← Chapters

အခန်း (၁၂၁-၁၂၅)

Vol. 9 Ch. 121-125

အခန်း (၁၂၁-၁၂၅)

Vol. 9 Ch. 121-125

အခန်း ၁၂၁ လူတွေကို ကယ်တင်ခြင်း

"နောက်မကျပါဘူး!" ကုနင်းပြောရင်းနဲ့, "ထိုင်ကြပါ."

ကျိုးကျန်းဟုန်ကတော့ သူတို့ကို လေးစားစွာနဲ့နှုတ်ဆက်လိုက်တယ်,

"တွေ့ရတာဝမ်းသာပါတယ်, ဆရာကြီးပိုင်, ဆရာကြီးယန်, ဆရာကြီးဖူ."

ကျိုးကျန်းဟုန် နှုတ်ဆက်လိုက်ပုံက ကုနင်းနဲ့ပြောင်းပြန်ပါပဲ. ဘာလို့ဆို သူတို့ထဲမှာ အမြင့်ဆုံးလူက ဆရာကြီးပိုင်ဖြစ်လို့လေ, ဒါကိုတော့ ကုနင်းမသိပါဘူး. သူမက ရင်းနှီးတဲ့လူအတိုင်းပဲနှုတ်ဆက်ခဲ့တာပါ.

ဒီလိုဩဇာအာရှိတဲ့လူတွေနဲ့ ကုနင်းရင်းနှီးနေလိမ့်မယ်လို့ ကျိုးကျန်းဟုန် မထင်ထားမိဘူး. အထူးသဖြင့် ဆရာကြီးပိုင်လိုလူမျိုးနဲ့ပေါ့.

"တွေ့ရတာဝမ်းသာပါတယ်, လူကြီးမင်းကျိုး." ဆရာကြီးဖူနဲ့ ဆရာကြီးယန်တို့က ကျိုးကျန်းဟုန်ကိုသိကြပေမယ့် ရင်းတော့မရင်းနှီးပါဘူး. သူတို့တွေ ကျိုးကျန်းဟုန်နဲ့ ကုနင်းတို့ကြားဆက်ဆံရေးကိုသိချင်နေကြပေမယ့် သူတို့ကိစ္စမဟုတ်တာကြောင့် မေးတော့မမေးကြပါဘူး.

ကျိုးကျန်းဟုန်မှာတော့ ဆရာကြီးယန် နဲ့ ဆရာကြီးဖူတို့ပြန်နှုတ်ဆက်တာခံလိုက်ရ၍ အပျော်လွန်နေလေတယ်.

"မင်းက တကယ်ပဲ ငါတို့မနေ့ကတွေ့ခဲ့တဲ့ အမျိုးသမီးဟုတ်ပါတယ်နော်?" ဆရာကြီးပိုင်က ကုနင်းကိုကြည့်ပြီးမေးလိုက်တယ်. ဒါက ယုံဖို့တော်တော်ခက်တယ်လေ. ဒီနေ့ကုနင်းရဲ့ပုံက မနေ့ကနဲ့ အရမ်းကိုကွာခြားနေတာကြောင့် ဆရာကြီးပိုင်သိပြီးသားပေမယ့် ထပ်ပြီးအတည်ပြုလိုက်တယ်.

"ဟုတ်ပါတယ်! ကျွန်မ ဆရာကြီးကို ဆရာကြီးပိုင်မှန်းမသိခဲ့သလိုပဲပေါ့." ကုနင်း အပြုံးလေးနဲ့ပြန်ပြောလိုက်တယ်.

"ဟ-ဟ, ဟ-ဟ, မင်းမှန်တယ်! မင်းကငယ်ငယ်လေးနဲ့ တော်တော်ထူးချွန်တာပဲ." ဆရာကြီးပိုင် ပေါ်တင်ပဲချီးမွမ်းလိုက်တယ်.

"ကျေးဇူးတင်ပါတယ်." ကုနင်းပြန်ဖြေလိုက်တယ်.

"ငါ့ကို မဖိတ်ပဲလာတဲ့အတွက်တော့ အပြစ်မတင်ပါနဲ့နော်." ဆရာကြီးပိုင်ကပြောလိုက်တယ်.

"အပြစ်တင်စရာလား! ဆရာကြီးရောက်လာတာကပဲ ဝမ်းသာစရာဖြစ်နေပြီကို." ကုနင်းပြန်ဖြေလိုက်တယ်. သူမ ဆရာကြီးပိုင်ရဲ့နောက်ခံကိုမသိပေမယ့် သူလဲ ဩဇာလွှမ်းမိုးမှုရှိမယ့်လူမှန်း သိပါတယ်.

"ကောင်မလေးကု, ဂရုစိုက်နော်! ဆရာကြီးပိုင် ဒီကိုရောက်နေတာ ရည်ရွယ်ချက်ကြီးရှိနေတယ်." ဆရာကြီးဖူက တစ်ခုခုဖြစ်တော့မလိုပုံနဲ့ပြောလိုက်တယ်. ထိုစကားကိုကြားတော့ ဆရာကြီးပိုင်စိတ်ဆိုးသွားကာ,

"ဆရာကြီးဖူ, မင်းစကားကိုကြည့်ပြော! ငါ့ဂုဏ်သတင်းကို လာမဖျက်စီးနဲ့!"

"ဒါဆိုလဲ မင်းဘာလုပ်ဖို့ ဒီရောက်နေတာလဲ?" ဆရာကြီးဖူက ရန်စသလိုကြည့်ပြီးပြောလိုက်တယ်.

"ငါ ဒီကိုကောင်မလေးကုကြောင့်လာတာ. သူနဲ့ မိတ်ဆွေဖြစ်ချင်လို့. မင်းတောင်ဖြစ်နိုင်သေးတာ ငါက ဘာလို့မဖြစ်နိုင်ရမှာလဲ!" ဆရာကြီးပိုင် ပြန်ပြောလိုက်တယ်.

ကုနင်းမနေနိုင်ဘဲ ရယ်လိုမိတော့တယ်. သူတို့ကိုကြည့်ရတာ ကလေးလေးတွေရန်ဖြစ်နေသလို ချစ်စရာကောင်းနေတယ်. ဒါပေမယ့် စားစရာမှာချိန်ရောက်ပြီဖြစ်တာကြောင့် သူတို့စကားကိုဝင်ဖြတ်လိုက်ကာ,

"တော်ပါတော့, အရင်ဆုံးမှာကြရအောင်."

ကုနင်းမှာ ပိုက်ဆံရှိတာသိတာကြောင့် တုံ့ဆိုင်းမနေဘဲ သူတို့အကြိုက်ဆုံးစားစရာတွေကို မှာခဲ့ကြပေမယ့် ထိုဟင်းပွဲတွေက ရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တာတွေပါပဲ. အရမ်းလဲ ဈေးမကြီးကြပါဘူး.

"ကောင်မလေးကု, မင်းဆရာကြီးဖူကို ဘာအကူအညီတောင်းထားတာလဲ?" ဆရာကြီးယန်ကမေးလိုက်တယ်.

"အိုး, ကျွန်မ ကျောက်မြတ်ရတနာကုမ္ပဏီဖွင့်တော့မှာဆိုတော့ မှတ်ပုံတင်ဖို့ စာရွက်စာတမ်းတွေအရင်လုပ်ဖို့လိုတယ်လေ. ဒီတော့ အခုခေတ်မှာက အာဏာရှိတဲ့လူတစ်ယောက်ယောက်ကသာကူညီပေးရင်ပိုမြန်မြန်ပြီးသွားမလားလို့ပါ. ဒါကြောင့် ဆရာကြီးဖူကူညီပေးဖို့မျှော်လင့်တာ." နောင်အနာဂါတ်မှာလဲ သူတို့အကူအညီလိုလာနိုင်တာကြောင့် ကုနင်းဖုံးကွယ်မနေပဲ ပြောပြလိုက်တယ်.

"ဘာ? မင်းကျောက်မြတ်ရတနာကုမ္ပဏီဖွင့်မယ်?" ဆရာကြီးယန်နဲ့ ဆရာကြီးပိုင်တို့ကတော့ လန့်လဲလန့်သွားကာ ကုနင်းကိုလေးလဲလေးစားမိသွားတယ်. သူမက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုစလုပ်ဖို့တောင် စီစဉ်နေပြီ. တော်တော်လေးကို ရည်မှန်းချက်ကြီးပြီး ဆုံးဖြတ်ချက်ခိုင်မာတာပဲ!

"ဒါပေမယ့် ကျွန်မက အခုမှကျောင်းသူဆိုတော့ ကိစ္စတိုင်းကို ကိုယ်တိုင်လိုက်လုပ်လို့မရဘူးလေ. ဒါကြောင့် ဦးလေးကျိုးကို ကူညီဖို့ခန့်ထားပြီး ကျွန်မကတော့ နောက်ကွယ်ကဘော့စ်လုပ်မယ်." ကုနင်းထပ်ပြောလိုက်တယ်.

ဒီဆရာကြီးတွေအားလုံး ကျိုးကျန်းဟုန်ကိုသိကြပြီးသားဖြစ်တယ်. သူတို့ချင်းမရင်းနှီးကြပေမယ့် သူဘာလုပ်နိုင်တယ်ဆိုတာတွေကိုတော့ ကြားဖူးကြပါတယ်. လွန်ခဲ့တဲ့နှစ်ဝက်က ကျိုးဖူကျောက်မြတ်ရတနာလုပ်ငန်း ရုတ်တရက် ပိုင်ရှင်ပြောင်းသွားတာနဲ့ပတ်သတ်ပြီး ရှောင်ပင်းကြောင့်ဖြစ်တယ်ဆိုတာ သူတို့ခန့်မှန်းမိကြပါတယ်.

ကုနင်းနဲ့ ကျိုးကျန်းဟုန်ကြားက ဆက်ဆံရေးက ဘာမှန်းမသိပေမယ့် သူတို့မေးဖို့ရည်ရွယ်ချက်လဲမရှိပါဘူး. ဒါပေမယ့် ကုနင်းက ကျိုးကျန်းဟုန်ကို လုပ်ပိုင်ခွင့်အပြည့်ပေးထားတယ်ဆိုကတည်းက သူ့ကိုအရမ်းယုံကြည်နေလို့ပေါ့. ကြည့်ရတာ သူတို့အရမ်းရင်းနှီးကြမယ့်ပုံပေါ်တာကြောင့် ဘာမှမမေးတော့တာပါ.

ဒါပေမယ့် ကျိုးကျန်းဟုန်ကို ကုနင်းတွေ့တာ ခနလေးပဲရှိသေးတာကိုသိတော့ သူတို့ထိတ်လန့်သွားတာ. ဘယ်သူမှ လူတစ်ယောက်ကို အချိန်တိုလေးအတွင်းမှာ မယုံကြည်နိုင်ကြဘူးလေ.

"ကျွန်မဆိုင်ကို မကြာခင်ဖွင့်တော့မှာဆိုတော့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပေးစေချင်တယ်. ဆရာကြီးတို့သာလာမယ်ဆို ကျွန်မအတွက် အကူညီအများကြီးဖြစ်မှာပါ." ကုနင်းသူတို့ကို ဖိတ်ခေါ်လိုက်တယ်.

