← Chapters

အခန်း (၁၄၁-၁၄၅)

Vol. 10 Ch. 141-145

အခန်း (၁၄၁-၁၄၅)

Vol. 10 Ch. 141-145

အခန်း ၁၄၁ ဆရာကြီးချင်၏ မွေးနေ့ပွဲ (၁)

ဘာသာပြန်သူ - Charm.Y

"မြန်မြန်လုပ်! ချူးဖေ့ဟန်စိတ်တိုသွားလိမ့်မယ်." ကုနင်းပြောလိုက်တယ်.

ယွီမီရှီ ချူးဖေ့ဟန်နဲ့ ရင်းနှီးနေပြီဆိုပေမယ့် အရင်အတိုင်းကြောက်တော့ကြောက်နေစဲပါ. သူမ ချူးဖေ့ဟန်ရဲ့ဒေါသအကြောင်းသိပါတယ်. ဒါကြောင့် ဆက်ပြီးသာအချိန်ဖြုန်းနေလျှင် ချူးဖေ့ဟန်တကယ် ဒေါသထွက်လာနိုင်ပါတယ်.

အဆုံးမှာတော့ ယွီမီရှီ ဝတ်စုံတစ်ထည်ရွေးနိုင်သွားခဲ့ပါတယ်.

သူတို့ဝတ်စုံတင်မကပဲ ဖိနပ်, အိတ်, လက်ကောက်နဲ့ လည်ဆွဲတွေပါ ဝယ်ခဲ့ကြပါတယ်.

ချူးဖေ့ဟန် နဲ့ ကုနင်းတို့ အဝတ်အစားနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့ ယွမ်သောင်းနှင့်ချီကုန်ခဲ့ပါတယ်. ယွီမီရှီက အဲ့လိုမဖြစ်ချင်ပေမယ့် သူမယွမ်၂၀၀၀သာ သုံးနိုင်ခဲ့ပါတယ်.

သူတို့က ကျောင်းသူတွေသာဖြစ်တာကြောင့် အဝတ်အစားဖို့ သိပ်မသုံးခြင်းဖြစ်ပြီး အဆင့်တန်းမြင့်အမျိုးသမီးတွေဆို ယွမ်သောင်းဂဏန်းလောက်နဲ့ ဘယ်လိုမှမလောက်ပါဘူး.

ယွီမီရှီ အစကတော့ ဝတ်စုံတစ်စုံဝယ်ရင် လုံလောက်ပြီလို့ထင်ခဲ့ပေမယ့် အပေါ်ထပ်ကုတ်, ဖိနပ်, အိတ်, လက်ကောက်နဲ့ လည်ဆွဲတွေတောင်ဝယ်ခဲ့ရတယ်. ဒီနေ့သူမအတွက်ကုန်ကျငွေတော်တော်များသွားပြီပဲ. သူမငြင်းဖို့ကြိုးစားပေမယ့် အရာမထင်ခဲ့ပါဘူး.

နောက်တစ်နေ့မှာတော့ ချင်ယီဖန်းရဲ့အဖေ ဆရာကြီးချင်ရဲ့မွေးနေ့ပွဲကို ကျင်းပပါတယ်. ချင်ကျီရွှမ်းနဲ့ ကျန်တဲ့လူတွေအားလုံး နေ့လည်အတန်းချိန်ပြီးတာနဲ့ စုလိုက်ပြီး ချင်မိသားစုကို ထွက်လာကြတယ်.

သူတို့အားလုံးပေါင်း ၈ယောက်ဖြစ်တာကြောင့် ချင်ယီဖန်းနဲ့ ဟောင်ရန်တို့က ကားနှစ်စီးယူလာကာ သွားရပါတယ်.

ဒါပေမယ့် ချင်မိသားစုအိမ်တော်သို့မသွားခင် မိန်းကလေးတွေက အဝတ်အစားလဲကာ အလှပြင်ကြဖို့လိုပါသေးတယ်.

သူတို့မနေ့ကတည်းက အလှပြင်ဆိုင်နဲ့ဆက်သွယ်ထားကာ အဝတ်အစားတွေကိုလဲ ထိုနေရာမှာသာထားခဲ့ကြတယ်.

သူတို့အားလုံးမိတ်ကပ်ပါးပါးပဲလိမ်းဖို့ပြောထားပြီး မိတ်ကပ်ဆရာကလဲ ၃ယောက်ရှိတာကြောင့် ၁နာရီလောက်နဲ့အပြီးပြင်နိုင်ပါတယ်.

မွေးနေ့ပွဲက ည၈နာရီစမှာဖြစ်တာကြောင့် သူတို့မှာအချိန်တွေအများကြီးပိုနေကြပါသေးတယ်.

ထိုအချိန်မှာ ဟောင်ရန်နဲ့ကျန်တဲ့ကောင်လေးတွေကတော့ ကားပါကင်မှာပဲစောင့်နေကြပြီး တစ်နာရီလောက်နေတော့ ကုနင်းတို့ပြန်ထွက်လာကြတယ်. တစ်ချက်ကြည့်ရုံနဲ့ဘယ်သူမှမမှတ်မိကြပါဘူး.

ကောင်လေးတွေလဲ အဝေးကနေမြင်ကတည်းက ဘယ်သူဖြစ်တယ် ပုံစံကဘယ်လိုဆိုတာ ဆွေးနွေးနေကြပေမယ့် အနားနီးကပ်လာတော့ အားလုံး အံ့ဩသွားကြရတယ်.

ကုနင်း, ချူးဖေ့ဟန်နဲ့ ယွီမီရှီတို့က အစထဲကလှကြပေမယ့် အမြဲတမ်းကျောင်းဝတ်စုံသာဝတ်ပြီး မိတ်ကပ်မလိမ်းကြပါဘူး. အဲ့လိုဘာမှမပြင်ထားတာတောင် သူတို့က လှနေကြတာလေ. အခုတော့.....

ယွီမီရှီကနေ အရင်စကြည့်တာပေါ့!

ယွီမီရှီက မင်းသမီးလေးတွေဝတ်သလို လည်ပင်းနားမှာ ဇာကွပ်ထားပြီး အမွှေးပွလေးတွေပါတဲ့ ပန်းရောင်ဝတ်စုံကို ဝတ်ထားပါတယ်. ပြီးတော့ အပေါ်ကနေ ပန်းရောင် ခါးတိုသားမွှေးကုတ်ကိုထပ်ထားကာ စကတ်နဲ့ တစ်ဆက်တည်းဖြစ်ပုံပဲ. ဆံပင်ကိုလဲ ကောက်ထားကာ ပန်းရောင်ဖဲပြားလေးနဲ့ချည်ထားပါတယ်.

ဖိနပ်ကတော့ အဖြူရောင် ၅စင်တီမီတာ ဒေါက်အထူအမြင့်ကိုစီးထားတယ်.

ယွီမီရှီရဲ့ ပုံစံကအရင်နဲ့လုံးဝကွဲပြားနေကာ ပိုပြီးအားအင်အပြည့်နှင့်လှပတဲ့ပုံစံဖြစ်သွားပါတယ်.

ချူးဖေ့ဟန်ကတော့ ရွှေရောင်ပိုးသားဝတ်စုံကိုမှ ခရစ်စတယ်ဘော်ကြယ်လေးတွေထိုးထားတဲ့ ဝတ်စုံကိုဝတ်ဆင်ထားပါတယ်. ပြီးတော့ အပေါ်ကနေလဲ အနက်ရောင်သားမွှေးကုတ်ကိုဝတ်ဆင်ထားပြီး ဆံပင်ကိုတော့ လှိုင်းပုံစံကောက်ထားပါတယ်. သူမပုံစံက လုံးဝယုံကြည်မှုအပြည့်ပါပဲ.

ပြီးတော့ ၈စင်တီမီတာလောက်မြင့်တဲ့ ရွှေရောင်ဒေါက်ဖိနပ်ကိုလဲ စီးထားသေးတာကြောင့် ပိုပြီးအရပ်မြင့်နေသလိုဖြစ်နေကာ နန်းတော်ကြီးထဲက တော်ဝင်ဘုရင်မတစ်ပါးလို လှပနေပါတယ်.

ကုနင်းကတော့ လည်ထောင် ခေတ်နောက်ပြန်စတိုင် ချုန်းဆမ်းဝတ်စုံကိုဝတ်ဆင်ထားပါတယ်. ဝတ်စုံရဲ့ဒီဇိုင်းကတော့ အပြာနှင့်အဖြူ အစက်လေးတွေနဲ့ပုံစံဖော်ထားပြီး အပေါ်ထပ်သားမွှေးကုတ်ကလဲ ထိုအရောင်ပါပဲ. တခြားလူတွေလို သူမကုတ်ကလဲ အတိုပါ. ဆံပင်ကိုတော့ ချထားပြီး ရှေ့နားလေးမှာတော့ ကလစ်လေးတွေနဲ့အလှဆင်ထားပါတယ်. လုံးဝသူမစတိုင်က ရှေးခေတ်စတိုင်ပါပဲ.

ကုနင်းက လက်ဝတ်လက်စားတွေကိုတော့ ဖူလူရှိုးကျောက်စိမ်းကနေ လုပ်ထားတဲ့ ဆွဲသီး, နားဆွဲနဲ့ လက်ကောက်တွေကို ဝတ်ဆင်ထားပါတယ်.

သူမရဲ့အပြုအမူတွေကအစ ရှေးခေတ်မှ အင်အားကြီးမိသားစုရဲ့ ပညာတတ်တော်ဝင်ဆန်တဲ့မိန်းကလေးတစ်ယောက်လိုဖြစ်နေပါတယ်. ပြီးတော့ မင်းသူမကိုတစ်ချက်ကြည့်မိလိုက်တာနဲ့ လုံးဝအကြည့်ပြန်လွှဲနိုင်မှာတောင်မဟုတ်တော့ပါဘူး.

အခုချိန်က ဆောင်းရာသီဖြစ်တာကြောင့် အပြင်မှာနည်းနည်းအေးနေပါတယ်. ဒါကြောင့် မိန်းကလေးတွေက နွေးထွေးအောင် အပေါ်ကနေ သားမွှေကုတ်တွေထပ်ဝတ်ကြတာပါ.

"နင်တို့ ဘယ်လိုထင်လဲ?" ကောင်လေးတွေအားလုံး အံ့အားသင့်နေတာကို မြင်တော့ ချူးဖေ့ဟန်က ရယ်ပြီးဂုဏ်ယူစွာနဲ့မေးလိုက်တယ်.

"အရမ်းကို ခမ်းနားတယ်!"

"လှရုံတင်မကဘူး. မူးမေ့တောင်သွားလောက်တယ်!"

"ဟုတ်တယ်! နင်တို့အားလုံး မိတ်ကပ်လိမ်းလိုက်တော့ အရမ်းလှသွားတယ်!"

