အခန်း (၉၁-၉၅)
Vol. 7 Ch. 91-95
အခန်း ၉၁ သွေးအေးတယ်?
သူမလဲ လင်ရှောင်းထင်သေနတ်ရှာတွေ့သွားမှာကို မကြောက်ပေမယ့် အမှုအခင်းဖြစ်သွားမှာကို စိုးရိမ်မိတာပါ.
ကုနင်းကျောင်းကိုပြန်ရောက်တော့ အတန်းစဖို့ ၅မိနစ်သာလိုတော့တာကြောင့် အပေါက်ကနေ အခန်းထဲကို ချက်ချင်းပြေးရတော့တယ်.
သူမစာသင်ဆောင်ထဲကို ဝင်လိုက်တော့ တစ်စုံတစ်ယောက်က သူမလမ်းမှာပိတ်ရပ်နေခဲ့တယ်. သူမသာ အချိန်မှီမရပ်ခဲ့ရင် ထိုလူနဲ့ဝင်တိုက်ပြီးနေလောက်ပြီ.
ထိုလူက ချင်ကျန်းဖြစ်နေတာကိုတွေ့လိုက်ရတော့ သူမစိတ်တိုသွားတယ်. သူ့ကိုရှောင်ချင်တာကြောင့် ချက်ချင်းထွက်သွားဖို့လုပ်လိုက်တယ်.
"ကုနင်း, ငါတို့စကားပြောလို့ရမလား?" ချင်ကျန်းမေးလိုက်တယ်.
ကုနင်း သူ့စာကို သောကြာနေတုန်းက ပြန်ဖြေတာကြောင့် သူစိတ်တိုသွားပေမယ့် သူမကိုလဲစိတ်ပူတာကြောင့် စနေနေ့က စာထပ်ပို့ခဲ့ပေမယ့် ရလဒ်ကတော့အတူတူပါပဲ.
ဒါကြောင့် ချင်ကျန်း ကုနင်းကို ဖုန်းပဲခေါ်ကြည့်လိုက်တဲ့အခါမှာတော့ ကုနင်းက သူ့ကိုဘလော့ခ်ထားမှန်းသိလိုက်ရတယ်. ထို့ကြောင့် ကုနင်းကို သူအရမ်းစိတ်တိုသွားကာ နောက်ကျရင် သူမအကြောင်းတွေကို ဂရုမစိုက်တော့ဖို့ ဆုံးဖြတ်လိုက်တယ်.
ကုနင်းကို တနင်္လာနေ့တုန်းက မတွေ့ရ၍ မုခယ်ကို သွားမေးဖို့လုပ်သေးပေမယ့် အဲ့လိုလုပ်ဖို့ကျပြန်တော့လဲ ရှက်နေမိတယ်.
ပြီးတော့ ဒီနေ့မနက် ကုရှောင်ရှောင်ဆီကနေ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သတင်းကြားခဲ့ပါတယ်.
"ငါနင်နဲ့ပြောစရာဘာအကြောင်းမှမရှိဘူး." ကုနင်းရှင်းရှင်းပဲပြောလိုက်ကာ ချင်ကျန်းကိုရှောင်ချင်ခဲ့ပေမယ့် ထပ်ပြီးတော့ အတားခံလိုက်ရပြန်တယ်.
ကုနင်းရဲ့ အေးစက်တဲ့အပြုအမူက ချင်ကျန်းကို ပိုစိတ်တိုသွားစေကာ ဒေါသသံနဲ့,
"ကုနင်း, မင်းဘာလို့ဒီလောက်တောင် သွေးအေးရတာလဲ? ငါက မင်းအိမ်ဟောင်းကနေပြီးနှင်ထုတ်ခံရတယ်ကြားလို့ ကူညီပေးချင်ရုံတင်ပါ."
"ငါက သွေးအေးတယ်? ငါ့ကို ကူညီမယ်?" ထိုစကားကိုကြားတော့ ကုနင်းထေ့ငေါ့ပြောရင်းရယ်လိုက်မိတယ်. ပြီးတော့ သူ့ကို မနှစ်သက်တဲ့အကြည့်နဲ့ ကြည့်လိုက်ရင်း,
"ချင်ကျန်း, နင်တော်တော်စိတ်ကြီးဝင်တာပဲလို့ နင့်ကို ဘယ်သူမှမပြောဖူးဘူးလား?"
"မင်း..." ကုနင်းရဲ့အရှက်ခွဲခြင်းခံလိုက်ရတာကြောင့် ချင်ကျန်းပိုစိတ်တိုသွားတယ်.
သူက သူမကိုကူညီချင်တယ်လို့ပြောတာပေမယ့် သူမကတော့ သူ့ကို စိတ်ကြီးဝင်တယ်လို့ပြန်ပြောခဲ့တယ်.
ချင်ကျန်းပုံစံက ကုနင်းရဲ့စကားကို အပြည့်အဝနားမလည်သေးပုံပဲ.
"ပြီးတော့, ငါက ဘယ်လိုလုပ် သွေးအေးတဲ့လူဖြစ်သွားရတာလဲ? ငါနင်နဲ့ စကားမပြောချင်ရုံနဲ့ဖြစ်သွားတာလား? နင့်အကူအညီကို ငါမလိုဘူး. နင်က နင့်ရဲ့အကူအညီမလိုအပ်တဲ့လူတစ်ယောက်ကို အရမ်းတွေကူညီချင်နေတာပဲ. အဲ့ဒါ ရယ်စရာမကောင်းဘူးလား?" ကုနင်း တုံ့ဆိုင်းခြင်းမရှိဘဲ တဖန်သူ့ကို အရှက်ခွဲလိုက်ပြန်တယ်.
"ကုနင်း, မင်း..." ချင်ကျန်းမျက်နှာတစ်ခုလုံးနီရဲသွားကာ မျက်လုံးထဲကနေတောင် ဒေါသမီးတွေတောက်လောင်နေတယ်.
"ငါနဲ့ဝေးဝေးနေ မဟုတ်ရင် အဲ့ဒါအတွက် ပြန်ပေးဆပ်စေရမယ်." ကုနင်း သူ့ကို ခြိမ်းခြောက်လိုက်ပြီး ထွက်သွားတော့တယ်.
ချင်ကျန်း ကုနင်းနဲ့ဆက်ပြီး ငြင်းခုန်ချင်နေသေးပေမယ့် သူမရဲ့သတိပေးစကားကိုကြားလိုက်ရတော့ ဘာပြန်ပြောရမှန်းမသိတော့ဘဲ ကြောက်လန့်သွားတယ်.
တစ်ချိန်တည်းမှာပဲ, သူအရှက်ခွဲခံလိုက်ရတယ်လိုလဲခံစားလိုက်ရကာ သူ့ဒေါသတွေပြေဖို့ အခုချက်ချင်းကုနင်းကို သင်ခန်းစာကောင်းကောင်းပေးလိုက်ချင်တယ်. တစ်ချိန်တည်းမှာပဲ, သူမမှာဆိုးဆိုးဝါးဝါးကိစ္စတွေဖြစ်သွားတာကိုလဲ မမြင်ချင်ပြန်ဘူး. ဒီကောင်လေးရဲ့စိတ်ခံစားချက်တွေက ရှုပ်ထွေးနေခဲ့တယ်.
လှေကားပေါ်မှာတော့ ကုနင်းကို ကုရှောင်ရှောင် မျက်စောင်းထိုးကြည့်နေတယ်.
အစောနတုန်းက ချင်ကျန်းနဲ့ကုနင်းတို့စကားပြောနေကြတာကို သူမ မြင်လဲမြင်သလို ကြားလဲကြားခဲ့တယ်.
ကုနင်းကတော့ သူမကို လျစ်လျူရှုလိုက်ပေမယ့် ဖြတ်ကျော်သွားပြီးကာမှ ကုရှောင်ရှောင်ကို ရန်စသလိုကြည့်လိုက်တယ်.
ကုရှောင်ရှောင်သူမကို မျက်ရည်လည်ရွဲနဲ့ ကျရှုံးပျက်စီးတာမျိုးမြင်ချင်ပေမယ့် မလုပ်ရဲပါဘူး.
ဘာလို့လဲ? ဘာလို့ ချင်ကျန်းက ကုနင်းကို ကူညီချင်ရတာလဲ? သူက အခုချိန်မှာ ကုရှောင်ရှောင်ရဲ့ ရည်းစားလေ!
မဟုတ်မှ ကုနင်းရဲ့လက်တလောပြောင်းလဲမှုတွေကြောင့် ချင်ကျန်းသူမကို တကယ်ချစ်မိသွားတာလား?
မဟုတ်ဘူး, မဖြစ်နိုင်ဘူး!
ကုနင်းပြောင်းလဲသွားရင်တောင်မှ သူမက ဆင်းရဲနေတုန်းပဲ. ချင်ကျန်းနဲ့လဲ မလိုက်ဖက်ဘူး.
ချင်ကျန်းလှည့်လိုက်တော့ သူ့ရှေ့မှာ ဒေါသတွေနဲ့ကုရှောင်ရှောင်ကိုတွေ့လိုက်ရတယ်. ချက်ချင်းပဲ တစ်ခုခုတော့ လွဲနေပြီဆိုတာကို ချင်ကျန်းသိသွားကာ,
"ရှောင်ရှောင်, ကိုယ့်ကိုစိတ်မဆိုးပါနဲ့. သူအရင်ကဖြစ်ခဲ့တာတွေအတွက် အပြစ်ရှိသလိုခံစားရလို့ ကူညီပေးချင်ရုံပါ." ချင်ကျန်းရှင်းပြလိုက်တယ်.
"ဒါပေမယ့် သူအခုအဆင်ပြေနေသားပဲ!" ကုရှောင်ရှောင် အထွန့်တက်လိုက်တယ်. သူမ ချင်ကျန်းကို အပြစ်ရှာနေတာမဟုတ်ပါဘူး. ချင်ကျန်းက ကုနင်းကို ကူညီပေးချင်နေတာကြောင့် မကျေမနပ်ဖြစ်ရုံပါ.
"သူအခုအဆင်ပြေနေတာကို ကိုယ်သိတာပေါ့. ဒါပေမယ့် ဒီလိုတွေဖြစ်တာအားလုံးက ကိုယ်တို့ကြောင့်လေ. မင်းလဲသိသားပဲ,ကိုယ်က သွေးအေးတဲ့လူမဟုတ်ဘူးလေ. ဒီလိုဆိုးရွားတာတွေလုပ်ရတာလဲ မင်းကြောင့်ပဲ. ဒါနဲ့တောင် အခုထိ ကိုယ့်သစ္စာရှိမှုကို မယုံကြည်သေးဘူးလား?" ချင်ကျန်း ကျွမ်းကျင်စွာပဲလိမ်ညာလိုက်တယ်.
