← Chapters

အခန်း (၁၀၁-၁၀၅)

Vol. 7 Ch. 101-105

အခန်း (၁၀၁-၁၀၅)

Vol. 7 Ch. 101-105

အခန်း ၁၀၁ ကြင်နာပါ

ကုနင်း ကျန်တဲ့ မေးခွန်းလွှာတွေကိုလဲ ဘာလှည့်စားမှုမှမပါဝင်ပဲ နာရီဝက်အတွင်းပြီးခဲ့ပါတယ်. ကုနင်းကို စာညံ့တယ်လို့သိထားတဲ့လူတွေက သူမရဲ့အခုလိုပြောင်းလဲမှုကို လက်ခံနိုင်မှာမဟုတ်မှန်း ကုနင်းသိထားပေမယ့် အမှန်တရားက ဘယ်တော့မှ ပြောင်းလဲလို့မရပါဘူး. ဒါကြောင့် အခုချိန်မှာ သူမကို သံသယဝင်နေကြမယ့် အတန်းဖော်တွေနဲ့ ဆရာ/မတွေကို မျက်နှာချင်းဆိုင်မှု ကြောက်မနေပါဘူး.

နေ့လည်ခင်း ဖြေရမှာတွေပြီးသွားတော့ ၄နာရီရှိပြီဖြစ်တာကြောင့် ကုနင်းချက်ချင်းထွက်လာခဲ့လိုက်တယ်. ချိန်းထားတဲ့အချိန်က ယို့ယွီလမ်းပေါ်က ယို့ယွီစားသောက်ဆိုင်မှာ ညနေ၆နာရီချိန်းထားတာပါ. ဖန်းဟွာအိမ်ရာကနေ ယို့ယွီစားသောက်ဆိုင်ကို ရောက်ဖို့ မိနစ်၂၀လောက်အချိန်လိုတာကြောင့် ကုမန့်တို့က ညနေ၅နာရီထဲက အိမ်ကထွက်ကြဖို့ စီစဉ်ထားလေတယ်. ဒါကြောင့် ကုနင်း အိမ်ကို အရင်ပြန်ရပါမယ်.

ဒီနေ့တော့ ကုနင်းမပြေးတော့ဘဲ တက္ကစီသာစီးလိုက်တာကြောင့် မိနစ်၂၀အတွင်း ဖန်ဟွားအိမ်ရာကိုပြန်ရောက်ခဲ့တယ်. ကုနင်းက ဒီနေ့လပတ်စာမေးပွဲဖြေရတဲ့အကြောင်းပြောထားတာကြောင့် ကုမန့်တို့တွေ အခုလိုမျိုး ကုနင်းစောပြန်ရောက်တာကြောင့် အံ့ဩကုန်တယ်.

"ဘာလို့ ဒီလောက်အစောကြီးပြန်ရောက်လာတာလဲ?" ကုမန့်မေးလိုက်တယ်.

"ဖြေလို့ပြီးသွားတာနဲ့ စောပြန်လာလိုက်တာလေ." ကုမန့်ပြန်ဖြေလိုက်တယ်.

"မဟုတ်မှ အဖြေတွေတစ်ခုမှ မသိလို့လား? အဲ့လိုဆိုလဲ ကိစ္စမရှိဘူး. ဆက်ကြိုးစားလို့ရတာပဲ." ကုချင်နှစ်သိမ်းပေးလိုက်တယ်. သူတို့က ကုနင်းကိုဘယ်တော့မှအပြစ်မတင်ဘဲ အမြဲတမ်းအားပေးကြတယ်. ဘာလို့ဆို ကလေးတိုင်းက ထူးထူးချွန်ချွန်နဲ့ မွေးလာကြတာမဟုတ်ဘူးလေ.

ကုနင်းကတော့ ရှည်ရှည်ဝေးဝေးထပ်မရှင်းပြနေတော့ပါဘူး. အမှတ်ထွက်လာရင်သိရမှာပဲကို.

ခနကြာတော့ ကျန်းရှင်းရွှယ်လဲအိမ်ပြန်ရောက်လာခဲ့တယ်. သူမမှာက နေ့လည်ခင်းအတန်း၂ချိန်ပဲရှိတာကြောင့် ၄နာရီ၅မိနစ်ကျတော့ ကျောင်းကထွက်လာကာ ၄နာရီခွဲတော့ ပြန်ရောက်လာခဲ့တယ်.

၅နာရီထိုးတော့ လူတိုင်းသွားဖို့အဆင်သင့်ဖြစ်နေပေမယ့် ကုနင်းကသူတို့အားလုံးကိုတားလိုက်ကာ,

"ဘာလို့အစောကြီးသွားကြမှာလဲ? သမီးတို့အမြဲတမ်း မိသားစုစားပွဲဆို အစောကြီးသွားကြပြီး သူတို့ကျတော့ အမြဲတမ်းနောက်ကျနေကြတာ. သမီးကတော့ အချိန်မီရုံသွားတာကပိုအဆင်ပြေမယ်ထင်တယ်."

"အဲ့ဒါက...." ကုမန့်ကတော့ ဒါက သိပ်မသင့်တော်ဘူးလို့ ခံစားရတယ်.

"ငါကတော့ နင်းနင်းမှန်တယ်ထင်တယ်. ငါတို့ဘာလို့ အမြဲအစောကြီးသွားပြီး သူတို့ကိုစောင့်နေရမှာလဲ?" ကုချင်ကလဲ ချက်ချင်းထောက်ခံလိုက်ပြီး ပြန်ထိုင်လိုက်တယ်. ကုမန့်လဲ နောက်ဆုံးတော့ လက်ခံလိုက်ရတော့တယ်.

ကုမန့် နဲ့ကုချင်တို့က အဝတ်အစားကောင်းကောင်းမလဲထားပါဘူး. သူတို့က အလယ်အလတ်တန်းစားတံဆိပ်ဝတ်စုံကိုပဲဝတ်ဆင်ထားကာ အရမ်းကို သာမာန်ဆန်တယ်. အဝတ်အစားတံဆိပ်တွေနဲ့ မရင်းနှီးတဲ့သူဆိုရင် ဒါဘာတံဆိပ်မှန်းတောင်သိမှာမဟုတ်ကြဘူး. ကျန်းရွှီကလဲ အတူတူပါပဲ. ကုနင်းကတော့ သူမလဲ သာမာန်ထသွားထလာဝတ်စုံမျိုးပဲဝတ်ထားပါတယ်.

သူတို့အားလုံး ၅နာရီမခွဲခင်အထိ မထွက်ကြပါဘူး.

သူတို့ ယို့ယွီစားသောက်ဆိုင်ကိုလမ်းလျှောက်ပဲသွားကြကာ သူတို့ရောက်သွားတော့ ၆နာရီထိုးဖို့ ငါးမိနစ်တောင်လိုနေသေးပေမယ့် တိုက်ဆိုင်စွာပဲ ကုချင်းရှန်တို့မိသားစုနဲ့ ဆိုင်ပြင်မှာတွေ့လိုက်တယ်. ကုချင်းရှန်တို့ မိသားစုမှာတော့ ကုချင်းရှန်, လင်လိကျွမ်း, ကုရှောင်ရှောင် နဲ့ အဘွားတို့ပါဝင်တယ်.

သူတို့ကတော့ မိသားစုစားသောက်ပွဲတိုင်းနောက်ကျနေကြပါ.

ကုချင်းရှန်က ကုမိသားစုတွင် အချမ်းသာဆုံးဖြစ်တာကြောင့် အာဏာအကြီးဆုံးလဲဖြစ်တယ်. ဒါကြောင့် သူက မာနကြီးအထက်စီးဆန်လာကာ သူ့ကိုယ်သူ မိသားစုက ကြယ်ပွင့်တစ်ပွင့်လို့ထင်နေတယ်.

ကုမန့်နဲ့ ကျန်တဲ့လူတွေကို အပြင်မှာတွေ့လိုက်ရတော့ သူစိတ်တိုသွားခဲ့တယ်.

ကုချင်းရှန်တင်မကဘူး လင်လိကျွမ်း, ကုရှောင်ရှောင် နဲ့ အဘွားပါ မျက်နှာတွေသုန်မှုန်ကုန်ကြတယ်. အထူးသဖြင့် အဘွားပေါ့, သူမအခုထိ အရင်တစ်ခေါက်တုန်းက ကုနင်းသူမကို အော်ခဲ့တာအတွက် စိတ်တိုနေသေးပါတယ်. ချက်ချင်းပဲ ဒေါသသံကျယ်ကျယ်နဲ့ သူမက,

"ကုနင်း, မိမစစ်ဖမစစ်မ! နင့်ကို ဘယ်သူက ဒီကိုလာခိုင်းလို့လဲ? ချက်ချင်းထွက်သွားစမ်း!"

အဘွားမှာတော့ သူ့ကိုသူတောင်မထိန်းနိုင်တော့ဘဲ အရူးမကြီးတစ်ယောက်လိုအော်ဟစ်တော့တယ်. တခနအတွင်းပဲ သူမအော်သံက ဘေးမှလူတွေကိုပါ ဆွဲဆောင်သွားတယ်. ဘာတွေဖြစ်ကြမှန်း လူအုပ်ကြီးက မသိတာတောင်မှ ထိုအဘွားကြီးရဲ့အပြုအမူ‌ကို အထင်သေးသွားကြတယ်.

ကုချင်းရှန်လဲ သူ့အမေရဲ့အပြုအမူကြောင့် ပထမတော့အံ့ဩသွားကာ နောက်တော့ လူတွေရဲ့အကြည့်တွေကြောင့် ရှက်သွားပြီ,

"အမေ..."လို့ခေါ်လိုက်တယ်.

သူ့အမေက ကုနင်းကို ဘယ်တုန်းကမှသဘောမကျသလို သူလဲအတူတူပါပဲ. သူလဲပဲ ကုနင်းကို မုန်းပြီး ရွံရှာပါတယ်.

သူတို့တွေ့တဲ့အချိန်တဲ့ ထိုအမျိုးသမီးအိုကြီးက ကုနင်းကို အရှက်ခွဲလေ့ရှိပေမယ့် ဒီလောက်စိတ်ဆိုးနေတာမျိုးတော့ မမြင်ဖူးပါဘူး.

ကုချင်းရှန်က ဒီရက်တွေအတွင်း အလုပ်များနေပြီး အိမ်ကို သိပ်မပြန်ဖြစ်ခဲ့ပါဘူး. ဒါကြောင့် အရင်နေ့တွေတုန်းက ဘာတွေဖြစ်သွားခဲ့မှန်းလဲ သူမသိဘူး.

