← Chapters

ပန်းပွင့်ထဲက လောက

Vol. 157 Ch. 2350

ပန်းပွင့်ထဲက လောက

Vol. 157 Ch. 2350

ဆူဇီမိုသည် ရှေ့သို့ တက်လှမ်းပြီး အာသောကသစ်သီးတချို့နှင့် ပျက်စီးထိခိုက်ထားသော ပင်စည်ကို သီးခြားသိုလှောင်အိတ်တစ်ခုထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။

သူသည် ဤကဲ့သို့သော တုတ်ခိုင်သည့် ပင်စည်တစ်ခုကို လုံးလုံးလျားလျား စုပ်ယူသန့်စင်နိုင်မည်ဆိုလျှင် သူသည် အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အဆင့်မြင့် ကျွမ်းကျင်မှုကို ရရှိပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က ခုန်ပေါက်၍ မြင့်တက်လာဖို့ အခွင့်များ၏။

သို့သော်လည်း ဆူဇီမိုမှာ လောလာဆယ် ဤကဲ့သို့သော အစီအစဉ်များ မရှိပေ။

အာသောကပင်စည်မှာ မည်သည့် အသက်ဓာတ်မှ မကျန်ရှိဘဲ ယိုယွင်းပျက်စီးနေပြီ ဖြစ်သော်လည်း ၎င်းက အကိုင်းအခက်များနှင့်အတူ တစ်ခုလုံးနီးပါး အကောင်းအတိုင်း ကျန်ရှိနေသေး၏။

ဆူဇီမိုမှာ ရဲတင်းသော အတွေးတစ်ခု ရှိလာခဲ့၏။ သူသည် အာသောကသစ်ပင်ကို ပြန်လည်ရှင်သန်အောင် လုပ်နိုင်မည်ဆိုလျှင် အဲဒါသည် ပို၍ပင် ကြီးမားသော တန်ဖိုးတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

တကယ်တော့ ဖြစ်နိုင်ခြေက အရမ်းကို နိမ့်ကျနေဆဲဖြစ်၏။

သူက မအောင်မြင်ဘူးဆိုလျှင်တောင် ဆူဇီမိုက အဲဒါကို လက်ခံနိုင်၏။ ထိုအချိန်ကျလျှင် သူက အာသောကပင်စည်ကို စုပ်ယူသန့်စင်လိုက်ရုံသာ ဖြစ်၏။

ဆူဇီမိုသည် အနီးအနားဝန်းကျင်မှာ လှည့်ပတ်၍ လျှောက်သွားကြည့်လိုက်၏။

ရုတ်တရက် သူ၏ အကြည့်က ဧကရာဇ်အာနန္ဒာ၏ လက်ချောင်းထိပ်ဖျားပေါ် ဆင်းသက်သွားပြီး တဖြည်းဖြည်း အေးခဲတောင့်တင်းသွား၏။

ဧကရာဇ်အာနန္ဒာ၏ လက်ထဲမှာ အာသောကပန်းတစ်ပွင့်ကို ဆုပ်ကိုင်ထား၏။

အာသောကပန်းက ညှိုးခြောက်နေခဲ့ပြီဖြစ်၏။ သို့သော်လည်း ဆူဇီမိုက အာရုံစိုက်၍ ကြည့်ရှုလိုက်သောအခါ အဲဒါသည် အကန့်အသတ်မဲ့သော လောကတစ်ခု ပါဝင်နေသည့်အလား အာသောကပန်းပွင့်ထဲမှာ အခြားသော နေရာလွတ်တစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။

ဆူဇီမိုသည် အာသောကပန်းကို ကြည့်ပြီး ထိုအထဲမှာ နစ်မျောသွားရ၏။

ဤလောကသည် တောင်တန်း ၉ခု၊ သမုဒ္ဒရာ ၈စင်းနှင့် တိုက်ကြီး ၄တိုက်နှင့်အတူ ရင်းနှီးနေကြ မြင်ကွင်းတစ်ခုဖြစ်ပုံရလေသည်။

ဤလောက၏ အစွန်အစပ်မှာ ရစ်သိုင်းထားသော နက်မှောင်နေသည့် တောင်ကြောရိုးတစ်ခု ရှိနေ၏။ ဆူဇီမိုက တောင်ကြောရိုးကို တွေ့မြင်သောအခါ သူက မဟာထျဲဝေတောင်ကို အရင်ဆုံး သတိရမိသွား၏။

