← Chapters

အခန်း (၈၆-၉၀)

Vol. 6 Ch. 86-90

အခန်း (၈၆-၉၀)

Vol. 6 Ch. 86-90

အခန်း ၈၆ နင်ကဘာမို့လို့လဲ?

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးမှ လင်လိကျွမ်း တုံ့ဆိုင်းမှုမရှိလိမ်လည်လိုက်တယ်,

"ကုချင်, ငါတို့က ဆွေမျိုးတွေလေ. နင်အကူအညီလိုနေတဲ့အချိန် ဘယ်လိုလုပ်ဘေးထွက်ပြီးနေနိုင်မှာလဲ? နင်က ပြဿနာရှိနေရင်တောင် တစ်ခါမှမပြောပြလို့ဖြစ်ရတာလေ! ပြီးတော့ ကုမန့်, အိမ်ဟောင်းက တကယ်ဆိုအမေ့သားတွေအတွက်လေ, ဒါပေမယ့် ငါတို့က နင့်ကို နှစ်ပေါင်းများစွာနေခွင့်ပြုခဲ့တာပါ. ငါတို့ နင်တို့တွေအတွက် အများကြီးလုပ်ပေးပြီးခဲ့ပါပြီ!"

"သူတို့ နင့်ကို ငှားခပေးတယ်လေ! ပြီးတော့ သူတို့ဒုက္ခရောက်နေတဲ့အချိန်မှ နင်တို့က ကန်ထုတ်လိုက်သေးတယ်.!" ကုချင် ပြန်ခံပြောလိုက်တယ်.

လင်လိကျွမ်း ရုတ်တရက် ဒေါသထွက်သွားကာ,

"အဲ့ဒါ ကုနင်း ငါ့သမီးကို ရိုက်ပြီး မတောင်းပန်တာကြောင့်လေ! အဲ့လိုနဲ့ပဲထိုက်တန်တယ်!"

"သူလဲ ဒါနဲ့ပဲတန်တယ်." ကုနင်း လင်လိကျွမ်းမျက်နှာတည့်တည့်ကိုကြည့်ကာ ပြန်ပြောလိုက်တယ်.

"နင်..." လင်လိကျွမ်း ဒီလိုမျိုး ကုနင်းက ပြန်ပြောရဲတာကြောင့် အံ့ဩသွားရတယ်.

ကုမိသားစုအတွင်းကလူတွေ အထူးသဖြင့် လူငယ်မျိုးဆက်တွေအားလုံးက သူမကို လေးလေးစားစားဆက်ဆံကြပေမယ့် ကုနင်းကတော့ မတူပါဘူး. သူမက လင်လိကျွမ်းရဲ့ရှေ့မှောက်မှာတင် ကုရှောင်ရှောင်ကို အရှက်ခွဲလိုက်သေးတယ်.

"ငါ့သမီးကိုရိုက်ရအောင် နင့်ကိုနင်ဘာများထင်နေလဲ? " လင်လိကျွမ်းပြောလိုက်တယ်.

"သူကကော ကျွန်မကိုစော်ကားရအောင် သူ့ကိုယ်သူဘာထင်နေလို့လဲ?" ကုနင်းပြန်မေးလိုက်တယ်.

"အဲ့တော့ ဘာဖြစ်လဲ? နင့်ကိုနင်ဘာထင်နေလဲ? မိမစစ်ဖမစစ်ကများ!" လင်လိကျွမ်း လူကြားထဲမှာပဲ ကုနင်းကိုကျိန်ဆဲလိုက်တယ်. သူမပုံစံက အရူးမကြီးတစ်ယောက်လိုဖြစ်နေတယ်.

"ပါးစပ်ပိတ်ထားစမ်း!" ကုမန့်နဲ့ ကုချင်တို့လဲ ဒေါသထွက်သွားကာ ဟန့်တားလိုက်တယ်.

"လင်လိကျွမ်း, နင်းနင်းက ငါ့သမီး. နင်သူ့ကို ထပ်ပြီး အရှက်ခွဲခွင့်မရှိဘူး!" ကုမန့် မာန်မဲလိုက်တယ်.

ကုမန့်က သူမပုံမှန်ဘဝမှာဆို နူးညံ့ပြီး အားနည်းတဲ့ပုံစံပေါ်ပေမယ့် ကုနင်းကိစ္စဆိုရင်တော့ ဖြူကောင်လိုမျိုး ဆူးတွေဖြာထွက်ကာ သူမသမီးကိုထိခိုက်အောင်လုပ်သူတွေကို ပြန်တိုက်ခိုက်တတ်ပါတယ်.

"သူ့မှာအဖေမှမရှိတာ. အဲ့တော့ မိမစစ်ဖမစစ်ပဲပေါ့!" လင်လိကျွမ်း အပြစ်ရှိသလိုမခံစားရတဲ့အပြင် ထပ်တောင်ပြောလိုက်ပါသေးတယ်.

ထိုအချိန်မှာပဲ, လင်လိကျွမ်းစိတ်တွေရုတ်တရက် မှုန်မှိုင်းသွားကာ အသိစိတ်ပြန်ကပ်ချိန်မှာတော့ ကုနင်းရဲ့မျက်နှာက သူမမျက်စိရှေ့တည့်တည့်ကိုရောက်နေခဲ့ပြီးပြီ.

ကုနင်းရဲ့မျက်လုံးတွေထဲက အေးစက်တဲ့အငွေ့အသက်တွေကြောင့် လင်လိကျွမ်း ဖိအားတွေခံစားလိုက်ရကာ လှုပ်ဖို့မပြောနဲ့ အသက်တောင်မရှူရဲလောက်အောင်ဖြစ်သွားတယ်.

ထို့နောက် ကုနင်းက အေးစက်တဲ့အသံနဲ့,

"ရှင် ကျွန်မထက်အသက်ကြီးတာနဲ့ပဲ မရိုက်ရဲဘူးလို့မထင်လိုက်နဲ့. ရှင့်ပါးစပ်ကနေပြီး 'မိမစစ်ဖမစစ်'ဆိုတဲ့ စကားနောက်တစ်ခွန်းလောက်ပဲထပ်ကြားရကြည့် အဲ့စကားအတွက်ပြန်ပေးဆပ်စေရမယ်."

ကုနင်းရဲ့စကားတွေက မှော်ဆန်စွာနဲ့ လင်လိကျွမ်းရဲ့စိတ်ထဲအထိပျော်ဝင်သွားတော့ကာ မေးခွန်းတောင်မထုတ်ရဲတော့ပဲ အရမ်းကြောက်လန့်သွားတော့တယ်.

"အမေ, အန်တီ, သွားကြရအောင်." ကုနင်းလဲ လင်လိကျွမ်းကို လျစ်လျူရှုထားလိုက်ကာ ကုမန့်နဲ့ ကုချင်တို့ကိုခေါ်ပြီးထွက်သွားလိုက်တော့တယ်.

သူမ လင်လိကျွမ်းနဲ့ ဒီလိုလူကြားထဲငြင်းခုန်မနေချင်ပါဘူး အထူးသဖြင့် ကုမန့်နဲ့ ကုချင်တို့လဲ ဒီနေရာမှာရှိနေကြတယ်လေ.

လင်လိကျွမ်းက သူမသိက္ခာကို ဂရုမစိုက်ပေမယ့် ကုမန့်နဲ့ကုချင်တို့ကတော့ တန်ဖိုးထားကြတယ်.

ကုနင်းနဲ့ သူမမိသားစုတွေထွက်သွားတော့မှ ဘေးမှအမျိုးသမီးရဲ့အသံကြောင့် လင်လိကျွမ်းလဲ အသိပြန်ကပ်လာတယ်. လင်လိကျွမ်း ကုနင်းကိုကြောက်နေသေးပေမယ့် သူမကိုဒီလိုဆက်ဆံသွားတာကြောင့် ပိုပြီးဒေါသထွက်နေပါတယ်.

ဘာလို့လဲ? ကုနင်းကဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ?

သူမ အရူးတစ်ယောက်လို ပြုမူခဲ့တာကြောင့် ဘေးကလူတွေမှ ထူးဆန်းတဲ့အကြည့်တွေနဲ့ အကြည့်ခံနေရမှန်း အခုမှ လင်လိကျွမ်း သတိထားမိသွားတယ်. သူမရှက်သွားပြီး ချက်ချင်းပြေးထွက်သွားတော့တယ်.

လင်လိကျွမ်းက သူမမိသားစုဝင်တွေအပေါ် နှိမ့်ချတတ်ပြီး သူသိသူတတ်ကြီးလုပ်တတ်ပေမယ့် တခြားသူတွေရဲ့အမြင်ကိုတော့ အလေးထားပါတယ်. ဒါပေမယ့် ဒီနေ့တော့ သူမကိုယ်သူမ မချုပ်ထိန်းထားနိုင်ခဲ့လိုက်ဘူး.

ကုမန့်နဲ့ ကုချင်တို့က အရမ်းစိတ်တိုနေကြပေမယ့် လင်လိကျွမ်းက ဘယ်လိုလူမျိုးလဲဆိုတာသိထားပြီးသားဖြစ်တာကြောင့် အခုဖြစ်သွားတာတွေနဲ့ ပတ်သတ်ပြီးတော့ ထူးဆန်းမနေပါဘူး.

"တော်ပြီ, အရေးမပါတဲ့လူတစ်ယောက်အတွက်နဲ့ ဒေါသထွက်မနေကြပါနဲ့တော့. ဆက်ပြီးဝယ်ကြတာပေါ့." ကုနင်းနှစ်သိမ်းပေးလိုက်တယ်.

ကုချင်နဲ့ ကုမန့်တို့လဲ သက်ပြင်းတစ်ချက်ချလိုက်မိတယ်. တကယ်တော့ သူတို့က ကုနင်းခံစားရမှာကိုစိုးရိမ်ကြတာပါ. ဒါပေမယ့် ကုနင်းက အေးဆေးရှိနေတော့ သူတို့လဲ စိတ်သက်သာရာရသွားကြတယ်.

ပြီးတော့ သူတို့အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ဝယ်ကြရင်း တစ်ယောက်စီရဲ့လက်ထဲမှာ အိတ်တွေအများကြီးရောက်လာကြတယ်.

သူတို့အများကြီးဝယ်လာတာတွေက သူတို့ဖို့ကြီးပဲမဟုတ်ဘဲနဲ့ ကျန်းရွှီနဲ့ ကျန်းရှင်းရွှယ်တို့အတွက်ပါပါ,ပါတယ်. ဈေးနှုန်းတွေကတော့ ယွမ်ရာဂဏန်းကနေပြီး ထောင်ဂဏန်းအထိကျပါတယ်.

တစ်ယောက်ကို ဝတ်စုံလေး, ငါးစုံလောက်ဝယ်ဖြစ်ခဲ့ကြတယ်.

အမျိုးသမီးတွေက ဈေးဝယ်ထွက်ရတာကို သဘောကျ,ကြတယ်လေ.

