အခန်း (၁၄၆-၁၅၀)
Vol. 10 Ch. 146-150
အခန်း ၁၄၆ ကြည့်ရဆိုးသောအပြုံး
ဘာသာပြန်သူ - Charm.Y
လက်ဆောင်ပေးခြင်းအစီအစဉ်ပြီးဆုံးခါနီးတော့ ကုနင်း မုခယ်ဆီက သူမကျောပိုးအိတ်ကိုယူလိုက်ပြီး တခြားလူတွေမတွေ့နိုင်မယ့်နေရာကိုလျှောက်သွားလိုက်တယ်. ပြီးတော့ ကျောပိုးအိတ်ထဲမှာရှိတဲ့အရာတစ်ခုခုနဲ့ သူမပြင်ဆင်ထားတဲ့လက်ဆောင်ကို လဲလိုက်ကာ လက်ဆောင်ကိုတော့ သူမလက်ထဲမှာကိုင်ထားပြီး ကျောပိုးအိတ်ကိုတော့ မုခယ်ထံပြန်ပေးလိုက်တယ်.
ချင်ယီဖန်းက ကုနင်းကိုပဲတစ်ချိန်လုံးလိုက်ကြည့်နေတာကြောင့် သူမပြန်လာတော့ သစ်သားသေတ္တာလေးတစ်ခုပါလာတာကိုတွေ့လိုက်တယ်. ထိုသေတ္တာမှာ ၂၀စင်တီမီတာလောက်ကျယ်ပြီး ၃၀စင်တီမီတာလောက်ရှည်ပါတယ်.
ဒါ သူ့အဖေအတွက်လက်ဆောင်ပဲဖြစ်ရမယ်.
သူ ကုနင်းလက်ဆောင်ပြင်ဆင်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး.
ကုနင်းလျှောက်လာတော့ လူတိုင်းသူမကိုကြည့်လာကာ တချို့ကတော့ အံ့ဩနေကြတယ်. တချို့ကတော့ သူမအလှကို သဘောကျနေကြပြီး တချို့ကတော့ မနာလိုဖြစ်နေကြတယ်. ကုနင်း ထိုလူတွေအားလုံးကို လျစ်လျူရှုပြီး တည့်တည့်ပဲလျှောက်သွားတယ်. ချင်ဟောင်ကျန်းက ကုနင်းကိုမသိတာကြောင့် ချမ်းသာတဲ့မိသားစုက ပညာတတ်မိန်းကလေးတစ်ယောက်ပဲဖြစ်မယ်လို့ တွေးလိုက်တယ်.
"ဆရာကြီးချင်, တွေ့ရတာဝမ်းသာပါတယ်. ကျွန်မက ချင်ယီဖန်းနဲ့ ချင်ကျီရွှမ်းတို့ရဲ့ သူငယ်ချင်း ကုနင်းပါ. ဒီကို လာခွင့်ရတဲ့အတွက်လဲ ဂုဏ်ယူမိပါတယ်. ကျွန်မတို့အဖွဲ့ကနေပြီး ဆရာကြီးကို အရှေ့ပင်လယ်တမျှပျော်ရွှင်မှုတွေရရှိပြီး ကျုံးနန်တောင်လို အသက်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါရစေ!" ကုနင်းပြောလိုက်တယ်.
"ကောင်းတယ်, ကျေးဇူးအများကြီးတင်ပါတယ်, မိန်းကလေးကု." ချင်ဟောင်ကျန်းပြုံးကာပြောလိုက်တယ်.
ချင်ယီဖန် ရှေ့ကိုထွက်လိုက်ကာ သေတ္တာကို ယူလိုက်တယ်. စည်းမျဉ်းတွေအရ လက်ဆောင်ပစ္စည်းကို ကြေငြာပေးဖို့လိုအပ်ပါတယ်.
ချင်ယီဖန်း သေတ္တာကိုဖွင့်ပြီး အထဲကပစ္စည်းနာမည်ရေးထားတဲ့ကဒ်ကိုမြင်လိုက်တော့ ထိတ်လန့်အံ့ဩသွားတယ်. ပြီးတော့ ကုနင်းနဲ့ သူမသူငယ်ချင်းတွေကို တစ်ချက်ကြည့်လိုက်ကာ အသံကျယ်ကျယ်နှင့်,
"ချင်မင်းဆက် ချင်လုံခေတ်ရဲ့ သမင်ခေါင်းဖန်ခွက်ပါ."
"ဘာ? မင်းသေချာရဲ့လား?"ထိုစကားကိုကြားတော့ ကုချန်ကျန်း ချက်ချင်းမတ်တပ်ထရပ်ကာမေးလိုက်တယ်.
ချင်ဟောင်ကျန်းလဲ ထိုနည်းတူပါပဲ.
ထိုကြေငြာချက်ကိုကြားတဲ့လူတွေလဲ အံ့ဩနေကြတယ်. ကုချန်ကျန်း ဒီလောက်ပျော်ရွှင်နေတာကို ကြည့်ရုံနှင့် ထိုဖန်ခွက်မည်မျှရှားပါးတန်ဖိုးရှိမှန်း သူတို့သိလိုက်ကြပါတယ်.
ကုချန်ကျန်း သူလက်နှစ်ဖက်နှင့် ဖန်ခွက်ကို ဂရုတစိုက်ကိုင်လိုက်ကာ စိတ်လှုပ်ရှားမှုအပြည့်နှင့် အချိန်အကြာကြီး စစ်ဆေးနေလိုက်တယ်.
ထိုဖန်ခွက်သည် 'ရေအိုင်နှင့်လူငယ်' ပန်းချီကားထက်ဈေးနိမ့်ပေမယ့် ထိုသဘာဝပန်းချီကားလိုပဲ တန်ဖိုးရှိပါတယ်. ဒီပစ္စည်းက ချင်လုံခေတ်ရဲ့ရှေးဟောင်းပစ္စည်းတစ်ခုပဲလေ!ပြီးတော့ အရောင်အသွေးဖျော့ဖျော့လေးတောင်ရှိနေသေးတယ်.
ချင်ကျန်းကတော့ ထိုခွက်ကို ကုနင်းဝယ်နိုင်လိမ့်မယ်လို လုံးဝမထင်ပါဘူး. သူမက အရမ်းဆင်းရဲတယ်လေ. ဒါတခြားတစ်ယောက်ယောက်က ဝယ်ခဲ့တာပဲဖြစ်ရမယ်.
လက်ဆောင်ပေးတဲ့အစီအစဉ်ကပြီးဆုံးသွားပြီး ပျော်ပွဲရွှင်ပွဲအချိန်ရောက်လာတောင်ကြောင့် လူတိုင်းပျော်နေကြတယ်.
လီကျန်းကျန်း ချင်ယီဖန်းနဲ့စကားသွားပြောပြီး ကုနင်းနားမကပ်အောင်လုပ်ချင်ပေမယ့် သူမနောက်ကျသွားခဲ့ပါပြီ. ချင်ယီဖန်းက ကုနင်းနားကိုရောက်နေပြီးဖြစ်ပါတယ်. လီကျန်းကျန်း အရမ်းစိတ်တိုသွားပေမယ့် ကြားဝင်တော့ မဖျက်ရဲပါဘူး.
ကုနင်းသူမလုပ်ခဲ့တဲ့ကိစ္စတွေကို ချင်ယီဖန်းအားပြောပြလိုက်မှာစိုးရိမ်နေတယ်.
လီကျန်းကျန်းက ဒီပွဲမှာ အလှဆုံးတော့မဟုတ်ပေမယ့် သူမလဲလှပါတယ်. ဒါကြောင့် ယောကျ်ားတော်တော်များများက သူမနဲ့စကားပြောချင်ကြပေမယ့် သူမကတော့ ချင်ယီဖန်းတစ်ယောက်တည်းနဲ့သာပြောချင်နေတာပါ. ဒါကြောင့် သူမနေ့လို့မကောင်းဘူးလို့ပြောကာ ထိုလူတွေကို ချန်ထားခဲ့လိုက်တယ်.
ထိုလူတွေမှာလဲ လီကျန်းကျန်းရဲ့နောက်ခံကြောင့် သူမရဲ့အပြုအမူကို စိတ်ပျက်နေတာတောင်မှ မကျေနပ်ကြောင်းမဖော်ပြကြပါဘူး.
ချင်ယီဖန်း ကုနင်းကို တောင်းပန်လိုက်တယ်,
"ငါက မင်းတို့ကို ဒီညပျော်ရအောင်လို့ပဲဖိတ်လိုက်တာ လက်ဆောင်ပြင်ထားမယ်လို့မမျှော်လင့်မိဘူး. မင်းတို့ငွေတွေကုန်သွားလို့ ငါစိတ်မကောင်းပါဘူး."
ချူးဖေ့ဟန်နဲ့ ကျန်တဲ့လူတွေကတော့ သူတို့လက်ဆောင်မပြင်ခဲ့ရတာကြောင့် ရှက်နေကြပါတယ်. ဒီပစ္စည်းကို ကုနင်းတစ်ယောက်တည်း ပြင်ဆင်ခဲ့တာလေ.
"ဘာမှမဖြစ်ပါဘူး." ကုနင်းအေးဆေးပဲပြန်ပြောလိုက်တယ်.
ချင်ယီဖန်း ပြုံးလိုက်ကာ ထိုအကြောင်းဆက်မပြောတော့ပဲ,
"ပွဲက ပျော်ဖို့ကောကောင်းရဲ့လား?"
"ကောင်းပါတယ်." ကုနင်းပြန်ဖြေလိုက်တယ်. သူမရဲ့အရင်ဘဝတုန်းက ဒီလိုပွဲမျိုးမရေမတွက်နိုင်အောင် တက်ရောက်ခဲ့ဖူးတာကြောင့် ရင်းနှီးနေပါပြီ.
"တော်သေးတာပေါ့" ချင်ယီဖန်းပြန်ပြောလိုက်တယ်.
ထိုအချိန်မှာ စုံတွဲတစ်တွဲ သူတို့ထံလျှောက်လာခဲ့တယ်.
အမျိုးသားကတော့ ဝေ့ကျီယွဲ့ဖြစ်ပြီး အမျိုးသမီးကိုတော့ ကုနင်းမသိပါဘူး.
"မိန်းကလေးကု, မတွေ့တာကြာပြီနော်." ဝေ့ကျီယွဲ့ ကုနင်းကို နှုတ်ဆက်လိုက်တယ်.
"လူကြီးမင်းဝေ့, တွေ့ရတာဝမ်းသာပါတယ်!" ကုနင်းပြန်နှုတ်ဆက်လိုက်ပြီး ဘေးနားကအမျိုးသမီးကိုတော့ ပြုံးပြလိုက်တယ်. ထိုအမျိုးသမီးကလဲ ပြန်ပြုံးပြလေတယ်.
ကုနင်း သူတို့နှစ်ယောက်ရဲ့ပတ်သတ်မှုကိုမသိတာကြောင့် ဘယ်လိုမှမခေါ်တော့ပါဘူး.
"ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာနေရတာ အဆင်ရောပြေရဲ့လား?" ဝေ့ကျီယွဲ့မေးလိုက်တယ်.