ထိုအချိန်မှာပဲ ကုမန့်နဲ့ကျန်တဲ့လူတွေအားလုံး စိတ်တိုသွားကြတယ်. ကုမန့်ကတော့ ငိုတော့မလိုနဲ့ ပြန်ပြောလိုက်တယ်,

"အမေ, နည်းနည်းလောက်ကြင်နာကြည့်လို့မရဘူးလား? နင်းနင်းက သမီးရဲ့သွေးသားပါ. သူက မိမစစ်ဖမစစ်တစ်ယောက်မဟုတ်ဘူး. ပြီးတော့ တတိယအကိုက ခေါ်လို့ ကျွန်မတို့လာခဲ့တာ."

အမျိုးသမီးအိုကြီးကတော့ ရှက်ရကောင်းမှန်းမသိတဲ့အပြင် ပိုစိတ်တိုသွားပြီး,

"သူက မိမစစ်ဖမစစ်ပဲ! သူ့ကို ဘယ်တုန်းကမှ မြေးလို့မသတ်မှတ်ဖူးဘူး! သူဒီမှာဆက်ရှိနေဦးမယ်ဆိုရင်, ငါသွားမယ်.!"

"အမေ, ဘာဖြစ်နေတာလဲ? သီးသန့်ခန်းထဲရောက်မှ စကားပြောကြရအောင်လား? အခုလူကြားထဲ သားကို အရှက်ရအောင်လုပ်နေတာလား?" ကုချင်းရှန် မကျေမနပ်နဲ့ပြောလိုက်တယ်.

ဘာတွေပဲဖြစ်နေပါစေ သူက မြို့တော်Fမှာ ကျော်ကြားတဲ့သူတစ်ယောက်ပဲ. သူ့အမေရဲ့ အပြုအမူက သူ့ကိုအရှက်ရစေတယ်.

အမျိုးသမီးကြီးကတော့ သူတို့မျက်နှာပျက်စရာဖြစ်မှာကို ဂရုမစိုက်ပဲ ပိုတောင်ဒေါသထွက်သွားတယ်. သူမက ဆရာကြီးစတိုင်နဲ့ အထက်စီးဆန်ဆန်ဆက်ဆံတတ်တဲ့လူဖြစ်ပြီး သူမဖို့သာကြည့်တဲ့လူမျိုးဖြစ်တာကြောင့် ကုနင်းကိုဆက်ပြီး အော်တော့တယ်,

"နင်ကဘာမို့လို့လဲ? နင်လို မိမစစ်ဖမစစ်က ရှောင်ရှောင်ကို ရိုက်ခဲ့တာတောင် မတောင်းပန်တဲ့အပြင် ငါ့ကိုတောင် ‌အော်လိုက်သေးတယ်! အရူးမ!"

ကုနင်းအိမ်မပြန်ဖြစ်တာကြောင့် ဘယ်သူမှ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူ့ကိုသေချာမပြောရသေးပါဘူး.

"မိမစစ်ဖမစစ်"ဆိုတဲ့ စကားလုံးကိုကြားလိုက်တော့ ကုနင်း, ကုမန့်နဲ့ ကျန်တဲ့သူတွေ မကျေမနပ်ဖြစ်သွားတယ်. ကုနင်း ထိုအမျိုးသမီးအိုကြီးကို အေးစက်စက်ကြည့်လိုက်တော့ သူမမှာကြောက်လန့်ပြီး ဆွံ့အသွားရတယ်.

ကုချင်းရှန် အစကတော့ သူမျက်နှာပျက်မှာကို ကာကွယ်ချင်ပေမယ့် ဒီကိစ္စထဲ သူ့သမီးပါလာတာကြောင့် စိတ်လွတ်သွားကာ,

"ဘာ? ကုနင်းက ရှောင်ရှောင့်ကိုရိုက်တယ်?" ကုချင်းရှန် မျက်နှာပြောင်းလဲသွားပြီး ဒေါသတွေအပြည့်နဲ့ ကုနင်းကို ကြည့်လိုက်တယ်.

ကုရှောင်ရှောင်ကလဲ ကြန့်ကြာမှုမရှိပဲ ကုနင်းကို အပြစ်တင်တော့တယ်,

"ဟုတ်တယ်, အဖေ, ကုနင်း သမီးခေါင်းကို ပန်းကန်ပြားနဲ့ရိုက်တယ်. ပြီးတော့ ပါးလဲဘယ်နှချက်မှန်းတောင်မသိရိုက်သေးတယ်. အဘွားက သူ့ကိုတောင်းပန်ခိုင်းပေမယ့် သူက ငြင်းတယ်. ပြီးတော့ အဘွားကိုလဲ အော်ပြီး အမေ့ကိုတောင် ခြိမ်းခြောက်လိုက်သေးတယ်."

ပြောပြီးတော့ သူမ ကုနင်းကို ရန်စသလိုတစ်ချက်ကြည့်လိုက်တယ်.

သူမကုနင်းကို ကြောက်ပေမယ့် အခု ဒီမှာ သူမအဖေလဲရှိနေတာကြောင့် ဘာမှကြောက်စရာမလိုတော့ဘူး.

လူအုပ်ကြီးက ကုနင်းကို ထိတ်လန့်စွာနဲ့ ကြည့်လိုက်ကြတယ်.

ဘာ?

သူမက ဒီမိန်းကလေးကို ပန်းကန်ပြားနဲ့လဲ ရိုက်တဲ့အပြင် ပါးတောင်ရိုက်လိုက်သေးတယ်. တောင်ပြန်ဖို့ကိုလဲငြင်းပြီး သူ့ထက်အကြီးတွေကိုပြန်အော်ပြီး ခြိမ်းတောင်ခြောက်လိုက်သေးတယ်လား?

ဒီလိုသာဆို ဒီကောင်မလေးက တော်တော်လေးရိုင်းဆိုင်းတာပဲ.

ဒါပေမယ့် တချို့လူတွေကတော့ အတည်မပြုရသေးခင်အထိ ချက်ချင်းမယုံကြည်သေးပါဘူး. ကုနင်းကိုတော့ သံသယဝင်နေကြတယ်.

"ကုမန့်, နင်ဘယ်လိုသမီးမျိုးမွေးထားတာလဲ? သူကများ ငါ့သမီးကိုရိုက်ရဲတယ်?" ကုချင်းရှန် ကုမန့်ကိုအော်လိုက်တယ်.

ကုမန့်လဲ သူ့အော်သံကြောင့် ထိတ်လန့်သွားတယ်. ကုမိသားစုထဲမှာ ကုချင်းရှန်က အချမ်းသာဆုံးဖြစ်ပြီး အကြီးဆုံးလဲဖြစ်တာကြောင့် လူတိုင်းက သူ့ကိုကြောက်ကြတယ်.

ကုချင်းရန်က အစိုးရအလုပ်လုပ်နေတဲ့သူဖြစ်တာတောင် ကုချင်းရှန်ကို အရမ်းပဲ လေးစားပါတယ်.

.................Part101End......................

ဖီးနစ်သွေးစက်

အခန်း ၁၀၂ ဘယ်သူကရိုင်းတာလဲ?

ကုချင်းရန်က သာမာန်ဝန်ထမ်းဖြစ်ပြီး အရာရှိတစ်ယောက်မဟုတ်တာကြောင့် ကုချင်းရှန်ကို မယှဉ်နိုင်ပါဘူး. ကုမန့်လဲ ကုချင်းရှန်ကိုကြောက်ပေမယ့် ကုနင်းကိစ္စပါလာရင်တော့ ဘယ်တော့မှအလျှော့ပေးလေ့မရှိဘဲ,

"နင်းနင်း ရှောင်ရှောင့်ကိုရိုက်တယ်ဆိုတာ သူအရင် အရှက်လာခွဲလို့."

"အဲ့တော့ဘာဖြစ်လဲ? သူ ခန္ဓာကိုယ်ကိုထိခိုက်အောင်လုပ်ခဲ့တာမှမဟုတ်တာ. ငါ့သမီးကို သူမရိုက်သင့်ဘူး." ကုချင်းရှန်ကတော့ ကုရှောင်ရှောင် ကုနင်းကို အရှက်ခွဲတာအမှားလို့မတွေးပါဘူး.

"နင်..." ကုမန့်စိတ်ဆိုးလွန်းလို့ မူးလာကာ လဲကျတော့မလိုဖြစ်သွားတယ်.

ကုနင်း ချက်ချင်းပဲ သူမအမေကို တွဲလိုက်ကာ သူမကိုယ်ထဲ စွမ်းအားအနည်းငယ်လွှဲပြောင်းပေးလိုက်တယ်.

ကုနင်းရဲ့ ကျောက်စိမ်းမျက်ဝန်းမှာ စွမ်းအားတွေအများကြီးမရှိပေမယ့် ကုမန့်ရဲ့ အသက်ရှူနှုန်းငြိမ်အောင်လောက်တော့ကူညီနိုင်ပါတယ်.

ကုမန့် ရုတ်တရက် သူမကိုယ်ထဲ အေးမြတဲ့လေလေးဖြတ်သန်းသွားသလိုခံစားလိုက်ရကာ. ချက်ချင်းပဲ အသက်ရှူနှုန်းတည်ငြိမ်သွားတယ်.

ကုမန့်ဒါက ထူးဆန်းတယ်လို့တွေးမိပေမယ့် သူမကြာကြာမတွေးရသေးခင်မှာပဲ ကုနင်းရပ်လိုက်တာကြောင့် စိတ်ထင်တာလို့ပဲတွေးမိလိုက်တယ်.

"နင်ဘယ်လိုပြောလိုက်တာလဲ? နင်းနင်းက ဘာလို့ အဲ့လိုဆက်ဆံခံရမှာလဲ?" ကုချင်လဲစိတ်တိုသွားတယ်. ကုချင်းရှန် တစ်ကိုယ်ကောင်းဆန်တာကို သူမသိပေမယ့် ဒီလောက်အထိ အရှက်မဲ့လိမ့်မယ်လို့တော့ မထင်ထားဘူး.

"သူများကို အရှက်ခွဲတာက ရှောင်ရှောင့်အမှားဆိုရင်တောင် ကုနင်းမရိုက်သင့်ဘူး." ကုချင်းရှန် သူ့ရဲ့စိတ်ရှည်မှုတွေပျောက်ဆုံးလုနီးနီးဖြစ်နေကာ,

"ပြီးတော့ ငါ့အမေက သူ့ကိုတောင်းပန်ဖို့ပြောတာကို သူက ငြင်းတဲ့အပြင် ပြန်တောင်အောင်လိုက်သေးတယ်. ဘယ်လောက်တောင်ရိုင်းလဲ!"

