← Chapters

အခန်း (၁၅၆-၁၆၀)

Vol. 11 Ch. 156-160

အခန်း (၁၅၆-၁၆၀)

Vol. 11 Ch. 156-160

အခန်း ၁၅၆ ကုနင်းဒေါသထွက်ခြင်း

ဘာသာပြန်သူ - Charm.Y

မမျှော်လင့်ထားစွာပဲ ကုနင်း၏အကြည့်တွေက ဓါးသွားတစ်ခုလို ထက်ရှနေကာ ခြိမ်းခြောက်ခံနေရသလိုခံစားနေရတာကြောင့် အားလုံးကြောင်အကုန်ကြသည်.

ကုနင်းလဲ ထိတ်လန့်အံ့ဩသွားမိသည်. သူမမျက်လုံးက ဆွဲဆောင်နိုင်တာတင်မကပဲ ကြောက်လန့်အောင်တောင် ခြိမ်းခြောက်နိုင်နေတာလား?

စစ်ထူယဲ့နှင့် ချူးရွှမ်ဖန်တို့လဲ ကုနင်း၏ကြောက်လန့်ဖွယ်အကြည့်ကြောင့် အံ့ဩသွားကြသည်.

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးတော့မှ ချူးဖေ့ဟန်က ဝမ်းနည်းနေတဲ့အသံနှင့်,

"ဘော့စ် ရဲ့ အကြည့်က ကြောက်စရာကောင်းလိုက်တာ! ငါ့လည်ပင်းကို ဓါးတစ်ချောင်းနဲ့ ထောက်ထားသလိုတောင် ခံစားရတယ်!" ချူးဖေ့ဟန်က ကုနင်းဘေးမှာရပ်နေတာကြောင့် ပိုပြီး ရှင်းရှင်းလင်းလင်း သူမအကြည့်တွေကိုမြင်လိုက်ရသည်.

"ဟုတ်တယ်! အကြည့်ကသာ လူသတ်နိုင်ရင် ငါတို့သေပြီးနေပြီ." ဟောင်ရန်ကလဲ အခုမှ သေရေးကနေလွတ်မြောက်လာသူတစ်ယောက်လို အထွန့်တက်လိုက်သည်.

"ငါကတော့ နှလုံးရောဂါတောင် ရတော့မလားလို့!" မုခယ်ကလဲ သူ့ရင်ဘက်သူ လက်နှစ်ဖက်ဖြင့်ဖိကာပြောလိုက်သည်.

ကုနင်းကတော့ ဘာပြန်ပြောရမှန်းမသိတော့ဘူး. သူမလဲ ဒီလိုဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးလေ. ဒါပေမယ့် သူမရဲ့မျက်လုံးပြောင်းလဲသွားရင်တောင် သူတို့မစိုက်မကြည့်ကြသ၍ ဘာမှ ထူးထူးခြားခြားခံစားသွားကြရမှာမဟုတ်ပါဘူး.

သူတို့ချက်ချင်းတောင်အောက်ကိုပြန်မဆင်းကြသေးပါဘူး. အခုက ၁၂နာရီထိုးခါနီးဖြစ်တာကြောင့် နေလည်စာအရင်စားဖို့စီစဉ်လိုက်သည်. တောင်ထိပ်မှာ စားသောက်ဆိုင်တွေနှင့် ကုန်စုံဆိုင်တွေရှိပေမယ့် သူတို့တောင်ပေါ်မတက်ခင်ကတည်းက စားသောက်စရာတွေကို ကြိုတင်ပြင်ဆင်ခဲ့ကြပါသည်.

တောင်ထိပ်ပေါ်ကစားစရာတွေက ဈေးကြီးတာကြောင့် သူတို့ ထိုသို့သယ်လာခဲ့ကြတာပါ.

"ဒီနားတစ်ဝိုက်မှာ လှိုင်ခေါင်းတို့ တခြားတစ်ခုခုများရှိလား?" ကုနင်း ပုံမှန်လိုပဲမေးလိုက်သည်.

"မသိဘူး."

"ဘာလဲ, ဘော့စ် စွန့်စားခန်းလေးဘာလေးလုပ်ချင်လို့လား?"

"အဲ့လိုသဘောပါပဲ." ကုနင်းပြဖြေလိုက်သည်.

စားသောက်ပြီး ၁၀မိနစ်လောက်နားလိုက်ကြကာ ၁နာရီထိုးခါနီးတော့ တောင်အောက်ကိုပြန်ဆင်းလာကြသည်.

တောင်တက်တာထက် ဆင်းတာက ပိုမိုလွယ်ကူတာကြောင့် သူတို့စမှတ်ကိုပြန်ရောက်ဖို့ ၁နာရီနှင့် မိနစ်၄၀သာကြာလိုက်သည်.

ထိုအချိန်မှာတော့ နေ့လည်၃နာရီထိုးခါနီးနေပါပြီ.

ဟောင်ရန်က တစ်နေရာသွားပြီးသောက်ကြဖို့ပြောပေမယ့် ကုနင်းက ချိန်းထားတာရှိ၍ ငြင်းလိုက်သည်. ကုနင်းမသွားမှတော့ ကျန်တဲ့လူတွေလဲ မသွားကြတော့ပါဘူး. သူတို့လမ်းခွဲလိုက်ကြသည်.

စစ်ထူယဲ့က ကုနင်းကို ပြန်လိုက်ပို့ပေးချင်ပေမယ့် ကုနင်းက ထပ်ငြင်းလိုက်ပြန်သည်. စစ်ထူယဲ့နည်းနည်းစိတ်မကောင်းဖြစ်သွားပေမယ့် အတင်းတော့ မတိုက်တွန်းပါဘူး. သူက သူလိုချင်တာရဖို့အတွက်နှင့် မိန်းကလေးတစ်ယောက်ကို ဖိအားပေးတတ်တဲ့လူစားမျိုး မဟုတ်ပါဘူး.

ကုနင်းမသွားခင် ချင်ယီချင်းကို ဖုန်းအရင်ဆက်လိုက်ကာ သူမအားပြီမို့ တွေ့လို့ရပြီဖြစ်ကြောင်းလှမ်းပြောလိုက်သည်.

ချင်ယီချင်းက အခုချိန်မှာ ဈေးဝယ်စင်တာသို့ရောက်နေတာကြောင့် စင်တာဘေးက ကော်ဖီဆိုင်မှာသာတွေ့ဖို့ပြောလိုက်သည်. ကုနင်းလဲ သဘောတူလိုက်ပြီး နောက်မိနစ်၃၀လောက်နေရင် ရောက်မည့်အကြောင်းပြောလိုက်သည်.

ပြီးတော့ ကုနင်းတက္ကစီငှားကာ သွားလိုက်သည်.

မိနစ်၂၀လောက်နေတော့ သူမဈေးဝယ်စင်တာသို့ရောက်သွားကာ ချိန်းထားသည့် ကော်ဖီဆိုင်ကို တန်းသွားလိုက်သည်.

ကုနင်းရောက်တော့ ချင်ယီချင်းက ကြိုက်ရောက်နေတာကြောင့် သူမဆီလျှောက်သွားလိုက်သည်.

ချင်ယီချင်းက အင်္ကျီဒီဇိုင်နာတစ်ယောက်ဖြစ်တာကြောင့် သူမက တော်ဝင်ပြီး ဆွဲဆောင်မှုရှိစွာဝတ်ဆင်ထားသည်. ဒါပေမယ့် ချင်ယီချင်း ရည်မှန်းချက်ကြီးသည့် အမျိုးသမီးမျိုးဖြစ်တာကြောင့် သူမပတ်ဝန်းကျင်လေထုသည် ပလွှားမှုများဖြင့် ပြည့်နှက်နေသည်. ဒါ့အပြင် သူမက ဘဝင်မြင့်သူလဲဖြစ်တာကြောင့် ကုနင်းကို သိသိသာသာပဲ အထင်သေးစွာနဲ့ ကြည့်နေသည်.

"မိန်းကလေးကု, တွေ့ရတာဝမ်းသာပါတယ်. ထိုင်ပါဦး." ချင်ယီချင်းအသံက ယဉ်ကျေးနေပေမယ့်လဲ သူမအသံထဲမှာ ကုနင်းကိုမကြိုက်နှစ်သက်မှုတွေပါဝင်နေပါတယ်.

ကုနင်းချင်ချင်းပဲ ချင်ယီချင်း သူမကိုခေါ်တာကောင်းတဲ့ကိစ္စမဟုတ်မှန်း နားလည်သွားပေမယ့် အေးဆေးပဲနေလိုက်သည်. ချင်ယီချင်းဘာတွေဆက်လုပ်ဦးမလဲဆိုတာ သူမဆက်ကြည့်ချင်သေးသည်.

ကုနင်း ထိုင်လိုက်ပြီး ပုံမှန်အတိုင်းပဲမေးလိုက်သည်,

"မိန်းကလေးချင်, ဒီနေ့ကျွန်မကို ဘာများပြောချင်တာလဲ မေးလို့ရမလား?"

"ကောင်းပြီလေ, မိန်းကလေးကုရဲ့မိဘတွေ ဘာများလုပ်ကိုင်ကြလဲ ဆိုတာ ပြောပြနိုင်မလား?" ချင်ယီချင်းက ဘုရင်မတစ်ပါးလိုအရှိန်အဝါတွေဖော်ထုတ်ကာမေးလိုက်သည်.

