← Chapters

အခန်း (၁၃၆-၁၄၀)

Vol. 10 Ch. 136-140

အခန်း (၁၃၆-၁၄၀)

Vol. 10 Ch. 136-140

အခန်း ၁၃၆ ဆက်ဆံရေးက မရိုးရှင်းဘူး

ဘာသာပြန်သူ - Charm.Y

"မျက်နှာကဒဏ်ရာက ဘယ်သူလုပ်သွားတာလဲ?" ကုချင်းရှန် အသံနဲနဲနှိမ့်ပြီးမေးလိုက်တယ်.

"ကုနင်းရဲ့ သူငယ်ချင်း." ကုရှောင်ရှောင်ဖြေလိုက်တယ်.

ချူးဖေ့ဟန်အကြောင်းပြန်စဉ်းစားမိသွားတော့ ကုရှောင်ရှောင် စိတ်ပြန်တိုလာပေမယ့် ဘာမှတော့ပြန်မလုပ်နိုင်ပါဘူး.

ကုနင်းရဲ့ သူငယ်ချင်းက ကုနင်းအတွက် ကုရှောင်ရှောင်ကိုရိုက်မှန်းသိပေမယ့် ဘာလို့ချူးဖေ့ဟန်ဖြစ်နေရတာလဲ?

ကုချင်းရှန်ထပ်မေးလိုက်တယ်,

"သူ့ရဲ့နောက်ခံက ဘယ်လိုလဲ?"

"သေချာတော့မသိပေမယ့် သူ့မိသားစုက အင်အားကြီးမယ့်ပုံတော့ပေါ်တယ်. သူအတန်းတွေအမြဲပျက်ပြီး ရန်ဖြစ်နေတာတောင်မှ ကျောင်းအုပ်ကြီးကော ဆရာတွေကော ဘယ်သူမှ သူ့ကို ကျောင်းမထုတ်ရဲကြဘူး." ကုရှောင်ရှောင်ပြန်ဖြေလိုက်တယ်. ဒါကပဲ သူမ ချူးဖေ့ဟန်ကို ကြောက်နေရတဲ့အကြောင်းရင်းတစ်ချက်လေ.

ကုချင်းရှန် ဆွံ့အသွားတယ်. ဒီလိုဆို သူဘာမှလုပ်လို့မရတော့ဘူးပဲ. ကုချင်းရှန်က အင်အားကြီးသူကိုအလျှော့ပေးပြီး အားနည်းတဲ့သူအပေါ်အခွင့်ရေးယူတတ်သည့်လူမျိုး ဖြစ်တယ်. ကျောင်းအုပ်ကြီးကော ဆရာတွေပါ လက်ရှောင်နေမှတော့ သူလဲ အရှုံးပေးရုံပဲရှိတော့တာပေါ့.

အင်အားကြီးနောက်ခံ ရှိတဲ့ မိန်းကလေး. သူ့မျိုးရိုးနာမည်က ချူး.

ကုချင်းရှန် ခနလောက်တွေးနေပေမယ့် မြို့တော်Fမှာ ချူးမျိုးရိုးနဲ့ အင်အားကြီးမိသားစုကို သူစဉ်းစားလို့မရဘူး. ဒါပေမယ့် မြို့တော်Fမှာ သူလက်လှမ်းမမှီနိုင်တဲ့ အင်အားကြီးမိသားစုကြီးပေါင်းများစွာရှိနေသေးတာပဲကို. သူမသိတာ မဆန်းပါဘူး.

ကျောင်းအုပ်နဲ့ဆရာတွေတောင် ချူးဖေ့ဟန်ကို မထိရဲမှတော့ သူမက အရေးကြီးတဲ့လူပဲဖြစ်ရမယ်.

ကုချင်းရှန်မှာ ပြောလက်စခေါင်းစဉ်ကိုပဲပြောင်းပစ်ဖို့ တတ်နိုင်တော့တယ်,

"သမီး ဘယ်လိုလုပ် ချင်ဂိုဏ်းနဲ့သိနေတာလဲ?"

"သမီးမသိပါဘူး. အစ်ကိုဝမ်းကွဲလင်းယွဲ့ဟောင်နဲ့သိတာ. သမီးက ကုနင်းကိုပညာပြလိုက်ဖို့ပဲ သူ့ကိုပြောတာ." ကုရှောင်ရှောင်ပြန်ဖြေလိုက်တယ်. ထိုစကားပြောနေတဲ့အချိန်မှာ အပြစ်ရှိသလိုခံစားချက်တစ်စုံတစ်ရာပါဝင်မနေခဲ့ပါဘူး.

"လင်းယွဲ့ဟောင်? အဖေ သူနဲ့မပတ်သတ်ဖို့ သမီးကို သတိပေးထားတယ်မဟုတ်ဘူးလား? သူက သမီးဘဝကို အနှေးနဲ့အမြန် ဒုက္ခရောက်အောင်လုပ်လိမ့်မယ်!" လင်းယွဲ့ဟောင်အကြောင်းပြောတော့ ကုချင်းရှန် ထပ်မံဒေါသထွက်လာပြန်တယ်.

လင်းယွဲ့ဟောင်သည် လူဆိုးတစ်ယောက်နီးနီးဖြစ်ကာ နေ့တိုင်းပြဿနာရှာ ပျော်ပါးနေသူဖြစ်တယ်. သူတို့မိသားစုမှာသာ ပိုင်ဆိုင်မှုအများကြီးရှိမနေရင် သူလုပ်တာနဲ့ သူတို့မိသားစုရဲ့ကြွယ်ဝမှုတွေအကုန် ကုန်နေလောက်ပြီ. ဒါပေမယ့် အဲ့လိုဖြစ်ဖို့ကလဲ သိပ်မကြာတော့ပါဘူး.

လင်းယွဲ့ဟောင်ကြောင့် ကုချင်းရှန်က လင်းလိကျွမ်းကို လင်းမိသားစုနဲ့ သိပ်မဆက်သွယ်ခိုင်းပါဘူး. လင်းယွဲ့ဟောင်ရဲ့အရှုပ်ထုပ်တွေထဲ သူဝင်မပါပေးချင်လို့ပါ.

"ကောင်းပြီလေ. အခုကစပြီးလိမ်လိမ်မာမာနေတော့. နောက်တစ်ခေါက်ထပ်ဖြစ်ရင် အဖေလဲ လိုက်ရှင်းပေးမှာမဟုတ်တော့ဘူး. နောက်မှ မြို့တော်Fက အမှတ်၁ ဒါမှမဟုတ် အမှတ်၂ ကျောင်းကိုသွင်းပေးမယ်." ဖြစ်တာတွေက ဖြစ်ပြီးသွားမှတော့ ကုရှောင်ရှောင်ကို ထပ်ပြီးအပြစ်တင်မနေတော့ပါဘူး.

"ဟုတ်ကဲ့ပါ." ကုရှောင်ရှောင်ပြန်ဖြေလိုက်တယ်.

ဝမ်ချန်းချီ အခန်းထဲကိုပြန်ရောက်တော့ သူ့အတန်းသားတွေကို ကုရှောင်ရှောင် ကျောင်းထုတ်ခံလိုက်ရပြီဖြစ်ကြောင်းပြောလိုက်တယ်.

ထိုစကားကိုကြားတော့ ဘယ်သူမှမအံ့ဩကြပါဘူး. ကုရှောင်ရှောင်က သတ်ပုတ်ရန်ဖြစ်တာထက် အရမ်းကိုဆိုးဝါးတဲ့လုပ်ရပ်ကိုလုပ်ခဲ့တာလေ. ချင်ကျန်းကတော့ ခံစားချက်တွေရောထွေးနေတယ်. သူ ကုရှောင်ရှောင်အတွက်စိတ်မကောင်းပေမယ့် ဝမ်းတော့မဝမ်းနည်းပါဘူး.

သူ ကုရှောင်ရှောင်ကို အရမ်းမကြိုက်လို့ဖြစ်မယ်. သူက သူမရဲ့နောက်ခံတစ်ခုတည်းကိုပဲ အဓိကစိတ်ဝင်စားခဲ့တာပါ.

ထိုအချိန်မှာပဲ ကုနင်းအပေါ် သူခံစားချက်တွေတိုးပွားလာမှန်း သတိထားမိသွားတယ်. ကုရှောင်ရှောင်သာ သူနဲ့လမ်းခွဲလိုက်ရင် သူ့အတွက်ပိုတောင် ကောင်းသွားမှာ.

ကုချင်းရှန် ကုရှောင်ရှောင်ကို အိမ်ပြန်ခေါ်လာတော့ သူမမျက်နှာကိုမြင်ပြီး လင်းလိကျွမ်းရော အဘွားဖြစ်သူပါ ထိတ်လန့်အံ့ဩသွားတယ်. ထပ်ပြီးကုနင်းကြောင့်ပဲလားလို့ သူတို့မေးလိုက်ပြီး ကုရှောင်ရှောင်ပြန်တောင်မဖြေရသေးခင်မှာပဲ လင်းလိကျွမ်းကော အဘွားကပါ စတင်ကျိန်ဆဲနေတော့တယ်.

သူတို့က ကုနင်း ကုရှောင်ရှောင်ကို ထပ်ပြီးပါးရိုက်ရဲပြန်ပြီလို့ ယုံကြည်နေတယ်.

"တော်လောက်ပြီ! ပါးစပ်တွေပိတ်ထားတော့!" ကုချင်းရှန် သူတို့ရဲ့ ကျိန်ဆဲသံတွေ အတင်းပြောသံတွေကြောင့် ပြန်စိတ်တိုလာပြန်ကာ အပြစ်တင်တော့တယ်,

"ဒါကုနင်းလုပ်လို့မဟုတ်ဘူး. ရှောင်ရှောင်ကို အရင်နားခိုင်းလိုက်ကြဦး!"

"ဘာ? ကုနင်းမဟုတ်ဘူး? ဒါဆို ဘယ်သူလုပ်တာလဲ?" လင်းလိကျွမ်း အရမ်းအံ့ဩသွားတယ်.

ကုချင်းရှန်က လင်းလိကျွမ်းနဲ့ အဘွားကို အားလုံးပြောပြလိုက်တော့ သူတို့နှစ်ယောက်လုံးတိတ်ဆိတ်သွားတယ်. သူတို့လဲတကယ်ကို ကုရှောင်ရှောင်ရဲ့အပြုအမူကြောင့်ထိတ်လန့်သွားကြတယ်.

ခနနေတော့မှ လင်းလိကျွမ်းက "ဘာပဲဖြစ်ဖြစ်, ကုနင်းက အဆင်ပြေနေတာပဲလေ. ဘာလို့ ရှောင်ရှောင့်ကို ကျောင်းထုတ်ရတာလဲ? သမီးက အခု စီနီယာကျောင်းသူဖြစ်နေပြီလေ ချက်ချင်းကြီးပြောင်းရွှေ့ဖို့ဆိုတာ အဆင်မပြေဘူး."

"ပါးစပ်ပိတ်ထားစမ်း! ရှောင်ရှောင် ဥပဒေကို ချိုးဖောက်ခဲ့တာ. သူက အသက်၁၈ပြည့်ပြီးနေပြီ. တကယ်လို့ ကုနင်းသာ ရဲကို အကြောင်းကြားလိုက်ရင် သေချာပေါက်ထောင်ကျသွားမှာ."ကုချင်းရှန် အပြစ်တင်လိုက်တယ်.