"ရတာပေါ့, ငါတို့လာခဲ့မယ်." သူတို့လဲ တုံ့ဆိုင်းခြင်းမရှိ ဖိတ်ကြားချက်ကိုလက်ခံလိုက်တယ်.

စားနေတဲ့အချိန်တွင်း လေထုက အရမ်းကို သင့်တင့်နေတာကြောင့် သူတို့ကိုမိသားစုတွေလို့တောင် အထင်မှားမိနိုင်တယ်! ထိုထဲတွင် ကျိုးကျန်းဟုန်ကတော့ စိတ်လှုပ်ရှားနေတယ်.

ဆရာကြီးပိုင် နဲ့တခြားလူတွေက အရမ်းကို ဩဇာလွှမ်းမိုးမှုရှိကြတာကြောင့် သူတို့ရှေ့မှာရှိနေရာတာ ကျိုးကျန်းဟုန်အတွက် သက်သောင့်သက်သာမဖြစ်လေဘူး.

ဆရာကြီးဖူက စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အကြီးအကဲဆီမှာ ကူညီပေးမှာပေမယ့် ကျိုးကျန်းဟုန် ကိုယ်တိုင်လဲ စာရွက်စာတမ်းတွေပြင်ဆင်ဖို့လိုပါသေးတယ်.

ဒါပေမယ့် ဆရာကြီးဖူရဲ့ကူညီပေးမှုကြောင့် မြန်မြန်ဆန်ဆန်နဲ့ ချောချောမွေ့မွေ့ပြီးဆုံးသွားမှာပါ. ပြီးတော့ ကျိုးကျန်းဟုန်က ဌာနမှလူတွေကို ညစာဖိတ်ကျွေးပြီး လက်ဆောင်ပစ္စည်းတွေပို့ပေးရမှာပေမယ့် ဆရာကြီးဖူရဲ့ကူညီမှုကြောင့် ထိုအဆင့်တွေကို ကျော်ပစ်လို့ရပါတယ်. ဒါပေမယ့် အဆက်အသွယ်ကောင်းတွေကိုတည်ဆောက်ဖို့အတွက်တော့ သူထိုအဆင့်တွေကို ပုံမှန်အတိုင်းလုပ်သွားမှာပါ.

သူတို့စားသောက်ဆိုင်ကနေထွက်လာတော့ ဆရာကြီးယန်က,

"ကောင်မလေးကု, ခနစောင့်ဦး. မင်းကို လူတစ်ယောက်နဲ့မိတ်ဆက်ပေးဦးမယ်."

ကုနင်းနားမလည်ဖြစ်သွားချိန်မှာပဲ ဆရာကြီးပိုင်က, "အိုး, ဟုတ်သား, မင်းသားလဲ ဒီမှာရောက်နေတာပဲ."

ထိုစကားကိုကြား၍ ကုနင်းလှမ်းကြည့်လိုက်တော့ လမ်းတစ်ဖက်မှာ သက်လတ်ပိုင်းအရွယ်ယောကျ်ားတွေအများကြီးစကားပြောနေတာကို တွေ့လိုက်ရတယ်. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကုနင်း မျက်ဝန်းတွေအေးစက်သွားတယ်.

ထိုလူတွေထဲက သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အနီစက်တစ်စက်က ရွေ့လျှားနေပြီး အဆုံးမှာတော့ ထိုလူရဲ့ မျက်ခုံးနှစ်ခုအလယ်တွင် ရပ်သွားတယ်. ကုနင်းချက်ချင်းပဲ အပြေးသွားလိုက်တယ်.

"ဟေး!"

ဆရာကြီးပိုင်နဲ့ ကျန်လူတွေမှာတော့ ကုနင်းရုတ်တရက် လှုပ်ရှားလိုက်၍ အံ့ဩသွားကြတယ်. ဘာဖြစ်တာလဲ? ဒါပေမယ့် သူတို့ဘာဖြစ်နေမှန်းမသိခင်မှာပဲ မတော်တဆမှုကဖြစ်သွားခဲ့တယ်.

ထိုသက်လတ်ပိုင်းလူကြီးမှာ ကုနင်းရဲ့ အားနှင့်တွန်းထုတ်တာကိုခံလိုက်ရပြီး တစ်ဖက်ကို လဲကျသွားတယ်. နောက်တော့ ထိုလူကို မှန်ရမယ့် ကျည်ဆံက သူ့ကိုလွဲသွားပြီး နောက်ကကားကိုပစ်မိသွားတယ်.

ထိုစနိုက်ပါရိုင်ဖယ်က အသံတိတ်ထပ်ထားတာကြောင့် ကားကိုကျည်ဆံထိသွားတဲ့အသံကလွဲပြီး တခြားအသံမထွက်ခဲ့ပါဘူး.

ပုံမှန်ဆို လူသတ်သမားက ပထမတစ်ချက်မှာလွတ်သွားရင် နောက်တစ်ခေါက်ထပ်ပစ်မှာဖြစ်ပေမယ့် ကုနင်းက နောက်တစ်ချက်ပစ်လာတဲ့ ကျည်လမ်းကြောင်းကိုကြည့်လိုက်တယ်.

ကျောက်စိမ်းမျက်ဝန်းကိုသုံးပြီးကြည့်လိုက်တော့ ထိုလူသတ်သမားရဲ့တည်နေရာကို ချက်ချင်းပဲတွေ့လိုက်တယ်. လူသတ်သမားက ထွက်သွားဖို့ပြင်နေပြီး ကုနင်းရဲ့ အေးစက်တဲ့အကြည့်ကြောင့် ကြောက်လန့်သွားတယ်.

ကုနင်းရဲ့မျက်နှာကို သူသေချာမမြင်ရပေမယ့် မိန်းမငယ်လေးတစ်ယောက်မှန်းတော့ ခန့်မှန်းမိပါတယ်. ဒီလောက်အရွယ်ကောင်မလေးတစ်ယောက်က သူ့ကိုရှာတွေ့သွားတာကြောင့် အံ့ဩသွားတယ်. သူမက ခန္ဓာကိုယ်ကြံ့ခိုင်ပြီး ထိုအကြည့်စူးစူးတွေအရ စိတ်ဓါတ်လဲခိုင်မာပုံပဲ.

သူ့မှာ အချိန်မရှိတော့တာကြောင့် လူသတ်သမားလဲ ချက်ချင်းပဲ ထွက်သွားတော့တယ်.

................Book 9 Part121End..............

ဖီးနစ်သွေးစက်

အခန်း ၁၂၂ ချူးရွှမ်ဖန် နဲ့တွေ့ဆုံခြင်း

သူတို့ထိတ်လန့်သွားပေမယ့် ကားမှအပေါက်ကိုတွေ့သွားတော့မှ ဘာတွေဖြစ်မှန်းနားလည်သွားကြတယ်.

"မြို့တော်ဝန်!"

လူနှစ်ယောက်က ချက်ချင်းပဲ ကုနင်းတိုက်ချလိုက်လို့လဲသွားတဲ့ သက်လတ်ပိုင်းအရွယ်လူကို ဝိုင်းထူပေးလိုက်ကြတယ်.

မြို့တော်ဝန်? ကုနင်းဆွံ့အသွားရတယ်. ဒီလူက မြို့တော်ဝန်လား?

"ကျန်းလင်!"

ဆရာကြီးယန် မျက်နှာမှာကြောက်စိတ်ကြောင့် ဖြူဖျော့သွားတယ်. တော်သေး၍ ကျိုးကျန်းဟုန်က သူ့ကိုကူတွဲပေးပြီး အလျင်အမြန်ပဲ လျှောက်သွားလိုက်တယ်.

ယန်ကျန်းလင် တွန်းဖယ်ခံထားရတာကြောင့် တစ်ကိုယ်လုံးနာကျင်နေတယ်. သူ့အဝတ်အစားတွေမှာလဲ ဖုန်မှုန့်တွေပေကျံနေတာကြောင့် အရှက်ရစရာဆိုပေမယ့် ဒါတွေကို အသာထားကာ စိတ်တည်ငြိမ်အောင်ပြန်လုပ်ရင်း ဖြေလိုက်တယ်,

"ကျွန်တော်အဆင်ပြေပါတယ်."

ယန်ကျန်းလင် ဘာတွေဖြစ်သွားမှန်းအခုထိသေချာမသိသေးပေမယ့် သူ့အသက်ကို ကုနင်းကယ်ခဲ့မှန်းတော့သိပါတယ်. ဒါကြောင့် ချက်ချင်းကျေးဇူးတင်စကားပြောလိုက်တယ်,

"ကျေးဇူးအများကြီးတင်ပါတယ်! မင်းကြောင့်သာမဟုတ်ရင် ငါသေသွားပြီ."

ကုနင်းဘာမှပြန်မပြောရသေးခင်, ဆရာကြီးယန်က သူမလက်ကတွေကို တုန်တုန်ရီရီနဲ့ဆုပ်ကိုင်ကာ ငိုရှိုက်ရင်း,

"ကောင်မလေးကု, ကျေးဇူးအများကြီးတင်ပါတယ်! မင်း ငါ့သားအသက်ကိုကယ်ခဲ့တာမဟုတ် , မဟုတ်ရင်..."

အိုး, ဒါဆို မြို့တော်ဝန်က ဆရာကြီးယန်ရဲ့သားပေါ့!

သူမနဲ့ မိတ်ဆက်ပေးဖို့ ဆရာကြီးယန် စီစဉ်ထားတာ ဒီလူပဲဖြစ်ရမယ်.

"အဘိုးယန်, မြို့တော်ဝန်ယန်, ကိစ္စမရှိပါဘူး. ဖြစ်တာတွေအရမ်းမြန်သွားတော့ ကျွန်မလဲ သိပ်မတွေးလိုက်မိဘူး. ရိုင်းသွားရင် ခွင့်လွှတ်ပေးပါ." ကုနင်းပြောလိုက်တယ်. သူမရဲ့အပြုအမူကြောင့် တခြားသူတွေဆီက လေးစားမှုကိုပါ ရရှိသွားတယ်.

ယန်ကျန်းလင်လဲ ထိုတော့မှ ဆရာကြီးယန်လဲ ကုနင်းနဲ့သိနေတာကို သိလိုက်တယ်.

"ဟ-ဟ, အရမ်းကောင်းတယ်. မင်းဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး. ဒီကိစ္စအတွက် မင်းကိုတောင် လေးစားနေတာ!" ယန်ကျန်းလင် ပြောရင်းနဲ့ ဝမ်းမြောက်ဝမ်းသာရယ်နေလိုက်တယ်. သူက အရေးကြီးပြီးအာဏာရှိတဲ့သူတစ်ယောက်ပေမယ့် မာနကြီးသလိုမနေပါဘူး.