ကုနင်းကတော့ ချင်ယီချင်းရဲ့ရည်ရွယ်ချက်က ဘာဆိုတာ စဉ်းစားမနေဘဲ အမှန်ကိုပြောလိုက်သည်,

"ကျွန်မမှာ မိဘတစ်ယောက်တည်းရှိပါတယ်. အမေကပဲ ကျွန်မကို စောင့်ရှောက်ခဲ့တာပါ. အရင်ကတော့ စက်ရုံမှာလုပ်ပေမယ့် အခုတော့ ကျန်းမာရေးအခြေအနေကြောင့် ထွက်လိုက်ပြီး အိမ်မှာပဲနေပါတော့တယ်."

"အိုး!" ထိုစကားကိုကြားတော့ ချင်ယီချင်းအံ့ဩသွားတယ်. ကုနင်းတို့မိသားစုက သာမာန်လူတန်းစားလောက်တော့ဖြစ်မယ် ထင်ထားခဲ့တာ အခုတော့ သူမတို့မိသားစုအခြေနေကတော်တော်ဆိုးနေတာပဲ. သူအမေက အလုပ်ထွက်လိုက်ပြီဆိုတော့ သူတို့မှာ ဝင်ငွေမရှိတော့ဘူးလို့ဆိုလိုတာပဲ.

အခုတော့ ချင်ယီချင်း ကုနင်းကို ပိုလို့တောင် မကြိုက်တော့ပါဘူး.

"မင်းရဲ့အမေက အလုပ်လက်မဲ့ဆိုတော့ မင်းတို့ဘဝနေထိုင်ရေးကို ဘယ်လိုလုပ်ကြလဲ? မင်းအမေက စက်ရုံမှာလုပ်ခဲ့တာဆိုတော့ လစာကတော့မမြင့်လောက်ဘူးထင်တယ်. မင်းဘဝဆက်ရပ်တည်ဖို့အတွက် လုံလုံလောက်လောက် စုဆောင်းထားတဲ့ငွေရောရှိရဲ့လား?" ထိုစကားကိုပြောချိန်မှာတော့ ချင်ယီချင်းသူမမျက်နှာပေါ်က အထင်သေးတဲ့ပုံကို ဖုံးကွယ်မနေတော့ပါဘူး.

"မိန်းကလေးချင်က ကျွန်မမိသားစုရဲ့ နေထိုင်မှုဘဝကို ဒီလောက်ဂရုစိုက်လိမ့်မယ်လို့ မထင်ထားမိဘူး!" ကုနင်းအနည်းငယ်အေးစက်စွာပြုံးလိုက်သည်.

ချင်ယီချင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ,

"မိန်းကလေးကု, ငါတို့ဝှက်ဖဲတွေဖွင့်လိုက်ကြရအောင်. ငါဒီနေ့မင်းကိုတွေ့ဖို့လာတာက မင်းနဲ့ ယီဖန်းနဲ့မလိုက်ဖက်ဘူးဆိုတာပြောဖို့ပဲ."

ကုနင်းကြောင်သွားသည်. ဘာ? သူမနှင့် ချင်ယီဖန်းက ဘာမှမဟုတ်တာကို ဘာလို့ မလိုက်ဖက်သွားရတာလဲ? သူတို့နှစ်ယောက်က သာမာန်သူငယ်ချင်းသာသာတွေလေ.

ဒါပေမယ့် ကုနင်းဆွံ့အမသွားပါဘူး. ချင်ယီဖန်းနှင့် သူမအကြားနားလွဲမှုတစ်ခုခုလွဲနေတာဖြစ်မယ်. ပြီးတော့ သူမ ချင်ယီချင်း၏ရည်ရွယ်ချက်ကိုလဲ သိသွားပါပြီ.

သူမက ချင်ယီဖန်းနှင့် ပတ်သတ်နေတယ်လို့ ဘယ်သူပြောလဲ? အဓိပ္ပါယ်မရှိလိုက်တာ!

"ကျွန်မနဲ့ ချင်ယီဖန်း ပတ်သတ်မှုရှိနေတယ်လို့ ရှင့်ကိုဘယ်သူပြောလဲ?" ကုနင်းမေးလိုက်သည်.

"အဲ့ဒါက အရေးမကြီးပါဘူး. အရေးကြီးတာက ယီဖန်း အခုချိန် မင်းကိုကြိုက်နေတယ်ဆိုပေမယ့် သူက ချင်မိသားစုရဲ့ ယွမ်၂ဘီလီယံအမွေကို ဆက်ခံရမှာ. ဒါပေမယ့် မင်းက စင်ဒရဲလားထက်တောင်မှ ဆင်းရဲနေသေးတယ်. မင်း ငါတို့မိသားဝင်နဲ့လက်ထပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး. ဒါကြောင့် ယီဖန်းနဲ့ ဝေးဝေးနေပါ."

ချင်ယီဖန်းက သူမကိုကြိုက်နေတယ်? ကုနင်းထိတ်လန့်သွားသည်.

ဒီလိုအရှက်ခွဲခံလိုက်ရတာကြောင့် ကုနင်းမကျေမနပ်ဖြစ်သွားပေမယ့် သူမဒေါသကို ထိန်းချုပ်လိုက်ကာ,

"မိန်းကလေးချင်, ရှင်နားလည်မှုလွဲနေပြီထင်တယ်. ချင်ယီဖန်းနဲ့ ကျွန်မက သူငယ်ချင်းဖြစ်ရုံတင်ပါ."

ဒါပေမယ့် ချင်ယီချင်းကတော့ လုံးဝမယုံကြည်ပါဘူး. ချင်ယီဖန်းကလဲ ကုနင်းကို ကြိုက်နေတာ ဝန်ခံထားပြီး ကုနင်းကလဲ ဆင်းရဲသည့် ကောင်မလေးတစ်ယောက်ဖြစ်သည်. ဒီလို ချမ်းသာပြီး ခန့်ညားသည့် အမျိုးသားတစ်ယောက်ကို သူမမကြိုက်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.

"မိန်းကလေးကု, ဆက်မငြင်းနေပါနဲ့တော့. မင်းသာ ယီဖန်းနဲ့ ဝေးဝေးနေပေမယ်ဆိုရင် ငါမင်းကို ယွမ်၅သိန်းပေးမယ်. မင်းမိသားစုအရမ်းဆင်းရဲတာကို မကြည့်နိုင်လို့ ငါ ယွမ်၅သိန်းတောင် ထောက်ပံ့ပေးတာနော်."

ဒါလူကြားထဲ ပေါ်တင်အရှက်ခွဲလိုက်တာဖြစ်သည်.

ကုနင်း ဒေါသတကြီး စားပွဲကို အသံကျယ်ကြီးမြည်အောင် ရိုက်ချလိုက်ကာ ချက်ချင်းထရပ်လိုက်တာကြောင့် ချင်ယီချင်းလဲ အံ့ဩသွားပြီး ဘေးနားက လူတွေရဲ့အာရုံကိုလဲ ဆွဲဆောင်သွားသည်.

ကုနင်း တခြားလူတွေရဲ့အကြည့်ကို လျစ်လျူရှုလိုက်ကာ ချင်ယီချင်းကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး,

"မိန်းကလေးချင်, ရှင်အမှန်တရားကိုတောင် မသိသေးဘဲနဲ့ လူတစ်ယောက်ကို အရှက်ခွဲတာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား?"

သူမကို မလေးမစားဆက်ဆံတဲ့လူကို သူမဘက်ကလဲ ပြန်လေးစားပေးစရာလိုမယ်လို့ ကုနင်းမထင်ပါဘူး.

"ဘာ? ငါက ရယ်စရာကောင်းတယ်လို့ နင်ပြောလိုက်တာလား?" ချင်ယီချင်းလဲ ဒေါသထွက်သွားသည်.

................Book 11 Part156end..............

ဖီးနစ်သွေးစက်

အခန်း ၁၅၇ ကိုယ့်အပြုအမူကိုထိန်းစမ်း!

ဘာသာပြန်သူ - Charm.Y

"ရှင်ပြောနေတာက ရယ်စရာမကောင်းနေလို့လား? ရှင့်ကို ကျွန်မနဲ့ ချင်ယီဖန်း ကြားဆက်ဆံရေးတစ်ခုရှိနေတဲ့လို့ ဘယ်သူပြောလိုက်လဲတော့မသိပေမယ့် ကျွန်မတို့က သာမာန်သူငယ်ချင်းတွေပဲ. ပြီးတော့ အခုရော နောင်ရော ချစ်သူရည်စားတွေဖြစ်လာမှာမဟုတ်ဘူး." ကုနင်း ယုံကြည်မှုအပြည့်နှင့် ချင်ယီချင်းကို ငုံကြည့်ကာပြောလိုက်သည်.

သူမရဲ့အပြုအမူက ချင်ယီချင်းကို ဒေါသထွက်သွားစေပေမယ့် ချင်ယီချင်းဘာမှပြန်တုံ့ပြန်မပြောနိုင်ခင် ကုနင်းကပဲဆက်ပြီး,

"ပြီးတော့ ရှင့်ရဲ့ ယွမ်၅သိန်းတန်ချက်လက်မှတ်လောက်ကို ကျွန်မဂရုမစိုက်ဘူး. ဘာလို့ဆို ချင်ယီဖန်း အစိမ်းရောင်ဘုရင်နဲ့ ဖူလူရှိုးကျောက်စိမ်းကို ဝယ်သွားတာ ကျွန်မဆီကပဲ!"

ကုနင်း ထိုကိစ္စကို လျှို့ဝှက်ထားချင်ပေမယ့်လဲ ချင်ယီချင်းသူမကို လူကြားထဲ စော်ကားခံရတာကိုတော့ မခံနိုင်ပါဘူး. ဒါကြောင့် သူမဂုဏ်သိက္ခာကို ကာကွယ်ရန်ထုတ်ဖော်ပြောလိုက်ရခြင်းဖြစ်သည်.

