← Chapters

အခန်း (၈၁-၈၅)

Vol. 6 Ch. 81-85

အခန်း (၈၁-၈၅)

Vol. 6 Ch. 81-85

အခန်း ၈၁ အားလုံးကိုပြောပြတော့မယ်.

အတွင်းထဲမှ ကျယ်ဝန်းပြီးလှပတဲ့အပြင်အဆင်တွေကိုတွေ့လိုက်ရတော့ အားလုံးထပ်ပြီး ဆွံ့အသွားကြပြန်ကာ အထဲကိုတောင် မဝင်ရဲတော့ပဲ တံခါးနားတွင်သာရပ်နေကြတော့တယ်.

ဒီလို ကျယ်ဝန်းပြီး လှပတဲ့ အိမ်မျိုးကို သူတို့အရင်က ကုချင်းရှန်ရဲ့အိမ်တွင်မြင်ဖူးကြပါတယ်.

ထိုအိမ်ကို သူတို့သွားရရင်လဲ အရမ်းစိတ်လှုပ်ရှားကာ ဘယ်လိုပြုမူနေထိုင်ရမလဲ မသိဖြစ်ကြတာကြောင် ရွေးချယ်ခွင့်သာရရင် သွားတောင်မသွားချင်ပါဘူး.

သေချာပေါက် ကုချင်းရှန်ဘက်ကလဲ သူတို့ကို သဘောမကျပါဘူး.

"အိမ်ပြန်ရောက်နေတယ်ပဲ တွေးပါ. စိတ်လှုပ်ရှားစရာမလိုပါဘူး. အထင်ဝင်ကြလေ! သမီးအကုန်ပြောပြမယ်." ကုနင်းပစ္စည်းတွေကိုချကာ ကုမန့်နဲ့ ကုချင်တို့ကို ဧည့်ခန်းထဲဆွဲခေါ်လိုက်တယ်.

ကုချင်ကတော့ အခုထိစိတ်လှုပ်ရှားနေတုန်းပေမယ့်, ကုမန့်ကတော့ တော်တော်လေးစိတ်ငြိမ်သွားပါပြီ. ဘာလို့ဆို ဒီအိမ်က သူမရဲ့သမီးဝယ်ထားတာပဲလေ.

ကုနင်းဒီအိမ်ကို ဘယ်လောက်ဈေးကြီးကြီးပေးပြီးဝယ်ခဲ့ရလဲဆိုတာ ကုမန့်မသိပေမယ့် သူမရဲ့သမီးကို ယုံကြည်ပေးဖို့ပဲရွေးလိုက်ပါတယ်.

ကျန်းရွှီနဲ့ ကျန်းရှင်းရွှယ်လဲ နောက်ကနေဖြည်းဖြည်းချင်းလိုက်ဝင်လာတယ်.

"ထိုင်ကြပါ." ကုနင်းပြောလိုက်ပေမယ့် သူတို့မှာ ဆက်ပြီးမက်တပ်ရပ်နေကြတုန်းပဲ. သူတို့ပုံစံက ဆိုဖာကို ညစ်ပတ်အောင်လုပ်မိသွားမှာ စိုးရိမ်နေကြသလိုပဲ.

"ထိုင်ကြလေ." ကုမန့်လဲ ပြောရင်းနဲ့ဝင်ထိုင်လိုက်တယ်.

ပြီးတော့မှသူတို့အားလုံး ဝင်ထိုင်လိုက်ကြပေမယ့် စိတ်မသက်မသာဖြစ်နေတုန်းပါပဲ.

"အန်တီ, အန်ကယ်, ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက သမီးပြောထားတာအမှတ်ရသေးလား? တကယ်လို့ သမီးချမ်းသာလာရင် အန်တီတို့လဲ ဘဝမှာကောင်းကောင်းနေစေရမယ်လို့လေ." ကုနင်းမေးလိုက်တယ်.

ဒါကိုကြားတော့ ကုချင်နဲ့ ကျန်းရွှီတို့မှာ ကုနင်းကိုပဲစိုက်ကြည့်နေကြကာ ဘာတွေဖြစ်နေမှန်းကိုတော့ အခုထိသတိမထားမိသေးပါဘူး.

ကုနင်းရဲ့စကားတွေကို သူတို့အမှတ်ရသေးပုံပေါ်ပေမယ့် အခုဖြစ်နေတာနဲ့ ထိုစကားတွေက ဘာဆိုင်မှန်းတော့ သူတို့မသိသေးပါဘူး.

ဒီလောက်အချိန်တိုလေးအတွင်း ကုနင်းချမ်းသာလာလိမ့်မယ်လို့ သူတို့မယုံကြည်ကြပါဘူး.

ဒါကြောင့် ကုမန့်ကိုပြောပြခဲ့သလိုပဲ ကုနင်းသူတို့ကိုပြန်ပြောပြလိုက်တယ်. ကုချင်တို့မိသားစုလဲ ထိုဇာတ်လမ်းကြောင့် အရမ်းအံ့ဩကုန်ကြတယ်.

သူမက လူတစ်ယောက်ကိုကယ်ခဲ့ပြီး ယွမ်၁၀သန်းရခဲ့တယ်. ပြီးတော့ အဲ့ဒါနဲ့ လုပ်ငန်းတစ်ခုလုပ်ခဲ့တယ်?

"သမီးအရင်ကလဲပြောဖူးပါတယ်. သမီးချမ်းသာလာတဲ့တစ်နေ့, အန်တီတို့အားလုံး ဘဝကောင်းကောင်းနေရမယ်လို့လေ. အခုသမီးပေးထားတဲ့ကတိကိုတည်နိုင်ပြီ. အရွယ်တူတဲ့အိမ်နှစ်လုံး သမီးဝယ်ထားတယ်. ကျန်တဲ့တစ်လုံးက ဒီအိမ်ရဲ့ ညာဘက်မျက်စောင်းထိုးကပဲ."

"တစ်လုံးကတော့ သေချာပေါက် သမီးနဲ့ သမီးအမေအတွက်ပေါ့. နောက်တစ်လုံးကတော့ အန်တီတို့မိသားစုအတွက်. သမီးအခုမပြောရင် စာရွက်စာတမ်းကိစ္စစီစဉ်လို့မရလို့ပါ. အန်တီတို့ရဲ့ အိမ်ပိုင်ဆိုမှုစာချုပ်လုပ်ဖို့ လက်ထပ်မှတ်ပုံတင်ကို မနက်ဖြန်ဒီကိုယူလာပေးပါ. စာချုပ်ကိစ္စပြီးတာနဲ့ တန်းပြီးပြောင်းလာလို့ရပြီ. အဲ့ဘက်အိမ်ကိုလဲ ပြင်ဆင်ထားပြီးသား. အန်တီတို့ဘက်က နေ့စဉ်အသုံးလိုတာလေးတွေဝယ်လိုက်ရုံပဲ." ကုနင်းပြောလိုက်တယ်.

အချိန်တော်တော်, တော်တော်လေးကြာပြီးတော့မှ...

"ငါ..ငါအိပ်မက်မက်နေတာလား?" ကုချင်မေးလိုက်တယ်. ဒါက ယုံကြည်ဖို့အရမ်းကိုခက်ခဲပါတယ်. သူမ ကျန်းရွှီရဲ့ပေါင်ကိုအားပြင်းပြင်းနဲ့ လိမ်ဆွဲလိုက်တော့ ကျန်းရွှီမှာ ထတောင်အော်တယ်.

ကုချင်က သူ့ကိုမေးလိုက်တယ်,

"နာလား?"

"ကိုယ့်ဘာသာလုပ်ကြည့်ပါလား!" ကျန်းရွှီပြောလိုက်တယ်. သူမနာပဲနဲ့အော်မလား?

ကုချင် ကျန်းရွှီကို တစ်ချက်မျက်စောင်းထိုးလိုက်တယ်. သူမကိုယ်သူမတော့လုပ်စရာလား.

"ဟ-ဟ,ဟ-ဟ." ကုနင်းရော ကုမန့်ပါ အကျယ်ကြီးရယ်မိသွားကြတယ်.

"တကယ်ပါ! နင်းနင်းက နင်တို့အတွက် အိမ်မဝယ်ပြီးမချင်းမပြောပြဖို့ပြောထားလို့. ငါလဲလျှို့ဝှက်ထားတာ." ကုမန့်ရှင်းပြလိုက်တယ်.

"ဒါပေမယ့်, ဒီနေရာကအိမ်တွေအားလုံးက ဈေးကြီးတယ်လေ. တစ်လုံးပဲဆိုရင်တောင်မှ အများကြီးကျမှာ!" ကုချင်စိတ်ရှုပ်ထွေးစွာနဲ့ပြောလိုက်တယ်.

သူတို့က ဆင်းရဲပြီး ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမယ့် ဘာမှမသိဘူးလို့တော့ မဆိုလိုဘူးလေ.

တကယ်တော့ ထိုကိစ္စကို ကုမန့်လဲ ရှုပ်ထွေးနေပါတယ်.

ကုနင်းက မြန်မြန်ပဲရှင်းပြလိုက်တယ်,

"သမီး ကျောက်မြတ်ရတနာလုပ်ငန်းတစ်ခုလုပ်လို့. ဒါကြောင့် အခုပိတ်ရက်မှာ မြို့တော်Gကို လိုအပ်တဲ့ကျောက်ရိုင်းတွေသွားဝယ်တာ. ကျောက်ရိုင်းတွေအားလုံးက အပေါ်ကျောက်သားလွှာနဲ့ဖုံးထားပြီး စုပုံထားတာဆိုတော့ ဘယ်တစ်ခုမှာ ကျောက်စိမ်းရှိမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ. ဒါကြောင့် ပုံမှန်ဆို အဲ့ဒါက အလောင်းအစားတစ်ခုပဲ. ကျောက်စိမ်းထွက်အောင်ဖြတ်လိုက်နိုင်တဲ့လူတွေကလဲ အဲ့ကျောက်စိမ်းကိုတစ်ခါတည်းနဲ့ ရောင်းချနိုင်တယ်.

