အပိုင်း (၃၃၁)
Vol. 23 Ch. 331
အင်မော်တယ်နန်းတော်၏ အတွင်းဘက်မှာတော့ အလင်းတန်းများနှင့်အတူ စွမ်းအားမြင့် ကျင့်ကြံသူများသည် အထဲသို့ အလုံးအရင်းဖြင့် လျှောက်ဝင်လာခဲ့သည်။ ၎င်းတို့ အားလုံးသည် မြစ်ထဲ၌ ကူးခတ်လျက်ရှိနေသည့် ငါးအုပ်ကြီးကဲ့သို့ပင် အရေအတွက် များပြားလွန်းလှသည်။
တချို့သောသူများဆိုလျှင် သေမျိုးလောကထဲမှာ ပေါ်ပေါက်မလာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော စွမ်းအားမြင့် ကျင့်ကြံသူများပင် ဖြစ်၏။
အင်မော်တယ်နန်းတော်၏ အတွင်းဘက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နဂါးအော်သံများ ထွက်ပေါ်လျက် ရှိနေလေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါစေခဲ့၏။ ကောင်းကင်ယံတွင် ရှိနေသည့် ကျင့်ကြံသူများပင်လျှင် တုန်ယင် သွားမိကြသည်။
ကြီးမားလွန်းလှသည့် သွေးချီများ၊ ကျန်းချီများသည် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့လျက် ရှိနေပြီး ရှေးနတ်ဆိုး နတ်ဘုရားကြီး အသက်ဝင်လာသကဲ့သို့ အရာအားလုံးကို ချိုးဖြတ်သွားတော့မည့် အရှိန်အဝါများ ဖြစ်တည် လာခဲ့၏။
အင်မော်တယ်နန်းတော်ထဲသို့ မဝင်ရသေးသည့် လူတော်တော်များများသည် ဤကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ခံစားရချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ တွန့်ဆုတ်သွားမိကြသည်။ ၎င်းတို့ အားလုံးသည် အရူးများ မဟုတ်ကြချေ။ အော်ရာများကို တစ်ချက်ကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် အင်ပါယာ တစ်ယောက်သည် လှုပ်ရှားတိုက်ခိုက်နေပြီ ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
အင်မော်တယ်နန်းတော်၏ အတွင်းဘက်ရှိ များပြားလွန်းလှသည့် အဖြူရောင် အခိုးအငွေ့များ ကြားထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများ ဖြစ်တည်နေ၏။ သွေးကဲ့သို့သော ထောက်တိုင်ကြီးများသည် ကောင်းကင်ယံဆီသို့ ထိုးဖောက်လုမတတ် ဖြစ်တည်လာခဲ့ပြီး ကြီးမားသည့် တိုက်ပွဲကြီးကို ဖန်တီးနေပြီ ဖြစ်၏။
အထဲတွင် ရှိနေသည့် များပြားလှသောလူများသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်ကြသည်။ ကွာစီအင်ပါယာများ ပင်လျှင် ဒေါသထွက်ကုန်ကြ၏။ အင်ပါရီယာလက်နက် ထွက်ပေါ်လာသည့် အချိန်မှာတော့ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးသည် တုန်ခါလာခဲ့သည်။
ဘုန်း
နားကွဲလောက်စရာ အသံကြီးသည် အင်မော်တယ်နန်းတော်ထဲတွင် ထွက်ပေါ်လာခဲ့၏။ ရွှေရောင် အကာအကွယ်ကြီး တစ်ခုသည် ကောင်းကင်ယံထက်၌ ထင်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံး၏ စိတ်ဆန္ဒအားလုံးကို ကိုယ်စားပြုနေသကဲ့သို့ပင်။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ဆူနာမီ မုန်တိုင်းကဲ့သို့ပင် တလောကလုံးကို ပျံ့နှံ့သွားခဲ့၏။
