မင်းဘာလုပ်နေတာလဲ
Vol. 157 Ch. 2344
လေထဲမှာရှိသော အရိုးဆေဘာ၏ လမ်းကြောင်းနှင့် ၎င်း၏ ထက်ရှမှုကိုကြည့်ပြီး ဂိုဏ်းချုပ်အရိုးဖြူပင်လျှင် စိတ်ကျေနပ်အားရမှုကို ခံစားလိုက်ရ၏။
တကယ်ဆို သူ၏ စိတ်ထဲမှာ အတွေးတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။
ငရဲဖိနှိမ်မီးဖိုမရှိလျှင်တောင် ထိုခုတ်ချက်တစ်ချက်တည်းက ဤလူကို သတ်ဖြတ်နိုင်လောက်၏။
သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်းမရှိပေ။ ငွေရောင်မျက်နှာဖုံးအောက်မှာ သူ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
ထိုအစား သူက သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဝင်ရောက်လာသောအရိုးဆေဘာကို လက်ဗလာဖြင့် ဖမ်းဆွဲလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက မရှောင်တိမ်းသည့် အကြောင်းအရင်းမှာ သူက ထိုသို့မပြုလုပ်နိုင်သောကြောင့် မဟုတ်ပေ။
အကြောင်းမှာ သူသည် အစစ်အမှန်သိုင်းနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူဖန်တီးထားသည့် အစစ်အမှန်သိုင်းခန္ဓာက ဘယ်လောက်သန်မာသလဲ စမ်းသပ်ကြည့်ချင်နေကြောင့်ပင်။
“မင်းကတော့ သေချင်နေတာပဲ”
ဂိုဏ်းချုပ်အရိုးဖြူသည် သိုင်းတာအိုပင်မခန္ဓာက သူ၏ အရိုးဆေဘာကို လက်ဗလာဖြင့် ဖမ်းဆွဲနေသည်ကို တွေ့မြင်သောအခါ သူ၏ မျက်လုံးက ဝင်းလက်၍ သူ၏ နှုတ်ခမ်းက ကွေးညွှတ်သွား၏။
သူ့လက်ထဲရှိအရိုးဆေဘာသည် တစ်ခါက ဧကရာဇ်လက်နက်တစ်ခု ဖြစ်ခဲ့ဖူး၏။
၎င်း၏ ကျင့်ကြံမှုနယ်ပယ်က ကျဆင်းနေသော်လည်း ဧကရာဇ်လက်နက်တစ်ခု၏ ထက်ရှမှုက ကျန်ရှိနေဆဲပင်။
ထိုခုတ်ချက်က သူ့ရှေ့မှာရှိသော ခရမ်းရောင်ကျင့်ကြံသူကို နှစ်ပိုင်းထိုးခွဲဖို့ လုံလောက်နေ၏။
ဖောက်...
သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။
အရိုးဆေဘာက သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးကို ထိခတ်သွားပြီး သူ၏ အသားကို ဆုတ်ဖြဲလိုက်၏။
သို့သော်လည်း အဲ့ဒါက သူ၏ အရိုးများကြားမှာ ကပ်ငြိသွားပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။
ဂိုဏ်းချုပ်အရိုးဖြူ၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲတောင့်တင်းသွား၏။
သူက သူ၏ မျိုးဆက်သွေးနယ်မြေကို ဘယ်လောက်ပင် လှည့်ပတ်ထားသည်ဖြစ်စေ သူက ဆက်လက်၍ ခုတ်ပိုင်းမချနိုင်တော့ပေ။
အရိုးဆေဘာသည် သိုင်းတာအိုပင်မခန္ဓာ၏ အရိုးများမှာ ကပ်ငြိနေစဥ် အဲ့ဒါက သူတို့ကို မလှီးဖြတ်နိုင်ပေ။
သူသည် ဖျက်ဆီး၍မရနိုင်သော နတ်ဘုရားလက်နက်တစ်ခု သို့မဟုတ် ဓမ္မရတနာတစ်ခုနှင့် ထိခတ်သွားသည့်အလား ခံစားလိုက်ရ၏။
“မင်း...”
