← Chapters

အပိုင်း (၃၃၅)

Vol. 23 Ch. 335

အပိုင်း (၃၃၅)

Vol. 23 Ch. 335

"ချီးတဲ့မှ "

မုန့်ရှင်းကျီ၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ သူသည် ခြေထောက်ကို မြောက်ကာဖြင့် ဖန်းဟန် အနောက်သို့ လိုက်ရန် ပြင်လိုက်၏။ ဖန်းဟန်နောက်သို့ သူ အလွယ်တကူနှင့် လိုက်ပါနိုင်သော်လည်း ဤအစီအရင်ကြီးသည် သူ၏ သွေး၊ ချွေးနှင့် ဖန်းတီးထားရသော အစီအရင်တစ်ခု ဖြစ်၏။ သူ၏ ထိန်းချုပ်မှု လွတ်ကင်းသွားပါက အစီအရင်ကြီးသည် ပျောက်ကွယ်သွားမှာ သေချာသည်။ သူသည် ဖန်းဟန်နောက်သို့ လိုက်ရန် မဖြစ်နိုင်တော့ချေ။ ထို့အပြင် ဖန်းဟန် တစ်ယောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီမှ မည်သည့် အချက်အလက်ကို ဝယ်ယူသွားခဲ့မှန်း မသိရှိခဲ့ချေ။

"အင်း စီနီယာနန်းဆောင်သခင်တောင် ပါဝင်ပတ်သက်နေတယ် ဆိုရင်တော့ ငါဘာလုပ်ရင် ကောင်းမလဲ။ အဆုံးသတ်မှာ ဖန်းဟန်ကို လွတ်သွားရုံတင်မကဘူး ၊ တန်ဖိုးကြီးတဲ့ အစီအရင်တစ်ခုကိုတောင် လွတ်ကင်းသွားနိုင်တယ်။ ဒါဆိုရင် ငါ့အတွက် တကယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ အစစ်အမှန် အင်မော်တယ် ချန်ခဲ့တဲ့ အမွေအနှစ်က အကျိုးအမြတ်တွေ အများကြီးရမှာပဲ ။ ဘာပဲပြောပြော ဒီအစီအရင်ကို ဖန်တီးပြီးပြီ ဆိုမှတော့ တစ်စုံတစ်ယောက်က ဒီထဲကို မရောက်လာနိုင်ဘူးဆိုတာ ငါမယုံဘူး"

သူ့အနေဖြင့် အတွေးကိုပင် ပြီးဆုံးအောင် မတွေးရသေးချေ။ ကြမ်းတမ်းလှသော အော်သံတစ်ခုက ပေါ်ပေါက်လာခဲ့၏။ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားခဲ့ပြီး ကျောက်ခဲများသည် နေရာအနှံ့ဆီသို့ လွင့်စင်သွားခဲ့၏။ မြေပြင်များသည်လည်း ကွဲအက်သွား၏။

ရွှေရောင်အမွှေးများ ဖုံးလွှမ်းလျက် ရှိနေသည့် လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ခန္ဓာကိုယ်ကြီး တစ်ခုလုံးသည် ရှည်လျားလွန်းသော အမွှေးများနှင့် ဖုံးလွှမ်းလျက် ရှိနေသည်။

ထူထဲလှသည့် မြူများသည် ထိုရွှေရောင်အမွေးများ အပါ်၌ ဖုံးလွှမ်းနေ၏။ အနောက်ဖက်တွင်တော့ အတောင်ပံ ဆယ့်နှစ်ခုက တည်ရှိနေပြီး ထိုအတောင်ပံ တော်တော်များများသည် ကျိုးကြေလျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်အောက်တွင် ကျဆင်းလျက်ရှိနေသော ရွှေရောင်သွေးများသည် ရေအိုင်ငယ်လေးတစ်ခုကဲ့သို့ပင် ဖြစ်တည်နေ၏။ အင်ပါယာ၏ သွေးများသည် အားအင်ပြင်းထန်လွန်းလှ၏။

" မုန့်ရှင်းကျီ …. ခင်ဗျားသေချင်နေတာပဲ"

အစီအရင်ထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ လူများသည် ထိုအသံကြားသည်နှင့် ဒူးများပင် ခွေယိုင်သွားမှာ သေချာ၏။ ခံစားချက် ကင်းမဲ့နေသည့် မျက်လုံးတစ်စုံသည် မုန့်ရှင်းကျီ ဆီသို့ ကျဆင်းလာခဲ့သည်။

