အခန်း (၁၁၆-၁၂၀)
Vol. 8 Ch. 116-120
အခန်း ၁၁၆ နောက်ထပ် အစိမ်းရောင်ဘုရင်
ဘာသာပြန်သူ - Charm.Y
ကားထဲမှ ကျောက်ရိုင်းပုံကြီးကို သူတို့ရှာတွေ့သွားတော့အခါ အားလုံးထိတ်လန့်အံ့ဩသွားတယ်.
"ဥက္ကဌကျိုး, ကျွန်တော်တို့ဘော့စ်က တော်တော်ချမ်းသာတာပဲ! ဒီကျောက်တွေထဲမှာ ကျောက်စိမ်းပါလောက်လား?" ချန်းချင်းရှန်ကမေးလိုက်တယ်. တကယ်လို့ အများစုမှာ ကျောက်စိမ်းပါနေရင် သူတို့အရမ်းကို ကြွယ်ဝသွားမှာ.
"မသိဘူး, ဖြတ်ပြီးတဲ့အထိစောင့်ရမှာပေါ့." ကျိုးကျန်းဟုန်ပြန်ပြောလိုက်တယ်. သူ ကုနင်းကိုယုံပေမယ့် ချန်းချင်းရှန်နဲ့ တခြားလူတွေရှေ့မှာ ထုတ်မကြွားချင်ပါဘူး.
မကြာခင်မှာပဲ ကျောက်ရိုင်းအားလုံးကို သူတို့ရွှေ့ပြီးသွားကာ ကုနင်းလဲ အဝတ်လဲပြီးထွက်လာခဲ့တယ်. သူမ သာမာန်ဝတ်စုံကိုပြန်လဲလိုက်ကာ မိတ်ကပ်တွေလဲပြန်ဖျက်ထားတယ်. ပြီးတော့ သူမဆံပင်ကို စည်းထားတာကြောင့် ပိုပြီးတော့ ကျောင်းသူတစ်ယောက်နဲ့ပြန်တူသွားတယ်. အရင်ပုံနဲ့ လုံးဝကို ပြန်ခြားနားသွားပါပြီ.
ကျိုးကျန်းအပါအဝင်အားလုံး ထပ်ပြီးထိတ်လန့်အံ့အားသင့်သွားကြပြန်တယ်. ဒီနေရာမှာ မိန်းကလေးဆိုလို ကုနင်းတစ်ယောက်သာရှိတာမှန်း မသိထားရင် အပြင်လူနဲ့တောင်မှားမှာသေချာတယ်.
ကုနင်း သူတို့အလုပ်တွေထဲဝင်မစွက်ဖက်ပဲနဲ့ ကုမ္ပဏီတရားဝင်မဖွင့်ခင် အလုပ်ကြိုးကြိုးစားစားလုပ်ပြီး ကျောက်မြတ်ရတနာတွေများများလုပ်ထားရန်သာပြောလေတယ်. နောက်နှစ်ပတ်ရဲ့ စနေနေ့ကို ဖွင့်လှစ်ချိန်အဖြစ်သတ်မှတ်လိုက်တယ်. သူတို့မှာ အချိန်၂ပတ်တောင်ရှိသေးပေမယ့် ကျောက်မြတ်တနာလုပ်တယ်ဆိုတာ အချိန်အများကြီးကုန်ပါတယ်. ဒါကြောင့် သူတို့အလုပ်ကြိုးစားဖို့လိုပါတယ်.
အခုတော့, သူတို့ ကျောက်ရိုင်းတွေဖြတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ. ဒါပေမယ့် စက်က တစ်လုံးတည်းရှိသေးတာကြောင့် တစ်တုံးပဲအရင်ဖြတ်လို့ရပြီး ကျန်တာတွေကိုတော့ သွေးမှရမှာပါ.
သူတို့ ဒီနယ်ပယ်မှာ ၁၀နှစ်လောက်လုပ်လာတာဖြစ်ပြီး တစ်ခါမှ တန်ဖိုးကြီးကျောက်စိမ်းကိုမဖြတ်ဖူးပေမယ့် ကျောက်အလောင်းအစားလုပ်တာနဲ့တော့ အလွန်ရင်းနှီးနေပြီးသားပါ.
ကုနင်း ကိုယ်တိုင် မျဉ်းစွဲလိုက်တယ်. သူမမှာ ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် ကျောက်စိမ်းမှားဖြတ်ပြီး အလဟသကုန်တာကို ရှောင်လို့ရပါတယ်. ကုနင်း အာမခံခန်းထဲမှာ မျဉ်းစွဲနေရင်း တိတ်တဆိတ်နဲ့ စွမ်းအားပိုများတဲ့ ကျောက်ရိုင်းတွေကို သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲရှိ ကျောက်ရိုင်းတွေနဲ့ လဲလှယ်လိုက်တယ်.
ဒီလိုစွမ်းအားပိုများတဲ့ ကျောက်ရိုင်းတွေထဲမှာ ထိပ်တန်းအဆင့်ကျောက်စိမ်းတွေရှိဖို့ ဖြစ်နိုင်ချေပိုများတယ်လေ. ကုနင်း ထိပ်တန်းအဆင့်ကျောက်စိမ်းတွေအများကြီးကို လူအများကြားထုတ်မပြချင်ပါဘူး. အပြင်မှာတစ်ခုရှိနေပြီးပြီလေ.
သူမ စွမ်းအားများတဲ့ လက်သီးစုပ်နှစ်လုံးအရွယ်ကျောက်ရိုင်းကို ကိုယ်တိုင်ဖြတ်ဖို့ စီစဉ်ထားလိုက်တယ်.
အပြင်မှာတော့ ချန်းချင်းရှန် အပေါ်ခွံအလွှာပါးလေးကို ဖြတ်လိုက်ပြီးတာနဲ့ အစိမ်းရောင်ပေါ်လာတာကြောင့် စိတ်လှုပ်ရှားပြီး လက်တွေတောင်တုန်လာတယ်.
"ဘုရားရေ! တစ်ချက်တည်းဖြတ်ရုံနဲ့ အစိမ်းရောင်ပေါ်လာပြီ! ဘော့စ်မျဉ်းဆွဲထားတာလုံးဝမလွဲဘူးပဲ! မဟုတ်သေးဘူး, ဒါဘော့စ်ရဲ့ ထူးကဲတဲ့စွမ်းရည်ကြောင့်ပဲ. ပထမတစ်ဖြတ်နဲ့တင် အစိမ်းရောင်ပေါ်နေပြီ!" ချန်းချင်းရှန် အလွန်ဝမ်းသာနေတယ်.
ကုနင်း ကျရာကျောက်ရိုင်းကိုရွေးပြီး ကျောက်စိမ်းဖြတ်နိုင်တာကို ကျိုးကျန်းဟုန်မြင်ဖူးထားပေမယ့် ကျောက်စိမ်းထပ်တွေ့ရတော့ အံ့ဩနေရပြန်တယ်.
ဝန်ထမ်းတွေလဲ ကျိုးကျန်းဟုန်ဆီကနေထိုသတင်းကြားထားခဲ့ပေမယ့် ကိုယ်တိုင် ကျောက်စိမ်းကို ဖြတ်မိကြတော့ ထိတ်လန့်သွားကြတယ်.
သူတို့ ဖုန်တွေသဲတွေကို ရေနဲ့ဆေးချပြီးသွားတော့ ကျောက်စိမ်းရဲ့ တကယ့်ပုံစံအမှန်ပေါ်လာခဲ့တယ်. ၎င်းက အလယ်အမြင့်ဆင့် ရေခဲသားကျောက်စိမ်းပဲ. တော်တော်များများ အသက်ပြင်းပြင်းရှူလိုက်မိတယ်.
သူတို့ ကျိုးဖူကျောက်မြတ်ရတနာဆိုင်မှာ နှစ်တွေအကြာကြီးလုပ်ခဲ့ပေမယ့် အလယ်အမြင့်ဆင့်ကျောက်စိမ်းကို တွေ့ခဲပါတယ်. သူတို့အများဆုံးတွေ့ရတာတွေက အဆင့်နိမ့် ဒါမှမဟုတ် အလယ်အဆင့်ကျောက်စိမ်းတွေပါပဲ.
ဒါတွေအပြင် အလယ်အမြင့်ဆင့်ကျောက်စိမ်းတွေကိုတော့ များများစားစားမမြင်ခဲ့ဖူးပါဘူး. ကျိုးဖူကျောက်မြတ်ရတနာလုပ်ငန်းသည် အလယ်အဆင့်နိမ့်အတန်းစား ကုန်ပစ္စည်းတံဆိပ်တစ်ခုဖြစ်ပါတယ်. ဒါကြောင့် အလယ်အမြင့်ဆင့် ဒါမှမဟုတ် အဆင့်မြင့်ကျောက်စိမ်းတွေကို မတတ်နိုင်ပါဘူး.
အလန့်ပြေသွားတော့ ကျန်တဲ့ကျောက်ရိုင်းတွေကို ဆက်ဖြတ်ကြတယ်.
ခနအကြာမှာ ကျိုးကျန်းဟုန် နဲ့ကျန်တဲ့လူတွေ နောက်ထပ်ကျောက်စိမ်းတွေကို ဆက်တိုက်ဖြတ်မိတော့တယ်. နှစ်တုံးက အလယ်အမြင့်ဆင့် ခေါင်ရမ်းသားကျောက်စိမ်းနဲ့ ပန်းရောင်ပဒုမ္မာကြာရိုးကျောက်စိမ်း ဖြစ်ပြီး နောက်တစ်တုံးကတော့ အဆင့်မြင့် ဖန်သားကျောက်အမျိုးအစားဖြစ်တယ်. ထိုသုံးတုံးလုံးကြောင့် သူတို့ထပ်မံထိတ်လန့်ရပြန်တယ်. သူတို့တုန်ရီနေကြပြီး အိမ်မက်တစ်ခုမက်နေတယ်လို့တောင် ခံစားရတယ်.
ကုနင်းထွက်လာတော့ လူတိုင်းသူမကို လေးစားမှုအပြည့်နဲ့ ကြည့်လိုက်ကြတယ်.
"ဘော့စ်, မင်းက နတ်ဘုရားမတစ်ပါးပဲဖြစ်ရမယ်, ဟုတ်တယ်မလား?" ကျိုးရုန် နောက်လိုက်တယ်.
"ငါတော့မထင်ဘူး, နတ်ဘုရားတွေ နတ်ဘုရားမတွေတော် ကျောက်ဖြတ်တိုင်းကျောက်စိမ်းထွက်လာမှာမဟုတ်ဘူး, ငါတို့ဘော့စ်မို့လို့လုပ်နိုင်တာ. ဒါဘော့စ်ရဲ့ အထူးစွမ်းရည်ပဲလို့ ထင်တယ်!" ဝမ်ကျီရုန်က လဲထပ်နောက်လိုက်တယ်.
