အခန်း (၁၂၆-၁၃၀)
Vol. 9 Ch. 126-130
အခန်း ၁၂၆ ရှင်မိန်းမတွေကိုမကြိုက်ဘူးဆို
ကုနင်းက အန်းကွမ်းယောင်ကို ကုမ္ပဏီအတွက် လုပ်ပိုင်ခွင့်အပြည့်အဝပေးထားတာကြောင့် ကိစ္စတွေအားလုံး သူပဲစီစဉ်ရမှာပါ.
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုလိုချင်နေကြသူတွေကတော့ မျက်စိဒေါက်ထောက်လိုက်ကြည့်နေကြကာ သူတို့ပြန်ရလိုက်တဲ့သတင်းကတော့ ရှန်းဟွာကို ဝယ်ပြီးသွားပြီဆိုတာပါပဲ.
သတင်းက တခနအတွင်းပျံ့နှံ့သွားကာ ရှန်းဟွာကို ဈေးနှိမ်ဝယ်ဖို့ကြံထားသူတွေကတော့ စိတ်ပျက်ကုန်ကြတယ်.
ယွမ်သန်း၄၀၀ဆိုတဲ့ဈေးက အရမ်းမမြင့်ပေမယ့် သူတို့အားလုံးက ထိုထက်အဆများစွာနှိမ်ပြီးဝယ်ချင်နေကြတဲ့သူတွေလေ. အဆုံးမှာတော့ သူတို့အားလုံး ဒီအခွင့်ရေးကြီးကို လက်လွှတ်လိုက်ကြရလေတယ်.
တစ်ချိန်တည်းမှာပဲ, ရှန်းဟွာရဲ့ ဝယ်သူကို မသိသလိ အန်းကွမ်းယောင်ကလဲ ဆက်ပြီး ဥက္ကဌဖြစ်နေသေးတာကြောင့် တချို့က ရှန်းဟွာကို ဝယ်လိုက်တာနဲ့ပတ်သတ်ပြီး သံသယရှိနေကြသလို အန်းကွမ်းယောင်များ ငွေထပ်ချေးလိုက်တာလားလို့ ထင်နေကြတယ်.
ပြီးတော့ ရှယ်ယာရှင်တွေအားလုံးလဲ ပျောက်သွားတာနဲ့ပတ်သတ်ပြီးတော့, တော့ အန်းကွမ်းယောင် ကုမ္ပဏီကို အပြည့်အဝထိန်းချုပ်ချင်နေတာလို့ပဲ တွေးလိုက်ကြတယ်. ဘယ်သူမှ အန်းကွမ်းယောင် ကုနင်းကို ရှယ်ယာတွေလွှဲပြောင်းပေးလိုက်တဲ့အကြောင်းမသိကြပါဘူး.
ဘာပဲဖြစ်ဖြစ် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက အခုတော့ ကြွေးမြီကင်းရှင်းခဲ့ပါပြီ.
ကုနင်း ထွက်လာတော့ ၄နာရီတောင်မထိုးသေးတာကြောင့် အိမ်ပြန်ဖို့အရမ်းစောနေပါသေးတယ်.
ထိုအချိန်မှ လင်ရှောင်းထင်ကို သေနတ်ပြန်ပေးရမှာကို ကုနင်းသတိရသွားတယ်. သူမလဲ အခုအားနေတာကြောင့် လင်ရှောင်းထင်ကို အပြင်ခေါ်ဖို့ ရည်ရွယ်လိုက်ပေမယ့် ဒါနဲ့ သူတို့ ဘာစားကြမှာလဲ?
ကုနင်းက ဈေးကြီးတဲ့အစားအသောက်စားချင်နေတယ်.
ထိုသို့တွေးလိုက်မိတော့ ကုနင်း မိတ်ကပ်ဖျက်ပြီး အဝတ်အစားပြန်လဲဖို့သွားလိုက်တယ်.
ပြီးသွားတော့ ကုနင်း အကြံတစ်ခုရသွားတယ်. သူမ ကျောက်ပုစွန်နဲ့ ဂဏန်းသွားစားရမယ်.
ပြီးတာနဲ့ လင်ရှောင်းထင်ကို ဖုန်းလှမ်းဆက်လိုက်တယ်.
ကုနင်းရဲ့ ဖုန်းဝင်လာတာကို လင်ရှောင်းထင်တွေ့ချိန်မှာ ရှုကျင်းချန်နဲ့အတူ ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ပြန်နေတာဖြစ်တယ်.
သူချက်ချင်းဖုန်းကိုင်လိုက်ပြီး ရှုကျင်းချိန်ကို ကားရပ်ခိုင်းလိုက်ကာ အပြင်ထွက်ခိုင်းလိုက်တယ်.
"ဘာ?" ရှုကျင်းချန် ကြောင်အသွားတယ်. ဘာလို့သူ့ကို အပြင်ထွက်ခိုင်းရတာလဲ.
"ငါလုပ်စရာရှိလို့ ကားယူသွားမယ်." လင်ရှောင်းထင်ပြောလိုက်တယ်.
"ဘာလို့ဒီလောက်အလျင်လိုနေတာလဲ? ငါ့ကိုအိမ်လေးပဲအရင်ပြန်ပို့ပေးလိုက်လို့မရဘူးလား?" ရှုကျင်းချန် မကျေမနပ်ပြောလိုက်ပေမယ့် လင်ရှောင်းထင်ကတော့ သူ့ကိုတောင်မကြည့်ပါဘူး. ကြည့်ရတာ အရေးကြီးကိစ္စတစ်ခုခုဖြစ်နေသလိုမျိုးနဲ့.
"မပို့ဘူး." ဒါကတော့ ပြန်ထပ်ငြင်းလို့မရနိုင်တဲ့ တုံ့ပြန်မှုပါပဲ. ဒါကြောင့် ရှုကျင်းချန် အပြင်ထွက်လိုက်ရတယ်.
လင်ရှောင်းထင်လဲ ဘေးခုံကနေ အပြင်ကို ထွက်လိုက်ပြီး ကားရှေ့ကနေပတ်ကာ မောင်းသူနေရာဝင်ထိုင်ပြီး ရှုကျင်းချန်ကို ချန်ခဲ့ကာ ချက်ချင်းထွက်သွားတော့တယ်.
ဒါက တကယ်တော့ ရှုကျင်းချန်ရဲ့ကားလေ. အခုတော့ သူ့ရှေ့တင် လင်ရှောင်းထင်က ဆွဲလုသွားပြီ.
ကုနင်က လင်ရှောင်းထင်ကို ဖုန်းခေါ်ပြီး မြို့ထဲနဲ့ နီးတဲ့ ပင်လယ်စာဆိုင်မှာစားဖို့ခေါ်လိုက်တယ်. ကုနင်းက မြို့ထဲမှာမဟုတ်ပေမယ့် သိပ်တော့မဝေးပါဘူး. လမ်းလျှောက်သွားရင်တောင် မိနစ်၄၀လောက်ပဲလိုပါတယ်.
ချိန်းထားတာက ၅နာရီမှဖြစ်တာကြောင့် လမ်းလျှောက်သွားဖို့ပဲ စီစဉ်လိုက်တယ်.
မမျှော်လင့်ထားပဲ လင်ရှောင်းထင်သည် နာရီဝက်စောပြီး ၄နာရီခွဲကတည်းက ဆိုင်ကိုရောက်နေခဲ့ပါတယ်.
လင်ရှောင်းထင်ကတော့ သူကိုယ်တိုင်တောင် နာရီဝက်ကြိုရောက်နေမိမှန်း သတိမထားမိပါဘူး.
သူဘယ်တုန်းကတည်းက ဒီလောက်တက်ကြွနေတတ်သွားတာလဲ? သူသေနတ်ကို ပြန်လိုချင်ရင်တောင် ၅နာရီအထိစောင့်ရဦးမှာလေ.
ဘာပဲဖြစ်ဖြစ် ရောက်နေပြီးမှတော့ စောင့်ရတော့မှာပေါ့.
လင်ရှောင်းထင် စားသောက်ဆိုင်အပြင်က ကားပါကင်မှာ ကားကိုရပ်လိုက်ကာ သူလက်ကောက်ဝတ်ကနာရီကိုတကြည့်ကြည့်နဲ့ ကားထဲမှာပဲ စောင့်နေလိုက်တယ်.
ဒါကတော့ သူဘဝမှ ပထမဆုံးအကြိမ်အဖြစ် အချိန်သွားတာနှေးနေတယ်လို့ ခံစားရတာပါပဲ.
၄နာရီ၄၀မိနစ်လောက်ရောက်တော့ လင်ရှောင်းထင်ရဲ့ မြင်ကွင်းထဲ ကုနင်းပေါ်လာခဲ့တယ်. မီတာ၅၀လောက်ကွာဝေးသေးတာတောင်မှ သူမကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိလိုက်တယ်.
လင်ရှောင်းထင် ကုနင်းကိုမြင်လိုက်တာနဲ့ ချက်ချင်းပဲ သူ့ရဲ့စိတ်မရှည်မှုတွေချက်ချင်းပျောက်သွားခဲ့တယ်.
ကုနင်း အနားမရောက်ခင်အထိ သူမထွက်သေးပဲနဲ့ သူမနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်တော့မှ တိုက်ဆိုင်သလိုလို ဟန်ဆောင်လိုက်တယ်.
ကုနင်းလဲ ရုတ်တရက်ဆွံ့အသွားတယ်. သူမနည်းနည်း မကျေမနပ်ဖြစ်သွားကာ,
"ရှင်အစောကြီးရောက်နေမယ်လို့ ကျွန်မမထင်လိုက်မိဘူး. ရှင့်ကို သေနတ်ပြန်ပေးပါမယ်လို့ပြောထားမှတော့ တကယ်ပြန်ပေးမှာပါ. ဒီလောက်အလျင်လိုဖို့မလိုပါဘူး."
ဒါကတော့ တစ်စုံတစ်ယောက်က 'ချိန်းတွေ့' ဖို့အတွက် စောရောက်နေတာကြောင့် မပျော်မရွှင် ဖြစ်ရခြင်းပါပဲ. ကုနင်းကတော့ သိပ်ပြီး ကြည်ပုံမရဘူး.