"ဘာပဲဖြစ်ဖြစ် မင်းငါ့အသက်ကိုကယခဲ့တာဆိုတော့ မင်းရဲ့ကြင်နာမှုကို ငါ့စိတ်ထဲစွဲစွဲမြဲမြဲမှတ်ထားလိုက်ပြီ. ဒါ ငါ့နာမည်ကဒ်. နောက်ပြဿနာတစ်ခုခုနဲ့ကြုံလို့ မင်းမဖြေရှင်းနိုင်ရင် ဘယ်ချိန်ဖြစ်ဖြစ်ငါ့ကိုဖုန်းဆက်လိုက်. ကြိုတော့ပြောထားမယ်. မင်း ဥပဒေနဲ့မညီတာတွေလုပ်ရင်တော့ ငါ့ကူညီမှာမဟုတ်ဘူး." ယန်ကျန်းလင်က အတည်ပြောကာ သူ့နာမည်ကဒ်ကို ကုနင်းထံလှမ်းပေးလိုက်တယ်.

"ကျေးဇူးအများကြီးတင်ပါတယ်." လို့ပြောပြီး ကုနင်း နာမည်ကဒ်ကိုလက်ခံလိုက်တယ်.

"ဆရာကြီးယန်, မင်းသူတို့နှစ်ယောက်ကို မိတ်ဆက်ပေးဖို့မလိုတော့ဘူးပဲ. ကောင်မလေးကုသာ ဒီမှာမရှိနေရင်တော့..."ဆရာကြီးပိုင်မှာအခုထိ ထိတ်လန့်နေစဲပါပဲ.

ဒါကိုကြာတော့မှ ယန်ကျန်းလင်လဲဘာတွေပြောနေတာမှန်းသဘောပေါက်သွားတယ်. သူ့အဖေက ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးဖို့ စီစဉ်ထားတာဖြစ်ပြီး သူမအကူအညီလိုရင် ကူညီပေးရန်ပြောထားတယ်. ဒါပေမယ့် မမျှော်လင့်ထားပဲ သူမကသာ သူ့အသက်ကိုကယ်တင်ခဲ့တယ်.

ဘယ်သူမှ နောက်တစ်စက္ကန့်နေရင် ဘာဖြစ်သွားနိုင်မလဲဆိုတာတောင်မသိနိုင်ပါဘူး.

"ဘော့စ်, အဆင်ပြေရဲ့လား?" ကျိုးကျန်းဟုန်က ကုနင်းကိုစိုးရိမ်စွာနဲ့မေးလိုက်တယ်.

"ဟုတ်သားပဲ, ကောင်မလေးကု အဆင်ပြေရဲ့လား?"

ဒီတော့မှ ကျန်တဲ့သူတွေလဲ ကုနင်းအန္တရာယ်ကင်းမကင်းစစ်ဆေးဖို့ သတိရသွားကြတယ်. ဒါတော်တော်ရိုင်းတဲ့အပြုအမူပဲ.

"ကျွန်မအဆင်ပြေပါတယ်. မစိုးရိမ်ကြပါနဲ့." ကုနင်းပြန်ဖြေလိုက်တယ်.

"တော်သေးတာပေါ့." ဆရာကြီးဖူနဲ့ ကျန်တဲ့လူတွေလဲ ထိုတော့မှစိတ်အေးသွားကြတယ်. သူမဘယ်လိုလုပ် စနိုက်ပါသမားကို ရှာတွေ့သွားမှန်း သူတို့နားမလည်ပဲ အံ့ဩနေကြပေမယ့် ဘယ်သူမှမမေးကြပါဘူး.

ပြီးသွားတော့ သူတို့အချင်းချင်းနှုတ်ဆက်စကားပြောလိုက်ကြတယ်.

ကုနင်းနဲ့ ကျိုးကျန်းဟုန်တို့ထွက်သွားတော့မှ ယန်ကျန်းလင် မကျေမနပ်နဲ့,

"လောင်လီ, သွားပြီး ဘာတွေဖြစ်တာလဲ စုံစမ်းခဲ့. ဒီကိစ္စရဲ့နောက်ကွယ်ကလူကို ငါသိချင်တယ်."

"ဟုတ်ကဲ့ပါ, ဆရာ." ယန်ကျန်းလင်ဘေးမှ ဝတ်စုံပြည့်နဲ့ရပ်နေတဲ့ လောင်လီဆိုတဲ့လူက ရိုသေစွာနဲ့ပြန်ဖြေလိုက်တယ်. သူကတော့ မြို့တော်G အများပြည်သူလုံခြုံရေးဌာန၏ ဒါရိုက်တာ လီဖန်းဖြစ်ပါတယ်.

လီဖန်းသည် ယန်ကျန်းလင်ရ့နောက်လိုက်တစ်ဦးဖြစ်ပါတယ်. တကယ်လို့ ယန်ကျန်းလင်သာတစ်ခုခုဖြစ်ရင် သူလဲ အန္တရာယ်ကင်းလိမ့်မှာမဟုတ်ပါဘူး.

ယခုကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမှန်း သူတို့မသိသေးပေမယ့်ဘာတွေဖြစ်ခဲ့တာလဲတော့ သေချာသိကြပါတယ်. ဒါက မြို့တော်ဝန်နေရာပြောင်းလဲရေးကို အဓိကဦးတည်နေတာဖြစ်ပြီး ကျန်းယန်လင်အပေါ်ကောင်းတဲ့သူဆိုတာလဲ ဘယ်သူမှမရှိပါဘူး. ဒီကိစ္စကို သူ့ပြိုင်ဘက် နိုင်ငံရေးသမားတွေထဲက လုပ်တာပဲဖြစ်ရမယ်.

မဟုတ်ရင် ဥပဒေအရမကိုက်ညီသော လုပ်ငန်းလုပ်ကိုင်မှုကြောင့် ယန်ကျန်းလင်ထံမှာ ရုံးခန်းတွေဖယ်ရှားခံလိုက်ရတဲ့ ရန်သူတွေထဲကလဲဖြစ်နိုင်တယ်.

ပြီးသွားတော့ ယန်ကျန်းလင်က မြို့တော်ဝန်ရုံးကို ပြန်မသွားခင် လူကြီးတွေကို အိမ်ပြန်ဖို့ စီစဉ်ပေးလိုက်တယ်.

စားသောက်ဆိုင်ရဲ့ ဒုတိယထပ်က ပြတင်းပေါက်နားတွင်တော့ စစ်ထူယဲ့ နှင့် ချူးရွှမ်ဖန်တို့က ကိစ္စတိုင်းကို မြင်လိုက်ကာ ကုနင်းရဲ့ လျင်မြန်ဖြတ်လတ်သော လှုပ်ရှားမှုကြောင့် ထိတ်လန့်အံ့ဩနေကြသည်.

သူမဘယ်သူဆိုတာမပေမယ့် ဘာလို့ ဒီလောက်အံ့ဩစရာကောင်းအောင်လှုပ်ရှားနိုင်နေရတာလဲ.

ချူးရွှမ်ဖဖန်ကတော့ ဖိအားအများကြီးခံစားလိုက်ကာ သက်ပြင်းချလိုက်ပြီး ကြောက်ရွံ့နေဟန်နှင့်,

"ဘုရားရေ, တကယ့်ကို မယုံနိုင်စရာပဲ! သူ စနိုက်ပါသမားကိုရှာတွေ့တဲ့အပြင် ဟိုလူကို ကျည်လမ်းကြောင်းကနေတောင် ဖယ်ပစ်နိုင်တယ်! ငါကိုယ်တိုင်ဆိုရင်တောင် အဲ့လိုမလုပ်နိုင်လောက်ဘူး."

ချူးရွှမ်ဖန် ကုနင်းကို လေးစားမိသွားတယ်. တစ်ချိန်တည်းမှုပဲ စိတ်ပျက်မှုကိုပါခံစားလိုက်ရတယ်,

"ဘာဘာလုပ်သင့်လဲ? အရမ်းရှက်ဖို့ကောင်းတာပဲ."

စစ်ထူယဲ့ကတော့ တိတ်ဆိတ်နေပေမယ့် ကုနင်းရဲ့ ထူးချွန်မှုကိုတော့ အသိအမှတ်ပြုမိပါတယ်. ထိုအချိန်မှာပဲ ထိုမိန်းကလေးအပေါ် အရမ်းစိတ်ဝင်စားသွားတယ်. သူတို့နှစ်ယောက်သာ ကစားပွဲတစ်ခုမှာကစားရင် ဘယ်သူနိုင်လောက်မလဲ?

ကုနင်း?

သူမအကြောင်းကို စုံစမ်းရမယ်.

ထိုအချိန်တွင်, ကျိုးကျန်းဟုန်သည် ကုနင်းနဲ့အတူ စက်ရုံရှိရာသို့ ကားမောင်းသွားခဲ့တယ်. သူမမြို့တော်Fကိုမပြန်ခင် တစ်ကြိမ်လောက် သွားကြည့်ဖို့လိုနေသေးတယ်လေ.

လမ်းရောက်တော့ ကုနင်းက ကျိုးကျန်းဟုန်ကို မေးလိုက်တယ်,

"ဦးလေးကျိုး, ဆရာကြီးပိုင်ရဲ့ နောက်ခံကိုသိလား?"

"ဆရာကြီးပိုင် ရဲ့ နာမည်က ပိုင်ရူရွှမ်. သူက မြို့တော်Gမှာတော့ ယွမ်၃၀ဘီလီယံလောက်အထိချမ်းသာတဲ့ တတိယအချမ်းသာဆုံးလူပဲ. သူကလုပ်ငန်းတော်တော်များများမှာပါပေမယ့် ဆေးရွက်ကြီးနဲ့ ဆေးဝါးလုပ်ငန်းကိုတော့ အဓိကလုပ်တယ်. ဒီလုပ်ငန်းနှစ်ခုက မြို့တော်Gမှာတော့ အဓိကလုပ်ငန်းကြီးနှစ်ခုပဲ." ကျိုးကျန်းဟုန်က ရှင်းပြလိုက်တယ်.

ထိုစကားတွေကိုကြားတော့ ကုနင်းတော်တော်လေးအံ့အားသင့်သွားတယ်. ဆရာကြီးပိုင်က ဒီလောက်အာဏာရှိမယ်လို့သူမမထင်ထားမိဘူး.

တကယ်လို့ ဆရာကြီးပိုင်သာ သူမရဲ့ဆိုင်ဖွင့်ပွဲကိုတက်ရောက်ရင် လုံးဝကိုအာရုံစိုက်ခံရမှာပဲ. ဒီလိုဆို ကြော်ငြာနေစရာလဲမလိုတော့ဘူး. ဆရာကြီးပိုင်ကိုက သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကြော်ငြာဖြစ်သွားလိမ့်မယ်.

ဒါပေမယ့် ကြော်ငြာကိုထည့်မှတော့ဖြစ်မှာပါ. ဒါကြောင့်ထိုကိစ္စဆောင်ရွက်ရန် ကျိုးကျန်းဟုန်ကိုပြောလိုက်တယ်.

စက်ရုံရောက်တော့ ချန်းချင်းရှန်နဲ့ကျန်တဲ့လူတွေက လက်ဝတ်ရတနာလုပ်နေရင်းဖြစ်ကြသည်. သူတို့က အလယ်အမြင့်ဆင့်ကျောက်စိမ်းတွေကိုတော့ စက်နဲ့ပုံသွင်းနေကြကာ အဆင့်မြင့်ကျောက်စိမ်းကိုတော့ လက်နဲ့ပုံသွင်းနေကြတယ်.