"အဆင်ပြေပါတယ်. မေးတဲ့အတွက်ကျေးဇူးပါ လူကြီးမင်းဝေ့." ကုနင်းပြန်ဖြေလိုက်တယ်.
"ကောင်းတာပေါ့! ခင်ဗျားက ကျွန်တော့်ရဲ့ ညီအစ်ကိုကောင်းက မိတ်ဆက်ပေးထားတဲ့ ဝယ်သူဆိုတော့ ပိုပြီးတော့ ဂရုစိုက်ပေးရမှာပေါ့! မဟုတ်ရင် သူမကျေမနပ်ဖြစ်နေလိမ့်မယ်."
ဝေ့ကျီယွဲ့ နောက်သလိုလိုနဲ့ပြောလိုက်တယ်.
ထိုစုံတွဲလဲအကြာကြီးမနေပဲ ထွက်သွားပါတယ်.
ချင်ယီဖန်း ကုနင်းနားကြာကြာနေချင်သေးပေမယ့် သူက ပွဲရှင်ဖြစ်တာကြောင့် ဧည့်သည်တစ်ယောက်တည်းကိုပဲ ဧည့်ခံနေ၍မဖြစ်ပါဘူး. ဒါကြောင့် ခနပဲနေပြီး သူလဲထွက်သွားပါတယ်.
ချင်ယီဖန်း ထွက်သွားတာနဲ့ ကုနင်းကို မနာလိုစွာဖြင့် တချိန်လုံးကြည့်နေတဲ့ အကြည့်တွေသည်လဲ ပျောက်ကွယ်သွားတော့တယ်. ထိုသို့ကြည့်နေသူကတော့ သေချာပေါက် လီကျန်းကျန်းပဲပေါ့.
ကုနင်း လှမ်းကြည့်လိုက်တော့ လီကျန်းကျန်းက ထောင့်နားတစ်နေရာတွင် တစ်ယောက်တည်းထိုင်နေပါတယ်. သူဝိုင်တစ်ခွက်ကိုယူလိုက်ပြီး လီကျန်းကျန်းဆီမသွားခင် ချူးဖေ့ဟန်နဲ့တို့ကို တစ်ခုခုအရင်ပြောလိုက်တယ်.
လီကျန်းကျန်းရဲ့အကြည့်တွေက တစ်ချိန်လုံး ချင်ယီဖန်းကိုပဲကြည့်နေတာကြောင့် ကုနင်းသူမဆီလျှောက်လာတာကို သတိမထားမိခဲ့ဘူး. သူမသတိထားမိသွားချိန်မှာတော့ ကုနင်းက သူမဘေးကိုတောင်ရောက်နေခဲ့ပြီ.
လီကျန်းကျန်း စိုးရိမ်သွားပေမယ့် ရှောင်ဖို့တော့ အရမ်းနောက်ကျသွားပါပြီ. ဒါ့အပြင် ကုနင်းရှေ့ကျမှရှောင်လိုက်ပါက သူမ ကုနင်းကို ကြောက်နေမှန်း သိသာသွားပါလိမ့်မယ်.
လီကျန်းကျန်း ကုနင်းကို ကြောက်နေရင်တောင်မှ သူမရဲ့မာနက ကုနင်းကို ရှောင်ဖို့ခွင့်မပြုပါဘူး.
"မိန်းကလေးလီ, ထပ်ပြီးတွေ့ရတာဝမ်းသာပါတယ်." ကုနင်းပြုံးပြီး လီကျန်းကျန်းကိုနှုတ်ဆက်လိုက်တယ်. ထိုအပြုံးကတော့ ကြောက်စရာအပြုံးတစ်ခုသာဖြစ်ပါတယ်.
"အိုး! ကျွန်မလဲ ထပ်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်." လူကြားထဲဖြစ်တာကြောင့် ကုနင်းကို ပြန်နှုတ်ဆက်လိုက်ပေမယ့် အပြုံးတွေကတော့ ငိုနေတဲ့ပုံထက်တောင် ကြည့်ရဆိုးနေပါတယ်.
"မမျှော်လင့်ထားဘဲ မိန်းကလေးလီက အစ်ကိုရောအဖေရောနဲ့ ဒီညပွဲကိုတက်တာပဲ မဟုတ်ရင် ကျွန်မရှင့်ကို ကောင်းကောင်းဆက်ဆံပေးမို့ဟာ." ကုနင်းအဓိပ္ပါယ်ပါပါစကားလုံးတွေပြောလိုက်တယ်.
သူမကိုကောင်းကောင်းဆက်ဆံမယ်? ကုနင်း သူမကိုထိခိုက်အောင်လုပ်မလို့များလား?
"နင်..." လီကျန်းကျန် စိတ်တိုသွားပေမယ့် မနည်းထိန်းချုပ်ကာ,
"ကုနင်း, နင်အဓိပ္ပါယ်မရှိတာတွေမလုပ်နဲ့!"
"ကျွန်မပြောတာ ဘာအဓိပ္ပါယ်များဖြစ်သွားလို့လဲ? မိန်းကလေးလီပြောတာ ကျွန်မသိပ်နားမလည်ဘူး." ကုနင်း နားမလည်သလို ဟန်ဆောင်လိုက်တယ်.
"နင်..." လီကျန်းကျန်း အလွန်စိတ်တိုသွားပေမယ့် အမှန်ကိုတော့ မပြောရဲပါဘူး.
လီကျန်းကျန် ဘာမှပြန်မလုပ်နိုင်ပဲ သူ့ဒေါသသူထိန်းနေရတာကို မြင်တော့ ကုနင်းအရမ်းကျေနပ်သွားတယ်. ဒါကြောင့် ဟန်ဆောင်နေတာကို ရပ်လိုက်ပြီး ဒဲ့ပဲပြောလိုက်တော့တယ်,
"လီကျန်းကျန်း, နင်လုပ်ခဲ့တာရဲ့ အကျိုးကိုပြန်ခံရမယ်လို့ငါပြောပြီးသားနော်. ဒါပေမယ့် ဘယ်အချိန် ဘယ်နေရာမှာပြန်ပေးဆပ်ရမယ်ဆိုတာတော့ ငါပဲဆုံးဖြတ်မှာပါ. နင် အဲ့ဒီလူဆိုးတွေ အခုချိန်ထိ ဆေးရုံကတောင် မဆင်းနိုင်သေးတာကိုတော့ သိမယ်ထင်တယ်."
................Book 10 Part146End..............
ဖီးနစ်သွေးစက်
အခန်း ၁၄၇ ကုနင်းဘာလိုချင်တာလဲ?
ဘာသာပြန်သူ - Charm.Y
ပြီးတော့ ကုနင်းဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကလဲ သူမစိတ်အပေါ်မူတည်ပါတယ်.
"နင်..." လီကျန်းကျန်းမျက်နှာ ဖြူဖျော့သွားကာ တစ်ကိုယ်လုံးလဲ တုန်ရီလာတယ်.
လီကျန်းကျန်း ကုနင်းနဲ့အတူရှိနေတာကို လီကျန်းယွီသတိထားမိသွားတာနဲ့ တစ်ခုခုဖြစ်နေပြီမှန်း သိသွားကာ ချက်ချင်းသူတို့ဆီလျှောက်သွားလိုက်တော့တယ်.
လီကျန်းယွီလျှောက်လာတာကို မြင်တော့ ကုနင်းလဲ အချိန်ဖြုန်းမနေတော့ပဲ ချက်ချင်းပြန်ထွက်လာခဲ့တယ်.
"ကျန်းကျန်း, သူနင့်ကို ဘာတွေပြောသွားတာလဲ?" လီကျန်းကျန်း ကြောက်ရွံ့နေတာကို မြင်တော့ လီကျန်းယွီစိုးရိမ်စွာနဲ့မေးလိုက်တယ်.
"သူပြောတာက သူ့ကို လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်တဲ့." လီကျန်းကျန်းပြောရင်းအသံတွေပါတုန်နေတယ်.
"သေစမ်း! ကုနင်း! သူဘာလိုချင်နေတာလဲ?" လီကျန်းယွီစိတ်မရှည်တော့ပါဘူး. လီကျန်းကျန်း ကုနင်းကို လုပ်ခဲ့တဲ့ကိစ္စက အရမ်းကြာနေပြီပေမယ့် ကုနင်းကတော့ အခုချိန်ထိဘာမှပြန်မလုပ်ခဲ့သေးပါဘူး. ပြီးတော့ လီကျန်းကျန်းကို လက်စားချေမယ့်အကြောင်းလဲ တွေ့တိုင်းခြိမ်းခြောက်နေသေးတယ်. ကုနင်းဘာကိုလိုချင်နေတာလဲ?
လီကျန်းကျန်းရော လီကျန်းယွီပါဖြစ်ခဲ့တဲ့ကိစ္စတွေအကြောင်း သူတို့အဖေကို ပြောမပြထားပါဘူး. သူတို့အဖေသိသွားမှာကိုလဲ မလိုချင်ပါဘူး.
မွေးနေ့ပွဲသည် ည၁၀နာရီတွင်ပြီးဆုံးသွားကာ ကုနင်းတို့အဖွဲ့လဲပြန်လာခဲ့တယ်.
ချင်ယီဖန်း ကုနင်းကို ကားနဲ့ ပြန်လိုက်ပို့ပေးချင်ပေမယ့် မလုပ်နိုင်တာကြောင့် ချင်ကျီရွှမ်းကိုသာ လုပ်ခိုင်းလိုက်ရတော့တယ်.
အန်းရီကတော့ သူ့အဖေနဲ့အတူအိမ်ပြန်သွားတယ်.
ကျန်တဲ့လူတွေကိုတော့ ဟောင်ရန်နဲ့ ချင်ကျီရွှမ်းတို့က အိမ်ပြန်လိုက်ပို့ကြပါတယ်.
ကုနင်းနဲ့ ယွီမီရှီတို့က ဟောင်ရန်ရဲ့ကားပေါ်မှာဖြစ်ပြီး ကျန်းထန်ပင်းနှင့် ချူးဖေ့ဟန်တို့ကတော့ ချင်ကျီရွှမ်းရဲ့ကားပေါ်မှာပါ.
"ဒီညမင်းရဲ့အချိန်တော်တော်များများ ကုနင်းလို့ခေါ်တဲ့မိန်းကလေးနဲ့ စကားပြောနေတာကို ငါသတိထားမိတယ်. မင်းသူ့ကို ကြိုက်နေတာလား?" ချင်ယီချင်း ချင်ယီဖန်းနားလျှောက်သွားကာမေးလိုက်တယ်.
ဒါကမေးခွန်းသက်သက်ပဲဖြစ်ပြီး အဖြေကိုတော့ ချင်ယီချင်းသိပြီးသားပါ. ချင်ယီဖန်းရဲ့ အစ်မတစ်ယောက်အနေနဲ့ သူမမောင်အကြောင်းကို ကောင်းကောင်းသိတာပေါ့.
ချင်ယီဖန်း မိန်းကလေးတွေနဲ့ စကားအများကြီးပြောတယ်ဆိုတာ အရမ်းရှားပါတယ်. အတူတူကြီးပြင်းလာကြတဲ့ လီကျန်းကျန်းနှင့်တောင်မှ ချင်ယီဖန်း စကားအများကြီးမပြောပါဘူး.