ကုနင်းလဲ သူတို့နောက်နေမှန်းသိပေမယ့် ထိုသို့လျှောက်ခန့်မှန်းနေတာတွေကို ရပ်ခိုင်းလိုက်ကာ, သတိပေးလိုက်တယ်,
"ကောင်းပြီ, တော်ကြတော့. ဒီမှာဖြစ်တဲ့ကိစ္စတွေကို တခြားသူကိုမပြောရဘူး. ကျွန်မ ဒီကိစ္စတွေကို တခြားလူတွေသိသွားမှာမလိုလားဘူး."
"ကောင်းပါပြီ, ဘော့စ်. ဘာမှစိတ်မပူနဲ့ ကျွန်တော်တို့ ဘယ်သူ့ကိုမှမပြောဘူး." အားလုံးက ကတိပေးလိုက်တယ်.
ထို့နောက် စွမ်းအားအများဆုံး ကျောက်ရိုင်းကို သွေးရန် ကုနင်းထိုင်လိုက်တယ်. ကုနင်းထင်တာမှန်ပါတယ်, ထိုကျောက်ရိုင်းထဲမှာ ထိပ်တန်းအဆင့်ကျောက်စိမ်းရှိနေပြီး အပြာနုရောင်ဖြတ်ပြေးနေတဲ့ အစိမ်းပုပ်ရောင်ဖြစ်တယ်.
အစိမ်းရောင်ဘုရင်ပဲဖြစ်ပါတယ်.
ကုနင်း အသက်ပြင်းပြင်းရှူလိုက်ပြီး နှုတ်မှ, "အစိမ်းရောင်ဘုရင်."
ကုနင်းထိုသို့ပြောလိုကချိန် လူတိုင်းထိတ်လန့်သွားကြတယ်.
"ဘာ? အစိမ်းရောင်ဘုရင်?"
ထိုအချိန်မှာတော့ ကျိုးကျန်းဟုန် စိတ်အေးအေးမထားနိုင်တော့ပါဘူး. ချက်ချင်းပဲ သူလုပ်နေတဲ့ ကျောက်ရိုင်းကို ချထားခဲ့ကာ ကုနင်းထံပြေးတော့တယ်.
တခြားသူတွေထက် ကျောက်ဖြတ်လက်စ ချန်းချင်းရှန်ရော, ဝမ်ကျီရှန် နဲ့ ကျိုးရုန်တို့ပါ ပြေးသွားကြကာ လဲတောင်ကျတော့မလိုပဲ! ဘယ်သူမှ သူတို့စိတ်လှုပ်ရှားနေတာကို အပြစ်မတင်ပါဘူး. အစိမ်းရောင်ဘုရင်ဆိုတာ ကျောက်စိမ်းတွေရဲ့ဘုရင်ပဲ. တစ်ခါမြင်ရဖို့ဆိုတာ အရမ်းကို ရှားပါးပါတယ်.
ကုနင်းလက်ထဲက အစိမ်းရောင်ဘုရင်အစစ်ကို သူတို့မြင်လိုက်ကြတော့ လူတိုင်းအသက်ရှူတောင်ရပ်တော့မလိုဖြစ်ကုန်တယ်. ဒါ အစိမ်းရောင်ဘုရင်ပဲ! အစိမ်းရောင်ဘုရင်!
"ကုမ္ပဏီတရားဝင်မဖွင့်ခင် အစိမ်းရောင်ဘုရင်နဲ့ ကျွန်တော်တို့ တံဆိပ်ကိုကြေညာလို့ရတယ်. သေချာပေါက် ဝယ်သူတွေစိတ်ဝင်စားကြမှာ." ကုနင်းပြောလိုက်တယ်.
လူတိုင်းသဘောတူလိုက်ကြတယ်.
အစိမ်းရောင်ဘုရင်ရဲ့ သတင်းသာထွက်သွားခဲ့ရင် မြို့တော်Gရဲ့ ကျောက်မြတ်ရတနာလုပ်ငန်းရှင်တွေတောင်မှ မဖိတ်ခေါ်ဘဲ ရောက်လာကြလိမ့်မယ်. သူတို့ကုမ္ပဏီကြီး ဘယ်လောက်ကြီးကြီး ကိုယ်ပိုင် အစိမ်းရောင်ဘုရင်မရှိကြဖို့ကများတယ်.
Jade-Beautyသည် အဆင့်မြင့်ကျောက်မြတ်ရတနာတံဆိပ်တစ်ခုဖြစ်လာဖို့ရည်ရွယ်ထားပေမယ့် အစမှာတော့ ဆိုင်အသေးလေးကနေပဲ စတင်ရမှာပါ. သူတို့ရဲ့ဖွင့်ပွဲအခမ်းအနားမှာ ကုမ္ပဏီကြီးတွေကို မဖိတ်ခေါ်နိုင်ရင် သူတို့ကုမ္ပဏီကြော်ကြားလာဖို့ သိပ်မဖြစ်နိုင်ပါဘူး. တကယ်လို့ သူတို့ဖိတ်ရင်တောင် ထိုကုမ္ပဏီကြီးတွေက လာချင်မှလာကြမှာပါ. ဒါကြောင့် သူတို့ကို လာချင်အောင် ဆွဲဆောင်ဖို့လိုပါတယ်.
ဖွင့်ပွဲအခမ်းအနားကို ကျော်ကြားပြီး ခိုင်မာခွန်အားကြီးတဲ့ ကုမ္ပဏီကြီးတွေများများလာလေ သူတို့ရဲ့ Jade-Beautyတံဆိပ်က အချိန်တိုတွင်း လူသိများလာလေဖြစ်မှာပါ. ဒါကလဲ သူတို့လိုချင်တာနဲ့ တစ်ထပ်တည်းပါပဲ.
ကုနင်း ဆရာကြီးဖူနဲ့ ဆရာကြီးယန်တို့ကိုလဲ ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်.
သူမှာ ထိုသူနှစ်ယောက်ကဲ့သို့လေးစားရတဲ့လူတွေကို ဖိတ်ခေါ်ဖို့ သူမမှာ ဩဇာအာဏာအပြည့်အဝမရှိသေးပေမယ့် သူတို့လာမယ်လို့တော့ ယုံကြည်မှုအပြည့်ရှိပါတယ်. ပြီးတော့ အစိမ်းရောင်ဘုရင် ဒီမှာရှိနေတယ်ဆိုတာ ကြားလိုက်တာနဲ့ သေချာပေါက်ကိုလာကြမှာပါ.
သူတို့ကိုမပြောလို့ သူမကိုအပြစ်တင်နိုင်ပါတယ်! ဒါကြောင့် သူတို့ကိုယ်တိုင်မသိခင် သူမကိုယ်တိုင်အရင်ပြောပြီးဖိတ်ဖို့ ကုနင်း ရည်ရွယ်ထားပါတယ်.
အားလုံး သူတို့အလုပ်တွေပြီးသွားကြတော့ ညနေ၆နာရီတောင်ရှိပြီဖြစ်ကာ ညစာစားချိန်ရောက်ပါပြီ. ကုနင်း ကျောက်စိမ်းကို အာမခံအခန်းမှာထားဖို့ သူတို့ကိုမှာလိုက်ပြီး မနက်ဖြန်မှဆက်လုပ်ရန်ပြောလိုက်တယ်.
ကျိုးကျန်းဟုန်က စားသောက်ဆိုင်တစ်ဆိုင်မှာ ကြိုတင်ချိန်းထားကာ အားလုံးအတူစားဖို့ပြောပေမယ့် ကုနင်းက သူမသူငယ်ချင်းနဲ့ အစည်းအဝေးလုပ်ဖို့ရှိတယ်ဆိုပြီး ငြင်းလိုက်တယ်. ကုနင်း သူတို့ကို ကိုယ့်ဘာသာသွားစားကျပြီး ကုန်ကျစားရိတ်ကိုသူမပြန်ပေးမယ့်အကြောင်းပြောလိုက်တယ်.
................Book 8 Part116End..............
ဖီးနစ်သွေးစက်
အခန်း ၁၁၇ ငယ်ရွယ်ပြီး အရည်အချင်းရှိတယ်
ဘာသာပြန်သူ - Charm.Y
ကုနင်း သူတို့နဲ့ညစာမစားချင်လို့မဟုတ်ပေမယ့် သူတို့က အလုပ်သမားတွေနဲ့ ဘော့စ်တစ်ယောက်ဖြစ်တယ်. ပြီးတော့ ကုနင်းက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်. ဒါကြောင့် ဒီလိုအရွယ်ရောက်ပြီးသား ယောကျ်ားတွေအများကြီးနဲ့ အပြင်ထွက်စားဖို့က သူမအတွက်မသင့်တော်ပါဘူး.
ဒါကြောင့် ကျိုးကျန်းဟုန်ကိုပဲ သူမစားဖို့ မြို့ထဲလိုက်ပို့ခိုင်းလိုက်တော့ ကျန်တဲ့လူတွေလဲ သဘောတူလိုက်ကြတယ်.
မြို့ထဲသို့သွားနေရင်းလမ်းမှာ, ကုနင်း ဆရာကြီးဖူထံဖုန်းဆက်လိုက်ပြီး သူနဲ့ တွေ့ချင်တာကြောင့် မနက်ဖြန်အားလားလို့ မေးလိုက်တယ်. ဆရာကြီးဖူလဲ ကုနင်း မြို့တော်Gကိုရောက်နေမှန်းသိတော့ ဝမ်းသာသွားတယ်. သူ မြန်မြန်ပဲ ဖိတ်ခေါ်ချက်ကိုလက်ခံလိုက်ကာ ကုနင်းကို ကူညီစရာရှိရင်ကူညီပေးမယ်လို့ ကတိပေးလိုက်သည်. ပြီးတော့ ကျောက်အလောင်းအစားလမ်းမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပြန်စဉ်းစားမိသွားတော့ ကုနင်းကိုတိုင်တန်းတော့တယ်. ပထမတော့ ထိုကျောက်အလောင်းအစားလမ်းက ကုနင်းကို တွေးလိုက်ပေမယ့် ထိုအမျိုးသမီးက အရွယ်ရောက်ပြီးသားဖြစ်နေခဲ့တယ်.
ပြီးတော့ ဆရာကြီးပိုင်က သူ့ရှေ့လာကြွားတဲ့အကြောင်းကိုလဲ ထပ်တိုင်လိုက်သေးတယ်. ဒီနေ့ အပြင်သွားဖို့ ငြင်းမိတဲ့အတွက်လဲ စိတ်လဲတိုသလို နောင်တလဲ ရနေမိတယ်. ကုနင်းမနေနိုင်ပဲ ရယ်လိုက်မိကာ,
"အဘိုးဖူလဲ အဲ့ဒီအမျိုးသမီးက အဖိုးနဲ့လဲသိပြီး နောက်ထပ်ပိုတန်ဖိုးကြီးတဲ့ ကျောက်စိမ်းတွေထပ်ရှိနေသေးတယ်လို့ပြောလိုက်ပေါ့. ဒီလိုဆို အဘိုးလဲ ကြွားလို့ရသွားပြီ."
"ငါ အဲ့အမျိုးသမီးကိုမသိဘူးလေ! သူသာ မင်းပဲဆိုရင် ကြွားလိုက်ပြီးနေပြီ." ဆရာကြီးဖူမကျေမနပ်နဲ့ပြန်ပြောလိုက်တယ်.
