မိတ်ဆွေဟောင်းများ
Vol. 157 Ch. 2348
အဝီစိ၏ ထောင့်တစ်နေရာမှာ ကိုယ်တော်နှစ်ပါးက မတ်တတ်ရပ်နေကြ၏။ သူတို့သည် သွေးများဖြင့် ပေကျံနေပြီး အလွန်တရာဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။
သူတို့သည် လမ်းတစ်လျှောက်မှာ မရေမတွက်နိုင်သော အန္တရာယ်များနှင့်ကြုံတွေ့ခဲ့ရပေမည်။
ရှေ့မှာရှိသောသူက သက်လတ်ပိုင်းအရွယ် ကိုယ်တော်တစ်ပါးဖြစ်၏။ သူက မျက်ခုံးမြင့်မြင့် မျက်လုံးပြူးပြူးနှင့် အရပ်ရှည်ရှည်ဗလတောင့်တောင့်ဖြစ်ပြီး ဒေါသူပုန်ထနေသော ဝဇီရာ(ဗြဟ္မာ)နှင့်တူလေသည်။
အရပ်မြင့်မြင့်ကိုယ်တော်၏ နောက်ဘက်မှာ ငယ်ရွယ်သော ကိုယ်တော်ရှိနေ၏။ သူက များစွာပိုမိုပိန်ပါးပြီး သူ၏ ခေါင်းကိုငုံ့ထားကာ ကမ္ဘာ့ကွန်ချာဗုဒ္ဓသုတ္တန်များကို အဆက်မပြတ်ရွတ်ဆိုနေ၏။
အရပ်မြင့်မြင့်ကိုယ်တော်က သူ၏ ပြူးကျယ်နေသော မျက်လုံးများနှင့်အတူ ပြင်းပြသောစိတ်လှုပ်ရှားမှုဖြင့် ရှေ့တည့်တည့်ကိုငေးကြည့်နေ၏။
အဲ့ဒီမှာ ပုံရိပ်တစ်ခုက တင်ပျဥ်ခွေထိုင်နေ၏။ သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိလာခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိအသားများက ယိုယွင်းပျက်စီးမည့် မည်သည့်လက္ခဏာမှ မပြသပေ။ သူ၏ အသားအရေက သက်ရှိလူသားတစ်ယောက်နှင့်တူနေ၏။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှာ မည်သည့်အသက်ဓာတ်မှ မကျန်ရှိတော့ပေ။
ထိုပုံရိပ်၏ ဘေးမှာ သစ်သီးတချို့ရှိနေ၏။
မလှမ်းမကမ်းမှာ စုတ်ပြတ်သတ်နေသော ရှေးဟောင်းသစ်ပင်တစ်ပင်ရှိနေ၏။ ၎င်း၏ အရွက်များက ညှိုးခြောက်နေသော်လည်း ၎င်း၏ ပင်စည်က အကောင်းတိုင်းကျန်ရှိနေလေသည်။
“ငါနောက်ဆုံးတော့ တည်ထောင်သူအရှင် အာနန္ဒာရဲ့ အမွေအနှစ်ကို ရှာတွေပြီပဲ”
အရပ်မြင့်မြင့်ကိုယ်တော်က ထိုပုံရိပ်ကို ကြည့်ပြီးအသံထွက်၍ ရယ်မောလိုက်၏။
“ငါက... တည်ထောင်သူအရှင်အာနန္ဒာရဲ့အမွေအနှစ်ကို ဆက်ခံရရှိတာနဲ့ ငါက ကောင်းကင်လိုဏ်ဂူတစ်ခုကိုစုဖွဲ့ပြီး ကောင်းကင်ဘုံဘုရင်တစ်ပါးဖြစ်လာမယ်... ငါက ဝေဿယကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်တောင်မှ ဖြစ်လာနိုင်တယ်”
ငယ်ရွယ်သောကိုယ်တော်က ပြန်မဖြေဘဲ သူ၏ ဗုဒ္ဓသုတ္တန်ကိုသာ ဆက်လက်၍ရွတ်ဆိုနေ၏။
အရပ်မြင့်မြင့်ကိုယ်တော်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရှေ့သို့တက်လှမ်းကာ တည်ထောင်သူအရှင် အာနန္ဒာ၏ အမွေအနှစ်ကို လက်ခံရယူဖို့ပြင်လိုက်၏။
သို့သော်လည်း သူက တည်ထောင်သူအရှင် အာနန္ဒာနှင့် ပေတစ်ရာအကွာအဝေးသို့ ရောက်ရှိသောအခါ ကြီးမားသည့်တွန်းကန်အားတစ်ခုက ကာဆီးလာ၏။
တည်ထောင်သူအရှင်အာနန္ဒာ၏ ခန္ဓာကိုယ်အတွင်းကနေ ရွှေရောင်စက်ဝန်းတစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာပြီး လျင်မြန်စွာ ဖြန့်ကြက်ကာ အချင်းဝက်ပေတစ်ရာရှိသော ရွှေရောင်အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဘန်း...ဘန်း ဘန်း...
