← Chapters

အပိုင်း (၃၄၃)

Vol. 23 Ch. 343

အပိုင်း (၃၄၃)

Vol. 23 Ch. 343

“မြေအင်မော်တယ်လောကက ပါရမီရှင်တွေ အားလုံးကို သတ်ဖြတ်ပစ်ရမယ် ဟုတ်လား”

ထိုအဆိုပြုချက် ထွက်ပေါ်လာလာခြင်း တည်နေရာတစ်ခုလုံး လေအေးများ တိုက်ခတ်သကဲ့သို့ပင် ငြိမ်သက်သွား ခဲ့၏။ အားလုံးသော သူတို့သည် မည်သို့မှ မနေနိုင်ဘဲ ကြက်သီးမွှေးညှင်းများပင် ထကုန်ကြ၏။

အထူးသဖြင့် မြေအင်မော်တယ်လောကဆီမှ သက်ရှိများပင် ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့အား လောကကြီး နှစ်ခုဆီမှ လူများ ဝိုင်းဝန်းကာဖြင့် အစိတ်စိတ် အပိုင်းပိုင်း လှီးဖြတ်တော့မည်ဆိုသော ခံစားချက်ကို ရရှိနေကြ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ နည်းလမ်းအရဆိုလျှင် သူတို့သည် မည်သည့်နေရာကိုပင် ထွက်ပြေးပြေး သဲလွန်စခံကာ လိုက်လံသတ်ဖြတ်ခြင်းကိုပင် ခံရမှာသေချာသည်။

လောကကြီး တစ်ခုလုံးကို ကြည့်ရှုမည်ဆိုလျှင် တော်ဝင်သဲကန္တာရမြို့မှလွဲ၍ ၎င်းတို့အား လုံခြုံမှု ပေးစွမ်းနိုင်သည့် နေရာဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။

ဆွစ် ဆွစ် ဆွစ်

များပြားလှစွာသော မျက်လုံးများ ရောက်ရှိလာခဲ့ပြီးသည့်နောက် သူတို့သည် ကြက်သီးများပင် ထလာမိကြသည်။

တချို့သော အင်အားစုများ၊ တချို့သော ဂိုဏ်းများသည် စိတ်လှုပ်ရှားလာခဲ့ကြ၏။ ၎င်းတို့၏ အကြည့်များသည် မြေအင်မော်တယ်လောကရှိ သက်ရှိများဆီသို့ လှမ်းကာကြည့်ရှုနေမိကြ၏။ ၎င်းတို့သည် အားအင်အဆင့်အရ နိမ့်ကျလှသည် မဟုတ်ချေ။ ထို့ကြောင့် တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။

မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးသည်လည်း အားမနည်းချေ။ သို့ပေမဲ့ ၎င်းတို့သည် များပြားလွန်းလှသည့် လူများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရမည့်အချိန်မှာတော့ တကယ့်ကို စိုးရိမ် ထိတ်လန့်မိနေကြသည်။

“ဘာလုပ်ကြရင် ကောင်းမလဲ”

မြေအင်မော်တယ်လောကဆီမှ ပါရမီရှင် တစ်ယောက်က မေးမြန်းလိုက်၏။ သူသည် ငိုချင်စိတ်ပင် ပေါက်မိနေ၏။ သို့ပေမဲ့ မျက်ရည်တော့ ထွက်ကျမလာခဲ့ချေ။ သူသည် လောကအသီးသီး၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် လူသုံးရာ၏အထက်တွင် တည်ရှိလို့နေခဲ့၏။ ဤအဆင့်သည် မြင့်မားလှသည် မဟုတ်လျှင်တောင်မှ နိမ့်ကျသည့် အရာအဖြစ်တော့ သုံးသပ်၍ မရနိုင်ခဲ့ချေ။

