အပိုင်း (၃၃၂)
Vol. 23 Ch. 332
ဒွီး
ခပ်ဝေးဝေး ကောင်းကင်ယံထက်တွင်တော့ မုန့်ရှင်းကျီသည် လက်တစ်ဖက်ဖြင့် အသာဖိနှိပ်လိုက်၏။ သူ၏ လက်ဝါးဆီမှ အမဲရောင် သင်္ကေတများ တောက်ပစွာ ပေါ်ပေါက်လာ၏။ လေဟာနယ်ထဲတွင် အစီအရင်ကြီး ဖြစ်တည်လာခဲ့ပြီး ထိုအစီအရင်ထဲတွင် ခုဏက စေလွှတ်လိုက်သော လူပေါင်းများစွာတို့ကို သိမ်းဆည်း ချုပ်နှောင်လိုက်၏။
ဤလူများသည် မတူညီသည့် ဂိုဏ်းဂဏ အသီးသီးမှ ရောက်ရှိလာခဲ့သည် ဖြစ်သောကြောင့် သူနှင့် သိကျွမ်းသူဟူ၍ မရှိကြချေ။ သို့သော်ငြား တစ်ဖက်လူများကို သတ်ဖြတ်ပစ်၍လည်း မဖြစ်နိုင်ချေ။ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်သည် ကြီးမားလွန်းလှသည်။
သူ့အနေနှင့် အင်ပါယာတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ အားလုံးသောသူများကို စိန်ခေါ်မှုကို ခုခံနိုင်ရန် ဆိုသည်မှာ ခက်ခဲလွန်းပေလိမ့်မည်။ ထို့ကြောင့် သူသည် ထိုသူများအားလုံးကို မသတ်ဖြတ်ခဲ့ခြင်းပင်။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ နောက်ခံတည်ရှိနေသည် ဆိုလျှင်တောင်မှ ကြီးမားလှသည့် စိန်ခေါ်မှု များကို ခုခံနိုင်လိမ့်မည် မဟုတ်သောကြောင့် တချို့သော ကိစ္စရပ်များကို စဉ်းစဉ်းစားစားနှင့် ပြုလုပ်ရန် လိုအပ်၏။
“ဒီလောက်ဆိုရင် လုံလောက်ပါပြီ” မုန့်ရှင်းကျီသည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်မိ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် တချို့သောနေရာများတွင် လိုအပ်ချက်များ တည်ရှိနေသေးသည် ဆိုလျှင်တောင်မှ ၎င်းတို့၏ အစီအရင်နှင့်ပတ်သက်သည့် ကျွမ်းကျင်မှုသည် ကောင်းကင်မူလလောကထဲတွင် ချွင်းချက်မဲ့ပင်။
အစီအရင်နှင့် ပတ်သက်လျှင် ဂိုဏ်းအနည်းငယ်သည်ကသာလျှင် သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။ အမှတ်မထင် ဖန်တီးလိုက်သည့် အစီအရင်များပင်လျှင် သာမန်လူတစ်ယောက် ချိုးဖြတ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ကျွမ်းကျင်မှု မရှိသည့် လူပေါင်းများစွာတို့ကို ချုပ်နှောင်ထားဖို့ ဆိုသည်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
“ဒီတော့ ငါ့အနေနဲ့ အင်မော်တယ်နန်းတော်ထဲမှာ ရှိတဲ့ လူတွေကို ကြီးကြီးမားမား လက်ဆောင်ပေးဖို့ ပြင်ဆင်ထားရမယ်” မုန့်ရှင်းကျီသည် အလင်းတန်းများကို ထုတ်ဖော်လိုက်၏။
လက်တစ်ချက်ကို ဝှေ့ယမ်း ပြီးသည့်နောက် အမဲရောင် အလံတစ်ခုက ပေါ်ပေါက်လာ၏။ ထိုအရာဆီမှ သွေးချီများသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများအဖြစ် ထွက်ပေါ်လျက် ရှိနေ၏။ ထိုသွေးချီများသည် များပြားလှသည့် အလောင်းကောင်များဆီမှ ရရှိခဲ့သည့် သွေးများကဲ့သို့ပင် ခြောက်ခြားဖွယ်ရာ ကောင်းလွန်းသည့် အငွေ့အသက်များ ပါဝင်နေသည်။
ဆွစ်