ကုမန့်နဲ့ ကုချင်တောင်မှ အစက ပိုက်ဆံမဖြုန်းချင်ဘူးဆိုပြီးဖြစ်နေကြပေမယ့် ခနကြာတော့ အကုန်လုံးကိုမေ့သွားပြီး စင်တာထဲမှာ လျှောက်ဝယ်နေတော့တယ်.

ပြီးသွားတော့ အိပ်ရာခင်းအစုံလိုက်တွေဝယ်ဖို့သွားကြတယ်.

ကုနင်းနဲ့ သူမအမေကတော့ လေးစုံဝယ်ခဲ့တယ်. အိပ်ခန်းတစ်ခန်းစီအတွက် လဲလှယ်ဖို့ သုံးစုံစီလိုပါတယ်. သူမတို့အိမ်သစ်မှာက အိပ်ခန်းသုံးခန်းပါတာကြောင့် ပုံမှန်ဆို စုစုပေါင်း၉စုံလိုမှာပေမယ့် အိမ်သစ်အတွက် သုံးစုံပါပြီးသားဖြစ်တယ်. အားလုံးက အသစ်တွေပဲဖြစ်တာကြောင့် လျှော်လိုက်ရင် သုံးလို့ရပါတယ်.

မနေ့ကလဲ သူတို့နှစ်စုံဝယ်ခဲ့သေးတာကြောင့် အခု၄စုံဝယ်ရင် လုံလောက်သွားပါပြီ.

ဧည့်သည်ခန်းက အမြဲတမ်းလွတ်နေမှာပဲဆိုပေမယ့် ထိုအခန်းကိုလဲ အဆင်သင့်ဖြစ်နေစေချင်တာကြောင့်ဝယ်ထားလိုက်တာပါ.

ကုချင်တို့မိသားစုကလဲ ၆စုံဝယ်ခဲ့ပါတယ်.

ထိုအိပ်ရာခင်းတွေက အလွန်လေးပါတယ်. ကုနင်းကလဲ တခြားသူတွေသိသွားမှာစိုးတာကြောင့် သူမရဲ့စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်လို့မရပါဘူး.

ဒါကြောင့် ဆိုင်ရှင်ကိုပဲ သူတို့ပြန်တော့မှ ထည့်ပေးဖို့မှာလိုက်ရတော့တယ်.

ကုန်တိုက်ရဲ့ မြေညီထပ်တွင်တော့ အစားအစာမျိုးစုံရှိပါတယ်. ပထမထပ်တွင်တော့ အလှကုန်ပစ္စည်းတွေရှိပြီး, ဒုတိယထပ်တွင်တော့ လက်ဝတ်ရတနာ, တတိယထပ်တွင် အမျိုးသမီးဝတ်အင်္ကျီ, ၄ထပ်မြောက်တွင် အမျိုးသားဝတ်အင်္ကျီ, ၅ထပ်မြောက်တွင် ပရိဘောဂနဲ့ အိမ်သုံးပစ္စည်းများရှိပြီး ၆ထပ်တွင် ကလေးအဝတ်တွေနဲ့ စာရေးကိရိယာတွေရှိကာ ၇ထပ်မြောက်တွင်တော့ တူရိယာတွေ အားကစားပစ္စည်းတွေထားရှိထားပါတယ်.

ကုနင်းကတော့ ဒုတိယထပ်ကိုဆင်းပြီး ကုမန့်နဲ့ကုချင်တို့အတွက် လက်ဝတ်ရတနာတွေဝယ်ပေးဖို့သွားပါတယ်.

ရွှေက ရိုးတယ်ဆိုပေမယ့် ကုမန့်နဲ့ကုချင်တို့အရွယ်အမျိုးသမီးတွေအတွက်တော့ သင့်တော်ပါတယ်.

ကျောက်စိမ်းက ပိုပြီးသင့်တော်ပေမယ့် အခုထိမလုပ်ရသေးပါဘူး. ကုနင်းက ချင်ယီဖန်းပြန်လာတာကိုစောင့်ပြီးမှ ကျောက်စိမ်းကို လက်ဝတ်ရတနာပြုလုပ်ဖို့ယူသွားမှာပါ. ဒါကြောင့် အခုတော့ ရွှေပဲဝယ်ဖို့ဆုံးဖြတ်လိုက်တော့တယ်.

သူတို့တစ်ယောက်ကို တစ်ဆင်စာစီ (လည်ဆွဲ, နားကပ်, လက်ကောက်, လက်စွပ်) ဝယ်လိုက်တယ်.

ရွှေက ဈေးမကြီးပါဘူး. တစ်ဆင်ကိုမှ ယွမ်၄သောင်း ၅သောင်းလောက်ပဲကျပါတယ်.

ထိုနောက် ကုန်တိုက်နားက အဆင့်မြင့် အလှပြင်ဆိုင်တစ်ခုကနေ ဗီအိုင်ပီကဒ်လုပ်လိုက်ပါတယ်. သူတို့မှာ ဒီနေ့တော့အချိန်မရှိတော့တာကြောင့် မသုံးခဲ့ရပါဘူး.

သူတို့ ကဒ်ရပြီးသွားတော့ ညနေ၅နာရီရှိပြီဖြစ်တယ်. ကျန်းရှင်းရွှယ်က ကျောင်းကနေ အိမ်ကိုတန်းသွားမှာဖြစ်တာကြောင့် သူတို့အိမ်ပြန်ရောက်နေဖို့လိုပါတယ်.

အိပ်ရာခင်းတွေပို့ပေးတဲ့ကားနဲ့ပဲ သူတို့အိမ်ကိုပြန်လိုက်ကြတယ်.

ပို့ပေးတဲ့ကားက Gဇုံရဲ့အပြင်ဘက်မှာရပ်လိုက်တာကြောင့် အထုပ်တွေအားလုံးကို သူတို့ဘာသာသယ်ကြမှရတော့မှာပါ.

ကံကောင်းစွာနဲ့ ကျန်းရှင်းရွှယ်ရောက်လာတာနဲ့ ကြုံပြီး သူမကိုကူညီခိုင်းလိုက်တယ်.

ကျန်းရှင်းရွှယ်က အိပ်ရာခင်းနှစ်စုံကိုသယ်ပြီး ကုချင်နဲ့ ကုမန့်တို့က ၄စုံစီသယ်ကာ ကုနင်းကတော့ ကျန်တဲ့အိတ်တွေအားလုံးကိုသယ်လိုက်တယ်.

သူတို့အိမ်ထဲကိုပြန်ရောက်တော့ ညနေ၆နာရီရှိပြီဖြစ်ကာ ညစာစားဖို့အချိန်တောင်ရောက်နေပြီ.

ကုချင်က ကျန်းရွှီကို ဖုန်းခေါ်လိုက်ကာ ဘယ်တော့ပြန်လာမလဲမေးလိုက်တယ်. ကျန်းရွှီကလဲ အိမ်ပြန်လမ်းကိုရောက်နေတာကြောင့် လမ်းမှာစားဖို့တစ်ခုခုဝယ်ခဲ့ဖို့ ကုချင်မှာလိုက်တယ်.

ဒီနေ့ကတော်တော်ပင်ပန်းတဲ့နေတစ်နေ့ဖြစ်ခဲ့ပေမယ့် သူတို့တော်တော်လေးတော့ပျော်ခဲ့ကြပါတယ်.

ကျန်းရှင်းရွှယ်ကတော့ အဝတ်အစားအသစ်တွေကိုင်ကာ ခုန်ပေါက်နေတယ်. သူမ တစ်ခါမှ ဒီလောက်များတဲ့ အင်္ကျီလှလှတွေမရှိခဲ့ဖူးဘူး!

...................P86End.....................

ဖီးနစ်သွေးစက်

အခန်း ၈၇ လက်ဆောင်လိုချင်ရင် ၁၀ပတ်အရင်ပြေး

ကျန်းရွှီပြန်မရောက်သေးခင် အားလုံးအနားယူနေလိုက်ကြတယ်.

တစ်ဖက်မှာတော့ ကုနင်းရဲ့ ရန်စခြင်းကို ခံလိုက်ရတဲ့ လင်လိကျွမ်းမှာတော့ ဆက်ပြီးမဝယ်နိုင်တော့ဘဲ အိမ်ကိုအစောကြီးပြန်သွားခဲ့တယ်.

အိမ်ပြန်ရောက်တဲ့အထိ ကုနင်းတို့သားအမိကို ကျိန်ဆဲလို့မဆုံးနိုင်သေးပါဘူး.

"ဘာဖြစ်လာတာလဲ?" လင်လိကျွမ်း ကုနင်းတို့သားအမိကိုကျိန်ဆဲနေတာကို ကြားရပေမယ့် ဘာဖြစ်ခဲ့မှန်းမသိသေးတာကြောင့် ယောက္ခမဖြစ်သူကမေးလိုက်တယ်.

လင်လိကျွမ်း အမျိုးသမီးကြီးကို အကုန်ပြောပြလိုက်တယ်.

"ဘာ? အဲ့မိမစစ်ဖမစစ်ကုနင်းကများ ဒီနေ့နင့်ကို ခြိမ်းခြောက်လိုက်တယ်ပေါ့? ဒီနေ့က တနင်္လာနေ့မဟုတ်ဘူးလား? သူကျောင်း ဘာလို့မသွားတာလဲ?" အမျိုးသမီးကြီးလဲ အံ့ဩသွားတယ်.

ဒီတော့မှ လင်လိကျွမ်း ဒီနေ့က တနင်္လာနေ့ဖြစ်ပေမယ့် ကုနင်းကျောင်းမသွားတာကို အမှတ်ရသွားကာ,

"ဘယ်သိမလဲ? အထုတ်ခံလိုက်ရတာဖြစ်နိုင်တာပဲ!"

ထိုသို့ပြောနေရင်း ကုနင်းကျောင်းထုတ်ခံရတယ်လို့တောင် လင်လိကျွမ်းတကယ်ယုံကြည်မိမလိုဖြစ်သွားကာ ပျော်တောင်ပျော်သွားသေးတယ်.

"သူတကယ်အထုတ်ခံရရင်လဲ သူ့ထိုက်နဲ့သူ့ကံပဲ! သူက ငါတို့ရှောင်ရှောင်ကိုမတောင်းပန်တဲ့အပြင် ငါ့ကိုတောင်အော်လိုက်သေးတယ်." အမျိုးသမီးကြီးကလဲ ဒေါသတွေနဲ့ပြန်ပြောလိုက်တယ်. သူမရဲ့ မြေးမအပေါ်သနားစိတ်လုံးဝကို မရှိနေပါဘူး.

"အိုး, ဟုတ်သားပဲ, ကုချင် ငါသတိပေးထားတာကို ဆန့်ကျင်ပြီး ကုမန့်တို့ကို သူနဲ့နေခွင့်ပေးထားတာလား?" အမျိုးသမီးကြီးက မေးလိုက်တယ်.