လောကသုံးပါး၏ ကြားထဲတွင် တကယ်ကို တလက်လက်နှင့် တောက်ပသည့် ပါရမီရှင်တစ်ယောက်ဟု သုံးသပ်၍ ရနေပြီဖြစ်၏။ သူ့အနေနှင့် သေဆုံးခြင်းမရှိသည်ဆိုပါက အနာဂတ်တွင် အင်ပါယာတစ်ယောက်ဖြစ်လာမည့် လမ်း၌ တည်ရှိလို့ နေခဲ့၏။ ယနေ့တွင် သူသေဆုံးသွားမည်ဆိုပါက ကျိန်းသေပေါက် မမျှတသည် သေခြင်းတရားကို ရင်ဆိုင်ရသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ထိုအခြင်းအရာကို တွေးကြည့်ပြီးသည့်နောက် သူသည် ထိုအကြံအစည်ကို အဆိုပြုခဲ့သည့် လူဆီသို့ ဒေါသတကြီးဖြင့် လှမ်းကာ ကြည့်ရှုလိုက်မိ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် ထိုသူ၏ အကြံပြုချက်ကြောင့် မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးသည် သေခြင်းရှင်ခြင်း အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

“သခင်လေး... စိတ်မပူနဲ့။ တော်ဝင်သဲကန္တာရမြို့ထဲမှာ သူတို့ ဘာမှ မလုပ်ရဲဘူး”

လူငယ်ပါရမီရှင်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးအိုက တီးတိုးရေရွတ်လိုက်၏။ ၎င်းသည်လည်း ရွေးချယ်ခွင့် မရှိဘဲ ဒေါသတကြီး ခံစားလို့ နေမိသည်။ သို့ပေမဲ့ သူ့သခင်လေး တွေးတောနေသည်ကို သိရှိပြီးသည့်နောက် ချက်ချင်း ဆိုသလိုပဲ စိတ်ချရန် နှစ်သိမ့်လိုက်ခြင်း ဖြစ်၏။

တော်ဝင်သဲကန္တာရမြို့ဆီမှ ထွက်ခွာသွားသည်ဆိုပါက အရာအားလုံးသည် ပြီးဆုံးသွားနိုင်၏။ သို့ပေမဲ့ ဤတည်နေရာတွင် တည်ရှိနေသည် ဆိုပါက အသက်ရှင်သန်နိုင်ရန် အခွင့်အရေးသည် များပြားလွန်းလှ၏။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည်မှာ တကယ်ကို တားမြစ်ထားသည့် အရာတစ်ခုကဲ့သို့ပင် အားလုံးသောသူတို့က ကြောက်ရွံ့ရသည့်အရာ ဖြစ်သည်။

နန်းဆောင်သခင်သည် ပေါ်ပေါက်မလာသေးချေ။ ၎င်း၏ နာမည်နှင့်ပင်လျှင် အားလုံးသောသူတို့ သတိ အပြည့်နှင့် လုပ်ဆောင်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။

တော်ဝင်သဲကန္တာရမြို့ထဲတွင် ဤကဲ့သို့ ခြောက်ခြားဖွယ်ရာ အခြေအနေမျိုး ဖြစ်တည်နေသည် ဆိုသော်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်း လီယွင်၏ ရှေ့တွင်တော့ အလင်းမြင်ကွင်းတစ်ခုက ပေါ်ပေါက်နေသည်။

ထိုအလင်းမြင်ကွင်းထဲ၌ သူအစောကတည်းက ပြင်ဆင်ထားခဲ့ပြီ ဖြစ်သောကြောင့် မထုတ်လွှင့်ရသေးသည့် ပြိုင်စံရှား အလှအပစာရင်းက တည်ရှိနေ၏။ သူသည် ထိုအရာကို ထုတ်လွှင့်ခါနီး အချိန်မှာပဲ အပြင်ဘက်ဆီမှ လူနှစ်ယောက်က လျှောက်ဝင်လာခဲ့၏။

“အင်း.. ခင်ဗျားတို့ကိုး”

အသစ်ဝင်လာသည့် လူများကို မြင်ရသည့် အချိန်မှာတော့ လီယွင်သည် လက်ကို ယမ်းခါပြီး သူ၏ရှေ့တွင် ရှိနေသည့် အလင်းမြင်ကွင်းကို ဖယ်ရှားလိုက်သည်။

“ဂျူနီယာ ယန်ရှို၊ ပိုင်ချမ်းဟန် ဂုဏ်သိက္ခာကြီးမားတဲ့ နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်” နှစ်ယောက်လုံးသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ဝင်ဝင်လာချင်း အလေးအမြတ် ဦးညွတ်ကာ ဂါရဝပြုလိုက်ကြ၏။