ချင်ကျန်းရဲ့ရှင်းပြမှုကြောင့် ကုရှောင်ရှောင်ပိုပြီး ခံစားရသက်သာသွားပေမယ့် သူ့ကိုသတိတော့ပေးလိုက်သေးတယ်,
"ကုနင်းကို နောက်ဘယ်တော့မှ စကားလဲမပြောနဲ့ ကူညီဖို့လဲမလုပ်နဲ့တော့. သူအိမ်ဟောင်းကနေ ကန်ထုတ်ခံရတယ်ဆိုတာလဲ သူနဲ့တန်လို့ပဲ."
ကုရှောင်ရှောင်ရဲ့မျက်လုံးထဲမှာတော့ ကုနင်းနဲ့ပတ်သတ်တာမှန်သမျှ ကုနင်းလုပ်တာမှန်သမျှဟာ မှားယွင်းနေတာတွေကြီးပါပဲ.
"ကောင်းပါပြီ. ကောင်းပါပြီ. အတန်းတောင်စတော့မယ်. သွားကြရအောင်!" ချင်ကျန်းအေးဆေးပဲပြန်ဖြေလိုက်တယ်. သူကိုယ်တိုင်တောင် ကုရှောင်ရှောင်အပေါ်ထားတဲ့ သူ့သဘောထားတွေပြောင်းလဲသွားတာကို သတိမထားမိသေးပါဘူး.
ကုရှောင်ရှောင် ဘာမှတော့ထပ်မပြောတော့ပေမယ့် အခုဆို ကုနင်းကို အရင်ကထက်ပိုပိုပြီး မုန်းနေပါပြီ.
..................
ညနေခင်းအတန်းတွေပြီးချိန်မှာတော့, လင်ရှောင်းထင် သူမနောက်ကို လိုက်နေတယ်ဆိုတာ ထပ်ပြီးသတိမထားမိလိုက်ပြန်ပါဘူး.
ညနေခင်းမှာ ကျောင်းဝတ်စုံဆင်တူဝတ်ထားတဲ့ ကျောင်းသားတွေအများကြီးရောနေတာတောင်မှ လင်ရှောင်းထင်မှာ ကုနင်းကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနေပါသေးတယ်.
သူ ကုနင်းကို တွေ့တော့ သူမက ဘက်စ်ကားလဲမစီးသလို တက္ကစီလဲမစီးဘဲ ပြေးပြီးအိမ်ပြန်တာကြောင့် သူအံ့ဩသွားတယ်.
ကုနင်းက အတိုက်အခိုက်တော်ကောင်းမှန်း သူသိထားပေမယ့် ဒီလိုညအချိန်မှာ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ထဲ အိမ်ကို ပြေးပြီးပြန်တာက အန္တရာယ်များပါတယ်.
လင်ရှောင်းထင်အစက ကုနင်းဆီကသေနတ်ကိုပြန်ယူဖို့ ကြံထားပေမယ့် အခုတော့ ထိုမိန်းကလေးကို စိုးရိမ်နေမိပြန်တယ်. ရုတ်တရက် သူ့ရည်ရွယ်ချက်ကိုတောင်မေ့သွားကာ ကုနင်းကို တိတ်တဆိတ်လိုက်ကာကွယ်ပေးဖို့လုပ်လိုက်တယ်.
သူတို့ ဖန်ဟွားအဆင့်မြင့်အိမ်ရာနဲ့နီးကပ်လာတာတောင်မှ လင်ရှောင်းထင် သတိမထားမိသေးပါဘူး.
သူမက ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာနေတာလား?
ကုနင်းဆီက သေနတ်ကို ယူဖို့ လင်ရှောင်းထင်ချဉ်းကပ်လာခဲ့ပေမယ့် သူမက သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်နဲ့စကားပြောကာ အတူတူဝင်သွားကြတယ်.
ထိုလူက ကုနင်းရဲ့အဖေဖြစ်မယ်လို့ လင်ရှောင်းထင် ယုံကြည်မိလိုက်ပေမယ့် ထိုလူဘယ်သူဖြစ်ဖြစ်ကိစ္စမရှိပါဘူး. ကုနင်းနားမှာ တခြားသူရှိနေချိန်မှာတော့ သူသွားမှာမဟုတ်ပါဘူး.
ထို့ကြောင့် အိမ်လိပ်စာသိရအောင် ကုနင်းနောက်ကိုဆက်လိုက်, လိုက်တယ်.
သက်လတ်ပိုင်းလူကြီးကတော့ ကျန်းရွှီဖြစ်ပါတယ်. ကုချင်က သစ်သီးစားချင်တယ်ဆိုတာကြောင့် သွားဝယ်ပြီးပြန်လာချိန် ကုနင်းနဲ့ မထင်မှတ်ပဲ ဆုံတာပါ.
သွားနေရင်းနဲ့, ကုနင်းကို ဆိုင်ငှားတဲ့အကြောင်းပြောပြနေတယ်. ငှားရမ်းဈေးက ယွမ်၅သိန်းကျသင့်ပါတယ်. သူ၅နှစ်စာငှားခဲ့ကာ နှစ်စဉ်ငှားရမ်းကြေးကိုပေးရမှာပါ.
ဆိုင်ခန်းက ရှုပ်ပွနေသေးတာကြောင့် ပိုင်ရှင်က အရင်သန့်ရှင်းရေးလုပ်ဖို့လိုနေသေးတာကြောင့် စာချုပ်ကို နောက်တစ်ပတ် တနင်္လာနေ့လောက်မှ ချုပ်ဖြစ်တော့မှာပါ.
ဒီနေ့က အင်္ဂါနေ့ဖြစ်တာကြောင့် နောက်၅ရက်လောက်လိုပါသေးတယ်.
ဒီကြားထဲ ကျန်းရွှီလုပ်စရာကိစ္စတွေအများကြီးရှိပါသေးတယ်. သူ ဆိုင်ခန်းကို မှတ်ပုံတင်ဖို့လဲလိုသလို, ထုတ်လုပ်သူတွေနဲ့ဆက်သွယ်ဖို့တွေ ဝန်ထမ်းခန့်ဖို့တွေ စသဖြင့်လုပ်စရာတွေရှိနေပါသေးတယ်.
.................Part91End......................
ဖီးနစ်သွေးစက်
အခန်း ၉၂ မီးတောက်နီအဖွဲ့
မှတ်ပုံတင်ဖို့အတွက်ကတော့ ကုနင်း သူမရဲ့အဆက်အသွယ်တွေကိုသုံးရင် အမြန်ဆုံးပြီးလိမ့်မယ်လို့ ယုံကြည်ပါတယ်. ပထမဆုံးတွေးမိတဲ့လူကတော့ ချင်ယီဖန်းပါပဲ.
တကယ်လို့ ချင်ယီဖန်းမကူညီနိုင်ရင်လဲ နောက်တစ်နည်းစဉ်းစားလို့ရပါတယ်.
ကားကိုတော့, လူကြီးတွေက Mercedes-Benz ဒါမှမဟုတ် Barbarin Motor Workမျိုးတွေသဘောကျကြပါတယ်.
ကျန်းရွှီက ကုချင်းရှန်ရဲ့ Mercedes-Benz ကိုမြင်ပြီးထဲက သဘောကျသွားပါတယ်. ဒါကြောင့် Mercedes-Benz ကိုဝယ်လိုက်ကာ ယွမ်၄၈၆,၀၀၀ပေးရပါတယ်.
ကုနင်းက ကျန်းရွှီကြိုက်ရင်ပြီးရော ဘာမှမပြောပါဘူး.
ကျန်းရွှီ ကွန်ပျူတာတစ်လုံးလဲဝယ်ထားပြီး မနက်ဖြန်ကျရင် အလုပ်သမားတွေလာကာ တပ်ဆင်ပေးမှာဖြစ်တယ်.
ဒီတော့ ကုနင်းလဲ သူမတို့အိမ်အတွက်ပါ တပ်ပေးရန် ကျန်းရွှီကိုပြောလိုက်တယ်.
သူမမှာသာ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးရှိရင် ပိုပြီးအဆင်ပြေမယ်လို့ ကုနင်းတွေးမိပါတယ်.
လင်ရှောင်းထင်ကတော့ ကုနင်းတို့ ဇုံGကိုမရောက်ခင်အထိ တောက်လျှောက်လိုက်နေကာ သူတို့အထဲကို ဝင်မသွားခင်အထိ သူပြန်မထွက်သွားသေးပါဘူး.
လင်ရှောင်းထင် သူ့ကားကိုပြန်မောင်းလာပြီး အချိုးအကွေ့ပေါင်းများစွာကို ဖြတ်ကျော်ပြီးချိန်မှာတော့ သူ့အိမ်ကိုရောက်လာပါတယ်. သူအခု ဇုံCတွင် နေထိုင်နေတာပါ.
ဒီဇုံတွေထဲက ဗီလာတွေမှာနေတဲ့လူတွေက အရမ်းချမ်းသာတာ ဒါမှမဟုတ် အာဏာရှိတဲ့လူတွေဖြစ်ကြတယ်.
လင်ရှောင်းထင်က မြို့တော်Fမှာမနေပါဘူး. ဒါကြောင့် ဒီမှာ အိမ်လဲအတည်တကျမဝယ်ထားပါဘူး. အခုသွားနေတာကလဲ သူ့အရင်းနှီးဆုံးသူငယ်ချင်း ရှုကျင်းချန်ရဲ့အိမ်ပါ.
ရှုကျင်းချန်ကလဲ မြို့တော်Fမှာမနေပါဘူး. အားလပ်ရက်နေဖို့သာ ရည်ရွယ်ထားပေမယ့် အလုပ်ကိစ္စတစ်ခုအတွက် သူ့ဘော့စ်ရဲ့ ဖိအားပေးခံရတာကြောင့်သာ ဒီမှာယာယီနေနေတာပါ.
အခုတော့ ရှုကျင်းချန်က အိမ်နေရင်းမီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အဖြူရောင်ဆိုဖာပေါ်တွင် ခြေကားယာလက်ကားယားထိုင်ကာ တီဗီကြည့်နေရင်း တစ်ချိန်တည်းမှာပဲ မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်မှုကိုလဲ ဝေဖန်နေပါသေးတယ်.
မသိရင် သူ့ပုံစံက တစ်ယောက်ထဲစကားပြောနေတဲ့ငပေါကြီးကျနေတာပဲ.
မြို့တော်Fမှာ သူငယ်ချင်းတွေအများကြီးမရှိပါဘူး. ဒီကို အလုပ်ကြောင့်ပဲလာရတာဆိုတော့ တခြားပျော်စရာလဲမရှိပါဘူး. ဒါကြောင့် အိမ်မှာပဲ တီဗီကြည့်နေကာ တစ်ယောက်ထဲ စကားပြောဖို့ပဲလုပ်စရာရှိပါတယ်.