ပြီးတော့ ချင်ယီဖန်း ကုနင်းကို တစ်ချိန်လုံးလိုက်ကြည့်နေပြီး သူ့ရဲ့အပြုအမူတွေနဲ့တင် သူမကိုဘယ်လိုသဘောထားမှန်း အရမ်းကိုသိသာနေပါပြီ.
"ဟုတ်တယ်!" ချင်ယီဖန်း အလကားသက်သက်ငြင်းမနေတော့ပါဘူး. ပြောရရင် အခုချိန် သူ့ကိုယ်သူမညာနိုင်တော့တာပါ. ဟုတ်တယ်. သူကုနင်းကိုကြိုက်တယ်. ဒါပေမယ့် စိတ်မကောင်းစွာပဲ ကုနင်းရဲ့မျက်လုံးထဲမှာတော့ သူက လောလောဆယ် သာမာန်သူငယ်ချင်းတစ်ယောက်သာဖြစ်နေသေးတယ်. ကုနင်းကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာလဲ ချင်ယီဖန်း မတွေးတတ်တော့ပါဘူး.
"အရမ်းချမ်းသာတဲ့ မိသားစုတွေထဲမှာ ငါ ကုမိသားစုမျိုးရိုးဆိုတာ တစ်ခါမှမကြားဖူးဘူး" ချင်ယီချင်းပြောလိုက်တယ်. ဒါက ကုနင်းက သာမာန်မိသားစုကလို့တမင်ပြောလိုက်တာပါပဲ.
ချင်ယီဖန်း ဒေါသထွက်သွားကာ စိတ်အလိုမကျစွာနဲ့ပြန်ပြောလိုက်တယ်.
"ကျွန်တော်ဂရုမစိုက်ဘူး."
"နင်မစိုက်ရင်တောင်, ငါတို့မိသားစုကတော့ ဂရုစိုက်တယ်. နင့်ကို ငါတို့ ချမ်းသာတဲ့မိသားစုက မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ရမယ်လို့အမိန့်မပေးပေမယ့် တွေ့ရာမိန်းကလေးတစ်ယောက်ဖြစ်နေလို့တော့မရဘူး. ငါ့အထင်တော့ ကျန်းကျန်းကသာ အကောင်းဆုံးရွေးချယ်မှုပဲ." တကယ်တော့ ချင်ယီချင်း လီကျန်းကျန်းကိုသဘောကျလို့ အခုလိုပြောနေတာမဟုတ်ဘဲ အခုချိန်လီကျန်းကျန်းကသာ အကောင်းဆုံးရွေးချယ်မှုမှန်း သိနေလို့ပါ.
"ကျွန်တော ကျန်းကျန်းကို ညီမတစ်ယောက်လိုပဲသဘောထားတာ. သူ့ကိုလက်ထပ်မှာမဟုတ်ဘူး. ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စတွေအထိ ဝင်မစွက်ဖက်ပါနဲ့." ချင်ယီဖန်း စိတ်မရှည်စွာပြောလိုက်ပြီး ချင်ယီချင်းကို လျစ်လျူရှုလိုက်ကာ သူ့အခန်းသူပြန်သွားလိုက်တယ်.
ချင်ယီချင်း သူကိုမတားလိုက်ပေမယ့် စိတ်ထဲမှာတော့ မကောင်းတ့အကြံတွေဝင်လာတယ်. ချင်ယီဖန်းက သူမပြောတာကို နားမထောင်မှတော့ ကုနင်းနဲ့ပဲညှိနှိုင်းရတော့မှာပေါ့. ချင်မိသားစု သူ့ကို သာမာန်မိန်းကလေးတစ်ယောက်နဲ့တော့ ဘယ်တော့မှ လက်ထပ်ခွင့်ပြုမှာမဟုတ်ဘူး.
လီကျန်းကျန်း သူတို့စကားပြောနေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ပုန်းနေတာကြောင့် ရှင်းရှင်းလင်းလင်းကြားခဲ့ပါတယ်. ချင်ယီဖန်း ကုနင်းအပေါ်ဘယ်လိုသဘောထားမှန်း သူမသိထားပေမယ့် ကိုယ်တိုင်ကြားလိုက်ရတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး.
လီကျန်းကျန်း ကုနင်းကို သေလောက်အောင်မုန်းမိပြီး ချက်ချင်းကုနင်းကို ပျောက်ကွယ်သွားစေချင်ပေမယ့် အခုတော့ သူမဘာမှမလုပ်နိုင်ပါဘူး. ချင်ယီဖန်းသာ ထိုအကြောင်းတွေကို သိသွားရင် သူမတို့ဆက်ဆံရေးလဲ လုံးဝပျက်စီးသွားပါလိမ့်မယ်.
ယွီမီရှီ သူမအဖေကို ဘယ်လိုရှင်းပြရမလဲမသိတာကြောင့် အိမ်မပြန်ခင်အဝတ်အစားတွေကိုပြန်လဲလိုက်တယ်.
ကုနင်းကတော့ ကိစ္စမရှိပါဘူး. ဒါကြောင့် ပွဲတက်ဝတ်စုံနဲ့ပဲ အိမ်ကိုတန်းပြန်လိုက်တယ်. ကုမန့်ကတော့ သူမကို ဘာမှမပြောပါဘူး.
ကုနင်းအဝတ်အစားလဲပြီးသွားတော့ ချင်ယီဖန်းထံမှာစာတစ်စောင်ဝင်လာကာ သူမအိမ်ပြန်ရောက်မရောက်မေးခြင်းဖြစ်တယ်.
ကုနင်းစာပြန်ပို့လိုက်တယ်, "ကျွန်မ အခုပဲ အိမ်ပြန်ရောက်တယ်."
ချင်ယီဖန်း : "ကောင်းပြီ."
တကယ်တော့ ချင်ယီဖန်း ဒီ့ထက်ပိုပြောချင်နေသေးပေမယ့် ဘယ်လိုစကားစရမလဲမသိဖြစ်နေတယ်. ပြီးတော့ ကုနင်းကို ကြိုက်ကြောင်းပြောဖို့လဲ သူ့တွင် သတ္တိအလုံအလောက်မရှိသေးပါဘူး.
...........
အချိန်တွေကုန်ကာ သောကြာနေသို့ရောက်လာခဲ့တယ်.
ကုနင်းကတော့ ထိုရက်တွေအတွင်း ငြိမ်းငြိမ်းချမ်းချမ်းရှီနေခဲ့ပါတယ်. ဘာလို့ဆို ကုရှောင်ရှောင်ဖြစ်သွားတဲ့ ကိစ္စကြောင့် ချန်းကျီယောင်ရော ရှောင်ဖေးဖေးပါ ကုနင်းကို ဝေးဝေးရှောင်လာကြတယ်လေ.
အခုတော့ ကုနင်းကို စိတ်ဆိုးအောင် သူတို့မလုပ်ရဲတော့ပေမယ့် ကုနင်းကို မမုန်းတော့ဘူးလိုဆိုလိုတာတော့မဟုတ်ပါဘူး.
ကြာသပတေးနေ့ နေ့လည်တုန်းက ကုနင်းနဲ့စကားပြောဖို့ ချင်ကျန်းရောက်လာခဲ့ပေမယ့် ကုနင်းဘက်ကငြင်းလိုက်ပါတယ်.
ကျန်းယီမင် နဲ့ ဖူမင်လျန်တို့လဲ ချင်ကျန်း ဘာလို့အခုလိုလုပ်နေမှန်း နားမလည်နိုင်တာကြောင့် ချင်ကျန်းကို သူတကယ်ကြီး ကုနင်းကို ကြိုက်သွားတာလားလို့ မေးလိုက်ကြတယ်. ချင်ကျန်း ကုနင်းကို ကြိုက်လာမကြိုက်လားတော့ မသေချာသေးပေမယ့် သူမနဲ့လမ်းခွဲခဲ့တာကို နောင်တရမိတာတော့သေချာပါတယ်.
သူအခုတကယ်ပဲ ကုနင်းကိုကြိုက်မိနေပါပြီ. သူထိုအချက်ကိုလက်မခံနိုင်ပဲ တုံ့ဆိုင်းနေရတဲ့ တစ်ခုတည်းသောအချက်ကတော့ ကုနင်းက ဆင်းရဲတဲ့မိသားစုကဖြစ်နေတာကြောင့်ပါပဲ. ဒါပေမယ့် သူကုနင်းရဲ့အရာရာတိုင်းကို လက်ခံပေးနိုင်တယ်ဆိုရင်တောင် သူမက သူ့ကို လုံးဝစိတ်မဝင်စားတော့ဘူးလေ. သူမပုံစံက အရင်က သူ့ပုံစံနဲ့ပိုပိုပြီးတူလာနေတယ်.
ဒါပေမယ့် သူလက်မလျှော့ပါဘူး. သူတို့တွဲခဲ့တုန်းကကျ ကုနင်းကဘာလို့ အရမ်းသာမာန်ပုံဖြစ်နေတာလဲ? ပြီးတော့ သူတို့လမ်းခွဲလိုက်ကာမှ သူမကချက်ချင်းကြီးထူးချွန်သွားတယ်! ချင်ကျန်း အမှန်တရားကို ပိုလက်မခံနိုင်လေ ကုနင်းကိုပိုင်ဆိုင်ချင်စိတ်ပိုများလာလေပါပဲ.
မနက်အစောပိုင်းတွင် ချူးဖေ့ဟန်က သူတို့အားလုံးကို သူမအစ်ကိုက ညစာအတူစားဖို့ ဖိတ်ခေါ်ကြောင်းပြောတယ်.
တကယ်တော့ ချူးဖေ့ဟန် တမင်သက်သက်လုပ်တာပါ. သူမ တမင် ကုနင်းနဲ့ ချူးရွှမ်ဖန် လက်ရည်စမ်းလို့ရအောင်လုပ်တာပါ. ဘယ်သူအနိုင်ရမလဲဆိုတာ သူမတကယ်သိချင်နေမိတယ်. ဟောင်ရန်နဲ့ ကျန်တဲ့လူတွေကတော့ ထိုစကားကိုကြားတော့ ပျော်သွားကြတယ်. သူတို့လဲ သူတို့ဘော့စ်က ချူးဖေ့ဟန်အစ်ကိုကို အနိုင်ယူနိုင်မလားဆိုတာ သိချင်နေကြတယ်.
ချူးဖေ့ဟန်က အရင်တုန်းက သူမအစ်ကိုက အရမ်းတော်ပြီး ကျွမ်းကျင်ပညာရှင်တွေနှင့် စနစ်တကျလေ့ကျင့်ခဲ့တဲ့သူလို့ ပြောခဲ့ဖူးပါတယ်.
ဒီပိတ်ရက်တွင်တော့ မြို့တော်Gတွင် ကုနင်းကိုယ်တိုင်လုပ်မှဖြစ်မယ့် ကိစ္စရယ်လို့မရှိတာကြောင့် သွားဖို့ အစီအစဉ်မရှိပါဘူး. ကိစ္စတိုင်းက ချောချောမွေ့မွေ့နှင့်အဆင်ပြေနေပြီး ကျိုးကျန်းဟန်ကလဲ ကုမ္ပဏီမှတ်ပုံတင်မယ့်ကိစ္စက နောက်တစ်ပတ်တနင်္လာနေ့ဆိုပြီးမယ်လို့ လှမ်းပြောထားပါတယ်.
