← Chapters

အပိုင်း (၃၃၀)

Vol. 23 Ch. 330

အပိုင်း (၃၃၀)

Vol. 23 Ch. 330

ခရမ်းရောင်နက်နဲလောကကြီး အတွင်းမှာတော့ ကြီးမားပြီး မြူများ ရစ်သိုင်းလျက် ရှိနေသည့် တောင်ကြီးများ နှင့်အတူ အင်မော်တယ်နန်းတော်ကြီး တစ်ခုသည် လွင့်မျောလျက် ရှိနေ၏။ နတ်ဘုရားတေးဂီတ အသံများ ထွက်ပေါ်လျက် ရှိနေပြီး လှပလွန်းသော နတ်မိမယ်များ ကြည့်ကောင်းလှစွာ ကခုန်လျက် ရှိနေသော မြင်ကွင်းကို အထင်းသား မြင်ရသည်။

တိမ်များကြားထဲ၌ လှပစွာကခုန်လျက်ရှိနေသော အမျိုးသမီးလေးများ၏ အကအလှသည် တကယ်ပင် မျက်စိအေးစရာ မြင်ကွင်းမျိုး ဖြစ်၏။ ဤအရာသည် သေမျိုးလောကထဲမှ လှမ်းမြင်ရသည့် နတ်ဘုံနတ်နန်းကြီး တစ်ခုကဲ့သို့ပင်။

နန်းတော်၏ အပြင်ဘက်တွင်တော့ နတ်ဘုရားငှက်များ တေးသီလျက် ရှိနေ၏။ ၎င်းတို့သည် နတ်ဘုရား ဆေးပင်များကို ကိုက်ချီကာဖြင့် မြေတည်နေရာအနှံ့ တစ်ခုလုံးသို့ ဆေးများ ဖြန့်ကျဲလျက် ရှိနေကြ၏။ တကယ်ပင် အရောင်အဆင်းများဖြင့် တောက်ပလျက် ရှိနေသည့် ဆေး၏ အခိုးအငွေ့များသည် တည်နေရာ တစ်ခုလုံးဆီသို့ ပျံ့နှံ့လျက် ရှိနေ၏။

ဤမိုးကောင်းကင်နယ်မြေ၏ အထက်တွင် ရေတွက်လို့ မရအောင် များပြားသည့် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လျက် ရှိနေပြီး ထိုအလင်းတန်းများသည် တည်နေရာ တစ်ခုလုံးကို ဖြန့်ကျက်နေခဲ့၏။ လေဟာနယ် ထဲတွင် ရှေးစစ်ရထားလုံးများ တည်ရှိနေပြီး ထိုစစ်ရထားလုံးများ၏ အပေါ်တွင် မိုးကောင်းကင် နတ်ဘုရား များသည် မတ်မတ်ရပ်လျက် ရှိနေသော မြင်ကွင်းသည် ကြည့်ကောင်းလှချေသည်။

အဝေးတစ်နေရာမှ လှမ်းကြည့်မည်ဆိုလျှင် အေးစက်လွန်းလှသည့် ကျောက်စိမ်းဖြူကဲ့သို့ စစ်ရထားလုံးများ၊ ရှေးနတ်ဘုရား တောင်တန်းများ၊ ကြည့်ကောင်းလွန်းလှသည့် နန်းတော်များ နှင့်အတူ တည်နေရာကြီးတစ်ခုလုံး သည် လူပေါင်းများစွာတို့ အားကျနေထိုင်ချင်သည့် တည်နေရာကြီး တစ်ခုအဖြစ် ပေါ်ပေါက်လာလျက် ရှိနေလေ၏။

စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ သွေးများပင် ဆူပွက်လာခဲ့ကြ၏။ အစစ်အမှန် အင်မော်တယ် အမွေအနှစ် ထွက်ပေါ်လာခဲ့ခြင်းသည် လောကသုံးပါးကိုပင် တုန်ခါစေခဲ့၏။ များပြားလှသည့် အဓိက ဂိုဏ်းအသီးသီးတို့သည် ၎င်းတို့၏ ခန့်မှန်း၍ မရနိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူများကို စေလွှတ်ပြီးသည့်နောက် ထိုနေရာမှ ဝေစု တစ်ခုတလေကို ရယူရန် မျှော်လင့်မိကြသည်။

