← Chapters

ဉာဏ်အလင်းပွင့်ခြင်း

Vol. 157 Ch. 2343

ဉာဏ်အလင်းပွင့်ခြင်း

Vol. 157 Ch. 2343

ဂိုဏ်းချုပ်အရိုးဖြူနှင့် အခြားသူများကို မပြောနှင့် မဟာနတ်မိမယ်နှစ်ပါးသည်လည်း ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် သိပ်သည်းပြင်းထန်သော အော်ရာများနှင့်အတူ ရှေ့သို့ပြေးဝင်လာခဲ့ကြ၏။

သို့သော်လည်း တစ်ခဏချင်းမှာပင် သူတို့သည် အနက်ရောင်မီးကြာပန်းထဲမှာ ပိတ်မိသွားပြီး သေသည်ထက်ပင်ဆိုးဝါးသော ကံကြမ္မာနှင့် တွေ့ကြုံနေရ၏။

အဲ့ဒါက မည်သို့သော အစွမ်းအစများလဲ။

ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် အနက်ရောင်မီးတောက်များကြားမှာ လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တတ်ရပ်နေ၏။

သူ၏ ငွေရောင်မျက်နှာဖုံးက အေးစက်နေပြီး သူသည် အဝီစိကိုထိန်းချုပ်သည့် သက်ရှိတစ်ဦး ဖြစ်သည့်အလား မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသောအော်ရာကို သူကထုတ်ဖော်ထား၏။

ယွင်ကျူးက မနေနိုင်ဘဲမေးလိုက်၏။

“ညီမမိုချင်... နင်က အဲ့ဒီလူနဲ့သိတာလား”

စာအုပ်အင်မော်တယ်အနေဖြင့် သူမသည် ကောင်းကင်ဘုံကမ္ဘာနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝသည်။ တကယ်ဆို သူမသည် အထက်ဘုံလောကမှ လျှို့ဝှက်ချက်များစွာကိုသိရှိထားပြီး ပညာရှင်များစွာကို ကြားဖူးထားသည်။

သို့သော်လည်း သူမသည် ဤကဲ့သို့လျှို့ဝှက်ဆန်းကြယ်သောလူတစ်ယောက်ကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာပေါ်ထွက်လာပြီးနောက် သူသည် မိုချင်နှင့် စကားပြောခဲ့၏။ ဒါ့အပြင် သူက သူမကို နှစ်သိမ့်ပေးနေသည်မှာ သိသာပြီး သူက သူမကိုယ်စား အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများကို သတ်ဖြတ်ပေးမည်ဟုပင် ပြောဆိုခဲ့သည်။

ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည် မိုချင်နှင့်သိရှိထားပြီး သူမဒုက္ခရောက်နေသောကြောင့် သူမကိုကယ်တင်ရန် အပြေးအလွှားရောက်ရှိလာသည်ဟု ယွင်ကျူးက အလိုလိုတွေးမိသွား၏။

မိုချင်က သူမ၏ ခေါင်းကိုညင်သာစွာခါပြီး ငေးငိုင်စွာဖြင့်ပြောလိုက်၏။

“ငါသူ့ကိုမသိဘူး”

“နင်လည်း သူ့ကို မသိဘူးလား”

ယွင်ကျူးက အနည်းငယ်မှင်တက်သွား၏။

ခဏမျှစဥ်းစားတွေးတောပြီးနောက် သူမကပြောလိုက်၏။

“သူက မျက်နှာဖုံးတပ်ထားလို့ နင်က သူ့ကိုမမှတ်မိတာနေမယ်... သူက မျက်နှာဖုံးကို ချွတ်လိုက်မယ်ဆိုရင် နင်သူ့ကို မှတ်မိလောက်မှာ”

“မဟုတ်ဘူး”

မိုချင်က သူမ၏ ခေါင်းကို ခါပြလိုက်၏။

“လူတိုင်းမှာ သူတိုရဲ့ကိုယ်ပိုင် ထူးခြားတဲ့အော်ရာတွေရှိတယ်... သူတို့က မျက်နှာဖုံးတပ်ထားမယ်ဆိုရင်တောင် အဲ့ဒါကိုဖုံးကွယ်မထားနိုင်ဘူး... ငါသူ့ကိုအရင်က မြင်ဖူးတယ်ဆိုရင် သူ့ကိုသေချာပေါက် မှတ်မိမှာပဲ”