လက်ဝတ်ရတနာအမျိုးအစားတွေက သူတို့စိတ်ကြိုက်လုပ်တာဖြစ်ပြီး ကုနင်းကတော့ဝင်မပါ,ပါဘူး.

ညနေ၃နာရီထိုးခါနီးတော့ ၄နာရီခွဲလေယာဉ်မီရန် ကျိုးကျန်းဟုန်က ကုနင်းကိုလေဆိပ်သို့လိုက်ပို့ပေးလေတယ်.

သူတို့လေဆိပ်ကိုရောက်တော့ ၃နာရီမိနစ်၄၀ရှိပြီဖြစ်ကာ နားနေခန်းကိုရောက်တော့ ၄နာရီရှိသွားပြီ. ကုနင်းတစ်နေရာမှာ ထွက်ခွာချိန်ရောက်ဖို့ ၁၀မိနစ်လောက်လိုနေသေးတာကြောင့် ထိုင်နေလိုက်တယ်.

ကုနင်းထိုင်လိုက်ချိန်မှာပဲ ဘေးနားက အံ့ဩနေတဲ့အမျိုးသားသံတစ်သံက,

"မင်းပါလား," ဆိုပြီးကြားလိုက်ရတယ်. ကုနင်း သူ့ကိုလှည့်ကြည့်လိုက်တော့ ထိုလူက ငယ်ရွယ်ခန့်ညားပေမယ့် သူမကတော့ သူ့ကိုမသိပါဘူး.

ကုနင်း မသိသလိုဖြစ်နေတာကိုမြင်တော့ ထိုလူကချက်ချင်းရှင်းပြလိုက်တယ်,

"တွေ့ရတာဝမ်းသာပါတယ်, ငါ့နာမည် ချူးရွှမ်ဖန်ပါ. မင်းတော့မသိလောက်ပေမယ့် ငါတော့မင်းကိုသိတယ်. မင်းကို ဒီနေ့ ဟွမ်းဒင်ဟိုတယ်မှာတွေ့ခဲ့တာလေ."

ဟုတ်ပါတယ်, ထိုလူကတော့ ချူးရွှမ်ဖန်ပါပဲ.

ကုနင်းကို လေဆိပ်မှာတွေ့လိုက်ရတာကြောင့် ချူးရွှမ်ဖန်အံ့ဩသွားကာ စကားသွားစပြောလိုက်တယ်. သူမလဲ မြို့တော်Fကိုသွားမလို့လား?

"တွေ့ရတာဝမ်းသာပါတယ်." ကုနင်းလဲ ရင်းရင်းနှီးနှီးပြန်နှုတ်ဆက်လိုက်တယ်.

ထိုလူအရမ်းစိတ်လှုပ်ရှားနေပုံကို မြင်တော့ သူမမြို့တော်ဝန်ကိုကယ်လိုက်တာကို တွေ့သွားမှန်းခန့်မှန်းမိလိုက်တယ်.

"မင်းလဲ မြို့တော်Fကိုသွားမှာလား?" ချူးရွှမ်ဖန်ကမေးလိုက်တယ်.

"ဟုတ်ပါတယ်" ကုနင်းပြန်ဖြေလိုက်တယ်.

................Book 9 Part122End..............

စာစဉ်၁၃အထိ Paid Groupလဲ ဝင်လို့ရနေပါပြီ.

ဖီးနစ်သွေးစက်

အခန်း ၁၂၃ ချူးဖေ့ဟန်ရဲ့အစ်ကိုကြီး

"ငါရောပဲ. ငါက မြို့တော်Fမှာနေတာ. မင်းကရော? အလည်သွားမှာလဲ? မြို့တော်Fမှာ နေတာမို့လို့လား?" ချူးရွှမ်ဖန်ကမေးဆက်မေးလိုက်တယ်.

"ကျွန်မလဲ မြို့တော်Fမှာနေတာပါ." ကုနင်းပြန်ဖြေလိုက်တယ်.

အချိန်ခနလောက်စာကားပြောပြီးသွားတော့ သူတို့လေယာဉ်ပေါ်တက်သွားကြရတယ်. သူတို့အတူတူထိုင်ကြတာမဟုတ်ပေမယ့် လေယာဉ်ဆင်းတော့တစ်ခေါက်ထပ်တွေ့ပြန်တယ်.

"မင်းဘယ်ကိုသွားမှာလဲ? ငါလိုက်ပို့ပေးရမလား?" ချူးရွှမ်ဖန်က ယဉ်ကျေးမှုအရမေးလိုက်တယ်. ပြီးတော့ ကုနင်းကို ဝန်မလေးစေချင်တာကြောင့် ထပ်ပြီး,

"ငါ့ညီမက ဒီကိုလာကြိုပေးမှာလေ."

"ကျေးဇူးပါ. ကျွန်မဘာသာပြန်လိုက်ပါ့မယ်." ကုနင်းငြင်းလိုက်တယ်.

ချူးရွှမ်ဖန်း အတင်းမတိုက်တွန်းနေတော့ပါဘူး. သူတို့နှစ်ယောက်က အရမ်းမရင်းနှီးသေးတာကြောင့် အတင်းတိုက်တွန်းဖို့က မသင့်တော်ဘူးလေ.

သူတို့ထွက်ပေါက်ကိုရောက်တော့ ကုနင်း နဲ့ ချူးရွှမ်ဖန် ရဲ့အကြည့်တွေက လူတစ်ယောက်ဆီကိုတစ်ချိန်တည်း ကျရောက်သွားတယ်. ထိုလူကလဲ သူတို့ကိုတွေ့တော့ အံ့အားသင့်သွားတယ်.

ချူးဖေ့ဟန်? သူကဘာလို့ဒီမှာရှိနေတာလဲ? ကုနင်းနားမလည်နိုင်ဖြစ်သွားတယ်.

ချူးဖေ့ဟန် ချက်ချင်းပြေးလာပြီး ကုနင်းရဲ့လက်ကိုဆွဲကာ စိတ်လှုပ်ရှားမှုအပြည့်နဲ့မေးလိုက်တယ်,

"ဘော့စ်, နင်ဘယ်လိုလုပ် ငါ့အစ်ကိုနဲ့အတူထွက်လာတာလဲ?"

"နင့်အစ်ကို?" ကုနင်း ဆွံ့အသွားကာ ချူးရွှမ်ဖန်ကိုပြန်ကြည့်လိုက်ပြီး ထိတ်လန့်သွားတယ်. ချူးရွှမ်ဖန်က ချူးဖေ့ဟန်ရဲ့အစ်ကိုလား? တိုက်ဆိုင်လိုက်တာ!

ချူးရွှမ်ဖန်လဲ အံ့ဩသွားတယ်. ကုနင်းက သူ့ညီမနဲ့သိနေတာလား? နေပါဦး, ဘော့စ်? ဖေ့ဟန်က ဘာလို့ ကုနင်းကိုဘော့စ်လို့ခေါ်နေတာလဲ? ဘာတွေဖြစ်ကုန်တာလဲ?

သူအသေးစိတ်ကိုမသိပေမယ့် အကြမ်းဖျင်းလောက်တော့ ခန့်မှန်းမိပါတယ်. သူ့အထင်သာမှန်ရင် ကုနင်းရဲ့ထူးချွန်တဲ့စွမ်းရည်ကို ချူးဖေ့ဟန် လေးစားပြီး ဘော့စ်လို့ခေါ်တာပဲဖြစ်ရမယ်.

ချူးရွှမ်ဖန် သူ့ညီမအကြောင်းကောင်းကောင်းသိတာပေါ့. သူမက သိုင်းပညာအပေါ်အရမ်းကိုရူးသွပ်တဲ့လူမျိုး.

"ဒါဆို, နင်တို့က...." ချူးဖေ့ဟန် အဓိပ္ပါယ်ပါပါကြည့်ရင်းပြောလိုက်တယ်.

ချူးဖေ့ဟန်ရဲ့အကြည့်ကိုမြင်တော့ သူမဘာကိုဆိုလိုချင်မှန်း ကုနင်းသဘောပေါက်သွားတယ်. ဒါကြောင့် ချက်ချင်းငြင်းလိုက်ပြီး သူမ ချူးရွှမ်ဖန်နဲ့ဘယ်လိုတွေ့ခဲ့တဲ့အကြောင်းရှင်းပြလိုက်တယ်.

ဒါပေမယ့် ဟွမ်းဒင်ဟိုတယ်မှာဖြစ်ခဲ့တဲ့ကိစ္စအသေးစိတ်ကိုတော့ ချူးဖေ့ဟန်ကိုမပြောပြဘဲ သူမလူတစ်ယောက်ကိုကယ်ခဲ့တာကို ချူးရွှမ်ဖန်မြင်သွားတယ်လို့သာပြောတယ်.

ပြီးတော့ သူတို့ လေဆိပ်မှာစကားထိုင်ပြောဖြစ်ကြရင်း တိုက်တိုက်ဆိုင်ဆိုင် အခုအထွက်မှာလဲ ထပ်တွေ့ခဲ့တယ်ပေါ့.

"ဟုတ်ပါပြီ." တကယ်တော့ ချူးဖေ့ဟန်က စနောက်ရုံသက်သက်ပါ. သူမအစ်ကိုနဲ့ ကုနင်းတို့ကြား စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းလေးရှိသွားဖို့မျှော်လင့်မိပေမယ့် အတင်းတော့တွန်းအားမပေးချင်ပါဘူး. ဒါကြောင့်,

"အခုချိန်က မစောတော့ဘူးလေ. ငါတို့နဲ့အတူညစာလိုက်စားလိုက်ပါလား?"

ချူးဖေ့ဟန် ကုနင်းကို ရိုးရိုးရှင်းရှင်းပဲဖိတ်လိုက်တယ်. သူတို့ကြားမှာ ဟန်ဆောင်စရာတွေမလိုအပ်တော့ဘူးလေ.

"ဆောရီး, ငါညစာအိမ်ပြန်စားမယ်လို့ အမေ့ကိုပြောပြီးသားဖြစ်နေတယ်. ကတိမဖျက်ချင်ဘူး." ကုနင်းထပ်ပြီးငြင်းလိုက်ပြန်တယ်.

"ကောင်းပြီလေ." ချူးဖေ့ဟန်လဲ အတင်းမတိုက်တွန်းပဲနဲ့,

"နင်အခုဘယ်မှာနေတာလဲ? ငါတို့လိုက်ပို့မယ်လေ."

"ဖန်ဟွားအဆင့်မြင့်အိမ်ရာ." ဒိတစ်ခေါက်တော့ ချူးဖေ့ဟန်ကို တကယ်ခင်ရတာကြောင့် ထပ်မငြင်းတော့ဘူး.

"ငါတို့သွားမယ့်လမ်းနဲ့အတူတူပဲ. သွားရအောင်!" ချူးဖေ့ဟန် ချူးရွှမ်ဖန်ကို လုံးဝလျစ်လျူရှုထားကာ ကုနင်းနဲ့အတူထွက်သွားတော့တယ်.

