← Chapters

အခန်း (၁၀၆-၁၁၀)

Vol. 8 Ch. 106-110

အခန်း (၁၀၆-၁၁၀)

Vol. 8 Ch. 106-110

အခန်း ၁၀၆ ရေခဲတုံးကြီးလင်ရှောင်းထင်

ဘာသာပြန်သူ - Charm.Y

"ဘာ? သူပိတ်ပစ်တယ်? အတင့်ရဲလိုက်တာ!" အမျိုးသမီးအိုကြီး ဒေါသထွက်သွားသည်. သူမမျက်လုံးထဲတွင်တော့ ကုမန့်က အမြဲတမ်း သူမကိုယ်သူမအညွန့်ချိုးပြီးနေရမယ်လို့ မြင်နေတယ်.

"ကုချင်ကိုခေါ်ကြည့်ပါလား?" လင်လိကျွမ်းအကြံပေးလိုက်တယ်.

ထိုတော့မှ ကုချင်းရှန် ချက်ချင်းပဲ ကုချင်ဖုန်းကိုခေါ်လိုက်တယ်.

ကုချင်းရှန်ရဲ့ ဖုန်းဝင်လာတာကိုမြင်တော့ ကုမန့်ကိုပဲ ခေါ်ခိုင်းမယ်ဆိုတာသိတာ ကုချင်သိလိုက်တယ်.

သူမက ကုမန့်ဘက်မှာ ရပ်တည်ပေးတယ်ဆိုပေမယ့် သူမအနေနဲ့ ကုချင်းရှန်နဲ့ ပြဿနာဖြစ်ထားတာသိပ်မရှိပါဘူး. ဒါကြောင့် သူမဖုန်းကိုင်လိုက်တယ်. ပြီးတော့ ကုချင်းရှန် ဘာကြောင့်ကုမန့်ကို ဒီလောက်အသည်းအသန်ခေါ်နေတာကို သိထားချင်ပြီး ကြိုတင်ပြင်ဆင်ထားလို့ရအောင်ပါ.

"ကုချင်, နင်ကုမန့်နဲ့အတူရှိနေလား?" ကုချင်ဖုန်းကိုင်လိုက်တာနဲ့ ချက်ချင်းပဲ ကုချင်းရှန် အသံမာမာနဲ့မေးလိုက်တယ်.

"မရှိဘူး." ကုနင်းပြန်ဖြေလိုက်တယ်.

"ကုမန့်ကို ဖုန်းဆက်ပြီး ငါ့ကိုဖုန်းပြန်ခေါ်ခိုင်းလိုက်." ကုချင်းရှန် အမိန့်ပေးလိုက်တယ်.

ကုချင်ရယ်ချင်သွားတယ်. သူတို့က ကိုယ့်ကိုကိုယ် ဆရာကြီးတွေလိုထင်နေပြီး သူမတို့ကိုတော့ အစေခံတွေလို့ထင်နေကာ သူတို့အမိန့်ပေးတာမှန်သမျှလုပ်ခိုင်းလို့ ရမယ် ထင်နေကြတယ်. ကုချင်းရှန်ကတော့ ဒီလိုပြောဆိုပုံနဲ့ နေသားကျနေပေမယ့် ကုချင်ကတော့ ဒေါသထွက်သွားကာ,

"ဘာအတွက်လဲ?"

"နင့်ကိစ္စမဟုတ်ဘူး. ငါပြောတဲ့အတိုင်းသာလုပ်." ကုချင်းရှန်ပြန်ဖြေလိုက်တယ်.

"ငါ နင်ဆက်တယ်လို့တော့ ပြောပေးလို့ရတယ်, ဒါပေမယ့် အတင်းတော့ နင့်ကိုဖုန်းပြန်ခေါ်ပေးဖို့ ပြောမှာမဟုတ်ဘူး." ကုချင်ပြောလိုက်ပြီးနောက် ဒေါသထွက်စွာနဲ့ဖုန်းချပစ်လိုက်တယ်. ခနနေတော့မှ ကုမန့်ကို,

"ငါတို့အစ်ကိုကြီးက နင်နဲ့စကားပြောချင်လို့တဲ့ ဒါပေမယ့် သူ့ခေါင်းထဲထွက်လာတဲ့ စကားမှန်သမျှတော့ ကောင်းတာပါမှာမဟုတ်ဘူး."

"ငါ သူနဲ့မပြောချင်ဘူး." ကုမန့်ပြောလိုက်တယ်. ကုချင်းရှန် ဘာပဲဖြစ်ဖြစ် သူမနဲ့လုံးဝမဆိုင်လေဘူး. သူမအမေတစ်ခုခုဖြစ်ခဲ့တာဆိုရင်တော့ သူမတာဝန်ကိုသူမ ကျေအောင်လုပ်ပေးမှာပါ.

ကုချင်ကပါ ဖုန်းချပစ်တာကြောင့် ကုချင်းရှန် ထပ်ပြီးဒေါသထွက်သွားရပြန်တယ်. ကုချင်ဒီလိုလုပ်ရဲလိမ့်မယ်လို့ သူမထင်ထားမိဘူး.

"ကုမန့် ရှင့်ကို ပြန်ခေါ်မယ်လို့မထင်ဘူး. နောက်နေ့ သူ့အလုပ်မှာ သွားရှာရင်ကော?" လင်လိကျွမ်းပြောလိုက်တယ်.

ကုချင်းရှန် သဘောတူလိုက်တယ်. ကုမန့်က ဖုန်းတောင် မကိုင်တာ သူ့ကို ဖုန်းပြန်ခေါ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

"ဒါဆို မနက်ဖြန် မင်းပဲ သူ့ကိုသွားရှာလိုက်!" လင်လိကျွမ်းကိုပြောလိုက်တယ်.

V5ဘားတွင်,

ည၁၀နာရီလောက်မှာတော့ ကုနင်းထံ စာတစ်စောင်ဝင်လာခဲ့တယ်. ပေးပို့သူကတော့ လင်ရှောင်းထင်ဖြစ်ပေမယ့် သူမက "ရေခဲတုံးကြီး" နာမည်ပြောင်းထားတယ်.

သူမ ခပ်ပါးပါးလေးပြုံးလိုက်မိတယ်. လင်ရှောင်းထင် သေနတ်ပြန်လိုချင်နေတာ သိပေမယ့် သူမဘက်ကတော့ အလွယ်တကူပြန်ပေးဖို့ စိတ်ကူးမရှိပါဘူး. တစ်ခုခုတော့ ပြန်ပေးဆပ်ရအောင်လုပ်မှာပါ. သူ့ကို ထိခိုက်အောင်တော့လုပ်မှာမဟုတ်ပါဘူး, နည်းနည်းပါးပါးအပျော်သဘောလေးပါပဲ.

စာကိုဖွင့်ဖတ်လိုက်တော့,

ရေခဲတုံးကြီး : "မင်းမနက်ဖြန် ဘယ်ချိန်အားလဲ? ငါပြန်လာယူမလို့."

ကုနင်း : "မနက်ဖြန်မအားဘူး."

ရေခဲတုံးကြီး : "ဒါဆို ဘယ်တော့ အားမလဲ?"

ကုနင်း : "မသိသေးဘူး."

အချိန်အတော်ကြာတဲ့အထိ လင်ရှောင်းထင် စာထပ်မပို့လာတော့တာကြောင့် ကုနင်းနဲနဲတော့ စိတ်ဆိုးသွားတယ်.

သူရူးနေတာလား? သူမတွေးလိုက်မိတယ်. သူရူးနေလို့သာ ဒီလောက်လွယ်လွယ်စိတ်တိုသွားတာပေါ့! ဘာလိုလုပ်ဒီလောက်အေးစက်နိုင်ရတာလဲ? သူက ရင်းရင်းနှီးနှီးမရှိချင်ရင်တောင် သေနတ်ကို ခခယယနဲ့ ရအောင်ပြန်တောင်းနေသင့်တာလေ.

"ဘာဖြစ်လို့လဲ?" ကုနင်းစာရိုက်နေတာကို ချင်ယီဖန်းသတိထားလိုက်မိတယ်. ပထမတော့ သူမပျော်နေပြီး နောက်တော့ မကျေမနပ်ဖြစ်သွားတယ်. ချင်ကျန်းလဲ တစ်ခုခုတော့ဖြစ်နေတယ်လို့ ခံစားလိုက်ရတာကြောင့် မေးလိုက်တာပါ.

"ဘာမှမဟုတ်ပါဘူး." ကုနင်းပြန်ဖြေလိုက်တယ်. ပြီးတော့ သူမဖုန်းကို စားပွဲပေါ်မှောက်တင်ထားလိုက်ပေမယ့် မပျော်မရွှင်တော့ဖြစ်သေးတယ်. သူမကျန်နေတဲ့ သစ်သီးဝိုင်တစ်ဝက်ကိုတခါတည်းမော့လိုက်ကာ နောက်ထပ်တောင် ခွက်ထဲထပ်ဖြည့်လိုက်တယ်.

ဒါကိုမြင်တော့ ချင်ယီဖန်း အနည်းငယ်မျက်မှောင်ကြုတ်သွားတယ်. တစ်ခုခုတော့ မှားနေပြီဆိုတာ သူခံစားလိုက်ရပေမယ့် မေးကြည့်ဖို့ကြပြန်တော့လဲ မသင့်တော်လေဘူး.

တကယ်တော့ လင်ရှောင်းထင် စိတ်မဆိုးပါဘူး. သူက တစ်ယောက်ယောက်နဲ့ စကားပြောဖို့ ကျွမ်းကျင်သူမဟုတ်တာကြောင့် ဘာဆက်ပြောရမလဲမသိတော့ရုံပါ.

ကုနင်းက မသိသေးဘူးလို့ပြောနေမှတော့ သူ့ဘက်ကဘာပြန်ပြောနိုင်တော့မှာလဲ?

ဘေးမှာထိုင်နေတဲ့ ရှုကျင်းချန်ကတော့ လင်ရှောင်းထင် စာပို့နေတာကို တစ်ချိန်လုံးလိုက်ကြည့်နေတယ်. သူကုနင်းနဲ့ စာပို့နေတာလား? ဘာတွေပြောနေကြတာလဲဆိုတာ အရမ်းသိချင်နေမိတယ်.

ဒါပေမယ့် မေးလဲမမေးရဲသလို သွားလဲမကြည့်ရဲပါဘူး. ဒါကြောင့် သူ့ခဗျာ သိချင်လွန်းလို့ မသက်မသာဖြစ်နေတယ်.

လင်ရှောင်းထင် သူ့ကိုအေးစက်စက်တစ်ချက်ကြည့်လိုက်တော့မှ ရှုကျင်းချန် တည့်တည့်မတ်မတ်ပြန်ထိုင်သွားတယ်.