"ဟွန့်!" ကုနင်း နှာခေါင်းရှုံ့လိုက်ကာ ကုချင်းရှန်ကို စိုက်ကြည့်ရင်း အေးစက်စွာနဲ့ပြောလိုက်တယ်,

"ဒါဆို ကျွန်မ ရှင့်ကို မိမစစ်ဖမစစ်လို့ခေါ်ပြီး ရှင့်အမေကို အရှက်မရှိတဲ့ခွေးမ*လို့ခေါ်မယ်လေ, ပြီးတော့ ရှင်လဲဘာမှဒီအတွက် ဘာမှပြန်လုပ်ခွင့်မရှိဘူး, ဘယ်လိုလဲ?"

"မင်းအတင့်ရဲလှချည်လား!" ထိုစကားကိုကြားတော့ ကုချင်းရှန်းဒေါသတွေထွက်သွားကာ ကုနင်းကိုအော်ပြီး,

"မင်းဘယ်လိုလုပ်ဒီစကားပြောရဲတာလဲ? တော်တော်ရိုင်းပါလား!"

အမျိုးသမီးအိုကြီးလဲ ထိုစကားကိုကြားတော့ ဒေါသတွေထပ်ထွက်လာပြန်တယ်.

"ဘာလဲ? ကျွန်မပြောတာဘာမှားနေလို့လဲ? ကုရှောင်ရှောင် ကျွန်မမျက်နှာကိုကြည့်ပြီး ဒီစကားတွေပြောတုန်းကကော ကျွန်မအမေကို လေးစားရမှန်း သူဘယ်တုန်းကမှမတွေးခဲ့ဘူးလေ. သူကောမရိုင်းဘူးလား?" ကုနင်းပြန်ပြောလိုက်တယ်.

"မင်း...."ကုချင်းရှန် ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်.

ကုမန့်က ကုရှောင်ရှောင်ထက်အကြီးဖြစ်နေတာတောင်မှ ကုရှောင်ရှောင်သူမကို ဘယ်တုန်းကမှမလေးစားခဲ့ဘူး. အခုက ၁၈နှစ်တောင်ကြာနေပြီးဖြစ်တာကြောင့် ဒါကိုမှားနေတယ်လို့ ဘယ်သူမှမခံစားမိကြတော့ဘူး ကုချင်းရှန်တောင်မှ ကုနင်းအခုလိုလူကြားထဲမှာ အကျယ်ကြီးပြောလိုက်တာကြောင့် ဆွံ့အသွားရတယ်.

လူအုပ်ကြီးလဲ အခုတော့ ကုနင်းဘာလို့ ထိုမိန်းကလေးကို ရိုက်မှန်းသိသွားကြတယ်.

ဝိုင်းကြည့်နေသူတွေက ကုနင်းဘက်မှာ ရပ်တည်လိုက်ကြတယ်. သူတို့အမြင်မှာတော့ ,တကယ်လို့ သူမအမေက အမှားတစ်ခုခုလုပ်ခဲ့တယ်ဆိုရင်တောင် လူငယ်တွေကတော့ အကြီးကို အရှက်မခွဲသင့်ဘူးပေါ့.

အခုတော့ သူတို့အားလုံး ကုရှောင်ရှောင်ကို အပြုအမူကို မနှစ်သက်ကြတော့ပေ.

"အဓိပ္ပါယ်မရှိတာ, အဓိပ္ပါယ်မရှိတာ. အဓိပ္ပါယ်မရှိဘူး! နင့်အမေက ရှက်စရာကောင်းတဲ့အလုပ်ကိုလုပ်ခဲ့တာ! ငါတို့က ဘာလို့ သူ့ကို အပြစ်မတင်နိုင်ရမှာလဲ? နင်...." အမျိုးသမီးအိုကြီးက ဒေါသတွေနဲ့ အော်ဟစ်တော့တယ်. သူ့မျက်စိထဲမှာတော့ အမှားလုပ်ခဲ့တဲ့လူသည် ရှက်ခွဲခံရတာနဲ့ ထိုက်တန်တယ်ပေါ့.

"ပါးစပ်ပိတ်ထား!" ကုနင်း အမျိုးသမီးအိုကြီးကို အေးစက်တဲ့အကြည့်တစ်ချက်နဲ့ကြည့်ကာ အော်လိုက်တယ်,

ထိုအမျိုးသမီးအိုကြီးလဲ ကြောက်လန့်သွားကာ ချက်ချင်းပါးစပ်ပိတ်သွားတယ်. ပြီးတော့ ကုနင်းဆီကနေ ဖိအားတွေကို ခံစားရတာကြောင့် အသက်တောင်မရှူနိုင်တော့ဘူး. ကြည့်နေတဲ့သူတွေလဲ သူမဆီက အေးစက်တဲ့ အငွေ့အသက်တွေကို ခံစားနေကြရတယ်.

"ရှင် ကျွန်မအမေကို စော်ကားလာတာ ၁၈နှစ်တောင်ရှိပြီ မလုံလောက်သေးဘူးလား? အမေက ရှင့်သမီးအရင်းမဟုတ်ဘူးလို့တောင် ထင်မိတယ်. ပြီးတော့ ဘာလို့သူ့ကို အဲ့လောက်တောင်မုန်းနေတာလဲ? ရှင်က ကျွန်မအမေရဲ့ အမေပဲဆိုတော့ မရိုင်းချင်ခဲ့ဘူး. ဒါပေမယ့်အခုတော့ ရှင်ထက်ပြီး ကျွန်မအမေကို အနိုင်ကျင့်ရဲရင် အဲ့ဒီအတွက် ပြန်ပေးဆပ်ရမယ်. ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ကျွန်မကို မြေးအဖြစ်အသိအမှတ်မပြုသလို, ကျွန်မကလဲ ရှင့်ကို အဘွားအဖြစ်အသိအမှတ်မပြုပါဘူး. ဒါကြောင့် ထပ်ပြီး ခြိမ်းခြောက်လို့မရတော့ဘူး." ကုနင်းအေးစက်စွာပြောရင်းနဲ့ သူမကဒ်ကိုဖွင့်ချလိုက်တယ်.

လူတိုင်းက အမျိုးသမီးအိုကြီးကို ဒေါသထွက်စွာနဲ့ကြည့်လိုက်ကြတယ်. သူမက ကိုယ့်သမီးအရင်းနဲ့ မြေးကို ၁၈နှစ်တောင် စော်ကားအရှက်ခွဲခဲ့တယ်တဲ့လား! အကြင်နာတရားမရှိလိုက်တာ!

"နင်...."

ပထမတော့ ကုနင်းကိုကြောက်လန့်သွားပြီး နောက်တော့ အသက်ရှူတောင် ရပ်လုပ်နီးပါးတုန်လှုပ်သွားတော့တယ်. ကုချင်းရှန် ချက်ချင်းပဲ သူ့အမေလဲကျတော့မလိုဖြစ်တာကြောင့် တွဲလိုက်တယ်.

ကုနင်းက သူမကိုတောင် ခြိမ်းခြောက်တယ်.

ကုချင်းရှန်လဲ ကုနင်းရဲ့အပြုအမူကြောင့် ထိတ်လန့်သွားတယ်. သူမကအရင်လို တသီးတခြားနေတဲ့တဲ့ မိန်းကလေးနဲ့ လုံးဝမတူတော့ဘူး. မဟုတ်ဘူး. မဟုတ်သေးဘူး. သူမက သန်မာလာပြီး ယုံကြည်ချက်အပြည့်နဲ့ အမျိုးသမီးကြီးကိုတောင် ခြိမ်းခြောက်နိုင်ခဲ့တယ်. ကုချင်းရှန် ဒေါသထွက်ပြီး အပြစ်တင်တော့တယ်,

"ကုနင်း, နင်ရိုင်းလှချည်လား! ကိုယ့်ထက်အကြီးကို ဘယ်လိုပြောလိုက်တာလဲ!"

"ရိုင်းတယ်? အဲ့လိုဖြစ်တာအားလုံးက ရှင်တို့လို အရှက်မဲ့တဲ့လူတွေကြောင့်ပဲ! ကျွန်မကလဲ ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်. အရင်တုန်းက ယဉ်ယဉ်ကျေးကျေးနဲ့ တိတ်တဆိတ်နေပေးခဲ့ပေမယ့် ရှင်တို့က အမြဲတန်းအရှက်ခွဲခဲ့တယ်. အခုလုပ်နေတာက ကျွန်မဂုဏ်သိက္ခာကို ကျွန်မကာကွယ်နေတာ. အကြီး? ရှင်တို့က ကျွန်မတို့လေးစားမှုနဲ့ မထိုက်တန်ဘူး. ရှင်တို့ ကျွန်မအမေကို ၁၈နှစ်လုံးအရှက်ခွဲခဲ့ပြီး ကျွန်မကိုလဲ မိမစစ်ဖမစစ်လို့ ၁၈နှစ်တောင်ခေါ်ခဲ့ကြတယ်. ရှင်တို့နဲ့ မိသားစုဖြစ်နေတာကိုက အရှက်ရစရာပဲ. လူတွေရဲ့ လေးစားမှုကို လိုချင်ရင် အရင်ဆုံး တခြားလူကို လေးစားတက်ဖို့သင်လိုက်ဦး. တခြားသူကို ရှင်တို့ဆက်ဆံသလိုပဲ ရှင်တို့လဲ ပြန်ဆက်ဆံခံရမှာပဲ! အခုကစပြီး ရှင်တို့ စော်ကားတာကို သည်းခံနေတော့မှာမဟုတ်ဘူး!" ကုနင်း မုန်းတီးစွာနဲ့ပြောလိုက်တယ်.

"နင်...." ကုချင်းရှန်ရဲ့ မျက်နှာပြောင်းလဲသွားတယ်. ကုနင်းရဲ့စကားတွေက သူ့ကို အပြစ်ရှိသလိုခံစားစေရသလို တစ်ချိန်တည်းမှာပဲ စိတ်လဲတိုရတယ်. ကုနင်းပြောတာတွေက အကျိုးအကြောင်းသင့်လွန်းလို့ သူဘာမှပြန်မငြင်းနိုင်ခဲ့ဘူး. ဒါပေမယ့် ရှက်တော့ ရှက်သွားရတယ်.

"ပြောတာကောင်းတယ်!"

ထိုအချိန်မှာပဲ အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းသာနေတဲ့အသံကိုကြားလိုက်ရတယ်.

ကုနင်းထိုအသံက ဘယ်သူ့အသံမှန်း တန်းမှတ်မိလိုက်တယ်. ဒါက အန်ချင်းပဲ.

အန်ချင်းကိုမြင်တော့မှ ဆေးရုံစားရိတ်ပေးရသေးမှန်း သူမသတိရသွားတယ်.

အန်းချင်းက ဒါတွေကို ဂရုမစိုက်မှန်းသိပေမယ့် သူမကတော့ နည်းနည်းရှက်နေတုန်းပဲ.

