← Chapters

အခန်း (၁၅၁-၁၅၅)

Vol. 11 Ch. 151-155

အခန်း (၁၅၁-၁၅၅)

Vol. 11 Ch. 151-155

အခန်း ၁၅၁ လျော်ကြေးငွေပေးချေခြင်း

ဘာသာပြန်သူ - Chram.Y

ဝမ်တချန်ကြောင်အသွားမိတယ်. ယွမ်၄သိန်းလောက်နဲ့ စာရင်းပြတ်သွားမယ်လို့ သူထင်ထားခဲ့တာလေ. ကုနင်းတွက်ပြလိုက်မှ ယွမ်၁.၅သန်းတောင်ဖြစ်သွားတယ်တဲ့လား!

V5ဘားက တစ်ပတ်ကို ထိုလောက်အမြတ်ငွေရနေလိမ့်မယ်လို့ သူမထင်ထားခဲ့မိဘူး. သူတို့ရဲ့ တစ်ပတ်စာဝင်ငွေက Charmဘားတွင် အချိန်များစွာရှာမှရတဲ့ဝင်ငွေလောက်ကိုဖြစ်နေတယ်ပေါ့.

ဝမ်တချန် မနာလိုစိတ်တွေတောက်လောင်လာခဲ့သည်.

ပစ္စည်းတွေနှင့် ပြင်ဆင်စားရိတ်ကြောင့် ကျသင့်ငွေကို ဝမ်တချန်လက်ခံပေးနိုင်ပေမယ့် ဝန်ထမ်းတွေရဲ့စိတ်ထိခိုက်မှုအတွက်ကုသငွေရယ် ဘားကိုပိတ်ထားရမယ့်အတွက် လျော်ကြေးငွေရယ်ကိုတော့ သူလုံးဝမပေးချင်ပါဘူး. ဒါသက်ကသက် ဓါးပြလာတိုက်နေတာပဲ!

ဝမ်တချန် ဒေါသတကြီးနဲ့,

"မင်း ငါ့ကို ဓါးပြတိုက်နေတာလား? ဝန်ထမ်းတွေရဲ့စိတ်ထိခိုက်မှုအတွက်နဲ့ ဘားရဲ့ဝင်ငွေထိခိုက်စေတာအတွက်ကလွဲပြီး ကျန်တဲ့လျော်ကြေးငွေကိုပဲပေးနိုင်မယ်."

ဒီလိုဆိုရင်တောင်မှ သူမျှော်လင့်ထားတဲ့ ငွေပမာဏထက် ယွမ်၇သိန်း၇သောက်ပိုများနေပါသေးတယ်. ဒါပေမယ့် အဲ့ဒါကိုတော့ သူလက်ခံပေးမှဖြစ်ပါမယ်.

"ရှင်လက်ခံနိုင်တာ မခံနိုင်တာကို ကျွန်မစိတ်မဝင်စားဘူး. ရှင်လက်ခံရင်လက်ခံ မဟုတ်ရင် ဒီကနေ ဘေးကင်းကင်းနဲ့ ထွက်သွားလို့ရမယ်မထင်နဲ့." ကုနင်းရဲ့ ရွေးချယ်ခွင့်က ရက်စက်ရာရောက်ပေမယ့် ဂရုမစိုက်ပါဘူး.

"မင်း...." ဝမ်တချန် ထိတ်လန့်သွားရတယ်.

"ဝမ်တချန် ခင်ဗျား မြန်မြန်ပေးလိုက်တာကောင်းမယ်. V5ဘားကို ချင်ဂိုဏ်းကထောက်ပံ့ပေးထားတာနော်. မပေးရင် ခင်ဗျားအနာဂါတ်လဲကောင်းမှာမဟုတ်ဘူး." ချန်းလုံအာက ဝင်တိုက်တွန်းလိုက်တယ်. သူ ကြင်နာတတ်နေလို့ ဝင်ပြောတာမဟုတ်ဘဲ သူ့ဒဏ်ရာတွေက အရမ်းနာနေတာကြောင့် ဒီကမြန်မြန်ထွက်ပြီး ဆေးရုံသွားချင်လို့ တိုက်တွန်းနေရတာပါ.

"ဘာ?" ဝမ်တချန် သတိလစ်မလိုတောင်ဖြစ်သွားသည်.

ချင်ဂိုဏ်း? V5ဘားကို ချင်ဂိုဏ်းကထောက်ပံ့ပေးထားတာ? သူမယုံကြည်ချင်ပေမယ့် ချန်းလုံအာကိုယ်တိုင်ကပြောနေတာကြောင့် ယုံရပါတော့မယ်.

အဆုံးမှာတော့ ဝမ်တချန် ငြင်းမနေတော့ဘဲ လျော်ကြေးကိုပေးဖို့ပဲ ရွေးလိုက်ရတော့တယ်. ဒါက သူ့ကံကြမ္မာအတွက် အခကြေးငွေလဲဖြစ်ပါတယ်.

သူ့မှာငွေသားထိုလောက်အများကြီးပါမလာတာကြောင့် ကဒ်ကနေပဲလွှဲပေးလိုက်ရတယ်. ဟောင်ရန်က သူနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်. မဟုတ်ရင် အနာဂါတ်မှာထပ်ပြီး ပြဿနာတက်လာနိုင်ပါသည်. သူတို့ ဝမ်တချန်ကို ကြောက်လို့မဟုတ်ပဲ ပြဿနာတွေမတက်ချင်ရုံပါ.

ပြီးသွားတော့ ဝမ်တချန်နှင့် ချန်းလုံအာတို့ သူတို့လူတွေကိုခေါ်ပြီးချက်ချင်းထွက်သွားကြတော့တယ်.

ပြီးတော့ စိတ်ထိခိုက်စေမှုကြောင့် ဝန်ထမ်းတွေမှာ ယွမ်၁သောင်းစီရရှိပါမယ်. ငွေစာရင်းကိုင်က မနက်ဖြန်ကျရင် သူတို့တွေရဲ့ဘဏ်အကောင့်ကနေတစ်ဆင့် လွှဲပေးသွားမှာဖြစ်သည်.

ပြီးတော့ V5ဘားကို ပြန်လည်ပြင်ဆင်ဖို့လဲ လိုသေးတာကြောင့် ဝန်ထမ်းတွေကလဲ အလုပ်လုပ်ဖို့မလိုသေးတာကြောင့် လစာပြည့်နှင့် နားရက်လဲရပါဦးမယ်.

ဘားမန်နေဂျာနှင့် စာရင်းကိုင်ဝန်ထမ်းကတော့ ပြန်လည်ပြင်ဆင်ရေးမှာပါဝင်ရပါမယ်.

ပြီးသွားတော့ ကုနင်းနှင့် တခြားလူတွေကို ကူညီပေးတဲ့အတွက် ညလယ်စာမုန့်ဝယ်ကျွေးမယ်ဆိုပြီး ဟောင်ရန်က ဖိတ်ခေါ်လိုက်သည်. သူတို့မသွားခင် ဟောင်ရန်က တစ်စုံတစ်ခုကို သိချင်သွားကာ,

ချူးရွှမ်ဖန်ကိုမေးလိုက်သည်,

"အစ်ကိုချူး, ချင်ဂိုဏ်းရဲ့နာမည်ကိုသုံးပြီး သိန်းငှက်ပျံဂိုဏ်းကို ခြိမ်းခြောက်လိုက်တာ အဆင်ရောပြေပါ့မလား?"

"အဆင်ပြေပါတယ်. ချင်ဂိုဏ်းရဲ့ မြို့်တော်Fကအဖွဲ့ခွဲခေါင်းဆောင်နဲ့ ငါက သူငယ်ချင်းတွေလေ. ငါပြောလိုက်ရင် သူတို့ V5ဘားကို စောင့်ရှောက်ပေးပါလိမ့်မယ်." ချူးရွှမ်ဖန်ကပြောလိုက်သည်.

သူရဲ့ သရုပ်မှန်ကိုကာကွယ်ရန် သူကချင်ဂိုဏ်း ကျူးချဲ့အဖွဲ့ရဲ့ခေါင်းဆောင်ပါလို့ ဟောင်ရန်ကိုမပြောပြခဲ့ပေ. သူ့ရဲ့ ချင်ဂိုဏ်းက ရာထူးကြောင့် ကုနင်းတို့ ချူးဖေ့ဟန်နှင့်မပေါင်းတော့မတာမျိုး မဖြစ်စေချင်ပါဘူး. အခုလို ချူးဖေ့ဟန်မှာ ရင်းနှီးသောသူငယ်ချင်းများရဖို့ လွယ်တာမဟုတ်ပေဘူး.

"ဘာ? အစ်ကိုချူးက ချင်ဂိုဏ်းရဲ့ မြို့တော်Fအဖွဲ့ခွဲခေါင်းဆောင်နဲ့သိတာလား? အရမ်းမိုက်တာပဲ!" ထိုစကားကြောင့် ဟောင်ရန် အံ့ဩသွားကာ ချူးဖေ့ဟန်ကို လေးစားစွာနဲ့ကြည့်လိုက်သည်.

ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းတို့ရဲ့ တုံ့ပြန်မှုကလဲအတူတူပါပဲ.

"ဘုရားရေ! အရမ်းမိုက်တာပဲ! အစ်ကိုက အဖွဲ့ခွဲခေါင်းဆောင်နဲ့တောင်သိတယ်လား? သူလဲ သေချာပေါက် ဂိုဏ်းထဲမှာ ရာထူးကြီးမှာလေ! ကျွန်တော်တော့ အရမ်းစိတ်လှုပ်ရှားသွားပြီ!" ချင်ကျီရွှမ်းကပြောလိုက်သည်.

ကျန်းထန်ပင်းကလဲ ထပ်ပြီး

"ကျွန်တော်ရောပဲ, ကျွန်တော်ရောပဲ."

"မင်းတို့ကဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေကြတာလဲ? အဖွဲ့ခွဲခေါင်းဆောင်နဲ့သိတာ မင်းတို့မဟုတ်ဘူးလေ. ပြောရရင် ငါလဲ ပျော်ပါတယ်. ငါတို့ အဖွဲ့ခွဲခေါင်းဆောင်နဲ့မသိရင်တောင် အစ်ကိုချူးနဲ့ သူငယ်ချင်းတွေပဲကို. ဟုတ်တယ်မလား!?" ချူးရွှမ်ဖန်ဖက် လှည့်ကာ မုခယ်ပြောလိုက်သည်.

သူတို့ဘယ်တုန်းက သူငယ်ချင်းဖြစ်သွားတာလဲ? အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးကြတာလေ. ရင်းတောင်မရင်းနှီးကြသေးဘူး. ဒီကောင်လေးတွေ သက်သက်ချင်ဂိုဏ်းရဲ့ အဆက်အသွယ်ရချင်လို့လုပ်နေကြတာပဲ.

