အခန်း (၉၆-၁၀၀)
Vol. 7 Ch. 96-100
အခန်း ၉၆ အခြောက်မဟုတ်ပါဘူး
"မဟုတ်ဘူး. ကျွန်မကိုယ်တိုင်ဝယ်ချင်တာပါ." အန်းကွမ်းယောင်နဲ့ ပူးပေါင်းဖို့အထိ ကုနင်းရည်ရွယ်ထားတာကြောင့် ဘာကိုမှ ဖုံးကွယ်မနေတော့ပါဘူး. ပြီးတော့ သူမအပေါ် ပိုပြီး လေးစားမှုရှိလာအောင် ရုပ်တည်လိုက်ရင်း,
"လူကြီးမင်းအန်း ကျွန်မက အရမ်းငယ်ပြီး ဘာမှမသိနားမလည်တဲ့ပုံပေါက်တာကြောင့် မယုံကြည်နိုင်မှန်းသိပါတယ်. ကျွန်မအရမ်းငယ်တာအမှန်ပါပဲ. ပြီးတော့ ဒီသဘောတူညီမှုက ယွမ်သန်းရာနဲ့ချီကျသင့်မှာ! ဘယ်လိုပဲဖြစ်ဖြစ် သဘောတူညီမှုစာချုပ်လုပ်တော့မယ်ဆိုကတည်းက ရှေ့နေတွေခေါ်ရဦးမယ်လေ. ပြီးတော့ စာချုပ်မှာ လက်မှတ်မထိုးမပြီးမချင်း အပေးအယူကဖြစ်မှာမဟုတ်ဘူးလေ. ဒီတော့ ကျွန်မဘက်က ဘာလို့ အကုန်အကျအများကြီးခံပြီး လူကြီးမင်းကို ထောင်ချောက်ဆင်ရမှာလဲ, ဟုတ်တယ်မလား?"
အန်းကွမ်းယောင် ကုနင်းကိုသာ စိုက်ကြည့်နေလိုက်ပြီး ဘာပြန်ပြောရမလဲမသိဖြစ်နေတယ်. ကုနင်းပြောတဲ့စကားတွေကို သူလက်ခံတာတာင်မှ ဒါက အမှန်လို့သိပ်မယုံကြည်နိုင်သေးဘူး.
အန်းကွမ်းယောင် ထိတ်လန့်နေစဲမှာပဲ ကုနင်းက စားပေါ်က စာရွက်တစ်ရွက်ကိုယူကာ နာမည်နဲ့ဖုန်းနံပါတ်ကိုရေးပြီး ကမ်းပေးလိုက်ကာ,
"လူကြီးမင်းအန်း, ဒါက ကျွန်မဖုန်းနံပါတ်ပါ. အခုက အချိန်လဲမရှိတော့ စကားအများကြီးပြောလို့အဆင်မပြေဘူး. ဒါပေမယ့် ဒီထက်ပိုပြီး ကျွန်မတို့စကားပြောကြည့်ပြီးရင်တော့ ရှင်ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်. ကျွန်မ ဒီနေ့လည်နဲ့ မွန်းလွဲပိုင်းမှာအားတယ်."
အန်းကွမ်းယောင် စာရွက်ကိုယူလိုက်ပြီး,
"ကောင်းပြီ. ကျုပ်စဉ်းစားလိုက်ပါ့မယ်."
တကယ်တော့ အန်းကွမ်းယောင် စိတ်ထဲလက်ခံပြီးနေပါပြီ. သူ့ကို တခြားဝယ်သူတွေက အရမ်းဈေးနှိမ်ထားကြတာဖြစ်တယ်. သူရောင်းဖို့သဘောတူလိုက်မယ်ဆိုရင် ငွေအမြောက်အမြားဆုံးရှုံးရမှာပါ.
ကုနင်းနဲ့ အန်းကွမ်းယောင်တို့စကားပြောပြီးချိန်မှာတော့ ဟောင်ရန်နဲ့ ချင်းကျီရွှမ်တို့ အောက်ထပ်ကိုဆင်းလာကြကာ ကျောင်းကိုပြန်ကြတော့တယ်.
ကုနင်းနဲ့ တခြားသူတွေသွားကြတော့ အန်းကွမ်းယောင်ချက်ချင်း အန်းရီအခန်းကိုသွားလိုက်ကာ ဒဏ်ရာတွေကို စစ်ဆေးကြည့်လိုက်တယ်.
အန်းကွမ်းယောင် ကုနင်းရဲ့အကြောင်းကို မေးကြည့်ချင်ပေမယ့် နောက်ဆုံးမှာတော့ လက်လျှော့လိုက်တယ်.
ကုနင်းနဲ့ သူမသူငယ်ချင်းတွေက အန်းရီဖြစ်တဲ့ကိစ္စကို ကျောင်းဆေးပေးခန်းက အထောက်အထားနဲ့ အတန်းပိုင်ဆရာမကို ပြောထားပေမယ့် အန်းရီအဖေက ကိုယ်တိုင် အန်းရီရဲ့ဆရာမထံထပ်ပြီး ဖုန်းဆက်လိုက်တယ်.
ညဘက် ကုနင်းအိမ်ပြန်ရောက်တော့ သူမမိသားစုတွေအကုန်လုံး မပျော်မရွှင်ဖြစ်နေတာကို တွေ့လိုက်ရတယ်. သူမမေးကြည့်လိုက်တော့ သူမတတိယဦးလေးကုချင်းရန်တို့မိသားစု လာမယ်သောကြာနေ့တွေပြန်ရောက်မည်ဖြစ်ကာ သူမတို့ကို သန်ဘက်ခါကျရင် တစ်နပ်လောက်အတူစားဖို့ ဖိတ်လိုက်တယ်လို့ပြောပါတယ်.
ကုချင်းရန်က မြို့တော်Fမှာမနေဘဲ မြို့တော်Gမှာနေတာပါ.
ကုချင်းရန်နဲ့ သူ့ဇနီးတို့နှစ်ယောက်လုံးက အစိုးရအလုပ်လုပ်တာကြောင့် သူတို့မှာ တစ်လကို ယွမ်သောင်းဂဏန်းလောက်ဝင်ငွေရှိကာ ဘဝကအဆင်ပြေနေတယ်. ဒါပေမယ့် မြို့တော်Gလို ဒုတိယတန်းမြို့တော်မှာတော့ အိမ်မဝယ်နိုင်သေးပါဘူး. သို့သော် မြို့တော်Fမှာတော့ အရင်နေ့တွေတုန်းကတင် ဒုတိယမြောက်အိမ်တစ်လုံးဝယ်ခဲ့ပါတယ်. ထိုအိမ်တွေကရတဲ့အိမ်ငှားခနဲ့တင် အိမ်အာမခံအတွက် လုံလောက်နေတာကြောင့် သူတို့အတွက် ပိုက်ဆံကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမရှိပါဘူး.
ကုမန့်သည် သူမအမေနဲ့ လင်လိကျွမ်းတို့နဲ့ အဆက်အသွယ်ဖြတ်ထားပြီးတာကြောင့် သူတို့နဲ့အတူမစားလိုပေမယ့် ကုချင်းရန်က သူမကိုဖိတ်တာကြောင့် မသွားဖို့ကမသင့်တော်ဘူးဖြစ်နေလေတယ်.
သူတို့ချင်းမရင်းနှီးဘူးဆိုရင်တောင် မောင်နှမတွေဖြစ်နေကြတုန်းပဲလေ. သူတို့က ကုမန့်အပေါ်ဘာမကောင်းတာမှမလုပ်ထားသလို ဘယ်တုန်းကမှလဲ မကူညီဖူးခဲ့ပါဘူး.
ကုနင်းကတော့ အကြံဉာဏ်မပေးနေပါဘူး. ဒီကိစ္စက ကုမန့်နဲ့ပဲဆိုင်တယ်လေ.
အဆုံးမှာတော့ ကုနင်းသဘောတူလိုက်တယ်, ဒါကြောင့် ကုနင်းလဲ မြို့တော်Gကို စနေနေ့မှသွားရန်ဆုံးဖြတ်လိုက်တော့တယ်.
ကုမိသားစုထဲကလူတွေ သူမကို မမြင်ချင်ကြမှန်းသိပေမယ့် ကုမန့်ကို စိုးရိမ်တာကြောင့် လိုက်သွားမှဖြစ်ပါမယ်.
ကုချင်နဲ့ ကျန်းရွှီတို့လဲ ထိုနေ့မှာအတူရှိနေကြမှာပေမယ့် သူတို့က နည်းနည်းအားနည်းကြလေတယ်. တကယ်လို့ ငြင်းခုံစရာကိစ္စတွေရှိလာခဲ့ရင် သူတို့လဲ ကူညီနိုင်မှာမဟုတ်ဘူး.
ကုနင်းအိပ်ရာမဝင်သေးခင်အထိ လင်ရှောင်းထင်ကို သေနတ်ပြန်ပေးဖို့ သတိမရလိုက်ပါဘူး. သူမပြန်ပေးဖို့စိတ်မပါပေမယ့်လဲ ကတိပေးပြီးမှတော့ လုပ်ရတော့မှာပေါ့.
ဘယ်လိုပဲဖြစ်ဖြစ်ပြန်ပေးရမှာပဲဆိုတော့ စောစောစီးစီးပေးလိုက်တာက ပိုကောင်းပါတယ်.
ဒါကြောင့် လင်ရှောင်းထင်ကို စာတစ်စောင်ပို့လိုက်ကာ နေ့နေ့မနက် ၅နာရီလောက် ဇုံGဂိတ်မှာ သူမကိုစောင့်နေဖို့ပြောလိုက်တယ်. အမှီလာရင်တော့ သေနတ်ကိုပြန်ပေးလိုက်မယ် မရောက်ခဲ့ရင်တော့ သူမသွားစရာရှိတာဆက်သွားမှာပဲ.
ပြီးတော့ မနက်အစောချိန်းဆိုချက်ကို အတည်ပြုလိုက်တယ်. သူသာသေနတ်ကိုလိုချင်ရင် စိတ်ရှည်ရှည်လာစောင့်ရမှာပေါ့.
လင်ရှောင်းထင် စာကိုရတဲ့အချိန်မှာ မြို့တော်Fမှာမဟုတ်တာကြောင့် နောက်တစ်နေ့မှပြန်ချိန်းပေးဖို့ပြောလိုက်တယ်.
ထိုစာကိုမြင်တော့ ကုနင်းဆွံ့အသွားကာ , စာပြန်ရိုက်ပို့လိုက်တယ်,
ကျွန်မရှင့်ကိုပြန်ပေးချင်ပေမယ့် ရှင်မလာဘူး. ကြည့်ရတာ သေနတ်က ရှင့်ဆီပြန်မသွားချင်ဘူးနဲ့တူတယ်. ကျွန်မကိုပဲပေးထားလိုက်ပါလား?
လင်ရှောင်းထင် သူမစာကိုဖတ်လားမဖတ်လားမသိပါဘူး. ဘာလို့ဆို သူ့ဘက်က နောက်ထပ်ဘာစာမှပြန်မပို့လာတော့လို့ပါ.