ဤလောကသည် သုခဘုံသန့်စင်ကုန်းမြေဖြစ်၏။

မဟာထျဲဝေတောင်သည် မဟာဝရဇိန်လှည်းဘီးတောင်ဟုလည်း ကျော်ကြားလေသည်။

တောင်ကြောရိုးက အရမ်းကို ရှည်လျားပြီး အဆုံးမဲ့လုနီးပါးဖြစ်ကာ သုခဘုံသန့်စင်ကုန်းမြေတစ်ခုလုံးကို ဝိုင်းပတ်၍ ရှင်းလင်းတိကျသော နယ်နိမိတ်စည်းမျဉ်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ဆူဇီမိုသည် ဤတောင်ကြောရိုးကို ဖြတ်ကျော်လာခဲ့သော်လည်း သူက ၎င်း၏ မြင်ကွင်းအပြည့်အဝကို မတွေ့မြင်နိုင်ခဲ့ပေ။

ယခုအချိန်မှာ ဆူဇီမို၏ စိတ်က အာသောကပန်းထဲမှာ နစ်မျောနေ၏။ သူသည် ဘေးကနေ ရပ်ကြည့်နေသူတစ်ဦး ဖြစ်လာပြီး သုခဘုံသန့်စင်ကုန်းမြေ၏ အထက်သို့ ရောက်ရှိကာ အောက်ကို ငုံ့ကြည့်လိုက်၏။

သူသည် မဟာဝရဇိန်လှည်းဘီးတောင်၏ အပြည့်အဝ ပုံပန်းသဏ္ဌာန်ကို တွေ့မြင်လာနိုင်၏။

လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုက ဆူဇီမို၏ စိတ်ထဲမှာ တဖြည်းဖြည်း ပဲ့တင်ထပ်လာခဲ့၏။

အောက်ဘုံလောကမှာ သူ တစ်ခါက ကျင့်ကြံခဲ့သော ဓမ္မချိပ်စည်းတစ်ခုကို မဟာဝရဇိန်လှည်းဘီးချိပ်စည်းဟု ခေါ်ဆို၏။

တက်လှမ်းလာပြီးနောက် ထိုဓမ္မချိပ်စည်းကို ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့်အတူ ထုတ်ဖော်နိုင်သော်လည်း ၎င်း၏ စွမ်းအားက သာမန်သာဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် မဟာဝရဇိန်လှည်းဘီးတောင်ကို သူ၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့လိုက်ရပြီး သူက တစ်စုံတစ်ရာကို ခံစားမိလာကာ မဟာဝရဇိန်လှည်းဘီးချိပ်စည်း၏ ပိုမိုနက်ရှိုင်းသော အနှစ်သာရနှင့် အမှန်တရားကို တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

မဟာဝရဇိန်လှည်းဘီးတောင်၏ တည်ရှိမှုသည် သုခဘုံသန့်စင်ကုန်းမြေ၏ သဘာဝနယ်နိမိတ်စည်းမျဉ်းတစ်ခုဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်ပေ။

ဝရဇိန်လှည်းဘီးတောင်ဖြစ်စေ… မဟာဝရဇိန်လှည်းဘီးတောင်ဖြစ်စေ… အဲဒါက အတူတူပင်ဖြစ်၏။

အရင်တုန်းက ဧကရာဇ် ၂၀ကျော် တိုက်ခိုက်ခဲ့သည့် ဧကရာဇ်ပိုရွှင်းကို သတ်ဖြတ်ခဲ့သော တိုက်ပွဲမှာ အာသောကသစ်ပင်က ဖျက်ဆီးခံခဲ့ရချိန်မှာတောင် မဟာဝရဇိန်လှည်းဘီးတောင်က ကြေမွသွားခြင်း မရှိပေ။

အဲဒါကို ထုတ်ဖော်သည့်အခါ ထိုဓမ္မချိပ်စည်းက ဖျက်ဆီး၍ မရနိုင်ဟု အဓိပ္ပာယ်ရ၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

ဧကရာဇ်အာနန္ဒာသည် အာသောကပန်း၏ ဤလောကထဲမှာ သူ၏ ဓမ္မတာအိုကို ဖုံးကွယ်ထားပြီး အဲဒါကို ထိန်းသိမ်းထားခဲ့၏။