"အစ်ကိုချူး, ကျွန်တော်တို့ကို အခုကစပြီးထောက်ပံ့ပေးပါနော်." ဟောင်ရန်ဆက်ပြောလိုက်သည်.

ချူးရွှမ်ဖန် အံ့ဩသွားမိသည်. ဒီကောင်လေးတွေက သူထင်ထားသလိုလုံးဝမဟုတ်ဘူးပဲ, ဒါပေမယ့် စိတ်အေးလိုက်ဖို့တော့မဖြစ်နိုင်သေးပါဘူး.

ချူးဖေ့ဟန်လဲ အတွေးတူပါတယ်.

ကျူးချဲ့အဖွဲ့ခေါင်းဆောင်က သူတို့မျက်စိရှေ့တင်ရပ်နေမှတော့ အဖွဲ့ခွဲခေါင်းဆောင်ဆိုတာ ဘာမှမဟုတ်တော့ပါဘူး.

ချူးဖေ့ဟန်နှင့် ချူးရွှမ်ဖန်ကတော့ သူတို့ရဲ့နောက်ခံအစစ်အမှန်ကို ပြောဖို့ စိတ်ကူးမရှိကြသေးပါဘူး.

ကောင်လေးတွေရဲ့အမြင်မှာတော့ ချင်ဂိုဏ်းက အရမ်းကြောက်စရာကောင်းပေမယ့် ချင်ဂိုဏ်းက အရေးကြီးတဲ့လူတစ်ယောက်နှင့် သိရတာကိုတော့ စိတ်လှုပ်ရှားနေကြသည်. သူတို့က လိမ်မာလွန်းတဲ့ကလေးတွေတော့မဟုတ်ပေမယ့် ဥပဒေကိုတော့ လိုက်နာကြပါသည်.

ချင်ဂိုဏ်းက အရမ်းလျှို့ဝှက်ဆန်းကြယ်ပေမယ့် ဆိုးရွားနေတာတော့မဟုတ်မှန်း သူတို့သိထားကြပါသည်. ဒါကြောင့် သူတို့ ကြောက်လဲကြောက်သလို စိတ်လဲဝင်စားနေကြသည်. အန်းရီနှင့် ယွီမီရှီတို့အမြင်ကတော့မတူပါဘူး. သူတို့လဲ ချင်ဂိုဏ်းကိုကြောက်ပေမယ့် ဒီကိစ္စက စိတ်ဝင်စားဖို့လဲ အရမ်မကောင်းသလို့ ချင်ဂိုဏ်းနဲ့သိလို့လဲ မမုန်းသွားပါဘူး.

ကုနင်းကတော့ စိတ်တော့မလှုပ်ရှားပေမယ့် သူမသာချင်ဂိုဏ်းနှင့်အဆက်အသွယ်ရသွားရင် သတင်းကောင်းပဲလေ.

"ဘာလဲ? နင်တို့က ငါ့ကို သစ္စာဖောက်လိုက်ကြတာလား?" သူတို့အရမ်းစိတ်လှုပ်ရှားနေကြတာကိုမြင်တော့ ကုနင်းမေးလိုက်သည်.

သူတို့အားလုံး ချက်ချင်းတိတ်ဆိတ်ကုန်ကြသည်. ခနနေတော့မှ ချက်ချင်းလေသံတွေပြောင်းကုန်ကာ,

"ဘယ်ဟုတ်ရမှာလဲ, မင်းက အမြဲတမ်း ငါတို့ရဲ့ဘော့စ်ပါပဲ!"

"ဟုတ်တယ်, ဘော့စ် ငါတို့ကို စိတ်မဆိုးပါနဲ့နော်"

"ဟုတ်တယ်, ဟုတ်တယ်." အားလုံးက လေးစားမှုအပြည့်နှင့်ပြန်ပြောကြသည်.

"ဟုတ်ပါပြီ, ငါက နောက်ရုံလေးပါ!" ကုနင်းရယ်လိုက်သည်. ပြီးတော့ သူမအရင်ထွက်သွားပြီး ကျန်တဲ့လူတွေလဲ လိုက်လာကြသည်.

သူတို့ သောက်ဖို့ စီစဉ်ထားတာကြောင့် ဘယ်သူမှကားမယူခဲ့ပဲ ပင်လယ်စာစားသောက်ဆိုင်တစ်ဆိုင်သို့ တက္ကစီနှင့်သွားကာ သီးသန့်အခန်းကျယ်တစ်ခုကို ငှားလိုက်ကြသည်.

ဟောင်ရန်က လျော်ကြေးငွေအများကြီးရရှိခဲ့တာကြောင့် သူတို့ဈေးကြည့်မနေကြပဲ ကောင်းပေ့ဆိုတဲ့ဟင်းပွဲတွေအများကြီးကို မှာခဲ့ကြသည်. ပြီးသွားတော့ စုစုပေါင်း ယွမ်ထောင်ဂဏန်းလောက်သာကျသင့်ခဲ့ပါသည်.

ညလယ်စာစားရင်းနှင့် ချူးရွှမ်ဖန်ထံ စစ်ထူယဲ့ထံမှ ဖုန်းဝင်လာကာ သူဘယ်ရောက်နေလဲမေးခဲ့သည်.

ဘာမှစဉ်းစားမနေပဲ ချူးရွှမ်ဖန် သူ့ဘော့စ်ကို သူ့ညီမရဲ့သူငယ်ချင်းတွေနှင့် ညလယ်စာစားနေကြကြောင်းပြောခဲ့ကာ စားသောက်ဆိုင်ရဲ့နေရာကိုတောင် ပြောပြလိုက်ပါသေးသည်.

................Book 11 Part151End..............

ဖီးနစ်သွေးစက်

အခန်း ၁၅၂ စစ်ထူယဲ့နှင့်တွေ့ဆုံခြင်း

ဘာသာပြန်သူ - Charm.Y

မမျှော်လင့်ထားပဲ စစ်ထူယဲ့ကလဲ မြို့တော်Fကိုရောက်နေ၍ စားသောက်ဆိုင်ကို မိနစ်၂၀နေလျှင်ရောက်မည်ဟုပြောလိုက်တာကြောင့် ချူးရွှမ်ဖန် ထိတ်လန့်သွားသည်. ဒါပေမယ့် ချူးရွှမ်ဖန် ဘာမှထပ်မပြောနိုင်သေးခင်မှာပဲ စစ်ထူယဲ့ဘက်က ဖုန်းချသွားခဲ့တာကြောင့် ချူးရွှမ်ဖန်မှာ အချိန်အကြာကြီး ဆွံ့အမှင်တက်နေခဲ့သည်.

အခန်းထဲက တခြားလူတွေလဲ ချူးရွှမ်ဖန်၏ ထိတ်လန့်နေတဲ့မျက်နှာကိုတွေ့လိုက်ရ၍ နားမလည်နိုင်စွာကြည့်နေကြသည်.

"ဘာဖြစ်လို့လဲ?" ချူးဖေ့ဟန်က သူမအစ်ကို,ကိုမေးလိုက်သည်. သူမအစ်ကိုက အမြဲတမ်း ပုံမှန် မျက်နှာထားကို ထိန်းထားတတ်တာဖြစ်သည်. တစ်ခုခုဆိုးရွားသောကိစ္စဖြစ်ခဲ့လျှင်တောင်မှ အေးဆေးတဲ့ပုံစံနေနိုင်သူဖြစ်ပါသည်.

ချူးဖေ့ဟန်၏အသံကိုကြားမှပဲ ချူးရွှမ်ဖန် အသိစိတ်ပြန်ကပ်သွားတော့တယ်. ထိုတော့မှ သူယဉ်ကျေးမှုမရှိသလိုဖြစ်သွားမှန်း သိလိုက်တာကြောင့် ရှက်ရွံ့သလိုပြုံးပြီး ရှင်းပြလိုက်သည်,

"အမ်, ငါ့သူငယ်ချင်းက ခနနေလာခဲ့မလို့တဲ့. အဆင်ပြေရဲ့လား?"

စစ်ထူယဲ့ ဒီသီးသန့်ခန်းထိလာပါ့မလားတော့ မသိပေမယ့် ကြိုပြောထားတာပိုကောင်းမယ်လို့ ထင်ပါသည်.

"ရပါတယ်. ကိစ္စမရှိပါဘူး." အားလုံးပြန်ဖြေလိုက်သည်.

"ဖေ့ဟန်, ဒီနားခနလာဦး. ပြောစရာရှိလို့" ချူးရွှမ်ဖန် ချူးဖေ့ဟန်ကို အနားဆွဲခေါ်လိုက်သည်.

ကျန်တဲ့လူတွေလဲ စပ်စုချင်ကြပေမယ့် မေးတော့မမေးပါဘူး.

"ဘာဖြစ်လို့လဲ?" ချူးဖေ့ဟန် စိတ်ရှုပ်သွားတယ်.

ပြီးတော့ ချူးရွှမ်ဖန် ချူးဖေ့ဟန်နား,နားကိုကပ်ကာ,

"အမ်, ငါတို့ဘော့စ် မကြာခင်လာလိမ့်မယ်. သူသီးသန့်ခန်းထဲကို လာမလာတော့မသိပေမယ့် ညီမလေးသိထားသင့်တယ်ထင်လို့. သူလာခဲ့ရင် ပုံမှန်လိုပဲနေနော်!"

"ဘာ? ဘော့စ်စစ်ထူယဲ့ကလာမယ်?" ချူးဖေ့ဟန် သရဲလာမယ်လို့ကြားလိုက်ရသလိုကို ကြောက်လန့်သွားသည်. ဒီကမ္ဘာမှာ စစ်ထူယဲ့ထက် ချူးဖေ့ဟန်ကိုကြောက်အောင်လုပ်နိုင်သူမရှိပါဘူး.

စစ်ထူယဲ့က သူမအပေါ်ကောင်းပါတယ်. သူမကိုလဲဂရုစိုက်ပြီး မွေးနေ့ရောက်ရင်လဲ စာအိတ်နီတစ်အိတ်စီကို လက်ဆောင်အဖြစ်ပို့ပေးနေကျပေမယ့် သူ့ရဲ့အရှိအဝါအောက်ရောက်သွားရင် သူမခြေတောင်မခိုင်တော့ပါဘူး.

