သူမသီးသန့်ခန်းသို့ ပြန်သွားလိုက်ကာ ကျိုးကျန်းဟုန်နဲ့ ဟိုတယ်မန်နေဂျာကို အကုန်အဆင်ပြေသွားပြီဖြစ်ကြောင်းပြောပြလိုက်တယ်.
"ဘော့စ်, အဆင်ပြေရဲ့လား?" ကုနင်းရဲ့အသံကိုကြားတာနဲ့ ကျိုးကျန်းဟုန် ချက်ချင်းပဲ စားပွဲအောက်ကနေပြီး ဟိုတယ်မန်နေဂျာနဲ့အတူ ထွက်လာခဲ့လိုက်တယ်.
ဒါကိုမြင်တော့ ကုနင်းရယ်ချင်သွားပေမယ့် သူတို့ကိုဟာသလုပ်ချင်တဲ့ ရည်ရွယ်ချက်တော့မရှိပါဘူး.
ဒါက သေနတ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် လူတွေကြောက်ကြမယ်ဆိုတာကို နားလည်ပေးနိုင်ပါတယ်.
"ကျွန်မအဆင်ပြေပါတယ်." ကုနင်းပြန်ဖြေလိုက်တယ်.
"မန်နေဂျာ, ဒီကိစ္စတွေဖြစ်ထားတာဆိုတော့ ရှင် ဆိုင်ကို ခနလောက်ပိတ်ထားစေချင်တယ်. ဒီမှာ ရှင့်ကို ကျွန်မတို့ အနှောက်အယှက်မဖြစ်စေချင်ဘူး." ကုနင်းပြောလိုက်တယ်.
"ဟုတ်တာပေါ့, ဟုတ်တာပေါ့. ဒီလိုတွေဖြစ်သွားတာအတွက် မိန်းကလေးကိုတောင်းပန်ပါတယ်. အိုး, ကျွန်တော့်အသက်ကိုကယ်ပေးခဲ့တာအတွက်လဲ ကျေးဇူးတင်ပါတယ်." ကုနင်း သူ့အသက်ကို ကယ်ပေးခဲ့တာအတွက်လဲ မန်နေဂျာမမေ့ပဘူး.
ထို့နောက်, ကုနင်းလဲ ကျိုးကျန်းဟုန် အလန့်ပြေတော့မှ အပြင်ကို အတူတူထွက်လာခဲ့လိုက်ကြတယ်.
"ခနလေးနေပါဦး"
သူတို့အဝေးကိုမရောက်ခင်မှာပဲ လင်ရှောင်းထင်က သူတို့ကိုတားလိုက်တယ်.
"ဆာရ်, ဘာဖြစ်လို့ပါလဲ?" ကုနင်းလှည့်ပြီးမေးလိုက်ကာ လင်ရှောင်းထင် သူမထံလျှောက်လာတာကို သူမရဲ့ကြီးမားတောက်ပတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေမိတယ်. သူမအသံက ဆွဲဆောင်မှုရှိပြီး ယောက်ျားတိုင်းကို နူးညံ့ပျော့ပြောင်းသွားစေတယ်. လင်ရှောင်းထင်ရဲ့နှလုံးသားလဲ တစ်ချက်ထခုန်သွားတယ်. ဒီကောင်မလေး တော်တော်ချစ်ဖို့ကောင်းတာပဲ!
ဒါပေမယ့် ထိုခံစားချက်တွေကို ချက်ချင်းဖယ်ထုတ်လိုက်တယ်.
လင်ရှောင်းထင် ကုနင်းထံသို့ရောက်လာကာ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး,
"စစ်တပ် ဒါမှမဟုတ် ရဲဝန်ထမ်းမဟုတ်ရင် ကိုယ်ပိုင် သေနတ်ကိုင်ခွင့်မရှိဘူး. ရှာတွေ့တာနဲ့ ဥပဒေမလိုက်နာမှုနဲ့ အဖမ်းခံရလိမ့်မယ်."
လူတိုင်းထိတ်လန့်သွားကြတယ်.
ဘာလဲ? ဒီမိန်းကလေးမှာ သေနတ်ရှိနေတာလား?
...................P76End.....................
ဖီးနစ်သွေးစက်
အခန်း ၇၇ သူမမှာ နောက်ထပ်သေနတ်တစ်လက်ရှိနေတယ်
သူတို့ ကုနင်းသံသယတရားခံရဲ့သေနတ်ကို ဆွဲယူလိုက်တာကို သတိထားမိလိုက်ပေမယ့် ပြန်တော့မပေးခဲ့ပါဘူး.
ကုနင်းက သူတို့အတွက်အကူညီအကြီးကြီးပေးခဲ့တကြောင့် အမြင်ကောင်းရှိနေ၍ အများကြီးတွေးမနေတော့ဘဲ ကောင်မလေးက သေနတ်အကြောင်းစိပ်စုချက်လို့ ယူထားတာလို့ပဲ ယုံကြည်နေကြတယ်.
ကုနင်းပထမတော့ တုံ့ဆိုင်းသွားပေမယ့် သူမကျောပိုးအိတ်ထဲက သေနတ်ကိုထုတ်ပြီး လင်ရှောင်းထင်ကိုပစ်ပေးလိုက်ကာ,
"ရှင့်ကိုတော့ ဖုံးကွယ်ထားလို့မရဘူးဘဲ, ဟ-ဟ." ဆိုပြီး ကုနင်းပြောလိုက်တယ်.
ကုနင်း သေနတ်ကို သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲကို ထည့်ခွင့်မရလိုက်တာကြောင့် တကယ်လို့ သူသာ သူမကိုယ်ပေါ်ရှာချင်တယ်ဆိုရင် ဖွက်လို့မရပါဘူး. ဒါကြောင့် သူ့ကို ပြန်ပေးလိုက်တာပါ.
"ဦးလေးကျိုး, သွားကြရအောင်." ကုနင်းလဲ အခုထိ စိတ်ပျံ့လွင့်နေသေးတဲ့ ကျိုးကျန်းဟုန်ကိုခေါ်လိုက်တယ်.
ထိုတော့မှ ကျိုးကျန်းဟုန်လဲ ကုနင်းနောက်ကို လိုက်သွားတော့တယ်.
ကုနင်းလမ်းထောင့်အထိ ဝင်ရောက်ပျောက်ကွယ်သွားတော့မှ လင်ရှောင်းထင်လဲ အခန်းနံပါတ်၃တွင်လဲနေတဲ့ သံသယရှိသူတစ်ယောက်ကို ရှာတွေ့သွားတယ်. တစ်ခုခုလွဲနေတယ်လို့ သူခံစားလိုက်ရတာကြောင့် ထိုသံသယရှိသူရဲ့ ခန္ဓာကိုယ်နားကို လျှောက်သွားကာ ရှာဖွေလိုက်တယ်.
သေချာပေါက် ကုနင်း နောက်ထပ်သေနတ်တစ်လက်ကို ထိုသံသယရှိသူဆီကနေပြီး ယူသွားခဲ့ပါတယ်.
တကယ်လို့ ကုနင်းမှာသာ နောက်ထပ်တစ်လက်ရှိမနေဘူးဆိုရင် အရင်တစ်လက်ကို လင်ရှောင်းထင်ထံပေးမှာမဟုတ်ပါဘူး.
လင်ရှောင်းထင် စိတ်ရှုပ်သွားပေမယ့် စိတ်တော့မတိုခဲ့ပါဘူး. ကုနင်း အန္တရာယ်များတာတွေဘာမှမလုပ်လောက်ဘူးလို့ သူယုံကြည်တာကြောင့် နောက်ကနေ လိုက်မဖမ်းနေတော့ပါဘူး. ထိုအစား ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကိုသာ အာရုံစိုက်ထားလိုက်တယ်.
ပြီးတော့ ကုနင်းက မြို့တော်Fရဲ့ အမှတ်သုံးအထက်တန်းကျောင်းက ကျောင်းသူတစ်ယောက်မှန်းလဲ သူသိထားတာကြောင့် ဘယ်ချိန်ဖြစ်ဖြစ် သူမကို လိုက်ရှာနိုင်ပါတယ်.
"ဘော့စ်, အရမ်းမိုက်တယ်." ဟိုတယ်ကထွက်လာတော့ ကျိုကျန်းဟုန်လဲ အလန့်ပြေသွားကာ ပြောလိုက်တယ်. အခုဆို သူမကို ပိုလို့တောင် လေးစားနေမိပါပြီ.
ကုနင်းက အသက်၁၈နှစ်ကျော်ပဲရှိသေးတာလေ!
"ကျွန်မသာ ဘာမှမလုပ်နိုင်တဲ့လူဆိုရင် ဒီလိုမျိုး လွတ်လွတ်လပ်လပ်လျှောက်သွားရဲမှာမဟုတ်ဘူး." ကုနင်းပြောလိုက်တယ်.
"မှန်တာပေါ့." ကျိုးကျန်းဟုန်လဲ ကုနင်းစကားကို သဘောတူလိုက်တယ်. ကုနင်းက ကျောက်အလောင်းအစားလုပ်တဲ့နေရာမှအရမ်းထူးချွန်တာကြောင့် ကုနင်းက သာမာန်မဟုတ်မှန်း အစကတည်းက ယုံကြည်ပြီးသာပါ. ဒါတောင်မှ ဒီနေ့ထပ်ပြီးတော့ အံ့ဩစရာကောင်းစရာကိစ္စကို ထပ်တွေ့ခဲ့သေးတယ်.
"အိုး, ဟုတ်သားပဲ. ဘော့စ် ဘာစားချင်လဲ? ကျွန်တော်တို့ အခုထိဘာမှမစားရသေးဘူးလေ." ကျိုးကျန်းဟုန် မေးလိုက်တယ်.