ရေတွက်လို့ မရအောင် များပြားလှသည့် လူများသည် တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခဲ့၏။ ထိုသူ အားလုံးသည် အလုံးအရင်းနှင့်ဆိုသလို အထဲတွင် ရှိနေသည့် အမွေအနှစ်များကို ရယူနိုင်ရန် ပျံသန်း လာခဲ့ကြခြင်းဖြစ်၏။

“အင်း.. ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အစစ်အမှန် အင်မော်တယ် အမွေအနှစ် အပြင်ဘက်မှာရှိတဲ့ အစီအရင်တွေ အားလုံးကို ချိုးဖြတ်ခဲ့တာလား”

တိမ်များ၏ အပေါ်တွင်တော့ ရွှေရောင်အလင်းတန်းများ တောက်ပလျက် ရှိနေသည့် အကြီးအကဲ တစ်ယောက်သည် မနီးမဝေးတွင် ရှိနေသည့် အင်မော်တယ် နန်းတော်ကြီးဆီသို့ လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်သည်။

“ကျုပ် ဝယ်ယူခဲ့တဲ့ သတင်းအချက်အလက်တွေထဲမှာ အစီအရင်ကို ချိုးဖြတ်ရမယ့် နည်းလမ်း မပါဘူး” ဘေးတစ်ဖက်တွင် ရှိနေသည့် ဆံပင်များ ပွစာကျဲလျက် ရှိနေသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ဦးခေါင်းကို ခါယမ်းလိုက်မိသည်။ ၎င်းသည် မဲနက်လျက် ရှိနေသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများကို အပြင်းအထန်နှင့် ထုတ်ဖော်လျက် ရှိနေ၏။

“မြေအင်မော်တယ်လောက၊ ခရမ်းရောင်နက်နဲလောကနဲ့ ကောင်းကင်မူလလောက - ဒီလောကသုံးခုလုံးက အခွင့်အရေး တစ်ခုတည်းအတွက် ရောက်ရှိလာခဲ့ကြပြီ။ တကယ့်ကို ကြီးမားတဲ့ စစ်ပွဲကြီးကတော့ ဖြစ်လာမှာပဲ။ လောကနှစ်ခုမှာ ရှိနေတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေက အစောကြီးကတည်းကနေ တိုက်ခိုက်ပြီးသား။ နာကျည်းချက် အပြည့်နဲ့ တိုက်ခိုက်ကြမှာ သေချာတယ်” ရွှေရောင်ဝတ်စုံနှင့် အဘိုးအိုသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။

“နားလည်ပြီ” သက်လတ်ပိုင်းလူသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ဖြည်းညှင်းစွာဖြင့် ခေါင်းကို ညိတ်လိုက်၏။

“ခင်ဗျားကို ကျုပ် ဖုံးကွယ် မထားတော့ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ ကျုပ်ဝယ်ခဲ့တဲ့ အခွင့်အရေးက အင်ပါယာတစ်ယောက် ဖြစ်ဖို့ပဲ။ ခင်ဗျားဆီမှာလည်း တူညီတဲ့ ရည်ရွယ်ချက် ရှိမယ်လို့ ကျုပ်ထင်တယ်လေ” ရွှေရောင်ဝတ်စုံနှင့် အဘိုးအိုသည် တည်ငြိမ်အေးဆေးစွာဖြင့် လှမ်းကာ ပြောဆိုလိုက်၏။ ၎င်းဆီမှ ထွက်ပေါ်လျက် ရှိနေသည့် ဖိအားသည် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သွားစေခဲ့သည်။

အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် အင်ပါယာ ဖြစ်လာခဲ့၏။ ထိုအရာသည် ရွှေကျီးကန်းကလန်၏ ဘိုးဘေးကိုပင် မသက်မသာ ခံစားရစေ၏။ သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ခဲ့ပြီး အင်ပါယာဖြစ်ရန် အခွင့်အရေးကို စုံစမ်းစစ်ဆေးခဲ့ကြ၏။ အဖြေသည် ရရှိနိုင်သည်ဆိုသည့် အဓိပ္ပာယ်ပင်။ ရီကလန်မှ ကွာစီအင်ပါယာ တစ်ယောက်သည် ထိုအခြင်းအရာကို သိရှိချိန်မှာတော့ မည်သို့မှ မနေနိုင်တော့ချေ။ သူသည် အခွင့်အရေး များကို အရယူရန် ဝယ်ယူခဲ့၏။