ဒီလိုကြောင့်သာမဟုတ်ရင် ကုချင်းရှန်လဲ အလျှော့ပေးခဲ့မှာမဟုတ်ဘူး.

ထိုစကားကိုကြားတော့မှ လင်းလိကျွမ်း ပါးစပ်ပိတ်သွားတယ်.

ကုချင်းရှန် အိမ်မှာအကြာကြီးဆက်မနေပဲ ကုမ္ပဏီကိုပြန်သွားခဲ့တယ်.

အခုက ၁၀နာရီတောင်ရှိနေပြီဖြစ်တာကြောင့် လင်းလိကျွမ်းက နေ့လည်စာတစ်ခါတည်းစားပြီးမှ ကုမ္ပဏီကိုပြန်ဖို့ ပြောပေမယ့် ကုချင်းရှန် ငြင်းလိုက်ပါတယ်.

ကုချင်းရှန်က အမြဲတမ်း အလုပ်ကိုအစောသွားကာ နောက်ကျမှသာပြန်လာတတ်တာကြောင့် လင်းလိကျွမ်း စိတ်သက်မသာခံစားနေရတယ်. သူတို့အတူထမင်းလက်စုံစားနိုင်ဖို့ ဆိုတာလဲ တော်တော်ခက်ခဲကာ သူတို့ချင်းခန္ဓာကိုယ်နှီးနှောဆက်ဆံဖို့ကိုတောင်မှ အချိန်အတော်ကြာစောင့်ရပါတယ်.

အစမှာတော့ ကုချင်းရှန် နောက်ထပ်မိန်းမတစ်ယောက်နဲ့တွေ့နေလို့ သူမနားမကပ်တာများလားလို့ သံသယရှိခဲ့တယ်. ဒါကြောင့် သူ့ကိုအကြိမ်ပေါင်းများစွာစုံစမ်းကြည့်ပေမယ့် ဘာအရှုပ်အရှင်းကိုမှ ရှာမတွေ့ခဲ့တာကြောင့် နောက်ဆုံးလက်လျှော့လိုက်ရတော့တယ်.

ကုချင်းရှန် သူ့ကုမ္ပဏီကိုပြန်ရောက်တော့ အတွင်းရေးမှူးမလေးက သူ့ရုံးခန်းထဲ လက်ဖက်ရည်တစ်ခွက်ယူလာပေးခဲ့တယ်.

သူမက အသက်၂၅နှစ်ရှိပြီဖြစ်တဲ့ လျိုယွီဝေ့ဖြစ်ပါတယ်. မျက်မှန်အကြီးကြီးကိုဝတ်ထားတာတောင်မှ သူမရဲ့အလှဟာ မှေးမှိန်မသွားခဲ့ပါဘူး. သူမက ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်စေတဲ့ စကတ်အကျပ် ယူနီဖောင်းကို ဝတ်ထားတာကြောင့် အရမ်းကို ဆွဲဆောင်မှုရှိတယ်.

"ဥက္ကဌကု, ရှင့်အတွက် လက်ဖက်ရည်ပါ." လျိုယွီဝေ့ ကုချင်းရှန်ကို လက်ဖက်ရည်ခွက်အား ရိုရိုသေသေလှမ်းပေးနေပေမယ့် အကြည့်တွေကတော့ ကွာခြားပါတ်. သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မရိုးရှင်းပါဘူး.

ကုချင်းရှန်ကလဲ လျိုယွီဝေ့ကို တမူထူးခြားစွာစိုက်ကြည့်နေပါတယ်. အထူးသဖြင့် သူမရဲ့ ဖွံ့ထားလှတဲ့ရင်သားတွေကို ကြည့်တဲ့အချိန် သူ့ရဲ့ လည်ဇလုတ်ကလဲ လှုပ်ရှားနေတယ်. အခုချိန်မှာ သူစိတ်ထကြွနေတာပဲ.

သူတို့နှစ်ယောက်ကြား ဆက်ဆံရေးတစ်မျိုးမျိုးရှိနေပုံပဲ.

ဟုတ်ပါတယ်, လျိုယွီဝေ့က ကုချင်းရှန်ရဲ့ အပျော်မယားတစ်ယောက်ဖြစ်ပြီး သူတစ်ယောက်ထဲရှိတာတော့မဟုတ်ပါဘူး.

ကုချင်းရှန်က လင်းလိကျွမ်းနဲ့အချိန်အကြာကြီးပေါင်းသင်းနေထိုင်ခဲ့ရတာကြောင့် ငြီးငွေ့နေပါပြီ. သူမကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့နေပြီး ဂရုစိုက်ပေမယ့် မိန်းမငယ်လေးတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ. ဒါပေမယ့် သူဘယ်လောက်ပဲ လင်းလိကျွမ်းကို ငြီးငွေ့ပါစေ, နောက်ထပ်အပျော်မယားမြောက်များစွာထားပါစေ သူမကိုတော့ ကွာရှင်းမှာမဟုတ်ပါဘူး.

ပထမအကြောင်းရင်းကတော့ သူတို့ကလေးတွေကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ ဒီလိုကောလဟာလတွေထွက်ဖို့ သူကအသက်ကြီးနေပြီလေ. ဒါ့အပြင် ဒီလိုအခြေနေကပိုလို့တောင် စိတ်လှုပ်ရှားဖို့ကောင်းပြီး သူ့စိတ်ကြိုက် တစ်ယောက်ပြီးတစ်ယောက်လဲပြောင်းနိုင်ပါတယ်.

လျိုယွီဝေ့ကလဲ ကုချင်းရှန် ကွာရှင်းပြီးသူမကို လက်ထပ်မှာမဟုတ်မှန်းသိပေမယ့် ထိုအချက်ကိုက သူမလိုချင်တာပဲလေ. သူမကငယ်သေးတယ်, ပြီးတော့ ငွေကြောင့်တစ်ခုတည်းနဲ့ ဒီလိုအသက်ကြီးကြီးယောက်ျားကို လက်မထပ်ချင်ပါဘူး.

ကုချင်းရှန်က အသက်၅၀နီးပါးရှိနေပြီဖြစ်ကာ သူ့ရဲ့အိပ်ရာပေါ်ကစွမ်းရည်ကလဲ ပျောက်ဆုံးခါနီးဖြစ်နေပါပြီ. တကယ်လို့ သူမသာလက်ထပ်ခဲ့ရရင် စိတ်ကျေနပ်မှုမရရှိမယ့် အိမ်ထောင်သည်ဘဝကြီးနဲ့ ဘဝတစ်လျှောက်လုံး အဆုံးသတ်သွားရလိမ့်မယ်.

ပြီးတော့ နောက်သူမချစ်တဲ့သူကိုရှာတွေ့သွားလို့ သူသိသွားရင်လဲ ဒေါသထွက်လိမ့်မယ်.

ဒါကြောင့် ကုချင်းရှန် သူမကို စိတ်ဝင်စားနေတုန်း ပိုက်ဆံကို ရနိုင်သမျှများများယူထားဖို့ တွေးထားတယ်. တကယ်လို့သူမကို ငြီးငွေ့သွားရင် သူမလဲ နောက်တစ်ယောက်ထပ်ရှာနိုင်တာပဲ.

ကုချင်းရှန် လက်ဖက်ရည်ခွက်ကိုယူရင်း လျိုယွီဝေ့လက်ကိုထိရင်းပြောလိုက်တယ်, "မိန်းကလေးလျို, ဒီညအတူတူ ညစာလိုက်စားပါလား."

"ကောင်းပါပြီ." လျိုယွီဝေ့ပြန်ဖြေလိုက်ကာ ပြန်ထွက်မသွားခင် ကုချင်းရှန်ကို ကြာကြည့်ကြည့်သွားသေးတယ်.

................Book 10 Part136End..............

ဖီးနစ်သွေးစက်

အခန်း ၁၃၇ ဘာလက်ဆောင်ယူသွားရမလဲ?

ဘာသာပြန်သူ - Charm.Y

လျိုယွီဝေ့ ညစာစားမယ်ဆိုတာ ဘာကိုဆိုလိုမှန်းသိပါတယ်. ဒါကသူတို့နှစ်ယောက်ကြားက သီးသန့်အစည်းအဝေးပွဲလေးပေါ့.

............

နေ့လည်ရောက်တော့ ကုနင်းက သူမသူငယ်ချင်းတွေနဲ့ နေ့လည်စာအတူစားဖို့ စုဝေးနေကြပြီး အန်းရီလဲပါပါတယ်.

အန်းရီနဲ့ ဟောင်ရန်တို့က သူငယ်ချင်းတွေတောင်ဖြစ်နေကြကာ အရမ်းကို အဆင်ပြေနေကြတယ်.

"အန်းရီ, မင်းမိသားစုပိုင်ကုမ္ပဏီကို ဝယ်သွားပြီကြားတယ်, ဒါပေမယ့် မင်းအဖေက ဥက္ကဌအဖြစ်ဆက်ရှိနေတုန်းဆို." ဟောင်ရန်က သူငယ်ချင်းကို ဂရုစိုက်တဲ့အနေနဲ့မေးလိုက်တယ်.

"ဟုတ်တယ်. ဒါပေမယ့် ငါ့ကိုလဲ အဖေက အသေးစိတ်မပြောပြဘူး. ဘာပဲဖြစ်ဖြစ် ရှန်းဟွာကိုလဲ ကယ်တင်နိုင်ပြီး အဖေကလဲ သူ့နေရာမှာ ဆက်ရှိနေနိုင်ခဲ့တယ်. အဖေ ငွေသိပ်မရှာနိုင်တော့ရင်တောင် ငါဂရုမစိုက်ပါဘူး. ငြိမ်းငြိမ်းချမ်းချမ်းလေးနေရရင်ကို ကျေနပ်နေပြီ." အန်းရီပြန်ဖြေလိုက်တယ်. အခု ဘယ်သူက ရှန်းဟွာကိုပိုင်သွားပြီဆိုတာကို သူစိတ်မဝင်စားပါဘူး. သူ့ဘဝသူကျေနပ်နေပြီး ပိုင်ရှင်ကဘယ်သူဆိုတာကို မသိသေးပေမယ့် ထိုလူကိုတော့ သူ့နှလုံးသားထဲကနေကို ကျေးဇူးတင်နေမိတယ်.

အန်းရီက ငွေထက် မိသားစုကို ပိုတန်ဖိုးထားတာကြောင့် ကုနင်းအထင်ကြီးသွားတယ်.

"ထားပါ, ကုနင်း, ငါမင်းတို့အဖွဲ့ကို ဝင်လို့ရလား? ငါလဲသိုင်းပညာကို သင်ချင်လို့." အန်းရီကုနင်းကိုကြည့်ပြီးပြောလိုက်တယ်. သူနည်းနည်းတော့ ရှက်နေပေမယ့် ပါဝင်လိုစိတ်တော့အပြည့်ရှိပါတယ်.

"ကိစ္စမရှိပါဘူး!" ကုနင်းမငြင်းလိုက်ပါဘူး. ဘာလို့ဆို အန်းရီကို အန်းကွမ်းယောင်နေရာဆက်ခံစေဖို့ စိတ်ကူးထားတာကြောင့် သူ့ကိုစောစောစီးစီးထဲက လေ့ကျင့်ပေးထားဖို့လိုပါတယ်.