"မသိဘူး, သူကတော့မဟုတ်ဘူးပြောတာပဲ." ကုချင်က ငြင်းခဲ့ပေမယ့် လင်လိကျွမ်းကတော့မယုံပါဘူး. အိမ်ငှားခတွေဒီလောက်မြင့်နေတာ ကုမန့်နဲ့ကုနင်းဘယ်လိုလုပ်တတ်နိုင်ကြမှာလဲ?

"မဖြစ်သေးဘူး. သူတို့ကို ဖုန်းဆက်ဦးမှပါ." အမျိုးသမီးကြီးကတော့ ကုမန့်နဲ့ကုနင်းတို့ကို အရှက်ခွဲရဖို့ဆို အရမ်းကိုတက်ကြွနေသလိုပဲ. သူမချက်ချင်းဖုန်းကိုယူလိုက်ပြီး ကုမန့်ကိုခေါ်လိုက်တယ်.

မမျှော်လင့်ထားဘဲ ပြန်လည်ဖြေကြားသူမရှိခဲ့ပါဘူး.

သေချာပေါက် ကုမန့်တမင်မကိုင်ခဲ့တာပါ.

လင်လိကျွမ်းနဲ့ ပြဿနာတတ်တာကို ကြားပြီးတာနဲ့ သူမကိုဖုန်းခေါ်ပြီး အပြစ်တင်တော့မယ်ဆိုတာကို ကုမန့် သိတာကြောင့် ပြန်မဖြေချင်ပါဘူး.

..................

ကျန်းရွှီရဲ့ ရွေးချယ်မှုကကောင်းတော့ကောင်းပေမယ့် ဆိုင်ခန်းက ဆောက်လုပ်ရေးကုန်ကြမ်းဈေးရဲ့အပြင်ဘက်မှာတည်ရှိနေပါတယ်. ထိုဆိုင်ခန်းက နေရာကောင်းမှာတည်ရှိပြီး ၃၀၀စတုရန်းမီတာလောက် ကျယ်ဝန်းကြီးမားတာကြောင့် တစ်နှစ်ကို ယွမ်၅သိန်းလောက်ကျသင့်မှာပါ.

သူ့ရဲ့စီးပွားရေးကသာ အမြတ်ရခဲ့မယ်ဆိုရင်တော့ လပိုင်းအတွင်း လုပ်ငန်းလည်ပတ်ဖို့ငွေပြန်ရနိုင်ပေမယ့် အမြတ်သာမရခဲ့ဘူးဆိုရင်တော့ နှစ်ကုန်ဆိုင်ခန်းငှားခပေးဖို့တောင် ခက်ခဲပါလိမ့်မယ်.

ကုနင်းထိုအကြောင်းကိုကြားတော့ ဆိုင်ကြီးကြီးကိုရွေးပြီး လုပ်ငန်းကိုချဲ့ထွင်လည်ပတ်သင့်တယ်လိုတွေးလိုက်မိတယ်. ဒါကြောင့် ကျန်းရွှီကိုထောက်ခံလိုက်တယ်.

ကျန်းရွှီလဲ ဒီလိုလုပ်တာက နည်းနည်းစွန့်စားရမှာကိုသိပေမယ့် သူကတော့ပျော်နေပါတယ်.

ကျန်းရွှီနည်းနည်းစိုးရိမ်နေတာကို ကုနင်းနားလည်တာကြောင့် သူအကောင်းဆုံးလုပ်နိုင်မှာဖြစ်ပြီး ငွေအတွက်တော့ ပူရန်မလိုကြောင်း နှစ်သိမ့်ပေးလိုက်တယ်.

ကုနင်းမအိပ်ခင် "ဖိုက်တာမိသားစု"WeChatထဲမှာ သူမသူငယ်ချင်းတွေကို မနက်ဖြန်လဲ ဆက်ပြီးလေ့ကျင့်ထားဖို့ ပြောလိုက်သေးတယ်.

၆နာရီ၂၀အထိ မရောက်သေးတဲ့ဘယ်သူ့ကိုမဆို လက်ဆောင်မပေးဘူးလို့လဲပြောလိုက်ပါသေးတယ်.

ထိုစကားကိုကြားတော့ အားလုံးလဲ မနက်ဖြန်ကျရင် အချိန်မှီရောက်အောင်လာခဲ့မယ့်အကြောင့် ကတိအထပ်ထပ်ပေးနေကြတော့တယ်.

ယွီမီရှီကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံးမှာ ငွေကော လက်ဆောင်ကော ပြတ်လတ်တယ်လို့မရှိပါဘူး. သူတို့မှာ ပြတ်လတ်နေတာက အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်ကောင်းတစ်ခုဖြစ်ပြီး ဈေးကတော့အရေးမပါပါဘူး.

ကုနင်းလက်ဆောင်ပေးတဲ့ပစ္စည်းက ယွမ်၁၀၀မပြည့်ရင်တောင်မှ သူတို့ပျော်ရွှင်နေမှာပါ.

နောက်နေ့မနက်တွင်, ကုနင်း ၅နာရီခွဲတွင် အိပ်ရာမှထကာ ၅နာရီ၃၅မိနစ်တွင် အိမ်ကထွက်ခွာခဲ့တယ်.

ဖန်ဟွားအဆင့်မြင့်အိမ်ရာက ကျောင်းကနေ ၇-၈ကီလိုမီတာလောက်ကွာဝေးတာကြောင့် ပြေးဖို့ဆို ၂၅မိနစ်လောက်အချိန်ယူရပါမယ်.

သူမကျောင်းကိုရောက်တော့ ၆နာရီထိုးသွားပြီ. သူမ,မနက်စာသွားဝယ်တဲ့လမ်းမှာပဲ ယွီမီရှီနဲ့ အမှတ်မထင်တွေ့လိုက်ရတယ်.

ဒီမိန်းကလေး ဒီနေ့ကျမှ စောစောစီးစီလှနေပါ့လား!

"နင်းနင်း, နင်နောက်ဆုံးတော့ နင်ပြန်လာပြီပေါ့!" ကုနင်းကို မြင်တာနဲ့ ယွီမီရှိ အရမ်းကိုစိတ်လှုပ်ရှားသွားကာ ကုနင်းထံပြေးသွားပြီး တင်းတင်းကျပ်ကျပ်ဖက်တွယ်လိုက်တယ်.

သူတို့ကအရမ်းပူးကပ်နေတယ်လို့ထင်ရပေမယ့် ရင်းနှီးတဲ့သူငယ်ချင်းတွေကြားမှာ ဒီလိုအပြုအမူက ပုံမှန်ပါပဲ.

ကုနင်းတခြားလူတစ်ယောက်နဲ့ဒီလိုမျိုး ထိတွေ့ရတာကို မနှစ်သက်ပေမယ့် သူမသူငယ်ချင်းဆိုရင်တော့ လက်ခံပေးနိုင်ပါတယ်.

"မနက်စာဘာစားချင်လဲ? ငါဝယ်ကျွေးမယ်!" ယွီမီရှီမေးလိုက်တယ်.

ယွီမီရှီက ကုနင်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တာကြောင့် သူမစေတနာကို ငြင်းမနေတော့ဘဲ,

"စပျစ်သီးပေါင်မုန့်နဲ့ ပဲနို့!"

သူတို့မှာအချိန်အများကြီးမရှိတော့တာကြောင့် စပျစ်သီးပေါင်မုန့်နဲ့ ပဲနို့က စားဖို့အသင့်တော်ဆုံးပါ.

ကုနင်းနဲ့ယွီမီရှီတို့ မနက်စာဝယ်ပြီးတော့မှ ကျောင်းထဲကို အတူတူဝင်လိုက်ကြတယ်.

"နင်းနင်း, ငါတို့အတွက်ဘာလက်ဆောင်ပါလာတာလဲ ငါ့ကိုပြောပြပါလား?" ယွီမီရှီစပ်စုလိုက်တယ်.

"ဆောရီး, မပြောပြဘူး. အားလုံးရောက်မှပြောမယ်." ကုနင်းပြန်ဖြေလိုက်တယ်.

"အွန်းပါ." ယွီမီရှီနည်းနည်းတော့ စိတ်ပျက်သွားတယ်.

ကျောင်းထဲရောက်တော့ မနက်ပိုင်းပြေးနေသူအချို့ကိုတွေ့ရတယ်.

ပြီးတော့ မုခယ်နဲ့လဲ လမ်းတစ်ဝက်မှာတွေ့တယ်.

သူတို့အားလုံး ကျောင်းဝတ်စုံဝတ်ထားကြတာကြောင့် သူတို့နောက်ကျောကိုတွေတော့မမှတ်မိလိုက်ဘဲ အသံကြားမှ မှတ်မိသွားတော့တယ်.

"ဟေ့, ဘော့စ်, မီရှီ."

သူချက်ချင်းပဲပြေးသွားလိုက်ကာ

"ဘော့စ်, လက်ဆောင်ဘယ်မှာလဲ? " မုခယ် ချက်ချင်းပဲ သူ့အတွက်လက်ဆောင်ကိုတန်းမေးလိုက်တယ်.

"ငါတို့အားလုံးစုံတော့မှ ပြမယ်လို့ နင်းနင်းပြောတယ်." ယွီမီရှီလဲ ကုနင်းအစောတုန်းကပြောသလိုပြန်ပြောလိုက်တယ်.

ဒီတော့ မုခယ်လဲ အစောကယွီမီရှီဖြစ်သွားသလို စိတ်ပျက်သွားတယ်.

သူတို့ကျောင်းဘောလုံးကွင်းထဲကိုရောက်တော့ ၆နာရီ၁၀မိနစ်ရှိပြီဖြစ်တယ်. ခနနေတော့ ချူးဖေ့ဟန်ရောက်လာကာ လက်ဆောင်အကြောင်းမေးတော့ အရင်အဖြေအတိုင်းပဲပြန်ရလိုက်တယ်.

နောက်ခနနေတော့ ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေရောက်ရှိလာတယ်. သူတို့က ဒီမှာပြေးနေကြတာဖြစ်ပြီး မောနေကြတယ်.

"ဘော့စ်, လက်ဆောင်ဘယ်မှာလဲ?" ဟောင်ရန်ကလဲ စိတ်လှုပ်ရှားစွာနဲ့မေးလိုက်တယ်.

"အရင်ဆုံး၁၀ပတ်ပြေး. မီရှီကလွဲပြီး နောက်ဆုံးလူက မနက်ခင်းအတန်းပြီးမှ လက်ဆောင်ရမယ်." ကုနင်းပြောပြီးတာနဲ့ အရင်စပြေးလိုက်တယ်.

၁၀ပတ်ဆိုတာ မီတာ၄ထောင်တောင်လေ.

မဖြစ်နိုင်ဘူး!

