အခန်း (၁၁၁-၁၁၅)
Vol. 8 Ch. 111-115
အခန်း ၁၁၁ မယုံနိုင်စရာကံကောင်းမှု
ဘာသာပြန်သူ - Charm.Y
အရင်ဆုံး ကုနင်းတစ်ခါမှမသွားဖူးသေးတဲ့ဆိုင်တွေကိုသွားကာ အလယ်အမြင့်အဆင့်နဲ့ အဆင့်မြင့်ကျောက်စိမ်းပါတဲ့ ကျောက်ရိုင်းအမြောက်အများကို ဝယ်ယူလိုက်တယ်. ပြီးတော့ တိုးတိုးတိတ်တိတ်နဲ့ ၎င်းတို့ကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်လိုက်ပြီးတော့မှ ကျိုးကျန်းဟုန်နဲ့ သူမစတွေ့ခဲ့တဲ့ အကြီးဆုံး ကျောက်ရိုင်းဆိုကြီးသို့သွားလိုက်တယ်.
ဒီဆိုင်ကတော့ တကယ်ကို ကျောက်ရိုင်းတွေအများဆုံးရှိတဲ့ ဆိုင်ကြီးပါပဲ. အများစုမှာ ကျောက်စိမ်းတွေရှိနေကြပါတယ်.
ကုနင်း ဆိုင်ထဲကို လျှောက်ကြည့်နေရင်း ကျောက်ရိုင်း၁၅တုံးကိုဝယ်လိုက်တယ်. အားလုံးက အဆင့်မြင့် ဒါမှမဟုတ် အလယ်အမြင့်အဆင့် ကျောက်စိမ်းရှိတာတွေကြီးပါပဲ. ထိုထဲမှ ၅တုံးမှာ ပေါင်၂၀လောက်လေးကာ တစ်တုံးကတော့ ပေါင်၅၀လောက်လေးပြီး ကျန်တာတွေကတော့ ၄ပေါင်ကနေ ၈ပေါင်အထိလေးပါတယ်.
ကုနင်းစိတ်လွတ်လက်လွတ်ဝယ်နေတာကြောင့် ဆိုင်ထဲက ဝယ်သူတွေအားလုံးရဲ့ အာရုံကို ရုတ်တရက်ဆွဲဆောင်မိသွားတယ်. ဘာလို့ဆို သူတို့ တခါမှ ဒီလောက်ကျောက်ရိုင်းတွေအများကြီးကို တပြိုင်တည်းဝယ်တာမမြင်ဖူးဘူးလေ. ၄, ၅တုံးလောက်ဆို လုံလောက်တာထက်တောင်ပိုနေပြီ.
ပြီးတော့ ကျောက်ရိုင်းတုံးတွေကနေ ကျောက်စိမ်းဖြတ်ထုတ်နိုင်ဖို့ အရမ်းခက်တည်ဆိုတာ လူတိုင်းသိထားကြပြီးသား အကြောင်းအရာတစ်ခုဖြစ်တာကြောင့် ကုနင်းက သပ်သပ်မဲ့ပိုက်ဆံဖြုန်းနေတာလို့ပဲ အားလုံး ယုံကြည်ကြတယ်.
သူမရဲ့ ကျောက်ရိုင်းတုံးတွေက ၂၈၀ပေါင်လောက်လေးတာကြောင့် အနည်းဆုံး ယွမ်၈သန်းရလိမ့်မယ်.
"မိန်းကလေး, ဒီကျောက်တွေကိုဖြတ်မှာပါလား?" ဆိုင်ရှင်ကမေးလိုက်တယ်.
ကုနင်းဝယ်လိုက်တဲ့ ကျောက်ပုံထဲမှာ ကျောက်စိမ်းရှိနေမယ်လို့ သူမထင်ပေမယ့် သိတော့သိချင်နေတယ်.
"ဟုတ်ကဲ့, ဖြတ်ပေးပါ." ကုနင်းပြန်ဖြေလိုက်တယ်.
ဆိုင်ရှင်က ချက်ချင်းပဲ ကုနင်းကို ကျောက်ရိုင်းဖြတ်တဲ့နေရာသို့ လမ်းပြလိုက်တယ်.
ထိုအချိန်မှာ တစ်စုံတစ်ယောက်ကလဲ ဖြတ်နေတာကြောင့် ကြည့်နေတဲ့လူတွေစုနေကြတယ်.
"ကျေးဇူးပြုပြီး ကျောက်ဖြတ်သူနှစ်ယောက်ကို တစ်ပြိုင်တည်းဖြတ်ခိုင်းပေးပါ!" စက်အလွတ်၂လုံးရှိနေပြီး မြန်မြန်ပြီးချင်တာကြောင့် ကုနင်း နှစ်ယောက်နဲ့လုပ်ခိုင်းလိုက်တယ်. ပြီးတော့ ကုနင်းက ဝတ်စားပုံတွေပြောင်းထားတာကြောင့် သူမကို ဘယ်သူမှမမှတ်မိကြပါဘူး. ဒါကြောင့် သူမကိုယ်သူမ ဖုံးကွယ်ရန် တန်ဖိုးမရှိတဲ့ကျောက်တွေသုံးဖို့မလုပ်တော့ပါဘူး.
အရင်ဆုံး အလယ်အမြင့်အဆင့်ရှိတဲ့ ကျောက်စိမ်းပါတဲ့ နှစ်တုံးကို ကုနင်းရွေးလိုက်တယ်. တစ်တုံးက ပေါင်၅၀လောက်လေးပြီး ကျန်တစ်တုံးကတော့ ဘောလုံးတစ်လုံးအရွယ်လောက်ကြီးပါတယ်. ကုနင်း ကိုယ်တိုင် မျဉ်းဆွဲပေးလိုက်တယ်.
စက်က စပြီးဖြတ်တောက်တော့တယ်. မကြာခင်မှာပဲ ပထမကျောက်ရိုင်းတုံးကိုဖြတ်လိုက်တော့ အစိမ်းရောင်မြင်လိုက်ရတာကြောင့် အနားကလူတွေရဲ့ အံ့အားသင့်သံတွေထွက်လာတယ်.
"ဝိုး, အစိမ်းရောင်ပဲ!"
"မဖြစ်နိုင်လိုက်တာ! ၂စင်တီမီတာလောက်အနက်လေးပဲဖြတ်ရသေးတာလေ!"
"အလွှာပါးလေးများဖြစ်နိုင်လား?"
"အလွှာပါးသာမဟုတ်ရင် လုံးဝအကြီးကြီးဖြစ်မှာ!"
ဟုတ်ပါတယ်, ကျောက်စိမ်းက ဘက်စကတ်ဘောလုံးလောက်ရှိပြီး အပေါ်ခွံက ၂စင်တီမီတာသာထူပါတယ်.
ဆိုင်ရှင်ကတော့ မသာမယာမျက်နှာနဲ့ ချက်ချင်းပြေးချလာတယ်. ဒါက ဝယ်သူတွေကို ပိုဆွဲဆောင်နိုင်ဖို့ သတင်းကောင်းဆိုတာ သိပေမယ့် ဒီလောက်ကြီးတဲ့ ကျောက်စိမ်းကို သူကိုယ်တိုင်ဖြတ်ချင်တဲ့ ဆန္ဒကတော့ ရှိနေပါသေးတယ်.
ဒါပေမယ့် သူကိုယ်တိုင်ဆို မစမ်းကြည့်ရဲပါဘူး. ကျောက်ရိုင်းကို ကျရာ ရွေးဖြတ်ဖို့ဆိုတာ ဆိုးကျိုးများတဲ့အလုပ်တစ်ခုပါ.
ကျောက်ဖြတ်သူကတော့ သူ့အလုပ်သူဆက်လုပ်နေကာ ကျောက်စိမ်းနဲ့ သူ့အမျိုးအစားက ရုပ်လုံးပေါ်လာခဲ့တယ်.
"ခေါင်ရမ်းကျောက်အမျိုးအစားပဲ!"
"ခေါင်ရမ်းကျောက်အမျိုးအစား! ဒါ အလယ်အမြင့်ဆင့်ကျောက်စိမ်းပဲ!"
ဒီကျောက်ရိုင်းက ကုနင်းဥစ္စာမှန်း လူတိုင်းသိတာကြောင့် အားလုံးသူမကိုလှည့်ကြည့်လိုက်ချိန် သူမကတော့ အေးဆေးပါပဲ.
အခုလို ဝင်းဒိုးဖြစ်သွားတာနဲ့တစ်ပြိုင်နက် စပြီးဈေးခေါ်ကြတော့တယ်. ဘာလို့ဆို ဒီကျောက်ရိုင်းက တစ်ခါဖြတ်ရုံနဲ့ အစိမ်းရောင်ပေါ်လာတယ်ဆိုတော့ တော်တော်တန်ဖိုးကြီးမယ့်ပုံပေါ်တယ်လေ. လူအများကြီးက အဖိုးတန်ကျောက်စိမ်းတစ်တုံးကို ဈေးနည်းနည်းနဲ့ပိုင်ဆိုင်ချင်နေကြတယ်.
ဟုတ်တာပေါ့, ပိုင်ရှင်တွေက ဒီလိုအနေအထားနဲ့ဆို မရောင်းကြပါဘူး. ငတုံးတွေ သတ္တိမရှိတဲ့လူတွေသာ အစမှာထဲ ထုတ်ရောင်းကြတာပါ.
ဒီလိုအစိမ်းရောင်ပေါ်လာတာနဲ့ ဒီကျောက်ရိုင်းက အရမ်းအဖိုးတန်လောက်မယ်ဆိုတာ လူတိုင်းသိကြပါတယ်. ဒါကြောင့် ဆက်ပြီးတော့ လောင်းဖို့ ရွေးချယ်လိုက်ကြတယ်. တကယ်လို့ အလွှာပါးလေးပဲစိမ်းတာဆိုရင်တော့ ပိုင်ရှင်ပဲခံပေါ့.
"လေလံစမစွဲကြပါနဲ့ဦး. အလုံးစုံဖြတ်လို့မပြီးခင်အထိ ကျွန်မရောင်းမှာမဟုတ်လို့ စိတ်ရှည်ကြပါ." ကုနင်း လေလံစွဲဖို့ စိတ်အားထက်သန်နေသူတွေကို စိတ်ထိန်းခိုင်းလိုက်တယ်.
ပိုင်ရှင်က ပွင့်ပွင့်လင်းလင်းပြောလာမှာတော့ သူတို့လဲ ဆက်ပြီးဈေးခေါ်မနေကြတော့ပါဘူး. ကုနင်းမှာ ရောင်းခွင့်ကော မရောင်းခွင့်ကောရှိပါတယ်.
ထို့နောက် ကုနင်း ကျောက်ဖြတ်သူကို ဆက်ပြီး လုပ်ခိုင်းလိုက်တယ်.
နောက်တစ်ဖြတ်ဖြတ်ပြီးတော့ ကျောက်စိမ်းပမာဏကြီးကြီထပ်ပေါ်လာပြန်တယ်. အပြင်ခွံ့ ၂စင်တီမီတာပဲ ထူတာဆိုတော့ ဒီကျောက်စိမ်းတော်တော်အဖိုးတန်တာပဲ.