သေချာပေါက် ထိုကိစ္စက အန်းရီအပေါ်မူတည်တာပေါ့ သူသာမလုပ်ချင်ရင် ကုနင်းအတင်းဖိအားမပေးပါဘူး.

အန်းကွမ်းယောင် မျက်နှာကိုထောက်ထားတာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကုနင်းလက်ခံမှာပါ.

အန်းရီက သူတို့အဖွဲ့ဝင်ဖြစ်သွားတာကြောင့် WeChatအဖွဲ့ထဲကိုလဲ ဝင်လာပါတယ်.

ကုနင်းက ညနေပိုင်းအတန်းတွေမတက်တာကြောင့် သူတို့လေ့ကျင့်မှုကို နေ့လည်ခင်းမှာလုပ်ဖို့ သတ်မှတ်လိုက်တယ်. နေ့လည်စာစားပြီးတော့ သူတို့အတူ သစ်တောလေးထဲမှာ လူစုလိုက်ကြတယ်.

သွားရင်းနဲ့, အရင်နေ့က အန်းရီကို ရိုက်ခဲ့တဲ့ကောင်လေးတွေနဲ့ အမှတ်မထင်တွေ့လိုက်ကြတယ်. သူတို့ အန်းရီ, ကုနင်းနဲ့ တခြားလူတွေကိုမြင်လိုက်တာနဲ့ ချက်ချင်းပြန်လှည့်ကာ ထွက်ပြေးသွားကြတယ်. ဟောင်ရန်တို့ကတော့ သူတို့ကိုကြည့်ပြီး အကျယ်ကြီးသာအော်ရယ်နေကြတော့တယ်.

ထိုကောင်လေးတွေ သင်ခန်းစာကောင်းကောင်းရသွားကြပုံပဲ.

"အိုး, ဘော့စ်, ငါ့ဦးလေးရဲ့ အသက်၆၀ပြည့်မွေးနေ့ပွဲက သန်ဘက်ခါလုပ်မှာ. ငါ့အစ်ကိုဝမ်းကွဲက မင်းတို့အားလုံးကို လာခဲ့ဖို့ဖိတ်လိုက်တယ်." ချင်ကျီရွှမ်းပြောလိုက်တယ်.

ဟုတ်ပါတယ်, သူတို့ကို ချင်ယီဖန်းကဖိတ်တာပါ. ချင်ကျီရွှမ်းမှာ သူ့ဦးလေးမွေးနေ့ပွဲကိုဖိတ်နိုင်လောက်တဲ့အထိတော့ အခွင့်မရှိပါဘူး.

တကယ့်တော့ ချင်ယီဖန်းက လေးစားမှုကိုပြတဲ့အနေနဲ့ သူကိုယ်တိုင်ဖိတ်ချင်ပေမယ့် အငြင်းခံရမှာကြောက်တာကြောင့် ချင်ကျီရွှမ်းကို တာဝန်လွှဲပေးခဲ့ခြင်းဖြစ်တယ်.

သူကုနင်းတစ်ယောက်ထဲကို ကွက်ဖိတ်ရင်ကျ ရှက်ဖို့ကောင်းတာကြောင့် အားလုံးကိုဖိတ်လိုက်ခြင်းပါ.

"ငါတော့ သိပ်ပြီးကောင်းမယ်မထင်ဘူး." ကုနင်း ငြင်းလိုက်တယ်. သူမနဲ့ ချင်ယီဖန်းကအရမ်းကြီးမရင်းနှီးပါဘူး. ဒါပေမယ့်အမှန်အတိုင်းပြောရရင် သူမတကယ်ပဲ ထိုမွေးနေ့ပွဲကိုတက်ချင်ပါတယ်.

ချင်မိသားစုဆိုတာ ဒုတိယတန်းစား အရမ်းချမ်းသာတဲ့မိသားစုတစ်ခုဖြစ်တယ်. ထိုပွဲကို ကျော်ကြားသောလူတွေနဲ့ အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းရှင်အများစုလဲလာကြမှာဖြစ်တာကြောင့် သူအဆက်အသွယ်ကောင်းတွေရဖို့ အလွန်သင့်တော်တဲ့နေရာဖြစ်တယ်. ပြီးတော့ ပွဲကိုလာတဲ့ဧည့်သည်အများစုကလဲ ထိုသို့အဆက်အသွယ်ကောင်းတွေရဖို့လာကြတာဖြစ်တယ်.

သူမကငယ်သေးပြီး သူမနဲ့ဘယ်သူမှစကားလာမပြောနိုင်ပေမယ့် သူမရှိနေရုံနဲ့ကို အဓိပ္ပါယ်တော်တော်ရှိနေပါပြီ.

"စိတ်မပူပါနဲ့. ဟောင်ရန်နဲ့ ထန်ပင်းတို့လဲသွားမှာပဲ. ပြီးတော့ မုခယ်နဲ့ အန်းရီတို့မိသားစုကိုလဲ ဖိတ်စာပို့ပြီးသွားပြီ. အခုက မင်းတို့မိန်းကလေး၃ယောက်ကို ငါ့အစ်ကိုဖိတ်ခဲ့ဖို့မှာလိုက်လို့. လာမှာသာလာကြပါ ငါတို့ပျော်ရတာပေါ့."ချင်ကျီရွှမ်းဖျောင်းဖျနေလိုက်တယ်.

"လာခဲ့ပါ, ဘော့စ်ရဲ့, ငါတို့အတူသွားကြတာပေါ့! မီရှီနဲ့ ဖေ့ဟန်လဲ သေချာပေါက်လာရမှာနော်!" ဟောင်ရန်က ဝင်ပြောလိုက်တယ်.

"နင်းနင်း, ငါသွားချင်တယ်. ငါတို့နဲ့လိုက်ခဲ့လိုက်ပါနော်!" ချူးဖေ့ဟန် ကုနင်းရဲ့လက်မောင်းကို ဆုပ်ကိုင်ရင်းပြောလိုက်တယ်.

ချူးဖေ့ဟန်ကတော့ ပွဲတွေကိုဘယ်တော့မှအလွတ်မပေးမယ့်လူမျိုးပါ. ယွီမီရှီကတော့ ကုနင်းသာသွားရင် သူမလဲလိုက်ပါလိမ့်မယ်.

"ကောင်းပြီလေ! ဒါဆိုလဲ အတူတူသွားကြတာပေါ့." ကုနင်းပြန်ဖြေလိုက်တယ်. မွေးနေ့ပွဲကို သူမလက်ဗလာနဲ့တော့မသွားနိုင်ပါဘူး. ဘာလက်ဆောင်ယူသွားရမလဲ?

ချူးဖေ့ဟန်က သန့်စင်ခန်းသွားဦးမယ်ဆိုကာ ကုနင်းနဲ့ ယွီမီရှီတို့ကိုဆွဲခေါ်သွားတယ်.

"ဘာလက်ဆောင်ယူသွားကြမလဲ?" ချူးဖေ့ဟန်မေးလိုက်တယ်.

သူမလက်ဆောင်အကြောင်းဘယ်လိုမှမစဉ်းစားတတ်ပါဘူး. အရေးကြီးဆုံးက မွေးနေ့ရှင်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တာကြောင့် လက်ဆောင်ကလဲထူးခြားနေရပါမယ်. ဒါပေမယ့်သူတို့က ကျောင်းသူလေးတွေလေ. အရမ်းဈေးကြီးမယ့်လက်ဆောင်တွေကို သူတို့မတတ်နိုင်ပါဘူး.

ကုနင်းကတော့ လူကြီးမင်းချင်က ကျောက်စိမ်းကိုကြိုက်မှန်းသိတယ်. သာမာန်ကျောက်စိမ်းကို လက်ဆောင်အဖြစ်ပေးဖို့က သိပ်မသင့်တော်ပေမယ့် အဆင့်မြင့်ကျောက်စိမ်းကိုလဲ သူမမပေးချင်ပါဘူး. ပြီးတော့ သူမအနေနဲ့ဆို ဒီလိုဈေးကြီးတဲ့ လက်ဆောင်မျိုးပေးဖို့ကမသင့်တော်လေဘူး. သူမကလဲ ကျောင်းသူတစ်ယောက်လေ.

ဒါတော်တော်ခက်ခဲတဲ့အခြေနေပဲ.

ခနနေတော့မှ သူမမြို့တော်Gကဝယ်လာတဲ့ ရှေးဟောင်းပစ္စည်းတွေကို သတိရသွားတယ်.

သူမ ဈေးကြီးတန်လက်ဆောင်တွေမပေးနိုင်ပေမယ့် ရှင်ဝန်စန်းရဲ့ လက်ဖက်ရည်အိုးနှင့် ဝူကွမ်းကျုံရဲ့ ပန်းချီတို့ကတော့ ရွေးချယ်လို့မကောင်းပါဘူး. ဒီလိုဆို သူမမှာ ချင်လုံခေတ်က သမင်ခေါင်းဖန်ခွက်ပဲရှိပါတော့တယ်.

ဒါကြောင့် သူမ လူကြီးမင်းချင်ကို ဖန်ခွက်လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်.

ဒီပစ္စည်းကလဲ ယွမ်သန်း၂၀၀လောက်အဖိုးတန်ကာ သူမလိုကျောင်းသူတစ်ယောက်အတွက်တော့ တော်တော်များပါတယ်.

"အိုး, ငါ့မှာသင့်တော်တဲ့လက်ဆောင်တစ်ခုရှိတယ်. အဲ့ဒီမှာငါတို့အားလုံးနာမည်တပ်ပြီးပေးကြတာပေါ့." ကုနင်းပြောလိုက်တယ်. သူမလက်ဆောင်ကို သူငယ်ချင်းတွေနာမည်မျှဝေသုံးစွဲဖို့ ဘယ်လိုမှစိတ်ထဲမထားပါဘူး.

"အဲ့လိုတော့မလုပ်ပါနဲ့." ယွီမီရှီကပြောလိုက်တယ်.

"ဘာလို့မလုပ်ရမှာလဲ? ငါတို့ကကျောင်းသူတွေလေ. ငါတို့ဈေးကြီးလက်ဆောင်တွေပေးရင်လဲ မသင့်တော်ဘူး. ဒီတော့ ငါပြောတာက အကောင်းဆုံးနည်းလမ်းပဲ. အဲ့ပစ္စည်းက သိပ်တော့ဈေးမကြီးပေမယ့် ရှားတော့ရှားတယ်." ကုနင်းရှင်းပြလိုက်တယ်.

"ငါတို့ကိုအရင်ပြောပြ. အဲ့ဒါဘာလေးလဲ?" ချူးဖေ့ဟန်နဲ့ ယွီမီရှီတို့ကတော့ အရမ်းကို သိချင်နေကြတယ်.

"လောလောဆယ် လျှို့ဝှက်ချက်." ကုနင်းမပြောပြပါဘူး.

"လုပ်ပါ, ငါတို့ကိုပြောပြစမ်းပါ!"ချူးဖေ့ဟန်ကတော့ သိချင်လွန်းလို့မစောင့်နိုင်တော့ပါဘူး.

ကုနင်းကတော့ သူတို့ဘယ်လောက်မေးမေးမပြောပြပါဘူး. ဒါကြောင့်နောက်ဆုံးတော့ ချူးဖေ့ဟန်ပဲ အလျှော့ပေးလိုက်ရတော့တယ်.