ချမ်းသာတဲ့လူတွေက ဆင်းရဲသားတွေကို ဘယ်တုန်းကမှမကြိုက်ကြမှန်း ကုနင်းနားလည်ပေမယ့် ဒီလို အရှက်ခွဲမှုကိုတော့ ဘယ်တော့မှလက်မခံပါဘူး.

"ဘာ?" ထိုစကားကိကြားတော့ ချင်ယီချင်း အံ့ဩသွားသည်. ချင်ယီဖန်း ဝယ်ခဲ့သည့် အစိမ်းရောင်ဘုရင်နဲ့ ဖူလူရှိုးကျောက်စိမ်းက ကုနင်းဆီကတဲ့လား?

ပြောရရင် ကုနင်းက စင်ဒရဲလားမဟုတ်ဘဲ ယွမ်၁၀သန်းကျော်လောက်ပိုင်ဆိုင်တဲ့ မိန်းကလေးပေါ့?

ယွမ်၁၀သန်းကျော်လောက်က ချင်မိသားစု အမြင်တွင်တော့ ဘာမှမဟုတ်ပေမယ့် ဒီလိုကောင်မလေးတစ်ယောက်အတွက်တော့ အလွန်များမှန်း သူမသိပါတယ်.

"ကျွန်မ မြို့တော်Gမှာလုပ်ခဲ့တဲ့ ကိစ္စတွေ ချင်ယီဖန်း ရှင့်ကို ပြောပြရဦးမယ်လို့ မထင်ဘူး. ပြီးတော့ တစ်စုံတစ်ယောက်ထက် ရှင်ပိုချမ်းသာနေရုံနဲ့ သူ့ကိုမနှိမ်ပါနဲ့. ကျွန်မအခုချိန်မှာတော့ ချင်မိသားစုကို မယှဉ်နိုင်သေးပေမယ့် နောင်အနာဂါတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူးလေ!" ကုနင်း အေးစက်စက်လေသံနှင့်ပြောလိုက်ကာ ချက်ချင်းလှည့်ထွက်သွားတော့သည်.

ချင်ယီချင်းကတော့ ဆွံ့အမှင်တက်နေတုန်းပါပဲ. မြို့တော်G? မြို့တော်Gမှာဘာဖြစ်ခဲ့လို့လဲ?

ခနကြာတော့မှ ချင်ယီချင်း ချင်ယီဖန်းထံဖုန်းခေါ်လိုက်သည်. ချင်ယီဖန်းကလဲ တအောင့်နေတော့ သူမဖုန်းကိုပြန်ဖြေလာ၍ အချိန်ဆွဲမနေပဲ တန်းမေးလိုက်သည်,

"နင်အခုဘယ်မှာလဲ?"

"ဘာလုပ်မို့မေးတာလဲ?" ချင်ယီဖန်း စိတ်မရှည်စွာပြန်ဖြေလိုက်သည်. ချင်ယီဖန်း အိမ်ပြန်ရောက်တော့ လီကျန်းကျန်း မြို့တော်Gကိုပြန်သွားပြီဆိုတာ သိလိုက်ရပေမယ့် ချင်ယီချင်း သူ့ကို ဖုန်းဆက်တာ လီကျန်းကျန်းကြောင့်ပဲ ထင်ပြီး သူအိမ်ပြန်ရောက်နေကြောင်းမပြောသေးတာပါ.

"ငါနင့်ကို ကုနင်းအကြောင်းမေးချင်လို့." ချင်ယီဖန်း လီကျန်းကျန်းအကြောင်းကို မကြားချင်မှန်း ချင်ယီချင်းနားလည်တာကြောင့် ကုနင်းအကြောင်းကိုပဲ ဒဲ့ပြောလိုက်သည်.

"ဘာ? ကုနင်းဘာဖြစ်လို့လဲ?" ချင်ယီချင်း၏စကားကိုကြားတော့ ချင်ယီဖန်း ချက်ချင်းစိတ်လှုပ်ရှားသွားသည်.

ချင်ယီဖန်း ကုနင်းကို အရမ်းဂရုစိုက်တာကို မြင်ရတော့ ချင်ယီချင်း စိတ်မကောင်းဖြစ်သွားသည်. ဒါပေမယ့် အခုက သူမမောင်ငယ်နှင့် စကားနိုင်လုနေရမည့်အချိန်မဟုတ်သေးပါဘူး.

ဒါကြောင့် ချင်ယီချင်းက,

"သူဘာမှမဖြစ်ပါဘူး. ငါမေးစရာရှိရုံတင်ပဲ. ဖုန်းနဲ့ပြောဖို့ကအဆင်မပြေလို့. နင်ဘယ်မှာလဲ? ငါတွေ့ချင်တယ်."

"အိမ်မှာ." ချင်ယီဖန်း ကုနင်းကို တကယ်ပဲ အရမ်းကိုဂရုစိုက်ပါသည်.

ချင်ယီချင်းလဲ ချက်ချင်းပဲ ကော်ဖီဆိုင်ကထွက်ကာ ချင်မိသားစုအိမ်သို့သွားလိုက်သည်.

မိနစ်၃၀ကြာပြီးနောက် သူမအိမ်ပြန်ရောက်သွားသည်.

ချင်ယီဖန်းကို ဧည့်ခန်းမဆောင်ထဲမှာတွေ့လိုက်ပြီး သူမမိဘတွေလဲ အတူတူရှိနေကြပါတယ်. ချင်ယီဖန်း သူတို့ကိုနှုတ်ဆက်နေဖို့တောင် အချိန်မရှိပဲ ချင်ယီဖန်းကိုသာမေးလိုက်သည်,

"ယီဖန်း, အစိမ်းရောင်ဘုရင်နဲ့ ဖူလူရှိုးကျောက်စိမ်းကို နင် ကုနင်းဆီကဝယ်ခဲ့တာလား?"

ချင်ယီဖန်း၏ အတည်ပြုချက်ကို ချင်ယီချင်းအရမ်းလိုချင်နေပါသည်. ဒီတော့ ချင်ယီဖန်းကလဲ အံ့ဩစွာနဲ့,

"နင်ဘယ်လိုလုပ်သိတာလဲ?"

"ဘာ? အစိမ်းရောင်ဘုရင်နဲ့ ဖူလူရှိုးကျောက်စိမ်းကို သား ကုနင်းလို့ခေါ်တဲ့ ကောင်မလေးဆီက ဝယ်ခဲ့တာလား?" ချင်ဟောင်ကျန်းကလဲ ထိတ်လန့်အံ့ဩစွာနဲ့မေးလိုက်သည်. သူလဲပဲ ကုနင်းက သမင်ခေါင်းဖန်ခွက်ကိုပေးခဲ့တာကြောင့် လေးစားမှုအနည်းငယ်ရှိနေပါသည်.

"ဟုတ်ပါတယ်." ချင်းယီဖန်း ပြန်ဖြေလိုက်ပြီးနောက် ချင်ယီချင်းဘက် လှည့်လိုက်ကာ,

"နင်ဘယ်လိုသိခဲ့တာလဲ?"

ကုနင်းက ဒီကိစ္စကို လျှို့ဝှက်ထားဖို့ သူ့ကိုပြောထားတာဖြစ်သည်. ချင်ယီချင်းကို သူဝန်ထမ်းတစ်ယောက်ယောက်ကများပြောလိုက်တာလား? ထိုအကြောင်းစဉ်းစားမိတော့ ချင်ယီဖန်း အနည်းငယ်ဒေါသထွက်သွားကာ ဒီကိစ္စကို ပြီးမှသေချာစုံစမ်းရန် မှတ်ထားလိုက်သည်.

ဒါပေမယ့် ချင်ယီချင်းက,

"ငါအခုပဲ ကုနင်းနဲ့စကားပြောခဲ့တာ."

"ဘာ? ဘာလို့လဲ?" ချင်ယီဖန်း ဆိုဖာပေါ်ကနေ ချက်ချင်းထရပ်လိုက်ကာ သူမတို့ ဘာအကြောင်းပြောခဲ့ကြမယ်ဆိုတာကို ကြိုသိလိုက်သည်.

ချင်ယီချင်းလဲ သူမဘာတွေလုပ်ခဲ့တယ်ဆိုတာပြောပြလိုက်တော့ ချင်ယီဖန်း အလွန်ဒေါသထွက်သွားကာ သူမကိုတောင် အော်တော့သည်,

"ငါ့ကိစ္စကို ဝင်မပါနဲ့လို့မပြောဘူးလား. ဘာလို့အေးဆေးမနေနိုင်တာလဲ? ငါသူ့ကိုကြိုက်တယ်ဆိုပေမယ့် သူကသိသေးတာတောင်မဟုတ်ဘူး. နင် ဒါသက်သက်မဲ့ သူ့ကို စော်ကားလိုက်တာပဲ! ဘာလို့လဲ!"

ဒါက ချင်ယီဖန်း သူ့ဒေါသကို မထိန်းချုပ်နိုင်တာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် မိသားစုဝင်တွေအားလုံးလဲ ကြောင်အကုန်ကြသည်.

"ယီချင်း, သမီးဒီလိုတော့မလုပ်သင့်ဘူး. ကိုယ့်အပြုအမူကို ထိန်းစမ်း!" ချင်ဟောင်ကျန်းလဲ ချင်ယီချင်း၏အပြုအမူကြောင့် စိတ်တိုသွားသည်.