ကုနင်း ခနလောက်စဉ်းစားပြီးတော့မှ, "ဟော့ပေါ့သွားစာကြရအောင်!"
"ကောင်းပြီလေ." ကျိုးကျန်းဟုန်ပြန်ဖြေလိုက်တယ်. ပြီးတာနဲ့ စားသောက်တန်းကို သွားလိုက်တယ်.
စားပြီးသောက်ပြီးတော့ နေ့လည် ၁၂နာရီခွဲရှိသွားပါပြီ. ကုနင်းလေယာဉ်က ၂နာရီမှာစီးရမှာကြောင့် အခုထဲက လေဆိပ်ကို သွားဖို့လိုပါတယ်.
သူမမထွက်သွားခင် ကျိုးကျန်းဟုန်ကို ယွမ်၁သန်းအတွင်း အဆင်ပြေမယ့်ကားတစ်စီးလောက်ဝယ်ထားရန်မှာလိုက်တယ်.
ပြောပြီးတော့မှ ကုနင်းထွက်သွားလိုက်တယ်.
လေဆိပ်သို့သွားနေစဉ်, အာဏာရှိတဲ့လူတစ်ယောက်ယောက်နေတစ်ဆင့် အိမ်ဝယ်မယ်ဆို ပိုမြန်မယ်လို့ တွေးမိလိုက်တယ်. မြို့တော်Gမှာ သူမသိသလောက်လူတွေထဲတွင် အန်ချင်းနဲ့ ချင်ယီဖန်းတို့သာ ယုံကြည်ရလေတယ်.
အရင်ဆုံး ချင်ယီဖန်းကိုပဲ ကုနင်းရွေးချယ်လိုက်တယ်. သူမ အန်ချင်းရဲ့ နောက်ခံကိုလဲမသိသေးသလို သူမကို ကူညီနိုင်လောက်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာလဲ မသေချာပါဘူး.
ဒါကြောင့် ချင်ယီဖန်းကိုပဲ ကုနင်းဖုန်းခေါ်လိုက်တယ်.
တစ်ချိန်တည်းမှာပဲ ချင်ယီဖန်းက လီကျန်းယီနဲ့အတူ ကော်ဖီဆိုင်တစ်ဆိုင်တွင် ထိုင်နေတယ်.
ချင်ယီဖန်းက ပုံမှန်ဆိုရင် ရင့်ကျက်တည်ငြိမ်တဲ့သူတစ်ယောက်ပေမယ့် ကုနင်းပါလာပြီဆိုတာနဲ့ အရမ်းကို တက်ကြွလာတယ်.
ကုနင်းဆီက ဖုန်းဝင်လာတာနဲ့ ချင်ယီဖန်း ပျော်ရွှင်သွားကာ နှုတ်ခမ်းစွန်းလေးတွေတောင် ကော့တက်သွားကြတယ်,
"ကုနင်း, ဘာကိစ္စရှိလို့လဲ?" ချိုချိုသာသာလေးနဲ့မေးလိုက်တယ်.
လီကျန်းယီမှာ ချင်ယီဖန်းရဲ့ အမူအရာတွေကို တွေ့လိုက်တော့ မကျေမနပ်ဖြစ်သွားတယ်.
ကုနင်းကို ချင်ယီဖန်းဒီလောက်တောင် သဘောကျတာလား?
ကုနင်းကို သူမုန်းပေမယ့် သူမကသာမာန်မိန်းကလေးတစ်ယောက်မဟုတ်မှန်းတော့ သူအသိအမှတ်ပြုပါတယ်.
သူမက ကြည့်ကောင်းပြီး, မယုံကြည်နိုင်လောက်အောင်ကံကောင်းတဲ့အပြင် ကျောက်အလောင်းအစားလုပ်ရာမှာလဲ စွမ်းရည်ရှိတယ်.
ပြီတော့ မနေ့ကလီကျန်းကျန်း အိမ်ကို အထိတ်တလန့်နဲ့ ပြန်ရောက်လာခဲ့တာကြောင့် သူမ ကုနင်းကို သင်ခန်းစာပေးဖို့ လူဆိုးတွေငှားခဲ့တာကို သူသိခဲ့ရတယ်.
မမျှောင့်လင့်ထားဘဲ ကုနင်းကတော့ လုံးဝအဆင်ပြေနေတဲ့အပြင် လျို့ရဲ့ဖုန်းနဲ့တောင် လီကျန်းကျန်းကို ဆက်ကာ ခြိမ်းခြောက်လိုက်သေးတယ်.
ပထမတော့ လျို့က ကုနင်းရဲ့ငွေကို ယူလိုက်တာကြောင့် ဖြစ်ရမယ်လို့ သူထင်လိုက်မိတယ်. သူနဲ့ လျို့ အဆက်အသွယ်ရှိပေမယ့် အရမ်းတော့မရင်းနှီးကြဘူး. ဒါ့အပြင် လျို့က ငွေပေးရင်ဘာမဆိုလုပ်မယ့် လူဆိုးတစ်ယောက်ဖြစ်တာကြောင့် လီကျန်းကျန်းကို ငွေကြောင့်ပဲသစ္စာဖောက်သွားတာပဲဖြစ်ရမယ်ပေါ့.
ဒါပေမယ့် မနက်က သူစုံစမ်းကြည့်လိုက်တော့ လျို့နဲ့ သူ့လူတွေက ကုနင်းကြောင့် ဒဏ်ရာရကာ အားလုံးဆေးရုံရောက်နေကြတာပါပဲ.
လီကျန်းယွီ လုံးဝထိတ်လန့်သွားရတယ်.
ဒီဆယ်ကျော်သက်ကောင်မလေးရဲ့ခွန်အားက သူစိတ်ကူးကိုတောင် ကျော်လွန်နေပြီး လက်ခံဖို့တောင် ခက်ခဲပါတယ်. ဒါပေမယ့် ကုနင်းရဲ့ နောက်ခံနဲ့ပတ်သတ်ပြီးတော့လဲ သူစိတ်ရှုပ်ထွေးနေစဲပါ.
သူမက သာမာန်မိသားစုလေးကပဲဆိုရင်တော့ သူမကို ဂရုစိုက်နေမှာမဟုတ်ဘဲ အင်အားကြီးချမ်းသာတဲ့မိသားစုကဖြစ်နေရင်တော့ သူ့မိသားစုကောင်းစားဖို့အတွက် ပြန်စဉ်းစားမှရပါတော့မယ်.
ဒါကြောင့် ကုနင်းကို အရင်ဆုံး အကဲဖြတ်ဖို့ လီကျန်းယွီဆုံးဖြတ်လိုက်တယ်.
ကံကောင်းစွာပဲ လူဆိုးတွေရဲ့နောက်ကွယ်က လီကျန်းကျန်းမှန်း ကုနင်းသိတာတောင်မှ သက်သေမရှိတာကြောင့် ကုနင်း သူ့ညီမကို တရားစွဲမှာ လီကျန်းယွီ စိုးရိမ်စရာမလိုပါဘူး.
"အဲ့ဒါက ကျွန်မ အပြင်အဆင်ကောင်းကောင်းရှိပြီးသား ဖန်ဟွားအဆင့်မြင့်အိမ်ရာက အိမ်နှစ်လုံးလောက်လိုချင်လို့. ရှင့်မှာ အဲ့အိမ်မြန်မြန်ရအောင်လုပ်ပေးနိုင်မယ့် အသိတစ်ယောက်ယောက်များရှိလား?" ကုနင်းမေးလိုက်တယ်.
ချင်ယီဖန်း ပျော်ရွှင်စွာနဲ့ပဲ ပြန်ဖြေလိုက်တယ်,
"မင်း မေးတဲ့လူမှန်သွားပြီ! ငါ့မှာ ဖန်ဟွားအိမ်ရာအရောင်းမန်နေဂျာ သူငယ်ချင်းတစ်ယောက်ရှိတယ်. မင်းအတွက် နေရာကောင်းကောင်းရွေးပေးဖို့နဲ့ ဈေးများများလျှော့ပေးဖို့ ငါခနနေ လှမ်းအကူအညီတောင်းလိုက်မယ်."
ကုနင်းမှ ယွမ်သန်း၁ရာမကပိုင်ဆိုင်တယ်ဆိုတာ ချင်ယီဖန်းသိပြီးသားဖြစ်တာကြောင့် ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာ အိမ်ဝယ်ချင်တယ်ကြားတာကို မအံ့ဩတော့ပါဘူး.
ဒါ့အပြင်, ကုနင်းက သူ့ကို အကူအညီတောင်းတာကြောင့် ဂုဏ်တောင်ယူနေမိတယ်.
"ကောင်းလိုက်တာ, ကျေးဇူးအများကြီးတင်ပါတယ်." ကုနင်းလဲ ချင်ယီဖန်းရဲ့ ကြင်နာမှုကို လက်ခံလိုက်တယ်. သူမဈေးလျှော့ပေးတာအထိမလိုအပ်ပေမယ့် မငြင်းနေတော့ပါဘူး.
"ရပါတယ်. ငါပြောပြီးသွားရင် သူ့ဖုန်းနံပါတ် မင်းကိုပို့ပေးမယ်." ချင်ယီဖန်းပြောလိုက်တယ်.
"ကျေးဇူးပဲ." ကုနင်းပြောလိုက်ပြီးတော့ သူမဖုန်းချလိုက်ခါနီးချိန်မှာပဲ နောက်ကိစ္စတစ်ခုကို သတိရသွားတယ်.