နေ့လည်ရောက်တော့ ကုရှောင်ရှောင်ကျောင်းထုတ်ခံလိုက်ရတဲ့သတင်းသည် အလွန်ပျံ့နှံ့နေပြီဖြစ်ပေမယ့် ဘယ်သူမှတော့ စိတ်မကောင်းမဖြစ်ကြပါဘူး.

ကုရှောင်ရှောင်ရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ ချန်းကျီယောင်တောင် သူမနဲ့ အဆက်အသွယ်ဖြတ်လိုက်ပါတယ်. တခြားလူတွေ ကုရှောင်ရှောင်ရဲ့အကြံအစည်အကြောင်း သူမကိုလာမေးတိုင်း အကုန်လုံးကိုငြင်းလွှတ်ခဲ့ပါတယ်.

သူမနဲ့ ကုရှောင်ရှောင်က အရမ်းရင်းနှီးတဲ့ပုံပေါ်ပေမယ့် တကယ်တော့ သိပ်မရင်းနှီးကြောင်း သူမကပြန်ဖြေရှင်းပါတယ်. ကုရှောင်ရှောင်က သူမကို ကိုယ်ရေးကိုယ်တာကိစ္စတွေလဲ ဘယ်တုန်းကမှမပြောဘူးကြောင်း, သူမလဲ ကုရှောင်ရှောင်ရဲ့အပြုအမူကို စိတ်ပျက်မိကြောင်း ချန်းကျီယောင် လာမေးသမျှလူတွေကိုပြန်ပြောပါတယ်.

တကယ်တော့ ချန်းကျီယောင်စိတ်ပျက်တယ်ဆိုတာ ကုရှောင်ရှောင်ကျရှုံးခဲ့လို့ပါ.

ကျောင်းသားတော်တော်များများကလဲ ချန်းကျီယောင် ကုနင်းကို မုန်းနေမှန်းသိကြတာကြောင့် သူမပြောတာကို သိပ်မယုံကြပါဘူး.

ဒါ့အပြင်, ကျောင်းသားအများစု ချန်းကျီယောင်ကို တိတ်တဆိတ် ရှောင်ဖယ်လာကြတယ်. သူတို့က သူမလဲ ကုရှောင်ရှောင်လိုမျိုး လုပ်မှာကို စိုးရိမ်နေမိတယ်.

ချန်းကျီယောင်လဲ သူမကို ဘာကြောင့် ရှောင်ဖယ်သွားကြလဲဆိုတာ သိတာကြောင့် အရမ်းစိတ်တိုကာ ကုရှောင်ရှောင်ကိုသာ အပြစ်တင်နေတော့တယ်.

................Book 10 Part137End..............

ဖီးနစ်သွေးစက်

အခန်း ၁၃၈ ငါ့ဆီအကူအညီတောင်းလို့ရတယ်

ဘာသာပြန်သူ - Charm.Y

ကုရှောင်ရှောင်ဖြစ်သွားတဲ့ကိစ္စကြောင့် ရှောင်ဖေးဖေးလဲစိုးရိမ်သွားတယ်. တော်သေးလို့ ကုနင်းမှာသက်သေမရှိတာ, မဟုတ်ရင် သူမလဲပဲ ကျောင်းထုတ်ခံရမှာ.

တကယ်တော့ ကုနင်းမျက်လုံးထဲမှာ ရှောင်ဖေးဖေးဆိုတာ အန္တရာယ်တစ်ခုလို့မမြင်တာကြောင့် လွှတ်ပေးလိုက်တယ်ဆိုတာကို သူမမသိလိုက်ပါဘူး. ပြီးတော့ ကုရှောင်ရှောင်နဲ့ ကုနင်းကြားက အာဃာတတရားတွေက အချိန်ကြာမြင့်စွာတည်းက တည်ရှိနေခဲ့တာပါ.

နေ့လည်ကျတော့ အန်းကွမ်းယောင် ကုနင်းကိုဖုန်းဆက်လာပြီး သူ့ကို ချင်မိသားစုက လူကြီးမင်းချင်ရဲ့ အသက်၆၀ပြည့်မွေးနေ့ပွဲကို အဖိတ်ခံရကြောင်းပြောလိုက်တယ်.

ကုနင်းလဲ သူ့ကို သူမလဲ ကျောင်းကသူငယ်ချင်းကဖိတ်တာကြောင့် လာမှာဖြစ်ကြောင်းပြန်ပြောလိုက်တယ်.

"အိုး, ဦးလေးအန်းရော ဘာလက်ဆောင်ပေးဖို့စီစဉ်ထားလဲ?" ကုနင်းမေးလိုက်တယ်.

"ကျွန်တော်လဲ ဖိတ်စာကို ဒီနေ့မှရတာဆို‌တော့ မစဉ်းစားရသေးဘူး. တစ်ခုခုအကြံပေးချင်တာများရှိလား?" အန်းကွမ်းယောင်ပြန်ဖြေလိုက်တယ်.

လက်ဆောင်ပေးဖို့ကိစ္စက လူတိုင်းအတွကို ခက်ခဲနေကြပါတယ်.

ချင်မိသားစုက အရမ်းချမ်းသာတာကြောင့် မရှိတဲ့ပစ္စည်းဆိုတာမရှိပါဘူး. ဒါကြောင့် လက်ဆောင်က သာမာန်ဖြစ်နေလို့မရပေမယ့် ရှားပါးပစ္စည်းဖြစ်နေရပါမယ်. ဒါ့အပြင် ရှားတာကလဲ အတိုင်းအတာရှိပါသေးတယ်. သိပ်ရှားတဲ့ပစ္စည်းမဟုတ်ရင်လဲ ပေးပို့သူရဲ့လေးစားမှုကို ထုတ်ဖော်ပြသနိုင်မှာမဟုတ်ပါဘူး. ပြီးတော့ အလွန်ရှားပါးတဲ့ပစ္စည်းဖြစ်နေပြန်ရင်လဲ အရမ်းဖားရာရောက်ပြန်ပါတယ်.

တကယ့်ကို ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချရမှာပဲ.

ကုနင်းခနတွေးလိုက်ပြီးတော့မှ, "ကျွန်မမှာ ပစ္စည်းတစ်မျိုးရှိတယ်. ဦးလေးယူလိုက်ပါ."

"ဘာပစ္စည်းများလဲ?" အန်းကွမ်းယောင် သိချင်စွာနဲ့မေးလိုက်တယ်.

"ဝူကွမ်းကျုံရဲ့ သဘာဝပန်းချီကားတစ်ချပ်ပါ. 'ရေအိုင်နဲ့ လူငယ်' လို့ခေါ်တယ်." ကုနင်းဖြေလိုက်တယ်.

"ဘာ? ဝူကွမ်းကျုံရဲ့ သဘာဝပန်းချီကား? 'ရေအိုင်နဲ့လူငယ်'? " အန်းကွမ်းယောင် ထိတ်လန့်သွားတယ်.

အန်းကွမ်းယောင်က ရှေးဟောင်းပစ္စည်းတွေကို စိတ်မဝင်စားပေမယ့် ဝူကွမ်းကျုံလို ကျော်ကြားတဲ့ ပန်းချီဆရာတစ်ယောက်ကိုတော့ ကြားဖူးပါတယ်.

သူ ဝူကွမ်းကျုံရဲ့ ဆီဆေးပန်းချီကားတစ်ချပ်ကို လေလံပွဲမှာ ယွမ်၅သန်းနဲ့ရောင်းခဲ့တဲ့ သတင်းကို ဖတ်မိဖူးပါတယ်.

သူ့ရဲ့ပန်းချီတိုင်းက ဈေးမကြီးပေမယ့် ဝူကွမ်းကျုံရဲ့ပန်းချီဖြစ်နေတယ်ဆိုကတည်းက မပေါပါဘူး.

"ဘော့စ်, ဒီလက်ဆောင်က အရမ်းအဖိုးတန်လွန်းမနေဘူးလား. တခြားလူတွေက ကျွန်တော်တို့ ချင်မိသားစုကို မျက်နှာလုပ်တယ်လို့ ထင်သွားနိုင်တယ်." အန်းကွမ်းယောင်ကပြောလိုက်တယ်. ဒါက အကြံကောင်းလို့ သူသိပ်မထင်ပါဘူး.

"အဆင်ပြေပါတယ်. ဦးလေးဘက်က ဒါကို ရှန်းဟွာရဲ့ဘော့စ်အစစ်က ယွမ်၁ထောင်လောက်နဲ့ မတော်တဆဝယ်ခဲ့မိတယ်လို့ပြောလိုက်တယ်. ဒီလိုဆို, ဒီလက်ဆောင်က အရမ်းလဲ မထူးခြားတော့သလို တန်ဖိုးလဲအရမ်းမကြီးတော့ဘူး. ပြီးတော့ တစ်ခါတည်းနဲ့ တခြားလူတွေကိုလဲ ရှန်းဟွာရဲ့ပိုင်ရှင်က သာမာန်လူမဟုတ်ဘူးဆိုတာ အသိပေးပြီးသားဖြစ်သွားမယ်. " ကုနင်းပြောလိုက်တယ်.

"မတော်တဆဝယ်မိသွားတာ?" အန်းကွမ်းယောင်မေးလိုက်တယ်. "ဘော့စ်, ဒါကို တကယ်ပဲ မတော်တဆဝယ်ခဲ့မိတာလား?"

အန်းကွမ်းယောင် ကုနင်းက မတော်တဆဝယ်ခဲ့မိတာလို့ပြောတာကို ယုံကြည်မိတာကြောင့် စိတ်လှုပ်ရှားသွားတယ်.

"ဟုတ်တယ်! ပြီးခဲ့တဲ့အပတ် မြို့တော်Gရဲ့ ရှေးဟောင်းဈေးကိုသွားတုန်းက မတော်တဆဝယ်ခဲ့မိတာ." ကုနင်းပြန်ဖြေလိုက်တယ်.

ထိုစကားကိုကြားတော့ အန်းကွမ်းယောင် အံ့ဩကာ မျက်လုံးပြူးကျယ်သွားပြီး နောက်မှ သက်ပြင်းအရှည်ကြီးချလိုက်မိတယ်. ဘုရားရေ, သူ့ဘော့စ်က တကယ့်ကို မယုံနိုင်စရာကံကောင်းတာပဲ! ဒါပေမယ့် သူမဘယ်လိုလုပ်ဒါကအစစ်ဆိုတာသိနေတာလဲ?

အန်းကွမ်းယောင် ကုနင်းအပေါ်စိတ်ဝင်စားမှုပိုမိုမြင့်တက်လာတယ်. သူ့မအမြင်မှာတော့ ကုနင်းက တစ်နေ့တခြားပိုပိုပြီး လျှို့ဝှက်ဆန်းကျယ်လာတယ်.

ကုနင်းက ထပ်ပြီး,

"မနက်ဖြန်နေ့လည်ကျရင် ကျွန်မပေးမယ်."

"ကောင်းပါပြီ." အန်းကွမ်းယောင်ပြန်ဖြေလိုက်ပြီး ခနနေတော့ ဖုန်းချလိုက်တယ်.

သူ ကုနင်းဆီက ပစ္စည်းယူရမှာကို မသင့်တော်သလိုမခံစားမိပါဘူး. ဘာလို့ဆို သူက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ ကိုယ်စားတက်ရောက်ရမှာဖြစ်ပြီး ကုနင်းကတော့ တကယ့်ဘော့စ်ဖြစ်တယ်လေ.