"တကယ်တော့ အဲ့ဒီအမျိုးသမီးက ကျွန်မပါပဲ." ကုနင်း တုံ့ဆိုင်းခြင်းမရှိအမှန်အတိုင်းပြောလိုက်တယ်.
ကုနင်းမှာ ကိုယ်ပိုင်အစီအစဉ်ရှိတာကြောင့် ဆရာကြီးဖူကို ဖုံးကွယ်မနေတော့ပါဘူး. သေချာပေါက် ဆရာကြီးဖူကို စိတ်မနာစေချင်တာလဲပါတာပြီး ဆရာကြီးဖူကနေတစ်ဆင့် သူမရဲ့အဆက်အသွယ်တွေတိုးပွားလာအောင်လုပ်ချင်ရုံပါ.
"ဘာ?"
ထိုစကားကိုကြားတော့ ဆရာကြီးဖူ လုံးဝထိတ်လန့်သွားကာ သူ့နားသူတောင်မယုံနိုင်ပဲ ထပ်မေးလိုက်တယ်,
"ဒီတော့ အဲ့ဒီအမျိုးသမီးက မင်းကိုပြောချင်တာလား?"
"ဟုတ်ပါတယ်, ကျွန်မကို မမှတ်မိစေချင်လို့ တမင်ပုံစံပြောင်းထားတာ. အဘိုးကိုမပြောဘူးဆိုတာလဲ ငွေအရမ်းလိုနေပြီး အချိန်လဲမရှိလို့ပါ. စိတ်မဆိုးပါနဲ့နော်, အဘိုးဖူ." ကုနင်း ရှင်းပြလိုက်တယ်.
အစမှာတော့ ဆရာကြီးဖူ တကယ်ကိုဒေါသထွက်သွားပေမယ့် ကုနင်းရှင်းပြပြီးမှာတော့ သူမကို အပြစ်မတင်ချင်တော့ဘူး.
"ဒီလိုဆိုလဲ ခွင့်လွှတ်ပေးရမှာပေါ့!" ဆရာကြီးဖူပြန်ပြောလိုက်တယ်.
ခွင့်လွှတ်ခံပြီးရပေမယ့် ကုနင်းနည်းနည်းစိုးရိမ်နေသေးကာ,
"ဒါပေမယ့် ဒီနေ့အဘိုးယန်လဲ ရှိနေပေမယ့် ကျွန်မဘယ်သူဆိုတာ ဖုန်းကွယ်ချင်တာကြောင့် မနှုတ်ဆက်ခဲ့လိုက်ရဘူး. ဒီအကြောင်းသာသိသွားရင် ကျွန်မကို စိတ်ဆိုးသွားမှာကြောက်တယ်."
"ဟ-ဟ, ဟ-ဟ, သေချာတာပေါ့, အဲ့ဒီအမျိုးသမီးက မင်းဆိုတာသာသိရင် သေချာပေါက်စိတ်ဆိုးသွားလိမ့်မယ်." ဆရာကြီးဖူမှာ ကုနင်းနဲ့ ဆရာကြီးယန်ကြားဖြစ်မယ့်ပြဿနာကို တွေးတွေးပြီးရယ်နေတယ်.
"ဒီလိုဆို, ဆရာကြီးပိုင်ကို ကြွားလို့ရမယ့်အပြင် ဆရာကြီးယန်ကိုပါ စိတ်တိုအောင်လုပ်လို့ရပြီပေါ့, ဟ-ဟ." ဆရာကြီးဖူ စိတ်လှုပ်ရှားစွာနဲ့ အော်ရယ်နေတော့တယ်.
ခနကြာတော့မှ, သူထပ်မေးလိုက်တယ်,
"မင်းမှာ ခရမ်းရင့်ရောင်ကျောက်စိမ်းထက် ပိုတန်ဖိုးကြီးတဲ့ကျောက်စိမ်းတကယ်ရှိတာလား?"
"ရှိတာပေါ့, ဒါပေမယ့်အခုတော့မပြောပြသေးဘူး." ကုနင်းပြန်ဖြေလိုက်ပေမယ့် အစိမ်းရောင်ဘုရင်အကြောင်းကိုတော့ လောလောဆယ်မပြောပြသေးပါဘူး.
"ကောင်းပြီလေ, စောင့်နေမယ်." ဆရာကြီးဖူ ကုနင်း ခရမ်းရင့်ရောင်ကျောက်ထပ်ပိုတန်ဖိုးရှိတဲ့ကျောက်ကို ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်.
ကုနင်းဖုန်းချလိုက်ပြီး ကျိုးကျန်းဟုန်ဘက်လှည့်ကာ,
"ဦးလေးကျိုး, ဟွမ်းဒင်ဟိုတယ်မှာ သီးသန့်ခန်းတစ်ခန်းမှာထားပေးပါ. ရှင့်ကို တစ်ယောက်ယောက်နဲ့ တွေ့ဖို့ခေါ်သွားချင်လို့. သူက ကျွန်မတို့ကုမ္ပဏီမှတ်ပုံတင်တာကို ကူညီပေးလိမ့်မယ်."
"ကောင်းပါပြီ, ဘော့စ်." ကျိုးကျန်းဟုန် ပြန်ဖြေလိုက်ပေမယ့် ထိုလူက ဘယ်သူလဲဆိုတာတော့ မမေးပါဘူး.
ထိုအချိန်မှာပဲ ဆရာကြီးဖူမှာ ကုနင်းဖုန်းချလိုက်တာနဲ့ တစ်ပြိုင်နက် ဆရာကြီးပိုင်ထံဖုန်းလှမ်းဆက်တော့တယ်.
"ဟေး, ဆရာကြီးဖူ. ဘာကိစ္စလဲ? ငါ့ရဲ့ခရမ်းရင့်ရောင်ကျောက်စိမ်းလေးကို ကြည့်နေတဲ့အချိန် စိတ်အနှောင့်အယှက်မပေးစမ်းပါနဲ့. ဒါနဲ့ ဒီခရမ်းရင့်ရောင်ကျောက်စိမ်းလေးက တော်တော်လှတာနော်!" ဆရာကြီးပိုင်ဖုန်းကိုကိုင်ပြီးပြီးချင်ပဲ ဗြောင်ဗြောင်ကျကျကို ကြွားတော့တယ်.
သို့ပေမယ့် ဒီတစ်ခေါက်မှာတော့ ဆရာကြီးဖူက စိတ်မဆိုးတော့ဘဲ အဓိပ္ပါယ်ပါပါနဲ့ မေးခွန်းတစ်ခုထုတ်လိုက်တယ်,
"ဆရာကြီးပိုင်, ကျောက်အလောင်းအစားလမ်းက အမျိုးသမီးရဲ့စွမ်းရည်ကို ခင်ဗျားဘယ်လိုမြင်လဲ?"
ဆရာကြီးဖူရဲ့ မေးခွန်းက ဘာကိုရည်ရွယ်လဲ ဆရာကြီးပိုင်နားမလည်ပေမယ့် ထိုအမျိုးသမီးအကြောင်းကိုတော့ စိတ်ဝင်စာမိတာကြောင့်,
"သူက တော်ပါတယ်. ကျွမ်းကျင်ပညာရှင်တွေတောင်မှ တစ်ကြိမ်တည်းနဲ့ ကျောက်စိမ်း၄တုံးရအောင်မဖြတ်နိုင်ဘူး!"
"ဟ-ဟ! ကောင်မလေးကုက သေချာပေါက် ထူးချွန်တာပေါ့. အရင်တစ်ပတ်တုန်းကလဲ ကျောက်စိမ်းတွေအများကြီးဖြတ်နိုင်ခဲ့သေးတယ်. ဒီနေ့လဲ ထပ်ပြီးအများကြီးရခဲ့တယ်. ဒါပေမယ့် သူက နောက်တစ်ခါ ခရမ်းရင့်ရောင်ကျောက်စိမ်းထက်ပိုကောင်းတာရရင် ငါ့ကိုအရင်ပြောမယ်လို့ ပြောလိုက်တယ်. ဒီတော့ ခင်ဗျားရဲ့ ခရမ်းရင့်ရောင်ကျောက်စိမ်းကို ကျုပ်ဂရုစိုက်စရာအကြောင်းမရှိတော့ဘူး." ဆရာကြီးဖူ ဂုဏ်ယူစွာနဲ့ပဲ သူနဲ့ ကုနင်းကြားက ရင်းနှီးမှုကို ကြွားဝါလိုက်တယ်.
"နေဦး, နေဦး, ခင်ဗျားဘာပြောလိုက်တယ်? ဒီအမျိုးသမီးရဲ့နာမည်က ခင်ဗျားအရင်ကပြောဖူးတဲ့ ကုနင်းတဲ့လား, ဒါပေမယ့် ဆရာကြီးယန်က သူ့ကိုမမှတ်မိဘူးလေ!?" အမှန်တရာကိုသိတော့ ဆရာကြီးပိုင်အံ့ဩသွားကာ မယုံနိုင်ဖြစ်သွားတယ်.
ဟုတ်တာပေါ့! ဆရာကြီးယန်က ကုနင်းကိုသိပေမယ့် မမှတ်မခဲ့ဘူးလေ. ဆရာကြီးပိုင်စိတ်လှုပ်ရှားနေတယ်ဆိုတာလဲ ဆရာကြီးဖူနဲ့ ဆရာကြီးယန်တို့က သူ့အပေါ်ထိုမိန်းကလေးက ဘယ်လောက်အထင်ကြီးစရာကောင်းတဲ့ အကြောင်းတွေ အကြိမ်ပေါင်းများစွာ ပြောပြထားလို့ပါ. မဟုတ်ရင် သူစိမ်းတစ်ယောက်ကို သူစိတ်ဝင်စားလေ့မရှိပါဘူး.
ဒီကုနင်းဆိုသူကတော့ ငယ်ရွယ်ပေမယ့် အရည်အချင်းတော်တော်ရှိတယ်. သူမ ကျောက်စိမ်းတွေအများကြီး ဖြတ်နိုင်ခဲ့ရုံတင်မကဘဲ ရှေးဟောင်းပစ္စည်းအစစ်နှစ်ခုကိုပါ ရွေးနိုင်ခဲ့သေးတယ်.
သူမရဲ့ အရည်အချင်းက လုံးဝကို သာမာန်မဟုတ်ဘူး!
ပြီးတော့ ကုနင်းက ဆရာကြီးဖူကို နောက်တစ်ခါ ကျောက်စိမ်းကောင်းရရင် အရင်ပြောမယ့်အကြောင်းပြောလိုက်တော့ ဆရာကြီးပိုင် ပိုလို့တောင် မနာလိုဖြစ်သွားတယ်.
ထိုကျောက်စိမ်းတွေအကြောင်းပြန်တွေးမိတော့ ဆရာကြီးပိုင်ပျော်လဲပျော်သွားရပြန်တယ်. ထိုသို့အဆင့်မြင့်ကျောက်စိမ်းတွေက ရှာရခက်ပေမယ့် ကုနင်းရဲ့အရည်အချင်းကိုတော့ သူယုံကြည်တယ်.