ရှုကျင်းချန်မှာ လင်ရှောင်းထင်ကို မုန်းမိတော့လုနီးပါးဖြစ်နေပါပြီ. သူ့ဆီကို လင်ရှောင်းထင် ကြုံတောင့်ကြုံခဲလာလည်ခဲ့ပေမယ့် အခုတော့ ရှာစရာရှိလို့ဆိုပြီး ထွက်သွားတာကြောင့် ရှုကျင်းချန်မှာ ပျင်းနေရတယ်.
လင်ရှောင်းထင် ရှိနေရင်တောင် စကားအများကြီးတော့မပြောပေမယ့် အနည်းဆုံးတော့ တစ်ယောက်ထဲအထီးကျန်စွာ အိမ်မှာမနေရတော့ဘူးပေါ့.
သူ့အလုပ်ကြောင့်သာမဟုတ်ရင် ရည်းစားထားနေပြီးလောက်ပြီ.
ဒါကိုတွေးနေရင်း သရုပ်ဆောင်တွေနမ်းတာကို ကြည့်နေရတာ ရှုကျင်းချန်ရင်တောင်နာလာမိတယ်.
ရုတ်တရက် အပြင်ဘက်က ဆူဆူညံညံအသံကြောင့် လင်ရှောင်းထင်ပြန်လာတာမှန်းသိလိုက်၍ ချက်ချင်းပဲ မတ်မတ်ပြင်ထိုင်လိုက်တယ်.
စစ်တပ်ကလူတစ်ယောက်အနေနဲ့, သူမနေချင်ရင်တောင်မှ သူ့ဘော့စ်ရဲ့ရှေ့မှာတော့ ကောင်းကောင်းနေမှရမယ်လေ. မဟုတ်ရင် အပြစ်တင်ခံရတာတွေ အပြစ်ပေးခံရတာတွေဖြစ်လာနိုင်တယ်.
ဒါက လင်ရှောင်းထင်ရဲ့ လေ့ကျင့်ပေးမှုနဲ့ အပြစ်ပေးမှုကို လေးစားတာမျိုးဆိုရင်တောင် ဒါက နှိပ်စက်ခြင်းတစ်မျိုးပါပဲ. ဘာလို့ဆိုသူက အရမ်းရက်စက်တယ်လေ. ရှုကျင်းချန် သူ့ကိုယ်သူအနှိပ်စက်ခံရမှာမျိုးတော့မဖြစ်ချင်ပါဘူး.
"ရှောင်းထင်, မင်းဘယ်သွားခဲ့တာလဲ?" ရှုကျင်းချန်မေးလိုက်တယ်.
"မင်းအလုပ်မဟုတ်ဘူး." လင်ရှောင်းထင်ပြန်ဖြေလိုက်တယ်.
ရှုကျင်းချန် စိတ်လေသွားတယ်.
လင်ရှောင်းထင်သာမပြောပြချင်ရင် သူဘယ်လိုမေးမေးရမှာမဟုတ်တာကို သိပြီးသားဖြစ်တာကြောင့် ပါးစပ်သာပိတ်ထားလိုက်တော့တယ်.
လင်ရှောင်းထင် ဖိနပ်အပါးလဲစီးလိုက်ကာ အပေါ်ထပ်ကိုတက်သွားလိုက်တယ်. ပြောရမယ်ဆိုရင်တော့ သူ ရှုကျင်းချန်နဲ့ စကားမပြောချင်ဘူးပေါ့.
သူ ရှုကျင်းချန်ကို မကြိုက်လို့မဟုတ်ဘဲ အရင်ထဲကကို တိတ်တဆိတ်နေတတ်တာကြောင့်ပါ. သူနဲ့ရင်းနှီးပြီးသားလူတွေကတော့ ဒါနဲ့ အသားကျနေကြပါပြီ.
လမ်းတစ်ဝက်ရောက်တော့ လင်ရှောင်းထင်ရပ်လိုက်ကာ ရှုကျင်းချန်ကိုကြည့်လိုက်ပြီး,
"ငါဒီမှာ ကြာကြာနေဖြစ်ဦးမယ်. အဝတ်အစားတွေစီစဉ်ပေးထားဦး."
လင်ရှောင်းထင်ရဲ့ အဝတ်အစားရွေးချယ်ပုံက တော်တော်ဆိုးဝါးပါတယ်. သူ့ရဲ့စစ်ဝတ်စုံ ဒါမှမဟုတ် အနက်ရောင်ဝတ်စုံတွေကိုသာ ဝတ်လေ့ရှိတယ်.
တစ်ဖက်မှာတော့ ရှုကျင်းချန်ရဲ့မိသားစုက အဝတ်အစားပိုင်းလုပ်ငန်းကဖြစ်တာကြောင့် ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ အဝတ်အစားအသစ်တွေတန်းရောက်လာမှာပါ.
"ဘာ?"
ရှုကျင်းချန်ရဲ့ မျက်လုံးတွေပြူးကျယ်ကုန်တယ်. သူကြားလိုက်ရတာကိုတောင် မယုံကြည်နိုင်ဘူး.
လင်ရှောင်းထင် အဝတ်အစားစီစဉ်ခိုင်းတာကို အံ့ဩတာမဟုတ်ဘဲ ဒီမှာအကြာကြီးနေမဘ်ဆိုတာကြောင့် အံ့ဩသွားတာပါ.
ဘာတွေဖြစ်ကုန်တာလဲ? သူနောက်ဆုံးတော့ အားလပ်ရက်ယူတော့မယ်ပေါ့?
လင်ရှောင်းထင်လဲ ရှုကျင်းချန်ဘာကိုအံ့အားသင့်နေမှန်းသိပေမယ့် ဘာမှထပ်တော့မပြောပါဘဲ အပေါ်ထပ်ကိုသာ ဆက်တက်သွားတော့တယ်.
ရှုကျင်းချင်နောက်ဆုံးတော့ သူ့အသိပြန်ကပ်သွားတော့တယ်. လင်ရှောင်းထင်အခုလို နားရက်ယူတာအတွက် သူဝမ်းသာမိတယ်. အထူးသဖြင့် မီးတောက်အဖွဲ့ဝင်အားလုံး ဒါကိုမြင်သင့်တယ်.
တကယ်တော့ မီးတောက်အဖွဲ့မှာလုပ်စရာတွေအများကြီးမရှိပါဘူး. လင်ရှောင်းထင်က ကပ္ပတိန်ဖြစ်တာကြောင့် ပိုလို့တောင် ကိစ္စတိုင်းလိုက်လုပ်နေဖို့မလိုပါဘူး. မီးတောက်အဖွဲ့ထဲကလူတိုင်းမှာ ကိုယ်ပိုင်အထူးစွမ်းအားတွေရှိပြီးသားဖြစ်ပေမယ့် လင်ရှောင်းထင်ကတော့ သူ့ဘဝကို အလုပ်နဲ့ပဲ အချိန်ကုန်နေခဲ့တယ်. တာဝန်က သိပ်အန္တရာယ်များရင်တော့ သူဘေးထွက်နေလေ့ရှိပေမယ့် အရမ်းအန္တရာယ်များရင်တော့ သူသေချာပေါက် ဝင်ပါပါတယ်.
သူတို့မှာ တစ်နှစ်ကို ၁-၂လလောက် အားလက်ရက်ရကြပေမယ့် လင်ရှောင်းထင်ကတော့ ဘယ်တော့မှအားလပ်ရက်မယူပါဘူး.
လင်ရှောင်းထင်က အမြဲတမ်း အလွန်အန္တရာယ်များပြီး ပျင်းစရာကောင်းတဲ့ဘဝကြီးမျိုးမှာပဲ နေထိုင်ခဲ့ပါတယ်. သူ့ရဲ့အဖွဲ့သားတွေတောင်မှ ထိုသို့မနေနိုင်ပါဘူး. ဒါကြောင့် အတော်များများက လင်ရှောင်းထင်ကို အနားယူဖို့ပြောကြပေမယ့် ဘယ်တုန်းကမှ နားမထောင်ခဲ့ပါဘူး.
လင်ရှောင်းထင်က အားလပ်ရက်ယူဖို့ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ရှုကျင်းချန်မှာ သူ့ကပ္ပတိန်အေးဆေးအနားယူလို့ရအောင် ပြင်ဆင်ပေးရတော့မှာပေါ့.
အခုတော့, မီးတောက်နီအဖွဲ့နဲ့မိတ်ဆက်ပေးပါရစေ.
မီးတောက်နီအဖွဲ့က နိုင်ငံထဲမှာတော့ အမြင့်ဆုံးအဆင့်စစ်တပ်အဖွဲ့ပါ. သူက နိုင်ငံအတွက်ထမ်းဆောင်ပေးနေရတာဆိုရင်တောင်မှ နိုင်ငံရဲ့အထိန်းချုပ်ခံနေရတာတော့မဟုတ်ပါဘူး. သူ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာရှိပါတယ်.
ဘာလို့လဲဆိုတော့ မီးတောက်နီအဖွဲ့သည် အလွန်သန်မာပြီး နိုင်ငံအပေါ် သစ္စာစောင့်သိတာကြောင့်ပါ. နိုင်ငံကမည်သည့် ပြဿနာနဲ့ပဲရင်ဆိုင်ရပါစေ မီးတောက်နီအဖွဲ့ကတော့ နိုင်ငံကို ရှေ့ဆုံးကကာကွယ်ပေးမဲ့အဖွဲ့ပါပဲ.
မီးတောက်နီအဖွဲ့မှာ ယောက်ျားလေး၁၂ယောက်သာပါဝင်ပေမယ့် တစ်ယောက်ချင်းစီတိုင်းက အလွန်သန်မာပြီး စွမ်အားကြီးကြပါတယ်. ပြီးတော့ မီးတောက်အဖွဲ့ဝင်တိုင်းမှာ စစ်ထဲ၌ရာထူးခိုင်ခိုင်မာမာရှိကြပါသေးတယ်. လူတိုင်းက စစ်တပ်ကိုလဲ ခွန်အားဖြည့်ပေးနိုင်ပါသေးတယ်.
လင်ရှောင်းထင်ကတော့ ဗိုလ်ချုပ်ကြီးဖြစ်ပြီး နိုင်ငံ့သမိုင်းမှာတော့ သူက အသက်အငယ်ဆုံးဗိုလ်ချုပ်ကြီးဖြစ်ပါတယ်.
သူ အခုလို ဗိုလ်ချုပ်ကြီးရာထူးကို ရခဲ့တာက နောက်ခံကောင်းလို့မဟုတ်ဘဲ သူကိုယ်တိုင် သာမာန်ထက်လွန်ကဲတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာကြောင့်ပါ.
ရှုကျင်းချန်ကလဲ အောင်မြင်မှုအကြီးစားတွေကိုရရှိထားတဲ့ အကြီးတန်းကာနယ်တစ်ယောက်ဖြစ်ပေမယ့် ထိုအောင်မြင်မှုအများစုက လင်ရှောင်းထင်ရဲ့လက်အောက်ကနေလုပ်ဆောင်ထားတာပါ. သူ့ရဲ့စွမ်းဆောင်ရည်ကလဲ လင်ရှောင်းထင်နဲ့ တော်တော်ကြီးယှဉ်လို့ရပါတယ်.
