အမွေအနှစ်
Vol. 157 Ch. 2349
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ကိုယ်တော်တာမင်းသည် မင်းကျန်နှင့် တွေ့ဆုံခဲ့ဖူး၏။
ကိုယ်တော်တာမင်း၏ တာအိုနှလုံးသားကျင့်ကြံမှုနှင့်ပင်လျှင် သူသည် မင်းကျန်နှင့် အကြည့်ချင်းဖလှယ်ပြီးနောက် သူ၏ အကြည့်ကို အလိုလိုရှောင်လွှဲကာ ဝဇီရာ၏ ဒေါမာန်အကြည့်သည် ဗောဓိသတ်၏ နှိမ့်ချထားသောအကြည့်ကို မယှဥ်နိုင်ဟု ပြောဆိုခဲ့ရ၏။
ကိုယ်တော်တာမင်းပင်လျှင် ဗုဒ္ဓဝါဒအပေါ် အောင်မြင်ပေါက်မြောက်မှုမှာ မင်းကျန်ကို ဦးညွှတ်ခဲ့ရ၏။ ဗုဒ္ဓဝါဒမှာ မင်းကျန်၏ အောင်မြင်ပေါက်မြောက်မှုက ဘယ်လောက်ထိနက်ရှိုင်းခဲ့သလဲ သိသာနေ၏။
မင်းကျန်သည် သုခဘုံသန့်စင်ကုန်းမြေသို့ တက်လှမ်းနိုင်ခဲ့သည်မှာ ယုတ္တိတန်လေသည်။
သို့သော်လည်း မင်းကျန်သည် အဝီစိသို့ ရောက်လာလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။
“ဒကာ... ခင်ဗျားက...”
မင်းကျန်က သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။
မင်းကျန်သည် သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုကို သိထား၏။ သို့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာကို မာရ်နတ်မျက်နှာဖုံးနှင့် တစ်ခါမှမတွေ့မြင်ဖူးသည့်အတွက် သူက ချက်ချင်းမမှတ်မိပေ။
“သူက အထီးကျန်သိုင်းသခင်ပဲ”
ဆူဇီမိုသည် နတ်မိမယ်နှစ်ပါးကို ကျောပေးပြီး မင်းကျန်ကိုကြည့်ကာ စကားပြောရင်း မျက်စိမှိတ်ပြလိုက်၏။
သူတို့နှစ်ယောက်သည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နှစ်၂၀ကြာ အတူနေထိုင်ခဲ့ကြဖူး၏။ သူတို့ကြားမှာ အတော်အတန် နားလည်သဘောပေါက်မှုရှိကြ၏။
မင်းကျန်သည် မည်သည့်စကားမှထပ်မဆိုတော့ဘဲ ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက မိုချင်နှင့်ယွင်ကျူးကို လက်ညှိုးထိုးပြလိုက်၏။
“ငါက... အခုလက်ရှိမှာ ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ နေတယ်... ငါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ထားတယ်... ဒါက ငါ့ရဲ့စီနီယာအစ်မ ပန်းချီအင်မော်တယ်မိုချင်... သူကတော့ စာအုပ်အင်မော်တယ်ယွင်ကျူးပဲ”
“မင်္ဂလာပါ တာအိုရောင်းရင်းတို့”
မင်းကျန်၏ အကြည့်က ကြည်လင်ရှင်းလင်းနေ၏။ သူက နတ်မိမယ်နှစ်ပါး၏ ပြိုင်စံရှားချောမောလှပမှုကို တွေ့မြင်သောအခါ သူ၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်အတက်အကျမှမရှိဘဲ သူက လက်သီးနှစ်ဖက်ကိုသာ ယှက်ပြလိုက်၏။
နတ်မိမယ်နှစ်ပါးကလည်း မင်းကျန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြ၏။