ဘုန်း ……

ဟုန်ရွှမ်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ကြမ်းတမ်းလှသည့် ခန္ဓာကိုယ်ကြီးသည် အရှိန်ဟုန်ပြင်းပြင်းနှင့် ဝင်ရောက်လာခဲ့၏။ ၎င်းသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားသည် ဆိုလျှင်တောင်မှ လူသားအားလုံး၏ နှလုံးများကို တုန်ယင်သွားစေနိုင်သည့် စွမ်းရည်မျိုးတော့ ပိုင်ဆိုင်လျက် ရှိနေသေး၏။ အချိန်၏ မြစ်ရေစီးကြောင်းမှ ပြန်လည်ရောက်ရှိလာခဲ့သည့် ပထမရှေးသားရဲကြီးကဲ့သို့ပင်။

"ဟုန်ရွှမ်"

မုန့်ရှင်းကျီသည် မျက်လုံးကို မှေးကာ ကြည့်ရှုလိုက်၏။ စီနီယာ နန်းဆောင်သခင် ထောက်ပံ့ပေးထားသော အစီအရင်ထဲတွင် ဖန်းဟန်သည် အရင်ဆုံး ပေါ်ပေါက်လာသူ ဖြစ်၏။ ပြီးနောက် ဟုန်ရွှမ်သည် ပေါ်ပေါက်လာပေလိမ့်မည်။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်သည် ပြိုင်တူနီးပါး ပေါ်ပေါက်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

သတင်းအချက်အလက် အရဆိုလျှင် ဟုန်ရွှမ်သည် အစောကြီးကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးသား ဖြစ်၏။ ယခု သူ၏တိုက်ခိုက်ချက်ကိုပါ ခံရလိုက်ရသည် ဖြစ်သောကြောင့် ဒဏ်ရာများမှာ ပိုမိုကာ ဆိုးရွားသွားပေလိမ့်မည်။ ဟုန်ရွှမ်သည် အရင်တုန်းက သူ့ထက်ပိုမိုကာ အားကောင်းသည် ဆိုလျှင်တောင်မှ လက်ရှိအချိန်မှာတော့ သူက တပန်းသာလို့နေ၏။

"ဒီအင်ပါယာရဲ့ နာမည်ကို ဘယ်လိုသိတာလဲ"

ဟုန်ရွှမ်သည် လေးနက်သည့် အသံဖြင့် မေးမြန်းလိုက်၏။ သူ၏ ရွှေရောင်အမွှေးများကြားထဲတွင် ကြမ်းတမ်းလှသော အော်ရာများက ထွက်ပေါ်နေခဲ့၏။ သွေးနီရောင်ကဲ့သို့ မျက်လုံးတစ်စုံသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ခံစားချက်ကို ပေးစွမ်း၏။ ထာဝရမြို့၏ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် ကောင်းကင်မူလလောကကြီး ဆီသို့ တစ်ခါမှ ခြေမချခဲ့ဘူးချေ။ အဘယ့်ကြောင့်ဆိုသော် ခြေချချင်စိတ် မရှိသောကြောင့်ပင်။

သူ၏ မျက်လုံးထဲတွင် ကောင်းကင်မူလလောကကြီး ဆိုသည်မှာ အားနည်းလွန်းလှ၏။ နှစ်ပေါင်းတစ်သိန်းကြာပြီးသည့်နောက် တော်ဝင်အင်ပါယာ တစ်ယောက်ကိုပင် ထုတ်ဖော်နိုင်ခြင်း မရှိသော လောကကြီး သည် တကယ့်ကို အားနည်းလှ၏။ ထို့ကြောင့်ပင်လျှင် ကောင်းကင်မူလလောကကြီး ဆီသို့ လှည့်လည်သွားလာရန် သူ၌ စိတ်ဆန္ဒမရှိခဲ့ချေ။ သူ၏ စိတ်တစ်ခုလုံးသည် သူ၏ မွေးရပ်မြေလောကဆီသို့ ပြန်ရောက်ရန်သာ အာရုံစိုက်ထားခဲ့၏။ အစစ်အမှန် အင်မော်တယ် အမွေအနှစ်သာ ထွက်ပေါ်မလာပါက သူသည် ဤလောကဆီသို့ ခြေပင်ချလိမ့်မည် မဟုတ်ချေ။

"ခင်ဗျားနာမည်ကို သိရုံမကဘူး ခင်ဗျားက ထာဝရမြို့က လာတယ်ဆိုတာပါ ကျုပ်သိသေးတယ်။ ခင်ဗျားက ပြန်ဖို့လမ်းကို အမြဲရှာနေတာလေ …. ဟုတ်တယ်မလား" မုန့်ရှင်းကျီသည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ ဟုန်ရွှမ်၏ တုံ့ပြန်မှုမှတဆင့် ထာဝရမြို့မှဖြစ်ကြောင်း သူသည် အတည်ပြုပြီးသား ဖြစ်၏။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်ကနေ သတင်းအချက်အလက်တွေ ဝယ်ယူခဲ့တာလား" ဟုန်ရွှမ်သည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူသည် ဆက်တိုက်ဆိုသလိုပဲ မုန့်ရှင်းကျီကို ဖိအားပေးနေသည်။