နည်းစနစ်ကို သင်ကြားပေးသည့် ဤကဲ့သို့သော ဖြစ်စဉ်က အတော်လေး လျှို့ဝှက်ဆန်းကြယ်နေ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဆူဇီမိုသည် ပကတိအင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံခဲ့မည်ဆိုလျှင်တောင် သူသည် မဟာဝရဇိန်လှည်းဘီးတောင်၏ ပုံပန်းသဏ္ဌာန်အပြည့်အဝကို တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပေ။

အကြောင်းမှာ သုခဘုံသန့်စင်ကုန်းမြေ၏ ပိုင်နက်နယ်မြေက အရမ်းကို ကျယ်ပြောပြီး ပကတိအင်မော်တယ်တစ်ယောက်၏ အကြည့်က မဟာဝရဇိန်လှည်းဘီးတောင်တစ်ခုလုံးကို ဝင်ဆံ့နိုင်မည် မဟုတ်သောကြောင့်ပင်။

ထို့ကြောင့် ဆူဇီမိုသည် မဟာဝရဇိန်လှည်းဘီးတောင်၏ အနှစ်သာရကို နားလည်ဆင်ခြင်ဖို့ အခွင့်အရေး မရှိပေ။

သို့သော်လည်း ဧကရာဇ်အာနန္ဒာသည် သူ၏ မဟာဝရဇိန်လှည်းဘီးတောင်နှင့် သုခဘုံသန့်စင်ကုန်းမြေတစ်ခုလုံးကိုပင် အာသောကပန်းအတွင်းမှာ ဖုံးကွယ်ထားခဲ့၏။ အဲဒါက တောင်တစ်လုံးကို ဝင်ဆံ့နိုင်သည့် မုန်ညင်းစေ့တစ်စေ့၏ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုဖြစ်၏။

ဆူဇီမိုသည် အာသောပန်းထဲမှာ ရှိသော မဟာဝရဇိန်လှည်းဘီးတောင်ကို ကြည့်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် မဟာဝရဇိန်လှည်းဘီးချိပ်စည်းကို ဆင့်ခေါ်လိုက်၏။ သူက ဖျက်ဆီး၍ မရနိုင်သော ကြံ့ခိုင်မှု၏ စိတ်ဆန္ဒကို နားလည်ဆင်ခြင်နိုင်ဖို့အတွက် ထပ်တလဲလဲ ကြိုးစားနေပြီး ထိုအထဲမှာ လုံးလုံးလျားလျား နစ်မျောသွားကာ သူရောက်ရှိနေသည့်နေရာကို မေ့လျော့သွား၏။

နတ်မိမယ်နှစ်ဦးက ထိုသည်ကို တွေ့မြင်သောအခါ အံ့အားသင့်သွားကြ၏။

အစကတော့​ မင်းကျန်နှင့် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော ရွှေရောင်အလင်းတန်းနှစ်ခုသာလျှင်ရှိခဲ့၏။

သို့သော် ယခုအခါ နောက်ထပ် ရွှေရောင်အလင်းတန်းတစ်ခုသည် ဧကရာဇ်အာနန္ဒာ၏ လက်ထဲရှိ ညှိုးခြောက်နေသော အာသောပန်းထဲကနေ ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ပစ်လွင့်ဝင်ရောက်သွား၏။

“ဒါက…”

မိုချင်က စဉ်းစားမရဖြစ်သွား၏။

ယွင်ကျူးက ပြောလိုက်၏။

“တာအိုရောင်းရင်းဆူက တကယ့်ကို အထင်ကြီးစရာပဲ… သူက ဧကရာဇ်အာနန္ဒာရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားပြီ… သူကလည်း ဓမ္မတာအိုရဲ့ အမွေအနှစ်ကို လက်ခံရရှိနေတယ်”

“နောက်ပြီး ဒီဓမ္မတာအိုက အာသောကပန်းကနေ ဆင်းသက်လာခဲ့တာ… အဲဒါက အထီးကျန်သိုင်းသခင်နဲ့ မင်းကျန် ဆက်ခံရရှိနေတဲ့ အမွေအနှစ်နဲ့ မတူတဲ့ပုံပဲ”