နောက်တစ်နေ့, ကုနင်းဇုံGအပြင်ကိုထွက်လိုက်ချိန်,
ရှုကျင်းချန်က အားကစားဝတ်စုံအပြည့်နဲ့ "တိုက်တိုက်ဆိုင်ဆိုင်" ကုနင်းရှိရာဘက်သို့ပြေးလာနေတယ်. ကုနင်းကိုတွေ့တော့ အံ့ဩသွားတဲ့မျက်နှာနဲ့,
"အိုး, မင်းပါလား! တိုက်ဆိုင်လိုက်တာ! ကျောင်းသွားတော့မလို့လား?" ဆိုပြီးမေးလိုက်တယ်.
ဒါက တိုက်ဆိုင်တာမဟုတ်ဘဲ ရှုကျင်းချန် တမင်လာခဲ့တာပါ.
"ဟုတ်တယ်, ရှင် ဒီလောက်အစာကြီးထပြေးတယ်ပေါ့?"
ကုနင်း သူ့ကို သိရုံသာသိပေမယ့် သူမကိုကူညီပေးဖူးတာကြောင့် ရင်းနှီးစွာနဲ့ပြန်လည်နှုတ်ဆက်လိုက်တယ်.
"အွန်း, မင်းဒီမှာနေတာလား? ငါက ဇုံCမှာနေတာ ဒီတော့ ငါတို့ အိမ်နီးနားချင်းတွေပေါ့. အိုး, ဟုတ်သားပဲ မင်းနာမည်ဘယ်လိုခေါ်လဲ? ငါက ရှုကျင်းချန်." ထိုလူမိတ်ဆက်ရင်းနဲ့ မေးလိုက်တယ်.
"ကျွန်မက ကုနင်းပါ." ကုနင်းပြန်ဖြေလိုက်တယ်.
"တွေ့ရတာဝမ်းသာပါတယ်. မင်းကိုတစ်ခုမေးလို့ရမလား? မင်းနဲ့ ရှောင်းထင်ရဲ့ ဆက်ဆံရေးကဘာလဲ? တမျိုးမထင်နဲ့နော်. ငါက သိချင်ရုံသက်သက်ပဲ. ငါက ရှောင်းထင်နဲ့အတူကြီးလာပြီး အခုဆိုအလုပ်လဲတူတူလုပ်တာ. ဘယ်တုန်းကမှ သူ့ဘေးနားမှာ မိန်းကလေးရှိတာမတွေ့ဖူးဘူး." ရှုကျင်းချန် ဘာမှဖုံးကွယ်မနေဘဲပြောလိုက်တယ်.
ဘယ်တုန်းကမှ မိန်းကလေးတွေနဲ့အတူမတွေ့ဖူးဘူး?
ကုနင်း ပထမတော့လန့်သွားပေမယ့် နောက်တော့မှနားလည်လိုက်တယ်. လင်ရှောင်းထင်က အေးစက်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်မိန်းမမဆိုသူ့ကိုမကြောက်ဘဲ ဘယ်နေကြမလဲ.
ကုနင်းတောင် သူ့ရှေ့ရောက်ရင် ဖိအားခံစားရတယ်.
ကုနင်းက လင်ရှောင်းထင်နဲ့ ကတောက်ကဆဖြစ်ထားတာကြောင့်,
"သူအခြောက်မို့လို့နေမှာပေါ့. ကျွန်မက သူ့ကိုသိရုံတင်သိတာပါ. ခနခနတဖြုတ်တွေ့ဖူးကြရုံပဲ. ကျွန်မတို့ကြားမှ ဘာအကန့်မှမရှိပါဘူး."
အခြောက်?
ထိုစကားကိုကြားတော့ ရှုကျင်းချန်အလွန်အံ့အားသင့်သွားပြီး ခနနေတော့မှ ခွက်ထိုးခွက်လန်ထရယ်ကာ,
"ဟ-ဟ, ဟ-ဟ, ကျွန်တော်တို့လဲ အရင်က အဲ့လိုတွေးဖူးတယ်. ဒါပေမယ့် လင်ရှောင်းထင်ကလုံးဝ မခြောက်ဘူးဆိုတာတော့ ကျွန်တော် အာမခံတယ်."
"အိုး, ရှင်ကြိုးစားကြည့်ဖူးတယ်ပေါ့" ကုနင်း ရုတ်တရက်ထမေးလိုက်တယ်.
ရှုကျင်းချန် ချက်ချင်းသဘောပေါက်သွားကာ ငြင်းတော့တယ်,
"အဓိပ္ပါမရှိလိုက်တာ, ဘယ်တော့မှအဲ့အလုပ်မလုပ်ဘူး. ကျွန်တော်က မိန်းမတွေပဲကြိုက်တာ."
ကုနင်း ပုခုံးတစ်ချက်တွန့်လိုက်ကာ,
"သူက သူ့ကိုယ်သူပဲချစ်လို့နေမှာပေါ့."
"ဟ-ဟ, မင်းတော်တော်ရယ်ရတာပဲ." ရှုကျင်းချန်ထပ်ရယ်နေပြန်တယ်.
"ဟုတ်တယ်, မင်းပြောတာမှန်လောက်တယ်. သူက သူ့ကိုယ်သူပဲချစ်နေတာ."
ခနကြာတော့ ကုနင်းဘက်က,
"တောင်းပန်ပါတယ်, ကျွန်မအတန်းတက်ဖို့ရှိသေးလို့ သွားရတော့မယ်."
"အိုး, ဟုတ်သားပဲ." ရှုကျင်းချန်လဲ သူမကိုထပ်မရှုပ်ချင်တော့ပါဘူး.
ဒါပေမယ့် လင်ရှောင်းထင်နဲ့ ကုနင်းကြားဘာမှမရှိဘူးဆိုတာတော့ သူမယုံပါဘူး. မဟုတ်ရင် လင်ရှောင်းထင်က သူမကိုတွေ့ဖို့ မနက်အစောကြီးလာမှာလဲ?
လင်ရှောင်းထင်ဘက်က သူမကိုလိုက်နေတုန်းလဲဖြစ်နိုင်တာပဲ!
.................Part96End......................
ဖီးနစ်သွေးစက်
အခန်း ၉၇ မင်းရဲ့အလုပ်သမားကို ဘယ်တော့မှသံသယမဝင်နဲ့
ကုနင်းကို ဘော့စ်အဖြစ်သတ်မှတ်ပြီးကတည်းက ချူးဖေ့ဟန်, ဟောင်ရန်တဲ့ကျန်တဲ့လူတွေ အတန်းထပ်မပျက်ကြတော့ပါဘူး. သူ့တို့ရဲ့ အတန်းပိုင်ဆရာ/မတွေရော အတန်းဖော်တွေပါ အထူးအဆန်းဖြစ်နေကြပေမယ့် ဆရာတွေကတော့ ထိုပုံစံကိုမြင်ရတာ ဝမ်းသာနေကြပါတယ်.
အတန်းပိုင်ဆရာတွေအမြင်ချင်ဆုံးတော့ အတန်းထဲမှာ အမြဲပျက်နေတဲ့ ကျောင်းသားတွေကိုပြန်မြင်ရဖို့ပါပဲ.
မနက်ခင်းအတန်းတွေပြီးသွားတော့ ကုနင်း ကန်တင်းကိုသွားနေရင်း အန်းကွမ်းယောင်ဆီမှ ဖုန်းဝင်လာခဲ့ပြီး စာချုပ်အတွက်သဘောတူညီမှုအချို့ပြောချင်နေတယ်.
ကုနင်းကတော့ အန်းကွမ်းယောင် သူမကို ဆက်သွယ်လာတာနဲ့ပတ်သတ်ပြီး မအံ့ဩနေပါဘူး. ဒီနေ့လည် ဒါမှမဟုတ် မွန်းလွဲပိုင်းတစ်ချိန်ချိန် ဆက်သွယ်လာမယ်လို့ သူမခန့်မှန်းမိထားပြီးသား.
ကုနင်း အချိန်မရှိတာတောင်မှ ရအောင်လုပ်ပြီး သဘောတူညီမှုကိစ္စတွေကို အမြန်ဆုံးလုပ်ချင်နေပါပြီ.
ပြီးတာနဲ့ သူမသူငယ်ချင်းတွေကို အပြင်သွားဦးမယ့်အကြောင်းပြောကာ ထွက်လာလိုက်တယ်.
သူတို့လဲ အရမ်းသိချင်နေကြပေမယ့် ကုနင်းက ပြောဖို့ဆန္ဒမရှိသ၍ သူတို့ဘက်လဲ အတင်းအကြပ်မမေးပါဘူး.
လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိကြတာပဲ.
ကုနင်းလာရအဆင်ပြေအောင်လို့ ကျောင်းကနေ ဆယ်မိနစ်ကျော်လောက်သာ လမ်းလျှောက်လာရတဲ့ စားသောက်ဆိုင်တစ်ခုမှာ အန်းကွမ်းယောင်တွေ့ဖို့စီစဉ်လိုက်တယ်.
အန်းကွမ်းယောင် ရောက်နှင့်နေပါပြီ.
အခုကိစ္စက အရမ်းအရေးကြီးတာကြောင့် အန်းကွမ်းယောင် သီးသန့်ခန်းတစ်ခန်းကို ငှားထားခဲ့တယ်.
"မိန်းကလေးကု, တွေ့ရတာဝမ်းသာပါတယ်. ထိုင်ပါ." ကုနင်းဝင်လာတာနဲ့ အန်းကွမ်းယောင် ချက်ချင်းထကာ တလေးတစားနှုတ်ဆက်လိုက်တယ်.
သေချာပေါက် လေးစားမှု အသက်အရွယ်ဆိုတာ စွမ်းအားအာဏာတွေရှေ့ရောက်ရင် ဘာမှမဟုတ်တော့ပါဘူး.
ကုနင်းထိုင်လိုက်ပြီးတော့ အန်းကွမ်းယောင်က သူမကို အရင်မှာစေတယ်.
ကုနင်းလဲ တုံ့ဆိုင်းမနေဘဲ ဟင်းနှစ်ပွဲကိုမှာလိုက်ကာ အန်းကွမ်းယောင်ကတော့ တစ်ပွဲပဲမှာပါတယ်.
သူတို့နှစ်ယောက်အတွက် ဟင်း၃ပွဲဆိုတာလုံလောက်နေပါပြီ.
ဟင်းပွဲတွေ စားပွဲပေါ်မရောက်ခင်ကတည်းက သူတို့နှစ်ယောက် စီးပွားရေးကိစ္စကို စတင်ဆွေးနွေးလိုက်တယ်.
"မိန်းကလေးကု, ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအတွက် အသင့်တော်ဆုံးဈေးနှုန်းကတော့ ယွမ်သန်း၄၀၀ပဲ. မင်းဘယ်လိုထင်လဲ?" အန်းကွမ်းယောင်မေးလိုက်တယ်.
ယွမ်သန်း၄၀၀ဆိုတာ အရမ်းမများပေမယ့် တခြားဝယ်သူတွေခေါ်တဲ့ဈေးထက်တော့ အရမ်းမြင့်ပါတယ်.
စီးပွားရေးလုပ်ငန်းရှင်တွေက အမြတ်ရဖို့ကအဓိကကြည့်တာကြောင့် ဈေးကိုအနိမ့်ဆုံးနှိမ်ပြီး လိုချင်ကြပါတယ်.