လင်ရှောင်းထင်က စောရောက်နေတာမှန်ပေမယ့် သူမကို သေနတ်ထုတ်ပေးဖို့ မတောင်းဆိုရသေးဘူးလေ.
ထားပါတော့, ကုနင်း လင်ရှောင်းထင်အပေါ်အမြင်မကြည်တာကမှအဓိကအချက်ပဲကို. ဒါကြောင့် သူ့ကိုတွေ့လိုက်တာနဲ့ အကြောင်းမဲ့ မကျေမနပ်ဖြစ်သွားတာပေါ့.
လင်ရှောင်းထင်လဲ ကုနင်းပြောတာတွေကို သဘောမကျပေမယ့် သူကိုယ်တိုင်ကလဲ သေနတ်အတွက် ဒီကိုရောက်လာတာဖြစ်တာကြောင့် ဘာမှပြန်ပြောတော့ပါဘူး.
ကုနင်း စားသောက်ဆိုင်ထဲ လင်ရှောင်းထင်ကို ဦးဆောင်ခေါ်သွားတော့ အံ့ဩနေတဲ့အကြည့်တော်တော်များများကို လက်ခံလိုက်ရတယ်. ဒီတစ်ကြိမ်တော့ ထိုအကြည့်တွေက သူမကိုမဟုတ်ပဲ လင်ရှောင်းထင်ကိုဖြစ်နေတယ်.
"ဒီမှာဘာမှကြည့်စရာမရှိဘူး." ကုနင်း ကြေညာသလိုပြောလိုက်တာကြောင့် လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားတယ်. သူ ကုနင်းရဲ့အပြုအမူကိုမကြိုက်သလို အခုလိုအာရုံစိုက်ခံရတာကိုလဲမကြိုက်ပေမယ့် သူ့ကိုကြည့်နေတာကိုတော့ မတားနိုင်ပါဘူး.
ကုနင်းက သီးသန့်ခန်းတစ်ခုငှားလိုက်ကာ ကျောက်ပုစွန်, ဂဏန်း, ငါးနဲ့ တခြားစားစရာတွေကိုမှာလိုက်တယ်.
နှစ်ယောက်စာ စားပွဲက အလယ်မှာရှိပြီး ဘယ်သူမှစကားမပြောကြပါဘူး.
ကုနင်း လင်ရှောင်းထင်ကို ကြည့်လိုက်တယ်. သူမ သူ့ပုံစံကို သဘောကျပေမယ့် သေနတ်ပြန်တောင်းတာကြောင့် မကျေနပ်ပါဘူး.
ခနနေတော့ ကုနင်းမှာ အကြံဆိုးတစ်ခုပေါ်လာကာ မေးလိုက်တယ်,
"ဒါနဲ့ ကျွန်မကြားတာတော့ ရှင်က မိန်းမတွေကိုမကြိုက်ဘူးဆို?"
ထိုစကားကိုကြားတော့ လင်ရှောင်းထင်ဒေါသထွက်သွားကာ,
"ဘယ်သူပြောတာလဲ?"
သူကတော့ ဒါကို ချန်းမင်ပြောတာလို့ပဲတွေးလိုက်တယ်. ဘာလို့ဆို ကုနင်းက လောလောလတ်လတ် ချန်းမင်နဲ့တွေ့ခဲ့တာကြောင့်ပါ.
လင်ရှောင်းထင် ဒီလိုမေးခွန်းမျိုးနဲ့ ကြုံရတာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး. သူဒေါသထွက်သွားတယ်. အရင်ကတော့ ဒါနဲ့ပတ်သတ်ပြီး ဘယ်လိုမှမခံစားရပေမယ့် အခုတော့ စိတ်ရှုပ်သွားတယ်.
ကုနင်းမေးလာတော့သူအကြောင်းမရှိ စိတ်ရှုပ်သွားတယ်. ဒီအကြောင်း ကုနင်းယုံကြည်သွားမှာမျိုး သူမလိုချင်ပါဘူး.
"မပြောပြချင်ပါဘူး." ကုနင်းပြောလိုက်တယ်.
"အဲ့ဒါအမှန်မဟုတ်ဘူး" လင်ရှောင်းထင် ရှင်းပြလိုက်တယ်.
မဟုတ်ဘူး. ဒါလုံးဝအမှန်မဟုတ်ဘူး. သူဘယ်မိန်းမကိုမှမကြိုက်ဖူးသေးဘဲ ဒီမေးခွန်းမျိုး ကိုယ့်ဘာသာပြန်မမေးခဲ့ဖူးရင်တောင် သူ ယောကျ်ားတွေကိုမဟုတ်ဘဲ မိန်းမတွေကိုပဲကြိုက်တာတော့ သေချာပါတယ်.
ထို့နောက် နှစ်ယောက်သားတိတ်ဆိတ်သွားကြပြန်တယ်.
မကြာခင်မှာပဲ စားဖွယ်တွေ စားပွဲထက်ရောက်လာတယ်. လင်ရှောင်းထင်ကတော့ ဆက်ထိုင်နေသေးပေမယ့် ကုနင်းကတော့ တုံ့ဆိုင်းခြင်းမရှိ ပျော်ရွှင်စွာစစားသောက်နေပါတော့တယ်.
"ရှင်ဘာလို့မစားတာလဲ?" ကုနင်းမေးလိုက်တယ်.
တကယ်တော့ သူစားစားမစားစား သူမဂရုမစိုက်ပေမယ့် အခုတော့ သူက သူမကိုပဲကြည့်နေတယ်လေ. ဒီအခြေနေကြီးက အရမ်းထူးဆန်းနေတယ်.
"ငါ ဗိုက်မဆာဘူး." လင်ရှောင်းထင်ပြန်ဖြေလိုက်တယ်.
"ဒါဆို ရှင်က စားဖို့ထက်ကျွန်မကိုကြည့်နေချင်လောက်အောင် ကျွန်မကအရမ်းလှနေလို့လား?" ကုနင်းနောက်လိုက်တယ်.
ထိုစကားကိုကြားတော့ လင်ရှောင်းထင်ဆွံ့အသွားတယ်. ထိုတော့မှ သူအသိစိတ်မကပ်ပဲနဲ့ ကုနင်းကို စိုက်ကြည့်နေမိတာ သတိထားမိသွားတယ်. သူထိတ်လန့်သွားပေမယ့် ချက်ချင်းပဲ ပြန်ခံပြောလိုက်တယ်,
"မကြည့်ပါဘူး."
ကုနင်း စိတ်လေသလို မျက်ဆံကိုလှည့်လိုက်မိတယ်. သူကြည့်တာကိုတောင် မမြင်ရအောင် သူမကကန်းနေလို့လား?
................Book 9 Part126End..............
ဖီးနစ်သွေးစက်
အခန်း ၁၂၇ ဘာလို့ အားနည်းသလိုဟန်ဆောင်နေတာလဲ?
ဒါပေမယ့် လင်ရှောင်းထင်ရဲ့ မျက်ဝန်းထဲမှာ ချစ်ခင်နှစ်သက်မှုအရိပ်အယောင်တွေမတွေ့တာကြောင့် ကုနင်းလဲ သူမအပေါ် လင်ရှောင်းထင် ခံစားချက်ရှိနေမယ်လို့ မထင်ခဲ့ပါဘူး.
တကယ်တော့ လင်ရှောင်ထင်ကိုယ်တိုင်တောင် ချစ်ခင်နှစ်သက်တယ်ဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး. သူခံစားမိတာက ကုနင်းစားနေတဲ့အချိန်က ကြော့ရှင်းလှပမှုမရှိပေမယ့် သူမနဲ့အတူရှိနေရတာ စိတ်ကျေနပ်ဖို့ကောင်းတယ်လို့ပါပဲ.
ကုနင်းသတိပေးလိုက်ပြီးနောက်တော့ လင်ရှောင်းထင် သူမကို ဆက်မကြည့်တော့၍ နေရထိုင်ရခက်မှုပျောက်သွားကာ အေးဆေးဆက်စားနေနိုင်တော့တယ်. ကုနင်းအများကြီးစားနေတာတောင်မှ မှာထားသမျှပွဲတိုင်းကိုတော့မကုန်ပါဘူး. သူမက နှစ်ယောက်စာမှာထားတာဖြစ်ပြီး လင်ရှောင်းထင်ကတော့ လုံးဝမစားတာကြောင့် စားပွဲပေါ်တွင် တစ်ယောက်စာကျန်နေပါသေးတယ်.
ဒီနေ့စားတာကို လင်ရှောင်းထင်ရှင်းမှာဖြစ်တာကြောင့် ကုနင်းကတော့ စိတ်ပူမနေပါဘူး.
စားပြီးသွားတော့ ကုနင်း သေနတ်ကိုထုတ်ကာ လင်ရှောင်းထင်ကိုပေးလိုက်ပြီး,
"ရှင့်ကိုပြန်ပေးလိုက်ပြီ. ဒီတော့ ကျွန်မနောက်ထပ်မလိုက်နေနဲ့တော့."
လင်ရှောင်းထင် သေနတ်ကိုကြည့်နေပြီး ချက်ချင်းပြန်မယူလိုက်ပါဘူး. ထိုအစား ကုနင်းက သူ့ကို ဆက်မလိုဖို့ပြောတာကို ကြားလိုက်ရ၍ အနည်းငယ်စိတ်ပျက်သွားတယ်. ရုတ်တရက်ကြီး သေနတ်ကို ပြန်ယူဖို့ သူစိတ်မပါတော့ဘူး.
သူဘာဖြစ်နေတာလဲ?
"ရှင်ပြန်လိုရော လိုချင်ရဲ့လား? မယူဘူးဆို ကျွန်မပြန်ယူသွားမှာနော်." လင်ရှောင်းထင်မယူပဲငြိမ်နေတာကို မြင်တော့ ကုနင်းစိတ်ရှည်မှုတွေပျောက်ဆုံးသွားတယ်. သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့တယ်ဆိုတာတော့ သူမမသိပါဘူး.
သူကသာ ကုနင်းကို သေနတ်ပြန်ပေးဖို့ တွန်းအားပေးခဲ့တဲ့သူဖြစ်ပြီး အခုကြတော့ မယူတော့ဘူးလား?
"မင်း ဒီသေနတ်ကို တကယ်သဘောကျတာလား?" လင်ရှောင်းထင်မေးလိုက်တယ်.