မီးတောက်အဖွဲ့ထဲက ဘယ်သူမ လင်ရှောင်းထင်ကိုမလေးစားဘဲ မနာခံတဲ့သူမရှိပါဘူး.
ရှုကျင်းချန်က လင်ရှောင်းထင်ထက်တော့ အဆင့်နိမ့်ပေမယ့် တကယ်တမ်းသူ့ရဲ့ ရာထူးကလဲ အရမ်းကိုမြင့်ပါတယ်.
လင်ရှောင်းထင်က ကပ္ပတိန်ဖြစ်တာကြောင့် သူအားလပ်ရက်ယူမယ်အကြောင်းတခြားသူတွေကို ပြောပြဖို့ရန်မလိုအပ်ပါဘူး. ကိစ္စတစ်ခုခုဖြစ်ရင် သူ့အဖွဲ့သားတွေ ဖုန်းလှမ်းဆက်လို့ရနေတာပဲ.
ကုနင်းနဲ့ ကျန်းရွှီတို့နှစ်ယောက်လုံး ကုနင်းရဲ့အိမ်ကိုပဲတန်းသွားလိုက်တယ်. ဘာလို့ဆို ကုချင်နဲ့ ကျန်းရှင်းရွှယ်တို့က ထိုအိမ်ကိုရောက်နေလို့လေ.
ကျန်းရှင်းရွှယ် ၉တန်းကျောင်းသူဖြစ်ပါတယ်. သူမညနေခင်းအတန်းတွေတက်ဖို့ရှိပေမယ့် မိဘတွေက သူမလုံခြုံရေးကို စိုးရိမ်တာကြောင့် ညနေခင်းအတန်းတွေကို မတက်ခိုင်းပါဘူး.
.................Part92End......................
ဖီးနစ်သွေးစက်
အခန်း ၉၃ လင်ရှောင်းထင်ရဲ့ လိမ်လည်ခံရခြင်း
အလယ်တန်းကျောင်းတွေက အထက်တန်းကျောင်းတွေလို စည်းကမ်းမတင်းကြပ်တဲ့အပြင် ကျန်းရှင်းရွှယ်ကလဲ စာတော်တာကြောင့် ညနေပိုင်းအတန်းတွေမတက်လို့အဆင်ပြေပါတယ်.
အထက်တန်းကျောင်း, အထူးသဖြင့် အထက်တန်းတတိယနှစ်တွင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့လိုအပ်ပါတယ်. ဒါကြောင့် မင်းကသာအတန်းထဲမှာ ထိပ်ဆုံး၁၀ယောက်ထဲမပါရင် ညနေပိုင်းအတန်းမတက်လို့မရပါဘူး. မဖြစ်မနေကိစ္စရပ်တွေရှိရင်တော့ ရပါတယ်.
ကုနင်းကတော့ ဒီလပတ်စာမေးပွဲမှာ အဆင့်ကောင်းကောင်းရပြီးရင် ညနေပိုင်းအတန်းတွေမတက်တော့ဖို့ ဆုံးဖြတ်ထားပါတယ်.
သူမအခုအားနေတယ်လို့ထင်ရပေမယ့် တကယ်တော့ အချိန်မရှိသလိုခံစားရပြီး လုပ်ချင်တာတွေလဲမလုပ်နိုင်ပါဘူး.
ဒါ့အပြင်, သူမကုမ္ပဏီတည်ထောင်ပြီးသွားရင် အတန်းတက်ဖို့အချိန်မပေးနိုင်တော့ပါဘူး.
အခုချိန်မှာ သူမနေ့လည်ပိုင်းအတန်းတွေမတက်ရင်တောင်မှ အမှတ်ကောင်းကောင်းရဖို့ဆိုတာ မခက်ခဲတော့ပါဘူး.
အတိတ်တုန်းကတော့ ကုနင်းအိမ်ရောက်ရင် အထီးကျန်သလိုခံစားရပေမယ့် အခုတော့ သူမချစ်ရတဲ့မိသားစုဝင်တွေရှိနေတာကြောင့် နေ့ရက်တိုင်းသည် ပျော်စရာကောင်းနေပါတယ်.
မိသားစုနှစ်ခုသည် အမြဲတမ်းအတူတကွရှိနေကြကာ စကားပြောကြ တီဗီကြည့်ကြနဲ့ ၁၂နာရီမထိုးမချင်း လူစုမခွဲကြပါဘူး.
ကုနင်း သူမဖုန်းကို ယူလိုက်ပြီး မအိပ်ခင်အထိ သူငယ်ချင်းတွေနဲ့စကားပြောနေလိုက်တယ်.
နောက်တစ်နေ့မှာတော့ ကုနင်းပုံမှန်အတိုင်း အိပ်ရာစောစောထပေမယ့် သူမဇုံGကနေထွက်ချိန်မှာပဲ သူမကို အပြင်မှာစောင့်နေတဲ့ လင်ရှောင်းထင်နဲ့ တိုက်မိတော့တယ်.
ကုနင်းရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်သွားတယ်.
ဒီလူက နေရာတိုင်းလိုလိုမှာ ရှိနေတော့တာပဲ!
သူမအမှားလုပ်ခဲ့တာကို ကုနင်းသိတာကြောင့် ထိုလူ သူမနောက်ကို လိုက်လာတာဖြစ်စေ မတော်တဆဆုံသွားတာဖြစ်စေ အပြစ်မတင်တော့ပါဘူး.
ဒီလို သူမနောက်ကို နောက်ယောင်ခံလိုက်ခံရတာကို မုန်းနေတာတောင်မှပေါ့.
လင်ရှောင်းထင်ကတော့ ကုနင်းစိတ်ထဲဘာဖြစ်နေတယ်ဆိုတာကို ဂရုစိုက်မနေဘဲ သူမကိုမြင်လိုက်တာနဲ့ တန်းပြီး လျှောက်သွားလိုက်တော့တယ်.
"မင်းပြဿနာမတက်ချင်ရင် ငါ့ကို သေနတ်ပြန်ပေးလိုက်တာကောင်းမယ်." လင်ရှောင်းထင် ပုံမှန်အတိုင်းအေးစက်စက်ပြောလိုက်ပေမယ့် သူလုပ်နေကျလိုမျိုး ကုနင်းကိုမခြိမ်းခြောက်ပါဘူး. ကြည့်ရတာ သူမကို ဖိအားမပေးချင်ဘူးထင်တယ်.
"ရှင်ဘာလို့ ကျွန်မကိုမယုံတာလဲ?" ကုနင်း ငြင်းလိုက်တယ်.
လင်ရှောင်းထင် ဘာတစ်ခွန်းမှထပ်မပြောတော့ပေမယ့် သူ့ပုံစံက စိတ်ပိုင်းဖြတ်ထားပြီးပုံရတယ်.
ကုနင်းလဲ ထိုလူက သူမကို လွယ်လွယ်နဲ့လွှတ်းပေးမှာမဟုတ်မှန်းသိပါတယ်, သူမသာ သေနတ်ပြန်မပေးရင် ဘယ်တော့မှအလွတ်မပေးလောက်ပါဘူး. တကယ်လို့ ကုမန့်သာ ကုနင်းမြို့တော်Gမှာဖြစ်ခဲ့တာတွေကို သိသွားရင် အခြေနေတွေ ဆိုးကုန်လိမ့်မယ်.
ကုနင်းဝန်ခံခါနီးလေးမှာပဲ နောက်ဆုံးတစ်ခေါက်အနေနဲ့ကြိုးစားကြည့်လိုက်တယ်,
"သေနတ်တစ်လက်ပျောက်လောက်ပျောက်တာက ကိစ္စကြီးလဲ မဟုတ်ပါဘူး. စစ်တပ်အရာရှိတွေမှာ သေနတ်ဆိုတာ ပြတ်တယ်လို့မှမရှိဘဲ, မဟုတ်ဘူးလား?"
"မင်းက စစ်တပ်က ဒါမှမဟုတ် ရဲအရာရှိတစ်ယောက်မဟုတ်ရင် ကိုယ်တိုင်သေနတ်ကိုင်ဆောင်တာက ဥပဒေနဲ့မညီဘူး." လင်ရှောင်းထင်ပြောလိုက်တယ်.
"လူဆိုးတွေ သေနတ်ကိုင်ကြတာကျတော့ရော? ရှင် သူတို့နဲ့ကျ ဘာလို့ သွားပြောတာလဲ?" ကုနင်း အထွတ်တက်မေးလိုက်ပြန်တယ်.
"ဒီကိစ္စနှစ်ခုက မတူဘူးလေ." လင်ရှောင်းထင်ပြောလိုက်တယ်.
"ရှင်သက်သေအရင်ပြလေ! ရှင်သက်သေပြနိုင်ရင် ကျွန်မကို ဖမ်းနိုင်တယ်." ကုနင်းပြောလိုက်တယ်.
"ငါ့မှာ သက်သေပြစရာ ထောက်လှမ်းရေးတုန်းက မှတ်တမ်းဗီဒီယိုရှိတယ်." လင်ရှောင်းထင်ပြန်ဖြေလိုက်တယ်.
ကုနင်း ဆွံ့အသွားကာ ဒီတစ်ကြိမ်တော့ ဘာမှပြန်မပြောနိုင်တော့ဘူး.
အရှက်မရှိ လင်ရှောင်းထင်ရဲ့စကားတွေအထိတော့ သူသံသယမဝင်ပါဘူး. ပြီးတော့ သူက စစ်အရာရှိတစ်ယောက်လေ ဘယ်လိုလုပ်လိမ်ပြောမှာလဲ.
ထားပါတော့, ဒါသူမအမှားပဲ. နောက်မှ မှောင်ခိုဈေးကနေ တစ်လက်လောက်ဝယ်ထားဖို့ ဆုံးဖြတ်လိုက်တော့တယ်.
ကုနင်း ဖုန်းကိုထုတ်ကာ လင်ရှောင်းထင်ထံကမ်းပေးလိုက်ပြီး,
"သေနတ်က လောလောဆယ်ကျွန်မဆီမှာမဟုတ်ဘူး. ရှင့်ဖုန်းနံပါတ်ပေးထား. ကျွန်မအားရင်ယူလာခဲ့ပေးမယ်."
သေနတ်ကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားတာကြောင့် အခုချိန်ထုတ်ဖို့အဆင်မပြေသေးပါဘူး.
