← Chapters

ငါတို့တွေက တစ်ဖက်တည်းသားချင်းတွေပဲ

Vol. 157 Ch. 2351

ငါတို့တွေက တစ်ဖက်တည်းသားချင်းတွေပဲ

Vol. 157 Ch. 2351

ဆူဇီမိုဖြစ်စေ၊ မင်းကျန်ဖြစ်စေ သူတို့သည် ဧကရာဇ်အာနန္ဒာ၏ အမွေအနှစ်ကို ဆက်ခံရရှိပြီးနောက် အဆင့်ချိုးဖျက်တက်လှမ်းတော့မည့်ဆဲဆဲ ဖြစ်နေကြလေပြီ။

သို့သော်လည်း အဝီစိမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီမရှိသောကြောင့် သူတို၏ ကျင့်ကြံမှုနယ်ပယ်များက ပြောင်းလဲမည့် မည်သည့် လက္ခဏာမှ မပြသပေ။

သူတို့နှစ်ယောက်သည် ဤနေရာကနေထွက်ခွာပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူမည်ဆိုလျှင် သူတို့သည် ချက်ချင်းပင် အဆင့်ချိုးဖျက်တက်လှမ်းသွားနိုင်၏။

“ဝေဿယကျောင်းတော်က ကိုယ်တော်များစွာက ဒီနေရာမှာသေဆုံးခဲ့ရတယ်... မင်းတစ်ယောက်တည်း ဘေးကင်းလုံခြုံစွာနဲ့ ပြန်သွားမယ်ဆိုရင် မင်းက ပြဿနာတောက်လျှောက်အရှာခံရလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ငါက... မိစ္ဆာမဟာနယ်မြေမှာ အဖွဲ့အစည်းတစ်ခုတည်ထောင်ထားတယ်... မင်း မိစ္တာမဟာနယ်မြေကို ငါနဲ့လိုက်ခဲ့ပါလား... အဲ့ဒီမှာ ထျန်ဟွမ်ကုန်းမြေတိုက်က ငါတို့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်လည်းရှိတယ်”

“ကောင်းပြီလေ”

မင်းကျန်က ခေါင်းညိတ်ပြလိုက်၏။

“လူတစ်ယောက်က ဗုဒ္ဓအပေါ် နှလုံးသွင်းထားသရွေ့ ဘယ်နေရာမှာပဲကျင့်ကြံကျင့်ကြံ ကျင့်ကြံလို့ရတယ်... အဲ့ဒါက မိစ္ဆာမဟာနယ်မြေပဲဖြစ်ဖြစ်.. သုခဘုံသန့်စင်ကုန်းမြေပဲဖြစ်ဖြစ် ကိစ္စမရှိဘူး”

“ငါက အောက်ဘုံလောကကနေ လာခဲ့တယ်... ငါက သုခဘုံသန့်စင်ကုန်းမြေကိုတက်လှမ်းပြီးတဲ့နောက် ဝေဿယကျောင်းတော်ကို ဝင်ရောက်နိုင်ခဲ့ပေမယ့် ငါက အဲ့ဒါကို ကိုယ့်အိမ်ကိုယ့်ယာလို့ တစ်ခါမှ မခံစားခဲ့ရဘူး”

မင်းကျန်သည် အဲ့ဒါကိုရှင်းလင်းစွာ မပြောဆိုသော်လည်း ဆူဇီမိုက နားလည်သဘောပေါက်သွားပြီဖြစ်၏။

ဤနှစ်များအားလုံးမှာ သူသည် အောက်ဘုံလောကကနေ တက်လှမ်းလာခဲ့သောကြောင့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ တရားမမျှတမှုပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရ၏။

သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ခဲ့သော်လည်း သူ၏ နောက်ခံကို တိတ်တဆိတ် ဝေဖန်ပြောဆိုနေသော ကျင့်ကြံသူများစွာရှိနေဆဲဖြစ်၏။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ သူသည် သူ၏ လမ်းတစ်လျှောက် သတ်ဖြတ်ခြင်းဖြင့် ဖောက်လုပ်ခဲ့၏။ သူက အာဏာပါးကွက်သား အစောင့်တပ်သားများကို ဖျက်ဆီးကာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရရှိခဲ့၏။ သူသည် ပြိုင်စံရှားများစွာကို သတ်ဖြတ်ခဲ့ပြီး တာအိုနှလုံးသားလှေခါးပေါ်တွင် ဒသမမြောက်ကျောက်လှေခါးထစ်ကိုစုဖွဲ့ကာ မကြုံစဖူးအံ့မခန်း မှတ်တမ်းများစွာကို ဖန်တီးခဲ့၏။