သူတို့ နောက်ထပ်ဝန်ထမ်း၁၀ယောက်ကိုလဲထပ်ပြီး ခန့်အပ်ပါမယ်. သိုလှောင်ခန်းမန်နေဂျာအမျိုးသားတစ်ယောက်, အရောင်းဝန်ထမ်းအမျိုးသမီး၅ယောက်, ဝယ်ယူသူအားဝန်ဆောင်မှုပေးမယ့် အမျိုးသားဝန်ထမ်းတစ်ယောက် နှင့် ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်အပြင် အနားယူသွားပြီဖြစ်တဲ့ စစ်သားနှစ်ယောက်ကိုလဲ အစောင့်အဖြစ်ခေါ်မှာပါ.
သူတို့အားလုံးကို လစာမြင့်မြင့်နှင့် အကျိုးခံစားခွင့်များများပေးပြီး ခေါ်ယူထားတာကြောင့် လာရောက်လျှောက်ထားသူတွေအများအပြားရှိပါတယ်. ထိုထဲကမှ အတွေ့အကြုံလုံလုံလောက်လောက်ရှိပြီးသားလူတွေကို ရွေးချယ်ခန့်အပ်သွားမှာပါ.
ဝန်ထမ်းခန့်ပြီးသွားလျှင်တော့ လေ့ကျင့်ရေးစတင်ပါမယ်.လေ့ကျင့်ရေးအတွင်းမှာလဲ လစာပေးထားတာကြောင့် အလုပ်ကြိုးစားကြပါတယ်.
ဆိုင်ပြင်ဆင်မှုက ၄ရက်အတွင်းပြီးစီးသွားကာ စက်နှင့်လုပ်တဲ့ လက်ဝတ်ရတနာတွေကလဲ ၁၀၀ကျော်လောက်ထွက်ရှိထားပါတယ်.
လက်နှင့်လုပ်တာက ထိုထက်အများကြီးပိုနှေးနေတာကြောင့် ၁၀ခုအထက်ပဲလုပ်နိုင်သေးပေမယ့် တစ်ခုချင်းစီရဲ့အရည်အသွေးကတော့ အရမ်းမြင့်ပါတယ်.
ပြီးတော့ ကျိုးကျန်းဟုန်ကိုလဲ အစိမ်းရောင်ဘုရင်အားအဓိကထားကြော်ငြာဖို့ ကုနင်းပြောထားပါတယ်.
သူတို့ အစိမ်းရောင်ဘုရင်ကို သီးသန့်ကြော်ငြာဖို့စီစဉ်ထားပြီး အရင်ဆုံးလာဝယ်တဲ့သူ့ကို အရင်ရောင်းမှာဖြစ်ပါတယ်. ဒါပေမယ့် အစိမ်းရောင်ဘုရင်ကနေထုတ်လုပ်လို့ရမယ့် လက်ဝတ်ရတနာပမာဏကနဲတာကြောင့် ဝယ်သူကိုလဲ အရေအတွက် ကန့်သတ်ထားမှာပါ.
................Book 10 Part147End..............
ဖီးနစ်သွေးစက်
အခန်း ၁၄၈ V5ဘားမှ မတော်တဆ
ဘာသာပြန်သူ - Chram.Y
ဒါပေမယ့် ဝယ်ယူသူတစ်ယောက်ကို လက်ဝတ်ရတနာတစ်ခုစီပဲရရှိမှာပါ. အစိမ်းရောင်ကျောက်စိမ်းသည် လက်ကောက်၄ကွင်း, လက်စွပ်အကြီး၂ကွင်း, ဆွဲသီးတော်တော်များများရယ် နဲ့ နားဆွဲတွေရယ်လုပ်ဖို့အထိတော့ကြီးပါတယ်.
လက်ဝတ်ရတနာရဲ့အရွယ်အစားက သေးလေ, ပိုပြီးများများထုတ်လုပ်နိုင်လေဖြစ်ပါတယ်.
တကယ်တော့ ဈေးအရမ်းမြင့်တာကြောင့် အစိမ်းရောင်ဘုရင်ကိုဝယ်ယူမယ့်သူအများကြီးရှိလိမ့်မယ်လို့တော့ ကုနင်းမမျှော်လင့်ထားပါဘူး. တော်တော်များများက မတတ်နိုင်ကြသလို လက်ဝတ်ရတနာတစ်ခုအတွက် မပေးလိုက်ချင်သူတွေလဲရှိပေမယ့် ကြော်ငြာကောင်းတစ်ခုတော့ဖြစ်ပါသေးတယ်.
နေ့လည်ခင်းမှာတော့ ကုချင်းယန် နှင့် ကုချင်းရှန်တို့ ကျောင်းအပ်ဖို့သွားကြတယ်. ထိုကျောင်းက မြို့တော်Gရဲ့ သာမာန် အမှတ်၂အထက်တန်းကျောင်းတစ်ခုဖြစ်ပါတယ်. ကုရှောင်ရှောင်ကတော့ တနင်္လာနေ့မှာသာ သွားရင်းနှင့်တစ်ခါတည်းစာရင်းပေးရမှာဖြစ်တယ်.
ဒီလိုဆိုရင်တောင် ကုချင်းရှန်ကတော့ စိတ်အေးသွားပါပြီ. ထိုအချိန် ကုချင်းယန်က ကုချင်းရှန်က ကုရှောင်ရှောင်က ကျောင်းအဆောင်နေမှာလား အပြင်မှာနေမှာလားလို့မေးလိုက်တယ်. သူသာ အပြင်မှာနေမယ်ဆိုရင် အိမ်တစ်လုံးအရင်ငှားထားဖို့လိုတယ်လေ.
ထိုအချက်ကြောင့်ပဲ ကုချင်းယန်က တမင် အမှတ်၂ကျောင်းကိုပြောင်းပေးခဲ့တာပါ. ဒီကျောင်းက သူ့အိမ်နဲ့အတော်ဝေးတာကြောင့် ကုရှောင်ရှောင် သူ့အိမ်ကနေတစ်ဆင့်မတတ်နိုင်တော့ဘူးလေ.
ကုချင်းရှန်ကလဲ ထိုကိစ္စနဲ့ ပြဿနာလုပ်ဖို့ စိတ်မပါသေးပါဘူး. ပြီးတော့ သူ့သမီးအကြောင်းလဲ သူသိတာကြောင့် ကျောင်းနားက နေရာတစ်နေရာမှာ ကုရှောင်ရှောင်အတွက် တိုက်ခန်းရှာပေးရန် ကုချင်းယန်ကိုပြောလိုက်တယ်. ကုရှောင်ရှောင် တက္ကသိုရောက်ရင်တော့ အိမ်တစ်လုံးဝယ်ပေးဖို့ စီစဉ်ထားပါတယ်.
နေ့လည်ခင်းအတန်းပြီးသွားတော့ ချူးဖေ့ဟန်က သူငယ်ချင်းတွေကိုခေါ်ကာ တက္ကစီငှားပြီး ချူးရွှမ်ဖန် ကြိုတင်မှာထားတဲ့ ဟိုတယ်အခန်းကိုသွားလိုက်တယ်. ထိုဟိုတယ်က မြို့ထဲမှာရှိတဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုဖြစ်ပါတယ်.
သူတို့ရောက်တော့ ချူးရွှမ်ဖန်က သူတို့ကိုစောင့်တောင်စောင့်နေပါပြီ.
ကုနင်းကိုမြင်တော့ ချူးရွှမ်ဖန် နေရထိုင်ရခက်သွားတယ်. သူ့မှာ ကုနင်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်မှုအလုံအလောက်မရှိပါဘူး. သူသာရှုံးရင် အရမ်းရှက်စရာကောင်းမှာဆိုပေမယ့် သတ္တိကြောင်သူတစ်ယောက်လိုလဲ နောက်မဆုတ်လိုက်ချင်ပါဘူး. ဒါကြောင့် ယုံကြည်မှုမရှိရင်တောင်မှ စိတ်အေးနေသလိုပဲနေနေလိုက်တယ်.
"အားလုံးတွေ့ရတာဝမ်းသာပါတယ်, လာထိုင်ကြလေ." ချူးရွှမ်ဖန်က အိမ်နီးချင်းအစ်ကိုကြီးတစ်ယောက်လို ရင်းရင်းနှီးနှီးနဲ့ပြောလိုက်တယ်. ဒီလိုလူကြီးလူကောင်းဆန်တဲ့လူမျိုးက ချင်ဂိုဏ်းရဲ့ဒုခေါင်းဆောင်တစ်ယောက်ဖြစ်နေမယ်လို့ ဘယ်သူမှယုံကြည်နိုင်ကြမှာမဟုတ်ပါဘူး.
"တွေ့ရတာဝမ်းသာပါတယ်, အစ်ကိုချူး!"
ချူးရွှမ်ဖန်က ချူးဖေ့ဟန်ရဲ့အစ်ကိုဖြစ်တာကြောင့် အားလုံးလဲ 'အစ်ကိုချူး'လို့သာ ခေါ်လိုက်ကြတယ်.
သူတို့ထိုင်ပြီးသွားတော့ တစ်ယောက်ချင်းစားသောက်စရာတွေမှာလိုက်ကြတယ်.
စားပွဲထိုးပြန်ထွက်သွားတော့မှ ဟောင်ရန်က,
"အစ်ကိုချူး, ကျွန်တော်တို့ဘော့စ်နဲ့ လက်ရည်စမ်းမယ်လို့ ဖေ့ဟန်ပြောတယ်. အစ်ကိုလဲ အတိုက်အခိုက်တော်တော်ကောင်းမယ်ထင်တယ်! ကျွန်တော်လဲ ကျွန်တော်တို့ဘော့စ်ရှုံးတဲ့ပွဲကို တစ်ခါမှမမြင်ဖူးဘူး!"
ထိုစကားကိုကြားတော့ ချူးရွှမ်ဖန် ချောင်ပိတ်မိသွားတယ်. သူကုနင်းအားကောင်းမှန်းသိထားပြီး သူနိုင်မယ်လို့မသေချာပါဘူး.
"ငါ ကုနင်းနဲ့ လက်ရည်ယှဉ်မှာဆိုပေမယ့် သူ့ဆီကအများကြီးသင်ယူရမှာပါ." ချူးရွှမ်ဖန် ရှင်းပြလိုက်တယ်. ဒါက သာမာန်ကာ လျှံကာပြောလိုက်တယ်လို့ထင်ရပေမယ့် တကယ့်တော့ သူသာရှုံးသွားခဲ့ရင် စကားခံပြီးသားဖြစ်သွားမှာပါ.
"ငါ့ကိုမြှောက်မနေနဲ့. ငါနင်တို့ကိုလွယ်လွယ်လေးနိုင်တယ်ဆိုတာ နင်တို့က အရမ်းအားနည်းကြလို့. အစ်ကိုချူးကတော့ ဘယ်တူမလဲ." ကုနင်းပြောလိုက်တယ်. သူမနိုင်မယ်လို့ယုံကြည်ချက်ရှိနေပေမယ့် မာနကြီးပြလို့မရဘူးလေ. ပြီးတော့ ရလဒ်ကလဲ မထွက်လာသေးဘူးလေ.
