← Chapters

အပိုင်း (၃၄၁)

Vol. 23 Ch. 341

အပိုင်း (၃၄၁)

Vol. 23 Ch. 341

“ခရမ်းရောင်နက်နဲလောကကြီးက ကောင်းကောင်း အလုပ် မလုပ်ခဲ့ကြဘူးပဲ”

လူပေါင်းများစွာတို့သည် ခရမ်းရောင် နက်နဲလောကကြီး၏ ကောင်းကင်ပါရမီရှင်စာရင်းကို လှမ်းကာကြည့်ရှုပြီး မျက်မှောင်ကုတ်လိုက်မိကြ၏။

မူလာအားဖြင့် ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သည့်နောက် တစ်ဖက်ခြမ်းဆီမှ အင်ပါယာသုံးယောက် ပေါ်ပေါက်လာခဲ့၏။ မုန့်ရှင်းကျီ၊ နဂါးအင်ပါယာနှင့် လင်းရှောင်တို့သည်သာ ပေါ်ထွက်မလာသည်ဆိုပါက သူတို့အနေနှင့် ရှုံးနိမ့်သွားမှာ သေချာသည်။

ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးကြားတွင် ခရမ်းရောင်နက်နဲလောကကြီးမှာ အနည်းငယ် ပိုမိုကာ အားကောင်းသည်ဟု အားလုံးက ယုံကြည်ထားပြီးသားဖြစ်၏။ ကောင်းကင်မူလလောကကြီး တွင် အသက်ရှင် နေထိုင်ကြသည့် လူများပင်လျှင် ထိုအရာကို မငြင်းပယ်နိုင်ခဲ့ကြချေ။ ထို့အပြင် အားလုံးသိရှိကြသည့်အတိုင်း ခရမ်းရောင်နက်နဲလောကကြီး၌ အင်ပါယာ လေးယောက်တို့ တည်ရှိ၏။ ပထမဆုံး အင်ပါယာသည် မသေဆုံးသွားသေးသည် ဆိုပါက တံခါးပိတ် ကျင့်ကြံလျက် ရှိနေသေး၏။ သို့ပေမဲ့ အပြင်ဘက်သို့ ထွက်ပေါ်မလာခဲ့ချေ။

အင်ပါယာသုံးယောက် အနေဖြင့် ကောင်းကင်မူလလောကကြီးကို ဖိနှိပ်ထားနိုင်စွမ်း ရှိ၏။ ဤအရာသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ထင်ရှားလျက် ရှိနေသည့် အကြောင်းအရာပင် ဖြစ်လေ၏။ သို့ပေမဲ့ အလွန်အားကောင်းဆိုသော လောကကြီး၏ ကောင်းကင်ပါရမီရှင်စာရင်း နံပါတ်တစ်သည် နိဗ္ဗာနအဆင့် ထိပ်ဆုံးအဆင့် သာလျှင် ရှိ၏။

ကောင်းကင်မူလလောကကြီး၏ ဘက်တွင်တော့ ကောင်းကင်ပါရမီရှင်စာရင်း၏ နံပါတ်တစ် ဖြစ်နေသော ယုရှင်းချန်သည် ကောင်းကင်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ လောကကြီး နှစ်ခုအကြား ကွာခြားချက်သည် အဓိကအဆင့်ကြီးနှစ်ခုအဖြစ် ကွာခြားလျက် ရှိနေ၏။ ထိပ်ဆုံးကျင့်ကြံသူ နှစ်ယောက်ကြား တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်စွမ်း ရှိနေသော ကောင်းကင်မူလလောကကြီးက တပန်းသာလာခဲ့သည်။

“ခရမ်းရောင်နက်နဲလောကကြီးက အခုအချိန်မှာ အားကောင်းတယ်ဆိုပေမဲ့ နောက်နှစ်ပေါင်းတစ်သောင်းလောက် ကြာမယ်ဆိုရင် ဒီလိုဖြစ်တော့မှာ မဟုတ်ဘူး” သူတော်စင် တစ်ယောက်သည် စာရင်းတွင် ရှိနေသည့် အရာများကို ကြည့်ရှုကာ ပြုံးလိုက်၏။