လင်ရှောင်းထင်ခနတော့ တွေးနေတယ်. သူ ကုနင်းရဲ့ဖုန်းကိုကြည့်နေပေမယ့် ချက်ချင်းတော့မယူပါဘူး. မိန်းကလေးတစ်ယောက်ရဲ့ပစ္စည်းကို ကိုင်ဖို့ ရှက်ကိုးရှက်ကန်းဖြစ်နေသလိုပုံထင်ရပေမယ့် သူ့နှလုံးသားထဲမှာတော့ နဲနဲလေးတောင် တွန့်ဆုတ်မနေပါဘူး. ခနနေတော့မှ ကုနင်းရဲ့ ဖုန်းထဲ သူ့နာမည်နဲ့ ဖုန်းနံပါတ်ထည့်ပေးလိုက်တယ်. ပြီးတော့ ကုနင်းဖုန်းနဲ့ပဲ သူ့ဖုန်းကို ခေါ်လိုက်ကာ ကိုင်ပြီးတော့မှ ကုနင်းကို ဖုန်းပြန်ပေးလိုက်တော့တယ်.
ကုနင်းလဲ ဖုန်းကိုပြန်ယူလိုက်ပြီး တစ်ချက်ကြည့်ကာ မသဲမကွဲအသံနဲ့,
"လင်ရှောင်းထင်, နာမည်နဲ့တော်တော်လိုက်တာပဲ. အေးစက်တဲ့လူ."
ထိုစကားကိုကြားတော့ လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားတယ်. သူ့ကို လူတော်တော်များများ အေးစက်တဲ့လူလို့ ခေါ်တာကြားဖူးပေမယ့် ကုနင်း ထိုသို့ခေါ်တာကိုတော့ မကြားလိုပါဘူး.
"ကောင်းပြီ, ကျွန်မကျောင်းသွားရတော့မယ်. ထပ်ပြီး ကျွန်မလမ်းမှာ ပိတ်မရပ်နဲ့တော့. ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် သေနတ်ကို ပြန်ပေးမယ်." ပြီးတော့ လင်ရှောင်းထင်ကို ကုနင်းလျစ်လျူရှုလိုက်ကာ ထွက်သွားတော့တယ်.
လင်ရှောင်းထင် သူမကို လိမ်လည်သွားမှန်းတော့ သူမ,မသိလိုက်ပါဘူး. တကယ်တော့ ဘာမှတ်တမ်းဗီဒီယိုမှမရှိပါဘူး.
ကုနင်းထွက်သွားတာကို ကြည့်နေရင်း လင်ရှောင်းထင် စိတ်ခံစားချက်တွေရှုပ်ထွေးလာခဲ့တယ်. ဒီမိန်းကလေးက အမြဲတမ်း သူမုန်းတဲ့အရာတွေပဲလုပ်နေပေမယ့် သူမကိုတော့ မုန်းဖို့ခက်နေတယ်ဆိုတာ သူသိလိုက်ရတယ်.
ကုနင်းပြေးထွက်သွားတော့မှ လင်ရှောင်းထင် မျက်နှာပြောင်းလဲသွားကာ အသံနှိမ့်ပြီးပြောလိုက်တယ်,
"အခုချက်ချင်း ထွက်လာစမ်း!"
အမှောင်ထဲမှ ရှုကျင်းချန်ကိုယ်မှာတော့ တောင့်တင်းသွားကာ, သေစမ်း!
သူထွက်ပြေးချင်ပေမယ့် မလုပ်ရဲပါဘူး.
နောက်ဆုံးတော့ ရှုကျင်းချန်ထွက်လာရကာ,
"ဘော့စ်, ကျွန်တော်...." လင်ရှောင်းထင် သူ့ကို မယုံမှာမှန်းသိတာတောင်မှ ရှုကျင်းချန် ရှင်းပြဖို့ကြိုးစားလိုက်တယ်.
လင်ရှောင်းထင်ကတော့ သူ့ကို ရှင်းပြခွင့်နည်းနည်းလေးတောင်မပေးဘဲ ပြောလိုက်တယ်,
"၂၀ကီလိုမီတာ."
ရှုကျင်းချန်ရဲ့ မျက်နှာ ချက်ချင်းကို ဖြူဖျော့သွားတော့တယ်.
သူအပြစ်ပေးခံရတော့မယ်ဆိုတာကို သိထားတာတောင်မှ တကယ်တမ်းအပြစ်ပေးခံလိုက်ရတော့ သူ့ရင်တောင်နာကျင်သွားရတယ်.
အထူးတပ်က အကြီးတန်းစစ်သားတစ်ယောက်အတွက် ကီလိုမီတာ၂၀ဆိုတာ ဘာမှမဟုတ်ပေမယ့် သူအခု ဖိနပ်ပါးလေးပဲစီးထားတာလေ! ဖိနပ်အပါးလေးပဲစီးထားရတာ!
ဒါတွေအားလုံးက လင်ရှောင်းထင် မနက်စောစောစီးစီးဘယ်သွားတယ်ဆိုတာ သူစပ်စုချင်တာကြောင့်ဖြစ်ရတာ.
ဒါပေမယ့် အခုလေးတင် ထိတ်လန့်စရာမြင်ကွင်းတစ်ခုကို မြင်ထားခဲ့ရတာကြောင့် မကြာခင်မှာပဲ အားရှိသွားပါတယ်.
သူ့ဘော့စ်က မနက်ခင်းစောစော မိန်းမတစ်ယောက်ကိုလာတွေ့တယ်, မဟုတ်သေးဘူး, မိန်းကလေးတစ်ယောက်! ထိုမိန်းကလေးက အရင်တစ်ပတ်တုန်းက ဆေးရုံကို လိုက်ပို့ခဲ့ရတဲ့ ကျောင်းသူလေးဖြစ်မှန်း သူမှတ်မိပါတယ်.
ဒီကိစ္စတွေက သူ့အမြင်တွေကိုတောင် ကျော်လွန်သွားပြီ. ဘော့စ်နောက်ဆုံးတော့ ပြောင်းလဲသွားခဲ့ပြီ.
ဒါပေမယ့် မိန်းကလေးက အခုမှ၁၈နှစ်လောက်ရှိတဲ့ အထက်တန်းကျောင်းသူလေးလေ. သူတို့နှစ်ယောက်တွဲဖို့ သင့်တော်ပါ့မလား?
ဘာပဲဖြစ်ဖြစ် ဘော့စ်သဘောကျနေသ၍ ဒါတွေက အရေးမကြီးပါဘူး.
အဘိုးလင်ကပြောပြီးသား, လင်ရှောင်းထင်ဘက်ကသာ လက်ထပ်ဖို့ ဆန္ဒရှိရင် မိန်းကလေးရဲ့နောက်ခံတွေဘာတွေအကုန်လုံးကို ဂရုမစိုက်ဘူးတဲ့.
ရှုကျင်းချန်ကသာ အဝေးကြီးတွေးပစ်နေတာ တကယ်တမ်းကျ လင်ရှောင်းထင်နဲ့ ကုနင်းကြားမှာ ဘာမှမဖြစ်သေးပါဘူး.
လမ်းမှာအချိန်ဖြုန်းလိုက်ရတာကြောင့် ကုနင်း ကျောင်းကိုအချိန်မှီမရောက်နိုင်ပါဘူး. ဒါကြောင့် သူငယ်ချင်းတွေကို WeChatကနေပြီး ပုံမှန်အတိုင်းပြေးထားဖို့ပြောလိုက်တယ်. အပျင်းကြီးပြီး လေ့ကျင့်ဖို့မပြီးတဲ့ ဘယ်သူမဆို အပြစ်ပေးခံရမှာဖြစ်ပြီး သတင်းပေးတဲ့ဘယ်သူ့ကိုမဆို ဆုပေးမယ်လို့လဲ ပြောလိုက်သေးတယ်.
.................Part93End......................
ဖီးနစ်သွေးစက်
အခန်း ၉၄ အန်းယီ
ဟောင်ရန်နဲ့ သူ့ညီအကိုတွေကတော့ တစ်ယောက်နဲ့တစ်ယောက်အချက်ပြကာ ရယ်နေကြတယ်. ဒါပေမယ့် အားလုံးက ကုနင်းအမိန့်ကို တော့ မနှောင့်နှေးစေဘဲ အမြန်ဆုံးအကောင်အထည်ဖော်ကြပါတယ်.
ရှုကျင်းချန်အတွက် ၂၀ကီလိုမီတာပြေးဖို့ တစ်နာရီနီးပါးအချိန်ယူလိုက်ရပါတယ်. သူတို့လေ့ကျင့်ရင် ပြေးတဲ့လေ့ကျင့်ခန်းက ပုံမှန်ပါနေကျပါ. ရှုကျင်းချန်အတွက်လဲ ကီလိုမီတာ၂၀ဆိုတာ ဘာမှမဟုတ်ပေမယ့် အခုက ဖိနပ်အပါးစီးထားရတာကြောင့် ပြေးရတာ သက်သောင့်သက်သာမဖြစ်ပါဘူး.
ရှုကျင်းချန်အိမ်ပြန်ရောက်တော့ ရေမချိုးခင် လင်ရှောင်းထင်ဆီအရင်သွားလိုက်ကာ,
"ဘော့စ်, အဲ့ကောင်မလေးနဲ့ ချိန်းတွေ့နေတာလား?"
ထိုစကားကိုကြားတော့ လင်ရှောင်းအထင် အေးစက်စက်ကြည့်လိုက်တာကြောင့် ရှုကျင်းချန်မှာ သတိလက်လွတ်နောက်ကို ဆုတ်လိုက်မိတယ်. ဒါပေမယ့် သူအရမ်းသိချင်နေတာကြောင့် အန္တရာယ်ကိုတောင် မမြင်တော့ပါဘူး. ပြီးတော့ လင်ရှောင်းထင်ကို သိချင်စိတ်ပြင်းပျတဲ့အကြည့်တွေနဲ့ ဆက်ကြည့်နေကာ အဖြေရဖို့မျှော်လင့်နေမိတယ်.
"မဟုတ်ဘူး." လင်ရှောင်းထင် ငြင်းလိုက်တယ်.
"မဟုတ်ဘူး? ဒါဆို ဘာလို့စောစောစီးစီး အဲ့ကောင်မလေးကိုသွားတွေ့တာလဲ?" ရှုကျင်းချန် သူ့ပြောတာကို မယုံကြည်ပါဘူး.
"မင်းအခုတော်တော်အားနေလား?" လင်ရှောင်းထင် ပုံမှန်လိုပဲမေးလိုက်ပေမယ့် ရှုကျင်းချန်ကတော့ အန္တရာယ်အငွေ့အသက်တွေကို ခံစားလိုက်ရတယ်.
သူ့မျက်နှာ အကြောတွေတောင် တောင့်တင်းလာတော့တယ်. သူတကယ်လို့ နောက်တစ်ခွန်းလောက်လေးပဲထပ်ပြောလိုက်မယ်ဆိုရင်တောင် ထပ်ပြီးအပြစ်ပေးခံရမယ်မှန်း ခန့်မှန်းမိနေတယ်.