ချူးဖေ့ဟန် နဲနဲတော့ခံစားသွားရတယ်. သူ့ညီမက ဒီကိုသူ့ကြိုဖို့လာတာမဟုတ်ဘူးလား? သူ့ကိုတစ်ခေါက်လေးတောင်မဖက်နိုင်ဘူးလား? တစ်ချက်လေးတောင်မှ ဂရုမစိုက်နိုင်ဘူးလား? ကုနင်းကြောင့်နဲ့ ချက်ချင်းကြီး သူ့အစ်ကိုမေ့သွားနိုင်ရတာလဲ?

ချူးရွှမ်ဖန် သူ့ဖုန်းကိုထုတ်ကာ ချူးဖေ့ဟန်နဲ့ ကုနင်းတို့ပုံကို ရိုက်လိုက်ပီး စာတစ်ကြောင်းရေးကာ လိုင်းပေါ်တင်လိုက်တယ်.

'မင်းအစ်ကိုကို ကြိုဖို့လာတာမဟုတ်ဘူးလား? သူငယ်ချင်းကိုတွေ့တာနဲ့ ဘယ်လိုလုပ် အစ်ကိုကိုမေ့ပစ်နိုင်ရတာလဲ? [ငိုတဲ့ အီမိုဂျီ] '

မကြာခင်မှာပဲ ထိုပုံကို စစ်ထူယဲ့မြင်သွားကာ ပုံထဲကတစ်ယောက်သည် ကုနင်းရဲ့နောက်ကျောမှန်း ချက်ချင်းမှတ်မိသွားပြီး မျက်မှောင်ကြုတ်လိုက်မိတယ်.

တိုက်တိုက်ဆိုင်ဆိုင် ကုနင်းက ချူးဖေ့ဟန်ရဲ့သူငယ်ချင်းဖြစ်နေတာလား. လုပ်ရတာပိုပြီးလွယ်ကူသွားတော့မှာပဲ.

လမ်းရောက်တော့ ချူးဖေ့ဟန်က ကုနင်းနဲ့စကားတွေပြောနေကာ ချူးရွှမ်ဖန်ကိုတော့ ဝင်ပြောဖို့ အခွင့်ရေးလေးတစ်ခုတောင် မပေးပါဘူး. ချူးရွှမ်ဖန် စိတ်မကောင်းဖြစ်ပေမယ့် တိတ်တိတ်လေးသာနေလိုက်တယ်. သူက လူကြီးလူကောင်းတစ်ယောက်ဖြစ်တာကြောင့် သူမတို့ကြားထဲ ဝင်မနှောင့်ယှက်ချင်ပါဘူး. ပြီးတော့ ကုနင်းကိုလဲ သူ့အပေါ်အမြင်ကောင်းရှိစေချင်တယ်.

ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာ ကားရပ်လိုက်တော့ ကုနင်းဆင်းသွားပြီး နှုတ်ဆက်စကားပြောလိုက်တယ်.

ကုနင်းထွက်သွာားတော့ ကားထဲတွင် ယာဉ်မောင်း, ချူးရွှမ်ဖန်နဲ့ သူ့ညီမသာရှိတော့တယ်. ဒီတော့ ချူးရွှမ်ဖန်ကမေးလိုက်တယ်,

"ရှောင်ဟန်, မင်းတစ်ခြားတစ်ယောက်နဲ့ ဒီလောက်ရင်းနှီးတာမျိုးတစ်ခါမှမမြင်ဖူးဘူး. ပြီးတော့ သူ့ကို ဘော့စ်လို့တော်ခေါ်လိုက်သေးတယ်."

"နင်းနင်းက အရမ်းတော်တယ်! သိုင်း၁၀ကွက်အတွင်းမှာပဲ ညီမကို အနိုင်ယူနိုင်ခဲ့တာ." ချူးဖေ့ဟန်က ကုနင်းကို လေးစားအားကျစွာနဲ့ပြောပြတယ်.

ချူးရွှမ်ဖန်လဲ ထိုအချက်ကိုထောက်ခံပါတယ်. သူတောင်မှ ကုနင်းရဲ့ ထူးခြားတဲ့စွမ်းရည်ကြောင့် လေးစားနေမိတာလေ.

ပြီးတော့ ကုနင်း အားအကုန်သုံးပြီးမတိုက်ခိုက်ခဲ့ဘူးလို့လဲ သူသေချာပါတယ်. မဟုတ်ရင် ချူးဖေ့ဟန်မှာ သုံးကွက်အတွင်းမှာပဲ ရှုံးသွားလောက်တယ်.

"အိုး, အစ်ကိုလဲ တစ်ရက်လောက် နင်းနင်းနဲ့ စမ်းတိုက်ကြည့်ပါလား? ဘယ်သူနိုင်မလဲဆိုတာ အရမ်းသိချင်တယ်. အရင်တစ်နေ့တုန်က နင်းနင်းကိုပြောတော့ သဘောတူတယ်." ချူးဖေ့ဟန်စိတ်လိုလက်ရနဲ့ကိုပြောနေတယ်. သူမက ကုနင်းရဲ့ တကယ့် ခွန်အားအစစ်အမှန်ကိုမမြင်ဖူးတာကြောင့် အရမ်းသိချင်နေမိတယ်.

ချူးရွှမ်ဖန်ကတော့ သူ့ဘာသာမြင်ယောင်ကြည့်ပြီး စိတ်ရှုပ်သွားတယ်. အရင်တုန်းကသာဆို သူလဲ တုံ့ဆိုင်းမှုမရှိပဲ သဘောတူလိုက်မှာပေမယ့် အခုတော့ ယုံကြည်ချက်တွေပျောက်ဆုံးနေပါပြီ. ဒါပေမယ့်စမ်းတော့ကြည့်ချင်သေးတယ်. ခနလောက်နေတော့မှ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ,

"ကောင်းပြီလေ".ဆိုပြီး သဘောတူလိုက်တယ်.

ကုနင်းအိမ်ပြန်ရောက်တော့ ၆နာရီခွဲပြီဖြစ်ကာ ကုမန့်က ညစာပြင်ဆင်ထားပြီး ကုချင်တို့မိသားစုလဲရောက်နေတယ်. သူတို့ သူမကိုစောင့်နေကြပုံရပေမယ့် သူတို့ပုံစံတွေက မကျေမနပ်ဖြစ်နေကြတယ်. ကုနင်းလဲ တစ်ခုခုဖြစ်ထားမှန်း သတိထားမိလိုက်တာကြောင့် ,

"အမေ, အန်တီ, ဘာတွေဖြစ်ထားလို့လဲ?"

ဒီတော့ ကုချင်က,

"သမီးရဲ့ အကြီးဆုံးဦးလေးပေါ့. အလုပ်အမှုဆောင်လီက သူ့တောင်းဆိုမှုကို ငြင်းလိုက်တယ်လေ. အဲ့တော့ သူ့နောက်ကွယ်မှာတစ်ခုခုပြောထားသေးလားဆိုပြီး လှမ်းမေးတယ်. ပြီးတော့ သူ့ဘက်ကနေ ဝင်မပြောလို့ဆိုပြီးတောင် အပြစ်တင်လိုက်သေးတယ်!"

ထိုစကားကိုကြားတော့ ကုနင်းစိတ်လဲတိုသွားသလို ရယ်လဲရယ်ချင်မိတယ်,

"အဓိပ္ပါယ်မရှိလိုက်တာ! သမီးက ဘယ်လိုလုပ်အလုပ်အမှုဆောင်လီရဲ့ ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်လို့ရမှာလဲ? ပြီးတော့ သူ့ကိုကော ဘာလို့ကူညီပေးရမှာလဲ? သမီးက သူ့လို အရှက်မမဲ့ဘူး!"

"ဟုတ်တယ်! ပြီးတော့ ဒီကိစ္စက သမီးအမှားလို့ပဲ သူကယုံကြည်နေတာ. စိတ်တိုလိုက်တာ." ကုချင်ကတော့ စိတ်တိုလွန်းလို့ ညစာစားချင်စိတ်တွေတောင်ပျောက်သွားတယ်.

"ထားပါ, ထားပါ, သမီးတို့အမှားလုပ်ထားတာမှမရှိတာ. သူတို့ကို လျစ်လျူသာရှုထားလိုက်." ကုနင်းသူတို့ကို နှစ်သိမ့်ပေးလိုက်တယ်. ပြီးတော့ တစ်ခုခုကို သတိရသွားပြီး,

"အိုး! ဟုတ်သားပဲ, သမီး အားလုံးအတွက် ကျောက်စိမ်းလက်ဝတ်လက်စားတွေပြင်ထားတယ်. မိန်းကလေး၄ယောက်အတွက်က လက်ကောက်ရယ်, နားဆွဲ နဲ့ ဆွဲသီးရယ်လုပ်ခဲ့တယ်. အန်ကယ့်အတွက်ကတော့ ကျောက်စိမ်းလက်စွပ်လုပ်ထားတယ်."

................Book 9 Part123End..............

ဖီးနစ်သွေးစက်

အခန်း ၁၂၄ အတန်းထဲမှာ ထိပ်ဆုံးပဲ

ကုနင်းထိုသို့ပြောပြီး ချက်ချင်းပဲ သူမလွယ်အိတ်ထဲကနေ သူတို့ကိုပေးမယ့် ဖူလူရှိုးလက်ဝတ်ရတနာတွေကို ထုတ်ယူလိုက်တယ်.

"ပြပါဦး. ကြည့်ရအောင်!" ကုချင်ကတော့ စိတ်လှုပ်ရှားစွာနဲ့ ချက်ချင်းယူကြည့်လိုက်တယ်.

"အိုး, ငါ့အတွက်ပါ,ပါတာလား?" ကျန်းရွှီလဲ အံ့ဩသွားတယ်.

သူက လက်ဝတ်ရတနာတွေကို ဂရုမစိုက်ပေမယ့် ကုနင်းကပေးတာဖြစ်သောကြောင့် ဝမ်းသာနေတယ်.

"လက်ကောက်နဲ့ ဆွဲသီးရဲ့အထဲမှာ သမီးတို့နာမည်ထွင်းထားတယ်. အပြင်မှာတော့ ရာသီခွင်ပုံတွေဖော်ထားတယ်. နားဆွဲကတော့ ကြိုက်တာရွေးလို့ရတယ်. အန်ကယ့်အတွက်ကတော့ ဒီတစ်ခု." ကုနင်းပြောပြလိုက်တယ်.

"ဝါး! လှလိုက်တာ!" ကုချင် အရမ်းပျော်သွားတယ်.

"ဟုတ်တယ်, လှလိုက်တာ!" ကုမန့်လဲ ထပ်ပြောလိုက်တယ်.

အမျိုးသမီးတွေကတော့ ဒီလိုဆွဲဆောင်မှုရှိတဲ့ ကျောက်စိမ်းရဲ့ဆွဲဆောင်မှုကို လုံးဝပျော်ဝင်နေတယ်.