ထိုရှုပ်ထွေးလှသည့် မြူများကြားထဲတွင် မားမားမတ်မတ် ရပ်တန့်လျက် ရှိနေသည့် တစ်စုံတစ်ယောက်ကို လူများက မြင်လိုက်ကြ၏။ ထိုလူသည် တောင်ဝှေးကြီးတစ်ခုကို ကိုင်ဆောင်ကာဖြင့် အမဲရောင် အရိပ်တစ်ခုနှင့် တိုက်ခိုက်လျက် ရှိနေ၏။ ၎င်းတို့ တိုက်ခိုက်လျက် ရှိနေတုန်းမှာပဲ တိုက်ပွဲသည် တကယ့်ကို ပြင်းထန်လာခဲ့သည်။
နန်းတော်များ၊ ကျောက်စိမ်းမျှော်စင်များ အားလုံးတို့သည် ဖုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ၎င်းတို့ တိုက်ခိုက်နေသည့် တိုက်ပွဲကြောင့် ရေတွက်၍ မရအောင် များပြားသည့် လူများသည် သေဆုံးကုန်ကြ၏။ ကံကောင်းစွာဖြင့် အင်မော်တယ် နန်းတော်ကြီးသည် လုံလောက်စွာ ကြီးမား ခိုင်ခံ့ပြီးသားဖြစ်၏။ မဟုတ်ပါက အင်ပါယာ နှစ်ယောက် တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် နန်းတော်ကြီး တစ်ခုလုံး ပျက်စီးသွား ပေလိမ့်မည်။
“အင်ပါယာတွေက ဘယ်လိုဖြစ်ပြီး ရောက်ရောက်ချင်း တိုက်ခိုက်နေရတာလဲ”
အပြင်ဘက်တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အလန့်တကြား ဖြစ်သွား၏။ ထိုလူနှစ်ယောက်တို့သည် အသေသတ်သည့် တိုက်ကွက်များကိုပင် ထုတ်ဖော်ကာ တိုက်ခိုက်လျက် ရှိနေကြ၏။
ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးသည် ၎င်းတို့၏ တိုက်ခိုက်ချက်ျားကြောင့် တဝုန်းဝုန်းနှင့် တုန်ခါ နေခဲ့၏။ တချို့သော အားနည်းသည့် လူများဆိုလျှင် သွေးများပင် အန်ထွက်ကုန်ခဲ့ကြ၏။ အင်ပါယာ နှစ်ယောက်၏ တိုက်ခိုက်မှုသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ လောကကြီး တစ်ခုလုံး ပျက်စီးတော့မလိုပင်။
တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းလျက် ရှိနေသည့် လူတစ်ယောက်သည် နန်းတော်၏ အပြင်ဘက်ဆီသို့ ပြေးထွက် လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေပြီး အရိုးများအားလုံး ကျိုးကြေနေ၏။ သို့ပေမဲ့ မျက်လုံးထဲတွင်တော့ ကြောက်မက်ဖွယ်ရာကောင်းသည့် အကြည့်များက တည်ရှိနေတုန်းပင်။ သူသည် အင်ပါယာတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် တိုက်ခိုက်မှုကြားတွင် တိုက်ရိုက်ဆိုသလိုပဲ ကျရှုံးခဲ့ခြင်း ဖြစ်၏။
“တားမြစ်နယ်မြေထဲက အဘိုးကြီး... ခင်ဗျား သေသင့်နေတာ ကြာပြီ။ ဘယ်လိုဖြစ်ပြီးတော့ အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲကို ဝင်လာရဲတာလဲ။ သေတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဘယ်လိုရေးရမလဲဆိုတာ မသိဘူးလား”