"အွန်း, ဘာလဲ ကျွန်မသဘောကျတယ်ဆို ရှင်ကပေးမို့လား?" ကုနင်းမေးလိုက်ပေမယ့် ထိုသို့ဖြစ်လိမ့်မယ်လို့တော့ လုံးဝမထင်ပါဘူး. သူမသဘောကျတိုင်းသာပေးလိုက်မယ်ဆိုရင် သူမနောက်တောက်လျှောက်လိုက်ပြီး အချိန်ဖြုန်းနေစရာအကြောင်းမရှိဘူးလေ.
ဒါထက်, သူဘာလို့ ဒီလိုမေးခွန်းမျိုးမေးနေတာလဲ?
ချန်းမင် ကုနင်းကို ရှုံးတဲ့အကြောင်း လင်ရှောင်းထင်ပြန်တွေးမိသွားတော့ သူ့နှုတ်ကရုတ်တရက် ပြောထွက်သွားတယ်,
"မင်းကို အခွင့်ရေးတစ်ခုပေးမယ်. မင်းအနည်းဆုံး၁၀မိနစ်ငါနဲ့ ယှဉ်တိုက်နိုင်ရင် မင်းကိုဒီသေနတ်ပေးမယ်."
လင်ရှောင်းထင် ထိုစကား သူ့နှုတ်က ထွက်မသွားခင်အထိ သူဘာပြောမိမှန်းတောင် သတိမထားမိလိုက်ဘူး. ဒါပေမယ့်လဲ ထိုစကားအတွက် သူနောင်တမရပါဘူး.
ပြီးတော့ ကုနင်း ဒီသေနတ်နဲ့ ဥပဒေနဲ့မကိုက်ညီတဲ့အလုပ်မျိုးလုပ်မှာမဟုတ်ဘူးလို့လဲ သူယုံကြည်တယ်. အရေးကြီးဆုံးကတော့ သူမမပျော်မရွှင်ဖြစ်နေတာမျိုးကို သူမမြင်ချင်ဘူး.
"ဘာ?"
ထိုစကားကိုကြားတော့ ကုနင်းဝမ်းသာရမယ့်အစား စိတ်ရှုပ်သွားတယ်.
သူနဲ့ အနည်းဆုံး၁၀မိနစ်လောက် ယှဉ်တိုက်နိုင်ရင် သူမကို သေနတ်ပေးလိုက်မယ်? ဒါပေမယ့် သူပဲ သာမာန်နိုင်ငံသားတစ်ယောက်က သေနတ်ကို တိတ်ဆိတ်ကိုင်ဆောင်ထားရင် ဥပဒေနဲ့မညီဘူးဆို. အခုတော့ သူမကိုအခွင့်ရေးတောင်ပေးနေတယ်. သူဘာဖြစ်သွားတာလဲ?
ဒါ့အပြင်,လင်ရှောင်းထင်က ချန်းမင်ထက်ပိုတော်မှန်းလဲ ကုနင်းသိလေတယ်. ဒါကြောင့် သူ့ကို အနိုင်ယူဖို့အထိတော့ သူမမှာ ယုံကြည်ချက်မရှိပါဘူး.
ထိုတစ်ခနမှာပဲ ကုနင်းလို စိတ်မြန်လက်မြန်နဲ့လူတောင် ရှုံးမှာကိုနားလည်တယ်.
လင်ရှောင်းထင်ကတော့ ကုနင်းရဲ့တုံ့ပြန်မှုကိုမြင်တော့ မကျေမနပ်ဖြစ်သွားတယ်. သူမဒီသေနတ်ကို အရမ်းလိုချင်နေတာမဟုတ်ဘူးလား?
လင်ရှောင်းထင် အမူအရာပြောင်းသွားတာကို မြင်မှ ကုနင်းလဲ အသိစိတ်ပြန်ကပ်လာတယ်. လင်ရှောင်းထင် ဘာကိုပဲဆိုလိုချင်ချင် အရေးမကြီးပါဘူး. သူမလဲ သေနတ်ကို လိုချင်နေတာပဲ, ဒါကြောင့် ထပ်တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်တယ်,
"ကိစ္စမရှိပါဘူး. ဘယ်မှာတိုက်ကြမလဲ?"
ကုနင်းရဲ့ သဘောတူမှုကိုကြားတော့မှ လင်ရှောင်းထင် စိတ်သက်သာရာရသွားကာ,
"ဖန်ဟွားအဆင့်မြင့်အိမ်ရာရဲ့ ဇုံCက အားကစားခန်းမမှာ."
ထို့နောက် လင်ရှောင်းထင်နဲ့ အတူ ကုနင်း ဖန်ဟွားအဆင့်မြင့်အိမ်ရာကိုသွားဖို့လုပ်လိုက်တယ်. ဇုံCရဲ့ အားကစားခန်းမကိုမသွားခင် မြေအောက်ကားပါကင်မှာ ကားအရင်သွားထားလိုက်တယ်. ရှုကျင်းချန်တွင် ဒီခန်းမရဲ့အဖွဲ့ဝင်ကဒ်ရှိပြီး လင်ရှောင်းထင်က ရှုကျင်းချန်နဲ့ ဒီရက်ပိုင်းအခေါက်ပေါင်းများစွာလာခဲ့တယ်. ဒါကြောင့် သူဌေးက သူတို့ကိုသိနေကာ, ဒီနေရာကို လင်ရှောင်းထင်အား၁၀မိနစ်လောက်ငှားပေးဖို့ သဘောတူလိုက်တယ်.
အခုက ညစာစားချိန်ဖြစ်တာကြောင့် အထဲတွင် လူသိပ်မရှိပါဘူး. လင်ရှောင်းထင်နဲ့ ကုနင်းတိုက်ခိုက်မယ်ဆိုတာကိုကြားတော့ အမျိုးသားအများစုက လေ့ကျင့်ခန်းလုပ်နေရာကနေရပ်ပြီး လာကြည့်ကြတယ်.
အရပ်ရှည်ပြီးသန်မာတဲ့ အမျိုးသားတစ်ယောက်က ပိန်ပိန်သွယ်သွယ်ကောင်မလေးနဲ့ တိုက်ခိုက်မှာတဲ့လား. ဘယ်သူမှ ကုနင်းနိုင်မယ်လို့မယုံကြည်ကြပေမယ့် သူတို့အပျော်တန်းယှဉ်ပြိုင်ကြမှန်းသိကြပါတယ်.
နှစ်ဖက်လုံးအဆင်သင့်ဖြစ်တာနဲ့ ကစားပွဲစတင်လိုက်တယ်.
အစမှာတော့ လင်ရှောင်းထင်က သူမကို ထိခိုက်အောင်လုပ်မယ့်ပုံမပေါ်တာကြောင့် ကုနင်းအားကုန်မသုံးခဲ့ပါဘူး. ဒီလိုဆိုရင်တောင် ဝိုင်းကြည့်နေတဲ့သူတွေကတော့ ကုနင်းအားမနည်းတာကြောင့် အံ့ဩကုန်ကြတယ်. ဒါကလိမ်ပြီးပြိုင်နေကြတဲ့ ကစားပွဲလိုပဲ.
အချိန်နည်းနည်းကြာလာတော့ နှစ်ယောက်လုံး အားပိုထုတ်လာပေမယ့် သိသိသာသာပဲ ကုနင်းကတော့ လင်ရှောင်းထင်ကို မနိုင်ပါဘူး. သူမဘယ်လောက်ပဲ အားပြင်းပြင်းနဲ့ထိုးထိုး လင်ရှောင်းထင်က သူမထက်သာနေတာပဲ.
တကယ်တော့ ကုနင်းမှာ လင်ရှောင်းထင်ကို အနိုင်ယူဖို့ ရည်ရွယ်ချက်မရှိပါဘူး. ၁၀မိနစ်ပြည့်သည်အထိနေနိုင်ချင်ရုံလေးပါ. ဒါကြောင့် သူမအားကုန်လာပြီလို့ခံစားရတိုင်း သူမစွမ်းအားနဲ့ အားပြန်ဖြည့်လိုက်တယ်. ဒါကြောင့် သူမကို အနိုင်ယူဖို့ လင်ရှောင်းထင်အတွက်လဲ ခက်ခဲနေပါတယ်.
လင်ရှောင်းထင်လဲ အံ့အားသင့်သွားမိတယ်. ကုနင်းက သူထင်ထားတာထက်ကိုတောင် ပိုပြီးတော်နေတာပဲ.
လင်ရှောင်းထင်လဲ ကုနင်းကို အနိုင်မယူချင်တာကြောင့် သူ့အားအကုန်ထုတ်မသုံးထားပဲ ကုနင်းမနိုင်ရုံလောက်သာ ထိန်းပြီး တိုက်နေတာပါ.
ကုနင်းကလဲ ငတုံးတစ်ယောက်မဟုတ်တော့ လင်ရှောင်းထင် ဘာလုပ်နေမှန်းသိပါတယ်. ဒါပေမယ့် သူက ဘာကြောင့် ဒီလိုလုပ်နေရတာလဲ?
လင်ရှောင်းထင် သူမကို ကြိုက်နေလို့ တမင် အားနည်းသလိုလုပ်နေတာလားများလို့တောင် တွေးမိသွားတယ်.
၁၀မိနစ်က လျင်လျင်မြန်မြန်ပဲကုန်ဆုံးသွားတယ်. ပြီးတော့ ကုနင်းမရှုံးခဲ့တာကြောင့် အခုဆို သေနတ်က သူမအပိုင်ဖြစ်သွားပါပြီ.
ဘေးနားက အားပေးတဲ့အသံတွေထွက်လာခဲ့တယ်. သူတို့ကတော့ လင်ရှောင်းထင် အားလျှော့ထားပြီး ကုနင်းကို တမင်အနိုင်ယူလို့ရအောင်လုပ်ပေးထားတာကို မသိကြပါဘူး. တိုက်ခိုက်တာကိုကြည့်ပြီးတော့သာ ပျော်ရွှင်နေကြတယ်. ဒါကဟောလိဝုဒ်အက်ရှင်ကားကိုကြည့်နေရသလိုပဲ! ပြီးတော့ သူတို့က မျက်နှာချင်းဆိုင်တကယ်တိုက်ခိုက်နေကြတာဖြစ်ပြီး ဇာတ်ကားတွေကတော့ အထူးပြုလုပ်ချက်တွေကို အသုံးချထားကြတာဖြစ်တယ်.