“မျှော်လင့်ရတာပဲ” ရီစုန့်သည် ထူးမခြားနားသလို ပြန်လည်ကာ ပြောဆိုလိုက်သည်။

ပြော၍ မပြီးသေးခင်မှာပဲ ကောင်းကင်ယံထက်၌ ကျယ်လောင်လွန်းလှသော အသံကြီး ပေါ်ပေါက်လာခဲ့၏။

အဝေး တည်နေရာရှိ မြင့်မားလွန်းလှသော တောင်ထွတ်ကြီးသည် အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေ၏။ ထိုအရာကြီးဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသံကြီး တစ်ခုက ထွက်ပေါ်လာခဲ့ခြင်းပင်။ ထိုတောင်ကြီး၏ အပေါ်၌ ကောင်းကင်ယံထက်သို့ပင် ထိုးတက်လျက် ရှိနေသည့် ရှေးသစ်ပင်ကြီး တစ်ခု တည်ရှိနေခဲ့ပြီး လေနှင့်အတူ ယိမ်းယိုင်နေခဲ့၏။ ထိုအရာဆီမှ အားကောင်းလွန်းလှသည့် သေဆုံးခြင်း အော်ရာများ ထွက်ပေါ်နေသည်။

အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ဦးခေါင်းမဲ့ ပုံပန်းသွင်ပြင် တစ်ခုသည် ထိုတည်နေရာ၌ ပေါ်ပေါ်လာခဲ့၏။ ၎င်းသည် သွေးများ စွန်းထင်လျက် ရှိနေသည့် လှံကြီးတစ်ခုကို ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်နေ၏။ ထိုလူသည် အင်မော်တယ်နန်းတော် တည်ရှိရာ နေရာဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေ၏။

“ငရဲကလန်က တစ်စုံတစ်ယောက်ပဲ” တစ်စုံတစ်ယောက်က လှမ်းကာ အော်ဟစ်လိုက်သည်။

ငရဲကလန် ဆိုသည်မှာ မသေနိုင်သည့် မျိုးနွယ်များဟု သုံးသပ်၍ ရ၏။ ၎င်း၏ မျိုးနွယ်များသည် ကလေးမွေးဖွားပြီး ဖြစ်တည်လာခဲ့သည့် လူများ မဟုတ်ပေ။ သေဆုံးပြီးနောက် နည်းလမ်းတစ်မျိုးကို အသုံးပြုကာဖြင့် ဖြစ်တည် လာခဲ့သည့် လူများဖြစ်၏။ ထို့ကြောင့် ငရဲကလန်မှ အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းသည် အလွန်ပင် ဆန်းကြယ်လွန်း လှချေပြီး အဆုံးစွန်သော ယင်ဓာတ်နှင့် မကောင်းသည့် စွမ်းအင်များ လွှမ်းခြုံလျက် ရှိနေ၏။

ပြောရမည်ဆိုလျှင် ထိုကဲ့သို့သော အကြောင်းအရာများကြောင့် ငရဲကလန်တွင် ရှိနေသည့် အဖွဲ့ဝင်များ အားလုံး တို့သည် မယုံကြည်နိုင်လောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်ကြပြီး သတ်ဖြတ်ရန်လည်း ခက်ခဲလွန်းလှသည်။

ငရဲကလန်သည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုသူသည် ကွာစီအင်ပါယာအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ပြီး သူ၏ ရည်ရွယ်ချက်သည် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာတွင် ရှိနေသည့် အမွေအနှစ်များကို ရယူရန်ဖြစ်ကြောင်း အားလုံးသော သူတို့က သိရှိပြီး ဖြစ်လေ၏။ ၎င်းသည် အင်ပါယာဖြစ်ရန် ရည်ရွယ်ချက် ရှိပုံပင်။

