အပိုင်း (၃၃၈)
Vol. 23 Ch. 338
တစ်လဆိုသည်မှာ တိုလည်းမတိုသလို ကြာလည်း မကြာလှချေ။ သို့ပေမဲ့ အမွေအနှစ် တည်နေရာအတွင်းမှာတော့ ခဏလေး ကဲ့သို့ပင်။
နဂါးကလန်၏ ခေါင်းဆောင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ လက်ရှိအခြေအနေ၌ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှ ထွက်ခွာခဲ့သည့်အတွက် ဘိုးဘေးသည် သူ့အား အပြစ်တင်စကား မဆိုသေးချေ။
"အဲလောက်တောင် ကြာသွားပြီလား။ "
အောင်းရွှမ်သည် မတူညီသည့် အချိန်ကာလတစ်ခုသို့ ကွဲထွက်သွားသလိုပင် ခံစားနေမိ၏။ သူသည် ပြိုင်ဖက်ကင်းပြီး ပြန်လာခဲ့၏။ သို့ပေမဲ့ အတိတ်မှ အတူရှိခဲ့သည့် အရာအားလုံးတို့သည် ပျောက်ကွယ်သွားသကဲ့သို့ပင်။ ကဂျိုးကကြောင်ဖြင့် ခံစားနေမိ၏။ သူသည် လက်ထဲတွင် ရှိနေသည့် ဓားကို အသာငုံ့ကြည့်လိုက်မိ၏။
"မုန့်ရှင်းကျီရဲ့ အခြေအနေ ဘယ်လိုရှိလဲ " အောင်းရွှမ်က မေးမြန်းလိုက်သည်။
"ငရဲကိုးကောင် အင်ပါယာက အစစ်အမှန် အမွေအနှစ်ထဲကို မဝင်ခင်မှာ အစီအရင်ကြီး တစ်ခုကို ဖန်တီးခဲ့တယ်။ ပြီးတော့ သူက ခရမ်းရောင် နက်နဲလောကရဲ့ တားမြစ်တည်နေရာထဲက အင်ပါယာတစ်ယောက်ကို ဖိနှိပ် သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ ကောင်းကင်မူလလောကကြီးထဲက အင်ပါယာ နှစ်ယောက်ကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့သေးတယ်။ လက်ရှိ ရလာဒ်ကတော့ အခြေအနေ သိပ်မကောင်းဘူး။ လွန်ခဲ့တဲ့ သုံးရက်တုန်းက သူရှုပ်ထွေးကြယ်ပင်လယ်ထဲကို ဝင်ပြေးသွားရတယ်။ သူရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်မယ်မှန်း မသေချာဘူး" နဂါးကလန်၏ ခေါင်းဆောင်က ပြောလိုက်၏။
"..."
မုန့်ရှင်းကျီအနေဖြင့် ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ဟု အောင်းရွှမ်က တွေးတောခဲ့၏။ သို့ပေမဲ့ မုန့်ရှင်းကျီ ပြုလုပ်ခဲ့သည့် အရာများသည် အလွန်ပင် များပြားလှကြောင်း သူကသိရှိသွားမိ၏။ မများပါက အဘယ့်ကြောင့် လူပေါင်းများစွာတို့သည် ၎င်းနောက်သို့ လိုက်ကာ သတ်ဖြတ်နေမည်နည်း။ တကယ်ပင် သနားစရာ ကောင်းလွန်းလှချေ၏။ အောင်းရွှမ်သည် မချင့်မရဲဖြင့် သက်ပြင်းသာ ချလိုက်မိ၏။ သူသာ တဖက်လူ၏ နေရာသို့ ရောက်နေပါက ကြီးမားလှသည့် ဖိအားဒဏ်ကို ခံစားရမှာ သေချာ၏။ လုံလောက်သည့် အကျိုးအမြတ်ကို ရရှိခဲ့သည် ဆိုလျှင်တောင်မှ လူပေါင်းများစွာတို့၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရခြင်းသည် ပျော်စရာ ကောင်းသည့် အရာ မဟုတ်ချေ။
"ကြည့်ရတာ"
အောင်းရွှမ်သည် အပြင်ဖက်သို့ ခြေလှမ်းလိုက်ပြီးနောက် ကောင်းကင်မူလလောကကြီး ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။
"ဒီအင်ပါယာ ရှုပ်ထွေးကြယ်ပင်လယ်ကို သွားလည်ဖို့ လိုနေပြီထင်တယ်"