"ဘာ-ဘာလို့ သူကဒီကိုလာမှာလဲ? ဘာလို့လာခွင့်ပေးလိုက်တာလဲ?" ချင်ဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ စစ်ထူယဲ့က ဘာလို့ဒီကိုလာပြီး ချူးရွှမ်ဖန်ကိုကိုယ်တိုင်လာရှာမှာလဲဆိုတာ ချူးဖေ့ဟန်စဉ်းစားလို့ကိုမရဘူး. ဒါသူ့ပုံစံမဟုတ်ပါဘူး!

ချူးရွှမ်ဖန်လဲ စစ်ထူယဲ့ဘာလို့ ကုနင်းကိုဒီလောက်စိတ်ဝင်စားနေလဲ မစဉ်းစားတတ်ပါဘူး. ဟုတ်ပါတယ်. စစ်ထူယဲ့ဒီနေရာကိုလာတာ ကုနင်းကြောင့်ပါ.

တကယ်တော့ သူ ကုနင်းနှင့် မြို့တော်Gမှာတွေ့ဖို့ စီစဉ်ထားခဲ့တာပါ. ဒါကြောင့် ကုနင်း မြို့တော်Gသို့သွားမသွားသိရအောင် မြို့တော်Fကနေ မြို့တော်G သွားတဲ့ လေယာဉ်စာရင်းတွေကိုတောင် စစ်ခဲ့ပေမယ့် ကုနင်းမပါခဲ့ပါဘူး. ဒါကြောင့် စစ်ထူယဲ့ကိုယ်တိုင် မြို့တော်Fသို့လိုက်လာတာပါ.

ကုနင်းက ချူးဖေ့ဟန် သူငယ်ချင်းလို့သူသေချာမသိသေးပေမယ့် ကိုယ်တိုင်တော့ စုံစမ်းနေပါတယ်.

ဒါက သူပထမဆုံးအကြိမ်အဖြစ် မိန်းမတစ်ယောက်ကို စိတ်ဝင်စားခြင်းပါ. ကုနင်းက မိန်းမတစ်ယောက်တော့မဟုတ်သေးပါဘူး. သူမက အခုမှ ဆယ်ကျော်သက်ကောက်မလေးတစ်ယောက်သာသာပါ.

စစ်ထူယဲ့ကအမြဲတမ်း သူ့နှလုံးသားစေညွှန်ရာကိုပဲ လိုက်လုပ်တတ်သူဖြစ်သည်. သူအခုချိန်မှာ ကုနင်းကိုစိတ်ဝင်စားနေတာသူမအကြောင်းသေချာသိအောင်လေ့လာနေတာပါ. သူက ချင်ဂိုဏ်းရဲ့ဘော့စ်ဖြစ်ပေမယ့် သာမာန်ဘဝလိုသာနေထိုင်ပါတယ်. ဒါကြောင့် ကုနင်းကို လူချင်းတွေ့ချင်နေတာပါ.

မိနစ်၂၀လောက်နေတော့ စစ်ထူယဲ့ရောက်လာကာ ချူးရွှမ်ဖန်ကို သူ့အားလာကြိုခိုင်းလိုက်တယ်.

ချူးရွှမ်ဖန် ချက်ချင်းအပြင်ကိုပြေးထွက်သွား အပြင်ရောက်တော့ လမ်းဘေးတွင် စစ်ထူယဲ့ကို ချင်ဂိုဏ်းမှ ရာထူးကြီးလူနှစ်ယောက်ခြံရံလျက်တွေ့လိုက်ရသည်.

"ဘော့စ်, တစ်ခုခုလုပ်စရာရှိလို့လား?" ချူးရွှမ်ဖန်မေးလိုက်သည်.

"မရှိပါဘူး, ဒီတိုင်းဗိုက်ဆာလို့ပါ." ပြီးတော့ နောက်ကလူနှစ်ယောက်ကို အမိန့်ပေးကာ,

"မင်းတို့နှစ်ယောက်ကားထဲကစောင့်နေ. ရွှမ်ဖန် လမ်းပြပေး."

ချင်ဂိုဏ်းက ရာထူးကြီးလူနှစ်ယောက်ကတော့ ကားထဲကို ဝင်သွားကြတယ်.

"ဘော့စ်, ကျွန်တော်တို့ ဖေ့ဟန်တို့ရှိတဲ့နေရာကိုပဲ သွားမှာလား?" ချူးရွှမ်ဖန် သေချာအောင်မေးလိုက်သည်. စစ်ထူယဲ့ အထက်တန်းကျောင်းသားလေးတွေနှင့် အတူတူထမင်းစားလိမ့်မယ်လို့တော့ သူမယုံကြည်နိုင်ပါဘူး. ဒါ သူ့ပုံစံမှမဟုတ်ဘဲ.

"ဘာဖြစ်လို့လဲ? တစ်ခုခုလွဲနေလို့လား?" စစ်ထူယဲ့ အေးစက်စွာမေးလိုက်သံက သူ့ကို ခြိမ်းခြောက်နေသလိုပါပဲ. ဒါကြောင့် ချူးရွှမ်ဖန်လဲ တုံ့ဆိုင်းမနေတော့ဘဲ,

"မဟုတ်တာ. ဒီဘက်ကို ကြွပါ."

ချူးရွှမ်ဖန်ကတော့ ဒါကမသင့်တော်ပါဘူးလို့တော့ မပြောရဲပါဘူး.

"ဒါပေမယ့် ဘော့စ်, သူတို့က ကျွန်တော် ချင်ဂိုဏ်းကမမှန်းမသိကြဘူး, ဒီတော့..." ချူးရွှမ်ဖန် ပြောလို့မပြီးသေးခင်မှာပဲ, စစ်ထူယဲ့က,

"ငါနားလည်တယ်."

တံခါးကမပိတ်ထားတာကြောင့် ချူးရွှမ်ဖန်လဲ စစ်ထူယဲ့ကို ဦးဆောင်က တန်းဝင်လာလိုက်သည်.

စစ်ထူယဲ့ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားကာ သူ့ရဲ့မျက်နှာကျကလဲ အချိုးအစားညီညွတ်စွာလှပပါတယ်. သူဝင်လာပုံက ဘုရင်တစ်ပါးကြွချီလာသလို အရှိန်အဝါတွေပျံ့လွင့်နေကာ အားလုံးလဲ အံ့ဩစွာကြည့်နေကြသည်. အထူးသဖြင့် ကောင်လေးတွေမှာ ဒီလူအရမ်းခန့်ညားပြီး ကြည့်ကောင်းတယ်လို့တွေးနေမိကြသည်.

ဒါပေမယ့် ကုနင်းကတော့ ဒီလူက သာမာန်မဟုတ်ဘဲ လူသတ်သမားတစ်ယောက်ရဲ့အရှိန်အဝါတွေရှိနေတယ်လို့ ခံစားလိုက်ရသည်. သူက အင်အားကြီးတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်.

ကုနင်း ခန့်မှန်းချက်သာမှန်နေလျှင် ဒီလူက ချင်ဂိုဏ်းနှင့် ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ရာထူးကြီးတဲ့လူတစ်ယောက်တောင်ဖြစ်နိုင်နေပါသေးတယ်. သူက ချူးရွှမ်ဖန် ပြောခဲ့သည့် ချင်ဂိုဏ်း၏ဘော့စ်တောင်ဖြစ်နေနိုင်ပါသေးတယ်.

ဒါပေမယ့် ကုနင်းက ခန့်မှန်းရုံခန့်မှန်းထားခြင်းဖြစ်ပါတယ်. သူမမှန်နေမယ်လို့တော့ ယုံကြည်ချက်မရှိပါဘူး.

တစ်ချိန်တည်းမှာပဲ စစ်ထူယဲ့မှာ ဝင်လာရင်းကုနင်းကို ကြည့်နေပေမယ့် ဘာအမှုအရာမှတော့ မပြပါဘူး. ကုနင်းကလဲ ထူးခြားနေတယ်လို့ မခံစားမိပါဘူး.

"ဒါ ငါ့သူငယ်ချင်း. မိသားစုနာမည်က စစ်ထူဆိုတော့ မင်းတို့ အစ်ကိုစစ်ထူလို့ခေါ်လို့ရတယ်."ချူးရွှမ်ဖန် သူတို့နှင့်မိတ်ဆက်ပေးလိုက်သည်.

ချူးရွှမ်ဖန်က အစကတည်းက စစ်ထူယဲ့အတွက်ခုံကို သူနဲ့ ချူးဖေ့ဟန်ကြားစီစဉ်ထားပြီးသားဖြစ်တယ်. ဒါကြောင့် ဆယ်ကျော်သက်ကလေးတွေနဲ့ မိတ်မဆက်ပေးခင် သူ့ကို အရင်ထိုင်ခိုင်းလိုက်တယ်.

ချင်ဂိုဏ်းရဲ့ဘော့စ်ဖြစ်တဲ့ စစ်ထူယဲ့အနေနဲ့တော့ သူတို့ကို သိဖို့မလိုပေမယ့် ချူးရွှမ်ဖန်ရဲ့သူငယ်ချင်းအဖြစ် မိတ်ဆက်ထားတာကြောင့် လူမှုရေးအရမိတ်ဆက်ပေးမှရပါမယ်.

ဒါကြောင့် ချူးရွှမ်ဖန် သူ့ရဲ့ ဘယ်ဘက်ကနေစပြီး မိတ်ဆက်ပေးလိုက်တယ်.

ဟောင်ရန်, ချင်ကျီရွှမ်း, ကျန်းထန်ပင်း, အန်းရီ, မုခယ်, ယွီမီရှီ နှင့် ကုနင်းတို့ဖြစ်ပါတယ်.

ဒါပေမယ့် စစ်ထူယဲ့က ကုနင်းကိုမိတ်ဆက်ပေးတဲ့အချိန်မှ,

"ငါမင်းကို မြို့တော်Gက ဟွမ်းဒင်ဟိုတယ်အပြင်ဘက်မှာတွေ့လိုက်တယ်."

ထိုစကားကိုကြားတော့ ကုနင်းအံ့ဩသွားပေမယ့် ချက်ချင်းပဲ အခြေနေကိုနားလည်လိုက်တယ်. သူ ချူးရွှမ်ဖန်နှင့်အတူရှိနေခဲ့တာပဲဖြစ်ရမယ်.

"ငါတို့က အချိန်ပြည့်လိုလို အတူရှိနေတာလေ."

ကုနင်းဘာမှမပြောပဲ ခေါင်းသာညိတ်ပြလိုက်သည်.

ကျန်တဲ့လူတွေအားလုံးလဲ ကုနင်း မြို့တော်Gကိုသွားတာသိထားတာကြောင့် စစ်ထူယဲ့စကားက ဘာကိုဆိုလိုမှန်း သိပ်မစဉ်းစားနေကြတော့ပါဘူး.