တော်တော်ကြာတော့မှ လင်ရှောင်းထင် ထပ်ပြီးစာပို့လိုက်တယ်. "မင်းဘယ်တော့အားလောက်လဲ? ငါ မြို့တော်Fမှာအကြာကြီးမနေဖြစ်လောက်ဘူး."

စာဝင်လာတာကို ကုနင်းတွေ့လိုက်တယ်. ချင်ယီဖန်းလဲတွေ့လိုက်ပေမယ့် ပေးပို့သူနာမည်က "ရေခဲတုံးကြီး" ဆိုတာပဲတွေ့လိုက်ပါတယ်. "ရေခဲတုံးကြီးဆိုတာ" ဘယ်သူလဲ? ကြည့်ရတာ ယောက်ျားလေးနာမည်ပြောင်နဲ့တူတယ်.

ကုနင်းဖုန်းကိုယူပြီး ဖွင့်ကြည့်လိုက်တယ်.

သူ့ကို နည်းနည်းလောက်ဒုက္ခပေးဖို့ ကြံရွယ်ထားပေမယ့် အရမ်းတော့မလုပ်ပါဘူး. သူမက စစ်အရာရှိတွေအပေါ်အမြင်ကြည်ပြီး လေးလဲလေးစားပါတယ်. လင်ရှောင်းထင်က အေးစက်ပေမယ့် သာမာန်ထက်ခန့်ညားလွန်းကာ ကုနင်းဘက်ကလဲ အမြင်ကောင်းရှိပါတယ်.

ပြီးတော့ သူမစာပြန်ရိုက်လိုက်တယ်,

"တနင်္လာနေ! သေနတ်ပြန်မပေးခင်တော့ နေ့လည်စာကောင်းကောင်းဝယ်ကျွေးရမယ်!"

လင်ရှောင်းထင်ဆီ စာရောက်သွားတော့ သိပ်တောင်မစဉ်းစားဘဲ သဘောတူလိုက်တယ်. သူ့အမြင်မှာတော့ သေနတ်ကအရေးအကြီးဆုံးပဲ.

ပြီးသွားတော့ ကုနင်းပျော်သွားပြန်တယ်. ချင်ယီဖန်း ပိုပြီးသိချင်စိတ်ဖြစ်လာတယ်. ကုနင်း ဘယ်ယောကျ်ားလေးနဲ့ စကားပြောနေမှန်းမသိပေမယ့် ကြည့်ရတာ သူငယ်ချင်းတွေ စကားများကြပြီးမှ ပြန်တည့်သွားကြတာထင်တယ်.

ချင်ယီဖန်း သူကုနင်းကို ကြိုက်နေတယ်ဆိုတာ သေချာမသိသေးတာကြောင့် ဘာမှမပြောတော့ပါဘူး.

"ရှောင်းထင်, မင်းဒီလိုတစ်ချိန်လုံးဖုန်းကိုင်ပြီး စာပို့နေတာမျိုး ငါမတွေ့ဖူးဘူး. ဘယ်သူနဲ့ပြောနေတာလဲ?" ရှုကျင်းချန် မနေနိုင်တော့ဘဲ မေးလိုက်တယ်. ကုနင်းနဲ့ပြောနေတယ်ဆိုတာကို အတည်ပြုချင်နေမိတယ်.

"လူသားတစ်ယောက်နဲ့." လင်ရှောင်းထင်ပြန်ဖြေလိုက်တယ်.

ရှုကျင်းချန် ဆွံ့အသွားရတယ်. လူသားတစ်ယောက်? လူမှန်းတော့ သူလဲသိတာပေါ့. အဓိကက အဲ့လူက ဘယ်သူလဲ?

"ဒါဆို အဲ့လူက ဘယ်သူလဲ?" လင်ရှောင်းထင် ရှုကျင်းချန်ကို လျစ်လျူရှုကာ လှေကားဘက်ကိုလျှောက်သွားလိုက်တယ်.

ရုတ်တရက် ရှုကျင်းချန် အကြံတစ်ခုရသွားကာ,

"အိုး, ငါ မနေ့မနက်တုန်းက ကုနင်းနဲ့တွေ့သေးတယ်! သူကတော်တော်ရယ်ရတာပဲ! ငါတော့ သူ့ကိုသဘောကျသွားပြီထင်တယ်."

ထိုစကားကိုကြားတော့, လင်ရှောင်းထင် ခနမျှရပ်သွားတယ်, တကယ်ကိုခနလေးပဲ. ပြီးတော့ ဘာမှမပြောပဲ ဆက်သွားလိုက်တယ်.

ဒါပေမယ့် ရှုကျင်းချန် လင်ရှောင်းထင်မျက်နှာကိုတော့ မမြင်လိုက်ပေမယ့် သူခနလောက်ရပ်သွားတာကြောင့် ကုနင်းနဲ့သူ့ကြားတစ်ခုခုတော့ ရှိမယ်ဆိုတာ ပိုသေချာသွားတယ်.

................Book 8 Part106End......................

ဖီးနစ်သွေးစက်

အခန်း ၁၀၇ သူရဲဘောကြောင်တဲ့လူတွေ!

ဘာသာပြန်သူ - Charm.Y

ကုနင်းတို့သူငယ်ချင်းတွေ ဘားမှာအကြာကြီးမနေကြဘဲ ည၁၁နာရီမှာ ပျော်လို့ပြီးသွားကြတယ်. တကယ်တော့ ည၁၁နာရီဆိုတာ ညပျော်တွေအတွက်တော့ အခုမှစမယ့်အချိန်ပါ ဒါကြောင့် ချူးဖေ့ဟန်က ညလယ်စာမုန့်သွားစားဖို့ပြောလိုက်တယ်. သူမ အရသာရှိတဲ့ငါးကင်ကောင်းကောင်းရတဲ့ဆိုင်ကို သိတယ်တဲ့.

ကုနင်းကတော့ ချူးဖေ့ဟန်ရဲ့ အသောက်စွမ်းရည်ကို လေးစားမိတယ်. သူမဒီလောက်အများကြီးသောက်ထားတာတောင်မှ အခုချိန်ထိအေးဆေးဖြစ်နေတုန်းပဲ! သူမနဲနဲမူးနောက်နောက်တော့ဖြစ်နေပေမယ့် အသိစိတ်ကတော့ လုံးဝပုံမှန်ပဲ.

၁၁နာရီဆိုတာ နောက်မကျသေးတဲ့အပြင် သူတို့ အခုလိုဆုံဖြစ်ဖို့ကလဲ မလွယ်တာကြောင့် သွားစားဖို့ သဘောတူလိုက်ကြတယ်. ပြီးတော့ တက္ကစီငှားကာ ငှားကင်စားဖို့သွားတော့တယ်. ထိုနေရာကသိပ်မဝေးတာကြောင့် မိနစ်အနည်းငယ်မောင်းလိုက်တာနဲ့ တန်းရောက်သွားတယ်.

ငါးကင်က ချူးဖေ့ဟန်ပြောသလောက်ကြီးကောင်းပါ့မလားဆိုတာ သူတို့မသိပေမယ့် ဆိုင်ကတော့ နာမည်ကြီးပုံပဲ. ကြည့်ရတာ ငါးကင်ကတကယ်ကောင်းရမယ်. ဆိုင်အတွင်းအပြင် စားပွဲတွေမှာ လူတွေပြည့်နေတယ်. အနားမှာ တခြားဆိုင်တစ်ချို့တစ်လေရှိနေသေးပေမယ့် ဒီဆိုင်လောက်တော့ လူမပြည့်ပါဘူး.

လမ်းမှာတုန်းက ချူးဖေ့ဟန်က စားပွဲဖယ်ထားဖို့ လှမ်းပြောခဲ့ပေမယ့် ကံသာမကောင်းရင် ထိုင်ဖို့ရခဲ့မှာတောင်မဟုတ်ဘူး.

သူတို့စားပွဲက တံခါးအပြင်နားတွင်ဖြစ်တယ်. နာရီဝက်လောက်နေတော့ ငါးကင်ရောက်လာတယ်. ချူးဖေ့ဟန်ပြောသလိုပဲ ငါးကင်အနံ့ကအရမ်းမွှေးတယ်. သူတို့ညလယ်စာစားရင်းနဲ့ ကုနင်းနဲ့ ယွီမီရှီကလွဲပြီး ကျန်တဲ့လူတွေက ထပ်သောက်ကြပြန်တယ်. သူတို့အသိစိတ်ရှိနေပြီးမူးပြီးမမှောက်သွားသ၍ ကုနင်းမတားပါဘူး.

"နင်းနင်း, ငါနဲ့သန့်စင်ခန်းခနလိုက်ခဲ့ပေးလို့ရလား?" ယွီမီရှီ ကုနင်းကို တိုးတိုးတိတ်တိတ်မေးလိုက်တယ်.

"ရတယ်လေ." ကုနင်းပြန်ဖြေလိုက်ပြီး ထလိုက်ကာ ယွီမီရှီနဲ့အတူ သန့်စင်ခန်းသို့လိုက်သွားပေးလိုက်တယ်.

သူတို့ထွက်လာချိန် ကြမ်းပြင်ကနည်းနည်းချောနေတာကြောင့် ယွီမီရှီခြေချော်သွားကာ ယောကျ်ားတစ်ယောက်ကိုတိုက်မိပြီး ထိုလူလက်ထဲက ခွက်ကြမ်းပြင်ပေါ်လွတ်ကျသွားတယ်.

"တောင်းပန်ပါတယ်, ကျွန်မတောင်းပန်ပါတယ်." ယွီမီရှီချက်ချင်းတောင်းပန်လိုက်ပေမယ့် ထိုလူကကျေနပ်မသွားဘဲ ယွီမီရှီကို အကျယ်ကြီးဆဲဆိုလိုက်တယ်,

"မင်း‌ေ*ာက်မျက်လုံးတွေကမမြင်ဘူးလား?"

သူ့အသံကကျယ်တာကြောင့် ဆိုင်ထဲလူတွေရဲ့ အာရုံကိုဆွဲဆောင်သွားတယ်.

နောက်လူတစ်ယောက်က ယွီမီရှီနဲ့ကုနင်းတို့ရဲ့ လှပတဲ့မျက်နှာကို သတိထားမိသွားတာကြောင့် ချက်ချင်းပဲအမူအရာပြောင်းသွားကာ ငမ်းရင်းမြူဆွယ်တဲ့အသံနဲ့,

"ဟေ့, အလှလေး, ငါတို့နဲ့လာသောက်ပါလား, ဒီလိုဆို ခွင့်လွှတ်ပေးမယ်လေ."

"လာစမ်းပါ!"ထိုဝိုင်းက နောက်လူတစ်ယောက်ကလဲ သံယောင်လိုက်ပြောလိုက်တယ်.

"ကျွန်မတို့မသောက်တော့ဘူး, ဒါပေမယ့် ရှင်တို့အတွက် သောက်စရာတစ်ဖာဝယ်ပေးပါ့မယ်. ဘယ်လိုလဲ?" ကုနင်း ပြဿနာမဖြစ်ချင်တာကြောင့် ငွေနဲ့ချေဖို့လုပ်လိုက်တယ်.