သူတို့သည် ဤကဲ့သို့ ကြည်လင်ရှင်းလင်းသော မျက်လုံးများရှိသည့် လူတစ်ယောက်ကို တစ်မခါမှ တွေ့မြင်ဖူးပေ။
ဆူဇီမိုက မေးလိုက်၏။
“မင်း တက်လှမ်းလာပြီးတဲ့နောက် ဒီနှစ်တွေအားလုံးမှာ ဘယ်လိုနေလဲ... မင်းရဲ့လက်ရှိကျင့်ကြံမှုက ဘယ်မှာလဲ... မင်းက အဝီစိကို ဘယ်လိုရောက်လာတာလဲ”
မင်းကျန်က ပြောလိုက်၏။
“အဲ့ဒါကပြောရရင်တော့ အရှည်ကြီးပဲ... ငါက တိုက်ဆိုင်မှုတချို့နဲ့ ဝေဿယာကျောင်းတော်ကို ဝင်ရောက်နိုင်ခဲ့တယ်... ငါကအခု အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ”
မင်းကျန်က ဆူဇီမိုထက် အနည်းငယ်နောက်ကျပြီးနောက် တက်လှမ်းလာခဲ့၏။
ဆူဇီမိုသည် အခွင့်အလမ်းများစွာကိုရရှိခဲ့ပြီး ယခုအချိန်မှာ အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်လာခဲ့၏။ မင်းကျန်သည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်လာသည်အထိ ကျင့်ကြံနိုင်ခဲ့သည်မှာ အတော်လေးရှားရှားပါးပါးဖြစ်နေလေပြီ။
မင်းကျန်က ယခုလေးတင် သေဆုံးထားသော သူတော်စင်ပူချန်ကို တစ်ချက်ကြည့်လိုက်၏။
“ငါ...အဝီစိကို ရောက်လာတာကတော့.... ငါက အတင်းအကျပ်ဖိအားပေးခံခဲ့ရတာ... ငါ့မှာရွေးချယ်စရာမရှိခဲ့ဘူး”
ဘေးတစ်ဘက်မှာ ယွင်ကျုးက ခဏမျှစဥ်းစားတွေးတောလိုက်၏။
“ဝေဿယာကျောင်းတော်... သုခဘုံသန့်စင်ကုန်းမြေရဲ့ ဇမ္ဗူဒီပက မဟာကျောင်းတော်လေးကျောင်းထဲက တစ်ကျောင်းပဲ... လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ဝေဿယာကျောင်းတော်က ကောင်းကင်ဘုံဘုရင်တစ်ပါးက ဧကရာဇ်ပိုရွှင်းရဲ့လက်ထဲမှာ သေဆုံးခဲ့ရတယ်... ဝေဿယာကျောင်းတော်ရဲ့ တည်ထောင်သူအရှင်က ဧကရာဇ်အာနန္ဒာပဲ... အာနန္ဒာက သက္ကတဘာသာစကားနဲ့ တာအိုဘွဲ့တစ်ခု.. အဲ့ဒါကို ပျော်ရွှခြင်းနဲ့အောင်မြင်ခြင်းလို့ ဘာသာပြန်လို့ရတယ်... ဧကရာဇ်အာနန္ဒာကလည်း အဝီစိမှာ မြှုပ်နှံခံခဲ့ရတယ်လို့ဆိုတယ်”
မင်းကျန်က ခေါင်းညိတ်ပြပြီး မလှမ်းမကမ်းမှာ ရွှေရောင်အလင်းတစ်ခုဖြင့် ပြည့်နှက်နေသည့် ပုံရိပ်တစ်ခုကို ကြည့်လိုက်၏။
“အဲ့ဒါက တည်ထောင်သူအရှင် အာနန္ဒာရဲ့ ရုပ်အလောင်းပဲ”
ဆူဇီမိုက လှည့်ကြည့်ပြီး ရင်တစ်ချက်ထိတ်သွား၏။
ဧကရာဇ်အာနန္ဒာသည် သေဆုံးခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားခဲ့ပြီဖြစ်၏။
ယခုအချိန်မှာ သူ၏ အလောင်းသည် အကောင်းတိုင်းကျန်ရှိနေသေး၏။
သူ၏ မိစ္ဆာသွင်ပြင်ကို ထုတ်ဖော်ထားသော ဧကရာဇ်ပိုရွှင်းကို ပြန်လည်အမှတ်ရသွားပြီး သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