အလံသည် သုံးဆယ့်ခြောက်ပေ နီးပါးခန့် မြင့်မားလှပြီး တရွှီးရွှီး အသံများ ထွက်ပေါ်နေ၏။ ၎င်းအလံ ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် ကောင်းကင်နှင့် မြေပြင်တွင် ရှိနေသည့် စွမ်းအင်များ အားလုံးကို စုပ်ယူပြီး သည့်နောက် သန်းနှင့်ချီသော တည်နေရာထဲတွင် နဂါးပိုက်ကွန်ကဲ့သို့သော အစီအရင်များကို စတင်ကာ ဖန်တီး၏။
ချွင် ချွင် ချွင်
မုန့်ရှင်းကျီ၏ လက်ထဲမှ နတ်ဘုရားပစ္စည်းများ တစ်ခုပြီးတစ်ခု ပျံသန်းထွက်ခွာသွားခဲ့ပြီး ကောင်းကင်ယံနှင့် မြေပြင်ဆီသို့ စိုက်ဝင်သွား၏။ ကြီးမားလွန်းလှသည့် အစီအရင်ကြီး တစ်ခုသည် ချက်ချင်းပဲ ဖြစ်တည်လာခဲ့၏။ ချက်ချင်းဆိုသလိုပဲ လောကကြီး တစ်ခုလုံးသည် တုန်ယင်လာခဲ့ပြီး နတ်ဘုရားများပင်လျှင် အံ့အားတသင့်ဖြင့် ကြည့်ရှုရမည့် အရာမျိုး ဖြစ်လာခဲ့သည်။
အစီအရင်၏ အလယ်တွင် သွေးမိုးများ ရွာချလျက် ရှိနေပြီး နတ်ဘုရားပန်းများသည် ခဏအတွင်းမှာပဲ ဖူးပွင့်လာခဲ့၏။ သွေးရောင်အလင်းများနှင့်အတူ နတ်ဘုရားပန်းများ၌ သလင်းရောင်ကဲ့သို့သော ပွင့်ဖတ်များ ဖြစ်တည်လာခဲ့၏။
အခြေအနေ တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာမျိုး ဖြစ်တည်လာခဲ့ပြီး ဤအစီအရင်၏ အတွင်းဘက်တွင် အပိတ်ခံရပါက သက်ရှိသတ္တဝါတိုင်းသည် ခန္ဓာကိုယ်တင်သာမက ဝိညာဉ်များပင်လျှင် တုန်ခါသွားကြမှာ သေချာသည်။
အင်ပါယာအဆင့် သတ်ဖြတ်ခြင်း အစီအရင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် အစီအရင်၏ အပြင်ဘက်သို့ မည်သည့် အော်ရာမှ ပျံ့နှံ့ရောက်ရှိခြင်း မရှိလျှင်တောင်မှ အဝေးသို့ စေလွှတ်ပြီး ဖမ်းချုပ်ခံထားရသော လူများသည် မကောင်းသည့် ခံစားချက်များကို ရရှိလိုက်ကြသည်။ ဖြစ်နိုင်မည်ဆိုလျှင် သူတို့သည် ဤတည်နေရာဆီမှ ထွက်ခွာသွားနိုင်ရန် မျှော်လင့်နေမိ၏။
ချလွမ်
နောက်ထပ် အမဲရောင်အလံတစ်ခုသည် ၎င်း၏ သတ်မှတ်နေရာသို့ ဝင်ရောက်ကာ စိုက်ထူလေ၏။ အင်ပါယာအဆင့် အစီအရင်သည် အသက်ဝင်သွားခဲ့ပြီးသည့်နောက် ၎င်း၏ အသက်ဝင်လှုပ်ရှားမှုကို စတင်လေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်ခြင်း အော်ရာများသည် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီး အရာအားလုံးတို့ကို သုတ်သင်တော့မည့် အရှိန်အဝါမျိုးပင်။
အစီအရင် စတင်ကာ အသက်ဝင်သွားပြီးနောက် ပြန်လည်ကာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုအစီအရင်သည် မည်သည့်အခါကမှ မရှိခဲ့သလို ပြန်လည် ပျောက်ကွယ်သွားခဲ့ခြင်းပင်။
အင်မော်တယ်နန်းတော်၏ အပြင်ဘက်တွင် မြင်ကွင်းတစ်ခုလုံးသည် မပြောင်းမလဲ တည်ရှိနေ၏။ အစီအရင်ထဲသို့ ဝင်သွားခြင်းမရှိပါက ဤနေရာတွင် အစီအရင် ရှိသည်ကို ခန့်မှန်းရန် ခက်ခဲပေလိမ့်မည်။ ရုတ်တရက်ဆိုသလိုပဲ အင်ပါယာအဆင့် အစီအရင်သည် ဤနေရာတွင် အသက်ဝင် ဖြစ်တည်ခဲ့ပြီးသား ဖြစ်၏။ အင်ပါယာ တစ်ယောက်ဆိုလျှင်ပင် ဤနေရာသို့ ဝင်သွားမိပါက ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားရမှာ သေချာ၏။