"ဝိုး! ဒီအလှလေးက တော်တော်ရက်ရောတာပဲ! ငါတို့မှာ သောက်စရာတွေရှိပြီးသား. ကောင်မလေးတွေပဲလိုတော့တာ." ထိုလူက ငြင်းလိုက်တယ်.

"ဟုတ်တယ်, သောက်စရာအတွက်က ပူဖို့မလိုဘူး. ငါတို့တက်နိုင်တယ်. မင်းတို့နှစ်ယောက်ကိုပဲ ငါတို့နဲ့အတူသောက်စေချင်တာ." နောက်လူတစ်ယောက်က ပြောလိုက်တယ်.

"ကျွန်မတို့ဘက်က ငြင်းရင်ရော?" ကုနင်းအေးဆေးပဲပြန်မေးလိုက်တယ်. သူမပုံစံက လုံးဝမကြောက်သလို စိတ်လဲမလှုပ်ရှားနေပါဘူး.

ထိုစကားကိုကြားတော့ ဟိုလူဒေါသထွက်သွားကာ နှာမှုတ်လိုက်ပြီး ခြိမ်းခြောက်လိုက်တယ်,

"ငြင်းမယ်? မင်းတို့က အခု ဘက်မျှနေတာမဟုတ်ဘူးနော်. မင်း ငါတို့ကို ပြန်တိုက်နိုင်မယ်ထင်နေတာလား?"

ကုနင်း အခုတော့နည်းနည်းစိတ်ဆိုးလာပါပြီ. ယွီမီရှီက ထိုလူ့ကိုအရင်တိုက်မိတယ်ဆိုရင်တောင် သူမတမင်လုပ်ခဲ့တာမဟုတ်ဘူးလေ. ပြီးတော့ တောင်းလဲတောင်းပန်ပြီးပြီ. ပညာတတ်လူတစ်ယောက်သာဖို့ ဒီလိုသာမာန်ကိစ္စလေးကို ခွင့်လွှတ်ပေးလိုက်မှာပေမယ့် ဒီလူကတော့ ဟုတ်ပုံမပေါ်ဘူး.

ဒီလိုဆို ကုနင်းကလဲ သူတို့နဲ့ အချိန်ဖြုန်းနေစရာအကြောင်းမရှိပါဘူး.

"ကောင်းပြီလေ. ဆိုင်ထဲမှာက လေကောင်းလေသန့်မရှိတော့ ကျွန်မမသောက်ချင်ဘူး. အပြင်ဘက်က ကျွန်မစားပွဲမှာသွားသောက်ရင်ရော ဘယ်လိုလဲ?" ကုနင်းတမင် ပြောလိုက်တယ်.

"ကိစ္စမရှိဘူး. သွားကြတာပေါ့!" ကုနင်းဘာတွေးနေတယ်ဆိုတာကို ထိုလူမသိပါဘူး. ဒီမိန်းကလေးတွေက သူတို့ကို တမင်ခေါ်ထုတ်သွားတာလို့ မထင်ထားမိဘူး. ပြီးတော့ ကုနင်းရဲ့စိတ်ခေါ်စကားကြောင့်လဲ သူတို့ ဒေါသထွက်နေမိတယ်.

"မထွက်လာခင် ငွေရှင်းခဲ့ဦး" ကုနင်းပြောလိုက်တယ်. နောက်သူတို့ထွက်ပြေးသွားရင် သူမငွေစိုက်မရှင်းပေးနိုင်ပါဘူး.

"ကောင်းပြီလေ." ထိုလူဖြေလိုက်ပြီး ချက်ချင်းငွေချေလိုက်ကာ ကုနင်းတို့နောက်လိုက်ထွက်လိုက်တယ်.

ယွီမီရှီက လန့်တော့လန့်နေပေမယ့် မစိုးရိမ်ပါဘူး. ကုနင်းကို ထိုလူတွေရိုက်နိုင်သည်ဖြစ်စေ မရိုက်နိုင်သည်ဖြစ်စေ အပြင်မှာချူးဖေ့ဟန်နဲ့ ကောင်လေးတွေရှိနေပါသေးတယ်. ဒီလူတွေလောက်ကိုတော့ သင်ခန်းစာကောင်းကောင်းပေးလိုက်နိုင်မှာ သေချာပါတယ်.

ချူးဖေ့ဟန် နဲ့ ကောင်လေးတွေ ကုနင်းနဲ့ ယွီမီရှီတို့ လူတွေအများကြီးနဲ့ထွက်လာတာကိုမြင်လိုက်တော့ သူတို့သိချင်သွားတယ်. သူတို့က ကုနင်းမိတ်ဆွေတွေလား? အားလုံးအဲ့လိုပဲ ယုံကြည်နေကြတယ်.

သူတို့အပြင်ရောက်တော့ ဒီကောင်မလေးနှစ်ယောက်အပြင် နောက်ထပ်လူတွေအများကြီးကိုတွေ့လိုက်တာကြောင့် ထိုလူတွေနဲနဲလန့်သွားတယ်.

"ဘော့စ်, သူတို့က မင်းမိတ်ဆွေတွေလား?" ဟောင်ရန်မေးလိုက်တယ်.

"မီရှီက ဒီလူကို မတော်တဆတိုက်လိုက်မိတယ်. ဒီလူက ငါတို့ကို သူနဲ့အတူအရက်သောက်စေချင်နေတယ်. ငါတို့က ငြင်းပြီး အရက်တစ်ဖာဝယ်ပေးမယ်လို့ပြောပေမယ့် သူတို့က သဘောမတူကြဘူး. ငါတို့သူတို့နဲ့အတူမသောက်ရင် အလွတ်ပေးမှာမဟုတ်လို့ လက်ခံလိုက်ရတယ်." ကုနင်းအေးဆေးပဲပြောနေလိုက်တယ်. သူမရဲ့စကားတွေက ထိုလူရဲ့အပြုအမူတွေနဲ့တောင် ဆန့်ကျင်နေပါတယ်.

ထိုစကားကိုကြားတော့ အားလုံးမကျေမနပ်ဖြစ်သွားကြတယ်.

"သူတို့က သောက်ချင်နေမှတော့ အဖော်ကောင်းဖြစ်ပေးရမှာပေါ့" ထိုစကားမှာ ရက်စက်တဲ့အငွေ့အသက်တွေပါဝင်နေပါတယ်.

ထိုလူတွေက ငတုံးတွေမဟုတ်ကြတာကြောင့် သူတို့ဒုက္ခရောက်မယ့်ရွေးချယ်မှုမျိုးလုပ်လိုက်မိပြီဆိုတာ ချက်ချင်းသိသွားကြတယ်. ခေါင်းဆောင်လိုထင်ရတဲ့လူက စိတ်လှုပ်ရှားစွာနဲ့,

"မလိုတော့ဘူးထင်တယ်, မဟုတ်ဘူး. မလိုဘူး. လုံလောက်သွားပါပြီ."

ပြီးတာနဲ့ ချက်ချင်းပဲ ထွက်ပြေးသွားကြတယ်.

ကုနင်းလဲ ဒီလိုပဲဖြစ်စေချင်တာကြောင့် သူတို့ကိုမတားပါဘူး. ကိစ္စတွေကို လွယ်လွယ်ကူကူဖြေရှင်းလိုရမယ့်နည်းလမ်းရှိရင် သူမထိုအတိုင်းပဲလုပ်မှာပါ.

"ဟ-ဟ, ဟ-ဟ, သူရဲဘောကြောင်လိုက်ကြတာ!" ဟောင်ရန် လှောင်လိုက်တယ်.

"သူတို့က ငါတိုနဲ့တိုက်ဖို့လောက်အထိတော့ မတော်ပါဘူး." ချင်ကျီရွှမ်းကလဲပြောလိုက်တယ်.

"နင်းနင်းက မိန်းမကောင်လေးပဲ. ငါသာအဲ့နေရာမှာဆို လက်သီးနဲ့ပိတ်ထိုးပစ်ပြီးပြီ." ချူးဖေ့ဟန်က တစ်ယောက်ယောက်ကိုထိုးနေသလိုမျိုး လက်သီးကိုဝင့်ကာ ဝှေ့ရမ်းရင်း ဝင်ပြောလိုက်တယ်.

"ကုနင်း သူတို့ကို အပြင်ခေါ်ထုတ်လာပြီး ကြောက်ပြေးသွားအောင်လုပ်တာ တော်တယ်လို့ထင်တယ်. သူတို့က မိန်းမငယ်လေးတွေလေ. ဟိုလူတွေ သူတို့ကိုအနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲ?" ချင်ယီဖန်းကတော့ အစောကဖြစ်သွားတာအတွက် စိတ်ပူနေတယ်.

"ဟ-ဟ" ထိုစကားကိုကြားတော့ လူတိုင်း ရယ်လိုက်ကြတယ်. ပြီးတော့ ဟောင်ရန်က,

"မဖြစ်နိုင်တာ! ကျွန်တော်တို့ ဘော့စ်က ကျီရွှမ်း, ထန်ပင်းနဲ့ ကျွန်တော့်ကို လွယ်လွယ်လေး အမှောက်သိပ်နိုင်ခဲ့တာ. ဒီလူတွေကို မှောက်သွားအောင်လုပ်ဖို့ဆိုတာ ဘော့စ်အတွက် အရမ်းလွယ်တယ်."

"ဟုတ်တယ်. ဘော့စ်က ပြဿနာမဖြစ်ချင်ရုံပဲ ဒါကြောင့် သူတို့ကိုခြောက်လွှတ်လိုက်တာ. သူတို့တော်တော်သက်သာသွားတယ်." ချင်ကျီရွှမ်းကလဲ ထပ်ပြောလိုက်တယ်.

ဘာ? ကုနင်းက ဟောင်ရန်တို့ကို အလွယ်လေးအမှောက်သိပ်နိုင်တယ်? ချင်ယီဖန်း မျက်လုံးတွေပြူးကျယ်သွားတယ်. သူနားသူတောင် မယုံနိုင်စွာနဲ့မေးလိုက်တယ်,

"တကယ်လား? ကုနင်းက မင်းတို့အားလုံးကို မြေပေါ်အလွယ်မှောက်အောင်လုပ်နိုင်တာလား?"

"ဟုတ်တာပေါ့! ဒါကြောင့်ပဲ ကျွန်တော်တို့ဘော့စ်ဖြစ်နေတာ!" ကျန်းထန်ပင်း ကပြန်ဖြေလိုက်တယ်.

................Book 8 Part107End......................

