← Chapters

အပိုင်း (၃၃၆)

Vol. 23 Ch. 336

အပိုင်း (၃၃၆)

Vol. 23 Ch. 336

အင်ပါယာအဆင့် အစီအရင်သည် အသက်ဝင်သွား ခဲ့ပြီးသည့်နောက် အစီအရင်ကြီး တစ်ခုလုံးသည် သားသတ်ရုံအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ မုန့်ရှင်းကျီသည် လက်တစ်ဖက်ကို အသာဖိနှိပ်လိုက်သည်။ အင်ပါရီယာ သတ်ဖြတ်ခြင်း အော်ရာများသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံနေပြီး သွေးနီရောင် ဓားအလင်းတန်းများသည် ဟုန်ရွှမ်တည်ရှိရာ နေရာဆီသို့ ကျဆင်းလာခဲ့၏။

"အစီအရင်ထဲမှာ ဘယ်လောက်တောင့်ခံထားနိုင်မှာလဲ။ ပြီးတော့ ခင်ဗျားက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာ မဟုတ်လား" မု့န်ရှင်းကျီက အေးစက်စက် ပြောဆိုလိုက်သည်။

သူ၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေပြီး သူသည် အစီအရင်နှင့် တသားတည်း ဖြစ်တည်နေသည့် ပုံပင်။ ကောင်းနှင့် မြေပြင်တွင် ရှိနေသည့် စွမ်းအင်လှိုင်းများပင်လျှင် သူ့ကို ဒုက္ခပေးရန် မဖြစ်နိုင်ချေ။ လက်ရှိအချိန်မှာတော့ အစီအရင်သည် အပြည့်အဝ အသက်ဝင်သွားခဲ့ပြီ ဖြစ်သောကြောင့် အစီအရင်ထဲတွင် ရှိနေသည့် အရာအားလုံးတို့သည် ၎င်း၏ စိတ်ခံစားချက်အလိုက် လှုပ်ရှားသွားလာနေပြီ ဖြစ်၏။ ကြီးမားကျယ်ပြန့်လှသည့် ပိုက်ကွန်ကြီး တစ်ခုသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့၏။

ရှေ့တွင် ဓားအလင်းတန်းများ တည်ရှိနေ၏။ အပေါ်ဖက်တွင် ကြီးမားလှသည့် ပိုက်ကွန်ကြီးက ကျဆင်းလာခဲ့လေ၏။ ကောင်းကင်နှင့်မြေကြီးသည် စည်းခတ်ခံထားရသလိုပင်။ သတ်ဖြတ်လိုခြင်း ဆန္ဓများသည် အင်ပါယာတစ်ယောက်ကိုပင် ကြောက်ရွံ့စိတ်များ ဖြစ်တည်စေမှာ သေချာသည်။

"မုန့်ရှင်းကျီ .. ခင်ဗျားသေချင်နေတာပဲ"

ဟုန်ရွှမ်က အော်ဟစ်လိုက်၏။ သူ၏ ကျင့်ကြံခြင်းသည် တကယ်ကို မြင့်မားသည့် အခြေအနေသို့ ရောက်ရှိနေပြီး သက်ရှိများကိုပင် ချုပ်ကိုင်နိုင်သည့် လူတစ်ယောက်ဖြစ်၏။

ဘုန်း…..

များပြားလှသည့် အလင်းတန်းများ ဖြစ်တည်လာပြီးနောက် ကောင်းကင်၏ စိတ်ဆန္ဒနှင့် ဖြစ်တည်လာသော အမဲရောင် လက်ကြီးတစ်ဖက်သည် ဓားအလင်းတန်းများကို ဖယ်ရှားလိုက်၏။ ဓားအလင်းတန်းများ ပျောက်ကွယ်ပြီးသည့်နောက် အစီအရင်တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပုံပေါ်သည်။

ဒဏ်ရာဗလပွဖြစ်နေသော ဟုန်ရွှမ်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်နေတုန်းပင်။ နှစ်ယောက်သားသည် သာမန်ထက်ပိုသည့် တိုက်ပွဲတစ်ခုကို ဖန်တီးလျက် ရှိနေပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးတွင် အလင်းတန်းများနှင့် တဝုန်းဝုန်းထလျက် ရှိနေ၏။ တိုက်ပွဲသည် တကယ်ကို ကြမ်းတမ်းလွန်းလှ၏။