ကျောက်စိမ်းတစ်တုံးရဖို့ဆိုတာ အရမ်းကိုခက်ခဲတယ်. သမီးကံကောင်းလို့ပဲလား တခြားကြောင့်လားတော့မသိဘူး. ကျောက်ရိုင်း၅တုံးဝယ်လိုက်တာ မမျှော်လင့်ထားပဲ အဲ့ထဲမှာ အဆင့်မြင့်ကျောက်စိမ်း၃တုံးပါနေတယ်. အဲ့ထဲက ပန်းသီးအရွယ်လောက်ရှိတဲ့ ကျောက်စိမ်းကိုရောင်းလိုက်တာ ယွမ်သန်း၂၀ကျော်လောက်ရတယ်. အဲ့ငွေနဲ့ပဲ ဒီအိမ်နှစ်လုံးကိုဝယ်လိုက်တာ. ပြီးတော့ နောက်ထပ်နှစ်တုံးလဲကျန်သေးတယ်. တစ်တုံးကိုတော့ မုခယ်တို့ကုမ္ပဏီအတွက်ထားလိုက်ပြီး ကျန်တာကိုတော့ အမေတို့အားလုံးအတွက် လက်ဝတ်ရတနာလုပ်ပေးမယ်."

သူတို့ အရင် အံ့ဩမှုတောင်မပြေသေးခင်မှာပဲ ကုနင်းက နောက်ထပ်အံ့ဩစရာကိစ္စကိုထပ်ပြောလိုက်ပြန်ပြီ.

ဘာ? ယွမ်သန်း၂၀ကျော်?

ငွေကို ဒီလောက်လွယ်လွယ်လေးရှာနိုင်တယ်လို့ သူတို့ကြားဖူးတာ ဒါပထမဆုံးပဲ.

တော်တော်ကြာပြီးတော့မှ သူတို့စိတ်ကိုသူတို့ပြန်ထိန်းနိုင်ကြတော့တယ်.

"နင်းနင်း, ကျောက်အလောင်းအစားလုပ်ဖို့အထိက အရမ်းရဲတင်းရာကျတယ်နော်!" ကုနင်းကိုစိတ်ပူတာကြောင့် ကုမန့်ညင်ညင်သာသာနဲ့ သတိပေးလိုက်တယ်.

သူမ ကျောက်အလောင်းအစားလုပ်တဲ့အကြောင်းကို ကြားဖူးပါတယ်. ၎င်းက အလွန်ဆိုးကျိုးများတဲ့စီးပွားရေးတစ်ခုပဲ.

လူတစ်ယောက်က ညတွင်းချင်း ချက်ချင်းချမ်းသာသွားနိုင်သလို ချက်ချင်းလဲဆင်းရဲသွားနိုင်တာကြောင့် အလွန်အန္တရာယ်များလွန်းပါတယ်.

"အမေ, စိတ်မပူပါနဲ့. သမီးဘယ်လိုလုပ်သင့်လဲဆိုတာသိပါတယ်." ကုနင်း သူမအမေကို နှစ်သိမ်ပေးလိုက်တယ်.

"ကောင်းပြီလေ..." ကုမန့်ဘာဆက်ပြောရမလဲမသိတော့တာကြောင့် သူမသမီးကိုယုံကြည်ပေးဖို့ပဲ ရွေးလိုက်ပြန်တယ်.

ကုနင်းက ငွေတွေအများကြီးရှာနိုင်ခဲ့တယ်. ကုချင်တို့မိသားစုလဲ သူမအတွက်ပျော်ပေမယ့် ဒီလိုမျိုး ဈေးကြီးကြီးအိမ်ကို သူမပေးတာကြောင့် သူတို့လဲ နည်းနည်းတော့ ရှက်သလိုဖြစ်သွားရတယ်.

"နင်းနင်း, သမီး ကြင်နာတက်မှန်း အန်တီသိပါတယ်, ဒါပေမယ့် ဒီအိမ်က အရမ်းဈေးကြီးတယ်. အန်တီတို့..." ကုချင် ငြင်းမလို့ စကားစလိုက်တော့..

"အန်တီ ငယ်ငယ်တည်းက သမီးနဲ့ အမေ့ကို ကူညီခဲ့တာတွေကို သေချာသိပါတယ်. ကျေးဇူးပြုပြီးလက်ခံပေးပါ. သမီးတို့က မိသားစုတွေပဲလေ. အန်တီတို့ကို ဆင်းဆင်းရဲရဲနေရတာမျိုး ထပ်မမြင်ချင်တော့ဘူး." ကုချင်ကို လက်ခံအောင် ကုနင်းပြောနေရတယ်.

"ဟုတ်တယ်! လက်ခံလိုက်ပါ. ငါတို့က မိသားစုတွေလေ.အခုငါတို့အချင်းချင်းပဲအားကိုးစရာရှိတော့တာ. " ကုမန့်ထပ်ပေါင်းပြောလိုက်တယ်.

ထိုတော့မှ အားလုံးရုတ်တရက်ဝမ်းနည်းသွားတော့တယ်.

အမှန်ပဲ! အခုချိန်မှာ သူတို့တွေချင်းပဲရှိတော့တာ.

ကုမိသားစုက ကျန်တဲ့လူတွေက သူတို့ကိုမကြိုက်ဘဲ ဖယ်ခွာထားကြတယ်.

"ကောင်းတယ်, ကောင်းတာပေါ့." ကုချင်အဆုံးမှာတော့ ပြန်ဖြေလိုက်ပြီး ဝမ်းသာမျက်ရည်တွေကျဆင်းလာရတယ်.

"မေမေ, သမီးတို့အခုကစပြီး ဒီလိုအိမ်ကောင်းကောင်းမှာနေရတော့မှာပေါ့နော်." ကျန်းရှင်းရွှယ် တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာမေးလိုက်တယ်.

ကုချင်နဲ့ သူမခင်ပွန်းတို့နှစ်ယောက်လုံး သူတို့ရဲ့သမီးကို ကောင်းမွန်တဲ့ဘဝတစ်ခုမှာ မထားခဲ့ပေးနိုင်တာကြောင့် အပြစ်ရှိသလိုခံစားလိုက်ရတယ်.

...................P81End.....................

ဖီးနစ်သွေးစက်

အခန်း ၈၂ ကျန်းရွှီကို လုပ်ငန်းစဖို့ ထောက်ပံ့ပေးမယ်

"ဟုတ်ကဲ့. မနက်ဖြန်ဆိုတာနဲ့ အမေတို့အိမ်ကောင်းကောင်းမှာနေရတော့မှာပေါ့." ကုချင်ချစ်ခြင်းတွေပြည့်လျှံစွာကြည့်ပြီးပြန်ဖြေလိုက်တယ်.

အမေဖြစ်သူရဲ့အတည်ပြုချက်ကို ကြားပြီးသွားတော့ ကျန်းရှင်းရွှယ်ပျော်ရွှင်စွာခုန်ပေါက်နေတော့တယ်.

"ဝိုး! ကောင်းလိုက်တာ!"

ကျန်းရှင်းရွှယ်ပျော်ရွှင်နေတာကိုမြင်ရတော့ မိဘတွေဖြစ်တဲ့ ကျန်းရွှီနဲ့ ကုချင်တို့လဲ ပျော်ရွှင်လာကြတယ်.

"ကောင်းပြီ. ည၈နာရီတောင် ထိုးတော့မယ်. သမီးတော့ ဗိုက်ဆာနေပြီ. အမေ, အန်တီ, သမီးတို့အတွက် ညစာချက်ကျွေးပါဦး." ကုနင်းပြောလိုက်တယ်.

"အိုး, ၈နာရီတောင်ရှိတော့မှာပဲ. အခုပဲသွားချက်ကြရအောင်!" ကုချင်ချက်ချင်းပဲ ဆိုဖာကနေထပြီး ကုမန့်လက်ကိုဆွဲကာ မီးဖိုချောင်ကို ခေါ်သွားတော့တယ်.

ကုနင်းကတော့ ကျန်းရွှီနဲ့ ဆွေးနွေးစရာတွေရှိနေသေးတာကြောင့် ကူညီဖို့လိုက်မသွားတော့ပါဘူး. ကူညီဖို့သွားချင်နေတဲ့ ကျန်းရွှီကိုပါ တားလိုက်တယ်.

"အန်ကယ်, သမီးတို့စကားပြောလို့ရလား?" ကုနင်းမေးလိုက်တယ်.

"ရတာပေါ့." ကျန်းရွှီပြန်ဖြေလိုက်ကာ ကျန်းရှင်းရွှယ်ကို သွားကူညီခိုင်းလိုက်တယ်.

"အန်ကယ်, သမီးတို့ အခုမဆင်းရဲတော့ဘူးဆိုတော့ အန်ကယ့်ကိုလဲ လစာနည်းနည်းပဲရတဲ့ အလုပ်မျိုးမလုပ်စေချင်တော့ဘူး. သေချာပေါက် အလုပ်လက်မဲ့အဖြစ်မနေချင်မှန်းတော့သိတာပေါ့. သမီးလဲ အဲ့လိုမျိုးတော့ မမြင်ချင်ပါဘူး. အရင်တုန်းက, ဘဝကခက်ခဲခဲ့တယ်ဆိုပေမယ့် အခုကျ ကောင်းကောင်းနေနိုင်နေပြီလေ. ဒါကြောင့် သမီး အန်ကယ့်ကိုမေးကြည့်ချင်တယ်. အန်ကယ် စီးပွားရေးကြီးတစ်ခုလုပ်ပြီး အနာဂါတ်မှာတိုးတက်အောင်လုပ်ချင်လား? ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးအသေးလေးတစ်ခုလောက်ကိုပဲလုပ်ချင်လား? အန်ကယ်တို့ ချမ်းအေးတာတွေ ဆာလောင်တာတွေကို မခံစားရသ၍ ဘာလိုချင်ချင်ကိစ္စမရှိဘူး. သမီး ငွေကြေးအပြည့်အဝထောက်ပံ့ပေးနိုင်တယ်."

ကျန်းရွှီက အရမ်းလဲမထက်မြက်သလို ဉာဏ်နီဉာဏ်နက်လဲမများတတ်ပါဘူး. ပုံမှန်ဆိုရင် သူ့ကိုယ်ပိုင်စီးပွားရေးတစ်ခုကို မလုပ်နိုင်ပါဘူး.

သူက ကြိုးစားပြီး လုံ့လဝီရိယရှိကာ သင်ယူရတာကိုလဲ သဘောကျတယ်. သူစိတ်ပိုင်းဖြတ်ထားပြီးရင်တော့ထိုကိစ္စကို အမှန်တကယ်လုပ်နိုင်မယ်ဆိုတာ ကုနင်းယုံကြည်တယ်.

ကုနင်းက သူတို့ကို အိမ်တစ်လုံးလဲပေးပြီးပြီ. ထပ်ပြီး သူ့ဘက်က ကုနင်းကို ငွေကြေးကိစ္စပါထပ်တောင်းရမှာက တော်တော်လေးရှက်ဖို့ကောင်းတယ်.