ကောင်းလေးတွေတစ်ယောက်ပြီးတစ်ယောက် ချီးမွမ်းလိုက်ကြတယ်.

ဒါပေမယ့် ချူးဖေ့ဟန်ကတော့ ဟောင်ရန်ရဲ့အပြောကြောင့် မကျေမနပ်ဖြစ်သွားကာ,

"နင်ကဘာသဘောလဲ? ငါတို့က မိတ်ကပ်မလိမ်းထားရင် မလှဘူးပေါ့?"

ထိုတော့မှ ဟောင်ရန်လဲ သူပြောတာမှားသွားမှန်းသတိထားမိသွားကာ မြန်မြန်ပြန်ရှင်းပြရတော့တယ်,

"ငါဆိုလိုချင်တာက နင်တို့မိတ်ကပ်လိမ်းလိုက်တော့ ပိုတောင်လှသွားတယ်ပြောတာပါ."

"တော်တယ်." အခုမှပဲ ချူးဖေ့ဟန် ကျေနပ်သွားတော့တယ်.

"ကောင်းပြီလေ, သွားကြရအောင်. ငါတိရိစ္ဆာန်ရုံထဲကမျောက်လို ဆက်မဖြစ်ချင်တော့ဘူး." ဘေးမှလူတွေကလဲ ဝိုင်းကြည့်နေတာကြောင့် ကုနင်းမသက်မသာနဲ့ပြောလိုက်ရတယ်.

ပြီးတော့ သူတို့တစ်ဖွဲ့လုံး ချင်မိသားစုစံအိမ်ကိုသွားကြတော့တယ်.

"နင်းနင်း, ငါအရမ်းစိတ်လှုပ်ရှားနေတယ်." အခုလို အရေးကြီးပွဲတစ်ခုကို တက်တာက ယွီမီရှီအတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အရမ်းစိတ်လှုပ်ရှားနေမိတယ်.

"စိတ်အေးအေးထား, ငါတို့လက်တွဲပြီးဝင်ကြတာပေါ့." ကုနင်းသူမကို နှစ်သိမ့်ပေးလိုက်တယ်.

ချင်မိသားစုအိမ်တော်က အဆင့်မြင့်ဗီလာတွေပဲတည်ရှိတဲ့ မြို့ဆင်ခြေဖုံးအရပ်မှာတည်ရှိပြီး မြက်ခင်းပြင်အကျယ်ကြီးလဲရှိပါတယ်. ဒါကြောင့် ထိုနေရာက ဗီလာထက် အပန်းဖြေစခန်းနဲ့တောင်ပိုတူနေပါသေးတယ်.

၃၀၀စတုရန်းမီတာကျယ်ဝန်းတဲ့ သုံးထပ်ဗီလာတွင် ဥယျာဉ်တစ်ခုနဲ့ ရေကူးကန်တစ်ခုလဲပါဝင်ပြီး နေရာတစ်ခုလုံးဆို ၆၀၀/၇၀၀စတုရန်းမီတာလောက်ကျယ်ဝန်းပါတယ်.

မြို့တော်Fမှာ ဒီလိုနေရာမျိုးဝယ်နိုင်တဲ့မိသားစုဆိုတာ လွန်လွန်ကဲကဲချမ်းသာတဲ့မိသားစုမို့လို့ပါပဲ. ဗီလာတစ်ခုစီကကို အနည်းဆုံး ယွမ်၁၀သန်းမကတန်ဖိုးရှိပါတယ်.

သူတို့ဗီလာဆီကိုရောက်တော့ ည၇နာရီထိုးခါနီးပါပြီ. ဧည့်သည်တွေကတော့ ကုမ္ပဏီဥက္ကဌကြီးတွေရယ် အထက်ပိုင်းအရာရှိတွေရယ်အဓိကပါပါတယ်. အများစုက သူတို့မိသားစုတွေနဲ့လာကြတာဖြစ်တယ်.

"ဘော့စ်, ကားထဲမှာခနစောင့်နေဦးနော်, ငါအဝတ်အစားသွားလဲပြီးရင် လာခေါ်မယ်." ချင်ကျီရွှမ်းကပြောလိုက်တယ်.

"ကောင်းပြီလေ." ကုနင်းပြန်ဖြေလိုက်တယ်.ဧည့်ခန်းထဲတွင်တော့ မီးရောင်တွေရယ်, ဂီတသံစဉ်တွေနဲ့ ရှန်ပိန်ခွက်တွေကို စီရီထားတယ်. လူတိုင်းကပျော်ရွှင်နေကြပြီး လေထုကလဲ သက်သောင့်သက်သာဖြစ်နေတယ်.

အခန်းထဲမှာတော့ အပူချိန်ညှိပေးထားတာကြောင့် အမျိုးသမီးတွေက အပေါ်ထပ်ကုတ်တွေကိုချွတ်ထားကြတယ်. တစ်ချို့တွေက ကုတ်ကို ကိုင်ထားပြီး တစ်ချို့ကတော့ တစ်နေရာတွင်တင်ထားကြတယ်.

ချင်ယီဖန်းကတော့ အီဂျစ်ရှပ်အင်္ကျီနဲ့ မီးခိုးရောင်ဝတ်စုံကိုဝတ်ဆင်ထားတာကြောင့် တည်ငြိမ်ခန့်ညားတဲ့ပုံ ပေါ်လွင်နေတယ်.

ဒီညကုနင်းရဲ့ အာရုံစိုက်မှုကို ခံရပြီး သူမနှလုံးသားကို ရယူနိုင်အောင် ဂရုတစိုက်နဲ့ သူပြင်ဆင်ထားခဲ့ရတာပါ.

................Book 10 Part141End..............

ဖီးနစ်သွေးစက်

အခန်း ၁၄၂ ဆရာကြီးချင်၏မွေးနေ့ပွဲ (၂)

ဘာသာပြန်သူ - Charm.Y

ကုနင်း၏အာရုံစိုက်မှုကို ရပြီး နှလုံးသားကို ရယူနိုင်မလားတော့မသိသေးပေမယ့် ပွဲအတွင်းက ချမ်းသာတဲ့မိသားစုမှ မိန်းကလေးတွေရဲ့နှစ်သက်မှုကိုတော့ ရရှိပြီးနေပါပြီ. တော်တော်များများက ချင်ယီဖန်းနဲ့ စကားပြောချင်နေကြပေမယ့် သူကတော့ လီကျန်းယွီရယ် လီကျန်းကျန်းရယ်နဲ့သာ စကားပြောဆိုနေတယ်.

လီကျန်းယွီကလဲ ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး လူတော်တော်များများရဲ့အာရုံကိုဆွဲဆောင်ထားနိုင်ပါတယ်. ဒါပေမယ့် ချင်ယီဖန်းနဲ့ယှဉ်လို့တော့ မရဘူးပေါ့.

လီကျန်းကျန်းကတော့ ခရမ်းရောင်ဂါဝန်ရှည်ကြီးဝတ်ဆင်ထားကာ တစ်ထည်လုံးတွင် အလယ်အမြင့်ဆင့် ခေါင်းရမ်းအမျိုးမစားကျောက်စိမ်းတွေနှင့် အလှဆင်ထားတယ်.

ဒါပေမယ့် ဒီနေ့ဒီနေရာတွင် အဆင့်အတန်းမြင့်မိန်းကလေးပေါင်းများစွာရှိနေပြီး လီကျန်းကျန်းထက်ပိုလှပသူတွေလဲ အများကြီးရှိနေတာကြောင့် သူမကသိပ်မထင်ပေါ်ပါဘူး. သူမသာ ချင်ယီဖန်းနဲ့အတူရှိမနေရင် သိပ်သတိထားမိကြမှာတောင်မဟုတ်ပါဘူး.

အပြင်ဘက်တွင်,

မိနစ်၂၀လောက်ကြာပြီးတော့ ကောင်လေးတွေအဝတ်အစားလဲပြီးပြန်ရောက်လာကြတယ်. သူတို့အားလုံးပုံမှန် အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီး ငယ်ရွယ်ကာအားအင်အပြည့်နှင့် ကြည့်လို့ကောင်းနေကြပါတယ်. သူတို့ထွက်လာတာနဲ့ အားလုံးရဲ့အကြည့်တွေကိုလက်ခံလိုက်ရတယ်. အထူးသဖြင့် ငယ်ရွယ်တဲ့မိန်းကလေးတွေက ပိုပြီးစိတ်လှုပ်ရှားစွာကြည့်နေကြတယ်.

ချင်ကျီရွှမ်းတို့ကတော့ မိန်းကလေးတွေစောင့်နေတဲ့ ကားဆီကိုသာလျှောက်သွားကြတယ်.

"ဘော့စ်, ဘာလို့ ကျောပိုးအိတ်ကြီးယူလာတာလဲ?" ကားထဲကထွက်တော့ ကုနင်းကျောပိုးအိတ်ကိုင်လာတာကိုတွေ့၍ ချူးဖေ့ဟန်ကမေးလိုက်တယ်.

"ငါတို့လက်ဆောင်က ဒီထဲမှာလေ." ကုနင်းပြန်ဖြေလိုက်တယ်.

တကယ်တော့ ချင်လုံခေတ်ရဲ့ သမင်ခေါင်းဖန်ခွက်က သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲမှာပဲရှိနေပါသေးတယ်. ကျောပိုးအိတ်ကိုသယ်လာတာက အကာအကွယ်အနေနဲ့အသုံးပြုဖို့ပါ.

ထိုစကားကိုကြားတော့မှ သူမတို့လက်ဆောင်ပေးရအုံးမှာမှန်း ချူးဖေ့ဟန်သတိရသွားတယ်. သူမလုံးဝကိုမေ့နေခဲ့တာပဲ. ကောင်လေးတွေလဲ အံ့ဩသွားကြတယ်.

"ဘော့စ်, လက်ဆောင်ယူလာခဲ့တာလား?" ချင်ကျီရွှမ်း ရှက်ရွံ့စွာနဲ့မေးလိုက်တယ်. သူတို့ ကုနင်းကိုဖိတ်တယ်ဆိုတာ ပျော်ဖို့သက်သက်ဖြစ်ပြီး လက်ဆောင်ယူလာဖို့မလိုပါဘူး. ဒါပေမယ့် အခုတော့ ကုနင်းက လက်ဆောင်ပြင်ဆင်ထားခဲ့တယ်.

"ငါက မွေးနေ့ပွဲလာတာလေ. သေချာပေါက် လက်ဆောင်ယူလာမှဖြစ်မှာပေါ့. ဒါက ငါတို့မိန်းကလေး၃ယောက်နာမည်နဲ့ပေးမှာ. အရမ်းတော့ ဈေးမကြီးပါဘူး. အေးဆေးပေါ့." ကုနင်းပြောလိုက်တယ်.