“အင်း”

လီယွင်က ခေါင်းညိတ်လိုက်သည်။ လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက် လေပြည်ညှင်းများ တိုက်ခတ်လာက ထိုသူတို့ နှစ်ယောက်အား ဒူးမထောက်စေရန် အသာဆွဲမလိုက်၏။ သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် ထိုင်ခုံများဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “ထိုင်ကြတော့”

“ကျေးဇူးတင်ပါတယ် စီနီယာ”

ထိုနှစ်ယောက်တို့သည် ကျေးဇူးတင်စကားကို ပြောဆိုပြီးသည့်နောက် အနီးအနားတွင် ရှိနေသည့် ထိုင်ခုံများ၌ အသီးသီး ဝင်ရောက်ကာ ထိုင်လိုက်၏။

လီယွင်သည် ပိုင်ချမ်းဟန်ကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် မျက်လုံးထဲတွင် နားလည်မှုတချို့ ပေါ်ပေါက်လာ၏။ တော်ဝင်ရင်နိုင်ငံတော်၏ လူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အကြိမ် အနည်းငယ် လာရောက်ခဲ့ပြီး များပြားလှသည့် အခွင့်အရေးများကို ဝယ်ယူခဲ့ပြီး ဖြစ်သည်။

ထိုအခွင့်အရေးများထဲတွင် သူတော်စင်တစ်ယောက်ဖြစ်ရန် အခွင့်အရေးပင် ပါဝင်လျက် ရှိနေ၏။ ယခု ပိုင်ချမ်းဟန် ထပ်မံရောက်ရှိလာသည့် အချိန်မှာတော့ သူတော်စင်တစ်ယောက် တကယ်ပင် ဖြစ်လာခဲ့တော့၏။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ မြန်ဆန်လို့ နေလေ၏။

ဤအရာသည် ထင်မှတ်ထားသည့်အရာထက် ပိုလွန်နေသည် ဆိုလျှင်တောင်မှ ပိုင်ချမ်းဟန်သည် မူလက နတ်အဆင့် ထိပ်ဆုံး အဆင့်တွင် တည်ရှိနေသူဖြစ်၏။ ယခု သူ၏အားအင်အဆင့်များ ကောင်းမွန်လာသည်သာမက ပိုမို၍ပင် တိုးတက် လာခဲ့တော့သည်။

ပိုင်ချမ်းဟန်ကို ကြည့်ရှုပြီးသည့်နောက် လီယွင်၏အကြည့်သည် ယန်ရှိုဆီသို့ ရောက်ရှိသွား၏။ သူသည် အသာရယ်က ပြောလိုက်၏။ “ခင်ဗျားက သူတော်စင်ဘုရင်အဆင့်ကို ချိုးဖြတ် မရောက်ရှိသေးဘူးလေ။ ဒါပေမဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းထဲကနေ ထွက်ခွာလာရဲတယ် ဟုတ်လား။ နဂါးကလန်ကလူတွေ အမဲလိုက်မှာ မစိုးရိမ် ဘူးလား”

“အဟွတ် အဟွတ်”

ယန်ရှိုသည် လည်ချောင်းကို ဟမ့်လိုက်၏။ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အမူအရာများ ဖြစ်တည်လာခဲ့သည်။ “စီနီယာကို အရိုးသားဆုံး ပြောရမယ်ဆိုရင် လက်ရှိအချိန်မှာ နဂါးအင်ပါယာနဲ့ ကျုပ်တို့ ဘိုးဘေးတို့က တော်ဝင်အင်ပါယာပေါင်း များစွာရဲ့ လိုက်လံသတ်ဖြတ်မှုကို ခံနေရတာလေ”