အတန်ကြာပြီးနောက် ဆူဇီမိုသည် မဟာဝရဇိန်လှည်းဘီးချိပ်စည်း၏ အနှစ်သာရနှင့် လေးနက်သိမ်မွေ့မှုကို တဖြည်းဖြည်း ဖမ်းဆုပ်မိလာခဲ့ပြီး ရပ်တန့်လိုက်၏။ သို့သော်လည်း သူ၏ စိတ်က အာသောပန်းထဲကနေ ထွက်ခွာမလာခဲ့ဘဲ ဆက်လက်၍ စူးစမ်းရှာဖွေနေ၏။

သိပ်မကြာခင် သူ၏ အကြည့်က သုခဘုံသန့်စင်ကုန်းမြေ၏ အလယ်ဗဟိုသို့ ဆင်းသက်ရောက်ရှိသွား၏။

အဲဒီမှာ မြင့်မား၍ စွမ်းပကားကြီးမားသော တောင်ထွတ်တစ်ခု ရပ်တည်နေ၏။ အဲဒါက ခမ်းနားထည်ဝါပြီး မွန်းကျပ်ဖွယ်ရာကောင်းသော အလွန်တရာ သိပ်သည်းလေးလံသည့် ဖိအားတစ်ခုကို ထုတ်ဖော်ထား၏။

မြင်းမိုရ်တောင်…

သုခဘုံသန့်စင်ကုန်းမြေ၏ အလယ်ဗဟိုချက်…

သူသည် မြင်းမိုရ်တောင်ကို​ တွေ့မြင်သည့် ခဏမှာပင် ဆူဇီမိုသည် အောက်ဘုံလောကမှာ သူနားလည်ဆင်ခြင်ထားသည် မဟာမြင်းမိုရ်တောင်ချိပ်စည်းက အပေါ်ယံမျှသာ ဖြစ်သည်ကို သိရှိသွား၏။

တစ်ခါက သူ စုဖွဲ့ခဲ့သည့် မဟာမြင်းမိုရ်တောင်ချိပ်စည်းသည် ပုံသဏ္ဌာန်မျှသာဖြစ်ပြီး အဲဒီမှာ ဤတောင်၏ ဂမ္ဘီရစိတ်ဝိညာဉ် မပါရှိခဲ့ပေ။

လူတစ်ယောက်သည် ဗုဒ္ဓကျောင်းတော်များ၏ ဒဏ္ဍာရီလာ ဤအထွတ်အမြတ်တောင်ကို ကိုယ်တိုင်မြင်တွေ့ပြီးမှသာ မဟာမြင်းမိုရ်တောင်၏ အနှစ်သာရကို နားလည်ဆင်ခြင်နိုင်မည်ဖြစ်၏။

မဟာဝရဇိန်လှည်းဘီးစည်း၏ အနှစ်သာရကို ခိုင်ခံ့မှုဟု ခေါ်ဆိုနိုင်၏။

ထိုသို့ဆိုလျှင် မဟာမြင်းမိုရ်တောင်၏ အနှစ်သာရကို သိပ်သည်းလေးလံမှုဟု ခေါ်ဆိုနိုင်၏။

အဲဒါသည် အလွန်တရာ ခမ်းနားထည်ဝါပြီး သိပ်သည်းလေးလံသော စွမ်းပကားတစ်ခုဖြင့် ပြည့်နှက်နေ၏။

အထက်ဘုံလောကတစ်ခုလုံးမှာ မြင်းမိုရ်တောင်က သိပ်သည်းလေးလံမှု အရှိဆုံး တောင်ထွတ်တစ်ခု ဖြစ်၏။

ဆူဇီမို၏ လက်ထဲရှိ ဓမ္မချိပ်စည်းက ပြောင်းလဲသွားပြီး မဟာမြင်းမိုရ်တောင်ချိပ်စည်းအဖြစ် အဆက်မပြတ် ဆင့်ကဲပြောင်းလဲကာ သူက အာသောကပန်းထဲမှာ ဧကရာဇ်အာနန္ဒာ ချန်ထားရစ်ခဲ့သည့် ဓမ္မတာအိုကို ဆက်လက်၍ နားလည်ဆင်ခြင်နေ၏။

အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုသည် တစ်စုံတစ်ရာကို တဖြည်းဖြည်း နားလည်သဘောပေါက်မိလိုက်၏။