ကုနင်းက လက်ဆောင်ယူလာပြီးဖြစ်တာကြောင့် ချင်ကျီရွှမ်းလဲ ဘာမှမတတ်နိုင်တော့ပါဘူး. ဒါကြောင့် ဘာမှဆက်မပြောတော့ဘူး.

"ငါတို့ဘာမှမပြင်ဆင်ခဲ့ရဘူး!" ဟောင်ရန်တစ်ယောက် ကြံရာမရခေါင်းကုတ်မိသွားတယ်.

"ဟုတ်တယ်! အခုမှ ရှက်တောင်ရှက်သွားပြီ." ကျန်းထန်ပင်းလဲပြောလိုက်တယ်.

"ငါတို့အရင်ပြန်သွားပြီး လက်ဆောင်သွားပြင်သင့်လား?" မုခယ်ကမေးလိုက်တယ်.

"ငါလဲ အဲ့လိုတွေးမိတယ်." အန်းရီလဲထပ်ပြောလိုက်တယ်.

"ဒါက....." ချင်ကျီရွှမ်းမှာ ရယ်ရမလား ငိုရမလားတောင်မသိဖြစ်သွားတယ်.

"ငါတို့မှာ လက်ဆောင်သွားဝယ်ဖို့အချိန်မရှိတော့ဘူး. ဒါကိုပဲ ငါတို့အားလုံးနာမည်နဲ့ထားလိုက်တာပေါ့. ငါတို့ကကျောင်းသားတွေပဲဆိုတော့ လက်ဆောင်တစ်ခုဆိုလုံလောက်ပါပြီ." ကုနင်းပြောလိုက်တယ်. သူမသူငယ်ချင်းတွေနဲ့ လက်ဆောင်ကိုမျှဝေဖို့ စိတ်ထဲဘယ်လိုမှမနေပါဘူး. ပြီးတော့ သူမတစ်ယောက်ထဲ အာရုံစိုက်ခံရတာမျိုးလဲမလိုချင်ပါဘူး.

"ဒါက မသင့်တော်ဘူးလေ!"

"ငါတို့ဒီပစ္စည်းဖိုး ပေးမှမပေးထားရတာ." တစ်ယောက်ကဝင်ပြောလိုက်တယ်.

"ငါကဘော့စ်လေ ဒါအဆင်ပြေတယ်လို့ ငါထင်တယ်." ကုနင်းပြောလိုက်တယ်. အခုတော့ ဘယ်သူမှမငြင်းရဲတော့ပါဘူး. ကုနင်း လွယ်အိတ်ကို ဟောင်ရန်ဆီပေးလိုက်ကာ အတူတူအထဲဝင်လိုက်ကြတယ်.

ချင်ကျီရွှမ်းနဲ့ ဟောင်ရန်ကရှေ့ကနေသွားကာ သူတို့နောက်မှာတော့ ချူးဖေ့ဟန်, ကုနင်းနဲ့ ယွီမီရှီတို့လိုက်ပြီး ထိုနောက်တွင်တော့ မုခယနဲ့ ကျန်းထန်ပင်းတို့လိုက်လာတယ်. မသိရင် တခြားလူတွေက သူတို့ကို သက်တော်စောင့်တွေလို့တောင် ထင်နိုင်ပါတယ်.

လူတိုင်းက ဒီပွဲမှာ လှပစွာဝတ်ဆင်လာကြတာကြောင့် သိပ်ပြီး မထူးခြားနေပါဘူး. ဒါပေမယ့် ကုနင်းတို့အဖွဲ့ဝင်လာချိန်မှာတော့ လူတိုင်းအာရုံမစိုက်ပဲမနေနိုင်ကြတော့ပါဘူး. ပြီးတော့ သူတို့ရဲ့အကြည့်တွေက ကုနင်းတို့မိန်းကလေး၃ယောက်အပေါ်ကို ပိုမိုကျရောက်နေတယ်.

ကုနင်းနဲ့ ချူးဖေ့ဟန်က ကြော့ရှင်းလှပပြီး တော်ဝင်ဆန်ပါတယ်. ယွီမီရှီကတော့ ချစ်စရာကောင်းပေမယ့် လူငယ်ဆန်ဆန်ဝတ်ဆင်ထားပါတယ်. ဒါကြောင့် ယောက်ျားကြီးတွေက သူမအပေါ်ကြည့်ရတာ သိပ်စိတ်ကျေမနပ်ပဲ ချူးဖေ့ဟန်နဲ့ ကုနင်းကိုသာ ပိုကြည့်ကြပါတယ်.

သူတို့အဖွဲ့ ဧည့်ခန်းထဲကိုဝင်လာတော့ အကြည့်ပေါင်းများစွာကို လက်ခံလိုက်ရတယ်. ယောက်ျားတွေကတော့ မိန်းကလေးတွေကို သဘောတကျကြည့်နေပြီး အမျိုးသမီးတွေကတော့ မနာလိုစွာနဲ့ကြည့်နေကြတယ်.

ချင်ယီဖန်းလဲ ကုနင်းကိုသတိထားမိသွားတာနဲ့ ရင်ခုန်သံတွေတောင် ရပ်တန့်သွားသလိုဖြစ်သွားတယ်. ခနနေတော့မှ အသိစိတ်ပြန်ကပ်သွားကာ ကုနင်းတို့ဆီလျှောက်သွားလိုက်တယ်. လီကျန်းယွီနဲ့ လီကျန်းကျန်းတို့ကို နှုတ်ဆက်ဖို့တောင်မှ မေ့သွားတယ်.

ကုနင်းကိုမြင်တော့ သူမရဲ့အလှကြောင့် လီကျန်းကျန်းအံ့ဩသွားပြီး အလွန်မနာလိုဖြစ်သွားတယ်. အထူးသဖြင့် ချင်ယီဖန်းက ကုနင်းအတွက် သူမကိုထားသွားချိန်မှာပေါ့.

"ကျန်းကျန်း, စိတ်လျှော့ထား." လီကျန်းယွီလဲ မကျေနပ်ပေမယ့် အခုချိန်က ကုနင်းကို စိတ်ဆိုးဖို့ကောင်းတဲ့အချိန်မဟုတ်မှန်း နားလည်ပါတယ်.

လီကျန်းကျန်းလဲ စိတ်ကို မနည်းပြန်လျှော့ထားလိုက်ရတယ်.

ကုနင်းကတော့ လီကျန်းကျန်းကို အကြည့်မပြတ်ပဲ အဓိပ္ပါယ်ပါပါတစ်ချက်ပြုံးပြလိုက်တာကြောင့် လီကျန်းကျန်းချက်ချင်းလှည့်ထွက်သွားတော့တယ်.

"ကြိုဆိုပါတယ်!" ချင်ယီဖန်း အားလုံးကို နှုတ်ဆက်လိုက်တာပေမယ့် သူ့အကြည့်ကတော့ ကုနင်းတစ်ယောက်ထဲတွင်သာရှိပါတယ်. ကုနင်းရှေ့ကိုသူပေါ်လာချိန် သူမဖြစ်သွားမယ့်အမူအရာကို အရမ်းသိချင်နေမိတယ်.

ဒါပေမယ့် ကုနင်းပုံစံက သဘောကျသွားတဲ့ပုံမပေါ်တာကြောင့် သူစိတ်ပျက်သွားမိတယ်. ပြီးတော့ ကုနင်းက ပုံမှန်အတိုင်းပဲ သူ့ကိုပြန်နှုတ်ဆက်လိုက်တယ်,

"တွေ့ရတာဝမ်းသာပါတယ်, လူကြီးမင်းချင်."

"ဟိုင်း, အစ်ကိုဝမ်းကွဲယီဖန်း!"

"မင်္ဂလာပါ!"

အားလုံးကလဲ ပြန်နှုတ်ဆက်လိုက်တယ်.

ချင်ယီဖန်း နည်းနည်းတော့စိတ်ပျက်နေပေမယ့် ထုတ်ဖော်မပြပါဘူး.

"ငါနဲ့လိုက်ခဲ့ကြ, ပွဲကအခုထိမစသေးဘူး."

သူတို့ဘေးနားက ဆိုဖာတစ်ခုစီကိုလျှောက်သွားလိုက်ကြတယ်. လူအများစုက ပွဲထဲမှာလျှောက်သွားနေကြပြီး စကားပြောဆိုကာ အဆက်အသွယ်ကောင်းတွေရှာနေကြပါတယ်. ထိုင်နေတဲ့လူကနည်းနည်းပဲရှိတယ်. ပြီးတော့ လူအများကြီးထိုင်နေဖို့လဲ ခုံကလုံလုံလောက်လောက်မထားရှိထားပါဘူး.

"ကုနင်း?" ထိုအချိန်မှာ အမျိုးသမီးသံတစ်သံကိုကြားလိုက်ရတယ်.

လူကိုမမြင်ခင်ကတည်းက ဘယ်သူဆိုတာကုနင်းသိလိုက်ပါပြီ.

သူမရပ်ပြီးလှည့်ကြည့်လိုက်တော့ တကယ်ကိုအန်ချင်းပါပဲ. သူမက လည်ပင်းဗီပုံစံ အပြာနုရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး သူမအသားရောင်နဲ့ လိုက်ဖက်လွန်းလှပါတယ်. ပြီးတော့ အပြာရောင်စိန်လည်ဆွဲ, လက်ကောက်နှင့် နားဆွဲကိုလဲဝတ်ဆင်ထားပါတယ်. ဆံပငကိုတော့ ကောက်ပြီးအမြင့်ချည်ထားတာကြောင့် ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်အပြည့်ပါပဲ.

အန်ချင်းဘေးမှာရပ်နေတဲ့ အမျိုးသားကတော့ လဲ့ကျန်းယွီဖြစ်ပြီး သူလဲအပြာနုရောင်ဝတ်စုံကိုဝတ်ဆင်ထားတာကြောင့် တမင်အန်ချင်းနဲ့တိုက်ဝတ်ထားတာမှန်း သိသာလှပါတယ်.

လဲ့ကျန်းယွီသည် ချင်ယီဖန်းလိုပဲ ခန့်ညားကာ ချင်ယီဖန်းနဲ့ယှဉ်ရင် သူကပိုပြီးရင့်ကျက်ပုံပေါ်ပါတယ်. တကယ်ဆို သူကပိုပြီးတောင် အမျိုးသမီးတွေကိုဆွဲဆောင်နိုင်မှာပေမယ့် သူ့ဘေးမှာ အန်ချင်းကရှိနေပြီးသားဖြစ်နေပါတယ်. ပြီးတော့ သူတို့နှစ်ယောက်ကလဲ အရမ်းရင်းနှီးတဲ့ပုံပေါ်တာကြောင့် ဘယ်သူမှကြားဝင်မရှုပ်ရဲကြပါဘူး.

................Book 10 Part142End..............

ဖီးနစ်သွေးစက်

အခန်း ၁၄၃ သိုက်တူးသမား?

