နေ့အလင်းရောင်
Vol. 157 Ch. 2352
အစစ်အမှန်ခန္ဓာနှစ်ခုသည် စိတ်ချင်းဆက်နေပြီး သိုင်းတာအိုပင်မခန္ဓာသည် ဝိညာဥ်မီးအိမ်၏ ဝိသေသလက္ခဏာများကို သိရှိထား၏။
သူကအဲ့ဒါကို လက်လှမ်းယူခဲ့သည့်အကြောင်းအရင်းမှာ အစစ်အမှန်သိုင်းနယ်ပယ်သို့ ဝင်ရောက်လာပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပုံသွင်းပြီးနောက် သူသည် ဝိညာဥ်မီးအိမ်၏ ထူးဆန်းသောစွမ်းအားကို ခံနိုင်ရည်ရှိမလား စမ်းသပ်ကြည့်လိုသောကြောင့်ဖြစ်၏။
ကံဆိုးစွာနှင့်ပင် သိုင်းတာအိုပင်မခန္ဓာကလည်း အဲ့ဒါကိုခံနိုင်ရည်မရှိပေ။
သူက ဝိညာဥ်မီးအိမ်ကို ကိုင်ဆွဲနိုင်ခြင်းမရှိလျှင် သိုင်းတာအိုပင်မခန္ဓာသည် လောလောဆယ်မှာ မဟာအဝီစိကိုသွားရောက်ဖို့ စိတ်ကူးမရှိသေးပေ။
ဘာပဲပြောပြော အဲ့ဒါသည် အဝီစိ၏ ဗဟိုချက်ဖြစ်၏။ ငရဲဖိနှိမ်မီးဖိုနှင့်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာက ယုံကြည်မှုမရှိပေ။
မဟာအဝီစိမှာ မည်သို့သောလျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသလဲ မည်သူကမှ မသိရပေ။
သူသည် ငရဲငယ် ၁၆ခုကို အရင်ဆုံး စူးစမ်းရှာဖွေဖော်ထုတ်ရပေလိမ့်မည်။ သူ၏ ကျင့်ကြံမှုက ထပ်မံတိုးမြင့်လာပြီး သူက ဝိညာဥ်မီးအိမ်ကို ထိန်းချုပ်နိုင်သည့်အချိန်မှသာ မဟာအဝီစိကို ပြန်လည်ဝင်ရောက်မည်ဆိုလျှင် သူ့အနေဖြင့် နောက်ကျဦးမည် မဟုတ်ပေ။
ယွင်ကျူးသည် ဆူဇီမို၏ ရပ်တည်ချက်ကို တွေ့မြင်သောအခါ သူမက မည်သည့်စကားမှ မဆိုနိုင်တော့ပေ။
သို့သော်လည်း သူမနှလုံးသား၏ အနက်ပိုင်းထဲမှာ ဆူဇီမိုနှင့် မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်ကြား ဆက်ဆံရေးနှင့်ပတ်သက်၍ စဥ်းစားမရဖြစ်နေဆဲပင်။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ငါ့ရဲ့ခွန်အားက အကန့်အသတ်ရှိတယ်... ငါက အဝီစိမှာ အာကာသဆုံမှတ်တစ်ခုကို ဖွင့်လှစ်ဖို့အတွက် ငရဲဖိနှိမ်မီးဖိုကို အသုံးပြုနိုင်တယ်ဆိုရင်တောင် ငါကမင်းတို့တွေကို သိပ်ပြီးဝေးဝေးပို့ပေးနိုင်မှာမဟုတ်ဘူး”
အဲ့ဒါက ကိစ္စမရှိပေ။
သူတို့က အဝီစိကနေထွက်ခွာနိုင်သည်နှင့်အမျှ အနီးနားမှာ ပို့ဆောင်ရေးဝင်္ကပါတစ်ခုရှိပြီး ဆူဇီမိုနှင့်အခြားနှစ်ယောက်သည် အင်မော်တယ်မဟာနယ်မြေသို့ ပြန်သွားနိုင်လေသည်။