ထိုစကားကိုကြားတော့ ကောင်လေးတွေအကုန် ဝမ်းနည်းစွာအော်ဟစ်လိုက်ကြတယ်. ဒါသူတို့ကို တမင်နှိပ်စက်တာပဲ! နောက်ဆုံးလူက လက်ဆောင်ကို မနက်ပိုင်းအတန်းပြီးမှရမယ်. ဘယ်သူမှ နောက်ဆုံးလူမဖြစ်ချင်ကြပါဘူး.

ဘယ်သူမှ ကုနင်းကိုပြန်မပြောရဲပါဘူး. သူတို့အထိုးမခံရချင်တာကြောင့် နောက်ဆုံးမှာတော့ သူမနောက်လိုက်ပြီးပြေးရပါတော့တယ်.

ဟောင်ရန်တို့အဖွဲက ချူးဖေ့ဟန်နဲ့ မုခယ်တို့ကို နိုင်ဖို့မဖြစ်နိုင်သလိုထင်ရတာကြောင့် သူတို့အချင်းချင်းပြိုင်ဖို့ပဲဆုံးဖြတ်လိုက်ကြတယ်.

အခုတော့ ကုနင်းရဲ့ လက်ဆောင်အတွက်နဲ့ သူတို့ပြိုင်ဘက်တွေဖြစ်ကုန်ကြပါပြီ.

အမှန်ကိုပဲ အစမှာထဲက ဟောင်ရန်, ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းတိုက နောက်မှာကျန်ခဲ့ကြပါတယ်.

သူတို့မှာ အစောကပြေးထားလို့ အသက်ရှူတောင်ပြန်မမှန်သေးတာဖြစ်ပြီး သူတို့က အားနည်းနေလို့မဟုတ်ပါဘဲ ကုနင်းနဲ့ သိပ်မဝေးကြပါဘူး.

ကုနင်းက တခြားသူတွေထက် ၃ပတ်လောက်ပိုရှေ့ရောက်နေပေမယ့် သူမစွမ်းအားက အရင်ထက်ပိုပြီးသန်မှာလာပါပြီ.

ကုနင်းနည်းနည်းတော့မောနေပေမယ့် အရမ်းမဟုတ်ပါဘူး.

သူမ ဖန်ဟွားအဆင့်မြင့်အိမ်ရာကနေပြီးကျောင်းကို ၇-၈ကီလိုမီတာလောက်ပြေးခဲ့ရပေမယ့် အသက်ရှူနှုန်းကတော့ ပုံမှန်နဲ့သိပ်မကွာသေးပါဘူး. သူမထက်ပြီးတော့ အမောလွန်တာမျိုး ထပ်မခံစားရတော့ပါဘူး.

ကုနင်းကလွဲရင် ချူးဖေ့ဟန်က သူတို့ထဲမှာ အသန်မာဆုံးပဲ.

ချူးဖေ့ဟန်ရဲ့ နောက်ခံကို ကုနင်းသေချာမသိပေမယ့် သူမက ကာလကြာရှည်စွာ ကျွမ်းကျင်အောင်လေ့ကျင့်ပေးခံခဲ့ရမှန်းတော့ ကုနင်းသေချာနေတယ်.

.................Part87End......................

ဖီးနစ်သွေးစက်

အခန်း ၈၈ ဘော့စ်, အရမ်းမိုက်တယ်!

ချူးဖေ့ဟန်က ၁၀ပတ်ပြည့်ဖို့ ကုနင်းထက် ၁မိနစ်သာနောက်ကျတယ်.

သာမာန်လူတစ်ယောက်အတွက် ၁ကီလိုမီတာပြေးဖို့ ၃မိနစ်နဲ့ ၃၀စက္ကန့်ကနေပြီး ၄မိနစ်အထိအချိန်ယူရပါတယ်. မင်းကြာကြာအချိန်ဆွဲပြေးလေ ပိုပြီးတော့ မောလေပါပဲ.

ကုနင်းက ၄ကီလိုမီတာကို ၁၃မိနစ်ကြာပြေးရပြီး, ချူးဖေ့ဟန်ကတော့ ၁၄မိနစ်ကြာပါတယ်.

ပြေးပြီးသွားတော့ ချူးဖေ့ဟန်က မောနေပေမယ့် သူကိုယ်ဟန်ကိုတော့ထိန်းထားနိုင်ပါသေးတယ်.

မုခယ်က ချူးဖေ့ဟန်ထက် ၁မိနစ်နောက်ကျပြီး မြေပေါ်တောင် လဲကျတော့မလိုမောပန်းနေခဲ့တယ်.

ယွီမီရှီကတော့ မုခယ်နောက်ကနေရောက်လာကာ ၅ပတ်ပြီးသွားပါတယ်. သူမလဲ ခြေကုန်လက်ပန်းကျနေပေမယ့် ရက်အတော်ကြာပြေးပြီးနောက်မှာတော့ အရင်ထက်ပိုသန်မာလာခဲ့ပါတယ်.

နောက်ဆုံးအဖွဲ့အနေနဲ့ ဟောင်ရန်, ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းတို့ကတော့ ၁၀ပတ်ပြည့်ဖို့ မိနစ်၂၀နီးပါးအချိန်ယူလိုက်ရတယ်.

"ဟ-ဟ, ငါနောက်ဆုံးမဟုတ်ဘူး." ဟောင်ရန် စိတ်လှုပ်ရှားစွာနဲ့ရယ်မောပြီးပြောလိုက်တယ်. တကယ်လို့ သူသာနောက်ဆုံးဆိုရင် ကိုယ့်ကိုကိုယ်တောင် သတ်ပစ်မိလောက်တယ်.

"အဲ့လောက်လဲမဟုတ်ပါဘူး. မနက်ပိုင်းအတန်းပြီးတဲ့အထိစောင့်ရုံလေးပဲကို." ကျန်းထန်းပင်းက အေးဆေးပဲပြောလိုက်တယ်.

"စိတ်အေးအေးထားကြပါ. ငါတကယ်မလုပ်ပါဘူး. နင်တို့ကိုပိုတက်ကြွသွားစေချင်ရုံပါ." ကုနင်းပြောလိုက်တယ်.

"ဘာ? ဘော့စ်, နင်တော်တော်မရိုးသားတာပဲ." အားလုံးတစ်ညီတစ်ညွတ်တည်းထောက်ခံလိုက်ကြပေမယ့် အသံတွေကတော့ အားနည်းနေကြတယ်.

ကုနင်းကတော့ ဂရုစိုက်မနေဘဲ သူမလွယ်အိတ်ကိုယူပြီး မြက်ခင်းပေါ်ထိုင်ချလိုက်ချိန် အားလုံးကတော့ သူမကို ဝန်းရံနေကြတယ်.

"အရိုးသားဆုံးပြောရရင်, ငါဘာဝယ်ပေးရမလဲမသိဘူး. ဒါကြောင့် အဆင်ပြေလောက်တာတွေပဲရွေးခဲ့လိုက်တယ်. ဒါက ယောက်ျားလေး၄ယောက်အတွက်."

ပြောရင်းနဲ့ စက္ကူပုံး၄ပုံးကို ကောင်လေး၄ယောက်ထံ ကုနင်းပစ်ပေးလိုက်တယ်.

"ဝိုး, ဘော့စ်! ဒါနိုင်ငံခြားတံဆိပ်ပဲ!" ဟောင်ရန်က စက္ကူပုံးရဲ့တံဆိပ်ကိုမြင်တာနဲ့ အသံကျယ်ကြီးနဲ့ပြောလိုက်တယ်.

"ဟုတ်သားပဲ, ဘော့စ်, နင်လမ်းပေါ်က ပိုက်ဆံကောက်ရလို့လား?"မုခယ်မေးလိုက်တယ်.

ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းတို့လဲ ကုနင်းကို သိချင်စိတ်ပြင်းစွာနဲ့ အံ့ဩစွာစိုက်ကြည့်နေကြတယ်.

သူတို့အကုန် ကုနင်းရဲ့နောက်ခံကို သိထားပြီးသွားပြီ. သူမအနေနဲ့ဆို ပြည်တွင်းက နာမည်ကြီးတံဆိပ်တွေတောင် ဝယ်နိုင်ဖို့တော်တော်လေးခက်ခဲမှာလေ.

ဒါပေမယ့် သူမက နိုင်ငံခြားတံဆိပ်လက်ဆောင်တွေကိုတောင်ဝယ်လာခဲ့သေးတယ်.

"ဘာတံဆိပ်လဲ?" ချူးဖေ့ဟန် ချက်ချင်းပဲ မုခယ်လက်ထဲက ပုံးကို ဆွဲယူလိုက်ကာ တစ်ချက်ကြည့်ပြီး ထိတ်လန့်သွားတယ်.

"အမလေး, ဒါ Armani တံဆိပ်မလား!"

သူမလဲပဲ ကုနင်းကို အံ့အားသင့်စွာနဲ့ စိုက်ကြည့်လိုက်တယ်.

ကုနင်းသူတို့မေးခွန်းတွေကို ပြန်မဖြေဘဲနဲ့ အိတ်တစ်လုံးကို ထုတ်လိုက်ကာ ချူးဖေ့ဟန်ကိုပေးလိုက်တယ်.

လူတိုင်း အိတ်ပေါ်က တံဆိပ်ကိုမြင်လိုက်တော့ ထပ်ပြီး သူတို့မျက်လုံးတွေ ပြူးကျယ်ကုန်ကြတယ်. ဒါက Lancomeတံဆိပ်ပဲ.

ချူးဖေ့ဟန် စက္ကူပုံးကို ချက်ချင်းပဲ မုခယ်ထံပြန်ပစ်ပေးလိုက်ကာ အထဲမှာဘာရှိနေလဲစိတ်ဝင်စားမှုတောင် ပျောက်ဆုံးသွားတယ်.

"ဘော့စ်, တကယ်ပဲ လမ်းပေါ်က ပိုက်ဆံကောက်ရတာလား? ဘယ်လိုတောင်သဘောထားကြီးရတာလဲ?" ချူးဖေ့ဟန် သူမအတွက် လက်ဆောင်ကိုယူရင်း ထိတ်လန့်စွာနဲ့မေးလိုက်တယ်.

ကုနင်း ဆက်ပြီးတော့ သူမမေးခွန်းကိုလဲ မဖြေသေးဘဲနဲ့ ယွီမီရှီအတွက်လက်ဆောင်ကိုထုတ်ကာ ပေးလိုက်တယ်.

"ဝိုး! ပိုက်ဆံအိတ်ပဲ!"

ထိုအချိန်တွင် ဟောင်ရန်က ပုံးကိုဖွင့်ပြီးသွားပြီ.

"ဒါရေမွှေးပဲ, ဘော့စ်ရယ် ချစ်လိုက်တာ! ငါရေမွှေးအရမ်းကြိုက်တာ နင်ဘယ်လိုလုပ်သိလဲ!" ချူးဖေ့ဟန် ပျော်ရွှင်သွားကာ ချက်ချင်းပဲ ကုနင်းကို သွားဖက်တော့တယ်.