မဟုတ်သေးဘူး! ဆရာကြီးပိုင် ထိုကောင်မလေးနဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်. ဆရာကြီးဖူတစ်ယောက်တည်း ထိပ်တန်းအဆင့်ကျောက်စိမ်းတွေ ရသွားမှာမျိုး သူခွင့်မပြုနိုင်ပါဘူး.
"ဟုတ်တယ်! သူ့ကို မမှတ်မိစေချင်တာကြောင့် ပုံစံပြောင်းထားတာ! ဟုတ်ပြီ, ငါအခုလမ်းလျှောက်ထွက်ရဦးမယ်. ကောင်မလေးကုက မြို့တော်Gကို သိပ်လာဖြစ်တာမဟုတ်ဘူး. မနက်ဖြန်မနက်ကျရင် ငါနဲ့ မနက်စာစားဖို့ သူဖိတ်ထားတယ်. အဲ့လိုကိစ္စမျိုးက ငြင်းလို့မဖြစ်ဘူးလေ, ဟုတ်တယ်မလား?" ဆရာကြီးဖူ ဝင့်ကြွားစွာနဲ့ ပြောရင်း ဖုန်းကို တန်းချပစ်လိုက်တယ်.
တကယ်တော့ ကုနင်း သူ့ကို ဘာကြောင့် အမှန်ပြောမှန်းသိပေမယ့် သူဂရုမစိုက်ပါဘူး. သူ့မှာ သူမကို အထင်ကြီးပြီးသားအမြင်ရှိပြီးဖြစ်တယ်လေ. ပြီးတော့ သူမှာ အရည်အချင်းကောင်းလဲရှိတာကြောင့် သူမနဲ့ မိတ်ဆွေဖြစ်ပြီး ကူညီထောက်ပံ့ပေးဖို့ လိုလားပါတယ်.
ဆရာကြီးပိုင် ဘာမှမပြောရသေးခင်မှာပဲ ဆရာကြီးဖူဘက်က ဖုန်းချသွားပြီဖြစ်တယ်. ဒါကြောင့် ဆရာကြီးပိုင် ဒေါသထွက်သွားကာ သူ့ဖုန်းကိုတောင် ကြမ်းပေါ်ပစ်ပေါက်ခွဲမိတော့မတတ်ဖြစ်သွားရတယ်.
................Book 8 Part117End..............
ဖီးနစ်သွေးစက်
အခန်း ၁၁၈ အရင်ကအကြောင်းလေးတွေ
ဘာသာပြန်သူ - Charm.Y
သူချက်ချင်းပြန်ခေါ်လိုက်ပေမယ့် ဆရာကြီးဖူက ဖုန်းပြန်မဖြေတော့ပါဘူး. ဆရာကြီးပိုင်မကျေမနပ်နဲ့ ဧည့်ခန်းထဲ အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန် ပတ်လျှောက်နေတယ်.
"အဖေ, ဘာဖြစ်နေတာလဲ?" သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အောက်ထပ်ကို ဆင်းလာရင်း ဆရာကြီးပိုင် ဧည့်ခန်းထဲမှာ ဟိုလျှောက်ဒီလျှောက်ဖြစ်နေတာကြောင့်မေးလိုက်တယ်.
ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားကတော့ ကုနင်းဒီနေ့တွေ့ခဲ့တဲ့လူဖြစ်ပါတယ်. ဥက္ကဌပိုင်လို့ခေါ်ကြတဲ့ ဆရာကြီးပိုင်ရဲ့သား ပိုင်လင်းဝေ့ပဲဖြစ်ပါတယ်.
"ဒီနေ့တွေ့ခဲ့တဲ့ အမျိုးသမီးက ဆရာကြီးဖူပြောပြောနေတဲ့ ကောင်မလေးကုနင်းတဲ့. ဆရာကြီးဖူနဲ့ ဆရာကြီးယန် ငါ့ကို အဲ့ကလေးမအကြောင်းအခေါက်ပေါင်းမနည်းပြောဖူးတယ်. ပြီးတော့ အဲ့ကောင်မလေးက နောက် ကျောက်စိမ်းကောင်းတွေ့ရင် ဆရာကြီးဖူကို အရင်ပြောပြပေးမယ်လို့တောင်ပြောသေးတယ်တဲ့! ခရမ်းရင့်ရောင်ကျောက်ထက်ပိုကောင်းတဲ့ကျောက်ဆို ထိပ်တန်းအဆင့်ကျောက်စိမ်းပြရှိတော့တယ်! ထိပ်တန်းကျောက်စိမ်းကွ!" ဆရာကြီးပိုင် ဒေါသတကြီးနဲ့ကို ပြောနေတော့တယ်.
မသိရင် ထိုထိပ်တန်းကျောက်စိမ်းကို သူလက်လွှတ်ပြီးခဲ့တဲ့ပုံနဲ့.
"ဘာ? အဲ့အမျိုးသမီးက ဦးလေးဖူပြောပြောနေတဲ့ ကောင်မလေး,ဟုတ်လား? ဦးလေးယန်က ဘယ်လိုလုပ်မမှတ်မိတာလဲ?" ပိုင်လင်းဝေ့လဲ အံ့ဩသွားတယ်.
ပိုင်လင်းဝေ့ ကုနင်းအကြောင်းအများကြီးကြားဖူးထားပြီး သူမကိုလေးစားမိကာ သူမအကြောင်းလဲပိုသိချင်နေခဲ့တယ်.
"ဆရာကြီးဖူပြောတာတော့ သူ့ကိုမမှတ်မိအောင် ရုပ်ဖျက်ထားတာတဲ့. ဒါကြောင့် ဆရာကြီးယန်တောင် သူ့ကိုမမှတ်မိတာ. အဲ့ကောင်မလေးက မနက်ဖြန် ဆရာကြီးဖူနဲ့ အတူစားဖို့တောင်ချိန်းထားသေးတယ်. ငါလဲသွားချင်တယ်! ဆရာကြီးဖူကို ငါ့ထက်အရင် ကျောက်စိမ်းရသွားတာမျိုး မဖြစ်စေချင်ဘူး." ဆရာကြီးပိုင်ပြောလိုက်တယ်.
ဒါပေမယ့် ဆရာကြီးဖူက သူ့ဖုန်းကိုတောင် မကိုင်တော့တာ. သူဘာလုပ်သင့်လဲ? အိုး, ဆရာကြီးယန်ကို ဖုန်းခေါ်ကြည့်ရမယ်.
ဒါကြောင့် ဆရာကြီးပိုင် ချက်ချင်းပဲ ဆရာကြီးယန်ဆီဖုန်းခေါ်လိုက်တယ်.
ကုနင်းကလဲ ဆရာကြီးဖူနဲ့ဖုန်းပြောပြီးတာနဲ့ ချက်ချင်း ဆရာကြီးယန်ကို ဖုန်းခေါ်ခဲ့တယ်. သူမဘက်ကအရင်မပြောပြဘူးဆိုင်ရင် မယဉ်ကျေးရာရောက်မယ်လို့ တွေးမိတာကြောင့်ပါ.
ဆရာကြီးယန်လဲ ဒီနေ့သူတွေ့ခဲ့တဲ့ အမျိုးသမီးက ကုနင်းဆိုတာသိလိုက်တော့ ထိတ်လန့်အံ့ဩသွားတယ်. ပြီးတော့ တစ်ဆက်တည်းနဲ့ ကျောက်စိမ်း၄တုံးဖြတ်နိုင်တဲ့ သူမရဲ့အရည်အချင်းကြောင့်လဲ ထိတ်လန့်သွားပြီး သူမပုံစံကလဲ လုံးဝပြောင်းလဲနေတယ်. ဒါပေမယ့် ကုနင်းရဲ့ရှင်းပြချက်ကိုနားထောင်ပြီးချိန်မှာတော့ အပြစ်မတင်တော့ပါဘူး.
ဆရာကြီးပိုင် ဆရာကြီးယန်ဆီကိုဖုန်းခေါ်လိုက်တော့ ဆရာကြီးယန်ကိုလဲ ကုနင်းကု ဖိတ်ခေါ်ခဲ့တယ်ဆိုတာသိလိုက်ရတယ်. ဒါကြောင့် သူ့ကိုပါ ဆရာကြီးယန်တို့နဲ့အတူ ခေါ်သွားဖို့တောင်းဆိုလိုက်တော့ ဆရာကြီးယန်ဘက်ကသဘောတူလိုက်တယ်.
ကုနင်း အခုချိန်မှာ အမဲသားစတိတ်ခ်စားချင်စိတ်ပေါ်နေတာကြောင့် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်ကို သွားလိုက်တယ်.
ထိုအချိန်မှာပဲ လီကျန်းကျန်းနဲ့ အမျိုးသမီးငယ်တစ်ယောက်သည် ဆိုင်ထဲတွင် စကားပြောနေကြတယ်. ကုနင်း ဝင်လာတာကို လီကျန်းကျန်းမြင်လိုက်တော့ ဒေါသထွက်သွားကာ လန့်လဲလန့်သွားတယ်.
ကုနင်း ဘယ်လိုလုပ်မြို့တော်Gကိုရောက်လာတာလဲ? သူမကို လက်စားလာချေမလို့လား?
လီကျန်းယွီ ကုနင်းနောက်ကြောင်းတွေကို စုံစမ်းပြီးခဲ့ပါပြီ. သူမက သာမာန်ဆင်းရဲတဲ့ မိသားစုက အမေတစ်ယောက်ပဲရှိတယ်လို့ သိခဲ့ရတယ်. သူမက စာလဲမတော်သလို ဆွေမျိုးတွေကလဲ မကြိုက်ကြဘူးလို့ သိရပေမယ့် သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတာတွေနဲ့ စုံစမ်းခဲ့တာတွေက လုံးဝကို ကွဲပြားနေခဲ့သည်.
ကုနင်းက သူတို့အမြင်မှာတော့ ကျောက်အလောင်းအစားလုပ်ရမှာ ပါရမီရှိပြီး ယွမ်သန်းရာနှင့်ချီချမ်းသာသူတစ်ယောက်ဖြစ်နေတယ်. ပြီးတော့ အတိုက်အခိုက်မှာလဲတောင်သေးကာ လူတွေအများကြီးကို ရိုက်နိုင်ပြီး ကိုယ်တိုင် ဆေးရုံတောင်ပို့ပေးခဲ့သေးတယ်.
ဒါကြောင့် ကုနင်းက ခန့်မှန်းလို့မရအောင် ဆန်းကြယ်တဲ့သူတစ်ယောက်ပဲ. လီကျန်းကျန်းမှာလဲ လီကျန်းယွီစုံစမ်းသိရှိခဲ့တာတစ်ခုတည်းနဲ့ စိတ်ချမထားရဲပါဘူး.
ကုနင်းမှာ သက်သေမရှိတာကြောင့် သူမကိုတရားစွဲမှာတော့မကြောက်ပေမယ့် ကိုယ်တိုင်လက်စားလာချေမှာကိုတော့ တကယ်စိုးရိမ်မိတယ်.
"ကျန်းကျန်း, ဘာဖြစ်လို့လဲ?" လီကျန်းကျန်း မျက်နှာအမူအရာပြောင်းလဲသွားတာကို မြင်တော့ သူမဘေးက လှပတဲ့ မိန်းမပျိုလေးကမေးလိုက်တယ်. သူမကတော့ လီကျန်းကျန်းရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ ဆုကျင်းပါ.