ထိုသို့ဆိုလျှင်တောင် သူသည် လူများစွာ၏ ပစ်မှတ်ထားခြင်း ခံနေရဆဲဖြစ်၏။ လောကီအရေးကိစ္စများကို ဘယ်တုန်းကမှအရေးမလုပ်သော မင်းကျန်အတွက် အ​ခြေအ​နေက ဘယ်လိုလုပ်ပိုပြီးကောင်းနိုင်ပါ့မလဲ။

လွန်ခဲ့သည့်နှစ်ပေါင်းသိန်းချီက မိုးကြိုးဧကရာဇ် ဖုန့်စန်းထျန်က ထူးချွန်ထက်မြက်သောပါရမီအရည်အချင်းနှင့်အတူ လွှမ်းမိုးခြယ်လှယ်နိုင်ခဲ့၏။

သို့သော် နောက်ဆုံးမှာ သူသည် နှစ်ပေါင်းသိန်းချီကြာအောင် အကျဥ်းချခံခဲ့ရ၏။

သူက လွတ်မြောက်လာခဲ့ပြီးတာတောင် သူသည် အမဲလိုက်ခံ၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး မိစ္ဆာမဟာနယ်မြေသို့ ထွက်ပြေးသွားခဲ့ရသည်။

ဤကိစ္စအပြီး၌ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်စေ သိုင်းတာအိုပင်မခန္ဓာဖြစ်စေ... သူတို့သည် အဝီစိကနေထွက်ခွာပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် မိစ္ဆာမဟာနယ်မြေကို အသီးသီးပြန်ကြဖို့ ပြင်ထားကြ၏။

သို့သော်လည်း အဝီစိ၏ ဤကိစ္စနဲ့ပတ်သက်၍ ထူးဆန်းသောတစ်စုံတစ်ရာက ရှိနေဆဲဖြစ်၏။

အဝီစိမှာ မည်သည့်အက်ကွဲကြောင်းမှ ရှိမနေပေ။

အင်မော်တယ်ဘုရင်များပင်လျှင် ဤနေရာသို့ ရောက်လာပါက သေရပေလိမ့်မည်။

ထိုသတင်းက ဘယ်နေရာကနေထွက်ပေါ်လာပြီး ကောင်းကင်ဘုံကမ္ဘာမှာ ဘယ်လိုပျံ့နှံ့သွားခဲ့ရသလဲ။

အဲ့ဒါကို တမင်ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းလား သို့မဟုတ် တိုက်ဆိုင်မှုတချို့ဖြင့် ပေါက်ကြားသွားခဲ့ခြင်းလား။

သတိထားသည့်အနေဖြင့် ဆူဇီမိုသည် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုကို အချိန်ပိုင်းခြားပြီး အဝီစိကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာဖို့ ဆုံးဖြတ်ထား၏။

ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာက မိုချင်ရှေ့သို့ရောက်ရှိလာပြီး သူ၏ လက်ထဲရှိ နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္တာပန်းချီကားကို ကမ်းပေးလိုက်၏။

“ဒီပန်းချီကားက မင်းဟာပဲ... ဟုတ်တယ်မလား”

စောစောက သူသည် ဂိုဏ်းချုပ်အရိုးဖြူကို ဖိနှိမ်ခဲ့ပြီး ငရဲဖိနှိမ်မီးဖို၏ လျှို့ဝှက်ချက်ကို နားလည်ဆင်ခြင်ခဲ့၏။

ထို့နောက် သူက မင်းကျန်ကို ကယ်တင်ဖို့အတွက် ပေါ်ထွက်လာခဲ့ရပြီး ပန်းချီကားကို မိုချင်ထံ ပြန်ပေးဖို့အချိန်မရခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“တခြားဘာမှမရှိတော့ဘူးဆိုရင်... ငါမင်းတို့တွေကို ဒီနေရာကနေ အခုပဲ ပြန်ထုတ်ပေးမယ်”