မုန့်ရှင်းကျီသည် အစီအရင်၏ အတွင်းတွင် မတ်မတ်ရပ်လျက် ရှိနေပြီး အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ် တည်နေရာကို လှမ်းကာ ကြည့်ရှုနေ၏။ လက်ရှိ အခြေအနေမှာတော့ သူ၏ အော်ရာများကို ပြန်လည်ကာ မရုတ်သိမ်းသေးချေ။ သူ၏ မျက်လုံးထဲတွင် နက်နဲမှုများ တည်ရှိနေခဲ့ပြီး ဘုရင်တစ်ပါး၏ ရောင်စဉ်ရောင်ဝါများကို ထုတ်ဖော်နေ၏။ သူ ဘာလုပ်ချင်နေကြောင်းကို မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
သူ့အကြည့်များ၏ နက်နဲမှုအတွင်းမှာတော့ လူပေါင်းများစွာတို့သည် သူ့ကို ဖူးမျှော်ကိုးကွယ်ရမည့် လူတစ်ယောက် ကဲ့သို့ပင် ဖြစ်၍လာခဲ့တော့၏။ တစ်ချက်ကြည့်လိုက်သည်နှင့် ၎င်းသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို တုန်ခါစေသည့် ကြောက်လန့်မှုများကို ပေးစွမ်းနေ၏။ ၎င်း၌ အင်ပါရီယာလက်နက် မရှိသည်ဆိုသော်လည်း အစီအရင်ထဲ၌ တည်ရှိနေသည်ဆိုပါက သူသည် အကောင်းဆုံးသော တိုက်ခိုက်နိုင်သူပင်ဖြစ်သည်။
သူ၏ ကိုယ်ပိုင်အစီအရင် တည်နေရာထဲတွင်ဆိုပါက တစ်ယောက်ချင်း တိုက်ခိုက်မှု၌ မည်သူ့ကိုမှ ကြောက်လန့်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် အစစ်အမှန် အင်မော်တယ်အမွေအနှစ် တည်နေရာထဲမှ ထွက်လာခဲ့သော လူပေါင်းများစွာတို့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိလာပေလိမ့်မည်။
“ငါသာ မမှားဘူးဆိုရင် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲက ပထမဆုံး ထွက်လာမယ့်လူက ဖန်းဟန်ပဲ။ ဘယ်လို ရတနာတွေကို ရလာမလဲဆိုတာ ငါသိချင်မိတယ်” မုန့်ရှင်းကျီက တီးတိုးရေရွတ်လိုက်၏။
အမဲရောင် နတ်ဆိုးစွမ်းအင်များသည် သူ၏ခြေထောက်အောက်တွင် ရစ်သိုင်းလျက် ရှိနေပြီး ကျယ်လောင်လွန်း သော အသံများ ထွက်ပေါ်နေ၏။ သို့ပေမဲ့ ထိုအော်ရာများသည် အစီအရင်အတွင်း၌သာ ဖြစ်တည်လျက် ရှိနေပြီး အပြင်ဘက်သို့ တစ်ချက်ကလေးမှ မထွက်ခဲ့ချေ။
မုန့်ရှင်းကျီ၏ လက်ထဲတွင် ကျောက်စိမ်းပြား တစ်ခုက ပေါ်ပေါက်လာခဲ့၏။ အထဲတွင် ပါဝင်သည့် အကြောင်းအရာ များကို စစ်ဆေးပြီးသည့်နောက် သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူ အခု ပြုလုပ်ရန် လိုနေသည်မှာ အထဲတွင် ရှိနေသည့်လူများ အပြင်ဘက်သို့ ထွက်လာရန် စိတ်ရှည်ရှည်ဖြင့် စောင့်မျှော် နေခြင်းပင်။
အချိန်အတိုင်းအတာသည် ကြာရှည်လှမည် မဟုတ်ချေ။ အထူးသဖြင့် ဖန်းဟန်အတွက်ပင် ဖြစ်၏။ အခု ဖန်းဟန်၌ ဝှက်ဖဲနှစ်ခု တည်ရှိနေ၏။ တစ်ခုသည် တစ်နာရီကြာအောင် အသုံးပြုနိုင်မည့် ဝှက်ဖဲတစ်ခုလည်း ဖြစ်လို့နေ၏။ ထိုအရာသည် ကုန်ဆုံးသွားသည် ဆိုပါက အချိန်အတိုင်းအတာ တစ်ခုအတွင်း ပြန်လည်ကာ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