"မင်းက တော်တာပဲ, မင်းစိတ်ဝင်စားရင် ငါနဲ့တစ်ပွဲလောက်စမ်းကြည့်ပါလား?" စစ်ထူယဲ့မေးလိုက်သည်.

"ကောင်းပြီလေ." ကုနင်းချင်းပဲ သဘောတူလိုက်သည်.

ထိုလူက ချူးရွှမ်ဖန်ထက်ပိုတောင်မှန်း ကုနင်းသိပြီး သူမကလဲ သန်မာတဲ့လူတွေနှင့် ယှဉ်ပြိုင်ချင်ပါတယ်. စိန်ခေါ်မှုတွေကသာ သူမရဲ့အရည်အချင်းကိုတိုးတက်စေမှာလေ.

................Book 11 Part152End..............

ဖီးနစ်သွေးစက်

အခန်း ၁၅၃ အဲ့လောက်အတည်မမှတ်နဲ့လေ!

ဘာသာပြန်သူ - Charm.Y

"နောက်ထပ်လက်ရည်စမ်းပွဲတစ်ခုလား? ငါတော့အရမ်းကြည့်ချင်နေပြီ. ငါတို့ဘော့စ် တစ်ယောက်ချင်းပြိုင်ပွဲမှာ ရှုံးတာ တစ်ခါမှမတွေ့ဖူးသေးဘူး." ဟောင်ရန်က စိတ်လှုပ်ရှားစွာနှင့်ပြောလိုက်သည်.

"ဟုတ်တယ်!" ချင်ကျီရွှမ်း နှင့် ကျန်တဲ့လူတွေကလဲ ထောက်ခံလိုက်ကြသည်.

"အဲ့ဒါဘာသဘောလဲ? နင်တင်အားလုံးက ငါရှုံးတာကို မြင်ဖူးချင်နေကြတာလား?" ကုနင်းမျက်မှောင်ကြုတ်လိုက်သည်. သူမမျက်ဝန်းထဲမှာတော့ အန္တရာယ်အငွေ့အသက်တွေ လွှမ်းခြုံနေပါသည်.

ထိုအမေးကိုကြားတော့မှ ဟောင်ရန်တို့လဲ သူတို့အပြောမှားသွားမှန်း သတိရသွားကာ ချက်ချင်းငြင်းကြတော့တယ်,

"အဲ့လိုမဟုတ်ပါဘူး!"

"ငါတို့က နင်ဘယ်လောက်အထိတော်လဲဆိုတာ သိချင်ရုံပါ."

"ဟုတ်တယ်! ဘယ်တုန်းကမှ နင့်ကို မရှုံးစေချင်ပါဘူး"

"နောက်ကျသွားပြီ." ကုနင်း သူတို့ကို မယုံကြည်သလိုနှင့် အတည်ကြီးပြောလိုက်သည်.

"နင်တို့အားလုံး ဒီနေ့အိမ်ပြန်ရောက်ရင် ဘယ်လောက်ဝေးဝေးပြေးခဲ့လဲဆိုတာသိရဖို့ အက်ပလီကေးရှင်းတစ်ခုသွင်းထားလိုက်. မနက်ဖြန် ၈နာရီ ယွမ်တိုင်တောင်မှာ စုကြမယ်. ငါတို့တောင်တက်ကြတာပေါ့! အန်းရီ, မီရှီ နဲ့ ဖေ့ဟန်ကလွဲပြီး ကျန်တဲ့လူတွေအကုန် တကြိမ်တည်းနဲ့ ၁၀ကီလိုမီတာပြီးရမယ်. တကယ်လို့ မလုပ်နိုင်ခဲ့ရင်တော့ အပြစ်ပေးမှုက ၁၀ကီလိုမီတာထက် ပိုဆိုးလိမ့်မယ်."

"ဘာ?"

ထိုစကားကိုကြားတော့ ဟောင်ရန်တို့ အမူအရာတွေပြောင်းလဲကုန်ကာ စတင်ညည်းညူတော့တယ်.

"မဟုတ်ဘူးလေ! ဘော့စ် အဲ့လောက်အတည်ကြီးမမှတ်ပါနဲ့!" ဟောင်ရန်ကပြောလိုက်သည်.

"ဘော့စ်က အဲ့လောက်ကြီး စိတ်ထဲမထားတတ်ပါဘူး, နော်?" ချင်ကျီရွှမ်းက မျက်နှာချိုသွေးလိုက်သည်.

"ဘော့စ်, ခနနားလို့ရောမရဘူးဘူးလား?" မုခယ် ဝမ်းနည်းနေတဲ့မျက်နှာလေးနဲ့မေးလိုက်သည်.

"ဘော့စ်, ငါ ၆ကီလိုမီတာပဲပြေးလို့မရဘူးလား?" ကျန်းထန်ပင်းကတော့ ဈေးဆစ်လိုက်သည်.

"ထပ်ပြီး အထွန့်တက်ချင်တဲ့ဘယ်သူမဆို နောက်ထပ် ၂ကီလိုမီတာပိုပြေးရမယ်." ကုနင်း၏ ခြိမ်းခြောက်စကားကြောင့် ကောင်လေးတွေအားလုံး ပါးစပ်ပိတ်သွားကြသည်.

သူတို့ ရင်ထဲဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ ပြန်မပြောရဲတော့ပါဘူး. ဒါကြောင့် စားပဲစားနေလိုက်တော့တယ်.

ကုနင်း သူတို့ပြောတာတွေကို အတည်ကြီးလုပ်ပြီး အခုလိုလုပ်ခိုင်းတာမဟုတ်ပါဘူး. သူမအခုရက်တွေအတွင်း ညနေပိုင်းအတန်းမတက်တာကြောင့် သူတို့လေ့ကျင့်ချိန်တွေလျော့နည်းနေခဲ့သည်. ဒါကြောင့် သူတို့ကို လေ့ကျင့်ပေးဖို့ အခွင့်အရေးမှန်သမျှကို အမိအရဖမ်းယူနေတာပါ.

နောက်ဆိုလဲ သူမပိုအလုပ်များလာတော့မှာလေ.

"တောင်တက်မယ်ဆိုတာ အကြံကောင်းပဲ. ငါလဲလိုက်ချင်တယ်. ပြီးတော့ ငါတို့ ယွမ်တိုင်တောင်ပေါ်မှာ ဘာလို့ လက်ရည်စမ်းပွဲမလုပ်ရမှာလဲ?" စစ်ထူယဲ့ပြောလိုက်သည်.

ချူးရွှမ်ဖန် နှင့် ချူးဖေ့ဟန်ကတော့ ထိတ်လန့်ကုန်ကြကာ သူတို့နားသူတို့တောင် မယုံနိုင်ကြတော့ဘူး. ဘာ? စစ်ထူယဲ့က သူတိုနဲ့အတူ ယွမ်တိုင်တောင်ကို သွားမယ်? သူ့လို အရွယ်ရောက်ပြီးသားလူတစ်ယောက်က အထက်တန်းကျောင်းသားတွေတွေနဲ့အတူ တောင်တက်မယ်? လုံးဝမယုံကြည်နိုင်စရာပဲ!

"ရတာပေါ့!" ကုနင်းကတော့ မငြင်းပါဘူး.

သူနှင့် မရင်းနှီးသေးပေမယ့် အန္တရာယ်ဖြစ်မှာကိုတော့ ကုနင်းမကြောက်ပါဘူး.

"ငါလဲ မင်းတို့နဲ့လိုက်မယ်." ချူးရွှမ်ဖန်ကပါ ချက်ချင်းထပြောလိုက်သည်. သူက စစ်ထူယဲ့၏ အရေးကြီးတဲ့လက်ထောက်တစ်ယောက်ဖြစ်ပြီး သူတို့အားလုံးလဲ မြို့တော်Fကိုရောက်နေခြင်းဖြစ်တာကြောင့် သူဘော့စ်နှင့်အတူလိုက်ဖို့လိုတယ်လို့ တွေးလိုက်မိသည်.

သူတို့ညလယ်စာစားရင်း စကားတွေပြောနေကြတယ်. ဒါပေမယ့် ချူးဖေ့ဟန်က တစ်ချိန်လုံးငြိမ်နေတာကြောင့် ဟောင်ရန်ထူးဆန်းသလိုခံစားလိုက်ရပြီး မေးလိုက်တယ်,

"မင်းဘာလဲ တစ်ချိန်လုံးငြိမ်နေတာလဲ? ထူးဆန်းလိုက်တာ!"

ထိုစကားကိုကြားတော့မှ လူတိုင်းရဲ့အကြည့်တွေက ချူးဖေ့ဟန်အပေါ်ကျရောက်သွားသည်, ဒါကြောင့် သူမလဲနေရထိုင်ရခက်သွားကာ ချက်ချင်းရှင်းပြလိုက်သည်,

"အဲ့ဒါက ဒီကအစားအသောက်တွေက အရမ်းအရသာရှိလို့ ငါဆက်တိုက်စားနေမိတာ."

ချူးရွှမ်ဖန်နှင့် စစ်ယူယဲ့သာ အကြောင်းရင်းအမှန်ကိုသိပြီး ကျန်တဲ့လူတွေကတော့ ယုံသွားကြတယ်. ချူးဖေ့ဟန်က အစထဲက အစားအသောက်ကြိုက်သူတစ်ယောက်လေ! ဒါပေမယ့် ကုနင်းကတော့ သံသယဖြစ်စရာအချက်တွေကို သတိပြုမိသွားပါတယ်. ချူးဖေ့ဟန်က စစ်ထူယဲ့ဝင်လာပြီးနောက်ပိုင်းမှ ပြောင်းလဲသွားတာကို သူမသတိထားမိလိုက်သည်. ပြောရရင် ဒီစစ်ထူဆိုတဲ့လူရဲ့ ရာထူးကြောင့် သူမကြောက်နေပုံပဲ.

ည၁၁နာရီထိုးခါနီးတော့ အားလုံးပြန်ဖို့လုပ်ကြသည်.

စစ်ထူယဲ့က ကုနင်းကိုအိမ်ပြန်လိုက်ပို့ပေးချင်ပေမယ့် အခုချိန်မှာ ထိုသို့လုပ်ဖို့က မသင့်တော်သေးပေ. ဒါကြောင့် ချူးရွှမ်ဖန် နှင့် ချူးဖေ့ဟန်တို့ကိုသာ ပြန်လိုက်ပို့လိုက်သည်.

ကုနင်းကတော့ ယွီမီရှီနှင့်အတူပြန်လိုက်သည်. ဟောင်ရန်တို့က လိုက်ပို့ပေးမယ်လို့ပြောပေမယ့် အငြင်းခံလိုက်ရပါတယ်. အခုချိန်က နောက်ကျနေပြီဖြစ်တာကြောင့် သူတို့ကို ကုနင်းအလုပ်မရှုပ်စေချင်တော့ပါဘူး.