ထိုနေ့လည် ကုနင်းအိမ်ပြန်တော့ ဇုံCကိုဖြတ်သွားချိန် ရှုကျင်းချန် နဲ့ လင်ရှောင်းထင်တို့ကိုတွေ့လိုက်တယ်. သူတို့က ဇုံCအပြင်ကို လမ်းလျှောက်ထွက်လာကြတာဖြစ်တယ်. လင်ရှောင်းထင်ကိုမြင်တော့ ကုနင်း သူ့ရဲ့ ထိတ်လန့်သွားတဲ့မျက်နှာကို ပြန်တွေးမိသွားကာ အဓိပ္ပါယ်ပါပါတစ်ချက်ပြုံးလိုက်မိတယ်.

ကုနင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ လင်ရှောင်းထင်အဖို့ သိပ်အဆင်မပြေသေးတာကြောင့် ချက်ချင်းပဲ သူ့လမ်းကြောင်းကိုပြောင်းလိုက်တယ်.

"ဟေ့, မင်းအတန်းပြီးသွားပြီလား?" ရှုကျင်းချန်က ရင်းနှီးစွာနဲ့ လှမ်းနှုတ်ဆက်လိုက်တယ်.

"ဟုတ်တယ်, ရှင်တို့ကော စားပြီးသွားပြီလား?" ကုနင်းပြန်မေးလိုက်တယ်.

"အခုပဲသွားစားမလို့ ထွက်လာတာ. ဟုတ်သား, ငါတို့တွေ့ပြီးထဲက အတူတူမစားဖူးသေးဘူးနော်. ငါတို့က မနက်ဖြန်ဆို ထွက်သွားရတော့မှာ. နောက်ဘယ်တော့များမှ တွေ့ပြီးအတူတူထမင်းတစ်နပ်လောက်စားနိုင်မလဲမသိဘူး. ဒီနေ့ပဲ ငါတို့အတူတူသွားစားကြရအောင်လား? ငါဒကာခံပါ့မယ်! "ရှုကျင်းချန် ဖိတ်လိုက်တယ်. သူက တကယ်ပဲ ကုနင်းနဲ့ သူငယ်ချင်းဖြစ်ချင်နေတာပါ.

ရှုကျင်းချန် ဒီလောက်ကြီး ကုနင်းကို ရင်းရင်းနှီးနှီးဖိတ်ခေါ်နေတာကို မြင်တော့ လင်ရှောင်းထင်စိတ်ပျက်သွားတယ်. ဒါပေမယ့် တားတော့မတားလိုက်ပါဘူး.

သူလဲပဲ ကုနင်းနဲ့ နေ့လည်စာအတူစားချင်နေပေမယ့် သူ့စိတ်သူသေချာနားမလည်လို့ပါ.

"စားတာပေါ့." ကုနင်း မြန်မြန်ပဲပြန်ဖြေလိုက်ရင်း လင်ရှောင်းထင်ကိုလဲ တစ်ချက်လှမ်းကြည့်လိုက်သေးတယ်. လင်ရှောင်းထင်ကြောင့် ဒီဖိတ်ကြားမှုကို ကုနင်းလက်ခံလိုက်မှန်းအရမ်းကို သိသာပါတယ်.

ရှုကျင်းချန်ကတော့ အသေးစိတ်သတိမထားမိဘဲ ကုနင်းလက်ခံလိုက်တာကြောင့် အရမ်းကိုပျော်နေပါတယ်.

"ဒါဆို မင်းဘာစားချင်လဲ?" သူဆက်မေးလိုက်တယ်.

"ပင်လယ်စာ" ကုနင်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြန်ဖြေလိုက်တယ်.

ကုနင်းရဲ့အဖြေကိုကြားတော့ ရှုကျင်းချန်ကော လင်ရောင်းထင်ပါ မျက်မှောင်ကြုတ်သွားကြတယ်.

ထိုပုံစံကိုမြင်တော့ ကုနင်းရှုပ်ထွေးသွားကာ,

"ဘာမှားသွားလို့လဲ?"

"အဲ့ဒါက... ရှောင်းထင်မှာ ပင်လယ်စာအလက်ဂျစ်ရှိလို့ပါ." ရှုကျင်းချန် ရှင်းပြလိုက်တယ်.

ကုနင်း အံ့ဩသွားတယ်. လင်ရှောင်းထင်မှာ ပင်လယ်စာအလက်ဂျစ်ရှိနေတာလား? အခုတော့ သူမနေ့က ဘာလို့ ဘာမှမစားခဲ့တယ်ဆိုတာ သူမနားလည်သွားပြီ.

"ရပါတယ်, ကျွန်မလဲ အခုပင်လယ်စာအရမ်းမစားချင်နေပါဘူး." ကုနင်းပြောလိုက်တယ်. "ယို့ယွီလမ်းပေါ်မှာ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်. အဲ့ကိုပဲသွားကြရအောင်!"

လင်ရှောင်းထင် ကုနင်းကို တစ်ချက်ကြည့်လိုက်မိတယ်. သူမျက်ဝန်းထဲမှာတော့ အမည်မသိတဲ့ ခံစားချက်တစ်စုံတစ်ရာဖြတ်ပြေးသွားတယ်. ကုနင်း သူ့ကိုပြန်ပြုံးပြလိုက်တာကြောင့် သူ့နှလုံးခုန်နှုန်းတွေတောင် ရပ်တန့်သွားတော့မလိုပဲ. ဒီလိုနဲ့ လင်ရှောင်းထင် ချက်ချင်းပဲ ကုနင်းနဲ့ဝေးဝေးကို ရှောင်နေလိုက်တယ်.

ကုနင်းကတော့ ရယ်ချင်သွားတယ်. ဒီလင်ရှောင်းထင်က အရမ်းရှက်တက်ပြီး တော်တော်လဲရယ်စရာကောင်းတာပဲ.

ပြီးတော့ ကုနင်း သူမအမေကိုဖုန်းခေါ်ကာ သူငယ်ချင်းတွေနဲ့ နေ့လည်စာသွားစားမယ့်အကြောင်းပြောတော့ ကုမန့်လဲ ခွင့်ပြုခဲ့တယ်.

ကုမန့်က အမြဲတမ်း ကုချင်တို့မိသားစုနဲ့ ထမင်းစားတာကြောင့် ဘယ်တော့မှ အထီးမကျန်ရပါဘူး.

လမ်းရောက်တော့ ရှုကျင်းချန်က ကုနင်းနဲ့ စကားဆက်ပြောနေ၍ လင်ရှောင်းထင်ကတော့ မကျေမနပ်ဖြစ်နေတယ်. သူတို့နှစ်ယောက်ရဲ့စကားစကို ဝင်ဖြတ်ပစ်ချင်ပေမယ့် ဒါက သူ့အတွေးသက်သက်ပါ တကယ်တော့မလုပ်ပါဘူး.

"ကုနင်း, မင်းမကြာခင် တက္ကသိုလ်ဝင်စာမေးပွဲဖြေရတော့မှာနော်. ဘယ်တက္ကသိုလ်ကို သွားဖို့ စိတ်ကူးထားလဲ?" ရှုကျင်းချန်မေးလိုက်တယ်.

"မြို့တော်တက္ကသိုလ်." ကုနင်းချက်ချင်းပြန်ဖြေလိုက်တယ်.

"မြို့တော်တက္ကသိုလ်? ဝိုး, မင်းက စာတော်တဲ့ကျောင်းသူပေါ့! ဒါသတင်းကောင်းပဲ. ငါ့မိသားစုကလဲ မြို့တော်မှာပဲနေတာလေ. မင်းနောက်အကူအညီလိုခဲ့ရင် ငါ့ကိုအချိန်မရွေးပြောလို့ရတယ်. ငါကိစ္စတိုင်းမလုပ်နိုင်ရင်တော်မှ ပြဿနာဖြေရှင်းတဲ့နေရာမှာတော့ တော်တယ်. အမ်, ငါတို့ဖုန်းနံပါတ်လဲကြမလား?" ရှုကျင်းချန် စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်.

ထိုစကားကိုကြားတော့ လင်ရှောင်းထင်ပိုလို့မကျေမနပ်ဖြစ်သွားကာ သတိလက်လွတ်ပြောလိုက်မိတယ်.

"သူကအလုပ်များတယ်. ငါ့ကိုဆက်သွယ်လို့ရတယ်."

ရှုကျင်းချန် ကုနင်းနားဆက်ပြီးမကပ်နိုင်အောင် လင်ရှောင်းထင်ကြိုးစားနေပါတယ်.

"ဘာ? မင်းကမှ ငါတို့ထက် ပိုပြီးအလုပ်အများဆုံးလူလေ!" ရှုကျင်းချန်ပြန်ခံပြောလိုက်တယ်.

ဟုတ်ပါတယ်. တခြားသူတွေနဲ့ယှဉ်လျှင် လင်ရှောင်းထင်က တစ်နှစ်ပတ်လုံး အလုပ်နဲ့လက်မပြတ်ပါဘူး. သူက တာဝန်ရှိရှိမရှိရှိ အမြဲတမ်း စစ်တပ်ထဲမှာပဲနေပါတယ်.

ရုတ်တရက် ရှုကျင်းချန် ထိုကိစ္စထက်ပိုအရေးကြီးတာတစ်ခုကိုတွေးမိသွားတယ်.

"ခနနေဦး. မင်းတို့နှစ်ယောက် ဘယ်ချိန်ကတည်းကဒီလောက်ရင်းနှီးသွားကြတာလဲ?"

................Book 10 Part138End..............

ဖီးနစ်သွေးစက်

အခန်း ၁၃၉ စည်းကမ်းကြီးတဲ့ဘော့စ်

လင်ရှောင်းထင် ရှုကျင်းချန်ကို အေးစက်စက်တစ်ချက်ကြည့်လိုက်တော့ ပါးစပ်တော့ပိတ်သွားပေမယ့် လင်ရှောင်းထင်ကိုပြန်ပြီး စိုက်ကြည့်နေတယ်. သူပြောတာ မှားမှမမှားပဲကို.

တကယ်တော့ လင်ရှောင်းထင်လဲ သူ့ကိုယ်သူ ထိုမေးခွန်းပြန်မေးနေမိတယ်. သူတို့နှစ်ယောက်ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားတာများလဲ?

ဒါပေမယ့် သူက အရင်ကတည်းက ဒီလိုလူမျိုးပဲမဟုတ်ဘူးလား?

သူအလုပ် နှင့် တာဝန်တွေကို ကျေပွန်အောင်ဆောင်ရွက်တာခဲ့တာတွေက မကောင်းတဲ့လူတွေကို အပြစ်ပေးပြီး သူ့တိုင်းပြည်ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်ဖို့လေ.

"သူကအမြဲဒီလို အေးစက်စက်ကြီးလား?" ကုနင်း လင်ရှောင်းထင်ကို ကြည့်ရင်း ရှုကျင်းချန်ကိုမေးလိုက်တယ်.