"ကုနင်း, ငါရှိတယ်! လူတွေရဲ့နောက်မှာဘယ်တော့မှမနေနဲ့ ကိုယ်တိုင်ရပ်တည်နိုင်အောင်လုပ်!"

အန်းချင်း ကုနင်းကို ထောက်ခံလိုက်တယ်.

ကုနင်းမှာ ဒီလိုရှုပ်ထွေးပြီး ဆိုးဝါးတဲ့ မိသားစုနောက်ခံရှိလိမ့်မယ်လို့ သူမမထင်ထားဘူး. သူတို့က သူငယ်ချင်းတွေအဖြစ်သတ်မှတ်ပြီးသားဖြစ်တာကြောင့် ကုနင်းအစား အန်ချင်းဒေါသတွေထွက်သွားတယ်.

"အန်ချင်း, တိုက်ဆိုင်လိုက်တာ!" ကုနင်းနှုတ်ဆက်လိုက်တယ်.

"ဒေါက်တာအန်." ကုမန့်နဲ့ကျန်တဲ့လူတွေလဲ ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်ကြတယ်.

"ဒါက မိသားစုပြဿနာပါ. ကျေးဇူးပြုပြီးဝင်မပါ,ပါနဲ့ မိန်းကလေး."

အပြင်လူကပါ သူတို့ကို ဝင်ပြောလာတာကြောင့် ကုချင်းရှန်ပိုလို့တောင် ဒေါသထွက်လာခဲ့တယ်.

"ဒါက, ကုနင်းကတော့ သူကရှင်တို့မိသားစုဝင်လို့ မသတ်မှတ်ဘူးထင်တယ်, မှန်တယ်မလား? ဒီတော့ ဒါကဘယ်လိုလုပ် မိသားစုကိစ္စဟုတ်တော့မှာလဲ? ပြီးတော့ ကျွန်မ ကုနင်းကို စကားပြောနေတာ, ရှင့်ကိုမဟုတ်ဘူး. ရှင်တို့မိသားစုကို ပြောစရာဘာအကြောင်းမှမရှိဘူး." အန်ချင်းပြန်ပြောလိုက်တယ်.

................Part102End......................

ဖီးနစ်သွေးစက်

အခန်း ၁၀၃ ပြဿနာ

"မင်း...." ကုချင်းရှန်ထပ်ပြီး ဆွံ့သွားရပြန်တယ်. သူဘာမှထပ်မပြောနိုင်သေးခင်မှာပဲ နောက်ထပ် စကားသံတစ်သံကြားဖြတ်ဝင်လာပြန်တယ်.

"ချင်းချင်း, ဘာလုပ်နေတာလဲ?"

ဆွဲဆောင်မှုရှိတဲ့ အမျိုးသားသံတစ်သံနောက်မှာတော့ အရပ်ရှည်ပြီးခန့်ညားလှတဲ့ လူတစ်ယောက်လျှောက်လာတယ်. သူက အသက်၃၀အရွယ်လောက်ရှိပြီး ဝတ်စုံပြည့်ဝတ်ထားကာ အရှန်အဝါတွေထွက်နေပေမယ့် မာနကြီးအထက်စီးဆန်တဲ့ပုံစံတော့မဟုတ်ပါဘူး.

"ဘာလုပ်ရမှာလဲ! ကျွန်မသူငယ်ချင်းက စော်ကားခံနေရလို့ ကူညီပေးနေတာလေ!" အန်ချင်း ခက်ထန်စွာနဲ့ပြန်ပြောလိုက်တယ်. ဒါပေမယ့် ထိုစကားတွေက ထိုလူကိုရည်ရွယ်တာမဟုတ်ပါဘူး.

ထိုလူကိုမြင်တော့ ကုချင်းရှန် မျက်နှာပေါ်အပြုံးတစ်ပွင့်ဆင်မြန်းလိုက်ကာ ဝမ်းမြောက်ဝမ်းသာဟန်လုပ်ပြီး,

"အိုး, တွေ့ရတာဝမ်းသာပါတယ်. အလုပ်အမှုဆောင်လဲ့! ညစာလာစားတာလား? တိုက်ဆိုင်လိုက်တာ! ကျွန်တော်ဧည့်ခံပါရစေ!"

ကုချင်းရှန် ဒီလောက်တောင်မျက်နှာချိုသွေးနေတယ်ဆိုတော့ ဒီလူက တော်တော်အာဏာရှိတဲ့လူပဲဖြစ်ရမယ်.

"မလိုဘူး." ထိုလူနှုတ်မဟရသေးခင်မှာပဲ အန်ချင်းက ငြင်းလိုက်တယ်. သူမပုံက ကုချင်းရှန်ကိုစိတ်ဆိုးနေပုံပဲ.

"မင်း...." ကုချင်းရှန် အန်ချင်းကို အပြစ်တင်လိုက်ချင်ပေမယ့် သူတို့နှစ်ယောက်က အတူလာမှန်း သတိရလိုက်တာကြောင့် ပါးစပ်ပိတ်လိုက်ရတယ်.

ကုချင်းရှန်သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဘယ်လိုမှန်းမသိသေးတာတောင်မှ သူတို့က သူငယ်ချင်း ဒါမှမဟုတ် ချစ်သူတွေဖြစ်နေနိုင်တာကြောင့် ထိုလူနဲ့ဆက်ဆံရေးတောင် အဆင်မပြေခင် အန်ချင်းနဲ့ ရန်ငြှိုးမဖွဲ့ချင်ပါဘူး.

ဒါကြောင့် ကုချင်းရှန် လဲ့ကျန်းယွီကိုပဲကြည့်ကာ အဖြေကိုစောင့်နေလိုက်တယ်.

"တောင်းပန်ပါတယ်. ဥက္ကဌကု, ဒီနေ့က သူငယ်ချင်းနဲ့လာတာဆိုတော့ သိပ်အဆင်မပြေလို့." လဲ့ကျန်းယွီဘက် ငြင်းဆန်လိုက်တယ်.

"ဟုတ်လား, အမ်. စိတ်မကောင်းစရာပဲ." ကုချင်းချန်အတင်းတော့ မတိုက်တွန်းပါဘူး. ပြောရမယ်ဆို မတိုက်တွန်းရဲဘူးပေါ့.

လဲ့ကျန်းယွီလက်ထဲ ဟိုတယ်ဆောက်လုပ်ရေးပရောဂျက်တစ်ခုရှိနေပြီး ကုချင်းရှန်က ထိုပရောဂျက်ကိုရဖို့ ကြိုးစားနေတာပါ.

သူက အခုချိန်မှာတော့ စောင့်ဆိုင်းစာရင်း၅ခုထဲမှာရှိနေပြီး လဲ့ကျန်းယွီက ထိုကုမ္ပဏီ၅ခုထဲကနေတစ်ခု ရွေးထုတ်မှာပါ. ဒီပြိုင်ပွဲက အလွန်အရေးကြီးတာကြောင့် သူ့ကို ကုချင်းရှန် စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ရဲပါဘူး.

အန်ချင်းချက်ချင်းပဲ ကုနင်းတို့မိသားစုကိုဖိတ်လိုက်တယ်,

"ကုနင်း, ငါတို့နဲ့ အတူလာစားပါလား! နင် ငါ့ကို ဝယ်ကျွေးမယ်လို့ ကတိပေးထားလို့ ငါ့မှာ အကြာကြီးစောင့်နေရတာ. နင်ကတော့ တစ်ခေါက်မှတောင် မဆက်သွယ်ဘူး!" အန်ချင်း ကုနင်းကို အပြစ်တင်သလိုလေးပြောလိုက်တယ်.

ကုနင်းလဲ ရှက်ကိုးရှက်ကန်းနဲ့ ရှင်းပြလိုက်တယ်,

"အွန်း, ငါလဲ အတန်းတက်ရတာတွေများနေလို့. ငါအားတာနဲ့ နင့်ကိုဖုန်းခေါ်ဖို့တော့ လုပ်ထားပါတယ်."

"နင်ဝယ်ကျွေးတာ မဝယ်ကျွေးတာက အရေးမကြီးပါဘူး. ဒါပေမယ့် ငါတို့က သူငယ်ချင်းတွေလေ. အားရင်တော့ အတူအချိန်ဖြုန်းသင့်တာပေါ့. နောက်တစ်ခေါက်စောင့်မနေ့ဘဲ အခုပဲအတူတူစားကြရအောင်! အို! ကုနင်းအမေ, အန်တီနဲ့ အန်ကယ်တို့လဲ တူတူစားရမယ်နော်." အန်ချင်း ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ အားလုံးကိုပြောလိုက်တယ်. သူမအမျိုးသမီးအိုကြီးရဲ့စကားတွေကို ကြားပြီးဖြစ်တာကြောင့် တကယ်လို့ ကုနင်းသာဆက်နေမယ်ဆိုရင် ထိုအမျိုးသမီးအိုကြီးက ချက်ချင်းထွက်သွားလိမ့်မယ်. ပြီးတော့ သူတို့လူကြားထဲ ရန်ဖြစ်ထားကြတာကြောင့် အတူတူပြန်ထိုင်စားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး.

အန်ချင်း ကုနင်းကို ဒီအရှုပ်အထွေးထဲကနေ ဖယ်ထုတ်သွားဖို့ တွေးတာတော့မဟုတ်ပေမယ့် သူမနဲ့တကယ်ကို အတူတူတစ်ခါလောက်စားချင်လို့ပါ.

"ဒါပေမယ့်...." ကုနင်း အန်ချင်းနဲ့ လဲ့ကျန်းယွီတို့ကြားဝင်မရှုပ်ချင်ပါဘူး.

အန်ချင်းလဲ ကုနင်းဘာတွေးနေမှန်း ရိပ်မိတာကြောင့်,

"စိတ်မပူနဲ့ သူစိတ်ထဲထားမှာမဟုတ်ဘူး."

သူမ လဲ့ကျန်းယွီကို ရည်ညွှန်းလိုက်တာပါ. တစ်ချိန်ထဲမှာပဲ လဲ့ကျန်းယွီကို အသိပေးသလိုကြည့်လိုက်တယ်.

လဲ့ကျန်းယွီလဲ သူမဘာပြောချင်လဲ နားလည်တာကြောင့် သူမတတ်နိုင်သလိုပြုံးလိုက်ပေမယ့် တကယ်လဲ ကုနင်းတို့နဲအတူစားရမှာကြောင့် သူ့စိတ်ထဲဘာမှမဖြစ်သွားပါဘူး. ပြီးတော့မှ ကုနင်းကို,

"မိန်းကလေးကု, ကျွန်တော်တို့နဲ့ ညစာအတူလိုက်စားလိုက်ပါ."