ဒါပေမယ့် ယွမ်သန်း၄၀၀ဆိုတာ အန်းကွမ်းယောင်ရဲ့အကြွေးတွေဆပ်ဖို့ပဲလုံလောက်ပြီး သူ့တွင်တော့ ယွမ်၁သန်းလောက်သာတန်ဖိုးရှိမယ့် အိမ်နဲ့ကားပဲကျန်မှာပါ. ဒါပေမယ့် ထိုအိမ်နဲ့ကားဟာလဲ သူ့မိသားစုစားဝတ်နေရေးအတွက် ရောင်းချမှဖြစ်ပါမယ်.
"ကိစ္စမရှိပါဘူး."
ကုနင်းက နှစ်ကြိမ်တောင်တွေးမနေဘဲ လက်ခံလိုက်တာကြောင့် အန်းကွမ်းယောင် အံ့ဩသွားကာ တခနအတွင်း ဘာပြန်ပြောရမှန်းတောင် မသိတော့ဘဲဖြစ်သွားတယ်.
တကယ်တော့ အခုချက်ချင်းကုနင်းလဲ ယွမ်သန်း၄၀၀ကိုမပေးနိုင်သေးပါဘူး. သူမကိုယ်ပိုင်ကုမ္ပဏီအတွက်လဲ ယွမ်သန်း၁၀၀လောက်လိုနေပြီး သူမမှာတော့ ယွမ်သန်း၃၀၀ပဲကျန်တော့ပေမယ့် ပိတ်ရက်ကျရင် မြို့တော်G ကို ကျောက်အလောင်းအစားလုပ်ဖို့အတွက်သွားဦးမှာပါ.
တကယ်လို့ သူမသာ နောက်ထပ်ကျောက်တွေထပ်ဖြတ်နိုင်ခဲ့ရင် အဲ့ဒါတွေကို ရောင်းလို့ရပါသေးတယ်. မဟုတ်ရင်လဲ သူမမှာ မရောင်းရသေးဘဲသိမ်းထားတဲ့ နောက်ထပ်ကျောက်တွေလဲ စိတ်စွမ်းအင်အာကာပြင်ထဲတွင်ရှိနေပါသေးတယ်.
ဒါကြောင့် သူမဆက်ပြောလိုက်တယ်,
"လောလောဆယ် ကျွန်မမှာ လောလောဆယ် ယွမ်သန်း၃၀၀ပဲပါလာခဲ့တယ်. ဒါကြောင့် စာချုပ်လက်မှတ်ထိုးဖို့က ဒီပိတ်ရက်ပြီးမှ လုပ်ဖြစ်လိမ့်မယ်ထင်တယ်."
"ကောင်းပြီလေ." ဒီလိုကုမ္ပဏီကြီးတစ်ခုကိုဝယ်ဖို့ ငွေစုရန် အချိန်လိုအပ်မှန်း အန်းကွမ်းယောင်လဲ နားလည်ပါတယ်.
ဒါကြောင့် ရက်အနည်းငယ်လောက်စောင့်ရတာက ပြဿနာမရှိပါဘူး.
ဒါ့အပြင်, ရှန်းဟွာလုပ်ငန်းကလဲ တစ်ပတ်လောက်အထိတော့ လည်ပတ်နိုင်ပါသေးတယ်.
"လူကြီးမင်းအန်း, တကယ်တော့ ကျွန်မက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေကိုပိုသဘောကျတယ်." ကုနင်းရုတ်တရက်ထပြောလိုက်တယ်.
အန်းကွမ်းယောင် တခနဆွံ့အသွားတယ်. သူ ကုနင်းစကားရဲ့အဓိပ္ပါယ်ကို ကောင်းကောင်းနားမလည်လိုက်ပါဘူး.
"မိန်းကလေးကု, ဘာကိုဆိုလိုချင်တာလဲ?"
"ရဲတွေက ရှင့်ပိုက်ဆံတွေကိုပြန်ရအောင် လုပ်ပေးနိုင်မလားတော့ ကျွန်မလဲမသိဘူး. သူတို့သာ ငွေတွေရအောင်ပြန်ယူပေးနိုင်ရင် ရှင့် စီးပွားရေးပြန်လည်ပတ်ဖို့အတွက် ခက်ခဲမှာမဟုတ်ဘူး. တကယ်လို့ ငွေတွေသာ ဒီလိုနဲ့ပျောက်ပျက်သွားမယ်ဆိုရင် ရှင်အကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်. ဒါကြောင့် ကျွန်မမှာအကြံတစ်ခုရှိတယ်." ကုနင်းပြောလိုက်တယ်.
"ဘာအကြံများလဲ?" အန်းကွမ်းယောင်မေးလိုက်တယ်.
"လူကြီးမင်းအန်း သိတဲ့အတိုင်းပဲ ကျွန်မက အထက်တန်းကျောင်းသူတစ်ယောက်ပါ. ကျွန်မကိုယ်တိုင် ကုမ္ပဏီကို အုပ်ချုပ်ဖို့အတွက် အချိန်မပေးနိုင်ဘူး. ဒါကြောင့် ကျွန်မကို ကူညီပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့လူတစ်ယောက်ယောက် ရှာချင်တယ်. လူကြီးမင်းအန်းက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ တည်ထောင်သူဆိုတော့ ဥက္ကဌတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေအားလုံးရှိတယ်. ဒါကြောင့် ရှင့်ကို ရှန်းဟွာလုပ်ငန်းမှာပဲ ဆက်လုပ်ကိုင်ပေးဖို့အတွက် အလုပ်ခန့်ချင်တယ်. ကျွန်မကတော့ နောက်ကွယ်ကရှိနေပေးမှာပေါ့. အပြန်အလှန်အနေနဲ့, ရှင်ကို များပြားတဲ့လစာအပြင် ကုမ္ပဏီရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းကိုလဲပေးမယ်. ထပ်ပြီးတော့ ကုမ္ပဏီကိုအုပ်ချုပ်ဖို့ခွင့်လဲပေးဦးမယ်. သာမာန်ဆုံးဖြတ်ရမယ့် ကိစ္စတွေဆို ရှင့်ဆုံးဖြတ်ချက်တွေထဲ ကျွန်မဝင်နှောင့်ယှက်မှာမဟုတ်ဘူး. အဲ့လိုမှမဟုတ်ဘဲ အရေးကြီးတာဆိုရင်တော့ ဘာလုပ်ရမယ်ဆိုတာ ရှင်ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိဘူး. လူကြီးမင်းအန်း ရှင်လုပ်ချင်လား?" ကုနင်းအသေးစိတ်ပြောလိုက်တယ်.
ထိုစကားတွေကို ကြားပြီးတော့ အန်းကွမ်းယောင် အရမ်းကို ထိတ်လန့်အံ့ဩသွားတယ်.
ဘာ?
လစာတွေအများကြီးအပြင် ရှယ်ယာရဲ့ ၂၀ရာခိုင်နှုန်းပါပေးပြီး လုပ်ပိုင်ခွင့်အပြည့်နဲ့ ဥက္ကဌရာထူးခန့်မယ်?
ရှယ်ယာ၂၀ရာခိုင်နှုန်းဆိုတာ နည်းနည်းနောနောငွေပမာဏမဟုတ်ပါဘူး.
ဒါက ဗိုက်ဆာနေတဲ့အချိန် အလကားကျွေးနေတဲ့ နေ့လည်ဆာထမင်းဝိုင်းကြီးကိုတွေ့လိုက်ရသလိုပဲ. ဒါက အစစ်အမှန်မဟုတ်ဘူးလို့တောင် အန်းကွမ်းယောင် ခံစားနေမိတယ်.
သူဝန်ခံပါတယ်. ဒီကမ်းလှမ်းမှုကို အရမ်းပဲ လက်ခံချင်နေမိတယ်. ဘာလို့ဆို သူကိုယ်တိုင်လဲ ရှန်းဟွာလုပ်ငန်းကနေ ထွက်မသွားချင်ပါဘူး. သူ့ဘဝတစ်ဝက်စာလောက်ကို ရှန်းဟွာလုပ်ငန်းတည်ထောင်ဖို့အတွက် အသုံးချခဲ့ရတာဖြစ်ပြီး ကုမ္ပဏီအကြောင်း စေ့စပ်စွာသိသူမှာလဲ သူတစ်ယောက်သာရှိပါတယ်.
ဒါသာအစစ်ဖြစ်ရင်တော့ အရမ်းကိုကောင်းပါတယ်. ဒါကြောင့် သူသတိထားပြီး ထပ်မေးလိုက်တယ်,
"မိန်းကလေးကု, ရှယ်ယာ၂၀ရာခိုင်နှုန်းဆိုတာ နည်းတဲ့ပမာဏမဟုတ်ဘူး. ပြီးတော့ ကျွန်တော့်ကို လုပ်ပိုင်ခွင့်အပြည့်နဲ့ ကုမ္ပဏီအုပ်ချုပ်ခွင့်လဲပေးဦးမယ်. ဒါနောက်နေတာ ဒါမှမဟုတ် လိမ်နေတာမျိုးတော့ မဟုတ်ာသေချာပါတယ်နော်? ပြီးတော့ မင်းဘာလို့ ကျွန်တော့်ကို ယုံကြည်တာလဲ?"
"လူကြီးမင်းအန်းက မကောင်းတဲ့လူတွေနဲ့ပဲ အတွေ့များခဲ့တာဆိုတော့ လောလောဆယ်စိတ်ရှုထွေးနေဦးမှာပေါ့. ဒါပေမယ့် ရှင့်ရဲ့လုပ်ဆောင်နိုင်စွမ်းရှိတာကိုတော့ မငြင်းပါနဲ့. ရှင့်ရဲ့စွမ်းရည်နဲ့ အဆက်အသွက်က ကျွန်မအတွက် အကျိုးအများကြီးရှိတယ်. ရှင် ပုံမှန်အတိုင်း ကုမ္ပဏီကိုအုပ်ချုပ်ဖို့ပဲလိုအပ်ပေမယ့် တကယ်တော့ ကျွန်မအတွက် အလုပ်လုပ်ပေးနေရတာပဲ. ဒီလိုဆိုရင်ရော ရှင်ကသာ ဒီသဘောတူညီမှုမှာ အကျိုးအမြတ်အများဆုံးလူလို့ ယုံကြည်နေသေးလား?"
ကုနင်း သူ့ကို စိတ်အေးအောင်ပြောပေးလိုက်တယ်.
ဒီတော့မှ ကုနင်းအခုပြောသွားတာတွေက အကျိုးအကြောင်းသင့်တယ်လို့ အန်းကွမ်းယောင် တွေးမိသွားတာကြောင့် စိတ်အေးသွားတော့တယ်.
ကုနင်းက ထပ်ပြီး,
"ပြီးတော့ ကျွန်မရဲ့အလုပ်သမားအပေါ်ဘယ်တော့မှ သံသယမဝင်ဘူး. ရှင်သာ ကျွန်မကို လေးလေးစားစားဆက်ဆံရင် ရှင့်အတွက် အနာဂါတ်ကောင်းတစ်ခုကို ကျွန်မဖန်တီးပေးမယ်. မဟုတ်ဘဲ ကျွန်မကို သစ္စာဖောက်မယ်ဆိုရင်တော့ ရှင်သေရမယ်. ပြေးလမ်းမရှိဘူး."