"ရှင်ဘာလို့ အားနည်းသလိုဟန်ဆောင်နေတာလဲ?"ကုနင်း လင်ရှောင်းထင်ဆီလျှောက်သွားရင်းမေးလိုက်တယ်.
လင်ရှောင်းထင် အနည်းငယ်ထိတ်လန့်သွားတယ်. ပြီးတော့ မေးခွန်းကို ပြန်မဖြေပဲ သတိပေးလိုက်တယ်,
"မင်းတကယ်လို့ ဒီသေနတ်နဲ့ အပြစ်မဲ့တဲ့လူတွေကိုထိခိုက်အောင်လုပ်တာ ငါတွေ့ခဲ့ရင် မင်းကို ငါကိုယ်တိုင်ဖမ်းမယ်."
ပြီးတော့ ကုနင်းကို လျစ်လျူရှုထားခဲ့ကာ ထွက်သွားလိုက်တယ်.
ကုနင်းထိတ်လန့်သွားတယ်. သူတကယ်ကြီး သူမကိုကြိုနေတာလား? ကုနင်းသေတော့မသေချာပေမယ့် တကယ်သာဆို သူမမငြင်းပါဘူး. ဒါကတကယ့်ကို ရယ်စရာကောင်းတဲ့အတွေးပဲ.
ကြည့်ရတာ သူ့ရဲ့ ခန့်ငြားတဲ့ ပုံစံကို သဘောကျမိသွားတာများလား ဒါမှမဟုတ် စစ်တပ်အရာရှိတစ်ယောက်ဖြစ်နေလို့ အမြင်ကောင်းရှိသွားတာများလား.
ကုနင်းရဲ့ မြင်ကွင်းထဲက လင်ရှောင်းထင်ဟာ ပျောက်တောင်ပျောက်တော့မယ်.
လင်ရှောင်းထင်လဲ အရမ်းလန့်သွားလို့ အမြန်ထွက်သွားခဲ့တာပါ.
ကုနင်းအိမ်မပြန်သေးဘဲ ကျောင်းကိုပြန်သွားလိုက်တယ်. သူမက နေ့လည်ပိုင်းအတွက်ပဲ ခွင့်တိုင်ခဲ့တာဖြစ်တယ်. သူမကြားကိုရောက်တော့ ညနေခင်းအတန်းစဖို့ ၁၀မိနစ်သာလိုတော့တယ်. ကုနင်း ဆရာများရုံးခန်းကို တန်းသွားလိုက်ပြီး အခုကစလို့ ညနေပိုင်းအတန်းမတက်တော့ရန် ခွင့်တောင်းဖို့ စီစဉ်လိုက်တယ်.
အစကတော့ အတန်းပိုင်ဆရာမက သဘောမတူပါဘူး. ဒီလိုလုပ်တာက ကုနင်းရဲ့ စာလေ့လာမှုအတွက် မကောင်းပေမယ့် ဆက်ပြီးစာကြိုးစားပါ့မယ့် ကုနင်းက ကတိပေးနေတာကြောင့် နောက်ဆုံး ဆရာမလဲ သဘောတူလိုက်ရတော့တယ်.
................Book 9 Part127End..............
ဖီးနစ်သွေးစက်
အခန်း ၁၂၈ ကုနင်းကို စိတ်ဝင်စားခြင်း
ပြီးတော့ ဆရာမက နောက်စာမေးပွဲမှာသာ ကုနင်းထိပ်ဆုံး၁၀ယောက်ထဲမပါတော့ရင် ညနေခင်းအတန်းပြန်တက်ရမယ်လို့ပြောလိုက်သေးတယ်.
ကုနင်းလဲ သဘောတူလိုက်တယ်. အခုချိန်မှာ သူမစာအတွက်စိတ်ပူဖို့မလိုတော့ပါဘူး. ခနနေတော့ သူမစာသင်ခန်းတံခါးနားမှာ အန်းရီပတ်လျှောက်နေတာကို တွေ့လိုက်တယ်. သူမကိုတွေ့ဖို့လာမှန်းတန်းသိလိုက်တယ်. အရင်တစ်ခေါက်က သူ့ကိုကယ်ခဲ့တဲ့အတွက် သူမကိုကျေးဇူးတင်ချင်လို့လာတာပဲဖြစ်ရမယ်. ကုနင်းနဲ့ သူ့အဖေကြားက အပေးအယူကိစ္စကို အန်းရီအခုထိမသိသေးပါဘူး.
ကုနင်းကို မြင်လိုက်တာနဲ့ ပျော်ရွှင်သွားကာ,
"ဟိုင်း, ကုနင်း."
"နေကောင်းသွားပြီလား?" ကုနင်းမေးလိုက်တယ်.
"ကောင်းသွားပါပြီ. မင်းကူညီခဲ့တာအတွက် ကျေးဇူးတင်ချင်နေတာ ဒါပေမယ့် မင်းက နေ့လည်တုန်းက အတန်းမတက်လို့. အမ်, မနက်ဖြန် ငါနဲ့နေ့လည်စာအတူစားဖို့ ဖိတ်လို့ရမလား? မင်းကို တကယ်ကျေးဇူးတင်ချင်နေလို့ပါ. နော်."
တကယ်တော့ အန်းရီ ကုနင်းနဲ့ သူမသူငယ်ချင်းတွေကို ကျေးဇူးတင်ချင်တာပေမယ့် ကုနင်းကိုလဲ သူ့ခံစားချက်တွေကို ထုတ်ပြချင်နေသေးတယ်.
"ရတာပေါ့!" ကုနင်းပြန်ပြောလိုက်တယ်. အခုဆို ကုနင်းနဲ့ အန်းကွမ်းယောင်က အရမ်းရင်းနှီးသွားပြီဖြစ်တာကြောင့် သူ့အဖေမျက်နှာထောက်ပြီး အန်းရီကိုမငြင်းချင်တော့ပါဘူး.
ကုနင်းရဲ့သဘောတူမှုကိုကြားရတော့ အန်းရီအလွန်ဝမ်းသာသားကာ,
"ကောင်းပြီလေ, ဒါဆို မနက်ဖြန်နေ့လည်မှ ငါလာခဲ့တော့မယ်."
ပြီးတော့ သူတို့နှုတ်ဆက်လိုက်ကြတယ်.
အခန်းထဲက အတန်းဖော်အများစုက ကုနင်း အန်းရီနဲ့စကားပြောနေတာကို မြင်လိုက်ကြတယ်. ပြီးတော့ အန်းရီက ကုနင်းကို လိုက်နေတဲ့လူဖြစ်တာကြောင့် အခုလိုစကားပြောနေကြတာ နားလည်ပေးနိုင်ပါတယ်. ဒါပေမယ့် ရှောင်ဖေးဖေးန့ သူမသူငယ်ချင်းတွေကတော့ ကုနင်းကို မနာလိုဖြစ်နေကြတယ်. ကုနင်းက ဆင်းရဲပြီး မကြိုက်ချင်စရာအချက်တွေအများကြီးရှိတာတောင်မှ ဘာလို့ ဒီလောက်လူကြိုက်များကျော်ကြားနေတဲ့ အချက်ကို သူတို့လက်မခံနိုင်ကြဘူး
သူတို့ အန်းရီရဲနောက်ခံကို သေချာမသိပါဘူး. တကယ်လို့ အန်းရီက ချမ်းသာတဲ့မိသားစုကမှန်းသာသိသွားရင် ကုနင်းကို သေလောက်အောင်ပိုမုန်းသွားနိုင်ပါတယ်.
ပြီးတော့ အန်းရီတို့မိသားစုပိုင်ကုမ္ပဏီက အခုဆို ကုနင်းအပိုင်ဖြစ်သွားပြီမို့ သူတို့စီးပွားရေးအခြေနေကလုံးဝကွဲပြားသွားပါပြီ. တော်သေးတာက အန်းရီသည် သူ့ကိုယ်သူဘယ်သူဆိုတာ မဖော်ပြထားခဲ့တာကြောင့် သူ့နောက်ခံအကြောင်းလူတွေတော်များများမသိကြပါဘူး.
ဒါ့အပြင် သူတို့စီးပွားရေးက ဒေဝါလီခံရလုနီးနီးဖြစ်နေတယ်. သူလဲ ကုမ္ပဏီကိုတစ်ယောက်ယောက်ဝယ်သွားမှန်းသိပေမယ့် ဘယ်သူဝယ်လဲဆိုတာတော့မသိပါဘူး. ဒါကြောင့် အန်းရီက သူ့ကိုယ်သူ ချမ်းသာတဲ့ကလေးတစ်ယောက်ဖြစ်နေတုန်းလို့မထင်တော့ပါဘူး.
ကုနင်းအတန်းထဲကို ဝင်သွားပြီး ယွီမီရှီရယ် ကျန်တဲ့သူငယ်ချင်းတွေရယ်ကို 'ဖိုက်တာမိသားစု'ထဲကနေ နောက်ဆို ညနေပိုင်းအတန်းတွေ ဆက်မတက်တော့မယ့်အကြောင်းပြောပြလိုက်တယ်.
ချူးဖေ့ဟန်, ဟောင်ရန်, ချင်ကျီရွှမ်း နဲ့ ကျန်းထန်ပင်းတို့ နေ့တိုင်းကျောင်းလာနေတယ်ဆိုတာ ကုနင်းကြောင့်ပါ. အခုကုနင်းက ညနေပိုင်းအတန်းတွေမတက်တော့ဘူးဆိုမှတော့ သူတို့လဲ တက်စရာအကြောင်းမရှိတော့ပါဘူး.
မုခယ်နဲ့ ယွီမီရှီကတော့ အရင်အတိုင်းစည်းကမ်းလိုက်နာကြမှာပါ.
ပြီးတော့ နောက်ဆို နေ့ခင်းပိုင်းလေ့ကျင့်ကြရန် စီစဉ်လိုက်ကြတယ်.