သမိုင်းမှတ်တမ်းတလျှောက်တွင် ငရဲကလန်မှ မည်သူမှသည် အင်ပါယာတစ်ယောက် ဖြစ်မလာခဲ့ချေ။ ငရဲကလန်မှ လူတစ်ယောက် အနေနှင့် အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် သက်ရှိသတ္တဝါများ အညံ့ခံရသည့် အင်ပါယာ တစ်ယောက်ဖြစ်လာမည်ဆိုလျှင် အကောင်းဆုံး ဖြစ်မည် မဟုတ်ပါလား။

ကောင်းကင်၏ အစွန်းဘက်တွင် ငွေဖြူရောင် မြစ်ကြီးတစ်စင်း ဖြစ်တည်လာခဲ့၏။ ဆန်းကြယ်လွန်းလှသော ကျင့်ကြံသူနှစ်ယောက်သည် ဘေးချင်းယှဉ်ကာ လျှောက်လာခဲ့ကြ၏။

၎င်းတို့၏ ခန္ဓာကိုယ်၌ မြူများ ရစ်သိုင်းလျက် ရှိနေပြီး ၎င်းတို့ ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် အားလုံးသော သူတို့သည် ကြက်သီးမွှေးညှင်းများပင် ထလာခဲ့ကြသည်။

ထိုသူတို့သည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည့် အင်ပါယာ နှစ်ယောက်ပင် ဖြစ်လေ၏။ တောက်ပလှသည့် အလင်းတန်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အဆုံးစွန်ဆုံးအထိ ထွက်ပေါ်လျက် ရှိနေ၏။ စကြဝဠာ တစ်ခုလုံးအနှံ့တွင် တိတ်ဆိတ်ငြိမ်သက်မှုက ဖုံးလွှမ်းသွားခဲ့၏။

ရေတွက်လို့ မရအောင် များပြားလှသည့် သက်ရှိများသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်စွာဖြင့် ဒူးများပင် ထောက်မိကြ၏။ အင်ပါယာ နှစ်ယောက်တို့ရောက်ရှိလာသည်နှင့် တပြိုင်နက် မည်သူမှသည် မော့ကာ မကြည့်ရဲတော့ချေ။ ဦးခေါင်းကို ညွတ်ကာဖြင့် အင်ပါယာများကို အလေးအမြတ် ပြုနေကြသည်။

“အင်ပါယာတွေပါ ရောက်လာတာလား”

ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် မတ်မတ်ရပ်လျက် ရှိနေတုန်းပင်။ ၎င်းသည် လှံတစ်ချောင်းကဲ့သို့ပင် မားမားမတ်မတ် တည်ရှိနေသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ အင်ပါယာ တစ်ယောက်၏ အော်ရာများသည် သူ့ကို တောင်တစ်ခုကဲ့သို့ ဖိနှိပ်လာခဲ့သည် ဆိုသော်လည်း သူသည် အညံ့ခံရန် စိတ်ကူးမရှိချေ။

သူသည်သာ ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်သွားသည်ဆိုပါက သူ၏ သစ္စာတရားသည် ပျောက်ကွယ်သွားမှာ ဖြစ်၏။ အင်ပါယာတစ်ယောက် ဖြစ်လာရန် ပြင်ဆင်လျက်ရှိသော သူ့အတွက် ဤကဲ့သို့ ဖိအားဒဏ်ကို မခံစားနိုင်ဘူး ဆိုပါက အင်ပါယာတစ်ယောက်၏ ကပ်ဘေးကို မည်သို့ ကျော်ဖြတ်နိုင်တော့မည်နည်း။

အင်ပါယာတစ်ယောက် ဖြစ်လာရန် အခွင့်အရေးကို ဝယ်ယူခဲ့သည် ဆိုသော်လည်း တစ်ရာ ရာခိုင်နှုန်း အောင်မြင်လိမ့်မည်ဟု သူက အာမ မခံနိုင်ချေ။ အောင်မြင်မှု ရရှိရန် မိမိကိုယ်ကိုယ် အားကိုးရန် လိုအပ်ကြောင်း သူ ကောင်းကောင်း နားလည်သည်။

“ဝင်ကြရအောင်”