ဟောင်ရန်တို့ကတော့ သူတို့အားနည်းတာလို့ ကုနင်းပြောလိုက်တာကြောင့် ရှက်သွားပေမယ့် သူမပြောတာအမှန်ဖြစ်တာကြောင့် စိတ်တော့မဆိုးပါဘူး.
ပြီးသွားတော့ သူတို့အကြာကြီးစကားတွေပြောရင်းစားသောက်နေကြတယ်.
စားပြီးသွားတော့ လူနည်းတဲ့ကွင်းပြင်တစ်ခုကိုသွားကာာ ကုနင်းနဲ့ ချူးရွှမ်ဖန်တို့ လက်ရည်စမ်းပွဲလုပ်ဖို့ပြင်လိုက်တယ်.
ဒါပေမယ့် သူတို့ဟိုတယ်အပြင်ကိုထွက်လာရုံရှိသေး, V5ဘားရဲ့မန်နေဂျာကို ဟောင်ရန်ကို ဖုန်းဆက်ကာ လူတချို့ ဘားတွင်ပြဿနာရှာနေကြောင်းပြောတယ်. ဒါကြောင့် သူတို့ လက်ရည်စမ်းပွဲကို အချိန်ခနရွှေ့လိုက်ကာ V5ဘားသို့ သွားလိုက်ကြတယ်.
ဘားက မြို့ထဲမှာပဲရှိတာကြောင့် ကားနဲ့ဆိုတော့ သိပ်ကြာကြာမမောင်းလိုက်ရပါဘူး.
V5ဘားတွင်, ဖောက်သည်တွေအားလုံးပြန်ကုန်ကြပြီး သီချင်းသံတွေရပ်ကာ မီးတွေထွန်းထားပါတယ်.
ခုံ,စားပွဲတွေ ပုလင်းတွေ ကျိုးပဲ့ကွဲကြေနေကြတဲ့ အလယ်မှာတော့ လူနှစ်စုတစ်ဖက်စီရပ်နေကြတယ်.
ဘားတွင်ပြဿနာဖြစ်နေကြတဲ့လူတွေကတော့ လူမိုက်အယောက်၂၀လောက်ရှိပြီး သံတုတ်တွေကိုကိုင်ထားကြတာကြောင့် သာမာန်စားသုံးသူတွေတော့လုံးဝမဖြစ်နိုင်ပါဘူး.
သူတို့နဲ့ ဆန့်ကျင်ဘက်အခြမ်းမှာတော့ ဘားဝန်ထမ်းအယောက်၂၀လောက်ရှိနေကာ သူတို့ကတော့ လူမိုက်တွေနဲ့ရင်ဆိုင်ရ၍ ကြောက်ရွံ့နေကြတယ်.
V5ဘားရဲ့မန်နေဂျာမှာတော့ အသက်၃၀လောက်ရှိတဲ့ အမျိုးသားတစ်ဦးဖြစ်ကာ သူလဲ ထိုလူမိုက်တွေကိုကြောက်နေပေမယ့် ဒေါသတကြီးမေးမြန်းနေတုန်းပါပဲ,
"မင်းတို့ဘယ်သူတွေလဲ? ဘာလို့ ငါတို့ဘားကို လာဖျက်စီးနေကြတာလဲ?"
"မင်း ငါတို့ဘယ်သူဆိုတာသိစရာမလိုဘူး. ငါတို့ကလဲ ပိုက်ဆံပေးလို့ဒီအလုပ်ကိုလုပ်နေတာ. မင်းတို့ဘားက အရမ်းနာမည်ကြီးနေတော့ တချို့လူတွေက ပိတ်စေချင်နေကြတယ်." လူမိုက်ခေါင်းဆောင်ကပြောလိုက်တယ်.
ထိုစကားကိုကြားတော့ ဘားဝန်ထမ်းတွေ စိတ်တိုကုန်ကြတယ်. ဒါလုံးဝအဓိပ္ပါယ်မရှိတာပဲ! ဘားကနာမည်ကြီးနေတာနဲ့ သူတို့ကဘာလို့ပိတ်ပေးရမှာလဲ? ဒီလူမိုက်တွေကိုငှားတဲ့လူက တော်တော်အရှက်မရှိတဲ့လူပဲ!
"ငါတို့က မပိတ်ရင်ရော?" မန်နေဂျာက အံကြိတ်ကာမေးလိုက်တယ်.
"အဲ့လိုဆိုရင်တော့ , ငါတို့ကလဲ ဆက်ပြီးပြဿနာရှာပေးရတော့မှာပေါ့. ဒီလိုဖြစ်ပြီးရင်တော့ မင်းတို့ဘား ဆက်ဖွင့်နိုင်ဦးမယ်လို့ ငါတော့မထင်ဘူး." လူမိုက်ခေါင်းဆောင်က အထင်သေးစွာနဲ့ပြောလိုက်တယ်.
"မင်း..." မန်နေဂျာဒေါသထွက်သွားကာ,
"ငါတို့ ရဲခေါ်လိုက်မှာမကြောက်ဘူးလား?"
"ရဲခေါ်မယ်? ဟ-ဟ, ငါတို့သာ ရဲကိုကြောက်နေရင် ဒီနေ့လာခဲ့မှာတောင် မဟုတ်ဘူး. ငါမင်းကိုပြောလိုက်မယ်. ငါတို့က သိန်းငှက်ပျံ့ဂိုဏ်းကပဲ. ရဲတွေတောင် ငါတို့ကိုဝေးဝေးရှောင်ရတာ ပြီးတော့ ရဲဌာနမှာလဲ ငါတို့လူတွေရှိသေးတယ်." လူမိုက်ခေါင်းဆောင်က ဂုဏ်ယူစွာနဲ့ပြောလိုက်တယ်.
"သိန်းငှက်ပျံဂိုဏ်းဆိုတာ လူ၂၀၀လောက်သာရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုပါ. သူတို့က ချင်ဂိုဏ်းကို ယှဉ်နိုင်ဖို့အဝေးကြီးလိုနေသေးပေမယ့် တော်တော်များများကတော့ သူတို့က ရန်မစရဲကြပါဘူး."
ထိုလူတွေက သိန်းငှက်ပျံဂိုဏ်းကလို့ကြားလိုက်တာနဲ့ ဘားဝန်ထမ်းတွေ သူတို့မှာရှိနေတဲ့ သတ္တိလေးတွေတောင် ပျောက်ဆုံးကုန်ကြတယ်.
"ဒီတော့ မင်းတို့ပြဿနာကို အရမ်းမကြီးသွားစေချင်ရင်, ဘားကို မြန်မြန်သာပိတ်လိုက်ကြ. သွားကြရအောင်." လူမိုက်ခေါင်းဆောင်က မထွက်သွားခင် သူတို့ကို သတိပေးသွားလိုက်တယ်.
သူတို့က ဘားက ပစ္စည်းတွေကိုသာ ဖျက်စီးခဲ့ပြီး လူတွေကိုတော့ ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး.
"မင်းတို့က ထွက်သွားချင်တယ်ပေါ့. V5ဘားက မင်းတို့လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရတဲ့နေရာမဟုတ်ဘူး."
ထိုအချိန်မှာပဲ အပြင်ဘက်ကနေ အေးစက်တဲ့အသံတစ်သံထွက်ပေါ်လာကာ ဟောင်ရန်တို့ဝင်လာကြတယ်.
"မင်းတို့ဘယ်လိုလုပ်ဝင်လာကြတာလဲ?" သူတို့ဝင်လာတာကို တွေ့သွားတော့ လူမိုက်ခေါင်းဆောင်အံ့ဩသွားတယ်. တံခါးအပြင်ဘက်မှာ စောင့်ဖို့သူတို့လူနှစ်ယောက်ထားထားတာလေ. ဟောင်ရန်တို့က ဘယ်လိုလုပ်ဝင်လာနိုင်ကြတာလဲ?
"အပြင်က နှစ်ယောက်က အမှိုက်သာသာလေးပါ." ဟောင်ရန် အထင်သေးစွာနဲ့ပြောလိုက်တယ်.
လူမိုက်ခေါင်းဆောင်မကျေမနပ်ဖြစ်သွားပေမယ့် ထိုနှစ်ယောက်တည်းနဲ့ သူတို့အုပ်စုကို မတားနိုင်တာကို နားလည်နိုင်ပါတယ်.
ပြီးတော့ ဟောင်ရန်တို့ဖွဲ့မှာအများစုက ကျောင်းဝတ်စုံဝတ်ထားကြတယ်. ဒါကြောင့် သူတို့ကသာမာန်ကျောင်းသားလေးတွေပဲဖြစ်မယ်လို့ လူမိုက်ခေါင်းဆောင်ယုံကြည်သွားပြီး အသံကိုမြှင့်ကာ,
"အဲ့တော့ ဘာဖြစ်လဲ? ငါတို့စိတ်ကြိုက် လာချင်လာမယ် သွားချင်သွားမယ်!"
................Book 10 Part148End..............
ဖီးနစ်သွေးစက်
အခန်း ၁၄၉ ချင်ဂိုဏ်း၏အထောက်အပံ့
ဘာသာပြန်သူ - Chram.Y
ပုံမှန်ဆိုလျှင်, ထိုလူမိုက်များသည် သိန်းငှက်ပျံဂိုဏ်းကဖြစ်တာကြောင့် ဟောင်ရန်တို့အပေါ် ခြိမ်းခြောက်နိုင်ပါတယ်.
"မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ, ပြောစမ်း?" ဟောင်ရန် ဒေါသထွက်စွာမေးလိုက်တယ်.
"ငါက မပြောရင်ရော?" လူမိုက်ခေါင်းဆောင်ကပြန်မေးလိုက်တယ်.
"ရှင်တို့မပြောရင်, ကျွန်မတိုက်ဘက်ကလဲ ကြမ်းပေးရတော့မှာပေါ့." ကုနင်းပြောလိုက်တယ်. ဒီလူမိုက်တွေကို မခြိမ်းခြောက်သ၍ သူတို့ဘာမှထုတ်ပြောမှမဟုတ်မှန်း ကုနင်းသိပါတယ်. ဒါပေမယ့် သူတို့အားလုံးကိုသာ အလဲရိုက်ချနိုင်ခဲ့ရင် အားလုံးကိုဖွင့်ပြောကြမှပါ.
ကုနင်း ချူးရွှမ်ဖန်ကို ကြည့်ပြီး စိတ်ဝင်စားစရာတစ်ခုကိုတွေ့လိုက်ရသလို ပြောလိုက်တယ်,
"အစ်ကိုချူး, ကျွန်မတို့ ဒီမှာပဲပြိုင်ကြရအောင်လား? ဒီမှာ ကျွန်မတို့အပြင် လူမိုက်အယောက်၂၀တောင်ရှိနေတာလေ. အများဆုံးချနိုင်တဲ့လူက အနိုင်ဆိုရင် ပိုပျော်စရာမကောင်းဘူးလား."