ကုနင်းနေ့ခင်းပိုင်းမတက်ရတဲ့အကြောင်းရင်းကိုတော့ ရိုးရိုးပဲမတက်ချင်တော့လို့လို့ပဲ ရှင်းပြလိုက်တယ်.
သူမက သူမတို့နှစ်တစ်ခုလုံးရဲ့ ထိပ်တန်းကျောင်းသူဖြစ်သွားမှတော့ ဒီလိုသာမာန်ကိစ္စလေးလောက်နဲ့ သူမကိုဘယ်သူမှအပြစ်မတင်နိုင်ကြတော့ပါဘူး.
ကုနင်း ညနေပိုင်းအိမ်ပြန်လာတော့ သူမအမေကို ကျောင်းမှာ အဆင့်၁ရတဲ့အကြောင်းနဲ့ သူမဆုံးဖြတ်ချက်တို့ကိုပြောပြလိုက်တယ်. ကုမန့်ကတော့ ထိုအကြောင်းကိုကြားတော့ အရမ်းပျော်သွားတယ်.
ဘယ်မိဘမဆို သူတို့သားသမီးတွေ ထူးချွန်ထက်မြက်တာကို လိုချင်ကြတာပဲလေ.
ကုမန့်က ကုနင်းကျောင်းမှာအမှတ်ကောင်းကောင်းမရတာနဲ့ပတ်သတ်ပြီး ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပေမယ့် အခုလို သူမသမီးတိုးတက်လာတာကို မြင်ရတော့ အရမ်းဝမ်းသာမိပါတယ်.
ကုနင်း ညနေပိုင်းမတက်တာကို ကုမန့်ကတော့ ထောက်ခံလိုက်တယ်. သူမသမီးကို အပြည့်အဝယုံကြည်ပေးထားပါတယ်.
ကုရှောင်ရှောင် အိမ်ပြန်ရောက်တော့ ကုချင်းရှန်နဲ့ ကျန်လူတွေကို ဒီမနက်ဖြစ်ခဲ့တာတွေကိုပြောပြလိုက်တယ်. ကုချင်းရှန်ကတော့ ဒေါသထွက်သွားတယ်. ကုနင်းပြောတဲ့စကားတွေက မှန်တယ်ဆိုတာ သူလက်ခံပေမယ့် လူကြားထဲ အခုလိုအပြောခံရတာကြောင့် ကုနင်းကို အရမ်းမုန်းတီးသွားတယ်. ဒါသူ့ကိုသပ်သပ်အရှက်ခွဲလိုက်တာပဲ.
တကယ်တော့ ကုရှောင်ရှောင်ကသာ ကုနင်းကို အရင် သွားပြီး အပြစ်တင်ရန်စတဲ့အချက်ကိုတော့ ကုချင်းရှန် လျစ်လျူရှုထားခဲ့ပါတယ်.
တစ်ကိုယ်ကောင်းဆန်တဲ့လူတွေက သူတို့ခံစားချက်ကိုသာဂရုစိုက်ကြပြီး ကျန်တဲ့လူတွေကိုတော့ ဆိုးဆိုးဝါးဝါးဆက်ဆံကြပါတယ်. ကုချင်းရှန်တို့ တစ်မိသားစုလုံး ကုနင်းကို စတင်ကျိန်ဆဲနေကြတော့တယ်. တကယ်လို့ ကုမန့်သာဖုန်းမကိုင်ပဲမနေရင် သူတို့ဖုန်းဆက်ပြီးတော့ကို ကျိန်ဆဲပစ်မှာ. ပြီးတော့ သူတို့ ကုနင်းရဲ့ဖုန်းနံပါတ်ကိုလဲ မသိတာကြောင့် အခုလို သူတို့ဘာသာထိုင်ပြောနေရုံပဲတတ်နိုင်ပါတယ်.
တကယ်တော့ သူတို့က ကုနင်းကို တစ်ရက်တစ်လေလေးတောင် ဆွေမျိုးဆိုပြီး ထောက်ပံ့ပေးခဲ့ခြင်းမရှိတာကြောင့် သူတို့မှာကို ကုနင်းကို ဆူဆုံးမပိုင်ခွင့်မရှိပါဘူး.
ကုနင်း သူတို့နှစ်မှာထိပ်တန်းကျောင်းသူဖြစ်သွားတာကိုတော့ ကုရှောင်ရှောင်ထည့်မပြောခဲ့ပါဘူး. သူမက အမြဲတမ်း ကုမိသားစုရဲ့ အတော်ဆုံးကျောင်းသူဖြစ်ခဲ့တာကြောင့် သူမနေရာလုယူသွားတာမျိုးကို မလိုချင်ပါဘူး.
ကုနင်း ကုမိသားစုနဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပေမယ့် အခုထိ သူမမိသားစုနာမည်က 'ကု' ဖြစ်နေတုန်းပါပဲ.
............
နောက်တစ်နေ့, ကုနင်း ဇုံGကနေထွက်လာတော့ ရှုကျင်းချန်နဲ့ တွေ့တယ်.
"ကောင်းသောနံနက်ခင်းပါ!" ရှုကျင်းချန် ကုနင်းကို နှုတ်ဆက်လိုက်တယ်.
"ကောင်းသောနံနက်ခင်းပါ!" ကုနင်းလဲ ပြန်နှုတ်ဆက်လိုက်တယ်.
"မင်းကျောင်းသွားတော့မလို့လား? အိုး, ငါ့ရဲ့ကျောင်းတဲ့ခဲ့တဲ့ရက်လေးတွေကို လွမ်းလိုက်တာ." ကုနင်းက ကျောင်းဝတ်စုံနဲ့ ကျောပိုးအိတ်လွယ်ထားတာကို ရှုကျင်းချင် သတိထားမိလိုက်တယ်.
"ကျွန်မကတော့ ကျောင်းတက်ရမယ့်ရက်တွေကို ဖြစ်နိုင်ရင်ကျော်ပစ်ချင်တယ်. မြန်မြန်လွတ်လပ်ချင်နေပြီ." ကုနင်းပြောလိုက်တယ်.
"ဟ-ဟ, ငါနားလည်တယ်. ကျောင်းမှာတစ်နေကုန်နေရတာ အရမ်းပျင်းဖို့ကောင်းတာကို. ဒါပေမယ့် မင်းအလုပ်ဝင်ပြီး ငွေရှာရတဲ့အချိန် ဖိအားတွေများလာရင် ကျောင်းကိုပြန်လွမ်းသွားလိမ့်မယ်." ရှုကျင်းချန် ပြောလိုက်တယ်.
ဒါအမှန်ပါပဲ. လူအများစုက သူတို့ကျောင်းပြီးကာ လုပ်ငန်းခွင်ဝင်, လူနေမှုဘဝအတွက်ကြိုးစားနေရချိန်ဆို ကျောင်းတက်ရတဲ့အချိန်တွေကို ပြန်လွမ်းလာကြတယ်.
ချမ်းသာပြီး အာဏာရှိတဲ့လူတွေဆိုပိုလို့တောင်ဖြစ်သေးတယ်. သူတို့က တစ်ခါမှ ဖိအားအများကြီးကို ကျောင်းသားဘဝတွေမှာ မကြုံခဲ့ကြရဘူးလေ.
"အဲ့ဒါတော့ လက်ခံတယ်. ကျွန်မစာသင်ရတာမကြိုက်ရင်တောင် ကျောင်းသားဘဝမှာပျော်ပျော်နေရမယ့်အခွင့်ရေးကိုတော့ လက်လွှတ်မခံပါဘူး. နောက်ကျမှ နောင်တရတာမျိုးမဖြစ်ချင်ဘူး." ကုနင်းပြောလိုက်တယ်.
သူမ စာသင်ရတာကို မကြိုက်ပါဘူး. ဒါက အချိန်အရမ်းကုန်တယ်. ဒါပေမယ့် သူမပြန်လည်မွေးဖွားခဲ့မှာတော့ သာမာန်ဘဝလေးတစ်ခုမှာ နေချင်ပါဘူး. အဲ့ဒါက သူမအမုန်းဆုံးလူသားတွေကို ခွင့်လွှတ်ပေးလိုက်မယ်လို့တော့ မဆိုလိုဘူးနော်. သူတို့ကို လက်စားချေပြီးမှ သူမဘဝကြီးကလဲပျော်ရွှင်နိုင်မှာ.
ကုနင်း ကျောင်းသွားရမှာဖြစ်တာကြောင့် ရှုကျင်းချန်နဲ့အကြာကြီး စကားမပြောဖြစ်ခဲ့ကြပါဘူး.
ကုနင်းထွက်သွားတာနဲ့ လမ်းတစ်ဖက်ကနေ လင်ရှောင်းထင်ပေါ်လာကာ ရှုကျင်းချန်ကို မျက်စောင်းထိုးကြည့်လိုက်ပေမယ့် ဘာမှတော့မပြောသွားပါဘူး. ရှုကျင်းချန်မှာတော့ ထိတ်လန့်သွားတယ်.
ဘာလို့ အမြဲတမ်း ကုနင်းနဲ့သူစကားပြောမှာကို လင်ရှောင်းထင်တားချင်နေတာလဲ?
ရှုကျင်းချန်ခနလောက်တွေးနေပြီးမှ မနေနိုင်ပဲ မေးလိုက်တယ်,
"ရှောင်းထင်, မင်းကုနင်းကို ဘယ်လိုထင်လဲ?"
"ဘာကိုလဲ?" လင်ရှောင်းထင်ပြောလိုက်တယ်.
"အမ်, အဲ့ဒါ, ကုနင်းက ချစ်သူကောင်းတစ်ယောက်ဖြစ်နိုင်မယ်လို့မင်းထင်လား?" ရှုကျင်းချန် ထပ်မေးလိုက်တယ်.
"မသိဘူး." လင်ရှောင်းထင်ပြန်ဖြေလိုက်တယ်. သူက အခုလို စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေအကြောင်းနားမလည်တာကြောင့် ဘာဖြေရမလဲ တကယ်ကိုမသိတာပါ.
"အိုး," ရှုကျင်းချန် လည်ချောင်းရှင်းကာ အတည်ပေါက်နဲ့ထပ်မေးလိုက်တယ်.
"ရှောင်းထင်, ငါ့ကို ရိုးရိုးသားသားပြောကြည့်. မင်းနဲ့ ကုနင်းရဲ့ဆက်ဆံရေးကဘာလဲ?"