ဂိုဏ်းချုပ်အရိုးဖြူ၏ မျက်လုံးထဲသို့ မယုံကြည်နိုင်မှုက ဝင်ရောက်လာ၏။
“ဒါအကုန်ပဲလား”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် မေးလိုက်၏။
သူသည် ဂိုဏ်းချုပ်အရိုးဖြူ၏ အရိုးဆေဘာကို လက်ဗလာဖြင့်ခံယူရဲသည့်အကြောင်းရင်းမှာ သူက ယုံကြည်မှုလွန်ကဲနေသောကြောင့် မဟုတ်ပေ။
ဂိုဏ်းချုပ်အရိုးဖြူသည် ပကတိမိစ္တာတစ်ဦးသာဖြစ်၏။ သူက အစစ်အမှန် ဧကရာဇ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သူက ၎င်း၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဓမ္မတာအိုက သူ၏ အသားကို ယခုအချိန်ထိ အားဖြည့်မပေးရသေးပေ။
ထို့ကြောင့်ပင်လျှင် ဂိုဏ်းချုပ်အရိုးဖြူ၏ အရိုးဆေဘာကြောင့် ထိခိုက်ဒဏ်ရာရရှိသွားပြီး သူ၏ အသားက စုတ်ပြဲသွားခြင်းဖြစ်၏။
ထိုကဲ့သို့သောဒဏ်ရာက သိုင်းတာအိုပင်မခန္ဓာ၏ ကိုယ်ကာယအတွက် လျစ်လျူရှု၍ရသလောက်နီးပါးဖြစ်၏။
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာက သူ၏ အရိုးဆေဘာကို လက်ဗလာဖြင့်ဖမ်းဆွဲလိုက်စဥ် ဂိုဏ်းချုပ်အရိုးဖြူသည် ခုတ်ပိုင်းမချနိုင်ရုံသာမက သူသည် အဲ့ဒါကိုပြန်၍လည်း မရုပ်သိမ်းနိုင်တော့ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက အရိုးဆေဘာကို ပြုတ်တူတစ်ချောင်းကဲ့သို့ တင်းကျပ်စွာဖမ်းဆုပ်ထား၏။
ဂိုဏ်းချုပ်အရိုးဖြူက သူ၏ မျိုးဆက်သွေးနယ်မြေနှင့် သူ၏ ခွန်အားအပြည့်အဝကို ထုတ်လွှတ်လိုက်၏။
သို့သော်လည်း အရိုးဆေဘာသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲမှာ မလှုပ်မယှက်ရှိနေ၏။
“မင်းက အားနည်းလွန်းတယ်”
သိုင်းတာအိုပင်မခန္ဓာက ထိုသို့ပြောလိုက်သည့်ခဏမှာပင် သူက သူ၏ လက်ကိုမြှောက်ပြီး လက်သီးတစ်လုံးအဖြစ်ဆုပ်ကာ ရှေ့သို့ပစ်ထိုးလိုက်၏။
ဝှစ်...
အဲ့ဒါက မည်သည့်နည်းစနစ်မှ မပါရှိသော ရိုးရှင်းသည့် လှုပ်ရှားမှုနှင့် ထိုးချက်တစ်ချက်မျှသာဖြစ်၏။
သို့သော်လည်း မနှိုင်းယှဥ်သာအောင် ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လူတိုင်းကို မွန်းကျပ်ဖွယ်ရာ ခံစားသွားရစေ၏။
ဖိအားက အဘက်ဘက်ကနေ တလိပ်လိပ်တိုးဝင်လာပြီး ဂိုဏ်းချုပ်အရိုးဖြူသည် သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မည့်အလား သူ၏ အရိုးများက တုန်ခါလာခဲ့၏။
သူသည် ထိုထိုးချက်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို စကားလုံးများဖြင့် ဖော်မပြနိုင်ပေ။
ထိုထိုးချက်နှင့်ယှဥ်လျှင် စောစောက သူ၏ ခုတ်ချက်သည် သုံးနှစ်အရွယ်ကလေးတစ်ယောက်၏ လှည့်ကွက်တစ်ခုမျှဖြစ်သည်ဟုသာ သူသိထား၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ဤကဲ့သို့ကြမ်းကြုတ်ခက်ထန်သောလက်သီးချက်ကို တစ်ခါမှ မတွေ့မြင်ခဲ့ဖူးဘူးဟုသာ သိထား၏။
သူ၏ အဖြူရောင်အရိုးများ နယ်မြေဖြစ်စဥ်ကပင်လျှင် အဆက်မပြတ်တုန်ခါကာ ထိုထိုးချက်၏ လွှမ်းခြုံမှုအောက်မှာ အချိန်မရွေးလဲပြိုကျတော့မည့်အလား အကျွိကျွိမြည်လာ၏။
“အား..”