မုန့်ရှင်းကျီမှာတော့ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ဟုန်ရွှမ်ကို အလစ်ငိုက်ဖမ်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ ဟုန်ရွှမ်သည် နက်နဲလှသည့် အခြေခံကို ပိုင်ဆိုင်သောကြောင့် နှစ်ယောက်သား ဘက်ညီလျက် ရှိနေလေ၏။ ဆယ်ရက်တာ ကြာမြင့်ပြီးနောက် ကျယ်လောင်လှသော အော်ဟစ်သံကြီးက ပေါ်ပေါက်လာခဲ့လေ၏။ အစီအရင်ထဲတွင် ဓားအလင်းပေါင်း ထောင်ချီက ကျဆင်းလျက် ရှိနေပြီး ဟုန်ရွှမ်သည် မယုံကြည်နိုင်အောင် ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။ ပုံမှန်ရုပ်သွင်အတိုင်းပင် မရှိတော့ချေ။

"အချိန်အကြာကြီး တိုက်ခိုက်ပြီးတဲ့နောက်မှာ ခင်ဗျားသာ လွတ်သွားရင် တကယ့်ကို ဆုံးရှုံးမှုကြီး ဖြစ်မှာ မဟုတ်လား" မုန့်ရှင်းကျီ၏ မျက်လုံးများသည် တောက်ပလျက် ရှိနေတုန်းပင်။ သူ၏ မျက်လုံးများသည် စကြာဝဠာ၏ တွင်းနက်ကြီးကဲ့သို့ပင် နက်ရှိုင်းလှချေ၏။

မုန့်ရှင်းကျီသည် ရပ်တန့်မနေခဲ့ချေ။ လက်နှစ်ဖက်ကို ရွေ့လျားပြီးသည့်နောက် ထပ်တလဲလဲ တိုက်ခိုက်လိုက်၏။ အစီအရင်ကြီးတစ်ခုလုံး တုန်ယင်နေပြီး နတ်ဆိုးစွမ်းအင်များသည် တဝုန်းဝုန်းနှင့် ထွက်ပေါ်နေသည်။

ခရက်

ဟုန်ရွှမ်ဆီမှ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး သည် အနောက်ဖက်သို့ လွင့်စင်သွားခဲ့၏။ ခန္ဓာကိုယ်ကြီးသည် လေထဲတွင် မတ်မတ်ရပ်နေမည် ဆိုလျှင်တောင်မှ ၎င်း၏ အရိုးများသည် ကျိုးနေပြီဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ဗလပွနှင့် ဖြစ်တည်နေပြီး သွေးများနှင့် စိုရွှဲလျက် ရှိနေ၏။

ဝုန်း ….။

ဟုန်ရွှမ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့၏။ တစ်ချက်လောက် အော်ဟစ်ပြီးသည့်နောက် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ် ကောင်းသော အော်ရာများကို ထုတ်ဖော်လျက် ရှိနေတုန်းပင်။

ဘုန်း ….။

၎င်း၏ အင်ပါယာခန္ဓာကိုယ်သည် ပေါက်ကွဲသွားခဲ့လေ၏။ ခန္ဓာကိုယ်ဖြင့် အစီအရင်ကို ဖောက်ခွဲရန် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး အစီအရင် ပြန်မကောင်းခင်အချိန်လေးကို အခွင့်ကောင်းယူ၍ သူသည် အပြင်ဖက်သို့ ပျံသန်းလိုက်၏။ ကြည့်ရသည်မှာ သူ၏ ဒဏ်ရာများသည် ပြင်းထန်လွန်းလှ၏။ သူသည်သာ အစီအရင်ထဲမှ မထွက်ခွာနိုင်ပါက မုန့်ရှင်းကျီကြောင့် အန္တရာယ်များမှာ သေချာ၏။

တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူဖြစ်လျှင်တောင်မှ ယခုမှအင်ပါယာဖြစ်လာသူသည် သူ့အား ဖိနှိပ်ထားခဲ့၏။ သူသည် မသေဆုံးခဲ့လျှင် တောင်မှ သူ၏ ဂုဏ်သိက္ခာသည် အလုံးစုံ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