"အန်ချင်း, အလုပ်အမှုဆောင်လီ." ကုနင်း သူတို့ကို အရင်နှုတ်ဆက်လိုက်တယ်.

"မိန်းကလေးကု, တွေ့ရတာဝမ်းသာပါတယ်." လဲ့ကျန်းယွီလဲ ပြန်နှုတ်ဆက်လိုက်တယ်.

"မင်္ဂလာပါ, အလုပ်အမှုဆောင်လီ, မိန်းကလေးအန်." ချင်ယီဖန်းလဲရောက်လာခဲ့တယ်.

"တွေ့ရတာဝမ်းသာပါတယ်, လူကြီးမင်းချင်." အန်ချင်းရော အလုပ်အမှုဆောင်လီပါနှုတ်ဆက်လိုက်တယ်.

"ဘယ်သူကများဒီလောက်တောင် ဆွဲဆောင်အားကောင်းနေပါလဲလို့ အံ့ဩနေတာ! နင်ဖြစ်နေတာကိုး!" အန်ချင်း ကုနင်းကိုကြည့်ပြီးနောက်လိုက်တယ်.

"ငါတို့က အုပ်စုလိုက်ကြီးဝင်လာတာဆိုတော့ သတိမထားမိကြဖို့ကမှ ခက်နေဦးမယ်လေ." ကုနင်း သာမာန်လိုပဲပြန်ပြောလိုက်တယ်.

အန်းချင်းပြုံးလိုက်ပြီးတော့ ကုနင်းနောက်က ပုံရိပ်တစ်ခုကိုတွေ့သွား၍ အံ့ဩသွားတယ်,

"ရှောင်ရီ, နင်ဒီလိုပွဲမျိုးတွေကို မကြိုက်ဘူးမဟုတ်လား? ဒီနေ့မှ ဘယ်လိုလုပ်ရောက်လာတာလဲ?"

"အစ်မဝမ်းကွဲချင်း, ကျွန်တော့်သူငယ်ချင်းတွေအားလုံးက ဒီရောက်နေတာဆိုတော့ တစ်ယောက်ထဲမကျန်ခဲ့ချင်လို့ပါ." အန်းရီပြန်ဖြေလိုက်တယ်.

အန်ချင်းနဲ့ အန်းရီတို့က ဝမ်းကွဲတွေမှန်းသိလိုက်တော့ ကုနင်းအံ့ဩသွားတယ်.

"ဟုတ်ပါပြီ, နင်တို့ပျော်ကြပေါ့, ငါတို့တခြားသူငယ်ချင်းတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်." အန်းချင် ကုနင်းနဲ့အတူစကားဆက်ပြောချင်သေးပေမယ့် လဲ့ကျန်းယွီက လူမှုရေးအရ သူ့မိတ်ဆွေတွေနဲ့ စကားသွားပြောဖို့လိုပါသေးတယ်. ပြီးတော့ သူမကလဲ သူ့ရဲ့မိန်းကလေးတွဲဖော်ဖြစ်တာကြောင့် လိုက်သွားမှရပါမယ်.

ပြီးတော့ အန်ချင်းနဲ့ လဲ့ကျန်းယွီတို့နှစ်ယောက်ထွက်သွားကြတယ်.

ချင်ယီဖန်းက ကုနင်းတို့ကို ဆိုဖာဆီခေါ်သွားတယ်. ချင်ကျီရွှမ်းလဲ ဒီည ချင်ယီဖန်းအလုပ်ရှုပ်နေမှာကိုသိတာကြောင့် ,

"အစ်ကို, တခြားလူတွေကို သွားဧည့်ခံလေ. ဒီမှာ ကျွန်တော်ပဲ တာဝန်ယူလိုက်မယ်."

"ကောင်းပြီလေ! ပျော်ပျော်နေကြ. ငါသွားလိုက်ဦးမယ်." ချင်ယီဖန်း ကုနင်းနဲ့ဆက်ပြီး စကားပြောချင်ပေမယ့် ဒီညပွဲရှင်က သူဖြစ်တာကြောင့် ချင်ကျီရွှမ်းကိုသာ ဂရုစိုက်ပေးဖို့မှာခဲ့ပြီး ထွက်သွားရတယ်.

နောက်ဆုံးတော့ ချင်ယီဖန်းတစ်ယောက်ထဲဖြစ်သွားတာကို မြင်တာနဲ့ ချမ်းသာတဲ့မိသားစုက တချို့မိန်းကလေးတွေက ချက်ချင်းပဲ သူနဲ့လာစကားပြောကြတော့တယ်. သူတို့ကို ချင်ယီဖန်းမနှစ်သက်ပေမယ့်လဲ လူကြီးလူကောင်းဆန်ဆန်နဲ့ ယဉ်ယဉ်ကျေးကျေးပြန်လည် စကားပြောပေးရတယ်.

"နင်တို့ဘာသောက်မလဲ? ငါသွားယူပေးမယ်." ချင်ကျီရွှမ်း သူ့သူငယ်ချင်းတွေကိုမေးလိုက်တယ်.

"ဝိုင်နီ." ကုနင်းပြောလိုက်တယ်.

"ငါရောပဲ." ယွီမီရှီကလဲ ထပ်ပြောလိုက်တယ်.

"ငါ့ကိုတော့ လိမ္မာ်ရည်ပဲပေးပါ." ယွီမီရှီကတော့ အခုထိ ဝိုင်သောက်တာကို ကျင့်သားမရသေးပါဘူး.

ကျန်တဲ့ကောင်လေးတွေကလဲ ဝိုင်နီမှာလိုက်တယ်.

တချို့အမျိုးသားတွေက ကောင်မလေးတွေနဲ့ စကားလာပြောချင်ကြပေမယ့် ချင်ကျီရွှမ်းနဲ့ကျန်တဲ့လူတွေက သူမတို့ဘေးမှာ ထိုင်ကာ ထကာနဲ့ သက်တော်စောင့်တွေလို ရှိနေကြတယ်. ဒါကြောင့် ဘယ်ယောကျ်ားမှအနားမကပ်ရဲသလို ချင်ကျီရွှမ်းတို့ကောင်လေးတွေနဲ့ စကားလောပြောချင်ကြတဲ့ မိန်းကလေးတွေလဲ အနားမကပ်ရဲကြတော့ပါဘူး.

"နင်တို့အကုန် ဒီလိုကြီးရပ်နေကြတော့ ဘယ်သူမှ ငါတို့နဲ့စကားလာမပြောရဲကြတော့ဘူး." ချူးဖေ့ဟန် စလိုက်တယ်.

"ငါ့ကတော့ လှတဲ့မိန်းကလေးတွေ့တိုင်းစကားလာပြောတာ ယောက်ျားကောင်းတွေလို့မထင်ဘူး. ပြီးတော့ သူတို့မျက်နှာတွေကြည့်ကြည့်! ငါတို့ကမှ သူတို့ထက်ပိုကြည့်ကောင်းသေးတယ်!" ချင်ကျီရွှမ်း ပြန်တုံ့ပြန်လိုက်တယ်.

"ဟုတ်တယ်, ငါတို့က ငယ်ရွယ်ပြီး ကြည့်ကောင်းတယ်. နင်က ငါတို့ရှိနေတာတောင် မကျေနပ်နိုင်သေးဘူးလား?" ဟောင်ရန်က ထပ်ပေါင်းပြောလိုက်တယ်.

"ငါတို့က အရမ်းရင်းနှီးပြီးသားတွေလေ. ပျင်းစရာကြီး." ချူးဖေ့ဟန် ထပ်ပြောလိုက်တယ်.

ချင်ကျီရွှမ်းတို့မှာတော့ ဆွံ့အသွားကြတယ်.

ထိုအချိန် ရင်းနှီးတဲ့ မျက်နှာကိုမြင်လိုက်ရတယ်. ချင်ကျန်းပါပဲ.

ချင်ကျန်းရဲ့မိသားစုက သိပ်မချမ်းသာပေမယ့် အာဏာတော့ရှိပါတယ်. ဒါကြောင့် သူတို့မိသားစုကိုလဲ ဖိတ်စာရောက်ပါတယ်.

ယွမ်သန်းဆယ်ဂဏန်းလောက်ရှိတဲ့ လူချမ်းသာစာရင်းဝင်တွေကတော့ ဖိတ်စာရဖို့အထိအဆင့်မမှီကြပါဘူး. ဒီမှာရှိတဲ့ ဧည့်သည်တွေက အရမ်းချမ်းသာတဲ့သူတွေ ဒါမှမဟုတ် အာဏာပိုင်တွေသာဖြစ်တယ်. အရမ်းချမ်းသာတဲ့လူတွေကတော့ အနည်းဆုံး ယွမ်သန်း၁၀၀ကျော်လောက်ပိုင်ဆိုင်ကြပြီး အာဏာပိုင်တွေမှာတော့ အနိမ့်ဆုံးအစိုးရဌာနတစ်ခု၏ ဒုတိယဒါရိုက်တာအဆင့်လောက်ရှိကြပါတယ်.

ချင်ကျန်း၏မိသားစုနာမည်က ချင်ဖြစ်ပေမယ့် ချင်ယီဖန်းတို့မိသားစုနဲ့တော့ ဘာမှမပတ်သတ်ပါဘူး.

ချင်ကျန်းက အရပ်ရှည်ပြီး ခန့်ညားတဲ့ကောင်းလေးဖြစ်ပြီး ပွဲတက်ဝတ်စုံပြည့်ဝတ်ထားတာကြောင့် ပိုပြီးရင့်ကျက်ဟန်ပေါ်နေတယ်. ဒါကြောင့် သူ့ဘေးကမိန်းကလေးတော်တော်များများကိုလဲ ဆွဲဆောင်ထားနိုင်ပါတယ်.

"သူက ဒီကိုဘာလာလုပ်တာလဲ? ဒီက အရမ်းချမ်းသာတဲ့မိန်းကလေးတွေကို သိုက်တူးဖို့လား?" ဟောင်ရန်က သိချင်စိတ်နဲ့မေးလိုက်တယ်.

"ဟ-ဟ." ထိုစကားကိုကြားတော့ ကုနင်းတို့အားလုံးအကျယ်ကြီးရယ်လိုက်မိကြတယ်. ဟောင်ရန် စနောက်ပြောတာမှန် သူတို့သိပေမယ့် ငြင်းလဲမငြင်းနိုင်ပါဘူး.

မိဘတွေက ဒီလိုပွဲတွေကို သူတို့အဆက်အသွယ်တွေတည်ဆောက်ဖို့ ဒါမှမဟုတ် ပိုမိုရင်းနှီးလာဖို့တက်ရောက်ကြတာဖြစ်တယ်. ပြီးတော့ သူတို့ကလေးတွေကလဲ ရည်ရွယ်ချက်ချင်းတူကြပါတယ်. သူတို့လဲ အရမ်းချမ်းသာတဲ့ မိသားစုတွေ ဒါမှမဟုတ် အာဏာပိုင်တွေရဲ့ ဒုတိယမျိုးဆက်တွေနဲ့ ရင်းနှီးမှုရအောင်လုပ်ဖို့ လာကြတာပါ.