"နင် မြို့တော်Gမှာဘာဖြစ်ခဲ့တာလဲ သိချင်တယ်မလား. ကောင်းပြီ ငါအခုပဲပြောပြမယ်." သူ့အစ်မက ကုနင်းကို မကြိုက်တာကြောင့် ချင်ယီဖန်း ဒေါသထွက်သွားသည်. ကုနင်းက ချင်ယီချင်းကို ထိုအကြောင်းတွေပြောမှာကို စိတ်မရှိမှတော့ သူလဲ မြို့တော်Gမှာဖြစ်ခဲ့သည့် ကိစ္စမှန်သမျှကို ပြောပြလိုက်သည်. သူ့မိသားစုကို ကုနင်းနဲ့ လီကျန်းကျန်းအလောင်းအစားလုပ်ပြီး သူလဲ ကုနင်းဖြတ်နိုင်ခဲ့သည့် အဆင့်မြင့် ကျောက်စိမ်းကို ယွမ်သန်း၁၃၀နှင့် ဝယ်ခဲ့ကြောင်းပြောပြလိုက်သည်. သူမိသားစုလဲ လုံးဝထိတ်လန့်သွားကြသည်. ဒါပေမယ့် ချင်ယီဖန်း ဆက်ပြောသည့် စကားကြောင့်ပိုလို့တောင် ထိတ်လန့်သွားကြပါသည်.

"ပြီးတော့ ဖူလူရှိုးကျောက်စိမ်း. အဲ့ဒါက အစက လက်သီးစုပ်မကကြီးပြီး ယွမ်သန်း၁၀၀ကျော်တန်ဖိုးရှိတာ, ဒါပေမယ့် သူက အဲ့ဒါကို သူ့မိသားစုအတွက် လက်ဝတ်ရတနာပစ္စည်းလုပ်ခဲ့တာ! ကျွန်တော်ရခဲ့တယ်ဆိုတာကလဲ ပိုနေတဲ့ ကျောက်စိမ်းအပိုင်းကိုပဲ. နင်စဉ်းစားကြည့် ယွမ်သန်း၁၀၀မက ချမ်းသာတဲ့သူက နင့်ရဲ့ ယွမ်၅သိန်းကို ဂရုစိုက်နေမယ်ထင်လား?" ချင်ယီဖန်း ကြောက်စရာကောင်းလှတဲ့အသံနဲ့မေးလိုက်သည်.

"ဘာ?"

သူမိသားစုလဲ ပိုလို့တောင် ထိတ်လန့်ကုန်ကြသည်. ဖူလူရှိုးကြောက်စိမ်းက လက်သီးစုပ်ထက်ကြီးတယ်တဲ့လား?

"အခုချိန်မှာ သူချင်မိသားစုနဲ့ မယှဉ်နိုင်သေးပေမယ့် အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူကများကြိုသိနိုင်မှာလဲ? သူက သာမာန်မိန်းကလေးတစ်ယောက်မဟုတ်ဘူး." ချင်ယီဖန်း အေးစက်သောလေသံနှင့်ပြောလိုက်ကာ ချက်ချင်းထွက်သွားတော့တယ်.

ပြီးတော့ အခန်းအပြင်ရောက်တာနဲ့ ကုနင်းကို တောင်းပန်ရန် ဖုန်းလှမ်းဆက်လိုက်သည်.

ထိုအချိန်မှာတော့ ကုနင်းက အိမ်ပြန်ရောက်နေပြီဖြစ်ကာ အင်တာနက်ကနေ ယွမ်တိုင်တောင်အကြောင်းကို ရှာဖွေနေသည်. အရင်ဆုံး ယွမ်တိုင်တောင်ပေါ်မှာ လှိုင်ခေါင်းဘာတွေရှိလား ရှာကြည့်ပေမယ့် မတွေ့ခဲ့ပါဘူး.

ယွမ်တိုင်တောင်သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်နိုင်သည့်နေရာဖြစ်သည်. လှိုင်ခေါင်းအကြောင်းဘယ်သူမှ မပြောထားဘူးဆိုတော့ ကြည့်ရတာ ရှာမတွေ့ကြသေးတာဖြစ်နိုင်သည်.

ထို့နောက် ယွမ်တိုင်တောင်နှင့် ပတ်သတ်သည့် ဒဏ္ဍာရီတွေ ပုံပြင်တွေကို ရှာကြည့်လိုက်တော့ ရှာတွေ့ခဲ့ပါသည်.

ပြေထားတာတော့ ချင်မင်းဆက်တုန်းက နယ်မြေတစ်ခု၏အုပ်ချုပ်ရေးခေါင်းဆောင်သည် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ချစားမှုလုပ်ခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်. ဧကရာဇ်မင်းကလဲ အလွန်စိတ်ပျက်သွားခဲ့သည်. ထိုအပြစ်သားအမှုထမ်းနှင့် သူ့တစ်မိသားစုလုံးကို ယွမ်တိုင်တောင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်.

နောက်ဘာဆက်ဖြစ်တယ်ဆိုတာကိုတော့ မှတ်တမ်းတင်ထားခြင်းမရှိခဲ့ပေ. နှစ်ဝက်နေတော့ ယွမ်တိုင်တောင်ခြေတွင် ခန္ဓာကိုယ်တစ်ခုရှာတွေ့ခဲ့သည်. ထိုခန္ဓာကိုယ်ပိုင်ရှင်အမျိုးသားရဲ့လက်တွင်တော့ တရုတ်စာလုံး 'လျှို့' ဆိုပြီး ရေးထွင်းထားသည့် လက်စွပ်တစ်ကွင်းကိုတွေ့ခဲ့သည်. ဒါကြောင့် ထိုခန္တာကိုယ်ပိုင်ရှင်သည် ကျော်ကြားသည့် အုပ်ချုပ်ရေးမှူး လျှို့ကျန်းပါလို့ အတည်ပြုနိုင်ခဲ့သည်.

လူတွေကတော့ ထိုအဖြစ်အပျက်မတိုင်ခင်အထိ လျှို့ကျန်း ဘာလို့ ယွမ်တိုင်တောင်တွင်ပုန်းနေရလဲဆိုတာမသိခဲ့ပါဘူး.

လျှို့ကျန်းသည် ရွှေ, ရတနာပစ္စည်းအမြောက်အမြားကို သူနှင့်အတူ ယွမ်တိုင်တောင်သို့ ယူဆောင်သွားခဲ့သည်. အစိုးရကလဲ ထိုပစ္စည်းတွေကို ရှာဖွေရန် တောင်ကို စစ်သားတွေစေလွှတ်ခဲ့သည်.

ဒါပေမယ့် ယွမ်တိုင်တောင်သည် အန္တရာယ်များသည့် နေရာဖြစ်တာကြောင့် နောက်ဆုံး ထိုအရာမရောက်သည့် ရှာဖွေရေးကို အစိုးရဘက်ကပဲ လက်လျှော့လိုက်ရတော့သည်.

ဒီဒဏ္ဍာရီကြောင့် တော်တော်များများက ယွမ်တိုင်တောင်တွင် ဖွက်ထားသည့် အဖိုးတန်ရတနာပုံကြီးရှိတယ်လို့ပြောကြပေမယ့် ဒဏ္ဍာရီကတော့ ဒဏ္ဍာရီပါပဲ. အစစ်အမှန်ပါလို့ သက်သေမပြနိုင်တာကြောင့် ဘယ်သူမှလဲ တကယ်မယုံကြပါဘူး.

................Book 11 Part157end..............

ဖီးနစ်သွေးစက်

အခန်း ၁၅၈ လင်ရှောင်းထင်က တာဝန်ထမ်းဆောင်နေတုန်းပဲ

ဘာသာပြန်သူ - Chram.Y

ကုနင်းလဲ ကိုယ်တိုင်မြင်ခဲ့၍သာမဟုတ်လျှင် ယုံမည်မဟုတ်ပါ. ဒါကြောင့် ထိုကျောက်လှိုင်ခေါင်းထဲက ရှေးဟောင်းပစ္စည်းတွေသည် အုပ်ချုပ်ရေးမှူး လျှို့ကျန်း၏ပစ္စည်းတွေပဲ ဖြစ်ရမည်ဟု သူမသေချာလုနီးနီးဖြစ်သွားသည်.

ထိုအချိန်တွင် ကုနင်းရဲ့ဖုန်းမြည်လာကာ ခေါ်ဆိုသူကတော့ ချင်ယီဖန်းဖြစ်သည်. ကုနင်းကတော့ မကိုင်ချင်ပါဘူး.

ချင်ယီချင်းကြောင့် ဒီနေ့သူမစိတ်အခြေနေမကောင်းသလို ချင်ယီဖန်းကိုလဲ အနည်းငယ်ဒေါသထွက်နေမိပါသည်. ဒါပေမယ့် ခနလောက်နေတော့ ဖုန်းကိုင်ပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် တစ်ခါတည်းလုပ်လိုက်ရင်ပိုကောင်းမယ်လို့ တွေးမိတာကြောင့် သူမပြန်ဖြေလိုက်သည်,

"ဟလို!"

ချင်ယီဖန်းလဲ ကုနင်းအသံကို ကြားတာနဲ့ ချက်ချင်းတောင်းပန်လိုက်သည်,

"ကုနင်း, ငါ့အစ်မ မင်းကို လုပ်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်. ငါ့တောင်းပန်မှုကို လက်ခံပေးပါနော်."

"ကောင်းပြီ, လက်ခံပါတယ်." ကုနင်း ချင်ယီချင်းကို လွယ်လွယ်နှင့် ခွင့်မလွှတ်ပေးချင်ပေမယ့် အနာဂါတ်မှာ သူမနဲ့ မတွေ့ဘဲနေရမယ်လို့ကမသေချာဘူးလေ. ထိုအတွက်ကြောင့်လဲ သူမနှင့် ချင်ယီဖန်း၏ အဆက်အသွယ်ကို ဖျက်စီးပစ်ဖို့မလိုအပ်လေဘူး.