အခုချိန်မှာ လူတိုင်း ကုနင်းကို အားကျ မနာလိုဖြစ်နေကြတယ်.
မိနစ်အနည်းငယ်ကြာတော့ နောက်ကျောက်ရိုင်းတုံးကနေလဲ အစိမ်းရောင်ပေါ်လာခဲ့တယ်. လူအုပ်ကြီးမှာ ထပ်ပြီး အံ့အားသင့်သွားကြရပြန်တယ်. ဒီအမျိုးသမီး မယုံနိုင်လောက်အောင် ကံကောင်းလွန်းတာပဲ!
အရင်အပတ်တုန်းကတွေ့ခဲ့ရတဲ့ ကံကောင်းတဲ့ကောင်မလေးကိုတောင် သတိရမိသွားတယ်.
ဒါပေမယ့် ဒီအမျိုးသမီးသည် ထိုမိန်းကလေးနဲ့ တစ်ယောက်တည်းဖြစ်နေမယ်လို့ ဘယ်သူမှမထင်ကြပါဘူး. တစ်ယောက်က ၁၈နှစ်လောက်သာရှိသေးပြီး ကျန်တစ်ယောက်ကတော့ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်လေ. လုံးဝကွာခြားကြတယ်.
ဒုတိယကျောက်ရိုင်းတုံးရဲ့ အပေါ်ခွံသည် ၅စင်တီမီတာပဲ ထူကာ ပထမတစ်တုံးထက် နှစ်ဆပိုကြီးပါတယ်. ဒီဟာလဲပဲ အဖိုးတန်လောက်တယ်!
"သူ့ရဲ့ ဖောက်ထွင်းမြင်နိုင်မှုက ရေလိုပဲပြီးတော့ အထည်အနေအထားက ချောပြီး တောက်ပနေသေးတယ်. ဒါ ရေအမျိုးအစားကျောက်စိမ်းပဲဖြစ်ရမယ်."
"ရေအမျိုးအစား အလယ်အမြင့်ဆင့်ကျောက်စိမ်း!"
"ဘုရားရေ! ဒီအမျိုးသမီး အရမ်းကံကောင်းတာပဲ! တစ်ချိန်တည်းနဲ့ အလယ်အမြင့်ဆင့်ကျောက်စိမ်းနှစ်တုံးတောင်ဖြတ်လိုက်နိုင်တယ်. ပြီးတော့ ကြီးလဲကြီးသေးတယ်! အနည်းဆုံး ယွမ်သန်း၁၀၀လောက်တန်လောက်တယ်!"
လူတိုင်း အသက်ပြင်းပြင်းရှုမိပြီး အသက်ပါအောင့်မိသွားတယ်. အနည်းဆုံးယွမ်သန်း၁၀၀! ကျောက်အလောင်းအစားလုပ်တာသဘောကျတဲ့လူတွေအားလုံးက ချမ်းသာကြပေမယ့် ယွမ်သန်း၁၀၀လောက်တန်တဲ့ကျောက်စိမ်းကိုတော့ လူတိုင်းမဝယ်နိုင်ကြပါဘူး.
အခုတော့ လူတိုင်းကုနင်းကို မနာလိုဖြစ်သွားကြတယ်, အထူးသဖြင့် ဆိုင်ရှင်ပေါ့.
နာရီဝက်လောက်နေတော့ ခေါင်ရမ်းကျောက်စိမ်းကိုအပြီးဖြတ်ပြီသွားကာ ဘက်စကတ်ဘောလုံးရဲ့ သုံးပုံတစ်ပုံစာလောက်ကြီးပါတယ်. ဒီခေါင်ရမ်းကျောက်စိမ်းက အရင် ကျိုးကျန်းဟုန်ဝယ်ခဲ့တဲ့ ကျောက်ထက် ၅ဆလောက်ကြီးပါတယ်. ဒါကြောင့် ဈေးကလဲ ၅ဆလောက်ပိုမြင့်မှာပါ. ယွမ်သန်း၈၀, ဝန်းကျင်လောက်အဖိုးတန်ပါတယ်.
အရက်ရောဆုံးဝယ်သူကတော့ ဒီကျောက်စိမ်းကိုရသွားမှာပဲ. ဈေးအနိမ့်ဆုံးကနေ စပြောတာပေမယ့် ကျောက်စိမ်းကအရမ်းကြီးတာကြောင့် အနိမ့်ဆုံးဈေးကတောင် ယွမ်သန်း၂၀ရှိပါတယ်.
"ယွမ်၂၅သန်း!"
"ယွမ်၂၆သန်း!"
"ယွမ်သန်း၃၀!"
လူတိုင်း ဈေးပြိုင်ပေးပြီးအလုပ်ရှုပ်နေတဲ့အချိန် ကုနင်းကတော့ စွမ်းအားတွေကို စိတ်စွမ်းအင်အာကာပြင်ထဲဆုပ်ယူနေလေတယ်.
"ယွမ်သန်း၇၀!"
ယွမ်သန်း၇၀အထိဈေးမြင့်သွားတော့ လူတိုင်းရပ်သွားကြတယ်. အခုဒီနေရာမှာ ကျောက်မြတ်ရတနာလုပ်ငန်းရှင်တွေအများကြီးမရှိပါဘူး.
ယွမ်သန်း၇၀က ကုနင်းမျှော်မှန်းထားတာထက် ၁၀သန်းနိမ့်နေတယ်ဆိုရင်တောင် လက်ခံနိုင်ပါသေးတယ်.
ဆိုင်ရှင်ကလဲ ဒီအဖြစ်အပျက်ကို လက်ခံဖို့ စိတ်တော့မပါပေမယ့် ဒီသတင်းကိုအသုံးချပြီး ဝယ်သူတွေကို ဆွဲဆောင်နေပါသေးတယ်. သူဒီထက်ပိုကောင်းတဲ့သတင်းမျိုး ထပ်မလုပ်နိုင်ပါဘူး. သူရဲ့နှလုံးသားတွေကတော့ ကွဲကြေတော့မလိုဖြစ်နေတယ်.
ဆိုင်ရှင်က ဒီလောကမှာ လုပ်လာတာ ၁၀ကျော်ပြီဖြစ်ပြီး အဖိုးတန်ကျောက်စိမ်းဖြတ်နိုင်တဲ့လူတွေကို တွေ့ဖူးပေမယ့် တစ်နှစ်မှာတစ်ကြိမ်လောက်သာ ကြုံရပါတယ်. ရလာတဲ့ကျောက်စိမ်းသည်လဲ ယွမ်သန်းအနည်းငယ်လောက်သာတန်ပါတယ်.
................Book 8 Part111End..............
ဖီးနစ်သွေးစက်
အခန်း ၁၁၂ လူသားမဟုတ်ဘူးလား?
ဘာသာပြန်သူ - Charm.Y
သို့သော်ငြား, ဒီလထဲမှာတွင် ကိစ္စတော်တော်များများက မြန်ဆန်စွာပြောင်းလဲဖြစ်ပွားခဲ့တယ်. ပြီးခဲ့တဲ့တစ်ပတ်တုန်းက မိန်းမငယ်လေးတစ်ယောက်က အဖိုးတန်ကျောက်ပေါင်းများစွာကို ဖြတ်နိုင်ခဲ့သလို အခုလဲ အမျိုးသမီးတစ်ယောက်က ပိုပြီးအဖိုးတန်တဲ့ကျောက်စိမ်းကို ဖြတ်လိုက်နိုင်ပြန်ပြီ. ဆိုင်ရှင်ကတော့ အလွန့်အလွန်ကို မပျော်မရွှင်ဖြစ်နေပါပြီ.
သတင်းပျံ့သွားပြီးနောက်မှာတော့ ဆိုင်ထဲတွင် လူများအုံဖွဲ့လာတယ်, အထူးသဖြင့် ကျောက်မြတ်ရတနာလုပ်ငန်းရှင်တွေပေါ့. သူတို့အားလုံး ထိုကျောက်စိမ်းကိုဝယ်ချင်နေကြတယ်. ဆိုင်ကတော်တော်ကြီးတယ်ဆိုပေမယ့် အခုတော့ပြည့်ကျပ်နေပါပြီ.
ပထမတစ်တုံးက ရောင်းပြီးသွားပြီဖြစ်ပြီး ဒုတိယတစ်တုံးကတော့ ဖြတ်နေစဲပါ. အလယ့်အမြင့်ဆင့်ရေသားကျောက်အကြီးကြီးဆိုတာကို မြင်လိုက်ရတော့ ကျောက်မြတ်ရတနာလုပ်ငန်းရှင်တွေ အရမ်းကို စိတ်လှုပ်ရှားနေကြတယ်. အလယ်အမြင့်ဆင်ကျောက်စိမ်းက မရှားပေမယ့် တစ်တုံးလောက်ရှာတွေ့ဖို့တောင် ခက်ပါသေးတယ်. ဘယ်သူမှ ဒီလိုအခွင့်ရေးကို လက်လွှတ်မခံချင်ကြပါဘူး.
စီးပွားရေးနယ်ပယ်တိုင်းတွင် စည်းမျဉ်းသတ်မှတ်ချက်တွေရှိကာ သူတို့လိုက်နာကြရပါမယ်.
ပြီးတော့ အဆင့်မြင့်ကျောက်စိမ်းရှိမယ့် ကျောက်ရိုင်းနောက်တစ်တုံးကို ကုနင်းရွေးလိုက်တယ်. ထိုကျောက်က ပန်းသီးနှစ်လုံးအရွယ်လောက်ကြီးပြီး ပထမကျောက်ဖြတ်သူကို ပေးလိုက်တယ်.
တတိယကျောက်ရိုင်းက သိပ်မကြီးတာကြောင့် ကျောက်ဖြတ်သူက ကျောက်သွေးမှရပါမယ်. ကုနင်းက အဆင့်မြင့်တန်ဖိုးကြီးကျောက်တွေကို ဖြတ်နိုင်ထားတဲ့သူဆိုတော့ ကျောက်ဖြတ်သူက အရမ်းဂရုစိုက်နေပေမယ့် ဒီအမျိုးသမီးကံအရမ်းကောင်းတာကိုတော့ သူမယုံကြည်နိုင်သေးဖြစ်နေတယ်.
လူအုပ်ကြီးမှာလဲ ခံစားချက်တွေရှုပ်ထွေးနေကြတယ်. တစ်ချို့ကတော့ နောက်ထပ် တန်ဖိုးကြီးကျောက်ကို မျှောင့်လင့်နေကြပြီး တစ်ချို့ကတော့ ဆန့်ကျင်ဘက်ပါ.
ဆိုင်ထဲမှာ လူတွေပိုပိုများလာကာ နေရာတိုင်း ပြည့်နေပေမယ့် အများစုက ကျောက်ဖြတ်သူ ကျောက်သွေးတာကိုလာကြည့်ကြတာဖြစ်ပြီး ဝယ်ဖို့လာကြတာမဟုတ်ပါဘူး.