"အဲ့လိုလဲမဟုတ်ပါဘူး. အလုပ်လုပ်ရင်တော့ တက်ကြွနေပေမယ့် တခြားလူရဲ့အရေးကိစ္စကိုကူညီပေးဖို့ တက်ကြွနေတာမျိုးကိုတော့ တစ်ခါမှမမြင်ဖူးဘူး." ရှုကျင်းချန် အမှန်အတိုင်းပြောလိုက်တာပါ. လင်ရှောင်းထင်က တကယ်ကို သူ့တာဝန်တွေမ်းဆောင်ရာမှာ ဒါမှမဟုတ် အပြစ်သားတွေကိုအပြစ်ပေးရာမှာ တက်ကြွပေမယ့် တစ်ယောက်ယောက်ကသူ့ကို လူမှုရေးကိစ္စတွေအကူအညီလာတောင်းရင်တော့ သူဘယ်တုန်းကမှ အဖက်မလုပ်ခဲ့ပါဘူး.

"အိုး, ဒါဆို ကျွန်မကတော့ မတူဘူးထင်တယ်." ကုနင်း ဟာသလုပ်လိုက်တော့ လင်ရှောင်းထင်ဘက်က အဓိပ္ပါယ်ပါတဲ့အကြည့်နဲ့ကြည့်လာခဲ့တယ်. သူလဲ သူ့ကိုယ်သူဘာဖြစ်နေမှန်းမသိပေမယ့် ကုနင်းက သူ့အတွက်တခြားလူတွေနဲ့မတူကွဲပြားတာကိုတော့ လက်ခံပါတယ်.

ထိုအချိန် ကုနင်းနှလုံးသားလေးက ပျော်ရွှင်သွားတယ်. သူမဘာလို့ပျော်ရွှင်မိသွားမှန်းတော့မသိပေမယ့် ကျေနပ်ပါတယ်.

"အမှန်ပဲ! ပြီးတော့ မင်းတို့နှစ်ယောက်ကိုလဲ ငါမထင်...." ရှုကျင်းချန်ပြောလိုက်တယ်.

"တော်လောက်ပြီ! မင်းဆက်ပြောနေရင် ဒီနှစ်မင်းအတွက် အလုပ်တွေပိုပေးမယ်." ရှုကျင်းချန် အဆုံးထိမပြောရသေးခင်မှာပဲ လင်ရှောင်းထင် ဖြတ်ပြောလိုက်တယ်. ပြောတယ်ဆိုတာထက် ခြိမ်းခြောက်လိုက်တာပါ.

ထိုစကားကိုကြားတော့ ရှုကျင်းချန် တစ်ခါ ပါးစပ်ပိတ်သွားပြန်တယ်. သူအထွန့်တက်ချင်ပေမယ့် မပြောရဲတော့ပါဘူး. လင်ရှောင်းထင်က ဘော့စ်ဖြစ်တာကြောင့် ရှုကျင်းချန် အလုပ်များမယ်မများဘူး သူ့အပေါ်မူတည်နေတယ်လေ.

ရှုကျင်းချန်ရဲ့ အတွေ့အကြုံအရ သူပိုပြီး ခံငြင်းလေ အခြေနေကပိုဆိုးလေဖြစ်လာမည်.

ဒါကြောင့် လင်ရှောင်းထင်နဲ့အပြိုင် ရှုကျင်းချန်မငြင်းပါဘူး. သူကုနင်းကိုသာ အသံတိုးတိုးနဲ့ ဆက်ပြောလိုက်တယ်,

"ဂရုစိုက်. သူကပေါက်ကွဲလွယ်တာက ငါတို့အတွက်တော့ ကျင့်သားရနေပြီ."

ရှုချင်းချန် အသံတိုးပြီးပြောတာတောင်မှ လင်ရှောင်းထင် ရှင်းရှင်းလင်းလင်းကြားနိုင်ပါသေးတယ်.

ကုနင်းကို ရှုကျင်းချန်ထက်ပြောနေတာကြောင့် သူပိုပြီးမကျေမနပ်ဖြစ်လာတယ်. ပြီးတော့ သူတို့နှစ်ယောက်ရပ်နေတာကလဲ အရမ်းနီးလွန်းနေတာကြောင့် သူထပ်ခြိမ်းခြောက်လိုက်တယ်,

"ငါမင်းရဲ့စွပ်စွဲချက်တွေကို အမှန်အတိုင်းဖြစ်လာအောင်လုပ်ပေးနိုင်တယ်နော်."

ရှုကျင်းချန်ဘက်က ကြည့်ရင်တော့ ဒါက ခြိမ်းခြောက်ခြင်းဖြစ်ကာ ကုနင်းကတော့ ဒါကို ရှင်းပြနေတာလို့ တွေးလိုက်မိတယ်.

ရှုကျင်းချန်က လင်ရှောင်းထင်လက်အောက်ကလား. ကုနင်းနည်းနည်းအံ့ဩမိသွားတယ်. ဒါဆို ရှုကျင်းချန်လဲပဲ စစ်အရာရှိတစ်ယောက်ပေါ့.

ရှုကျင်းချန်ပြောတာကို လင်ရှောင်းထင်ကငြင်းနေတယ်ဆိုတော့ ဘယ်သူကအမှန်ပြောနေတာလဲ?

ကုနင်းကတော့ ရှုကျင်းချန်ပြောတာမှန်လောက်တယ်လို့ ထင်မိတယ်. ဘာလို့ဆို လင်ရှောင်းထင်က သူ့ကို သူ့ကိုပါးစပ်ပိတ်သွားအောင် ခနခနခြိမ်းခြောက်နေတာလေ.

မကြာခင်မှာပဲ သူတို့ စားသောက်ဆိုင်သို့ရောက်သွားကာ သီးသန့်ခန်းတစ်ခန်းထဲဝင်သွားလိုက်တယ်.

"ဒီမှာ မင်းကိုယ်တိုင်မှာလိုက်." ရှုကျင်းချန် အစားသောက်စာရင်းကို ကုနင်းဘက်ကမ်းပေးလိုက်တယ်.

ကုနင်းချက်ချင်းပဲယူလိုက်ကာ သူမကြိုက်တဲ့ ဟင်း၂ပွဲလောက်မှာလိုက်ပြီး စာရင်းကို ရှုကျင်းချန်နဲ့ လင်ရှောင်းထင်ထံပြန်ပေးလိုက်တယ်.

ပြီးတော့ ကုနင်းနှင့် ရှုကျင်းချန်တို့ အပြန်အလှန်ဖုန်းနံပါတ်လဲလိုက်ကြတယ်.

ရှုကျင်းချန်က သူပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်တယ်လို့ ထပ်ပြောတာကြောင့် သူ့မှာ အင်အားကြီးနောက်ခံရှိမယ်လို့ ကုနင်းခန့်မှန်းမိလိုက်တယ်. ကုနင်းကလဲ ဒီလိုအခွင့်ရေးကောင်းတစ်ခုကိုငြင်းပစ်ရလောက်အောင် တုံးအနေသူမဟုတ်ပါဘူး.

ထိုအချိန် ပြန်လည်မွေးဖွားလာပြီးနောက် ဒီလိုလူမျိုးတွေအများကြီးနဲ့တွေ့ရ၍ တော်တော်ကံကောင်းလာတာပဲလို့ ကုနင်းတွေးလိုက်မိတယ်. သေချာပေါက် နောက်အနာဂါတ်လမ်းခရီးမှာတော့ မကောင်းတဲ့လူတွေအများကြီးနဲ့ တွေ့ဦးမှာပါ.

လင်ရှောင်းထင် ထိုနှစ်ယောက်အခုလို ရင်းရင်းနှီးနှီးနေနေတာကို မမြင်ချင်ပေမယ့် တားတော့မတားခဲ့ပါဘူး. သူတို့က တားဖို့အတွက် မသင့်တော်သလို တားဖို့လဲ မလိုပါဘူး.

သူတို့အားလုံး ဖန်းဟွာအဆင့်မြင့်အိမ်ရာမှာပဲနေကြတာကြောင့် စားပြီးတော့အတူတူလမ်းလျှောက်ပြန်လာကြတယ်.

ကုနင်းအိမ်ပြန်ရောက်တော့ လင်ရှောင်းထင်ထံစာတစ်စောင်ပို့လိုက်တာကြောင့် လင်ရှောင်းထင်မှာ တစ်ညလုံးတောင်အိပ်မပျော်ခဲ့တော့ပေ.

ကုနင်း : "ကျွန်မရဲ့ ခန့်ညားလှတဲ့ စစ်အရာရှိကြီး, ရှင့်တာဝန်တွေထမ်းဆောင်နေတုန်း ကိုယ့်ကိုကိုယ်ဂရုစိုက်ပါနော်. ရှင်ကအတော်ဆုံးပဲ! XOXO."

တကယ်တော့ ကုနင်းက စရုံစလိုက်တာပါ. လင်ရှောင်းထင်က အေးစက်ပေမယ့် ရှက်တတ်တာကို တွေ့သွားတာကြောင့် သူ့ကို ကလူချင်စိတ်ဖြစ်လာတာပါ.

လင်ရှောင်းထင်လဲ ကုနင်းရဲ့ရည်ရွယ်ချက်ကိုသိပေမယ့် သူမအကြောင်းမတွေးမိဘဲကို မနေနိုင်ဘူး.

ည၈နာရီ,

အိပ်ခန်းထဲရှိ အဖြူရောင်အိပ်ရာထက်တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့သည် မပြီးဆုံးနိုင်သော ပြင်းထန်သောရမက်အဟုန်ဖြင့် လှုပ်ရှားနေကြတယ်.

အမျိုးသားကတော့ ကုချင်းရှန်ဖြစ်ကာ အမျိုးသမီးကတော့ လျို့ယွီဝေ့ပဲဖြစ်ပါတယ်.

လျို့ယွီဝေ့သည် မျက်မှန်မပါတာကြောင့် သူမရဲ့မျက်ဝန်းတွေက ပိုမိုလှပနေကာ အကြည့်လေးတွေနဲ့တင် ယောက်ျားတစ်ယောက်ကို လွယ်လွယ်လေးမြူဆွယ်နိုင်ပါတယ်.

ဒါကြောင့်ပဲ သူမကိုယ်သူမဖုံးကွယ်ရန် မျက်မှန်အကြီးကြီးကိုတပ်ထားတာပါ. သူမရဲ့ ဆွဲဆောင်မှုရှိလာသော ပုံစံကြောင့် အရမ်းအာရုံစိုက်ခံရတာကိုမလိုချင်ပါဘူး. အထူးသဖြင့် လင်းလိကျွမ်းကနေပေါ့.

နာရီဝက်လောက် အရိုင်းဆန်ဆန်အချစ်တစ်ခုကိုပုံဖော်ခဲ့ကြပြီးနောက် သူတို့နှစ်ယောက်လုံးရပ်လိုက်ကြတယ်.

လျိုယွီဝေ့က သူမကိုယ်သူမသန့်စင်လိုက်ပြီး ကုချင်းရှန်ရဲ့ ရင်ဘက်ပေါ်မှီလှဲလိုက်ကာ,

"ဘော့စ်, အခုပိုပြီးခံစားလို့ကောင်းသွားပြီလား?"

ကုချင်းရှန် ဒီနေ့စိတ်မကြည်တာကို လျိုယွီဝေ့သိပေမယ့် ဘာကြောင့်ဖြစ်နေမှန်းတော့မသိပါဘူး. သူမဘယ်အချိန်မှာ ငြိမ်ငြိမ်လေးနေသင့်မှန်းနားလည်တာကြောင့် ဘာဖြစ်တာလဲလို့မမေးခဲ့ပါဘူး. ဒါကြောင့်ပဲ ကုချင်းရှန်ရဲ့ စိတ်ဝင်စားမှုကို သူမဆက်ထိန်းထားနိုင်တာလေ.