"အိုး, ကျွန်မမေ့တော့မလို့. အခု ကျွန်မမှာ မြစိမ်းကျောက်တစ်တုံးရှိတယ်. အဲ့ဒါနဲ့ ကျွန်မမိသားစုအတွက် လက်ဝတ်ရတနာနည်းနည်းလောက်လုပ်ချင်တာ. ဒါကို ယိချိုင်ကျောက်စိမ်းဆိုင်ကို အပ်ဖို့စီစဉ်ထားတာ, မြို့တော်Fပြန်ရောက်ရင် အဲ့ကိစ္စလေးလဲ ကူညီပေးပါဦးနော်."
"ဘာ? မင်းနောက်ထပ်ကျောက်စိမ်းတစ်ဖြတ်လိုက်သေးတာလား? ဘာအမျိုးအစားလဲ?" ချင်ယီဖန်း ကျောက်စိမ်းအကြောင်းကြားတာနဲ့ သူ့ခုံကနေတောင် ထခုန်မိတော့မတတ်ဖြစ်သွားတယ်.
သူ့ကို ဘယ်သူမှအပြစ်တင်လို့မရပါဘူး. ကုနင်းမနေ့က ကျောက်စိမ်းနှစ်တုံးဖြတ်ထားတာကတင် အံ့အားသင့်စရာဖြစ်နေပြီလေ. ဒါပေမယ့် သူမက နောက်ထပ်တောင် ထပ်ဖြတ်နိုင်လိုက်သေးတယ်.
ထိုကျောက်စိမ်းကနေပြီး သူမမိသားစုအတွက် လက်ဝတ်ရတနာလုပ်ပေးချင်တယ်ဆိုတော့ သေချာပေါက် အဆင့်မြင့်ကျောက်စိမ်းပဲဖြစ်ရမယ်!
"ရှင်ပြန်ရောက်ရင်တွေ့ပါလိမ့်မယ်. သေချာပေါက် သာမာန်တော့မဟုတ်ဘူး." ကုနင်းတမင် လျှို့ဝှက်ထားလိုက်တယ်.
ချင်ယီဖန်းကတော့ သူ့ကိုယ်ပေါ် ရေခဲရေတစ်ပုံးလောင်းချခံလိုက်ရသလိုမျိုး ခံစားလိုက်ရပြီး စိတ်လှုပ်ရှားကာ အရမ်းသိချင်နေမိတယ်. ဒါကြောင့် သူမကျေမနပ်နဲ့,
"မင်းဘယ်လိုလုပ် ငါ့အပေါ်ဒီလိုလုပ်နိုင်ရတာလဲ! ဘာအမျိုးအစားလဲ သိဖို့မစောင့်နိုင်တော့ဘူး. မနက်ဖြန်မနက် ချက်ချင်းပြန်လာခဲ့မယ်."
"ရှင့်ရဲ့အလုပ်ကိုပဲ အရင်ပြီးစီးအောင်ဆက်လုပ်ပါဦး! တော်ပြီ, ကျွန်မလေဆိပ်ရောက်တော့မယ်. တာ့တာ." ကုနင်းပြောလိုက်တယ်.
...................P77End.....................
ဖီးနစ်သွေးစက်
အခန်း ၇၈ အိမ်တွေဝယ်ပြီ
"ဒါဆိုလဲ ဂရုစိုက်သွား." ကုနင်း ဒီနေ့ပြန်မယ်ဆိုတာ ချင်ယီဖန်းသိပြီးသားဖြစ်တာကြောင့် သူမအခု လေဆိပ်သွားနေတယ်ဆိုတာကို အံ့ဩမနေတော့ပါဘူး.
ချင်ယီဖန်း ဖုန်းချပြီးသွားတော့ လီကျန်းယွီက အဓိပ္ပါယ်ပါပါတစ်ချက်ကြည့်ကာ မေးလိုက်တယ်,
"မင်း မိန်းကလေးကုနင်းအပေါ်ထားတဲ့အမြင်ကတော်တော် ကွဲတာပဲ. ငါ့ကို အမှန်အတိုင်းပြောစမ်းပါ. မင်းသူ့ကို ကြိုက်နေတာလား?"
ချင်ယီဖန်း ဆွံ့အသွားရတယ်. သူ ကုနင်းကို သဘောကျပေမယ့် ကြိုက်နေတာလားဆိုတာတော့ သူကိုယ်တိုင်တောင်မသိပါဘူး.
သူမနဲ့ ရှိနေတဲ့အချိန်တိုင်း ပျော်ရွှင်ပြီး သက်သောင့်သက်သာ ခံစားရရုံပါ.
"ငါမသိဘူး." ချင်ယီဖန်း သူကိုယ်တိုင်တောင်မသိတာကြောင့် မသေမချာပဲပြန်ဖြေလိုက်တယ်.
သူဘယ်လိုပဲ မရေမရာဖြေပါစေ သူမကို တကယ်ကြိုက်တာပါပဲ.
ထိုစကားကိုကြားလိုက်ရတော့ လီကျန်းယွီစိတ်ပျက်သွားပေမယ့် ဘာမှတော့မပြောပါဘူး.
ချင်ယီဖန်းက လီကျန်းကျန်းကို ညီမလေးတစ်ယောက်လိုသာ ဆက်ဆံမှန်း လီကျန်းယွီသေချာသိထားပါတယ်. ချင်ယွီဖန်းက သူမကို လက်မထပ်ချင်ပေမယ့် လီကျန်းယွီကတော့ မျှော်လင့်ချက်ထားနေတုန်းပါပဲ.
ချင်ယီဖန်းရဲ့မိဘတွေက လီကျန်းကျန်းသဘောကျကြပါတယ်. သူတို့လဲ ချင်ယီဖန်းနဲ့ လီကျန်းကျန်းတို့ကို လက်ထပ်စေချင်ကြပေမယ့် ချင်ယီဖန်းရဲ့ ရွေးချယ်မှုကိုလဲ အလေးထားပါတယ်.
ဒါကြောင့် လီမိသားစုက မိသားစုနှစ်ခုဆက်ဆံရေးကောင်းစေရန်အတွက်နဲ့ ချင်ယီဖန်းကို လီကျန်းကျန်းနဲ့ အတင်းအကျပ်လက်ထပ်ဖို့ မတိုက်တွန်းပါဘူး.
ချင်ယီဖန်း ချက်ချင်းပဲ ကုနင်းကို ကူညီပေးရန် သူ့သူငယ်ချင်းဆီ ဖုန်းခေါ်လိုက်တယ်.
တစ်ချိန်တည်းမှာပဲ, တီဗီပေါ်တွင် စားသောက်ဆိုင်မှာဖြစ်ခဲ့တဲ့ ကိစ္စကို ထုတ်လွှင့်ပြသနေတာကြောင့် လူတိုင်းအံ့အားသင့်နေကြတယ်.
ကုနင်းကို သတင်းမှာ မဖော်ပြခဲ့ပါဘူး.
ထိုတိုက်ပွဲတွင်ကုနင်းရဲ့ အကူအညီတွေအများကြီးပါဝင်ခဲ့ပေမယ့် ကျန်တဲ့လူဆိုးတွေဘက်မှ သူမကို လက်စားချေလာမှာကို လင်ရှောင်းထင်စိုးရိမ်နေမိတယ်.
ဒါကြောင့် ကုနင်းနာမည်ကို ထည့်မပြောရန် သူအမိန့်ပေးထားခဲ့တာပါ.
၃နာရီ၁၅မိနစ်တွင် လေယာဉ်က မြို့တော်Fရဲ့လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါတယ်. ကုနင်း သူမဖုန်းကို စစ်ကြည့်လိုက်တော့ ချင်ယီဖန်းထံမှ စာတစ်စောင်ဝင်နေတာကို တွေ့လိုက်ရတယ်.
ချင်ယီဖန်းက ကိစ္စအားလုံးစီစဉ်ပြီးပြီဖြစ်ကြောင်းပြောထားတာဖြစ်ပြီး သူ့သူငယ်ချင်းကိုဆက်သွယ်ရန် နာမည်နဲ့ ဖုန်းနံပါတ်တွေပါပို့ပေးထားပါတယ်. ထိုလူရဲ့နာမည်က ဝေ့ကျီယွဲ့ဖြစ်ပါတယ်.
ကုနင်းလဲ ချင်ယီဖန်းထံကျေးဇူးတင်ကြောင်း စာပြန်ပို့ပေးလိုက်တယ်.
ကုနင်း လေဆိပ်ကနေထွက်လာရင်း ကုမန့်ကို ဖုန်းခေါ်လိုက်ကာ သူမပြန်ရောက်ပြီဆိုပေမယ့် ဆေးရုံကို မလာခင် အိမ်သွားကြည့်ဦးမယ့်အကြောင်းပြောလိုက်တယ်.
ကုနင်း တက္ကစီတစ်စီးငှားကာ ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ တန်းသွားလိုက်တယ်.
သွားတဲ့လမ်းမှာပဲ ဝေ့ကျီယွဲ့ကို ဖုန်းခေါ်လိုက်ကာ သူမလာမယ့်အကြောင်းရယ် ဘာလိုချင်တယ်ဆိုတာရယ်ကို ယဉ်ယဉ်ကျေးကျေးပဲပြောလိုက်တယ်.
ဝေ့ကျီယွဲ့ဘက်ကလည်း ဒီလိုအကျိုးအမြတ်ရမယ့် ကိစ္စကို သေချာပေါက်မငြင်းပါဘူး. ဒါ့အပြင်, ကုနင်းကို သူ့သူငယ်ချင်းကောင်းမှ မိတ်ဆက်ပေးထားတာဖြစ်တာကြောင့် ပိုပြီးတော့ကို သဘောကောင်းကောင်းဆက်ဆံပေးတာပေါ့.
"တွေ့ရတာဝမ်းသာပါတယ်. ဒီဘက်က မိန်းကလေးကုများလား?"