ဒုတိယ်ကျောက်စိမ်းကို အဆုံးထိ ဖြတ်လို့မပြီးခင်မှာပဲ တတိယကျောက်စိမ်းကနေ အစိမ်းရောင်ပေါ်လာခဲ့တယ်. လူတိုင်းထပ်မံအသက်ရှူရပ်မလိုဖြစ်သွားကြာကာ ချက်ချင်းပဲ ကုနင်းကို လှမ်းကြည့်လိုက်ကြပြန်တယ်. သူတို့မျက်နှာပေါ်တွင်တော့ ထိတ်လန့်အံ့ဩမှုတွေ ပေါ်လွင်နေပါတယ်.
ကျောက်ရိုင်း၃တုံးဖြတ်ပြီး ၃တုံးလုံးက ကျောက်စိမ်းတွေ!
တချို့ကတော့ ဒီအမျိုးသမီးသည် ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်တဲ့ မိသားစုတစ်ခုကဖြစ်တာကြောင့် ဒီလိုမျိုး သာမာန်ထက်လွန်ကဲတဲ့ အကဲဖြတ်စွမ်းရည်ရှိနေတယ်လို့ တွေးလိုက်မိကြပြီး
တစ်ချို့ကတော့ သူမခြင်းထဲက ကျန်တဲ့ကျောက်ရိုင်းတွေကလဲပဲ ကျောက်စိမ်းဖြစ်နေလောက်မယ်လို့ ခန့်မှန်းနေကြတယ်.
တတိယကျောက်စိမ်းကိုတော့ မြန်မြန်ပဲ သွေးလို့ပြီးသွားတယ်. ထိုကျောက်သည် အဆင့်မြင့် ခရမ်းရင့်ရောင်ဖန်သားကျောက်စိမ်းပဲ.
ဘာ? ဒါလုံးဝမယုံကြည်နိုင်စရာပဲ! တချို့လူတွေကတော့ နှလုံးရောဂါတောင် ရတော့မလိုပဲ. ဆိုင်ရှင်ကတော့ ဒီအဖြစ်မှန်ကို ရင်မဆိုင်နိုင်စွာနဲ့ မူးမေ့သတိလစ်တော့မလိုဖြစ်နေတယ်. ဒါပေမယ့် ကျောက်မြတ်ရတနာသမားတွေကတော့ အရမ်းပျော်နေကြပါတယ်.
အဆင့်မြင့်ခရမ်းရင့်ရောင်ဖန်သားကျောက်စိမ်းက အရမ်းရှားတာလေ!
ဒီခရမ်းရင့်ရောင်ကျောက်စိမ်းသည် ချင်ယီဖန်းကို ကုနင်းရောက်လိုက်တာထက်ပိုပြီး ကြီးပါကာ, ဈေးလဲပိုမြင့်မှာပါ.
"သူက မယုံနိုင်လောက်အောင်ကို ကံကောင်းတာပဲ!"
"သူက ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မိသားစုရဲ့ မျိုးဆက်ပဲဖြစ်ရမယ်."
"အမှန်ပဲ! ဒီ့ထက်ပိုဖြစ်နိုင်တဲ့အကြောင်းအရာမရှိတော့ဘူး!"
"ငါ့အထင်တော့ သူ့မှာ ကျောက်စိမ်းမျက်ဝန်းရှိနေတာပဲဖြစ်ရမယ်! ဒါကြောင့် အထဲမှာကျောက်စိမ်းရှိနေတာကို မြင်နိုင်တာလေ!"
ထိုလူက ဟာသပြောလိုက်တာဆိုပေမယ့် တကယ့်အချက်ကို တန်းထိမိသွားပါတယ်. ကုနင်းတစ်ခနတော့ စိတ်လှုပ်ရှားသွားပေမယ့် ပြန်ပြီး စိတ်အေးအေးထားလိုက်ပါတယ်. ဒီကိစ္စကအမှန်ဆိုရင်တောင် ဘယ်သူမှယုံကြည်နိုင်မှာမဟုတ်ပါဘူး. ဒါကလူသားတွေရဲ့ တွေးခေါ်နိုင်မှုကို ကျော်လွန်သွားတဲ့ကိစ္စလေ.
"ဘာလဲ? ငါကြားတာ တစ်ယောက်ယောက်က ခေါင်ရမ်းကျောက်သားကိုဖြတ်နိုင်တယ်လို့ပါ. နောက်ထပ် "
ထိုအချိန်မှာပဲ အံ့ဩမှုအပြည့်နဲ့ အမျိုးသားသံတစ်သံက တံခါးဝကနေပေါ်ထွက်လာတယ်. ကြည့်ရတာ သူလဲ သတင်းကောင်းကြားလို့ ရောက်လာတဲ့ပုံပဲ.
"အိုး, ဆရာကြီးပိုင်, ဆရာကြီးယန် နဲ့ ဥက္ကဌပိုင်တို့ပါလား. တွေ့ရတာဝမ်းသာပါတယ်!" ဆိုင်ရှင်က ချက်ချင်း ဧည့်သည်တွေကို လေးစားမှုအပြည့်နဲ့ ကြိုဆိုလိုက်ကာ,
"ဒီအမျိုးသမီးက ခေါင်ရမ်းကျောက်သားကိုဖြတ်ခဲ့တာပါ. ပြီးတော့ အဆုံးထိမဖြတ်ရသေးတဲ့ ရေခဲသားကျောက်စိမ်းနဲ့ သွေးပြီးသွားတဲ့ ခရမ်းရင့်ရောင် ကျောက်စိမ်းလဲရှိပါသေးတယ်."
"ဘာ?"
ထိုစကားကိုကြားတော့ ဧည့်သည်တွေ အလွန်ထိတ်လန့်သွားတယ်.
ကုနင်းလဲ ဆရာကြီးယန်ရောက်နေတယ်ကြားတော့ သတိလက်လွတ်လှမ်းကြည့်လိုက်မိတယ်. ထိုလူကြီးက တကယ်ကို ဆရာကြီးယန်ပဲ. ထိုနေရာမှာ ဆရာကြီးယန်နဲ့အတူ အသက်၇၀အရွယ်လူကြီးတစ်ယောက်နဲ့ ၄၅နှစ်အရွယ်အမျိုးသားတစ်ယောက်ပါရှိနေပါသေးတယ်. သူတို့က ဆရာကြီးပိုင်နဲ့ ဥက္ကဌပိုင်တို့ပဲဖြစ်ရမယ်. သူတို့နှစ်ယောက်ကို ကြည့်ရတာ တော်တော်လေးတူနေတာကြောင့် သားအဖတွေပဲဖြစ်ရမယ်.
ကုနင်းက သူမပုံစံကို လုံးဝပြောင်းလဲထားတာကြောင့် ဆရာကြီးယန်ကို နှုတ်ဆက်လို့မဖြစ်ဘဲ မသိသလိုဟန်ဆောင်နေလိုက်တယ်.
"ဒီကျောက်အားလုံးရဲ့ပိုင်ရှင်က တစ်ယောက်တည်းတော့မဟုတ်ပါဘူးနော်." ဆရာကြီးပိုင်ကပြောလိုက်တယ်.
"တစ်ယောက်တည်းပါ." ဆိုင်ရှင်ကိုယ်တိုင် နှလုံးသားထဲကတောင် နာကျင်နေပေမယ့် ပြန်ဖြေပေးလိုက်ပါတယ်.
ထိုစကားကိုကြားတော့ သုံးယောက်လုံး အသက်အောင့်မိသွားကြတယ်.
ဒါလုံးဝကို မယုံကြည်နိုင်စရာပဲ!
"လာ တစ်ချိန်တည်းနဲ့ ကျောက်စိမ်းသုံးတုံးရအောင်ဖြတ်နိုင်တဲ့ ကံကောင်းတဲ့လူက ဘယ်သူလဲ သွားကြည့်ကြရအောင်." ဆရာကြီးပိုင်ကပြောလိုက်တယ်. သူလျှောက်သွားတာနဲ့ နောက်ကနေ ဆရာကြီးယန် နဲ့ ဥက္ကဌပိုင်တို့ပါလိုက်သွားလိုက်ကြတယ်.
သူတို့လူအုပ်ကြီးထဲဝင်သွားလိုက်တယ်. ဆရာကြီးပိုင်က မေးလိုက်တယ်,
"ဒီကျောက်ရိုင်းတွေက ဘယ်သူများလဲ?"
"ကျွန်မပါ," ကုနင်းပြန်ဖြေလိုက်တယ်. ကုနင်းက သူမကို ဆရာကြီးယန်မမှတ်မိစေချင်တာကြောင့် အသံကိုပါနည်းနည်းပြောင်းပြီးပြောလိုက်တယ်.
ထိုသူက အမျိုးသမီးငယ်တစ်ယောက်ဖြစ်နေတာကြောင့် ဆရာကြီးပိုင် ထိတ်လန့်အံ့ဩသွားပြန်တယ်.
အရင်အပတ်တုန်းက အဆင့်မြင့်ကျောက်စိမ်းတွေအများကြီးကို ၁၈နှစ်အရွယ်မိန်းကလေးတစ်ယောက် ဖြတ်နိုင်ခဲ့တယ်ဆိုတာ ဆရာကြီးပိုင်သိထားပေမယ့် ဒီ၂၄နှစ်အရွယ်လောက်လို့ထင်ရတဲ့ အမျိုးသမီးကတော့ ထိုမိန်းကလေးနဲ့ တစ်ယောက်ထဲဖြစ်နေမယ်လို့တော့ မထင်မိဘူး.
ဆရာကြီးပိုင် အံ့ဩသွားတယ်, ဒီနေ့ခေတ်မှာ မိန်းမငယ်လေးတွေဘာလို့များ ကျောက်စိမ်းလွယ်လွယ်ကူကူ ဖြတ်နိုင်နေရတာလဲ?
ဆရာကြီးယန်လဲ အတွေးတူပါတယ်, ဒါပေမယ့် ထိုအမျိုးသမီးရဲ့ မျက်လုံးကိုကြည့်ရတာ သူရင်းနှီးနေသလိုပဲ. သူမနဲ့တစ်နေရာရာမှာများတွေ့ခဲ့ဖူးသလား? ဒါပေမယ့် သူမနဲ့ ကုနင်းပုံစံက အရမ်းကွာခြားတာကြောင့် တစ်ယောက်တည်းလို့တော့ မဆက်စပ်မိပါဘူး.
ဆရာကြီးပိုင်နဲ့ မျက်နှာချင်းဆိုင်မိသွားတာတောင် ကုနင်းအေးဆေးပဲနေနေပါတယ်. သူမကျောက်စိမ်းတွေအများကြီးဖြတ်နိုင်ခဲ့တာတောင် မာနကြီးသလို စိတ်ကြီးဝင်နေသလို ပုံစံမျိုးမရှိပါဘူး.
ဆရာကြီးပိုင်လဲ သူမအပေါ်အမြင်ကောင်းရှိသွားကာ ပေါ်ပေါ်တင်တင်ပဲချီးကျူးလိုက်တယ်,
"အလားအလာကောင်းတဲ့ အမျိုးသမီးလေးပဲ!"