"အင်း, အခုနေလို့ပိုကောင်းသွားပြီ. ကလေးကသာ ကိုယ့်ကိုပျော်ရွှင်မှုပေးနိုင်တဲ့ တစ်ဦးတည်းသောလူပဲ!" လို့ပြောပြီး လျိုယွီဝေ့ကို နက်နက်ရှိုင်းရှိုင်းနမ်းလိုက်တယ်.

လျိုယွီဝေ့သည် အိပ်ရာထက်ကလုပ်ငန်းတိုင်းတွင်ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်. လျိုယွီဝေ့တွင် ကုချင်းရှန်အပြင်နောက်ထပ် အတူနေချစ်သူပေါင်းများစွာရှိနေသေးမှန်း သူသိပေမယ့် ဂရုစိုက်မနေပါဘူး. လျိုယွီဝေ့ ပြဿနာတွေမသယ်လာသ၍ သူ့အလိုရမက်တွေကို စိတ်ကျေနပ်အောင်ဖြည့်စည်းပေးနိုင်နေသေးသ၍ ကျေနပ်ပါတယ်. ဒါက ကစားပွဲလေးတစ်ခုပဲကို.

သူတို့ကိစ္စတွေပြီးသွားတော့ ကုချင်းရှန် မောပန်းသွားပါပြီ. ဒါပေမယ့် အခုချိန်ကနောက်ကျနေပြီဖြစ်ပြီး သူတို့အကြောင်းတွေပေါ်မသွားအောင်လို့ အခုချိန်အိမ်ပြန်မှဖြစ်ပါတော့မယ်.

ကုချင်းရှန် ရေမချိုးခင် ခနလောက်အနားယူလိုက်ပြီးနောက် သူ့ကိုယ်သူသန့်စင်ကာ ကိုယ်ပေါ်တွင် ဝိုင်နံစွဲအောင်ဖြန်းလိုက်တယ်. ဒီလိုဆို သူအခုမှ မိတ်ဆွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားသောက်ပြီးထွက်လာသလိုပုံပေါ်သွားမယ်လေ. ဒါကတော့ လင်းလိကျွမ်း သံသယဝင်မှုကို ရှောင်ရှားရင် ကုချင်းရှန် လုပ်နေကျနည်းလမ်းတွေပဲဖြစ်ပါတယ်.

ကုချင်းရှန်အိမ်ပြန်ရောက်ပြီး သူ့အခန်းထဲဝင်ဝင်ချင်း လင်းလိကျွမ်းက ဖောက်ထွင်းမြင်နေရတဲ့ ညအိပ်ဂါဝန်ကိုဝတ်ထားကာ အိပ်ရာထက်လဲလျောင်းနေကြောင်း မြင်လိုက်ရတယ်. ပြီးတော့ သူမ ကုချင်းရှန်ကို ကြည့်ကာ,

"အချစ်, ကျွန်မရဲ့ဝတ်စုံဘယ်လိုနေလဲ?"

လင်းလိကျွမ်းရဲ့ ခန္ဓကိုယ်က အရင်အတိုင်းသိပ်မပျက်စီးသေးပါဘူး. အသားအရေကလဲလှပပါသေးတယ်. ဒါပေမယ့် သူမရဲ့ရင်သားတွေကတော့ တင်းတင်းရင်းရင်းမရှိတော့ပါဘူး. လျိုယွီဝေ့လို ငယ်ရွယ်ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့လူမျိုးနဲ့ ယှဉ်နိုင်ဖို့တော့ တော်တော်ကြီးဝေးကွာလွန်းပါတယ်.

ဒါကြောင့် လင်းလိကျွမ်းကိုမြင်ရတာ ကုချင်းရှန်အတွက် ဘာမှမခံစားသွားရစေပါဘူး. ပြီးတော့ သူကအခုလေးတင် တခြားမိန်းမတစ်ယောက်ရဲ့အိပ်ရာက ထလာတာလေ. အခုချိန် သူအရမ်းအားနည်းနေတာကြောင့် ဝတ်ကျေတန်းကျေသာပြန်ဖြေလိုက်ပြီး သူမကိုလျစ်လျူရှုလိုက်တယ်.

................Book 10 Part139End..............

ဖီးနစ်သွေးစက်

အခန်း ၁၄၀ ကုရှောင်ရှောင် မြို့တော်Gရဲ့ကျောင်းသို့ပြောင်းခြင်း

ဘာသာပြန်သူ - Charm.Y

ကုချင်းရှန် အိပ်ရာပေါ်တက်ပြီး အိပ်ဖို့ပြင်လိုက်တာကြောင့် လင်းလိကျွမ်း ဒေါသထွက်သွားကာ,

"ဟန်နီ, ကျွန်မတို့အတူမနေတာ အရမ်းကြာနေပြီနော်."

"ကိုယ်အခုပင်ပန်းနေတယ်. နောက်နေ့မှလုပ်ကြတာပေါ့." ကုချင်းရှန်ပြန်ပြောလိုက်တယ်.

လင်းလိကျွန်း ဒေါသထွက်လာတာကြောင့် အော်လိုက်တယ်,

"ကုချင်းရှန်, ရှင်ကဘာသဘောလဲ? ရှင်အချိန်တိုင်း ဒီလိုပဲပြောနေတာ! ရှင်မတက်ကြွဘူးဆိုရင်တောင် ကျွန်မပြောတဲ့အခေါက်တိုင်း ငြင်းနေစရာလား. ဒါမှမဟုတ် ရှင် ကျွန်မနောက်ကွယ်မှာ မယားငယ်ရှိနေတာလား? ဒါကြောင့် ကျွန်မအပေါ်ဘာစိတ်မှမရှိတော့တာလား?"

"လင်းလိကျွမ်း, အဓိပ္ပါယ်မရှိတာတွေမပြောနဲ့!" ကုချင်းရှန်လဲ စိတ်တိုသွားတယ်. လင်းလိကျွမ်းပြောလိုက်တာ အမှန်ပေမယ့် သူကတော့ ဝန်မခံနိုင်ပါဘူး.

"ငါနေ့တိုင်း အလုပ်လုပ်လိုက် လူမှုရေးကိစ္စတွေလုပ်လိုက်နဲ့ မနားရဘူး. ဘာလို့ငါက အဲ့လိုမျိုးတွေလုပ်နေရတာလဲ? အကုန်မင်းနဲ့ မိသားစုအတွက်ပဲလေ! ပြီးတော့မင်းကကော? မင်းပစ္စည်းတွေလျှောက်ဝယ်ပြီး နေ့တိုင်း ငါ့ပိုက်ဆံတွေထိုင်ဖြုန်းနေတယ်. ငါမင်းကို အပြစ်တင်ခဲ့ဖူးလား? မင်းရှောင်ရှောင့်ကို သေချာမသွင်သင်မသင်မဆုံးမနိုင်ခဲ့ဘူး. ဒါကိုကော ငါအပြစ်တင်ဘူးလား? ရှောင်ရှောင်ပြဿနာဖြစ်တိုင်း မင်းအမြဲဘာလုပ်နေခဲ့လဲ? ငါကသာ အမြဲကျောင်းကိုသွားပေးနေရတာ! မင်းက ငါ့အတွက် အကူအညီမဖြစ်တဲ့အပြင် ငါ့ကိုတောင် သံသယပြန်ရှိနေသေးတယ်! မင်းရဲ့အခုဘဝကိုမှမကျေနပ်ရင် ကောင်းပြီလေ, ငါအလုပ်မလုပ်တော့ဘူး. အားလုံးငတ်သေကြတာပေါ့!"

လင်းလိကျွမ်း သတိလက်လွတ်ဖြစ်သွားတယ်. ဒါပေမယ့် တစ်ပတ်နေလို့တစ်ခေါက်တောင် အတူမနေရတာမျိုးကိုတော့ ဘယ်လိုမှလကမခံပေးနိုင်ဘူး. သူမမှာလဲ ရမက်စိတ်ရှိတာပဲ!

ကုချင်းရှန်ကတော့ သူမကိုလျစ်လျူရှုထားပြီး အိပ်ပျော်သွားခဲ့တယ်. လင်းလိကျွမ်းကတော့ နောက်ကျတဲ့ စိတ်တိုလွန်းလို့ အိပ်မပျော်ခဲ့ပါဘူး.

မနက်ရောက်တော့ ကုချင်းရှန် အမှတ်၁ကျောင်းက ကျောင်းအုပ်ထံဆက်သွယ်ပြီး ကုရှောင်ရှောင်ကျောင်းပြောင်းလို့ရအောင်လုပ်နေတယ်.

ကုရှောင်ရှောင်ရဲ့ အမှတ်တွေအရ အမှတ်၁ကျောင်းရဲ့ အဆင့်ကောင်းထဲတွင်မဝင်ပေမယ့် အရမ်းတော့မဆိုးပါဘူး.

အမှတ်၁အထက်တန်းကျောင်းက သူတို့အိမ်နဲ့ဝေးတာကြောင့်သာမဟုတ်ရင် အစထဲက ကုရှောင်ရှောင်ကို အမှတ်၃အထက်တန်းကျောင်းတွင် ထားခဲ့မှာမဟုတ်ပါဘူး.

ဒါကြောင့် ကုရှောင်ရှော်ကို ကျောင်းပြောင်းပေးဖို့ဆိုတာသိပ်မခက်ခဲပါဘူး. ဒါပေမယ့် မမျှော်လင့်ထားစွာပဲ ကုရှောင်ရှောင်လုပ်ခဲ့တဲ့ကိစ္စတွေက မြို့တော်Fရဲ့ အထက်တန်းကျောင်းတွေအားလုံးကို ပျံ့နှံ့နေခဲ့တယ်. ဒါကြောင့် အမှတ်၁အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးက ကုရှောင်ရှောင်ရဲ့ ကျောင်းပြောင်းရွှေ့မှုကို ငြင်းခဲ့တယ်. အမှတ် ၂ နဲ့ အမှတ် ၄အထက်တန်းကျောင်းတွေလဲ အတူတူပါပဲ.

ကုချင်းရှန် ဒေါသထွက်ပြီး ဖုန်းကိုတောင် ပေါက်ခွဲမိတော့မလိုဖြစ်သွားတယ်. သတင်းက ဒီလောက်အထိပျံ့သွားလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး. တစ်ယောက်ယောက်က ကုရှောင်ရှောင်ကို မြို့တော်Fကထွက်သွားအောင် ဖိအားပေးတာပဲဖြစ်ရမယ်. သေချာပေါက် ကုနင်းပဲဖြစ်ရမယ်. တခြားဖြစ်နိုင်တဲ့လူကို သူမစဉ်းစားမိပါဘူး.

ကုနင်းမှာ ဒီလိုလုပ်နိုင်စွမ်းမရှိဘူးလို့ ကုချင်းရှန် ယုံကြည်နေတာတောင်မှ သူမသူငယ်ချင်းတွေကတော့ ထိုသို့လုပ်နိုင်စွမ်းတွေရှိကြပါတယ်.