ဖီးနစ်သွေးစက်

အခန်း ၁၀၈ ကျိုးကျန်းဟန် နဲ့ ရှောင်ပင်းကြားက မကျေပွဲ

ဘာသာပြန်သူ - Charm.Y

အတည်ပြုချက်ကိုကြားလိုက်ရပြီးတော့ ချင်ယီဖန်း အသက်ပြင်းပြင်းရှူလိုက်မိကာ ကုနင်းကို အံ့ဩလေးစားစွာကြည့်ရင်း,

"မင်းဒီလောက်အားသန်တယ်ဆိုတာ လုံးဝမယုံနိုင်စရာပဲ!"

သူ ဟောင်ရန်နဲ့ ကျန်တဲ့ကောင်လေးတွေရဲ့စွမ်းရည်ကို‌ သေချာသိထားပါတယ်. တစ်ယောက်ချင်းစီကတောင် သာမာန်လူ၅ယောက်လောက်နဲ့တစ်ပြိုင်တည်းတိုက်ခိုက်နိုင်တယ်. ဒါကို ကုနင်းက သူမတစ်ယောက်ထဲနဲ့ သူတို့အားလုံးကို အလွယ်လေးတိုက်ခိုက်နိုင်တယ်တဲ့လား.

ကုနင်း သန်မာတာက သူမကိုဘယ်သူမှအနိုင်ကျင့်လို့ မရတော့၍ကောင်းတယ်ဆိုပေမယ့် ချင်ယီဖန်းနှလုံးသားထဲမှာတော့ ခါးသီးသွားရတယ်. အခုတော့ သူမကိုကာကွယ်ပေးနိုင်တဲ့အရည်အချင်းသူ့မှာမရှိတော့ဘူး.

ကုနင်းကတော့ပြုံးပဲပြုံးနေပြီး ဘာမှပြန်မပြောပါဘူး. ပြီးတော့ ဆက်ပြီးစားသောက်လိုက်ကြတယ်.

သူတို့အားလုံး လမ်းခွဲခါနီးကျတော့ ၁နာရီတောင်ရှိသွားပြီ. ချူးဖေ့ဟန်ကတော့ အိမ်မပြန်ချင်တော့ဆိုကာ ကျန်တဲ့မိန်းကလေးတွေနဲ့ ဟိုတယ်မှာပဲတည်းပြီး စကားတွေပြောချင်နေတယ်.

ကုနင်းခနလောက်တွေးပြီး သဘောတူလိုက်တယ်. သူမ မနက်ဖြန်ယူသွားဖို့ လိုအပ်တဲ့ပစ္စည်းတွေကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ထားပြီးဖြစ်ပါတယ်. ယွီမီရှီကလဲ သူမမိသားစုတွေကိုပြောထားပြီးဖြစ်တာကြောင့် တစ်ညလောက်အပြင်မှာအိပ်ဖို့ အဆင်ပြေပါတယ်.

ချင်ယီဖန်း အစကကုနင်းကို အိမ်ပြန်လိုက်ပို့ပေးဖို့ ရည်ရွယ်ထားပေမယ့် ဒီကောင်မလေးတွေက အိမ်မပြန်ချင်ကြဘူးဆိုတာကြောင့် သူတို့ကို ဟိုတယ်သာလိုက်ပို့ပေးလိုက်ရတယ်. ဟောင်ရန်တို့ကောင်လေးတွေကတော့ အများကြီးသောက်ထားပြီးတာတောင် အသိစိတ်သေချာရှိနေသေးတာကြောင့် အိမ်ကိုပဲပြန်လိုက်ကြတယ်.

နောက်နေ့တွင်, ကုနင်း သူမရဲ့ ၈နာရီခွဲလေယာဉ်ကိုမှီရန် မနက်၆နာရီခွဲထလိုက်တယ်. သူမပြီးတော့ ယွီမီရှီလဲထလာတယ်. သူမအဖေကို ကူညီပေးဖို့အိမ်ပြန်မှရမယ်လေ. ချူးဖေ့ဟန်ကတော့ အိမ်ရေးမဝသေးတာကြောင့် သူတို့ကိုပဲ အရင်ပြန်ခိုင်းလိုက်တယ်. ဒါကြောင့် ကုနင်းနဲ့ ယွီမီရှီတို့ပဲ မနက်အစောကြီးထပြန်လာကြတယ်.

ကုနင်း လေဆိပ်သို့သွားတဲ့လမ်းမှာ ကျိုးကျန်းဟုန်ကိုဖုန်းခေါ်လိုက်ပြီး မကြာခင်ရောက်မည့်အကြောင်းပြောလိုက်တယ်.

၆နာရီ၄၀မိနစ်တွင်တော့ ယွီမီရှီအိမ်ပြန်ရောက်သွားတယ်. သူမတို့မိသားစုက မနက်စာရောင်းတာကြောင့် ဒီအချိန်မှာ မနက်စာလာစားသူတွေနဲ့ပြည့်နေတယ်. သူမအဖေကလဲ အလုပ်ရှုပ်နေတာကြောင့် ချက်ချင်းပဲ ဝင်ရောက်ကူညီပေးလိုက်တယ်.

ယွီမီရှီရဲ့ အဖေက အသက်၄၀အစောပိုင်းလောက်ပဲရှိသေးပေမယ့် အလုပ်ကြမ်းကို နှစ်တွေအကြာကြီးလုပ်ခဲ့ရတာကြောင့် အသက်၅၀ကျော်လောက်ရှိပြီထင်ရတယ်.

"ရှီရှီ, ဘာလို့ဒီလောက်အစောကြီး ပြန်လာတာလဲ?" သူမအဖေက မေးလိုက်တယ်.

ယွီမီရှီရဲ့ ဖခင်က သူမကို သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ အပြင်ထွက်လည်ပတ်ဖို့ မျှော်လင့်နေသူပါတယ်. သူ့သမီးကို နေ့တိုင်း စာလုပ်လိုက် သူ့ကို ကူညီလိုက်နဲ့ပဲ အချိန်မကုန်စေချင်ပါဘူး. အဆက်အသွယ်ကောင်းမရှိထားရင် အနာဂါတ်မှာ သူမဒီဘဝကနေကွဲထွက်အောင်မလုပ်နိုင်ပါဘူး.

..................

ကုနင်း မြို့တော်Gရဲ့ လေဆိပ်ကိုရောက်တော့ မနက်၉နာရီခွဲပြီဖြစ်ကာ ထွက်ပေါက်မှာ ကျိုးကျန်းဟုန်က သူမကိုစောင့်နေခဲ့တယ်.

ကုနင်းကိုမြင်တော့ ရွှေရှာတွေ့သလိုမျိုး ကျိုးကျန်းဟုန် မျက်လုံးတွေ တောက်ပလာခဲ့တယ်. ဟုတ်ပါတယ်, ကျိုးကျန်းဟုန်ရဲ့မျက်လုံးထဲမှာတော့ ကုနင်းက ရွှေတုံးကြီးပါပဲ. မဟုတ်သေးဘူး, သူမက ရွှေထက်ကိုပိုပြီး တန်ဖိုးရှိပါတယ်.

ကုနင်းက သူ့ကို ငွေတွေအများကြီး ဆောင်ယူလာပေးသလို သူ့အရည်အချင်းကို သတိထားမိတဲ့ လူလဲဖြစ်တယ်. ကုနင်းက သူ့ကိုကြမ်းတမ်းခက်ခဲတဲ့ဘဝကနေကယ်တင်ပေးခဲ့ပြီး အဓိပ္ပါယ်ပြည့်စုံတဲ့ဘဝမှာနေနိုင်အောင် ကူညီပေးခဲ့တယ်. ကုနင်းကို သူ့နှလုံးသားထဲကနေပါ နက်နက်ရှိုင်းရှိုင်းလေးစားရပါတယ်.

ကျိုးကျန်းဟုန် ချက်ချင်း သူမထံလျှောက်သွားကာ နွေးထွေးသောလေသံနဲ့,

"ဘော့စ်, ထပ်တွေ့ရတာဝမ်းသာပါတယ်."

"ဟိုင်း, ဦးလေးကျိုး, တွေ့ရတာဝမ်းသာပါတယ်! ကျွန်မကို အကြာကြီးတော့ စောင့်မနေရပါဘူးနော်." ကုနင်းပြန်နှုတ်ဆက်လိုက်တယ်.

"မစောင့်ရပါဘူး. ၁၀မိနစ်လောက်ပဲရှိသေးတယ်." ကျိုးကျန်းဟုန် ပုံမှန်လိုပဲပြန်ပြောလိုက်တယ်. တကယ်တော့ သူမကိုစောင့်နေတာ ၁နာရီနီးပါးလောက်ရှိပြီဆိုပေမယ့် ဒါဘာမှမဟုတ်ပါဘူး.

ကုနင်းလဲ သူတမင်လျှော့ပြောနေမှန်းသိပါတယ်. ဒါကြောင့် ဘာမှဆက်မ‌ေပြောနေတော့ပဲ ကျိုးကျန်းဟုန်နဲ့အတူ ကားရပ်နားရာနေရာကို လိုက်သွားလိုက်တယ်.

ကျိုးကျန်းဟုန် Mercedes-Benzကားကို ဝယ်ခဲ့ပြီး ကျန်းရွှီဝယ်တဲ့နဲ့အတူတူဖြစ်ကာ ယွမ်၅သိန်းလောက်တန်ဖိုးရှိပါတယ်. လူကြီးတွေက Mercedes-Benz ကိုတော်တော်ကြိုက်ကြတာပဲ.

ကုနင်း သူ့ကို ယွမ်၁သန်းပေးခဲ့ပေမယ့် ကျိုးကျန်းဟုန်က ကားအတွက်သိပ်မသုံးချင်ပါဘူး. ဒါကြောင့် ယွမ်၅သိန်းဝန်းကျင်လောက်တန်ကားကိုသာ ရှာဝယ်ခဲ့တာပါ. ဒါပေမယ့် ဈေးကသိပ်တော့မနိမ့်ပါဘူး. ယွမ်သန်းရာနဲ့ချီချမ်းသာတဲ့လူတွေတောင် ဒီဈေးလောက်တန်ကားတွေပဲ စီးကြတာပါ.

သူတို့ လေဆိပ်ကနေ မောင်းထွက်လာချိန် ကျိုးကျန်းဟုန်က ကုနင်းကို အစီရင်ခံနေတယ်,

"ဘော့စ်, ကျောက်အလောင်းအစားလမ်းကို သွားကြည့်ပြီးပြီ. အရင်အပတ်က ဆိုင်တော်တော်များများ ကျောက်တွေအများကြီးဖြတ်ခဲ့လို့ ရောင်းအားတွေလဲ ကောင်းနေကြတယ်, အထူးသဖြင့် ကျွန်တော်တို့ရောက်ခဲ့တဲ့ဆိုင်ပေါ့. ဒါကြောင့် လွန်ခဲ့တဲ့ရက်တွေထဲက ဆိုင်တွေမှာ ကျောက်ရိုင်းအသစ်တွေထပ်ဖြည့်ထားကြတယ်."