"ဘာမှမဖြစ်ပါဘူး." ဆုကျင်းရဲ့စကားသံကြားတော့မှ လီကျန်းကျန်းအတွေးလွန်နေရာမှ သတိပြန်ဝင်လာခဲ့တယ်.
သူမနဲ့ ဆုကျင်းက သူငယ်ချင်းကောင်းတွေဆိုရင်တော်မှ ကုနင်းအကြောင်းကိုမပြောပြပါဘူး. ဒါက အရမ်းအရှက်ရစရာကောင်းတာကြောင့် သူမမျက်နှာပျက်ရတဲ့အဖြစ်မျိုး မလိုချင်ပါဘူး. လီကျန်းကျန်း ကုနင်းမမြင်အောင်ပုန်းကွယ်နေလိုက်ပေမယ့် ကုနင်းကတော့ သူမကို သတိထားမိသွားပါတယ်. ပြီးတော့ အရင်တစ်ခေါက်ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး လီကျန်းကျန်းကိုလွှတ်ပေးဖို့ ကုနင်းမှာစိတ်ကူးမရှိပါဘူး. သူမကိုသတ်မှာတော့မဟုတ်ပေမယ့် သေချာပေါက် ညှင်းပန်းနှိပ်စက်ပြမှာပါ.
ကုနင်းသာ အားနွဲ့တဲ့မိန်းကလေးတစ်ယောက်ဆို အရင်တစ်ခေါက်တုန်းက သူမဖျက်စီးခံလိုက်ရပြီ. ဒါကြောင့် လီကျန်းကျန်းကိုမြင်တာနဲ့ အကြည့်တွေအေးစက်သွားကာ တန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်.
"အိုး, ဒါမိန်းကလေးလီမဟုတ်လား? တိုက်ဆိုင်လိုက်တာ! ကျွန်မ ရှင်နဲ့အရင်ကအကြောင်းလေးတွေပြောချင်နေခဲ့တာ. ဒီမှာတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး." ကုနင်း ကြင်နာတတ်တဲ့အပြုံးလေးချိန်ဆွဲပြီး အဓိပ္ပါယ်ပါပါပြောလိုက်တယ်. တခြားသူတွေကတော့ သူမတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေဖြစ်လိမ့်မယ်လို့ ထင်ကြမှာပေမယ့် လီကျန်းကျန်းကတော့ ကုနင်းဘာကိုဆိုလိုချင်လဲဆိုတာ ရှင်းရှင်းလင်းလင်းသိပါတယ်.
ကုနင်း သူမကို ထိခိုက်အောင်လုပ်တော့မယ်!
လီကျန်းကျန်း ထိတ်လန့်နေတဲ့စိတ်ကို ကြိုးစားထိန်းချုပ်ရင်း အေးဆေးပဲပြန်ပြောလိုက်တယ်,
"မိန်းကလေးကု နဲ့ ကျွန်မသိပ်မှမသိကြတာ. ကျွန်မကတော့ စကားပြောစရာလိုမယ်လို့မထင်ဘူး."
"ကျွန်မတို့ ကောင်းကောင်းမရင်းနှီးပါဘူး. ဒါပေမယ့် ကျွန်မတို့နှစ်ယောက်ကြားဖြစ်ခဲ့တာတွေကိုတော့ မေ့လို့မရနိုင်ဘူးလေ, ဟုတ်တယ်မလား?" ကုနင်း တမင်ထပ်ပြောလိုက်တယ်.
လီကျန်းကျန်း တောင့်ခဲသွားတယ်. ကုနင်းဘာကိုပြောလဲဆိုတာ သေချာနားလည်ပေမယ့် စိတ်အေးနေသလိုဟန်ဆောင်ပြီး ငြင်းလိုက်တယ်,
"ရှင်ဘာတွေပြောနေတာလဲမသိဘူး. ကျေးဇူးပြုပြီး ထွက်သွားပေးပါ မိန်းကလေးကု."
"ကိစ္စမရှိပါဘူး. ကျွန်မက အသိပေးရုံပဲ. ကောင်းပြီလေ, ကျွန်မလဲ အခုညစာစားရတော့မှာ. အိုး, ဒါနဲ့ ရင်းနှီးတဲ့သဘောနဲ့ သတိပေးလိုက်မယ်နော်. ကိုယ့်ကိုကိုယ်ဂရိုစိုက်နေပါ, မိန်းကလေးလီ." ကုနင်း ထိုသို့ပြောပြီးတာနဲ့ တန်းထွက်သွားလိုက်တယ်.
လီကျန်းကျန်းပုံစံက အလွန့်အလွန် မကျေမနပဖြစ်နေကာ သူမတစ်ကိုယ်လုံးလဲ ဒေါသရယ် အကြောက်တရားရယ်ကြောင့် တုန်လှုပ်နေလေတယ်. ကုနင်းက သေချာပြောခဲ့တာပဲ. သူမကို ဂရုစိုက်ဖို့သတိပေးတယ်ဆိုကတည်းက သူမကို ထိခိုက်အောင်တစ်ခုခုပြန်လုပ်တော့မှာသေချာနေပြီ.
"ကျန်းကျန်း, ဘာတွေဖြစ်နေတာလဲ? သူကကောဘယ်သူလဲ?" သူမတို့နှစ်ယောက်ပုံက သိပ်အဆင်မပြောတာကို ဆုကျင်းသတိထားမိလိုက်တယ်. လီကျန်းကျန်းကလဲ ထိုတစ်ယောက်ကို ကြောက်နေပုံပဲ.
ဒီကိစ္စသိပ်တော့ မရိုးဘူး!
"ငါတို့ မရင်းနှီးပါဘူး. အရင်တုန်းကလဲ နည်းနည်းကတောက်မစဖြစ်ခဲ့ဖူးရုံပါ." လီကျန်းကျန်းအမှန်ကိုပြောတာပေမယ့် အတိအကျတော့မပြောလိုက်ဘူး.
ဆုကျင်းလဲ အရမ်းသိချင်နေပေမယ့် လီကျန်းကျန်းက ပြောပြချင်စိတ်မရှိတာကြောင့် သူမလဲ ဆက်မမေးတော့ဘူး. သူမတို့က သူငယ်ချင်းကောင်းဆိုပေမယ့် လျှို့ဝှက်ချက်မရှိရဘူးလို့တော့ မဆိုလိုပါဘူး.
လီကျန်းကျန်းစားချင်စိတ်ပျောက်သွားပေမယ့် တော်သေးတာက သူတို့လဲ စားပြီးလုနီးနီးဖြစ်နေပြီ. သောကတွေရှိလာတာကြောင့် လီကျန်းကျန်းအိမ်ကိုမြန်မြန်ပြန်ချင်လာ၍ ဆုကျင်းကို မြန်မြန်စားရန် အတင်းတိုက်တွန်းနေတော့တယ်.
လီျန်းကျန်း စားသောက်ဆိုင်ထဲက ထွက်တာနဲ့ ဆုကျင်းကို နှုတ်ဆက်ကာ အိမ်ကိုချက်ချင်းပြန်သွားတော့တယ်.တယ်.
စားပြီးသွားတော့ ကုနင်းလဲ တိုက်ခန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ရန် ဈေးကိုသွားလိုက်တယ်.
လီကျန်းကျန်းကတော့ အိမ်ပြန်ရောက်ချိန်အထိ စိတ်မအေးသေးပဲ အသက်ရှူတွေမြန်ကာ ဇောချွေးတွေပြန်နေတယ်.
လီကျန်းယွီလဲ တစ်ခုခုမှားနေမှန်း သတိထားမိတာကြောင့် ဂရုတစ်စိုက်နဲ့မေးကြည့်လိုက်တယ်,
"ကျန်းကျန်း ဘာဖြစ်လို့လဲ? အရမ်းကြောက်နေသလိုပဲ."
"ညီမ အခုလေးတင် ကုနင်းနဲ့တွေ့ခဲ့တယ်. ပြီးတော့သတိထားနေလို့လဲ ပြောသွားသေးတယ်. အဲ့ဒါ ညီမကို ထိခိုက်အောင်လုပ်တော့မယ်ထင်လို့ အိမ်မြန်မြန်ပြန်လာခဲ့တာ." လီကျန်းကျန်း အသံတွေတုန်ရီစွာနဲ့ပြောလိုက်တယ်.
"ဘာ? ညီမလေး အဆင်ပြေရဲ့လား?" လီကျန်းယွီထိတ်လန့်ပြီး စိုးရိမ်သွားတယ်.
................Book 8 Part118End..............
ဖီးနစ်သွေးစက်
အခန်း ၁၁၉ စစ်တပ်အရာရှိ, ချန်းမင်
ဘာသာပြန်သူ - Charm.Y
"အဆင်ပြေပါတယ်." လီကျန်းကျန်းပြန်ဖြေလိုက်တယ်. ပြီးတော့ စိတ်ပူပင်စွာနဲ့,
"သူ ညီမကို ထိခိုက်အောင်တကယ်လုပ်မှာလားဟင်?"
လီကျန်းကျန်းမျက်နှာက မကြည်မသာဖြစ်နေတယ်. လီကျန်းယွီလဲ ကုနင်း လီကျန်းကျန်းကို ထိခိုက်အောင်လုပ်မလား မလုပ်ဘူးလား သေချာမသိပါဘူး. ကုနင်းက သူထိန်းချုပ်လို့ရတဲ့ အတိုင်းအတာအတွင်းမှာမရှိနေဘူး. သူ့အမြင်မှာတော့ ဒီကိစ္စက လီကျန်းကျန်းအမှားဆိုရင်တောင် ကုနင်းဘက်က ထိခိုက်အောင်မလုပ်သင့်ဘူး. သူမ ဘာလို့ ဒီကိစ္စကို ဒီအတိုင်းပဲမပြီးလိုက်နိုင်တာလဲ?
တစ်ယောက်ယောက်တော့ သူတို့ရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သတ်ပြီး သင်တန်းပေးမှဖြစ်တော့မယ်. အပြစ်လုပ်မိတဲ့လူဘယ်သူမဆို သူတို့လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမယ်လေ.
လီကျန်းယွီ ဒီကိစ္စကို ချင်ယီဖန်းသိသွားမှာ စိုးရိမ်နေမိတယ်. ကုနင်းမှာ သက်သေမရှိဘူးဆိုရင်တောင် ချင်ယီဖန်းက ကုနင်းကို ယုံကြည်မလား လီကျန်းကျန်းကိုယုံကြည်ပေးမလားဆိုတာ လီကျန်းယွီလဲ သေချာမပြောရဲပါဘူး.
သူတို့က ချင်ယီဖန်းနဲ့ ပိုရင်းနှီးပေမယ့် ချင်ယီဖန်းက ကုနင်းကို ကြိုက်နေပုံရတယ်လေ. သူ ကုနင်းကို ယုံကြည်ဖို့ ရွေးမှာပိုဖြစ်နိုင်တယ်. ဘာပဲဖြစ်ဖြစ် ချင်ယီဖန်းအခုထိ အဖြစ်မှန်ကိုမသိသေးပုံရရင် ကုနင်းက မပြောပြပုံပဲ.