ကုနင်း ကျိုးကျန်းဟုန်ကိုပြောခဲ့တဲ့အတိုင်း အတူတူပဲ အန်းကွမ်းယောင်ကို ပြောလိုက်တယ်. တစ်ခါတည်းနဲ့ ကတိပေးကာ သတိပေးစကားပါဆိုလိုတယ်.
အန်းကွမ်းယောင်ကို "သေရမယ်"ဆိုတဲ့ ခြိမ်းခြောက်စကားပြောချိန်မှာ ကုနင်းအနည်းငယ်ပျော်မြူးနေခဲ့တယ်. အန်းကွမ်းယောင်ကမှာတော့ သေခြင်းအငွေ့အသက်တွေကို ခံစားမိသွားကာ အသက်ရှုတောင်ကျပ်သွားတယ်.
အခုတော့ ထို၁၈နှစ်အရွယ်ကောင်မလေးရဲ့ စွမ်းအားကို လုံးဝထိတ်လန့်သွားပါပြီ.
ကျိုးကျန်းဟုန်နဲ့ယှဉ်ရင် အန်းကွမ်းယောင်က ပိုပြီးအတွေ့အကြုံများတာကြောင့် ကုနင်းသည် သာမာန်ကောင်မလေးတစ်ယောက်မဟုတ်မှန်း ယုံကြည်နေမိတယ်.
.................Part97End......................
ဖီးနစ်သွေးစက်
အခန်း ၉၈ ကားအသစ်ရခြင်း
သူ ကုနင်းရဲ့တကယ့်နောက်ခံဘာဆိုတာ မသိချင်ပါဘူး. ကုနင်းက သူ့ကိုတကယ်အလုပ်ခန့်ဖို့ဆန္ဒရှိကြောင်း ခံစားရနေသ၍ သူမအတွက် အလုပ်လုပ်ပေးနေမှာပါ. ကုနင်းက သူ့ကို သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အဆက်အသွယ်ကောင်းမှုတွေကြောင့်ခန့်ထားတယ်ဆိုရင်တောင်မှ သူမက သူ့ကိုအများကြီးကူညီခဲ့ပါတယ်.
ဒါကကြောင့် အန်းကွမ်းယောင်အဖို့ ငြင်းစရာအကြောင်းမရင်းမရှိပါဘူး. သူက ငတုံးတစ်ယောက်မှမဟုတ်တာ.
"ကျွန်မတကယ်ကို လူကြီးမင်းအန်းနဲ့ အလုပ်တွဲလုပ်ချင်ပါတယ်, ဒါပေမယ့် ရှင်ကိုယ်တိုင်ဆုံးဖြတ်ပါ. " ကုနင်းပြောလိုက်တယ်. သူမ အန်းကွမ်းယောင် သဘောတူလိမ့်မယ်ဆိုတာ သိပြီးသားပါ.
အန်းကွမ်းယောင် နောက်ဆုံးတော့ အသိပြန်ကပ်သွားကာ ငိုမိတော့မလိုခံစားရတာကြောင့် မနည်းတင်းခံနေရတယ်.
ရုတ်တရက် အန်းကွမ်းယောင် မတ်တပ်ရပ်လိုက်ပြီး ကုနင်းရှေ့ ဦးညွှတ်လိုက်ကာ ပြတ်ပြတ်သားသားပြောလိုက်တယ်,
"မိန်းကလေးကု, အခုလို ကျွန်တော့်ကို ယုံကြည်ပေးတာရော ရက်ရက်ရောရောပေးကမ်းတာအတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်. ကျွန်တော် ကုမ္ပဏီကိုအမြဲတမ်း အုပ်ချုပ်ပေးဖို့ ကတိပေးတယ်. မင်းကို စိတ်မပျက်စေရဘူး!"
အန်းကွမ်းယောက် ဒီကမ်းလှမ်းမှုကို လက်ခံလိုက်ကတည်းက ကုနင်းက သူ့ရဲ့ဘော့စ်ဖြစ်သွားပါပြီ. ဒါပေမယ့် ကုနင်းက အထက်စီးဆန်တဲ့လူတစ်ယောက်မဟုတ်ပါဘူး. ဘယ်လိုပဲဖြစ်ဖြစ် အန်းကွမ်းယောင်က သူမထက်အသက်အများကြီး, ကြီးတာကြောင့် မရိုင်းပျချင်ပါဘူး. ဒါကြောင့် သူမလဲ ချက်ချင်းမတ်တပ်ထရပ်လိုက်တယ်.
"လူကြီးမင်းအန်း, ရှင်နဲ့ အလုပ်တွဲလုပ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်." ကုနင်း ပြောရင်းနဲ့ အန်းကွမ်းယောင်ထံ လက်ကမ်းပေးလိုက်တယ်. သူတို့လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး သဘောတူညီမှုလုပ်ခြင်းကလဲ ပြီးဆုံးသွားခဲ့တယ်.
"နောက်ထပ်အရမ်းအရေးကြီးတာတစ်ချက်လဲရှိသေးတယ်. ကုမ္ပဏီအတွက် တိကျတဲ့ ဆုံးဖြတ်ချက်ကို တစ်ခါတည်းချမှတ်နိုင်တာပဲလိုချင်တယ်. ပြောရမယ်ဆိုရင်, ဒီကုမ္ပဏီကို ရှင်နဲ့ ကျွန်မ နှစ်ယောက်ထဲရဲ့ထိန်းချုပ်မှုအောက်မမှာပဲရှိစေချင်တယ်. ဆုံးဖြတ်ချက်တစ်ခုမချခင် လူအများကြီးနဲ့ ငြင်းခုံနေရတာမျိုးတွေမလိုချင်ဘူး. အငြင်းအခုံတွေဖြစ်နေရတဲ့ စီးပွားရေးတစ်ခုကို ဘယ်သူမှအောင်မြင်အောင်မလုပ်နိုင်ဘူး. ဒီလိုငြင်းခုံနေကြတဲ့လူတွေကလဲ ငွေသာမရှိရင် ဘာမှဟုတ်ကြတဲ့လူတွေမဟုတ်ဘူး."
"ဒါဆို, ကျွန်မ ရှယ်ယာရှင်တွေအားလုံးကို ဖယ်ရှားမယ်. ရှန်းဟွာမှာက ရှယ်ယာရှင်၃ယောက်ပဲရှိရမယ်. ကျွန်မက ရှယ်ယာ၇၀ရာခိုင်နှုန်းယူမယ်, ရှင်က ၂၀ရာခိုင်နှုန်း, ကျန်တဲ့၁၀ရာခိုင်နှုန်းကတော့ ဈေးကွက်အတွက်. သူတို့သာ ရှန်းဟွာမှာဆက်နေချင်ကြတယ်ဆိုရင်တော့ သူတို့အတွက် သင့်တော်မယ့် ရာထူးစီစဉ်ပေးမယ်. ဒါပေမယ့် ကျွန်မကို သစ္စာခံမယ့်လူမျိုးတွေပဲ လိုအပ်တယ်. " ကုနင်းဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ပြောလိုက်တယ်.
သူမ ဒီကိစ္စကိုတော့ လက်မလျှော့နိုင်ပါဘူး. ဘာလို့ဆို သူမက တခြားသူတွေလို ရင်းနှီးငွေရှာဖို့မလိုတဲ့အပြင် ငွေပေးရုံလောက်နဲ့ ဘာမှမလုပ်တတ်တဲ့သူတွေကိုလဲ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ဝင်ပါခွင့်ပြုမှာမဟုတ်ပါဘူး.
ဒါကိုကြားတော့ အန်းကွမ်းယောင် ထပ်ပြီး ထိတ်လန့်အံ့ဩသွားရပြန်တယ်. ဒီမိန်းကလေးက တော်တော်ရည်မှန်းချက်ကြီးတာပဲ!
ဒါပေမယ့် သူမရဲ့ ရည်မှန်းချက်တွေ ဆုံးဖြတ်ချက်တွေကိုတော့ သူလေးစားမိပါတယ်.
ဘယ်သူမှ ကိုယ်ပိုင်တဲ့ ပိုင်ဆိုင်မှုတွေကို တခြားသူနဲ့ မခွဲဝေချင်ကြပါဘူး.
ကုနင်းပြောသွားခဲ့သလိုပဲ, လူတော်တော်များများက ငွေသာပေးထားပြီး ဘာမှမလုပ်တတ်မကိုင်တတ်ပေမယ့် ငြင်းခုံနေတတ်ကြတယ်. အထူးသဖြင့် သဘောတူညီမှုစာချုပ်တွေလုပ်တဲ့အချိန်မှာပေါ့. လူတိုင်းက တစ်ယောက်နဲ့တစ်ယောက်အမြင်မတူကြတာကြောင့် ငြင်းခုံမှုတွေရှိလာကြတယ်.
အန်းကွမ်းယောင်လဲ ထိုအချက်ကို သေချာနားလည်ပါတယ်.
တချို့လူတွေက ထိုသို့ လုပ်ငန်းတစ်ခုစတော့မယ်ဆိုရင် အရှုံးရှိမှာကို ကြောက်ကြတာကြောင့် တားကြတယ်. ဒီလိုနဲ့ လုပ်ငန်းကို ချောချောမွေ့မွေ့ ရှေ့မဆက်နိုင်ကြတော့ဘူး.
အခုဆို ကုနင်းရဲ့ ဆုံးဖြတ်ချက်ကို အရင်ကထက်ပိုလို့တောင် အန်းကွမ်းယောင် လေးစားနေကာ ရှေ့ဆက်ရမယ့်အနာဂါတ်အတွက် ယုံကြည်ချက်ပိုရှိလာတယ်.
ထိုအချိန်မှာပဲ, ဟင်းပွဲတွေရောက်လာတာကြောင့် စ,စားကြတော့တယ်.
အချိန်သိပ်မရှိတာကြောင့် ကုနင်း ဆက်တိုက် စီးပွားရေးကိစ္စတွေကိုပဲ ပြောနေလိုက်တယ်.
ကုနင်းစကားစလိုက်တယ်,
"အိုး, ဟုတ်သားပဲ, ရှင် ဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုကျတော့ ဘယ်လိုစီစဉ်လဲ?"
"ထုတ်လုပ်သူတွေက ပစ္စည်းတွေကို တိုက်ရိုက်ရောင်းလေ့မရှိတော့ အေဂျင်စီတွေကနေတစ်ဆင့် ပြန်ဝယ်ရတယ်." အန်းကွမ်းယောင် ပြန်ဖြေလိုက်တယ်.
"ဒါဆို ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းအားလုံးအတွက် အေဂျင်စီတစ်ခုထဲနဲ့ အပြီးစာချုပ်ချုပ်ထားတာလား?" ကုနင်းထပ်မေးလိုက်တယ်.