သေရေးရှင်ရေးအခိုက်အတန့်မှာ သူက မာန်သွင်းအော်ဟစ်ပြီး ငရဲဖိနှိမ်မီးဖိုကိုသုံးကာ သူ၏ ရှေ့မှာ ပိတ်ကာလိုက်၏။
ဒင်...
သိုင်းတာအိုပင်မခန္ဓာ၏ လက်သ်ီးက ငရဲဖိနှိမ်မီးဖိုပေါ်သို့ ပြင်းထန်စွာကျဆင်းသွားပြီး ရှေးဟောင်းကျောင်းတော်၏ အနက်ပိုင်းထဲမှ ခေါင်းလောင်းထိုးသံထွက်ပေါ်လာသည့်အလား သံရှည်တစ်သံက ထွက်ပေါ်လာ၏
ငရဲဖိနှိမ်မီးဖိုက အဆက်မပြတ်တုန်ခါသွား၏။
ငရဲဖိနှိမ်မီးဖိုကို ဒိုင်းကာအဖြစ် သုံးထားလျှင်ပင် သိပ်သည်းပြင်းထန်သော စွမ်းအားက မီးဖိုကနေတစ်ဆင့် ဂိုဏ်းချုပ်အရိုးဖြူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
“ဖြောက်.. ဖြောက်..ဖြောက်...”
မီးဖိုကိုမထားသည့် ဂိုဏ်းချုပ်အရိုးဖြူ၏ လက်ကနေ အရိုးများကျိုးသံ တဖြောက်ဖြောက်က ထွက်ပေါ်လာ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် သူ၏ လက်ပေါ်ရှိ အသားများက မသတီစရာသွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွား၏။
အစက ဂိုဏ်းချုပ်အရိုးဖြူ၏ နောက်ဘက်မှာရှိနေခဲ့သော အရိုးဖြူနယ်မြေဖြစ်စဥ်က သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွား၏။
မကောင်းဆိုးဝါးဆန်သော နယ်မြေဖြစ်စဥ်က လဲပြိုကျသွား၏။
ရှဲ့ထျန်ဟုန်နှင့်အခြားနှစ်ယောက်သည် တုန်လှုပ်စွာဖြင့် သူတို့၏ မျက်လုံးများက ပြူးကျယ်နေကြ၏။
အဲ့ဒါက အရမ်းကိုရက်စက်ကြမ်းတမ်းလွန်း၏။
ထိုးချက်တစ်ချက်သည် ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်၏ အဆင့်-၁၀ မှာ ရပ်တည်နေသော ဂိုဏ်းချုပ်အရိုးဖြူကို ဒဏ်ရာအပြင်းအထန်ရရှိသွားစေ၏။ ဒါတောင် သူတို့ကြားမှာ ငရဲဖိနှိမ်မီးဖိုက ခြားထားသေးသည်။
ဂိုဏ်းချုပ်အရိုးဖြူ၏ လက်က အသွေးအသားများအဖြစ် ပေါက်ကွဲထွက်သွားပြီး သူ၏ အရိုးများက ကြေမွကာ ပျော့ခွေစွာဖြင့် တွဲလောင်းကျသွား၏။ ငရဲဖိနှိမ်မီးဖိုကလည်း ဘေးကို ကျဆင်းသွား၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ကိုဆန့်ထုတ်ပြီး ငရဲဖိနှိမ်မီးဖိုကို ကောက်ယူကာ အဲ့ဒါကို သူ၏ အသိစိတ်ထဲသို့ ပို့လွှတ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာ လွတ်မြောက်လာသည့်ခဏမှာပင် အစစ်အမှန်ခန္ဓာနှစ်ခုက ဆက်သွယ်မှုပြုလုပ်ပြီးသွားခဲ့လေပြီ။
သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထက် ပိုမိုမြင့်မားသော်လည်း သူ့မှာ မည်သည့်နတ်ဘုရားလက်နက် သို့မဟုတ် မည်သည့်ဓမ္မရတနာမှမရှိပေ။
သူသည် ဤတစ်ခေါက် အဝီစိမှာ အန္တရာယ်နှင့် ကြုံတွေ့ရစဥ် ခုခံနိုင်စွမ်းမရှိသလောက်နီးပါးပင်။ ဒါ့ကြောင့် ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုကို သိုင်းတာအိုပင်မခန္ဓာအား ပေးဖို့ ဆုံးဖြတ်လိုက်၏။