ကုနင်း အရောင်းပြခန်းထဲကို ဝင်သွားတော့ အသက်၃၀လောက်ရှိတဲ့ အမျိုးသားတစ်ယောက်က သူမကိုနှုတ်ဆက်လာတယ်.
ဝေ့ကျီယွဲ့က ကုနင်းသည် ၁၈နှစ်အရွယ်လှပတဲ့ကောင်မလေးတစ်ယောက်မှန်းသိထားပြီး ဒီနားတစ်ဝိုက်မှာလဲ တခြားမိန်းမငယ်လေးတွေမရှိတာကြောင့် ကုနင်းဝင်လာတာနဲ့ သူမပဲဖြစ်မယ်ဆိုတာ ရာနှုန်းပြည့်သေချာသွားတော့တယ်.
သူ့ရဲ့ ဝယ်သူက မိန်းမငယ်လေးတစ်ယောက်မှန်းသိထားတာတောင်မှ ကုနင်းနဲ့ လူချင်းတွေ့လိုက်ရတော့ အံ့အားသင့်သွားရတယ်. ဒီမိန်းကလေးက ငယ်ငယ်လေးနဲ့ အိမ်၂လုံးတောင် ဝယ်ချင်တာလား!
သူမကို ချင်ယီဖန်းက မိတ်ဆက်ပေးထားတာဆိုတော့ သေချာပေါက် အရမ်းချမ်းသာလို့ပဲဖြစ်ရမယ်.
ဘယ်လိုပဲဖြစ်ဖြစ် ဝယ်သူတစ်ယောက်ဝင်လာပြီဆိုတာနဲ့ တစ်ဖက်လူက ချင်းသာသည်ဖြစ်စေ မချမ်းသာသည်ဖြစ်စေ သူ့ဘက်က ယဉ်ယဉ်ကျေးကျေးပဲဆက်ဆံရမှာပါ. ဒါက ဒီလိုဝန်ဆောင်မှုလုပ်ငန်းမှုလုပ်ကိုင်တဲ့ လူတွေရဲ့အခြေခံအရည်အချင်းပါပဲ.
"ကျွန်မက ကုနင်းပါ. ရှင်က လူကြီးမင်းဝေ့ပဲဖြစ်ရမယ်." ကုနင်းဖြေလိုက်တယ်.
"ဟုတ်ပါတယ်. ကျွန်တော်က ဝေ့ကျီယွဲ့ပါ. တွေ့ရတာဝမ်းသာပါတယ်, မိန်းကလေးကု. ဖန်ဟွားအဆင့်မြင့်အိမ်ရာကနေ ကြိုဆိုပါတယ်." ဝေ့ကျီယွဲ့မိတ်ဆက်လိုက်တယ်.
"မိန်းကလေးကု, ခင်ဗျားရဲ့တောင်းဆိုချက်အကြောင်း ကျွန်တော့်ကို ယီဖန်းပြောပြထားပါတယ်. ခင်ဗျားကို ဖန်ဟွားအဆင့်မြင့်အိမ်ရာရဲ့ ပတ်ဝန်းကျင်အကြောင်းအရင်ဆုံးမိတ်ဆက်ပေးရင် ပိုအဆင်ပြေမယ်လို့ထင်ပါတယ်. ကျွန်တော့်နောက်လိုက်ခဲ့ပေးပါ."
ကုနင်းကို ဝေ့ကျီယွဲ့ ပြခန်းဘက်ကိုခေါ်ဆောင်သွားကာ,
"ဖန်ဟွားအဆင့်မြင့်အိမ်ရာက မြို့တော်Fရဲ့အဆင့်မြင့်ဆုံး နေထိုင်ရာဖြစ်ပါတယ်. တည်နေရာကတော့ အရမ်းကောင်းတယ်. မြို့ထဲနဲ့ နီးပေမယ့် တိတ်လဲတိတ်ဆိတ်တယ်. ဖန်ဟွားအဆင့်မြင့်အိမ်ရာရဲ့ လမ်းတစ်ဖက်မှာဆိုရင်လဲ အလယ်အလတ် ဈေးဝယ်စင်တာတစ်ခုရှိပါသေးတယ်. အဲ့ဒီမှာ စားသောက်ကုန်, အဝတ်အစား, ပရိဘောဂနဲ့ တခြားပစ္စည်းတော်တော်များများလဲရပါတယ်. အနီးနားဝန်းကျင်မှာလဲ ဘဏ်တွေအများကြီးရှိတာကြောင့် ဒီမှာနေဖို့ အရမ်းကိုသင့်တော်ပါတယ်."
"လိုအပ်တဲ့ပစ္စည်းတွေ, ထိန်းသိမ်းမှုတွေနဲ့ တခြားဝန်ဆောင်မှုတွေမှာလဲ ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာ အကုန်အရည်အသွေးမြင့်တွေကြီးပါပဲ. ဖန်ဟွားအဆင့်မြင့်အိမ်ရာဟာဆိုရင် အဓိကခရိုင်ကြီးထဲက ခရိုင်တစ်ခုစီပုံစံမျိုး စီစဉ်ထားတာပါ. ခရိုင်တစ်ခုစီမှာ အဆောက်အဦး၄လုံးကနေ ၈လုံးအထိ သီးခြားဂိတ်တခါးတွေနဲ့ ဖွဲ့စည်းထားပါတယ်. နေထိုင်သူတွေက ဝင်ဖို့အတွက် ကဒ်လိုပြီး အပြင်လူတွေဝင်ချင်ရင်တော့ နေထိုင်သူရဲ့ထောက်ခံချက် ဒါမှမဟုတ် ခွင့်ပြုစာရှိဖို့လိုပါတယ်. လုံခြုံရေးအစောင့်တွေက သတင်းပေးပြီးတော့မှသာ အပြင်လူတွေဝင်ခွင့်ရပါတယ်. နေထိုင်သူနဲ့အတူ ကပ်ပြီး ခိုးဝင်လာတာတော့ ဖြစ်နိုင်ပါတယ်. ဒါပေမယ့် မင်းကို မထိခိုက်ခင် ချက်ချင်းလုံခြုံရေးရုံးခန်းကို ဖုန်းဆက်ခေါ်လိုက်လို့ရပါတယ်. ဒီလိုဆို လုံခြုံရေးတွေရောက်လာပြီး သူတို့ကို အမြန်ခေါ်ထုတ်သွားမှာပါ. အထဲမှာလဲ ကွင်းပြင်ငယ်တွေ, မြက်ခင်းပြင်, ရေကူးကန်, အဆင့်မြင့်ဘား, အားကစားခန်းမ နဲ့ ကုန်စုံဆိုင်အသေးတွေလဲရှိပါသေးတယ်."
"မိန်းကလေးကုက ပြင်ဆင်ပြီးသားအိမ်ကိုလိုချင်တာဆိုရင်တော့ ရွေးလို့ရတဲ့ အထပ်နဲ့နေရာက အကန့်အသတ်ရှိပါတယ်. ဘာလို့ဆို အဆောက်အဦးတစ်ခုစီမှာ ပြင်ဆင်ပြီးသားက သုံးထပ်လောက်ပဲရှိလို့ပါ. အဆောက်အဦးတစ်ခုစီမှာရှိတဲ့ အထပ်တိုင်းကလဲ မတူညီပါဘူး. တစ်ထပ်မှာ အိမ်ထောင်စု ၆ခုရှိပြီး ၂အိမ်မှာတော့ အိပ်ခန်း၄ခန်း, နောက်၂အိမ်မှာက အိပ်ခန်း၃ခန်း နဲ့ ကျန်၂အိမ်ကတော့ အိပ်ခန်း၂ခန်းပါ,ပါတယ်.
ခင်ဗျားက အိပ်ခန်း၃ခန်းပါတဲ့အိမ်ကိုလိုချင်ရင်တော့ ကောင်းဆုံးရွေးချယ်စရာ၂ခုရှိပါတယ်. တစ်ခုကတော့ Eဇုံမှာပါ. ကျန်တစ်ခုကတော့ Gဇုံမှာ. ဇုံတစ်ခုစီမှာ အဆောက်အဦး ၄ခု ဒါမှမဟုတ် ၅ခုရှိပါတယ်. ခင်ဗျားဂိတ်ကနေပြီး ပုံမှန်အတိုင်းလမ်းလျှောက်လာမယ်ဆိုရင် ရောက်ဖို့ ၁၀မိနစ်ကနေ မိနစ်၂၀ဆိုရောက်ပါပြီ. ကျွန်တော်တို့မှာ ရှုခင်းကြည့်တဲ့ကားတွေလဲရှိပါတယ်. ကားနဲ့သွားမယ်ဆိုရင်တော့ ၃မိနစ်ဆိုရောက်ပါတယ်."
ဝေ့ကျီယွဲ့က နေရာတွေကို ထောက်ပြကာ ကုနင်းကိုပြောပြနေတယ်. အိမ်တွေက ခရိုင်ရဲ့အလယ်ပိုင်းလောက်တွင်တည်ရှိကာ နေရာကတော့ အတော်ကောင်းတယ်.
"Eဇုံမှာတော့ အဆောက်အဦး၅ခုရှိပြီး အဆောက်အအုံE3မှာတော့ အိပ်ခန်း၃ခန်းနဲ့အိမ်တွေရှိပါတယ်. အထပ်တွေတော့မတူပါဘူး. တစ်အိမ်ကို ၁၂၀ စတုရန်းမီတာကျယ်ဝန်းပါတယ်.