သိုင်းတာအိုပင်မခန္ဓာက အာကာသဆုံမှတ်တစ်ခုကိုဖွင့်လှစ်လိုက်ပြီး ငရဲ၏ အပြင်ဘက်ကို ဦးတည်နေသည့် ဥမင်တစ်ခုကို ထွက်ပေါ်လာစေ၏။
“ရှင်က ကျွန်မတို့နဲ့အတူ မလိုက်ဘူးလား”
မိုချင်က ခဏမျှငြိမ်သက်နေပြီးနောက် သူမ၏ ခေါင်းကို မော့လိုက်၏။ သူမက သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး ညင်သာစွာမေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
သူ့မှာ ငရဲဖိနှိမ်မီးဖိုရှိနေပြီး သူက အဝီစိမှာပင်လျှင် မည်သည့်အန္တရာယ်နှင့်မှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ သူက ထွက်ခွာဖို့အတွက် အလောတကြီးရှိမနေပေ။
မင်းကျန်က သူနှင့်အတူ မိစ္ဆာမဟာနယ်မြေသို့ လိုက်ပါဖို့ပြင်ဆင်ထားပြီး လောလောဆယ်မှာ ထွက်ခွာလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုနှင့် ယွင်ကျူးသည် အာကာသဥမင်၏ ဘေးနားသို့ လျှောက်လှမ်းသွားခဲ့ပြီဖြစ်၏။
မိုချင်က သူမ၏ ခေါင်းကိုငုံ့၍ နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်နေဆဲဖြစ်၏။ သူမက ဘာကိုစဥ်းစားနေသလဲ မသိရသော်လည်း သူမက စိတ်အာရုံပျံလွင့်နေသည့်ပုံပေါ်၏။
“စီနီယာအစ်မ”
ဆူဇီမိုက တွေဝေရှုပ်ထွေးစွာဖြင့် လှမ်းခေါ်လိုက်၏။
မိုချင်က မည်သည့်အရာကိုမှ မကြားရသည့်ပုံဖြင့် ထိုနေရာမှာ တိတ်တဆိတ် ဆက်လက်၍ ရပ်နေ၏။
ဆူဇီမိုက အဲ့ဒါကို စဥ်းစားပြီး တဖြည်းဖြည်းနားလည်သဘောပေါက်လာ၏။ သူကအသံနှိမ့်၍ ပြောလိုက်၏။
“စီနီယာအစ်မမိုချင်က တက္ကသိုလ်မှာဆို တစ်ချိန်လုံးလိုလို တံခါးပိတ်ကျင့်ကြံပြီး ပန်းချီတာအိုမှာပဲ ခုံမင်စွဲလမ်းနေတတ်တယ်... ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း တွေ့ကြုံခဲ့ရတဲ့အရာတွေက သူ့အတွက် ကြီးမားတဲ့ရိုက်ချက်တစ်ခုဖြစ်နေတဲ့ပုံပဲ... သူက အဲ့ဒီကနေ လောလောဆယ် ရုန်းမထွက်နိုင်သေးဘူးနဲ့တူတယ်”
“ဘယ်ဟုတ်ပါ့မလဲ”
ယွင်ကျူးက ပြုံးစစဖြင့် ဆူဇီမိုကို မျက်ခုံးစွေကြည့်လိုက်၏။
သူမက မိုချင်ဘက်ကိုလှည့်ပြီး ညင်သာစွာသတိပေးလိုက်၏။
“ညီမမိုချင်... သွားကြရအောင်”
“အမ်း..”