သူ သိသိသာသာကြီး ကုနင်းတို့မိသားစုကိုသာဖိတ်လိုက်ပြီး ကုချင်းရှိတို့မိသားစုကိုပြောတာမဟုတ်ပါဘူး. အစောနက ဘာဖြစ်သွားမှန်းသူမသိလိုက်ပေမယ့် ဒီမှာ အုပ်စုနှစ်ခုကွဲနေတာတော့ သူနားလည်ပါတယ်. အန်ချင်းက သိသိသာသာကို ကုနင်းဘက်က ရပ်တည်နေတာကြောင့် သူလဲ သူမဘက်ကထောက်ခံပေးရမှာပေါ့.

"ကောင်းပြီလေ! ငါတို့လဲ ဒီရောက်နေမှတော့ မပြန်ခင် အတူတူစားလိုက်ကြတာပေါ့." လဲ့ကျန်းယွီကလဲ အန်ချင်းရဲ့ဖိတ်ကြားမှုကို မငြင်းတာကြောင့် ကုနင်းလဲသဘောတူလိုက်တော့တယ်.

"အမေ, အန်တီ, အန်ကယ်, ရှင်းယွဲ့ သမီးတို့ ဒေါက်တာအန်နဲ့အတူ ညစာစားကြတာပေါ့!" ကုနင်း သူ့မိသားစုဘက်လှည့်ကာပြောလိုက်တယ်.

ကုမန့်တို့လဲ တခြားသူကို အနှောင့်အယှက်မပေးချင်ပေမယ့် ကုနင်းက လက်ခံလိုက်တာကြောင့် သူတို့လဲသဘောတူလိုက်တယ်. ကုချင်းရှန်ကတော့ လဲ့ကျန်းယွီက ကုနင်းတို့မိသားစုနဲ့ကျတော့ ညစာအတူစားဖို့သဘောတူပြီး သူ့ကိုတော့ငြင်းလိုက်တာကြောင့် အလွန်စိတ်တိုသွားကာ အန်ချင်းကို ပိုလို့တောင် မုန်းတီးသွားတယ်.

ဒါပေမယ့် ဘာတစ်ခွန်းမှတော့ ပြန်မပြောရဲပါဘူး.

လင်လိကျွမ်းနဲ့ ကုရှောင်ရှောင်လဲစိတ်တိုနေပေမယ့် ဒီလူက အရေးကြီးပုဂ္ဂိုလ်တစ်ယောက်မှန်းသိတာကြောင့် သူတို့လဲ ပါးစပ်ပိတ်ထားလိုက်ရတယ်.

ထိုလူက အရေးကြီးလူမှန်းသိတာကြောင့် လင်လိကျွမ်းနဲ့ ကုရှောင်ရှောင်တို့က ပိုလို့တောင် မကျေမနပ်ဖြစ်ရတယ်. ကုနင်းက ဆင်းရဲတဲ့မိန်းကလေးတစ်ယောက်လေ. သူမကဘယ်လိုလုပ် အလုပ်အမှုဆောင်လဲ့နဲ့ သိနေရတာလဲ!

တစ်ချိန်တည်းမှာပဲ အမျိုးသမီးအိုကြီးက ဒေါသတွေပေါက်ကွဲသွားကာ,

"ဟေ့, မင်းဘာဖြစ်နေတာလဲ? ငါ့သားက မင်းကို သူနဲ့အတူတူညစာစားဖို့ဖိတ်နေတာလေ. မင်းကဒါကိုငြင်းပြီး ဘယ်လိုလုပ် ဒီမိမစစ်ဖမစစ်လေးနဲ့ကျတော့ အတူစားနိုင်ရတာလဲ? မင်း...."

အမျိုးသမီးအိုကြီးရဲ့မျက်လုံးထဲမှာတော့ သူ့သားကသာ သူဌေးကြီးဖြစ်ပြီး ကုနင်းကတော့ ဆင်းရဲတဲ့ မိမစစ်ဖမစစ်ကလေးတစ်ယောက်ဖြစ်တယ်လို့ မြင်နေတယ်.

"အမေ, ပါးစပ်ပိတ်ထားပါ!" ကုချင်းရှန် ထိတ်လန့်သွားကာ ချက်ချင်းပဲအပြစ်တင်တော့တယ်,

"အလုပ်အမှုဆောင်လဲ့ကို ဒီလိုပြောလို့မဖြစ်ဘူးလေ."

ကုချင်းရှန်ဒီလို သူ့အမေကိုအပြစ်တင်ရှားပြီး အရေးကြီးကိစ္စမဟုတ်ရင် ပြောမှာမဟုတ်ပါဘူး. ဒီတော့မှ အမျိုးသမီးအိုကြီးလဲ သူမလုပ်လိုက်တာမှားသွားမှန်း သတိထားမိသွားကာ ချက်ချင်းပါးစပ်ပိတ်ထားလိုက်တယ်. ဒါပေမယ့် ကုနင်းရဲ့အကြည့်ကြောင့် ဖိအားကိုခံစားလိုက်ရပြန်တယ်.

ကုချင်းရှန် ချက်ချင်း လဲ့ကျန်းယွီကိုတောင်းပန်လိုက်ကာ,

"အလုပ်အမှုဆောင်လဲ့, ကျွန်တော်တောင်းပန်ပါတယ်, ကျွန်တော့်အမေက ပြဿနာရှာလိုက်မိတယ်. စိတ်ထဲမထားပါနဲ့နော်."

"ကျွန်တော်က ရပါတယ်, ဒါပေမယ့် ခင်ဗျားအမေက မိန်းမငယ်လေးတစ်ယောက်ကို ဒီလိုပဲဆဲဆိုနေတာက တော်တော်လေး ရိုင်းစိုင်းပြီး ကြောက်စရာကောင်းတာပဲ! " အမျိုးသမီးကြီးရဲ့ အပြုအမူကို မနှစ်သက်ပုံမျိုးနဲ့ လဲ့ကျန်းယွီပြောလိုက်တယ်.

"ကျွန်တော့်အမေက အသက်ကြီးပြီဆိုတော့ သူ့ကိုယ်သူမထိန်းနိုင်တော့ဘူး. နောက်မှသေချာပြောလိုက်ပါ့မယ်." ကုချင်းရှန် ချက်ချင်းပြန်ပြောလိုက်တယ်.

"ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ. နောက်တစ်ခါ "မိမစစ်ဖမစစ်" လို့ခေါ်တာထပ်ကြားရရင် ရှင်မလွယ်ဘူး." ကုနင်း အမျိုးသမီးအိုကြီးကို သတိပေးလိုက်ကာ လျစ်လျူရှုထားလိုက်ပြီး ကျန်တဲ့သူတွေနဲ့ အထဲကို ဝင်သွားလိုက်တယ်.

အမျိုးသမီးအိုကြီးမှာတော့ ဒေါသထွက်လွန်းလို့ လဲကျတော့မလိုဖြစ်သွားပေမယ့် ဘာမှတော့ ထပ်မပြောရဲပါဘူး. သူတို့ထွက်သွားတော့မှ သူမထပ်ပြီး,

"ဘယ်-ဘယ်လိုလုပ်သူဒီလိုပြောရဲရတာလဲ!"

ကုချင်းရှန် ချက်ချင်းပိတ်ဟောက်လိုက်တယ်,

"တော်တော့! ကျွန်တော်က အလုပ်အမှုဆောင်လီလက်ထဲက အရေးကြီးပရောဂျက်တစ်ခုကို စောင့်နေရတာ. သူနဲ့ ဆက်ဆံရေးကောင်းအောင်ထိန်းထားမှဖြစ်မယ်! ဘယ်လိုလုပ်သူ့ကို ပြန်ခံပြောရဲရတာလဲ? သူသာ ကျွန်တော့်နာမည်ကို စာရင်းထဲကဖယ်လိုမယ်ဆို ကျွန်တော်အနာဂါတ်လဲသွားပြီပဲ!"

ဒါကိုကြားတော့ အမျိုးသမီးအိုကြီးလဲ ထိတ်လန့်သွားကာ စိုးရိမ်တကြီးနဲ့,

"ငါ-ငါတို့ အခုဘာလုပ်ကြမလဲ? ဒါတွေအားလုံး အဲ့ဒီမိမစစ်ဖမစစ်ကုနင်းဆိုတာကြောင့် ဖြစ်ရတာ. သူ့ကြောင့်သာမဟုတ်ရင်...."

................Part103End......................

ဖီးနစ်သွေးစက်

အခန်း ၁၀၄ လုံးဝ အဓိပ္ပါယ်မရှိဘူး

အခုချိန်ထိတောင်မှ အမျိုးသမီးအိုကြီးက ဒီကိစ္စက သူမအပြစ်မှန်း သတိမထားမိဘဲ သူမကတော့ ဘယ်တော့မှအမှားလုပ်မိမှာမဟုတ်မှန်း ယုံကြည်နေကာ ဒါတွေအားလုံးကုနင်းအမှားလိုသာ ခံယူထားတယ်. ဒီအမျိုးသမီးအိုကြီးက အရမ်းကို တစ်ကိုယ်ကောင်းဆန်တာပဲ!

"အမေလုပ်ခဲ့တဲ့အမှားကို တခြားလူအပေါ်အပြစ်တင်နေတာရပ်လို့မရဘူးလား? အမေမမှားခဲ့တာမို့လို့လား?" ကုချင်းရှန်ကတော့ စိတ်ရှည်သည်းခံမှုတွေပျောက်ဆုံးသွားကာ အသံကျယ်ကျယ်နဲ့အော်လိုက်မိတော့တယ်. သူလဲ ကုနင်းကိုမုန်းနေတာပေမယ့် ဒီတစ်ခေါက်ကတော့ သူ့အမေဝင်ရှုပ်လို့ဖြစ်တာမှန်း သူသိပါတယ်.

"ဒါဘယ်လိုလုပ် ငါ့အမှားဖြစ်ရမှာလဲ? ကုနင်းလုပ်တာ! သူဒီမှာသာရှိမနေခဲ့ရင် ဒီလိုကိစ္စတွေဖြစ်လာစရာအကြောင်းလဲမရှိဘူး!" အမျိုးသမီးအိုကြီးကတော့ သူ့အမှားကို ဝန်မခံဘဲ ဒေါသတွေနဲ့ပြန်အော်တော့တယ်.

"အမေ...." ကုချင်းရှန် ဆွံ့အသွားရတယ်. ဒီအမျိုးသမီးအိုကြီးရဲ့ လုပ်ရပ်တွေက လုံးဝကို အဓိပ္ပါယ်မရှိတာပဲ.

"ကုနင်းက သူတို့နဲ့သိနေတယ်ဆိုမှတော့ သူ့ကို အလုပ်အမှုဆောင်လီရှေ့မှာ ပရောဂျက်ကိစ္စကူပြောခိုင်းလို့ရတာပဲ." အမျိုးသမီးအိုကြီးကအေးဆေးပဲပြောလိုက်တယ်.