လက်ရှိအခြေအနေမှာတော့ နဂါးအင်ပါယာကဲ့သို့သော အင်ပါယာ သုံးယောက်တို့သည် သူတို့ဘက်တွင် မားမားမတ်မတ် ရပ်တည်လျက် ရှိနေ၏။ ခရမ်းရောင်နက်နဲလောကကြီးသည် ကြီးမားလှသည့် ဖိအားဒဏ်ကို စတင်ကာ ခံစားနေရပြီဖြစ်သည်။

ကောင်းကင်မူလလောကကြီးသည် ရုတ်လျော့မလာခဲ့ချေ။ အနာဂတ်တွင် ပိုမိုကာ တိုးတက်လာမည်ဖြစ်ပြီး သူတို့ အနေနှင့် နှစ်ပေါင်းတစ်သောင်းကျော် ကြာမြင့်ပြီးသည့်နောက် တစ်ဖက်လူများကို ဖိအားပေးနိုင်သည့် အရာများ ဖြစ်ပေါ်လာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပါရမီရှင်စာရင်းတွင် ရှိနေသည့် လူငယ်များသည် အားလုံးသောသူတို့ အားကိုးရသည့် လူများအဖြစ် ဖြစ်တည်လာခဲ့ပြီဖြစ်၏။ ထိုသို့ဆိုလျှင် ခရမ်းရောင်နက်နဲ လောကကြီး တစ်ခုလုံးသည် ပြောင်းပြန်လန်သွားပေလိမ့်မည်။

“ဒါအမှန်ပဲ”

ဘေးတစ်ဖက်တွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် သဘောတူညီလိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ထုတ်ဖော်လိုက်သည့် သတင်းအချက်အလက်တွေအရဆိုရင် လောကကြီးရဲ့ အခြေခံ အချက်အလက်တွေကို ကျုပ်တို့ ကောင်းကောင်း မြင်နေရပြီ”

“ကျုပ်တို့ ကောင်းကင်မူလလောကကြီးမှာ ယုချင်းရှန် လိုမျိုး လူငယ်အင်ပါယာတစ်ယောက် ရှိရုံသာမကဘူး၊ ရှုပ်ထွေးလူဝံသခင်လေး၊ ခွန်ဖန်ကလန် သခင်လေး၊ ရီချန်၊ လင်းကျန့် စတဲ့ သာမန်ထက်ပိုတဲ့ ပါရမီရှင်တွေ ရှိနေကြတယ်။ အားလုံးသောသူတွေက ခရမ်းရောင်နက်နဲလောကကြီးက ပါရမီရှင်တွေကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်း ရှိနေကြတယ်”

“အင်း... ဒီလိုမျိုး စဉ်းစားတာ အမှန်ပဲ” လူပေါင်းများစွာတို့သည် ခေါင်းညိတ်လိုက်ကြသည်။

“ရီချန်နဲ့ လင်းကျန့်တို့လို လူတွေတောင် လှုပ်ရှားတိုက်ခိုက်ဖို့ မလိုဘူး။ ကျုပ်တို့ တိုင်ချူးကလန်က နတ်သားတော် တောင် ခရမ်းရောင်နက်နဲလောကကြီးရဲ့ ကောင်းကင်ပါရမီရှင်စာရင်း ထိပ်ဆုံးကလူတွေကို တိုက်ခိုက် အနိုင်ယူနိုင်စွမ်း ရှိတယ်” တိုင်ချူးနတ်နယ်မြေ၏ အတွင်းစည်းတပည့် တစ်ယောက်သည် ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။

ဤအတောအတွင်း ကောင်းကင်ပါရမီရှင်စာရင်း၏ နောက်တွင် ရှိနေသည့် ဂိုဏ်းဂဏ အသီးသီးတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ကာ အခွင့်အရေးများကို ဝယ်ယူခဲ့၏။ ထို့ကြောင့် ၎င်းတို့၏ နတ်သားတော်များသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ဝင်ရောက်နိုင်ခဲ့ကြသည်။

တိုင်ချူးနတ်သားတော်သည်လည်း ထိုကဲ့သို့သော လူမျိုးပင်ဖြစ်၏။ ၎င်းတို့၏ နတ်သားတော်သည် အားမနည်း လှချေ။ ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်ဆုံးအဆင့်နားသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ကောင်းကင်အသွင်ပြောင်းခြင်း အဆင့်၏ စဦးအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်၏။