ရီစုန့်သည် အသာပြောလိုက်၏။ သူသည် အင်ပါယာနှစ်ယောက်ကို လှမ်းကာ ကြည့်ရှုပြီး လေးနက် တည်ကြည်သွားသည်။ သူ၏ ကြီးမားလှသည့် ပုဆိန်ကြီးကို အသာမြှောက်ကိုင်ကာဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ မျက်စိတမှိတ်အတွင်း သူသည် ပျောက်ကွယ်သွားခဲ့ပြီး အင်မော်တယ်နန်းတော်၏ အရှေ့ဆီ၌ ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။

များပြားလှသည့် ကွာစီအင်ပါယာနှင့် အင်ပါယာ နှစ်ယောက်တို့သည် အရှေ့သို့ ဦးဆောင်ကာ လျှောက်လှမ်းလျက် ရှိသည်။ တလောကလုံးသည် ပွက်လောရိုက်ကုန်ကြ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် စွမ်အားမြင့် ကျင့်ကြံသူများသည် ကောင်းကင်ယံသို့ ထိုးတက်လျက် ရှိနေကြပြီး တလက်လက် တောက်ပသည့် အလင်းတန်းများ အဖြစ် ကြည့်ရှုနေသူများအား မျက်စိစူးရှစေသည်။

အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲသို့ လူပေါင်းများစွာတို့ ရောက်ရှိနေကြပြီ ဖြစ်၏။ လူတော်တော်များများသည် အထဲသို့ ဝင်ရောက်ပြီးသည့်နောက် ဆန်းကြယ်လွန်းလှသည့် လေဟာနယ် တည်နေရာကြီး ဆီသို့ သေသေချာချာ ကြည့်ရှုနေကြ၏။

အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် ထိုတည်နေရာဆီသို့ ရောက်ရှိနေခဲ့ကြပြီး ဖြစ်၏။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုပြီးသည့်နောက် နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် အပြုံးများ ဖြစ်တည်နေ၏။ သူတို့ ခေါ်ဆောင်လာခဲ့သည်ဖြစ်သော ဖန်းဟန်သည် အားလုံးထက်အရင် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ အခု သူတို့ နှစ်ယောက်သည်သာ ကျန်ရှိခဲ့၏။ သူတို့ အနေနှင့် သူတို့၏ စွမ်းဆောင်ရည်များကို ထုတ်ဖော်ကာ အခွင့်အရေးများကို ရယူရန် ကြိုးစားရပေလိမ့်မည်။

“တာအိုရောင်းရင်းမုန့်... ဒီနေရာမှာ အစီအရင်တွေ ခင်ဗျား လုပ်ထားလိုက်။ ဒီအင်ပါယာ ပြန်လာပြီ ဆိုတာနဲ့ ကျုပ်တို့ ပေါင်းပြီးတော့ အဆင့်တူမှာ ရှိတဲ့လူတွေ အကုန်လုံးကို တိုက်ခိုက်ကြရအောင်” အောင်းရွှမ်သည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။

“ခင်ဗျား ပြန်လာတဲ့အထိ စောင့်ရမှာလား”

မုန့်ရှင်းကျီသည် ကြောင်အအဖြင့် အံ့အားသင့်သလို ဖြစ်သွားခဲ့၏။ ကျောက်စိမ်းပြားထဲတွင် ပါဝင်သည့် အကြောင်းအရာများကို တွေးကြည့်ပြီးသည့်နောက် သူသည် ထပ်မံကာ မပြောဆိုတော့ချေ။ လက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် ပြောဆိုလိုက်သည်။ “ဒါဆို ခင်ဗျား ပြန်လာတဲ့ အချိန်ကျမှ ပြောကြတာပေါ့”

“ဒီအင်ပါယာက မကြာခင် ပြန်လာခဲ့မယ်”

အောင်းရွှမ်သည် ပြဿနာ တစ်ခုခု ရှိလိမ့်မည်ဟု မထင်ချေ။ ခေါင်းကို ညိတ်ကာဖြင့် အမြန်လှည့်ထွက် သွားခဲ့သည်။ သူသည် အင်မော်တယ်နန်းတော် တည်ရှိရာ နေရာဆီသို့ ဝင်ရောက်သွားခဲ့ခြင်းပင် ဖြစ်၏။

All Chapters