ချူးရွှမ်ဖန် မျက်နှာက တည်ငြိမ်နေသေးပေမယ့် ထိုပြိုင်ပွဲလုပ်ဖို့ စိတ်တော့မပါနေပါဘူး. ဘာလို့ဆို ပြိုင်ပွဲမစခင်ကတည်းက သူရှုံးသွားမှာကိုသိနေတယ်လေ. ဒါပေမယ့် အခုချက်ချင်းအရှုံးပေးလိုက်ရင် ပိုပြီးတောင် ရှက်စရာကောင်းမှာကြောင့် သူပြန်ဖြေလိုက်တယ်,
"ရတာပေါ့."
"ဒါပေမယ့် ဘော့စ်, သူတို့ဘက်ကလူအများကြီးလေပြီးတော့ သံတုတ်တွေလဲကိုင်ထားကြသေးတယ်." ဟောင်ရန်က ကုနင်းကိုတားဖို့လုပ်လိုက်တယ်.
ကုနင်းက သူတို့အဖွဲ့က ကောင်လေးတွေထက်တော်နေရင်တောင်မှ အခုအခြေနေကမတူဘူးလေ. ဒီနေရာမှာက သံတုတ်တွေကိုင်ထားကြတဲ့ လူမိုက်တွေအများကြီးရှိနေတာ.
"ဟုတ်တယ်,ဘော့စ်." ချင်ကျီရွှမ်းနှင့် ကျန်တဲ့လူတွေကလဲ စိုးရိမ်စွာနဲ့ပြောလိုက်တယ်.
"အဆင်ပြေပါတယ်. သူတို့ သံတုတ်တွေကိုင်ထားတော့ ပိုတောင် စိတ်လှုပ်ရှားဖို့ကောင်းတယ်မဟုတ်ဘူးလား?" ကုနင်းကတော့ ကြောက်ရွံ့ထိတ်လန့်နေပုံလုံးဝမရှိဘဲ စိတ်လှုပ်ရှားမှုအပြည့်နှင့်ပြန်ဖြေလိုက်တယ်.
ပြီးတော့ သူမသူငယ်ချင်းတွေကို ပြန်မငြင်းနိုင်လောက်မည့် အသံမျိုးဖြင့်,
"နင်တို့အားလုံးဒီမှာပဲနေ. ဝင်မပါကြနဲ့, နားလည်လား?"
ဟောင်ရန်တို့လဲ သူမစိတ်ကိုပြောင်းရန် မတတ်နိုင်ကြတော့၍ ကုနင်းကိုပဲ ယုံကြည်ပေးကာ 'နားလည်ပါပြီ' လို့ပြန်ဖြေလိုက်ကြရတော့သည်. သူမက အဆင်ပြေတယ်လို့ပြောနေမှတော့ သူမနိုင်ဖို့ယုံကြည်ချက်ရှိနေ၍ပဲဖြစ်ရမည်.
"မင်းတို့ကများ ပြောရဲလိုက်တာ! သူတို့ကိုသင်ခန်းစာကောင်းကောင်းပေးလိုက်ကြစမ်း! ချကြ!" လူမိုက်ခေါင်းဆောင်က ကုနင်း၏အပြောတွေကြောင့် အလွန်မကျေမနပ်ဖြစ်သွားကာ သူ့လက်ထဲမှသံတုတ်နှင့် ကုနင်းနှင့် ချူးရွှမ်ဖန်ကို စတိုက်ခိုက်ရန်ပြင်လိုက်တော့သည်.
ထိုတခနတွင်ပဲ ကုနင်းနှင့် ချူးရွှမ်ဖန်တို့ ရှေ့သို့ပြေးသွားကာ အားမာန်အပြည့်နှင့် တိုက်ခိုက်တော့သည်.
သံတုတ်ကိုင်ထားသည့် လူမိုက်တွေအများကြီးရှိနေလျှင်တောင်မှ အတိုက်အခိုက်ကျွမ်းကြသူတွေမဟုတ်ကြပါဘူး. သူတို့က သာမာန်လူတွေကိုတော့ အလွယ်တကူ အနိုင်ယူနိုင်ပေမယ့် ကုနင်းနှင့် ချူးရွှမ်ဖန်တို့ရှေ့မှာတော့ ဘာမျှမလုပ်နိုင်တော့ပါ.
ကုနင်းနှင့် ချူးရွှမ်ဖန် သူတို့ကို အလျင်အမြန်နှင့် တိကျပြင်းထန်စွာ ထိုးချလိုက်သည်. သူတို့လက်သီးချက်တွေခံပြီးနောက်မှာတော့ လူမိုက်တွေအပြင်းအထန် နာကျင်သွားကြကာ မကြာခင်မှာပဲ သူတို့ရဲ့ပြန်တိုက်ခိုက်နိုင်စွမ်းတွေပျောက်ဆုံးသွားတော့သည်. တစ်ချို့လူတွေက ကန်ထုတ်ခံလိုက်ရပြီး, တစ်ချို့ကတော့ အရိုးတွေကျိုးကုန်ပေမယ့် ကုနင်းနှင့် ချူးရွှမ်ဖန်တို့ကတော့ ထိခိုက်မှုမရှိ အေးအေးဆေးဆေးရပ်နေနိုင်ကြပါသေးသည်.
လူမိုက်တွေအကုန် ကြောက်ရွံ့ထိတ်လန့်ကုန်ကြသည်. သူတို့ရှေ့မှာရှိနေသည့် နှစ်ယောက်က ဒီလောက်တောင်အင်အားကြီးနေမည်ဟု သူတို့လုံးဝမမျှော်မှန်းထားခဲ့ကြဘူး.
ဟောင်ရန်နှင့်ကျန်တဲ့လူတွေကတော့ ရှေ့မှာဖြစ်သွားတဲ့ အဖြစ်အပျက်တွေကြောင့် ထိတ်လန့်အံ့ဩနေကြကာ သူတို့ကိုယ်သူတို့ အက်ရှင်ဇာတ်ကားထဲရောက်နေသလို ခံစားလိုက်ကြရသည်. မဟုတ်ဘူး, အက်ရှင်ဇာတ်ကားတောင် ဒီလောက်စိတ်လှုပ်ရှားဖို့ကောင်းမှာမဟုတ်ပါဘူး. သူတို့က တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ်တိုက်ခိုက်နေကြတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ ဟန်ဆောင်တိုက်ခိုက်ကြခြင်းဖြစ်တယ်လေ.
ကုနင်း၏လှုပ်ရှားမှုတွေက ချူးရွှမ်ဖန်ထက်ပိုမိုက်မြန်ဆန်ကာ မိနစ်ပိုင်းအတွင်း သူတို့တိုက်ခိုက်မှုပြီးဆုံးသွားသည်. ကုနင်းက လူမိုက်၁၁ယောက်ကိုရိုက်ချနိုင်ခဲ့ပြီး ချူးရွှမ်ဖန်ကတော့ ၉ယောက်ကိုပဲ တိုက်နိုင်ခဲ့တာကြောင့် ကုနင်းအနိုင်ရရှိသွားပါသည်.
တကယ်တော့ ချူးရွှမ်ဖန်ကို အရှက်မရစေချင်တာကြောင့် ကုနင်းအားအပြည့်ထုတ်မသုံးခဲ့ပါဘူး. မဟုတ်ရင် သူတို့ကြားက ကွာခြားချက်က အရမ်းများသွားခဲ့မှာပါ.
"ငါ ရှုံးသွားပြီ." ချူးရွှမ်ဖန် တုံ့ဆိုင်းမနေဘဲ အရှုံးကိုဝန်ခံလိုက်သည်.
ကုနင်းက သူမျက်နှာမပျက်ရအောင်ကူညီပေးထားမှန်း သိနေတာပါသည်. သူမက လူမိုက်အများကြီးကို ဒဏ်ရာရအောင်လုပ်ခဲ့ပြီးမှ သူ့အတွက်တမင်ချန်ထားခဲ့ပေးတာပါ. အခုတော့ ချူးရွှမ်ဖန် ကုနင်းကိုပိုအထင်ကြီးမိသွားပါပြီ!
"ဝိုး! အစ်ကိုတို့နှစ်ယောက်အရမ်းမိုက်တာပဲ!"
"ဟုတ်တယ်! စိတ်လှုရှားဖို့အရမ်းကောင်းတယ်.!"
..........
ဟောင်ရန်နှင့် ကျန်တဲ့လူတွေ စိတ်လှုပ်ရှားစွာအော်ဟစ်နေကြပြီး ကုနင်းနှင့် ချူးရွှမ်ဖန်ကို အရင်ထက်တောင်ပိုလေးစားသွားကြသည်. V5ဘားက ဝန်ထမ်းများသည်လဲ သူတို့ကို လေးစားမှုအပြည့်နှင့်ကြည့်နေကြသည်. သူတို့မျက်လုံးထဲမှာ ကုနင်းက နတ်ဘုရားမတစ်ပါးဆို ချူးရွှမ်ဖန်ကတော့ နတ်ဘုရားတစ်ပါးပါပဲ.
"ကောင်းပြီ, လုပ်စရာရှိတာအရင်လုပ်ကြတာပေါ့." ကုနင်းပြောလိုက်သည်.
ထိုစကားကိုကြားတော့မှ လူတိုင်းသူတို့အရေးကြီးကိစ္စလုပ်ဖို့ကျန်နေသးမှန်း သတိရသွားကြသည်.
လူမိုက်တွေအကုန်လုံးကတော့ ဒဏ်ရာတွေနှင့် မြေပြင်ပေါ်လဲကျနေကြကာ V5ဘားက ဝန်ထမ်းတွေက သူတို့ကို ဒေါသထွက်စွာနှင့် အကြိမ်အနည်းငယ်ကန်ကျောက်လိုက်ကြသေးတယ်.
"အခုတော့ ရှင်တို့ကို ဘယ်သူလွှတ်လိုက်တယ်ဆိုတာပြောလို့ရပြီမလား?" ကုနင်း လူမိုက်ခေါင်းဆောင်ကိုစိုက်ကြည့်လိုက်သည်.
ထိုလူကြောက်လန့်နေပေမယ့် ချက်ချင်းမပြောပဲ ခြိမ်းခြောက်လိုက်သည်,
"ငါတို့က သိမ်းငှက်ပျံဂိုဏ်းကပဲ. မင်းတို့ကို လက်စားပြန်ချေမှာမကြောက်ဘူးလား?"
ဟောင်ရန်တဲ့ကျန်တဲ့ကောင်လေးတွေကတော့ တုံ့ဆိုင်းသွားကြတယ်. သူတို့လဲ အင်အားကြီး မိသားစု ဒါမှမဟုတ် အလွန်ချမ်းသာတဲ့မိသားစုတွေကဆိုပေမယ့် လူဆိုးဂိုဏ်းများနှင့်တော့ ရန်ငြှိုးမဖွဲ့မိချင်ကြပါဘူး. ဒါပေမယ့် ကုနင်း, ချူးရွှမ်ဖန် နှင့် ချူးဖေ့ဟန်တို့ကတော့ ဂရုလုံးဝစိုက်မနေကြပါဘူး.
"သိန်းငှက်ပျံဂိုဏ်း? အိုး, အဲ့ဒါ လူ၂၀၀လောက်ပဲရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုမဟုတ်လား? ဒီနေရာကို ချင်ဂိုဏ်းကထောက်ပံ့ပေးထားတာ." ချူးရွှမ်ဖန်ပြောလိုက်တယ်.