တကယ်လို့ တစ်ယောက်ယောက်နဲ့သာ အိမ်ထောင်ရေးတစ်ခုတည်ဆောက်နိုင်သွားမယ်ဆိုရင် ပိုတောင်ကောင်းသေးတယ်. လူတိုင်းက ဒီကိုရည်ရွယ်ချက်နဲ့လာကြတာဖြစ်တယ်. အကျိုးအမြတ်က သူတို့အတွက် အရေးကြီးဆုံးအကြောင်းပြချက်ပဲဖြစ်ပါတယ်.

ချင်ကျန်း ကုရှောင်ရှောင်နဲ့တွဲတာကလဲ သူမရဲ့နောက်ခံကြောင့်ဖြစ်တယ်. ကုရှောင်ရှောင်တို့မိသားစု ဒီနေ့ပွဲကိုလာတဲ့ မိသားစုတွေနဲ့ လုံးဝမယှဉ်နိုင်ပေမယ့် သူမက ချင်ကျန်းရယူနိုင်မယ့် အကောင်းဆုံးလူပါပဲ. ပြီးတော့ အရမ်းချမ်းသာတဲ့မိန်းကလေးတွေကလဲ ချင်ကျန်းတို့မိသားကို လျစ်လျူရှုပြီးတော့ မနေနိုင်ပါဘူး.

ချင်ကျန်းနဲ့ သူငယ်ချင်းဖြစ်ထားတာကောင်းပေမယ့် ဘယ်သူမှတော့ သူ့ကိုလက်ထပ်ကြမှာမဟုတ်ပါဘူး.

မကြာခင်မှာပဲ ချင်ကျန်းလဲ ကုနင်းတို့အဖွဲ့ကို သတိထားမိသွားတယ်. အထူးသဖြင့် ကုနင်းရဲ့အလှကိုတွေ့လိုက်ရချိန်မှာ မူးမေ့သတိလစ်သွားတော့မတတ်ပါပဲ.

ကုနင်းနဲ့ ချင်ကျီရွှမ်းက သူငယ်ချင်းတွေဖြစ်တာကြောင့် ဒီပွဲမှာ ကုနင်းရှိနေတာကို သူနားလည်လိုက်ပါတယ်. သူ ကုနင်းလှမှန်း သိထားပေမယ့် အခုလိုဝတ်စုံလှလှပပဝတ်လိုက်ချိန်မှာတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်.

ထိုတစ်ခနမှာပဲ ချင်ကျန်းချစ်မိသွားတော့တယ်. သူ ကုနင်းနဲ့လမ်းခွဲခဲ့မိတာကိုလဲ နောင်တရသွားမိတယ်.

ပြီးတော့ ထိုအချိန်လေးမှာ ကုနင်းရဲ့နောက်ခံတွေကိုတောင် သူဂရုမစိုက်နိုင်တော့ပါဘူး. သူ ကုနင်းကို ချစ်မိသွားပြီဆိုတာ အခုချိန်မှာ ရှင်းရှင်းလင်းလင်းသိသွားပါတယ်.

ဒါပေမယ့် သူမနဲ့စကားတော့သွားမပြောရဲပါဘူး.

ချူးဖေ့ဟန်လဲ ချင်ကျန်း ကုနင်းကို ကြည့်နေမှန်းတွေ့သွားကာ,

"ကြည့်လိုက် သူနင့်ကိုကြည့်နေတယ်! သူသေချာပေါက် နောင်တရနေတာပဲဖြစ်ရမယ်!"

တကယ်တော့ ကုနင်းလို ထူးချွန်တဲ့မိန်းကလေးက ဘာလို့များအရင်က ချင်ကျန်းနဲ့တွဲခဲ့လဲဆိုတာ ချူးဖေ့ဟန် နားမလည်နိုင်ပါဘူး. ထိုကိစ္စကအမှန်တရားဖြစ်နေတာတောင်မှ ချူးဖေ့ဟန် မယုံကြည်နိုင်သေးဘူး.

တကယ်ကိုပဲ အရင်ကုနင်းသာ လက်ရှိကုနင်းပဲဖြစ်နေဦးမယ်ဆိုရင် ချင်ကျန်းကိုပဲ ကြိုက်နေဦးမှာပါ. ဒါပေမယ့် အခုကုနင်းက အရင်လူနဲ့လုံးဝမတူပါဘူး.

ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောလိုက်ဘူး.

ချင်ကျန်းရဲ့မျက်နှာမှာ နောင်တတွေပြည့်နေမှန်း ကုနင်းသတိထားမိပေမယ့် ဂရုမစိုက်ပါဘူး. သူ့အပေါ် ဘယ်တုန်းကမှ အကောင်းမမြင်ဖူးဘူး.

မိနစ်ပိုင်းလောက်နေတော့, အန်းကွမ်းယောင်လဲရောက်လာခဲ့တယ်. သူရောက်လာတဲ့အချိန်မှာပဲ သရော်လှောင်ပြောင်တဲ့ ယောကျ်ားသံတစ်သံထွက်ပေါ်လာခဲ့တယ်,

"အိုး! ဒါ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ ဥက္ကဌကြီးအန်းမဟုတ်လား? ငါကြားတာတော့ မင်းကုမ္ပဏီကိုရောင်းပြီးသွားပြီဆို. ပြီးတော့ မင်းက ဥက္ကဌလဲဆက်ဖြစ်နေသေးတယ်. အိုး, မဟုတ်သေးဘူး. အမှုဆောင်ဥက္ကဌဆိုပိုမှန်မှာပေါ့. ဝမ်းသာပါတယ်!"

ဝမ်းသာပါတယ်?

အန်းကွမ်းယောင် ဒေဝါလီခံရလုနီးပါးဖြစ်သွားပေမယ့် ဒီလူက ဝမ်းသာစကားပြောပေးနေတာလား?

ဒါသက်သက်မဲ့ အန်းကွမ်းယောင်ကို ဟာသတစ်ခုလိုလာလုပ်နေတာပဲ. ပြီးတော့ လူတိုင်းကလဲ ဆိုလိုချက်ကိုသိကြပါတယ်.

စီးပွားရေးလောကသည် စစ်မြေပြင်ပါပဲ. စီးပွားရေးလုပ်ငန်းရှင်တော်တော်များများက သူငယ်ချင်းကောင်းမဖြစ်နိုင်ကြပါဘူး. ဒါကြောင့် ဒီလူတင်မကဘဲ တခြားစီးပွားရေးလုပ်ငန်းရှင်တွေသည်လဲ အန်းကွမ်းယောင်ဒုက္ခရောက်တာကို မြင်တော့ အလွန်ဝမ်းသာခဲ့ကြပါတယ်.

................Book 10 Part143End..............

ဖီးနစ်သွေးစက်

အခန်း ၁၄၄ ဟောင်ရန်၏မိဘများ

ဘာသာပြန်သူ - Charm.Y

ဒါပေမယ့် တချို့လူတွေကတော့ ထိုလူရဲ့အပြုအမူကို မနှစ်သက်ကြပါဘူး. ဒါက ဆရာကြီးချင်၏မွေးနေ့ပွဲဖြစ်တယ်. သူဒီအချိန်မှာ အန်းကွမ်းယောင်ကို ပြဿနာမရှာသင့်ဘူး. ပြီးတော့ ချင်မိသားစုရဲ့ အမြင်မကြည်မှုကိုလဲ ခံသွားရလိမ့်မယ်.

ထိုလူရဲ့နာမည်ကတော့ ဝူလျန်ချင်းဖြစ်ပြီး မြို့တော်Fက လုပ်ငန်းစုကြီးတစ်ခု၏အခွဲမှ ဥက္ကဌတစ်ယောက်ဖြစ်ကာ အသက်ကတော့ အန်းကွမ်းယောင်နှင့်အတူတူပါပဲ.

ထိုရုံးခွဲတွင် အိမ်ခြံမြေလုပ်ငန်းပါဝင်ပြီး ရင်းနှီးငွေ ယွမ်၁ဘီလီယံရှိပါတယ်. ဝူလျန်ချင်းက ဥက္ကဌဖြစ်တာကြောင့် ထိုရုံးခွဲ၏ ရှယ်ယာ၂၅ရာခိုင်နှုန်းကိုပိုင်ဆိုင်ပါတယ်. သူ့ရဲ့အသားတင်ပိုင်ဆိုင်မှုကလဲ ယွမ်သန်း၂၀၀ကနေ ၃၀၀အထိရှိပါသေးတယ်.

ဝူလျန်ချင်းသည် ရည်ရွယ်ချက်ကြီးသူဖြစ်ပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို သူ့အပိုင်ဖြစ်အောင်စီစဉ်ထားပေမယ့် သင့်တော်တဲ့ဈေးနှုန်းကိုတော့မပေးချင်ခဲ့ပါဘူး. ဒါကြောင့် ကုနင်းမှာအခွင့်ရေးရှိသွားခဲ့တာပါ.

အန်းကွမ်းယောင်ဒေါသထွက်သွားပေမယ့် မျက်နှာပေါ်မှာတော့အမူအရာမပေါ်စေပါဘူး. ပြီးတော့ ပြန်ပြောလိုက်တယ်,

"အိုး, ကျွန်တော် ဒေဝါလီခံရလုနီးနီးဖြစ်သွားပေမယ့် ဥက္ကဌဝူက ကျွန်တော့်အတွက် ဝမ်းသာပေးနေသေးတာပဲ. တော်တော်စိတ်ဝင်စားဖို့ကောင်းသွားပြီ!"

"ဥက္ကဌအန်း, ကျွန်တော့်ကို စိတ်မဆိုးပါနဲ့. အဲ့လိုသဘောပြောတာမဟုတ်ပါဘူး. ကျွန်တော်ဝမ်းသာတယ်ဆိုတာက ခင်ဗျားရဲ့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဥက္ကဌရာထူးကို ဆက်ထိန်းသိမ်းထားနိုင်တာကို ဆိုလိုတာပါ." ဝူလျန်ချင်းရှင်းပြလိုက်ကာ သူ့တကယ့်ရည်ရွယ်ချက်ကိုတော့ ဝန်မခံပါဘူး.

"ဥက္ကဌဝူ ရှင်းပြဖို့အထိလိုတယ်လို့ ကျွန်တော်မထင်ပါဘူး. ခင်ဗျားအထင်မှားနေတာပဲ. ခင်ဗျားကျွန်တော် ဥက္ကဌရာထူးကိုဆက်ထိန်းထားနိုင်တာကြောင့် ဝမ်းသာပေးနေပေမယ့် တကယ်တော့ ကျွန်တော့ ရာထူးကို ဆက်ထိန်းထားနိုင်တယ်ဆိုတာ ကုမ္ပဏီကိုရောင်းခဲ့လို့ပါ. ပြီးတော့ ကျွန်တော်က အလုပ်သမားတစ်ယောက်လိုလုပ်ဖို့တော့ မလိုပါဘူး. ကုမ္ပဏီရဲ့လုပ်ပိုင်ခွင့်အာဏာက ကျွန်တော့်လက်ထဲမှာပဲဆက်ရှိနေတာလေ." အန်းကွမ်းယောင် ပြောလိုက်တယ်.