"အဲ့လိုတော့မဟုတ်ပါဘူး. နေရာကိုလိုက်ပြီး ပုံစံတွေလဲကွဲတာဆိုတော့ စာချုပ်ချုပ်တာတွေကလဲမတူဘူး. အခုတော့ ရှန်ဟွာကနေ တာဝန်ယူထားတဲ့ ဆောက်လက်စ အဆောက်အဦးတစ်လုံးရှိတယ်. နောက်တစ်လုံးကလဲ မကြာခင် စဆောက်တော့မှာ. တကယ်လို့ ရောင်းမယ့်လူဘက်က ဆောက်လုပ်ရေးမှာသုံးတဲ့ ပစ္စည်းတွေအပေါ် သဘောမကျရင် စာချုပ်အသစ်ပြန်ချုပ်ခွင့်ရှိတယ်. ဒါပေမယ့် အဲ့လိုဖြစ်တာက တော်တော်ရှားပါတယ်. ဘာလို့ဆို ဝယ်သူတွေက တံဆိပ်တစ်ခုတည်းကိုပဲ အချိန်ကြာကြီးသုံးနေကျဆိုတော့လေ." အန်းကွမ်းယောင် သေချာပြန်ရှင်းပြလိုက်တယ်.
ထိုစကားကိုကြားတော့ ကုနင်း စိတ်အေးသွားကာ,
"လူကြီးမင်းအန်း တကယ်တော့ ကျွန်မဦးလေးက ဆောက်လုပ်ရေးသုံးပစ္စည်းလုပ်ငန်းစလုပ်ဖို့ စီစဉ်နေတာပါ. ပြီးတော့ သူ့ကို ကျွန်မ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းပို့ပေးမယ့် အေဂျင်စီဖြစ်စေချင်တယ်. သေချာပေါက် အခွင့်အာဏာနဲ့ ဆွဲသွင်းမယ့်သဘောမဟုတ်ပါဘူး. သူ့မှာတကယ်အရည်အချင်းရှိလို့ ကျွန်မ ကူညီပေးချင်တာပါ. ဒါကြောင့် ပရောဂျက်ရဲ့ အရည်အသွေးနိမ့်သွားမှာကို စိုးရိမ်စရာမလိုပါဘူး. ကျွန်မက မိသားစုကို ကူညီချင်ရုံပါ. ဒီလိုက သူ့ကို ငွေထုတ်ပေးလိုက်တာထက် ပိုအဆင်ပြေစေတယ်လေ. "
"ပြီးတော့ ကျွန်မပိုင်ဆိုင်မှုတွေကို ကျွန်မမိသားစုကို မသိစေချင်သေးဘူး. အခုက အရမ်းငယ်သေးတာဆိုတော့ သူတို့စိတ်ပူနေကြလိမ့်မယ်. ဒီတော့ ကျွန်မတို့ ပတ်သတ်မှုနဲ့ စပ်လျင်းပြီ စိတ်ပူစရာမလိုဘဲ ပုံမှန်အတိုင်းစီးပွားရေးလုပ်လို့ရပါတယ်." ကုနင်းထပ်ဖြည့်ပြောလိုက်တယ်.
သူမ အန်းကွမ်းယောင်ကို ကုမ္ပဏီအုပ်ချုပ်ခွင့်ပေးထားတယ်ဆိုပေမယ့် ပိုင်ဆိုင်မှုကတော့ မကြာခင် သူမအပိုင်ဖြစ်လာတော့မှာပါ. ဒါကို သေချာမှန်မှန်ကန်ကန်နဲ့ ထိန်းချုပ်ပြီး ပြည့်ပြည့်စုံစုံအသုံးချနိုင်အောင်လုပ်မှာပါ.
အန်းကွမ်းယောင်ကလဲ ကုနင်းပြောတာတွေကို မသင့်လျော်ဘူးလို့မတွေးမိဘဲ ဝမ်းသာစွာနဲ့ သဘောတူလိုက်တယ်.
"အိုး, ပြီးတော့ လူကြီးမင်းအန်းမှာ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာနဘက်မှာ အသိရှိလား? ကျွန်မဦးလေးရဲ့ ကုမ္ပဏီက အခုထိ မှတ်ပုံမတင်ရသေးဘူး. ပြီးတော့ အဲ့ဘက်ကိုလဲ မြန်မြန်ပြီးသွားချင်လို့." ကုနင်းပြောလိုက်တယ်.
"လွယ်ပါတယ်. ကျွန်တော်ညှိပေးမယ်." အန်းကွမ်းယောင် နှောင့်နှေးမှုမရှိပဲ သဘောတူလိုက်တယ်.
အန်းကွမ်းယောင်က မြို့တော်Fရဲ့ လူချမ်းသာတွေထဲကတစ်ယောက်ဖြစ်တာကြောင့် အာဏာရှိတဲ့လူတစ်ယောက်ယောက်လောက်ကိုတော့ သိနိုင်ပါတယ်.
အခု ရှန်းဟွာလုပ်ငန်းဒုက္ခမရောက်အောင် သူ့အဆက်အသွယ်တွေကနေပြီး ဘဏ်ကချက်ချင်းမသိမ်းသွားအောင် အချိန်ဆွဲထားနိုင်တာပါ.
ဒါ့အပြင် အခုကိစ္စကလဲ ကြီးကြီးမားမားမဟုတ်ဘူးလေ.
မင်းသာ စာရွက်စာတမ်းအပြည့်အစုံပြင်ဆင်ထားပြီး အာဏာရှိတဲ့လူတစ်ယောက်ယောက်ကသာ ကူညီပေးရင် လွယ်လွယ်ကူကူနဲ့ ပြီးသွားမှာပါ.
စားပြီးသောက်ပြီးချိန်မှာတော့ ကုနင်းကျောင်းကို ပြန်သွားလိုက်တယ်. မွန်းလွဲချိန်ရောက်တော့ ကျန်းရှုရဲ့ကားအသစ် ရောက်လာပြီဖြစ်တာကြောင့် အထိမ်းအမှတ်ပွဲလုပ်ရန် ကုနင်းကို အိမ်စောစောပြန်လာဖို့ ကုမန့်ဖုန်းဆက်အကြောင်းကြားခဲ့တယ်.
သူမအိမ်အပြန်လမ်းမှာ အန်းကွမ်းယောင်ဘက်က ဖုန်းဝင်လာပြီး စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာနနဲ့ ညှိပြီးသွားပြီဖြစ်ပြီး ဒီတစ်ပတ်အတွင်း မှတ်ပုံတင်လို့ပြီးမယ့်အကြောင်းပြောလာခဲ့တယ်.
ကုနင်းအိမ်ပြန်ရောက်တော့ အားလုံးက ကားအသစ်ရ၍ပျော်ရွှင်နေကြတယ်.
ကုမန့်နဲ့ ကုချင်တို့ကတော့ ကျန်းရွှီနဲ့အတူကားသစ်ကိုသွားကြည့်နေကြတယ်.
ဒါသူတို့ဘဝမှာ ဒီလောက်ဈေးကြီးတဲ့ကားမျိုး ပထမဆုံးအကြိမ်ပိုင်ဖူးတာကြောင့် အရမ်းကိုဝမ်းသာပျော်ရွှင်ကြလေတယ်.
.................Part98End......................
ဖီးနစ်သွေးစက်
အခန်း ၉၉ အဖြေလွှာအရင်ဆုံးအပ်ခြင်း
ကုနင်းပြန်ရောက်တော့ ကုမန့်နဲ့ ကုချင်တို့က ဟင်းသီးဟင်းရွက်တွေကို ဆေးကြောနေရင်း ကားအသစ်အကြောင်းအချိန်အကြာကြီး ကုနင်းကိုပြောပြနေကြတယ်. ကုနင်းမှာတော့ ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်.
သူတို့ ဟင်းချက်ဖို့သွားကြတော့မှပဲ ကုနင်းလဲ ကျန်းရွှီနဲ့ ကုမ္ပဏီမှတ်ပုံတင်ဖို့အကြောင်းပြောရတော့တယ်.
ကုနင်း ကျောင်းက သူငယ်ချင်းရဲ့အဖေက ကူညီပေးတာလို့ပဲပြောပြလိုက်တယ်. သူမနဲ့ထိုသူငယ်ချင်းဖြစ်သူက ဆက်ဆံရေးကောင်းကြတာကြောင့် သူ့အဖေက ဒီနေ့လည်ကပဲ မြန်မြန်ရအောင်ကူညီပေးမယ့်အကြောင်းပြောခဲ့တယ်ပေါ့.
ပြီးတော့ ကုနင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို တင်ပိုဖို့ ကိစ္စနဲ့လဲ အနည်းအကျင်းပြောခဲ့ပါသေးတယ်. သူမသူငယ်ချင်းရဲ့အဖေက အိမ်ခြံမြေလုပ်ငန်းလုပ်တာဖြစ်ပြီး ကျန်းရွှီသာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို သူဆီပို့ချင်ရင် သူ့ဘက်ကလဲ အနာဂါတ်မှာ ပူးပေါင်းလုပ်ကိုင်ဖို့ ဆန္ဒရှိကြောင်းပါပြောလိုက်တယ်.
ဒါကိုကြားတော့ ကျန်းရွှီအရမ်းကိုစိတ်လှုပ်ရှားသွားပေမယ့် ကုနင်းက သူ့အတွက် အရာရာတိုင်းလိုက်ညှိနှိုင်းပေးနေရတာကြောင့် နည်းနည်းတော့ ရှက်မိတယ်. ကုနင်းက လုပ်ငန်းကိစ္စထဲဝင်မပါပါဘူးလို့ပြောထားခဲ့ပေမယ့် ဒီနေ့လုပ်ခဲ့တာအတွက်ကိုတော့ ကျန်းရွှီစိတ်ထဲမထားပါဘူး. ပြီးတော့ ကုနင်းလုပ်သမျှအရာရာတိုင်းကလဲ သူ့အတွက် အတားအဆီးတွေကို ဖြေရှင်းပေးတာကြောင့် အရမ်းကိုအကူအညီဖြစ်ပါတယ်.
ဒီနေ့က သောကြာနေ့ဖြစ်တာကြောင့် လပတ်စာမေးပွဲစတင်ပါတော့မယ်.
ကုနင်းနဲ့ သူငယ်ချင်းတွေ ဘောလုံးကွင်းထဲမှာ ပုံမှန်အတိုင်း လူစုကြပေမယ့် ပြေးတော့မပြေးကြပါဘူး. လမ်းလျှောက်ရင်း ခနတဖြုတ် စကားပဲပြောနေကြတယ်.
"ငါစာမေးပွဲတွေကို အမုန်းဆုံးပဲ. အဲ့ဒါတွေဖြေလို့ ဘာမှပြောင်းလဲသွားတာလဲမဟုတ်ဘဲနဲ့. မိဘတွေကသာ ကျောင်းသားဖို့အတင်းမတိုက်တွန်းရင် ငါကျောင်းထွက်ပစ်တာကြာရောပေါ့." ဟောင်ရန်တစ်ယောက် ညင်းညူနေတယ်.
စာလုပ်ရတာက သူ့အတွက်တော့ အိမ်မက်ဆိုးတစ်ခုလိုပဲ.