အရပ်မြင့်မြင့်ကိုယ်တော်က ရှေ့သို့ဘယ်လိုပင်ပြေးဝင်သည်ဖြစ်စေ သူက ရွှေရောင်အကာအရံအလွှာကို မဖြတ်ကျော်နိုင်ပေ။
“တည်ထောင်သူအရှင် အာနန္ဒာ... ခင်ဗျားဘာလို့ကျုပ်ကို ဝင်ခွင့်မပေးတာလဲ”
အရပ်မြင့်မြင့်ကိုယ်တော်က ဒေါသထွက်နေပြီး အော်ပြောလိုက်၏။
“ကျုပ်က... ဝေဿယကျောင်းတော်က သူတော်စင်ပူချန်ပဲ... ကျုပ်ကသာ ခင်ဗျားရဲ့အမွေအနှစ်ကို ဆက်ခံရရှိဖို့ ထိုက်တန်တဲ့သူပဲ”
ရွှေရောင်စက်ဝန်းက အလျှော့ပေးမည့် မည်သည့်လက္ခဏာမှမပြသပေ။
ကိုယ်တော်လေးက သုတ္တန်များကိုရွတ်ဆိုရင်း သူ၏ ဦးခေါင်းကို အနည်းငယ်ငုံ့ထားဆဲဖြစ်၏။
“အဲ့ဒါတွေကို ရွတ်မနေစမ်းနဲ့”
အာနန္ဒာ၏ အမွေအနှစ်က ရှေ့တည့်တည့်မှာရှိနေပြီး သူက အဲ့ဒါကို မရရှိနိုင်သောအခါ အရပ်မြင့်မြင့်ကိုယ်တော်က မကျေမမချမ်းဖြစ်လာပြီး မကျေမနပ်ဖြင့် အော်ငေါက်လိုက်၏။
“ငါက... သူတော်စင်တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ထားတဲ့ ဝေဿယကျောင်းတော်ရဲ့ သူတော်စင်တစ်ပါးပဲ... တည်ထောင်သူအရှင်အာနန္ဒာက ငါ့ကိုဘာလို့တားနေရတာလဲ”
“စီနီယာအစ်ကိုပူချန်... ခင်ဗျားက အဝီစိကို ဝေဿယကျောင်းတော်က ကိုယ်တော်တစ်သောင်းကို ခေါ်လာခဲ့တယ်... အခုကျုပ်တို့ဒီကိုရောက်လာတဲ့အချိန်မှာ ကျုပ်တို့နှစ်ယောက်ပဲကျန်တော့တယ်”
“ဟမ့်...”