ယွင်ကျူးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူမဘေးမှာရှိသော ဆူဇီမိုကိုကြည့်ကာ သူ့အတွက် ဘဝင်မကျခံစားနေရ၏။

ငရဲဖိနှိမ်မီးဖိုကို အထီးကျန်သိုင်းသခင်က ယူသွားခဲ့သော်လည်း အဲ့ဒါကို ပြန်မပေးရသေးပေ။ ယွင်ကျူးသည် အဲ့ဒါကို မြင်တွေ့ခဲ့ရပြီး သူမ၏ စိတ်ထဲမှာ တေးမှတ်ထား၏။

သို့သော် ယခု ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။ သူသည် ဤကိစ္စနှင့်ပတ်သက်၍ လုံးလုံးလျားလျားမေ့ပျောက်သွားသည့်အလား သူ့မှာ မည်သည့်ထူးခြားမှုမှ ရှိမနေပေ။

သူတို့က ထွက်ခွာရတော့မည်ဆိုလျှင်တောင် ဆူဇီမိုသည် အဲ့ဒါနှင့်ပတ်သက်၍ မေးမြန်းဖို့စိတ်ကူးမရှိသည့်ပုံပင်။

ယွင်ကျူးသည် သိုင်းတာအိုပင်မခန္ဓာက နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္တာပန်းချီကားကို မိုချင်အားပြန်ပေးလိုက်သည်ကို တွေ့မြင်သောအခါ အဲ့ဒါက အခန့်သင့်သောအခွင့်အရေးတစ်ခုဖြစ်သည်ဟု သူမက ခံစားလိုက်ရ၏။

ထိုသို့အတွေးဖြင့် သူမက သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး ပြုံးကာပြောလိုက်၏။

“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်... ဒီတစ်ခေါက် ကျွန်မတို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သိုင်းတာအိုပင်မခန္ဓာက မည်သည့်စကားမှမဆိုဘဲ ညင်သာစွာခေါင်းညိတ်ပြလိုက်၏။

ယွင်ကျူးက စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါပေမဲ့... ကျွန်မရှင့်ကိုပြောစရာတစ်ခုရှိနေတယ်... တာအိုရောင်းရင်း ဂိုဏ်းချုပ်အရိုးဖြူကို ဖိနှိမ်ပြီးတဲ့နောက် ရှင်ရခဲ့တဲ့ စတုရန်းကြေးမီးဖိုက ကျွန်မမိတ်ဆွေပိုင်တဲ့ဟာပဲ”

“ရှင်က အဲ့ဒါကို ယူထားဖို့ စိတ်ကူးမရှိဘူးလို့ ကျွန်မသေချာပေါက် ယုံကြည်တယ်... ရှင်ကအဲ့ဒီကိစ္စကို မေ့နေတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်... အဲ့ဒါကြောင့် ကျွန်မကရှင့်ကိုသတိပေးရတာ စိတ်မရှိပါနဲ့ရှင်”

“ရှင့်ကို စိတ်အနှောက်အယှက်ဖြစ်သွားစေရင် ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ”

မည်သို့ပင်ဆိုစေ... အထီးကျန်သိုင်းသခင်သည် သူတို့ကိုကယ်တင်ပေးထားခါစဖြစ်၏။

ထို့ကြောင့် ယွင်ကျူးက စကားကို ယဥ်ကျေးစွာပြောဆိုလိုက်၏။

ဆူဇီမိုက ဘေးကနေနားထောင်နေပြီး ယွင်ကျူးဘာပြောမလဲ သိချင်နေ၏။

ယခု... စကားလုံးတချို့မျှနှင့် သူကပါ ပါဝင်လာခဲ့လေပြီ။

သူက ညင်သာစွာချောင်းဟန့်လိုက်၏။

“အဲ့ဒါက ရပါတယ်... ကျုပ်တို့တွေက တစ်ဖက်တည်းသားတွေပဲ”

“ဟမ်...”