"ကျေးဇူးပါ." ချင်ယီဖန်းပြန်ပြောလိုက်ပြီး,

"တကယ်တော့ ငါ့အမှားတွေပါ, ငါသာမ..."

ချင်ယီဖန်းပြောရင်း ရုတ်တရက်ရပ်တန့်သွားသည်. သူကုနင်းကို ကြိုက်နေကြောင်း ဖွင့်ပြောလိုက်ချင်ပေမယ့် စိုးရိမ်ကာ တုံ့ဆိုင်းနေမိသည်. အငြင်းခံရမှာကို ကြောက်နေကာ သူတို့သူငယ်ချင်းဆက်ဆံရေးပါ ဆုံးခန်းတိုင်သွားမှာကို စိုးရိမ်နေမိသည်. ဒါပေမယ့် အခုလိုကိစ္စတွေဖြစ်ချိန်ပြီးချိန်မှမပြောလျှင် နောင်ဒီလိုအခွင့်ရေးကောင်းရှိဖို့က မသေချာတော့ပါဘူး. ပြီးတော့ မိန်းကလေးတစ်ယောက်ကို ဖုန်းထဲမှာ ဖွင့်ပြောဖို့ကလဲ မသင့်တော်ပါဘူး.

ထိုအကြောင်းတွေးမိတော့ ကုနင်းကို အပြင်မှာအရင်ချိန်းဖို့ ချင်ယီဖန်း စီစဉ်လိုက်သည်.

"အမ်, ကုနင်း ငါနင့်ကို ပြောစရာရှိလို့ ခနလောက်ငါနဲ့ ထွက်တွေ့ပေးလို့ရမလား?"

"ဖုန်းထဲမှာပဲပြောပါ အဆင်ပြေပါတယ်." ကုနင်း ချင်ယီဖန်း သူမကို ဘာပြောမယ်ဆိုတာ ရိပ်မိပါတယ်. သူ့ကို ထိုစကားမပြောစေချင်ပေမယ့်လဲ တားတော့မတားနေတော့ပါဘူး.

ကုနင်းက ထိုသို့ပြောလာမှတော့ ချင်ယီဖန်းလဲ ဖုန်းထဲကနေပဲဆက်ပြောလိုက်သည်.

"ဒီနေဖြစ်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်. ငါနင့်ကို ကြိုက်နေတယ်လို့ ငါ့အစ်မကို မပြောခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး. ငါ့အစ်မက အထက်စီးဆန်တတ်တဲ့လူဆိုတော့ ကိစ္စတိုင်းကို ဝင်ပါတတ်တယ်. ဒါပေမယ့် ငါ့ကတော့ မတူပါဘူး. ဒါထက်အရေးကြီးတာက ကုနင်း ငါနင့်ကို သဘောကျတယ်. ငါ့ကို အခွင့်ရေးတစ်ခုလောက်ပေးပါလား?"

ကုနင်းအထင် ကွက်တိကို မှန်သွားပါတယ်. ချင်ယီဖန်းက သူမကို ကြိုက်ကြောင်းဝန်ခံခဲ့ပေမယ့် ကုနင်းကတော့ ဘယ်လိုမှမခံစားလိုက်ရပါဘူး. ချင်ယီဖန်းက သူမသဘောကျတဲ့ ယောက်ျားလဲမဟုတ်တာကြောင့် ပျော်လဲမပျော်သွားပါဘူး.

"ဆောရီး, ငါကတော့ ငါတို့သူငယ်ချင်းအဖြစ်ပဲဆက်ရှိနေတာ ပိုကောင်းမယ်ထင်တယ်." ကုနင်း ငြင်းလိုက်ပါသည်.

ထိုအဖြေက အံ့ဩစရာမကောင်းပေမယ့် ချင်ယီဖန်းကတော့ လက်ခံဖို့ အတော်ခက်ခဲနေတုန်းပါပဲ. တစ်စုံတစ်ယောက်က သူ့ရင်ဘက်ကို ဓါးနဲ့ ထိုးချလိုက်သလို ပြင်းပြင်းထန်ထန်နာကျင် ခံစားသွားရသည်.

ကြည့်ရတာ သူအသဲခွဲခံလိုက်ရတာကြောင့် ထိုသို့နာကြင်မှုကို ခံစားရတာဖြစ်မယ်.

ကုနင်းက သူ့နှလုံးသားကို လှုပ်ခတ်စေခဲ့သည် ပထမဆုံးမိန်းကလေးဖြစ်တာကြောင့် ချက်ချင်းကြီးလက်မလျှော့လိုက်ချင်ပါဘူး. ဒါကြောင့် ဆက်မေးလိုက်သည်,

"တကယ်လား? ငါ့ကို အခွင့်ရေးတစ်ခုတောင်မပေးနိုင်တော့ဘူးလား? မင်း ငါ့ရဲ့ဘယ်အချက်တွေကို မကြိုက်တာလဲ ပြော ငါပြောင်းလဲပါ့မယ်."

"မရှိပါဘူး." ကုနင်း ချက်ချင်းပြန်ဖြေလိုက်သည်.

"နင့်ရဲ့ ရုပ်ရည်ကော နောက်ခံပါ အပြစ်ပြောစရာမရှိပါဘူး. ငါ့နင့်အပေါ်ခံစားချက်မရှိရုံပါ. တောင်းပန်ပါတယ်."

ချင်ယီဖန်း နောက်ကို ခြေလှမ်းအများကြီးဆုတ်လိုက်မိသည်. ကုနင်းက သူ့ကို အခွင့်ရေးလေးတစ်ခုတောင် မပေးဘူးပဲ.

ဒါ့အပြင် သူ့အပေါ်လဲ ဘာခံစားချက်မှမရှိဘူး.

ချင်ယီဖန်း ဆိုးဆိုးရွားရွားဝမ်းနည်းမိသွားပေမယ့် ကုနင်းကို စိတ်အနှောင့်အယှက်မဖြစ်စေချင်ပါဘူး. ကုနင်းက ပွင့်ပွင့်လင်းလင်းပြောလိုက်မှတော့ သူလဲ သူမကို ထပ်ပြီးမရှုပ်ချင်တော့ပါဘူး.

"ဒါဆို, အမ်. ဒါပဲလေ. ဘိုင်." ချင်ယီဖန်း ချက်ချင်းဖုန်းချလိုက်သည်. သူ့ရဲ့စိတ်ထဲဗလာဖြစ်နေကာ ဝိဉာဉ်တောင် ပျောက်ဆုံးသွားသလိုပါပဲ.

ကုနင်းလဲ သူမကွန်ပြူတာမျက်နှာပြင်ကို စိုက်ကြည့်နေရင်း ခံစားချက်တွေရှုပ်ထွေးနေသည်. ချင်ယီဖန်း သူမငြင်းလိုက်တာကြောင့် ဝမ်းနည်းသွားမှန်း သိပေမယ့် မနှစ်သိမ့်ပေးနိုင်ပါဘူး. ထိုသို့လုပ်လိုက်လျှင် ထိုအမျိုးသားကို မျှော်လင့်ချက်ပေးသလိုဖြစ်သွားနိုင်တာကြောင့် ရက်ရက်စက်စက်နဲ့ ငြင်းလိုက်တာပါ.

အရင်ဘဝတုန်းက ယောကျ်ားတစ်ယောက်၏သစ္စာဖောက်ခံခဲ့ရတာတောင်မှ သူမယောက်ျားတွေအပေါ်ထားတဲ့ ယုံကြည်ချက်မပျောက်ဆုံးသွားပါဘူး. ဒါပေမယ့် ချင်ယီဖန်းကိုတော့ တကယ်သူငယ်ချင်းတစ်ယောက်လိုပဲသဘောထားတာပါ.

ဘယ်လိုယောကျ်ားမျိုးက သူမအကြိုက်လဲဆိုတာတော့ ကုနင်းလဲ မသိသေးပါဘူး. ထိုမေးခွန်းနဲ့ပတ်သတ်ပြီး စဉ်းစားမိတော့ သူမစိတ်ကူးထဲမှာ သတိလက်လွတ်နှင့် တစ်စုံတစ်ယောက်ပုံပေါ်လာခဲ့သည်.

လင်ရှောင်းထင်၏မျက်နှာပုံ သူမစိတ်ထဲရုတ်တရက်ပေါ်လာတာကြောင့် ကုနင်းထိတ်လန့်အံ့ဩသွားသည်. သူမချက်ချင်းအသိစိတ်ပြန်ကပ်လိုက်ပေမယ့် နှလုံးခုန်နှုန်းကတော့ မြန်ဆန်နေတုန်းပါပဲ.

လာလို့လဲ? လင်ရှောင်းထင်က သူမအကြိုက်ပုံစံလား? သူမမသေချာပေမယ့် သူ့အပေါ်တော့ အမြင်ကောင်းရှိနေပါတယ်.

ကုနင်းက ဆက်ဆံရေးတစ်ခုတွင် တစ်ဖတ်သတ်မဆန်တတ်ပါဘူး. သံသယတွေဝင်ရတာကိုလဲမုန်းပါတယ်. တကယ်လို့ သူမချစ်မိသွားသည့်လူက သူမကို မကြိုက်နေဘူးဆိုရင် သူမကိုချစ်လာဖို့ အတင်းတွန်းအားပေးမည့်ထဲလဲ မပါ,ပါဘူး.