နောက်ထပ်တစ်ချက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က အကန့်အသတ်ရှိပြီး ငရဲဖိနှိမ်မီးဖို၏ စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း သို့မဟုတ် ၎င်းကို အမှန်တကယ်ထိန်းချုပ်နိုင်ခြင်း မရှိပေ။
သိုင်းတာအိုပင်မခန္ဓာကတော့ သူ၏ ကျင့်ကြံမှုနယ်ပယ်က မြင့်မားလာခဲ့၏။ အစစ်အမှန်သိုင်းနယ်ပယ်ကို ဝင်ရောက်လာပြီးနောက် သူသည် အင်မော်တယ်တာအိုမှ ပကတိဧကနယ်ပယ်နှင့် တူညီသွား၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကိုသုံးပြီး ငရဲဖိနှိမ်မီးဖိုကို သန့်စင်မည်ဆိုလျှင် သူသည် ဤဧကရာဇ်လက်နက်ကို အပြည့်အဝထိန်းချုပ်လာနိုင်လောက်၏။
ငရဲဖိနှိမ်မီးဖိုကို ထိန်းချုပ်ခြင်းဖြင့် သူ့မှာ အဝီစကို ထိန်းချုပ်နိုင်မည့်အခွင့်အရေး ရှိလာပေမည်။
ငရဲဖိနှိမ်မီးဖိုသည် သိုင်းတာအိုပင်မခန္ဓာအတွက် ပို၍အသုံးတည့်ပြီး ပိုမိုကြီးမားသည့် အခွင့်အလမ်းများစွာကို ဖန်တီးပေးလာနိုင်ပေလိမ့်မည်။
ငရဲဖိနှိမ်မီးဖိုက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လက်ထဲမှာ ရှိနေမည်ဆိုလျှင်တောင် သူသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ငဲ့ကွက်ထိန်ချန်စရာများစွာရှိပြီး အဲ့ဒါကို အချိန်အများစုမှာ အသုံးမပြုနိုင်ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာမှာတော့... ဤကဲ့သို့သော စိုးရိမ်ပူပန်စရာများ မရှိပေ။
သူသည် မာရ်နတ်မျက်နှာဖုံးကိုတပ်ထားပြီး မည်သူကမှ သူဘယ်သူဆိုတာကို မသိပေ။
ယခု သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်အမြုတေနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာကာ သူသည် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီဖြစ်၏။
ငရဲဖိနှိမ်မီးဖို၏ အကူအညီနှင့်အတူ သူသည် အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးနှင့် ကြုံတွေ့ရလျှင်တောင် မထိမခိုက်လွတ်မြောက်အောင်ထွက်ပြေးနိုင်၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို သိမ်းဆည်းပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။
သူက ဂိုဏ်းချုပ်အရိုးဖြူ၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။
အရိုးဆေဘာက သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာရှိနေဆဲ ဖြစ်၏။
ဂိုဏ်းချုပ်အရိုးဖြူက ဘာမှမတတ်နိုင်ဘဲ သူ၏ လက်ကိုသာမြှောက်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ဖမ်းဆီးမှုကနေ လွတ်မြောက်စေရန် ထွက်ပြေးလိုက်၏။
သူက အလိုက်သင့်လှုပ်ရှားရာမှာမြန်ဆန်သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ လှုပ်ရှားမှုနည်းစနစ်က ပို၍ပင်မြန်ဆန်နေ၏။
ဂိုဏ်းချုပ်အရိုးဖြူက လှည့်ထွက်လိုက်သည့်ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက ဆင်းသက်လာခဲ့ပြီဖြစ်၏။
ဖြောက်...
သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက ဂိုဏ်းချုပ်အရိုးဖြူ၏ လည်ဂုတ်ကိုဖမ်းဆွဲပြီး ညင်သာစွာ ဖျစ်ညှစ်လိုက်၏။
ဂိုဏ်းချုပ်အရိုးဖြူ၏ လည်ပင်းက ချက်ချင်းပင်ကျိုးကြေသွား၏။
သူတို့နှစ်ယောက်ကြားတိုက်ခိုက်မှုက နှေးကွေးသည်ဟုထင်ရသော်လည်း တစ်ခဏအတွင်းဖြစ်ပွားခဲ့၏။
အသက်သုံးရှိုက်စာမပြည့်ခင်မှာပင် ဂိုဏ်းချုပ်အရိုးဖြူသည် သိုင်းတာအိုပင်မခန္ဓာ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံလိုက်ရပြီဖြစ်၏။
ထိုအခိုက်အတန့်မှာ နတ်မိမယ်မိုချင်ထံသို့ ပြေးဝင်သွားသော လူအိုကြီးအရိုးစုက သူမ၏ ရှေ့သို့ ရောက်ရှိလာ၏။
လူအိုကြီးအရိုးစုမှာ ရက်စက်ကြမ်းတမ်းသောအမူအရာတစ်ခုရှိနေပြီး သူ၏ ပိန်လှီနေသော လက်များကို တိတ်တဆိတ်ဆန့်ထုတ်လိုက်၏။ သူ၏ သွေးချီက တလိက်လိပ်တက်လာပြီး သူက မိုချင်ကိုအသက်ရှင်လျက် ဖမ်းဆီးဖို့အတွက် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ဖို့ပြင်လိုက်၏။
ယွင်ကျူးသည် သူမ၏ အဆိပ်ဒဏ်ရာများကနေ သက်သာမလာသေးဘဲ မတိုက်ခိုက်နိုင်ပေ။ ဆူဇီမိုက ဒဏ်ရာအပြင်းအထန်ရရှိထားခါစဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးထား၏။ လူအိုကြီးအရိုးစုသည် တစ်ယောက်တည်းရှိနေသောမိုချင်ကို လှုပ်ရှားကွက်သုံးကွက်အတွင်း ဖိနှိမ်နိုင်သည်ဟု ယုံကြည်ချက်ရှိနေ၏။
သို့သော်လည်း လူအိုကြီးအရိုးစုက တိုက်ခိုက်လိုက်စဥ် မိုချင်က ခုခံခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပေ။
သူမက သူ့ကို ထူးဆန်းသောအကြည့်ဖြင့်သာ ကြည့်နေ၏။
အတိအကျဆိုရလျှင် မိုချင်၏ အကြည့်သည် သူ့ကိုကျော်ပြီး သူ၏ နောက်ဘက်ကို ရောက်ရှိနေ၏။
ယွင်ကျူးကလည်း သူ၏ နောက်ဘက်ကို အံအားသင့်စွာ တုန်လှုပ်စွာဖြင့် ကြည့်နေ၏။
လူအိုကြီးအရိုးစုက စဥ်းစားမရဖြစ်သွား၏။
သူ၏ နောက်ဘက်မှာ ဘာရှိနေလို့ မိုချင်က ရှောင်တိမ်းဖို့နှင့် ခုခံဖို့ကိုပင် လက်လျှော့သွားရတာလဲ။
“မင်းဘာလုပ်နေတာလဲ”
ထိုစဥ်မှာပင် တစ်စုံတစ်ယောက်က မှင်သေသေဖြင့် မေးလိုက်၏။
စကားပြောလိုက်သောသူက သူ၏ နောက်တည့်တည့်မှာ ရှိနေ၏။
လူအိုကြီးအရိုးစုသည် ထိုသူ၏ ထွက်သက်ကိုပင် ခံစားမိလာနိုင်သည်ဟုထင်ရ၏။
ဟာ...
ရုတ်တရက် လူအိုကြီးအရိုးစုက ကြက်သီးမွေးညင်းများထလာခဲ့၏။