"ငါလဲ မထူးပါဘူး. ဒါပေမယ့် ငါစာကြိုးစားရမယ်. "ချူးဖေ့ဟန်ပြောလိုက်တယ်. ဒါကတော့ သူအတန်းတွေအများကြီးပျက်ခဲ့တာတောင်မှ အမှတ်ကောင်းရနေတဲ့အကြောင်းပေါ့. သူက အရမ်းလဲ ခြေများသလို စာကိုလဲအရမ်းလုပ်ပါတယ်. ပြီးတော့ တချို့လူတွေက မွေးကတည်းကိုက ထူးချွန်နေကြတာလေ. သူတို့က စာလေ့လာချိန်အရမ်းနည်းကြပေမယ့် သာမာန်လူတွေထက် ပိုပြီးမှတ်နိုင်ကြတယ်. ချူးဖေ့ဟန်ကလဲ အတူတူပါပဲ.
တကယ်တော့ ဟောင်ရန်တို့သူငယ်ချင်းတွေက တကယ်တော့ ထက်မြက်ကြပါတယ်. သူတို့ ဘားကို သေချာလည်ပတ်အောင် စီမံနိုင်ကြတယ်. စာကြည့်ဖို့ကိုက စိတ်ကိုမဝင်စားကြရုံပါ. သူတို့သာစာကိုကြိုးစားချင်စိတ်ရှိရင် ကျောင်းသားကောင်းတွေဖြစ်လာနိုင်ပါတယ်.
သူတို့ရဲ့အမှတ်တွေ ဘယ်လိုပဲဖြစ်ဖြစ်အရင်ကုနင်းထက်တော့ သာကြတာချည်းပဲ. အခန်း၇မှာ သူတို့ကို အဆိုးဆုံးလို့သတ်မှတ်ထားတယ်ဆိုတာ အရမ်းသောင်းကျန်းကြပြီး ပြဿနာရှာတာကြောင့်ပါ.
"ငါ့အထင်တော့ ကျောင်းမှာစာသေချာလုပ်တာက ပိုကောင်းမယ်, တကယ်လို့ နောက်ခံမိသားစုကောင်းရှိထားပြီးမှတော့ ဘာကိုမှ အဆုံးရှုံးမခံသင့်ဘူး. မိဘတွေဆိုတာ ဘဝတစ်လျှောက်လုံး ထောက်ပံ့ပေးနေနိုင်တာမဟုတ်ဘူးလေ. မင်းတို့က အနာဂါတ်မှာ သူတို့လုပ်ငန်းတွေကို အမွေဆက်ခံရကြမှာပဲ. တကယ်လို့ မင်းမှာအရည်အချင်းမရှိခဲ့ဘူးဆိုရင် ဖယ်ထုတ်ခံရမယ် ဒါမှမဟုတ် ပိုတော်တဲ့လူရဲ့အစားထိုးတာကို ခံရနိုင်တယ်. အရည်အချင်းထဲမှာ ချမ်းသာဖို့အတွက် ကျွမ်းကျင်တဲ့အသိပညာတွေ, လူတွေနဲ့ဆက်ဆံတတ်မှု, အဆက်အသွယ်တိုးချဲ့မှု, ပြီးတော့ တက္ကသိုလ်ကောင်းကောင်းကနေ သင်ယူဖို့တွေလိုအပ်တယ်." အရင်ထဲက ထူးချွန်ထက်မြက်ပြီးသားကျောင်းသားတစ်ယောက်ဖြစ်တဲ့ မုခယ်က ဝင်ပြောလိုက်တယ်.
"မုခယ်ပြောတာမှန်တယ်. တက္ကသိုလ်တက်ဖို့ကလဲ အရေးကြီးတယ်." ကုနင်းလဲ ဝင်ထောက်ခံလိုက်တယ်.
"ငါလဲ တက္ကသိုလ်ကောင်းကောင်းကိုရောက်အောင်သွားပြီး အလုပ်ကြိုးစားမယ်. ဒီလိုဆို ငါ့မိသားစုကို သက်သောင့်သက်သာထားနိုင်ပြီ." ယွီမီရှီကလဲ တက္ကသိုလ်တက်ဖို့နဲ့ ပတ်သတ်ပြီး ရည်မှန်းချက်တွေရှိပါတယ်. သူမမိသားစုရဲ့ဘဝကို အရမ်းပြောင်းလဲပစ်ချင်ပါတယ်.
"နင်လုပ်နိုင်မှာပါ!" ကုနင်း အားပေးလိုက်တယ်.
ကုနင်းကလဲ ယွီမီရှီကို ထပ်ပြီးဆင်းဆင်းရဲရဲဘဝမှာ မနေခိုင်းတော့ပါဘူး. အနာဂါတ်မှာ ယွီမီရှီအောင်မြင်လာအောင် ကူညီပေးမှာပါ.
ဒါပေမယ့် သူမရဲ့စီးပွားရေးလုပ်ငန်းစုကြီးကို အကောင်အထည်ဖော်နိုင်တဲ့အထိတော့စောင့်ပါဦးမယ်.
ပြီးနောက် သူတို့ အတန်းတွေအသီးသီးစီပြန်သွားလိုက်ကြတော့တယ်.
လပတ်စာမေးပွဲသည် ပုံမှန်စာမေးပွဲတွေလိုပါပဲ. ပထမဆုံးနှစ်ချိန်, မိနစ်ပေါင်း၁၀၀ကို ကျောင်းသားတွေမှ တရုတ်စာအရင်စဖြေရတယ်. လူတိုင်းစာဖြေချိန် တစ်နာရီခွဲရကြပေမယ့် ဘယ်သူမှ မပြီးကြပါဘူး. သူတို့အဖြေကိုမသိကြရင်တောင်မှ အချိန်မပြည့်မချင်း အဖြေလွှာကို မအပ်ကြဘူး.
ကုနင်းကတော့ ပထမအချိန်အတွင်း တရုတ်စာကို ဖြေပြီသွားကာ အဖြေလွှာတန်းအပ်လိုက်ပြီး အခန်းပြင်ထွက်လာခဲ့တယ်.
လူတိုင်းကတော့ အံ့ဩနေကြတယ်. ကုနင်း အရင်ဆုံးအပ်လိမ့်မယ်လို့ သူတို့တစ်ခါမှမတွေးဖူးကြဘူး. အရင်တုန်းကဆို သူမကအတန်းထဲမှာနောက်ဆုံးမှပြီးနေကြလေ. သူမှစာမတော်မှန်းလူတိုင်းသိကြတာကြောင့် အခုဘာဖြေရမှန်းလုံးဝမသိ၍ အဖြေလွှာစောစောအပ်လိုက်တယ်လို့ပဲတွေးလိုက်ကြတယ်.
ဒီအချိန်မှာ အဖြေလွှာအပ်ခွင့်ရှိနေပြီဖြစ်တာကြောင့် ဆရာမကဘာမှမပြောတော့ပေမယ့် ကုနင်းရဲ့စာရွက်ကိုကြည့်ပြီးသွားတော့ သူမထိတ်လန့်သွားတယ်.
ဒီစာလွှာက သပ်သပ်ရပ်ရပ်ရေးထားပြီး အဖြေတွေကလဲအားလုံးမှန်နေတယ်! အရေးအသားက သူမသတ်မှတ်ထားတဲ့ ထူးချွန်မှတ်ကိုတောင် ရလုနီးနီးပဲ. သေချာပေါက် ဆရာတွေက အရေးအသားပိုင်းကို အမှတ်ပြည့်ပေးလေ့မရှိပဲ တစ်မှတ် နှစ်မှတ်လောက်တော့ လျှော့ကြပါတယ်.
ဒီရက်တွေအတွင်း ယွီမီရှီကို ကုနင်းစာကူလုပ်ပေးနေတာကြောင့် ကုနင်း သူမထက်စာပိုတော်နေပြီမှန်း ယွီမီရှီသိပါတယ်. ဒါကြောင့် ကုနင်းသေချာဖြေပြီးလို့ ထွက်သွားမှန်း သူမသေချာပေါက်သိလိုက်တယ်.
ကုနင်း စာရွက်အပ်ပြီးတာနဲ့ ဥယျာဉ်ထဲကိုသွားလိုက်တယ်. တစ်ယောက်ထဲဖြစ်နေပေမယ့် ပျင်းတယ်လို့တော့ မခံစားရပါဘူး.
နောက်၅မိနစ်လောက်နေတော့ ဟောင်ရန်တို့တွေရောက်လာတယ်. သူတို့စာမေးပွဲဖြေပြီးတာနဲ့ ဒီဥယျာဉ်ထဲမှာဆုံဖို့ ပြောထားကြပြီးသားပါ.
ဟောင်ရန်တို့ကတော့ စာဖြေလို့မပြီးခဲ့ပေမယ့် အဖြေလွှာကိုစောအပ်လာခဲ့ကြပါတယ်.
သူတို့ကုနင်းကိုမြင်လိုက်တော့ အရမ်းအံ့ဩသွားကြတယ်. သူတို့လဲ ကုနင်းစာညံ့တာကိုကြားထားတာကြောင့် သူတို့နဲ့အခြေနေတူတူတလောက်မှာပဲရှိမယ်ယုံကြည်သွားတယ်.
ဒီလိုတွေးမိသွားတော့, ဟောင်ရန်မေးလိုက်တယ်,
"ဘော့စ်, မင်းစာအကုန်ဖြေလို့ပြီးသွားတာလား ဒါမှမဟုတ် အဖြေနည်းနည်းပဲသိလို့လား?"
"ဖြေလို့ပြီးသွားတာ!" ကုနင်းပြန်ဖြေလိုက်တယ်.
"ဝိုး! ဘယ်နှမှတ်လောက်ရမယ်ထင်လဲ?" ချင်းကျီရွှမ်ထပ်မေးလိုက်တယ်.
"၉၀ရာခိုင်နှုန်း."
၉၀ရာခိုင်နှုန်းပြည့်ဖို့ဆို အမှတ်၉၀ကျော်ရမှဖြစ်မှာပါ. ဒါကြောင့် ဟောင်ရန်တို့အံ့ဩသွားကြကာ,
"သေချာတယ်ပေါ့?" ဟောင်ရန် မယုံကြည်နိုင်ဘဲ ထပ်မေးလိုက်တယ်. ကုနင်းက စာညံ့တယ်လို့ပြောကြတယ်မဟုတ်ဘူးလား?
ကုနင်း သူတို့ဘာလို့လန့်သွားကြမှန်းသိပါတယ်. သူမ ယွီမီရှီကို စာကူလုပ်တုန်းက ယွီမီရှီလဲလန့်သွားခဲ့တာပဲလေ.
"အမှတ်ထွက်လာတော့သိမှာပေါ့." ကုနင်းဘာမှရှည်ရှည်ဝေးဝေးထပ်ရှင်းပြမနေတော့ပါဘူး.
"ကောင်းပြီလေ." ကုနင်းကဆက်မပြောချင်မှာတော့ သူတို့လဲ ဆက်မမေးတော့ပါဘူး.
ပြီးတော့ ဟောင်ရန်က,
"ဘော့စ်, ဒီနေ့ကသောကြာနေဆိုတော့ ညကျရင် ငါတို့ဘားမှာ သွားကဲကြရအောင်!"