ထိုစဥ်တုန်းက ရွှေရောင်အလင်းတစ်ခုက ပေါ်ထွက်လာပြီး ဧကရာဇ်ပိုရွှင်းကို ဆန့်ကျင်တိုက်ခိုက်ပေးခဲ့၏။
ထိုရွှေရောင်အလင်းကို ဧကရာဇ်ပိုရွှင်းက အာနန္ဒာဟု ခေါ်ဆိုခဲ့၏။
(အဲ့ဒီအပိုင်းမှာတုန်းက အနတ္တဟု ကျတော်မှားယွင်းဖော်ပြခဲ့ပါသည်။ ထိုစဉ်တုန်းက ဧကရာဇ်ပိုရွှင်း ခေါ်ဆိုခဲ့သည်မှာ အာနန္ဒာဖြစ်ပါသည်။)
ဆူဇီမိုက ပြုံးလိုက်၏။
“အဲ့ဒါက မင်းအတွက် ရုပ်ဖျက်ဝင်ရောက်လာတဲ့ ကောင်းချီးမင်္ဂလာပဲ... မင်းက အဝီစိကိုရောက်မလာဘူးဆိုရင် ငါတို့တွေက ဘယ်အချိန်မှာပြန်တွေ့ရမလဲ မသိနိုင်ဘူး”
“နောက်ပြီး ဧကရာဇ်အာနန္ဒာရဲ့အမွေအနှစ်က မပျက်မယွင်းရှိနေသေးတဲ့ပုံပဲ... မင်းကျန် ဒါက မင်းရဲ့အခွင့်အလမ်းပဲ... အမွေအနှစ်ကို သွားပြီးတော့လက်ခံယူလိုက်”
မင်းကျန်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ဗုဒ္ဓဝါဒက သတ္တဝါအားလုံးကို ကယ်ချွတ်ပေးတယ်... ဒီမှာရှိတဲ့လူတိုင်းမှာ ဧကရာဇ်အာနန္ဒာရဲ့ အမွေအနှစ်ကိုရရှိဖို့ တူညီတဲ့အခွင့်အရေးရှိတယ်”
“ငါတို့တွေက ဗုဒ္ဓကျောင်းတော်တွေက တပည့်သာဝကတွေမှမဟုတ်တာ... ငါတို့က ဒီရွှေရောင်အကာအရံအလွှာကို ဘယ်လိုလုပ်ဖြတ်ကျော်နိုင်မှာလဲ”
ယွင်ကျူးက မေးလိုက်၏။
မင်းကျန်က ပြောလိုက်လေသည်။
“တည်ထောင်သူအရှင် အာနန္ဒာ ချန်ထားခဲ့တဲ့ နောက်ဆုံးအကာအရံအလွှာက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုနောက်ခံအပေါ် မူတည်မနေဘူး... ဥပမာ... စီနီယာအစ်ကိုပူချန်က ဗုဒ္ဓကျောင်းတော်တွေက လာခဲ့တာပဲ.. သူက သူတော်စင်တစ်ပါးဖြစ်တဲ့အထိ ကျင့်ကြံထားပေမယ့် သူ့ရဲ့နှလုံးသားက မိစ္ဆာတာအိုမှာ ကျဆင်းသွားပြီး သူက အဲ့ဒီထဲကို မဝင်ရောက်နိုင်ခဲ့ဘူး”
ရှင်းရှင်းပြောရလျှင် ဧကရာဇ်အာနန္ဒာ ချန်ထားရစ်ခဲ့သည့် ရွှေရောင်စက်ဝန်းသည် လူတစ်ယောက်ချင်းစီ၏ အော်ရာနှင့် အဲ့ဒါက သူနှင့် ကိုက်ညီမှုရှိမရှိအပေါ် မူတည်နေဆဲဖြစ်၏။
လူတစ်ယောက်က ဗုဒ္ဓဝါဒအပေါ် နက်ရှိုင်းသော နားလည်ဆင်ခြင်မှုရှိမည်ဆိုလျှင် သူတို့က ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်ပေလိမ့်မည်။
မင်းကျန်က ရှေ့သို့တက်လှမ်းပြီး ရွှေရောင်စက်ဝန်းက သူ့ကိုတားဆီးခြင်းမရှိဘဲ သူက အလွန်တရာချောမွေ့စွာဖြင့် ရှေ့ကိုတက်လှမ်းသွား၏။
ခဏမျှစဥ်စားတွေးတောပြီးနောက် ဆူဇီမိုကလည်း စမ်းကြည့်သည့်အနေဖြင့် ရှေ့ကိုတက်လှမ်းသွား၏။
ရွှေရောင်စက်ဝန်းက သူ့ကိုလည်း မတားဆီးပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဆူဇီမိုသည် ဗုဒ္ဓဝါဒအပေါ်နက်ရှိုင်းသော နားလည်ဆင်ခြင်မှုတစ်ခုရှိခဲ့၏။ တက်လှမ်းလာပြီးနောက် သူသည် ဗုဒ္ဓကျောင်းတော်များ၏ တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံခဲ့၏။