သူတို့နားက ထွက်မသွားရသေးတဲ့လူတွေကတော့ ထိတ်လန့်အံ့ဩကုန်ကြတယ်. ဒီအဘွားကြီးတော်တော် အရှက်မဲ့တာပဲ. အခုလေးက ကောင်မလေးကို ဆဲဆိုထားပြီး သူမကို မြေးအဖြစ်တောင် မသတ်မှတ်နိုင်ဘူးလို့ပြောထားတာလေ. အခုကျတော့ ကုနင်းက သူမကို ကူညီမယ်လို့ ထင်နေပြန်တယ်လား.

လူတို့ ထိုအမျိုးသမီးအိုကြီးကို အထင်သေးစွာကြည့်လိုက်တယ်. ဒီအဘွားကြီးက လုံးဝအရှက်မရှိတာပဲ.

ကုချင်းရှန်တို့မိသားစုကလဲ ထိုအကြံအစည်ကို ထောက်ခံကြတယ်. သူတို့က တစ်ကိုယ်ကောင်းဆန်တဲ့လူတွေဖြစ်ပြီး သူတို့အမှားလုပ်မိတယ်လို့ နည်းနည်းလေးမှ မတွေးကြပါဘူး.

ကုနင်းသာ သူတို့စိတ်ကူးကိုသိရင် ဒေါသထွက်ထွက်နဲ့ အော်တောင်ရယ်ပစ်လိုက်ဦးမယ်. သူမအရင်တုန်းကတောင် ဒီလောက်အရှက်မရှိတဲ့လူတွေကို တစ်ခါမှမတွေ့ဖူးဘူး!

တကယ်တော့ ကုနင်း လဲ့ကျန်းယွီကိုမသိပါဘူး. သူတို့အချင်းချင်းသိနေမယ်ဆိုရင်တောင်မှ ကုချင်းရှန်တို့ကို သူမကူညီပေးစရာအကြောင်းလုံးဝမရှိပါဘူး. လဲ့ကျန်းယွီကို စာရင်းထဲကနေ ကုချင်းရှန်နာမည်အားမဖျက်ခိုင်းခဲ့ရင်တောင် ဒါသူမတော်တော်လေး အကြင်နာတရားထားထားတာဖြစ်နေပြီ.

"ဒေါက်တာအန်, အရင်တစ်ခေါက်တုန်းက ဆေးရုံကနေ လောလောနဲ့ ပြန်လာလိုက်လို့ ကူညီခဲ့တာတွေကို သေချာတောင် ကျေးဇူးမတင်ခဲ့ရဘူး. တောာင်းပန်ပါတယ်." ကုမန့် အန်ချင်းကိုပြောလိုက်တယ်.

"အဲ့လိုမပြောပါနဲ့. ကုနင်းနဲ့ ကျွန်မက သူငယ်ချင်းတွေပဲကို." အန်ချင်းပြန်ပြောလိုက်တယ်.

ဒါတောင်မှ ကုမန့်စိတ်ထဲအပြစ်ရှိသလို ခံစားနေရသေးတာကြောင့်,

"ဒေါက်တာအန်, ဒီတစ်ခေါက် ညစာကိုတော့ ကျွန်မတို့ဝယ်ကျွေးပါရစေ."

"မဟုတ်တာ, ကျွန်မသူငယ်ချင်းကိုပဲ ဝယ်ကျွေးခိုင်းလိုက်ပါ." အန်ချင်းချက်ချင်းငြင်းလိုက်ပြီး သူမစေတနာကိုပြသလိုက်တယ်.

"မဖြစ်ပါဘူး." ကုမန့်လဲ ပြန်ငြင်းလိုက်ပြီး ကုနင်းဘက်ကို လှည့်ကာ,

"နင်းနင်း, တစ်ခုခုဝင်ပြောဦးလေ."

"အန်ချင်း, ငါတို့ကိုပဲ ဝယ်ကျွေးခွင့်ပေးလိုက်ပါ!" ကုနင်းပြောလိုက်တယ်.

တကယ်တော့ ကုမန့်မပြောရင်တောင်မှ ကျန်းရွှီကို တိတ်တဆိတ်နောက်မှ ငွေသွားရှင်းခိုင်းဖို့ ကုနင်းစိတ်ကူးပြီးသားပါ. အန်ချင်းလဲ သူမထက်ငြင်းလို့မရတော့မှန်း သိတာကြောင့် လက်ခံလိုက်တော့တယ်.

အပြင်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် ကုချင်းယန်တို့မိသားစုလဲ ဆက်မစောင့်နိုင်ကြတော့ပါဘူး.

ကုချင်းရှန်တို့မိသားစုကတော့ အမြဲနောက်ကျနေကျဖြစ်တာကြောင့် ကျင့်သားရနေပြီဖြစ်ပေမယ့် ကုမန့်နဲ့ ကုချင်တို့မိသားစုကတော့ ဘယ်တုန်းကမှ နောက်မကျဖူးကြတဲ့အပြင် အစောကြီးတောင် ကြိုရောက်နေတတ်ကြပါတယ်.

အခုတော့ ၆နာရီ၁၀မိနစ်တောင်ရှိနေပြီဆိုပေမယ့် သူတို့မလာသေးတာကြောင့် ကုချင်းယန်တို့မိသားစု မကျေမနပ်ဖြစ်လာကြတယ်.

ကုချင်းယန်မှာ မိသားစုလေးယောက်ရှိပြီး သူ့ဇနီး, ဝန်ယွီလန်နဲ့ အမွှာကလေးနှစ်ယောက်ပဲဖြစ်ပါတယ်. အကြီးဆုံးသမီးကတော့ ကုယင်ယင်ဖြစ်ပြီး သားငယ်ကတော့ ကုချင်းရှီဖြစ်ပါတယ်. သူတို့နှစ်ယောက်မှာ အသက်၁၄နှစ်ရှိပြီဖြစ်ကာ ၈တန်းတက်နေပါပြီ.

ကုယင်ယင်နဲ့ ကုချင်းရှီတို့က သူတို့ရဲ့ ဆိုးသွမ်းတဲ့စရိုက်နဲ့ကိုပဲ ကြည့်ကောင်းကြတဲ့ကလေးတွေပါ. တခြားသူစိမ်းတွေရှေ့မှာတော့ ကောင်းကောင်းမွန်မွန်နေထိုင်ပေမယ့် ကုမိသားစုရှေ့မှာတော့ သူတို့ပုံစံအတိုင်းသာနေကြတယ်.

သူတို့လဲပဲ ကုရှောင်ရှောင်ကဲ့သို့ ကုနင်းနဲ့ ကျန်းရှင်းရွှယ်တို့ကို အနိုင်ကျင့်ရတာကို သဘောကျကြတာကြောင့် ကုရှောင်ရှောင်နဲ့ ဆက်ဆံရေးကောင်းကြပါတယ်.

"ဒုတိယအန်တီနဲ့ စတုတ္ထအန်တီတို့မိသားစု ဘာဖြစ်နေတာလဲ? ကျွန်တော်တို့က သူတို့ကို ညစာစားဖို့ဖိတ်ထားပေမယ့် နောက်ကျနေကြတယ်! သူတို့ကိုသူတို့ဘာများထင်နေကြလဲ?" ကုချင်းရှီ ဒေါသထွက်စွာနဲ့ပြောလိုက်တယ်. သူက ကုချင်းရှန်တို့မိသားစုကိုတော့ အပြစ်မတင်ပါဘူး. ကုချင်းရှန်က ကုမိသားစုရဲ့ သူဌေးဖြစ်တာကြောင့် ဘယ်သူမှသူ့ကို အပြစ်မတင်ရဲကြပါဘူး. ကုချင်းရှန်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့မိသားစုထဲမှာ အချမ်းသာဆုံးပဲလေ.

"ဟုတ်တယ်! သူတို့ကအစထဲက ဖိတ်ကိုဖိတ်မနေသင့်တာ. သူတို့လို ဆင်းရဲသားတွေနဲ့ အမျိုးတော်နေရတာကို ရှက်ဖို့ကောင်းတယ်!" ကုယင်ယင်ကလဲ အထင်သေးစွာနဲ့ ရှုံ့ချလိုက်တယ်.

ကုချင်းယန်နဲ့ ဝန်ယွီလုကတော့ သူတို့ကလေးတွေရဲ့ မကောင်းတဲ့အပြုအမူကို အပြစ်မတင်ကြပါဘူး. သူတို့လဲ ထိုသို့ပဲတွေးနေကြပြီး သူတို့ကလေးတွေကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ကြပါဘူး.

ကလေးတွေက မိဘတွေရဲ့အမူအကျင့်တွေကနေ သင်ယူကြတာဖြစ်တယ်. သူတို့မိဘတွေက တခြားလူတွေကို လေးစားမှုမထားကြတာကြောင့် သူတို့လဲ အလိုလိုပဲ လေးစားရကောင်းမှန်းမသိကြတော့ဘူး.

ငယ်ငယ်တုန်းကတော့ ကုချင်းရှန်, ကုချင်, ကုချင်းယန် နဲ့ ကုမန့်တို့က အရမ်းရင်းနှီးတဲ့ မောင်နှမတွေဖြစ်ခဲ့ကြပေမယ့် သူတို့အမေရဲ့ လွှမ်းမိုးမှုအောက်မှာနေတာကြာတော့ ယောက်ျားလေးတွေက မိန်းကလေးတွေကိုအထင်သေးလာခဲ့ကြတယ်.

အရေးအကြီးဆုံးအကြောင်းပြချက်ကတော့ သူတို့က တစ်ကိုယ်ကောင်းဆန်တဲ့လူတွေဖြစ်တာကြောင့်ပါ. သူတို့အဖေကတော့ ယောကျ်ားလေးတွေက မိန်းကလေးတွေထက်ပိုသာတယ်လို့မထင်ပဲ အမြဲတမ်း သူ့သားတွေကို မိန်းကလေးတွေအားကောင်းကောင်းဆက်ဆံရန် ပြောပေမယ့် သူတို့အဖေက မိသားစုကို ထောက်ပံ့ဖို့ အလုပ်ကြိုးစားနေရတဲ့လူဖြစ်တယ်. ဒီတော့ အိမ်ကိုမကြာခနပြန်မလာဖြစ်ဘဲ ကလေးတွေပညာသင်ဖို့ပဲ လွှတ်ထားခဲ့တာကြောင့် ကုချင်နဲ့ ကုမန့်တို့က အချိန်အကြာကြီးအနိုင်ကျင့်ခံခဲ့ကြရတယ်.