မိုချင်က အိပ်မက်ကနေ နိုးထလာပုံရပြီး အနည်းငယ်ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ သူမက သူမ၏ ခေါင်းကိုမော့ပြီး သိုင်းတာအိုပင်မခန္ဓာကို တစ်ချက်ကြည့်ပြီးနောက် သူမ၏ အကြည့်ကို ခပ်မြန်မြန်ရုပ်သိမ်းကာ ဆူဇီမိုနှင့်ယွင်ကျူးဘက်သို့လှည့်လိုက်၏။
ယွင်ကျူးက ပြုံးပြပြီး မိုချင်၏ လက်ကို ညင်သာစွာကိုင်ကာ သိုင်းတာအိုပင်မခန္ဓာကိုပြောလိုက်၏။
“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်... ဒီတစ်ခေါက် ကျွန်မအသက်ကို ကယ်တင်ပေးခဲ့တာနဲ့ပတ်သက်ပြီး ရှင့်ကိုကောင်းကောင်းကျေးဇူးမတင်ရသေးဘူး... ကျွန်မတို့ကံမကုန်သေးရင် နောက်တစ်ခါပြန်ဆုံကြတာပေါ့”
“ဒါပေါ့”
သိုင်းတာအိုပင်မခန္ဓာက ငွေရောင်မျက်နှာဖုံးအောက်မှာ မည်သည့်အမူအရာကိုမှ မထုတ်ဖော်ဘဲ ညင်သာစွာခေါင်းညိတ်ပြလိုက်၏။
သူက အေးစက်သယောင် ဟန်ဆောင်နေခြင်းမဟုတ်ပေ။ ဤစာအုပ်အင်မော််တယ်ယွင်ကျူးက အတော်လေးလိမ်မာပါးနပ်မှုရှိသောကြောင့်ဖြစ်၏။ သူက စကားများစွာပြောဆိုမည်ဆိုလျှင် သူသည် ဟာကွက်တချို့ကို မလွဲမသွေထုတ်ဖော်မိပေလိမ့်မည်။
“ဒါနဲ့...”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို တွေးမိသွားပြီး ပြောလိုက်၏။
“တာအိုရောင်းရင်းတို့နှစ်ယောက် ကျေးဇူးပြုပြီး အဝီစိရဲ့လျှို့ဝှက်ချက်နဲ့ ကျုပ်အကြောင်းကို သတင်းမပြန့်ပါစေနဲ့”
“ကျွန်မပြောမှာမဟုတ်ဘူး”
မိုချင်က ချက်ချင်းပင်ပြောလိုက်၏။
“ကျွန်မက အဲ့ဒါနဲ့ပတ်သက်ပြီး စကားတစ်ခွန်းမှ မထုတ်ဖော်ဘူးလို့ ကျိန်ဆိုပေးနိုင်တယ်”
ယွင်ကျုးက ခဏမျှမှင်တက်သွားပြီးနောက် သူမကလည်း ထိုသတင်းကို မပျံ့နှံ့စေရပါဘူးဟု ကျိန်ဆိုပေးလိုက်၏။
သူမသည် သူမ၏ ရပ်တည်ချက်ကို ချက်ချင်းထုတ်ဖော်မပြခဲ့သည့်အကြောင်းအရင်းမှာ သူမတို့အပေါ် အထီးကျန်သိုင်းသခင်၏ စကားက ထူးဆန်းနေသောကြောင့်ဖြစ်၏။
သူတို့သုံးယောက်က အတူတကွ ရပ်နေသည်မှာ သိသာသော်လည်း အထီးကျန်သိုင်းသခင်သည် တာအိုရောင်းရင်တို့နှစ်ယောက်ဟုသာပြောခဲ့၏။
သူ့အနေဖြင့် ထိုစကားကိုပြောသည်မှာ နားလည်လက်ခံ၍ရနိုင်၏။ သူတို့နှစ်ယောက်ကြား နက်ရှိုင်းသောဆက်ဆံရေးနှင့် ယုံကြည်မှုကြောင့် ဆူဇီမိုကို ဖယ်ချန်ထားခဲ့သည်ဟု အကြောင်းပြချက်ပေးနိုင်၏။
သို့သော်လည်း ထိုစကား၏ အဓိပ္ပါယ်က ထိုထက်ပိုနေသည်ဟု ယွင်ကျူးက ခပ်ရေးရေးအာရုံခံမိနေ၏။
သူမသည် အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောခြင်းမရှိတော့ဘဲ ဆူဇီမိုနှင့် မိုချင်နှင့်အတူ အာကာသဥမင်ထဲသို့ ဝင်ရောက်ကာ အဝီစိကနေထွက်ခွာသွား၏။
သိပ်မကြာခင် အဆူရာကျောင်းတော်၏ အထက်မှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး ဆူဇီမိုနှင့် အခြားနှစ်ယောက်က ထိုထဲကနေကျဆင်းလာခဲ့၏။
ယွင်ကျူး၏ အဆိပ်ဒဏ်ရာများက ယခုအချိန်ထိ မပျောက်ကင်းသေးပေ။ မိုချင်က ယွင်ကျူး၏ သေးသွယ်သောခါးကို ပွေ့ဖက်ပြီး ဟန်ချက်ညီအောင် ဆင်းသက်လိုက်၏။