သူထိုသို့ပြောလိုက်တယ်ဆိုတာ V5ဘားကို ကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တာပါပဲ. သူ့ရဲ့ အဆင့်အတန်းအစစ်အမှန်ကိုမသိကြပေမယ့် အားလုံးထိတ်လန့်အံ့ဩသွားကြတယ်. ချင်ဂိုဏ်းကဒီနေရာကို ဘယ်တုန်းက ထောက်ပံ့ပေးလိုက်တာလဲ?
နောက်တော့မှ ချူးရွှမ်ဖန် တမင် ချင်ဂိုဏ်းနာမည်နှင့် ထိုလူမိုက်တွေကို ခြောက်လှန့်နေတာမှန်း ထင်သွားကြပေမယ့် ချင်ဂိုဏ်းရဲ့နာမည်ကို ယူသုံးတာအဆင်ပြေပါ့မလား?
ချင်ဂိုဏ်းက ဒေါသထွက်သွားရင်ကော?
တစ်ချို့ကတော့စိုးရိမ်သွားကြပေမယ့် နှုတ်ကတော့ ဖွင့်မပြောကြပါဘူး.
ကုနင်းကတော့ သံသယဝင်သွားတယ်, ချူးရွှမ်ဖန် အကြောင်းမဲ့ ချင်ဂိုဏ်းနာမည်ကိုတော့ ထုတ်သုံးမှာမဟုတ်လောက်ဘူး. ဒီလိုလုပ်ရုံနှင့် V5ဘားကို အကျိုးရှိသွားစေမှာမဟုတ်ဘူး. ဒါကြောင့် ချူးရွှမ်ဖန်က ချင်ဂိုဏ်းက တစ်ယောက်ယောင်နှင့်သိလို့ပဲဖြစ်ရမယ်လို့ ကုနင်းယုံကြည်လိုက်သည်.
ချူးဖေ့ဟန်တစ်ယောက်ကသာ တကယ့်အကြောင်းရင်းအမှန်ကို သိပါသည်.
"ဘာ?" လူမိုက်တွေအမူအရာ ချက်ချင်းပြောင်းလဲသွားကာ ထိတ်လန့်တုန်လှုပ်ကုန်ကြပေမယ့် သံသယတော့ဝင်နေကြတုန်းပါပဲ,
"သေ-သေချာလို့လား?"
"ချင်ဂိုဏ်းရဲ့နာမည်ကို ဘယ်သူမဆို ယူသုံးချင်တိုင်းသုံးလို့ရမယ်ထင်နေတာလား?" ချူးရွှမ်ဖန်အေးစက်စက်အသံနှင့်မေးလိုက်သည်.
အခုတော့ သိန်းငှက်ပျံဂိုဏ်းကလူတွေလဲ အမှန်လို့ယုံကြည်သွားကြတယ်. ချင်ဂိုဏ်း၏နာမည်ကို ဘယ်သူမှယူမသုံးရဲကြဘူးလေ. တကယ်လို့ချင်ဂိုဏ်းသာ ထိုအကြောင်းသိသွားရင် ထိုလူရဲ့အနာဂါတ်လဲလုံးဝပျက်စီးသွားလိမ့်မယ်.
ဒါကြောင့်လူမိုက်ခေါင်းဆောင်လက်ခံသွားကာ,
"ကောင်းပြီလေ. ငါပြောပြမယ်. ငါတို့ကိုဒီလွှတ်လိုက်တာက Chramဘားက သူဌေးပဲ. V5ဘားစဖွင့်ကတည်းက Charmဘားရဲ့ဖောက်သည်တွေ တစ်ဝက်လောက်အထိလျော့ကျသွားတာကြောင့်လို့ပြောတယ်."
ထိုစကားကိုကြားတော့ ဟောင်ရန်, ချင်ကျီရွှမ်း, ကျန်းထန်ပင်းနှင့် V5ဝန်ထမ်းတွေအားလုံး ဒေါသထွက်သွားကြသည်.
"ဟောင်ရန်, ငါတို့ဘာဆက်လုပ်မလဲ?" ချင်ကျီရွှမ်းမေးလိုက်သည်.
"ဘော့စ်ရော ဘယ်လိုထင်လဲ?" ဟောင်ရန် ကုနင်းကို တစ်ဆင့်ပြန်မေးလိုက်သည်.
ကုနင်း သူ့မေးခွန်းကိုတန်းမဖြေပဲ လူမိုက်ခေါင်းဆောင်ကိုကြည့်ကာ မေးလိုက်သည်,
"ရှင်တို့ကို Charmဘားရဲ့သူဌေးကလွှတ်လိုက်တာသေချာရဲ့လား? ရှင်တို့လိမ်ရင်, အဲ့အတွက်ပြန်ပေးဆပ်ရလိမ့်မယ်."
လူမိုက်ခေါင်းဆောင်အမှန်ကိုပြောရဲ့လားဆိုတာသေချာအောင် ကုနင်းထပ်မေးလိုက်သည်.
Charmဘားကလုပ်တယ်ဆိုတာ ဖြစ်နိုင်ချေများပေမယ့် ဒီနားတစ်ဝိုက်မှာ ဘားတွေမှအများကြီးလေ. Charmဘားရဲ့နာမည်ကိုသုံးပြီး တခြားဘားတစ်ခုက လုပ်တာလဲဖြစ်နိုင်တာပဲ.
................Book 10 Part149End..............
ဖီးနစ်သွေးစက်
အခန်း ၁၅၀ အမှန်တရား
ဘာသာပြန်သူ - Chram.Y
"အမှန်ပါ! Charmဘားရဲ့သူဌေးက ငါတို့ကိုလွှတ်လိုက်တာ!" လူမိုက်ခေါင်းဆောင်က အတည်ကြီးပြောနေတယ်လို့ထင်ရပါတယ်. ပြီးတော့ သူတို့ကိုလဲ မလိမ်ရဲလောက်ပါဘူး.
"ရှင့်ဆီမှာ အဲ့သူဌေးရဲ့ဖုန်းနံပါတ်ရှိလား?" ကုနင်းမေးလိုက်သည်.
"ရှိပါတယ်."
"ကျွန်မကိုပေး."
"အင်း." လူမိုက်ခေါင်းဆောင် တုံ့ဆိုင်းမနေပါဘူး. သူတစ်ကိုယ်လုံးနာကျင်နေတဲ့ကြားက ဖုန်းကိုခက်ခက်ခဲခဲထုတ်ယူကာ ကုနင်းကို ဖုန်းနံပါတ်ပြောပြဖို့လုပ်လိုက်တယ်.
ကုနင်းကတော့ ဖုန်းနံပါတ်ကိုပဲမယူဘဲ လူမိုက်ခေါင်းဆောင်၏ဖုန်းကိုဆွဲယူလိုက်သည်.
ဖုန်းက သုံးကြိမ်ပြည့်အောင်တောင်မမြည်ရသေးခင်မှာပဲ တစ်ဖက်ကချက်ချင်းဖုန်းကိုင်လာသည်. ဖုန်းက လက်ထဲမှာအဆင်သင့်ကိုင်မိထားလို့ဘဲလား ဒါမှမဟုတ် ဒီဖုန်းကို တမင်စောင့်နေတာလဲဖြစ်နိုင်တာပဲ.
ကုနင်းကတော့ ထိုလူတမင်ဖုန်းကိုစောင့်နေတာပဲလို့တွေးလိုက်တယ်, ဘာလို့ဆိုသူမဘာမှမပြောရသေးခင်မှာပဲ တစ်ဖက်က စိတ်လောစွာနဲ့မေးတော့တယ်,
"ဘယ်လိုဖြစ်သွားပြီလဲဲ? V5ဘားက လူတွေကြောက်ကုန်ကြပြီလား?"
လူမိုက်ခေါင်းဆောင်အမှန်ကိုပြောခဲ့တာပဲ.
ကုနင်း ခပ်ပါးပါးပြုံးလိုက်ကာ, ခြိမ်းခြောက်တဲ့အသံနှင့်ပြောလိုက်သည်.
"လူကြီးမင်းဝမ်, V5ဘားမှာဖြစ်သွားတာတွေအတွက် ရှင်အလျော်ပေးချင်လား ဒါမှမဟုတ် ရှင့်ဘားကိုလဲ တစ်စစီဖြစ်အောင် ဖျက်စီးပေးရမလား?"
ထိုစကားကိုကြားတော့ လူကြီးမင်းဝမ်ထိတ်လန့်သွားကာ တစ်ခုခုတော့မှားနေပြီမှန်း သဘောပေါက်သွားသည်. သူက V5ဘားကိုဖျက်စီးဖို့လူမိုက်တွေပို့ခဲ့တာလေ အခုတော့ထိုလူမိုက်တွေက ကုနင်းလက်ထဲရောက်သွားပြီတဲ့လား.
ဒါကို လူကြီးမင်းဝမ် သိပ်လက်မခံနိုင်ပါဘူး. သူသိန်းငှက်ပျံဂိုဏ်းက လူအယောက်၂၀တောင်ငှားခဲ့တာလေ. ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ? V5ဘားကလူတွေက အရမ်းအားကြီးနေလို့လား? ဒါပေမယ့် သူအရင်လေ့လာခဲ့ပြီးသားပါ. V5ဘားကို အထက်တန်းကျောင်းသားလေး၃ယောက်ကဖွင့်ထားတာဖြစ်ပြီး ဘယ်သူမှဂိုဏ်းတွေနဲ့မသိကြပါဘူး.
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူလုံးဝဝန်မခံနိုင်ပါဘူး. ဒါကြောင့် သူ့စိတ်သူမနည်းပြန်လျှော့ချလိုက်ကာ အေးအေးဆေးဆေးနှင့်,
"မင်းဘယ်သူလဲ? လာတွေပြောနေတာလဲ? ငါဘာမှနားမလည်ဘူး."
ကုနင်း နှာခေါင်းရှုံ့မိသွားကာ,
"လူကြီးမင်းဝမ်, ကျွန်မဘာပြောလဲ ရှင်နားလည်တာကိုသိတယ်. ဟန်ဆောင်မနေပါနဲ့. အစမှာထဲက ရှင်အမှန်အတိုင်းပြောပြီးနေပြီ. ဒီတော့, ကျွန်မတို့သည်းခံနိုင်မှုကို လာမစမ်းနဲ့. ကျွန်မတို့က သဘောမကောင်းတတ်ဘူး. ပြီးတော့ ရှင့်လူတွေကလဲ ကျွန်လက်ထဲမှာပဲရှိနေသေးတယ်. သိန်းငှက်ပျံဂိုဏ်းက ကျွန်မတို့ကို နိုင်မယ်လို့ ရှင်ထင်နေသေးတာလား?"
"မင်း..." လူကြီးမင်းဝမ် ဘာပြန်ပြောရမလဲမသိဖြစ်သွားပေမယ့် ခြိမ်းခြောက်ခံလိုက်ရတာကြောင့် မကျေမနပ်ဖြစ်သွားတယ်. ပြီးတော့ ကြောက်လဲကြောက်သွားတယ်.