တကယ်လို့ ကုနင်းသာ အမှန်ကိုပြောပြလိုက်ရင် လီကျန်းယွီလဲ သူမကိုမတားနိုင်ပါဘူး. ချင်ယီဖန်း ကုနင်းကိုမယုံကြည်သွားဖို့ပဲ သူမျှော်လင့်နိုင်တယ်. မဟုတ်ရင် လီကျန်းကျန်းရဲ့ ဂုဏ်သတင်းပျက်စီးသွားလိမ့်မယ်. ချင်ယီဖန်းသာ နောင်အနာဂါတ်မှာ လီကျန်းကျန်းနဲ့ လက်မထပ်ဖြစ်ခဲ့ရင် သူတို့ရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုလဲ ဆက်ထိန်းထားနိုင်မှာမဟုတ်ဘူး.
ကုနင်းရဲ့ တိုက်ခန်းက မြို့ထဲနဲ့သိပ်မဝေးတာကြောင့် ၅မိနစ်လောက်တက္ကစီစီးတာနဲ့ရောက်သွားတယ်. ဒီနေရာကတော့ 'ရေပြာအိုင်'အဆင့်မြင့်နေရပ်တွင်တည်ရှိပါတယ်. ဒီနေရာကို လွန်ခဲ့တဲ့၅နှစ်လောက်က တည်ဆောက်ထားပေမယ့် အိမ်တိုင်းရောင်းမထွက်သေးပါဘူး.အထူးသဖြင့် တစ်ယောက်ခန်းတွေပေါ့. ကျိုးကျန်းဟုန် ဒီနေရာကိုဝယ်ဖို့ သိပ်မခက်ခဲခဲ့ပါဘူး.
နေရာက မြို့ထဲနဲ့နီးပြီး သိပ်မကြီးပဲ အဆာက်အဦး၉လုံးပဲရှိပေမယ့် အထဲမှာ အပင်စိမ်းစိမ်းတွေအများကြီးရှိတာကြောင့် သာယာလှပပါတယ်. ပြောရရင်တော့ ထိုများပြားလှတဲ့ အပင်ကြီးတွေကြောင့် အဆောက်အဦးအများကြီးမရှိတာပါ.
ကုနင်းရဲ့ အခန်းကတော့ ထိုဝန်းရဲ့ အလယ်လောက်က အဆောက်အဦးရဲ့ ၅ထပ်မြောက်မှာတည်ရှိပြီး ထိုနေရာကို ရောက်ဖို့ မိနစ်ပိုင်းသာလမ်းလျှောက်ဖို့လိုပါတယ်.
၅လွှာ, အဆောက်အဦးနံပါတ် ၈.
ကုနင်း တံခါးဖွင့်ပြီး အခန်းထဲကမီးတွေကိုဖွင့်လိုက်တယ်.
အခန်းတွင် ၅၀စတုရန်းမီတာကျယ်တဲ့ အိမ်တွင်းဥယျာဉ်လေးတစ်ခု, အိပ်ခန်းတစ်ခန်း, ဧည့်ခန်း, မီးဖိုချောင်, သန့်စင်ခန်း နဲ့ ကျယ်ဝန်းတဲ့လသာဆောင်တစ်ခုပါဝင်တယ်. အခန်းအပြင်အဆင်က ရိုးရှင်းပေမယ့် ခေတ်နောက်မကျဘူး. ဒီပုံစံမျိုးက ကုနင်းအကြိုက်နဲ့ကွက်တိပဲ.
ကျိုးကျန်းဟုန်က ကုနင်းအခန်းကို မပြောင်းလာခင်ထဲက နာရီပိုင်းအလုပ်သမားတွေကိုငှားထားခဲ့ပြီးဖြစ်တယ်.
တစ်နေ့လုံးအလုပ်လုပ်ပြီးချိန်မှာတော့ ကုနင်း သူမအမေကိုဖုန်းမခေါ်ရသေးတာ သတိရသွားတယ်. ကုမန့်ကလဲ သူမကို ဖုန်းမခေါ်ထားပါဘူး. ကြည့်ရတာ ကုနင်းကို အနှောင့်အယှက်မဖြစ်စေချင်လို့ထင်တယ်.
တကယ်ကိုပဲ ကုမန့်က ကုနင်းကို အနှောင့်အယှက်မဖြစ်စေချင်လို့ ဖုန်းမခေါ်ခဲ့တာပါ. ဒါပေမယ့် သူ့စိတ်နှလုံးသားထဲမှာတော့ သူမသမီးကို အရမ်းဂရုစိုက်ပါတယ်.
ကုနင်းရေချိုးပြီး အိပ်ရာထဲလှဲလိုက်ရင်း ကုမန့်ကို ဖုန်းခေါ်လိုက်တယ်.
"နင်းနင်း, အခုအားသွားပြီလား?" ကုမန့်မကြာခင်မှပဲ ဖုန်းကိုကိုင်လာခဲ့တယ်.
"ဟုတ်, သမီးအားသွားပြီ. ဒီနေ့ဘယ်လိုလဲ အဆင်ပြေလား?" ကုနင်းမေးလိုက်တယ်.
"ပြေပါတယ်. သမီးရဲ့အကြီးဆုံးဦးလေးက အကြိမ်ပေါင်းများစွာဖုန်းတွေခေါ်နေပေမယ့် အမေပြန်ဖြေလိုက်ဘူး." ကုမန့်ပြန်ပြောပြလိုက်တယ်.
"ကောင်းတယ်, သူတို့ကို လျစ်လျူရှုထားလိုက်. သူတို့ခေါ်တာကောင်းတဲ့ကိစ္စတော့ပါမှာမဟုတ်ဘူး." ကုနင်းပြောလိုက်တယ်.
နောက်ခနနေတော့ သူမဖုန်းချလိုက်ကာ, WeChatကနေ သူမတို့ရဲ့ 'ဖိုက်တာမိသားစု' ကိုဖွင့်လိုက်တယ်.
အဲထဲမှာ စာပေါင်းထောင်ချီရှိနေကာ သူမခနလောက်လိုက်ဖတ်ကြည့်လိုက်တော့ သူမသူငယ်ချင်းတွေက မြို့တော်Gရဲ့သတင်းထူးအကြောင်းကို ပြောထားကြတာဖြစ်တယ်. ဒီတော့မှ ကုနင်းလဲ ထိုသတင်းကို သိသွားတယ်. ကံကောင်းလို့ သူမဒီနေ့ပြင်ဆင်ထားခဲ့ပေလို့ မဟုတ်ရင် ပြဿနာအကြီးကြီးတက်သွားမှာ.
သူတို့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုပေမယ့် ထိုအမျိုးသမီးငယ်က သူမဖြစ်တယ်လို့ ပြောဖို့အထိတော့စိတ်ကူးမရှိပါဘူး. ကုနင်း အခုမြို့တော်Gမှာရှိနေတဲ့အကြောင်းကိုတောင် သူတို့ကိုမပြောပြထားဘူး. သူမဒီပိတ်ရက်အလုပ်များမယ်လို့သာ ပြောထားတယ်. သူမသူငယ်ချင်းတွေက သူမကိုလေးစားတာကြောင့် ကုနင်းသာမပြောပြချင်ရင် သူတို့လဲ ဘာမှမမေးကြပါဘူး.
ကျိုးကျန်းဟုန်, ချန်းချင်းရှန် နဲ့ကျန်တဲ့လူတွေကတော့ ထိုညမတိုင်ခင်အထိ သတင်းထူးကို မတွေ့ကြသေးပါဘူး. ကုနင်းရဲ့အရည်အချင်းထူးချွန်တယ်ဆိုတာ သူတို့သိထားတာတောင်မှ သတင်းကြားတော့ ထိတ်လန့်သွားကြပြန်သေးတယ်.
ယွမ်၃၄၅သန်းဆိုတာ သူတို့မျက်လုံးထဲမှာတော့ နည်းနည်းနောနောပမာဏမဟုတ်ပါဘူး.
ဒါပေမယ့် သူတို့ဒီနေ့ အဖိုးတန်ကျောက်စိမ်းပေါင်းများစွာကို ဖြတ်နိုင်ခဲ့တယ်. ထိုကျောက်တွေအားလုံးပေါင်းက ယွမ်၃၄၅သန်းထက်ပိုပြီးတန်ကြေးမြင့်ပါတယ်. အစိမ်းရောင်ဘုရင်တစ်မျိုးတည်းကတင်ကို ယွမ်သန်း၁၀၀အနည်းဆုံးတန်ဖိုးရှိတယ်.
ကုနင်းက ထိုအကြောင်းကို မသိစေချင်သေးတာကို သူတို့သိတာကြောင့် လျှို့ဝှက်ထားကြတယ်. သူတို့အားလုံး ကုနင်းကို သစ္စာစောင့်သိဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပြီး သူမထိခိုက်မယ့်ကိစ္စတွေကို ဘယ်တော့မှမလုပ်ပါဘူး.
ထို့နောက် ကုနင်း လက်ဖက်ရည်အိုးနဲ့ ပန်းရောင်ဖန်ခွက်အကြောင်း အင်တာနက်ပေါ်ကနေရှာလိုက်တယ်.
သူတို့နှစ်ခုလုံးက သက်တမ်းရှည်ကြာတဲ့သမိုင်းကြောင်းရှိသော ရှေးဟောင်းပစ္စည်းတွေဖြစ်နေတယ်!
လက်ဖက်ရည်အိုးသည် ရှင်ဝန်စန်းပိုင်ဆိုင်တာဖြစ်ပြီး ဟွမ်းလက်ဖက်ရည်အိုးလို့ခေါ်တွင်တယ်.
ရှင်ဝန်စန်းသည် ချင်ခေတ်က အလွန်တရာကြွယ်ဝချမ်းသာခဲ့သော စီးပွားရေးသမားတစ်ယောက်တယ်. ဒီအိုးက ရှင်ဝန်စန်းရဲ့ ရတနာအိုးလို့တောင်ပြောလို့ရသည်. မင်းသာ ရွှေတစ်တောင့်ဒီထဲကို ထည့်လိုက်ရင် ရွှေတစ်ထုပ်ပြန်ရမယ်. ငွေတစ်ပြားထည့်ရင်တောင် ငွေတစ်ခွက်ပြန်ရလိမ့်မယ်. ဒါကြောင့်လဲ ရှင်ဝန်စန်းသည် ကမ္ဘာ့အချမ်းသာဆုံးလူတွေထဲက တစ်ယောက်ဖြစ်နေတယ်ပေါ့.
ဒါကတော့ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ပေမယ့် ချင်တိုင်းပြည်ဧကရာဇ်ကတောင် ရှင်ဝန်စန်းကို မနာလိုဖြစ်ရတယ်. ဒါကြောင့် ရှင်ဝန်စန်းသည် ဧကရာဇ်ရဲ့ မတရား ပြင်းပြင်းထန်ထန်အပြစ်ပေးခြင်းကို ခံခဲ့ရတယ်.