အဝီစိက မကောင်းဆိုးဝါးဆန်ပြီး နေရာတိုင်းမှာ မှောင်မည်းနေ၏။ လေထုကတင်းကျပ်လေးလံပြီး သူတို့သည် အချိန်မရွေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်၏။
အဝီစိကနေထွက်ခွာလာပြီးနောက် သူတို့သုံးယောက်သည် နေ့အလင်းရောင်ကို နောက်တစ်ဖန်မြင်တွေ့လိုက်ရသည့်အလား စိတ်သက်သာရာရသွားကြ၏။
ဆူဇီမိုက လေကိုတစ်ဝကြီး ရှုသွင်းလိုက်ပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ အဆုံးမဲ့စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
ရှည်ကြာသောမိုးခေါင်မှုအပြီး၌ နှင်းစက်ကလေးများနှင့် ဆုံတွေ့လိုက်သလို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ရူးသွပ်စွာစုပ်ယူနေပြီး သူ၏ အသား၊ အရိုး၊ အရွတ်နှင့် အမြုတေစိတ်ဝိညာဥ်တို့ကို အားဖြည့်ပေးနေ၏။
ဆူဇီမိုသည် အဆင့်-၂ ကောင်းကင်အင်မော်တယ်၏ အထွတ်အထိပ်မှာရှိပြီး ထိုအဆင့်မှာ နှစ်ပေါင်းများစွာ တစ်ဆို့နေခဲ့၏။ သူ့မှာ ကျင့်ကြံရေးအရင်းအမြစ်များစွာရှိသော်လည်း သူသည် ထိုအဟန့်အတားကို မချိုးဖျက်နိုင်ခဲ့ပေ။
ငရဲသို့လာရောက်ခဲ့သော ဤခရီးစဥ်မှာ သူသည် သိုင်းတာအိုပင်မခန္ဓာကို ကယ်တင်ပေးခဲ့ရုံသာမက သူသည် အသောကသစ်သီးနှင့် အသောကပင်စည်ကဲ့သို့ ရတနာများကိုပင်ရရှိခဲ့၏။ သူသည် ဧကရာဇ်အာနန္ဒာ၏ အမွေအနှစ်ကိုလည်းရရှိခဲ့ပြီး ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မချိပ်စည်းနှစ်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့၏။
အရာရာတိုင်းက သဘာဝအလျောက်ဖြစ်ပွားနေပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တလိပ်လိပ် တိုးဝင်ကာ အဟန့်အတားကို ဖြတ်ကျော်မည့် ရေစီးကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ဆူဇီမို၏ အော်ရာက တလိပ်လိပ် ထိုးတက်လာကာ သူက အဝီစိကနေ ထွက်ခွာလာပြီးနောက် အသက်ရှုချိန်အနည်းငယ်အတွင်း အဆင့်-၃ ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွား၏။
သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း အဆင့်-၅ ကောင်းကင်အမြုတေနယ်ပယ်၏ အထွတ်အထိပ်ကို ရောက်ရှိသွားပြီဖြစ်၏။
နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်ကို အတူတကွပေါင်းစည်းပြီး သူက မပြီးပြည့်စုံသော တဗူးဂမ္ဘီရကျင့်စဥ်ကို ကျင့်ကြံခဲ့၏။ သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က သူ၏ ကိုယ်ကာယကျင့်ကြံမှုထက် အမြဲတမ်းအဆင့်သေးနှစ်ဆင့် သာလွန်နေခဲ့၏။
ယခုသူသည် ပြီးပြည့်စုံသော ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံလာနိုင်ပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ပို၍ပင် သိပ်သည်းကျစ်လစ်လာ၏။