ကျန်းရွှီစိတ်ထဲဘယ်လိုရှိနေမှန်းကိုလဲ ကုနင်းသိပါတယ်. ဒါကြောင့် ထပ်ပြီးတွန်းအားပေးတဲ့အနေနဲ့,

"အန်ကယ်, ဘယ်သူမှသမီးတို့ကို ဆင်းရဲလို့ဆိုပြီး မလေးစားကြဘူး. သမီးတို့မိသားစုကမှာ ယောက်ျားဆိုလို့ အန်ကယ်တစ်ယောက်ပဲရှိတယ်. သမီးတို့ကိုကာကွယ်နိုင်ဖို့ဆို အန်ကယ်က သန်မာပြီး စွမ်းအားကြီးနေဖို့လိုတယ်!"

ကုနင်းဒီလိုပြောလိုက်တယ်ဆိုတာ ကျန်းရွှီကို နှစ်သိမ့်ချင်ရုံပါ. ထန်မိသားစုထက်မသာလွန်ခင်အထိ သူမရဲ့တခြားပိုင်ဆိုင်မှုတွေကို ပြဖို့စိတ်ကူးမရှိသေးပါဘူး.

ထန်မိသားစုကို ကျော်ဖို့ဆိုရင်‌ နောက်ထပ်ငွေတွေအများကြီးလိုအပ်ပါသေးတယ်. ငွေကပဲ အရာရာတိုင်းဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး.

သူမအတွက် အာဏာရှိသူတွေရဲ့ ထောက်ပံ့မှုနဲ့ စွမ်းအားတွေလဲလိုအပ်ပါသေးတယ်.

သူ့ရဲ့နေရာကို ငွေနဲ့ တွန်းအားပေးပြီး ဖယ်ရှားဖို့က ခက်ခဲတယ်ဆိုပေမယ့် တစ်ယောက်ယောက်ရဲ့ ကုမ္ပဏီကို စွမ်းအားအာဏာတွေနဲ့ဖျက်စီးမယ်ဆိုရင်တော့ ပိုပြီးလွယ်ကူသွားပါပြီ.

ထို့ကြောင့် အဆက်အသွယ်ကောင်းရှိဖို့ဆိုတာလဲ အရမ်းကို အရေးကြီးတယ်.

ဒါကြောင့် ကုနင်းလဲ အနာဂါတ်မှာအဆက်အသွယ်ကောင်းတွေရှာဖို့ စီစဉ်ထားပါတယ်.

ကုနင်းရဲ့ စကားတွေက ကျန်းရွှီကို လုံးဝထိမိသွားစေပါတယ်.

သေချာတာပေါ့! သူတို့ဆင်းရဲတာတစ်ခုကြောင့်နဲ့ လူတွေက သူတို့ကို မလေးစားကြဘူး.

အထူးသဖြင့် ကုမန့်နဲ့ကုချင်ကိုပေါ့. သူတို့နှစ်ယောက်ကို တစ်ချိန်လုံး ကျန်တဲ့ကုမိသားစုဝင်တွေက အထင်အမြင်သေးစွာနဲ့ ခွဲခြားဆက်ဆံခဲ့ကြတယ်.

ကုမန့်, ကုချင် ဒါမှမဟုတ် ကျန်းရွှီတို့သာ ကိုယ်ပိုင်စွမ်းအားတွေရှိနေမယ်ဆိုရင် ကုမိသားစုက ဒီလိုမျိုးဆက်ဆံရဲမှာမဟုတ်ဘူး.

ကျန်းရွှီ စိတ်ထဲ ဘာလုပ်သင့်တယ်ဆိုတာကို သေချာသိသွားပေမယ့် ငွေအကြောင်းပြောဖို့အတွက်ကတော့ ရှက်နေပါသေးတယ်.

"အန်ကယ်, ငွေကိစ္စစိတ်ပူနေတယ်ဆိုတာကိုသိပါတယ်. အဲ့ဒါကြောင့်ပဲဆိုရင်တော့ သမီးဘက်က ငွေကြေးပိုင်းကို ကူညီပေးနိုင်တယ်. အန်ကယ့်ဘက်က သမီးအမေကို ကုမ္ပဏီရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းကိုသာ ပြန်ပေးပါ. အန်ကယ့်ရဲ့ လုပ်ငန်းပိုကြီးလာတာနဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းက သမီးပေးထားတဲ့ငွေပမာဏနဲ့ပြန်ညီသွားပါလိမ့်မယ်. ဒါကြောင့် ဒီငွေကို ချေးတယ်လို့ပဲသဘောထားပြီး ဘာမှဖိအားမဖြစ်နေပါနဲ့." ကုနင်းပြောလိုက်တယ်.

ကုနင်းကြောင့် ကျန်းရွှီယုံကြည်မှုအတော်လေးရှိသွားပေမယ့် နည်းနည်းတော့စိုးရိမ်နေမိသေးတယ်.

"ကုမ္ပဏီက အမြတ်မရခဲ့ဘူးဆိုရင်ကော?"

"စီးပွားရေးဆိုတာဒီလိုပါပဲ. ဆုံးရှုံးမှုလုံးဝမရှိခဲ့ပဲနဲ့တော့ ကောင်းတာတွေလဲရလာမှာမဟုတ်ဘူး! အန်ကယ်ငွေအတွက်တော့ ဘာမှပူစရာမလိုဘူး. သမီးလုပ်ပေးနိုင်တယ်!"ကုနင်းသေချာပြောလိုက်တယ်. သူမမှာမယုံနိုင်လောက်အောင်ကို ယုံကြည်မှုတွေပြည့်နေတာပဲ.

ဟုတ်ပါတယ်, သူမအဲ့လောက်တော့ တတ်နိုင်ပါတယ်.

သူမက ကျန်းရွှီကို သူမလုပ်သလိုမျိုးပဲမလုပ်စေချင်ပါဘူး. သူမရဲ့ပန်းတိုင်က ယွမ်သန်းပေါင်းထောင်သောင်းပေါင်းများစွာပိုင်ဆိုင်တဲ့ စီးပွားရေးအင်ပါယာတစ်ခုတည်ဆောက်ဖို့ပါ. ယွမ်သန်းရာဂဏန်းလောက်ပိုင်ဆိုင်တာနဲ့ ကျန်းရွှီ မြို့တော်Fရဲ့အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နိုင်ပါတယ်.

ဒါကြောင့်, ကျန်းရွှီရဲ့လုပ်ငန်းမှာ ယွမ်၁၀သန်းရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပါတယ်. သူမမှာ ယွမ်သန်းရာပေါင်းများစွာချမ်းသာတာကြောင့် ဒီလောက်တော့ တတ်နိုင်ပါတယ်.

ကျန်းရွှီရဲ့လုပ်ငန်းတွင် မည်သည့်ပြဿနာမှမပေါ်မချင်းသူမလဲ ထိုလုပ်ငန်းထဲကို တစ်လှမ်းမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ.

ကုမန့်နဲ့ ကုချင်လဲ မီးဖိုခန်းထဲကနေ ကုနင်းနဲ့ ကျန်းရွှီတို့ပြောနေတာကို ကြားရတာကြောင့် ကုချင်မှာ ဝမ်းသာမျက်ရည်တွေကျဆင်းနေတယ်.

"နင်းနင်းက တကယ့်ကို လိမ္မာတဲ့ကလေးပဲ!"

"ဟုတ်တယ်. နင်းနင်းက ငါတို့ကောင်းဖို့အတွက်လုပ်နေတာ. ငါတို့လဲ သူစိတ်ပျက်အောင်လုပ်လို့မဖြစ်ဘူး. ဟုတ်တယ်မလား?" ကုမန့် ပြောလိုက်တယ်.

ကုချင်လဲ ကုမန့်ပြောချင်တဲ့ အဓိပ္ပါယ်ကိုချက်ချင်းနားလည်သွားကာ ဧည့်ခန်းထဲကိုသွားလိုက်ပြီး ကျန်းရွှီကိုပြောလိုက်တယ်,

"ရွှီ, လက်ခံလိုက်ပါ. ကျွန်မတို့ ပိုသန်မာပြီး စွမ်းအားကြီးရမယ်. ဘယ်သူမှ ကျွန်မတို့အပေါ်ကို အခွင့်ရေးထပ်ယူခွင့်မပေးနိုင်တော့ဘူး!"

ကုချင်ရဲ့ထောက်ခံမှုကြောင့် ကျန်းရွှီလဲ ဆုံးဖြတ်ချက်လုံးဝခိုင်မာသွားကာ ချက်ချင်းပြန်ဖြေလိုက်တယ်.

"ကောင်းပြီ, ငါလုပ်မယ်!"

တကယ်တော့ သူ့မှာလဲ ကိုယ်ပိုင်စီးပွားရေးတစ်ခုတည်ထောင်ဖို့စိတ်ကူးရှိပေမယ့် ငွေအရင်းအနှီးကမရှိခဲ့ဘူး.

"တကယ်တော့, အန်ကယ့်ကို ဆောက်လုပ်ရေးသုံးပစ္စည်းလုပ်ငန်း စပ်တူလုပ်ဖို့လာပြောတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်. အဲ့တုန်းက သူနဲ့အတူအရမ်းလုပ်ချင်ခဲ့ပေမယ့် ငွေရင်းနှီးဖို့မရှိတာကြောင့် လက်လျှော့လိုက်ရတာ. ၃နှစ်ထဲနဲ့ သူယွမ်သန်းနဲ့ချီပြီးချမ်းသာသွားခဲ့တယ်. သူဇနီးနဲ့ကလေးတွေလဲ ကောင်းမွန်တဲ့ဘဝမှာနေထိုင်နိုင်နေပြီ. ရိုးရိုးသားသားပြောရရင် ငါသူ့ကို မနာလိုဖြစ်တယ်." ကျန်းရွှီလဲ ရှက်ရွံ့စွာနဲ့ ဖွင့်ဟဝန်ခံလိုက်တယ်.

ဆောက်လုပ်ရေးသုံးပစ္စည်း?

ထိုစကားကိုကြားတော့ ကုနင်းမျက်ခုံးတစ်စုံမြင့်တက်သွားတယ်. ဒါအကြံကောင်းပဲ.

အိမ်ခြံမြေလုပ်ငန်းနဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းလုပ်ငန်းတွေမှာပါဝင်ဖို့က သူမစီးပွားရေးအတွက် အလွန်အရေးကြီးတာကြောင့် သူမမှာအစီစဉ်ရှိပြီးသားပါ. အခုလိုသူမဦးလေးကသာ ကူညီနိုင်မယ်ဆိုရင် ပိုတောင်ကောင်းဦးမယ်.