အင်ပါယာတိုင်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် မတ်မတ်ရပ်လျက် ရှိနေလေ၏။ ၎င်းသည် လောကအားလုံး၏ အရှင်သခင်ကဲ့သို့ပင် မားမားမတ်မတ် တည်ရှိနေပြီး ခရမ်းရွှေရောင်သရဖူကို ဝတ်ဆင်ထား၏။ ၎င်း၏ နက်နဲလွန်းလှသည့် မျက်လုံးသည် ကောင်းကင်ယံတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အော်ရာများ ထွက်ပေါ်နေ၏။ သူသည် မလိုအပ်သည့် လှုပ်ရှားမှုများ မပြုလုပ်ခဲ့ချေ။ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းရည်များ ပါဝင်နေ၏။
ဘုန်း ...။
၎င်း၏ ခေါင်းအထက်တွင် စိမ်းရွှေရောင် အင်ပါရီယာစည်းတစ်ခု ဖြစ်တည်လာခဲ့ပြီး ထိုစည်းသည် အင်မော်တယ် အားလုံး၏ စိတ်ဆန္ဒကို ချိုးဖြတ်လုမတတ်ပင်။ တဝုန်းဝုန်းနှင့် ကြီးမားသည့် အရှိန်အဟုန်ကို ထုတ်ဖော်ပြသလျက် ရှိနေလေ၏။ အင်ပါယာတိုင်သည် အလွန်ကြီးကျယ်ခမ်းနားလှသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ကာဖြင့် တားမြစ်တည်နေရာထဲမှ ထွက်လာခဲ့သော အင်ပါယာဆီသို့ အသာလှမ်းသွားလိုက်သည်။
အဘယ်ကြောင့်ဆိုသည်ကို သူသည် အစောဏကလေးတင် နားလည်သွားခဲ့ပြီ ဖြစ်၏။ သူ၏ ခရမ်းရောင်နက်နဲ လောကကြီးသည် ကောင်းကင်မူလလောကကြီးကို အထက်စည်းမှ ရယူကာ တိုက်ခိုက်နိုင်သည် ဆိုလျှင်တောင်မှ ခက်ခဲသည့် အခြေအနေမျိုးကို ကြုံဆုံနေရ၏။ ကောင်းကင်မူလလောကကြီးထဲတွင် အင်ပါယာပေါင်း မြောက်များစွာ တည်ရှိနေ၏။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကလည်း တည်ရှိနေသေး၏။ သူ့အနေနှင့် တစ်ဖက်လူအားလုံးနှင့် မည်ကဲ့သို့ တိုက်ခိုက်ရမည်နည်း။
လက်ရှိ အခြေအနေမှာတော့ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက် တစ်ခု ကိုသာလျှင် ဝယ်ယူခဲ့၏။ ထိုသတင်းအချက်အလက် တစ်ခုကို အမှီအခို ပြုပြီးသည့်နောက် သူသည် တားမြစ် တည်နေရာထဲမှ ထွက်လာသည့် အင်ပါယာအိုကြီး တစ်ယောက်ကို တိုက်ရိုက်ဆိုသလိုပဲ ချုံခိုကာ တိုက်ခိုက်ခဲ့၏။
တစ်ဖက်လူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့၏။ တစ်ဖက်လူ၏ တိုက်ခိုက်မှု စွမ်းရည် ဆုံးရှုံးသွားခဲ့ပြီဖြစ်သောကြောင့် တစ်ဖက်လူသည် သူ၏ပြိုင်ဘက် မဟုတ်တော့ချေ။
အဝေးတစ်နေရာမှ လှမ်းကာ ကြည့်ရှုနေကြသောသူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သတင်းအချက်အလက် မည်မျှ အရေးကြီးကြောင်းကို မျက်ဝါးထင်ထင် မြင်နေကြရသည်။
အင်ပါယာတိုင်သည် အင်ပါယာများ ကြားထဲတွင် လူသိများ ထင်ရှားလှသည့် လူတစ်ယောက်ဖြစ်၏။ သူသည် အားမနည်းလှချေ။ သို့ပေမဲ့ တားမြစ်တည်နေရာထဲမှ အင်ပါယာများနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင်တော့ အနည်းငယ် လိုအပ်ချက်တော့ တည်ရှိနေသေး၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ပိုင်ဆိုင်သောကြောင့် နှစ်ယောက်ကြား ကွာခြားချက်ဟူ၍ မရှိတော့သည့်အပြင် သူကပင်လျှင် အထက်စည်းမှ ရယူကာ တိုက်ခိုက်နိုင်ခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။