ဒါကတော့ ဟောင်ရန်သူမကို ဖိတ်တာ ဒုတိယအကြိမ်ပါ. သူမထပ်ပြီးငြင်းဖို့ မသင့်တော်တော့တာကြောင့်,
"ကောင်းပြီလေ! ဘယ်ချိန်, ဘယ်နေရာမှာလဲ? ငါလာခဲ့မယ်."
"စာမေးပွဲပြီးသွားရင် ငါတို့အတူတူညစာစားပြီးရင် အတူပဲသွားကြတာပေါ့" ချင်းကျီရွှမ်ကပြောလိုက်တယ်.
"ဒီနေ့တော့မရဘူး. ငါအိမ်ပြန်စားမှရမယ်. နည်းနည်းလဲနောက်ကျမယ်." ကုနင်းပြန်ဖြေလိုက်တယ်.
"အိုကေ! ယုံးလီလမ်းက V5 ဘားပဲ, အင်္ဂလိပ်စာလုံးVနဲ့ ဂဏန်း5. ခွန်အားရှိတာနဲ့ သံတူကြောင်းကွဲပဲ. ပြီးတော့ အဓိပ္ပါယ်ကလဲ ခွန်အားရှိတာပဲ. ဟ-ဟ!" ဟောင်ရန်ပြောလိုက်တယ်.
"ဝိုး, နာမည်ကလှသားပဲ." ကုနင်း ချီးကျူးလိုက်တယ်.
ဟောင်ရန်တို့လဲ သူတို့ပေးထားတဲ့နာမည်လှလို့ ဂုဏ်ယူနေပေမယ့် ကုနင်းက မျက်နှာချင်းဆိုင်ကြီး ချီးကျူးလိုက်တာကြောင့် အနည်းငယ်ရှက်သွားကြတယ်.
စာမေးပွဲမပြီးခင် ၂၅မိနစ်လောက်လိုတော့ မုခယ်နဲ့ ချူးဖေ့ဟန်တို့ရောက်လာတယ်. သူတို့က တကယ့်ကို ပါရမီရှင်တွေဖြစ်တာတောင်မှ စာမေးပွဲကို ၇၅မိနစ်အတွင်း ပြီးနိုင်ဖို့ဆိုတာ တော်တော်ရှားပါတယ်. ပြိးတော့ အမှားတွေတောင်ပါနေနိုင်ပါသေးတယ်.
ကုနင်းသူတို့ထက်ပိုမြန်နေတယ်ဆိုတာက သူမရဲ့အထူးစွမ်းအားကြောင့်ပါ.
.................Part99End......................
ဖီးနစ်သွေးစက်
အခန်း ၁၀၀ သူမလှည့်ဖျားတာများလား?
ယွီမီရှီကတော့ နောက်ဆုံးမှရောက်ခဲ့ပြီး စာမေးပွဲမပြီးခင်၁၀မိနစ်လောက်အလိုမှ ထွက်လာခဲ့တာပါ.
လူအားလုံးစုံတော့ ဟောင်ရန်က ညကျရင် ဘားသွားမယ့်အကြောင်းထပ်ပြောလေတယ်. ထိုစကားကိုကြားတော့ စိတ်အလှုပ်ရှားဆုံးလူမှာ ချူးဖေ့ဟန်ပါပဲ. သူမ ဘားတွေအများကြီးသွားဖူးပေမယ့် သွားတိုင်း အကိုတွေနဲ့ပဲသွားရတာကြောင့် လွတ်လပ်ခွင့်သိပ်မရှိဘူးလေ.
မုခယ်လဲ သွားဖို့ သဘောတူလိုက်တယ်. ယွီမီရှီကသာ သူမမိသားစုကို ဘယ်လိုပြောရမှန်းမသိတာကြောင့် လိုက်လို့မရနိုင်လောက်ဘူး.
ဟောင်ရန်ကတော့ ယွီမီရှီကို မိဘတွေအား သူငယ်ချင်းမွေးနေ့ပွဲလုပ်တာလို့ လိမ်ခိုင်းလိုက်တယ်. တကယ်လို့ မယုံဘူးဆိုရင်လဲ သူတို့ မွေးနေ့ကိတ်တွေပါဝယ်ပြီး တကယ်မွေးနေ့ပွဲနဲ့တူအောင် ဟန်ဆောင်ပေးဦးမယ်. ပြီးရင် ဓါတ်ပုံရိုက်ပို့ပြီး သက်သေပြလို့ရတာပေါ့. မွေးနေ့ကိတ်တစ်လုံးကက ဈေးသိပ်မကြီးတာကြောင့် ဓါတ်ပုံရိုက်ပြီးသွားရင်လဲ သူတို့အချိုတည်းလို့ရတယ်လေ.
ဟောင်ရန်ရဲ့ အကြံကိုလူတိုင်းထောက်ခံလိုက်ကြကာ အကောင်အထည်ဖော်ဖို့ စိတ်လှုပ်ရှားနေကြတယ်. ကုနင်းတောင်မှ ကုမန့်ကို ဒီအကြောင်းပြချက်ပဲပေးဖို့ စိတ်ကူးနေလိုက်တယ်. ကုမန့်က သူမသူငယ်ချင်းတွေအကြောင်းကို သိပြီးသားဖြစ်တာကြောင့် ပိုလို့တောင် အကြောင်းပြလို့လွယ်သေးတယ်.
တရုတ်စာ,စာမေးပွဲပြီးသွားတော့ ဆရာမက ရုံးခန်းကို ပြန်သွားကာ ကုနင်းအကြောင်းကို တခြားဆရာတွေအား စိတ်လှုပ်ရှားစွာနဲ့ပြန်ပြောပြတော့တယ်. တခြားလူတွေကလဲ ကုနင်းက စာအားလုံးကို မှန်မှန်ကန်ကန်နဲ့ ၄၅မိနစ်အတွင်း ဖြေခဲ့တယ်လို့ကြားတာကြောင့် အံ့အားသင့်ကုန်ကြတယ်.
သူမက ဉာဏ်ကြီးရှင်ပဲ!
ဘယ်သူမှတော့ ကုနင်းရဲ့အတန်းပိုင်ဆရာမ ကျန်းချိုးဟွာထပ်ပိုပြီး အံ့အားမသင့်နိုင်ကြပါဘူး. သူမကတော့ ကုနင်းရဲ့အရင်ရမှတ်တွေအကြောင်းပိုသိတယ်လေ. အမှတ်တွေက ဆိုးဝါးလွန်းမနေပေမယ့် ကောင်းလဲမကောင်းပါဘူး.
သူမလှည့်ဖျားတာများလား?
ကုနင်းရဲ့ရမှတ်တွေကို သိထားတဲ့နောက်ထပ်ဆရာတွေကလဲ ထိုသို့ယုံကြည်နေကြပေမယ့် သူမလှည့်ဖျားပြီးဖြေခဲ့ရင်တောင်မှ အဖြေအားလုံးမှန်ဖို့ ခက်ပါသေးတယ်.
မေးခွန်းပေါက်သွားတာလား?
ကျန်းချိုးဟွာ ချက်ချင်းပဲ သူမကျောင်းသားက ဆိုးဝါးတာတွေလုပ်ခဲ့လားဆိုတာသိရအောင် ကုနင်းကိုခေါ်ကာ ဘာတွေဖြစ်တာလဲလို့ မေးလိုက်တယ်.
ကုနင်းကတော့ အခုဖြေတာက သူမအရည်အချင်းနဲ့သူမဖြေခဲ့တာဖြစ်ကြောင်း အခိုင်အမာပြောဆိုပြီး တကယ်လို့ ဆရာတွေက မယုံဘူးဆိုရင်လဲ သူမကိုပဲ နောက်ထပ်စာမေးပွဲထပ်စစ်လို့ရကြောင်းပြောလိုက်တယ်.
..............
နောက်ထပ်ဖြေရမှာကတော့ အင်္ဂလိမ်စာပါ. ဒီတစ်ခါဖြေတာက ပိုတောင်မြန်ကာ မေးခွန်းအားလုံးဖြေပြီးဖို့ ကုနင်း မိနစ်၂၀လောက်သာအချိန်ယူလိုက်ရပေမယ့် စာရွက်အပ်ဖို့အချိန်လိုသေးတာကြောင့် နောက်ထပ်၁၀မိနစ်လောက်စောင့်လိုက်ရတယ်.
အခန်းစောင့်ဆရာကတော့ ပြီးခဲ့တဲ့ စာမေးပွဲမှာ ကုနင်းဖြေခဲ့တာကို သံသယရှိနေတာကြောင့် သူမကိုပဲ အချိန်ပေးစောင့်ကြည့်နေတယ်. ဒါပေမယ့် သူ ကုနင်းဆီက မည်သည့် ပုံမှန်မဟုတ်တဲ့ သံသယဖြစ်စရာအချက်ကိုမှမတွေ့ခဲ့ပဲ သူမဘာသာ စာအေးဆေးရေးနေခဲ့ပါတယ်.
ထို့ထက်ပိုထိတ်လန့်စရာကောင်းတာက မိနစ်၂၀လောက်နေပြီးတာနဲ့ စာတွေအကုန်ပြီးနေခဲ့တာပါပဲ. အဖြေလွှာစာရွက်က လက်ရေးသပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းနေတာပဲ. စိတ်မကောင်းစွာနဲ့ သူက အင်္ဂလိပ်ဆရာမဟုတ်တာကြောင့် ကုနင်းရဲ့အဖြေတွေမှန်မမှန်တော့မသိပါဘူး. အဖြေတွေအားလုံး ဒါမှမဟုတ် အနည်းဆုံး ၈၀ရာခိုင်နှုန်းလောက်သာမှန်နေရင် ကုနင်းက တကယ်ကို ဉာဏ်ကြီးရှင်တစ်ယောက်ပဲ.
မိနစ်၃၀ပြည့်တာနဲ့ ကုနင်းချက်ချင်းစာရွက်ကိုအပ်ခဲ့တယ်.
ဆရာကလဲ စာမေးပွဲပြီးတာနဲ့ ကုနင်းရဲ့အဖြေလွှာကို အင်္ဂလိပ်ဆရာထံပေးပြီးစစ်ခိုင်းလိုက်တော့ အဖြေအားလုံးက မှန်ကန်နေခဲ့တယ်.
"ကုနင်းက အင်္ဂလိပ်စာအရမ်းတော်တယ်. သူ့အသံထွက်ကလဲ တကယ့်နိုင်ငံသားတစ်ယောက်ရဲ့အသံထွက်အတိုင်းပဲ. ငါ့ကိုငါတောင် ရှက်မိသွားတယ်. အရင်နေ့တုန်းက သူ့ကို စာတစ်ပိုဒ်ဘာသာပြန်ခိုင်းခဲ့တာ. အတန်းထဲက ထိတ်တန်းကျောင်းသားတွေတောင် သူ့လိုဘယ်သူမှပြည့်ပြည့်စုံစုံဘာသာပြန်နိုင်မှမဟုတ်ဘူး လုပ်နိုင်ရင်လဲ အချိန်တော်တော်ယူရမယ်. ဒါပေမယ့် ကုနင်းကတော့ သိပ်တောင် အားထုတ်စရာမလိုပဲ လွယ်လွယ်လေးလုပ်နိုင်ခဲ့တာ. ငါသာသူ့မျက်နှာကို ကြည့်မနေဘူးဆိုရင် သူ့ကိုနိုင်ငံခြားသားတစ်ယောက်လို့တောင်ထင်မိမှာ!" ချန်းကျီယောင်က ချန်းကျီယောင်ကြောင့်သာ ကုနင်းကို အပြစ်ရှာခဲ့တာဖြစ်ပြီး သူကိုယ်တိုင်က ကိုယ်ကျင့်တရားပျက်နေတဲ့လူတစ်ယောက်မဟုတ်ပါဘူး. သူကုနင်းရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို တကယ်အထင်ကြီးတာကြောင့်သူမအတွက် ဝင်ပြောပေးနေတာပါ.