ကျန်းရှင်းရွှယ်ကတော့ ငယ်သေးတာကြောင့် ကျောက်စိမ်းက သူနဲ့သိပ်မသင့်တော်သေးပေမယ့် လက်ဆောင်ရတာကြောင့် ပျော်ရွှင်နေတယ်. ကုချင်က ကျန်းရှင်းရွှယ်ကို နားဆွဲနဲ့ လက်ကောက်ဝတ်ပေးလိုက်ပြီး ဆွဲသီးကိုတော့ သူမသိမ်းထားလိုက်တယ်.

စားသောက်ပြီးသွားတော့ ကုနင်း သူမအခန်းကိုပြန်သွားလိုက်တယ်. ပြီးတော့ အန်းကွမ်းယောင်ကိုဖုန်းခေါ်လိုက်ကာ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအခြေနေအကြောင်းမေးမြန်းလိုက်တယ်.

ထိုအခါ အန်းကွမ်းယောင်က, "ဘော့စ်, ရှယ်ယာရှင်တွေကို ကျွန်တော်ပြောပြီးသွားပြီ. ကျွန်တော်ကလွဲပြီး ရှယ်ယာရှင်၇ယောက်ရှိတယ်. သုံးယောက်ကပဲ ဆက်နေဖို့ဆန္ဒရှိပြီး ကျန်တဲ့လူတွေကတော့ ထွက်သွားကြတယ်."

"ကောင်းပြီ, ရင်းနှီးငွေက အဆင်သင့်ဖြစ်နေပြီ. နေ့လည်နှစ်နာရီ‌လောက် ကျွန်မကုမ္ပဏီကိုလာခဲ့မယ်. ပြီးရင် စာချုပ်မှာလက်မှတ်ထိုးကြတာပေါ့." ကုနင်းပြောလိုက်တယ်.

"ကောင်းပါပြီ." အန်းကွမ်းယောင်လဲ ပြန်ဖြေလိုက်တယ်.

နောက်နေ့ရောက်တော့ ပုံမှန်အတိုင်းပဲ ကုနင်းကျောင်းကိုပြေးသွားတယ်. ဒီတစ်ချိန်မှာတော့ သူမ လင်ရှောင်ထင်ရော ရှုကျင်းချန်နဲ့ပါ မတွေ့ခဲ့ပါဘူး. တကယ်တော့ ရှုကျင်းချန်နဲ့ လင်ရှောင်းထင်လဲ မနက်ခင်းပြေးကြပြီး ကုနင်းကို မြင်ပေမယ့် တမင် သူမရှေ့ထွက်မပြတာပါ.

"မင်းသွားပြီးမနှုတ်ဆက်ချင်တာနဲ့ ဘာလို့ငါ့ကိုပါတားထားရတာလဲ?" ရှုကျင်းချန် အစက ကုနင်းကို သွားနှုတ်ဆက်မလို့ပြင်နေပေမယ့် လင်ရှောင်းထင်တားတာခံလိုက်ရတယ်.

"မင်းတော်တော်အားနေလား?" လင်ရှောင်းထင်မေးလိုက်တယ်. ထို့နောက် ရှုကျင်းချန်မှာ စကားတစ်ခွန်းတောင်ပြန်ပြောနိုင်ခင် သူကပဲထပ်ပြီး,

"မင်းအားနေရင်, နောက်ထပ်၂၀ကီလိုမီတာထပ်ပြေးဦး."

"ဘာ? ငါဘာမှမပြော...." လင်ရှောင်းထင် ပြန်အထွန့်တက်ဖို့လုပ်ပေမယ့် စကားမဆုံးခင်မှာပဲ လင်ရှောင်းထင်ရဲ့ အေးစက်တဲ့အကြည့်စူးစူးကို လက်ခံလိုက်ရတာကြောင့် ချက်ချင်းပါးစပ်ပိတ်ထားလိုက်ရတယ်.

ဘာလို့လဲ? လင်ရှောင်းထင်ဘယ်လိုလုပ်များ ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ? သူက ကုနင်းနဲ့ စကားသွားပြောချင်ရုံလောက်လေးလေ. ဘာလို့ ဒီလိုအပြစ်ပေးခံရတာလဲ? ပြီးတော့ ဒါကလဲ သူလင်ရှောင်းထင်ကို စမ်းသပ်ကြည့်ချင်ရုံတင်ပါ. ကြည့်ရတာ သူ့ရဲ့ဘော့စ်နဲ့ ခပ်ဝေးဝေးနေမှသာ လွတ်မြောက်မယ်ထင်တယ်.

ကုနင်းနဲ့ သူမသူငယ်ချင်းတွေပြေးပြီးတော့ ကိုယ့်အခန်းကိုယ်ပြန်သွားကြချိန် ကုရှောင်ရှောင်နဲ့ တတိယထပ်မှာတွေ့လိုက်တယ်. ကုရှောင်ရှောင်က ကုနင်းကိုစောင့်နေတာဖြစ်ပြီး ကုနင်းကလဲ သူမဘာလို့ ဒီမှာစောင့်နေမှန်းသိပါတယ်.

ကုနင်းကိုမြင်တာနဲ့ ကုရှောင်ရှောင် ဒေါသတကြီးအပြစ်တင်တော့တယ်,

"ကုနင်း, နင် ငါ့အဖေရဲ့အကြံပြုချက်ကို ငြင်းဖို့ အလုပ်အမှုဆောင်လီကို ပြောလိုက်တာမလား?"

သူတို့နားမှာ ကျောင်းသားတွေတခနချင်းစုဝေးလာကြတယ်.

"ကုရှောင်ရှောင်, ငါအဲ့လိုလုပ်မယ်လို့ နင်တကယ်ကြီးထင်နေတာလား?" ကုနင်း နှာခေါင်းရှုံပြီး ပြောလိုက်တယ်.

"နင့်လို ဆင်းရဲသားက သေချာပေါက်မလုပ်နိုင်ဘူးပေါ့." ကုရှောင်ရှောင် သတိလက်လွတ်ပြန်ပြောလိုက်တယ်.

"နင်ကိုယ်တိုင်တောင် ငါအဲ့လိုလုပ်ဖို့အရည်အချင်းမရှိဘူးလို့ ယုံကြည်နေမှတော့ ငါလုပ်တယ်လို့ ဘာကြောင့်များထင်နေတာလဲ?" ကုနင်း ထေ့ငေါ့ပြီးပြန်မေးလိုက်တယ်.

"ငါ..." ကုရှောင်ရှောင် ထိုတော့မှ သူမှားပြောမိမှန်း သတိထားမိသွားတယ်.

ဒါပေမယ့် သူမ ကုနင်းထိုသို့လုပ်နိုင်မယ်လို့ မယုံကြည်တောင်မှ ဒီလိုလုပ်မယ့် အခြားတစ်ယောက်ကို သူမတွေးနိုင်ခဲ့ဘူး.

ကုရှောင်ရှောင် နောက်ထပ်ထပ်မပြောနိုင်ခင်မှာပဲ ကုနင်းက,

"ကုရှောင်ရှောင်, စီးပွားရေးက စီးပွားရေးပဲ. အလုပ်အမှုဆောင်လီက သူ့ကုမ္ပဏီအတွက် အကျိုးရှိမယ့် အကောင်းဆုံးအကြံပြုချက်ကိုရွေးလိုက်တာ. နင့်အဖေလဲ စီးပွားရေးလုပ်လာတာပဲ နှစ်ပေါင်းများစွာကြာနေပြီ. ဒါကိုဘယ်လိုလုပ်နားမလည်နိုင်တာလဲ? နင့်အဖေရဲ့ အကြံပြုချက်အငြင်းခံလိုက်ရတယ်ဆိုတာ နင့်အဖေတင်ပြတာအကောင်းဆုံးမဟုတ်ဘူးလို့ သက်သေပြလိုက်တာပဲ. ပြီးတော့ နင့်အဖေရဲ့ တင်ပြချက်က အကောင်းဆုံးဖြစ်နေရင်တောင် သူ့မှာ ယွမ်ရာနဲ့ချီပြီး ပိုင်ဆိုင်မှုရှိထားရမှာ ယွမ်သန်းဆယ်ဂဏန်းလောက်လေးတင်မဟုတ်ဘူး."

"နင်..." ကုနင်းရဲ့အပြောတွေကြောင့် ကုရှောင်ရှောင် စိတ်တိုသွားပေမယ့် ထိုစကားတွေက အမှန်တရားဖြစ်နေတာကြောင့် သူမဘာမှပြန်မချေပနိုင်ခဲ့ဘူး.

"နင်လဲ ငါအမှန်တရားကိုပြောနေတာ သိနေတာပဲ. နင့်အဖေသာ ဒီအချက်ကို ကောင်းကောင်း နားမလည်သေးဘူးဆိုရင် မကြာခင်မှာပဲ သူ့ကုမ္ပဏီလဲ ဒေဝါလီခံလိုက်ရလိမ့်မယ်." ကုနင်းထပ်ပေါင်းပြောလိုက်သေးတယ်.

"ကုနင်း, နင်ကများ ငါ့မိသားစုကို ကျိန်ဆဲရဲတယ်လား!" ကုရှောင်ရှောင် ဒေါသတွေဆူပွက်လာခဲ့တယ်.

"ဒါအမှန်တရားပဲ. ဝန်ခံလိုက်စမ်းပါ." ကုနင်းအေးဆေးပဲထပ်ပြောလိုက်တယ်.

"နင်..." ကုရှောင်ရှောင်ရဲ့ မျက်နှာကတော့ ဒေါသကြောင့် နီရဲလာပေမယ့် ဘယ်လိုပြန်ပြောရမှန်းတော့ မသိခဲ့ပါဘူး.

"ပြီးတော့ ကိစ္စတိုင်း ငါ့ကိုပဲ အပြစ်လာတင်မနေနဲ့. ငါငြိမ်နေတာ အားနည်းလို့တော့မဟုတ်ဘူး. ငါသာပြန်တုံ့ပြန်လိုက်ရင် နင်တို့ရလဒ်ကို မခံစားနိုင်လောက်ဘူး." ကုနင်း သူမကို အေးစက်စက် သတိပေးလိုက်တယ်. ပြီးတော့ ချူးဖေ့ဟန်တို့ကို နှုတ်ဆက်ကာ ယွီမီရှီနဲ့အတူ သူမအခန်းကိုထွက်သွားတော့တယ်.

ဘေးက ဝိုင်းကြည့်နေသူတွေလဲ ကုရှောင်ရှောင်ကို သဘောမကျသလိုကြည်လာတာကြောင့် သူမပိုလိုတောင် ဒေါသတွေထွက်လာရတယ်. ကုနင်းထွက်သွားတာကို ကြည့်ရင်း ကုရှောင်ရှောင်ရဲ့ မျက်နှာမှာ ရက်စက်မှုပုံရိပ်တွေထွက်ပေါ်လာတယ်.

ကုနင်း နင့်ကိုဒီလောက်နဲ့ လွှတ်မပေးနိုင်ဘူး. ကြည့်ကြသေးတာပေါ့!