တစ်ချိန်တည်းမှာပဲ ရေသားကျောက်စိမ်းကိုလဲ အပြည့်အစုံဖြတ်တောက်ပြီးသွားတာကြောင့် ကုနင်း လူအုပ်ကြီးကို လေလံစဆွဲခွင့်ပေးလိုက်ပြီး သူမကတော့ ချက်ချင်းပဲ စွမ်းအင်တွေကို စုပ်ယူနေတော့တယ်. ဒီအလယ့်အမြင့်ဆင့် ရေသားကျောက်စိမ်းထက် အဆင့်မြင့်ခရမ်းရင်ရောင်ကျောက်စိမ်းက ပိုပြီးဆွဲဆောင်အားကောင်းနေပေမယ့် ဝယ်သူတွေကတော့ ဘယ်တစ်ခုကိုမှ အလွတ်မခံကြပါဘူး.
"ယွမ်၁၀သန်း!"
"ယွမ်သန်း၂၀!"
"ယွမ်သန်း၃၀!"
....................
"ယွမ်သန်း၁၀၀!"
.......
"ယွမ်သန်း၁၅၀!"
အဆုံးမှာတော့ ရေသားကျောက်စိမ်းကို ယွမ်သန်း၁၅၀တန်ကြေးနဲ့ ရောင်းထွက်သွားခဲ့တယ်.
ထိုကျောက်က ဘက်စကတ်ဘောလုံးလောက်ကြီးတာကြောင့် ယွမ်သန်း၁၅၀ဆိုတာ တန်ပါတယ်.
ဝယ်သူကသာ ထိုကျောက်ကို လက်ဝတ်ရတနာအဖြစ် ပုံသွင်းပြီးပြန်ရောင်းရင် ယွမ်သန်း၃၀လောက် အမြတ်ပြန်ရမှာပါ. စီးပွားရေးလုပ်ငန်းရှင်တွေသည် သူတို့အတွက် အကျိုးအမြတ်မရှိတဲ့ လုပ်ငန်းအပေါ်မှာ အချိန်တွေ ငွေတွေကို မဖြုန်းတီးပါဘူး.
နောက်တော့ ကုနင်း စတုတ္ထမြောက်ကျောက်ရိုင်းအတွက် အလယ်အမြင့်ဆင့်ကျောက်စိမ်းရှိပြီး အထဲတွင် ဘက်စကတ်ဘောလုံးတစ်လုံးလောက်ကြီးမယ့် ကျောက်ကိုရွေးလိုက်တယ်.
ခရမ်းရင့်ရောင်ကျောက်ကို အချောသက်သွေးလို့မပြီးခင်မှာပဲ စတုတ္ထကျောက်ရိုင်းကနေ အစိမ်းရောင်ပေါ်လာပြန်တာကြောင့် တစ်စုံတစ်ယောက်က ထိတ်လန့်ကာ ညစ်ညမ်းတဲ့စကားလုံးကိုတောင် ပြောမိသွားတယ်.
"WTF! ဒီမိန်းမက လူသားအစစ်ကော ဟုတ်ရဲ့လား?"
................Book 8 Part112End..............
ဖီးနစ်သွေးစက်
အခန်း ၁၁၃ နောက်ယောင်ခံလိုက်ခံရခြင်း
ဘာသာပြန်သူ - Charm.Y
ဒါကတော့ သူပြောလိုက်သလိုပဲ သိပ်နားမလည်နိုင်စရာကောင်းနေတယ်. အရင်က ဘယ်သူမှ ဒီလို ကျောက်စိမ်းလေးတုံးတစ်ခါတည်းနဲ့ မဖြတ်နိုင်ခဲ့ဘူး.
ဒီအမျိုးသမီးက လူသားမဖြစ်နိုင်တော့ဘူး!
အခုတော့ ဆရာကြီးပိုင်တို့အပါအဝင် လူတိုင်း ကုနင်းကို ဂြိုဟ်သားတစ်ယောက်လိုကြည့်နေကြတယ်.
ဆရာကြီးယန်ကတော့ အရင်တစ်ပတ်တုန်းက ကုနင်းလဲ ကျောက်စိမ်း၄တုံးဖြတ်ခဲ့တယ်ဆိုတာသိပြီး ထိုထဲတွင် တန်ဖိုးမရှိတဲ့ကျောက်ရိုင်းတွေတော့ပါနေသေးတယ်. ဒီအမျိုးသမီးကတော့ တန်ဖိုးမရှိတဲ့ကျောက်တစ်တုံးမှ မဖြတ်ခဲ့တာကြောင့် ကုနင်းထက်တောင်ပိုပြီး သာနေသေးတယ်!
ကုနင်းကတော့ ကြည့်ရှုသူတွေရဲ့ အမြင်တွေကို လုံးဝဂရုစိုက်မနေပါဘူး.
ဆရာကြီးပိုင်ကတော့ ကျောက်စိမ်းအနားကိုတိုးပြီး အနီးကပ်ကြည့်လိုက်ကာ,
"အစိမ်းရောင်တောက်တောက် အမြှောင်းလေးတွေပါတယ်. အမြှင်တွေက မျဉ်းဖြောင့်အတိုင်းရှိပြီး အရိပ်လိုလေးတွေဆိုတော့ ပိုးသားကျောက်အမျိုးအစားပဲ. အစိမ်းရောင်အမြှောင်းတွေက လမ်းကြောင်းတစ်ဖက်တည်းသွားပြီး ဂျိတ်ဒိုက်သလင်းကျောက်တွေက ရှည်မျောမျောနဲ့ အမျှင်တွေရှိတယ်ဆိုတော့ ဒါက အလယ်အမြင့်ဆင့် ပိုးသားကျောက်စိမ်းပဲ."
ဆရာကြီးပိုင်က ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ပုံရတယ်.
မကြာခင်မှာပဲ, ခရမ်းရင့်ရောင်ကျောက်ကို အပြီးသတ်ပြီးသွားတယ်.
"ယွမ်သန်း၅၀!"
ဆရာကြီးပိုင်က ထိုခရမ်းရင့်ရောင်ကျောက်စိမ်းကို လိုချင်နေတာကြောင့် အရင်ဆုံးဈေးစခေါ်လိုက်တယ်.
ယွမ်သန်း၅၀ဆိုတာ ဒီကျောက်စိမ်းအတွက် သင့်တော်လွန်းတဲ့ဈေးမဟုတ်ပေမယ့် ဒီလောက်နဲ့တင် သူ့ရဲ့နှစ်သက်သဘောကျမှုကို ဖော်ပြဖို့လုံလောက်နေပါပြီ. လူတိုင်းတော့ ကျောက်စိမ်းတစ်ခုအတွက် ဒီလောက်အများကြီးအကုန်အကျခံနိုင်ကြတာမဟုတ်ဘူးလေ.
တချို့ကတော့ ဈေးစဖွင့်တဲ့ ယွမ်သန်း၅၀မှာကတည်းက နောက်ဆုတ်လိုက်ကြပေမယ့် တစ်ချို့ကတော့ ဆက်ယှဉ်ပြိုင်ချင်နေသေးတယ်.
"ဆရာကြီးပိုင်က ဒီခရမ်းရင့်ရောင်ကျောက်စိမ်းကို အရမ်းသဘောကျနေတယ်ထင်ပေမယ့် ကျွန်တော်လဲ သဘောကျနေတယ်. ကျွန်တော် ဒီကျောက်အတွက် ယွမ်၅၅သန်းပေးမယ်!" သက်လတ်ပိုင်းအရွယ်လူက လေးစားသမှုအပြည့်နဲ့ပြောလိုက်တယ်. လူတိုင်းကျောက်စိမ်းအတွက် မျှမျှတတဈေးပေးနိုင်ပေမယ့် ဆရာကြီးပိုင်က အာဏာရှိပြီး လေးစားထားသင့်တဲ့လူဖြစ်နေတယ်. ဒါကြောင့် လူတိုင်း သူ့ရှေ့တွင်တော့ လေးစားကြောင်းပြဖို့လိုလေတယ်.
"မင်းလဲသဘောကျနေတယ်ဆိုမှတော့ ပြိုင်ကြတာပေါ့! ယွမ်သန်း၆၀!" ဆရာကြီးပိုင်ကပြောလိုက်တယ်. သူလဲ ဒီခရမ်းရင့်ရောင်ကျောက်စိမ်းကို အရမ်းသဘောကျနေတာကြောင့် ယှဉ်ပြိုင်လိုတယ်.
အရက်ရောဆုံးဝယ်သူသည်သာ ဒီကျောက်စိမ်းကို ပိုင်ဆိုင်နိုင်မှာပါ.
ဆရာကြီးပိုင်နဲ့ ထိုလူတို့ကြားပြောနေတာကို ကြားတော့ ဆရာကြီးဖူနဲ့ ကျောင်းယွဲ့ဖန်တို့အကြောင်း ကုနင်းပြန်တွေးမိသွားတယ်. အရင်တစ်ပတ်တုန်းက သူတို့လဲ ဒီလိုပြိုင်ခဲ့ကြပေမယ့် အဆုံးမှာတော့ ဆရာကြီးဖူက နိုင်သွားခဲ့တယ်.
ဒီတစ်ကြိမ်လဲ ဆရာကြီးပိုင်က နိုင်လိမ့်မယ်လို့ ကုနင်းယုံကြည်တယ်.
"ယွမ်သန်း၆၀!"
"ယွမ်၆၅သန်း!"
"ယွမ်သန်း၇၀!"
"ယွမ်၇၅သန်း!"
"ယွမ်သန်း၈၀!"
ဆရာကြီးပိုင်က ယွမ်သန်း၈၀နဲ့ ဈေးတင်လိုက်တော့ ထိုလူ နည်နည်းတုံ့ဆိုင်းသွားကာ ဈေးက ထိုနေရာတွင်ပဲ ရပ်လုနီးနီးဖြစ်သွားတယ်.
ဒီကျောက်စိမ်းကို လက်ဝတ်ရတနာလုပ်လိုက်ပါက အနည်းဆုံးယွမ်သန်း၂၀လောက်မြတ်နိုင်တယ်. ပြီးတော့ အခုဈေးသာထပ်မြှင့်ပေးလိုက်ရင်တော့ အမြတ်မရနိုင်တော့ဘူး.
နောက်ဆုံးတော့ ထိုလူအရှံးပေးလိုက်ရကာ ဆရာကြီးပိုင်ကတော့ ကျောက်စိမ်းကို ယွမ်သန်း၈၀နဲ့ရသွားပြီး ပျော်နေခဲ့တယ်.
"အရင်တစ်ပတ်တုန်းက ဆရာကြီးဖူ ငါ့ကို ဂလူတီးနက်စ်ရိုက်ကျောက်နဲ့ ရေခဲသားကျောက်ကိုရလာတယ်ဆိုပြီး လာကြွားသွားတယ်. အဲ့တုန်းက သူ့ကိုအရမ်းမနာလိုဖြစ်နေရတာ! အခုတော့ ငါ့မှာ သူ့ကျောက်တွေထက် ပိုတန်ဖိုးကြီးတဲ့ ခရမ်းရင့်ရောင်ကျောက်ရှိသွားပြီ! သူ့ဆီယူသွားပြီး ငါ့ကိုပြန်မနာလိုဖြစ်အောင် သွားကြွားပစ်မယ်!" ဆရာကြီးပိုင်က ကလေးတစ်ယောက်လိုမျိုး ကြွေးကြော်နေခဲ့တယ်.