"ဒါအကြံကောင်းလို့ သမီးတော့ထင်တယ်. အန်ကယ်, ဒီဆောက်လုပ်ရေးသုံးပစ္စည်းလုပ်ငန်းလုပ်ဖို့ သမီးတော့သဘောတူတယ်. သမီးဘက်က ယွမ်၁၀သန်းရင်းနှီးမြှုပ်နှံပေးမယ်." ကုနင်းပြောလိုက်တယ်.

"ဘာ? ယွမ်၁၀သန်း?" ထိုစကားကိုကြားလိုက်တော့ ကျန်းရွှီအရမ်းအံ့ဩသွားတယ်. သူထင်ထားတာက ယွမ်၁သန်းလောက်ပဲဖြစ်မယ်ပေါ့. ယွမ်၁၀သန်းဖြစ်မယ်လို့ သူမမျှော်လင့်ထားမိဘူး.

"ကောင်းပြီ. နင်းနင်း, အန်ကယ် သမီးကို စိတ်မပျက်စေရဘူး!" ကျန်းရွှီသူ့စိတ်ကို ပြင်ဆင်ပြီးမှတော့ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်.

"အန်တီလဲ အလုပ်ထွက်လိုက်ပါတော့. အန်တီ အန်ကယ့်ကိုပဲကူညီပေးချင်လား အိမ်ထောင်ရှင်မအဖြစ်ပဲနေမလား ဒါမှမဟုတ် ဆိုင်လေးတစ်ဆိုင်ပဲဖွင့်ချင်လားဆိုတာတော့ ကိုယ့်ဘာသာရွေးနိုင်တယ်. ပြီးတော့ အမျိုးသမီးတွေဆိုတာ ကိုယ့်ကိုကိုယ်လဲ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသေးတယ်. သမီးတို့အရင်က ဆင်းရဲခဲ့ပေမယ့် အခုတော့ ငွေကိုပူစရာမလိုတော့ဘူး! သမီးမနက်ဖြန်ကျောင်းမသွားတော့ဘူး. အိမ်စာချုပ်တွေအပြီးသတ်ပြီးရင် အသားအရေထိန်းသိမ်းဖို့ပစ္စည်းတွေ, အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေ သွားဝယ်ကြတာပေါ့, ပြီးတော့ ဆံပင်လဲသွားပြင်ကြမယ်" ကုနင်းပြောလိုက်ပါတယ်.

...................P82End.....................

ဖီးနစ်သွေးစက်

အခန်း ၈၃ လက်ဆောင်

ကုနင်းငြင်းတော့မလိုဖြစ်နေတာကြောင့် ကုနင်းကချက်ချင်းထပ်ပြောလိုက်တယ်,

"အန်တီ ငြင်းလို့မရဘူးနော်. သမီးတို့က မိသားစုတွေ. တစ်ယောက်နဲ့တစ်ယောက်ထောက်ပံ့ပေးရမှာပေါ့."

သူတို့က မိသားစုတွေလို့ပြောလိုက်ထဲက ကုချင်ငြင်းလို့မရတော့ပါဘူး. ဒါကြောင့်,

"ကောင်းပြီလေ, သမီးပြောတာနားထောင်ပါ့မယ်. ဒါပေမယ့် မနက်ဖြန်ကျောင်းမသွားလို့ ရလို့လား?"

ကုနင်းက စာသိပ်မတော်ာတာကြောင့် ဒီလိုမျိုးကျောင်းပျက်တာက သူမပညာရေးကို ထိခိုက်မှာ ကုချင်စိုးရိမ်နေမိတယ်.

"တစ်ရက်လောက်ပျက်တာက အဆင်ပြေပါတယ်. ပြီးတော့ စာချုပ်စာတမ်းကိစ္စ ရုံးဖွင့်ရက်တွေမှာပဲ အပြီးသတ်လို့ရတာ." ကုနင်းပြောလိုက်တယ်.

"ကောင်းပြီလေ," ကုချင်ပဲအလျှော့ပေးလိုက်ရတော့တယ်.

ကုမန့်ကတော့ အခုဆိုကုနင်း ကိုယ်တိုင် သူမဘဝနဲ့ ပညာရေးကိုလဲ ကောင်းကောင်းကိုင်တွယ်မယ်လို့ ယုံကြည်ထားပါတယ်.

"အိုး, သမီးမြိုတော်Gက လက်ဆောင်တွေဝယ်ခဲ့သေးတယ်. သွားယူလိုက်ဦးမယ်နော်." ပြောပြီးတော့ ဒုတိယမြောက်အခန်းထဲကို ကုနင်းဝင်သွားခဲ့တယ်. ပစ္စည်းတွေကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားတာကြောင့် အခန်းတစ်ခုထဲကွယ်ပြီးမှထုတ်ရမယ်လေ.

"တကယ်လား?"

ကုချင်ကတော့ ဘာပြန်ပြောရမလဲတောင်မသိတော့ပါဘူး. ကုနင်းရဲ့စေတနာကြင်နာမှုတွေက သူတို့အားလုံးရဲ့စိတ်ကို ထပ်မံလှုပ်ရှားသွားစေပြန်ပါတယ်.

ကုနင်း အခန်းထဲကနေ အိတ်တွေအများကြီးကို သယ်လာကာ ဆိုဖာပေါ်ချလိုက်တယ်. အဲ့တော့ ကုချင်လဲ ပစ္စည်းတွေကြည့်ရအောင် ချက်ချင်းပဲ ကုမန့်ကို ဆွဲခေါ်လိုက်တယ်.

"လူတိုင်းအတွက် လက်ဆောင်တွေပါတယ်. ဒါက ဦးလေးအတွက်!" ကျန်းရွှီကို မထုတ်ပေးခင် အိတ်တစ်အိတ်ယူကာ ကုချင်နဲ့ ကုမန့်တို့ကိုပေးလိုက်တယ်.

"ဒါက အမေနဲ့ အန်တီတို့အတွက်."

ကုမန့်နဲ့ ကုချင်တို့ ချက်ချင်းအိတ်ကို ကိုင်ကြည့်လိုက်ကြတယ်.

"ရှင်းရွှယ်, ဒါက ညီမလေးအတွက်." ကုနင်းနောက်ဆုံးအိတ်တစ်ခုကို ကျန်းရှင်းရွှယ်ကိုပေးလိုက်တော့ သူမကလဲ ကုနင်းကို ကျေးဇူးပြန်တင်လိုက်တယ်.

"ကျေးဇူးပါ, မမ"

သူမအတွက် ပစ္စည်းကိုတော့ ကုနင်းထုတ်မနေတော့ပါဘူး.

"ဝိုး, ဒါက Lancomeပဲ! အရမ်းဈေးကြီးမှာပေါ့." ကုချင် အံ့ဩစွာနဲ့ အသံကျယ်ကြီးထပြောမိတော့တယ်.

Lancomeသည် နိုင်ငံတကာကျော်ကြားတဲ့ ဈေးကြီးတဲ့ တံဆိပ်တစ်ခုမှန်း သူမသိတာပေါ့.

"ဒါ..ဒါက Armaniပဲ!" ကျန်းရွှီလဲ အံ့ဩသွားခဲ့တယ်. သူမှာအရင်ထဲက ဝတ်စုံကောင်းတစ်စုံကို ရှိထားဖို့စိတ်ကူးရှိခဲ့ပေမယ့် သူ့မှာတစ်စုံလောက်ဝယ်ဖို့ပင် ပိုက်ဆံမပြည့်ခဲ့ပါဘူး.

"ဒါက Gucci! လှလိုက်တာ!" ကုချင်က အံ့ဩ စိတ်လှုပ်ရှားနေကာ သူမကိုယ်ပေါ်ကပ်ကြည့်ပြီး ကုမန့်ကိုမေးလိုက်တယ်,

"ဘယ်လိုနေလဲ?"

"အရမ်းလှတယ်." ကုမန့်ပြုံးပြီးပြန်ဖြေလိုက်ကာ သူမလက်ထဲက အင်္ကျီတွေကိုလဲကြည့်နေတယ်. ဒါတွေကို သူမအရမ်းကြိုက်ပါတယ်.

သူတို့မှာ ဝင့်ကြွားလိုတဲ့ဆန္ဒမရှိဘဲ အမျိုးသမီးတွေဖြစ်တာကြောင့် လှပတဲ့အဝတ်အစားတွေကို ချစ်မြတ်နိုးကြရုံပါ.

"ဒီဂါဝန်လေးက အရမ်းချစ်စရာကောင်းတာပဲ!" ကျန်းရှင်းရွှယ်လဲ အကျယ်ထပြောတော့တယ်.

"ဖုန်းတွေရှိနေသေးတယ်!"

နောက်ဆုံးတော့ သူတို့တွေ အောက်ဆုံးမှာထားထားတဲ့ ဖုန်းတွေကို ရှာတွေ့သွားကာ ထပ်ပြီးစိတ်လှုပ်ရှားသွားကြပြန်တယ်.

"သမီးမှာ ဖုန်းအသစ်လေးရှိပြီ!" ကျန်းရှင်းရွှယ်မှာ ထပ်ပြီးအော်တော့မိမလိုပါပဲ.

ကျန်တဲ့လူတွေလဲ သူတို့အိတ်အောက်မှာရှိတဲ့ဖုန်းတွေကိုထုတ်ယူလိုက်ကြကာ ပါကင်တွေဖောက်လိုက်ကြတယ်.

"ချစ်စရာလေးတွေ!"

"ဟုတ်တယ်!"

လူတိုင်းလက်ထဲမှာ ဖုန်းအသစ် အဝတ်အစားအသစ်တွေနဲ့ပြည့်နေတာတော့မှ ချလိုက်ကြတော့တယ်.

"ဒါဘာအနံ့ကြီးလဲ?" ကုနင်း အနံ့တစ်ခုခုရတာကြောင့် ချက်ချင်းမီးဖိုခန်းဆီပြေးတော့တယ်.

ကုမန့်နဲ့ ကုချင်လဲ နောက်ကချက်ချင်းလိုက်သွားကြတယ်. သူတို့မီးပိတ်ဖို့မေ့ခဲ့ကြတာပဲ.

တော်သေးတာပေါ့, နောက်မကျသေးလို့.

ကုနင်းက အနံ့ခံအာရုံကောင်းတာကြောင့် စောစောသိလိုက်ကြတာပါ.