“နောက်ပြီး ငါက အချိန်တိုင်းလိုလို တက္ကသိုလ်မှာ တံခါးပိတ်ကျင့်ကြံနေတတ်တာ... အပြင်ဘက်ကို သွားလာလေ့သိပ်မရှိဘူး... တက္ကသိုလ်မှာရှိတဲ့ ဘယ်တပည့်ဂိုဏ်းသားမှာမှ ဒီလိုမျိုး တုန်လှုပ်စရာကောင်းတဲ့နည်းလမ်းတွေ မရှိဘူး”

ယွင်ကျူးက တွေဝေသွား၏။

ဤလူက မိုချင်ကြောင့် ဤနေရာကို ရောက်လာခြင်းမဟုတ်လျှင် သူက ဘယ်သူ့အတွက် ဒီနေရာကို ရောက်လာတာလဲ။

အဲ့ဒါက တိုက်ဆိုင်မှုတစ်ခုပေပဲလား။

ထိုလူ၏ မျက်နှာပေါ်ရှိ ငွေရောင်မျက်နှာဖုံးက သူမကို ရတနာတစ်ခုအကြောင်း အမှတ်ရသွားစေ၏။

သို့သော်လည်း ထိုရတနာကို ဧကရာဇ်ပိုရွှင်းက ပိုင်သည်။

ဤလူက သန်မာသော်လည်း သူက ဧကရာဇ်ပိုရွှင်း မဟုတ်သည်မှာ သိသာနေ၏။

ယွင်ကျူးက စဥ်းစားတွေးတောပြီး ဤအချိန်အတော်အတွင်း သူမရရှိထားသည့် သတင်းအချက်အလက်များအားလုံးကို ချိတ်ဆက်ကာ သူမ၏ စိတ်ထဲမှာ ခန့်မှန်းချက်တစ်ခုပြုလိုက်၏။

“ငါသိပြီ”

သူမက တီးတိုးရေရွတ်လိုက်၏။

နောက်ပိုင်းမှာ လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေက အဝီစိကနေ ထွက်ပြေးလွတ်မြောက်လာခဲ့၏။

သို့သော်လည်း လူများစွာသည် ထိုသတင်း၏ နောက်ကွယ်မှ အချက်တစ်ချက်ကို လျစ်လျူရှုထားခဲ့၏။ လမင်းဝါးမျို ကောင်းကင်ဘုံဝံပုလွေအပြင် အဝီစိသို့ကျဆင်းသွားသော မိစ္ဆာမဟာနယ်မြေမှ အခြားသောလူများ ရှိနေသေး၏။

သူတို့ရှေ့မှ ခရမ်းရောင်ဝတ်အမျိုးသားက သူတို့ထဲမှ တစ်ယောက်ဖြစ်ပေလိမ့်မည်။

ယခုသူသည် မာရ်နတ်မျက်နှာဖုံးကိုရရှိထားပြီး သူသည် ဧကရာဇ်ပိုရွှင်း၏ အမွေအနှစ်တချို့ကို ဆက်ခံရရှိထားခြင်းဖြစ်ဖို့များ၏။ ထို့ကြောင့်ပင်လျှင် သူက အဝီစိမှာ ယခုအချိန်ထိ အသက်ရှင်နေနိုင်သေးခြင်းပင်။

ယွင်ကျူးသည် သတင်းအမှားများနှင့်အတူ သိုင်းတာအိုပင်မခန္ဓာ၏ သရုပ်သကန်ကို ကောက်ချက်မချနိုင်သော်လည်း သူမ၏ ခန့်မှန်းချက်က တစ်စိတ်တစ်ဒေသအားဖြင့် မှန်ကန်နေသည်။

သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေမှလာပြီး အဝီစိသို့ ကျဆင်းသွားခဲ့သည်မှာ တကယ်ပင်ဖြစ်၏။

တစ်ဘက်မှာတော့ ရှဲ့ထျန်ဟုန်နှင့် အခြားသူများသည် သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကိုကြည့်ပြီး ပင့်သက်ကိုရှိုက်ကာ ခေါင်းနားပန်းကြီးလာကြ၏။

“သူက အင်မော်တယ်ဘုရင်တစ်ပါးလား”

ရှဲ့ထျန်ဟုန်က မနေနိုင်ဘဲမေးလိုက်၏။

“မဟုတ်ဘူး”

ပကတိအင်မော်တယ်အင်ပါယာနဂါးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အနက်ရောင်မီးတောက်တွေရဲ့စွမ်းအားက ကြောက်စရာကောင်းနေပေမယ့် သူ့ရဲ့စွမ်းအင်အတက်အကျက အင်မော်တယ်ဘုရင်တစ်ပါးရဲ့အဆင့်ကို မရောက်ဘူး”