တစ်ချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီးထဲရှိ ရှုပ်ထွေးလွန်းသော လေဟာနယ်တစ်ခုအတွင်းမှာတော့ မြို့တစ်မြို့က တည်ရှိနေ၏။ ထိုမြို့ကြီးသည် မြူများ ရစ်ဆိုင်းလျက် ရှိနေပြီး နတ်ဘုရားမြို့ကြီးတစ်မြို့ကဲ့သို့ပင်။ မားမားမတ်မတ် တည်ရှိနေသည့် မြို့၏ နံရံများသည် မြို့ကို ကောင်းကောင်းမွန်မွန် ကာကွယ်ထား၏။ ထိုနံရံများပေါ်တွင် စည်းသင်္ကေတများ တည်ရှိလို့နေခဲ့ပြီး ထိုစည်းသင်္ကေတများဆီမှ တော်ဝင်တာအို၏ အရိပ်အယောင်များပင် ထွက်ပေါ်နေ၏။ နတ်ဘုရားမြို့သို့ ချဉ်းကပ်လာသည့် မည်သည့်သက်ရှိမဆိုသည် အထဲတွင် ရှိနေသော အရာများကို အာရုံခံကြည့်ရ၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ တကယ်ကို ဆန်းကြယ်လွန်း လှချေ၏။
ဆွစ် ….။
ထိုရှုပ်ထွေးလှသည့် တည်နေရာတစ်ခုအတွင်းတွင်တော့ ရွှေရောင် အလင်းတန်းတစ်ခုက တောက်ပလာခဲ့၏။ မြို့၏ ဂိတ်တံခါးဆီမှ မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး တံခါးပွင့်သွားခဲ့သည်။
တစ်ကိုယ်လုံး သွေးများ စွန်းထင်းလျက် ရှိနေသော လူတစ်ယောက်သည် အထဲသို့ ပြေးဝင်လာခဲ့၏။
ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မြို့၏ ဘေးတစ်ဖက်တစ်ချပ်တွင် ရှိနေသော စစ်သည်တော်များသည် မြို့၏ ဂိတ်တံခါးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် ကာကွယ်စောင့်ရှောက်သူ ပြန်လာခဲ့ပုံပေါ်၏။ သို့ပေမဲ့ မြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ ကာကွယ်စောင့်ရှောက်သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး အခြေအနေ တော်တော်ဆိုးလှသည့် ပုံပင်။
ကောင်းကင်မူလလောကကြီးတွင် ကာကွယ်သောင့်ရှောက်သူကို ဒဏ်ရာရအောင် ပြုလုပ်နိုင်သည့်သူ တကယ် ရှိနေသည်လား။ မယုံကြည်နိုင်စရာပင်။
ဟုန်ရွှမ်သည် စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်နှင့်အတူ နန်းတော်တစ်ခု၏ ရှေ့ဆီသို့ ရောက်အောင် သွားလိုက်၏။ တည်နေရာတစ်ခုလုံးတွင် နဂါးစွမ်းအင်များနှင့် လွှမ်းခြုံနေပြီး တောက်ပသော အလင်းတန်းများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထား၏။ ဤရှုပ်ထွေးလှသည့် မြေနေရာကြားထဲတွင် သန့်စင်လွန်းလှသော နေရာတစ်ခု တည်ရှိနေခြင်းမှာ အံ့အားသင့်ဖွယ် ကောင်းလှချေ၏။ တော်ဝင်အင်ပါယာ တစ်ယောက်ပင်လျှင် ဤနေရာဆီသို့ ရောက်ရှိပါက ကြောက်ရွံ့မှုကို ခံစားရမှာ သေချာ၏။
"နောက်လိုက်ဟုန်ရွှမ် မြို့တော်ဝန်ကို ဂါဝရပြုပါတယ် " တစ်ကိုယ်လုံး သွေးများနှင့် ဖုံးလွှမ်းလျက် ရှိနေသော ဟုန်ရွှမ်သည် စကားကို ဖြေးညင်းစွာ ပြောဆိုလိုက်၏။ သူသည် ကြီးမားလှသော ဟောခန်းရှိရာ တည်နေရာဆီသို့ ဦးညွှတ်ကာ ဂါရဝ ပြုလိုက်၏။