ကုနင်းအားသွားတော့မှ, "ဖိုက်တာမိသားစု"အဖွဲ့ထဲကို ဝင်စစ်လိုက်ကာ အားလုံးကို ခေါ်လိုက်တယ်. သူတို့အားလုံးက သူမလက်ဆောင်ပါလာသည်ဖြစ်စေ မပါသည်ဖြစ်စေ ဂရုစိုက်ကြပါတယ်.

ပြီးတော့ ကုနင်းခေါင်းကိုနည်းနည်းမြှင့်လိုက်ကာ, စာရိုက်လိုက်တယ်.

"ငါ အိမ်ပြန်ရောက်နေပြီ. ဒါပေမယ့် မနက်ဖြန်ကျောင်းမလာသေးဘူး. သန်ဘက်ခါမှ နင်တို့ကို လကဆောင်တွေပေးတော့မယ်."

ဟောင်ရန် : "ဘော့စ်, ဘာဖြစ်လို့လဲ? ငါကူညီပေးစရာရှိလား?"

မုခယ် "ဟုတ်သားပဲ, ဘာကိစ္စရှိလို့လဲ?"

ကုနင်း "ဘာမှမဟုတ်ပါဘူး. ငါ့အမေရယ် အဒေါ်ရယ်နဲ့အတူ လုပ်စရာလေးရှိလို့. ဒါကိုနင်တို့ပဲသိထားနော် ဆရာမကိုသွားမပြောနဲ့!"

ဟောင်ရန် "နင့်အမေဆေးရုံကဆင်းပြီလား? ငါတို့ကို ဘာလို့အစောတည်းကမပြောတာလဲ? ငါတို့လာကြိုပြီး ဂုဏ်ပြုပေးမှာပေါ့!"

ကျန်းထန်ပင်း "ဟုတ်တယ်!"

ကုနင်း "ရပါတယ်."

ချူးဖေ့ဟန် "ငါတို့အတွက်လက်ဆောင်တွေကရော?"

လူတိုင်း "ဟုတ်တယ်! ငါတို့အတွက် ဘာတွေဝယ်လာလဲ?"

ကုနင်း "သန်ဘက်ခါကျရင်သိရမှာပေါ့. တော်ပြီ, ငါညစာသွားစားတော့မယ်. ဘိုင့်-ဘိုင်."

ထို့နောက် သူတို့ဘာဆက်ပြောမလဲဆိုတာကို ကုနင်းလျစ်လျူရှုထားလိုက်ကာ ညစာသွားစားတော့တယ်.

၉နာရီတောင်ထိုးပြီးသွားပြီဆိုတော့ ညလယ်စာတောင်ဖြစ်တော့မှာဆိုပေမယ့် အားလုံးကတော့ပျော်ရွှင်စွာစားသောက်နေကြပါတယ်.

စားပြီးသွားချိန်မှာတော့ ည၁၀နာရီနီးပါးရှိပြီဖြစ်ကာ ကုချင်တို့မိသားစုလဲ ပြန်သွားတော့တယ်.

သူတို့မှာလုပ်စရာတွေအများကြီးရှိနေသေးတာကြောင့် ကုမန့်လဲ ဒီမှာပဲ ညအိပ်လိုက်ဖို့မေးမနေတော့လေဘူး.

မနက်ဖြန်ကျရင်ပြောင်းလာတော့မှာပဲဖြစ်တာကြောင့် သူတို့အဝတ်အစားတွေကိုတော့ ဒီမှာပဲထားခဲ့လိုက်တော့တယ်.

သူတို့ထွက်သွားခါနီး မနက်ဖြန်ကျရင် အရေးကြီးပစ္စည်းတွေပဲသယ်လာပြီး တခြားပစ္စည်းတွေကိုတော့ အိမ်ဟောင်းမှာပဲထားခဲ့ကြရန် ကုနင်းသတိပေးလိုက်သေးတယ်.

ပရိဘောဂပစ္စည်းအဟောင်းတွေကိုတော့ နောက်မှပြန်ရောင်းလို့ရပါတယ်.

ထပ်ပြီးတော့ သူတို့ကိုယ်ပိုင်ဘဝလေးမှာပဲနေချင်ရင် ကျန်တဲ့ကုမိသားစုဝင်တွေကို မပြောပြဖို့လဲ ကုနင်းမှာလိုက်ပါသေးတယ်.

ကုချင်တို့မိသားစုထွက်သွားတော့ ကုနင်းနဲ့ ကုမန့်တို့လဲ သူတို့အခန်းကိုသူတို့ပြန်လိုက်ကြတော့တယ်.

ကုမန့်က ကုနင်းကို မာစတာအိပ်ခန်းမှာနေစေချင်ပေမယ့် ကုနင်းက ငြင်းလိုက်ပါတယ်.

ကုနင်းက ဒီမှာအကြာကြီးနေမှာမဟုတ်ပါဘူး. နှစ်ဝက်ကြာပြီးတာနဲ့ အဓိကမြို့တော်ကို သူမသွားပြီး သူမနာမည်နဲ့ အိမ်အသစ်တစ်လုံးဝယ်မှာပါ.

ကုမန့်ကို သူမနဲ့အတူလိုက်ပြောင်းရွှေ့ခိုင်းဖို့ စိတ်မကူးထားပဲ လာလည်ချင်ရင်သာ စိတ်ကြိုက်လာလည်ခိုင်းဖို့တွေးထားပါတယ်.

သူမအဓိကမြို့တော်ကိုရောက်သွားရင် အခြေနေတွေက ရှုပ်ထွေးလာမှာဖြစ်တာကြောင့် ကုမန့်ကို ဝင်မပါစေချင်ပါဘူး.

ကုနင်းအရင်နေ့က အိမ်ဟောင်းကနေပြီး ပစ္စည်းတွေအများကြီးမသယ်လာပါဘူး. သူတို့သားအမိမှာ တန်ဖိုးကြီးတဲ့ပစ္စည်းတွေအများကြီးမရှိတာကြောင့် ကျန်တဲ့ပစ္စည်းအဟောင်းတွေအကုန်ကို လွှင့်ပစ်ခဲ့ပါတယ်.

လုံးဝအသစ်စက်စက်ဘဝတစ်ခုကိုစတင်ဖို့ သူမစီစဉ်ထားပါတယ်.

အိပ်ရာမဝင်ခင် ကုမန့်နဲ့ ကုနင်းတို့ စကားအကြာကြီးပြောလိုက်ကြပါသေးတယ်.

၁၂နာရီထိုးခါနီးပြီ.

ကုနင်းမအိပ်ခင် "ဖိုက်တာမိသားစု"ထဲကို ထပ်ဝင်ကြည့်လိုက်တော့ သူမသူငယ်ချင်းတွေက စကားပြောနေကြတုန်းပါပဲ. ဒါပေမယ့် သူမကတော့ ဘာမှဝင်မပြောတော့ပါဘူး.

ကုမန့်နဲ့ ကုနင်းတို့က သာယာတဲ့ ညလေးကိုဖြတ်သန်းကြပေမယ့် ကုချင်နဲ့ ကျန်းရွှီတို့ကတော့ အိပ်မပျော်နိုင်ကြသေးပါဘဲ ဒီနေ့ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားရင်း အလုပ်ရှုပ်နေကြပါတယ်.

"ရွှီ, ဒီညဖြစ်သွားတာတွေက မယုံနိုင်စရာတွေလို့ ရှင်မခံစားရဘူးလား?" ကုချင်မေးလိုက်တယ်. သူမအခုထိ ထိတ်လန့်အံ့ဩမှုကနေ အပြည့်အဝပြန်မကောင်းသေးပါဘူး.

အခုဖြစ်သွားခဲ့တာက သူတို့ကို ဒုံးပျံတစ်ခုလို မြေပြင်ကနေ ကောင်းကင်ပေါ် လွှတ်တင်ခံလိုက်ရသလို ခံစားနေရစေပါတယ်.

"ငါရောပဲ, ဒါပေမယ့် ဒါတကယ်ဖြစ်သွားခဲ့တာ." ကျန်းရွှီပြန်ဖြေလိုက်ပါတယ်.

...................P83End.....................

ဖီးနစ်သွေးစက်

အခန်း ၈၄ အလုပ်ထွက်ပြီး အိမ်အသစ်ပြောင်းခြင်း

"နင်းနင်းက လုံးဝပြောင်းလဲသွားပြီ. ပြီးခဲ့တဲ့တစ်ပတ်ကတင် ကျွန်မတို့ကို ကောင်းမွန်တဲ့ဘဝမှာနေစေရမယ်လို့ပြောခဲ့ပြီး. ဒီတစ်ပတ်ကျ သူ့ကတိကိုသူ ဖြည့်စည်းပေးလိုက်တယ်.. အရမ်းအံ့ဩဖို့ကောင်းတာပဲ!" ကုချင်ပြောလိုက်တယ်.

"ဟုတ်တယ်, နင်းနင်းကားတိုက်ခံရပြီးထဲက တခြားလူတစ်ယောက်လိုပြောင်းလဲသွားတယ်. ရုတ်တရက်ကြီးရင့်ကျက်သွားတယ်, ပိုပြီး ပေါင်းသင်းဆက်ဆံတတ်လာပြီး ယုံကြည်မှုလဲရှိလာတယ်. သူ့ပုံစံက ၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်နဲ့တောင်မတူတော့ဘူး." ကျန်းရွှီပြောလိုက်တယ်. သူ့မှာကုနင်းကို စွမ်းအားမရှိတာကြောင့် အနည်းငယ်ရှက်ရွံ့နေမိတယ်.

ခနကြာတော့မှ သူကထပ်ပြီး,

"ဘာပဲဖြစ်ဖြစ်ပါ. နင်းနင်းပြောင်းလဲသွားတာလဲ ကောင်းတာတွေပဲကို. အခုဆိုဘယ်လိုပြန်တိုက်ခိုက်ရမလဲဆိုတာလဲသိနေပြီ. ကုမိသားစုက နင်းနင်းနဲ့ သူ့အမေတို့နှလုံးသားကိုခွဲခဲ့ပြီး အိမ်ဟောင်းကနေတောင် နှင်ထုတ်လိုက်သေးတယ်. တော်သေးလို့ နင်းနင်းမှာ အခုလိုစွမ်းအားရှိနေလို့ပေါ့ မဟုတ်ရင် သူတို့ဘဝတွေပိုပြီးတောင် ခက်ခဲကြမှာ."

"ဟုတ်တယ်, အခုနေ နင်းနင်းချမ်းသာနေပြီဆိုသိသွားရင် သူတို့မနာလိုတွေဖြစ်ပြီး နင်းနင်းနဲ့ ဆက်ဆံရေးအဆင်ပြေဖို့လုပ်ကြတော့မှာ. အဲ့လူတွေ တော်တော်နေမထိထိုင်မသာဖြစ်သွားလောက်မယ်!" ကုချင်ကတော့ ကုမိသားစုက ကျန်တဲ့လူတွေဖြစ်သွားကျမယ့်ပုံတွေကို မြင်ယောင်နေမိတယ်.