သိုင်းတာအိုပင်မခန္ဓာရောက်ရှိလာသောအခါ ဆူဇီမိုက စိတ်သက်သာရာရသွား၏။

သူသည် ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်၏ ဆွေးနွေးပြောဆိုသံများကိုကြားသောအခါ သူက တစ်ချက်လှမ်းကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းတို့သုံးယောက် အခုနေထွက်ပြေးဖို့ ငါစေတနာနဲ့ အကြံပေးလိုက်မယ်”

“မင်းတို့တွေ ဆက်ပြီးကြန့်ကြာနေမယ်ဆိုရင် မင်းတို့သုံးယောက်စလုံး ဒီနေရာမှာသေရလိမ့်မယ်”

“ဟမ့်...”

သူရင်ထဲရှိ ကြောက်ရွံ့မှုကိုဖိနှိမ်ပြီး ရှဲ့ထျန်ဟုန်က လှောင်ရယ်လိုက်၏။

“ဆူဇီမို... ဘာမှအပိုတွေလျှောက်ပြောမနေနဲ့... ဒီခရမ်းရောင်ဝတ်အဆင့်မြင့်အင်မော်တယ်က သတ်ဖြတ်ရာမှာပြတ်သားတယ်ဆိုပေမယ့်... သူက မိစ္ဆာမဟာနယ်မြေက ကျင့်ကြံသူတွေကိုပဲသတ်ဖြတ်တာ... သူက အပြစ်မဲ့တဲ့သူတွေကို ဘာလို့သတ်မှာလဲ”

“ဆူဇီမို... မင်းသာသတိထားနေတာ ပိုကောင်းမယ်”

“အို...”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး ရှဲ့ထျန်ဟုန်ကို ပြုံးစစဖြင့် ကြည့်လိုက်၏။

ရှဲ့ထျန်ဟုန်က ဝင့်ကြွားစွာပြောလိုက်၏။

“ယန်ယန်းအင်မော်တယ်နိုင်ငံက မဂ္ဘီရမိုးကောင်းကင်ကုန်း​မြေတိုက်ရဲ့ အင်မော်တယ်နိုင်ငံ သုံးနိုင်ငံထဲက တစ်နိုင်ငံပဲ... နောက်ပြီး ငါ့အဖေက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အသန်မာဆုံးအင်မော်တယ်ဧကရာဇ်တွေထဲက တစ်ပါးပဲ... သူငယ်ရွယ်စဥ်တုန်းက သူက နေရာတိုင်းကို လှည့်လည်သွားလာပြီး လောကမှာရှိတဲ့ ပညာရှင်တွေအားလုံးနဲ့ မိတ်ဆွေဖွဲ့ထားတယ်”

“ဒီခရမ်းရောင်ဝတ်အဆင့်မြင့်အင်မော်တယ်က ငါ့အဖေနဲ့သိကျွမ်းနေတယ်ဆိုရင် ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ မင်းသားတစ်ပါးဆိုတဲ့ ငါ့ရဲ့အဆင့်အတန်းကိုသုံးပြီး သူ့ကိုတိုက်ခိုက်ဖို့ ငါကပန်ကြားလိုက်တာနဲ့ မင်းကသေပြီပဲ”

“ဟဲဟဲ..”

ဆူဇီမိုက ရယ်မော၍ ရှဲ့ထျန်ဟုန်ကို လျစ်လျူရှုလိုက်၏။

“မင်းက စကားလုံးတချို့နဲ့ ငါတို့ကိုမောင်းထုတ်ချင်တယ်ပေါ့... တော်တော်နုံအတာပဲ”

ရှဲ့ထျန်ဟုန်က အထင်အမြင်သေးသော အမူအရာတစ်ခုနှင့်အတူ ကြိတ်၍လှောင်ရယ်လိုက်၏။

သူတို့သုံးယောက်သည် ဤနေရာကနေ ထွက်သွားစရာအကြောင်းမရှိပေ။

အပြင်ဘက်မှာ ငရဲသက်ရှိများက နေရာအနှံ့ ရှိနေ၏။ ဤနေရာကနေ ထွက်ခွာခြင်းက တမင်သက်သက်အသေခံခြင်းနှင့် တူနေပေလိမ့်မည်။

ဆူဇီမိုသည် သူတို့ကို သေစေချင်သောကြောင့် ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူကာ သူတို့ကိုထွက်သွားဖို့ သွေးထိုးလှုံ့ဆော်နေခြင်းဖြစ်မည်ဟု ရှဲ့ထျန်ဟုန်က တွေးလိုက်၏။