စစ်ထူယဲ့ပေါ်လာချိန်ကစပြီး ချူးဖေ့ဟန်မှာ တစ်လျှောက်လုံးစိတ်သောကရောက်ခံစားနေရကာ အိမ်ပြန်မရောက်မချင်း စိတ်လွတ်ကိုယ်လွတ်မနေနိုင်ခဲ့ဘူး.

ဒါပေမယ့် မနက်ဖြန်ကျရင် သူမတို့နှင့်အတူ စစ်ထူယဲ့ပါ တောင်လိုက်တက်မယ်ဆိုတာကို ပြန်စဉ်းစားမိလိုက်တော့ ချူးဖေ့ဟန် ထပ်ပြီးမပျော်မရွှင်ဖြစ်သွားရပြန်တယ်.

ချင်ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ စစ်ထူယဲ့က ဘာလို့များသူမတို့လို အထက်တန်းကျောင်းသားလေးတွေနဲ့အတူ တောင်လိုက်တက်ချင်ရတယ်ဆိုတာ နားမလည်နိုင်ဘူး. ဒါကြည့်ရတော်တော်ဆိုးမယ့် မြင်ကွင်းပဲ!

မနက်ဖြန် မိုးရွာမယ့်နေဖြစ်ပြီး သူမတို့အစီအစဉ်ပျက်ရင်ပျက် မဟုတ်ရင် စစ်ထူယဲ့မလာဖြစ်နိုင်တော့ဖို့သာ မျှော်လင့်နေမိတော့တယ်.

ကုနင်းအိမ်ပြန်ရောက်တော့ ည၁၂နာရီထိုးခါနီးဖြစ်ကာ ကုမန့်ကလဲ မအိပ်သေးသလို ကုချင်နှင့် ကျန်းရွှီတို့လဲ အတူရှိနေပါတယ်. သူတို့ နောက်ကျတဲ့အထိစောင့်နေရတာက အကြောင်းရှိပါတယ်. ဘာလဲဆိုတော့ ကျန်းရွှီမှာ ကုနင်းကို အရေးကြီးကိစ္စပြောစရာရှိနေတာကြောင့်ပါ.

ကျန်းရွှီက ဒီနေ့လည်ကပဲ စီးပွားရေးလိုင်စင်နှင့် တခြားလူအပ်တဲ့စာရွက်စာတမ်းတွေကိုရခဲ့ပြီး ဆောက်လုပ်ရေးပစ္စည်းဖြန့်ဖြူးသူနဲ့လဲ ဆက်သွယ်ပြီးပြီဖြစ်ကြောင်းပြောခဲ့သည်. ပြီးတော့ ထိုဖြန့်ဖြူးသူမှာ မြို့တော်Dကဖြစ်တာကြောင့် သူမနက်ဖြန် မြို့တော်Dသို့သွားကာ ပစ္စည်းစတင်တင်ပို့ပေးနိုင်ရန် စာချုပ်တွင်လက်မှတ်ထိုးရမယ်ဖြစ်သည်.

ဆိုင်က ဝန်ထမ်းအလုံအလောက်ခန့်ထားပြီးဖြစ်ကာ ပစ္စည်းတွေရောက်လာရုံနှင့် ဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်.

ကျန်းရွှီ ကုနင်းကို ဒီ့ထက်ပိုအသေးစိတ်ပြောပြချင်သေးပေမယ့် ကုနင်းက ကြားဖြတ်ပြီး,

"ဦးလေး သမီးကို ကိစ္စတိုင်းပြောပြနေဖို့မလိုပါဘူး. ဦးလေးကိုလဲ ယုံတယ် ပြီးတော့ စီးပွားရေးအတွက် လိုအပ်သမျှကိုလဲ ထုတ်သုံးနိုင်တယ်. တကယ်လို့ ပြဿနာတစ်ခုခုရှိရင်သာ သမီးကိုလာအကူအညီတောင်းလို့ရပါတယ်."

ကျန်းရွှီရဲ့စီးပွားရေးထဲ ကုနင်းဝင်မပါချင်ပါဘူး.

ကုနင်းဘက်ကတောင် ထိုသို့ပြောလာပြီဖြစ်၍ ကျန်းရွှီဆက်မပြောတော့ပေ.

ကုချင်နှင့် ကျန်းရွှီတို့ ထွက်သွားပြီးတော့ ကုနင်းက မနက်ဖြန်မနက် သူမသူငယ်ချင်းတွေနှင့် တောင်တက်သွားမည့်အကြောင်း ကုမန့်ကိုပြောပြတော့ ကုမန့်ကလဲ သဘောတူလေတယ်.

..............

နောက်တစ်နေ့မနက်,

ကုနင်း ၆နာရီခွဲကတည်းကထကာ သာမာန်ဝတ်စုံတစ်စုံသာဝတ်ဆင်လိုက်ပြီး ဆံပင်ကိုအမြောက်စည်းလိုက်သည်. ကျောက်စိမ်းရဲ့စွမ်းအားနှင့် အားဖြည့်ပေးမှုကြောင့် ကုနင်း၏အသားအရည်ကလဲ နူးညံ့ချောမွေ့လာကာ. ချူးဖေ့ဟန်နှင့် ယွီမီရှီတို့တောင် အားကျနေရသည်.

၇နာရီထိုးခါနီးတော့ ကုနင်းမနက်စာစားပြီးသွားကာ လွယ်အိတ်ကိုယူပြီး ထွက်လာခဲ့သည်.

ဖန်ဟွားအဆင့်မြင့်အိမ်ရာနှင့် ယွမ်တိုင်တောင်မှာ ၇ကီလိုမီတာလောက်ကွာဝေးပြီး ပြေးသွားမယ်ဆို မိနစ်၄၀လောက်လိုပါတယ်. ကုနင်းကတော့ အလျင်မလိုပါဘူး. သူမ ယွမ်တိုင်တောင်ကို ၇နာရီ ၅၀မိနစ်လောက်ရောက်ရင်ကို အဆင်ပြေနေပြီလေ.

၇နာရီ မိနစ်၄၀နေတော့ ကုနင်းတောင်ကိုရောက်သွားကာ လူတော်တော်များများလဲ ရောက်နေကြပါပြီ. ဟောင်ရန်နှင့် ကျန်တဲ့ကောင်လေး၃ယောက်တော့ ထင်တဲ့အတိုင်း သူတို့ကားတွေနှင့်လာကြတာပါ.

ဟောင်ရန်နှင့် ကျန်တဲ့ကောင်လေးတွေက ၈နာရီမထိုးခင် ၁၀ကီလိုမီတာပြည့်အောင်ပြေးထားရမှာဖြစ်တာကြောင့် ယွမ်တိုင်တောင်သို့ အစောကြီးလာကာပြေးနေကြတာဖြစ်သည်.

နောက်ဆုံး ၇နာရီခွဲတွင်ပြေးလို့ပြီးသွားခဲ့ကြပေမယ့် သူတို့ခဗျာမတ်တပ်တောင်မရပ်နိုင်လောက်အောင် မောပန်းကုန်ကြကာ သေမလိုတောင် ခံစားနေရသည်. သူတို့နားတာ မိနစ်၂၀လောက်ရှိတော့ ကုနင်းရောက်လာခဲ့ပေမယ့် သူတို့ကတော့ ထိုအချိန်ထိ အမောမပြေနိုင်ကြသေးပါဘူး.

ယွမ်တိုင်တောင်က နယ်မြေနားမှာရှိပေမယ့် လာရောက်လည်ပတ်သူတွေမရှိဘဲ အများစုမှာတောင်တက်လာသူတွေသာဖြစ်ကြသည်.

စစ်ထူယဲ့၏ကားကတော့ အနီးနားက အေးမြတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာရပ်ထားပါတယ်.

................Book 11 Part153nd..............

ဖီးနစ်သွေးစက်

အခန်း ၁၅၄ အရမ်းအံ့ဩစရာကောင်းတာပဲ!

ဘာသာပြန်သူ - Chram.Y

စစ်ထူယဲ့နှင့် ချူးရွှမ်ဖန်တို့ကတော့ ကားထဲတွင် ထိုင်နေကြပြီး, ချူးဖေ့ဟန်, ယွီမီရှီနှင့် အန်းရီကတော့ သစ်ပင်ကြီးအောက်က ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ထိုင်နေကြသည်. ဟောင်ရန်နှင့် ကျန်တဲ့ကောင်လေး၃ယောက်ကတော့ ဘေးနားက မြက်ခင်းပြင်ပေါ်တွင် ခြေပစ်လက်ပစ်လှဲနေကြသည်.

ချူးရွှမ်ဖန်က မောင်းသူနေရာမှာထိုင်နေကာ မှန်တံခါးကနေတစ်ဆင့် အဝေးမှ ကုနင်းပြေးလာတာကို သတိထားမိသွား၍ အံ့ဩစွာနဲ့,

"မဖြစ်နိုင်တာ! သူဒီအထိပြေးလာတာလား?"

ထိုစကားကိုကြားတော့ လူတိုင်းဝင်ပေါက်ဘက်ကိုကြည့်လိုက်ကာ အားလုံးလဲ အံ့ဩသွားကြသည်.

ချူးရွှမ်ဖန် ချက်ချင်းကားပြင်ထွက်လိုက်ပြီး ကုနင်းအနားရောက်လာသည်နှင့် ချက်ချင်းမေးလိုက်သည်,

"ဟေ့, မင်းဖန်ဟွားအဆင့်မြင့်အိမ်ရာကနေဒီကို တစ်လျှောက်လုံးပြေးလာတာလား?"

"ဟုတ်တယ်လေ." ကုနင်းပြန်ဖြေလိုက်သည်.

သူမ ၇ကီလိုမီတာတောင်ပြေးခဲ့ရတာကြောင့် အနည်းငယ်မောနေသည်. ဒါပေမယ့် သူမမျက်နှာနည်းနည်းနီနေပြီး အသက်ရှူနည်းနည်းမြန်နေရုံလောက်သာဖြစ်ပါတယ်. သူမ အဝေးကြီးပြေးလာတယ်လို့ လုံးဝကိုမထင်ချင်စရာပါပဲ.