ကောင်းကင်မူလလောကကြီး၏ ကောင်းကင်ပါရမီရှင်စာရင်းကို ကြည့်ရှုရမည်ဆိုလျှင် အနည်းငယ် ကွာခြားချက် ရှိသည်ဆိုလျှင်တောင်မှ အရမ်းကြီး ကြီးကြီးမားမား မဟုတ်ပေ။ တစ်ယောက်ချင်းစီတိုင်းသည် ကောင်းကင် အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိလာရုံသာဖြစ်၏။ ဤအခြေအနေကို တိုင်ချူး နတ်သားတော်သည် တစ်ချိန်ချိန်၌ လိုက်မှီနိုင်မှာ သေချာသည်။

“ကောင်းကင်ပါရမီရှင်စာရင်းက လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကသာ ပေါ်ပေါက်လာမယ်ဆိုရင် ခရမ်းရောင်နက်နဲ လောကကြီးနဲ့ ကောင်းကင်မူလလောကကြီးရဲ့ ကွာခြားချက်က အရမ်းကြီး ကြီးမားမှာ မဟုတ်ဘူး” ရွှေကျီးကန်း ကလန်ဆီမှ တကယ့်ကို ဆန်းကြယ်လှသည့် သူတော်စင်တစ်ပါးက ဝင်ရောက်ကာ ပြောဆိုလိုက်၏။ ၎င်း၏ စကားလုံးများသည် တကယ်ပင် မှန်ကန်လွန်းလှချေ၏။

“အင်း” သူတော်စင်များကလည်း သဘောတူညီလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပေါ်ပေါက် မလာသည်ဆိုပါက သူတို့၏ လောကထဲ၌ ယုရှင်းချန်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူငယ် ပါရမီရှင် တစ်ယောက်ရှိသည် ဆိုခြင်းကို မည်သူက သိရှိမည်နည်း။ ယုရှင်းချန်သာ မရှိဘူးဆိုပါက ကောင်းကင်ပါရမီရှင် စာရင်းတွင် ရှိနေသည့် လူများကို မည်သူကမှ အထင်ကြီးလိမ့်မည် မဟုတ်ချေ။

လက်ရှိအခြေအနေမှာတော့ စာရင်းတွင် ပါဝင်သော အားလုံးသော သူတို့သည် နိဗ္ဗာနအဆင့်ကို ချိုးဖြတ်ပြီး သည့်နောက် ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိနေခဲ့ကြသည်။ တချို့သော ကောင်းကင် ပါရမီရှင်များသည် နိဗ္ဗာနအဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေကြသည်။ ကောင်းကင်အသွင်ပြောင်းခြင်း အလယ်အလတ် အဆင့်သို့ ရောက်ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် ပါဝင်နေခဲ့ကြ၏။ ထိုအရာများ အားလုံးသည် သံသယရှိစရာပင် မလိုစွာဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုကို ခံယူခဲ့ကြ သောကြောင့်ပင်။

နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုသာ မရှိသည်ဆိုပါက ၎င်းတို့၏ ကိုယ်ပိုင် အလားအလာဖြင့် မြန်မြန်ဆန်ဆန် အဆင့်ချိုးဖြတ်နိုင်ဖို့ ဆိုသည်မှာ လွယ်ကူလှမည် မဟုတ်ချေ။ ကိုယ်ပိုင်ကြိုးစားမှုအားဖြင့် အနာဂတ် အောင်မြင်မှုသည် အကန့်အသတ် ရှိနေပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိနေပြီ ဖြစ်သောကြောင့် ၎င်းတို့၏ အခြေခံ လိုအပ်ချက်များ အားလုံးသည် ပျောက်ကွယ်သွားခဲ့ကြ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုကို ခံယူရင်းဖြင့် ၎င်းတို့သည် ပိုမိုကာ တိုးတက်လာခဲ့ကြ၏။

“ကောင်းကင်မူလလောကကြီးရဲ့ မျိုးနွယ်စုတော်တော်များများက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ လမ်းညွှန်မှုကို ရရှိခဲ့ကြတယ်။ ဒါကြောင့် အဆင့်တူ တိုက်ပွဲတွေမှာ ဘယ်သူနိုင်မယ်၊ ရှုံးမယ်ဆိုတာ ပြောရခက်တယ်”

ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါတစ်ယောက်က ဝင်ရောက်ကာ ပြောဆိုလိုက်၏။ ၎င်းသည် လူအုပ်ကြားထဲတွင် တည်တည်ငြိမ်ငြိမ်ဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ နတ်ဘုရား အော်ရာများကို ထုတ်လွှတ်နေသည်။

ခရမ်းရောင်နက်နဲလောကမှ သက်ရှိသည် သူတော်စင့်အဆင့် ထိပ်ဆုံးတွင် တည်ရှိနေပြီး ၎င်း၏ နဖူးစပ်တွင် အကြေးခွံများလည်း တည်ရှိနေ၏။ ထိုအကြေးခွံလွှာဆီမှ ဆန်းကြယ်လှသည့် အလင်းတန်းများ ထွက်ပေါ်နေ၏။ ရုတ်တရက် ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ပုံရိပ်ယောင်တစ်ခုကို မြင်ရသလို ဖြစ်နေမှာ သေချာ၏။ စွမ်းအားမြင့် ပုံရိပ်ယောင်နည်းစနစ်ကို ကျွမ်းကျင်လှသော လူများအား မည်သူကမှ ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ချေ။

“ခရမ်းရောင်နက်နဲလောကက သက်ရှိတွေက တော်ဝင်သဲကန္တာရမြို့ကို လာပြီး ဘယ်လိုဖြစ်ပြီး မောက်မောက်မာမာနဲ့ ပြောဆိုရဲနေရတာလဲ”

“ဟမ့်.. ကောင်းကင်မူလလောကက လူတွေတောင် လာနိုင်မှတော့ ဘယ်လိုဖြစ်ပြီးတော့ ခရမ်းရောင်နက်နဲ လောကက လူတွေက မလာနိုင်ရမှာလဲ။ ကျုပ် ခင်ဗျားတို့ကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ ဒီစာရင်းကို ခရမ်းရောင် နက်နဲလောကက လူတွေဆီ ပေးပို့လိုက်ပြီ။ မကြာခင်မှာ ကျုပ်တို့ ခရမ်းရောင်နက်နဲလောကရဲ့ အင်ပါယာ ဆက်ခံသူစာရင်းမှာရှိတဲ့ လူငယ်ပါရမီရှင်တွေက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာပြီးတော့ နန်းဆောင်သခင်ရဲ့ လမ်းညွှန်ပြသမှုကို လာပြီးတောင်းခံပြီး အခွင့်အရေးတွေကို ဝယ်ယူလိမ့်မယ်”

ခရမ်းရောင်နက်နဲလောကမှ သက်ရှိသတ္တဝါသည် မထူးခြားသလိုပင် တည်တည်ငြိမ်ငြိမ်နှင့် တည်ရှိနေ၏။ ၎င်းသည် ကောင်းကင်မူလလောကကြီးဆီမှ များပြားလှသည့် လူများနှင့် ရင်ဆိုင်သည့် နေရာတွင် တစ်ချက်ကလေးမှ တွန့်ဆုတ်မနေခဲ့ချေ။ တော်ဝင်သူတော်စင် ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည့်အပြင် တော်ဝင်သဲကန္တာရမြို့ထဲတွင် ရောက်ရှိနေသောကြောင့် လုံခြုံမှုကို အာမခံနိုင်၏။ မည်သူမှသည် သူ့ကို အဆင်ခြင်မဲ့စွာဖြင့် ဝင်ရောက် တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

သူ့အနေနှင့် စာရင်းကို ပေးပို့ခဲ့ပြီ ဖြစ်သောကြောင့် လူပေါင်းများစွာ ရောက်ရှိလာရန် စောင့်ဆိုင်းရန်သာ လိုအပ်၏။ ခရမ်းရောင်နက်နဲလောကကြီးဆီမှ ကွာစီအင်ပါယာ တချို့ ဤနေရာသို့ ရောက်ရှိလာရန် ဆိုသည်မှာ ကြာမြင့်လိမ့်မည် မဟုတ်ချေ။ ကွာစီအင်ပါယာများသာ ရောက်ရှိလာသည်ဆိုပါက သူ့အနေနှင့် တစ်ဖက်လူများ ဝိုင်းရံထားသည်ဆိုလျှင်တောင်မှ လွယ်လွယ်ကူကူ တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်ခွာသွားနိုင်စွမ်း ရှိနေ၏။