အင်ပါယာတစ်ယောက်သည် ခေါင်းငုံ့ခဲလေ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူသည် တစ်ဖက်လူကို ဦးညွှတ်ကာဖြင့် ရိုရိုသေသေ ဆက်ဆံလျက် ရှိနေသည်။
ဟမ်
ထိုအချိန်မှာပဲ ရှေးမှန်တစ်ခုသည် တောက်ပသွားခဲ့လေ၏။ လေဟာနယ်ထဲတွင် ထူးဆန်းလှသော အက်ကွဲရာကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုဆီမှ ဆန်းပြားသော အော်ရာများ ထွက်ပေါ်လာ၏။
"အင်မော်တယ် လက်နက်"
ဤမှန်ကြီးသည် အင်မော်တယ်လက်နက်တစ်ခုပင် ဖြစ်လေ၏။ ထိုအင်မော်တယ်လက်နက် ထွက်ပေါ်လာသည့် အချိန်မှာတော့ ထာဝရမြို့တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် မည်သို့မှ မနေနိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ယင်သွားကြ၏။ ပြီးနောက် ဒူးထောက် ထိုင်ချကာဖြင့် ရှေးမှန်ကြီးရှိရာ တည်နေရာဆီသို့ ဦးညွှတ်လိုက်ကြသည်။
ရွှီ
ရှေးမှန်ကြီးဆီမှ တောက်ပသည့် အလင်းတန်းများသည် ဟုန်ရွှမ်ဆီသို့ ကျဆင်းလာခဲ့၏။ ဟုန်ရွှမ်၏ ကိုယ်ပေါ်တွင် ရှိနေသော ဒဏ်ရာများသည် အမြန်ဆုံးနှုန်းဖြင့် ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ ပျက်စီးလျက် ရှိနေသည့် ခန္ဓာကိုယ်တစ်ပိုင်းသည် ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။ အလုံးစုံ ပြန်လည်မကောင်းသေးလျှင်တောင်မှ ဟုန်ရွှမ်သည် လက်ရှိအချိန်မှာတော့ ယခင် အားအင်အဆင့်နီးပါးလောက်ကို ပြန်လည်ရရှိခဲ့လေပြီဖြစ်၏။
တော်ဝင်အင်ပါယာတစ်ယောကိသည် လွယ်လွယ်ကူကူနှင့် ဒဏ်ရာရရှိလိမ့်မည် မဟုတ်ချေ။ ရရှိပါကလည်း ပြင်းထန်လွန်းလှ၏။ ပြန်လည်ကောင်းမွန်ရန် အချိန်ယူရသည်မှာ နှစ်ပေါင်းတစ်သိန်းလောက် ကြာမြင့်နိုင်၏။ သို့ပေမဲ့ လက်ရှိမှာတော့ ဒဏ်ရာများသည် မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ကာ ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
"မြို့တော်ဝန်ကို ကျေးဇူးတင်ပါတယ်" ဟုန်ရွှမ်သည် လေးလေးစားစား ပြန်လည်ကာ ပြောဆိုလိုက်၏။
"ဘယ်လိုဖြစ်ခဲ့တာလဲ"
နန်းတော်အတွင်းမှာတော့ ဆန်းကြယ်လှသော အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ တစ်လောကလုံးဆီသို့ ပဲ့တင်ထပ်သွားလောက်သည့် အသံတစ်ခုသည် ထွက်ပေါ်လာခဲ့လေ၏။ ဟောခန်းထဲတွင် အရှိန်အဝါ ကြီးမားပြင်းထန်လှသည့် လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေလေ၏။ ၎င်း ဆံပင်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။ မြူများနှင့် ရစ်ဆိုင်းလျက် ရှိနေပြီး ၎င်း၏ ပုံပန်းသွင်ပြင်ကို အစစ်အမှန် မြင်ရရန်မှာ မဖြစ်နိုင်ချေ။
"ဒီနောက်လိုက်က တကယ်ကို ညံ့ဖျင်းခဲ့ပါတယ်။ အမွေအနှစ်တွေကို ရယူဖို့ကိစ္စ မအောင်မြင်ခဲ့ပါဘူး"