"မင်းနဲ့ အဲ့ကောင်မလေးနဲ့ မတွဲဘူးဆိုမှတော့ ငါ စမ်းကြည့်ရတာပေါ့. ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်ငါ့မှာ ချစ်သူလဲမရှိဘူးဆိုလေ. နှစ်ယောက်လုံးကလဲ ဖန်ဟွားအိမ်ရာမှာနေတာဆိုတော့ ချိန်းတွေဖို့ ကွက်တိပဲ." ရှုကျင်းချန် ပြောနေရင်းနဲ့ လင်ရှောင်းထင်မျက်နှာအမူအရာပြောင်းလဲမှုကိုလဲ ကြည့်နေပါသေးတယ်.
ဟုတ်ပါတယ်, ရှုကျင်းချန် တမင်သက်သက်ပြောနေတာပါ.
မမျှော်လင့်ထားဘဲ လင်ရှောင်းထင်ရဲ့မျက်နှာက ပုံမှန်အတိုင်းရှိနေတာကြောင့် ရှုကျင်းချန် ကြံရခက်သွားတယ်.
လင်ရှောင်းထင် ပုံမှန်အတိုင်းအေးဆေးဖြစ်နေတုန်းပေမယ့် သူ့နှလုံးသားထဲမှာတော့ နေမထိထိုင်မသာဖြစ်နေပါတယ်. ဘာလို့ အခုလိုဖြစ်တာလဲဆိုတာတော့ သူမသိပါဘူး. ဒါကြောင့် ရှည်ရှည်ဝေးဝေးလဲ ဆက်မတွေးနေတော့ဘူး.
လင်ရှောင်းထင် စိတ်ထဲမှာဘာဖြစ်နေလဲဆိုတာတော့ ရှုကျင်းချန်မသိပေမယ့် သူအဆင်ပြေနေမှန်းတော့သိပါတယ်. လင်ရှောင်းထင်က ဘယ်တော့မှ မလိုအပ်ဘဲ မိန်းမတစ်ယောက်နားနီးနီးကပ်ကပ်မနေပါဘူး.
ဒါပေမယ့် ဒီကျောင်းသူလေးကတော့ ကွာခြားနေပါတယ်. နောက်ဆုံးတစ်ခေါက်တုန်းက သူမကို ဆေးရုံအထိခေါ်သွားပေးခဲ့သလို ဒီနေ့လဲ စောစောစီးစီးသွားတွေ့နေပါသေးတယ်.
ဒါ ပုံမှန်လုံးဝမဟုတ်ဘူး!
ရှုကျင်းချန် ကိုယ်တိုင်စုံစမ်းရန် စိတ်ကိုပြင်ဆင်လိုက်တယ်. လင်ရှောင်းထင်ကမပြောပြမှတော့ ကောင်မလေးကိုပဲ သွားစုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်.
နေ့လည်ရောက်တော့ ကျိုးကျန်းဟုန် ကုနင်းကို ဖုန်းဆက်လာခဲ့တယ်.
ဒါက စီးပွားရေးကိစ္စတွေဖြစ်တာကြောင့် သူမတမင်ဘေးရှောင်နေခဲ့တာပါ.
"ဟိုင်း, ဦးလေးကျိုး." ကုနင်းဖုန်းကိုင်လိုက်ပြီး စနှုတ်ဆက်လိုက်တယ်.
"ဘော့စ်, အခုဖုန်းပြောလို့အဆင်ပြေလား?" ကျိုးကျန်းဟုန်မေးလိုက်တယ်.
"ရပါတယ်, ပြောပါ." ကုနင်းဖြေလိုက်တယ်.
"ကျွန်တော် ဒီဇိုင်နာတစ်ယောက်နဲ့ ပန်းပုဆရာနှစ်ယောက်တွေ့ထားပြီးပြီ. သူတို့လဲ ကျွန်တော့်လိုပဲ မင်းနဲ့ အလုပ်လုပ်ချင်ကြတယ်. ပြီးတော့ ကုမ္ပဏီနေရာနဲ့ စက်ရုံကိုလဲ ရှာထားပြီးပြီ. အခန်းကတော့ စတုရန်းမီတာ၂၀၀လောက်ကျယ်ပြီး မြို့လယ်ကောင်မှာ. ငှားခကတော့ တစ်နှစ်ကို ယွမ်၅သိန်းလောက်ကျတယ်. စက်ရုံကတော့ ရှေးဟောင်းဈေးနဲ့ မြို့လယ်ကြားက စက်မှုဇုံမှာ. အကျယ်က ၁၆၀စတုရန်းမီတာလောက်ရှိတယ်. နှစ်နေရာလုံးနဲ့ ၁၀မိနစ်လောက်စီပဲသွားရတယ်. ဝေးလဲမဝေးဘူး အရမ်းလဲမနီးဘူး. သူ့ရဲ့တစ်နှစ်ငှားခကတော့ ယွမ်၂သိန်းခွဲ. ဘယ်လိုလဲ,ဘော့စ်?" ကျိုးကျန်းဟုန် တရစပ်ပြောကာ မေးလိုက်တယ်.
"အဆင်ပြေပါတယ်. ဦးလေးဆုံးဖြတ်ချက်အတိုင်းပဲလုပ်ပါ." ကျိုးကျန်းဟုန်ကို လုပ်ငန်းကိစ္စလုပ်ပိုင်ခွင့်အကုန်ပေးထားပြီးကတည်းက သူ့ကိုယုံကြည်ထားဖို့ရွေးလိုက်ပါတယ်.
ကျိုးကျန်းဟုန်ကလဲ ကုနင်းသဘောတူမှာကို သိပြီးသားပေမယ့် လေးစားသမှုနဲ့ အကြံဉာဏ်တောင်းကြည့်တာပါ.
"ကောင်းပြီလေ. ပြီးတော့ စက်ပစ္စည်းကောင်းတာတွေလဲ ကျွန်တော်ဝယ်ထားတယ်. နောက်၂ရက်ဆို ရောက်မှာ. ပြင်ဆင်ပြီးသားတိုက်ခန်းကလဲ စာချုပ်ချုပ်ပြီးသွားပြီ. ဘယ်ချိန်ဖြစ်ဖြစ်ရွှေ့လာလို့ရတယ်." ကျိုးကျန်းဟုန် ကျန်နေသေးတာတွေလဲ ထပ်ပြောလိုက်တယ်.
"ကောင်းတာပေါ့, ကျေးဇူးပါ, ဦးလေးကျိုး. ဒီပိတ်ရက်ကျ ကျွန်မလာပြီး စာရွက်စာတမ်းအားလုံးလုပ်ပေးမယ်. အိုး, ပြီးတော့ ကျောက်အလောင်းအစားလုပ်တဲ့လမ်းမှာ ကျောက်ရိုင်းအသစ်တွေရောက်လားလဲ သွားကြည့်ထားပေးဦးနော်." ကုနင်းပြောလိုက်တယ်.
ပြီးခဲ့တဲ့ပိတ်ရက်က ကုနင်းကျောက်စိမ်းတွေအများကြီးဖြတ်နိုင်ခဲ့တာကြောင့် ထိုဆိုင်တွေတွင် ရောင်းအားတွေအရမ်းကောင်းသွားမယ်ဆိုတာ ကုနင်းသိပါတယ်.
တကယ်လို့ သူတို့အများကြီးရောင်းလိုက်ရရင် နောက်ထပ်အများကြီး ပြန်ဝယ်ဖြည့်ထားမှာပဲ. ဒါဆို ကုနင်းအတွက် ရွေးစရာတွေလဲ ပိုများသွားမယ်.
တကယ်လို့ ရွေးစရာအသစ်မရှိဘူးဆိုရင် ကျောက်စိမ်းလဲ ထပ်ရမှာမဟုတ်တော့ပါဘူး.
ကျိုးကျန်းဟုန် ချက်ချင်းပဲပြန်ဖြေလိုက်တယ်,
"ကိစ္စမရှိဘူး! ကျွန်တော် ခနနေသွားရှာလိုက်မယ်. ပြီးတော့ကားကလဲ မနက်ဖြန်ဆိုရပြီး. ပြီးရင် ကျွန်တော်သွားယူထားလိုက်မယ်."
ပြီးတော့ ဖုန်းမချခင် အကြာကြီးဆက်ပြောဖြစ်ကြတယ်, ဒါပေမယ့် ဖုန်းချပြီးသွားတော့ ကုနင်းနည်းနည်းစိတ်ပူလာတယ်.
ဒီတစ်ပတ်မြို့တော်Gကိုသွားဖို့ ကုမန့်ကိုဘယ်လိုပြောရပါ့မလဲ?
အိုး, ဟုတ်သား. မုခယ်ကို အကြောင်းပြလို့ရတာပဲ. သူမအမေကို မုခယ်က မြို့တော်Gကနောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့သွားကြည့်ရမှာကြောင့် သူတို့လဲ လိုက်စစ်ဆေးရမှာလို အကြောင်းပြဖို့ဆုံးဖြတ်လိုက်တယ်.
နေ့လည်စာစားပြီးတော့ ကုနင်းနဲ့ သူငယ်ချင်းတွေအကုန် သစ်တောလေးရှိရာသို့သွားကြတယ်.
တစ်ချိန်တည်းမှာပဲ သစ်တောလေးထဲမှာတော့ ရက်စက်တဲ့ တိုက်ပွဲတစ်ခုဖြစ်နေတယ်. မဟုတ်သေးဘူး တိုက်ပွဲမဟုတ်ဘူး. ကောင်လေးတစ်ယောက်ကို နောက်ထပ်ကောင်လေး၃ယောက်က တစ်ဖက်သတ် ရိုက်နှက်နေတာပါ.
ထိုကောင်လေးက မြေပေါ်တွင်လဲကျနေကာ သူ့ကိုယ်ပေါ်ကျရောက်နေတဲ့ လက်သီးချက်တွေ ခြေကန်ချက်တွေကို ခံယူရင်း ခေါင်းကိုမထိအောင် သူ့လက်မောင်းတွေနဲ့ ကာကွယ်နေရတယ်.
သူပြန်မတိုက်ခိုက်ချင်လို့မဟုတ်ဘဲနဲ့ ပြန်မတိုက်ခိုက်နိုင်လို့ အခုလိုခံနေရတာပါ.