လူကြီးတွေပြောသလိုဆို: အသက်ကြီးလေ ကလေးနဲ့တူလေပဲ.
ထိုစကားကိုကြားတော့ ကုနင်းရယ်ချင်သွားပေမယ့် ကိုယ့်ကိုကိုယ်ပြန်ထိန်းလိုက်တယ်. တစ်ချိန်တည်းမှာပဲ ဆရာကြီးဖူတော့ တကယ်မနာလိုဖြစ်နေတော့မှာပဲလို့ တွေးမိလိုက်တယ်. တကယ့် ဆရာကြီးပိုင်ရဲ့ ခရမ်းရင့်ရောင်ကျောက်ကသာ သူမဆီကဝယ်သွားမှန်းသိရင် သူမကို သေချာပေါက် အပြစ်တင်နေတော့မှာပဲ.
ထိုသို့တွေးလိုက်မိတော့ ကုနင်း ကူကယ်ရာမဲ့သလိုခံစားလိုက်ရတယ်.
ပိုးသားကျောက်သည် ဘက်စကတ်ဘောလုံးလောက်ကြီးကာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ယွမ်သန်း၅၀နဲ့ဝယ်သွားခဲ့တယ်.
သူ ခရမ်းရင့်ရောင်ကျောက်ကိုမရခဲ့တာ စိတ်မကောင်းစရာပေမယ့် ပိုးသားကျောက်ကိုရခဲ့တာကြောင့် ဖြေသာပါတယ်.
ကုနင်းမှာ စုစုပေါင်းယွမ်၃၄၅သန်းရှိသွားပြီဖြစ်ကာ စွမ်းအင်တွေကိုလဲ စုပ်ယူပြီးသွားလေပြီ.
"ဘုရားရေ! သူတစ်ကြိမ်တည်းနဲ့ ယွမ်၃၄၅သန်းတောင်ရသွားတာပဲ. ငါက အဲ့ကျောက်ရိုင်းတွေကို အများဆုံး ယွမ်သန်းနဲနဲပါးပါးပဲရမယ်ထင်ထားတာ."
"ဟုတ်တယ်! အားကျလိုက်တာ."
"ဘယ်လိုလုပ် ဒီလောက်တောင်ကံကောင်းရတာလဲ!"
"ငါသာ သူဖြစ်ရင်ဘယ်လောက်ကောင်းမလဲ."
"သူ့ခြင်းထဲမှာ နောက်ထပ် ကျောက်စိမ်းတွေရှိလောက်သေးလား?"
"ဘယ်သိမလဲ!"
ကုနင်း တန်ဖိုးမြင့်ကျောက်ရိုင်း၄တုံးကိုဖြတ်ပြီးသွားတာကြောင့် သူမခြင်းထဲမှာနောက်ထပ်ကျောက်စိမ်းရှိနေမယ်လို့ ဘယ်သူမှမပြောရဲပါဘူး.
လူတိုင်း သူမကို မနာလိုဖြစ်နေကြကာ ကုနင်း ရက်စက်တဲ့အကြည့်တွေတော်တော်များများကို ခံနေရတယ်.
သူမမမျှော်လင့်ထားတာတွေလုပ်ပြလိုက်ရင် အာရုံစိုက်ခံရမယ်ဆိုတာ သိထားပေမယ့် သူမမကြောက်ပါဘူး.
ယွမ်၃၄၅သန်းဆိုတာ ကုနင်းလိုအပ်သလောက် လုံလောက်ပြီလို့တွေးမိပြီး တော်လိုက်ဖို့အချိန်လဲရောက်လာခဲ့ပြီ. အခုက သူမဒုက္ခသူမရှာနေသလိုပဲ. သူမသာဆက်ပြီးကျောက်တွေဖြတ်မယ်ဆိုရင် ဒုက္ခအကြီးအကျယ်ရောက်ကုန်လိမ့်မယ်. သူမ ပြဿနာဖြစ်မှာကိုမကြောက်ပေမယ့် ကြိုက်လဲမကြိုက်ပါဘူး.
ဒါကြောင့် ကျန်နေတဲ့ ကျောက်ရိုင်းတွေကို သိမ်းလိုက်ကာ ထွက်သွားဖို့ပြင်လိုက်တယ်.
ကုနင်း နောက်ထပ်ကျောက်စိမ်းထပ်ဖြတ်မှာကိုစောင့်နေတဲ့ စီးပွားရေးသမားအချို့ကတော့ စိတ်ပျက်သွားကြပေမယ့် ဖိအားပေးလို့တော့မရပါဘူး.
ကျောက်ရိုင်းပေါင်၁၀၀လောက်အလေးချိန်က ကုနင်းအတွက်မလေးပေမယ့် သူမအခု ဒေါက်မြင့်စီးထားတာကြောင့် အဆင်မပြေလှပါဘူး. ဒါကြောင့် ဆိုင်ကနေ တွန်းလှည်းတစ်ခုဝယ်ကာ ကျောက်ရိုင်းတွေကို ထည့်တွန်းသွားတော့တယ်.
သူမ,မသွားခင် ကျောက်မြတ်ရတနာလုပ်ငန်းရှင်တော်တော်များများရဲ့ နာမည်ကဒ်တွေကိုရလိုက်ပါသေးတယ်. သူတို့အားလုံးက သူမနဲ့အတူပူးပေါင်းလုပ်ကိုင်ချင်နေကြတယ်. တကယ်လို့ သူမထပ်ပြီးကျောက်စိမ်းတွေထပ်ဖြတ်နိုင်ခဲ့ရင် သူတို့ကို ဆက်သွယ်ပေးစေချင်နေတယ်.
ကုနင်း ဝမ်းသာစွာနဲ့ သူတို့ရဲ့နာမည်ကဒ်တွေကိုယူလိုက်ပေမယ့် သူမမှာ ကိုယ်ပိုင်နာမည်ကဒ်မရှိသေးတာကြောင့် ပြန်တော့မပေးနိုင်ခဲ့ဘူး. ပြီးတော့ သူမရဲ့ ပုံစံအမှန်ကိုမသိစေချင်တာကြောင့် နာမည်နဲ့ ဖုန်းနံပါတ်ကိုလဲမပြောခဲ့ပါဘူး.
ကုနင်း ဆိုင်ကနေထွက်သွားပြီးခနနေတော့ သူမနောက်ကနေ တစ်ဘောက်ယောက် နောက်ယောင်ခံလိုက်နေတယ်လို့ခံစားရပေမယ့် အေးဆေးပဲဆက်သွားလိုက်တယ်.
ဒီနားမှာလူတွေအများကြီးရှိနေတာကြောင့် နောက်ယောင်ခံလိုက်သူက သူမကို ထိခိုက်အောင်လုပ်ဖို့အခွင့်ရေးမရှိပါဘူး. တကယ်လို့ ထိုနောက်ယောင်ခံလိုက်သူမှာ သူမကိုထိခိုက်အောင်လုပ်ဖို့အစီအစဉ်ရှိနေရင်တောင် သူမနိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်.
ဒီနေ့ သူမတိုက်ခိုက်ဖို့ မသင့်တော်တာကြောင့် ပြဿနာတွေကိုရှောင်ချင်ပါတယ်.
သွားနေရင်းနဲ့ သူမ ကျိုးကျန်းဟုန်ကို ဖုန်းလှမ်းဆက်လိုက်ကာ လမ်းဘေးမှာလာကြိုပေးဖို့ပြောလိုက်တယ်. ပြီးတော့ သူ့ကိုကားထဲမှာပဲစောင့်နေပြီး သူ့မျက်နှာကို မပြဖို့လဲသတိပေးလိုက်သေးတယ်.
လမ်းတွင် လူတွေအများကြီးရှိနေတာကြောင့် ကုနင်း ရှေးဟောင်းဈေးအဝင်ပေါက်ကို လုံလုံခြုံခြုံနဲ့လျှောက်သွားနိုင်ခဲ့တယ်.
သူမ ရှေးဟောင်းလမ်းကနေထွက်လိုက်တော့ လမ်းမကျယ်ကြီးတစ်ခုရှိရာ ထိုလမ်း၏ဘေးဘက်တွင် ကျိုးကျန်းဟုန်ကားက သူမကိုစောင့်နေတယ်. ကုနင်း ကားရှိရာတည့်တည့်လျှောက်သွားကာ နောက်ယောင်ခံလိုက်သူကို ချန်ထားခဲ့လိုက်တယ်.
ကားထဲဝင်ထိုင်ပြီး နောက်ကြည့်မှန်ကနေကြည့်လိုက်တော့ ယောက်ျားတွေအများကြီး သူမထွက်သွားရာဘက်ကို ဒေါသတကြီးကြည့်နေတာကို တွေ့လိုက်ရတယ်. ပြီးတော့ အနက်ရောင်ကားတွေပေါ်တက်လိုက်ကာ သူမနောက်ကို ဆက်လိုက်ကြတော့တယ်.
ကုနင်း မျက်မှောင်ကြုတ်သွားတယ်. ဒီလူတွေ သူမကိုအလွတ်မပေးကြဘူးပဲ!
"ဦးလေးကျိုးရဲ့ ကားမောင်းစွမ်းရယ် ဘယ်လိုရှိလဲ?" ကုနင်းမေးလိုက်တယ်.
ကျိုးကျန်းဟုန်ကတော့ သူမရဲ့တကယ့်ရည်ရွယ်ချက်ကိုမသိပဲ ရိုးရိုးသားသားပြန်ဖြေလိုက်တယ်.,
"ကျွန်တော် ကားမောင်းတာ၁၂နှစ်ရှိပြီဆိုတော့ မဆိုလောက်ဘူးထင်တယ်."
"ကျွန်မတို့ နောက်ယောင်ခံလိုက်ခံနေရပြီ. မြန်မြန်မောင်းပြီး သူတို့ကို မျက်ခြေဖျက်လိုက်, အန္တာရယ်ကင်းဖို့တော့ အဓိကပေါ့." ကုနင်းပြန်ပြောလိုက်တယ်.
................Book 8 Part113End..............
ဖီးနစ်သွေးစက်
အခန်း ၁၁၄ မယဉ်ကျေးဘူး?
ဘာသာပြန်သူ - Charm.Y
"ဘာ?" ကျိုးကျန်းဟုန် အံ့ဩသွားသလို စိတ်လဲလှုပ်ရှားသွားတယ်. သူ့ကိုယ်သူစိတ်ငြိမ်အောင်ကြိုးစားလိုက်ပြီးတော့မှ လမ်းကိုအာရုံပြန်စိုက်လိုက်ကာ မြန်မြန်မောင်းလိုက်တယ်.
ကုနင်းတို့နောက်က ကားထဲတွင် အသက်၃၀လောက်ရှိတဲ့ အမျိုးသား၃ယောက်ပါလာတယ်. ကုနင်းတို့ကား ရုတ်တရက်အချိန်မြှင့်လိုက်တာကို သူတို့ကိုတွေ့သွားလို့ပဲဖြစ်ရမယ်လို့ တွေးမိသွားတယ်.
"ဘော့စ်, သူတို့ ကျွန်တော်တို့ကို တွေ့သွားတာလား?" မောင်းသူနေရာမှာထိုင်နေတဲ့လူက မေးလိုက်တယ်.