ကုချင်းယန် ကုနချင်ကို ဖုန်းခေါ်လိုက်ပြီး တစ်ဖက်က ဖုန်းကိုင်လိုက်တာနဲ့ ချက်ချင်းအပြစ်တင်တော့တယ်,

"နင်ဘယ်လိုဖြစ်နေတာလဲ? အချိန်ကိုလဲကြည့်ဦး! အခုဘယ်ချိန်ရှိပြီလဲကောသိရဲ့လား? နင်တို့က ညစာစားဖို့ နှစ်ခေါက်တောင် ပြောနေရမှာလား? မလာချင်ရင်လဲ မလာဘူးပြော. နင်တို့ကိုမစောင့်နေတော့ဘူး!"

ကုချင်းယန်ရဲ့ အပြုအမူက အရမ်းကိုဆိုးဝါးပါတယ်. အရင်တုန်းကတော့ ကုချင်သည်းခံခဲ့ပေမယ့် အခုတော့ အရမ်းစိတ်တိုလာခဲ့တယ်. ပြီးတော့ သူမဘဝသက်တမ်းတစ်လောက်ကုန်သွားပြီး နောက်တစ်ဝက်လောက်သာကျန်တော့တာကို သတိရမိတာကြောင့် ပြန်အော်တော့တယ်,

"နင် ငါတို့ကို နည်းနည်းလောက်ကောင်းကောင်းမွန်မွန်ဆက်ဆံမပေးနိုင်ဘူးလား? အကြောင်းပြချက်ကိုကော အရင်မမေးနိုင်ဘူးလား? ကိစ္စတိုင်းငါတို့ကို အပြစ်တင်နေတာ မရပ်နိုင်ဘူးလား? ငါတို့ ညစာစားဖို့ချိန်းတိုင်း အစောကြီးလာပြီး ကုချင်းရှန်ကတော့ အမြဲနောက်ကျတယ်. ဒါပေမယ့် သူတို့ကိုတော့ နင်ဘယ်တုန်းကမှ ဒီလိုမပြောဘူး! ငါတို့ဆင်းရဲမှန်းသိတယ် နင်တို့ငါတို့ကို မကြိုက်မှန်းလဲသိတယ်. ငါနားလည်ပေးခဲ့ပေမယ့် အခုတော့မတူတော့ဘူး. အမေက ကုနင်းကို မလာခိုင်းတာ. ငါတို့က အပြင်ဘက်မှာဆိုးဆိုးရွားရွားတောင် ပြောခဲ့သေးတယ်. ငါတို့ကတော့ သေချာပေါက် နင်းနင်းဘက်မှာပဲ ရပ်တည်တယ်. နင်းနင်းမလာရရင် ငါတို့လဲ မလာဘူး!"

ကုချင်းယန် ဆွံ့အသွားတယ်. ကုချင် ဒီလောက်ဒေါသထွက်လိမ့်မယ်လို့ မထင်ထားခဲ့တာကြောင့် ရုတ်တရက်ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိဖြစ်သွားတယ်. ကုချင်ရဲ့ အသံက အရမ်းကျယ်တာကြောင့် ကုချင်းယန် ဘေးမှာထိုင်နေတဲ့ ဝန်ယွီလု ပြတ်ပြတ်သားသားကြားလိုက်ရတယ်. အမျိုးသမီးအိုကြီးက ကုနင်းကို လာခွင့်မပြုဘူး? သူတို့စကားတွေတောင်များကြသေးတယ်? ဘာတွေဖြစ်ကုန်တာလဲ?

အမျိုးသမီးအိုကြီးက ကုနင်းကို ဘယ်တုန်းကမှ အကောင်းမြင်ပဲ တွေ့တိုင်းအရှက်ခွဲနေတာကို သူတို့သိပေမယ့် သူမဘယ်တုန်းကမှ ဒီလောက်ဒေါသမထွက်ခဲ့ဖူးဘူး. ကုနင်းများ ထိုအမျိုးသမီးအိုကြီးကို ဆိုးရွားတာတစ်ခုခုလုပ်လိုက်တာလား?

သူတို့စိတ်ရှုပ်ထွေးနေချိန်မှာပဲ တံခါးကပွင့်သွားကု ကုချင်းရှန်တို့မိသားစုက မကျေမနပ်မျက်နှာထားတွေနဲ့ ဝင်လာကြတယ်.

................Part104End......................

ဖီးနစ်သွေးစက်

အခန်း ၁၀၅ V5 Bar

အထူးသဖြင့် အမျိုးသမီးအိုကြီးမှာအခုထိ မကျေမနပ်နဲ့ ပွစိပွစိလုပ်နေသးပြီး ဝင်လာရင်းနဲ့ပဲ,

"ငါတို့မှာတော့မယ်လို့ စားပွဲထိုးကိုပြောလိုက်. ကုမန့် နဲ့ ကုချင်တို့မိသားစုက လာတော့မှာမဟုတ်ဘူး."

ပြောပုံက ကုမန့်နဲ့ ကုချင်တို့မိသားစုကို မလာတာကြောင့် အပြစ်တင်နေသလိုလိုမျိုးနဲ့.

"ဘာတွေဖြစ်ကြတာလဲ?" ကုချင်းယန်မေးလိုက်တယ်.

အမျိုးသမီးအိုကြီးလဲ ချက်ချင်းပဲ ကုနင်းနဲ့ ကုရှောင်ရှောင်ကြားဖြစ်ခဲ့တာတွေအားလုံးကိုပြောပြလိုက်တယ်. ဒါပေမယ့် ကုနင်းကို အမြဲတမ်းအနိုင်ကျင့်နေခဲ့တဲ့အကြောင်းတွေကိုတော့ အမှန်အတိုင်းမပြောပြပါဘူး.

"ဘာ? ကုနင်းက ရှောင်ရှောင့်ကို ရိုက်တယ်?"

ကုချင်းယန်တို့ မိသားစုလဲ ကုနင်းပြောင်းလဲသွားတာကြောင့် အံ့ဩသွားတယ်. ဒီအကြောင်းကို ယုံတောင်မယုံကြည်နိုင်ဘူး. ကုနင်းက သူတို့မျက်လုံးထဲမှာ အသံကျယ်ကျယ်နဲ့တောင်ခွန်းတုံ့မပြန်ရဲတဲ့ ကြက်ပေါက်စလေးတစ်ကောင်လိုပဲလေ. သူမက ရှောင်ရှောင့်ကို ရိုက်တယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကုရှောင်ရှောင်နဲ့ အမျိုးသမီးအိုကြီးတို့ ကုနင်းကို မိမစစ်ဖမစစ်လိုခေါ်တာ သူတို့အမှားလို့ တွေးမိတာတောင်မှ ကုနင်းက ဆိုးရွားတာတွေလုပ်ခဲ့လို့လို့ပဲ တွေးနေမိပြန်တယ်.

ပြီးသွားတော့ ကုနင်းကို ကုချင်းရှန်ရဲ့ ပရောဂျက်အတွက် ကူညီခိုင်းမယ့် အစီအစဉ်ကိုလဲ အမျိုးသမီးအိုကြီးကပြောပြလိုက်သေးတယ်. သူမရဲ့ အရှက်မရှိယုံကြည်ချက်ပြည့်လွန်းနေမှုက ကုချင်းယန်နဲ့ သူ့ဇနီးကိုတောင် ထိတ်လန့်အံ့ဩသွားစေကာ သူတို့တောင်မှ အမျိုးသမီးအိုကြီးရဲ့ အပြုအမူနဲ့ပတ်သတ်ပြီး ရှက်နေမိတယ်. ဒီအဘွားကြီးက လုံးဝစိတ်မနှံ့တော့ဘူးပဲ.

ကုချင်းယန်နဲ့ သူဇနီးတို့လဲ ကုမန့် နဲ့ကုနင်းတို့ကို အထင်သေးပေမယ့် သူတို့ကြားအကြီးအကျယ်စကားများထားပြီးချိန်မှာတော့ သူတို့ကို ပြန်ကူညီခိုင်းဖို့တွေးမိမှာမဟုတ်ပါဘူး. ဒါပေမယ့် ဒါတွေက သူတို့နဲ့မဆိုင်သလို ဝင်လဲမပါချင်တာကြောင့် စားစာရာတွေကိုပဲ အာရုံစိုက်မှာယူလိုက်တယ်.

တစ်ချိန်တည်းမှာပဲ, ကုနင်းတို့လဲ ဟင်းပွဲတွေမှာလိုက်တယ်.

"ကုနင်း မနက်ဖြန်က ပိတ်ရက်ဆိုတော့ အတူတူဈေးဝယ်ထွက်ကြရအောင်!" အန်ချင်းစိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ်.

"ငါ မနက်ဖြန် မြိုတော်Gကိုသွားဖို့ရှိတယ်." ကုနင်းအားနာစွာနဲ့ပြန်ဖြေလိုက်တယ်.

လမ်းမှာတုန်းက ကုမန့်တို့ကို သူမမြို့တော်Gသွားမယ့်အကြောင်းနဲ့ ခနနေ အတန်းဖော်ရဲ့ မွေးနေ့ပွဲကိုသွားမယ့်အကြောင်းလဲ ပြောပြပြီးသွားပြီဖြစ်သည်. အခုချိန်မှာ ကုနင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်နေပြီဖြစ်တာကြောင့် ကုမန့်နဲ့ တခြားသူတွေကလဲ သဘောမတူစရာအကြောင်းမရှိပါဘူး.

"မြို့တော်Gကိုလား? ဘာသွားလုပ်မလို့လဲ?" အန်ချင်းထပ်မေးလိုက်တယ်.

"အလုပ်ကိစ္စတစ်ခုရှိလို့." ကုနင်း အသေးစိတ်မပြောတာကြောင့် အန်ချင်းလဲ ထိုကိစ္စကိုထပ်မမေးတော့ဘူး.

"ကောင်းပြီလေ! ဒါဆိုနောက်တစ်ခေါက်မှသွားကြတာပေါ့. နင်အားတဲ့အချိန် ဖုန်းဆက်တာဖြစ်ဖြစ် စာပဲဖြစ်ဖြစ်ပို့လိုက်. ငါမှာက မြို့တော်Fမှာ သူငယ်ချင်းလဲမရှိတော့ အရမ်းပျင်းနေတာ."

အန်ချင်း အလျှော့မပေးဘဲ ထပ်ပြောလိုက်တယ်.

"အင်း, ပြောမယ်." ကုနင်း သဘောတူလိုက်တယ်. အန်ချင်းနဲ့ အဆက်အသွယ်လုပ်ဖို့မေ့နေခဲ့မိတာ သူမအမှားပဲလေ.

စားနေချိန်မှာတော့ အားလုံးပျော်ရွှင်နေကြပြီး လေထုကြီးကလဲ သာယာချိုမြိန်နေပါတယ်. အန်ချင်းကလဲ အစောနတုန်းကဖြစ်ခဲ့တာတွေက ကုနင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်မှန်း နားလည်တာကြောင့် ပြန်အစမဖော်ပါဘူး.