"အရမ်းကောင်းတယ်. အဆင့်မြင့်ဈေးတစ်ခုကို ရင်သွားကြတာပေါ့. ကျွန်မအဝတ်လဲချင်လို့. ပြီးတော့ ရှေးဟောင်းဈေးကို မသွားခင်တစ်ခုခုအရင်ဝင်စားကြတာပေါ့." ကုနင်းပြောလိုက်တယ်.

"ကောင်းပါပြီ, ဘော့စ်." ကျိုးကျန်းဟုန် ပြန်ဖြေလိုက်တယ်. ပြီးတော့ ထပ်ပြီး,

"ဘော့စ်, ဆိုင်နေရာအတွက်က လက်မှတ်ထိုးပြီးသွားပြီ. အခုတော့ ပြန်လည်ပြင်ဆင်ရေးလုပ်နေတယ်. စက်ရုံကတော့ လုံခြုံရေးစနစ်တွေတပ်ထားတယ်. ပစ္စည်းကိရိယာတွေ, ဒီဇိုင်နာတွေ နဲ့ ပန်းပုဆရာတွေကိုလဲ ခန့်ပြီးသွားပြီ."

သူတို့က လက်ဝတ်ရတနာပစ္စည်းတွေကို အရေအတွက်အများကြီးထုတ်လုပ်မှာဖြစ်ပြီး အားလုံကို လက်နဲ့ပဲလုပ်ဖို့မဖြစ်တာကြောင့် စက်ပစ္စည်းတွေကိုသုံးဖို့လိုပါတယ်. စက်နဲ့လုပ်တဲ့ လက်ဝတ်ရတနာရဲ့ဈေးနှုန်းကတော့ လက်နဲ့လုပ်တာထက်ပိုပြီး နိမ့်ပါတယ်.

ဒါကြောင့် ကုနင်း အလယ်အလတ်အဆင့်ကျောက်တွေကိုတော့ စက်နဲ့လုပ်ဖို့စိတ်ကူးထားပြီး အဆင့်မြင့်နဲ့ ထိပ်တန်းအဆင့်ကျောက်စိမ်းတွေကိုတော့ လက်နဲ့သေချာထွင်းထုဖို့ စီစဉ်ထားပါတယ်. ဒီလိုဆို အဆင့်မြင့်နဲ့ ထိပ်တန်းကျောက်စိမ်းတွေကို သေချာပိုလုပ်နိုင်တာပေါ့.

"ကောင်းတယ်. နေ့လည်ကျရင် စက်ရုံက ပန်းပုဆရာတွေကို ဒီဇိုင်နာတွေနဲ့တွေ့ခိုင်းလိုက်. မနက်ဖြန်နေ့လည် လုပ်ငန်းစကြမယ်. ဆိုင်မဖွင့်လိုက်ခင် ပစ္စည်းတွေကိုကြိုပြီး ပြင်ဆင်ထားကြရမယ်."

"ကောင်းပြီလေ." ကျိုးကျန်းဟုန်ပြန်ဖြေလိုက်တယ်.

"အိုး, ဒါနဲ့ ဦးလေးနဲ့ ရှောင်ပင်းကြားက ပြဿနာအကြောင်း ကျွန်မကိုပြောပြလို့ရမလား?" ကုနင်းမေးလိုက်တယ်. သူမ အနာပေါ်ဆားဖြူးမိသလိုဖြစ်မယ်ဆိုတာသိပေမယ့် ဘာဖြစ်ခဲ့မှန်းမသိထားရင် သူ့ကိုကူညီနိုင်မှာမဟုတ်ဘူးလေ.

သေချာပေါက်ကိုပဲ ရှောင်ပင်းရဲ့နာမည်ကြားလိုက်တာနဲ့ ကျိုးကျန်းဟုန်မျက်နှာတွင် မုန်းတီးမှုတွေမကျေနပ်မှုတွေနဲ့ပြည့်နှပ်သွားတယ်, ဒါပေမယ့် သူ့ဒေါသကိုသူ ပြန်ထိန်းချုပ်လိုက်ပါတယ်.

ကုနင်းအခုလို အစဖော်လိုက်တဲ့အတွက် အပြစ်မတင်ပါူဘး. ကုနင်းမေးလာတဲ့အတွက် သူဘာမှမဖုံးကွယ်နေတော့ဘဲ စိတ်ကိုလျှော့လိုက်ကာ,

"ရှောင်ပင်းနဲ့ ကျွန်တော်ကမွေးရပ်မြေအတူတူပဲ. ငယ်ငယ်တည်းက သိလာကြပေမယ့် အရ်းတော့ မရင်းနှီးခဲ့ဘူး. ကျွန်တော်က တခြားကလေးတွေနဲ့ ရန်အမြဲတမ်းဖြစ်တတ်တော့ ရွာထဲက, ကလေးတွေက ကျွန်တော့ကို မုန်းကြတယ်. ရှောင်ပင်းကတော့ အမုန်းဆုံးပေါ့. ကျွန်တော့ကို ရိုက်ဖို့အတွက် လူတွေတောင် ရှာခဲ့သေးတယ်. နောက် ကျွန်တော် တက္ကသိုလ်သွားရတော့ သူကစာမေးပွဲကျခဲ့တယ်. သူကအလုပ်ထွက်လုပ်ပြီး ကျွန်တော်တို့ ၁၀နှစ်လောက်မတွေ့ဖြစ်ခဲ့ကြဘူး."

"လွန်ခဲ့တဲ့ ၁၀နှစ်ကမှ ကျွန်တော်တို့ပြန်တွေ့ကြတာ. ပြီးတော့ ကျွန်တော့ကုမ္ပဏီက အမြတ်အစွန်းနည်းနည်းရနေချိန်မှာ သူကတော့ ဆင်းရဲနေတုန်းပဲ. ပြီးတော့ ကျွန်တော့်ကို အကူညီလာတောင်းခဲ့တယ်. ကျွန်တော်လဲ သိပ်စဉ်းစားမနေဘဲ သဘောတူလိုက်တာပေါ့. သူက တော်ပေမယ့် မရိုးသားဘူး. ဆိုင်ထဲက လက်ဝတ်ရတနာတွေလဲ အမြဲပျောက်တယ်. နောက်ဆုံးတော့ သူခိုးက သူဆိုတာ ကျွန်တော်သိသွားပြီး သူ့ကိုအလုပ်ထုတ်လိုက်တယ်. နောက်တော့ သူ မြို့တော်Gကထွက်သွားတယ်. ဘယ်ကိုသွားမှန်းတော့မသိပါဘူး."

"တစ်နှစ်လောက်နေတော့, သူပြန်လာတယ်. နောက် ကျွန်တော့်ကို လာရှာပြီး ထမင်းတစ်နပ်ဝယ်ကျွေးရင်း အရင်က ကိစ္စတွေအတွက်တောင် တောင်းပန်လိုက်သေးတယ်. သူနဲ့အရင်လို ပြန်မရင်းနှီးချင်တော့ပေမယ့် အဆက်အသွယ်တော့ ရှိခဲ့ကြတယ်. နှစ်ဝက်လောက်နေတော့ ကျွန်တော်တို့ ဆက်ဆံရေးတော်တော်လေးအဆင်ပြေသွားပေမယ့် သူနဲ့ အကွာအဝေးတစ်ခုတော့ ခြားထားခဲ့တယ်."

................Book 8 Part108End......................

ဖီးနစ်သွေးစက်

အခန်း ၁၀၉ ငါတို့ကို လွှတ်ထားပေးစမ်းပါ

ဘာသာပြန်သူ - Charm.Y

"နှစ်ဝက်အစောပိုင်းလောက်မှာ, သူ့သူငယ်ချင်းက ကျောက်စိမ်းတစ်သုတ်လောက်ရောင်းချင်လို့ဆိုပြီး ကျွန်တော့်ဆီအကြံလာတောင်းတယ်. အဲ့တုန်းက ကျွန့်တော့်မှာလဲ ကျောက်ပြတ်နေတဲ့အချိန်ဆိုတော့ သွားကြည့်ချင်ခဲ့တယ်. အဲ့ကျောက်စိမ်းအသုတ်မှာ အလယ်အဆင့် နဲ့ အဆင့်နိမ့်ကျောက်စိမ်းတွေပါတယ်. သူတို့က အစစ်တွေဖြစ်ပြီး ယွမ်သန်း၅၀လောက်ပေးရမှာ. ကျွန်တော့်မှာ အဲ့လောက်ငွေအများကြီးကမရှိဘူး, ဒါကြောင့် ချေးငွေယူခဲ့ရတယ်. အဲ့တော့ ရှောင်ပင်းက ချေးငွေယူကြောင်း စာရွက်မှာလက်မှတ်ထိုးခိုင်းတယ်. ကျွန်တော်က လဲ ကျောက်စိမ်းကို အရမ်းလိုချင်နေတဲ့အချိန်ဆိုတော့ လက်မှတ်ထိုးပေးခဲ့တယ်."

"ဒါပေမယ့် ဘဏ်က ချေးငွေပေးဖို့ ငြင်းခဲ့တယ်. တစ်ချိန်တည်းမှာပဲ ကျောက်စိမ်းတွေကလဲ အတုဖြစ်သွားတယ်. ဒီလိုနဲ့ ငွေကြေးပိုင်းက ပြဿနာတွေတက်လာတယ်. ဒီတော့မှ ကျွန်ထောင်ချောက်မိသွားတာကို သတိထားမိလိုက်တာ. ဒါက တမင် ပူးပေါင်းကြံစည်ပြီး ချောက်ချမှန်းသိပေမယ့် ဘာသက်သေမှမရှိလို့ ဘာမှမလုပ်နိုင်ခဲ့ဘူး. အဆုံးမှာတော့ ကုမ္ပဏီကို ရှောင်ပင်းဆီရောင်းလိုက်ရတော့တယ်."

"ကျွန်မပြောဖူးသလိုပဲ ကျွန်မမိတ်ဆွေတွေကို ကာကွယ်ပေးတတ်တယ်. ကျွန်မတို့က မိတ်ဆွေဖြစ်ပြီးသားဆိုတော့ ဦးလေးအတွက် ကျိုးဖူကျောက်မြတ်ရတနာလုပ်ငန်းကို ပြန်လုယူပေးမယ်. အဲ့လုပ်ငန်းကို မလိုချင်တော့ဘူးဆိုရင်လဲ ဖျက်စီးပစ်ကြတာပေါ့." ကုနင်းပြောလိုက်တယ်.

ထိုစကားကိုကြားတော့ ကျိုးကျန်းဟုန်အရမ်းခံစားသွားရကာ ဝမ်းမြောက်ဝမ်းသာနဲ့,

"ဘော့စ်, ကျေးဇူးအရမ်းတင်ပါတယ်."

သူကုနင်းကို အပြည့်အဝယုံကြည်ပါတယ်.