သူတော်စင်ပူချန်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းက ကမ္ဘာ့ကွန်ချာဗောဓိသတ်ရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားတယ်... မင်းက ကိုယ်တိုင်စွန့်လွှတ်အနစ်နာခံခြင်းရဲ့ စိတ်ဝိညာဥ်ကို တခြားသူတွေပိုပြီး ကောင်းကောင်းနားလည်မှာပေါ့”
(ကမ္ဘာ့ကွန်ချာဆိုတာ ကျတော်ဘာသာ ရွေးချယ်ပေးထားတဲ့ နာမည်တစ်ခုပါ။ Ksitigarbha ဆိုပြီး အင်တာနက်မှာ ရှာကြည့်နိုင်ပါတယ်။ ငရဲမှာ ကျခံနေရတဲ့သူတွေ အကုန်လွတ်မြောက်မှ ဗုဒ္ဓအဖြစ် ခံယူမယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့ ဗောဓိသတ်တစ်ပါးပါ။ အဲ့ဒါတွေက မဟာယာနအရဖြစ်ပါတယ်။ မြန်မာမှာ ထေရဝါဒပဲ များတဲ့အတွက် တချို့စကားလုံးတွေကို ဘာသာပြန်ရတာ အခက်အခဲရှိပါတယ်။ ဗောဓိသတ်ကို ဗောဓိသတ္တဟုလည်း ခေါ်ပါတယ်။ အနီးစပ်ဆုံး ပြောရရင်တော့ ဘုရားလောင်းပါ။ မဟာယာနနှင့် ထေရဝါဒအရ သဘောတရားကွဲပြားမှုတော့ ရှိနိုင်ပါတယ်။)
“သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ တည်ထောင်သူအရှင်အာနန္ဒာရဲ့အမွေအနှစ်ကို နောက်တစ်ဖန်မြင်တွေ့ခွင့်ရစေမယ်... အဲ့ဒါက ဝေဿယကျောင်းတော်အတွက် ကောင်းချီးမင်္ဂလာပဲ... သူတို့ရဲ့အကျိုးဆောင်မှုက တိုင်းတာလို့မရဘူး”
ကိုယ်တော်လေးက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ကမ္ဘာ့ကွန့်ချာဗောဓိသတ်က သက်ရှိအားလုံးကိုကယ်တင်ဖို့အတွက် သူ့ကိုယ်သူစွန့်လွှတ်စတေးခဲ့တယ်... ခင်ဗျားကတော့ ခင်ဗျားရဲ့အောင်မြင်ပေါက်မြောက်မှုအတွက် အခြားသူတွေကို စွန့်လွှတ်စတေးခဲ့တယ်”
“ဗုဒ္ဓနဲ့မိစ္ဆာတွေကြားကွာခြားချက်က သူတို့ရဲ့စိတ်နှလုံးသားပေါ်မှာပဲ မူတည်တယ်”
“စီနီယာအစ်ကို... ခင်ဗျားက မိစ္ဆာတစ်ဦးအဖြစ်ပြောင်းလဲသွားပြီ.. ခင်ဗျားက တည်ထောင်သူအရှင်အာနန္ဒာရဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုလုပ်ရရှိနိုင်ပါတော့မလဲ”
သူတော်စင်ပူချန်၏ အမူအရာက သုန်မှုန်သွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းလိုမျိုး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ငါ့ကိုဘယ်လိုတောင် ဘယ်လိုတောင်ဆုံးမဩဝါဒပေးရဲတာလဲ... ငါသာ မင်းကိုလမ်းတစ်လျှောက်ကာကွယ်မပေးခဲ့ရင် မင်းရဲ့တိုက်ခိုက်ရည်ခွန်အားနဲ့ဆို အဲ့ဒီငရဲသက်ရှိတွေကြောင့် အပိုင်းပိုင်းဆုတ်ဖြဲခံနေရပြီးပြီ”
“စီနီယာအစ်ကိုပူရှန်... ခင်ဗျားကျုပ်ကို ကာကွယ်ပေးခဲ့တယ်ဆိုတာ ခင်ဗျားမှာ တခြားရည်ရွယ်ချက်ရှိနေတာဖြစ်ရမယ်... ဟုတ်တယ်မလား”