ဒီဟွမ်းလက်ဖက်ရည်အိုးက အနည်းဆုံး ယွမ်၇သန်းလောက်တန်ပါတယ်. ရှင်ဝန်စန်းရဲ့ပိုင်ဆိုင်မှုတွေကို ချင်တိုင်းပြည်ဘဏ္ဍာအဖြစ်သိမ်းခဲ့တယ်ဆိုပေမယ့် အများစုကတော့ ပျောက်ဆုံးနေစဲပါပဲ.
သမင်ခေါင်းနဲ့ပန်းရောင်ဖန်ခွက်ကတော့ ချင်လုံခေတ်ကဖြစ်ပြီး ယွမ်၃သန်းလောက်တန်ကြေးရှိပါတယ်.
ကုနင်း ရှေးဟောင်းပစ္စည်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေအားလုံးကို ဦးဏှောက်ထဲမှတ်ထားလိုက်တယ်. ဒီလိုသာဆို နောက်တစ်ခါ ရှေးဟောင်းပစ္စည်းဝယ်ရင် နောက်ခံသမိုင်းကြောင်းကိုပါ သူမသိသွားနိုင်ပြီ.
နောက်တစ်နေ့, ကုနင်းမနက်၆နာရီတွင်ထလိုက်တယ်. သူမအောက်ထပ်ကို ပြေးရန်ဆင်းသွားပြီး မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်ကိုလေ့လာလိုက်တယ်.
ထိုအချိန် သူမအသိတစ်ယောက်နဲ့တွေ့လိုက်တာကြောင့် အံ့ဩသွားတယ်. သူတို့ တစ်ယောက်နဲ့တစ်ယောက် တစ်ကြိမ်တည်းတွေ့ဖူးတာကြောင့် သိတယ်ဆိုရုံလေးသိတာပါ. ဒါပေမယ့် ထိုသူနဲ့ပတ်သတ်ပြီး ကုနင်းမှာ အမြင်ကောင်းရှိနေပါတယ်.
ထိုလူကတော့ အရင်တစ်ပတ်က စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ စစ်တပ်အရာရှိပါပဲ.
"မင်းပါလား?" ထိုလူစိတ်လှုပ်ရှားစွာနဲ့ ကုနင်းကို နှုတ်ဆက်လိုက်တယ်.
သူဒီလောက်စိတ်လှုပ်ရှားနေတာကို ဘယ်သူမှအပြစ်မတင်နိုင်ပါဘူး. အရင်တစ်ခေါက်တုန်းက သူတို့ကို ကုနင်းအများကြီးကူညီခဲ့တာလေ. သူတို့ကိုတော့ သူမလွယ်လွယ်လေး အလဲချနိုင်မှာမဟုတ်ပေမယ့် သူမက ၁၈နှစ်သာရှိသေးပြီး သူတို့ကတော့ ၁၀နှစ်တာလောက် အထူးလေ့ကျင့်ထားကြသူတွေဖြစ်တယ်.
ဒီလိုလေ့ကျင့်မှုတွင်တော့ ကုနင်းသူတို့နဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး.
"ဟိုင်း, တိုက်ဆိုင်လိုက်တာ!" ကုနင်း ရင်းနှီးစွာပဲ ပြန်နှုတ်ဆက်လိုက်တယ်.
"မင်းရောဒီမှာနေတာလား?" ထိုလူကမေးလိုက်တယ်.
"ဟုတ်တယ်, ဒါပေမယ့် လုပ်စရာလေးရှိလို့ ပိတ်ရက်တွေပဲနေဖြစ်မှာပါ." ကုနင်းပြန်ဖြေလိုက်တယ်.
"အိုး, ဟုတ်သားပဲ, ငါ့နာမည်က ချန်းမင်. မင်းကရော?"
"ကျွန်မက ကုနင်းပါ." ကုနင်းပြန်ဖြေလိုက်တယ်.
"မင်းကို ထပ်တွေ့ရတာဝမ်းသာပါတယ်." ချန်းမင်ပြောရင်း သူ့လက်ကိုကမ်းပေးလိုက်တယ်.
ကုနင်းလဲ သူလက်ကိုကိုင်ကာ နှုတ်ဆက်လိုက်ရင်း,
"ကျွန်မလဲ ထပ်တွေ့ရတာဝမ်းသာပါတယ်!"
................Book 8 Part119End..............
ဖီးနစ်သွေးစက်
အခန်း ၁၂၀ ချန်းမင်နဲ့ပြိုင်ပွဲ
ဘာသာပြန်သူ - Charm.Y
"မင်းက အတိုက်အခိုက်ကောင်းတယ်လို့ ငါထင်တယ်. မင်းစိတ်မရှိရင် ငါတို့တစ်ပွဲလောက်ပြိုင်ကြည့်ရအောင်လား?" ဒါက သိပ်မယဉ်ကျေးရာရောက်တယ်လို့ ချန်းမင်ခံစားရပေမယ့် တစ်ခေါက်လောက်တော့ စမ်းကြည့်ချင်မိတယ်.
ချမ်းမင်က လူကြီတစ်ယောက်ဖြစ်ပြီး ကုနင်းကတော့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဖြစ်တယ်. ဒါကမမျှတဘူးလို့ ထင်ရပေမယ့် ကုနင်းရဲ့စွမ်းရည်ကို သူတကယ်သိချင်နေမိတယ်. ဒါပေမယ့် ကုနင်းကတော့ ထိုဖိတ်ခေါ်မှုကြောင့် အရမ်းစိတ်လှုပ်ရှားသွားတယ်. သူမတကယ်ကို လေ့ကျင့်ချင်နေမိတယ်လေ.
ချန်းမင်သည် စစ်တပ်မှာတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သာမာန်စစ်သားတစ်ယောက်လဲမဟုတ်ပါဘူး. ကုနင်းသာလေ့ကျင့်ချင်ရင် သူမအကောင်းမွန်ဆုံးရွေးချယ်မှုပါပဲ. ဒါကြောင့် ချန်းမင်ဖိတ်ကြားချက်ကို ကုနင်းချက်ချင်းပဲပြန်ဖြေလိုက်တယ်,
"ကောင်းပြီလေ. ကျွန်မလဲ ပြောချင်နေတာ."
ထို့နောက်သူတို့နှစ်ယောက် ယှဉ်ပြိုင်ဖို့ ကျယ်ဝန်းတဲ့ ကွက်လပ်တစ်နေရာဆီသွားလိုက်တယ်.
အစမှာတော့ သူတို့ ခွန်အားအပြည့်ကို ထုတ်မသုံးကြပါဘူး. ဒါက ရိုင်းပြမှာစိုးလို့မဟုတ်ဘဲ ချက်ချင်းကြီး သူတို့သန်မာမှုအစစ်အမှန်ကို ထုတ်မပြချင်ကြလို့ပါ. တစ်ယောက်စွမ်းရည်ကို တစ်ယောက်အရင်အကဲခတ်နေကြတယ်. ပြီးတော့ တစ်ယောက်ကိုတစ်ယောက်ရှုံးအောင်လုပ်ဖို့လဲ အစီအစဉ်မရှိကြပါဘူး. တစ်ယောက်က လေ့ကျင့်ချင်ရုံဖြစ်ပြီး နောက်တစ်ယောက်ကတော့ စမ်းကြည့်ချင်ရုံလေးပါ.
ဒါပေမယ့်အစမှာတော့ ကုနင်းရဲ့ ကျွမ်းကျင်တဲ့လှုပ်ရှားဟန်တွေကြောင့် ချန်းမင်အံ့ဩသွားတယ်. သူမက ချာပေါက် နှစ်ပေါင်းများစွာ ကျွမ်းကျင်သူစီကနေ လေ့ကျင့်မှုခံယူထားတာပဲဖြစ်ရမယ်.
ခနကြာပြီးတော့ သူတို့နှစ်ယောက်လုံးသွေးပူလာပြီး ပြိုင်ပွဲက ပိုပြင်းထန်လာခဲ့တယ်.
ချန်းမင်ကတော့ ထိတ်လန့်အံ့သွားတယ်. ကုနင်းရဲ့စွမ်းရည်သည် စစ်အထူးတပ်ဖွဲ့ရဲ့ အလယ်တန်းအဆင့်တပ်သားတစ်ယောက်လောက်ကို သန်မာနေတယ်.
ပြိုင်ပွဲက ဆက်သွားပြီး တစ်ကြိမ်ထက်တစ်ကြိမ်ပိုပြီး သူတို့ခွန်အားတွေကိုထုတ်သုံးခဲ့တာကြောင့် မကြာခင် နှစ်ယောက်လုံး အားကုန်တော့မယ်ဆိုတာလဲ သူတို့ရိပ်မိကြတယ်.
ကုနင်းကတော့ ချန်းမင်းရဲ့အရည်အချင်းကို သိပ်မအံ့ဩပါဘူး. ဘာလို့ဆို သူကအစထဲက စစ်အရာရှိတစ်ယောက်လေ. ဒါပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ ချန်းမင်ကတော့ ကုနင်းကိုအလွန်အံ့ဩနေတယ်. ဒါလုံးဝကို မယုံနိုင်စရာပဲ!
သူဒီလောက် ခွန်အားရှိနေတာက ၁၀နှစ်ကျော်လောက်လေ့ကျင့်ခဲ့ရလို့ဖြစ်ပြီး ကုနင်းကတော့ အသက်၁၈နှစ်ထဲနဲ့ သူနဲ့တန်းတူတိုက်ခိုက်နိုင်နေတယ်.!
ဒီပြိုင်ပွဲသာ ဆက်ပြီးလုပ်နေရင် ရှက်စရာကောင်းလောက်အောင် သူရှုံးနိုင်မယ်ဆိုတာကို ချန်းမင်သိနေတာကြောင့် ကုနင်းကို ရပ်ဖို့ အချက်ပြလိုက်တယ်.
ကုနင်းလဲ ဒီပြိုင်ပွဲကိုဆက်ပြိုင်ဖို့ စိတ်ကူးမရှိတော့ပါဘူး. ဒါက သူမနိုင်မယ်လို့ သေချာနေလို့မဟုတ်ဘဲ သူမရဲ့လက်ရှိစွမ်းရည်အစစ်ကို စစ်ဆေးကြည့်ချင်ရုံလောက်သာဖြစ်တာကြောင့် စွမ်းအားကုန်ထုပ်မသုံးချင်ပါဘူ.
"ဝိုး, လုံးဝကို မယုံကြည်နိုင်စရာပဲ! မင်းတကယ်အသက်၁၈နှစ်ပါနော်?" ချန်းမင်ပုံစံက စိတ်ပျက်နေပုံပေါ်ပေမယ့် ကုနင်းကိုလဲ လေးစားနေမိတယ်.
"ကျွန်မအစွမ်းကုန်သုံးခဲ့ပြီးပြီ. ဆက်မတိုက်နိုင်တော့ပါဘူး." ကုနင်း ဆက်တိုက်ချင်ရင်တိုက်လို့ရပေမယ့် ထိုသို့ပဲပြောလိုက်တယ်. ဒါက ကုနင်းတမင် မာနမကြီးချင်လို့ပြောမှန်း ချန်းမင်လဲသိပြီး သူ့ကိုမျက်နှာမပျက်အောင်လုပ်ပေးခြင်းသာဖြစ်တယ်. အခု သူ ကုနင်းအပေါ်စိတ်ဝင်စားမှုပိုများလာတယ်. အစတုန်းကလို ယှဉ်ပြိုင်ချင်လို့မဟုတ်ဘဲ မိန်းမတစ်ယောက်အနေနဲ့ပေါ့. သူတို့ကြားမှာက အသက်၁၀နှစ်ကျော်လောက်သာကွာခြားတာပါ.