" တကယ့်ကို ကောင်းတဲ့တိုက်ကွက်တစ်ခုပဲ"

မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် လက်ဖျောက်တစ်ချက် တီးလိုက်ပြီး ထွက်ပြေးသွားခဲ့သည့် ဟုန်ရွှမ်၏ ကျန်ရစ်ခဲ့သော သိုလှောင်လက်စွပ်များကို သိမ်းစည်းလိုက်သည်။ သူသည် ဟုန်ရွှမ်ကို အလုံးစုံ ထိန်းသိမ်းထားနိုင်ခြင်း မရှိသည့်အပြင် တစ်ဖက်လူ၏ အင်ပါရီယန်လက်နက်ကို ရယူနိုင်ခြင်း မရှိခဲ့သော်လည်း နောင်တမရခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် အရာများသည် တရားလွန်များပြားလှသည်။

"ဟုန်ရွှမ်က မသေသေးဘူး။ ဒါက ပြဿနာပဲ"

မုန့်ရှင်းကျီသည် အဆင်မပြေသလို ခံစားလိုက်မိ၏။ သို့ပေမဲ့ မကြာခင်မှာပဲ ထိုစိုးရိမ်မှုများကို ဖယ်ရှားလိုက်၏။ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာ၏။ အထဲတွင် ရှိနေသည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် အင်မော်တယ်နန်းတော်မှ ထွက်ပေါ်လာမည့် နောက်တစ်ယောက်ကို သူက အတည်ပြုပြီးသား ဖြစ်၏။

"အင်း တစ်ယောက်တည်းကို ပြဿနာရှာရတာ များနေပြီ။ အဖွဲ့လိုက်ဆိုတော့ ပိုဆိုးတာပေါ့။ ဘာပဲပြောပြော ငါစွန့်စားရမယ်လေ။ စွန့်စားခြင်း နောက်ကွယ်မှာ ရှိတဲ့ ကြီးမားတဲ့အကျိုးအမြတ်ကို ငါရမှာပဲ။ အင်း …. အားလုံးပြီးသွားရင် တောနက်တစ်ခုထဲကို သွားပြီးတော့ တိတ်တဆိတ် တံခါးပိတ်ကျင့်ကြံမှုကို လုပ်ရမယ်။ ဘယ်တော့မှ ထွက်မလာတော့ဘူး"

ဤကဲ့သို့သော အခြေအနေမျိုးများ ဖြစ်လာမည်ကို သူက ကြိုတင်တွက်ဆထားပြီးသား ဖြစ်၏။ အင်ပါယာတိုင်းသည် သာမန်ထက်ပိုသော ကျင့်ကြံခြင်းနှင့် နည်းစနစ်များကို ပိုင်ဆိုင်ကြ၏။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့် အနိုင်ရရှိရန်မှာ မဖြစ်နိုင်ချေ။ တစ်ချို့သောသူများသည် လွန်မြောက်သွားပါက ယနေ့ပြုလုပ်ခဲ့သော အကြောင်းအရာအလိုက် လက်စားပြန်ချေကြမှာ သေချာ၏။ ထွက်ပြေးတိမ်းရှောင်ခြင်းကို မပြုလုပ်ပါက မုန့်ရှင်းကျီ၏ ပုံစံမဟုတ်ချေ။

"တစ်စုံတစ်ယောက် လာပြန်ပြီလား"

မု့န်ရှင်းကျီသည် ကျောက်စိမ်းပြားကို ကိုင်ရင်း အထဲတွင် ရှိနေသည့် အကြောင်းအရာများကို ကြည့်ရှုလိုက်သည်။ သူ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။

ထွက်ပေါ်လာသည့်သူသည် ခရမ်းရောင် နက်နဲလောက၏ တားမြစ်တည်နေရာထဲမှ အင်ပါယာတစ်ယောက် ဖြစ်၏။ ထိုအင်ပါယာသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး တိုက်ပွဲဆီမှ ထွက်ပြေးလာသည့် လူတစ်ယောက်သာ ဖြစ်၏။ ထိုသူသည်သာ အစီအရင်ထဲသို့ ရောက်ရှိလာပါက သတ်ဖြတ်ပစ်နိုင်ရန် ခုနှစ်ဆယ် ရာခိုင်နှုန်းခန့် သေချာသည်။