သူက သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်ပြီး အာသောကပန်းထဲကနေ သူ၏ အသိစိတ်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

ထိုစဉ်မှာပင် ဧကရာဇ်အာနန္ဒာ၏ လက်ထဲရှိ အာသောကပန်းက တိတ်တဆိတ် ယိုယွင်းပျက်ပြယ်ကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲပြီး လေထဲမှာ ပြန့်ကျဲသွား၏။

“ပန်းတစ်ပွင့်က လောကကို ဖန်တီးတယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခု ဗုဒ္ဓဝါဒမှာ ရှိတယ်… ကျုပ်က ဒီနေ့ ခင်ဗျားနဲ့ ဆုံတွေ့ရတာ တကယ့်ကို ကံကောင်းလွန်းလို့ပဲ… တာအိုကို သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်ပြောဆိုပြီး ဧကရာဇ်အာနန္ဒာထံ အလေးအနက် ဦးညွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင် ဧကရာဇ်အာနန္ဒာ၊ မင်းကျန်နှင့် သိုင်းတာအိုပင်မခန္ဓာကြား ရွှေရောင်အလင်းက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး နောက်ဆုံးမှာ ပျက်ပြယ်သွားလေသည်။

ထို့နောက် ချက်ချင်းပင် ဧကရာဇ်အာနန္ဒာ၏ ခန္ဓာကိုယ်က လူတိုင်း၏ ရှေ့မှာပင် တစ်စတစ်စ ယိုယွင်းသွားပြီး လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

ဧကရာဇ်အာနန္ဒာ၏ ခန္ဓာကိုယ်က ဤမျှအထိ အကောင်းအတိုင်း ကျန်ရှိနေခဲ့သည်မှာ သူ၏ ဓမ္မတာအိုသက်သက်ကြောင့် ဖြစ်၏။

ယခု သူ၏ တာအိုအမွေအနှစ်ကို သင်ကြားပေးခဲ့ပြီး သူ၏ အခွံသက်သက်ခန္ဓာကိုယ်က ပျက်ပြယ်သွားခဲ့၏။

မင်းကျန်သည် ဧကရာဇ်အာနန္ဒာ၏ ရှေ့မှာ ဒူးထောက်ချ​ပြီး ရိုကျိုးစွာဖြင့် သုံးကြိမ်တိုင်တိုင် ဦးချလိုက်၏။

ဧကရာဇ်အာနန္ဒာ ထိုင်နေခဲ့သော နေရာတွင် မိစ္ဆာနှိမ်နင်းတောင်ဝှေးတစ်ချောင်းသာ ကျန်ရစ်ခဲ့၏။

ဒီလောက်နှစ်ပေါင်းများစွာ ကြာပြီးတာတောင် မိစ္ဆာနှိမ်နင်းတောင်ဝှေးက ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတစ်ခုနှင့်အတူ အကောင်းအတိုင်း ကျန်ရှိနေဆဲဖြစ်၏။

မိစ္ဆာနှိမ်နင်းတောင်ဝှေးမှာ ဝမ်းသာပျော်ရွှင်ခြင်းဟူသော စကားလုံးကို ရေးထိုးထား၏။

အဲဒါသည် အတိတ်ကာလတုန်းက ဧကရာဇ်အာနန္ဒာ၏ မူပိုင် ဧကရာဇ်လက်နက်တစ်ခု ဖြစ်ခဲ့၏။

အာနန္ဒာသည် ဝမ်းသာခြင်းနှင့် အောင်မြင်ခြင်းကို ကိုယ်စားပြုသော သက္ကတတာအိုဘွဲ့တစ်ခု ဖြစ်၏။

မင်းကျန်က သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်သည်။

“အဲဒါကို ယူလိုက်… ငါက အဲဒါကို မလိုဘူး… မင်းက ဧကရာဇ်အာနန္ဒာနဲ့ ကမ္ဘာ့ကွန်ချာဗောဓိသတ်ရဲ့ ဓမ္မတာအိုကို ဆက်ခံရရှိထားတယ်… ဒီဧကရာဇ်လက်နက်ရဲ့ အစစ်အမှန်စွမ်းအားကို မင်းတစ်ယောက်ပဲ ထုတ်ဖော်နိုင်လိမ့်မယ်”

All Chapters