တကယ်တော့ ချူးဖေ့ဟန် ရေမွှေးဘယ်လောက်ထိကြိုက်မှန်း ကုနင်းမသိပါဘူး. သူမအချိန်တိုင်း ချူးဖေ့ဟန်ဆီကနေ အနံ့သင်းသင်းလေးရနေကြမို့လို့ပါ.

"အိုး, ငါ့အတွက်က ဖုန်းပဲ!" ယွီမီရှီ သူမအိတ်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ ဖုန်းရှိနေတာကြောင့် အံ့သဝမ်းသာသွားတယ်.

သူမမှာ ဖုန်းရှိပြီးသားဖြစ်ပေမယ့် ထိုဟာက သုံးပြီးသားအရောင်းဆိုင်ကနေပြန်ဝယ်ထားရတဲ့ မော်ဒယ်နိမ့်ဖုန်းဆိုတော့ ထုတ်ဖို့တောင် ရှက်နေရတယ်.

"နင်းနင်း, ဒါက အရမ်းဈေးကြီးတယ်. " ယွီမီရှီ ထိုဖုန်းကိုအရမ်းကြိုက်ပေမယ့် သူမအမြင်မှာ အရမ်းဈေးကြီးလွန်းနေတယ်.

"ဟုတ်တယ်,ဘော့စ်. ဒါက ကြားရတာနားဝင်ဆိုးတယ်ဆိုပေမယ့် ငါတို့အားလုံး နင့်ရဲ့နောက်ခံကိုသိထားပြီးသား. ဒီလောက်ဈေးကြီးတဲ့လက်ဆောင်တွေ ဘယ်လိုလုပ်ဝယ်နိုင်ရတာလဲ?" ချူးဖေ့ဟန် တည့်ပဲမေးလိုက်တယ်. သူတို့ထိုအချက်ကို လျစ်လျူရှုမထားနိုင်ပါဘူး.

ကျန်တဲ့လူတွေလဲ ကုနင်းကိုစိုက်ကြည့်နေကြတယ်. သူတို့ဘာမှတော့မပြောကြပေမယ့် သူတို့မျက်နှာပေါ်မှာတော့ ရှုပ်ထွေးမှုတွေပေါ်လွင်နေတယ်.

သူမသူငယ်ချင်းတွေရဲ့ ဂရုစိုက်ပေးမှုကြောင့် ကုနင်းရင်ထဲနွေးထွေးသွားရတယ်. သူတို့ကို အများကြီးတော့ မပြောပြနိုင်ပေမယ့် တချို့တလေတော့ ပြောပြဖို့ဆုံးဖြတ်လိုက်တယ်.

ထို့ကြောင့် သူမလူတစ်ယောက်ကိုကယ်ခဲ့ပြီး ယွမ်၁၀သန်းလောက်တန်ဖိုးရှိတဲ့ အစိမ်းရောင်ဘုရင်တစ်လုံးရခဲ့ကြောင်း ကုနင်းပြောပြလိုက်တယ်.

ဒါပေမယ့် မြို့တော်Gကို ဘာအတွက်သွားလဲဆိုတာတော့ မပြောပါဘူး.

"ဘာ? အစိမ်းရောင်ဘုရင်? ယွမ်၁၀သန်း?"

ထိုအကြောင်းကို သိသွားတော့ အားလုံးဆွံ့အသွားကြတယ်. ဒါက လုံးဝကို မယုံနိုင်လောက်အောင် အံ့ဩဖို့ကောင်းတာပဲ.

မုခယ်နဲ့ ချင်းကျီရွှမ်ကလွဲပြီး ဘယ်သူမှ ကျောက်စိမ်းအကြောင်း များများစားစားမသိကြပေမယ့် သူတို့အားလုံး ထိပ်တန်းအမျိုးအစားဖြစ်ပြီး အလွန်ဈေးကြီးတဲ့ အစိမ်းရောင်ဘုရင်ကိုတော့ကြားဖူးကြပါတယ်.

ဘာလို့ဒီလောက်အံ့ဩသွားကြလဲဆို ငုံးဥလောက်အရွယ်ကျောက်စိမ်းတစ်တုံးက ယွမ်၁၀သန်းတောင်တန်နေလို့လေ.

ယွီမီရှီကလွဲပြီး အများစုက ချမ်းသာတဲ့မိသားစုတွေကဖြစ်ကြတယ်. အထူးသဖြင့် ကျန်းထန်ပင်းဆိုရင် ကိုယ်ပိုင် ယွမ်သန်းနဲ့ချီပြီးပိုင်ဆိုင်တယ်. ဒါပေမယ့် ဘယ်သူမှ ကိုယ်ပိုင်လက်ထဲမှာ ယွမ်၁၀သန်းမကိုင်ဖူးပါဘူး.

မုခယ်၏ ကျောက်မြတ်ရတနာဆိုင်မှာ ယွမ်သန်းပေါင်းများစွာရှိနေတာတောင်မှ သူတို့မျက်လုံးထဲမှာ ယွမ်၁၀သန်းဆို အရမ်းကိုများတဲ့ပမာဏဖြစ်နေတုန်းပါပဲ.

ဒါ့မပြင်, မုခယ်ရဲ့ကျောက်မြတ်ရတနာဆိုင်က ပစ္စည်းတွေအကုန်လုံးက အဆင့်နိမ့်ကျောက်စိမ်းတွေနဲ့ပဲလုပ်ထားတာဖြစ်ပြီး လက်စွပ်တစ်ကွင်းကိုမှ ယွမ်ရာဂဏန်းလောက်ပဲပေးရပါတယ်.

သူတို့အတွက် အစိမ်းရောင်ဘုရင်ဆိုတာ ဒဏ္ဍရီတစ်ပုဒ်လိုပါပဲ.

ချင်းကျီရွှမ်ရဲ့မိသားစုကလဲ မျိုးရိုးစဉ်ဆက် ကျောက်မြတ်ရတနာလုပ်ငန်းကိုလုပ်ခဲ့တာဖြစ်တယ်. သူကိုယ်တိုင် အလယ်အလတ်အဆင့် ကျောက်စိမ်းတွေကိုတွေ့ဖူးပေမယ့် အစိမ်းရောင်ဘုရင်ကိုတော့ စာအုပ်ထဲနဲ့ အင်တာနက်ပေါ်မှာသာ ကြားဖူးမြင်ဖူးပါတယ်.

တော်တော်ကြာတော့မှ အားလုံး သူတို့အသိစိတ်တွေပြန်ကပ်လာကြတယ်. ဒါတကယ့်ကို ထိတ်လန့်စရာသတင်းပဲ.

"ဘော့စ်, အရမ်းမိုက်တာပဲ!" ဟောင်ရန် ကုနင်းကို ချီးမွမ်းလိုက်တယ်. အခုဆို သူ ကုနင်းကို အပြည့်အဝကို လေးစားသွားပြီ.

ကျန်တဲ့လူတွေကလဲ ထောက်ခံကြတယ်.

ယွီမီရှီလဲ အားကျနေတယ်. ဒါပေမယ့် မနာလိုတာတော့မဟုတ်ပါဘူး. သူမသာဆို ထိုသို့မလုပ်နိုင်မှန်း သူမသိပါတယ်.

"ဒါပေမယ့် ဘော့စ်, ငါတို့ကိုတောင်မပြဘဲ ဘာလို့ရောင်းလိုက်တာလဲ?" မုခယ် အပြစ်တင်လိုက်တယ်.

"ဟုတ်တယ်! စူပါစတားတစ်ယောက်ကိုမြင်ရတာထက် အစိမ်းရောင်ဘုရင်ကိုမြင်ရရင်ပိုပြီးတော့တောင် စိတ်လှုပ်ရှားဖို့ကောင်းမှာကို."ချင်းကျီရွှမ်ပြောလိုက်တယ်.

"မဟုတ်ဘူး, မဟုတ်ဘူး. ငါကတော့ စူပါစတားတစ်ယောက်ကိုပိုမြင်ချင်တယ်. အထူးသဖြင့် ငါ့ရဲ့အိုင်ဒေါ ရွှီကျီဖန်း." ချူးဖေ့ဟန် ပြောနေရင်းနဲ့ ချက်ချင်းပဲ အချစ်တွေနဲ့ပြည့်လျှမ်းနေသလိုနဲ့ ရှက်ပါ, ရှက်သွားတယ်. ထိုပုံစံကို မြင်တော့လူတိုင်း ကြက်သီးထသွားကြတယ်.

"တော်ပြီ, ငါဘယ်သူ့ကိုမှ ဒီအကြောင်းမသိစေချင်ဘူး မဟုတ်ရင် တစ်နေ့နေ့ ငါအလုခံရလိမ့်မယ်." ကုနင်းပြောလိုက်တယ်.

"ကောင်းပါပြီ, ဘော့စ်. ငါတို့ဘယ်သူ့ကိုမှ လုံးဝမပြောဘူး."

.................Part88End......................

ဖီးနစ်သွေးစက်

အခန်း ၈၉ ယီချိုင်ကျောက်စိမ်းဆိုင်သို့ သွားခြင်း

"တခြားသူတွေကို ဘယ်တော့မှမပြောဘူး." လူတိုင်းကတိပေးလိုက်တယ်.

"ကောင်းပြီ! အခု စာသင်ခန်းထဲကို ပြန်သွားကြရအောင်." ကုနင်းထရပ်ပြီးပြောလိုက်တယ်.

ထိုတော့မှ သူတို့အုပ်စုလိုက် စာသင်ဆောင်ကို ပြန်ကြတော့တယ်.

ကုရှောင်ရှောင်က မနေ့က ဈေးဝယ်စင်တာမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူမအမေဆီကနေ အကုန်လုံးကြားပြီးသွားပါပြီ. ကုနင်း ကျောင်းထုတ်ခံရတယ်ဆိုတာကို သူမမယုံပေမယ့် သေချာအောင် ကိုယ်တိုင်သွားစစ်ဆေးကြည့်ချင်သေးတယ်.

ဒါကြောင့် သူမကျောင်းကိုရောက်တာနဲ့ လှေကားထောင့်ကနေပြီး ကုနင်းပေါ်လာမလားဆိုတာကို စောင့်ကြည့်နေလိုက်တယ်.

"အခု ကုနင်းက အရမ်းကိုစိတ်ကြီးဝင်နေတာ! နင့်ကို ရိုက်ရုံတင်မကဘူး နင့်အဘွားကိုတောင် ပြန်ပြောသေးတယ်! အခုဆို နင့်အမေကိုတောင် ခြိမ်းခြောက်နေပြီ! နင့်မိသားစုတစ်ခုလုံးကို သူအထင်သေးလိုက်တာပဲ" ချန်းကျီယောင် မီးထဲ ဓါတ်ဆီလောင်းပေးလိုက်တယ်.