"ခင်ဗျား...." ဝူလျန်ချင်း ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတယ်. သူရိုင်းသွားတာလဲ သူသိပါတယ်. သူက အန်းကွမ်းယောင်ကို ဟာသလုပ်ချင်တာပေမယ့် တကယ်တမ်းကျသူပဲပြန်ဟာသအလုပ်ခံလိုက်ရတယ်.

"ဥက္ကဌအန်း, ခင်ဗျားဒီလိုကပ်သီးကပ်သက်ပြောနေတော့ ကျွန်တော်ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး."

ထို့နောက် ဝူလျန်ချင်းမှာ သူကပဲမတရားခံလိုက်ရသလိုမျိုး ပြုမူကာ ထွက်သွားတော့တယ်.

အန်းကွမ်းယောင် သူ့ကိုလွှတ်ပေးလိုက်ပါတယ်. ဒီပွဲမှာ ပြဿနာဖြစ်လို့ ဘာအကျိုးမှမရှိဘူးလေ.

သူတစ်ဖက်လှည့်လိုက်တော့ ချက်ချင်းပဲ ကုနင်းတို့အဖွဲ့ကို သတိထားမိသွားတယ်. ကုနင်းရဲ့ဝတ်စုံကြောင့် အန်းကွမ်းယောင် အံ့အားသင့်သွားရပြန်တယ်. ဒီမိန်းကလေးသူ့ကိုအမြဲတမ်း အံ့ဩအောင်လုပ်နိုင်လွန်းတယ်.

အန်းကွမ်းယောင် သူတို့ဆီလျှောက်သွားတော့ အန်းရီက အရင်နှုတ်ဆက်လိုက်ပြီး ကျန်တဲ့လူတွေလဲ နှောင့်နှေးခြင်းမရှိ နှုတ်ဆက်လိုက်ကြတယ်.

လူမြင်ကွင်းမှာတော့ အန်းကွမ်းယောင်က ကုနင်းနဲ့ ဆက်ဆံရေးကို လျှို့ဝှက်ချက်တစ်ခုအဖြစ်ထားကာ တခြားအငယ်တွေကိုဆက်ဆံသလိုသာ ဆက်ဆံလေတယ်.

ခနကြာနေတော့, သူတို့ဘက်ကို စုံတွဲတစ်တွဲလျှောက်လာကာ အနားမရောက်သေးခင်မှာပဲ အမျိုးသမီးက,

"ဟ, မင်းက ဒီမှာပဲ. အတူတူလာကြမယ်လို့ပြောတုန်းကကျ ငြင်းလိုက်တော့ ဒီပွဲကို စိတ်မဝင်စားဘူးထင်လိုက်တာ. မမျှော်လင့်ဘဲ မင်းက သူငယ်ချင်းတွေနဲ့ တိုးတိုးတိတ်တိတ်လာတာကိုး."

ကုနင်းနဲ့ ကျန်တဲ့လူတွေကတော့ ထိုနှစ်ယောက်ဘယ်သူမှန်းမသိ၍ နားမလည်ဖြစ်သွားကြတယ်. ထိုအချိန်မှာပဲ ဟောင်ရန်က မကြိုက်တဲ့ပုံနှင့် ပြန်ဖြေလိုက်တယ်.

"ကျွန်တော် လူကြီးတွေနဲ့မလာချင်ပါဘူး! သူငယ်ချင်းတွေနဲ့ပဲလာချင်တာ."

ထိုစကားကိုကြားတော့မှ ကုနင်းတို့လဲ ချက်ချင်းပဲ ထိုစုံတွဲသည် ဟောင်ရန်၏မိဘတွေမှန်း သိလိုက်ကြတယ်.

"မင်းက ငါတို့ကိုမမြင်ချင်ဘူးလား? ဟန်နီ, သူ့ကိုကြည့်ပါအုံး. သားက ကျွန်မတို့ကို မကြိုက်ဘူးတဲ့." ထိုအမျိုးသမီးက သူမဘေးကအမျိုးသားကို ကလေးတစ်ယောက်လို တိုင်တန်းလိုက်တယ်.

အမ်....

ကုနင်းတို့တွေ ဆွံ့အကုန်ကြတယ်. သူက တကယ်ပဲ ဟောင်ရန်ရဲ့အမေလား? အရမ်းချစ်ဖို့ကောင်းတာပဲ!

ဒါပေမယ့် ဟောင်ရန်နဲ့ သူ့အဖေ ဟောင်ကျုံးလုံတို့ကတော့ မနိုင်သလို မျက်ဖြူလန်ပြလိုက်ပြီး ဟောင်ရန်ကပြောလိုက်တယ်,

"အမေ, အခုက လူကြားထဲမှာလေ. ပုံမှန်အတိုင်းလေးပြုမူလို့မရဘူးလား?'

"မင်းဘာပြောလိုက်တယ်?" ဟောင်ရန်အမေရဲ့မျက်နှာက ချက်ချင်းဒေါသထွက်သလိုပုံစံပြောင်းလဲသွားတယ်.

ကုနင်းနဲ့ ကျန်တဲ့လူတွေကတော့ ဟောင်ရန်အမေရဲ့အမူအရာပြောင်းမြန်မှုကြောင့် အံ့ဩသွားကြတယ်. ဒါပေမယ့် အစောကလို အရမ်းချွဲတတ်တဲ့ပုံစံထက်တော့ အခုလိုက ပိုဆက်ဆံရလွယ်ပါတယ်.

"ဥက္ကဌအန်း, စိတ်မရှိပါနဲ့နော်." ဟောင်ကျုံးလုံးက ဟောင်ရန်နှင့် သူ့ဇနီးကို လျစ်လျူရှုကာ အန်းကွမ်းယောင်ကို စကားပြောလိုက်တယ်.

"ဥက္ကဌဟောင်, တွေ့ရတာဝမ်းသာပါတယ်. ကိစ္စမရှိပါဘူး." အန်းကွမ်းယေင်ပြန်ဖြေလိုက်ကာ ဟောင်ကျုံးလုံနှင့် လက်ဆွဲနှုတ်ဆက်လိုက်တယ်.

ဟောင်ကျုံးလုံသည် ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေပြီး ယွမ်သန်း၅၀၀လောက်ချမ်းသာတဲ့သူဖြစ်တယ်. သူ့ကုမ္ပဏီရဲ့အဆင့်ကလဲ ပိုင်ဆိုမှုအရ မြို့တော်Fတွင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏နောက်တွင်တည်ရှိသည်. သူတို့မိသားစုနှစ်ခုလုံးက စီးပွားရေးအရ ဘာပြဿနာမှမရှိတာကြောင့် တော်တော်လေးဆက်ဆံရေးအဆင်ပြေကြပါတယ်.

"တွေ့ရတာဝမ်းသာပါတယ်. လူကြီးမင်း ဟောင် နဲ့ အမျိုးသမီး ဟောင်." ကုနင်းတို့အားလုံး နှုတ်ဆက်လိုက်တယ်.

ဒီတော့မှ မိန်းကလေးသုံးယောက်ကို အမျိုးသမီးဟောင် မြင်သွားပြီး,

"မိန်းမလှလေး၃ယောက်ပါလား! အန်တီ့သားကိုကြိုက်နေတဲ့လူများ ဒီထဲမှာပါလား? အန်တီ့သားကိုကော လက်ထပ်ချင်ကြလား?"

ရုတ်တရက် လူတိုင်းဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်သွားကြတယ်.

"အမေ..." ဟောင်ရန်တစ်ခုခုပြန်ပြောချင်ပေမယ့် ဆက်ပြောလိုက်နိုင်ပါဘူး.

"တော်ပြီ, ကလေးတွေကိုရှုပ်နေတာ ရပ်လိုက်တော့. တခြားလူတွေကို သွားနှုတ်ဆက်ရအောင်!" ဟောင်ကျုံးလုံ ချက်ချင်းပဲ သူ့ဇနီးကို ဆွဲခေါ်သွားတာကြောင့် ကလေးတွေမှာ ထပ်မံ့အံ့ဩသွားကြရပြန်တယ်.

"အိုး, ခနနေပါဦး..." အမျိုးသမီးဟောင်မှာ တစ်ခုခုပြောချင်နေသေးပုံပေါ်ပေမယ့် သူခင်ပွန်းရဲ့ဆွဲခေါ်သွားတာကို ခံလိုက်ရတယ်.

"အမ်, ငါ့အမေက တခါတလေ ကလေးလိုပဲ. သူ့ကို စိတ်ထဲထားမနေပါနဲ့." ဟောင်ရန် ရှင်းပြလိုက်တယ်.

"ရပါတယ်. နင့်အမေက ချစ်ဖို့ကောင်းတယ်လို့တောင် ထင်သေးတယ်." ကုနင်းပြောလိုက်တယ်.

"ဒါဆို, အဖေလဲ သူငယ်ချင်းတွေနဲ့ စကားသွားပြောလိုက်ဦးမယ်. မင်းတို့ပဲ ပျော်ပျော်နေကြပေါ့." အန်းကွမ်းယောင်လဲ နှုတ်ဆက်ကာ ထွက်သွားတော့တယ်.

အန်းကွမ်းယောင်က အခုချိန်တွင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ပိုင်ရှင်မဟုတ်တော့ပေမယ့် အလုပ်အမှုဆောင်ဥက္ကဌအဖြစ်ဆက်ရှိနေပါသေးတယ်. ပြီးတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလဲ အရင်လို ဆက်ဆံရေးကောင်းတစ်ခုကို ဆက်ထိန်းသိမ်းထားချင်ကြပါသေးတယ်.

ပြီးတော့် ကုနင်းတို့လဲ ပြန်ပြီ စားသောက်နေလိုက်ကြတယ်.

"မုခယ်, ငါမင်းမိဘတွေကို မမြင်သေးပါလား." ဟောင်ရန်မေးလိုက်တယ်. အခုက ၈နာရီထိုးခါနီးနေပေမယ့် မုခယ်ရဲ့မိဘတွေကတော့ မရောက်လာကြသေးပါဘူး.

"အာ, ငါ့အဖေက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားလို့ မလာနိုင်ဘူး. သူ့အတွင်းရေးမှူးကိုပဲ သူ့အစားလာခိုင်းမှာ." မုခယ်ရှင်းပြလိုက်တယ်.