ကိုယ်တော်လေးက မှင်သေသေဖြင့် ပြောလိုက်၏။
သူတော်စင်ပူချန်က အံအားသင့်သွားသည့်ဟန်ဖြင့် မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
အတန်ကြာငြိမ်သက်နေပြီးနောက် သူကပြောလိုက်၏။
“မင်းကို ပြောပြလို့လည်း ကိစ္စတော့မရှိပါဘူး... ငါက မင်းကို ကမ္ဘာ့ကွန်ချာရွှေခန္ဓာရဲ့ ကျင့်ကြံရေးနည်းစနစ်ကို ထုတ်ပေးခိုင်းမလို့ဘဲ”
“ကျုပ်က မလုပ်ပေးနိုင်ဘူးဆိုရင်ရော”
ကိုယ်တော်လေးက ပြန်မေးလိုက်၏။
သူတော်စင်ပူချန်က ပြုံးလိုက်လေသည်။
“ငါ့အနေနဲ့ ဝေဿယကျောင်းတော်မှာ မင်းကိုတိုက်ခိုက်ဖို့ဆိုတာက မသင့်လျော်ဘူး... ဒါပေမဲ့... အခုချိန် အဝီစိမှာ ငါတို့နှစ်ယောက်ပဲရှိတယ်... ငါကမင်းကိုဘယ်လိုပဲ ညှင်းပန်းနှိပ်စက်နှိပ်စက် တခြားဘယ်သူကမှ သိမှာမဟုတ်ဘူး”
“အဲ့ဒါက အလုပ်မဖြစ်ဘူးဆိုရင် ... ငါက မင်းရဲ့ဝိညာဥ်ကို ရှာဖွေရလိမ့်မယ်”
ဝိညာဥ်ရှာဖွေခြင်းအတတ်က လူတစ်ယောက်၏ မှတ်ဉာဏ်များကို ရှာဖွေနိုင်သော်လည်း အဲ့ဒါက ကျရှုံးသွားဖို့ အခွင့်များလေသည်။
ဒါ့အပြင် ကမ္ဘာ့ကွန်ချာရွှေခန္ဓာကဲ့သို့ မျိုးဆက်မှတ်ဉာဏ်များသည် သူ့ကိုယ်သူကာကွယ်မှုရှိတတ်ပြီး လူတစ်ယောက်၏ ဝိညာဥ်ကို ရှာဖွေမည်ဆိုလျှင်တောင် အဲ့ဒါကို ရရှိဖို့က မလွယ်ကူပေ။
ကိုယ်တော်လေးမှာ မှင်သေသေအမူအရာတစ်ခုရှိနေပြီး သူ၏ မျက်လုံးများက မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ ကြည်လင်ရှင်းလင်းနေ၏။ သူက တည်ငြိမ်စွာပြောလိုက်၏။
“ကျုပ်က ကမ္ဘာ့ကွန်ချာရွှေခန္ဓာရဲ့ ကျင့်ကြံရေးနည်းစနစ်ကို ထုတ်ဖော်ပြောဆိုလိုက်မယ်ဆိုရင် စီနီယာအစ်ကို... ခင်ဗျားက ကျုပ်ကို ချက်ချင်းရှင်းထုတ်ပစ်မှာမလား”
သူတော်စင်ပူချန်၏ အကြည့်က သုန်မှုန်သွား၏။
အစကတော့... ဤကိုယ်တော်လေးသည် ရိုးအပြီး ဇင်ကျင့်ကြံမှုမှာ အာရုံစိုက်ကာ နေ့စဥ်နေ့တိုင်း သုတ္တန်များကိုရွတ်ဆို၍ ဗုဒ္ဓကိုသာ အရိုအသေပေးနေသည်ဟု သူက တွေးထင်ထား၏။ ဤကဲ့သို့သောသူတစ်ယောက်က အကောက်ကြံမှုများ၊ အကွက်ချကြံစဥ်မှုများနှင့်ပတ်သက်၍ ဘာမှသိရှိမနေသင့်ပေ။
ယခု သူ၏ ဂျူနီယာညီက သူ၏ အကြံအစည်များကို စကားတစ်ခွန်းတည်းနှင့် ထုတ်ဖော်ပြောဆိုလိုက်လေသည်။
သူတော်စင်ပူချန်သည် တည်ထောင်သူအရှင်အာနန္ဒာ၏ အမွေအနှစ်ကို မရရှိနိုင်သောကြောင့် အစကတည်းက မကျေမချမ်းဖြစ်နေ၏။
ယခု ကိုယ်တော်လေးက သူ၏ ခြိမ်းခြောက်မှုမှာ ယခုထက်ထိ တည်ငြိမ်နေဆဲဖြစ်သောအခါ သူက ပို၍ပင် မကျေမနပ်ဖြစ်လာခဲ့၏။