သူ ထိပ်ဆုံးကျောင်းသားတွေရှိတဲ့ အခန်း၁ကိုတောင်သွားပြီး ကျောင်းသားတွေကို စမ်းသပ်ခဲ့ပေမယ့် အချိန်အကြာကြီးယူခဲ့တာတောင် ဘယ်သူမှ ကုနင်းလိုပြည့်စုံစွာဘာသာမပြန်နိုင်ကြပါဘူး.
"ဘာ? သူက အဲ့လောက်တောင်တော်လား?"
ထိုချီးမွမ်းစကားကိုကြားတော့ ကျန်တဲ့ဆရာအားလုံး အံ့ဩသွားကြတယ်.
"သူအရင်တုန်းက စာညံ့တယ်မဟုတ်ဘူးလား?"
ဘယ်လိုပဲသူတို့ ကုနင်းတော်လာတာနဲ့ပတ်သတ်တဲ့ အသင့်တော်ဆုံးအကြောင်းပြချက်ကိုတွေးကြည့်ကြည့်နောက်ဆုံးတော့ မဖြစ်နိုင်ဘူးလို့ပဲ အဖြေထွက်လာခဲ့တယ်.
၁၂နာရီလောက်ကျတော့ ချင်ယီဖန်း ကုနင်းကို ဖုန်းခေါ်လာခဲ့ကာ လက်ဝတ်ရတနာတွေလုပ်ပြီးသွားပြီဖြစ်ပြီး သူမဘယ်တော့အားမလဲလို့ မေးခဲ့တယ်.
ကုနင်း ဒီနေ့ကော မနက်ဖြန်ပါလုပ်စရာတွေရှိတာကြောင့် တနင်္ဂနွေနေ့နေ့လည် ဒါမှမဟုတ် တနင်္လာနေ့မှလာမယ်လို့ပြောလိုက်ပေမယ့် ချင်ယီဖန်းက ကုနင်းကိုအရမ်းတွေ့ချင်နေတာကြောင့် သူအားနေတာနဲ့ ကျောင်းကိုယူလာပေးမယ်လို့ပြောလိုက်တယ်. နောက်နာရီဝက်လောက်နေရင် သူရောက်လာမှာပါ.
ကုနင်းငြင်းလိုက်ချင်ပါတယ်. သူ့ကို အလုပ်မရှုပ်စေချင်ပေမယ့် ချင်ယီဖန်းကတော့ လာမယ်ချည်းပြောနေတာကြောင့် နောက်ဆုံး သူမဘက်ကပဲ သဘောတူပေးလိုက်ရတော့တယ်.
ကုနင်းကတော့ ကျောင်းအပြင်ဘက်ကစားသောက်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ နေ့လည်စာစားနေကြပြီး ချင်ယီဖန်းကိုလဲ ဒီစားသောက်ဆိုင်ကိုပဲလာခဲ့ရန်ပြောလိုက်တယ်. ချင်ယီဖန်းနဲ့ သူမသိတာကို မကွယ်ဝှက်ချင်တာကြောင့် သူငယ်ချင်းတွေကိုရှောင်ပြီးတွေ့ဖို့လဲမလိုပါဘူး. ဒါပေမယ့် သူတို့နေ့လည်ကျရင်လဲ စာမေးပွဲဆက်ဖြေဖို့ရှိနေသေးတာကြောင့် အားလပ်ချိန်က ကန့်သတ်ထားပါတယ်. ဒါကြောင့်ကုနင်း ချင်ယီဖန်းနဲ့ အတူစားဖို့ မစောင့်နေတော့ပါဘူး.
ချင်ယီဖန်းက အခုချိန် ကုနင်းကိုတွေ့ချင်နေစိတ်ပဲရှိတာကြောင့် အရေးအကြီးဆုံးအချက်ကိုမေ့သွားခဲ့တယ်. လက်ဝတ်ရတနာတွေက အနည်းဆုံး ယွမ်သန်း၁၀၀ကျောက်လောက်တန်ဖိုးရှိတာကြောင့် မိန်းမငယ်လေးတစ်ယောက်ကို ဒီတိုင်းပေးလိုက်ဖို့ရာက မလုံခြုံပါဘူး. ကုနင်းကတော့ ထိုကိစ္စနဲ့ပတ်သတ်ပြီး ဂရုကိုမစိုက်တာကြောင့် ချင်ယီဖန်းလာကို စိတ်မရှိပါဘူး.
နာရီဝက်နေပြီးတော့ ချင်ယီဖန်း ဘောလုံးတစ်ဝက်လောက်ကြီးတဲ့ သစ်သားသေတ္တာတစ်ခုနဲ့ ရောက်လာခဲ့တယ်. လူတိုင်းကလဲ ကုနင်းရဲ့သူငယ်ချင်းတစ်ယောက်က သူမကိုပေးစရာတစ်ခုရှိလို့လာမှာဆိုတာသိပေမယ့် ထိုလူဘယ်သူဆိုတာတော့မသိကြပါဘူး. ဒါကြောင့် ချင်ယီဖန်းကို တွေ့လိုက်ရတော့ ယွီမီရှီနဲ့ ချူးဖေ့ဟန်ကလွဲပြီး ကျန်တဲ့လူတွေအကုန် အံ့ဩသွားကြတယ်. အထူးသဖြင့် ချင်ကျီရွှမ်းပေါ့.
ချင်ကျီရွှမ်းချက်ချင်း ဆိုဖာကနေထရပ်ကာ နှုတ်ဆက်လိုက်တယ်,
"မင်္ဂလာပါ, ဝမ်းကွဲအကို ယီဖန်း." (ချင်းကျီရွှမ်ကို ချင်ကျီရွှမ်းဟု ပြင်ပါမည်.)
ကုနင်းလဲ ထိတ်လန့်သွားတယ်. ချင်ယီဖန်း နဲ့ ချင်ကျီရွှမ်းတို့က ဝမ်းကွဲညီအစ်ကိုဖြစ်နေမယ်လို့ သူမမမျှော်လင့်ထားခဲ့ဘူး.
"ဟိုင်း, အကိုတွေ့ရတာဝမ်းသာပါတယ်." ဟောင်ရန်, ကျန်းထန်ပင်းနဲ့ မုမယ်တို့လဲ ချက်ချင်းထရပ်ကာ နှုတ်ဆက်လိုက်ကြတယ်.
"မင်းတို့ဘယ်လိုလုပ်ဒီရောက်နေကြတာလဲ?" ချင်ယီဖန်းလဲ သူတို့ကိုမြင်တော့ အံ့ဩသွားတယ်.
သူတို့က ကုနင်းနဲ့ကျောင်းအတူတူပဲဆိုတာကို ချင်ယီဖန်းသိထားပေမယ့် တစ်ယောက်နဲ့တစ်ယောက်သိနေကြလိမ့်မယ်လို့တော့ မထင်ထားဘူး. ခနနေတော့မှ ဒါမဖြစ်နိုင်တာမဟုတ်မှန်း သူနားလည်သွားတယ်. သူတို့က တစ်ကျောင်းတည်း စာသင်နေကြတာဖြစ်ပြီး အကုန်လုံးက စီနီယာတန်းတွေဖြစ်တာကြောင့် သူတို့တစ်ယောက်နဲ့တစ်ယောက်သိနေကြတာမဆန်းပါဘူး. ဒါပေမယ့် ချင်ကျီရွှမ်းနဲ့ ကျန်တဲ့ကောင်လေးတွေကတော့ အံ့ဩနေကြတုန်းပါ. ကုနင်းက ဘယ်လိုလုပ် ချင်ယီဖန်းနဲ့ သိနေတာလဲ?
"ထိုင်ပါဦး. နင်တို့ကောပဲ." ကုနင်းပြောလိုက်တယ်.
ဒီတော့မှ အားလုံးထိုင်လိုက်ကြတော့တယ်.
ကုနင်းက သူငယ်ချင်းတွေကို ရှောင်ခိုင်းဖို့ ဆန္ဒမရှိမှန်း ချင်ယီဖန်းသိလိုက်တယ်, ဒါကြောင့်ပဲ ဒီမှာတွေ့ဖို့ပြောတာပေါ့. ဒါကြောင့် တုံ့ဆိုင်းမနေဘဲ သေတ္တာလေးကို ကုနင်းထံပေးလိုက်ကာ,
"ကုနင်း, ဒါမင်းပစ္စည်းတွေပဲ. ကျန်တဲ့ ကျောက်စိမ်းအတွက်ငွေကိုတော့ နောက်မှ မင်းအကောင့်ထဲလွှဲပေးလိုက်မယ်."
"ရပါတယ်, ကျေးဇူးပဲ." ကုနင်းပြောရင်းနဲ့ သေတ္တာကိုယူလိုက်တယ်.
"ကုနင်း, အဲ့ထဲကဘာလဲ?" ချူးဖေ့ဟန်ကတော့ စပ်စုချင်လွန်းလို့ သေတ္တာကနေမျက်လုံးကို မခွာနိုင်တော့ပါဘူး. ချူးဖေ့ဟန်ပဲတော့မဟုတ်ပါဘူး ကျန်တဲ့သူတွေလဲ သိချင်နေကြပါတယ်.
"ဒါက ငါ့မိသားစုအတွက် "ယီချိုင်ကျောက်စိမ်းဆိုင်"က လုပ်ပေးထားတဲ့ လက်ဝတ်ရတနာတွေ." ကုနင်းသူတို့ကို ပြောပြလိုက်တယ်.
လက်ဝတ်ရတနာလို့ကြားလိုက်တော့ သူတို့လဲ သိချင်စိတ်တွေချက်ချင်းပဲပျောက်သွားကြပါတယ်. ဘာလို့ဆို ချင်ကျီရွှမ်းနဲ့ ကျန်တဲ့လူတွေရှိနေတာကြောင့် ချင်ယီဖန်းကတော့ ကုနင်းကို ဒီအကြောင်းအများကြီးပြောဖို့ မသင့်တော်ဘူးလို့ခံစားရပါတယ်. သူတို့နေ့လည်ကျရင် စာမေးပွဲဖြေဖို့ရှိသေးတာသိတာကြောင့် သူလဲခနပဲနေပြီး ပြန်သွားတယ်.
ကုနင်းနဲ့ သူငယ်ချင်းတွေလဲ အတန်းဆီပြန်သွားကြကာ ကျန်တဲ့စာမေးပွဲတွေကိုတော့ နေ့လည်၂နာရီတွင် စတင်ဖြေဆိုကြပါတယ်.