"သူတို့ရှေ့မှာတော့ ခပ်လျှိုလျှိုပဲနေကြတာပေါ့. ဘာပြဿနာမှမတက်စေနဲ့." ကျန်းရွှီပြောလိုက်တယ်.

သူတို့တွေ မနက်ခင်း၃နာရီအထိအိပ်မပျော်ခဲ့ကြပါဘူး.

နောက်တစ်နေ့မှာတော့, ကျန်းရှင်းရွှယ်ကကျောင်းသွားဖို့ ထပြီး ကုချင်နဲ့ ကျန်းရွှီတို့လဲ နိုးလာပါတယ်. အခုက အစောကြီးရှိသေးပေမယ့် သူတို့ထပ်ပြီးအိပ်မပျော်တော့ပါဘူး.

အိမ်သစ်ကိုပြောင်းဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေကြတယ်.

ကုချင်က ကျန်းရှင်းရွှယ်ကို ကျောင်းဆင်းတာနဲ့ ဖန်ဟွားအဆင့်မြင့်အိမ်ရာကို တန်းလာခဲ့ဖို့မှာလိုက်တယ်.

ကျန်းရှင်းရွှယ်လဲ ဒီနေ့အိမ်အသစ်ပြောင်းရမယ်ဆိုတာကြောင့် စိတ်လှုပ်ရှားနေတယ်.

သူတို့ ဒီနေ့ပဲပြောင်းကြမှာဆိုပေမယ့် သူတို့ရဲ့ စရန်ငွေပြန်ရဖို့တော့ မလောနေပါဘူး. ဘာလို့ဆို သူတို့ရဲ့အိမ်ဟောင်းအငှားစာချုပ်က ဒီလမကုန်မချင်း ပြည့်သေးမှာမဟုတ်ဘူးလေ.

ကုချင်က ပုံမှန်အတိုင်းအလုပ်ကိုသွားပါတယ်. သူမညထဲက အလုပ်ထွက်စာကိုရေးထားပြီး အခုသွားတဲ့အချိန်မှာ တစ်ခါတည်းနှုတ်ထွက်စာတင်ဖို့ပါ.

ကုချင်က သာမာန်အလုပ်သမားတစ်ယောက်ပဲဖြစ်တာကြောင့် သူမအလုပ်ထွက်လိုက်ရင်တောင်မှ ဘာမှမပြောင်းလဲသွားပါဘူး. ဒါကြောင့် သူမအတွက်အလုပ်ထွက်ရတာက လွယ်ပါတယ်.

သူမနှုတ်ထွက်စာတင်ပြီးသွားတော့ ကျန်းရွှီကိုဖုန်းလှမ်းခေါ်လိုက်ကာ ဖန်ဟွားအဆင့်မြင့်အိမ်ရာကို သွားဖို့ပြောလိုက်တယ်.

သူတို့နေတဲ့နေရာက ဖန်ဟွားအဆင့်မြင့်အိမ်ရာနဲ့သိပ်မဝေးပါဘူး. ဒါကြောင့် ဘက်စ်ကားနဲ့ဆိုရင်တောင် နာရီဝက်လောက်ပဲကြာမှာပေမယ့် အခုက ရုံးတက်ချိန်ဖြစ်နေတာကြောင့် ကားနဲ့ဆိုရင်တောင် ရောက်ဖို့တစ်နာရီလောက်ကြာပါတယ်.

အိမ်ရာကို တန်းရောက်တဲ့ဘက်စ်ကားလဲမရှိတဲ့အပြင် ကျန်းရွီက အဝတ်အိတ်ကြီးနှစ်အိတ်ကိုပါ ဆွဲလာတာကြောင့် ဘက်စ်ကားစီးဖို့က အဆင်မပြောပါဘူး. ဒါကြောင့် သူတို့ တက္ကစီကိုသာ ငှားလာခဲ့ကြတယ်.

ကုနင်းကတော့ နေ့စဉ်လုပ်နေကျအတိုင်း မနက်၆နာရီထဲက ထကာ အောက်ထပ်သို့ဆင်းပြီး ပြေးနေတယ်.

သူမသုံးကြိမ်လောက်နားကာ တစ်နာရီလောက်ပြေးခဲ့တယ်.

သူမသေချာ အသက်ပြန်ရှူနိုင်တော့မှ ဆရာမကိုဖုန်းဆက်ကာ ခွင့်တိုင်လိုက်တယ်.

စီနီယာအထက်တန်းကျောင်းသားတစ်ယောက်အတွက် အထူးအရေးကြီးကိစ္စမရှိဘဲနဲ့ ကျောင်းပျက်ဖို့ဆိုတာ မလွယ်ကူပါဘူး.

ဒါကြောင့် ကုနင်းသူမလစဉ်နေမကောင်းတာကြောင့် မထနိုင်ဘူးဆိုပြီး လိမ်လိုက်တယ်.

ဆရာမကလဲ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ထိုအရာက ဘယ်လောက်နာကျင်မှန်းသိ၍ ခွင့်ပေးလိုက်တယ်.

ကုနင်းနည်းနည်းတော့ အပြစ်ရှိသလိုခံစားလိုက်ရပေမယ့် ခွင့်တော့တိုင်လိုက်ပါတယ်.

ပြေးပြီးသွားတာနဲ့ အိမ်ပြန်ရေချိုးလိုက်တယ်.

ထိုအချိန်မှာပဲ ကုမန့်နိုးလာကာ ပထမတော့ သူမအိမ်သစ်ကြီးမှာရောက်နေတာကို ခနမေ့ပြီး သေချာပြန်စဉ်းစားလိုက်ရတယ်.

ပြီးတော့ မနက်စာကိုပြင်ဆင်လိုက်တယ်.

၁၀နာရီလောက်ရောက်တော့ ကုချင်တို့ဆီကနေ လာနေပြီဆိုတဲ့အကြောင်း ကုမန့်ထံဖုန်းဝင်လာတယ်.

ကုနင်းက သူတို့ကို အရောင်းဌာနမှာစောင့်နေဖို့ သူမအမေကနေတစ်ဆင့်ပြောခိုင်းလိုက်ကာ သူမတို့လဲ လာခဲ့မယ့်အကြောင်းပြောလိုက်တယ်.

ဆယ်မိနစ်နေတော့ ကုနင်းရော ကုမန့်ပါ အောက်ထပ်ကိုဆင်းလာကြတယ်.

ဝေ့ကျီယွဲ့ကို ကုနင်းမခေါ်သေးခင်မှာပဲ သူက အရောင်းဌာနရဲ့ခန်းမထဲကို ရောက်နှင့်နေပါပြီ.

ကုနင်းနဲ့သူမမိသားစုတွေဝင်လာတော့ ဝေ့ကျီယွဲ့က လှိုက်လှဲစွာကြိုဆိုလိုက်တယ်.

ကုချင်အတွက်အိမ်ကရွေးပြီသားဖြစ်တာကြောင့် ကုချင်နဲ့ ကျန်းရွှီတို့ကို လိုအပ်တဲ့စာရွက်စာတမ်းတွေပဲတောင်းလိုက်ကာ စာချုပ်တွေကိုအပြီးသတ်လိုက်တယ်.

ပြီးသွားတော့ သော့မရခင် ကုနင်းက အရင်ငွေချေလိုက်တယ်.

ထိုတော့မှ ဝေ့ကျီယွဲ့လဲ ကုနင်းရဲ့သော့ကို ပြန်ပေးလိုက်တယ်. ဘာလို့ဆို မနေ့တုန်းက အချိန်ပိုင်းအလုပ်သမားရှာခိုင်းထားတာကြောင့် ကုနင်းသူ့ကို သော့ပေးထားခဲ့တယ်လေ.

ကုချင်နဲ့ ကျန်းရွှီတို့ အိမ်သော့နဲ့ အိမ်စာချုပ်တို့ကိုလှမ်းယူချိန်မှာ သူတို့လက်တွေတုန်ရီနေကြတယ်.

ဒီအိမ်ကို ကုနင်းလက်ဆောင်ပေးခဲ့တာဆိုရင်တောင်မှ သူတစ်တစ်နေ့ကိုယ်ပိုင်အိမ်ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.

ပြီးသွားတော့ သူတို့အဝတ်အိတ်တွေသယ်ပြီး အိမ်ကိုပြန်လာကြတယ်.

ကုနင်းတို့မိသားစုထွက်သွားတာကိုကြည့်ရင်း ဝေ့ကျီယွဲ့ရင်ထဲခံစားသွားရတယ်. သူမက လိမ္မာတဲ့ကလေးတစ်ယောက်ပဲ သူမကိုယ်တိုင်အတွက်အိမ်ကို ဝယ်ရုံတင်မကဘူး သူမအဒေါ်မိသားစုအတွက်တောင် တစ်လုံးဝယ်ပေးလိုက်သေးတယ်. သူတို့ကတော်တော် ရင်းနှီးကြတာပဲ!

သူတို့အားလုံး ကုချင်တို့မိသားစုရဲ့ အိမ်သစ်ဖြစ်တဲ့ ဇုံGက အဆောက်အအုံ နံပါတ်၂ရဲ့ ၉လွှာက အခန်း နံပါတ် ၉၀၆မှာ ရပ်လိုက်ကြကာ တံခါးဖွင့်လိုက်ပြီး အထဲကိုဝင်သွားလိုက်ကြတယ်.

အတွင်းထဲကပုံစံဘယ်လိုဆိုတာကို သိပြီးသားပေမယ့် သူတို့မျက်လုံးနဲ့ တစ်ဖန်မြင်လိုက်ရတော့ ထပ်ပြီးအံ့ဩသွားရပြန်တယ်.

ဟောလိုးဝင်းပွဲတော်နေ့မှာ ကလေးတွေပျော်ရွှင်နေကြသလိုမျိုး ကုချင်တို့မိသားစုလဲ စိတ်လှုပ်ရှားစွာနဲ့ လျှောက်ပတ်ကြည့်နေတော့တယ်.

"အပြင်မသွားခင် ဒီမှာပဲ စားသွားကြရအောင်!" ကုနင်းပြောလိုက်တယ်.

ထိုနောက် သူတို့အခန်း၉၀၆ကနေထွက်ကာ ၉၀၁ထဲသို့ဝင်လိုက်တယ်.