ထို့နောက် နောက်ကောင်လေးတစ်ယောက်က အေးစက်တဲ့လေသံနဲ့,
"အန်းရီမင်းကိုယ်မင်းကြည့်ဦး! ငါ မင်းကို မကြည်တာ အရမ်း, အရမ်းကိုကြာနေပြီ. မင်းအဖေက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ ဥက္ကဌဆိုတော့ ငါမင်းကို ရန်မစရဲခဲ့ဘူး. အခုတော့ မင်းအဖေလဲ ဥက္ကဌရာထူးကပြုတ်သွားပြီ. ပြီတော့ မင်းရဲ့ မိထွေးမိန်းမပျက်မကလဲ ငွေတွေယူပြီး သူ့ချစ်သူနဲ့ထွက်ပြေးသွားပြီ. အခုဆို မင်းတို့မိသားစု ငွေရှင်တွေကြောင့် ဒုက္ခရောက်တော့မယ်. ဒီတစ်ပတ်ထဲ ရင်းနှီးငွေတွေ မင်းပြန်မပေးနိုင်ရင် မင်းတို့မိသားစု ဒေဝါလီခံကြောင်းကြေညာရတော့မယ်. မင်းပြန်သွားပြီး ကုမ္ပဏီကို ငါ့အဖေဆီရောင်းလိုက်ဖို့ မင်းအဖေကိုသာ သွားပြောလိုက်စမ်းပါ. ဒီလိုဆို မင်းတို့မိသားစုလဲ ရှင်သန်နိုင်မယ်. မဟုတ်ရင်တော့ ဒေဝါလီခံရပြီး အကြွေးတွေအများကြီးတင်သွားမယ်ဆို မကောင်းဘူးလေ."
အန်းရီ? အဲ့ဒါ သူမကို အရင်နေ့တုန်းက ကြိုက်တယ်လို့ပြောခဲ့တဲ့ ကောင်လေးမဟုတ်လား?
ပြီးတော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကလဲ မြို့တော်Fရဲ့ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်း၃ခုထဲက တစ်ခုမဟုတ်လား? သူ့ရဲ့ပိုင်ဆိုင်မှုကတင် ယွမ်သန်း၅၀၀လောက်ရှိပြီး မြို့တော်Fရဲ့ တတိယတန်းအချမ်းသာဆုံး မိသားစုတွေထဲကတစ်စုပဲ.
ဘာတွေဖြစ်ကုန်တာလဲ?
ကုနင်း ဘာမှမတွေးတတ်တော့ပါဘူး.
"မင်းဘယ်တော့မှ....." အန်းရီပြန်ပြောလိုက်ချင်ပေမယ့် အော်လိုက်ချိန် နာကျင်မှုကိုသာခံစားလိုက်ရတယ်.
ကုနင်းချက်ချင်းပဲ သူ့အသံလာရာဘက်ကို ပြေးသွားလိုက်တယ်.
ဟောင်ရန်နဲ့ ကျန်တဲ့လူတွေကတော့ ဘာမှန်းမသိပေမယ့် ချက်ချင်းလိုက်လာကြပါတယ်.
မကြာခင်မှာပဲ ကောင်လေး၃ယောက်က မြေပေါ်လဲနေတဲ့ နောက်ကောင်လေး၁ယောက်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်နေတာကို တွေ့လိုက်ရတယ်.
သုံးယောက်လုံးကလူစိမ်းတွေဖြစ်တာကြောင့် အန်းရီကို ရိုက်တာ ထိုထဲကတစ်ယောက်ပဲဖြစ်ရမယ်.
ကုနင်းဘာမှရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ သူတို့ထံအရှိန်နဲ့ပြေးဝင်တိုက်လိုက်တော့တယ်.
ထိုကောင်လေးတွေအကုန် ဘာဖြစ်မှန်းမသိလိုက်ခင်မှာပဲ ၁မီတာလောက်အထိလွင့်ထွက်သွားကြတယ်. သူတို့အကုန် မြေပေါ်အားပြင်းပြင်းနဲ့ပြုတ်ကျသွားကာ နာလွန်းလွန်း ဘာမှတောင်မပြောနိုင်တော့ဘူး.
ဟောင်ရန်နဲ့ ကျန်တဲ့လူတွေကတော့ ကုနင်းရဲ့ခွန်အားဘယ်လောက်ရှိလဲသိထားပြီးတာတောင်မှ အံ့ဩကာ မျက်လုံးတွေပြူးနေကြတယ်.
ဟ! မိုက်လှချည်လား!
.................Part94End......................
ဖီးနစ်သွေးစက်
အခန်း ၉၅ ကုမ္ပဏီတစ်ခုဝယ်ခြင်း, ကုမ္ပဏီတစ်ခုရောင်းခြင်း
အန်းရီမှာ ဝင်တိုက်လိုက်သံကို မကြားလိုက်ခင်အထိ ခေါင်းမထောင်နိုင်ခဲ့ပါဘူး. သူကြည့်လိုက်မိတော့ ရုတ်တရက် ဆွံ့အသွားတယ် .
မြေပေါ်လဲကျနေတဲ့ ကောင်လေးတွေကိုအရင်ကြည့်လိုက်ပြီးမှ အံ့ဩစွာနဲ့ သူ့ရှေ့မှာရပ်နေတဲ့ ကုနင်းကိုတွေ့သွားတယ်.
အန်းရီ ဒီလိုသနားစရာအခြေနေမျိုးမှာ သူ့ရဲ့နတ်ဘုရားမလေးနဲ့ တွေ့လိုက်ရတာကြောင့် အရမ်းရှက်သွားခဲ့တယ်. ဒါပေမယ့် ကုနင်းက သူ့ကိုကယ်ခဲ့တာကြောင့် ရှက်တာတွေအသာထားပြီး ကျေးဇူးတင်စကားပြောမှဖြစ်မယ်.
ဒါကြောင့် ကုနင်းဘက်ကိုလှည့်ကာ လေးလေးစားစားနဲ့ ကျေးဇူးတင်စကားပြောလိုက်တယ်,
"ကျေးဇူးအများကြီးတင်ပါတယ်, ကုနင်း."
"ရပါတယ်." ကုနင်းပြန်ဖြေလိုက်ပြီး ဟောင်ရန်တို့ကို ကြည့်လိုက်ကာ,
"သူ့ကို ကျောင်းဆေးပေးခန်းသွားဖို့ ကူညီပေးလိုက်ကြဦး."
ကုနင်းအသံကြားတော့မှ ဟောင်ရန်တို့အသိစိတ်ပြန်ကပ်သွားကာ ကျန်းထန်ပင်းနဲ့ ချင်းကျီရွှမ်းတို့က အန်းရီကို ရပ်လို့ရအောင်ကူပေးလိုက်ကြတယ်. ပြီးတော့မှ ကျောင်းဆေးပေးခန်းကို ခေါ်သွားကြတယ်.
အန်းရီရဲ့တစ်ကိုယ်လုံးနဲ့ မျက်နှာတွေမှာပါ အညိုအမဲဒဏ်ရာတွေရှိပေမယ့် ကံကောင်းစွာနဲ့ ထိုဒဏ်ရာတွေက အပေါ်ယံအရေပြားပေါ်တင်ပဲဖြစ်ကာ အရိုးကျိုးတာတွေတော့မရှိပါဘူး. ရက်ပိုင်းလောက်နားပြီးတာနဲ့ သက်သာသွားမှာပါ.
အခုလိုပုံစံနဲ့ အန်းရီတစ်ယောက်ထဲ အိမ်မပြန်နိုင်တာကြောင့် ဟောင်ရန်နဲ့ ချင်းကျီရွှမ်းတို့ကို အန်းရီကို အိမ်လိုက်ပို့ပေးဖို့တောင်းဆိုလိုက်တယ်.
ဟောင်ရန်က ဒီနေ့ကျောင်းကို ကိုယ်တိုင်ကားမောင်းလာပြီး ကျောင်းအပြင်ဘက်က ကားပါကင်မှာရပ်ခဲ့တာပါ.
အန်းရီ ပထမတော့ ရှက်သွားပေမယ့် သူကိုယ်တိုင်လဲ အိမ်ကိုမပြန်နိုင်ပါဘူး. ပြီးတော့ အခုလို သူ့မိသားစုပြဿနာတွေဖြစ်နေတဲ့အချိန်မှာ သူ့ကိုလာခေါ်ခိုင်းဖို့ကလဲ အဆင်မပြေပါဘူး.
သွားရင်းနဲ့ အန်းရီကို ဘာတွေဖြစ်ကြတာလဲဆိုတာ ကုနင်းမေးကြည့်လိုက်တော့ အန်းရီလဲ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေတယ်.
အစောကကောင်လေးပြောခဲ့သလိုပါပဲ, အန်းရီရဲ့ မိထွေးက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ စာရင်းကိုင်တစ်ဖြစ်လဲ သူ့အဖေရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့အတူ အပြင်မှာရှိတဲ့ငွေ ယွမ်သန်း၁၀၀အပြင် ဘဏ်ကနေပါ ယွမ်သန်း၃၀၀ချေးပြီး ထွက်ပြေးသွားခဲ့တယ်.
အခုတော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ, ကုမ္ပဏီကိုကယ်ဆယဖို့ ဒီတစ်ပတ်အတွင်း ငွေရှာမရရင် ရှန်းဟွာလုပ်ငန်းက လုံးဝဒေဝါလီခံလိုက်ရတော့မှာဖြစ်တယ်.
ပြီးတော့ လက်ရှိ ရှန်းဟွာလုပ်ငန်းရဲ့ အခြေအနေနဲ့ ဘဏ်ကနေ ငွေထပ်ချေးဖို့ကလဲ လုံးဝမဖြစ်နိုင်တော့ဘူး. အန်းရီရဲ့အဖေက သူ့အဆက်အသွယ်တွေဆီကနေ ငွေချေးဖို့ကြီးစားနေပေမယ့် ဘယ်သူကမှ သူ့ကို မချေးပေးကြပါဘူး.
ဘယ်သူမှ ယွမ်သန်းရာပေါင်းများစွာ သူ့ကိုမချေးပေးရဲကြပါဘူး.
ဒါကြောင့် အကြွေးတွေကို ဆပ်ဖို့ရန် အန်းရီရဲ့အဖေမှာ ကုမ္ပဏီကိုရောင်းဖို့နည်းလမ်းတစ်ခုထဲရှိနေပါတော့တယ်.
ကုမ္ပဏီကို ဈေးနှိမ်ပြီးပေးဝယ်ကြဖို့အတွက် အပြိုင်အဆိုင်ဝယ်သူတွေအများကြီးရှိနေတာကြောင့် အခုချိန်ထိ ဘယ်သူနဲ့မှ စာချုပ်မချုပ်ရသေးပါဘူး. ရဲတွေကလဲ အန်းရီမိထွေးနဲ့ စာရင်းကိုင်လူကို ရှာဖွေနေကြပေမယ့် အခုထိတော့အခြေနေမထူးသေးပါဘူး.
ဒါကိုကြားတော့ ဟောင်ရန်နဲ့ ချင်းကျီရွှမ်မှာ အန်းရီအတွက်စိတ်မကောင်းဖြစ်သွားကြပေမယ့် သူတို့မှာလဲ အန်းရီကို ကူညီပေးဖို့စိတ်ကူးမရှိကြပါဘူး.
ရင်းနှီးငွေပမာဏက အရမ်းများတာကြောင့် သူတို့လဲမတတ်နိုင်ကြပါဘူး.