"ဘုရားရေ! ၇ကီလိုမီတာ! မင်းကြည့်ရတာ လုံးဝမမောသလိုပဲ. မဖြစ်နိုင်တာ." ချူးရွှမ်ဖန် သူ့စိတ်သူပြင်ဆင်ထားပြီးသားဖြစ်ပေမယ့် ကုနင်းဘက်က အတည်ပြုချက်ကိုကြားလိုက်ရတော့ အံ့ဩသွားရပြန်တယ်. သူလဲ ၇ကီလိုမီတာပြေးနိုင်ပေမယ့် သူ့ရဲ့ ခွန်အားတွေ သက်လုံတွေကိုတော်တော်လေးအသုံးပြုရမှာဖြစ်တာကြောင့် အေးအေးဆေးဆေးရပ်နိုင်ပြီး အသက်ပြန်ရှူနိုင်အောင် တော်တော်ပြန်လုပ်ရပါမယ်.

စစ်ထူယဲ့လဲ ကုနင်းက သာမာန်မိန်ကလေးတစ်ယောက်မဟုတ်မှန်းသိထားပေမယ့် ဒီလောက်သက်လုံကောင်းနေတာကြောင့် ထိန်လန့်အံ့ဩမိသွားတယ်. သူတောင်မှသူမထက်ပိုကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူး.

ကုနင်းကတော့ ပြုံးနေပြီး ဘာတစ်ခွန်းမှထပ်မပြောတော့ပါဘူး. သူကားထဲမှာထိုင်နေသေးတဲ့ စစ်ထူယဲ့ကိုကြည့်လိုက်ကာ နှုတ်ဆက်လိုက်တော့ စစ်ထူယဲ့လဲ ခေါင်းတစ်ချက်ပြန်ညိတ်ပြီး နှုတ်ဆက်လိုက်တယ်.

ပြီးတော့ ဘေးနားက မြက်ခင်းပြင်တွင် ဟောင်ရန်တို့လှဲနေတာကို ကုနင်းတွေ့သွားပြီး,

"နင်တို့ပြီးသွားပြီလား?"

"အင်း, မင်း- ကိုယ့်- ဘာ-သာ-ကိုယ် ဖုန်းထဲမှာ- စစ်ကြည့်လို့- ရတယ်." ဟောင်ရန် မနည်းအသက်ရှူရင်းပြန်ဖြေလိုက်သည်.

"မလိုတော့ဘူး. နင်တို့ကိုယုံပါတယ်. ၉နာရီအထိ နားလို့ရတယ်. ပြီးမှ တောင်စတက်ကြတာပေါ့." ကုနင်းပြောလိုက်သည်.

ကုနင်း သူမသူငယ်ချင်းတွေကို ယုံကြည်ပါသည်. ပြီးတော့ ဒီတစ်ခေါက်ကလဲ အရမ်းခက်ခဲတဲ့ စစ်ဆေးမှုဖြစ်တာကြောင့် ဒီ့ထက်ပိုပြီး အရမ်းတွန်းအားမပေးချင်တော့ပါဘူး.

ပြီးတော့ ကုနင်း စစ်ထူယဲ့ဘက် ထပ်ကြည့်လိုက်ကာ,

"၉နာရီထိုးဖို့ ၁နာရီတောင်လိုသေးတာဆိုတော့ အခုပဲ ရှင် ပြိုင်ပွဲကိုလုပ်ချင်လား?"

"ဒါပေမယ့် မင်းအခုမှပြေးထားတာလေ. အရင်နားလိုက်ပါဦး." စစ်ထူယဲ့ပြန်ဖြေလိုက်သည်.

ကုနင်းက အခုတင် ၇ကီလိုမီတာပြေးခဲ့တာဖြစ်ပြီး သူမပုံစံက မမောပေမယ့် အားအင်တွေတော့ ကုန်ခမ်းထားတာပါ. ဒီလိုအချိန်ပြိုင်မယ်ဆိုရင် ဘယ်တရားပါ့မလဲ.

"ကောင်းပြီလေ. ဒါဆို ၈နာရီခွဲလုပ်တာပေါ့." တကယ့်တော့ ကုနင်းနားဖို့မလိုပေမယ့် စစ်ထူယဲ့၏တွေးပေးမှုကို မငြင်းချင်တာကြောင့် လိုက်ခံလိုက်သည်.

ထိုကောင်လေး၄ယောက်အမောပြေလာဖို့မျှော်လင့်ပြီး ကုနင်း သူတို့အတွက် ရေဘူးသွားဝယ်လိုက်သည်.

ရေသောက်ပြီးသွားတော့ သူတို့ကိုယ်တွင်းမှာ အေးမြသွားကာ မကြာခင်မှာပဲ အားတွေပြန်ပြည့်လာခဲ့ပြီး ၁၀မိနစ်အတွင်းပုံမှန်ပြန်ဖြစ်ရုံတင်မက နဂိုထက်တောင် ပိုလန်းဆန်းသွားကြသည်.

ဒီလိုအချိန်ခနလေးအတွင်း သူတို့ပြန်အားပြည့်သွားတာထူးဆန်းပေမယ့် ဘာကြောင့်မှန်းတော့မသိပါဘူး. ပြီးတော့ ဒါကို သာမာန်လို့ပဲထင်နေကြပါတယ်.

၈နာရီခွဲတော့ သူတို့ ကွင်းပြင်တစ်နေရာကိုသွားကာ ကုနင်းနှင့် စစ်ထူယဲ့တို့ စတင်ယှဉ်ပြိုင်ရန် အဆင်သင့်လုပ်လိုက်သည်.

စစ်ထူယဲ့၏နောက်ခံကို မသိသေးတဲ့လူတွေကတော့ ကုနင်း၏စွမ်းရည်အပေါ်ပိုလို့ အမြင်ကောင်းတွေရှိနေကြသည်. ကုနင်းက သူတို့မျက်စိရှေ့တင် သံတုတ်တွေကိုင်ထားသည့် လူဆိုး၁၁ယောက်ကိုတောင် အလဲထိုးနိုင်ခဲ့တာကြောင့် ကုနင်းကို မယုံကြည်နိုင်စရာအကြောင်းကို မရှိကြပါဘူး.

ဒါပေမယ့် ချူးရွှမ်ဖန်နှင့် ချူးဖေ့ဟန်တို့အမြင်ကတော့ လုံးဝကွာခြားပါတယ်. ကုနင်းက ထူးချွန်တာအမှန်ပါပဲ. သူက ချူးရွှမ်ဖန်ထက်တောင် ပိုတော်သေးပေမယ့် စစ်ထူယဲ့ကလဲ ချူးရွှမ်ဖန်ထက် အဆပေါင်းများစွာပိုတော်ပါသည်.

သူတို့ ကုနင်း၏စွမ်းရည်အစစ်အမှန်ကို မသိသေးသလို အခုလက်ရှိကလဲ ဖုံးကွယ်ထားမှန်းသိပေမယ့် စစ်ထူယဲ့က ကုနင်းထက်ပိုသာမယ်လို့ သူတို့နှစ်ယောက် ယုံကြည်နေကြစဲပါ. ဒါကြောင့် ကုနင်းနိုင်လိမ့်မယ်လို့ သူတို့မထင်ကြပါဘူး.

ကုနင်းနှင့် စစ်ထူယဲ့ကတော့ တစ်ဖက်လူကို ရှုံးအောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး. ဒါကြောင့် ပြိုင်ပွဲကိုလဲ အချိန်၅မိနစ်သာ သတ်မှတ်ထားပါသည်.

သူတို့ တစ်ယောက်နှင့်တစ်ယောက် ခေါင်းညိတ်ပြလိုက်ကာ ပြိုင်ပွဲကို စတင်လိုက်သည်.

အစမှာတော့ နှစ်ယောက်လုံးအားအပြည့်မသုံးတာကြောင့် ဘယ်သူပိုတော်လဲ မခွဲခြားနိုင်ပါဘူး. ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ နှစ်ယောက်လုံး အားပိုထည့်လာကြသည်.

ကုနင်း စစ်ထူယဲ့၏သန်မာလှတဲ့ ခွန်အားကို ခံစားမိလိုက်ကာ စစ်ထူယဲ့လဲအတူတူပဲ ခံစားလိုက်ရပါတယ်.

ကုနင်းက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အဖြစ်သာရှိပါသေးတယ်. ဒါကြောင့် သူမက သာမာန်ထက်အလွန်တော်နေတာကိုက ထိတ်လန့်စရာပါပဲ.

ခနကြာပြီးတော့ စစ်ထူယဲ့က သူမထက်ပိုတော်မှန်း ကုနင်းရှင်းရှင်းလင်းလင်းသိသွားကာ ရှုံးတော့မလိုခံစားနေရတယ်.

ဒါပေမယ့် လင်ရှောင်းထင်နှင့် တိုက်ခိုက်တုန်းကလိုမျိုး စစ်ထူယဲ့က သူမကို ထိန်းချုပ်လွှမ်းမိုးသွားသလိုမခံစားရပါဘူး. ဒါကြောင့် စစ်ထူယဲ့က ကုနင်းထက်ပိုတော်ပေမယ့် သူမကို ထိခိုက်အောင်လုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး.

သူတို့နှစ်ယောက်တိုက်ခိုက်နေပုံက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းလှပါသည်. မနေ့ကတိုက်ခိုက်မှုကလဲ ကြမ်းတယ်ဆိုပေမယ့် လူဆိုးတွေနှင့် တိုက်ခြင်းဖြစ်ပြီး ကုနင်းနဲ့ ယှဉ်လျှင် သူတို့က အားနည်းကြတာကြောင့် သိပ်ပျော်ဖို့မကောင်းခဲ့ပါဘူး.

ကုနင်းနှင့် စစ်ထူယဲ့တို့၏ ပြိုင်ပွဲကတော့ တကယ့် သိုင်းပညာရှင်နှစ်ယောက်ရဲ့ ယှဉ်ပြိုင်ပွဲပါပဲ.

ကုနင်းလဲ မရှုံးချင်တာကြောင့် သူမစွမ်းအားတွေကိုပါထုတ်သုံးပြီး အားမလျော့သွားအောင်လုပ်နေသည်. စိတ်ထဲမှာတော့ စစ်ထူယဲ့ကပိုတော်မှန်း သိပေမယ့် အပြင်မှာတော့ အနိုင်ယူမခံချင်ပါဘူး.

ဒါကြောင့် စစ်ထူယဲ့ကော ချူးရွှမ်ဖန်ပါ ကုနင်း၏လွန်ကဲတဲ့စွမ်းရည်ကြောင့် အလွန်အံ့အားသင့်နေကြသည်.

စစ်ထူယဲ့က ပိုပြီး အတွေ့အကြုံရှိသူဖြစ်ပေမယ့် ကုနင်းကိုတော့ အနိုင်မယူနိုင်ခဲ့ပါဘူး. ပြောရရင် ဒါက ကျရှုံးသွားတာပါပဲ. သူနဲ့ ကုနင်းကြားမှာ အသက်အရွယ်ရော အတွေ့အကြုံပါအရမ်းကွာခြားနေတာတောင်မှလေ.