သူတော်စင်ပူချန်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ကိုယ်တော်လေး၏ လည်ပင်းကို ဖမ်းဆွဲကာ သူ့ကို မတင်လိုက်၏။ သူက အေးစက်စွာ ပြောလိုက်၏။
“ဂျူနီယာညီ... ငါသိပ်ပြီးစိတ်မရှည်တော့ဘူး... မင်းငါ့ကို ကျင့်ကြံရေးလျှို့ဝှက်အတတ်အပြည့်အစုံကို ပြောပြလိုက်တာ ပိုကောင်းလိမ့်မယ်... အဲ့လိုသာဆိုရင် ငါမင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ် မင်းက ညှင်းပန်းနှိပ်စက်ခံရမှာ မဟုတ်တော့ဘူး”
ကိုယ်တော်လေး၏ လည်ပင်းက ဖမ်းဆုပ်ခံလိုက်ရပြီး သူက အသက်မရှုနိုင်တော့ဘဲ သူ၏ မျက်နှာက နီမြန်းလာ၏။
သို့သော်လည်း သူ၏ အကြည့်က တည်ငြိမ်၍ သူ၏ မျက်လုံးများက ကြည်လင်ရှင်းလင်းနေဆဲဖြစ်၏။
သူက သနားဂရုဏာသက်နေသောပုံစံဖြင့် သူတော်စင်ပူချန်ကို ကြည့်နေ၏။
ထိုစဥ်မှာပင် ကိုယ်တော်နှစ်ပါး၏ဘေး လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာ၏။
ငွေရောင်မျက်နှာဖုံးတပ်ထားသော ခရမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။ သူ၏ မျက်လုံးများက နက်ရှိုင်းနေပြီး အေးစက်နေသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ သူတော်စင်ပူချန်ကို စိုက်ကြည့်နေ၏။
တစ်ချိန်တည်းမှာပင် ဆူဇီမို၊ မိုချင်နှင့် ယွင်ကျူးတို့ကလည်း ပေါ်ထွက်ရောက်ရှိလာ၏။
“မင်းကျန်”
ဆူဇီမိုက ကိုယ်တော်လေးကို တွေ့မြင်သောအခါ ကျေနပ်နှစ်ခြိုက်သွားပြီး အော်ခေါ်လိုက်၏။
အစစ်အမှန်ခန္ဓာနှစ်ခုသည် အထက်ဘုံလောကသို့ တက်လှမ်းလာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာသွားခဲ့ပြီဖြစ်သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းနှစ်ယောက်နှင့်သာ ဆုံတွေ့ခဲ့ရသေး၏။
သူတို့နှစ်ယောက်ထဲမှာ မိုးကြိုးဧကရာဇ် ဖုန့်စန်းထျန်က ထျန်ဟွမ်ကုန်းမြေတိုက်၏ ကမ္ဘာဦးခေတ်မှ ပညာရှင်တစ်ယောက်ဖြစ်၏။
အတိအကျဆိုရလျှင် ဆူဇီမိုသည် ဒီဘက်မျိုးဆက်မှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ယောက်တည်းနှင့်သာ ဆုံတွေ့ရသေး၏။
အဆူရာယန်ပေးချန်...။
ယခု သူသည် ယနေ့မှာ မင်းကျန်နှင့် လာရောက်ဆုံတွေ့နေရ၏။
“မင်းတို့တွေက ဘယ်သူတွေလဲ”
သူတော်စင်ပူချန်က ဆူဇီမိုနှင့် တခြားသူများကိုကြည့်ပြီး သုန်မှုန်နေသောအမူအရာဖြင့် သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းထား၏။ သူက မင်းကျန်၏ လည်ပင်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူ့ကို ဒိုင်းကာအဖြစ် အသုံးပြုထား၏။
ဝှစ်...