Gဇုံမှာတော့ အဆောက်အဦး၅ခုရှိပြီး အဆောက်အအုံG2မှာ အိပ်ခန်း၃ခန်းနဲ့အိမ်တွေရှိပါတယ်. နှစ်အိမ်လုံးက ၉လွှာမှာရှိပြီးတော်တော်လေးလဲကျယ်ပါတယ်. ၁၆၀ စတုရန်းမီတာလောက်ကျယ်ပြီး အိမ်တွင်းဥယျာဉ်လေးလဲရှိတယ်. အခန်း၃ခန်း နဲ့ ဧည့်ခန်း၁ခန်း, စာကြည့်ခန်း၁ခန်း, မီးဖိုချောင်၁ခန်း နဲ့ ရေချိုးခန်း၃ခန်းပါ,ပါတယ်. ဧည့်ခန်းမှာ လေသာဆောင်အကြီးတစ်ခုလဲရှိပါသေးတယ်. ဒါက အခန်းပုံစံငယ်ပါ. တစ်ချက်လောက်ကြည့်ကြည့်ပါဦး."
ပြောနေရင်းနဲ့ပဲ ကုနင်းကို ပုံစံငယ်တစ်ခုကို ညွှန်ပြလိုက်တယ်.
အိမ်ရဲ့အရွယ်အစားတွေကို တွေ့ပြီးထဲက ကုနင်း ၁၆၀စတုရန်းမီတာရှိတဲ့ အခန်းကိုဝယ်ဖို့ စီစဉ်ပြီးသားပါ. သူမနဲ့ သူမမိခင်အတွက်တော့ နည်းနည်းကြီးတယ်လို့ခံစားရပေမယ့် နှစ်အိမ်လုံးက တစ်ထပ်တည်းမှာဆိုတော့ ကုချင်တို့မိသားစုလဲပြောင်းလာပြီးရင် ပိုပြီး သွားလာလို့အဆင်ပြေပါလိမ့်မယ်.
ကုနင်း ၁၆၀စတုရန်းမီတာကျယ်တယ်ဆိုကတည်းက အရမ်းကျေနပ်နေပြီဆိုပေမယ့် ပြင်ဆင်ထားပုံကိုအရင်ကြည့်ဖို့လိုပါသေးတယ်.
ဖန်ဟွားအဆင့်မြင့်အိမ်ရာက အဆင့်မြင့်ခရိုင်တစ်ခုဖြစ်ပြီး ပြင်ဆင်ထားတာတွေကလဲ အကုန် အရည်အသွေးမြင့်တာတွေကြီးပါပဲ. ဒါကြောင့် လူကိုယ်တိုင်သွားကြည့်လိုက်တာကို ပိုကောင်းပါတယ်.
သူတို့ ရှုခင်းကြည့်ကားနဲ့သွားတာ သုံးမိနစ်နေတော့ရောက်ရှိပါတယ်.
လမ်းမှာ ဘယ်သူမှ အတက်အဆင်းမလုပ်ရင် ပိုတောင်မြန်ပါဦးမယ်.
ပြီးတော့ ဓါတ်လှေကားနဲ့ ၉လွှာကိုတက်လိုက်ကြကာ ဝေ့ကျီယွဲ့က ကုနင်းအတွက် တံခါးဖွင့်ပေးတယ်.
သူတို့ဝင်သွားတော့ ဥယျာဉ်ငယ်လေးကို အရင်မြင်လိုက်ရတယ်. တံခါးရဲ့ဘေးမှာတော့ ဖိနပ်စင်တစ်ခုရှိပြီး ဥယျာဉ်ထဲမှာတော့ လက်ဖက်ရည်စားပွဲနဲ့ ငါးကန်တစ်ခုစီရှိတယ်. ဒါပေမယ့် အိမ်က အခုထိမနေသေးတာကြောင့် ငါးကန်ထဲမှာ ငါးတစ်ကောင်မတော့မရှိသေးပါဘူး.
...................P78End.....................
ဖီးနစ်သွေးစက်
အခန်း ၇၉ ငွေအပြည့်ချေပြီး အိမ်ဝယ်မယ်.
ဧည့်ခန်းမှာတော့, မီပန်းဆိုင်း, ဆိုဖာ, ကော်ဖီစားပွဲ, ကော်ဇော, တီဗီစင် နဲ့ တီဗီတစ်လုံးပါရှိပြီး တီဗီကတော့ ၅၀လက်မကြီးပါတယ်.
ထမင်းစားခန်းမှာတော့, ထမင်းစားစားပွဲနဲ့ ထိုင်ခုံတွေပါရှိပါတယ်.
မီးဖိုချောင်မှာတော့, ရေခဲသေတ္တာ, ဒယ်အိုး, ဂတ်စ်မီးဖို, အပူခံပြား, ရေနွေးအိုး နဲ့ ဂယ်ပြားတွေရှိပြီး အားလုံး အသစ်မဖောက်ရသေးတာတွေပါပဲ. မရှိတာဆိုလို့ ဆန်, ဆီ, ဆား နဲ့ ရှာလကာရည်တို့ပဲဖြစ်ပါတယ်.
ပြီးတော့ လေသာဆောင်တစ်ခုလဲရှိကာ အဝတ်လျှော်စက်လဲထားထားပါတယ်.
စာကြည့်ခန်းထဲမှာတော့, စာအုပ်စင်တွေရယ်, စားပွဲတစ်လုံး, ဆိုဖာအသေးသုံးခုံနဲ့ ကော်ဖီစားပွဲအသေးတစ်လုံးပါရှိတယ်.
မာစတာအိပ်ခန်းမှာတော့, ရေချိုးခန်းတစ်ခန်း, အဝတ်လဲခန်းတစ်ခန်း, အိပ်ရာ, အဝတ်ဗီရိုတစ်လုံး နဲ့ မှန်တင်ခုံတစ်လုံးရှိပါတယ်.
ပြီးတော့ နောက်အိပ်ခန်းတစ်ခုမှာလဲ သန့်စင်ခန်း, အိပ်ရာ, အဝတ်ဗီရို, စားပွဲ နဲ့ ထိုင်ခုံတစ်လုံးပါရှိတယ်.
တတိယမြောက်အိပ်ခန်းမှာတော့ အိပ်ရာ, အဝတ်ဗီရှိ, စားပွဲနဲ့ ထိုင်ခုံတစ်လုံးတို့ပါရှိပေမယ့် ရေချိုးခန်းတော့မပါပါဘူး.
အိမ်ကို မကြာခနသန့်ရှင်းရေးလာလုပ်ထားကြတာကြောင့် သန့်ရှင်းတောက်ပြောင်နေပြီး ဘာဖုန်မှုန့်မှမရှိနေပါဘူး.
သူတို့ပြောင်းလာရင်တော့ တစ်ခေါက်လောက်သန့်ရှင်းရေးလုပ်သင့်ပါသေးတယ်.
"မိန်းကလေးကု အာမခံပါတယ်. ခင်ဗျားက ယီဖန်းရဲ့ သူငယ်ချင်းဆိုမှတော့ ကျွန်တော်လုံးဝမလိမ်ပါဘူး. အပြင်အဆင်တွေက အဆင့်အတန်းမြင့်တဲ့အပြင် အရည်အသွေးအမြင့်ဆုံးတွေကိုပဲ သုံးထားတာ. ပရိဘောဂတိုင်းက အသိမှတ်ပြုလက်မှတ်ရထားပြီးသား စာရင်းစာရွက်တွေကော အာမခံကဒ်တွေလဲရှိပြီးသားပဲ. ခင်ဗျားဘာမှစိတ်ပူစရာမရှိဘူး." ဝေ့ကျီယွဲ့က ယုံကြည်မှုအပြည့်နဲ့ပြောလိုက်တယ်.
ဒီပစ္စည်းတွေကို ကြည့်ရုံထိကြည့်လိုက်ရုံနဲ့ အရည်အသွေးကောင်းတွေမှန်း ကုနင်းသိပြီးသားပါ.
ပြီးတာနဲ့ ဒုတိယအိမ်ကိုဆက်သွားလိုက်တယ်. ထိုအိမ်ကလဲအတူတူပါပဲ. ဒါကြောင့် ကုနင်းထိုအိမ်နှစ်လုံးကို ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်.
ကုနင်း အိမ်နှစ်လုံးဝယ်မယ်ဆိုတာဖြစ်နိုင်မှန်း ဝေ့ကျီယွဲ့သိပြီးသားပေမယ့် တကယ်တမ်း ပြောလိုက်တော့ အလွန်ထိတ်လန့်သွားတယ်.
ဝေ့ကျီယွဲနဲ့ ချင်ယီဖန်းတို့က သူငယ်ချင်းတွေဖြစ်ကြပေမယ့် သူက ချမ်းသာတဲ့မိသားစုကမဟုတ်ပါဘူး. သူအလုပ်ကျိုးစားသလောက်သူရမှာပါ. သူအိမ်တစ်လုံးရောင်းရတိုင်း ထိုအတွက် ကော်မရှင်ခလဲရပါတယ်.
ဒါကို ဘယ်လိုလုပ်မပျော်ဘဲနေပါ့မလဲ?
ဖန်ဟွားအဆင့်မြင့်အိမ်ရာလို အစစ်အမှန်အိမ်ခြံမြေရောင်းတဲ့လုပ်ငန်းမှာ ဝေ့ကျီယွဲ့ အရောင်းမန်နေဂျာတစ်ယောက်အနေနဲ့ အသက်ငယ်ငယ်လေးမှာဖြစ်လာတယ်ဆိုတာ သူတော်တော်လေးကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တာကြောင့်ပါ.
"မိန်းကလေးကု, ခင်ဗျား ငွေအပြည့်ချေမှာလား ဒါမှမဟုတ် အရစ်ကျနဲ့ယူမလား?" ဝေ့ကျီယွဲ့မေးလိုက်တယ်.