သုံးရက်ခန့် ကြာမြင့်ပြီးသည့်နောက် မုန့်ရှင်းကျီသည် အစီအရင်ထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး တည်ငြိမ် အေးဆေးစွာ စောင့်နေတုန်းပင်။ သူ့၌ စိတ်မရှည်သည့် လက္ခဏာ ဟူ၍ တစ်ခုကလေးမှ ပေါ်ပေါက်မလာခဲ့ချေ။ သူသည် ဤအချိန်အတိုင်းအတာ အတောအတွင်း အကောင်းမွန်ဆုံးသော စိတ်အခြေအနေဖြင့် စောင့်စားလျက်ရှိသည်။
သူသည် အင်ပါယာအဆင့် စွမ်းရည်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဤမျှလောက်သော အချိန်သည် သူ့အတွက် ဘာမှမဟုတ်ချေ။ အင်ပါယာ တစ်ယောက်ချင်းစီတိုင်းသည် ကိုယ်ပိုင်ခေတ်ကို ထူထောင်ခဲ့သည့် လူများဖြစ်ပြီး ထိပ်တန်းအဆင့် ပါရမီရှင်များလည်း ဖြစ်နေ၏။
အောင်မြင်မှု၊ အနိုင်ရရှိမှု ထိုအရာကို တိတိကျကျ သိရှိရန် ပါရမီရှင် အချင်းချင်း တိုက်ခိုက်မည်ဆိုပါက တစ်နှစ် သို့မဟုတ် နှစ်ပေါင်းများစွာအတွင်း ရလဒ် ပေါ်ပေါက်လာလိမ့်မည် မဟုတ်ချေ။
ဘုန်း
အင်ပါယာနန်းတော်၏ အတွင်းဘက်တွင်တော့ မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် လွန်ခဲ့သည့် သုံးရက်လုံးလုံး ပေါ်ပေါက်မလာခဲ့သည့် အသံမျိုး ဖြစ်၏။ အင်ပါရီယာလက်နက်ကို ကိုင်ဆောင် ထားပြီး တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေသည့် အင်ပါယာများသည် ပျံသန်းလာသည်။
“သူတို့ ရောက်လာပြီပဲ” မုန့်ရှင်းကျီ၏ မျက်နှာသည် လင်းလက်သွား၏။ သူသည် အင်ပါရီယာနန်းတော် တည်ရှိရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။
လူနှစ်ယောက်သည် အရှေ့တွင် ရှိနေသည့် လူများနှင့် တိုက်ခိုက်လျက် ရှိနေလေ၏။ ၎င်းတို့၏ အော်ရာများသည် ဖုံးကွယ်မထားခဲ့ကြချေ။
အရှေ့တွင် ရှိနေသည့်လူသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငယ်ရွယ်ကာ ကြည်လင်ရှင်းလင်းသည့် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်၏။ အင်ပါယာတစ်ယောက်၏ အော်ရာမျိုးကို ထုတ်ဖော်လျက် ရှိနေသည် ဆိုလျှင်တောင်မှ တော်ဝင်အင်ပါယာ တစ်ယောက်၏ ခက်ခဲနက်နဲမှုများကို ကျော်ဖြတ်ခဲ့ရသည့် အရာမျိုးကတော့ လစ်ဟင်းလျက် ရှိနေသည်။ သူ၏ အားအင်အဆင့်သည် မည်သည့်နေရာက ရောက်ရှိလာမှန်း မသိချေ။ ထိုသူသည် ဖန်းဟန်မှလွဲလျှင် တခြား မည်သူဖြစ်ရဦးမည်နည်း။
လက်ရှိအခြေအနေမှာတော့ ဖန်းဟန်သည် တကယ့်ကို ထူးခြားသည့် ခံစားချက်မျိုးကို ခံစားနေရသည်။ စီနီယာ နန်းဆောင်သခင် ညွှန်ကြားပြခဲ့သည့်အတိုင်း သူသည် နောက်ဆုံးမှာတော့ ဘိုးဘေးချန်ထားခဲ့သည့် အမွေအနှစ် တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပဲ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်ပါယာတစ်ယောက်က ပေါ်ပေါက်လာခဲ့လေ၏။