ချန်းကျီယောင်က ကုရှောင်ရှောင်ထက်ပိုးပြီး ဉာဏ်ထက်ပါတယ်. ဟောင်ရန်နဲ့ သူ့ညီအစ်ကိုတွေကတောင်မှ ကုနင်းကို ဘော့စ်အဖြစ်သတ်မှတ်လိုက်ကြတော့ သူမလဲ ကုနင်းကိုကြောက်သွားပါတယ်. ဒါပေမယ့် ကုနင်းကိုလဲ ဆက်ပြီးတော့ မုန်းနေတုန်းပါပဲ.

ချန်းကျီယောင်က မိဘတွေအပါအဝင်ဘယ်သူကမှ ပါးရိုက်တာကို မခံခဲ့ရဖူးပါဘူး. ကုနင်း သူမကိုရိုက်လိုက်တာအတွက် ဘယ်လိုမှလက်မခံနိုင်ပါဘူး. ပြန်တိုက်ဖို့ကျပြန်တော့လဲ သူမကုနင်းကို စိတ်ဆိုးအောင်မလုပ်ရဲပါဘူး.

တကယ်လို့ ကုရှောင်ရှောင်သာ ချန်းကျီယောင်ရဲ့အကြံအစည်ကိုသိသွားရင် ချက်ချင်းပဲ သူငယ်ချင်းအဖြစ်ကနေရပ်စဲပစ်မှာပါ.

မမျှော်လင့်ထားပဲ, ကုရှောင်ရှောင်က ဘာမှမသိထဲအပြင် ချက်ချင်းပဲ ဒေါသထွက်ပြီး ပြန်ပြောလိုက်တယ်,

"မဖြစ်နိုင်တာ! သူက ဆင်းရဲသားမိမစစ်ဖမစစ်တစ်ယောက်ပဲ. သူကဘာမို့လို့ ငါတို့ကို အထင်သေးနိုင်မှာလဲ!"

ထိုသို့ပြောလိုက်ပေမယ့် ကုရှောင်ရှောင်လဲ ကုနင်းကိုကြောက်နေပါတယ်. ကုနင်းအခုရက်ပိုင်းအတွင်း အများကြီးပြောင်းလဲသွားခဲ့တယ်. သူမရုတ်တရက်ကြီး အတိုက်အခိုက်တော်လာပြီး ချမ်းသာတဲ့ကလေးတွေနဲ့တောင်မှ သူငယ်ချင်းကောင်းတွေဖြစ်သွားကြသေးတယ်.

ဒါကိုတွေးမိတော့ ကုရှောင်ရှောင် ပိုစိတ်ဆိုးပြီး ဒေါသထွက်လာကာ ရက်စက်တဲ့အကြည့်တွေနဲ့,

"ငါ သူ့ကိုဖျက်စီးပစ်မယ်!"လို့ ကုရှောင်ရှောင်ကြိမ်းဝါးလိုက်တယ်.

သေချာပေါက် ဒါကိုကြားလိုက်ရတော့ ချန်းကျီယောင် ပျော်ရွှင်သွားတာပေါ့. ဒါက သူမလိုချင်တဲ့ပုံစံမျိုးပဲလေ.

ကုရှောင်ရှောင် အောင်မြင်ပါမလား မအောင်မြင်နိုင်ဘူးလားဆိုတာတော့ သူမနည်းနည်းသံသယရှိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူမနဲ့ နည်းနည်းလေးမှမပတ်သတ်ပါဘူး.

"ကြည့်လိုက်, ကုနင်းလာနေပြီ." ထိုအချိန်မှာပဲ အောက်ထပ်က ကုနင်းနဲ့ ကျန်တဲ့လူတွေကို ချန်းကျီယောင်တွေ့လိုက်တယ်.

ကုရှောင်ရှောင်လဲ လှမ်းကြည့်လိုက်တယ်. ကုနင်းရဲ့ဘေးမှာ လူတွေအများကြီးဝန်းရံနေတာကြောင့် သူမပိုလို့မနာလိုဖြစ်သွားကာ,

"စိတ်ပျက်စရာကောင်းလိုက်တာ."

အခုသူမ ကုနင်းကိုဖျက်စီးပစ်ရဖို့ အရမ်းကို စိတ်အားထက်သန်နေတယ်.

ကုနင်း သူမစာသင်ခန်းထဲကို ဝင်လာတော့ ရှောင်ဖေးဖေးနဲ့တောင် တိုက်မိလုနီးနီးဖြစ်သွားတယ်.

အရင်တုန်းကသာဆို ရှောင်ဖေးဖေး ကုနင်းကို ကျိန်ဆဲနေပြီဖြစ်ပေမယ့် အခုတော့ ကြည့်ရုံသာကြည့်ပြီး ဘာတစ်ခွန်းမှမပြောတော့ပါဘူး.

ရှောင်ဖေးဖေးရဲ့ စိတ်ကလဲ ချန်းကျီယောင်လိုပါပဲ. သူမကုနင်းကို အရင်လိုမုန်းနေတုန်းပေမယ့် ဘာမှတော့မလုပ်ရဲပါဘူး.

သူတို့အားလုံး ကုနင်းကို ပြန်လက်စားချေနိုင်ဖို့ လျှို့ဝှက်ပြီးကြံစည်နေကြတယ်.

မနက်ခင်းအတန်းစပြီးတော့ အတန်းပိုင်ဆရာမ အတန်းထဲကိုဝင်လာခဲ့ပြီး သောကြာနေကျရင် လပတ်စာမေးပွဲရှိကြောင်းကြေညာလိုက်တယ်.

မနက်ခင်းအတန်းပြီးဆုံးသွားတော့ ချင်ယီဖန်းဆီကနေ ကုနင်းစာတစ်စောင်ရလိုက်တယ်. သူက အခုလေဆိပ်မှာရောက်နေပြီဖြစ်ပြီး နောက်၂နာရီနေရင် မြို့တော်Fကိုရောက်မည်ဖြစ်ကြောင်း, သူမသာ နေ့ခင်းပိုင်းအားရင် ယီချိုင်ကျောက်စိမ်းဆိုင်သို့လာခဲ့ဖို့ ပြောထားတာဖြစ်တယ်.

ကျောက်စိမ်းကို မြင်ရဖို့ ချင်ယီဖန်းမစောင့်နိုင်တော့ပါဘူး.. ထိုကျောက်စိမ်းက အရမ်းကောင်းမယ်ယ်ဆိုတာကို သိပေမယ့် အစိမ်းရောင်ဘုရင်လောက် ရှားပါးမယ့် အဆင့်မြင့်ကျောက်စိမ်းဖြစ်နေဖို့အထိတော့ မမျှော်လင့်ထားပါဘူး.

ကုနင်းကလဲ လက်ဝတ်ရတနာဖြစ်အောင် မြန်နိုင်သမျှ မြန်မြန်လုပ်ချင်နေပြီဖြစ်တာကြောင့် ချင်ယီဖန်းနဲ့ ဒီနေ့လည်တွေ့ရန်သဘောတူလိုက်တယ်.

အားလပ်ချိန်ကကြာတာကြောင့် ကုနင်းရယ် ယွီမီရှီရယ်တို့နဲ့ အတူကစားရန် အခန်း၄သို့ ချူးဖေ့ဟန်ပြေးလာတယ်.

ချူးဖေ့ဟန်ပေါ်လာတော့ အတန်းထဲကလူတွေအကုန်လုံး သူတို့ကို သူမရိုက်မှာစိုးတာကြောင့် ကြောက်လန့်သွားကြတယ်.

မုခယ်, ဟောင်ရန်နဲ့ သူ့ညီအစ်ကိုတွေလဲ ကုနင်းဆီကိုသွားချင်ကြပေမယ့် မလိုအပ်ပဲ ကုနင်းအတွက် အတင်းအဖျင်းတွေဖြစ်လာမှာစိုးတာကြောင့် နောက်ဆုံးမှာတော့ မသွားပဲနေလိုက်ကြတော့တယ်.

ကုနင်း သူမရဲ့မနက်ပိုင်းအတန်းတွေအားလုံးပြီးသွားတော့ ချက်ချင်းပဲ အပြင်ကိုထွက်လိုက်တယ်.

သူမတို့ကျောင်းအပြင်က လမ်းပေါ်မှာ အနက်ရောင် ဟမ်းမားတစ်စီးရှီနေကာ လူတိုင်းရဲ့အာရုံကိုစွဲဆောင်နေတယ်.

ထိုကားက အရမ်းမိုက်တဲ့ ဟမ်းမားတံဆိပ်ဖြစ်တဲ့အပြင် အရမ်းလဲဈေးကြီးပါတယ်.

အနည်းဆုံး ယွမ်သန်းပေါင်းများစွာကျသင့်မှာပါ.

ကုနင်းလဲ ထိုကြည့်ကောင်းတဲ့ ဟမ်းမားကားရဲ့စွဲဆောင်မှုကို ခံလိုက်ရပေမယ့် နှစ်ချက်သာကြည့်လိုက်ပြီး တက္ကစီနဲ့ထွက်သွားတော့တယ်.

ကုနင်းက ဟမ်းမားကားထဲက လူကိုမမြင်ခဲ့ပေမယ့် အထဲက လူကတော့သူမကို မြင်ပါတယ်.

မောင်းသူနေရာမှာ လင်ရှောင်းထင်ထိုင်နေပါတယ်.

လင်ရှောင်းထင် အခုလိုပေါ်လာတာက အကြောင်းရှိပါတယ်. သူအခုလေးတင်မြို့တော်Gကနေရောက်ရှိခဲ့တာဖြစ်ပြီး ဒီနေ့လည်ခင်း ကုနင်းအပြင်ထွက်လာမယ်ဆိုတာကို မသေချာပေမယ့် ကျောင်းကိုလာစောင့်ခဲ့ပါတယ်.

မထင်မှတ်ထားပဲ သူမကိုတွေ့လိုက်ရတယ်.

ကုနင်း တက္ကစီသွားတဲ့လမ်းအတိုင်း ချက်ချင်းပဲ လင်ရှောင်းထင် သူ့ကားကိုမောင်းကာ နောက်ကနေလိုက်သွားလိုက်တယ်.

ကုနင်း သူမနောက်ကို တစ်စုံတစ်ယောက်လိုက်နေမှန်း သတိမထားမိလိုက်ပါဘူး.

သူမ ကုန်တိုက်အဆောက်အဦးရှေ့မှာဆင်းလိုက်ကာ ဈေးထဲကိုတန်းသွားလိုက်ပြီး ယီချိုင်ကျောက်စိမ်းဆိုင်ကိုသွားလိုက်တယ်.

ယီချိုင်ကျောက်စိမ်းဆိုင်ထဲတွင်တော့ ချင်ယီဖန်းစောင့်နေတာတော်တော်ကြာပါပြီ. မနက်၁၀နာရီလေယာဉ်ဆိုက်ကတည်းက သူဆိုင်ကိုလာခဲ့တာပါ.