၈နာရီထိုးဖို့ မိနစ်အနည်းငယ်လောက်လိုတော့ ချင်ယီဖန်း၏အဖေ ချင်ဟောင်ကျန်းရောက်လာခဲ့တယ်.

ချင်ဟောင်ကျန်းသည် အနက်ရောက်တရုတ်ကျူးနစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်၆၀ဆိုပေမယ့် ကျန်းမာသန်စွမ်းနေတုန်းပါပဲ.

သူ့ရဲ့ ညာဘက်ဘေးမှာတော့ အသက်၅၀အရွယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးရပ်နေပါတယ်. သူမရဲ့အသားအရည်နှင့်လိုက်ဖက်လှတဲ့ နီညိုရောင်ချုန်းဆမ်းဝတ်စုံကို ဝတ်ဆင်ထားပါတယ်. သူမကတော့ ချင်ယီဖန်း၏အမေ ချင်ဟောင်ကျန်း၏ဇနီးပဲဖြစ်ပါတယ်.

ချင်ဟောင်ကျန်း၏ဘယ်ဘက်တွင်တော့ အသက်၃၀ကျော်လောက်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးရပ်နေပြီး နှင်းဆီနီရောင်ချုန်းဆမ်းကိုဝတ်ဆင်ထားပါတယ်. သူမကတော့ ချင်ယီဖန်း၏အစ်မ ချင်ယီချင်းပဲဖြစ်ပါတယ်.

ချင်ဟောင်ကျန်းနှင့် သူ့ဇနီးတွင် အသက်တော်တော်ကြီးမှရလာတဲ့ ချင်ယီဖန်းဆိုတဲ့ သားတစ်ဦးသာရှိပါတယ်. ဒါကြောင့် ငယ်ငယ်ကတည်းက အလိုလိုက်ထားကြပေမယ့် ပညာရေးတွင်တော့ စည်းကမ်းတင်းကျပ်ကြပါတယ်.

ဒါကြောင့် ချင်ယီဖန်းက အလိုလိုက်ခံရပေမယ့် မပျက်စီးပဲ ထူးချွန်တဲ့ လူငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာပါ.

အခုတော့ သူ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကိုတောင် တာဝန်ယူပေးနိုင်နေပါပြီ.

ချင်ဟောင်ကျန်း ထွက်လာတာနဲ့ လူအုပ်ကြီးလဲ တိတ်ဆိတ်သွားကာ သူ့ကိုသာ အာရုံစိုက်လိုက်ကြတယ်.

စကားခနပြောပြီးသွားတော့ အခုချိန်ဟာ လက်ဆောင်ပေးရမယ့်အချိန်ပါပဲ.

ပထမဆုံးပေးမယ့်လူတွေကတော့ ပုံမှန်အတိုင်းချင်မိသားစုဝင်တွေပါပဲ. ချင်ဟောင်ကျန်းရဲ့ ညီ, ချင်ကျီရွှမ်း၏အဖေ ချင်ဟောင်ကျီက အရင်ဆုံးစပေးရတဲ့သူပါ.

ချင်ဟောင်ကျီသည် မြို့တော်F ကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ပါတယ်.

အခုချိန်မတိုင်ခင်အထိ ချင်ကျီရွှမ်းအဖေက အာဏာကြီးတဲ့အရာရှိတစ်ယောက်မှန်း ကုနင်းမသိထားခဲ့ပါဘူး.

................Book 10 Part144End..............

ဖီးနစ်သွေးစက်

အခန်း ၁၄၅ မွေးနေ့လက်ဆောင်များ

ဘာသာပြန်သူ - Charm.Y

ချင်ဟောင်ကျီက ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်ဖြစ်တာကြောင့် ဈေးကြီးတဲ့လက်ဆောင်ကို မပြင်ဆင်ခဲ့ပဲ သူ့အစ်ကိုအတွက် ဆုတောင်းလက်ရေးစာကိုပေးခဲ့ပါတယ်. ချင်ဟောင်ကျီသည် မြို့တော်Fတွင် လက်ရေးလှရေးရာမှာ ထူးချွန်သူဖြစ်တာကြောင့် လက်ဆောင်ကောင်းတစ်ခုပါပဲ. သူတို့က မိသားစုလဲဖြစ်တာကြောင့် လေးစားမှုကသာ တန်ဖိုးအကြီးဆုံးလက်ဆောင်ဖြစ်ပါတယ်.

ဒုတိယကတော့ ချင်ဟောင်ကျန်း၏သမီး ချင်ယီချင်းဖြစ်ပါတယ်.

ချင်ယီချင်းသည် အဝတ်အစားဒီဇိုင်နာတစ်ယောက်ဖြစ်တာကြောင့် သူမအဖေအတွက် တရုတ်ကျူးနစ်ဝတ်စုံကို ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးပေးခဲ့ပါတယ်. ဒီဝတ်စုံက သူမအကောင်းဆုံးကြိုးစားအားထုတ်ထားခြင်းဖြစ်တယ်.

ချင်ယီချင်းရဲ့ ခင်ပွန်းကတော့ သူ့ယောက္ခထီးကို အလယ်အဆင့်မြင့်ကျောက်စိမ်းနဲ့ပုံဖော်ထားတဲ့ အလှဆင်ပစ္စည်းကိုပေးခဲ့ပါတယ်. ၎င်းးမှာ ခြင်္သေ့ခေါင်းနှင့် ချီလင်ဒီဇိုင်းဖြစ်ပြီး အဖိုးများစွာထိုက်တန်ပါတယ်. ဘာလို့ဆို ကျောက်စိမ်းက တန်ဖိုးရှိတဲ့အပြင် ချင်ဟောင်ကျန်းကလဲ အရမ်းသဘောကျတာကြောင့်ပါ.

နောက်တစ်ယောက်ကတော့ ချင်ယီဖန်းဖြစ်ပြီး သူ့အဖေကို အစိမ်းရောင်ဘုရင်နှင့်လုပ်ထားတဲ့ ကျောက်စိမ်းလက်စွပ်တစ်ကွင်းပေးခဲ့ပါတယ်. အစိမ်းရောင်ဘုရင်က ငုံးဥလုံးလောက်ကြီးတယ်ဆိုပေမယ့် လက်စွပ်တစ်ကွင်းသာလုပ်လို့ရခဲ့ပါတယ်.

ထိုလက်စွပ်ကို အစိမ်းရောင်ဘုရင်နှင့်လုပ်မှန်းသိသွားတော့ လူအုပ်ကြီး၏ဆွေးနွေးသံတွေပေါက်ကွဲထွက်လာတယ်. ချင်ဟောင်ကျန်းလဲ အံ့ဩမှင်တက်သွားတယ်. ဒါကအစစ်လို့တောင် မယုံကြည်နိုင်တော့ပဲ ထိုကျောက်စိမ်းလက်စွပ်ကိုယူကာ စစ်ဆေးကြည့်လိုက်တယ်. တကယ်အစိမ်းရောင်ဘုရင်ပဲဆိုတာသိလိုက်တော့ ချင်ဟောင်ကျန်း၏မျက်နှာမှာ ပျော်ရွှင်မှုတွေနဲ့ တောက်ပလာတော့တယ်.

"ယီဖန်း, အစိမ်းရောင်ဘုရင်ကို သားဘယ်ကရလာတာလဲ?" ချင်ဟောင်ကျန်းမေးလိုက်တယ်.

"ကျွန်တော့်သူငယ်ချင်းက အစိမ်းရောင်ဘုရင်ရောင်းဖို့ရှိတယ်ဆိုတာနဲ့ ကျွန်တော်ဝယ်လိုက်တာ. ပြီးတော့ ဒါကို ယီချိုင်ကျောက်စိမ်းဆိုင်မှာပဲ ပုံဖော်ခဲ့တာ." ချင်ယီဖန်းရှင်းပြလိုက်တယ်. ပြီးတော့ ကုနင်းက မလိုအပ်တဲ့ အာရုံစိုက်မှုတွေမခံရချင်တာကြောင့် သူ့ကို တခြားသူတွေအား အစိမ်းရောင်ဘုရင်က သူမဆီကလို့မပြောခိုင်းတာတာကြောင့် ချင်ယီဖန်းလဲ နာမည်တပ်ပြီးမပြောလိုက်ပါဘူး.

ပြီးတော့ လက်စွပ်အပြင် ကျန်တဲ့ကျောက်စိမ်းတွေကိုတော့ လည်ဆွဲတစ်ခုလုပ်ကာ ချင်ယီဖန်းသူ့ဘာသာသိမ်းထားခဲ့ပါသေးတယ်.

"အိုး." ချင်ယီဖန်းပြောရင်းနဲ့ နောက်ထပ်သေတ္တာလေးတစ်ခုကိုထုတ်ယူလိုက်ကာ,

"အမေ့အတွက်လဲ လက်ဆောင်ပြင်ခဲ့သေးတယ်."

"တကယ်လား? အမေလဲလက်ဆောင်ရမှာပေါ့? ဘာများလဲ?" အမျိုးသမီးချင် အံ့ဩသွားတယ်.

"ကိုယ်တိုင်ဖွင့်ကြည့်လိုက်ပါ." ချင်ယီဖန်း ဘာဆိုတာမပြောပဲ သူ့အမေကို ကိုယ်တိုင်ဖွင့်ကြည့်ခိုင်းလိုက်တယ်.

ချင်ယီဖန်းအမေက သူ့အဖေနဲ့လက်ထပ်ထားတာ နှစ်ပေါင်းများစွာကြာမြင့်ပြီးဖြစ်တာကြောင့် ကျောက်စိမ်းမျိုးစုံနဲ့ ရင်းနှီးနေပါပြီ.

"မင်းက အခုထိ လျှို့ဝှက်နေသေးတာလား?" အမျိုးသမီးချင်ပြုံးရင်း သေတ္တာလေးကို ဖွင့်ကြည့်လိုက်တယ်.

အထဲမှာတော့ သုံးရောင်ချယ်တောင်ပံပုံစံ လက်မအရွယ်လောက်ရှိတဲ့ ဆွဲသီးတစ်ခုနှင့် နားကွင်းတစ်စုံရယ်ရှိနေပါတယ်.

၎င်းတို့ဟာလဲ ကျောက်စိမ်းဖြစ်နေတာကြောင့် ချင်ဟောင်ကျန်းချက်ချင်းယူစစ်လိုက်တယ်. ခနကြာတော့မှ ချင်ဟောင်ကျန်းမျက်လုံးတွေ စိတ်လှုပ်ရှားစွာတောက်ပလာပြီး,

"ဒါ-ဒါ ဖူလူရှိုးကျောက်စိမ်းမဟုတ်လား!"

ထိုစကားကြောင့် ထပ်ပြီးဆူညံသွားကြပြန်တယ်. ဒီနေ့ ချင်ယီဖန်း အရမ်းကို ရက်ရောနေပါ့လား!