"ဘာမှမဟုတ်ဘူး." လင်ရှောင်းထင်ပြန်ဖြေလိုက်တယ်.
"တကယ်လား? ငါ့ကို မညာနဲ့နော်. ငါအခု ကုနင်းကို စိတ်ဝင်စားနေမိပြီ. မင်းတို့နှစ်ယောက်ကဘာမှမဟုတ်ဘူးဆို ငါသူ့ကိုလိုက်တော့မှာ!" ရှုကျင်းချန် ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တယ်.
................Book 9 Part128End..............
ဖီးနစ်သွေးစက်
အခန်း ၁၂၉ ချင်ဂိုဏ်း
လင်ရှောင်းထင် အမူရာမဲ့ ရပ်နေသေးပေမယ့် သူနှလုံးသားထဲမှာတော့ မကျေမနပ်ခံစားသွားရတယ်. ဒါကြောင့်သတိလက်လွတ်နဲ့,
"မင်းနဲ့မလိုက်ဘူး."
"ဘာလို့လဲ? သူ ချမ်းသာတဲ့မိသားစုက ဒါမှမဟုတ် အာဏာရှိတဲ့မိသားစုကမဟုတ်ဘဲ ငါ့မိသားစုနဲ့ ယှဉ်လို့မရဘူးဆိုလဲ ကိစ္စမရှိပါဘူး. မင်းလဲသိသားပဲ ငါ့မိသားစုက ငါသာကြိုက်နေရင် နောက်ခံတွေဘာတွေဂရုစိုက်မှာမဟုတ်ဘူး. ကုနင်းကလှသလို ငါလဲကြည့်ကောင်းတာပဲ! ပြီးတော့ အလုပ်ကောင်းတစ်ခုလဲရှိပြီးသား." ရှုကျင်းချန် ပြန်ပြောလိုက်တယ်. ဘာလို့ သိတို့ကမလိုက်ဖက်ရမှာလဲ?
တကယ်တော့ ဘာလို့မလိုက်ဖက်လဲဆိုတာ လင်ရှောင်းထင်လဲမသိပါဘူး. သူက ရှုကျင်းချန်ကို ကုနင်းနဲ့ ဝေးဝေးနေစေချင်ရုံတင်ပါ.
"မနက်ဖြန် တာဝန်ထမ်းဆောင်ဖို့ ငါနဲ့လိုက်ခဲ့." လင်ရှောင်းထင်အမိန့်ပေးလိုက်ကာ လှည့်ထွက်သွားတယ်.
"ဘာ?" ရှုကျင်းချန်ထိတ်လန့်သွားတယ်.
မဖြစ်နိုင်ဘူး! သူ ဒီတစ်ခေါက်အားလပ်ရက်အတွက် ၅ရက်လိုသေးတယ်လေ. မနက်ဖြန်ပြန်အလုပ်လုပ်ရတော့မယ်တဲ့လား?
"ဘော့စ်, ငါ့အားလပ်ရက်ကမပြီးသေးဘူးလေ. ဒီလိုတော့မလုပ်နဲ့လေကွာ." ရှုကျင်းချန် လင်ရှောင်းထင်နောက်အမှီလိုက်ကာ စောဒကတက်နေပေမယ့် လင်ရှောင်းထင်ကတော့ သူ့ကိုလျစ်လျူရှုထားလိုက်တယ်.
"ဘော့စ်..." ရှုကျင်းချန် ငိုတောင်ငိုမိတော့မလိုပဲ. လင်ရှောင်းထင် ရုတ်တရက်ကြီး ဘာလို့ သူ့အပေါ်ဒီလိုဆိုးဆိုးဝါးဝါးဆက်ဆံရတာလဲ သူနားမလည်နိုင်ဘူး. ဒါသူကုနင်းကို လိုက်တော့မယ်လို့ပြောလိုက်တာကြောင့်လေးပဲလား? လင်ရှောင်းထင်ပြောတော့ သူနဲ့ ကုနင်းကြားမှာ ဘာဆက်ဆံရေးမှမရှိဘူးဆို, ဒါဆို ဘာလို့ သူကုနင်းကိုလိုက်မှာကို ခွင့်မပြုပေးနိုင်ရတာလဲ?
ကုနင်းကျောင်းနားရောက်တော့ ရုတ်တရက် ယောကျ်ားတွေအများကြီး ဘေးနားက ဗန်ကားပေါ်ကနေ ဆင်းလာကြကာ ကုနင်းလမ်းမှာ ပိတ်ရပ်လိုက်ကြတယ်.
ဒီလူတွေကြည့်ရတာ လူဆိုးအဖွဲ့ဖြစ်ပုံပဲ.
တစ်စုံတစ်ယောက်ကတော့ ဖုန်းကိုထုတ်ကာ မှတ်တမ်းတင်နေတယ်. ဘယ်သူမှ ထိုလူ ပျော်ဖို့အတွက် ရိုက်နေတာလား ဒါမှမဟုတ် ရဲစခန်းကို သက်သေအဖြစ်တင်ပြဖို့ ရိုက်နေတာလားဆိုတာမသိပါဘူး.
ထိုလူတွေက ကုနင်းကို ကားပေါ်ဆွဲတင်ကြရန် စီစဉ်နေကြတယ်. ကျောင်းနားမှာက ကျောင်းသူတစ်ယောက်ကို ထိခိုက်အောင်လုပ်လို့ကောင်းတဲ့နေရာမဟုတ်ပါဘူး. သူတို့ကုနင်းကိုထိလိုက်ပြီဆိုတာနဲ့ သူမစတင်တိုက်ခိုက်တော့တယ်.
သူမ ထိုထဲကတစ်ယောက်ရဲ့ နှာရိုးကို လက်သီးတစ်ချက်နဲ့ ရိုက်ချိုးလိုက်တော့ ထိုလူက နှာခေါင်းကနေသွေးတွေလျှံထွက်လာကာ နာနာကျင်ကျင်အော်ဟစ်တော့တယ်. သူပြန်မတိုက်နိုင်သေးခင်မှာပဲ ကုနင်းက သူလက်ကိုဆွဲကာ မြှောက်လိုက်ပြီး နောက်လူတစ်ယောက်ထံလွှဲပစ်လိုက်တယ်. ဒုတိယလူမှာလဲ ထိုလူနဲ့တိုက်မိပြီး မြေပေါ်လဲကျသွားတယ်. သူတို့နှစ်ယောက်လုံး နာကျင်လွန်းလို့ ဝက်တစ်ကောင်လို အော်ဟစ်ညည်းညူနေကြတယ်.
ထိုအချိန်မှာပဲ တတိယမြောက်လူက ကုနင်းကို တိတ်တဆိတ်နောက်နေတိုက်ခိုက်လာပေမယ့် ထိုလူထိခါနီးမှာပဲ ကုနင်းကလွတ်မြောက်သွားတယ်. ပြီးတော့ သူမဒူးကိုမြှောက်လိုက်ကာ ထိုလူရဲ့အစာအိမ်တည့်တည့်ကို ပင့်တိုက်လိုက်တယ်. ထိုတတိယလူလဲ နာကျင်မှုကြောင့် သူ့ဗိုက်သူ ဖိထားလိုက်ချိန် ကုနင်းက တုံ့ဆိုင်းမှုမရှိ သူ့ကို ကန်ထုတ်လိုက်ပါတယ်.
အခုတော့ မတ်တပ်ရပ်နေသေးတဲ့လူ နှစ်ယောက်သာကျန်ပါတော့တယ်. ဖြစ်သွားတာတွေက အရမ်းမြန်လွန်းတာကြောင့် သူတို့ပြန်တုံ့ပြန်ချိန်တောင်မရလိုက်ကြပါဘူး.
ကုနင်း လွယ်အိတ်ကို လေပေါ်မြှောက်လိုက်ကာ နောက်တစ်ယောက်ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တယ်.နောက်ဆုံးတစ်ယောကိုတော့ ကုနင်းထိုလူရဲ့လက်ကိုဆွဲကိုင်ကာ ပစ်ပေါက်လိုက်တာကြောင့် နာကျင်မှုကြောင့် အော်သံအကျယ်ကြီးထွက်လာခဲ့တယ်.
ဘေးကလူတွေကတော့ ထိုအဖြစ်အပျက်တွေကို ထိတ်လန့်အံ့ဩစွာနဲ့ ကြည့်နေကြတယ်.
ကုနင်းဘယ်သူမှန်းသတိထားမိလိုက်တဲ့ တစ်ယောက်နဲ့ ဗီဒီယိုရိုက်ထားတဲ့တစ်ယောက်က ကျောင်းဖိုရမ်ပေါ်ကို "ကုနတ်ဘုရားမ သူ့ရဲ့ လွန်ကဲလှတဲ့အစွမ်းတွေကို ထပ်ထုတ်ပြလိုက်ပြန်ပြီ : ၅ယောက် ၁ယောက်နော်!"
"ရှင်တို့ကို ဘယ်သူလွှတ်လိုက်တာလဲ?" ကုနင်း ဒေါသတွေနဲ့မေးလိုက်တယ်.
"မဟုတ်ဘူး, ဘယ်သူမှမဟုတ်ဘူး" လူတစ်ယောက်က ပြန်ဖြေလိုက်တယ်.
"တကယ်လား?" ကုနင်းက မယုံကြည်ဘဲ ထိုလူရဲ့လက်ကို အားပိုထည့်ကာလိမ်လိုက်တယ်. နာကျင်လွန်းလို ထိုလူမှာ မျက်ရည်တွေတောင်ကျလာတယ်. ကျန်တဲ့လူတွေကတော့ ထလဲမလာရဲသလို သူမိုလဲမတားရဲကြပေမယ့် ခြိမ်းတော့ခြိမ်းခြောက်လိုက်တယ်.
သူတို့ထဲက တစ်ယောက်က,
"သူ့ကိုလွှတ်လိုက်! ငါတို့က ချင်ဂိုဏ်းကပဲ. မင်းငါတို့နဲ့ ရန်ငြှိုးဖွဲ့မယ်ဆို သေချာပေါက်ရှုံးနိမ့်မှာနော်!"
ချင်ဂိုဏ်း?