သူတို့ သိန်းငှက်ပျံဂိုဏ်းကိုမကြောက်ဘူးဆိုတော့ သာမာန်တော့မဟုတ်ကြလို့ပဲ.
ဒါပေမယ့် လူကြီးမင်းဝမ်, ဝမ်တချန်မှာက အင်အားကြီးနောက်ခံရှိတာကြောင့် မကြောက်ပဲပြန်တောင် ခြိမ်းခြောက်လိုက်သေးတယ်,
"အဲ့တော့ ဘာဖြစ်လဲ? ငါ့ဦးလေးက စက်မှုနဲ့ကူးသန်းရောင်းဝန်ရေးဌာနက ခေါင်းဆောင်ပဲ! မင်းတို့ Charmဘားကိုဖျက်စီးရဲရင် မင်းတို့ဆိုင်ကို တရားဝင်ပိတ်ပစ်ရအောင် သူ့ကိုလုပ်ခိုင်းလိုက်မယ်!"
"အိုး! ရှင့်ရဲ့ဦးလေးက စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနကခေါင်းဆောင်တဲ့လား? ဒီတော့ သူက ဒါရိုက်တာထက်တောင်ပိုအာဏာရှိတယ်ပေါ့?" ကုနင်းအထင်သေးစွာနှင့်ပြောလိုက်သည်.
"မင်း-မင်းဘယ်သူလဲ?" ဝမ်တချန် နားမလည်နိုင်ဖြစ်သွားပြီး ကုနင်းက ဒါရိုက်တာနဲ့သိနေတာများလားလို့မိသွားကာ ချက်ချင်းသတိထားမေးလိုက်သည်.
တကယ်တော့ ကုနင်းတမင်ပြောလိုက်တာပါ.
"ကျွန်မပြောပြီးသားလေ. ကျွန်မက V5ဘားကလို့." ကုနင်းပြန်ဖြေလိုက်သည်.
ဝမ်တချန် အံ့ကြိတ်မိလိုက်သည်. ဒီတစ်ခေါက်တော့ သူဆုံးဖြတ်ချက်မှားသွားပြီပေါ့.
"မင်းဘာလိုချင်တာလဲ?" ဝမ်တချန် ဒေါသတကြီးမေးလိုက်တယ်.
"ကျွန်မပြောပြီးသားလေ. V5ဘားအတွက်အလျော်ပေးရင်ပေး မဟုတ်ရင် ရှင့်ဘားကိုတစစီဖျက်စီးပစ်မယ်. ရှင့်ရွေးချယ်မှုအပေါ်ပဲမူတည်တယ်." ရွေးချယ်မှုလွယ်လွယ်လေးတွေပြောနေရသလိုမျိုး ကုနင်းအေးဆေးပြောလိုက်တယ်.
"ကောင်းပြီ, ငါလျော်ပေးမယ်. အဲ့ကို ၁၀မိနစအတွင်းရောက်အောင်လာခဲ့မယ်." ဝမ်တချန်ပြန်ဖြေပြီး ဖုန်းချလိုက်ပြီး ဒေါသထွက်လွန်းတာကြောင့် သူ့ဖုန်းကို ကြမ်းပြင်ပေါ်ပေါက်ခွဲပစ်လိုက်တယ်. သူ့ဘေးနားမှာရပ်နေတဲ့ ဘားမန်နေဂျာလဲ ထိတ်လန့်သွားကာ,
"ဘော့စ်, ဘာဖြစ်လို့လဲ?"
"အစီအစဉ်ကျရှုံးသွားပြီ. သိန်းငှက်ပျံဂိုဏ်းကလူတွေကို တဖက်ကဖမ်းထားတယ်. ကောင်မလေးတစ်ယောက်က ငါ့ကိုချန်းလုံအာရဲ့ဖုန်းနဲ့ဆက်ပြီး အလျော်ပေးဖို့ခြိမ်းခြောက်သွားတယ်. မဟုတ်ရင် ငါတို့ဘားကိုလဲဖျက်စီးပစ်မယ်တဲ့. သူတို့က သိန်းငှက်ပျံဂိုဏ်းကိုရော ငါ့ဦးလေးကိုပါမကြောက်ကြဘူး! သေချာပေါက် သူတို့မှာ အင်အားကြီးအထောက်အပံ့ရှိမယ်ထင်တယ်." ဝမ်တချန် ဒေါသတွေနဲ့ပြောလိုက်သည်.
ချန်းလုံအာသည် လူမိုက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး သိန်းငှက်ပျံဂိုဏ်းတွင်လဲ အရေးပါသူတစ်ယောက်ဖြစ်သည်.
"ဘာ?" ထိုစကားကိုကြားတော့ မန်နေဂျာအရမ်းအံ့ဩသွားသည်. V5ဘားကလူတွေ ဒီလောက်အင်အားကြီးမယ်လို့ သူမထင်ထားမိဘူး.
"ကျွန်-ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ?"
"ငါတို့မှာ လျော်ပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး. ငါတို့ဘားကိုလဲ ဖျက်စီးခိုင်းလိုက်လို့မှမဖြစ်တာ. သူတို့သာ ဘားကိုဖျက်စီးလိုက်ရင် ငါတို့ပိတ်ပစ်ရလိမ့်မယ်." ဝမ်တချန်လျော်ကြေးပေးဖို့စိတ်မပါပေမယ့် သူ့တွင်ရွေးချယ်စရာမရှိပါဘူး.
လျော်ကြေးက ယွမ်သိန်းအနည်းငယ်လောက်ပေးလိုက်ရင်ဖြစ်တာမို့ ထိုလောက်တော့ သူတတ်နိုင်ပါတယ်.
ပြီးတော့ ဝမ်တချန် သူ့လူတွေအများကြီးခြံရံကာ V5ဘားကိုထွက်လာခဲ့သည်.
ဟောင်ရန်ကလဲ သာမာန်ဖောက်သည်တွေမတော်တဆဝင်မလာမိအောင် သူ့လူတွေကိုအပြင်မှာ စောင့်ခိုင်းထားပြီးပါပြီ.
ဝမ်တချန်တို့အဖွဲ့သည်လဲ မကြာခင်တွင်မှာပဲရောက်လာကြသည်.
V5ဘားထဲတွင် နေရာတိုင်းရှုပ်ပွနေပါတယ်. ကုနင်းကတမင်မရှင်းခိုင်းထားတာဖြစ်ပြီး ဒါတွေက ပြဿနာဖြစ်ခဲ့တဲ့သက်သေတွေဖြစ်ပါသည်! ပြီးတော့ သိန်းငှက်ပျံအဖွဲ့က လူမိုက်တွေကိုလဲ ထောင့်တစ်နေရာတွင်ဖမ်းထားကာ ဘယ်သူမှမလှုပ်ရဲကြပါဘူး.
ကုနင်းနှင့်ကျန်တဲ့လူတွေကတော့ တံခါးဘက်ကိုလှည့်ကာ ဝမ်တချန်တို့ကို စောင့်နေကြသည်.
ခနနေတော့ ဝမ်တချန်တို့ဝင်လာပြီး ကျောင်းဝတ်စုံနှင့်လူတစ်စုကိုတွေ့လိုက်သည်. V5ဘား၏ပိုင်ရှင်က ကျောင်းသား၃ယောက်မှန်း သူသိထားပြီးပေမယ့် သူ့မျက်လုံးနှင့်ကိုယ်တိုင်တွေ့လိုက်ရတော့ လက်ခံဖို့ခက်ခဲသွားသည်.
သူနေရာမှားပြီးများလာမိသလားလိုတော့ထင်လိုက်မိတယ်. ထို့နောက် ချန်းလုံအာတို့အဖွဲ့ ထောင့်တစ်နေရာတွင် ဒဏ်ရာများနှင့်အဖမ်းခံထားရတာကို ဝမ်တချန်သတိထားမိသွားသည်.
ဝမ်တချန် သူလဲ ထိုသို့အရိုက်ခံလိုက်ရမှာကိုကြောက်လန့်သွားမိတယ်.
"ဘယ်သူက သူဌေးလဲ?" ဝမ်တချန်မေးလိုက်တယ်. အထက်တန်းကျောင်းသားတစ်ယောက်က သူဌေးဖြစ်မှန်းသူသိထားပေမယ့် ဘယ်တစ်ယောက်လဲတော့ သူမသိပါဘူး.
ဟောင်ရန် ရှေ့ထွက်လာကာ
"ကျွန်တော်ပဲ."
"ငါဘယ်လောက်လျော်ရမလဲ?" ဝမ်တချန်မေးလိုက်သည်.
ဒီတစ်ခေါက်တော့ ကုနင်းထွက်လာပြီးပြောလိုက်တယ်,
"ကျွန်မတို့တွက်ပြီးသွားပြီ. ထိုင်စရာ ၇၂ခု ပျက်စီးသွားတယ်. အဲ့ထဲက ၁၀ခုက တွေ. တစ်ခုကို ယွမ်၂၀၀၀ထောင် ၁၀ခုဆိုတော့ ယွမ်၂၀,၀၀၀. နောက်၁၀ခုက ဆိုဖာ. ဆိုဖာတစ်လုံးကို ယွမ်၄,၀၀၀ဆိုတော့ ၁၀လုံးဆို ယွမ်၄၀,၀၀၀. နောက်ထပ် ထိုင်ခုံအလုံး၂၀. ၁လုံးကို ယွမ်၈၀၀ဆိုတော့ ၂၀ကို ယွမ်၁၆,၀၀၀. ပြီးတော့ ၃၂ခုလဲ ကျိုးသွားတယ်. ၁ခုကို ယွမ်၂၀၀ဆိုတော့ ၃၂ခုကို ယွမ်၆,၄၀၀. ဘားကောင်တာက ယွမ်၃၀,၀၀၀. စတိတ်စင်က ယွမ်၁၀,၀၀၀. ပြီးတော့ တူရိယာပစ္စည်းအားလုံးအတွက်က ယွမ်၁၀၀,၀၀၀. ဘားက အရမ်းပျက်စီးသွားတာဆိုတော့ ကျွန်မတို့အလှပြန်ဆင်ရဦးမယ်. အဲ့ဒါအတွက်က ယွမ် ၅၀၀,၀၀၀ပဲထားလိုက်ပါ. အိုး, ပြီးတော့ ကျွန်မတို့ဝန်ထမ်းတွေစိတ်ကျန်းမာရေးထိခိုက်သွားတာအတွက်လဲရှိသေးတယ်. တစ်ယာက်ကို ယွမ်၁၀,၀၀၀. ဝန်ထမ်းက ၂၃ယောက်ရှိတာဆိုတော့ ယွမ်၂၃၀,၀၀၀. ပြီးတော့ ဘားကိုပိတ်ထားရမယ့်အတွက်က ယွမ်၅၀၀,၀၀၀. အဲ့တော့ အားလုံးပေါင်း လျော်ကြေးငွေက ၁,၅၀၂,၄၀၀ကျသင့်ပါတယ်. ဒါပေမယ့် ပေးရအဆင်ပြေသွားအောင် ယွမ်၁.၅သန်းပဲထားလိုက်မယ်. ရှင် ငွေသားနဲ့ချေချင်လား ဒါမှမဟုတ် ကဒ်နဲ့ချေချင်လား?"