"ဖြစ်နိုင်တယ်." နောက်ခန်းမှာထိုင်နေတဲ့လူက မကျေနပ်နေတဲ့အသံနဲ့ ပြန်ဖြေလိုက်တယ်.
"ကျွန်တော်တို့ ဆက်လိုက်ဦးမှာလား?" ခရီးသည်ထိုင်ခံဘက်မှာထိုင်နေတဲ့လူက မေးလိုက်တယ်.
"လိုက်ရမှာပေါ့, ဘာလို့မလိုက်ဘဲနေမှာလဲ? သူ့ကို အဲ့ငွေတွေနဲ့ မလွှတ်ပေးနိုင်ဘူး." နောက်ခုံကလူက လောဘကြီးတဲ့အကြည့်တွေနဲ့ ပြန်ဖြေလိုက်တယ်. ဒါကြောင့် သူတို့ ကုနင်းတို့ကားနောက်ကို ဆက်လိုက်ခဲ့ကြတယ်. မောင်းတဲ့သူက တော်တော်လေး ကျွမ်းကျင်တာကြောင့် သူတို့နဲ့နီးနီးကို လိုက်လာနိုင်ခဲ့တယ်. ဒါကြောင့် ကျိုးကျန်းဟုန်အတွက် ထိုလူတွေကို မျက်ခြေဖျက်ခဲ့ဖို့ ခက်ခဲနေတယ်.
ကုနင်း အလိုမကျစွာနဲ့ မျက်မှောင်ကြုတ်ထားမိတယ်.
သူတို့ လူရှုပ်တဲ့နေရာတွေကို ဖြတ်ကျော်ခဲ့ပြီး ဝေးလံတဲ့လမ်းပေါ်ကိုရောက်တော့ ကုနင်းက ကျိုးကျန်းဟုန်ကို ကားရပ်ခိုင်းလိုက်ကာ,
"ကျွန်မတို့ သူတို့ကို မျက်ခြေဖျက်ဖို့မဖြစ်နိုင်တော့ဘူးထင်တယ်. လမ်းဘေးမှာပဲ ကားကိုရပ်လိုက်တော့ သူတို့ကို တစ်လမ်းလုံးလိုက်လာဖို့တော့ ခွင့်မပြုနိုင်ဘူး. တစ်မျိုးမျိုးတော့ ညှိနှိုင်းမှဖြစ်မယ်."
"ဘော့စ်." ကျိုးကျန်းဟုန် စိတ်ပူသွားတယ်. ကုနင်း ခွန်အားကြီးပြီး သန်မာတာကို သူသိထားပေမယ့် ထိုလူတွေဘက်က ဘယ်လောက်အထိစွမ်းရည်ရှိနေမှန်း သူမသိသေးဘူးလေ. သူတို့သာ ကုနင်းထက်ပို သန်မာနေကြရင်ကော?
"စိတ်အေးအေးထားပါ, အဆင်ပြေသွားလိမ့်မယ်." ကုနင်းလဲ ကျိုးကျန်းဟုန် သူမကိုစိတ်ပူနေတာကို နားလည်နိုင်ပါတယ်. သူမဆုံးဖြတ်ချက်အပေါ်သံသယဝင်နေတာကို အပြစ်မမြင်ပါဘူး. ကျိုးကျန်းဟုန်လဲ ကုနင်းရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူမှပြင်နိုင်မှာမဟုတ်မှန်းသိတာကြောင့် သူမအမိန့်အတိုင်းလိုက်နာလိုက်တော့တယ်.
ကျိုးကျန်းဟုန်ကားကို ရပ်လိုက်တာကြောင့် နောက်ကလိုက်နေတဲ့လူတွေ စိတ်ရှုပ်ထွေးသွားတယ်. ဒါပေမယ့် ဘာဖြစ်ဖြစ်အရေးမကြီးပါဘူး. ဒါသူတို့အတွက် အခွင့်ကောင်းပဲလေ. သူတို့ချက်ချင်း ကုနင်းတို့ကားရှေ့ ထွက်မပြေးနိုင်အောင် ပိတ်ရပ်လိုက်တယ်.
"ဦးလေးကျိုး, ကားထဲမှာပဲနေပါ." ကုနင်း အမိန့်ပေးလိုက်ပြီး ကားထဲက ထွက်လာခဲ့လိုက်တယ်. သူမရဲ့ ဒေါက်ဖိနပ်ကို အားကစားဖိနပ်နဲ့ ပြောင်းစီးထားပြီးဖြစ်တာကြောင့် ပိုပြီးအဆင်ပြေနေတယ်.
ကျိုးကျန်းဟုန် ကုနင်းကိုစိတ်ပူပေမယ့် သူမအမိန့်ကို မလိုက်နာဘဲမနေရဲပါဘူး. ဒါ့အပြင် သူထွက်လိုက်သွားရင်လဲ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲဖြစ်နေမှာကို သိတယ်လေ. ဒါကြောင့် ကုနင်းအန္တရာယ်ကင်းဖို့သာ ဆုတောင်းပေးနေနိုင်တော့တယ်.
ကုနင်း ကားထဲကထွက်လာတာနဲ့ လူဆိုးလို အရပ်ရှည်ရှည်နဲ့ လူသုံးယောက်ကလဲ သူမဆီလျှောက်လာတယ်. ကုနင်းချက်ချင်းပဲ သူတို့သေနတ်သယ်လာလားလို့ ကျောက်စိမ်းမျက်ဝန်းနဲ့ကြည့်လိုက်တယ်.
ကံကောင်းစွာပဲ သူတို့မှာ သေနတ်မရှိဘူး. အခုတော့ အနိုင်ရမယ်လို့ ကုနင်းပိုလို့တောင် ယုံကြည်ချက်ရှိသွားတယ်.
ထိုအမျိုးသမီး ကားထဲကနေထွက်လာပဲ သူတို့ဆီ အေးဆေးလျှောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး. သူတို့အရမ်းအံ့ဩသွားပေမယ့် ဒီအမျိုးသမီးတစ်ယောက်လောက်နဲ့ ကားထဲမှာပုန်းနေတဲ့ လူတစ်ယောက်လောက်ကိုတော့ လွယ်လွယ်လေးအနိုင်ယူနိုင်မယ်လို့ ယုံကြည်နေကြတယ်. ထိုသူက အရမ်းကြောက်လွန်းလို့ မထွက်လာရဲတာလို့လဲ ထင်နေတယ်.
"မင်းရဲ့ငွေတွေအားလုံးနဲ့ ကျောက်ရိုင်းတွေ ငါတို့ကိုပေးစမ်း. မဟုတ်ရင် မင်းကိုသင်ခန်းစာကောင်းကောင်းပေးပစ်မယ်!" လူတစ်ယောက်က ခြိမ်းခြောက်လိုက်တယ်. ကျန်တဲ့ ကျောက်ရိုင်းတွေထဲမှာကျောက်စိမ်းရှိမရှိ သူတို့မသေချာပေမယ့် ကုနင်း ကျောက်စိမ်းတွေတစ်ခုခုပြီးတစ်ခုခု ဖြတ်တာကို မြင်ထားတာပါတယ်. ဒါကြောင့် ကျန်တဲ့ ကျောက်ရိုင်းတွေထဲမှာလဲ ကျောက်စိမ်းရှိနိုင်ချေများတယ်လို့ ထင်တာကြောင့် လက်လွှတ်မခံနိုင်ကြပါဘူး.
"အိုး, ဘယ်လိုလုပ်မှာလဲ?" ကုနင်း နှုတ်ခမ်းစွန်းလေးကော့တက်သွားပေမယ့် မျက်ခုံးတွေကတော့ အထင်သေးမှုကြောင့် တွန့်ကွေးနေတယ်. ထိုလူတွေလောက်ကို သူမစိတ်ထဲတောင်မထည့်ပါဘူး.
ကုနင်းရဲ့အပြုအမူကြောင့် ထိုလူတွေစိတ်တိုသွားကာ တစ်ယောက်က အသံမြှင့်ပြီး,
"မင်း ငါတို့ကို ပေးမှာလား မပေးဘူးလား?"
"ရှင်တို့လိုချင်ရင် ကိုယ်တိုင်လာယူလေ. ဒါပေမယ့် သတိတော့အရင်ပေးလိုက်မယ်. ရှင်တို့မသေချင်ရင် အခုချက်ချင်းဒီကထွက်သွာားကြ!" ကုနင်းပြောလိုက်တယ်.
"ဝိုး, မင်းဘာလုပ်နိုင်လဲကြည့်ကြတာပေါ့." ပြောင်းနဲ့ ထိုလူသုံးယောက် ကုနင်းဆီကိုလျှောက်သွားလိုက်တယ်. သူတို့ အနားရောက်ခါနီးမှာပဲ အတားခံလိုက်ရကာ လျှင်လျှင်မြန်မြန်နဲ့ နောက်ကိုဆုတ်လိုက်ကြတယ်. သူတို့အားလုံး ကြောက်လန့်နေတဲ့ မျက်နှာနဲ့ ကုနင်းကို ကြည့်လိုက်မိကြတယ်.
ကုနင်း သူမရဲ့အချိန်တွေနဲ့ ခွန်အားတွေကို တိုက်ခိုက်တဲ့နေရာမှာ မဖြုန်းတီးချင်တာကြောင့် သေနတ်ကိုဆွဲထုတ်လိုက်ကာ သူတို့ကို ချိန်ထားလိုက်တယ်.
ထိုလူတွေကြောက်လန့်သွားပေမယ့် ဒီသေနတ်က အစစ်ကောဟုတ်ရဲ့လားဆိုပြီးတော့ သံသယဝင်နေကြသေးတယ်. ကျိုးကျန်းဟုန်လဲ ထိတ်လန့်သွားကာ သေနတ်ကအစစ်လို့မယုံနိုင်ဘူး. သေနတ်အစစ်တစ်လက်ဆိုတာ ရဖို့မလွယ်ကူဘူးလေ.
"မင်း-မင်း ငါတို့ကို သေနတ်အတုနဲ့ ခြောက်ဖို့မစဉ်းစားနေနဲ့." ထိုလူကပြောလိုက်ပေမယ့် ရှေ့ကိုတော့ မတိုးရဲလေဘူး.
"ဒါအစစ်ဟုတ်မဟုတ် သိချင်ရင် စမ်းကြည့်လေ." ကုနင်း ခြိမ်းခြောက်တဲ့အမူအရာနဲ့ပြောလိုက်တယ်. ထိုလူသုံးယောက်မှာ ကြောက်ပြီးနောက်ကို ထပ်ဆုတ်လိုက်ကြတယ်.
ဒီသေနတ်က အစစ်များလား?
"ကျွန်- ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ?" ထိုလူက တုန်လှုပ်ခြောက်ခြားစွာနဲ့မေးလိုက်တယ်. ထိုသေနတ်သာအစစ်ဆိုရင် သူတို့သေကုန်ကြလိမ့်မယ်.