သူက မင်းကျန်ကိုမယှဥ်နိုင်သော်လည်း ဗုဒ္ဓကျင့်ကြံသူအများစုထက် သာလွန်နေပြီဖြစ်၏။
မင်းကျန်သည် ဧကရာဇ်အာနန္ဒာရှေ့သို့ အောင်မြင်စွာရောက်ရှိလာပြီး တင်ပျဥ်ခွေထိုင်ချလိုက်၏။
ဆူဇီမိုက ဧကရာဇ်အာနန္ဒာနှင့် ဆယ်ပေအကွာအဝေးသို့ ရောက်ရှိလာသောအခါ သူက ကြီးမားသောခုခံမှုတစ်ရပ်နှင့် တွေ့ကြုံလိုက်ရပြီး ရှေ့သို့ ဆက်မတက်နိုင်တော့ပေ။
ထိုသည်ကို တွေ့မြင်သောအခါ နတ်မိမယ်နှစ်ပါးကလည်း စူးစမ်းလိုစိတ်ဖြစ်ပေါ်လာပြီး တစ်ယောက်ပြီးတစ်ယောက် ရှေ့ကိုတက်လှမ်းလာ၏။
သို့သော်လည်း သူတို့နှစ်ယောက်ထဲ မည်သူကမှ ရွှေရောင်စက်ဝန်းထဲကို မဝင်ရောက်နိုင်ပေ။
သူတို့နှစ်ယောက်သည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကနေလာပြီး ဗုဒ္ဓဝါဒအကြောင်း ဘာမှမသိရှိပေ။ သူတို့၏ အော်ရာများက ဗုဒ္ဓကျောင်းတော်များမှအော်ရာနှင့် အတော်လေးကွာခြားနေသည့်အချက်နှင့်အတူ သူတို့က ပိတ်ဆို့တားဆီးခြင်းခံထားရ၏။
သိုင်းတာအိုပင်မခန္ဓာက အတန်ကြာတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ရုတ်တရက်ရှေ့ကိုတက်လှမ်းလိုက်၏။
ယွင်ကျုးက သူမ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။ သူမသည် မည်သည့်စကားမှမဆိုသော်လည်း အထီးကျန်သိုင်းသခင်က ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ဟု သူမက ကြိုတင်ခန့်မှန်းလိုက်ပြီဖြစ်၏။
အထီးကျန်သိုင်းသခင်သည် မိစ္ဆာမဟာနယ်မြေကနေလာပြီး မာရ်နတ်မျက်နှာဖုံးကို တပ်ဆင်ထား၏။
သူသည် ဧကရာဇ်ပိုရွှင်း၏ အမွေအနှစ်ကို ဆက်ခံရရှိထားဖို့များပြီး သူ့ကို ဧကရာဇ်အာနန္ဒာက ဘယ်လိုလုပ်အသိအမှတ်ပြုနိုင်ပါ့မလဲ။
ထင်မှတ်ထားသည့်အတိုင်းပင်...။
သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့တက်လှမ်းလာသောအခါ သူသည် ရွှေရောင်စက်ဝန်းဖြင့် ပိတ်ဆို့တားဆီးခြင်းခံရပြီး အထဲသို့ မဝင်ရောက်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက နောက်ဆုတ်ခြင်းမရှိပေ။ သူ၏ မျက်လုံးများက နက်ရှိုင်း၍ စိတ်ခံစားချက်ကင်းမဲ့လာပြီး သူ၏ အော်ရာက သိသိသာသာပြောင်းလဲသွား၏။
သူ၏ ခန္ဓာကိုယ်က အဆုံးမဲ့တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရ၏။
သိုင်းတာအိုပင်မခန္ဓာသည် နဖူးကနေ ခြေဖျားထိ ကစဉ့်ကလျားအဖြစ်ပြောင်းလဲသွား၏။
အဲ့ဒီမှာ မည်သည့် အင်မော်တယ်၊ ဗုဒ္ဓ သို့မဟုတ် မိစ္ဆာတာအိုမှ ရှိမနေပေ။
အဲ့ဒါက လုံးဝကိုကွဲပြားခြားနားသောအော်ရာတစ်ခုဖြစ်၏။