ပုံမှန်ဆို, ချင်ယီဖန်း ဆိုင်ကို စစ်ဆေးဖို့အတွက်လာရင် တစ်နာရီထက်ပိုမနေပေမယ့် ဒီတစ်ကြိမ်တော့ ၂နာရီတောင် နေနေခဲ့ပါတယ်. ဝန်ထမ်းတွေအားလုံးလဲ စိတ်လှုပ်ရှားနေကာ စိတ်လဲရှုပ်နေကြပါတယ်.

၁၂နာရီ၂၀မိနစ်လောက်ကျတော့ သူဆိုင်ရဲ့အဝင်တံခါးကိုပဲ ကြည့်နေခဲ့တယ်.

ထိုကြောင့် ကုနင်းသူ့မြင်ကွင်းထဲပေါ်လာတာနဲ့ စိတ်လှုပ်တရှားနဲ့ ချက်ချင်းပြေးသွားကာ,

"ကုနင်း, နောက်ဆုံးတော့ မင့်ရောက်လာပြီပေါ့! ဝင်ခဲ့, ငါ့ကိုကျောက်စိမ်းပြဦး!" ချင်ယီဖန်းလောလိုက်တယ်.

"အေးဆေးပေါ့! အရင်ဆုံးဝင်ပါရစေဦး." ကုနင်း စိတ်လေသွားတယ်. ဒီလောက်အဖိုးတန်တဲ့ပစ္စည်းကို လူကြားထဲထုတ်ပြဖို့ သင့်တော်တယ်ထင်နေလားပဲ.

ချင်ယီဖန်း စိတ်လှုပ်ရှားစွာ ပြုံးရယ်နေပြီး ချက်ချင်းပဲ ကုနင်းကို ဝင်ခိုင်းလိုက်တယ်.

ကုနင်းဝင်လိုက်တော့ ဆိုင်ထဲက ဝန်ထမ်းအားလုံးသူမကို မှတ်မိကြတယ်. သူမ အရင်တစ်ခေါက်က အစိမ်းရောင်ဘုရင်ကို ယူလာခံတာက တကယ့်ကိုမမေ့နိုင်လောက်အောင် ထိတ်လန့်စရာကောင်းတယ်လေ.

သူတို့ဘော့စ်က အရမ်းစိတ်လှုပ်ရှားနေတော့ ဒီမိန်းကလေးနောက်ထပ် အဖိုးတန်ကျောက်စိမ်းတစ်ခုထပ်ယူလာလို့ပဲဖြစ်ရမယ်လို့ သူတို့တွေးလိုက်ကြတယ်.

ထိုသို့တွေးမိကြတော့ လူအုပ်ကြီးလဲအေးဆေးမနေနိုင်တော့ဘဲ ကုနင်းဝင်လာတာကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေကြတော့တယ်. ဒါပေမယ့် ချင်ယီဖန်းက ကုနင်းကို သူ့ရုံးခန်းထဲ ခေါ်ဆောင်သွားတာကြောင့် သူတို့မမြင်နိုင်တော့၍ စိတ်ပျက်သွားကြတယ်.

သူတို့နှစ်ယောက်လုံး ရုံးခန်းထဲကို ရောက်သွားတော့ ချင်ယီဖန်း ကုနင်းကို ထိုင်ခုံမှထိုင်ခိုင်းလိုက်ပြီး အထွန့်တက်စကားပြောတော့တယ်,

"ကဲ, အခုတော့ ငါ့ကို ကျောက်စိမ်းပြလို့ရပြီမလား?"

ကုနင်းပြုံးလိုက်ပြီး သူမလွယ်အိတ်ကိုယူကာ ဖွင့်လိုက်တယ်. ပြီးတော့ သေချာထုပ်ပိုးထားတဲ့ ကျောက်စိမ်းကို ထုတ်ယူကာ ချင်ယီဖန်းထံကမ်းပေးလိုက်တယ်.

.................Part89End......................

ဖီးနစ်သွေးစက်

အခန်း ၉၀ သူမကိုယ်ပေါ် ရှာခွင့်ပေးလိုက်

ချင်ယီဖန်ူ ချက်ချင်းကုနင်းပေးတဲ့အထုပ်ကိုဆွဲယူကာ ဖွင့်လိုက်တယ်.

အထဲက ကျောက်စိမ်းကိုမြင်လိုက်တော့ သူဆွံ့အသွားကာ ကုနင်းကို မယုံကြည်နိုင်စွာနဲ့ လှမ်းကြည့်လိုက်တယ်.

"ဒါ..ဒါဖူလူရှိုးကျောက်စိမ်းပဲ!"

ပြီးတော့ ကြီးလဲကြီးသေးတယ်.

ဖူလူရှိုးကျောက်စိမ်းက အစိမ်းရောင်ဘုရင်လိုမျိုးပဲ ရှားပါးတယ်ဆိုတာ လူတိုင်းသိကြတယ်. တကယ်လို့ မင်းအရမ်းချမ်းသာနေရင်တောင်မှ တစ်ခုလောက်ဝယ်ဖို့တောင် ရှားပါးလွန်းပါတယ်.

"ဟုတ်တယ်, ဒါကို လက်ကောက်၄ခု, နားဆွဲ၄စုံ, ဆွဲသီး၄ခုနဲ့ လက်စွပ်ကြီးကြီးတစ်ကွင်းလုပ်ချင်တယ်. လက်စွပ်အကြီးကတော့ ရှင့်ရဲ့လက်မအရွယ်လောက်ပေါ့. ပြီးတော့ ကျန်နေမယ့်ဟာတွေကိုတော့ ဆွဲသီးဖြစ်ဖြစ် နားဆွဲဖြစ်ဖြစ်လုပ်ထားပေး." ကုနင်းပြောလိုက်တယ်.

ထိုစကားကိုကြားတော့မှ ချင်ယီဖန်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ,

"မင်းဒီဇိုင်းပုံစံတွေလုပ်ပေးစေချင်တာရှိလား?" သူမေးလိုက်တယ်.

"အင်း, ကျောက်စိမ်းဆွဲသီးတွေကို တစ်ခုက မြွေပုံ, နောက်တစ်ခုက နွားပုံ, နောက်တစ်ခုကိုတော့ ယုန်ပုံ ပြီးတော့ ကျန်တဲ့တစ်ခုကိုက နဂါးပုံထွင်းပေးပါ." ဒါတွေကတော့ ကုမန့်, ကုချင်, ကုနင်း နဲ့ ကျန်းရှင်းရွှယ်တို့ရဲ့ တရုတ်ရာသီခွင်ပုံတွေပဲဖြစ်ပါတယ်.

"ပြီးတော့ သူ့အစဉ်လိုက်အတိုင်းပဲ, "မန့်", "ချင်", "နင်း", "ရွှယ်"ဆိုပြီး အနောက်မှာ စာထွင်းပေးဦး. ပြီးတော့ လည်ကောက်လေးခုကိုလဲ အဲ့အတိုင်းပဲလုပ်ပေး. ကျွန်မ စာရွက်နေရေးပေးထားပြီးပြီ. နားဆွဲအတွက်ကတော့ အထူးတလည်တောင်းဆိုချင်တာမရှိပါဘူး. အရမ်းကြီးသာမာန်မဖြစ်ရင်ရပြီ. လက်စွပ်အကြီးအတွက်ကတော့ "ရွှီ"လို့ အထဲမှာရေးပေး. ကျန်တဲ့ကျောက်စိမ်းကိုတော့ ရှင်ကြိုက်တဲ့ပုံစံသာလုပ်လိုက်."

"ကောင်းပြီလေ, " ချင်ယီဖန်းပြန်ဖြေလိုက်ပြီး တစ်ခုခုပြောချင်နေသေးတဲ့ပုံပေါ်နေတယ်.

ကုနင်းလဲ သတိထားမိပြီး ချင်ယီဖန်းကို ယူညီပေးချင်တာကြောင့် မေးလိုက်တယ်,

"ရှင်ပြောချင်တာရှိရင်ပြောလေ!"

ချင်ယီဖန်း ရှက်ကိုးရှက်ကန်းနဲ့ နှုတ်ဟလိုက်ပြီး မေးလိုက်တယ်,

"မင်းကျန်တဲ့ကျောက်စိမ်းက ရတဲ့ လက်ဝတ်ရတနာတွေကိုကော တခြားသူတွေကိုပေးဖို့စီစဉ်ထားတာလား?"

"မဟုတ်ပါဘူး, အဲ့ဒါတွေကိုက ရောင်းမှာ." ကုနင်းပြောလိုက်တယ်.

ထိုစကားကိုကြားတော့မှ ချင်ယီဖန်းပျော်ရွှင်သွားကာ မျှော်လင့်ချက်အပြည့်နဲ့မေးလိုက်တယ်,

"ဒါဆိုကျန်တဲ့ကျောက်စိမ်း ငါ့ကိုရောင်းပေးပါလား?"

ထိုဖူလူရှိုးကျောက်စိမ်းနဲ့ သူ့အမေအတွက် နားဆွဲနဲ့လက်ကောက်လုပ်ပေးချင်နေတာပါ.

ကုနင်း ပထမတော့ ဘာပြန်ပြောရမလဲမသိဖြစ်သွားတယ်. သူမက ဖူလူရှိုးကျောက်စိမ်းနဲ့ သူမဆိုင်ကို လူစိတ်ဝင်စားအောင်ဆွဲဆောင်ဖို့ စိတ်ကူးထားတာဖြစ်ပေမယ့် ချင်ယီဖန်းက မေးလာတော့ သူ့ကိုမငြင်းဆန်ချင်တော့ပါဘူး. သူမရဲ့ကျောက်စိမ်းမျက်ဝန်းနဲ့ဆိုရင် Yနိုင်ငံကိုသွားပြီး ပိုအဖိုးတန်တဲ့ကျောက်စိမ်းတွေ ထပ်ရှာနိုင်ပါသေးတယ်.

ထို့ကြောင့် ကုနင်းသဘောတူလိုက်တယ်,

"ကိစ္စမရှိပါဘူး."

ချင်ယီဖန်း ကုနင်းရဲ့ သဘောတူတယ်ဆိုတဲ့အဖြေကြောင့် အရမ်းကို ပျှော်ရွှင်သွားခဲ့တယ်.

ကုနင်းအတွက် လက်ဝတ်ရတနာလုပ်ပြီးရင်တောင်မှ နောက်ထပ် ကျောက်စိမ်းလက်ကောက်နှစ်စုံနဲ့ နားဆွဲနှစ်ရံလုပ်ဖို့လုံလုံလောက်လောက်ကျန်နေသေးတာကြောင့် ချင်ယီဖန်း သူ့အမေနဲ့ အကြီးဆုံးအမကို တစ်စုံစီပေးဖို့စီစဉ်လိုက်တယ်.