ကုနင်းဖုန်းကိုထုတ်ကာ လင်ရှောင်းထင်ကို ခေါ်လိုက်ပေမယ့် ဟိုဘက်ကဖုန်းပိတ်ထားပါတယ်. ဒါကြောင့် လင်ရှောင်းထင် တာဝန်ထမ်းဆောင်နေရင်းဖြစ်လိမ့်မယ်လို့ ကုနင်းထင်လိုက်တယ်. သူမမှန်ပါတယ်. လင်ရှောင်းထင်က တကယ်ကိုပဲ တာဝန်ထမ်းဆောင်နေတုန်းအချိန်ပါ.

နေဝင်သွားချိန်ဖြစ်ပေမယ့် ကောင်းကင်မှာတော့ တိမ်တွေတောက်နေပါသေးတယ်. မြို့နှင့်ဝေးတဲ့ တောင်တန်းတစ်ခုနားတွင် အနက်ရောင်ဟန်းမားတစ်စီးက မောင်းလို့မရနိုင်လောက်အောင် ဆိုးရွားနေတဲ့လမ်းပေါ်မှာတောင် ရပ်နားခြင်းမရှိ လျင်မြန်စွာရွေ့လျားနေသည်. သူ့ရဲ့စက်သံကလဲ လမ်းတစ်လျှောက် ကျယ်လောင်စွာမြည်ဟီးနေသည်.

ကားထဲမှာတော့ ရှုကျင်းချန်က မောင်းသူထိုင်ခုံတွင်ထိုင်ကာ ဘေးခုံတွင်တော့ လင်ရှောင်းထင်ရှိနေသည်. နောက်ခုံတွင်လဲ နောက်ထပ်လူငယ်နှစ်ယောက်ရှိနေပါသေးသည်.

"ဘော့စ်, ကားက ဆက်မောင်းလို့မရတော့ဘူး. မကြာခင်ပျက်သွားလိမ့်မယ်." ရှုကျင်းချန် ပြောလိုက်သည်. သူက ကားချစ်သူဖြစ်တာကြောင့် မစွန့်စားချင်ပါဘူး.

လင်ရှောင်းထင်ကတော့ သူ့ကို လျစ်လျူရှုလိုက်ကာ သူ့လက်ထဲကGPSကိုပဲ စိုက်ကြည့်နေသည်.

"ဘော့စ်, ကားထက် တာဝန်က ပိုအရေးကြီးလို့လား?" နောက်ခန်းမှာထိုင်နေတဲ့လူတစ်ယောက်က မေးလိုက်သည်. ထိုလူ့နာမည်ကတော့ ရှင်းပိုင်ဖြစ်ပြီး မီးတောက်နီအဖွဲ့၏နံပါတ်၅အဆင့်တွင်ရှိသူဖြစ်သည်.

ရှုကျင်းချန်၏အဆင့်ကတော့ အဖွဲ့ထဲတွင် နံပါတ်၁၀ဖြစ်သည်. အရည်အချင်းအရ ခေါင်းဆောင်ဖြစ်လာသည့် လင်ရှောင်းထင်ကလွဲပြီး ကျန်တဲ့အဖွဲ့ဝင်တွေကို အသက်အရွယ်အရ အဆင့်သတ်မှတ်ထားသည်.

သူတို့အားလုံးသည် လက်ရွေးစင်တပ်သားတွေဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုတွေအများကြီးရထားကာ အရာရှိများလဲဖြစ်ကြသည်.

"ဟ-ဟ, ကျင်းချန်က ကားတွေဆိုအရမ်းချစ်တာလေ. သူ့ကားအတွက်ဆို ဒုက္ခတောင်ခံရဲတယ်!" နောက်တစ်ယောက်က နောက်လိုက်သည်. ထိုလူကတော့ စစ်မင်ဖြစ်ပြီး အဖွဲ့တွင် အဆင့်၇ရှိပါတယ်.

"ဘော့စ်က တမင်လုပ်နေတာလို့ ငါတော့ထင်တယ်. ဒီလိုအခြေနေဆို ငါစိတ်ဆင်းရဲမှာကို သိလို့ တမင်လုပ်ခိုင်းနေတာပဲဖြစ်ရမယ်. တကယ်ဆို ဒီတာဝန်အတွက် ငါ့ကိုလိုမှမလိုတာ!" ရှုကျင်းချန် ထပ်ပြီး အထွန့်တက်လိုက်သည်.

"ဘာလို့ဘော့စ်က တမင်လုပ်မှာလဲ?" ရှင်းပိုင်ကမေးလိုက်သည်.

ဒါပေမယ့် ရှုကျင်းချန်ပြန်မဖြေခင် လင်ရှောင်းထင်က အေးစက်စက်လေသံနှင့်,

"သစ်တောထဲကားကိုရပ်လိုက် ပြီးရင် တောင်ပေါ်တက်ကြမယ်."

လင်ရှောင်းထင်အမိန့်ပေးလိုက်တာနဲ့ ချက်ချင်းဘယ်သူမှအထွန်မတက်ရဲကြတော့ပဲ အတည်အတန့်မျက်နှာထားတွေရှိသွားကြတော့တယ်.

ရှုကျင်းချန်ချက်ချင်း ကားစတီယာရင်ကို လှည့်ကာ သစ်တောထဲဦးတည်လိုက်ပြီး မသိသာလောက်သည့်နေရာတွင်ရပ်လိုက်သည်. ပြီးတော့ ကားထဲကနေ သူတို့ထွက်လိုက်ကြသည်.

................Book 11 Part158end..............

ဖီးနစ်သွေးစက်

အခန်း ၁၅၉ ဒီနေ့တစ်ယောက်က ကျွန်မကိုကြိုက်တယ်လို့ပြောတယ်

ဘာသာပြန်သူ - Charm.Y

ပြီးတော့ လင်ရှောင်းထင်တို့အဖွဲ့တောင်ပေါ် စတက်သွားကြတော့သည်.

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ Rနိုင်ငံတော်၏ သူလျှိုတွေကို ဖမ်းရန်ဖြစ်သည်. ထိုသူလျှိုတွေဘာအချက်အလက်ကိုမှုမခိုင်းယူနိုင်သေးဘူးဆိုပေမယ့် နိုင်ငံ၏လုံခြုံရေးကို ခြိမ်းခြောက်တဲ့အဖြစ်မျိုး လက်မခံနိုင်ပါဘူး.

မီးတောက်နီအဖွဲ့ဆိုတာ သာမာန်အဖွဲ့လေးတစ်ဖွဲ့မဟုတ်ပါဘူး. သူတို့၃ရက်ထဲနှင့် သူလျှိုတွေထဲက တစ်ယောက်တွင် နောက်ယောင်ခံစက်တပ်ပေးလိုက်နိုင်ပါတယ်. သူတို့မှာ သူလျှိုများရဲ့ တည်နေရာကိုသိပြီးဖြစ်တာကြောင့် သူလျှိုများတစ်စုတစ်စည်းထဲရှိနေတဲ့အချိန်ကျလျှင် ဝင်ဖမ်းရုံပါပဲ.

တဖြည်းဖြည်းမှောင်လာတာကြောင့် တောင်ပေါ်လမ်းကို တက်ရတာ လွယ်တော့မလွယ်ကူပါဘူး. ဒါပေမယ့် လင်ရှောင်းထင်နှင့် သူ့အဖွဲ့သားတွေကတော့ အမှောင်ထဲမှာ တာဝန်ထမ်းဆောင်ရတာက ရင်းနှီးပြီးသားဖြစ်တာကြောင့် ဒီလောက်ကဘာမှမဟုတ်ပါဘူး.

သူတို့မြန်မြန်သွားနေတာပေမယ့် အသံကတော့လုံးဝမထွက်ပဲ သူတို့ပန်းတိုင်ရှိရာကို တဖြည်းဖြည်းနီးကပ်လာခဲ့ပါတယ်.

နာရီဝက်လောက်နေတော့ လင်ရှောင်းထင်တို့အဖွဲ့ သူတို့ပစ်မှတ်ရှိတဲ့ လှိုင်ခေါင်းတစ်ခုနားကို ရောက်သွားကြသည်.

သူတို့အရင်ဆုံးမဝင်သွားခင် သစ်ပင်တွေ ခြုံနွယ်တွေနှင့်ကွယ်ရင်း ပတ်ဝန်းကျင်အခြေနေကို အရင်စစ်ဆေးနေလိုက်သည်. ချုံခိုတိုက်ခိုက်မည့်သူတွေမရှိတာသေချာတော့မှ လှိုဏ်ခေါင်းနားကို သူတို့ချဉ်းကပ်သွားသည်.

လှိုဏ်ခေါင်းဝင်ပေါက်ကို သူတို့ရောက်တော့ အထဲက အသံတွေကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်. သူတို့က Rနိုင်ငံ၏ဘာသာစကားနှင့်ပြောနေကြတာဖြစ်ပေမယ့် လင်ရှောင်းထင်တို့အဖွဲ့ကတော့ နားလည်ပါတယ်.

အေးဂျင့်တိုင်း၏အရည်အချင်းမှာ ဘာသာစကားတတ်မြောက်မှုလဲ လိုအပ်တာကြောင့် သူတို့ဘာသာစကားတော်တော်များများကို နားလည်ပါသည်.

သူလျှိုတွေအေးအေးဆေးဆေးစကားထိုင်ပြောနေပုံကြည့်ရတာ သူတို့ကို လင်ရှောင်းထင်တို့အဖွဲ့ရှာတွေ့သွားပြီမှန်း လုံးဝမသိသေးပုံပါပဲ.

သူတို့က တိတ်တဆိတ်အချိန်ကိုက်ဝင်ဖမ်းတာဖြစ်၍ တကယ်လို့ သူလျှိုတွေဘက်က သူတို့အဖမ်းခံရတော့မယ်မှန်းသိသွားချိန်မှာ ပြန်ခုခံရှောင်တိမ်းဖို့ နောက်ကျသွားပါပြီ.