ကုနင်း မျက်မှောင်ကုတ်သွားတယ်. ထပ်ပြီးချင်ဂိုဏ်းပဲလား?
လီကျန်းကျန်းလွှတ်လိုက်တာလား? ဒါပေမယ့် လီကျန်းကျန်းက အခုမြို့တော်Gမှာလေ. ကုနင်းကို မြို့တော်Fအထိတော့လိုက်ပြီး ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး.
ဒါဆို နောက်ကွယ်ကကြိုးကိုင်နေတဲ့လူက ဘယ်သူလဲ? ကုရှောင်ရှောင်, ချန်းကျီယောင်, ရှောင်ဖေးဖေး ဒါမှမဟုတ် ချင်ကျန်းလား?
သူတို့တွေကလွဲပြီး တခြားဘယ်သူမှကို မတွေးမိဘူး.
တစ်ချိန်တည်းမှာပဲ, ဒီလူဆိုးတွေက ချင်ဂိုဏ်းကမှန်းကြားလိုက်တော့ ကျောင်းသားတွေအားလုံး အသက်ပြင်းပြင်းရှူလိုက်မိကြတယ်.
"အဲ့တော့ ဘာဖြစ်လဲ? ချင်ဂိုဏ်းကဆိုတာနဲ့ ဘယ်သူ့ကိုမဆို ပြန်ပေးဆွဲလို့ရရောလား?" ကုနင်း နှာခေါင်းရှုံလိုက်တယ်. သူမပုံစံက လုံးဝကြောက်နေတဲ့ပုံမပေါ်ပါဘူး. ပြောရရင်တော့ ကြောက်ဖို့တောင် စိတ်အနှောင့်အယှက်ဖြစ်နေတာပါ.
လူတိုင်းကလဲ ကုနင်း ချင်ဂိုဏ်းကို မကြောက်တာကြောင့် အံ့အားသင့်သွားကြတယ်.
"မင်း..." ထိုလူမိုက်တွေလဲ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်.
ထိုအချိန်တွင် တစ်စုံတစ်ယောက်က နောက်ထပ်ဗီဒီယိုတွေကို "ကျောင်းသူတစ်ယောက်က ချင်ဂိုဏ်းသား၅ယောက်ကို အနိုင်ယူလိုက်ပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ထပ်တင်လိုက်တယ်.
ကုနင်းက ထပ်ပြီးတော့,
"ရှင်တို့က အခွင့်ရေးတစ်ကြိမ်ပေးမယ်. ရှင်နောက်ကွယ်က လူကို ပြောရင်ပြောမဟုတ်ရင် အခုချက်ချင်းရဲခေါ်လိုက်မယ်."
ထိုစကားကိုကြားတော့ လူဆိုးတွေကြောက်ရွံ့စွာကြည့်လိုက်ကြတယ်. သူတို့ ချင်ဂိုဏ်းကဆိုရင်တောင် အရေးပါတဲ့လူတွေမဟုတ်ပါဘူး. သူတို့ဘော့စ်ကလဲ သတိပေးထားပြီးသား. သူတို့ပြဿနာရှာရဲရင် ချင်ဂိုဏ်းက ဝင်ကူညီပေးမှာမဟုတ်ဘူးတဲ့.
သေချာပေါက် သူတို့သာငြိမ်ငြိမ်နေခဲ့ရင် ဘေးကင်းမှာပဲ.
ဒီနှစ်တွေအတွင်း, သူတို့မကောင်းတဲ့အလုပ်တွေအများကြီးလုပ်ခဲ့တယ်. ဒါပေမယ့် သူတို့ဘယ်သူတွေကိုတော့ အနိုင်ကျင့်လို့ရပြီး ဘယ်သူတွေနဲ့တော့ ဝေးဝေးရှောင်နေသင့်မှန်း သိကြပါတယ်.
လင်းယွဲ့ဟောင်က ဆင်းရဲသားကျောင်းသူလေးတစ်ယောက်လို့ပြောတာကြောင့် အဆင်ပြေမယ်လို့ ထင်ခဲ့တာ. အခုတော့ လုံးဝတခြားစီပဲ.
သူတို့သာဒုက္ခရောက်ရင် လင်းယွဲ့ဟောင်လဲ လွတ်လိမ့်မှာမဟုတ်တာကြောင့် သူတို့ကို လင်းယွဲ့ဟောင်လိမ်တယ်လို့ မထင်မိဘူး.
တကယ်လို့ ကုနင်းသာရဲကို ဖုန်းဆက်လိုက်ရင် သူတို့ထောင်ကျသွားနိုင်တယ်. ပြီးတော့ အခုချိန်မှာ ထွက်ပြေးဖို့ကလဲ မဖြစ်နိုင်တော့ဘူး. ဒါကြောင့် နောက်ကွယ်ကဘယ်သူဆိုတာ ကုနင်းကို ပြောဖို့ ပြင်လိုက်တယ်.
................Book 9 Part129End..............
ဖီးနစ်သွေးစက်
အခန်း ၁၃၀ ဘုန်းတန်ခိုးကြီးမားသော ကုနတ်ဘုရားမ
ထိုအချိန်မှာပဲ ဗန်ကားထဲမှ ဆူညံသံတစ်သံကို ကြားလိုက်တာကြောင့် ကုနင်း သူချုပ်ထားတဲ့လူကို ချက်ချင်းပဲ ကန်ထုတ်လိုက်ကာ ဗန်ကားဆီသွားပြီး ကားတံခါးကို ဆွဲဖွင့်လိုက်တယ်.
ကားထဲမှာတော့ လူဆိုးတွေ ကုနင်းကို သူ့အကြောင်းပြောလိုက်မှာစိုးရိမ်နေတဲ့ လင်းယွဲ့ဟောင်က မတော်တဆ ဆူညံသံတစ်သံလုပ်မိသွားတာကြောင့် ကုနင်းရှာတွေ့သွားတယ်.
လင်းယွဲ့ဟောင်ကို ကုနင်းမြင်လိုက်တော့ နောက်ကွယ်ကလူကို မမေးပဲနဲ့တောင်သိသွားတယ်.
သူမ လင်းယွဲ့ဟောင်နဲ့ အကြိမ်များစွာတွေ့ဖူးပေမယ့် တခါမှပြဿနာမဖြစ်ခဲ့ဖူးဘူး. ဒီကိစ္စကို ကုရှောင်ရှောင်ကြောင့်လုပ်တာပဲဖြစ်ရမယ်.
ထိုလူဆိုးတွေ လင်းယွဲ့ဟောင်ကို သစ္စာဖောက်ခါနီးမှာပဲ သူကိုယ်တိုင် ရှာတွေ့ခံသွားရတာကြောင့် သူတို့ အသက်ရှူချောင်သွားတယ်. သူတို့ချင်းက ရင်းနှီးနေကြတဲ့လူတွေပါ. ဒါကြောင့် လင်းယွဲ့ဟောင်ကို သူတို့သစ္စာဖောက်ဖို့ရာ ခက်ခဲနေပေမယ့် သူတို့နဲ့ လင်းယွဲ့ဟောင်ကြားရွေးချယ်ရမယ်ဆိုရင်တော့ သေချာပေါက် သူတို့အသက်ကိုပဲရွေးမှာပေါ့.
"အမ်, ငါမဟုတ်ဘူးနော်, ကုရှောင်ရှောင်က ငါ့ကိုလုပ်ခိုင်းလို့ပါ. ငါ့ကိုခွင့်လွှတ်ပေးပါ. အပြစ်တင်မယ်ဆို သူ့ကိုသာတင်." လင်းယွဲ့ဟောင်ကလဲ လူဆိုးတစ်ယောက်ဖြစ်ပေမယ့် သတ္တိကြောင်သူတစ်ယောက်လဲဖြစ်တယ်. ခွန်အားကြီးတဲ့သူနဲ့သာရင်ဆိုင်ရရင် ချက်ချင်းကို အရှုံးပေးချလိုက်မှာပါ.
သူက သူ့ဝမ်းကွဲညီမကိုတောင် သစ္စာဖောက်နိုင်တာပဲ!
ကုနင်းအံ့အားသင့်သွားတယ်. ပြီးတော့ ဘယ်သူမှလဲ အခုချိန်မှာ ကုနင်းစိတ်ဆိုးအောင်သွားမလုပ်ရဲကြပါဘူး.
ထိုအချိန်မှာပဲ ကျောင်းဖိုရမ်တွင် "လူတစ်ယောက်ပြောတာတော့ ကုရှောင်ရှောင်က နောက်ကွယ်က စေခိုင်းသူတဲ့!" ဆိုပြီးခေါင်းစဉ်နဲ့ သတင်းအသစ်တစ်ပုဒ်ထပ်တက်လာတယ်.
ကုနင်း မှတ်တမ်းတင်ထားရန် သူမဖုန်းကို ထုတ်ယူလိုက်တယ်. ပြီးတော့ လင်းယွဲ့ဟောင်ကို ကင်မရာချိန်ထားကာ အေးစက်စွာနဲ့မေးလိုက်တယ်,
"ထပ်ပြော. ငါ့ကို ထိခိုက်အောင် ဘယ်သူလုပ်ခိုင်းတာလဲ? ဘာလို့ဒီလိုလုပ်ခိုင်းတာတဲ့လဲ? ပြီးတော့ ငါ့ကိုဘယ်လိုလုပ်လိုက်ဖို့ သူပြောလဲ?"
"ငါ..."
ကုနင်းဖုန်းနဲ့ ချိန်ထားတာခံရတော့ လင်းယွဲ့ဟောင်တုံ့ဆိုင်းသွားတယ်. ကုနင်း သူပြောတာတွေကို မှတ်တမ်းတင်ထားလိုက်ပြီးရင် သူဘယ်လိုမှငြင်းလို့မရနိုင်တော့မှန်း သိတယ်. ဒီကိစ္စကြောင့် သူနဲ့ ကုရှောင်ရှောင်ကြားက ဆက်ဆံရေးပျက်စီးသွားမှာဖြစ်ပေမယ့် ကုနင်းရဲ့ဖိအားပေးမှုအောက်မှာ သူထိတ်လန့်တုန်လှုပ်နေတာကြောင့် ထုတ်ပြောလိုက်ရတော့တယ်,
"ကုရှောင်ရှောင် ခိုင်းတာပါ. သူ ငါ့ကိုဖုန်းခေါ်ပြီး မင်းကို ရိုက်ခိုင်းတယ်. ပြီးတော့ မင်းကို အဓမ္မပြုကျင့်ဖို့လဲပြောတယ်."