ဤအတောတွင်း ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲတွင် လူနှစ်ဦး ရှိနေပြီး ၎င်းတို့၏ရှေ့တွင် မြင်ကွင်းတစ်ခုက ပေါ်ပေါက်နေခဲ့၏။ အထဲတွင် ရှိနေသည့် ပုံရိပ်များကို ၎င်းတို့က စိတ်ဝင်တစားနှင့် ကြည့်ရှုနေကြ၏။

လီယွင်သည် ခုံတန်းပေါ်တွက် တစောင်းလှဲကာဖြင့် ရေနွေးသောက်ကာ တိုက်ပွဲကို ကြည့်ရှုနေသည်။

"မုန့်ရှင်းကျီက တကယ်ကို နတ်ဆိုးလမ်းစဉ်ကိုလျှောက်တဲ့ လူတစ်ယောက် ပီသပါပေတယ်။ သူရဲ့ နည်းစနစ်တွေကလည်း ကြမ်းတမ်းတယ်။ ခရမ်းရောင် နက်နဲနယ်မြေရဲ့ တားမြစ်တည်နေရာက အင်ပါယာကိုတောင် ပစ်မှတ်ထားရဲတယ်။ သူ့ရဲ့ သတ္တိက ဩချရလောက်တယ်။ လင်းရှောင်ကလည်း ကံကောင်းတယ်။ သူရှာဖွေနေတဲ့ နတ်ဘုရား အတတ်ပညာတွေကိုရော ရှာတွေ့သွားပြီ ထင်တယ်။ ဒါဆိုရင် သူ့ရဲ့ အင်ပါယာလက်နက်ကို သန့်စင်နိုင်မှာပဲ။ အောင်းရွှမ်ကတော့ …."

လီယွင်သည် နှုတ်ခမ်းကိုက်ကာဖြင့် ကြည့်ရှုနေမိ၏။ သူ၏ရှေ့တွင် သတ်လတ်ပိုင်း လူတစ်ယောက် ရှိနေပြီး ထိုသူသည် နဂါးကလန်မှ အဖွဲ့ဝင်တစ်ယောက် ဖြစ်လို့၏။

၎င်းသည် နဂါးကလန်တွင်သာမက ကောင်းကင်မူလနယ်မြေတွင်ပါ ထင်ရှားလှသည့် လူတစ်ယောက် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းသို့ ရောက်ရှိနေပြီး အလွန်ရိုကျိုးလှသည့် ဂျူနီယာလေး တစ်ယောက်ကဲ့သိုပင် စီနီယာကို အလုပ်ကြွေးပြုနေရသည်။

စီနီယာသည်သာ ဒေါသထွက်သွားပါက သူ့ကဲ့သို့ ကလန်ခေါင်းဆောင်မပြောနှင့် အင်ပါယာတစ်ယောက် ကိုပင် တစ်ချက်တည်း ရိုက်သတ်နိုင်၏။

“စီနီယာ …”

နဂါးကလန်၏ ခေါင်းဆောင်သည် ကျောက်စိမ်းပြားကို ကိုင်ဆောင်ထား၏။ အလင်းတန်းများ တောက်ပလာပြီးနောက် သူသည် နတ်ဘုရား အသိမြင်များကို ထည့်သွင်းကာဖြင့် အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုလိုက်၏။ ပြီးသည်နောက် ပြောလိုက်သည်။ "ဘိုးဘေးက အစစ်အမှန် အင်မော်တယ်ရဲ့ အမွေအနှစ်တွေကို စုံစမ်းခိုင်းထားပါတယ်"

နဂါးကလန်၏ ခေါင်းဆောင်သည် တော်ဝင်အင်ပါယာအဆင့် ပစ္စည်းတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ ရှေ့တွင် ချပေးလိုက်၏။

"အင်း"

လီယွင်သည် ရေနွေးကို မော့ကာဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ပစ္စည်းကို ယူကာဖြင့် ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ ဖန်းဟန်ယူသွားပြီ"