စားပြီးသွားချိန်မှာတော့ ည၈နာရီထိုးခါနီးနေပါပြီ.

ကုမန့်တို့ကတော့ အန်ချင်းနဲ့ လဲ့ကျန်းယွီတို့ကို နှုတ်ဆက်ကာ အိမ်သို့ လမ်းလျှောက်ပြန်သွားကြပြီး ကုနင်းကတော့ တက္ကစီတစ်စီးငှားကာ သူငယ်ချင်းတွေကိုတွေ့ရန် ဟွမ်းလဲ့လမ်းရှိ V5ဘားကိုသွားလိုက်တယ်.

ဟွမ်းလဲ့လမ်းက ယုံးလီလမ်းနဲ့သိပ်မဝေးပဲ နှစ်လမ်းလုံးက မြို့ထဲနဲ့နီးပါတယ်. ကုနင်း ထိုနေရာကိုရောက်ဖို့ ၁၀မိနစ်ကျော်လောက်သာ အချိန်ယူရပါတယ်. ယုံးလီလမ်းက လမ်းမကျယ်မဟုတ်ဘဲ လမ်းကျဉ်းလေးဖြစ်နေတာတောင်မှ ၎င်းဟာ ဘားလမ်းတစ်ခုလိုဖြစ်နေတာကြောင့် ကားတွေလူတွေနဲ့ပြည့်နေတယ်.

ကုနင်း သီးသန့်ခန်းနံပါတ်ကိုသိပြီးဖြစ်တာကြောင့် တန်းဝင်သွားလိုက်တယ်. သီးသန့်ခန်းထဲမှာတော့ လူတိုင်းရောက်နေပြီး ကိတ်မုန့်တစ်လုံးလဲရှိနေပါတယ်. ဒါပေမယ့် ကုနင်းမထင်ထားတဲ့လူတစ်ယောက်လဲ ရောက်နေပါသေးတယ်. ထိုလူကတော့ ချင်ယီဖန်းပါ.

ချင်ယီဖန်းလို အရွယ်ရောက်ပြီးသားလူတစ်ယောက်က ဆယ်ကျော်သက်လေးတွေနဲ့ ဒီလိုမျိုး ပျော်ပါးချင်နေတာကိုမြင်ရတော့ ကုနင်းအံ့ဩသွားသလို ဝမ်းလဲသာသွားပါတယ်.

"ဟိုင်း, ရှင်ပါရောက်နေတာပေါ့!" ကုနင်း သူ့ကိုနှုတ်ဆက်လိုက်တယ်.

"ဟိုင်း, ငါလဲအားနေတာနဲ့ လာဖို့ဆုံးဖြတ်လိုက်တာ. စိတ်မရှိဘူးမလား?" ချင်ယီဖန်း အေးဆေးပြန်ပြောလိုက်ပေမယ့် တကယ်တော့ ကုနင်း စိတ်ဆိုးနေမှာကို စိတ်ပူနေမိပါတယ်.

"ဘာလို့ဖြစ်ရမှာလဲ." ကုနင်းပြောလိုက်တယ်.

ဒါကိုကြားတော့မှ ချင်ယီဖန်းလဲ စိတ်အေးသွားတော့တယ်. ကုနင်း ဘားကိုလာမယ်ဆိုတာကို သူသိထားပေမယ့်လဲ ဒါကတကယ်ကို မတော်တဆပါ. ချင်ယီဖန်းနဲ့ ချင်ကျီရွှမ်းတို့က ဝမ်းကွဲညီအစ်ကိုတွေဖြစ်တယ်. ချင်ကျီရွှမ်းအဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ချင်ယီဖန်းကလဲ ချင်ကျီရွှမ်းအဖေရဲ့ အကူအညီကိုလိုတာကြောင့် သူတို့မိသားစုထံသွားလည်ခဲ့တယ်.

ညစာစားချိန်အထိ ချင်ကျီရွှမ်းမရောက်လာသေးတာကြောင့် ချင်ယီဖန်းက ချင်ကျီရွှမ်းအဖေကို ဘာလို့မရောက်သေးလဲမေးလိုက်တယ်.

ဒီတော့မှ ချင်ကျီရွှမ်းက သူ့သူငယ်ချင်းတွေနဲ့ ပျော်ဖို့ ဒီညဘားကိုသွားကြကြောင်းသိလိုက်ရတယ်.

ဒီတော့ ချင်ယီဖန်း ကုနင်းကိုတွေးမိသွားကာ ချင်ကျီရွှမ်းကို ဖုန်းခေါ်လိုက်ပြီး ဘယ်မှာလဲဆိုတာမေးလိုက်တယ်. ချင်ကျီရွှမ်းကလဲ အများကြီးတွေးမနေဘဲ သူဘယ်မှာဘယ်သူတွေနဲ့ရှိမယ်ဆိုတာကို အကုန်ပြောပြလိုက်တယ်. ကုနင်း ထိုနေရာမှာရှိမယ်ဆိုတာကို အတည်ပြုပြီးသွားတော့ ချင်ယီဖန်း နှလုံးခုန်တွေတောင်ရပ်တော့မလိုဖြစ်သွားတယ်. ပြီးတော့ သူပျင်းနေတာကြောင့် လာလို့ရမလားလို့ မေးလိုက်တော့ ချင်ကျီရွှမ်းကလဲ မငြင်းခဲ့ဘူး. ချင်ယီဖန်းက သူစိမ်းမဟုတ်ဘဲ ဟောင်ရန်နဲ့ တခြားကောင်လေးတွေနဲ့လဲ မကြာခနတွေ့ဆုံနေကြပါ.

ကုနင်းနဲ့ ယွီမီရှီတို့ကတော့ ဘီယာလောက်မပြင်းတဲ့ သစ်သီးဝိုင်ကိုသာမှာလိုက်တယ်. ဒါကြောင့်သူတို့မူးမှာမဟုတ်ပါဘူး. ချူးဖေ့ဟန်ကတော့ ယောကျ်ားလေးတွေလိုမျိုး ရုရှားအရက်တစ်မျိုးနဲ့ စပရိုက်ရောထားတာကိုသောက်ပါတယ်. ထိုအရက်ကတော့ ပြင်းတယ်!

သူတို့ဂိမ်းတွေအများကြီးကစားကြကာ ချူးဖေ့ဟန်ကတော့ အကြိမ်ပေါင်းများစွာရှုံးခဲ့ပေမယ့် မူးနေလို့တော့မဟုတ်ပါဘူး.

ကြည့်ရတာ ချူးဖေ့ဟန်က တော်တော်သောက်နိုင်ပုံပဲ.

ချင်ယီဖန်းလဲ ယောက်ျားလေးတွေလိုမျိုးပဲ သောက်ပေမယ့် ကစားတဲ့ထဲတော့မပါ,ပါဘူး. သူတို့အသက်တွေက အရမ်းကွာတာကြောင့် သိပ်အဆင်မပြေဘူးလေ. ပြီးတော့ သူက ကုနင်းနဲ့စကားတွေအများကြီးပြောချင်နေပေမယ့် သူမကတော့ ယွီမီရှီနဲ့သာပြောနေတယ်. ဒါကြောင့် ကုနင်းနဲ့ စကားပြောဖို့သူ့မှာ အခွင့်ရေးကိုမရဘူး. သူမနဲ့တစ်ခေါက်လောက်သာစကားပြောနိုင်ခဲ့ပါတယ်.

ဖန်ဟွားအိမ်ရာတွင်,

ကုမန့်နဲ့ ကုချင်တို့က ကုချင်အိမ်မှာပဲ ရှိနေကာ ကျန်းရွှီနဲ့ ကျန်းရှင်းရွှယ်တို့ကတော့ အိမ်ရောက်တာနဲ့ သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြပါတယ်.

ကုမန့်နဲ့ ကုချင်တို့ တီဗီကြည့်နေကြပြီး ဟာသအစီအစဉ်ကြောင့် ရယ်နေကြကာ ညနေကဖြစ်ခဲ့တာတွေကိုတောင် မေ့သွားခဲ့ပြီ. သူတို့ ကုမိသားစုကို စိတ်ထဲမထားနေတော့တာကြောင့် ဖြစ်ခဲ့တဲ့ကိစ္စတွေကိုလဲ ခံစားမနေရတော့ပါဘူး.

ထိုအချိန်မှာပဲ, ကုချင်းရှန်က ကုမန့်ကိုဖုန်းခေါ်လာခဲ့တာကြောင့် ကုမန့်နဲ့ကုချင်တို့ မျက်နှာအမူအရာတွေချက်ချင်းပြောင်းသွားကြတယ်.

သူဘာလို့ ဖုန်းခေါ်ရတာလဲ?

အကြောင်းအရင်းကိုတော့ သူတို့မသိပေမယ့် မကောင်းတာတစ်ခုခုဆိုတာတော့ ရိပ်မိနေတယ်. ပြီးတော့ ဒီနေ့တင်ပဲ သူတို့ကြားက ဆက်ဆံရေးတွေကို ဖြတ်တောက်ခဲ့တာကြောင့် ကုမန့်ဖုန်းမကိုင်ခဲ့ပါဘူး. ဖုန်းကဆက်တိုက်မြည်လာခဲ့တာကြောင့် ကုမန့် ဖုန်းကိုပိတ်ပစ်လိုက်တယ်.

ကုချင်းရှန်၏နေအိမ်,

ကုနင်းဖုန်းမကိုင်တာကြောင့် မိသားစုအားလုံး ဧည့်ခန်းတွင် မကြည်မလင်မျက်နှာအမူအရာတွေနဲ့ ထိုင်နေကြတယ်.

ကုမန့်က သူ့ဖုန်းကိုမကိုင်တာကြောင့် ကုချင်းရှန်အစကစိတ်တိုနေပေမယ့် အဆုံးမှာတော့ ကုမန့်က ဖုန်းကိုပိတ်တောင်ပိတ်ပစ်လိုက်တယ်. ကုချင်းရှန် ဒေါသထွက်သွားကာ ဖုန်းကို ဆိုဖာပေါ်ပစ်ပေါက်ချလိုက်တယ်.

"သူဖုန်းမကိုင်ဘူးလား?" အမျိုးသမီးအိုကြီးက မျက်မှောင်ကြုတ်ရင်း စိတ်တိုနေတဲ့အသံနဲ့မေးလိုက်တယ်.

"သူက ဖုန်းကိုတောင်ပိတ်ပစ်လိုက်တာ!" ကုချင်းရှန် အသံကျယ်ကြီးနဲ့အော်ပစ်လိုက်တယ်.

All Chapters