ကုမန့်နဲ့ ကုချင်တို့က အတူတူချက်ပြုတ်ကြကာ ကုနင်းနဲ့ ကျန်းရွှီတို့ကတော့ စကားပြောနေကြတယ်.

"အန်ကယ်မှာ, ဆောက်လုပ်ရေးသုံးပစ္စည်းလုပ်ငန်းစဖို့အတွက် ဘာအခက်အခဲတွေရှိလဲ? " ကုနင်းမေးလိုက်တယ်. သူမ ကျန်းရွှီရဲ့ လုပ်ငန်းကို ဝင်စွက်ဖက်ချင်တာမဟုတ်ဘဲနဲ့ အခက်အခဲရှိရင်ကူညီပေးချင်ရုံပါ.

"ကုန်ကြမ်းအတွက်ကတော့ ဒီနေ့ပဲ ဆောက်လုပ်ရေးကုန်ကြမ်းဈေးကိုသွားပြီး ကြည့်ဖို့စီစဉ်ထားတယ်.ကုန်ထုတ်လုပ်သူတွေကိုတော့ ငါတို့မှာ ရင်းနှီးငွေယွမ်၁၀သန်းရှိနေတာဆိုတော့ အကောင်းဆုံးတွေပဲသုံးချင်တယ်. ဒါကြောင့် အင်တာနက်ပေါ်ကနေရှာပြီးတော့မှ ကုန်ထုတ်လုပ်သူတွေဘက်ကိုဆက်သွယ်မယ်." ကျန်းရွှီပြောလိုက်တယ်.

"အရမ်းကောင်းတယ်! ခနနေ သမီးယွမ်၁သန်းလွှဲပေးလိုက်ဦးမယ်. အဲ့ဒါနဲ့ ကားတစ်စီးဝယ်လိုက်. အစပိုင်းဆိုတော့ အရမ်းဈေးကြီးတာကြီးစီးဖို့မလိုသေးဘူးဆိုတော့ ယွမ်၅သိန်းနဲ့ဆိုလုံလောက်ပြီ. အဲ့ဒါနဲ့ ကိုယ်ပိုင်အမည်ပေါက်ကားတစ်စီးဝယ်လိုက်. ကျန်တာကိုတော့ လက်တော့ပ်တစ်လုံးဝယ်လိုက်. ကျန်တာကိုတော့ ဆိုင်အတွက် စရန်အဖြစ်သုံးလို့ရတယ်." ကုနင်းစီစဉ်ပေးလိုက်တယ်.

စားသောက်ပြီးတော့ သူတို့ စထွက်ကြတယ်.

ကုမန့်နဲ့ကုချင်တို့ကို အဝတ်အစားအသစ်တွေထုတ်ဝတ်ဖို့ ကုနင်းပြောပေမယ့် သူတို့ကတော့ အဲ့ဒါတွေဝတ်ဖို့အထိမလိုသေးဘူးဆိုပြီး ငြင်းပယ်ကြတယ်.

ကုနင်းသူတို့ကို အတင်းတွန်းအားမပေးနေပါဘူး. ဒါက အချိန်ယူရမယ်ဆိုတာ သူမနားလည်ပါတယ်.

ဖန်ဟွားအဆင့်မြင့်အိမ်ရာနားမှာ ဘဏ်တွေအများကြီးရှိတာကြောင့် ကုနင်း ကျန်းရွှီရဲ့အကောင့်ထဲကို ယွမ်၁န်းလွှဲပေးလိုက်တယ်. ပြီးတော့ ကုမန့်နဲ့ ကုချင်တို့ထဲကိုလဲ ယွမ်၁သန်းစီလွှဲပေးလိုက်ပါသေးတယ်.

ကုချင်က သူမ ကုနင်းဆီကနေယူတာတွေများနေပြီလို့တွေးမိတာကြောင့် ငြင်းဖို့ကြိုးစားပါတယ်.

ဒါက ယွမ်၁သန်းလေးပဲဆိုပေမယ့် ကုချင်ရဲ့အမြင်မှာတော့ အရမ်းကိုများလွန်းပါတယ်.

ကုနင်းက သူမကို လက်ခံဖို့အတင်းပြောလိုက်တော့ ပိုလိုတောင် စိတ်လှုပ်ရှားသွားရပါတယ်.

ကျန်းရွှီက သူ့လုပ်ငန်းကို အချိန်ခနလေးအတွင်းမစနိုင်သေးဘဲ အချိန်ယူရဦးမှာပါ. သူတို့ကြားထဲအလုပ်လဲမသွားတော့တာကြောင့် တခြားဝင်ငွေလဲမရှိ၍ အချိန်တစ်ခုအထိ သူတို့စုငွေတွေကို အသုံးပြုနေရမှာပါ.

ကုမန့်နဲ့ ကုချင်တို့နှစ်ယောက်မှာ သူတို့ဘဏ်အကောင့်ထဲ ဒီလောက်များတဲ့ပိုက်ဆံတွေတစ်ခါမှမရှိဖူးပါဘူး. ဒါကြောင့် သူတို့ကဒ်တွေကို ပျောက်သွားမှာစိုးသည့်အလား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကြပါတယ်.

...................P84End.....................

ဖီးနစ်သွေးစက်

အခန်း ၈၅ ဈေးဝယ်စင်တာက ရန်ပွဲ

ကျန်းရွှီက သူ့လုပ်ငန်းကိစ္စညှိနှိုင်းဖို့ထွက်သွားပြီး ကုနင်းကတော့ ကုမန့်နဲ့ ကုချင်တို့နဲ့အတူ မြို့ထဲက ကုန်တိုက်ကို တက္ကစီငှားပြီးသွားလိုက်တယ်.

ကုနင်းက အဝတ်အစားတွေအရင်ဝယ်ဖို့ စိတ်ကူးပေမယ့် ကုချင်ကတားလိုက်တယ်,

"နင်းနင်း, မနေ့က အန်တီတို့အတွက် အဝတ်အစားတွေဝယ်ပြီးသွားပြီလေ. နောက်ထပ်အသစ်တွေ မလိုတော့ပါဘူး. ဝယ်ပြီး ငွေတွေမဖြုန်းပါနဲ့တော့."

"မလုံလောက်သေးဘူး. အမေနဲ့ သမီးက အဝတ်တွေအကုန်လွှင့်ပစ်ခဲ့တာ. အဝတ်အသစ်တွေလိုတယ်. စိတ်အေးအေးထားပါ. သမီးတို့ ဒီဇိုင်နာတံဆိပ်တွေသွားဝယ်မှာမဟုတ်ပါဘူး. ဒါပေမယ့် နာမည်ရှိတဲ့တံဆိပ်လောက်တော့ဝယ်တာပေါ့." ကုနင် နှစ်သိမ့်ပေးလိုက်တယ်.

သူတို့အတွက် အဆင့်မြင့်အင်္ကျီတွေ သိပ်မလိုပါဘူး. အဆင့်မြင့်အင်္ကျီတွေဆိုတာ အရေးကြီးတဲ့ အချိန်တွေမှာပဲ ဝတ်ဖို့လိုတာပါ.

ပုံမှန်နေ့စဉ်ဘဝတွင်တော့ သာမာန်ဝတ်စုံတွေလောက်ပဲဝတ်ရင်ကိုရနေပါပြီ.

ဒီဇိုင်နာတံဆိပ်တွေကြီးဝတ်နေကြတဲ့သူတွေက တမင်ကြွားဝါချင်ကြသူတွေဖြစ်ပြီး အလယ်အလတ်တန်းစားတံဆိပ်တွေထဲမှာလဲ အရည်အသွေးကောင်းတာတွေအများကြီးရှိပါတယ်.

ထိုတံဆိပ်တွေက အလယ်အလတ်တန်းစားဆိုရင်တောင်မှ ကုမန့်နဲ့ကုချင်တို့အတွက်တော့ ဒီလိုနေရာမျိုးတွေမှာမဝယ်ခဲ့ဖူးကြတာကြောင့် အရမ်းကိုအဆင့်မြင့်နေပါတယ်.

ဒါကြောင့် သူတို့ဝင်ရမှာကို ကြောက်နေကြတယ်.

ကုမန့်နဲ့ ကုချင်က အဝတ်အစားကောင်းကောင်းမဝတ်ထားတာကြောင့် ဆင်းရဲပုံပေါ်နေပြီး အပြုအမူကလဲ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာကြောင့် အရောင်းဝန်ထမ်းက သူတို့ကို ဘာမှဝယ်နိုင်မှာမဟုတ်ဘူးလို့ထင်နေတာကြောင့် သူတို့ကို နှုတ်တောင်မဆက်လေဘူး.

ကုနင်း ထိုအရောင်းဝန်ထမ်းကို လျစ်လျူရှုထားလိုက်ကာ ကုမန့်နဲ့ကုချင်ကိုသာ ပုံမှန်အတိုင်းလိုက်ပြနေလိုက်တယ်. သူတို့ကြိုက်တာတွေ့ရင်တော့ ဝယ်ပေါ့. မကြိုက်ရင်တော့ ပြန်ထွက်လို့ရတာပဲ.

ကုချင်တစ်ထည်ကိုရွေးလိုက်ပြီး ဈေးနှုန်းကဒ်ကိုကြည့်လိုက်တော့ လန့်သွားတယ်,

"အမလေး, ယွမ်၁၈၀၀တောင်!" ယွမ်၁၈၀၀ဆိုတာ သူမတစ်လစာငွေရဲ့ တစ်ဝက်လောက်ရှိပါတယ်.

မနေ့က ကုနင်းဝယ်လာတာတွေက ဒီထက်တောင် ဈေးပိုလိုများတယ်ဆိုတာကို သိပေမယ့် အခုလို့ ဈေးနှုန်းကဒ်ကို ကိုယ်တိုင်မြင်လိုက်ရတော့ ထိတ်လန့်သွားတယ်.

ထိုအချိန်တွင် မိန်းမတစ်ယောက်ရဲ့ထေ့ငေါ့ပြောဆိုသံတစ်သံပေါ်လာကာ,

"ယွမ်၁၈၀၀တန်အင်္ကျီကိုတောင်မှ မဝယ်နိုင်ရင် ဒီထဲကိုဘယ်တော့မှမဝင်လာသင့်ဘူး. ရှင်တို့ဝတ်ထားတာတွေကိုလဲ ပြန်ကြည့်ပါဦး. ရှင်တို့က ဈေးပေါတဲ့အပုံထည်တွေနဲ့ပဲ တန်တယ်."

ကုချင်ရှက်သွားကာ ခေါင်းငုံထားမိတယ်.