လိုဏ်ဂူထဲမှတိုက်ပွဲက ရုတ်တရက်ဖြစ်ပွားလာပြီး အလျင်အမြန် အဆုံးသတ်လာ၏။

အဲ့ဒါက ပြီးဆုံးလုနီးပါးဖြစ်၏။

ငရဲမီးသည် မဟာအဝီစိမှာ နိယာမများဖြင့် ကန့်သတ်ခံထားရပြီး ထိုအထဲမှာရှိသော သက်ရှိများကို သတ်ဖြတ်လိမ့်မည်မဟုတ်ပေ။

ထိုအစား အဲ့ဒါက သူ့တို့ကို အဆုံးမဲ့ညှင်းပန်းနှိပ်စက်မှုကိုသာ ဖြစ်စေပေလိမ့်မည်။

သို့သော်လည်း မဟာအဝီစိ၏ အပြင်ဘ​က်မှာ နိယာမများနှင့် ကန့်သတ်ချက်များမရှိတော့ဘဲ ငရဲမီး၏ သတ်ဖြတ်ခြင်းစွမ်းအားက အနီရောင်ကြာပန်းကြမ္မာမီးထက် ပို၍ပင် ကြောက်စရာကောင်းလာခဲ့၏။

အရိုးဖြူဂိုဏ်းမှ မိစ္ဆာများသည် ငရဲမီးကို လုံးဝမခုခံနိုင်ပေ။

အသက်ဆယ်ရှိုက်စာမပြည့်ခင် သူတို့၏ အမြုတေစိတ်ဝိညာဥ်နှင့် ဝိညာဥ်တို့က ဖျက်ဆီးခံလိုက်ရပြီး မြေပြင်ပေါ်မှာ အနက်ရောင်ပြာမှုန့်များသာလျှင် ကျန်ရစ်ခဲ့၏။

သိုင်းတာအိုပင်မခန္ဓာက မီးကျီးခဲများပေါ် တက်နင်းပြီး ဂိုဏ်းချုပ်အရိုးဖြူထံသို့ လျှောက်လှမ်းသွား၏။

ဂိုဏ်းချုပ်အရိုးဖြူက မလှမ်းမကမ်းမှာရှိသော လူအိုကြီးအရိုးစုကို တိတ်တဆိတ်ကြည့်လိုက်၏။ ရုတ်တရက် သူ၏ မျက်လုံးက ဖျတ်ခနဲခတ်သွား၏။

လူအိုကြီးအရိုးစုက သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ပြီး အဲ့ဒါကို နားလည်သဘောပေါက်သည်။

“သတ်”

ဂိုဏ်းချုပ်အရိုးဖြူက သူ၏ ညာဘက်လက်ထဲမှာ အရိုးဆေဘာကိုကိုင်ဆွဲပြီး သူ၏ ဘယ်ဘက်လက်ထဲမှာ ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲထားကာ နက်ရှိုင်းစွာ မာန်သွင်းအော်ဟစ်ရင်း သူက သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်သွား၏။

သူသည် အန္တိမမိစ္ဆာနည်းစနစ် အရိုးမိစ္ဆာသုတ္တန်ကို ကျင့်ကြံထား၏။ သူ၏ အရိုးများက ဖျက်ဆီး၍မရနိုင်ဘဲ သူ၏ ခန္ဓာကိုယ်က သန်မာသည်။

သူ၏ စွမ်းအားကြီးမားသော အနီးကပ်တိုက်ခိုက်ရည်ပေါ်မှီခိုပြီး သူက ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၀ ဝင်ခဲ့၏။

အဝီစိ၏ ပတ်ဝန်းကျင်ဒေသမှာ သူ၏ အားသာချက်က ပို၍သိသာလာ၏။

ယခုသူသည် ဧကရာဇ်လက်နက်နှစ်ခုကို ကိုင်ဆွဲထားပြီး ပကတိမိစ္ဆာပညာရှင်များအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်၏။

တကယ်တော့... ဂိုဏ်းချုပ်အရိုးဖြူသည် တစ်စုံတစ်ရာဖြစ်ပျက်လာမည်ကို စိုးရိမ်ပူပန်နေဆဲဖြစ်၏။