သူက ဤတိုင်းဆက်လက်ကျင့်ကြံသွားမည်ဆိုလျှင် သူ့အမြုတေစိတ်ဝိညာဥ်သည် သူ၏ ကိုယ်ကာယထက် အဆင့်သေးသုံးဆင့် ကျော်တက်သွားဖို့ အခွင့်များနေသည်။
ဆူဇီမိုက အဆင့်ချိုးဖျက်တက်လှမ်းလာပြီးနောက် သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်၏။
ခဏနေပြီးနောက် သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ရုပ်သိမ်းပြီး အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွား၏။
သူသည် မင်းသားယွမ်ကျော၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရတော့ပေ။
ဤတစ်ခေါက်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံဘက်တွင် ပကတိအင်မော်တယ်ကျင်းယွဲ့သာ အဝီစိသို့ ဝင်ရောက်လာခဲ့ပြီး မင်းသားယွမ်ကျောက လိုက်ပါမလာခဲ့ပေ။
ထို့ကြောင့်ပင်လျှင် ဆူဇီမိုသည် မင်းသားယွမ်ကျောက အနီးနားမှာ ရှိနေနိုင်သေးသည်ဟု တွေးမိလိုက်ခြင်းဖြစ်၏။
ကြည့်ရသည်မှာ မင်းသားယွမ်ကျောသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပုံရပြီး ဤနေရာကနေ ထွက်ပြေးသွားလောက်လေပြီ။
“ဂုဏ်ယူပါတယ်”
ယွင်ကျူးက ညင်သာစွာပြုံးပြလိုက်၏။
ဆူဇီမိုကလည်း ပြန်ပြုံးပြလိုက်၏။
သူက ယွင်ကျူး၏ ခြေထောက်ကိုကြည့်ပြီး မေးလိုက်၏။
“ခင်ဗျားရဲ့ဒဏ်ရာတွေက ဘယ်လိုနေလဲ”
“အခုတော့... အဆင်ပြေသွားပါပြီ”
ယွင်ကျူးက ပြောလိုက်၏။
“ငါက ကျိရွှမ်အင်မော်တယ်နိုင်ငံကိုပြန်ရောက်ပြီး အချိန်တစ်ခုကြာအောင် အားဖြည့်လိုက်တာနဲ့ ပုံမှန်အတိုင်းပြန်ဖြစ်သွားလိမ့်မယ်”
ထို့သို့ပြောပြီးနောက် သူတို့၏ အကြည့်များက သာမန်ကာလျှံကာ ဆုံမိသွား၏။
ယွင်ကျူးက အဝီစိမှမြင်ကွင်းကို ပြန်လည်အမှတ်ရသွား၏။ ထိုစဥ်တုန်းက ဆူဇီမိုသည် သူမကို သူ၏ ကျောပေါ်မှာ ထမ်းပိုးပြီး သူတို့ခန္ဓာကိုယ်များက ထိလုနီးပါးဖြစ်နေ၏။
သူတို့ကြားမှာ အဝတ်စတချို့သာခြားထားပြီး အဲ့ဒါက အလွန်တရာ ပွတ်တီးပွတ်သပ်ဖြစ်နေခဲ့၏။
အရင်တုန်းက အခြေအနေက သေရေးရှင်ရေးဖြစ်နေပြီး သူတို့က ငရဲမှာကျရောက်နေခဲ့၏။
အဲ့ဒါက အနည်းငယ်ရှက်စရာကောင်းသော်လည်း အရေးပေါ်အခြေအနေမှာ အဲ့ဒါကို အရေးမလုပ်နိုင်ခဲ့ပေ။
ယခု... သူမက အဲ့ဒါကိုပြန်တွေးကြည့်ရင်း ယွင်ကျူးက ထူးဆန်းသောခံစားချက်တစ်ခုကို ရရှိလိုက်၏။
“ဟီးဟီးဟီးဟီး”
ထိုစဥ်မှာပင် ထူးဆန်းသောရယ်သံတစ်သံက ထွက်ပေါ်လာ၏။
အဲ့ဒါက တစ်ချိန်တည်းမှာ နီးလိုက်ဝေးလိုက်နှင့် အလှည့်အပြောင်းမြန်ပြီး ချောက်ချားစရာကောင်းနေ၏။
“ငါတို့က ဒီလောက်အကြာကြီးနေအောင်စောင့်ပြီးတဲ့နောက်… ငါတို့ရဲ့အခွင့်အလမ်းတွေက ဒီဂျူနီယာသုံးယောက်ပေါ်မှာ မူတည်နေတယ်ဆိုတော့...”
နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။
တတိယမြောက်အသံက ခပ်ယဲ့ယဲ့သက်ပြင်းချလိုက်၏။
“ပေးဆပ်ရတဲ့တန်ဖိုးက နည်းနည်းကြီးမားတယ်ဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက နောက်ဆုံးတော့ ရောက်ရှိလာခဲ့တာပဲ”