သူမကို အဓမ္မကျင့်ခိုင်းတယ်?
ထိုစကားကိုကြားတော့ လူတိုင်းထိတ်လန့်သွားကြတယ်. ကုရှောင်ရှောင် ဒီလောက်တောင် ရက်စက်ရလား!
မိန်းကလေးတစ်ယောက် လက်မထပ်ခင် လိင်ဆက်ဆံခြင်းလုပ်လို့ ဘယ်သူမှအပြစ်တင်မှာမဟုတ်ဘဲ အချိန်ကာလတွေပြောင်းလဲသွားခဲ့ရင်တောင်မှ အဓမ္မကျင့်တယ်ဆိုတာတော့ တော်တော်ဆိုးရွားလွန်းတဲ့အရာပဲ! မိန်းကလေးတစ်ယောက်က သူစိမ်းတစ်ယောက်ရဲ့ အဓမ္မပြုကျင့်ခြင်းခံလိုက်ရရင် သူမဘဝတစ်ခုလုံး ဖျက်စီးခံလိုက်ရခြင်းနှင့်အတူတူပါပဲ. ဘယ်သူမှ ဒီလိုအဖြစ်မျိုးကို လက်မခံနိုင်ပါဘူး.
နောက်တော့ ကုနင်းသူတို့ကိုလွှတ်ပေးလိုက်တယ်. ခွင့်လွှတ်လို့တော့မဟုတ်ဘဲ သူတို့ကိုသေတဲ့အထိမရိုက်ပစ်ချင်သေးတာကြောင့်ပါ.
သူတို့သာ သူမလက်ချက်နဲ့သေသွားရင် ထိုအပြစ်ကို သူမခံရလိမ့်မယ်. တကယ်လို့ သူမရဲကိုအကြောင်းကြားလိုက်မယ်ဆိုလဲ သူတို့ ထောင်ထဲမှာ ရက်ပိုင်းလောက်ပဲနေရမှာ. အခုအပြစ်ပေးတာနဲ့က သူမသူတို့ကို ရိုက်နှက်ပြီးဖြစ်တာကြောင့် လောလောဆယ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပေးလိုက်တယ်.
ကုရှောင်ရှောင်ကတော့ သူမလုပ်ခဲ့တာတွေကို ပြန်ပေးဆပ်ခိုင်းမှာပါ.
ကုနင်း ဗီဒီယိုကို ကျောင်းဖိုရမ်ပေါ်တင်လိုက်တယ်.
မိနစ်ပိုင်းလောက်ကြာပြီးတော့ ဗီဒီယိုက အင်တာနက်ပေါ်ပျံ့နှံ့သွားတယ်. ထိုဗီဒီယိုကို ကြည့်ရှုခဲ့သူတွေကလဲ အလွန်အမင်းဒေါသထွက်နေကြတယ်.
"ဝိုး, ငါ့ရဲ့ ဘုန်းတန်ခိုးကြီးမားလှတဲ့ ကုနတ်ဘုရားမ! သူက ငါတို့ကျောင်းပြင်မှာ မိနစ်ပိုင်းအတွင်း ယောက်ျားကြီး၅ယောက်ကို အနိုင်ပိုင်းလိုက်တာလား!"
"ဘာမှာလဲ?"
"ကျောင်းဖိုရမ်ပေါ်မှာ."
"ဘုရားရေ, သူအရမ်းမိုက်တာပဲ."
..........
ကုရှောင်ရှောင်လဲ သူမရဲ့အကြံအစည်ကိုလူတွေသိသွားမှန်း သိလိုက်တယ်.
ကုနင်းက ထိုလူမိုက်တွေကို လွယ်လွယ်လေးအနိုင်ပိုင်းနိုင်လိုက်တာကို သူမသိသွားတော့ အလွန်အမင်းကို ဒေါသတွေပေါက်ကွဲသွားတယ်. တချိန်ထဲမှာပဲ နောက်ကွယ်ကလူက သူမဆိုတာ ဖော်ထုတ်ခံလိုက်ရတာကြောင့် ကြောက်ရွံ့ထိတ်လန့်သွားရတယ်.
ချင်ကျန်းလဲ ခံစားချက်တွေရှုပ်ထွေးနေကာ မျက်မှောင်ကြုတ်ထားမိတယ်. သူအခု ကုနင်းဘေးကင်းနေတာကို မြင်ရလို့ စိတ်ပျက်နေမိတာလား ဒါမှမဟုတ် သူမဘေးကင်းလုံခြုံမှုကို စိတ်ပူပန်နေတာလား သူကိုယ်တိုင်လဲ မသိတော့ပါဘူး.
အခုထိ ထိုကိစ္စနောက်ကွယ်မှာ ကုရှောင်ရှောင်ရှိနေတာကို မသိသေးဘဲ ကုနင်းဘယ်သူ့ကိုများရန်ငြှိုးဖွဲ့မိလို့လဲဆိုပြီးသာ စိတ်ရှုပ်ထွေးနေတယ်.
"ဒီကိစ္စနောက်ကွယ်က ဘယ်သူများလဲ? လူဆိုး၅ယောက်က ကုနင်းကို တစ်ချိန်တည်းဝင်တိုက်ခိုက်တယ်လား!" ကျန်းယီမင် နားမလည်နိုင်စွာနဲ့မေးလိုက်တယ်.
"ဘယ်သိမလဲ. မမျှော်လင့်ပဲ သူလွတ်သွားသေးတယ်. သူအဲ့လိုဂုဏ်မောက်နေတာမျိုး ငါလုံးဝမကြိုက်ဘူး." ဖူမင်လျန်ကပြောလိုက်တယ်.
"ဝိုး, သူတော်တော် ယုံကြည်မှုရှိတာပဲ. ချင်ဂိုဏ်းကိုတောင်မှ သူမကြောက်ဘူး."
"ဟုတ်တယ်, ငါတော့ သူ့ကိုလေးစားသွားပြီ!"
"ငါတော့ သူ ချင်ဂိုဏ်းကို နိုင်မယ်မထင်ဘူး. သူတော့ သွားပြီပဲ."
.............
အဲ့ဒါက ချင်ဂိုဏ်းလေ! ချင်ဂိုဏ်းဆိုတာ ဒီနိုင်ငံရဲ့ အကြီးဆုံးဂိုဏ်း၂ဂိုဏ်းထဲက တစ်ခုပဲ. ဘယ်သူမှ သူတို့ကို စိတ်အနှောက်အယှက်ဖြစ်အောင်တောင်မလုပ်ရဲဘူး.
သာမာန်လူတွေထားတော့,, အာဏာကြီးလှပါတဲ့ အရာရှိတွေတော်မှ သူတို့ကို သွားမရှုပ်ချင်ကြဘူး. ဒါပေမယ့် ကုရှောင်ရှောင်အကြောင်းပါတဲ့ ဗီဒီယိုကို လူတိုင်းကြည့်ပြီးသွားတော့ သူတို့ မျက်လုံးပြူးသွားကြပြန်တယ်.
အတန်းသားတွေအကုန်လုံးကလဲ ကုရှောင်ရှောင်ကို အံ့အားသင့်စွာနဲ့ ဝိုင်းကြည့်လာကြတာကြောင့် ကုရှောင်ရှောင်မျက်နှာဖြူဖျော့သွားတယ်. သူမလက်တွေတော်တုန်လာပြီး ကိုင်ထားတဲ့ဖုန်းတောင် ခုံပေါ်ပြုတ်ကျသွားတယ်.
"ရှောင်ရှောင်...." ချင်ကျန်း ခေါ်လိုက်ပေမယ့် မေးခွန်းတွေတော့ သူ့နှုတ်က ထွက်မလာခဲ့ပါဘူး. ဒါကလုံးဝ ဒေါသထွက်စရာကောင်းပြီး လက်လဲလက်မခံနိုင်စရာပဲ. နာမည်တူလူတွေအများကြီးရှိတယ်ဆိုရင်တောင် သူတို့ကျောင်းမှ ကုနင်းနဲ့ ရန်ငြှိုးရှိတဲ့ ကုရှောင်ရှောင်ဆိုလို့ တစ်ယောက်သာရှိပါတယ်. ဒါကို ချင်ကျန်းယုံဖို့ သိပ်မခက်လိုက်ပါဘူး.
ပြီးတော့ ကုရှောင်ရှောင်က ကြောက်စိတ်တွေမွှန်ထူပြီး ဆောက်တည်ရာမရဖြစ်နေတယ်.
ကုရှောင်ရှောင် ဒီလောက်ထူးဆန်း ဆိုးရွားပြီး ရက်စက်တတ်တာကို ချင်ကျန်းပထမဆုံးအချိန်သိလိုက်တာပါ. ပြီးတော့ သူသာ သူမကို နောင်တစ်နေ့နေ့မှာ နာကျင်အောင်များလုပ်မိရင် သူ့ကိုလဲ ဒီနည်းအတိုင်းပြန်လက်စားချေမလားလို့ မနေနိုင်မထိုင်နိုင်တွေးမိသွားတယ်.
ကုရှောင်ရှောင်က ကုနင်းကို အနိုင်ကျင့်ရတာကြိုက်ပေမယ့် အလွန်ဆုံးစကားတွေနဲ့သာ အရှက်ခွဲပါတယ်.
ဘယ်လိုလုပ်......
ချင်ကျန်း သူကိုယ်တိုင်လဲ လူကောင်းတစ်ယောက်မဟုတ်မှန်း သိပေမယ့် တစ်စုံတစ်ယောက်ကိုဖျက်ဆီးဖို့ လူဆိုးတွေငှားတဲ့အထိတော့ တစ်ခါမှမတွေးတောင်မတွေးခဲ့ဖူးပါဘူး.
ကျန်းယီမင်နဲ့ ဖူမင်လျန်တို့လဲ အခုချိန်မှာ ကုရှောင်ရှောင်ကို သူစိမ်းတစ်ယောက်လူ မကောင်းဆိုးဝါးတစ်ယောက်ကို မြင်နေရသလို ခံစားနေမိတယ်.