ထို့ကြောင့် သူက ပန်းချီအင်မော်တယ်မိုချင်ကို ချုပ်နှောင်ရန် လူအိုကြီးအရိုးစုကို အချက်ပြလိုက်ပြီး သူကတော့... သိုင်းတာအိုပင်မခန္ဓာနှင့် တိုက်ခိုက်ကာ နောက်ပိုင်း ထိုသူကို အကျပ်ကိုင်ခြိမ်းခြောက်မည်ဖြစ်၏။

လူအိုကြီးအရိုးစုက အမူအရာကင်းမဲ့နေပြီး သိုင်းတာအိုပင်မခန္ဓာကို မော့ကြည့်ရဲခြင်းမရှိပေ။ ထိုသူက သူ့ကို သတိထားမိသွားမည်ကို စိုးရိမ်နေ၏။

သူက မဆင်မခြင်လည်း မပြုမူရဲပေ။

ဂိုဏ်းချုပ်အရိုးဖြူက သိုင်းတာအိုပင်မခန္ဓာနှင့် ဆန့်ကျင်တိုက်ခိုက်လိုက်သည့်အခါမှသာ သူက လှုပ်ရှားမှုပြုလုပ်ပြီး ကြမ်းကြုတ်ခက်ထန်သောအော်ရာတစ်ခုနှင့်အတူ မိုချင်ထံသို့ ပြေးဝင်သွား၏။

သူသည် မိုချင်ကို ချုပ်နှောင်နိုင်သည်နှင့်အမျှ သူတို့မှာ အားသာချက်ရှိလာပေလိမ့်မည်။

တိုက်ပွဲနယ်မြေမှာ...။

ဂိုဏ်းချုပ်အရိုးဖြူ၏ သွေးချီက ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကဲ့သို့ တလိပ်လိပ်ထိုးတက်လာ၏။

ဆူနာမီသံတစ်ခုက အော်မြည်လာပြီး သူ၏ သွေးချီက တရုန်းရုန်းထကြွကာ သူ၏ နောက်ဘက်တွင် အရိုးဖြူများ၏ ဧရာမပုံရိပ်ရောင်တစ်ခုက ပေါ်ထွက်လာ၏။

သူက လုံးဝထိန်ချန်ခြင်းမရှိဘဲ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။

ရွှစ်...

ဂိုဏ်းချုပ်အရိုးဖြူက သူ၏ သွေးချီကိုလှည့်ပတ်ပြီး သူ၏ အရိုးဆေဘာကို ကိုင်မြှောက်ကာ သိုင်းတာအိုပင်မခန္ဓာထံသို့ ခုတ်ပိုင်းချလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ နောက်ဘက်ရှိ မကောင်းဆိုးဝါးဆန်သော အဖြူရောင်အရိုးများက တူညီသောပုံစံဖြင့် တူညီသောအရာကိုပြုလုပ်ကာ သိုင်းတာအိုပင်မခန္ဓာထံသို့ ခုတ်ပိုင်းကျဆင်းလာ၏။

သူ၏ မျိုးဆက်သွေးနယ်မြေ၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ ထိုခုတ်ချက်၏ စွမ်းအားက ပို၍ပင်ကြောက်စရာကောင်းလာ၏။

သူသည် သူမနောက်ဘက်မှာရှိသော အရိုးဖြူများနှင့် တစ်သားတည်းကျလာသည့်အလားဖြစ်၏။

သူက အရိုးဖြူများဖြစ်လာပြီး အရိုးဖြူများက သူဖြစ်လာ၏။

သူ၏ ကြောက်စရာကောင်းသော မိစ္ဆာပုံစံက အရိုးဖြူများနှင့်အတူ တွဲဖက်၍ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်မှာ အရိုးဖြူမိစ္ဆာသုတ္တန်၏ လေးနက်သိမ်မွေ့သော အမှန်တရားများက သူ၏ နှလုံးသားထဲမှာ လှည့်ပတ်လာ၏။

ယခင်က သူသဘောမပေါက်ခဲ့သည့် ဓမ္မတာအိုကို ချက်ချင်းပင် နားလည်သဘောပေါက်မှုရှိလာခဲ့၏။

သေရေးရှင်ရေးအခိုက်အတန့်မှာ သူသည် သူ၏ ကျင့်ကြံရေးလမ်းကြောင်းမှာ သူပြုလုပ်ဖူးသမျှထဲ အသန်မာဆုံးခုတ်ချက်ကို ထုတ်ဖော်လိုက်၏။

ဂိုဏ်းချုပ်အရိုးဖြူက စိတ်အားမာန်တက်ကြွလာပြီး သူ၏ အော်ရာက ချက်ချင်းပင်ထိုးတက်ကာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိသွားလေသည်။

All Chapters