ယွင်ကျူးက မှင်တက်သွားပြီး ဆူဇီမိုကို တွေဝေစွာဖြင့် ကြည့်လိုက်၏။

ဆူဇီမိုက အလောတကြီးရှင်းပြလိုက်၏။

“ကျုပ်က... သူနဲ့အတော်လေးခင်မင်ရင်နှီးတယ်... အဲ့ဒါက ချေးတက်နေတဲ့ မီးဖိုတစ်လုံးပဲ... သူအဲ့ဒါကိုစူးစမ်းပါစေ... အဆင်ပြေပါတယ်”

ချေးတက်နေတဲ့ မီးဖိုတစ်လုံးတဲ့လား...။

ယွင်ကျုးက မှင်တက်သွား၏။

ငရဲဖိနှိမ်မီးဖိုသည် ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့ပြီး အဝီစိကိုထိန်းချုပ်နိုင်သည့် သော့ချက်တစ်ခုပင်ဖြစ်နေနိုင်၏။

သူတို့နှစ်ယောက်က ဘယ်လောက်ပင်ရင်းနှီးသည်ဖြစ်စေ... ဤကဲ့သို့သောရတနာတစ်ခုကို အလွယ်တကူပေးပစ်နိုင်စရာအ​ကြောင်းမရှိဘူးမလား။

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောလိုက်၏။

“ပြောရမယ်ဆိုရင်... သူ့မှာ မာကြောတဲ့လက်သီးတွေပဲရှိတာ... အဲ့ဒါကလွဲရင် သူကအတော်လေး ဆင်းရဲမွဲတေနေတာပဲ... သူ့မှာ သူ့ကိုယ်သူကာကွယ်ဖို့အတွက် ဓမ္မရတနာတစ်ခုတောင်မရှိဘူး... သူ့ကိုမီးဖိုတစ်လုံးပေးလိုက်ရတာ ဘာမှမဖြစ်ပါဘူး”

“ငါ့ဆီမှာအဲ့လိုမျိုး ချေးတက်နေတဲ့ ပစ္စည်းတချို့ရှိနေသေးတယ်... တကယ်ဆို ငါကအဲ့ဒါကို ဘယ်သူ့ကိုပေးလို့ပေးရမှန်းမသိလို့ ဦးနှောက်ခြောက်နေတာ”

ထိုသို့ပြောရင်း ဆူဇီမိုက သူ၏ သိုလှောင်အိတ်ကိုဖွင့်ကာ မွှေနှောက်ရှာဖွေလိုက်၏။

သူက ထောင့်တစ်နေရာမှာ တစ်စုံတစ်ရာကို တွေ့မြင်သွား၏။

အဲ့ဒါက ရှေးဟောင်းကြေးမီးအိမ်တစ်လုံးဖြစ်၏။

သူက ကြေးမီးအိမ်ကို သူ၏ ဝတ်ရုံစဖြင့်လိပ်ယူပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဆွဲထုတ်ကာ သိုင်းတာအိုပင်မခန္ဓာထံ ပစ်ထုတ်ပေးပြီး သာမန်ကာလျှံကာပြောလိုက်၏။

“ဒီချေးတက်နေတဲ့ မီးအိမ်က မီးမလင်းတော့ဘူးဆိုမှတော့ မင်းပဲယူလိုက်တော့”

ထိုကြေးမီးအိမ်သည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဆူဇီမိုရရှိခဲ့သည့် ဝိညာဥ်မီးအိမ်ဖြစ်၏။

ဝိညာဥ်မီးအိမ်၏ မူလဇာစ်မြစ်က လျှို့ဝှက်ဆန်းကြယ်ပြီး လူတစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်မီးတောက်နှင့်အတူ ထွန်းညှိဖို့အတွက် ဝိညာဥ်များကို လောင်စာအဖြစ် စုပ်ယူနိုင်၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက ဝိညာဥ်မီးအိမ်ထဲရှိလောင်စာဆီက ခန်းခြောက်သွားခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် ဤနှစ်များအားလုံးမှာ ဝိညာဥ်မီးအိမ်ကို ယူဆောင်ထားသော်လည်း သူသည် ၎င်း၏ မူလဇာစ်မြစ်ကို ရှာမတွေ့နိုင်ခဲ့ပေ။

သူက ဝိညာဥ်မီးအိမ်ကို သူ၏ ဝတ်ရုံစဖြင့် လိပ်ယူခဲ့သည့်အကြောင်းအရင်းမှာ သူက အဲ့ဒါကိုထိမိသည်နှင့် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ဝိညာဥ်က စုပ်ယူခံရမည့်အန္တရာယ်နှင့် ကြုံတွေ့ရမည်ဖြစ်သောကြောင့်ပင်။