"အပြည့်ချေမယ်." ကုနင်းပြန်ဖြေလိုက်တယ်.
ဝေ့ကျီယွဲထပ်ပြီး ထိတ်လန့်သွားရပြန်တယ်.
ငွေအပြည့်ချေမယ်?
နေရာကောင်းမှာရှိနေတဲ့ ၁၆၀စတုရန်းမီတာကျယ်ပဲ ပြင်ဆင်ပြီးသားအိမ်နှစ်လုံးကို ယွမ်၁၃သန်းဝန်းကျင်လောက်ကျသင့်မှာလေ.
ဒီမိန်းကလေး အရမ်းကို ချမ်းသာတာပဲ!
အရိုးသားဆုံးပြောရရင် ဖန်ဟွားအဆင့်မြင့်အိမ်ရာသည် မြို့တော်Fရဲ့ အဆင့်မြင့်ဆုံးနေထိုင်ရာဖြစ်ပြီး ချမ်းသာတဲ့လူအများစုသာနေထိုင်ကြတာပါ. ပြီးတော့ ထိုလူတွေထဲကတော်တော်များများက အရစ်ကျစနစ်နဲ့ဝယ်ယူကြတယ်.
ဒီဖန်ဟွားအဆင့်မြင့်အိမ်ရာမှာ အိမ်ပိုင်ရှင်ပေါင်း၂ထောင်လောက်ရှိပေမယ့် ဒါဇင်လောက်ကသာ အပြည့်ပေးချေကြပါတယ်.
ယွမ်သန်းဆယ်နှင့်ချီပိုင်တဲ့လူတွေတောင်မှ အရစ်ကျပဲပေးကြတာပါ.
ရောင်းတဲ့လူတွေက တစ်ဖက်ငွေချေတဲ့အပေါ်မူတည်ပြီး ကော်မရှင်ခရကြတာဖြစ်ပြီး အပြည့်ချေရင်တော့ ကော်မရှင်ခလဲ အားလုံးတစ်ခါထဲရကာ အများကြီးတိုးသွားမှာပါ.
ဒါပေမယ့် ဘယ်သူမှဒီအလုပ်ကို ဘယ်လောက်ကြာကြာလုပ်မယ်ဆိုတာမသိတာကြောင့် ကော်မရှင်ခအားလုံးတစ်ခါထဲရတာက ပိုကောင်းပါတယ်.
"ဒီအိမ်နှစ်လုံးအတွက် ပိုင်ရှင်က မတူဘူး. ကျွန်မတစ်ယောက်အတွက် မိတ္တူအိုင်ဒီကဒ်ပဲပါလာခဲ့တယ်. ဒီတော့ တစ်အိမ်ကိုပဲအရင်ဝယ်ပြီးကျန်တာအတွက် စရန်ချခဲ့မယ်. မနက်ဖြန်ကျရင်တော့ အပြည့်ပြန်ချေမှာပါ." ကုနင်းပြောလိုက်တယ်.
"ကိစ္စမရှိပါဘူး." ဝေ့ကျီယွဲ့ပြန်ဖြေလိုက်ပြီး ကုနင်းကို စာချုပ်စာတမ်းကိစ္စတွေကူညီပေးလိုက်တယ်.
ကုနင်းအစထဲက ကုမန့်ရဲ့အိုင်ဒီကဒ်ကို မိတ္တူကူးထားခဲ့ကာ ပိုင်ဆိုင်သူ စာချုပ်မှာလဲ ကုမန့်ရဲ့နာမည်ကိုပဲ ထည့်သွင်းရေးသားလိုက်တယ်.
ပထမအိမ်က တစ်ခါတည်းငွေပေးချေတာကြောင့် အိုင်ဒီကဒ်မိတ္တူတစ်ခုပဲလိုပေမယ့် ဒုတိယအိမ်အတွက်ကတော့ နည်းနည်းပြဿနာရှိပါတယ်. ထိုအိမ်က အိမ်ထောင်သည်အတွက်ဖြစ်တာကြောင့် ပိုင်ရှင်ဖြစ်မယ့်သူရဲ့ အိုင်ဒီကဒ်ရယ် လက်ထပ်မှတ်ပုံတင်ရယ်လိုအပ်ပါတယ်.
ကုနင်းက သူတို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုကြောင့် ကုချင်ရဲ့ နာမည်ကိုပဲ ပိုင်ဆိုင်သူစာချုပ်မှာထည့်မရေးပါဘူး. သူမရဲ့ဦးလေး ကျန်းရွှီကလဲ လူကောင်းတစ်ယောက်ဖြစ်ပြီး ကုချင်နဲ့ ကျန်းရှင်းယွဲ့ကိုလဲ ကောင်းကောင်းဆက်ဆံကြောင်းသူမသိပါတယ်.
ဒါကြောင့် ကျန်းရွှီကို အပြင်လူအဖြစ်သဘောမထားပါဘူး.
"မိန်းကလေးကု, ခင်ဗျားရဲ့ ပြင်ဆင်ပြီးသားအိမ်နှစ်လုံး,လုံးက ၁၆၅စတုရန်းမီတာကျယ်ဝန်းတာကြောင့် စုစုပေါင်း ယွမ်၁၃.၆သန်းကျသင့်ပေမယ့်. ခင်ဗျားအတွက် လျှော့ဈေးအများကြီးကိုပါနှုတ်လိုက်တော့ စုစုပေါင်း ယွမ်၁၂.၉၂သန်းကျပါတယ်." ဝေ့ကျီယွဲ့ပြောလိုက်တယ်.
"ကျေးဇူးအများကြီးတင်ပါတယ်." ကုနင်းယဉ်ကျေးစွာပဲ ကျေးဇူးတင်စကားပြောလိုက်တယ်.
ဒီလူက အကောင်းဆုံးဆောင်ရွက်ပေးနေတယ်ဆိုတာ ကုနင်းသိပါတယ်.
ပြီးတော့ ထိုလူလုပ်ပေးခဲ့တာတွေအတွက်လဲ သူမအသိအမှတ်ပြုပါတယ်.
ဒါ့အပြင်, ဝေ့ကျီယွဲ့က ဒီအရောင်းအဝယ်အတွက် ယွမ်၁သိန်းလောက်ပဲရရှိမှာပါ.
"အိမ်တစ်လုံးအတွက်က ယွမ်၆.၄၅သန်းကျသင့်ပြီး နောက်တစ်လုံးအတွက် စရန်အနေနဲ့က ယွမ်၁သိန်းပေးရမှာကြောင့် မိန်းကလေးကုဘက်က အခုတော့ စုစုပေါင်း ယွမ်၆.၅၅သန်းပဲပေးဖို့လိုပါတယ်." လို့ ဝေ့ကျီယွဲ့ထပ်ပြောလိုက်တယ်.
ကုနင်းကို ကောင်တာဆီလမ်းညွှန်လိုက်တော့ ငွေကိုင်မှာ ထိတ်လန့်သွားတယ်.
ဘာ? ငွေအပြည့်ချေမှာ? ဒီဝယ်သူက အရမ်းချမ်းသာတာပဲ!
မကြာခင်မှာပဲ , ဝေ့ကျီယွဲ့က စာချုပ်စာတမ်းတွေကို အပြီးသတ်ပေးလိုကတယ်. ကုနင်းမှာ အိမ်သော့ရှိနေပြီဖြစ်တာကြောင့် ဒီနေ့ပဲ ကုမန့်ကိုပြောင်းလာခိုင်းလို့ရပါပြီ.
ကုမန့် အားလုံးပြန်ကောင်းနေပြီဖြစ်တာကြောင့် ဆေးရုံကဆင်းလို့ရပါပြီ.
ကုနင်းမသွားခင်မှာ ဝေ့ကျီယွဲ့ကို သော့ပေးလိုက်ပြီး သူမအတွက် နာရီပိုင်းအလုပ်သမားတစ်ယောက်ရှာပေးဖို့ပြောလိုက်တယ်. သူမတို့မပြောင်းလာခင် တစ်ခေါက်လောက် သန့်ရှင်းရေးလုပ်ထားစေချင်လို့ပါ.
ဒီလောက်ကတော့ ဝေ့ကျီယွဲ့အတွက်မခက်ခဲပါဘူး.
ကုနင်းထွက်သွားတာနဲ့ ဝေ့ကျီယွဲ့ ငွေအပြည့်ချေအောင်ရောင်းနိုင်တဲ့သတင်းက အရောင်းခန်းမတစ်ခုလုံးကို ပျံ့နှံ့သွားကာ ဘယ်လိုများလုပ်လိုက်တာလဲ ဆိုပြီး လာမေးကုန်ကြတယ်.
ဝေ့ကျီယွဲ့ကလဲ ဘာမှလျှို့ဝှက်မနေဘဲ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဝယ်သူက သူ့သူငယ်ချင်းရဲ့ သူငယ်ချင်းဖြစ်ကြောင်းပြောပြလိုက်တယ်.
ပြီးတော့ ထိုဝယ်သူက ဒီနေ့အိမ်နှစ်လုံးကို ငွေအပြည့်ချေဖို့စီစဉ်ထားပေမယ့် စာရွက်စာတမ်းအပြည့်အစုံမပါလာတာကြောင့် စရန်အရင်ချခဲ့ကြောင်းကိုလဲပြောပြလိုက်ကာ မနက်ဖြန်ပြန်လာမှာလို့ပါပြောလိုက်တယ်.
လူတိုင်းနောက်တစ်ကြိမ်ထိတ်လန့်ကုန်ကြတယ်.
ဒီမိန်းကလေးက အရမ်းချမ်းသာတာပဲ!