“အင်း... ကျုပ် ဒီကိစ္စကို သိပြီးပါပြီ” လီယွင်သည် ခေါင်းညိတ်လိုက်၏။

အောင်းရွှမ်သည် ပါရမီရှင် လူတစ်ယောက် ဖြစ်ကြောင်း သူက အသိအမှတ်ပြုမိ၏။ မုန့်ရှင်းကျီကို ကူညီရန်အတွက် မိုင်သန်းပေါင်းများစွာ ကွာဝေးသည့် တည်နေရာဆီသို့ လိုက်ပါသွားခဲ့၏။ ထို့ကြောင့်ပင်လျှင် မုန့်ရှင်းကျီကို လိုက်လံသတ်ဖြတ်နေသည့် တော်ဝင် အင်ပါယာပေါင်း များစွာတို့၏ အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။

ချက်ချင်းဆိုသလိုပဲ ထိုတော်ဝင်အင်ပါယာများ၏ ပစ်မှတ် ဖြစ်လာခဲ့သည်။ တော်ဝင်အင်ပါယာ နှစ်ယောက်သည် တော်ဝင်အင်ပါယာ ငါးယောက်နှင့် မည်သို့မှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ မုန့်ရှင်းကျီ၏ အားအင် အဆင့်သည်လည်း အောင်မြင်မှုကို ရရှိနိုင်သည့် အားအင်မျိုးရှိသည် မဟုတ်ချေ။ ထို့ကြောင့် ရှုပ်ထွေးပင်လယ်ထဲသို့ ဝင်ရောက်ကာ ပုန်းအောင်းနေရခြင်းပင် ဖြစ်၏။

“ဒီတော့ ဒီနေ့ လာခဲ့တာ မုန့်ရှင်းကျီကို အဲနေရာကနေ ထုတ်နိုင်ဖို့ နည်းလမ်းကို လာပြီး ရှာဖွေတာပေါ့” လီယွင်သည် စားပွဲခုံကို တတောက်တောက် ခေါက်ကာဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်” ယန်ရှိုသည် အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်လိုက်၏။ မူလအားဖြင့် သူ့အနေနှင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ မထွက်ခွာချင်ပေ။ သို့ပေမဲ့ သူ၏ ဘိုးဘေးသည် အဆုံးမဲ့သည့် အန္တရာယ်ထဲသို့ သက်ဆင်းလျက် ရှိနေ၏။ နဂါးကလန်သည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဘေးတစ်ဖက်တွင် မားမားမတ်မတ် ရပ်တည်နေသည် ဖြစ်သောကြောင့် မူလအားဖြင့် နဂါးကလန်၏ လိုက်သတ်မှုကို လောလောဆယ် စိုးရိမ်စရာ မရှိသေးပေ။

ထို့အပြင် ဘာပဲဖြစ်ဖြစ် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ယခု အချိန်မှာတော့ တော်ဝင်အင်ပါယာတစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်၏။ မုန့်ရှင်းကျီ မသေမချင်း ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် တစ်ရက်အတွင်း လဲပြိုပြီး ပျောက်ကွယ်သွားလိ်မ့မည် မဟုတ်ချေ။

“အခု ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက နောက်ထပ် ခန့်မှန်းလို့မရတဲ့ ရန်သူတစ်ယောက်ကို ဖန်တီးခဲ့ပြီ ဆိုတာကိုကော သိရဲ့လား” လီယွင်သည် ပေါ့ပေါ့ပါးပါးဖြင့် မေးမြန်းလိုက်၏။

“ဟမ်”

ယန်ရှို၏ မျက်နှာသည် ပြောင်းလဲသွား၏။ နောက်ထပ် ခန့်မှန်း၍ မရသည့် ရန်သူတစ်ယောက် ပေါ်ပေါက် လာပြန်ပြီ ဟုတ်လား။ လောကကြီးက ဘာတွေဖြစ်ကုန်သနည်း။ လက်ရှိအခြေအနေတွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း သည် သိုသိုသိပ်သိပ် နေထိုင်နေခဲ့သည်။