ငရဲဖိနှိမ်မီးဖိုကပင် အဲ့ဒါကို ဝါးမျိုသန့်စင်နိုင်ခြင်းမရှိမှတော့... ဤဝိညာဥ်မီးအိမ်သည် သေချာပေါက်အလွန်တရာစွမ်းအားကြီးမားသော ရတနာတစ်ခုဖြစ်၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက ဝိညာဥ်မီးအိမ်၏ မီးတောက်များက ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကိုပင် ပိုင်းခြားပေးနိုင်ခဲ့၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ လက်ထဲမှာ ဝိညာဥ်မီးအိမ်သည် ရွှံ့အိုင်ထဲမှ ပုလဲလုံးတစ်လုံးနှင့်တူပြီး သူ့မှာ အဲ့ဒါကို အသုံးမပြုနိုင်မည့် အခွင့်အရေးမရှိပေ။

သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် ငရဲဖိနှိမ်မီးဖိုကို သန့်စင်ပြီးသွားပြီး အနာဂတ်မှာ အဝီစိကို ပြန်လည်ရောက်ရှိလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိကိုပင် စူးစမ်းရှာဖွေဖော်ထုတ်လို၏။ သူ၏ ဘေးမှာ ဝိညာဥ်မီးအိမ်ရှိနေပါက သူသည် ယုံကြည်မှုပိုရှိလာပေလိမ့်မည်။

ယွင်ကျူး၏ မေးခွန်းနှင့်အတူအလိုက်သင့်စီးမျောပြီး ဆူဇီမိုက ဝိညာဥ်မီးအိမ်ကို သိုင်းတာအိုပင်မခန္ဓာထံ ပစ်ပေးနိုင်ခဲ့၏။ သိုင်းတာအိုပင်မခန္ဓာက ဝိညာဥ်မီးအိမ်ပျံသန်းလာသည်ကို တွေ့မြင်သောအခါ သူက အဲ့ဒါကို လက်လှမ်းပြီး လက်ခံရယူချင်၏။

သို့သော်လည်း သူ၏ လက်ဖဝါးက ဝိညာဥ်မီးအိမ်နှင့် ထိတွေ့တော့မည်ဆဲဆဲမှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ ဝိညာဥ်မီးအိမ်နှင့် ထိတွေ့ခဲ့စဥ်က တူညီသောအခြေအနေမျိုး သိုင်းတာအိုပင်မခန္ဓာက တွေ့ကြုံခံစားလိုက်ရ၏။ သူ၏ သိုင်းစိတ်ဝိညာဥ်က စွမ်းအားကြီးမားသောအင်အားတစ်ရပ်ဖြင့် ဆွဲယူခံရပြီး ဝိညာဥ်မီးအိမ်ထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲဖြစ်၏။

သိုင်းစိတ်ဝိညာဥ်က ဝိညာဥ်မီးအိမ်ထဲသို့ ဝင်ရောက်သွားသည်နှင့် အဲ့ဒါက ဝိညာဥ်မီးအိမ်၏ လောင်စာဖြစ်သွားပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက အလွန်တရာလျင်မြန်စွာ တုံ့ပြန်ပြီး သိုင်းစိတ်ဝိညာဥ်မီးကို လောင်ကျွမ်းစေလိုက်၏။ ထို့နောက် သူက မိစ္ဆာဥပါဒါန်သုတ္တန်ကို လှည့်ပတ်ပြီး မာရ်နတ်မျက်နှာဖုံးကို အသက်သွင်းကာ သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ဝိညာဥ်မီးအိမ်ကြား ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်၏။

ဝိညာဥ်မီးအိမ်၏ စုပ်ယူအားက အနည်းငယ်အားပျော့သွား၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ကို အလောတကြီးရုပ်သိမ်းပြီး သူ၏ အင်္ကျီလက်စကိုဝေ့ယမ်းကာ ဝိညာဥ်မီးအိမ်ကို သူ၏ သိုလှောင်အိတ်ထဲသို့ သဲ့ထည့်လိုက်၏။

ဖြစ်စဥ်တစ်ခုလုံးက တစ်ခဏအတွင်းဖြစ်ပွားခဲ့၏။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် ကြီးမားသောအန္တရာယ်နှင့်တွေ့ကြုံခဲ့ရသည်ကို မည်သူကမှ သတိမထားမိလိုက်ပေ။

All Chapters