“အင်ပါယာတိုင်”
အစစ်အမှန် အင်မော်တယ် အမွေအနှစ် မြေတည်နေရာ၏ အပြင်ဘက်တွင်တော့ မုန့်ရှင်းကျီသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ ဆံနွယ်များနှင့် အင်္ကျီစသည် လေထဲတွင် တဝုန်းဝုန်းနှင့် လှုပ်ခါနေ၏။ အထဲတွင် လူများ တိုက်ခိုက်နေသည်ကို သူက သိရှိပြီးဖြစ်၏။ သူသည် အင်ပါယာတိုင်နှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသော်လည်း ခရမ်းရောင်နက်နဲလောကမှ အင်ပါယာ သုံးယောက်၏ အကြောင်းကို ကောင်းကောင်း နားလည်ပြီး ဖြစ်သည်။
အင်ပါယာတိုင် ပေါ်ပေါက်လာသည် ဆိုခြင်းမှာ အင်မော်တယ်နန်းတော်ထဲတွင် တခြားသောသူများ ရောက်ရှိနေပြီ ဆိုသည့်အဓိပ္ပာယ်ပင် ဖြစ်လေ၏။ အင်ပါယာတိုင် နှင့် တိုက်ခိုက်နေသည့် လူကို သူ မသိချေ။ ထို့ကြောင့် တစ်ဖက်လူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ရောက်ရှိဖူးမည့် လူတစ်ယောက် မဟုတ်ကြောင်း သေချာသွား၏။ မဟုတ်လျှင် အဘယ်ကြောင့် ဤကဲ့သို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်ရမည်နည်း။
“တားမြစ်တည်နေရာထဲက ထွက်လာတဲ့ ရှေးမွန်းစတားအိုကြီးပဲ ဖြစ်နိုင်တယ်”
မုန့်ရှင်းကျီသည် စိတ်ထဲမှာ တွက်ချက်နေမိ၏။ သူသည် တိုက်ပွဲတည်နေရာကို လှမ်းကာ ကြည့်ရှု၏။ အင်ပါယာ တော်တော်များများတို့သည် စတင်ကာ လှုပ်ရှားနေကြပြီဖြစ်၏။
ကောင်းကင်မူလလောကကြီး၏ တားမြစ်တည်နေရာထဲမှ ထွက်လာသူ တချို့နှင့် ခရမ်းရောင်နက်နဲ လောကကြီးမှ သက်ရှိသတ္တဝါတချို့၊ ထို့အပြင် မြေအင်မော်တယ်လောကကြီးမှ လူများလည်း ပါဝင်နေ၏။ အင်ပါယာ တော်တော်များများ တို့သည် အင်မော်တယ်နန်းတော်ထဲတွင် တိုက်ခိုက်လျက် ရှိနေကြသည်။
“အင်း... အထဲကို ဝင်သွားတဲ့ လူတွေအကုန်လုံး တိုက်နေတာလား”
မုန့်ရှင်းကျီ၏ လက်ထဲမှာတော့ ကျောက်စိမ်းပြား တစ်ခုက ပေါ်ပေါက်လာခဲ့လေ၏။ အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုပြီး သည့်နောက် သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။
လက်ကို မြှောက်လိုက်ပြီးသည့်နောက် သူသည် တကယ့်ကို ထူးခြားလှသည့် သင်္ကေတ တစ်ခုကို ဖန်တီးလိုက်၏။ သူ၏ လက်ဝါးကို လေဟာနယ်ထဲသို့ ဝှေ့ယမ်းလိုက်ချိန်မှာတော့ ဆန်းကြယ်လွန်းလှသော စွမ်းအင်များသည် တည်နေရာတွင် ဖြစ်တည်လာခဲ့သည်။