လေဆိပ်ကနေ မြို့ထဲက ဈေးဝယ်စင်တာတစ်ခုကို မိနစ်၄၀လောက်မောင်းလိုက်ရတယ်. အခုက နေ့လည်စာစားချိန်နီးပြီ ဖြစ်တာကြောင့် ကုနင်းက သူမအဝတ်သွားလဲနေတုန်း ကျိုးကျန်းဟုန်ကို အစားအသောက်တန်းမှာ စားဖို့တစ်ခုခုကြိုမှာနှင့်ဖို့ပြောလိုက်တယ်. သူတို့ ရှေးဟောင်းဈေးကိုမသွားခင် တစ်ခုခုအရင်စားသွားကြဖို့ စီစဉ်ပြီးသားလေ.

ကုနင်း ခေတ်ဆန်တဲ့ အမျိုးသမီးဝတ်တစ်စုံကို ဝယ်ယူလိုက်တယ်. သူမ အနက်ရောင် ဂါဝန်ကို အနက်ရောင် အသားကပ်နဲ့တွဲဖက်ဝတ်ဆင်ထားပြီး အပေါ်မှ ထုံးခြောက်ရောင်သားမွှေးကုတ်တစ်ထည်ကို ထပ်ထားတယ်. ပြီးတော့ အနက်ရောင် ဒေါက်မြင့်ဖိနပ်ကိုလဲ စီးထားတာကြောင့် သူမပုံစံက ပိုပြီး ထူးချွန်ကာ ဆွဲဆောင်မှုရှိပုံပေါ်သွားတယ်. ထို့နောက် ဆိုင်တစ်ဆိုင်ကိုသွားကာ မိတ်ကပ်အသင့်အတင့်ပြင်ပြီး ဆံပင်ကိုကောက်လိုက်တယ်.

အခုသူမပုံစံက အရွယ်ရောက်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ အမျိုးသမီးတစ်ယောက်လိုပဲ. အရင် ကျောင်းသူကောင်မလေးပုံစံကနေ လုံးဝပြောင်းလဲသွားပြီ. ထို့နောက် ကုနင်း သီးသန့်ခန်းတံခါးကို ဖွင့်ဝင်သွားခဲ့တော့ ကျိုးကျန်းဟုန်မှာ မှတ်တောင်မမှတ်မဘဲဖြစ်သွားကာ,

"မိန်းကလေး, ခင်ဗျား အခန်းမှားဝင်လာမိပြီထင်တယ်."

"ဟ-ဟ," ကုနင်း ရယ်လိုက်မိပြီး "ဦးလေးကျိုး, ကျွန်မပါ, ကုနင်းလေ."

"ဘာ?" ကျိုးကျန်းဟုန် ထိန့်လန့်သွားပြီးမှ "ဘော့စ်ကို ကျွန်တော်လုံးဝမမှတ်မိလိုက်ဘူး!"

"ကျွန်မလဲ အဲ့လိုဖြစ်စေချင်တာ! ခနနေ ကျောက်သွားဖြတ်မှာဆိုတော့ ကျွန်မကို မမှတ်မိနိုင်အောင် ရုပ်ဖြတ်ထားလိုက်တာ!" ကုနင်းထပ်ပြောလိုက်တယ်.

ဒီတော့မှ ကျိုးကျန်းဟုန် သဘောပေါက်သွားပေမယ့် ကုနင်းဒီလို လုံးဝပြောင်းလဲသွားတာကိုတော့ အံ့ဩနေမိတယ်.

"အိုး, ဒါ မင်းအခန်းအတွက် သော့တွေ." ကျိုးကျန်းဟုန် သော့တစ်တွဲကို ထုတ်ယူကာ ကုနင်းကိုပေးလိုက်တယ်. ပြီးတော့ တိုက်ခန်းနေရာကိုပါ ပြောပြလိုက်တယ်.

စားပြီးသွားတော့ သူတို့ ရှေးဟောင်းဈေးကို သွားလိုက်ကြတယ်.

တစ်ချိန်တည်းမှာပဲ လင်လိကျွမ်း နေ့လည်စာစားပြီးတော့ ကုမန့်ကို ဖုန်းထပ်ခေါ်လိုက်ပြန်ပေမယ့် မကိုင်ပါဘူး.

ဒီလိုပဲဖြစ်မယ်ဆိုတာ လင်လိကျွမ်းသိထားပေမယ့် ဒေါသထွက်စဲပါပဲ. ပြီးတာနဲ့ ကုမန့်အလုပ်လုပ်တဲ့စက်ရုံသို့ ကားမောင်းသွားလိုက်တယ်.

သူမ စက်ရုံကို ရောက်သွားတော့ ကုမန့် အလုပ်ထွက်သွားပြီလို့ သိရတာကြောင့် အံ့ဩသွားတယ်. ကုမန့်က အလုပ်ထွက်သွားတယ်? သူမအခုဘယ်မှာလုပ်နေလဲ? ကုမန့်လို ဘွဲ့မရထားတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်အနေနဲ့ အလုပ်သစ်တစ်ခုရှာဖို့ဆိုတာ ခက်ခဲပါတယ်.

လင်လိကျွမ်း ချက်ချင်းပဲ ကုချင်းရှန်ကိုဖုန်းခေါ်ကာ ကုမန့်အလုပ်ထွက်သွားတဲ့အကြောင်းပြောပြလိုက်တယ်. ကုချင်းရှန်လဲ ထိတ်လန့်အံ့ဩသွားတယ်. ခနနေတော့မှ လင်လိကျွမ်းကို နေ့လည်ကျရင် အိမ်ဟောင်းကနေစောင့်နေဖို့ပြောလိုက်တယ်.

ကုချင်းရှန်က ကုမန့်တို့သားအမိ အိမ်ဟောင်းကနေ နှင်ထုတ်ခံလိုက်ရတယ်ဆိုတာ မသိသေးပါဘူး.

လင်လိကျွမ်း ဆွံ့အသွားတယ်. ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ထိုတော့မှ ပြောပြလိုက်တယ်.

ထိုအကြောင်းတွေကိုကြားတော့ ကုနင်းတို့သားအမိ သူတို့မိသားစုကို ဆန့်ကျင်ရဲတာကြောင့် ကုချင်းရှန် ဒေါသထွက်သွားတယ်.

"ကုချင်ကို ဖုန်းခေါ်ပြီး ကုမန့်အခုဘယ်မှာနေနေလဲ မေးလိုက်." ကုချင်းရှန် ပြောလိုက်တော့ လင်လိကျွမ်း ချက်ချင်းပဲ ကုချင်ကို ဖုန်းဆက်လိုက်တယ်.

အစကတော့ ကုချင်ဖုန်းကိုင်ခဲ့ပေမယ့် လင်လိကျွမ်းက ကုမန့်တို့နေတဲ့နေရာကိုကြီးမေးနေတာကြောင့် သူမမပြောပြခဲ့ဘူး. ထို့နောက် လင်လိကျွမ်းက ဆက်တိုက် မပြောပြမချင်းဆက်ခေါ်နေတာကြောင့် ကုချင်စိတ်တိုလာကာ လင်လိကျွမ်းဖုန်းကို ထပ်မကိုင်တော့ကာ လင်လိကျွမ်းကို ရန်စလိုက်တယ်.

သူမ ကျန်းရွှီကို ဖုန်းထပ်ဆက်လိုက်ပေမယ့် ကျန်းရွှီကလဲ အတူတူပါပဲ. ပထမတော့ ဖုန်းကိုင်ပြီး မပြောပြဘူး နောက်တော့ ဖုန်းကိုပါ မကိုင်ဘဲ လျစ်လျူရှုထားလိုက်တော့တယ်. ကျန်းရွှီက တကယ်ကို အလုပ်များနေလို့ပါ.

ဒီရက်တွေအတွင်း, ဆိုင်ကို ပြင်ဆင်တယ်, ထုတ်လုပ်ရေးပိုင်းတွေနဲ့လဲ ပူးပေါင်းဖို့လုပ်ရသလို, ဝန်ထမ်းခန့်တာတွေ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ဆက်ဆံရေးကောင်းဖို့တွေပါ လုပ်နေရတယ်.

ကျန်းရွှီ စည်းမျဉ်းတွေကိုလဲ သိပါတယ်. သူတို့က ငွေပေးဖို့လိုတာကို သိပေမယ့် သူကတော့ အရမ်းအလွန်အကျွံတော့မလုပ်ပါဘူး. သူက ဖြောင့်မတ်တဲ့လူတစ်ယောက်ပါ. ဒါပေမယ့် ဒီနေ့ခေတ် လူမှုအဖွဲ့အစည်းထဲက စီးပွားရေးသမားတွေ ဘယ်လိုလုပ်တယ်ဆိုတာကိုလဲ သူသိပါတယ်. ငွေကြောင့်နဲ့သူတစ်ပါးကို မထိခိုက်သ၍ ဆိုးကျိုးမဖြစ်စေသ၍ အခုလိုမပြောဘဲသိနေရမယ့် စည်းကမ်းတွေကိုလိုက်နာမှာပါ.

ကုချင်နဲ့ ကျန်းရွှီတို့ရဲ့အပြုအမူကြောင့် လင်လိကျွမ်းဒေါသတွေပေါက်ကွဲတော့မလိုဖြစ်နေတယ်. ဒီလိုမျိုး သူမကိုလျစ်လျူရှုခံရတာမျိုး မကြိုက်ပါဘူး. ကုချင်းရှန်ကို ထပ်ဖုန်းခေါ်လိုက်တော့ သူလဲ ဒေါသထွက်သွားကာ သူမကို ကုချင်ရဲ့အလုပ်သို့ လိုက်သွားရန်ပြောလိုက်တယ်.

ပြီးတော့ လင်လိကျွမ်း ကုချင်နဲ့ ကျန်းရွှီတို့အလုပ်ကို ထပ်လိုက်သွားပြန်တော့လဲ သူတို့က အလုပ်ထွက်သွားကြပြီဆိုတာပဲ သိလိုက်ရတော့ သူမ ဆွံ့အသွားခဲ့တယ်. ဘာတွေဖြစ်ကုန်တာလဲ? ဘာလို့အကုန် အလုပ်တွေထွက်ကုန်ကြတာလဲ?

ထိုအချိန်မှာပဲ ကုချင်တို့မိသားစုလဲ ပြောင်းသွားကြတာများလားဆိုပြီး လင်လိကျွမ်းထင်လိုက်မိတယ်. ထို့နောက် သွားအတည်ပြုလိုက်တော့ တကယ်ပဲ ကုချင်တို့မိသားစုလဲ ပြောင်းသွားတာဖြစ်နေတယ်.

ဘာတွေဖြစ်ကုန်ကြတာလဲ?