ဟုန်ရွှမ်သည် ရှက်ရွံ့အားငယ်သလို အမူအရာမျိုးဖြင့် ပြောဆိုလိုက်၏။ သူသည် ကောင်းကင်မူလလောကထဲရှိ ရှေးသတ္တဝါများထက် ပိုမိုကာ အားကောင်းသည် ဆိုသော်လည်းပဲ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် မုန့်ရှင်းကျီကဲ့သို့သော လူတစ်ယောက်ကို မယှဉ်နိုင်ခဲ့ချေ။
မုန့်ရှင်းကျီသည် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နှက် တကယ့်ကို သတ်ဖြတ်ခြင်း တိုက်ကွက်များကိုသာ အသုံးပြုခဲ့၏။ ထို့ကြောင့် သူသည် အသက်ရှင်ရန်ပင် မနည်း ရုန်းကန်ခဲ့ရ၏။ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည် ဆိုသော်လည်း သူ၏ သိုလှောင်လက်စွပ်များကို ဆုံးရှုံးခဲ့၏။ အစစစ်အမှန် အင်မော်တယ်ဆီသို့ သွားရာ လမ်းခရီးတွင် ဘာတစ်ခုမှ မရှိခဲ့ရုံသာမက သူနှစ်ပေါင်းများစွာ စုဆောင်းခဲ့သည့် အရာများပင်လျှင် ပျောက်ဆုံးခဲ့ရ၏။
"အင်း …. မထင်မှတ်တဲ့ အကြောင်းအရာတွေနဲ့ ကြုံခဲ့တာကိုး" နန်းတော်ထဲမှ အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် ထည်ဝါလှပြီး ခံစားချက် ကင်းမဲ့လျက် ရှိနေလေ၏။ လေသံကို ကြည့်ရှုလိုက်သည်နှင့် မြို့တော်ဝန်တစ်ယောက် ဘာတွေးနေသည်ကို မည်သူမှ သိရှိနိုင်လိမ့်မည် မဟုတ်ချေ။
"ကောင်းကင်မူလလောကက မုန့်ရှင်းကျီပါ ။ သူသာမနှောင့်ယှက်ဘူးဆိုရင် အမွေအနှစ်တွေ အကုန်လုံးကို ကျုပ်ပြန်ယူလာနိုင်ပါတယ်" ဟုန်ရွှမ်သည် အံကိုကြိတ်ကာဖြင့် ပြောဆိုလိုက်၏။ သူ၏ စကားလုံးများတွင် ဒေါသတရားများ ပါဝင်လျက် ရှိနေ၏။ မုန့်ရှင်းကျီ၏ အားအင်သည် သူနှင့် နှိုင်းယှဉ် ၍ မရသော်လည်း အရေးအကြောင်း အခြေအနေမျိုးတွင် အစီအရင်ကို အသုံးပြုကာ တိုက်ခိုက်ခဲ့၏။ ဤရှက်ရွံ့မှုသည် သူ့အား တကယ်ပင် သိမ်ငယ်စေခဲ့၏။
"သူက တကယ့်ကို ပုရွက်ဆိတ်လေး တစ်ကောင်ပါပဲ။ "
မြို့တော်ဝန်သည် တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်သည်။ "သူ့ကို သုတ်သင်ဖို့အတွက် ငါ့အကူအညီ လိုသေးလား"
"နောက်လိုက်က မြို့တော်ဝန်ကို ကျေးဇူးတင်ပါတယ် ။ ဒါပေမဲ့ ဒီရန်ငြိုးအတွက် ကိုယ့်ဘာသာ ဖြေရှင်းချင်ပါတယ်" ဟုန်ရွှမ်သည် လေးလေးနက်နက် ပြောဆိုလိုက်၏။
မြို့တော်ဝန်၏ အားအင်ကို သူကောင်းကောင်းနားလည်၏။ အစစ်အမှန်အင်မော်တယ် အဆင့်သို့ ရောက်ရှိပြီးနောက် မြို့တော်ဝန်သည် တကယ်ပင် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်သည် မြို့တော်ဝန်အတွက် လိုအပ်လိမ့်မည် မဟုတ်ချေ။ မြို့တော်ဝန် တာဝန်ပေးအပ်ခဲ့ခြင်းမှာ သူ့အတွက်သာလျှင် ဖြစ်၏။ ယခု မြို့တော်ဝန် ပေးအပ်ခဲ့သည့် တာဝန်ကို မကျေပွန်ခဲ့ချေ။ ထို့ကြောင့် ဟုန်ရွှမ်သည် ရှက်ရွံ့မှုကို ခံစားနေမိခြင်းပင်။