သေနတ်ပစ်ပွဲတစ်ခုအပြီးမှာတော့ တာဝန်ကလဲပြီးမြောက်သွားခဲ့ပါပြီ.

ဒီတာဝန်က အရမ်းမခက်ခဲပေမယ့်လဲ မီးတောက်နီအဖွဲ့ကတော့ ပုံမှန်လိုပဲ ဂရုတစိုက်နှင့် သေချာဆောင်ရွက်ကြပါသည်. ဒီလို နိုင်ငံတကာတာဝန်တွေကို ကိုင်တွယ်ဖို့အတွက်ဆို မီးတောက်နီအဖွဲ့က‌ အကောင်းဆုံးရွေးချယ်မှုပါ. ဘာလို့ဆို ဒီအဖွဲ့က နိုင်ငံ၏အယုံကြည်ရဆုံး အထူးတပ်ဖွဲ့ဖြစ်တာကြောင့်လေ.

"တာဝန်ကပြီးသွားပြီဆိုပေမယ့် ဟိုလမ်းကိုပြန်သွားဖို့ဆိုတာ တော်တော်ရက်စက်တာပဲ." ရှုကျင်းချန်က ဒဏ်ရာရ၍ နာကျင်နေသလို သူရင်ဘက်ကို လက်ဖြင့်ဖိကာပြောလိုက်သည်.

"ဘာပဲဖြစ်ဖြစ် အဲ့ဒါမင်းကားမှမဟုတ်ဘဲ. ဒီလောက်ထိလုပ်ပြနေဖို့လိုလို့လား?" ရှင်းပိုင်က အထင်သေးသလို ဟန်ဆောင်ကာပြောလိုက်သည်.

"အဲ့ဒါသာ သူ့ကားဆို ငိုတောင်ငိုနေလောက်ပြီ!" စစ်မင်ကလဲ ရယ်ပြီးပြောလိုက်သည်.

"ဟ-ဟ, မင်းပြောတာမှန်တယ်." ရှင်းပိုင်လဲ ထောက်ခံလိုက်သည်.

"မင်းတို့ နဲနဲလေးဖြစ်ဖြစ် စာနာမှုလေးထားပါဦး! မင်းတို့ကို မုန်းတယ်." ရှုကျင်းချန် သူတို့ကို လျစ်လျူရှုလိုက်ကာ လင်ရှောင်းထင်ဘက်လှည့်သွားသည်.

"ဘော့စ်, အခုဘာဆက်လုပ်မှာလဲ?" ရှုကျင်းချန်မေးလိုက်သည်.

"ငါလုပ်သင့်တာ ဆက်လုပ်တာပေါ့" လင်ရှောင်းထင် ပြန်ဖြေလိုက်သည်.

"ကောင်းပြီလေ. မင်းလဲ နေ့တိုင်း အလုပ်လုပ်ထားတာဆိုပေမယ့် ငါတို့အဖွဲ့ကျတော့ အဲ့လောက်အလုပ်မများပါဘူး. မင်းပဲ ဘာလို့ နေ့တိုင်းအလုပ်ရှုပ်နေလဲ စဉ်းစားလို့ကိုမရဘူး?" ရှုကျင်းချန်ပြောလိုက်သည်.

"ငါကတော့ အဲ့လိုမလုပ်ချင်ဘူး. ကောင်မလေးတွေနဲ့ ချိန်းတွေ့ပြီး ငါကြိုက်လောက်မယ့် တစ်ယောက်ယောက်ကိုပဲ ရှာလိုက်ချင်တယ်. မဟုတ်ရင် ငါ့မိဘတွေက ငါ့အတွက်ရှာပေးနေလိမ့်မယ်. တော်တော် ရင်နာစရာကောင်းတဲ့ဘဝပဲ."

ရှုကျင်းချန်ရဲ့အဖေက အရင်ရက်က သူ့ကိုခေါ်ကာ ချစ်သူရှိမရှိမေးခဲ့ပြီး မရှိရင် သူ့ကို ကြင်ဖက်တွေ့ဖို့ စီစဉ်ပေးမယ်လို့ပြောလိုက်သည်. ရှုကျင်းချန်လဲ ထိုသို့သူမချစ်မနှစ်သက်တဲ့ မိန်းမတစ်ယောက်နှင့် ဘဝတစ်ခုဖြတ်သန်းရတာ ဘယ်လောက် ရင်နာစရာကောင်းမှန်းသိပါတယ်. လူတိုင်းကာ သူတို့ရဲ့ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို ချစ်တဲ့သူနဲ့သာ ဖြတ်သန်းဖို့ မျှော်လင့်ကြတာလေ.

ရှုကျင်းချန်၏စကားကိုကြားတော့ လင်ရှောင်းထင် ကုနင်းကိုတွေးလိုက်မိသည်. ကုနင်းအပေါ် သူဘယ်လိုခံစားချက်ရှိလဲ သေချာမသိသေးပေမယ့် ကုနင်းကို တွေးမိလိုက်တာနဲ့ ချက်ချင်း အကြောင်းအရင်းမရှိ ပင်ပန်းမှုတွေပြေပျောက်သွားပြီး သူမကို ချက်ချင်းပြေးတွေ့ချင်စိတ်တွေဖြစ်လာခဲ့သည်.

မြို့တော်Fတွင် ကုနင်းနှင့် ဖုန်းပြောပြီးကတည်းက ချင်ယီဖန်း အချိန်အတော်ကြာသည်အထိ အသိစိတ်မကပ်ပဲဖြစ်နေသည်. ပြီးတော့မှ ဝေ့ကျီယွဲ့ကို ဖုန်းခေါ်ပြီး သူနှင့်အတူအရက်သွားသောက်ရန် လှမ်းမေးလိုက်သည်..

စိတ်ခံစားချက်မကောင်းတဲ့အချိန် ယောက်ျားတစ်ယောက်၏ ပထမဆုံးအတွေးကတော့ အရက်သောက်ဖို့ပါပဲ. သူ့ရဲ့နာကျင်မှုတွေကို အရက်နှင့်ဆေးကြောပစ်ချင်ပေမယ့် နောက်ဆုံးတော့ ခံစားချက်တွေ ပိုမိုဆိုးဝါးစွာနဲ့ပဲ အဆုံးသတ်သွားကြတတ်သည်.

တခနနေတော့ ဝေ့ကျီယွဲ့ရောက်လာချိန်မှာ ချင်ယီဖန်းက နည်းနည်းတောင် မူးစပြုနေပါပြီ.

"မင်းဘာဖြစ်လို့လဲ?" ဝေ့ကျီယွဲ့ စိုးရိမ်စွာနဲ့မေးလိုက်သည်.

ချင်ယီဖန်းက သူ့ကို ဖုန်းထဲတွင် ခံစားချက်မကောင်းဘူးလို့ပဲပြောခဲ့ကာ ဘာကြောင့်ဆိုတာတော့မပြောခဲ့ပါဘူး. ဒါကြောင့် ဘာလို့များ ချင်ယီဖန်း ဒီလောက်ဝမ်းနည်းနေလဲ ဝေးကျီယွဲ့သေချာမသိပါဘူး. ဒါ့အပြင် ချင်ယီဖန်း ရင်ကွဲနာကျနေတာမျိုးကို သူတစ်ခါမှလဲ မမြင်ဖူးပါဘူး.

"ငါ့အပစ်ခံလိုက်ရတယ်." ချင်ယီဖန်းပြောလိုက်သည်.

"ဘာ? ဘယ်တုန်းကလဲ?" ဝေ့ကျီယွဲ့ ထိတ်လန့်သွားသည်.

"မင်းဘယ်တုန်းက ရည်းစားရှိသွားတာလဲ? ငါဘာလို့ ဘာမှမသိတာလဲ?"

သူတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တာကြောင့် ချင်ယီဖန်းမှာ ရည်းစားရှိရင် သူလဲသိရမှာပေါ့.

"အဲ့ဒါက.." ချင်ယီဖန်း စိတ်ပျက်လက်ပျက်ပြုံးလိုက်ကာ,

"ငါ့မှာမရှိပါဘူး! ငါဖွင့်ပြောပြောချင်းကို အငြင်းခံလိုက်ရတာ."

ချင်ယီဖန်း ဝေ့ကျီယွဲ့ကို ချင်ယီချင်း ကုနင်းကိုပြောခဲ့တာတွေအပါအဝင်အားလုံး‌ ပြောပြလိုက်သည်.

ချင်ယီချင်းလုပ်ခဲ့တဲ့အပြုအမူအပေါ် ဝေ့ကျီယွဲ့လဲ သဘောမကျပါဘူး. သူနဲ့ ချင်ယီဖန်းက ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ကြပေမယ့် သူဘယ်တုန်းကမှ ချင်ယီချင်းအပေါ် အမြင်ကောင်းမရှိခဲ့ပါဘူး.

ဒါက ချင်ယီဖန်း၏ ကိုယ်ရေးကိုယ်တာကိစ္စတွေဖြစ်တာကြောင့် ဝေ့ကျီယွဲလဲ ဘာမှမလုပ်ပေးနိုင်ပဲ သူနဲ့အတူလိုက်သောက်ပေးလိုက်သည်.

ချင်ယီဖန်း ကုနင်းအပေါ်ဆက်ဆံပုံကွဲပြားမှန်း သူသိပေမယ့် တကယ်ကြီးသူမကို ကြိုက်နေမယ်လို့တော့ မထင်ခဲ့ပါဘူး. ဒါပေမယ့် ကုနင်းက အခုမှ ၁၈နှစ်သာရှိပါသေးသည်.