"ဒါလဲ မင်းသူငယ်ချင်းဆီကပဲဝယ်ခဲ့တာလား?" ချင်ဟောင်ကျန်းမေးလိုက်တယ်.

"ဟုတ်ပါတယ်." ချင်ယီဖန်းက ဟုတ်တယ်လို့သာဖြေလိုက်တာကြောင့် ချင်ဟောင်ကျန်း ဆက်မမေးတော့ပေ.

ထို့နောက် တခြားဧည့်သည်တော်တွေရဲ့လက်ဆောင်ကိုပြရမယ့်အလှည့်ရောက်လာခဲ့ပါတယ်. ပစ္စည်းတွေက တန်ဖိုးကြီးကြပြီး ယွမ်သိန်းဂဏန်းကနေ သန်းဂဏန်းအထိတန်ဖိုးရှိကြပါတယ်.

ဒါပေမယ့်အနည်းစုကသာ ယွမ်သန်းကျော်တန်ဖိုးရှိလက်ဆောင်ကိုပေးကြတာဖြစ်ပါတယ်. ပစ္စည်းတိုင်းက အရမ်းဈေးကြီးနေရင်လဲ မသင့်တော်ဘူးလေ. ပြီးတော့ အဲ့လိုပေးရင်လဲ ချင်မိသားစုကို ဖားချင်လို့ဆိုပြီး သတင်းတွေထွက်သွားနိုင်ပါသေးတယ်.

လူတိုင်းက ချင်ဟောင်ကျန်းကျောက်စိမ်းတွေကိုကြိုက်မှန်းသိပေမယ့် အရည်အသွေးမြင့်ကျောက်စိမ်းတွေကိုဝယ်ဖို့ဆိုတာ မလွယ်ကူပါဘူး. ပြီးတော့ ကျောက်စိမ်းကောင်းတွေရဲ့ ဈေးနှုန်းကလဲ အရမ်းမြင့်တယ်လေ.

ချင်ယီချင်းရဲ့ အမျိုးသားပေးတဲ့ လက်ဆောင်ကိုပဲကြည့်ပါလား. ထိုထဲမှ ဈေးအပေါဆုံးတစ်ခုကတောင် ယွမ်၇သန်းလောက်တန်ဖိုးရှိပါတယ်.

လီကျန်းယွီနဲ့ သူ့ညီမအပြင် သူတို့အဖေ လီရှန်းမင်လဲ ပွဲတက်ပါတယ်. လီရှန်းမင်နဲ့ ချင်ဟောင်ကျန်းသည် ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တာကြောင့် အခုလိုသူ့ညီအစ်ကိုရဲ့မွေးနေ့ပွဲကို ဘယ်အလွတ်ခံပါ့မလဲ.

လီမိသားစုရဲ့လက်ဆောင်ကတော့ သာမာန်မဟုတ်ပါဘူး. အလယ်အမြင့်ဆင့်ကျောက်စိမ်းနှင့်လုပ်ထားသော စစ်သည်တော်ပုံပဲဖြစ်ပါတယ်. ကျောက်စိမ်းအရွယ်အစားကမကြီးတာကြောင့် စစ်သည်တော်ကလဲ သိပ်မကြီးပါဘူး. ဒါပေမယ့် ယွမ်၁၀သန်းကျော်တော့တန်ဖိုးရှိပါတယ်.

အန်းကွမ်းယောင်အလှည့်ရောက်သွားတော့ သူကုနင်းထံကရထားတဲ့ 'ရေအိုင်နှင့်လူငယ်'ပန်းချီကားကိုထုတ်လိုက်တယ်.

သဘာဝပန်းချီကားပုံပေါ်လာတော့ လူတိုင်းထပ်မံစိတ်လှုပ်ရှားသွားကြပြန်တယ်. ဝူကွမ်းကျုံသည် ကျော်ကြားတဲ့ခေတ်သစ်ပန်းချီဆရာတစ်ယောက်ဖြစ်တာကြောင့် အများစုမှာ သူ့နာမည်ကိုကြားဖူးကြပါတယ်.

ပန်းချီရဲ့ဈေးနှုန်းကြောင့် သူတို့မထိတ်လန်သွားကြပေမယ့် အဖိုးတော့တန်ပါတယ်. ဒီမှာဈေးနှုန်းမဖော်ပြထားတဲ့ ပစ္စည်းတွေအများကြီးလဲရှိနေပြီးသားလေ.

"ဘာ? အဲ့ဒါက ဝူကွမ်းကျုံရဲ့ သဘာဝပန်းချီထဲက 'ရေအိုင်နှင့်လူငယ်'ပန်းချီကားအစစ်လား? ငါ့ကိုပြကြည့်ပါဦး!" အသက်၇၀လောက်ရှိတဲ့အဖိုးအိုတစ်ဦးက ဝမ်းသာစွာနဲ့ပြောပြီး ပန်းချီကားနားကို လျှောက်လာခဲ့တယ်.

ထိုလူကတော့ ရှေးဟောင်းပစ္စည်းပြတိုက်၏ ပြတိုက်မှူး ကုချန်ကျန်းပဲဖြစ်ပါတယ်.

ကုချန်ကျန်းက အန်းကွမ်းယောင်လက်ထဲက 'ရေအိုင်နှင့်လူငယ်' ပန်းချီကား၏ စစ်မှန်မှုကို မေးခွန်းထုတ်တာမဟုတ်ပဲ တကယ်ကြည့်ချင်နေတာပါ.

ချင်ဟောင်ကျန်းလဲ စိတ်လှုပ်ရှားသွားတယ်. ဘာလို့ဆို သူလဲ ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေကို အရမ်းစိတ်ဝင်စားတယ်လေ.

ကုချန်ကျန်းသည် အရေးကြီးပုဂ္ဂိုလိမှန်း အန်းကွမ်းယောင်လဲသိတာကြောင့် တုံ့ဆိုင်းမှုမရှိ ပန်းချီကားကိုလှမ်းပေးလိုက်တယ်. ချင်ဟောင်ကျန်းလဲ ချက်ချင်းအနားကိုလျှောက်လာပြီး သူ့နောက်တွင်တော့ အနုပညာကို မြတ်နိုးသူတွေလိုက်လာကြတယ်.

အစမှာတော့ တကယ့်ပန်းချီဆရာ၏လက်ရာတွေက ရှားပါးတာကြောင့် အစစ်လို့မယုံကြပေမယ့် ခနနေတော့ ကုချန်ကျန်းက အစစ်ဆိုတာ အတည်ပြုပေးလိုက်တယ်.

ပြီးတော့ သူကနေပြီး,

"လွန်ခဲ့တဲ့နှစ်တွေတုန်းက, 'ပီကင်းရဲ့နှင်းစက်'ပန်းချီကားကို ယွမ်၅သန်းနဲ့ရောင်းခဲ့တယ်. ဒီ'ရေအိုင်နှင့်လူငယ်' ပန်းချီကတော့ အရင်ဟာထက်ပိုပြီး ဈေးကြီးမယ်!"

ထိုစကားကိုကြားလိုက်တော့ လူတိုင်းအသက်ရှူမြန်ကုန်ကြတယ်. ဒီပန်းချီကားရဲ့ တန်ဖိုးက ယွမ်၅သန်းမကဘူးတဲ့လား.

တစ်ချိန်တည်းမှာပဲ အန်းကွမ်းယောင် တမင် ရည်ရွယ်ပြီး ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကိုပေးတာလို့ လူတိုင်းယုံကြည်သွားကြတယ်. ဒါချင်မိသားစုကို သက်သက်မျက်နှာလုပ်တာပဲ. ဒါကြောင့် တော်တော်များများ သူ့ကို မကျေမနပ်ကြည့်လိုက်ကြတယ်.

အန်းကွမ်းယောင်ကတော့ ထိုအကြည့်တွေကို စိတ်ထဲထားမနေပဲ ရှင်းပြလိုက်တယ်,

"လူကြီးမင်းချင်, ကျွန်တော့်ကုမ္ပဏီရောင်းလိုက်ရတာ ခင်ဗျားသိပြီးဖြစ်မှာပါ. တကယ်တော့ ဒီပန်းချီကားက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ တကယ့် ပိုင်ရှင်အစစ်ကပေးလိုက်တာပါ. ကျွန်တော့ဘော့စ်က ဒီပန်းချီကားကို ရှေးဟောင်းဈေးမှာ ယွမ်၁ထောင်တည်းနဲ့မမျှော်လင့်ပဲ ရခဲ့တာပါ. ခင်ဗျားသဘောကျတယ်ဆို လက်ခံပေးပါဗျ."

ဘာ? ယွမ်၁ထောင်?

ထိုစကားကိုကြားတော့ အားလုံးထိတ်လန့်ကာ မျက်လုံးတွေတောင်ပြူးကျယ်ကုန်ကြတယ်.

ယွမ်၅သန်းမကတန်ဖိုးရှိတဲ့ပန်းချီကားကို ယွမ်၁ထောင်ထဲနဲ့ဝယ်ခဲ့တာတဲ့လား? လုံးဝမယုံကြည်နိုင်စရာပဲ!

ဒါသာအမှန်ဆို, ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ ပိုင်ရှင်အစစ်က တော်တော်ထူးချွန်တဲ့လူပဲဖြစ်ရမယ်!

"ဟ-ဟ, ငါအရမ်းကြိုက်တာပေါ့!" ချင်ဟောင်ကျန်း ရယ်မောလိုက်ပြီး ပန်းချီကားကိုပြန်လိပ်ထည့်လိုက်တယ်. သူအရမ်းပျော်ရွှင်နေတာကို ဟန်တောင်မဆောင်နိုင်ပါဘူး.

သူ ရှန်းဟွာရဲ့တကယ့်ပိုင်ရှင်အကြောင်းသိချင်ပေမယ့် ဘာမှမမေးခဲ့ပါဘူး. ပိုင်ရှင်အစစ်ကသာ လျှို့ဝှက်ထားချင်ရင် သူလဲ အနှောက်အယှက်ဖြစ်အောင် အတင်းမဖော်ထုတ်ချင်ပါဘူး.

ကျန်တဲ့ ဧည့်သည်တွေက သူတို့လက်ဆောင်တွေကို ဆက်လက်ထုတ်ပြကြတယ်. တချို့က ယွမ်သိန်းဂဏန်းမှ သန်းဂဏန်းအထိတန်ဖိုးရှိသော ရှေးဟောင်းပစ္စည်းတွေကိုပေးကြပါသေးတယ်.

ဈေးမနိမ့်ပေမယ့် 'ရေအိုင်နှင့်လူငယ်က'ထက်တော့ ဘယ်ပစ္စည်းကမှ ပိုတန်ဖိုးမရှိနေပါဘူး. ကုချန်ကျန်း တခြားပစ္စည်းတွေကိုလဲ ယူကြည့်ပေမယ့် စိတ်လှုပ်ရှားမှုတော့ မဖြစ်ပါဘူး.

All Chapters