ဒါပေမယ့် ကုနင်းကတော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို ဝယ်ယူဖို့ စိတ်ဆုံးဖြတ်ပြီးသွားပါပြီ.
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် မြို့တော်F ရဲ့ အကြီးမားဆုံး အိမ်ခြံမြေလုပ်ငန်းသုံးခုထဲမှ တစ်ခုဖြစ်ကာ အဆက်အသွယ်ကောင်းတွေလဲအများကြီးရှိတယ်. အခုချိန်မှာ ဒေဝါလီခံရလုနီးပါးဖြစ်နေပေမယ့် ရင်းနှီးငွေသာပြန်ရရင် မြန်မြန်ဆန်ဆန်ပဲ ပြန်လည်အဆင်ပြေသွားမှာပါ.
ဒါက ကုနင်းကိုယ်တိုင် အစကနေစပြီးတည်ထောင်တာထက်အများကြီးပိုကောင်းပါတယ်.
အန်းရီနေတဲ့နေရာက ကျောင်းနဲ့သိပ်မဝေးဘဲ ထိုအဆင့်မြင့်အိမ်ရာနေရာကိုရောက်ရန် မိနစ်၂၀သာမောင်းခဲ့ရပါတယ်. ဒီနေရာက ဖန်ဟွားအဆင့်မြင့်အိမ်ရာထက်တော့ အဆင့်နိမ့်ပေမယ့် ဖန်ဟွားကိုက လွန်ခဲ့တဲ့ ၇နှစ်လောက်ကမှတည်ဆောက်ထားတာပါ. ရှေးအရင်အချိန်တွေတုန်းကတော့ ဒီနေရာက အဆင့်မြင့်ဆုံးနေရာပါပဲ.
အန်းရီရဲ့မိသားစုက ဗီလာတစ်ခုတွေနေထိုင်ကာ ထိုဗီလာက ကြီးပေမယ့် ဘာမှမရှိသလိုပါပဲ. သူတို့ကုမ္ပဏီဒုက္ခရောက်ကတည်းက အိမ်ဖော်တွေကိုထုတ်ပစ်ရကာ အခုဆို အိမ်ဖော်တစ်ယောက်ငှားဖို့တောင် မတတ်နိုင်ကြတော့ပါဘူး.
ဒုတိယထပ်က စာဖတ်ခန်းထဲမှာတော့ အန်းရီအဖေ အန်းကွမ်းယောင်ထိုင်နေပါတယ်. ဒီအိမ်ထဲမှာနောက်ထပ်ဘယ်သူမှထပ်မရှိတော့တာကြောင့် အရမ်းကို တိတ်ဆိတ်နေပါတယ်.
အောက်ထပ်က တံခါးဖွင့်သံကိုကြားတော့ အန်းကွမ်းယောင်ချက်ချင်းမတ်သွားတယ်.
ဘယ်သူလဲ?
အခု သူနဲ့ အန်းရီကလွဲပြီး ဒီအိမ်သော့ဘယ်သူ့မှာမှမရှိဘူးလေ. ဒါပေမယ့် အန်းရီကျောင်းကပြန်လာလို့လား?
ဒါမှမဟုတ် ဟိုမိန်းမ ပြန်လာတာလား?
ဒါက မဖြစ်နိုင်မှန်းတွေးလိုက်မိတယ်. ထိုမိန်းမက ဘယ်လိုလုပ်ပြန်လာရဲပါ့မလဲ.
ထိုသို့တွေးနေရင် အန်းကွမ်းယောင် ထရပ်ပြီး အပြင်ဘက်ကိုထွက်လာလိုက်တယ်.
သူလှေကားထိပ်ကိုရောက်တော့ မျက်နှာကော ခန္ဓာကိုယ်မှာပါ ဒဏ်ရာတွေနဲ့ပြည့်နေတဲ့ အန်းရီကို ကျောင်းသားလေးနှစ်ယောက် တွဲခေါ်လာတာကို မြင်လိုက်ရတယ်. သူအရမ်းထိတ်လန့်သွားကာ ချက်ချင်း အောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်. ကုနင်းနဲ့ တခြားသူတွေကိုတောင်နှုတ်မဆက်နိုင်သေးဘဲ အန်းရီကိုပဲ စိုးရိမ်စွာနဲ့မေးလိုက်တယ်,
"ရှောင်ရီ, ဘယ်လိုဖြစ်လာတာလဲ?"
အန်းကွမ်းယောင်ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဖြစ်နေတယ်. သူ့သားရဲ့ဒဏ်ရာတွေကို စစ်ကြည့်ချင်ပေမယ့်လဲ သူလုပ်လိုက်မှ ပိုဆိုးသွားမှာကိုလဲ ကြောက်နေတယ်.
အန်းရီလဲ ဒီကိစ္စကိုဖုံးကွယ်ထားလို့မရမှန်းသိတာကြောင့် သူ့အဖေကို အားလုံးပြောပြလိုက်တယ်. အန်းကွမ်းယောက်ကတော့ ကိုယ့်သားသမီးအရိုက်နှက်ခံရတာကို ကြားရရင် ဖြစ်နေကျအတိုင်း စိတ်ဆိုးသွားပေမယ့် သူဘယ်လောက်စိတ်ဆိုးဆိုးအသုံးမဝင်ပါဘူး. ထိုကြောင့် လောလောဆယ်တော့ သူ့ဒေါသသူလျှော့ထားလိုက်ရတယ်.
ပြီးတော့ သူ့သားကိုကယ်ပေးခဲ့တဲ့ ကျောင်းသားလေးတွေကို ကျေးဇူးတင်ဖို့လုပ်လိုက်တယ်.
ထိုကလေးတွေက ဆယ်ကျော်သက်လေးတွေဖြစ်နေလို့ဆိုပြီး သူအထင်မသေးပါဘဲ တလေးတစားနဲ့ ကျေးဇူးတင်စကားပြောလိုက်တယ်,
"ဦးလေးရဲ့သားကို ကယ်ခဲ့ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်."
"ဒါထွေထွေထူးထူးမဟုတ်ပါဘူး." ကုနင်းနဲ့ ကျန်တဲ့လူတွေတစ်ပြိုင်တည်းပြောလိုက်ကြတယ်.
ပြီးတော့ ကုနင်း ကောင်လေးနှစ်ယောက်ဘက်ကိုလှည့်ကာ,
"အန်းရီကို သူ့အခန်းထဲခေါ်သွားပြီး အဝတ်အစားလဲဖို့ကူညီပေးလိုက်ကြပါဦး."
အန်းကွမ်းယောင်နဲ့ နှစ်ယောက်ထဲ စကားပြောချင်တာကြောင့် ကုနင်း သူတို့ကိုတမင် ပထုတ်လိုက်တာပါ.
"အိုး, မဟုတ်တာ, ဒီမှာပဲနေပါ. ဦးလေးလုပ်ပေးလိုက်ပါ့မယ်." အန်းကွမ်းယောင်က သူတို့ကို အလုပ်ထပ်မရှုပ်စေချင်တာကြောင့်တားလိုက်တယ်.
"လူကြီးမင်းအန်း, ရပါတယ်. သူတို့ကို လုပ်ခိုင်းလိုက်ပါ." ကုနင်းထပ်ပြောလိုက်တယ်.
"ဟုတ်တယ်, ကျွန်တော်တို့လုပ်ပေးလိုက်ပါ့မယ်." ဟောင်ရန်နဲ့ ချင်းကျီရွှမ်းတို့ကလဲ ထပ်ပြောလိုက်ကာ အန်းရီကိုတွဲပြီး အပေါ်ထပ်ကိုတက်သွားကြတော့တယ်.
အန်းကွမ်းယောင်လဲ အတင်းသူတို့နောက်လိုက်ပြီးပြောမနေတော့ပါဘူး. ဘာလို့ဆို ကုနင်းကို ဧည့်ခန်းထဲ တစ်ယောက်ထဲထားခဲ့ဖို့ မသင့်တော်ဘူးလေ. ဒါကြောင့် သူမကို ထိုင်ခိုင်းလိုက်ကာ ရေတစ်ခွက်ကမ်းပေးလိုက်တယ်.
"ကျေးဇူးပါ, လူကြီးမင်းအန်း." ကုနင်း ခွက်ကိုယူရင်း ကျေးဇူးတင်စကားပြောလိုက်တယ်.
ကုနင်း အန်းကွမ်းယောင်ကို ကြည့်လိုက်တော့ အသက်၄၀လောက်သာရှိသေးပေမယ့် ကိစ္စတွေအများကြီး ကြုံနေရတာကြောင့် ရှိရင်စွဲအသက်ထဲပိုရင့်နေတယ်.
ကုနင်းအချိန်ဖြုန်းမနေချင်တာကြောင့် အဓိပြောချင်တာကိုပဲ တည့်ပြောလိုက်တယ်,
"လူကြီးမင်းအန်း, တွေ့ရတာဝမ်းသာပါတယ်. ကျွန်မက ကုနင်းပါ. လူကြီးမင်းအန်းရဲ့ကုမ္ပဏီ အခုချိန်မှာ ဒုက္ခရောက်နေပြီး ရောင်းချင်နေတယ်လို့ ကြားတယ်. ပြီးတော့ ကျွန်မလဲ လူကြီးမင်းအန်းရဲ့ ကုမ္ပဏီကို အရမ်းစိတ်ဝင်စားနေတယ်. ကျွန်မသေချာပေါက် အသင့်တော်ဆုံးဈေးကိုပေးမှာပါ. ဘယ်လိုသဘောရပါလဲ, လူကြီးမင်းအန်း?"
"ဘာ?" ထိုစကားကိုကြားတော့ အန်းကွမ်းယောင် အလွန်အံ့ဩသွားတယ်. သူ့နားကိုတောင် သူမယုံကြည်နိုင်တော့ဘူး.
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှာ ဖြစ်နေတာတွေက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး. ကုနင်း ထိုအကြောင်းတွေသိနေတာကို အန်းကွမ်းယောင် မအံ့ဩပေမယ့် ၁၈နှစ်အရွယ်ကျောင်းသူလေးက သူ့ကုမ္ပဏီကိုဝယ်ချင်တယ်တဲ့လား?
လာနောက်နေတာလား?
ဒါပေမယ့် ကုနင်းကတော့ အရွယ်ရောက်ပြီးသား လူတစ်ယောက်လို့ တည်တည်ငြိမ်ငြိမ်ပြောနေတယ်. နောက်နေတဲ့ပုံလုံးဝမပေါက်ဘူး. ပြီးတော့ ဘယ်လိုလူကများ ဒီလိုအကြောင်းကို နောက်မှာလဲ?
ဒီအကြောင်းကိုတွေးမိတော့ အန်းကွမ်းယောင်မေးလိုက်တယ်,
"မင်းမိသားစုက ဝယ်ချင်တာလား?"