ကုနင်းကတော့ ဒေါသထွက်သွားပြီး ထိုအမျိုးသမီးကို ကြည့်လိုက်တော့ ရင်းနှီးနေတာကြောင့် အံ့ဩသွားတယ်. ကုနင်းနှုတ်ခမ်းစွန်းလေးတွေကွေးတက်သွားပြီး မကောင်းဆိုးဝါးဆန်ဆန်ကြည့်လိုက်ကာ,

"အိုး, ဒါ အမျိုးသမီးကျင်းမဟုတ်လား?"

ထိုအမျိုးသမီးလဲ ကုနင်းရဲ့အသံကိုကြားတော့ ချက်ချင်းမျက်နှာအမူအရာပြောင်းလဲသွားကာ,

"ဘယ်သူလဲ? ငါ..ငါ နင့်ကိုမသိဘူး!"

ဒီလို ကွဲကွဲပြားပြားဆက်ဆံနေပုံကြောင့် ထိုအမျိုးသမီးသူမရဲ့ရတနာပစ္စည်းတွေကို အတည်ပြုပြီးသွားပြီမှန်း ကုနင်းသေချာသွားတယ်. သူမရဲ့ရတနာတွေသာအစစ်အမှန်ဆိုရင် ကုနင်းကိုထပ်တွေ့တာနဲ့ ဒေါသတွေထွက်လာရမှာပေါ့.

"ရှင်မမှတ်မိဘူးလား? ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လက်ဝတ်ရတနာဆိုင်မှာ..." ကုနင်းတမင်သတိပေးလိုက်တယ်.

"နင့်ပါးစပ်ကိုပိတ်ထားစမ်း!" ထိုအမျိုးသမီးထိတ်လန့်သွားကာ ကုနင်းစကားကို ဖြတ်လိုက်တယ်.

"ဘာဖြစ်နေတာလ?" ထိုအချိန်မှာပဲ, ကြွားကြွားဝါဝါဝတ်ဆင်ထားတဲ့ အသက်လေးဆယ်ဝန်းကျင်အမျိုးသမီးတစ်ယောက်က သူတို့ဘက်ကိုလျှောက်လာခဲ့တယ်. ကုနင်းနဲ့ သူမမိသားစုကိုတွေ့လိုကတော့ သူမမျက်လံဒးတွေဝိုင်းစက်သွားတယ်.

ကုချင်နဲ့ ကုမန့်တို့လဲ ထိုအမျိုးသမီးကိုတွေ့လိုက်တော့ အံ့ဩသွားကာ စိုးရိမ်သွားတယ်.

ကုနင်းကတော့ အေးစက်စွာနဲ့ မျက်လုံးစွေကြည့်လိုက်တယ်. ထိုအမျိုးသမီးက ကုရှောင်ရှောင်ရဲ့အမေ လင်လိကျွမ်းပဲ.

"ကုချင်, ကုမန့်, နင်တို့ကဒီမှာဘာလုပ်နေကြတာလဲ?" လင်လိကျွမ်းလဲ အံ့ဩစွာနဲ့မေးလိုက်တယ်.

ကုချင်နဲ့ ကုမန့်ဒီလိုနေရာမှာပေါ်လာလိမ့်မယ်လို့ သူမမထင်ထားမိဘူး. သူမမျက်လုံးထဲမှာတော့ သူတို့ဟာ အမြဲတမ်း လမ်းဘေးက ဈေးပေါတဲ့အပုံထည်တွေကိုပဲဝတ်နိုင်မယ်လို့ မြင်ထားတာ.

ကုချင်နဲ့ ကုမန့်တို့အစကတော့ လင်လိကျွမ်းနဲ့စကားမပြောချင်ပါဘူး. ဒါပေမယ့် သူတို့က ဆွေမျိုးတွေပဲလေ. ဒီလိုလူလယ်ခေါင်မှာ သူမရဲ့မေးခွန်းကိုငြင်းလိုက်ဖို့က မသင့်တော်ပေဘူး.

ဒါကြောင့် ကုချင်ကပဲ ပြန်ပြောလိုက်တယ်, "ငါတို့လဲ လာကြည့်တာလေ."

ဒီဆိုင်ကို ဘာကြောင့်လာတယ်ဆိုတာကို သေချာမသိစေချင်တာကြောင့် ကုချင်က ခပ်ပေါ့ပေါ့ပဲဖြေလိုက်တယ်.

လင်လိကျွမ်းရဲ့ရှေ့မှာတော့ သူတို့က အမြဲတမ်းဆင်းရဲနေကြသလိုဟန်ဆောင်တာက ပိုအဆင်ပြေပါတယ်.

"အိုး, ငါက နင်တို့လမ်းပေါ်က ပိုက်ဆံကောက်ရပြီး ဒီလိုနေရာကို ဖြတ်လျှောက်ရဲတယ်ထင်နေတာ!" ကုချင်ရဲ့စကားကိုကြားလိုက်တော့ လင်လိကျွမ်းရဲ့အသံချက်ချင်းပြောင်းသွားကာ သူမအထင်သေးနေတဲ့အကြောင်းကို ဖုံးဖိမနေပဲပြန်ပြောလိုက်တယ်.

"လင်, နင်သူတို့ကို သိတာလား?" အမျိုးသမီးကမေးလိုက်တယ်.

"အွန်း, သိတာပေါ့. ငါနင့်ကိုအရင်ကပြောပြဖူးတယ်လေ. သူတို့က ငါ့ရဲ့ယောက်မတွေ." လင်လိကျွမ်း နှာခေါင်းရှုံလိုက်တယ်.

ကြည့်ရတာ လင်လိကျွမ်းက ကုချင်နဲ့ ကုမန့်တို့အကြောင်းကို သူတို့နောက်ကွယ်မှာမကောင်းပြောထားပုံပဲ.

ထိုအမျိုးသမီးလဲ ချက်ချင်းပဲ ကုချင်နဲ့ကုမန့်ကို အထင်သေးသလိုကြည့်လိုက်ပေမယ့် ကုနင်းလဲ ဒီနေရာမှာရှိနေတာကြောင့် လှောင်ရယ်ဖို့တော့ မရဲပါဘူး.

"ကုမန့်, နင်က ငါတို့ကိုတောင်းပန်ဖို့ထက် အိမ်ဟောင်းကနေပဲရွှေ့ဖို့အထိ သတ္တိတွေကောင်းနေတယ်နော်." လင်လိကျွမ်း ကုနင်းကို ဒေါသထွက်နေတာတုန်းပါ. ကုမန့်နဲ့ကုနင်းသေချာပေါက် သူတို့အပြုအမူတွေအတွက် ပြန်ပေးဆပ်ရမယ်. ဒါကြောင့် အစကတော့စိတ်တိုနေပေမယ့် အခုလို ကုမန့်ကို ကုချင်နဲ့အတူတွေ့လိုက်ရတာကြောင့် ကုချင်က ကုမန့်တို့က သူမတို့နဲ့အတူနေခွင့်ပေးလိုက်တယ်ဆိုတာသေချာသွားတော့တယ်.

သူမချက်ချင်းပဲ ဒေါသထွက်သွားကာ,

"ကုချင်, နင် ကုမန့်ကို နင်နဲ့အတူနေခွင့်ပြုလိုက်တာလား? အမေက သေချာပြောပြီးသားလေ. နင်ကုမန့်ကို နင့်ဆီမှာနေခွင့်ပေးလိုက်ရင် ငါတို့ဘက်က နင့်ကိုဘယ်တော့မှကူညီတော့မှမဟုတ်ဘူး."

မသိရင် သူတို့ကပဲ ကုချင်တို့ကို ကူညီနေတဲ့ပုံနဲ့..

အစက လျစ်လျူရှုထားတဲ့ ကုနင်းက ထိုဟာသကို ကြားလိုက်ရတော့ မရယ်ပဲမနေနိုင်တော့ဘူး.

လင်လိကျွမ်း ကုနင်းမရယ်လိုက်ခင်အထိ ရှိနေတာကို သတိမထားမိပါဘူး. ဒါပေမယ့် ကုနင်းကို သူမတစ်ချက်ကြည့်လိုက်မိတော့ အံ့ဩသွားတယ်.

ဟုတ်ပါတယ်. သူမအံ့ဩသွားတယ်ဆိုတာ ကုနင်းအရမ်းပြောင်းလဲသွားလို့ပါ.

ကုနင်းက အရင်ထက်တောင်ပိုလှလာပြီး သူမကိုယ်သူမ နှိမ့်ချနေတဲ့ပုံလဲမပေါ်တော့ပါဘူး. သူမပုံစံက ပိုလို့တောင် ကြော့ရှင်းရည်မွန်နေသေးတယ်.

"ပြောတဲ့ပုံက ကုမိသားစုကပဲ ကျွန်မအဒေါ်ကို အမြဲကူညီနေသလိုနဲ့. ကျွန်မသိသလောက်တော့ အန်တီက လက်ထပ်ပြီးကတည်းက သူမအပေါ်သူမပဲမှီခိုခဲ့တာပါ." ကုနင်း လင်လိကျွမ်းကိုစိုက်ကြည့်လိုက်တယ်. သူမလဲ ထပ်ပြီးတော့ လင်လိကျွမ်းကို မနှစ်သက်တဲ့ပုံစံကို ကွယ်ဝှက်မထားတော့ပါဘူး.

ဒီလိုလူလယ်ခေါင်မှာ ကုနင်းရဲ့အပြောတွေကြောင့် သူမအရှက်ရသွားတယ်.

ထို့နောက် ကုချင်ကလဲထပ်ပြီး,

"လင်လိကျွမ်း, ရှင်းရှင်းလင်းလင်းလုပ်ကြရအောင်. ငါတို့ ဘယ်တုန်းကမှ နင်တို့အကူအညီကို မယူခဲ့ဖူးဘူး! ပြီးတော့ ကုမန့်က အခု ငါတို့နဲ့နေနေတာလဲမဟုတ်ဘူး."

သူမတကယ်ကို ဘယ်တုန်းကမှ ကုချင်းရှန်ရဲ့အကူအညီကိုမယူခဲ့ဖူးပါဘူး. ဒါကြောင့် လင်လိကျွမ်း သူမအပေါ်အခွင့်ကောင်းယူနေတာမျိုးလဲ ထပ်လက်ခံတော့မှာမဟုတ်ဘူး.

"နင်..." လင်လိကျွမ်းရဲ့မျက်နှာက ပိုလိုတောင် မကြည်မသာဖြစ်သွားပေမယ့် အမှန်တရားကိုတော့ မငြင်းဆန်နိုင်လေဘူး.

All Chapters