"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ? ကျွန်တော်တို့ ငွေတော့လိုချင်ပေမယ့် သေတော့မသေချင်သေးဘူး. ပြန်-ပြန်ကြရအောင်!"နောက်လူတစ်ယောက်က သည်းမခံနိုင်စွာနဲ့ပြောလိုက်တယ်. သူတို့ပိုက်ဆံကိုလိုချင်ပေမယ့် အဲ့ဒီအတွက်နဲ့တော့ မသေချင်ကြဘူးလေ. ဒါကြောင့် သူတို့ကားပေါ်ပြန်တက်ကာ လွတ်မြောက်အောင်ထွက်ပြေးကြတော့တယ်.
သူတို့ထွက်သွားတော့ ကုနင်းကားပေါ်ကို ပြန်တက်လာခဲ့တဲ့အချိန် ကျိုးကျန်းဟုန်က,
"ဘော့စ်, သေနတ်က အစစ်လား အတုလား?"
"အစစ်ပါ. အရင်တစ်ပတ်တုန်းက ရခဲ့တာ. ကျွန်မနှစ်လက်ယူခဲ့ပေမယ့် တစ်လက်က မိသွားတယ်. ပြီးတော့ ဒီတစ်လက်ကိုလဲ မနက်ဖြန် စစ်တပ်အရာရှိကို ပြန်ပေးရတော့မှာ." ကုနင်း ဘာမှဖုံးကွယ်မနေပါဘူး. ဒါပေမယ့် သေနတ်ကိုပြန်ပေးရမှာကိုတော့ စိတ်မပါဘူး.
ထိုစကားကိုကြားတော့ ကျိုးကျန်းဟုန် အံ့ဩသွားတ်. ကုနင်းက အရမ်းရိုးသားပြီး သတ္တိလဲရှိတာပဲ. သူမ သေနတ်ကိုတောင် ခိုးရဲတယ်. တစ်ခြားလူတစ်ယောက်သာဆို ကျိုးကျန်းဟုန် မကျေမနပ်ဖြစ်မှာပေမယ့် ကုနင်းဖြစ်နေတာကြောင့် ထိုသို့မခံရပါဘူး.
အခုက ညနေ၄နာရီတောင် ရှိနေပါပြီ.
ကုနင်း ကျောက်အလောင်းအစားလုပ်တဲ့လမ်းကနေထွက်လာတာနဲ့ ဆရာကြီးပိုင်က ဖုန်းဆက်ပြီး ကိစ္စတိုင်းကိုပြောပြလာတာကြောင့် ဆရာကြီးဖူအရမ်းကို မနာလိုဖြစ်ပြီး စိတ်တိုနေတယ်.
ပြီးတော့ ဒီနေ့ ဆရာကြီးပိုင်နဲ့အပြင်ထွက်ဖို့ ငြင်းလိုက်ပြီး သူ့မြေးနဲ့ကစားနေမိတာကြောင့် နောင်တရသွားတယ်. သူ ဒီလောက်ကောင်းတဲ့ ကျောက်စိမ်းကို လက်လွှတ်လိုက်ရပြီ.
အမျိုးသမီးတစ်ယောက်က ကျောက်စိမ်း၄တုံးတောင် ဆက်တိုက်ဖြတ်နိုင်တယ်လို့ ကြားတော့ သူ ကုနင်းလို့ထင်လိုက်မိပြီး ဆရာကြီးပိုင်ကို တန်းမေးလိုက်ပေမယ့် ဆရာကြီးပိုင်က ငြင်းလိုက်တယ်.
သူ ကုနင်းကို မသိရင်တောင် ဆရာကြီးယန်ကသိနေတာပဲ. ထိုအမျိုးသမီးသာ ကုနင်းဆို ဆရာကြီးယန်က သူ့ကိုပြောပြမှာပေါ့. ပြီးတော့ ထိုအမျိုးသမီးက ကုနင်းထက်ပိုအသက်ကြီးတယ်. ဆရာကြီးဖူသည်လဲ ဆရာကြီးယန်နဲ့ ဆရာကြီးပိုင်တို့လို ခံစားချက်ခြင်းအတူတူပါပဲ.
ဘာတွေဖြစ်ကုန်တာလဲ? ဘာလို့ မိန်းမငယ်လေးတွေပဲ ကျောက်စိမ်းတွေဒီလောက်ဖြတ်နိုင်နေတာလဲ? ဒီလောက်ထူးဆန်းတဲ့အဖြစ်မျိုး အရင်က တစ်ခါမှမဖြစ်ဖူးဘူး!
မကြာခင်မှာပဲ, အင်တာနက်ပေါ်သတင်းတစ်ပုဒ်တက်လာခဲ့တယ်. သတင်းခေါင်းစဉ်ကတော့ "ထိတ်လန့်စရာသတင်း : အမျိုးသမီးငယ်တစ်ယောက် မြို့တော်Gရဲ့ ကျောက်အလောင်းအစားလမ်းမှာ ယွမ်၃၄၅သန်း တန်ဖိုးရှိတဲ့ ကျောက်စိမ်း၄တုံးကို တစ်ဆက်တည်းဖြတ်နိုင်ခဲ့တယ်."
................Book 8 Part114End..............
ဖီးနစ်သွေးစက်
အခန်း ၁၁၅ ကျောက်စိမ်းဘုရင်မ
ဘာသာပြန်သူ - Charm.Y
သတင်းနဲ့အတူ ပုံပါ, ပါတယ်. ကုနင်းဖြစ်ပေမယ့် ပုံမှာက သူမခန္ဓာကိုယ်တစ်ခြမ်းကိုပဲ ပြထားတာကြောင့် သူမမျက်နှာကို မှတ်မိဖို့ခက်ပါတယ်.
ချင်ယီဖန်း, လီကျန်းကျန်း နဲ့ သူမအစ်ကို, ကုနင်း သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေပါ ထိုသတင်းကိုတွေ့ကြပေမယ့် ဘယ်သူမှ ကုနင်းမှန်းမသိကြပါဘူး.
တစ်နာရီထဲနဲ့ ထိုသတင်းသည် နံပါတ်တစ်သတင်းဖြစ်လာကာ ကြည့်ရှုသူပေါင်း ၁သိန်းကျော်သွာပြီး ကောမန့်သောင်းနဲ့ချီရခဲ့ပါတယ်.
ကုနင်းလဲ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ထိုသို့ ထိတ်လန့်ဖွယ်အဖြစ်မျိုးလုပ်ခဲ့ဖူးပေမယ့် ဘယ်သူမှ အင်တာနက်ပေါ်မတင်ခဲ့ပါဘူး. ဒါကြောင့် သူမရဲ့သတင်းက ကျောက်လောကထဲတွင်ပဲ ပျံ့နှံ့ခဲ့တယ်.
မဟုတ်ရင် ကုနင်းရဲ့ကိုယ်ရေးအချက်အလက်တွေအကုန် လူသိရှင်ကြားပေါက်ကြားကုန်ရောပေါ့.
အင်တာနက်အသုံးပြုသူတွေအကုန် မနာလိုစွာနဲ့ ကောမန့်တွေရေးခဲ့ကြတယ်. သူတို့တွင်လဲ ထိုကဲ့သို့ကံကောင်းမှုမျိုးဖြစ်လာဖို့ ဆုတောင်းနေကြတယ်. ယွမ်၃၄၅သန်းဆိုတာ အများကြီးပဲ! ဒီလောက်ငွေတွေနဲ့ဆို လူတစ်ယောက် တစ်ဘဝလုံးအလုပ်မလုပ်ပဲနဲ့တောင် ထိုင်စားနေလို့ရတယ်.
တစ်ချိန်တည်းမှာပဲ ထိုအမျိုးသမီးက ဘယ်သူဆိုတာကို ခန့်မှန်းနေကြတယ်. တစ်ချို့ကတော့ ထိုအမျိုးသမီးသည် ကျောက်မြတ်ရတနာလုပ်ငန်းလုပ်တဲ့မိသားစုရဲ့ မျိုးစက်ဖြစ်မယ် ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်မယ်လို့ ပြောနေကြတယ်.
တစ်ချို့ကတော့ သူမက အရမ်းကံကောင်းတဲ့သူဖြစ်တာကြောင့်လို့ပြောပြီး ကျန်တဲ့သူတွေကတော့ ကျောက်စိမ်းမျက်ဝန်းရှိနေတာပဲဖြစ်ရမယ်လို့ ခန့်မှန်းနေကြတယ်.
ကျောက်စိမ်းမျက်ဝန်းက တကယ့်အဖြစ်မှန်ဆိုရင်တောင် ဘယ်သူမှယုံမှာမဟုတ်ပါဘူး. ဒါက သူတို့သိနားလည်ထားတာတွေကို ကျော်လွန်သွားပြီလေ.
အဆုံးမှာတော့ လူတွေအားလုံး ထိုအမျိုးသမီးကို "ကျောက်စိမ်းဘုရင်မ" ဆိုပြီး ခေါ်တွင်လိုက်ကြတော့တယ်.
ကျောက်မြတ်ရတနာလုပ်ငန်းရှင်တော်တော်များများကတော့ ထိုကျောက်စိမ်းဘုရင်မကိုရှာနေကြတယ်. သူမနဲ့အတူပူးပေါင်းချင်ကြပေမယ့် ဘယ်သူမှရှာမတွေ့ကြပါဘူး.
ကုနင်းနဲ့ ကျိုးကျန်းဟုန်ကတော့ အင်တာနက်ပေါ်မှာ ဘာတွေဖြစ်နေမှန်းမသိကြပါဘူး. သူတို့သိရင်တာင် ထိုအမျိုးသမီးက ကုနင်းမှန်းဘယ်သူမှ သတိမထားမိတာကြောင့် သူတို့ဂရုစိုက်နေမှာမဟုတ်ပါဘူး.
တစ်ချိန်တည်းမှာပဲ သူတို့စက်ရုံကို ရောက်လာကြတယ်.
ဒါက စက်ရုံလုပ်ငန်းပတ်ဝန်းကျင်မှာရှိတာကြောင့် စက်ရုံတွေအများကြီးတွေ့ရပြီး ဂိတ်တံခါးများအားလုံးတွင် လုံခြုံရေးအစောင့်များရှိနေတယ်. စက်ရုံအလုပ်သမားတွေသာ ဝင်ခွင့်နဲ့ ဖြတ်သန်းခွင့်ရှိပြီး အပြင်လူဝင်ချင်ရင်တော့ လုံခြုံရေးရုံးမှာအရင်ဆုံး အိုင်ဒီကဒ်တွေနဲ့ ဝင်ခွင့်မှတ်ပုံတင်ရမှာပါ. စိက်ရုံဝန်းကျင်တိုင်းမှာလဲ စောင့်ကြည့်ကင်မရာတွေရှိနေတာကြောင့် လုံခြုံပါတယ်.
ကျိုးကျန်းဟုန်ကတော့ စက်ရုံငှားကတည်းက ဖြတ်သန်းခွင့်ရှိပြီးသားဖြစ်ပေမယ့် သူကိုယ်တိုင်အတွက်ရယ် ဒီဇိုင်နာတွေနဲ့ ပန်းပုဆရာတွေ အတွက်ပဲရှိပါတယ်. ဝင်ခွင့်ကဒ်ရဖို့ အိုင်ဒီကဒ်ရယ် တစ်လက်မအရွယ် ဓါတ်ပုံရယ်လိုအပ်ပါတယ်.