အင်မော်တယ် အမွေအနှစ် တည်နေရာထဲသို့ မဝင်ရသေးသော လူပေါင်းများစွာတို့သည် အမွေအနှစ် တည်နေရာကြီးမှာ ၎င်းတို့နှင့် အဝေးဆုံးနေရာသို့ ရောက်ရှိသွားသလို ခံစားလိုက်မိကြသည်။ ဤလူများသည် ပွဲကြည့်ပရိသတ်များ ဖြစ်ကြသည်။ သူ ပြုလုပ်နေသည့် အကြောင်းအရာများကို မပြီးခင် သတင်းလျှောက်ဖြန့်နေလျှင် မည်သို့ လုပ်မည်နည်း။
ဝှစ်
စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် စစ်ရထားလုံးများ၊ ကျောက်စိမ်းရောင် (ဆိုင်းဘုတ်)များနှင့် နတ်ဘုရားလှေများနှင့် ရွေ့လျားနေသည့် တောင်ထုများ အားလုံးတို့သည် ထိုစွမ်းအင်များ၏ ပြင်းထန်မှုကို မခုခံနိုင်တော့ဘဲ အဝေးသို့ လွင့်စင်သွားခဲ့လေ၏။
“ဘာတွေ ဖြစ်ကုန်တာလဲ”
တော်တော်များများတို့သည် ဆွံ့အသွားခဲ့တော့၏။ အခြေအနေကို သူတို့ နားလည်မိသည့် အချိန်မှာတော့ သူတို့သည် တောနက်တည်နေရာ တစ်ခုဆီသို့ ရောက်ရှိသွားသည်ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ ခေါင်းမော့ကာ ကြည့်ရှုပြီးသည့်နောက် သူတို့သည် မယုံကြည်နိုင်သလို ခံစားမိနေတုန်းပင်။ တစ်စုံတစ်ယောက် သည် သူတို့ကို အမွေအနှစ် တည်နေရာနှင့် ခပ်ဝေးဝေးဆီသို့ စေလွှတ်ခဲ့ခြင်း ဖြစ်၏။ ကွာစီအင်ပါယာ တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ဤကဲ့သို့ အဝေးပို့ခြင်း ခံလိုက်ရ၏။ မည်မျှ မောက်မာလိုက်သနည်း။
ဆွစ်
တစ်စုံတစ်ယောက်သည် အင်မော်တယ်နန်းတော် တည်ရှိရာ နေရာဆီသို့ ပျံသန်းနိုင်ရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ သူ လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် အင်ပါရီယာ စိတ်ဆန္ဒများသည် ပျံ့နှံ့သွားပြီးသည့်နောက် ကောင်းကင်ယံ ထက်တွင် သွေးမြူအဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားခဲ့လေ၏။
ဤမြင်ကွင်းသည် ကျန်ရှိနေသည့် လူပေါင်းများစွာတို့၏ ကျောရိုးမကြီးများကို စိမ့်တက်သွားစေခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြက်သီး မွှေးညှင်းများပင် ထကုန်၏။ ရုတ်တရက် ဆိုသလိုပဲ အားလုံးက နားလည်သွားမိကြ၏။ သူတို့ကို ခပ်ဝေးဝေး တည်နေရာဆီသို့ စေလွှတ်လိုက်သော သူသည် သာမန်လူတစ်ယောက် မဟုတ်ချေ။ တော်ဝင်အင်ပါယာ တစ်ယောက်ဖြစ်နေခြင်းပင်။
တော်ဝင်အင်ပါယာသည် ဘာလုပ်ချင်နေသနည်း။ အင်မော်တယ်နန်းတော်တွင် ရှိနေသည့် အခွင့်အရေးပေါင်း များစွာကို ဝင်ရောက် လုယူရမည့်အစား အဘယ်ကြောင့် အပြင်ဘက်တွင် စောင့်ကြည့်နေသည့် လူများအားလုံးကို ခပ်ဝေးဝေး တည်နေရာဆီသို့ နှင်ထုတ်ရသနည်း။
အင်မော်တယ်နန်းတော်ထဲတွင် ဖြစ်ပေါ်နေသည့် အင်ပါယာများအကြား တိုက်ပွဲကို တွေးကြည့်ပြီးသည့်နောက် တော်တော်များများတို့သည် ချက်ချင်းဆိုသလိုပဲ ကြောက်လန့်သွားမိခဲ့ကြ၏။ မကြာခင်တွင် မထင်မှတ်ထားသည့် ကိစ္စများ ဖြစ်ပေါ်လာတော့မည့်ပုံပင်။