ရွှေရောင်စက်ဝန်းသည်လည်း ထိုအော်ရာ၏ မူလဇာစ်မြစ်ကို အာရုံမခံနိုင်တော့ပေ။ သိုင်းတာအိုပင်မခန္ဓာကို မြူခိုးတစ်လွှာက လွှမ်းခြုံသွားပုံရပြီး သူက အထဲကို လျှောက်လှမ်းဝင်သွား၏။
ခဏအတွင်းမှာပင် သိုင်းတာအိုပင်မခန္ဓာကလည်း အရှင်အာနန္ဒာရှေ့သို့ ရောက်ရှိသွား၏။
နတ်မိမယ်နှစ်ပါးက ကြောင်အ,မှင်တက်နေကြ၏။
ဤအထီးကျန်သိုင်းသခင်က ဘယ်လိုပါလိမ့်။ သူသည် မိစ္ဆာမဟာနယ်မြေမှလာသည်မှာ သိသာနေသော်လည်း သူက ဧကရာဇ်အာနန္ဒာ၏ အသိအမှတ်ပြုခြင်းကို ရရှိသွားတာလား။
ယခုအချိန်မှာ ဧကရာဇ်အာနန္ဒာရှေ့တွင် လူနှစ်ယောက်ရှိနေ၏။ အဲ့ဒါက မင်းကျန်နှင့် သိုင်းတာအိုပင်မခန္ဓာဖြစ်၏။
ဆူဇီမိုက အနည်းငယ်လှမ်းလှမ်းမှာရှိနေ၏။
ဧကရာဇ်အာနန္ဒာ၏ အမွေအနှစ်သည် အတန်ကြာပြီးတာတောင် ပေါ်ထွက်မလာခဲ့ပေ။
သူချန်ထားခဲ့သော အမွေအနှစ်က ဤကဲ့သို့သောအခြေအနေတစ်ရပ်ကို ထင်မှတ်မထားမိသည့် အလားပင်။
အတန်ကြာသွားပြီးနောက် ရွှေရောင်အလင်းတန်းနှစ်ခုက ဧကရာဇ်အာနန္ဒာ၏ နှာရောင်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး မင်းကျန်နှင့် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွား၏။
မင်းကျန်နှင့် သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်အာနန္ဒာ၏ အမွေအနှစ်ကို တစ်ချိန်တည်းမှာ ဆက်ခံရရှိနေသည်ဟု ဆိုလိုလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ သုတ္တန်တစ်ခုက ပေါ်ထွက်လာ၏။
အာဂမသုတ္တန်...။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ အသံတစ်ခုက သုတ္တန်၏ အကြောင်းအရာများကို ရှင်းပြ၍ တာအိုနှင့် ဗုဒ္ဓဝါဒကို သင်ကြားပေးနေ၏။
မင်းကျန်က အာရုံစိုက်၍ နားစွင့်နေ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက အဲ့ဒါကို သိပ်ပြီးအလေးအနက်မထားပေ။ ထိုအစား သူက အာဂမသုတ္တန်၏ စာမျက်နှာများကို လှန်လောဖတ်ရှုနေ၏။
သူသည် ဤဗုဒ္ဓသုတ္တန်ကို ကျင့်ကြံလိမ့်မည် မဟုတ်ပေ။ ထိုအစား သူသည် အဲ့ဒါကို သိုင်းတာအိုမီးဖိုထဲသို့ ထည့်သွင်းပေါင်းစည်းပြီး အထဲမှာရှိသော ဓမ္မတာအို၏ လေးနက်သိမ်မွေ့မှုများကို စုပ်ယူမည်ဖြစ်၏။
ပထမတစ်ချက် ဤအာဂမသုတ္တန်သည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ထက် နိမ့်ကျနေ၏။
ဒုတိယတစ်ချက် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် အမွေအနှစ်ကို ဆက်ခံရရှိသည်ကပင် လုံလောက်နေပြီဖြစ်၏။
တတိယတစ်ချက် သူသည် မလှမ်းမကမ်းမှာ အသောကသစ်သီးနှင့် အတော်အတန်အကောင်းတိုင်းကျန်ရှိနေသော အသောကသစ်သားပင်စည်တစ်ပိုင်းကို တွေ့မြင်သွားခဲ့ပြီဖြစ်၏။