ရန်သူ၏ အားအင်အဆင့်သည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်တွင် တည်ရှိနေ၏။ ထို့အပြင် သူ၏ ဝှက်ဖဲသည် တစ်ခါသုံးလျှင် တစ်နာရီသာခံ၏။ ဤအချိန်ကို ကျော်သွားသည်ဆိုပါက ဖန်းဟန်အနေနှင့် ကြီးကြီးမားမား ဆုံးရှုံးမှုဖြစ်မှာ သေချာ၏။
တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်၏အောက် ကျင့်ကြံသူများလည်း လိုက်ပါလာကြသည်။ သို့ပေမဲ့ ၎င်းတို့၏ အားအင်အဆင့်သည် အနည်းငယ် ကွာခြားချက် ရှိနေသေး၏။ မည်သို့ပင် ဆိုစေကာမူ အားလုံးသောသူတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အတွေ့အကြုံများကို ခံစားရယူခဲ့သည့် တော်ဝင်အင်ပါယာများ ဖြစ်သောကြောင့် သူနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အားကောင်းမှာတော့ သေချာသည်။
“အင်း... တစ်နာရီလောက် ကုန်ခါနီးနေပြီပဲ” ဖန်းဟန်သည် အချိန်ကို တွက်ချက်လိုက်၏။ သူ၏ အမူအရာသည် ပျက်ယွင်းလာခဲ့၏။ သူသည် အနောက်ဘက်တွင် ရှိနေသည့် တော်ဝင်အင်ပါယာကို တစ်ချက်လှမ်းကြည့်လိုက်၏။ အကွာအဝေးသည် မပြောင်းလဲခဲ့ချေ။ အနောက်မှ လိုက်ပါလာသူသည် နီးနီးကပ်ကပ် လိုက်ပါလာခဲ့၏။ ပစ်မှတ်ကို နည်းနည်းလေးမှ လက်လွှတ်ခံမည့်ပုံ မပေါ်ချေ။
“ငါ့အနေနဲ့ စီနီယာ ပေးထားတဲ့ အစီအရင်ကို မှီခိုဖို့ပဲ ရှိတော့တယ်” ဖန်းဟန်သည် တိကျခိုင်မာစွာ တွေးတောလိုက်၏။ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်ပေါက်လာပြီးသည့်နောက် ထိုကျောက်စိမ်းပြား ပေါ်တွင် အင်ပါယာအဆင့် အစီအရင်တစ်ခုအား မည်ကဲ့သို့ ချိုးဖြတ်ရမည်ဆိုသည့် နည်းလမ်း ပါဝင်၏။ ဤသတင်း အချက်အလက်အတွက် ပေးအပ်ခဲ့ရသည့် တန်ကြေးသည် ကြီးမားလွန်းခဲ့၏။
စီနီယာ၏ တွက်ချက်မှုအရဆိုလျှင် မုန့်ရှင်းကျီသည် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာ၏ အပြင်ဘက်တွင် တော်ဝင်အင်ပါယာအဆင့် အစီအရင်ကြီး တစ်ခုကို ပြုလုပ်ထားပေလိမ့်မည်။ ထိုအင်ပါယာအဆင့် အစီအရင်ကို အမှီအခိုပြု၍ သူ၏ နောက်မှ လိုက်ပါလာခဲ့သော အင်ပါယာများ၏ လက်မှ လွတ်မြောက်အောင် ကြံစည်ရပေမည်။
မုန့်ရှင်းကျီသည်လည်း အစီအရင်ကို ချိုးဖြတ်ပြီး သူ့နောက်သို့ လိုက်ပါလာလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် ထိုအစီအရင်ကြီး ဖြစ်တည်ရန်အတွက် ကြီးကြီးမားမား ဖန်တီးအားစိုက်ခဲ့ရသောကြောင့်ပင်။
ထို့အပြင် အင်ပါယာအဆင့် အစီအရင်ကို ဖန်တီးခြင်းဆိုသည်မှာ သာမန်အရာများနှင့် ဖန်တီး၍ မရနိုင်ချေ။ အသုံးပြုရသည့် ပစ္စည်းနှင့် အားအင်စိုက်ထုတ်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့်အရာ ဖြစ်ပေလိမ့်မည်။ ဂိုဏ်းကြီး တော်တော်များများ ပင်လျှင် ထိုကဲ့သို့သော အစီအရင်ကို ဖန်တီးပြုလုပ်ရန် တတ်နိုင်လိမ့်မည် မဟုတ်ချေ ။