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ကုရှောင်ရှောင်ရဲ့အမှားဖြစ်နေတာကြောင့် ကုချင်းရှန် ရလဒ်ကိုလက်ခံရပါတော့တယ်. ပြီးတော့ ကုနင်းကိုလဲ ပြဿနာမရှာရဲတော့ပါဘူး. ကုနင်းသာ ရဲကိုအကြောင်းကြားလိုက်ရင် ကုရှောင်ရှောင်ရဲ့အခြေနေက ပိုပြီး အန္တရာယ်များသွားပါလိမ့်မယ်.

အဆုံးမှာတော့ ကုချင်းရှန် ကုချင်းယန်ကိုဖုန်းခေါ်လိုက်ကာ ကုရှောင်ရှောင်မြို့တော်Gအထက်တန်းကျောင်းကိုပြောင်းမှာမလို့ ကျောင်းရှာပေးထားရန် ပြောလိုက်တယ်.

ဘာကြောင့်ပြောင်းရလဲဆိုတဲ့အကြောင်းရင်းမှန်ကိုတော့ မပြောပြဘဲ ကုရှောင်ရှောင် ဒီဘက်ကျောင်းတွင် သူမအတန်းဖော်တစ်ယောက်နဲ့ ပြဿနာဖြစ်လို့,လို့ပဲပြောလိုက်တယ်. ထိုကျောင်းသူက အင်အားကြီးမိသားစုကဖြစ်ပြီး ကုရှောင်ရှောင်ရဲ့ လုံခြုံရေးကိုစိတ်ပူတာကြောင့် မြို့တော်Gသို့ပြောင်းပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်လို့ ကုချင်းယန်ကိုပြောလိုက်တယ်.

ကုရှောင်ရှောင်ရဲ့အမှတ်ကကောင်းတဲ့ထဲပါတာကြောင့် ကျောင်းပြောင်းဖို့သိပ်မခက်ပါဘူး. အရေးကြီးဆုံးအချက်ကတော့ မြို့တော်Gကကျောင်းတွေက ကုရှောင်ရှောင်ဘာလုပ်ခဲ့တယ်ဆိုတာကို မသိကြတာပါပဲ.

ကုရှောင်ရှောင်ကတော့ ထိုအကြောင်းကိုသိတော့ ဘာမှမဖြစ်သွားပေမယ့် လင်းလိကျွမ်းမှာတော့ အဲ့လိုမပြောင်းစေချင်ပါဘူး. ပြီးတော့ ကုရှောင်ရှောင် မြို့တော်Fရဲ့ဘယ်ကျောင်းမှာမှ တက်လို့မရနိုင်ဘူးဆိုတဲ့ အဖြစ်မှန်ကိုလဲ လက်မခံနိုင်ဖြစ်နေတယ်. သူမ ကုနင်းကိုသေလောက်အောင်မုန်းမိပေမယ့် ကုနင်း ရဲကိုအကြောင်းကြားလိုက်မှာစိုးရိမ်တာကြောင့် လောလောဆယ်တော့ သူမနဲ့ဝေးဝေးရှောင်နေမှဖြစ်ပါမယ်.

ကုနင်းလဲ ကုမန့်ကိုထိုအကြောင်းမပြောထားပါဘူး. သူမအမေကို သက်သက်မဲ့ ဒေါသမထွက်စေချင်ပါဘူး.

.............

နောက်နေ့, နေ့လည်တွင် ကုနင်း ဝူကွမ်းကျုံရဲ့ 'ရေအိုင်နဲ့ လူငယ်' သဘာဝပန်းချီကားကို အန်းကွမ်းယောင်ထံပို့ပေးလိုက်တယ်. အန်းကွမ်းယောင်လဲ ချက်ချင်း ထိုပန်းချီကားကို လုံခြုံတဲ့နေရာသိမ်းထားလိုက်တယ်.

ပြီးသွားတော့ ချူး‌ဖေ့ဟန်ရယ် ယွီမီရှီရယ်နဲ့အတူ ကုနင်း ဈေးဝယ်ထွက်ဖို့သွားတယ်. လူကြီးမင်းချင်ရဲ့ မွေးနေ့ပွဲက မနက်ဖြန်ဖြစ်တာကြောင့် သူတို့သင့်တော်မယ့် ဝတ်စုံဝယ်ရပါမယ်. ယွီမီရှီမှာ ယွမ်၃ထောင်ပဲပါတယ်. သူ့ငွေရေးကြေးရေးအခြေနေကကျပ်တည်းပေမယ့် သူမစုထားတဲ့ငွေအားလုံးကို ဝတ်စုံလှလှတစ်စုံဝယ်ရန်သုံးဖို့ စိတ်ဆုံးဖြတ်လိုက်တယ်.

"ငါတို့နဲ့ သင့်တော်တဲ့ ပွဲတက်ဝတ်စုံရောင်းတဲ့ဆိုင် သိတယ်." အမျိုးသမီးဝတ်စုံတန်းကိုဝင်လိုက်တာနဲ့ ချူးဖေ့ဟန်က ပြောလိုက်တယ်.

ကုနင်းနဲ့ ယွီမီရှီလဲသဘောတူလိုက်ပြီး ချူးဖေ့ဟန်နောက်ကိုလိုက်သွားတယ်.

"မိန်းကလေးချူး, တွေ့ရတာဝမ်းသာပါတယ်. ကျွန်မတို့ဆိုင်ကနေ ကြိုဆိုပါတယ်!" အရောင်းဝန်ထမ်းက သူတို့ဆီလာရင်းပြောလိုက်တယ်.

ကုနင်းဆိုင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်တယ်.

ဒီဆိုင်က အကန့်၂ကန့်ပါပြီး တစ်ဖက်မှာက တန်ဖိုးကြီးဂါဝန်တွေအပြည့်ခင်းကျင်းထားကာ တစ်ဖက်တွင်တော့ လှပတဲ့ဝတ်စုံတွေ ချိတ်ဆွဲထားပါတယ်. ဒုတိယနေရာက ဝတ်စုံတွေက မိန်းမငယ်လေးများ နေ့စဉ်ဝတ်ဖို့အတွက် ဒါမှမဟုတ် ပွဲတစ်ခုခုတွင်ဝတ်ဖို့အတွက်ပါ သင့်တော်တာတွေရှိပါတယ်.

"ဘယ်လိုလဲ?" ချူးဖေ့ဟန်ကတော့ ကုနင်းကျေနပ်နေပုံကိုမြင်တော့ ဂုဏ်ယူစွာနဲ့မေးလိုက်တယ်.

"အရမ်းကောင်းတယ်." ကုနင်းပြန်ဖြေလိုက်တယ်.

"ဟုတ်တာပေါ့, ငါ့အကြိုက်တွေက အမြဲကောင်းတယ်." ချူးဖေ့ဟန်ကပြောလိုက်ပြီး,

"လာကြ, သွားကြည့်ရအောင်. ဈေးကိုကြည့်မနေနဲ့ ငါဝယ်ပေးမယ်."

"မဟုတ်တာ, ရပါတယ်." ယွီမီရှီငြင်းလိုက်တယ်. ချူးဖေ့ဟန်က ချမ်းသာတဲ့မိသားစုကမှန်းသူမသိပေမယ့် ဒီလိုမျိုး ချူးဖေ့ဟန်ရဲ့ငွေကိုတော့ မသုံးချင်ပါဘူး.

"ငါဝယ်ပေးမယ်ဆို ဝယ်ပေးမယ်ပေါ့. ငါတို့က အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေမဟုတ်ဘူးလား!" ချူးဖေ့ဟန် ထိုသို့ပြောလိုက်တော့ ယွီမီရှီ ကုနင်းကိုလှမ်းကြည့်လိုက်တယ်.

"ကိစ္စမရှိပါဘူး. သူ့အတွက် ငါတို့ပိုက်ဆံချွေတာပေးနေစရာမလိုဘူး. အချိန်သိပ်မရှိဘူး. မြန်မြန်လုပ်ကြရအောင်!" ကုနင်းကတော့ ဒါကိုမသင့်တော်ဘူးလို့ မတွေးပါဘူး.

ကုနင်းတောင်သဘောတူလိုက်မှတော့ ယွီမီရှီလဲ အတင်းငြင်းမနေတော့ဘဲ သူမအတွက် ဝတ်စုံတစ်စုံကိုသွားရွေးလိုက်တယ်.

ယွီမီရှီ လှပတဲ့ဝတ်စုံတစ်ခုကို မျက်စိကျသွားပြီး ဈေးနှုန်းကဒ်ကိုကြည့်လိုက်တော့ ထိတ်လန့်သွားတယ်. ယွမ်ထောင်ပေါင်းများစွာပေးရမှာလား!

သူမ ဈေးပေါမယ့်တစ်စုံလောက်ရှာဖို့လုပ်လိုက်ပေမယ့် မအောင်မြင်ခဲ့ပါဘူး. ပွဲတက်မပြောနဲ့ သာမာန်ဝတ်စုံလေးတောင် အနည်းဆုံး ယွမ်၁သောင်းကျော်ပေးရတာကြောင့် ယွီမီရှီဆွံ့အသွားရတယ်.

ဘုရားရေ, ဒီဝတ်စုံတွေက အရမ်းဈေးကြီးတာပဲ!

"အမ်, နင်းနင်း, ဝတ်စုံတွေက အရမ်းဈေးကြီးတယ်လို့ထင်တယ်. ငါ...." ယွီမီရှီ ကုနင်းထံလျှောက်သွားကာ တွန့်ဆုတ်စွာနဲ့ပြောလိုက်တယ်.

"စိတ်မပူပါနဲ့. မီရှီ နင်ဒီလိုမျိုးငွေဖြုန်းရတာမကြိုက်မှန်း ငါသိပါတယ်. ဒါကို ငါတို့ကနွမ်းပါးလို့စွန့်ကြဲပေးနေတယ်လို့ နင်တွေးနေနိုင်ပေမယ့် အဲ့လိုမဟုတ်ဘူး. ငါတို့က သူငယ်ချင်းတွေလေ. ပြီးတော့သူငယ်ချင်းတွေဆိုတာ ကောင်းတဲ့အရာတွေကို မျှဝေကြရတယ်." ကုနင်းသူမကို နှစ်သိမ့်ပေးလိုက်တယ်.

"ငါသိပါတယ်, ဒါပေမယ့် ငါ..."

ယွီမီရှီ ချမ်းသာတဲ့လူတွေကိုမမုန်းပါဘူး. ပြီးတော့ ကုနင်းနဲ့ ချူးဖေ့ဟန်တို့က သူမကိုစွန့်ကြဲပေးတာလို့လဲမထင်ပါဘူး. ဒါပေမယ့် သူကသိကအောက်တော့ဖြစ်နေစဲပါပဲ. သူမတစ်ယောက်သာ ဘာမှပြန်ပေးဘဲ သူငယ်ချင်းတွေဆီက ကောင်းတဲ့အရာတွေကို ရရှိနေတာလေ. ဒါကြောင့် သူမတစ်မျိုးကြီးခံစားနေရတယ်.

"ဟေ့, နင်ဘာတွေတွေးနေတာလဲ? လာပြီး စမ်းဝတ်ကြည့်လေ! ငါတို့မှာ အရမ်းရွေးနေဖို့အချိန်မလောက်ဘူး!" ချူးဖေ့ဟန် အဝတ်လဲခန်းထဲကနေထွက်လာတော့ ကုနင်းနဲ့ ယွီမီရှီတို့ဆွေးနွေးနေတာကိုတွေ့၍ လောဆော်လိုက်တယ်.

All Chapters