သို့ပေမဲ့ သူတို့ဘိုးဘေးကြီး၏ နည်းလမ်းများသည် အမှန်ပင် ကြမ်းတမ်းလွန်းလှပြီး တော်ဝင်အင်ပါယာ တော်တော်များများကိုပင် ရန်ပြုခဲ့၏။ သူတို့၏ ဘိုးဘေးကြီးသည် ပြေးနေစဉ်မှာပဲ တားမြစ်တည်နေရာထဲမှ ထွက်လာသည့် အင်ပါယာ တစ်စုံတစ်ယောက်ကို အစီအရင်များ ဖန်တီးကာ ဒုက္ခပေးခဲ့လေသည်လား။ ထိုအရာကို တွေးကြည့် ပြီးသည့်နောက် ယန်ရှိုသည် အံကိုကြိတ်ကာ နာကျင်မှုကို ခံစားနေမိ၏။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်လာရခြင်းမှာ လွယ်ကူလှသည် မဟုတ်ပေ။ တကယ်ပင် ကြံ့ကြံ့ခံကာ ကြမ်းတမ်းခက်ခဲလှသည့် အရာများကို ကျော်ဖြတ်နေရပြီး အချိန်မရွေး ပြုတ်ကျကာ သေဆုံးသွားနိုင်စွမ်းလည်း ရှိနေ၏။ ယခင်ခေါင်းဆောင်ဖြစ်သော ဟောင်ကွမ်အား ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းကို ဦးဆောင်ရန် ပေးလိုက်ခြင်းကမှ သူ့အတွက် ပိုပြီး သက်သာပေဦးမည်။

သူ၏နောက်ဘက်တွင် ရှိနေသည့် ပိုင်ချမ်းဟန်သည် ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ ယန်ရှိုအား စာနာသနားသလို လှမ်းကြည့်လိုက်မိ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် လက်ရှိ အချိန်၌ အလွန်တရာ အားကောင်းနေပြီဖြစ်၏။ သို့ပေမဲ့ များပြားလှသည့် ရန်သူများကို ဖန်တီးခဲ့ပြီးပြီ ဖြစ်သည်။

ပထမဦးဆုံး လင်းရှောင်ဖြစ်၏။ ပြီးနောက် ခရမ်းရောင်နက်နဲလောကကြီး၊ မြေအင်မော်တယ်လောကကြီးနှင့် ု များပြားလှသည့် တားမြစ်တည်နေရာများမှ အင်ပါယာများကိုပင် ပြဿနာ ရှာခဲ့၏။ ရန်သူများ အကြောင်းကို တွေးတောပြီးသည့်နောက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ တော်ဝင်အင်ပါယာ မုန့်ရှင်းကျီ သာ သေဆုံးသွားခဲ့သည်ဆိုပါက ကျိန်းသေပေါက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် သမိုင်းတွင် ပျက်စီး ပျောက်ကွယ်သွားရမည့် အရာဖြစ်ကြောင်း တွက်ချက်နိုင်၏။

“ကျုပ် မေးချင်ပါတယ် စီနီယာ.... ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက နောက်ထပ် ခန့်မှန်းလို့မရအောင် အားကောင်းတဲ့ ရန်သူတစ်ယောက်ကို ပြဿနာ ရှာခဲ့ပြီ ဟုတ်လား” ယန်ရှိုက မေးမြန်းလိုက်သည်။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အနာဂတ်တွင် ဖျက်ဆီးခြင်းကို ခံရနိုင်သည့် အရာမျိုးနှင့် ကြုံတွေ့နေရသည် ဆိုလျှင်တောင်မှ အနည်းဆုံး သူသည် အခြေအနေကို နားလည်ချင်စိတ်တော့ ရှိမိ၏။ ရန်သူသည် အရမ်းကို အားကောင်းနေသည် ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို ဝယ်ယူ၍ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်၏။

ထို့ကြောင့်ပင်လျှင် ယန်ရှိုသည် တော်ဝင်သူတော်စင်အဆင့် ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်။

“အင်း”

လီယွင်သည် တံခါးကို အသာလှမ်းကြည့်ပြီးသည့်နောက် ပစ္စည်းနှစ်ခုကို သိမ်းဆည်းလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ဒီတစ်ကြိမ်မှာ မြေအင်မော်တယ်လောက တစ်ခုလုံးကို ပြဿနာ ရှာခဲ့တာပဲ။ အပြင်မှာ ဟိတ်ကြီးဟန်ကြီး နဲ့ ပြောနေတဲ့ ခင်ဗျားတို့ ဂိုဏ်းကကောင်ကို ကြည့်လေ ...”

All Chapters