“ဟမ် …”

နဂါးကလန်၏ ခေါင်းဆောင်သည် ခဏလောက်ကြောင်အသွား၏။ ပြီးနောက် အောင်းရွှမ်ဆီသို့ ဆက်သွယ်ကာ ပြောလိုက်၏။ ပြီးနောက် ထပ်မံကာ မေးမြန်းလိုက်ပြန်၏။ "စီနီယာ လက်ရှိ အမွေအနှစ် တည်နေရာထဲမှာ တခြားသူတွေ မထိရသေးတဲ့ အရာတွေ ရှိသေးလား"

လီယွင်က ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် လက်ကို အသာမြောက်လိုက်သည်။ "ကွာစီအင်ပါယာအဆင့် ပစ္စည်းနှစ်ခု"

"ကောင်းပြီ"

နဂါးကလန်၏ ခေါင်းဆောင်သည် အံကိုကြိတ်လိုက်၏။ သူ့အနေဖြင့် ရင်ကွဲမတတ် ခံစားနေရလျှင်တောင်မှ ကွာစီအင်ပါယာအဆင့် ပစ္စည်းနှစ်ခုကို ထုတ်ယူကာ လီယွင်ရှေ့သို့ ပေးလိုက်၏။

"ဖန်းကလန်ရဲ့ ဘိုးဘေးချန်ခဲ့တဲ့ တာအိုညဏ်အလင်းတစ်ခုတော့ ကျန်နေတယ်။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က ညဏ်အလင်းကို ရရှိနိုင်လိမ့်မယ်။ အောင်းရွှမ်သာ ဒါကိုရရင် အစစ်အမှန် အင်မော်တယ်ဖြစ်လာဖို့ အကူအညီဖြစ်စေမှာပဲ" လီယွင်သည် တုန့်ပြန်လိုက်သည်။

"ဒါက တာအိုညဏ်အလင်း စင်မြင့်ဆီသို့ သွားနိုင်တဲ့ လမ်းကြောင်းပဲ"

"ကျေးဇူးပါပဲ စီနီယာ"

နဂါးကလန်၏ ခေါင်းဆောင်သည် ခေါင်းညိတ်လိုက်၏။ ကျောက်စိမ်းပြားကို လေးလေးစားစားနှင့် ယူပြီးနောက် ခါးကုန်းကာ ဂါရဝပြုလိုက်သည်။ ဤအရာသည် သူ၏ ကျေးဇူးတင်မှုကို လေးလေးစားစား ပြသခြင်းပင်။

"ဒါဆိုရင် သွားတော့"

နဂါးကလန်၏ ခေါင်းဆောင်သည် ထပ်မံကာ ဦးညွှတ်လိုက်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်မှ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။ သို့ပေမဲ့ သူသည် ဘိုးဘေး၏ အမိန့်အတိုင်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သို့ သတင်းအချက်အလက် ရယူရန် လာခြင်းဖြစ်၏။

အထဲ၌မနေဘဲ ထွက်သွားမည်ဆိုလျှင် ဘိုးဘေးသည်သာ သတင်းအချက်အလက် ဝယ်ယူချင်ပါက မည်သို့လုပ်မည်နည်း။ ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းတွင် လူတစ်ယောက် ရှိနေပါက မည်သူမှ ထပ်ဝင်၍ ရလိမ့်မည် မဟုတ်ချေ။ အထဲသို့ မဝင်နိုင်သောကြောင့် ဘိုးဘေး၏ အရေးကြီးသော အချက်အလက်များ မရရှိနိုင်ပါ ဘိုးဘေးသည် သူ့အား ကျိန်းသေပေါက် ရိုက်နှက်ပေလိမ့်မည်။

"စီနီယာ"

နဂါးကလန်၏ ကလန်ခေါင်းဆောင် မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။ ၎င်းသည် ငိုချင်လုမတတ်ပင် ဖြစ်မိနေ၏။

"စိတ်မပူနဲ့ …. အောင်းရွှမ်က လောလောဆယ် ထွက်လာနိုင်အုံးမှာ မဟုတ်ဘူး"

All Chapters