များပြားလှသည့် စာရင်းများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သောကြောင့် ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် တချို့သော ကွာစီအင်ပါယာများသည် မည်သို့မှ မနေနိုင်တော့ဘဲ ကောင်းကင်မူလလောကဆီသို့ ရောက်ရှိလာမည် ဟု သူက တွက်ချက်ထား၏။ ထိုအချိန်အတွင်း ကွာစီအင်ပါယာများနောက်သို့ လိုက်၍ သူသည် အမှီအခိုပြုကာ နေထိုင်နိုင်သည်။

ကောင်းကင်ပေါ်သို့ မော့ကြည့်ပြီးသည့်နောက် များပြားလှသည့် လူများသည် အာရုံစိုက်လျက် ရှိနေ၏။ လက်ရှိ အခြေအနေတွင်တော့ ကောင်းကင်မူလလောကကြီး၏ ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ခရမ်းရောင် နက်နဲလောကတွင် ရှိနေသည့် လူများသည် တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက လက်ရည်ညီလိမ့်မည်ဟု အကြမ်းဖျင်း သုံးသပ်ထား၏။

အင်ပါရီယာ ဆက်ခံသူစာရင်း ထွက်ပေါ်လာခဲ့ပြီးသည့်နောက် စာရင်းတစ်ခုတည်းတွင် ရှိနေသည့် လူများ ကြားထဲတွင် ကွာခြားချက် သိပ်မရှိသည်ကို မြင်ရ၏။ စာရင်းတစ်ခုချင်းစီတိုင်းသည် ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ ရှိနေကြပြီး တော်ဝင်အင်ပါယာ အဆင့်ကို တက်လှမ်းနိုင်ရန်အတွက် ဆံခြည်တမျှင် မျှသာလိုသော လူများပင်။

ခရမ်းရောင်နက်နဲလောကကြီးဆီမှ ကွာစီအင်ပါယာများ အနေနှင့် ကောင်းကင်မူလ လောကကြီးထဲတွင် အင်ပါယာ တစ်ယောက်ဖြစ်လာရန် ဆိုသည်မှာ တကယ့်တမ်း မဖြစ်နိုင်လှချေ။

“ဒီတစ်ကြိမ် ခရမ်းရောင်နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကကြီးက ပူးပေါင်းပြီး မြေအင်မော်တယ် လောကကြီးကို ခုခံရမှာ မဟုတ်ဘူးလား” တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်သည် ဆန်းကြယ်လှသည့် စကားကို ပြောဆိုလိုက်၏။

“အမ်”

ထိုအရာကို ကြားသည့်အချိန်မှာတော့ လူပေါင်းများစွာတို့၏ အမူအရာသည် ပြောင်းလဲသွားသည်။

“ဒီတစ်ကြိမ် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ခရမ်းရောင်နက်နဲလောကကြီးရဲ့ စာရင်းတော်တော် များများကို ထုတ်လွှင့်ရုံတင် မကဘူး မြေအင်မော်တယ်လောကရဲ့ စာရင်းတွေကိုလည်း ထုတ်လွှင့်ခဲ့တယ်။ မြေအင်မော်တယ်လောကရဲ့ အားအင်က ကြောက်ဖို့ကောင်းတယ်လို့ ခင်ဗျားတို့ မထင်ဘူးလား” တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က ထပ်မံကာ ပြောဆိုလိုက်၏။

လူပေါင်းများစွာတို့၏ နှလုံးသားများသည် ထုံကျင်သွားခဲ့ကြ၏။ သူတို့သည် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ နယ်မြေသုံးခု၏ စာရင်းသုံးခုသည် အစိတ်အပိုင်း သုံးခုအဖြစ်သို့ ခွဲခြားထားခဲ့၏။ အလယ်တွင် ရှိနေသည့်အရာသည် မြေအင်မော်တယ်လောကဆီမှ ဖြစ်၏။ ကောင်းကင်ပါရမီရှင်စာရင်းသည် လူပေါင်းများစွာ တို့ကို မျက်စိစူးစိုက်စရာ ဖြစ်ခဲ့သည်။ ထို့အပြင် လောကအသီးသီး၏ ကောင်းကင်ပါရမီရှင်စာရင်း ဆိုသည်ကလည်း ပေါ်ပေါက်လာခဲ့သည်။

All Chapters