ညှင်သာသောလေပြေတစ်ချက်က တိုက်ခတ်သွား၏။
သူတော်စင်ပူချန်သည် သူ၏ အမြင်အာရုံက ဝေဝါးသွားသည်ဟုခံစားလိုက်ရ၏။ သူက မတုံ့ပြန်နိုင်ခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက သူ၏ ရှေ့မှာ မတ်တတ်ရပ်နေပြီဖြစ်ပြီး သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ခွန်အားကို ပို့လွှတ်လိုက်၏။
ဖြောက်...
သူတော်စင်ပူချန်၏ လက်ကောက်ဝတ်က သိုင်းတာအိုပင်မန္ဓာ၏ ဖျစ်ညှစ်မှုဖြင့် ကျိုးကြေသွား၏။
“အား...”
သူတော်စင်ပူချန်၏ စူးစူးဝါးဝါးအော်သံက ထွက်ပေါ်လာ၏။
သို့သော်လည်း သူ၏ အော်သံက ယတိပြတ်ရပ်တန့်သွား၏။
သိုင်းတာအိုပင်မခန္ဓာက သူတော်စင်ပူချန်၏ လက်ကောက်ဝတ်ကို ချိုးခြေပြီးနောက် ရှေ့သို့တက်လှမ်းလိုက်၏။ ထိုးချက်တစ်ချက်နှင့်အတူ သူက ထိုသူ၏ ဦးခေါင်းကို စုတ်ပြဲသွားစေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်က ကြေမွ၍ နေရာမှာပင် သေဆုံးသွား၏။
သူတော်စင်ပူချန်ကို မပြောနှင့် ပကတိမိစ္ဆာအဆင့်သတ်မှတ်ပေါ်မှ အဆင့်-၁၀ ဂိုဏ်းချုပ်အရိုးဖြူပင်လျှင် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကို ခံနိုင်ရည်မရှိပေ။
ဆူဇီမိုက ရှေ့သို့အလောတကြီး တက်လှမ်းပြီး မင်းကျန်ကို ဖေးမပေးလိုက်၏။
“ဂျုနီယာညီ.. မင်းရှင်”
မင်းကျန်က ဆူဇီမိုကိုကြည့်ပြီး ရိုးသား၍တောက်ပသော အပြုံးတစ်ခုနှင့်အတူ နှုတ်ဆက်လိုက်၏။
ဆူဇီမိုကို သူခေါ်ပုံက သူတို့နှစ်ယောက်ကို နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ပြန်ခေါ်သွားသည်ဟု ထင်ရသည်။
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြ၏။
ယခုသူတို့နှစ်ယောက်က နှစ်ပေါင်းများစွာကြာပြီးနောက် အထက်ဘုံလောကမှာ ပြန်လည်ဆုံစည်းရပြီး အဲ့ဒီမှာ ဝမ်းသာပျော်ရွှင်မှုအပြင် လွှမ်းဆွေးမှုတစ်ခုပါရှိနေ၏။