စစ်ထူယဲ့ ထိုအချက်ကို လက်မခံနိုင်ပေမယ့် ကုနင်းထူးချွန်တာကိုတော့ လက်ခံမှဖြစ်ပါမယ်.

၅မိနစ်က မြန်မြန်ဆန်ဆန်ပဲ ပြည့်သွားခဲ့ပါတယ်. လူတိုင်းက သူတို့တိုက်ခိုက်တာကို မရပ်စေချင်သေးပေမယ့် ချူးရွှမ်ဖန်က အချိန်ပြည့်သွားပြီဖြစ်ကြောင်း အသိပေးလိုက်သည်.

စစ်ထူယဲ့က သူ့ဘော့စ်ဖြစ်တာကြောင့် ဘော့စ်ရဲ့အမိန့်ကို သူလိုက်နာရပါမယ်.

"မင်းက အရမ်းအံ့ဩစရာကောင်းတာပဲ!" စစ်ထူယဲ့ ပွင့်ပွင့်လင်းလင်းပဲ ချီးကျူးလိုက်သည်.

"ရှင်က ပိုတော်တာပါ." ကုနင်းလဲ အမှန်တရားကို လက်ခံကာ ပြန်ဖြေလိုက်သည်.

"ရေသောက်ပြီး ခနနားလိုက်ကြပါဦး," ချူးရွှမ်ဖန်က ရေ၂ဗူးကိုင်ကာ ကုနင်းနှင့် စစ်ထူယဲ့တို့ကိုပေးလိုက်သည်.

သူတို့အားလုံး ၉နာရီထိုးလို့ စပြီးတောင်မတက်ခင် စားဖို့သောက်ဖို့ အကုန်ပြင်ဆင်သွားကြသည်.

သူတို့အလျင်မလိုကြဘဲ ပုံမှန်နှုန်းနှင့်သာ တောင်ပေါ်တက်လာကြသည်.

...........

လူကြီးမင်းချင်၏မွေးနေ့ပွဲပြီးနောက်နေ့တွင် လီကျန်းကျန်း ပြန်ရမှာပေမယ့် ချင်ယီချင်းက ဆက်နေရန် ဖိတ်ခေါ်လိုက်သည်. ချင်ယီချင်းက လီကျန်းကျန်းနှင့် ပိုပြီးရင်းနှီးချင်လို့လို့ ထင်ရပေမယ့် တကယ်တော့ ချင်ယီဖန်းနှင့် အချိန်ကြာကြာပိုရှိစေရန် ခေါ်ထားခြင်းဖြစ်သည်.

လီကျန်းကျန်း ကုနင်းကိုကြောက်လို့ ဒီမှာဆက်နေဖို့ တွန့်ဆုတ်နေပေမယ့် အခုလိုအခွင့်ရေးကောင်းကို လက်လွှတ်မခံနိုင်တာကြောင့် သူမစိတ်ကိုသူမပြင်ဆင်ပြီး ဆက်နေဖို့ သဘောတူလိုက်သည်.

ချင်ယီဖန်းက လီကျန်းကျန်းကို မကြိုက်ပေမယ့် ချင်ယီချင်းကတော့ လက်လျှော့ပါဘူး.. သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက သိလာကြတာဖြစ်ပေမယ့် အရွယ်ရောက်လာချိန်မှာ အချိန်အများကြီးအတူတူမရှိဖူးကြပါဘူး. ဒါကြောင့် သူတို့နှစ်ယောက်အချိန်အကြာကြီးအတူ ကုန်ဆုံးလိုက်ကြရင် ချစ်သွားကြလိမ့်မယ်လို့ ချင်ယီချင်းယုံကြည်နေပါတယ်.

ချင်ယီဖန်းလဲ ချင်ယီချင်းဘာတွေစိတ်ကူးနေမှန်းသိနေတာကြောင့် ၂ရက်လုံးအိမ်ကနေထွက်သွားကာ ချင်ယီချင်း၏ဖုန်းတွေကိုလဲ ပြန်မဖြေတာကြောင့် ချင်ယီချင်းအလွန်စိတ်တိုနေပါတယ်.

................Book 11 Part154nd..............

ဖီးနစ်သွေးစက်

အခန်း ၁၅၅ ချင်ယီချင်း၏ဖိတ်ကြားချက်

ဘာသာပြန်သူ - Charm.Y

ချင်ဟောင်ကျန်းနှင့် သူ့ဇနီးကတော့ ချင်ယီဖန်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စအထိ ဝင်မပါဖို့ ချင်ယီချင်းကိုပြောကြပါတယ်. သူတို့လဲ သားဖြစ်သူ သာမာန်မိန်းကလေးတစ်ယောက်နှင့် လက်တွဲသွားမှာမျိုးကို မဖြစ်စေချင်ကြပေမယ့် ချင်ယီဖန်း သူချစ်တဲ့လူနှင့် ပျော်ရွှင်တဲ့ဘဝလေးတစ်ခုကိုဖြတ်သန်းသွားဖို့ကို မျှော်လင့်ကြပါတယ်.

သူတို့လဲ လီကျန်းကျန်းကသာ အကောင်းဆုံးရွေးချယ်မှုလို့ ထင်ကြပေမယ့် ချင်ယီဖန်းက သူမကိုမကြိုက်တာကြောင့် သူတို့အတင်းဖိအားမပေးကြပါဘူး. သူတို့သာ ချင်ယီဖန်းကို လီကျန်းကျန်နှင့် လက်ထပ်ဖို့ အတင်းဖိအားပေးလိုက်ရင် သူတို့မိသားစုဆက်ဆံရေးလဲ ဆိုးရွားသွားနိုင်ပါသည်.

ဒါပေမယ့် ချင်ယီချင်းက မာနကြီးပြီးခေါင်းမာတဲ့သူဖြစ်တာကြောင့် ချင်ဟောင်ကျန်းတို့လင်မယားလဲ သူမအလိုကျလွှတ်ထားလိုက်ကြသည်.

ပြီးတော့ ချင်ယီဖန်း ကိုယ်တိုယ် အဆင်ပြေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်မယ်လို့လဲ သူတို့ယုံကြည်ကြသည်.

ချင်ယီဖန်းရဲ့အပြုအမူတွေကြောင့် လီကျန်းကျန်းအသည်းကွဲနေကာ စနေမနက်တွင် မြို့တော်Gသို့ပြန်ရန် ခွင့်တောင်းလိုက်ပြီး ချင်ယီချင်းက သူမကို ကိုယ်တိုင်လိုက်ပို့ပေးလိုက်သည်.

ဒီတစ်ခါတော့ ချင်ယီချင်း ကုနင်းကို ဒေါသထွက်သွားကာ သူမမျက်လုံးထဲမှာတော့ ဒီလိုဖြစ်ရတာ ကုနင်းအမှားကြောင့်ပဲလို့ မြင်နေမိသည်. ချင်ယီဖန်း လီကျန်းကျန်းကိုရှောင်နေရတာလဲ ကုနင်းကြောင့်ဖြစ်သည်. ဒါကြောင့် လီကျန်းကျန်းထွက်သွားတာနှင့် ချင်ယီချင်း ကုနင်းဖုန်းနံပါတ်ကိုရရင် သူမသူငယ်ချင်းတစ်ယောက်ဆီ ဖုန်းလှမ်းဆက်လိုက်သည်. ပြီးတာနဲ့ ချက်ချင်း ကုနင်းကိုဖုန်းခေါ်လိုက်သည်.

ချင်ယီချင်းထံမှ ဖုန်းဝင်လာတော့ ကုနင်းမှာ တောက်တက်နေရင်းတန်းလန်းဖြစ်သည်.

"ဟိုင်း, မိန်းကလေးကုနင်းများလား?" ချင်ယီချင်း ယဉ်ယဉ်ကျေးကျေးနှင့်မေးလိုက်သည်. ဒီတော့ ကုနင်းဘက်က,

"ဟုတ်ပါတယ်, ဘယ်သူများလဲ?"

"ကျွန်မက ချင်ယီဖန်းရဲ့အစ်မ ချင်ယီချင်းပါ. မိန်းကလေးကုနဲ့ စကားပြောစရာလေးရှိလို့. အဆင်ပြေရင် ကျွန်မတို့တွေ့လို့ရမလား?" ချင်ယီချင်း ချိုချိုသာသာလေးပဲမေးလိုက်သည်.

တကယ်လို့ သူမဘက်ကသာ မယဉ်ကျေးဘူးဆိုရင် ကုနင်းဖုန်းချပစ်မှာကို ချင်ယီချင်းစိုးရိမ်တာကြောင့်ဖြစ်သည်. ကုနင်းကလဲ တစ်ခုခုတော့လွဲနေပြီးမှန်း ခံစားမိသွားသည်.

သူမ ချင်ယီဖန်းရဲ့ အစ်မနာမည်က ချင်ယီချင်းမှန်းသိပေမယ့် သူမကို လူကြီးမင်းချင်၏မွေးနေ့ပွဲတွင်တစ်ကြိမ်သာတွေ့ဖူးတာလေ. တစ်ယောက်နှင့်တစ်ယောက် စကားတောင်ပြောဖူးကြတာမဟုတ်ဘူး. ဘာလို့ သူမကိုတွေ့ချင်နေရတာလဲ?

ကုနင်းလဲ အကြောင်းရင်းကို သိချင်နေတာကြောင့် မငြင်းပဲ နေ့လည်ကျရင်တွေ့ဖို့ ချိန်းလိုက်သည်.

ကုနင်းတွေ့ဖို့ ဆန္ဒရှိသ၍ ဘယ်အချိန်ချိန်းသည်ဖြစ်စေ ချင်ယီချင်းအတွက်ကတော့ ကိစ္စမရှိပါဘူး.

တစ်နာရီလောက်တောင်တက်ပြီးသွားတော့ ကုနင်းကလွဲပြီး ချူးရွှမ်ဖန်နှင့် စစ်ထူယဲ့မှာ နည်းနည်းပင်ပန်းနေကြကာ ကျန်တဲ့လူတွေကတော့ အရမ်းကိုမောနေကြသည်. အထူးသဖြင့် အားအနည်းဆုံးဖြစ်သည့် အန်းရီနှင့်ယွီမီရှီတို့ပေါ့.

သူတို့ဒီရက်ပိုင်းအတွင်း လေ့ကျင့်ခန်းများများလုပ်ခဲ့လို့သာ ဒီလောက်အထိဆက်ပြီးတက်နိုင်နေကြတာပါ.