ပထမအတန်းချိန်စတော့ အတန်းပိုင်ဆရာမက လပတ်စာမေးပွဲရလဒ်တွေကိုကြေလိုက်တယ်.

ကုနင်းက အတန်းထဲအပြင် စီနီယာတန်းအားလုံးမှာပါ ထိပ်ဆုံးရပြီး အရင်ကတစ်ခါမှမဖြစ်ဖူးခဲ့သည့်အမှတ်တွေပါရခဲ့တယ်. ဘယ်လိုလဲဆို တရုတ်ဘာသာမှာသာ တစ်မှတ်လျော့ပြီး ကျန်တဲ့ဘာသာရပ်တိုင်းမှာ အမှတ်ပြည့်ရနေတာပါပဲ.

တစ်တန်းလုံးကတော့ အံ့အားသင့်နေကြကာ ဘယ်သူမှ ဒါကို မယုံကြည်နိုင်ကြပါဘူး.

"ဘာ? ကုနင်းက ငါတို့နှစ်အကုန်လုံးထဲမှာ အဆင့်တစ်ဟုတ်လား? သူ့ရဲ့ တရုတ်ဘာသာမှာ တစ်မှတ်လျော့တာကာလွဲပြီး ကျန်တာအားလုံးကလဲ အမှတ်ပြည့်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူကအမြဲတမ်းစာညံ့ခဲ့တာမဟုတ်ဘူးလား?" ရှောင်ဖေးဖေးကတော့ သူမသံသယတွေကို အရင်ဦးဆုံးထုတ်ဖော်တဲ့သူပဲဖြစ်ပါတယ်.

"ဟုတ်တယ်! ငါလဲမယုံဘူး. သူလှည့်စားထားတာပဲဖြစ်ရမယ်." ဝူချင်းယကလဲ ထပ်ပြောလိုက်တယ်.

"ဟုတ်တယ်, ငါလဲထောက်ခံတယ်."

တခြားအတန်းဖော်တွေကလဲ ဒီရလဒ်ကို သံသယဖြစ်နေကြတယ်.

"တော်လောက်ပြီ." အတန်းပိုင် ဆရာမက သူတို့ကို တားလိုက်တယ်. သူမကိုယ်တိုင်တော်မယုံကြည်နိုင်ခဲ့ပေမယ့် ဒါတကယ့်အမှန်တရားတစ်ခုပါ.

"သူက အဆင့်တစ်ပဲ. ပြီးတော့ အဆင့်နှစ်ရတဲ့သူထက်၃၆မှတ်ပိုသာတယ်. ပြီးတော့ အတန်းစောင့်တဲ့ဆရာတွေအားလုံးကလဲ ကုနင်းမလှည့်ဖျားထားဘူးလို့ ပြောတယ်. မင်းတို့တခြားလူအပေါ် မေးခွန်းထုတ်ဖို့အထိ အချိန်ရှိနေရင် ကိုယ့်စာကို ပိုတိုးတက်အောင်လေ့လာနေကြပါလား!"

ကျောင်းသားအများစုက မကျေနပ်ကြပေမယ့် ဘာမှတော့ပြန်မပြောရဲပါဘူး. ဒီသတင်းကို တခြားအတန်းတွေမှလဲ ကြေညာကာ အတော်များများလဲ သံသယဖြစ်ခဲ့ကြတယ်. အထူးသဖြင့် ကုရှောင်ရှောင်, ချင်ကျန်းနဲ့ သူတို့သူငယ်ချင်းတွေပေါ့.

အမြဲတမ်း ထိပ်ဆုံးသုံးယောက်ထဲဝင်နေခဲ့တဲ့ ကျောင်းသားတွေကလဲ အရမ်းကို မကျေမနပ်ဖြစ်နေကြတယ်.

ပုံမှန်ဆို သူတို့က ထိပ်ဆုံးသုံးယောက်ပေမယ့် ထိပ်ဆုံးအဆင့်ကို အမြဲတမ်းစာညံ့နေခဲ့တဲ့ တစ်ခြားကျောင်းသားတစ်ယောက်က ဆွဲယူသွားခဲ့တယ်. ဒီအမှန်တရားကို လက်ခံဖို့ သူတို့အတွက်အရမ်းကို ခက်ခဲနေပါတယ်.

................Book 9 Part124End..............

ဖီးနစ်သွေးစက်

အခန်း ၁၂၅ ရှယ်ယာလွှဲပြောင်းခြင်း

ဒါပေမယ့် ထိုကိစ္စနဲ့ပတ်သတ်ပြီး သူတို့ဘာမှမလုပ်နိုင်ကြပါဘူး. ကုနင်းက စာမေးပွဲတိုင်းမှာ အရင်ဆုံးစာအပ်ခဲ့လို့ ဆရာတွေတောင်မှ ကုနင်းမလှည့်စားခဲ့ဘူးလို့ပြောခဲ့တယ်လေ.

မုခယ်, ချူးဖေ့ဟန် နဲ့ ကျန်တဲ့လူတွေလဲ အံ့ဩနေကြပေမယ့် သူတို့ ကုနင်းကိုတော့ ယုံကြည်ပါတယ်. သူတို့မျက်လုံးထဲမှာတော့ ကုနင်းသည် သာမာန်မိန်းကလေးတစ်ယောက်လုံးဝမဟုတ်ပါဘူး.

အတန်းပြီးသွားတော့ သူတို့ WeChat ထဲက "ဖိုက်တာမိသားစု" မှာ ထိုကိစ္စကို အကြိတ်အနယ်ဆွေးနွေးနေကြတော့တယ်.

ဟောင်ရန် "ဘော့စ် အရမ်းမိုက်တာပဲ! ငါတို့နှစ်ရဲ့လပတ်စာမေးပွဲမှာ မင်းကထိပ်ဆုံးပဲ!"

ချင်ကျီရွှမ်း "ဟုတ်တယ်! ဘော့စ်, မင်းဘယ်လိုလုပ်လိုက်တာလဲ? အဖြေလွှာကိုလဲ အရင်ဆုံးအပ်တာမဟုတ်လား."

ချူးဖေ့ဟန် "ငါလဲ အံ့ဩသွားပေမယ့် ဒါအမှန်ဆိုတာတော့ ယုံကြည်တယ်."

မုခယ် "ငါရောပဲ."

ကျန်းထန်ပင်း "ငါရောပဲ."

ယွီမီရှီ "နင်းနင်းက ငါကိုလဲ စာကူကြည့်ပေးသေးတယ်, ဒါကြောင့် ငါလဲ အမှတ်ပိုတက်လာတာ."

ဟောင်ရန် "ငါကတော့ စာလုပ်ဖို့ကို စိတ်မဝင်စားတာ မဟုတ်ရင် ဘော့စ်ကို စာကြည့်ကူခိုင်းပါတယ်."

ချင်ကျီရွှမ်း နဲ့ ကျန်းထန်ပင်း "ငါရောပဲ!"

ချူးဖေ့ဟန် "ငါကတော့ ကျောင်းသွားတာနဲ့ကိုလုံလောက်နေပြီ. အတန်းပိုသာထပ်သင်ရရင် ရူးသွားလိမ့်မယ်."

မုခယ် "ဘော့စ်, ငါ့ကို စာကြည့်ကူလို့ရလား?"

မုခယ်ရဲ့အဆင့်က သူတို့နှစ်တွင် အဆင့်၂၀အတွင်းဆိုပေမယ့် ကုနင်းထက်တော့ အများကြီးနောက်ရောက်နေပါသေးတယ်. စုစုပေါင်းအမှတ်တွင် သူတို့နှစ်ရဲ့ အဆင့်၂လူကတောင် ကုနင်းထက် အမှတ်၅၀နီးပါးနောက်လျော့နေတယ်လေ. ဘာလို့ဆို ကုနင်းရဲ့ စုစုပေါင်းအမှတ်က အမှတ်ပြည့်ဖြစ်လုနီးနီးပဲကို.

ကုနင်း "ငါအားရင်တော့ ကိစ္စမရှိပါဘူး."

ကုနင်းကတော့ မုခယ်လိုစာတော်တဲ့ကျောင်းသားကို ကူညီပေးရမှာကို ဝန်လေးနေသလိုမခံစားရပါဘူး. ဘာလို့ဆို သူမမှာ စွမ်းအားရှိနေပြီး ထိုအရာကြောင့် အခုဆို သူမက မုခယ်ထက်ပိုတော်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါ.

တခြားလူတွေရှေ့မှာတော့ သူမရဲ့ကျွမ်းကျင်မှုတွေကို ဖုံးကွယ်ထားမှာပေမယ့် အရင်းနှီးဆုံးသူငယ်ချင်းတွေရှေ့မှာတော့ ရိုးရိုးသားသားပဲနေမှာပါ.

အားလပ်ချိန်အတွင်း ကုရှောင်ရှောင် ချင်ကျန်းကို ရှောင်လိုက်ကာ သူ့ဝမ်းကွဲအစ်ကိုကိုဖုန်းလှမ်းဆက်လိုက်တယ်. ပြီးတော့ သူမကို ကုနင်းအနိုင်ပိုင်းသွားတဲ့အကြောင်းပြောပြလိုက်ပြီး ကုနင်းကို သင်ခန်းစာကောင်းကောင်းပေးပေးဖို့ ဝမ်းကွဲအစ်ကိုကို ပြောလိုက်တယ်.

ကုရှောင်ရှောင် ဝမ်းကွဲအစ်ကိုမှာ လင်ယွဲ့ဟောင်ဖြစ်ပြီး သူမဦးလေးရဲ့သားဖြစ်သည်. သူက စာသင်ကြားရတာကို မုန်းပြီး နေတိုင်းအလေလိုက်နေကာ အထက်တန်းကျောင်းအောင်ကတည်းက ပညာဆက်လက်သင်ကြားမှုကို ရပ်တန့်ခဲ့သည်.

အခုတော့ သူက အသက်၂၁နှစ်ရှိပြီဆိုပေမယ့် အခုချိန်ထိပျော်ပါးဖို့ကိုပဲ သိပါသေးတယ်. ထိုသို့နေ့တိုင်းအလေလိုက်နေတဲ့အတွက်ကြောင့် သူက လူဆိုးအချို့ကို သိတာကြောင့် ကုရှောင်ရှောင် ကုနင်းကို ပညာပေးရန် သူ့ကိုအကူညီတောင်းခြင်းဖြစ်တယ်.

သူမ ကုနင်းကို သေလောက်အောင်ကိုမုန်းတီးနေပါတယ်. ကုနင်းကို စတင်အရှက်ခွဲအနိုင်ကျင့်ခဲ့တာက ကုရှောင်ရှောင်ဖြစ်၍ အခုလိုကုနင်းက သူမနဲ့ သူမမိသားစုကို ပြန်တုံ့ပြန်တိုက်ခိုက်တာပေမယ့် ကုရှောင်ရှောင်ကတော့ ထိုအချက်ကိုသတိထားမိဖို့ရာအတွက် အလွန်တစ်ကိုယ်ကောင်းဆန်လွန်းနေတယ်.