"ငါတို့ မနက်စာအတူတူစားကြမလား?" ချန်းမင်မေးလိုက်တယ်.
"ရတာပေါ့!" ကုနင်းလက်ခံခဲ့တယ်.
သူတို့နှစ်ယောက် "ရေပြာအိုင်" ကနေထွက်လာပြီး,
"မင်းအခုအထက်တန်းတက်နေတာပေါ့?" ချန်းမင်ဘက်က စကားစလိုက်တယ်.
"ဟုတ်တယ်, အခု မြို့တော်Fမှာ စီနီယာတန်းတက်နေတာ." ကုနင်းလဲပြန်ဖြေလိုက်တယ်.
"စီနီယာ? ဒါဆိုနှစ်ဝက်နေတာနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေရတော့မှာပေါ့. ဘယ်တက္ကသိုလ်ကိုသဘောကျလဲ?" ချန်းမင်ထပ်မေးလိုက်တယ်.
"မြို့တော်တက္ကသိုလ်." ကုနင်းပြန်ပြောလိုက်တယ်.
"မြို့တော်တက္ကသိုလ်!" ချန်းမင် နည်းနည်းအံ့ဩသွားတယ်. ပြီးတော့ ကုနင်းကို လေးစားတဲ့အကြည့်တွေနဲ့ကြည့်လိုက်ကာ,
"ဝိုး, အဲ့ဒါ ငါတို့နိုင်ငံရဲ့ နံပါတ်တစ်တက္ကသိုလ်ပဲ. မင်းကတော်တော်, တော်ရမယ်."
"ကျွန်မ ရမယ် မရဘူးတော့ မသိသေးပါဘူး. ရည်ရွယ်ထားရုံပါ." ကုနင်းထပ်ပြီးနှိမ့်နှိမ့်ချချပြောလိုက်ပြန်တယ်.
"မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်." ချန်းမင်အားပေးလိုက်တယ်.
သူတို့နှစ်ယောက် မနက်စားပြီး အတူပြန်လာကြတယ်. နောက်ထပ်တိုက်ဆိုင်တာတစ်ခုကတော့ သူတို့နှစ်ယောက်လုံး အဆောက်အဦးတစ်ခုတည်းမှာဖြစ်နေပြန်တာပါပဲ! ဒါပေမယ့် ချန်းမင်ရဲ့အိမ်က ၁၂လွှာမှာဖြစ်ပြီး ကုနင်းကတော့ ၅လွှာမှာပါ.
ချန်းမင်ကတော့ အရင်တစ်ခေါက်တုန်းက ကုနင်း လူဆိုးနှစ်ယောက်ကို ထိန်းချုပ်ပြီးကူညီခဲ့တာကြောင့် အရမ်းအထင်ကြီးနေပြီး သူမနဲ့သူငယ်ချင်းဖြစ်ချင်နေတယ်. ဒါကြောင့် သူဘက်ကအရင် ဖုန်းနံပါတ်ချင်းလဲထားကြဖို့ စတင်ကမ်းလှမ်းလိုက်တယ်. တကယ်လို့ ကုနင်း မြို့တော်Gမှာ အခက်အခဲတစ်ခုခုရှိခဲ့ရင် သူကူညီပေးနိုင်အောင်ပေါ့.
သူလဲ မြို့တော်Gမှာ သိပ်မနေဖြစ်ဘူးဆိုပေမယ့် ဒီနားတစ်ဝိုက်မှာ သူအဆက်အသွယ်တွေရှိပါတယ်. အူထးသဖြင့် ရဲဘက်နဲ့ စစ်တပ်ဘက်ပေါ့.
ကုနင်းကတော့ ချန်းမင်ထက်တောင် ပိုသဘောကျနေပါတယ်. အဆက်သွယ်ကောင်းတစ်ခုတည်ဆောက်တယ်ဆိုတာ ကောင်းတဲ့အရာပဲလေ, မဟုတ်ဘူးလား?
ကုနင်း အိမ်ပြန် ရေချိုးနေတဲ့အချိန် ချန်းမင်ကတော့ ချက်ချင်းပဲ လင်ရှောင်းထင်ကို ဖုန်းဆက်ကာ ကိစ္စတိုင်းကို ပြန်ပြောပြလိုက်တော့တယ်.
သူကတော့ လင်ရှောင်းထင်နဲ့ ကုနင်းကြားဘာတွေဖြစ်ခဲ့လဲဆိုတာမသိပဲ စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောပြချင်နေတယ်. လင်ရှောင်းထင်လဲ အရင်တစ်ခေါက်တုန်းက ကုနင်းနဲ့တွေ့ဖူးထားတာကြောင့် ပြောပြလို့အဆင်ပြေမှာပါ.
"ဘာကိစ္စလဲ?" လင်ရှောင်းထင်အေးစက်စက်နဲ့ ဖုန်းဖြေလိုက်တယ်.
"ဘော့စ်, ကျွန်တော်ဘယ်သူနဲ့ တွေ့ခဲ့လဲသိလား! အရင်တစ်ခါ စားသောက်ဆိုင်မှာ လူဆိုးနှစ်ယောက်ကို ရိုက်ခဲ့တဲ့ ကောင်မလေးနဲ့ ကျွန်တော်ပြေးရင်းတွေ့ခဲ့တယ်. ပြီးတော့ ပြိုင်တောင်ပြိုင်ခဲ့သေးတယ်. သူကတော်တာပဲ! ကျွန်တော်တောင် သူ့ကို နိုင်အောင်မချနိုင်ခဲ့ဘူး. အာ! နဲနဲတော့ စိတ်ပျက်စရာကောင်းတာပေါ့.." ချန်းမင် ဆက်တိုက်ပြောလိုက်တယ်.
ကုနင်းအကြောင်းကိုကြားလိုက်ရတော့ လင်ရှောင်းထင် ဆွံ့အသွားတယ်. သူမက မြို့တော်Gမှာရှိနေတာလား?
ချန်းမင်တောင် ကုနင်းကို မနိုင်ဘူး? လင်ရှောင်းထင် ထိတ်လန့်သွားတယ်.
ချန်းမင်ရဲ့ အရည်အချင်းကို သူသေချာသိတာပေါ့. ချန်းမင်ကလဲပဲ သူတို့ မီးတောက်နီအဖွဲ့ဝင်ပဲကို. ကုနင်းရဲ့ စွမ်းရည်သာ ချန်းမင်နဲ့ညီမျှတယ်ဆိုရင် သူမကတော်တော်လေးကျွမ်းကျင်ပြီး ခွန်အားရှိတာပဲ.
"မင်း ကောင်မလေးတစ်ယောက်ကိုတောင်မနိုင်ဘူးဆိုတော့ ပိုပြီးလေ့ကျင့်သင့်တယ်မထင်ဘူးလား?" လင်ရှောင်းထင်အေးစက်စွာပြောလိုက်တယ်.
ထိုစကားကိုကြားတော့ ချန်းမင် လန့်သွားကာ လင်ရှောင်းထင်ကို ပြောပြမိတာအတွက် နောင်တရသွားတယ်. သူထောင်ချောက်မိသွားပြီ. ကောင်မလေးတစ်ယောက်ကို မနိုင်ဘူးဆိုတော့ ရှုံးသွားတာနဲ့အတူတူပဲလေ.
"အမ်, အဲ့ဒါကလေ, အိုး, ကျွန်တော် ကိစ္စရှိသေးတာအခုမှသတိရတယ်, ဒါပဲနော်, ဘိုင်." ချန်းမင် ချက်ချင်းဖုန်းချလိုက်ပြီးတော့မှပဲ သက်ပြင်းချနိုင်တော့တယ်. ဒါပေမယ့် လေ့ကျင့်တာကနေတော့ လွတ်မှာမဟုတ်မှန်း သိပါတယ်. ဘာပဲဖြစ်ဖြစ် သူအဖွဲ့ကိုပြန်တဲ့အခါ ပိုလေ့ကျင့်ဖို့ စီစဉ်ထားပြီးသားပဲလေ. ကောင်မလေးတစ်ယောက်ကို မနိုင်တာက ရှက်စရာတစ်ခုပဲကို.
................
ရေချိုးပြီးသွားတော့ ကုနင်း သူမအခန်းမှာပဲ တီဗီထိုင်ကြည့်နေလိုက်တယ်. မနက်၁၀နာရီလောက်ကျတော့ ကျိုးကျန်းဟုန် ဖုန်းဆက်လာကာ သီးသန့်ခန်းမှာထားပြီးပြီဖြစ်ကြောင်းပြောတယ်. အခန်းနံပါတ်ကတော့ ၈၈၈.
ကုနင်းချက်ချင်း ဆရာကြီးယန်နဲ့ ဆရာကြီးဖူတို့ကို ဖုန်းခေါ်လိုက်ကာ မနက်၁၁နာရီ ဟွမ်းဒင်ဟိုတယ်က သီးသန့်ခန်း နံပါတ်၈၈၈မှာတွေ့ရန် ချိန်းဆိုလိုက်တယ်.
ကုနင်းက ဖိတ်ကြားသူဖြစ်တာကြောင့် အစောရောက်နေသင့်၍ ၁၀နာရီကျော်တာနဲ့ အိမ်ကထွက်လာခဲ့တယ်.
သူမသီးသန့်ခန်းကိုရောက်တော့ ၁၀နာရီမိနစ်၄၀ရှိပြီဖြစ်ကာ ကျိုးကျန်းဟုန်က အခန်းထဲမှာ စောင့်နေနှင့်တယ်.
၁၀မိနစ်လောက်နေတော့ ဆရာကြီးဖူ နဲ့ ဆရာကြီးယန်တို့ ဆရာကြီးပိုင်နဲ့အတူဝင်လာကြတယ်.
ကျိုးကျန်းဟုန်က ဧည့်သည်တွေဘယ်သူမှန်းမသိထားတာကြောင့် ဆရာကြီးဖူ, ဆရာကြီးယန် နဲ့ ဆရာကြီးပိုင်တို့ ဝင်လာတာကိုတော့တော့ ထိတ်လန့်ပြီး ခုံပေါ်ကနေတောင် ထခုန်မိသွားတယ်.
"အဘိုးဖူ, အဘိုးယန်, အဘိုးပိုင်, အားလုံးနဲ့ တွေ့ရတာဝမ်းသာပါတယ်." ကုနင်းချက်ချင်းပဲ သူတို့ဆီသွားကာ နှုတ်ဆက်လိုက်တယ်.
"ဟ-ဟ, ငါအချိန်မီရောက်ပါတယ်နော်!" ဆရာကြီးဖူပြောလိုက်တယ်.ျ
................Book 8 Part120End..............
စာစဉ် ၈ ပြီး၏။