ကုနင်းထွက်လာတော့ ညနေ၅နာရီခွဲပြီဖြစ်ကာ သူမချက်ချင်းပဲ ကုနင်းကို ဖုန်းခေါ်လိုက်ပြီး ကုချင်တို့မိသားစုကို ဖိတ်လိုက်ဖို့ပြောလိုက်တယ်. သူတို့အတူတူ ညစာစားပြီးအောင်ပွဲခံဖို့ရည်ရွယ်ထားခဲ့တာပါ. မမျှော်လင့်စွာပဲ ကုချင်တို့မိသားစုက ကုမန့်ရဲ့ဆေးရုံမှာ ဒီနေ့ရှိနေပြီးသားဖြစ်နေတယ်.
ဒါကြောင့် ကုနင်းလဲ ဆေးရုံကိုတန်းသွားလိုက်တယ်.
သူမကုမန့်ဆီအရင်သွားပြီးအပြန်ကျမှ နေ့စဉ်အသုံးလိုတာလေးတွေသွားဝယ်ဖို့ စီစဉ်ထားပါတယ်.
သူမ ဆေးရုံသို့ တက္ကစီနဲ့ငှားပြန်လိုက်တယ်.
ဆေးရုံနဲ့ ဖန်ဟွားအဆင့်မြင့်အိမ်ရာတို့က မဝေးတာကြောင့် လမ်းမပိတ်ရင် ၁၀-၂၀မိနစ်လောက်နဲ့ရောက်ပေမယ့် အခုက ရုံးဆင်းချိန်ဖြစ်နေတာကြောင့် နာရီဝက်လောက်နေမှပဲရောက်တော့တယ်.
သူမဆေးရုံကိုရောက်တာနဲ့ အန်ချင်းကိုဖုန်းခေါ်လိုက်ကာ သူမအမေဆေးရုံဆင်းတော့မှာဖြစ်ကြောင်းပြောပြီး သူမအားတဲ့တစ်နေ့ ထမင်းတစ်နပ်လောက် အတူတူစားကြဖို့ဖိတ်ခေါ်လိုက်တယ်. ကုနင်း အန်ချင်းစိုက်ပေးထားတဲ့ငွေတွေကို ပြန်ပေးချင်ပေမယ့် အန်ချင်းကငြင်းလိုက်တယ်.
ဒါလောက်က သူမအတွက်သိပ်မများပါဘူး. ဒါ့အပြင် ကုနင်းက သူမအသက်ကိုကယ်ဖူးထားတာက လုံးဝကို တန်ဖိုးမဖြတ်နိုင်စရာပဲလေ.
ဒါပေမယ့် ထမင်းတစ်နပ်လောက်စားဖို့ကိုတော့ လက်ခံခဲ့ပါတယ်. သူမအမှန်တကယ်ကို ကုနင်းနဲ့ သူငယ်ချင်းဖြစ်ချင်နေတာပါ.
ကုနင်းလဲ အန်ချင်းနဲ့ဖုန်းထဲမှာ ပြိုင်ငြင်းမနေတော့ဘဲ နောက်မှတစ်နည်းနည်းနဲ့ ပြန်ပေးဖို့ဆုံးဖြတ်လိုက်တယ်.
ကုနင်းအပေါ်ထပ်ကိုမရောက်ခင်မှာပဲ သူမရှင်းစရာရှိတဲ့ကိစ္စတွေကို ရှင်းပြီးသွားခဲ့ပါတယ်.
...................P79End.....................
ဖီးနစ်သွေးစက်
အခန်း ၈၀ ကုမန့်ဆေးရုံကဆင်းခြင်း
လူနာခန်းထဲရောက်တော့ ကုချင်တို့တစ်ယောက်စီကို ကုနင်းနှုတ်ဆက်လိုက်တယ်.
ကုမန့်က အရင်နေ့တွေထက် ပိုပြီးအသားပြည့်လာကာ အားရှိလာပုံကို မြင်ရတော့ ကုနင်းပျော်သွားမိတယ်.
ကုမန့်က ကုချင်နဲ့ ကျန်းရွှီတို့က ကုနင်းအိမ်ရှာနေတဲ့အကြောင်းပြောပြနေတယ်.
"နင်းနင်း, သမီးအိမ်ရှာတွေ့ပြီဆို?" ကုနင်းဝင်လာတာနဲ့ ကုချင်တန်းမေးလိုက်တယ်. တကယ်လို့ ကုနင်းသာအိမ်ရှာမတွေ့ဘူးဆိုရင် သူမတို့မိသားအရင်နေထားဖို့ ကုချင်ထပ်ပြောမှာဖြစ်ပြီး ဒီလိုဆို အိမ်ရှာဖို့လဲ အချိန်ပိုရမှာဖြစ်တယ်.
"ရှာတွေ့ပါပြီ." ကုနင်းဖြေလိုက်တယ်.
"တကယ်လား? ကောင်းတာပေါ့. အိမ်က ဘယ်နားမှာလဲ? လုံခြုံရဲ့လား? တစ်လဘယ်လောက်ပေးရလဲ?" ကုချင်ထပ်မေးလိုက်တယ်.
ကုချင်ရဲ့ ကြင်နာမှုနဲ့ ဂရုစိုက်မှုတို့ကြောင့် ကုနင်းကျေနပ်သွားကာ ပြုံးပြလိုက်ပြီး,
"အိမ်က ယို့ယွီလမ်းနားမှာပါ. လုံခြုံပြီး ဈေးလဲသင့်တယ်."
ကုနင်းအသေးစိတ်မပြောပြသေးပါဘူး. အခုချိန်က သင့်တော်တဲ့အချိန်မဟုတ်သေးဘူးလေ.
ကုနင်းက မငှားဘဲနဲ့ ဝယ်မယ်ဆိုတာကို ကုမန့်သိထားတာကြောင့် အံ့ဩသွားရတယ်.
ယို့ယွီလမ်းက ဖန်ဟွားအဆင့်မြင့်အိမ်ရာထက်ပိုပြီး မြို့ထဲနဲ့နီးပါတယ်. သေချာပေါက် ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာဖြစ်နေမယ်လို့တော့ ကုမန့်မထင်ပေမယ့် ထိုလမ်းတစ်ဝိုက်ကအိမ်တွေက ဈေးမနည်းကြပါဘူး.
အိမ်တစ်လုံးကို အနည်းဆုံး ယွမ်၂သန်းလောက်ပေးရပါတယ်.
နင်းနင်းက ရင်းနှီးမြှုပ်နှံတဲ့ထဲကိုလဲ ငွေတွေထည့်ထားတာမဟုတ်ဘူးလား?
ကုနင်းက နည်းနည်းဝေးတဲ့တစ်နေရာလောက် ယွမ်၁သန်းဝန်းကျင်တန်အိမ်လောက်ပဲဝယ်မယ်လို့ ကုမန့်ထင်ထားခဲ့တာ.
ကုနင်းလဲ သူမအမေကို အဆင်ပြေတယ်ဆိုတဲ့အကြည့်တစ်ချက်ပေးလိုက်တယ်. အခုချိန်တော့ ကိစ္စတိုင်းကို မရှင်းပြချင်သေးပါဘူး.
ကုမန့် အံ့ဩသွားပေမယ့် အခုလို ကုနင်းကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချနိုင်တာကို မြင်ရတာကိုလဲ ဝမ်းသာနေပါတယ်.
ကုနင်းကပဲထပ်ပြီး,
"သမီး စာချုပ်စာတမ်းတွေလဲအကုန်လုပ်ပြီးသွားပြီ. ထုတ်ပိုးပြီး အိမ်ကိုသွားကြရအောင်! အောင်ပွဲလဲခံကြမယ်လေ!"
"အိုး, ကုမန့်က အခုဆေးရုံကဆင်းလို့ရပြီလား? ကောင်းတာပေါ့! ငါတို့အောင်ပွဲခံကြရမယ်!" ကုနင်းလဲ အိမ်ရှာတွေ့ကာ ကုမန့်လဲ ဆေးရုံဆင်းခွင့်ရသွားတာကြောင့် အားလုံးဝမ်းသာနေကြတယ်.
ကုနင်းနဲ့ ကုမန့်က အိမ်လဲငှားထားရသလို ဗီအိုင်ပီလူနာခန်းအတွက်လဲ ငွေချေထားရတာကြောင့် ငွေကြေးခက်ခဲနေမယ်လို့ ကုချင်တွေးမိတာကြောင့် သူမဘက်ကအရင်စတင်ဖိတ်ကြားလိုက်တယ်,
"ဒီညစာကို ငါကျွေးမယ်. ဘယ်သူမှလာပြိုင်မငြင်းနဲ့."
"မဟုတ်ဘူး, မဟုတ်ဘူး. ဒီညစာက သမီးကျွေးမှာ. အခုတော့ အန်တီတို့အားလုံး ကိုယ့်စိတ်ကိုသာကြိုတင်ပြင်ဆင်ထားကြ. အရေးကြီးတဲ့သတင်းတချို့ပြောဖို့ရှိတယ်." ကုနင်း ရုပ်တည်ကြီးပြောလိုက်တယ်.
"ဘာသတင်းတွေလဲ?" ကုနင်းက ရုပ်တည်ကြီးနဲ့ပြောလိုက်တာကြောင့် ကုချင်ရော ကျန်းရွှီပါ နည်းနည်းစိုးရိမ်သွားကြတယ်.
ကုနင်းရုပ်ကိုတည်ထားပေမယ့် တခြားဘာမှမှားနေတာမျိုးတွေမတွေ့တာကြောင့် ကုချင်နဲ့ ကျန်းရွှီတို့လဲ အနည်းငယ်စိတ်သက်သာရာရသွားတယ်.