ထို့အပြင် ချင်ယီဖန်း ပုံထွင်းခတွေကိုလဲ ကုနင်းဆီကမယူပါဘူး. သူ ကုနင်းကို ကျေးဇူးတင်လို့မယူတာဖြစ်ဖြစ် ဒါမှမဟုတ် ကုနင်းဖြစ်နေလို့ မယူချင်တာပဲဖြစ်ဖြစ် အရေးမကြီးပဲ အဓိကက ထိုအတွက်ငွေပေးစရာမလိုတော့ပါဘူး.

ကုနင်းအတင်း အခကြေးငွေကိုပေးနေမယ်ဆိုရင် မာနကြီးရာရောက်တာကြောင့် သူမသဘောတူလိုက်တော့တယ်.

ချင်ယီဖန်းကတော့ ကုနင်းနဲ့ပတ်သတ်ရင် အမြဲတမ်းတက်ကြွနေပြီး ၃ရက်အတွင်းပြီးအောင်လုပ်ပေးမယ်လို့ ကတိပေးလိုက်တယ်.

၃ရက်ဆိုတာ လုံလောက်တာထက်ကိုပိုတဲ့အချိန်ပါ.

ကုနင်း နေ့လည်ပိုင်းအတန်းရှိသေးတာကြောင့် အကြာကြီးမနေတော့ပါဘူး.

ချင်ယီဖန်းက သူမကိုလိုက်ပို့ပေးမယ်လို့ပြောပေမယ့် သူမကျောင်းကလူတွေရဲ့အတင်းအဖျင်းစကားတွေမကြားချင်တာကြောင့် ငြင်းလိုက်ပါတယ်.

ချင်ယီဖန်းလဲ နားလည်တာကြောင့် လက်လျှော့လိုက်တော့တယ်.

ကုနင်း ဒီကိုအမြန်လာခဲ့ရတာကြောင့် ဘာမှမစားခဲ့ရသေးပါဘူး. ဒါကြောင့် မပြန်ခင် မြေညီထပ်မှာ တစ်ခုခုဝင်စားဖို့ ဆုံးဖြတ်လိုက်တယ်.

အခုက ၁နာရီခွဲခါနီးပြီဖြစ်ပေမယ့် ကုနင်းစားဖို့တော့အချိန်မှီပါသေးတယ်.

ကုနင်းစားစာရာမှာလိုက်ပြီးမကြာခင်မှာပဲရလာခဲ့တယ်. သူမပျော်ရွှင်စွာနဲ့စားနေတုန်းမှာ သူမထိုင်နေတဲ့အပေါ်ကို အရိပ်မည်းတစ်ခုကျရောက်လာတယ်.

သူပဲ! သူကဘယ်လိုလုပ်ဒီမှာရှိနေတာလဲ?

"ဘာလဲ?"

ကုနင်းအရမ်းအံ့ဩပြီး ထိုလူ့အပေါ်ကို ထမင်းစေ့တွေထွေးထုတ်လိုက်မိတာကြောင့် လင်ရှောင်းထင်စိတ်ပျက်သွားတယ်.

ကုနင်းလဲ ရှက်သွားပြီး ချက်ချင်းတောင်းပန်လိုက်တယ်.

"တောင်းပန်ပါတယ်, ဒါကျွန်မအမှားပါ. တမင်လုပ်တာမဟုတ်ပါဘူး. စိတ်မရှိပါနဲ့."

ကုနင်း လင်ရှောင်းထင်ကို ချက်ချင်း တစ်ရှူူးတွေကမ်းပေးလိုက်တယ်.

လင်ရှောင်းထင် မျက်မှောင်နဲနဲကြုတ်လိုက်ကာ တစ်ရှူးကိုယူပြီး သူ့အင်္ကျီပေါ်က ထမင်းစေ့တွေကို သုတ်လိုက်တယ်.

ကံကောင်းစွာပဲ သူနဲနဲဖယ်လိုက်ရုံနဲ့ သန့်ရှင်းသွားတယ်.

"အဲ..အမ်..ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ?" ကုနင်းမေးလိုက်တယ်.

ကုနင်းထိုမေးခွန်းကိုမေးလိုက်ပေမယ့် အဖြေကိုတော့ သိပြီးသားပါ.

သေချာပေါက်.....

"သေနတ်." ထိုလူကအေးစက်စွာတစ်ခွန်းပဲပြောလိုက်ပြီး နောက်ထပ်ဘာမှဆက်မပြောတော့ပါဘူး.

ကုနင်းမျက်နှာအမူအရာနည်းနည်းပြောင်းသွားတယ်. ဒီလူတော်တော်လေး တော်တာပဲ. သူက သူမသေနတ်ကိုဖွက်ပြီးယူလာခဲ့တာလဲသိပြီး သူမနောက်ကိုလဲလိုက်လာခဲ့တယ်. ဒါပေမယ့် အဲ့တော့ဘာဖြစ်လဲ? သူမထိုသေနတ်ကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ဖွက်ထားပြီးသား သူဘယ်လိုမှမရှာနိုင်တော့ဘူး.

ထိုကြောင့် ကုနင်းစိတ်ကို ပြန်လျှော့ချလိုက်ကာ မသိသလိုနဲ့ဟန်ဆောင်လိုက်ပြီး,

"ဘာသေနတ်လဲ?"

ကုနင်းဝန်မခံမှာကို သိပြီးသားဖြစ်တာကြောင့် လင်ရှောင်းထင်စိတ်မဆိုးပေမယ့် စိတ်ရှည်စွာနဲ့,

"မင်း အခန်းနံပါတ်၆၀၃မှာ သတိမေ့အောင်ရိုက်ခဲ့တဲ့လူရဲ့ သေနတ်ပျောက်နေတယ်. အဲ့ဒါကို မင်းယူသွားတာပဲဖြစ်ရမယ်."

"သေနတ်ပျောက်တာနဲ့ ဘာလို့ကျွန်မပဲဖြစ်ရမှာလဲ?" ကုနင်း သူမတကယ်သေနတ်ကို ယူခဲ့တာမှန်ပေမယ့် ပြန်ခံပြောလိုက်တယ်.

"အဲ့ဒါက မင်းမဟုတ်ဘူးဆိုရင် မင်းနဲ့အတူရှိနေတဲ့လူပဲဖြစ်ရမယ်." လင်ရှောင်းထင်ပြောလိုက်တယ်.

လင်ရှောင်းထင်ကတော့ ကုနင်းထိုသေနတ်ကိုယူသွားတာလို့ ယုံကြည်နေတုန်းပါပဲ.

ကုနင်း ဆွံ့အသွားရတယ်.

သူမ ဟိုတယ်မန်နေဂျာယူသွားတာလဲ ဖြစ်နိုင်တာပဲလို့ပြောချင်ပေမယ့် သူမထိုသို့မပြောနိုင်ပါဘူး. သူမလုပ်ခဲ့တဲ့ကိစ္စကို တခြားသူတစ်ယောက်အား အပြစ်မလွှဲချချင်ပါဘူး.

"ကျွန်မမယူထားဘူး. အတန်းတက်စရာရှိသေးတယ်. ရှင်နဲ့စကားပြောနေဖို့ အချိန်မရှိသေးဘူး. ဘိုင်." ကုနင်းဘာပြောရမလဲ မသိတော့တာကြောင့် ထွက်ပြေးဖို့ပဲတတ်နိုင်တော့တယ်. သူမကျောပိုးအိတ်ကို ပြန်လွယ်ကာ ထွက်လာလိုက်တယ်.

လင်ရှောင်းထင်က သူမကိုမတားတာကြောင့် ကုနင်းအံ့ဩသွားတယ်. သူလက်လျှော့လိုက်တာလား?

ကုနင်းအထင်မှားသွားခဲ့ပါတယ်. ထိုလူက သူမကိုမတားဘဲနဲ့ နောက်ကနေလိုက်လာခဲ့တာပါ.

အစကတော့ သူတို့သွားရမယ့်လမ်းတူနေတယ်လို့ထင်လိုက်ပေမယ့် သူမသွားသမျှနောက်ကို ထိုလူကလျှောက်လိုက်နေတာပါ.

ထိုလူက သိသိသာသာကြီးကို သူမနောက်ကိုလိုက်နေတာပဲ.

"ရှင်ဘာလို့ ကျွန်မနောက်ကိုလိုက်နေတာလဲ?" ကုနင်းသည်းမခံနိုင်တော့ဘူး. သူ့ကို သေနတ်ပြန်ပေးလိုက်ရင်ကောင်းမလား?

"မင်းသေနတ်ပြန်ပေးတဲ့အထိ ငါလိုက်နေမှာ." လင်ရှောင်းထင်ပြောလိုက်တယ်.

ကုနင်းထပ်ပြီး ဆွံ့အသွားရပြန်တယ်. ဒါပေမယ့် သူမတကယ်သေနတ်ကိုပြန်မပေးချင်ပါဘူး.

ဒါကလွယ်လွယ်နဲ့မပြီးနိုင်မှန်းသူမသိပေမယ့် တစ်ခါလောက်တော့စမ်းကြည့်ရမှာပေါ့.

"သေနတ်က ကျွန်မနဲ့အတူရှိနေတယ်လို့ ထင်နေမှတော့ ရှာကြည့်လို့ရတယ်." ကုနင်းရှေ့တိုးလာပြီး သူမကိုယ်ပေါ် ရှာခိုင်းလိုက်တယ်.

လင်ရှောင်းထင် သတိလက်လွတ်နောက်တစ်ချက်ဆုတ်သွားမိတယ်. ပြီးတော့ မကြိုက်တဲ့အကြည့်တွေနဲ့ မျက်မှောင်ကြုတ်လိုက်မိတယ်.

"ကျွန်မ သေနတ်ကိုမယူထားဘူးလို့ပြောတော့ ရှင်မယုံဘူး. အခုရှာခွင့်ပေးတော့လဲ ရှင်မရှာပြန်ဘူး. ဒီတော့ ကျွန်မနောက်ကို ဆက်မလိုက်နဲ့တော့ မဟုတ်ရင် ရဲခေါ်ရလိမ့်မယ်." ကုနင်း သူ့ကိုခြိမ်းခြောက်လိုက်ကာ ချက်ချင်းလှည့်ထွက်သွားလိုက်တယ်.

ထိုအချိန်မှာတော့ လင်ရှောင်းထင် သူမနောက်ကို ဆက်မလိုက်တော့ပဲ ကုနင်း သူ့မြင်ကွင်းက ပျောက်သွားတဲ့အထိ ဆက်ရပ်နေတော့တယ်.

ဒါက သူအလျှော့ပေးလိုက်ပြီလို့ဆိုလိုတာမဟုတ်ဘဲ အမှုအခင်းတစ်ခုမဖြစ်သွားစေချင်ရုံပါ.

လင်ရှောင်းထင် သူမနောက်ကို ဆက်မလိုက်တော့တာကို မြင်မှ ကုနင်းလဲ စိတ်အေးသွားတော့တယ်.

.................Part90End......................

စာစဉ်၆ပြီးပါပြီ.

All Chapters