ပြီးတော့ ကုချင်းရှန်ကို လင်လိကျွမ်းလှမ်းပြောလိုက်တော့ ကုချင်းရှန်လဲ ရူးတော့မလိုဖြစ်သွားတယ်. ပြီးတော့ သူကုမန့်, ကုချင် နဲ့ ကျန်းရွှီတို့ကို ကိုယ်တိုင်ဖုန်းခေါ်ကြည့်လိုက်ပေမယ့် ဘယ်သူမှ သူ့ဖုန်းကို ပြန်မဖြေကြပါဘူး.

သူတို့တွေ တကယ်ပဲ ကုမိသားစုနဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ စီစဉ်ထားကြတာလား? ဘယ်လိုလုပ် လုပ်နိုင်မှာလဲ?

ကုချင်းရှန်းလဲ ကုချင်းယန်ကို ဖုန်းဆက်ပြီး ကိစ္စအားလုံးကိုပြောပြလိုက်ကာ ကုမန့်ကို ဖုန်းခေါ်ပြီး ဘာတွေဖြစ်နေတာလဲ မေးခိုင်းလိုက်တယ်. ကုချင်းယန်လဲ အံ့ဩသွားတယ်. ဒါတွေအားလုံး ကုမန့်ရဲ့အမှားကြောင့်ပဲလို့ သူယုံကြည်နေကာ ကုမန့်ကို ဖုန်းဆက်လိုက်တယ်.

ကုမန့် ကုချင်းယန်ရဲ့ဖုန်းကိုတော့ ပြန်ဖြေလိုက်တယ်. ဒီခေါ်ဆိုမှုနောက်ကွယ်မှာ ကုချင်းရှန်ရှိနေမယ်ဆိုတာ သိပေမယ့် လောလောဆယ် ကုချင်းယန်ကိုပါ ဒေါသထွက်အောင် သူမမလုပ်ချင်သေးပါဘူး.

"ကုမန့်, နင်ဘာတွေဖြစ်နေတာလဲ? ဘာလို့ နင်ရော, ကုချင်နဲ့ ကျန်းရွှီတို့ပါ အိမ်ပြောင်းကုန်ကြတာလဲ? ပြီးတော့ အကိုကြီးရဲ့ဖုန်းကို နင်ဘာလို့မကိုင်တာလဲ? အခုဘယ်မှာနေ,နေကြလဲ?" ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ ကုချင်းယန်က ဒေါသတွေနဲ့ ကြိမ်းမောင်းတဲ့အသံကို ဘေးမှာထိုင်နေတဲ့ ကုချင်တောင် ရှင်းရှင်းလင်းလင်းကြားရတယ်.

ကုမန့် ဝမ်းနည်းပြီး ငိုချင်လာခဲ့တယ်.

ဒါကြောင့် ကုမန့်ဖုန်းကို ကုချင် ဆွဲယူလိုက်ကာ ဒေါသတကြီးပြန်အော်လိုက်တယ်,

"နင်လူလိုမသိဘူးလား! ငါတို့က ဘာလို့ ကိစ္စအားလုံးနင်တို့ကို ပြောပြနေရမှာလဲ? နင်နဲ့ဘာမှမဆိုင်ဘူး! ငါတို့ကို လွှတ်ထားပေးစမ်းပါ!"

................Book 8 Part109End......................

ဖီးနစ်သွေးစက်

အခန်း ၁၁၀ ကျောက်စိမ်းဖြတ်ခြင်း

ဘာသာပြန်သူ - Charm.Y

"နင်လုပ်တာဆိုလို့ ငါတို့ကိုအပြစ်လာတင်တာပဲရှိတယ်. ငါတို့ဘာများမှားနေလို့လဲ? အခုကစပြီး ငါတို့နဲ့ကောင်းကောင်းဆက်ဆံရင်ပိုကောင်းမယ်. မဟုတ်ရင် ငါတို့မောင်နှမအဖြစ် ဆက်သတ်မှတ်မှာမဟုတ်တော့ဘူး!"

ပြီးတာနဲ့ ကုချင် ကုချင်းယန်ရဲ့ဖုန်းကို ချလိုက်တယ်.

ကုချင်းယန်ကတော့ သူ့ဖုန်းကို ပေါက်ခွဲပစ်မိတော့မတတ် ဒေါသထွက်သွားတယ်. ကုချင် သူ့ကိုဒီလိုမျိုး လျစ်လျူရှုတာကို လုံးဝလက်မခံနိုင်ဘူး. ကုချင်းယန်က အမြဲတမ်း သူသည် ကုချင်ထက်သာလွန်တယ်လို့တွေးနေခဲ့တယ်. သူကမှ မှားနေတဲ့လူဖြစ်တယ်ဆိုတာကိုတော့ ဘယ်တုန်းကမှ သတိမထားမိခဲ့ဘူး.

သူတို့က မောင်နှမတွေဖြစ်တယ်ဆိုရင်တောင် ကုမန့်နဲ့ ကုချင်တို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စထဲ ဝင်စွက်ဖက်ခွင့်မရှိပါဘူး. ဒါပေမယ့် သူတို့က သူတို့ညီမအစ်မတွေထက် ပိုချမ်းသာတယ်လို့တွေးနေတာကြောင့် သူမတို့ကို သူတို့လိုသလိုထိန်းချုပ်ခွင့်ရှိတယ်လို့ ယုံကြည်နေကြတယ်.

ကုချင်းယန် ကုချင်ကို ဖုန်းထပ်ခေါ်ခဲ့ပေမယ့် သူမဘက်က မကိုင်ခဲ့ပါဘူး.

.........

ရှေးဟောင်းလမ်းကို လျှောက်နေရင်း ကုနင်းသူမရဲ့ ကျောက်စိမ်းမျက်ဝန်းအစွမ်းကိုထုတ်ဖော်ထားတယ်. ပစ္စည်းတော်တော်များများက အရင်အပတ်ကနဲ့အတူတူပါပဲ. ပစ္စည်းအသစ်က အနည်းအကျဉ်းသာရှိပြီး အများစုကတော့ အတုတွေပါ.

အများစုက အတုလို့ဆိုရင်တောင် သူတို့က ရှေးဟောင်းပစ္စည်းအစစ်တော့ဟုတ်ပါသေးတယ်. ဒါ့အပြင် ကုနင်း ပြန်လည်မွေးဖွားလာကတည်းက ကံတွေအတော်ကောင်းနေပါသေးတယ်.

ခနနေတော့ လမ်းတစ်ဝက်လောက်မှာ စွမ်းအင်ရှိတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ကုနင်းရှာတွေ့သွားတယ်. ၎င်းကတော့ ပုံပျက်ပြီး ညစ်ပတ်နေတဲ့ လက်ဖက်ရည်အိုးတစ်အိုးပါ. သူက ကြီးပြီး သာမာန်ဆန်ကာ ဆွဲဆောင်မှုလဲမရှိပါဘူး. ကုနင်းသာ ၎င်းမှာ စွမ်းအင်ရှိနေတာကို သတိမပြုခဲ့ဘဲ အစစ်ဆိုတာလဲ မသိခဲ့ရင် ဒါကို ဆုံးရှုံးခဲ့ရမှာပါ.

သူမစိုက်ကြည့်နေရင်းနဲ့ အရမ်းသဘောကျသွားတယ်. အိုးရဲ့အရောင်က မည်းပြီး ထူကာ ကျောက်စိမ်းနဲ့လုပ်ထားသလိုပါပဲ. ပုံစံကတော့ သာမာန်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိနေတယ်.

ကုနင်း ရှေးဟောင်းပစ္စည်းတွေအကြောင်းသိပ်မသိတာကြောင့် ဒီအိုးရဲ့ ဈေးနဲ့ မူလအရင်းအမြစ်ဖြစ်တဲ့ ဘယ်ခေတ်ကလဲဆိုတာတွေကို မခွဲခြားနိုင်ပါဘူး. ဒါပေမယ့် သူ့ရဲ့ စွမ်းအင်ကနေပဲ အကဲဖြတ်မယ်ဆိုရင်တော် ဒီလက်ဖက်ရည်အိုးမှာ ကာလရှည်ကြတဲ့ သမိုင်းကြောင်းတစ်ခုရှိမယ်ဆိုတာ ကုနင်းယုံကြည်ပါတယ်. ဈေးကတော့ ဘယ်လိုမှမနိမ့်နိုင်ဘူး.

"ဟေ့, ဒါဘယ်လောက်လဲ?" ကုနင်းလှမ်းမေးလိုက်တယ်.

ဆိုင်ရှင်ကတော့ လက်ဖက်ရည်အိုးကို မနှစ်မြို့တဲ့ အကြည့်နဲ့လှမ်းကြည့်လိုက်တယ်. ထိုအိုးက ဖုန်တွေနဲ့ ညစ်ပတ်နေကာ အရွယ်တော့ကြီးပေမယ့် ကြည့်ရဆိုးတယ်. သူဒါကို မလွှင့်ပစ်သေးဘူးဆိုတာလဲ အလကားသပ်သပ်ငွေမဆုံးရှုံးချင်လို့ပါ.

ဆိုင်ရှင် ကုနင်းရဲ့မျက်နှာကို အရင်အကဲခတ်ကြည့်လိုက်တယ်. ပစ္စည်းရဲ့ဈေးနှုန်းက ကုနင်းထိုပစ္စည်းအပေါ် စိတ်ဝင်စားမှုဘယ်လောက်ရှိတယ်ဆိုတာအပေါ်မူတည်ပါတယ်. သူမပုံစံက အရမ်းစိတ်ဝင်စားနေမယ်ဆိုရင် အိုးရဲ့ဈေးနှုန်းကလဲ အပြန်အလှန်အားဖြင့်မြင့်တက်သွားမှာပါ.

ကုနင်းလဲ ထိုစည်းကမ်းကိုသိထားတာကြောင့် သူမမျက်နှာပေါ် အရမ်းပျော်ရွှင်နေတဲ့ပုံမပြပဲ ချီတုံချတုံဖြစ်နေပုံလုပ်ထားလိုက်တယ်. ဒီလိုသာဆို ဆိုင်ရှင်ဈေးကို အရမ်းမြှင့်တော့မှာ မဟုတ်ဘူးလေ.

"ယွမ်၅၀၀."

သူပြောလိုက်တယ်.

ပြောပြီးတော့မှ သူနည်းနည်းနောင်တရသွားတယ်. သူ ဒီအိုးကို ယွမ်၅၀ထဲနဲ့ဝယ်ခဲ့တာလေ.

"ကောင်းပြီ!" ကုနင်း ချက်ချင်းပဲ ယွမ်၅၀၀ထုတ်ယူလိုက်ကာ ဆိုင်ရှင်ကိုပေးလိုက်တယ်. သူမအခုလို ဈေးတောင်မညှိပဲ မြန်မြန်ဆန်ဆန်သဘောတူလိုက်တာကြောင့် ဆိုင်ရှင် အံ့ဩသွားရတယ်. ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီအိုးကို အတုလို့တွေးထားတာကြောင့် ဝမ်းမြောက်ဝမ်းသာနဲ့ ကုနင်းရဲ့ပိုက်ဆံကို လှမ်းယူလိုက်ပါတယ်.