လက်ရှိအချိန်မှာတော့ မုန့်ရှင်းကျီသည် လက်ကို အသာမြောက်လိုက်၏။ ပတ်ဝန်းကျင်တွင် ရှိနေသော အစီအရင်သည် ပြန်လည်ကာ အသက်ဝင်လာခဲ့၏။ အားကောင်းလှသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ပြည့်နှက်သွား၏။ မုန့်ရှင်းကျီသည် ဘာတစ်ခုမှ ပြန်မပြောချေ။ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။

"ကြည့်ရတာ ကောင်းကင်လျှို့ဝှက် နန်းဆောင်က သတင်းပေးထားတာပဲ ဖြစ်ရမယ်"

ဟုန်ဖန်က အတည်ပြုလိုက်၏။ ထာဝရမြို့သည် ဤလောကနှင့် မသက်ဆိုင်သည့် တည်နေရာတွင် ရှိသောကြောင့် ကောင်းကင်မူလလောကြီးမှ လူများ သတိပြုမိနိုင်သည့် အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က သိရှိကောင်း သိရှိပေလိမ့်မည်။

ပေါ်ပေါက်လာပြီးကတည်းက ဤနန်းဆောင်သည် ပြဿနာပေါင်း များစွာကို ဖြစ်တည်စေခဲ့၏။ တချို့သော ဂိုဏ်းများကို ပျက်စီးစေခဲ့သည်။ ထို့ပြင် ယခုအချိန်၌ လောကကြီးနှစ်ခုကိုပင် ပေါင်းစပ်ခဲ့သေး၏။ ငြိမ်ငြိမ်သက်သက် နေထိုင်ရမည်အစား အဘယ့်ကြောင့် ဤမျှရှုပ်ထွေးလှသည့် အခြေအနေမျိုးရောက်အောင် ဖန်တီးနေရသနည်း။

အရင်တုန်းက သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားရောက်လည်ပတ်ချင်စိတ် လုံးဝမရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် နန်းဆောင်သခင်ကို အထင်အမြင် သေးသောကြောင့်ပင်။ သူတို့၏ လောကကြီးသည် အမှန်ပင် အားကောင်းလွန်းလှ၏။ ထို့ကြောင့် ကောင်းကင်မူလလောကကြီး ဆိုသည်မှာ ရေကန်ငယ်လေးတစ်ခုဟုပင် ထင်မှတ်ထားခဲ့၏။ ဤကဲ့သို့သော ရေအိုင်ငယ်လေးထဲတွင် အစစ်အမှန်နဂါးဟူ၍ အဘယ့်ကြောင့် ပေါ်ပေါက်လာမည်နည်း။

သို့ပေမဲ့ ရက်ပေါင်းများစွာ ကြာခဲ့ပြီး ယနေ့အချိန်မှာတော့ သူ၏ အမြင်များသည် ပြောင်းလဲသွားခဲ့သည်။

ယခု မုန့်ရှင်းကျီ၏ လုပ်ရပ်များကို ကြည့်ရှုပြီးနောက် အစစ်အမှန်နဂါးသည် ကောင်းကင်မူလလောကဟူသော ရေကန်ငယ်လေးထဲတွင် ပေါ်ပေါက်လာပြီ ဖြစ်ကြောင်း သူကသိလိုက်၏။ နန်းဆောင်ထဲတွင် ထိုင်နေရင်းနှင့်ပင် နန်းဆောင်သခင်သည် အရာအားလုံးကို သိရှိပြီးသား ဖြစ်နေ၏။ ထာဝရမြို့သည် ကောင်းကင်မူလလောကကြီး ပိုင်ဆိုင်သည့်အရာ မဟုတ်ကြောင်းကိုလည်း ကြိုတင်ကာသိမြင်ထားခဲ့ပြီး ပြန်မည်လမ်းကို ရှာဖွေနေသည့် သူတို့၏ ရည်ရွယ်ချက်ကိုပင် တွက်ချက်ထားခဲ့သေး၏။

"လမ်းဖယ်ပေးစမ်း။ ဒီနေ့ကိစ္စကို မသိသလို နေပေးမယ်"