သူတို့မိနစ်ပိုင်းလောက်နားပြီးတော့ ဆက်တက်ကြသည်. အမြင့်ကိုရောက်လေ ပို၍အေးလေဖြစ်သည်.

လေထုအေးနေပေမယ့်လဲ အချိန်အကြာကြီးတောင်တက်ခဲ့ရတာကြောင့် သူတို့မှာ ပူနေကြတုန်းပါပဲ. အခုချိန်ကသာ နွေရာသီဖြစ်နေလျှင် သူတို့အားလုံးမူးမေ့သတိလစ်ကုန်ကြလောက်ပြီ.

နှစ်နာရီကြာပြီးနောက် သူတို့တောင်ထိပ်ကိုရောက်သွားကြသည်.

တောင်ထိပ်သည် ၃၀၀စတုရန်မီတာလောက်ကျယ်ဝန်းကာ ဧည့်သည်တွေအတွက် စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်အသေးလေးတွေပါ ရှိနေသည်. ယွမ်တိုင်တောင်က အပေါ်စီးကမြင်ရချိန်အရမ်းကိုလှပပါသည်.

တောင်ထိပ်ကနေ ရှေ့ကိုကြည့်လိုက်လျှင် တိမ်စိုင်ဖြူဖြူလေးတွေက ကိုယ့်နားကိုရောက်နေကာ လက်နှင့်ထိကိုင်လို့ရတော့မလိုတောင် ထင်နေရသည်. ဒီတိမ်တွေကပဲ လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်နေတာဖြစ်ကာ တောင်အောက်ကခြေကို မြင်ရတဲ့မြင်ကွင်းသည်လဲ အသက်ရှူမှားလောက်အောင် လှပ်ပသည်. ထို့အပြင် ခမ်းနားလှသည့် တောင်ကမ်းပါးရံ, စိမ်းစိုလှသော သစ်ပင်ကြီးများနှင့် တောင်ကြားချိုင့်ဝှမ်းလေးများပါ ရှိပါသေးသည်.

ဟောင်ရန်နှင့်ကျန်တဲ့လူတွေကတော့ သူတို့ပင်ပန်းမှုတွေကိုတောင် မေ့ပျောက်သွားကာ စိတ်လှုပ်တရှား ဖုန်းများထုတ်၍ ဓါတ်ပုံရိုက်နေကြသည်.

"အရမ်းအံ့ဩဖို့ကောင်းတာပဲ! ငါ မြို့တော်Fမှာနေတာ နှစ်ပေါင်းများစွာကြာနေတာတောင် ယွမ်တိုင်တောင်ထိပ်ကိုရောက်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ."

"ဟုတ်တယ်, ဒါက တကယ့်ကို ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံလိုပဲ!"

"လာဦး, ငါဒီကျောက်တုံးပေါ်မှာရပ်ပေးမယ်. ငါ့ကို နောက်ခံတိမ်တွေနဲ့ ဓါတ်ပုံတစ်ပုံလောက်ရိုက်ပေးဦး. ငါကောင်းကင်ပေါ်ပျံသန်းနေတဲ့ပုံလေးဖြစ်အောင်!"

"ငါ့ကိုရော ရိုက်ပေး!"

ကုနင်းကတော့ ဓါတ်ပုံရိုက်ဖို့ စိတ်မဝင်စားပဲ တိတ်ဆိတ်စွာနှင့်ပဲ ကမ်းပါးစွန်းကိုသွားကာ လတ်ဆတ်တဲ့လေတွေကို ခံစားနေလိုက်သည်.

တကယ်တော့ သူမစွမ်းအင်တွေကို စုပ်ယူနေတာပါ. တောင်ထိပ်ကလေက မညစ်ညမ်းပဲ သန့်ရှင်လတ်ဆတ်တာကြောင့် စွမ်းအင်အနည်းငယ်ပါဝင်နေပါသည်. စွမ်းအင်အလွှာကပါးတယ်ဆိုပေမယ့် နေရာကကျယ်တာကြောင့် အများကြီးရှိနေပါသည်.

ရုတ်တရက် ကုနင်းစုပ်ယူလို့မရသော စွမ်းအင်စီးကြောင်းတစ်ခုကို ရှာတွေ့သွားသည်.

သူမ စုပ်ယူလို့မရတဲ့ စွမ်းအင်ဆိုတာ ကောင်းကင်, မြေကြီး နှင့် ကျောက်စိမ်းရဲ့စွမ်းအားတွေမဟုတ်ဘူးဆိုတော့ ရှေးဟောင်းပစ္စည်းပဲဖြစ်ရမယ်.

စွမ်းအင်က ပါးလွှာပြီး ဝေးလဲဝေးတာကြောင့် ချိုင့်ဝှမ်းထဲမှာရှိတာပဲဖြစ်နိုင်သည်.

ကုနင်း ထိုအရာ၏တည်နေရာကိုရှာလိုက်တော့ ကျောက်တုံးများကြားမှာရှိနေနိုင်တာကြောင့် ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ ထိုကျောက်တုံးများကြားကို ကြည့်လိုက်သည်.

ကျောက်နံရံ၁မီတာလောက်အနက်တွင် အခန်းတစ်ခန်းရှိနေသည်. ထိုအခန်းက ၁မီတာလောက်ကျယ်ကာ ၃မီတာလောက်မြင့်ပါသည်. ၂မီတာလောက်ထပ်နက်သွားချိန်မှာတော့ ကျဉ်းမြောင်းသွားပြန်သည်ကာ အထဲမှာတော့ အဖြူရောင်မြူခိုးစွမ်းအင်စီးကြောင်းများနှင့် ပြည့်နှက်နေသည်.

ဒါပေမယ့် အခန်းက အရမ်းနက်တာကြောင့် စွမ်းအင်အရင်းအမြစ်က ဘယ်ကမှန်း ကုနင်းမမြင်နိုင်ပါဘူး..

ထိုစွမ်းအင်က လေထဲမှာတောင် စီးဆင်းနေတာကြောင့် သေချာပေါက် စွမ်းအားအများကြီးပါဝင်နေတဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ဒါမှမဟုတ် ရှေးဟောင်းပစ္စည်းတွေအများကြီးရှိနေတာပဲဖြစ်ရမယ်. ကုနင်း အရမ်းသွားရှာပြီးကြည့်,ကြည့်ချင်နေပေမယ့် အခုက အချိန်ကောင်းမဟုတ်သေးပါဘူး.

သူမဒီကို နောက်နေ့ကျမှ ဘယ်သူမှမရှိတဲ့အချိန် ညခင်းဘက်လောက် တစ်ယောက်ထဲပြန်လာကြည့်ပါဦးမယ်. ပြီးတော့ ထိုနေရာစီဆင်းရန် ကြိုးတို့ တခြားကိရိယာပစ္စည်းတို့လဲ လိုအပ်ပါသေးတယ်.

သူမ အောက်ကို ကြိုးနှင့်တွယ်ဆင်းကာ အထဲဝင်ဖို့ အပေါက်လဲဖောက်ရပါမယ်.

တခြားဝင်လို့ရမည့်အပေါက်များရှိသေးလားသိရအောင် ကုနင်းအရင် ဘေးနားတစ်ဝိုက်ကို ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်. တကယ်လို့ ဝင်ပေါက်သာရှိနေရင် သူမတန်းဝင်သွားလို့ရပြီး မရှိရင်တော့ ကျောက်တုံးတွေကို ဖယ်ထုတ်မှရပါမယ်.

ကုနင်း စွမ်းအင်လုံလုံလောက်လောက်ကို စုပ်ယူပြီးသွားချိန်မှာတော့ သူမသူငယ်ချင်းတွေဆီပြန်သွားလိုက်သည်.

လူတိုင်း သူမမျက်လုံးကို မြင်လိုက်တော့ ညှို့ယူဖမ်းစားခံလိုက်ရသလိုဖြစ်သွားတာကြောင့် ကုနင်းစိတ်လှုပ်ရှားသွားတယ်. သူမမျက်လုံးမှာ တစ်ခုခုဖြစ်နေလို့လား?

"ဘာဖြစ်လို့လဲ? ဘာလို့ ငါ့ကို စိုက်ကြည့်နေကြတာလဲ?" ကုနင်းမေးလိုက်သည်.

ကုနင်းစကားမပြောခင်အထိ သူတို့အသိစိတ်မဝင်ကြသေးပါဘူး. ပြီးတော့ ချူးဖေ့ဟန်က ကုနင်းဆီချက်ချင်းပြေးသွားကာ,

"နင်းနင်း, နင့်မျက်လုံးက အရမ်းဆွဲဆောင်မှုရှိတာပဲ!"

ကျန်တဲ့လူတွေအားလုံးကလဲ ထောင်ခံလိုက်ကြသည်.

"ဟုတ်တယ်! ငါလဲတွေ့တယ်. နင့်မျက်လုံးက ကြည်ပြီး တောက်ပနေတာပဲ!"

"မှော်စွမ်းအားတွေပြည့်နေသလိုပဲ! ငါတို့ နင်မျက်လုံးကနေ အကြည့်တောင်မရွှေ့နိုင်ဘူး."

"ပြီးတော့ အကြောင်းမရှိ ငါနေလို့တောင်ပိုကောင်းသွားသေးတယ်."

ထိုစကားကိုကြားတော့မှ ကုနင်းဘာတွေဖြစ်သွားမှန်း သိသွားတော့တယ်. သူက ကျောက်စိမ်းမျက်ဝန်းက စွမ်းအလုံအလောက်စုပ်ယူပြီးသွားတာကြောင့် သူမမျက်လုံးကလဲ ပြောင်းလဲသွားတာဖြစ်မယ်.

သူမ မျက်ဝန်းတွေက မှော်စွမ်းအားတွေနဲ့ ပြည့်နေတာလား? သူတို့တောင် သူမမျက်လုံးကနေ အကြည့်မခွာနိုင်ကြဘူး? ဘာအကြောင်းမှမရှိပဲ နေလို့ကောင်းသွားကြတယ်?

ကုနင်း သူမမျက်လုံးက တခြားလူတွေကို ဖျားယောင်းသွေးဆောင်နေတာများလားလို့ မတွေးပဲမနေနိုင်တော့ဘူး. ဒါပေမယ့် သူမအဲ့လိုတော့မလုပ်ပါဘူး. ဒါ့အပြင် တခြားလူတွေ သူမမျက်လုံးကို စိုက်ကြည့်တာမျိုးလဲ မခံချင်ပါဘူး. ဒါကြောင့် ဟောင်ရန်နှင့် တခြားလူတွေ သူမကို ကြောက်သွားအောင် အေးစက်စွာစိုက်ကြည့်လိုက်သည်.

All Chapters