ကုနင်းတစ်ယောက်သာဘာတွေဖြစ်နေမှန်းသိထားတာပါ. ဒါပေမယ့် မြို့တော်Fရဲ့ ဈေးကြီးတဲ့နယ်မြေမှာ အိမ်နှစ်လုံးတောင်ဝယ်ခဲ့တာကို သိလိုက်ရတော့ သူမလဲ အရမ်းကို ထိတ်လန့်အံ့ဩနေပါတယ်.
ကျန်းရှင်းယွဲ့ကတော့ သိချင်နေပေမယ့် ဘာမှအရမ်းကြီးတော့မတွေးပါဘူး.
"အိမ်ကိုအရင်သွားကြတာပေါ့. ပြီးမှအကုန်လုံးပြောပြမယ်." ကုနင်း သူတို့အမေးကို ပြန်မဖြေလိုက်ပါဘူး.
ကုနင်းက သူတို့ကိုအခုမပြောပြချင်သေးဘူးဆိုမှတော့ ဆက်မမေးနေကြတော့ဘဲ ပစ္စည်းတွေသာသိမ်းဆည်းနေလိုက်တော့တယ်.
"နင်းနင်း,ဒီပစ္စည်းတွေ ဘယ်သူပို့ထားတာလဲ? အရမ်းလဲများတယ်. ဈေးလဲအရမ်းကြီးရမယ်!" ကုနင်းအခုချိန်ထိရရှိခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို ကုချင်ရှာတွေ့သွားခဲ့တယ်.
"တချို့ဟာတွေက ကျောင်းကသူငယ်ချင်းတွေဆီက ကျန်တာတွေကတော့ ဆေးရုံက သမီးအသိဆရာဝန်ဆီက." ကုနင်းပြန်ဖြေလိုက်တယ်.
"ကျောင်းကသူငယ်ချင်းတွေ? သူတို့အရမ်းချမ်းသာကြတယ်ဖြစ်ရမယ်.!" ကုချင်အံ့ဩတကြီးနဲ့ပြောလိုက်တယ်.
ကုနင်းဘာမှထပ်ပြောမနေတော့ပါဘူး.
သူတို့အောက်ထပ်ကိုရောက်တာနဲ့ ကုနင်းတက္ကစီတစ်စီးငှားလိုက်တယ်.
သူတို့အပြင်တောင်မထွက်ရသေးခင် ကားကအဆင်သင့်ရောက်နေပါပြီ.
ကားက ဖန်ဟွားအိမ်ရာရဲ့ အဆင့်မြင့်အဆောက်အဦးတွေနားကိုရပ်လိုက်တော့ လူတိုင်းအံ့ဩသွားကြတယ်. သူတို့အထဲကို ဝင်ရတော့မလို့ ထင်လုပ်နီးနီးဖြစ်သွားပေမယ့် အဲ့လိုတကယ်ဖြစ်လိမ့်မယ်လို့တော့ ဘယ်သူမှမယုံကြည်ထားပါဘူး. ကုနင်း ဒီနေရာမှာ ငှားတာဖြစ်ဖြစ် ဝယ်တာဖြစ်ဖြစ်က သူတို့တွေးခေါ်နိုင်မှုကို ကျော်လွန်သွားပါပြီ.
ဒီနားမှာ အဆင့်မြင့်အိမ်ရာတွေအပြင် ဈေးဝယ်စင်တာတွေ ဒါမှမဟုတ် ဟိုတယ်တွေပဲရှိတာမဟုတ်ဘူးလား?
ထိုသို့တွေးလိုက်မိပြီး ကုချင်မေးလိုက်တယ်,
"နင်းနင်း, ဒီနားမှာ ငှားမယ့်အိမ်တွေရှိလို့လား?"
"သမီးတို့မှာ နေ့စဉ်အသုံးအဆောင်တွေမရှိသေးဘူး. အဲ့ဒါတွေအရင်သွားဝယ်ကြတာပေါ့." ကုနင်းပြောလိုက်တယ်.
ဒါကိုကြားတော့ လူတိုင်းချက်ချင်းနားလည်သွားကာ,
ကုချင်းပြန်ပြောလိုက်တယ်,
"အိုး, ဟုတ်သားပဲ! အိမ်ကအသစ်ငှားထားတာဆိုတာ ဘာမှရှိမှာမဟုတ်သေးဘူး."
ထိုနောက် သူတို့အဖွဲ့ ကုန်စုံဆိုင်တစ်ခုထဲကို ဝင်သွားလိုက်ကြတယ်.
သူတို့ အဓိကအနေနဲ့ ထမင်းအိုး, တခြားပါဝင်ပစ္စည်းတွေရယ် နဲ့ အစားသောက်တွေကိုဝယ်ကာ နေ့စဉ်အသုံးအဆောင်အချို့ကိုလဲ ဝယ်လိုက်တယ်.
ပြီးတော့ ကုနင်း အိပ်ရာခင်းသုံးစုံလောက်ကိုလဲဝယ်လိုက်ပါသေးတယ်.
အချိန်ခနလေးနဲ့ လိုအပ်တာတွေအကုန်လုံးကို မဝယ်နိုင်တာကြောင့် ဒီနေ့တစ်နေ့စာမဖြစ်မနေလိုအပ်တာတွေကိုသာ ဝယ်လိုက်တယ်.
ကုမန့်က အလုပ်ထွက်ပြီးသွားပါပြီ. ကုနင်းလဲနောက်မှ သူမကို ဝယ်ချင်တာဝယ်လို့ရအောင် ယွမ်၁သန်းလောက်ပါတဲ့ အကြွေးဝယ်ကဒ်တစ်ကဒ်ပေးထားဖို့ စီစဉ်ထားလိုက်တယ်.
ငွေရှင်းချိန်ကျတော့ ကျန်သူတွေကိုအပြင်မှာစောင့်ခိုင်းလိုက်ကာ ကုနင်းပဲရှင်းလိုက်တာကြောင့် ဘယ်လောက်ကျသင့်လဲဆိုတာကို ဘယ်သူမှမသိလိုက်ကြပါဘူး.
ပြီးတာနဲ့ အိတ်ကြီးအိတ်ငယ်အစုံနဲ့ သူတို့အားလုံး ကုန်စုံဆိုင်ကနေထွက်လာခဲ့လိုက်တယ်.
ကုနင်းကလမ်းသိပြီးသားဖြစ်တာကြောင့် အားလုံးသူမနောက်လိုက်ခဲ့ကြပေမယ့် ဖန်ဟွားအဆင့်မြင့်အိမ်ရာရဲ့ ဂိတ်တံခါးကိုရောက်တော့ ခြေလှမ်းတွေတုန့်ခနဲ့ရပ်ကုန်ကြကာ အံ့ဩလွန်းလို့ မျက်လုံးတွေပြူးကျယ်ကုန်ကြတယ်.
"နင်းနင်း, အိမ်က ဒီထဲမှာလို့ပြောမှာတော့မဟုတ်ပါဘူးနော်?" ကုချင်မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေမိတယ်.
"နင်းနင်း, ဒီကအိမ်တွေက အရမ်းဈေးကြီးတယ်, သမီး..." ကုမန့်တောင်မှ တိတ်တိတ်မနေနိုင်တော့ဘဲ စိတ်ရှုပ်ထွေးစွာနဲ့ ဝင်ပြောတော့တယ်.
"အပြင်မှာမပြောပါနဲ့ဦး. အထဲအရင်ဝင်ရအောင်! အိမ်ရောက်တာနဲ့ အားလုံးကို ပြောပြပေးမယ်လို့ ကတိပေးတယ်." ကုနင်း ငြင်းဆန်ခွင့်မပေးတဲ့လေသံနဲ့ပြောလိုက်တယ်.
ကျန်တဲ့လူတွေလဲ စိတ်လှုပ်ရှားစွာနဲ့ ကုနင်းနောက်ကို လိုက်ဝင်လိုက်ကြတယ်.
သူတို့ကိုယ်တိုင် လမ်းလျှောက်ပြီးဝင်လာရတာတောင်မှ အစစ်အမှန်လို့မယုံကြည်နိုင်ကြသေးပါဘူး.
ရှုခင်းကြည့်ကားနဲ့တစ်ဆင့်သွားကြရင်း ပတ်ဝန်းကျင်မြင်ကွင်းတွေကြောင့် အံ့အားသင့်နေရတယ်. တစ်သက်လုံး ဒီဖန်ဟွားအဆင့်မြင့်အိမ်ရာဝန်းအတွင်းသို့ ခြေတစ်လှမ်းတောင်ဝင်ခွင့်ရလိမ့်မယ်လို့ သူတို့မထင်ထားကြဘူး.
ကားက Gဇုံမှာ ရပ်တန့်သွားကာ သူတို့အားလုံးဆင်းပြီး အထဲကို ဝင်လိုက်ကြတယ်.
သွားနေရင်းနဲ့ ကျန်တဲ့လူတွေအားလုံးရ့အတွေးထဲမှာ မေးခွန်းပေါင်းများစွာနဲ့ပြည့်နေတယ်. အထူးအဖြင့်ကုချင်တို့မိသားစုပေါ့. ဒါပေမယ့် ကုနင်းက သူတို့ကို အိမ်ထဲမရောက်မချင်းဘာမှမပြောပြမယ်မှန်းလဲ သူတို့သိပါတယ်.
သူတို့ ၉လွှာကို ဓါတ်လှေကားနဲ့တက်သါားကာ ကုနင်းသော့တစ်ချောင်းထုတ်ပြီး အခန်းနံပါတ်၉၀၁ရဲ့ တံခါးကိုဖွင့်လိုက်တယ်. တံခါးပွင့်သွားတာနဲ့ သူတို့အားလုံး အထဲကို လှမ်းဝင်သွားတော့တယ်.