ဟုန်ရွှမ်က ပြောဆိုလိုက်၏။ သူ့အတွက် အရေးကြီးသည်မှာ အမွေအနှစ်တည်နေရာထဲသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် အကျိုးအမြတ် များများ ရရှိရန်ဖြစ်သည်။ ထိုအကျိုးအမြတ်များကို မုန့်ရှင်းကျီဆီသို့ မပေးချင်ပေ။ သူ၏ မူလလောကဆီသို့ ပြန်နိုင်ပါကအင်မော်တယ်၏ အစစ်အမှန်အမွေအနှစ် ဆိုသည်မှာ ဘာမှ ထူးခြားသည့်အရာ ဟုတ်လိမ့်မည် မထင်ချေ။ သို့သော်ငြား လတ်တလော အခြေအနေမှာတော့ သူ့အတွက် အလွန်အသုံးဝင်သည့် အရာဖြစ်နေလေသည်။

"ကောင်းပြီ"

မု့န်ရှင်းကျီက ခေါင်းညိတ်လိုက်၏။ "အင်ပါရီယန်လက်နက်နဲ့ ခင်ဗျားရဲ့ သိုလှောင်လက်စွပ်တွေကို ချန်ခဲ့လိုက်"

"ခင်ဗျား သေချင်နေတာလား"

ဟုန်ရွှမ်က အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တွင် ရှိနေသည့် အမွှေးများပင် ထောင်ထလာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် တည်နေရာ အနှံ့ဆီသို့ ပြန့်နှံ့သွားသည်။

ရှေ့တစ်လှမ်းတိုးပြီးနောက် ဟုန်ရွှမ်သည် မုန့်ရှင်းကျီ၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့လေ၏။ ရွှေရောင် ခြေထောက်ကြီး တစ်ဖက်သည် ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်ဖြင့် ကျဆင်းလာခဲ့၏။

"ဒီနေရာမှာ ဘယ်သူ အသက်ရှင်ပြီး ဘယ်သူသေမယ်ဆိုတာ မသေချာဘူး"

မုန့်ရှင်းကျီက အေးစက်စက် တုံ့ပြန်လိုက်၏။ တချက်ကလေးမှ စိုးရိမ်သည့် ပုံစံမျိုး မပြခဲ့ချေ။ တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည် ဖော်ပြ၍မရနိုင်သော အားအင်များကို ထုတ်ဖော်နိုင်စွမ်း ရှိနေ၏။ ဆံနွယ်များသည် လေနှင့်အတူ လွင့်မြောလျက် ရှိနေပြီး ၎င်းသည် နတ်ဆိုးအရှင် တစ်ပါးကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှချေ၏။ အမဲရောင် အော်ရာများသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးကွယ်လျက် ရှိနေ၏။ သူသည် အရင်ဆုံး လှုပ်ရှား တိုက်ခိုက်ရန်ရန် မရည်ရွယ်ခဲ့ချေ။ ထိုအစား လေဟာနယ်ထဲတွင် မတ်မတ်ရပ်နေပြီး အစီအရင်ကိုသာ အသက်သွင်းနေသည်။

ဘုန်း ….။

ကြမ်းတမ်းလှသော ခြေထောက်ကြီးသည် ကျဆင်းလာခဲ့သည်။ အစီအရင်သည် ထိုခြေထောက်ကြီးကို တားဆီးထားပြီးသား ဖြစ်နေလေ၏။

"ခင်ဗျား ထိပ်ဆုံး အခြေအနေမှာ ရှိနေတယ်ဆိုရင်တော့ ကျုပ်က နောက်ဆုတ်ဖို့ စဉ်းစားကောင်း စဉ်းစားမိမယ်။ ဒီလိုအခြေအနေနဲ့ ဆိုရင်တော့ အရာအားလုံးက ကွဲပြားသွားပြီ "

မုန့်ရှင်းကျီသည် အစီအရင်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ နတ်ဆိုးချီများသည် ၎င်းကိုလွှမ်းခြုံထားလေ၏။ ၎င်း၏ မျက်လုံးများသည် ကောင်းကင်ဘုံ၏ ဓားများကဲ့သို့ပင် စူးရှလွန်းလှသည်။

ဟုန်ရွှမ်ပင်လျှင် ကြီးမားလှသည့် ဖိအားဒဏ်ကြီးကို စတင်ကာ ခံစားနေမိ၏။ အစီအရင်ကို ကျွမ်းကျင်သော တော်ဝင်အင်ပါယာတစ်ယောက်သည် တကယ်ပင် ဒုက္ခပေးလွန်းလှ၏။ ချိုးဖျက်ရန် မတတ်နိုင်သလို တစ်ဖက်လူနှင့် သေဆုံးသည်အထိ တိုက်ရန်လည်း မဖြစ်နိုင်ချေ။ ဤအစီအရင်သည် တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အစီအရင်သာ ဖြစ်၏။

All Chapters