ပြောရရင် ဒီတစ်ခေါက် ကုနင်းအိုင်ဒီကဒ်နဲ့ မှတ်ပုံတင်လို့ရပေမယ့် ဝင်ခွင့်ရဖို့ စာရွက်စာတမ်းတွေကိုဖြည့်ဖို့လဲလိုအပ်ပါသေးတယ်.
ကုနင်း ကုမ္ပဏီမှတ်ပုံတင်ဖို့ပြင်ဆင်ထားတာကြောင့် သူမမှာ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ တစ်လက်မအရွယ်ဓါတ်ပုံလဲ အဆင်သင့်ပါလာပါတယ်.
ဒါကြောင့် မနက်ဖြန်ဆိုရင် ဖြတ်သန်းခွင့်ရမှာပါ.
ဒီဇိုင်နာတွေနဲ့ ပန်းပုဆရာတွေကတော့ ကျိုးကျန်းဟုန်ဆီက သတင်းကို ရပြီးသာဖြစ်တာကြောင့် ကုနင်းတို့ထက်အရင် စက်ရုံကိုရောက်နေကြပါတယ်.
ကျိုးကျန်းဟုန်သည် တကယ့်ဘော့စ်က ကုနင်းဖြစ်တယ်ဆိုတာ သူတို့ကို မဖုံးကွယ်ထားပေမယ့် ထိုအချက်ကိုပဲပြောပါတယ်. အစမှာတော့ သူတို့အနည်းငယ်နားမလည်နိုင်ဖြစ်ကြပြီး သူတို့ရဲ့ တကယ့်ဘော့စ်အစစ်အမှန်က ၁၈နှစ်အရွယ်ကောင်မလေးဆိုတာသိတော့ စိတ်ပျက်သွားကြတယ်.
ဒါပေမယ့် ကျိုးကျန်းဟုန်က သူတို့ရဲ့တကယ့်ဘော့စ်က ငယ်ပေမယ့် ကျောက်နဲ့ပတ်သတ်တဲ့စွမ်းရည်ပိုင်း အရမ်းထူးချွန်ထက်မြက်တဲ့အကြောင်းကို ပြောပြထားတယ်. ပြီးတော့ တိုက်ခိုက်နိုင်တဲ့အကြောင်းကိုကောပေါ့. စားသောက်ဆိုင်မှာဖြစ်ခဲ့တဲ့သတင်းက အရမ်းလူသိများခဲ့ပေမယ့် ဘယ်သူမှ အသေးစိတ်အချက်အလက်ကိုမသိကြပါဘူး.
ကျိုးကျန်းဟုန်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သူတို့ကိုပြောပြလိုက်တယ်. ကုနင်းက ရာဇဝတ်သားနှစ်ယောက်ရဲ့ သေနတ်ကိုလုပြီး ရိုက်ချခဲ့တယ်ဆိုတာ သူတို့ကြားတော့ အားလုံး ထိတ်လန့်အံ့ဩသွားကြတယ်. အခုတော့ ကုနင်းကို သံသယကင်းကင်းနဲ့ လေးစားနေကြပါပြီ.
သူတို့က ကျိုးကျန်းဟုန်အတွက် ၁၀နှစ်တာအလုပ်လုပ်ခဲ့သူတွေဖြစ်တာကြောင့် ကျိုးကျန်းဟုန်အကြောင်းကောင်းကောင်းသိပြီး သူပြောသမျှကိုလဲ ယုံကြည်ကြပါတယ်.
ပြီးတော့ ကျိုးကျန်းဟုန် သူတို့ကို ကုနင်း သူ့ကိုသတိပေးခဲ့တဲ့အတိုင်း သတိပေးခဲ့တယ်. သူတို့က ကျောက်စိမ်းနဲ့ ရင်းနှီးပြီးသားလူတွေဖြစ်ပေမယ့် သူတို့အလုပ်နဲ့ ကုမ္ပဏီအပေါ်သစ္စာရှိဖို့လဲ လိုအပ်ပါသေးတယ်. ကျိုးကျန်းဟုန် သူတို့ကို ယုံကြည်တာတောင်မှ သတိပေးဖို့တော့လိုနေပါသေးတယ်.
ကုနင်းရဲ့ သာမာန်ထက်လွန်ကဲတဲ့ စွမ်းရည်တွေအကြောင်းကြားပြီးသွားတော့ ဘယ်သူမှ သူမကို မရှုပ်ရဲတော့ပါဘူး. ပြီးတော့ သူတို့သည် ကျိုးကျန်းဟုန်ရဲ့ ယုံကြည်မှုကိုပါရထားတဲ့ ဖြောင့်မတ်တဲ့လူတွေလဲဖြစ်တယ်.
ကုနင်းနဲ့ ကျိုးကျန်းဟုန် ဝင်လာတော့ ဒီဇိုင်နာ၃ယောက်နဲ့ ပန်းပုဆရာတွေက နားနေခန်းထဲမှာရှိနေကြတယ်. တစ်ယောက်ယောက်တံခါးဖွင့်သံကို သူတို့ကြားလိုက်တာကြောင့် ချက်ချင်းပဲ ထရပ်ကာ အပြင်ကိုထွက်ခဲ့ကြတယ်.
ကုနင်းကို သူတို့မြင်တော့ အံ့ဩသွားကြတယ်. သူတို့ဘော့စ်က ၁၈နှစ်အရွယ်ကောင်မလေးမဟုတ်ဘူးလား? ဒီအမျိုးသမီးက အသက်၂၀ကျော်လောက်ရှိနေပြီလေ.
ဒီအမျိုးသမီးက သူတို့ဘော့စ်မဖြစ်နိုင်လောက်ဘူး. သူတို့ကျိုးကျန်းဟုန်ကို သိချင်စွာနဲ့ကြည့်လိုက်ကြတယ်. ကျိုးကျန်းဟုန် စပြီးတော့ မိတ်ဆက်ပေးလိုက်တယ်.
"ဒါ ငါတို့ဘော့စ် ကုနင်းပဲ."
သူတို့နားမလည်ဖြစ်နေကြသေးပေမယ့် ချက်ချင်းကုနင်းကို နှုတ်ဆက်လိုက်ကြတယ်,
"တွေ့ရတာဝမ်းသာပါတယ်, ဘော့စ်."
ပြီးတော့ ကျိုးကျန်းဟုန်က ကုနင်းကို သူတို့နဲ့မိတ်ဆက်ပေးလိုက်တယ်,
"ဒါက ဒီဇိုင်နာ ဝမ်ကျီရုန်. သူတို့နှစ်ယောက်က ပန်းပုဆရာ ချန်းချင်းရှန် နဲ့ ကျိုးရုန်."
သူတို့တွေက ကျိုးကျန်းဟုန်နဲ့အသက်အတူတူလောက်ပဲ.
"အားလုံးကို တွေ့ရတာဝမ်းသာပါတယ်. အခုကစပြီး ကျွန်မတို့က တစ်ဖွဲ့တည်းဖြစ်သွားကြပြီ. ရှင်တို့ကျွန်မအပေါ် သစ္စာရှိသ၍ ရှင်တို့အနာဂါတ်တောက်ပရမယ်လို့ ကတိပေးတယ်." ကုနင်း ကြင်နာစွာနဲ့ပြောလိုက်တယ်. သူမအသံကို အရှိန်အဝါသိပ်မထည့်ထားပေမယ့် လူတိုင်းက သူမကိုလေးစားနေကြတယ်.
သူတို့အားလုံး ကုနင်းရဲ့ကတိကို ယုံကြည်ကြပါတယ်. အခုတောင် သူတို့ကို လစာအမြင့်အကြီးပေးထားပြီးသားလေ.
ကုနင်းက ကျိုးကျန်းဟုန်ထက်တောင်ပိုပြီးရက်ရောပါတယ်. သူတို့အားလုံး ဒီ့ထက်ပိုလစာကောင်းတဲ့ အလုပ်မျိုး ရှာနိုင်တော့မှာမဟုတ်တာ သေချာနေပါပြီ.
သူတို့က ကျွမ်းကျင်တဲ့ ကျောက်မြတ်ရတနာလုပ်သားတွေဆိုပေမယ့် နာမည်တော့မကြီးပါဘူး. ပြီးတော့ ထိပ်တန်း ကျောက်မြတ်ကျွမ်းကျင်သူတွေသာ အမြင့်ဆုံးလစာကို ရကြတယ်.
ပြီးတော့ ရောင်းရတဲ့အပေါ်မူတည်ပြီးလဲ ဘောနပ်စ်ရသေးတယ်. ထိုအခြေနေမျိုးမှာ ဘယ်သူမှ ပျင်းမနေရဲပါဘူး.
"ကောင်းပါပြီ. ဘော့စ်." သူတို့စိတ်လှုပ်ရှားစွာနဲ့ပြန်ဖြေလိုက်ကြတယ်.
"ကောင်းပြီ. အခုကားထဲက ကျောက်ရိုင်းတွေကို အာမခံအခန်းထဲရွှေ့ပေးကြပါ. ကျွန်မအဝတ်လဲလိုက်ဦးမယ်." ကုနင်းပြောပြီးတာနဲ့ အမျိုးသမီးအဝတ်လဲခန်းသို့သွားလိုက်တယ်.
သူမ အင်တာနက်ပေါ်မှာ နာမည်ကြီးနေတာကို မသိသေးပေမယ့် သူမရဲ့နဂိုပုံစံနဲ့က ပိုကောင်းမယ်လို့ ခံစားရတယ်.
ဒီဇိုင်နာတွေနဲ့ ပန်းပုဆရာတွေ ချက်ချင်းပဲ ကျိုးကျန်းဟုန်နောက်ကို ကျောက်ရိုင်းတွေကို သယ်ရန်လိုက်သွားကြတယ်.
စက်ရုံက ၁၆၀စတုရန်းမီတာလောက်ကြီးပြီး စက်ထားတဲ့နေရာ, နားနေခန်း, မီးဖိုခန်း, ၂၀စတုရန်းမီတာကျယ်တဲ့ အစည်းအဝေးခန်း နဲ့ ၁၀စတုရန်းမီတာကျယ်တဲ့ အာမခံအခန်းတို့ပါဝင်တယ်.
အာမခံအခန်းတွင်တော့ ကျောက်စိမ်းတွေကို သူခိုးတွေနဲ့ မီးဘေးကနေကာကွယ်ဖို့ လုံခြုံရေးရှိတယ်. အပြင်လူတွေအတွက်တော့ ကျောက်စိမ်းတွေက လုံခြုံပေမယ့် အတွင်းလူအတွက်တာ့ အစောင့်က လုံခြုံအောင်စောင့်ကြည့်တဲ့အပေါ်မှာမူတည်ပါတယ်.
ကုနင်းအတွက်တော့ သူမရဲ့အလုပ်သမားတွေအပေါ် အပြည့်အဝယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် သူမတစ်ယောက်တည်းနဲ့လဲ စီးပွားရေးကို လုပ်လို့မရပါဘူး. ဒါကြောင့် ထိုလူတွေရဲ့အကူအညီကို လိုအပ်ပါတယ်.
စွန့်စားမှုမရှိဘဲနဲ့ ကောင်းတာတွေလဲဖြစ်လာမှာမဟုတ်ပါဘူး.