ကုနင်း ဆက်လျှောက်သွာားရင် မကြာခင်မှာပဲ စွမ်းအင်ပါဝင်တဲ့ နောက်ပစ္စည်းတစ်ခုကို ထပ်တွေ့ပြန်တယ်. ၎င်းကတော့ "ရေကန်နဲ့လူရွယ်" ဆိုတဲ့ ရှုခင်းပုံပန်းချီကားတစ်ချပ်ပါ. ထိုပန်းချီကားထဲမှ စုတ်ချက်တွေက တောင်ပိုင်းလူမျိုးတွေရဲ့ သာယာအေးချမ်းတဲ့ ဘဝကိုဖော်ညွှန်းထားတယ်. တခြားအပိုဇာတ်ကောင်တွေမပါပဲနဲ့ကို ထိုပန်းချီကနေ လှပတဲ့ဘဝကို ခံစားနိုင်တယ်.

ပန်းချီထဲက များပြားလှတဲ့ မိုးမခပင်တွေရဲ့ပုံရိပ်ကိုတော့ မင်ဖြင့်ရေးဆွဲထားခြင်းမဟုတ်ဘဲ တရုတ်နဲ့ အနောက်တိုင်းပညာပေါင်းစပ်ထားတဲ့ နည်းစနစ်နဲ့ ဖန်တီးထားခြင်းပါ. ဆေးကို ပန်းချီဆရာက ဆွဲနေရင်းနဲ့ ထုတ်ချထားလိုက်သလိုပါပဲ. ပန်းချီဆရာရဲ့ နာမည်ကတော့ ဝူကွမ်းကျုံဖြစ်ပါတယ်.

ခေတ်သစ်ပန်းချီဆရာ, ဆီဆေးပန်းချီပညာရှင် နဲ့ ပန်းချီလမ်းပြတစ်ဦးဖြစ်တဲ့ ဝူကွမ်းကျုံကို ကုနင်းသိပါတယ်. သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဆုံးပါးသွားခဲ့ပါပြီ.

သူမအရင်ဘဝတုန်းက, သူမဖခင် ထန်ကျန်းဟွာမှာလဲ "ပီကင်းရဲ့ နှင်းစက်" ဆိုတဲ့ပန်းချီကားရှိပြီး လေလံဈေး ယွမ်၄သန်းလောက်ပေးခဲ့ရပါတယ်. ဒါကြောင့် ဒီ "ရေကန်နဲ့လူရွယ်" ရှုခင်းပန်းချီကလဲ ယွမ်သန်းပေါင်းများးစွာတန်လောက်ပါတယ်. "ပီကင်းရဲ့နှင်းစက်" ထက်တောင်ပိုတန်ဖိုးကြီးလောက်ပါသေးတယ်.

ကုနင်း ထိုပန်းချီကားကို ယွမ်၁ထောင်နဲ့ ဝယ်ခဲ့လိုက်တယ်. လူတိုင်းက ဒါကို အတုလို့ထင်နေကြတာကြောင့် ဒီလိုဆိုင်လေးမှာတင်ရောင်းနေတာပေါ့. တကယ်လို့ ဆိုင်ရှင်ကသာ ဒါကတကယ့် ပညာရှင်ရဲ့ပန်းချီအစစ်မှန်းသိရင် သူ့ဘာသာပဲ အနုပညာချစ်တဲ့လူတစ်ယောက်ယောက်ကိုရောင်းချကာ အကျိုးအမြတ်အများကြီးရအောင်လုပ်လိုက်ရောပေါ့.

ရှေးဟောင်းပစ္စည်းဈေးလမ်း အဆုံးနားကို ကုနင်းရောက်ခါနီးတော့ သမင်ခေါင်းနဲ့အလှဆင်ထားတဲ့ ပန်းရောင်ဖန်ခွက်တစ်ခုကို တွေ့လိုက်တယ်. ထိုခွက်ရဲ့ မူရင်းဇစ်မြစ်နဲ့ ဈေးနှုန်းကို သူမမသိသေးပေမယ့် စွမ်းအင်ရှိနေတာကြောင့် သူမဝယ်လိုက်တယ်.

ပြီးတော့ သူမဘာသာ ရှေးဟောင်းပစ္စည်းနဲ့ပတ်သတ်တဲ့ စာအုပ်တွေများများဖတ်ထားဖို့ တေးမှတ်ထားလိုက်တယ်. အခု သူမ ရှေးဟောင်းပစ္စည်းဆိုတာ သိနေတာတောင်မှ ဈေးနှုန်းတွေကိုမသိသေးပါဘူး. ဒါတွေကို နောက်ပြန်ရောင်းမှသာ သိနိုင်မယ့်အဖြစ်မျိုး မလိုချင်ပါဘူး.

ထိုပန်းရောင်ဖန်ခွက်အတွက် ယွမ်၁၂၀၀ပေးခဲ့ရတယ်.

ကျိုးကျန်းဟုန်ကတော့ ဘေးကနေ ရှုပ်ထွေးနေတဲ့အမူအရာနဲ့ ရပ်ကြည့်နေတယ်.

ကုနင်းဝယ်ခဲ့တဲ့ပစ္စည်းတွေက အစစ်လား အတုလားဆိုတာ သူမသိပါဘူး. ဒါတွေအတွက် ယွမ်ထောင်ဂဏန်းလောက်ပေးရတာက ကုနင်းအတွက်တော့ ဘာမှမဟုတ်ပါဘူး.

ဒါပေမယ့် အတုတွေအတွက်တော့ ကုနင်း ပိုက်ဆံဖြုန်းနေမှာမဟုတ်မှန်း သူယုံကြည်ပါတယ်. ထိုပစ္စည်းတွေက အစစ်မို့လို့သာ သူမဝယ်တာဖြစ်ရမယ်. ဒီရှေးဟောင်းပစ္စည်းတွေသာ အစစ်ဆိုရင် လုံးဝ မယုံနိုင်စရာပဲ.

ကုနင်း ဘယ်လိုလုပ် ရှေးဟောင်းပစ္စည်းအစစ်တွေကို ရွေးထုတ်နိုင်တာလဲ? ကျိုးကျန်းဟုန် အရမ်းသိချင်မိပြီး အံ့လဲဩမိတယ်. စပ်စုတဲ့ကြောင်သေတတ်တယ်ဆိုတဲ့ စကားပုံကို သူလဲသိပါတယ်. ကုနင်း သူကို အများကြီးကူညီထားတာကိုပဲ သိရင် လုံလောက်နေပါပြီ. ပြီးတော သူမကို ဆက်ပြီး သစ္စာရှိသွားမှာပါ.

နောက်တော့ ကျောက်အလောင်းအစားလုပ်တဲ့လမ်းကို သူတို့နှစ်ယောက်သွားလိုက်ကာ ပုံမှန်လိုပဲ ပထမဆိုင်ထဲကို ဝင်လိုက်တယ်.

အားလုံးနီးပါး ကျောက်ရိုင်းအသစ်တွေဖြစ်ပြီး တော်တော်များများမှာ ကျောက်စိမ်းရှိနေပါတယ်. ပထမဆိုင်တွင် ကုနင်း အဆင့်မြင့်ကျောက်စိမ်းရှိတဲ့ ကျောက်ရိုင်း၂တုံး နဲ့ အလယ်အဆင့်ကျောက်စိမ်းရှိတဲ့ ကျောက်ရိုင်း၄တုံးကို ရှာတွေ့ခဲ့တယ်. အရွယ်ကတော့ ပန်းသီးတစ်လုံး အရွယ်ကနေ ဘောလုံးတစ်လုံးအရွယ်အထိ အစုံပါပဲ.

နောက်ထပ် အဆင့်နိမ့် ကျောက်စိမ်းပါမယ့် ကျောက်ရိုင်းတုံးတွေရှိသေးပေမယ့် ကုနင်းမဝယ်ပါဘူး. ထိုကျောက်စိမ်းတွေကို ကုနင်းမကြိုက်လို့မဟုတ်ဘဲ ကျန်တဲ့ဝယ်သူတွေအတွက် ကျန်အောင်လို့ ချန်ပေးခဲ့တာပါ.

ဒီမှာပဲ ကျောက်တွေကိုဖြတ်ဖို့ မစီစဉ်ထားပါဘူး ဒါကြောင့် သူမကိုယ်သူမဖုံးကွယ်ရန် အဖိုးမတန်တဲ့ ကျောက်ရိုင်းတုံးတွေ ဝယ်ဖို့မလိုပါဘူး. နောက်ဆုံးတော့ ကုနင်း ကျောက်ရိုင်း ၇တုံးဝယ်ခဲ့လိုက်တယ်.

နောက်တစ်ဆိုင်တွေကိုလဲ ဆက်သွားကာ တစ်ဆိုင်စီကနေ အဆင့်မြင့်ကျောက်ရိုင်းတုံး ၄တုံးကနေ ၅တုံးအထိဝယ်ခဲ့ပါတယ်.

အခုတော့ သူမမှာ ကျောက်ရိုင်း၂၈တုံးရှိနေပါပြီ. အများစုက အရွယ်သေးပေမယ့် အဖိုးများစွာထိုက်တန်ပါတယ်. အားလုံးပေါင်း အလေးချိန် ၃၃၆ပေါင်ရှိကာ ယွမ်သန်းတစ်ထောင်တန်ဖိုးရှိပါတယ်. သူတို့ကို ခြင်းထဲထည့်သယ်ရတာ အရမ်းကိုလေးပါတယ်.

ဒါပေမယ့် ကျိုးကျန်းဟုန်ရှိနေတာကြောင့် ၎င်းတို့ကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ဖို့ မသင့်တော်ပါဘူး.

ဝယ်သူတွေက ကျောက်ရိုင်းတွေကို ဆိုင်မှာပဲ သိမ်းထားခဲ့လို့တော့ရပေမယ့် ကုနင်းကတော့ထိုသို့မလုပ်ချင်ပါဘူး. ဘာလို့ဆို သူမဝယ်ထားတဲ့ကျောက်ရိုင်းအားလုံးတွင် ကျောက်စိမ်းပါနေတယ်ဆိုတာ သူမအသိဆုံးလေ.

ဒါကြောင့် ကျိုးကျန်းဟုန်ကိုပဲ ကားထဲသွားထည့်ခိုင်းလိုက်တယ်. ပြီးတော့ သူမက ကျောက်အလောင်းအစားလမ်းထဲမှာ ထပ်ဝယ်ဖို့ ဆက်သွားကြည့်လိုက်တယ်.

ဒီတစ်ချိန်မှာတော့ သွားရင်းနဲ့ ကျောက်စိမ်းတွေဖြတ်ကာ ရောင်းပြီး ငွေဖော်တော့မှာပါ.

All Chapters