ကုနင်း ထိုလူဆိုးတွေနဲ့သာဆိုဘယ်လိုမှ ပြေးလို့မလွတ်နိုင်ဘူးလို့ ကုရှောင်ရှောင် ယုံကြည်နေတယ်. လင်ယွဲ့ဟောင်ကလဲ သူ့ဝမ်းကွဲညီမရဲ့ အကူညီတောင်းတာကို လုပ်ပေးချင်တယ်. လင်ယွဲ့ဟောင်ကလဲ သူ့ကိုယ်သူအထင်ကြီးနေတဲ့သူဖြစ်တာကြောင့် ဒီကိစ္စက ဘာမှထွေထွေထူးထူးလို့ ထင်မနေဘူး. ဒါကြောင့် ဒီကိစ္စကို နှစ်ရက်အတွင်း သူဖြေရှင်းလိုက်မယ်လို့ ကတိပေးလိုက်တယ်.

နောက်ဆုံးအချိန်က အတန်းပိုင်ဆရာမအချိန်ဖြစ်တာကြောင့် ကုနင်းအတန်းမပြီးခင်စောစောထွက်ဖို့ ခွင့်တောင်းလိုက်တယ်.

အရင်တုန်းကသာဆို ကုနင်းဒီလို ခနခနစောထွက်ဖို့ပြောရင် ကျန်းချိုးဟွာ ဆူလို့မပြီးဖြစ်နေမှာပေမယ့် အခုချိန်မှာတော့ ကုနင်းက လပတ်စာမေးပွဲမှာအကောင်းဆုံးလုပ်ပြပြီးဖြစ်တာကြောင့် သူမငြင်းမနေတော့ပါဘူး.

ဒါပေမယ့် အခုထိတော့ ကျန်းချိုးဟွာယုံကြည်ဖို့ခက်နေပါသေးတယ်. ဒါပေမယ့် ကုနင်းက သူမမလှည့်စားပါဘူးလို့ ကတိပေးခဲ့တဲ့အပြင် အတန်းစောင့်ဆရာတွေကလဲ စစ်ဆေးပြီးဖြစ်တယ်. ဒါကြောင့် ကုနင်းကို ယုံကြည်ပေးဖို့သာ သူမရွေးချယ်လိုက်ရတယ်. ဒါပေမယ့် ကျန်းချိုးဟွာ ကုနင်းကို စိတ်ကြီးမဝင်သွားဖို့နဲ့ စာကိုဆက်ပြီးကြိုးစားနေဦးဖို့တော့ သတိပေးလိုက်သေးတယ်.

ကုနင်းကျောင်းကထွက်လာပေမယ့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို တန်းမသွားခဲ့ပါဘူး. သူအရင်ဆုံး ကုန်တိုက်ကိုသွားကာ စားသောက်ပြီး ဝတ်စုံလဲဖို့လုပ်လိုက်တယ်.

ကုနင်း သူမကိုယ်သူမ မြို့တော်Gတုန်းကလိုမျိုး ရင့်ကျက်တဲ့ပုံမျိုးပြင်လိုက်ဖို့ စီစဉ်ထားတယ်. သူမကို တခြားလူတွေမှတ်မိသွားမှာမျိုး မလိုချင်သေးပါဘူး.

ဒီတစ်ကြိမ်မှာတော့ ကုနင်း ပညာရှင်တစ်ယောက်လိုပုံစံမျိုး ဝတ်ဆင်လိုက်ကာ ဆံပင်ကောက် မိတ်ကပ်ပါးပါးလိမ့်ပြီး မျက်မှန်တပ်လိုက်တယ်. သူမပုံစံက တကယ့်ကိုကျော်ကြားတဲ့လူတစ်ယောက်လိုဖြစ်သွားတယ်. သေချာပေါက် အသက်ကလဲ ၂၅နှစ်အရွယ်အမျိုးသမီးတစ်ယောက်လိုဖြစ်သွားပါတယ်.

ကုနင်း တက္ကစီနဲ့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို ၂နာရီမထိုးခင်ရောက်သွားတယ်.

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် ရုံးအဆောက်အဦးကြီးတစ်ခု၏ ၇လွှာမြောက်တွင်တည်ရှိပါတယ်. ထိုအထပ်မှာ စတုရန်းမီတာ၇၀၀လောက်ကျယ်ဝန်းပြီး ဝန်ထမ်းအယောက်၁၀၀လောက်ရှိပါတယ်.

ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက အိမ်ခြံမြေလောကကို စိုးမိုးနေရသူတွေမဟုတ်တာကြောင့် သူတို့မှာ ကိုယ်ပိုင် ရုံးအဆောက်အဦးမရှိပါဘူး. ပြီးတော့ သူတို့အတွက် အဆောက်အဦးတစ်ခုလုံးသုံးဖို့မလိုပေမယ့် ၇လွှာကတော့ ရှန်းဟွာက အပိုင်ဝယ်ယူထားတာပါ.

ကုနင်း၇လွှာကိုတပ်သွားပြီး ဧည့်ကြိုကဝန်ထမ်းကို သူမအန်းကွမ်းယောင်နဲ့တွေ့ဖို့လာခြင်းဖြစ်ကြောင်းပြောလိုက်တယ်. ပြီးတော့ ကုနင်းထိုဝန်ထမ်းနောက်ကနေ ဥက္ကဌရုံးခန်းဆီသို့လိုက်သွားတယ်.

ကုနင်းရုံးခန်းထဲကို ဝင်လာတော့ အန်းကွမ်းယောင် ရုတ်တရက် ဆွံ့အသွားတယ်.

ကုနင်းနဲ့ ဒီမှာတွေ့ဖို့ချိန်းထားတာမဟုတ်ဘူးလား? ဒီအမျိုးသမီးကဘယ်သူလဲ?

အန်းကွမ်းယောင် စိတ်ရှုပ်ထွေးစွာနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်တယ်,

"မင်းကဘယ်သူများလဲ?"

"ဦးလေးအန်း, ကျွန်မ ကုနင်းပါ."ကုနင်းပြုံးပြလိုက်တယ်.

"ဘာ?" ထိုစကားကိုကြားတော့ အန်းကွမ်းယောင် မျက်လုံးတွေပြူးကျယ်သွားကာ မယုံနိုင်ဖြစ်သွားတယ်.

ဒါကြောင့် ကုနင်းရှင်းပြလိုက်တယ်,

"တခြားလူတွေ ကျွန်မကို မှတ်မိနေမှာစိုးလို့ ပုံစံပြောင်းထားတာပါ."

ဒါ ကုနင်းရဲ့အသံပဲ. ဒီတော့မှ အန်းကွမ်းယောင်လဲသူမကိုယုံသွားကာ,

"မင်းအရမ်းပြောင်းလဲသွားတာပဲ! စကားသာမပြောရင် ဘယ်လိုမှ မှတ်မိမှာမဟုတ်ဘူး."

အရင်တုန်းက အန်းကွမ်းယောင်ကို ကုနင်းက ရှန်းဟွာကိုဝယ်သူက ဘယ်သူလဲမပြောဖို့မှာထားတာကြောင့် ဘယ်သူမှ ဝယ်သူကိုမသိကြပါဘူး. ဘာပဲဖြစ်ဖြစ် ဝယ်သူကဘယ်သူဆိုတာအရေးမကြီးပဲ ရှန်းဟွာအတွက် လုံလောက်တဲ့ငွေကြေးကိုပဲ လိုချင်ကြတာပါ.

ခနနေတော့ ရှန်းဟွာရဲ့ ရှေ့နေရောက်ရှိလာခဲ့တယ်.

၁နာရီ၅၅မိနစ်ရောက်တော့ အခန်းထဲကို ရှယ်ယာရှင်၇ယောက် တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြတယ်. ၂နာရီထိုးဖို့ ၁မိနစ်လောက်နေတော့ အန်းကွမ်းယောင်က ကုနင်းနဲ့ ရှေ့နေရယ်နဲ့အတူဝင်လာတယ်.

အန်းကွမ်းယောင်က သူတို့ကို ပြောထားပြီးသားဖြစ်တာကြောင့် ကုနင်းဘာမှထပ်ပြောဖို့မလိုတော့ပါဘူး. သူမ စာချုပ်မှာလက်မှတ်ထိုးပြီး ငွေလွှဲပြောင်းပေးဖို့သာလိုပါတယ်. နာရီဝက်လောက်နေတော့ ကိစ္စအားလုံးလုပ်ပြီးသွားတယ်.

ကုနင်းက ဒီနေ့ဝယ်သူကိုယ်စားတက်ယောက်တယ်လိုပြောထားပြီး အန်းကွမ်းယောင်နဲ့ရှေ့နေကလွဲရင် ဘယ်သူမှ သူမဘယ်သူလဲဆိုတာ မသိကြပါဘူး.

ကုနင်းက အန်းကွမ်းယောင်ကို ရှယ်ယာများအား သူ့နာမည်အောက် စုစည်းပြီး သူမကိုလွှဲပြောင်းပေးဖို့ပြောလိုက်တယ်. ဘယ်သူမတော့ ရှန်းဟွာအိမ်ခြံမြေကိုဝယ်သူက ဘယ်သူဆိုတာသိလိမ့်မှာမဟုတ်တော့ပါဘူး.

ကုနင်းစုစုပေါင်း ယွမ်သန်း၄၀၀ကိုလွှဲပြောင်းပေးလိုက်တယ်. ယွမ်သန်း၃၀၀ကတော့ ရှန်းဟွာရဲ့ ရင်းနှီးမြှုပ်နှံငွေထဲပြန်ထည့်ရမှာဖြစ်ပြီး ကျန်သန်း၁၀၀ကတော့ ရှယ်ယာရှင်တွေအားလုံးရဲ့ ရှယ်ယာတွေကို ပြန်ဝယ်ဖို့ဖြစ်သည်.

အဆုံးမှာတော့ အန်းကွမ်းယောင်မှာရှိတဲ့ ရှယ်ယာ၅၅ရာခိုင်နှုန်းက ၂၀ရာခိုင်နှုန်းဖြစ်သွားပြီး ကုနင်းရဲ့နာမည်နဲ့က ၇၀ရာခိုင်နှုန်းဖြစ်သွားသည်. ကျန်တဲ့၁၀ရာခိုင်နှုန်းကိုတော့ ဈေးကွက်ထဲထည့်လိုက်ပါတယ်.

ရှန်းဟွာရဲ့ ရှယ်ယာဈေးတွေက ဒီရက်ပိုင်းအတွင်းကျဆင်းနေပေမယ့် ယခုလိုရင်းနှီးငွေပြန်ဝင်လာချိန်မှာတော့ ချက်ချင်းဈေးတွေမြင့်တက်သွားခဲ့ပါတယ်.

စာချုပ်မှာလက်မှတ်ထိုးပြီးတော့ ကုနင်း, အန်းကွမ်းယောင်နဲ့ ရှေ့နေတို့ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဆီသို့သွားကာ လွှဲပြောင်းမှုတွေလုပ်ကြတယ်. ပြီးတော့ အန်းကွမ်းယောင်က ကုမ္ပဏီကိုပြန်ကာ ကုနင်းလဲပဲ ပြန်သွားခဲ့တယ်.

All Chapters