ထိုညက ချင်ယီဖန်း ခေါင်းမထောင်နိုင်လောက်အောင်ကို လုံးဝမူးသွားခဲ့ပါတယ်. ဒါ သူဘဝမှာ ပထမဆုံး ဒီလောက်အထိမူးဖူးတာပါပဲ.

လင်ရှောင်းထင် ၁၂နာရီမတိုင်ခင်အထိ သူ့နေရာကို ပြန်မရောက်သေးပါဘူး. သူ့ဖုန်းကို ဖွင့်လိုက်တော့ ကုနင်းဆီက ဖုန်းဝင်ထားတာတွေ့လိုက်ရတာကြောင့် လင်ရှောင်းထင် နဲနဲစိတ်လှုပ်ရှားသွားသည်.

သူမက သူ့ကို ဖုန်းခေါ်ထားတယ်.

ပြီးတော့ ကုနင်းဘာလို့ဖုန်းခေါ်မှန်းသူ,မသိတာကြောင့် လင်ရှောင်းထင် ရုတ်တရက် စိတ်ရှုပ်သွားသည်. သူမဒုက္ခရောက်နေလို့များလား? တကယ်လို့ ဆိုးရွားတာတစ်ခုခုဖြစ်တာကြောင့် သူမ သူ့ကို ဖုန်းခေါ်ခဲ့တာဆိုရင် သူဖုန်းမကိုင်လိုက်မိတဲ့အတွက် သူ့ကိုယ်သူအပြစ်တင်နေမိတော့မှာ.

အခုက အရမ်းနောက်ကျနေပြီဆိုပေမယ့် လင်ရှောင်းထင် ကုနင်းကို အချိန်မဆွဲနေပဲ ဖုန်းပြန်ခေါ်လိုက်သည်.

ကုနင်းက အမြဲတမ်း နောက်ကျတဲ့အထိနေနေကျဖြစ်တာကြောင့် အခုချိန်မှာလဲ နိုးနေသေးကာ စာဖတ်နေပါသည်.

လင်ရှောင်းထင်ဖုန်းပြန်ခေါ်တာကိုမြင်တော့ ကုနင်းလဲ စိတ်လှုပ်ရှားသွားမိကာ လန့်လဲလန့်သွားသည်. သက်ပြင်းအရှည်ကြီးတစ်ချက်သူမချလိုက်ပြီးတော့မုန်း ဖုန်းပြန်ဖြေလိုက်သည်,

"ဟိုင်း."

"မင်း ငါ့ကို ခေါ်တာအရေးကြီးကိစ္စရှိလို့လား?" လင်ရှောင်းထင် ကုနင်းအသံကြားတာနဲ့ တန်းမေးလိုက်သည်.

သူကုနင်းကို စိတ်ပူနေပေမယ့် အသံကတော့ပုံမှန်အတိုင်းအေးစက်စက်ပါပဲ.

"ဘာကိစ္စမှမရှိရင် ရှင့်ကို ဖုန်းခေါ်လို့မရဘူးလား?" ကနုင်းမေးလိုက်သည်.

"မဟုတ်တာ, ရတာပေါ့." လင်ရှောင်းထင်ပြန်ဖြေလိုက်သည်. ထိုစကားကိုကြားတော့မှ သူလဲစိတ်အေးသွားတော့သည်.

"ဒီနေ့ တစ်ယောက်က ကျွန်မကို ကြိုက်တယ်လို့ပြောတယ်." ကုနင်းပြောလိုက်ပြီးမှ နောင်တရသွားမိသည်. သူမလာလို့ ဒီအကြောင်းလင်ရှောင်းထင်ကို ပြောပြနေတာလဲ.

ဒါပေမယ့် လင်ရှောင်းထင်ရဲ့နှလုံးသားကတော့ တင်းကျပ်သွားကာ စိတ်ပျက်နေတဲ့အသံနှင့် အလျင်အမြန်ပြန်မေးလိုက်သည်,

"မင်းရော သူ့ကိုကြိုက်လား?"

................Book 11 Part159end..............

ဖီးနစ်သွေးစက်

အခန်း ၁၆၀ မင်းက ချစ်ဖို့အရမ်းငယ်သေးတယ်

ဘာသာပြန်သူ - Charm.Y

လင်ရှောင်းထင် တကယ်ကြီးစိတ်လှုပ်ရှားသွားတာကို ကုနင်းခံစားမိလိုက်တော့ ပျော်ရွှင်သွားတယ်. သူမချက်ချင်းပဲ သူ့ကို ပြန်မေးလိုက်သည်,

"ရှင်ကော ကျွန်မကို သူ့ရဲ့ရည်းစားဖြစ်စေချင်လား မဖြစ်စေချင်ဘူးလား?"

"သေချာပေါက်မဖြစ်စေချင်ဘူး." လင်ရှောင်းထင် သတိလက်လွတ်ပြန်ဖြေလိုက်မိသည်, ဒီတော့ ကုနင်းက,

"ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့...." လင်ရှောင်းထင် တခနလောက်ရပ်သွားသည်. ကုနင်း မျှော်လင့်ချက်အပြည့်နှင့်စောင့်ဆိုင်းနေချိန်မှာပဲ လင်ရှောင်းထင်က ထပ်ပြီးပြောလိုက်သည်,

"ဘာလို့ဆိုက မင်းက ချစ်ဖို့အရမ်းငယ်လွန်းသေးတယ်. မင်းစာအပေါ်ပဲ အာရုံပိုထားသင့်တယ်."

ထိုစကားကိုကြားတော့ ကုနင်းစိတ်တိုသွားကာ,

"မလုပ်ဘူး! လုံးဝမလုပ်ဘူး." ပြီးတာနဲ့ လင်ရှောင်းထင်ပြန်ပြောတာကိုတောင် မစောင့်ဘဲ ကုနင်းဖုန်းချလိုက်သည်.

လင်ရှောင်းထင် ကုနင်းရဲ့တုံ့ပြန်မှုကြောင့် ကြောင်အသွားရသည်. သူ-သူဘာများမှားပြောမိသွားလို့လဲ? လင်ရှောင်းထင်လို မိန်းမတွေအကြောင်းမသိတဲ့လူအတွကတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေမယ့် ထားလိုက်ပါတော့တယ်. ဒါကတော့ သူ့အနာဂါတ်မိန်းမကိုချဉ်းကပ်ရာမှာ လာလို့ဒုက္ခအများကြီးရောက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ပါပဲ.

ထိုအချိန် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် စစ်ထူယဲ့သည် ဆိုဖာကို မှီကာထိုင်နေသည်. သူအရင်တုန်းက မိန်းမတွေက ပြဿနာရှာတယ်လို့ပဲထင်ခဲ့တာကြောင့် စိတ်မဝင်စားခဲ့ပါဘူး. ဒါကြောင့် နှစ်ပေါင်းများစွာ သူ့အနားမှာ မိန်းမတစ်ယောက်မှမရှိခဲ့တာပါ. ဒါပေမယ့် အခုတော့ သူ ကုနင်းကို တော်တော်လေးစိတ်ဝင်စားနေမိပြီ.

သူမအကြောင်းကို ပိုသိချင်ပြီး သူမနဲ့လဲ ပိုတွေ့ချင်နေမိသည်. အဓိကပြဿနာကတော့ သူက ကုနင်းနှင့်မရင်းနှီးတာကြောင့် သူမနဲ့ အနေးနီးဖို့ မဖြစ်နိုင်တာပါပဲ.

ဒါပေမယ့် သူလိုချင်တဲ့ ဘယ်ပစ္စည်းမဆို ဘယ်သူ့ကိုမဆို မရဖူးဆိုတာမရှိခဲ့ပါဘူး.

သူ ကုနင်းကို စိတ်ဝင်စားနေတဲ့အကြောင်း ချူးရွှမ်ဖန်နှင့် ချူးဖေ့ဟန်တို့ကို မပြောပြထားပါဘူး. ပြောရရင် သူတို့အကူအညီကိုလဲ မတောင်းဘူးဆိုတဲ့သဘောပေါ့. ဒါဆိုသူဘာလုပ်သင့်လဲ? ချင်ဂိုဏ်း၏ခေါင်းဆောင်ကြီးကတော့ ပူပန်နေခဲ့ပါပြီ.

နောက်တစ်နေ့, ကုနင်းလိုအပ်တဲ့ ပစ္စည်းတချို့ဝယ်ရန် သွားခဲ့ကာ ဒီည ရှေးဟောင်းပစ္စည်းအရှာထွက်ဖို့စီစဉ်ထားပါတယ်. သူမဒါကို ငွေကြောင့်လုပ်တာမဟုတ်ပေမယ့် ရှေးဟောင်းပစ္စည်းတွေအကြောင်း သိချင်စိတ်နှင့် စိတ်လှုပ်ရှားမှုကြောင့်လုပ်မှာပါ.

ကုမန့်နှင့် ကုချင်က ဒီနေ့အသားအရေထိန်းသိမ်းမှုခံယူမှာဖြစ်တာကြောင့် ကုနင်းနဲ့အတူတူထွက်လာပြီး ကျန်းရှင်းရွှယ်ကတော့ အိမ်မှာတစ်ယောက်တည်းနေခဲ့ပါသည်. အိမ်မှာက ကွန်ပျူတာလဲရှိနေတာကြောင့် လူကြီးတွေနဲ့ အပြင်ထွက်လည်ဖို့ သူမမှာစိတ်ကူးမရှိပါဘူး.

ကုနင်းဒီနေ့ဘာလုပ်ဖို့အပြင်ထွက်တယ်ဆိုတာကို ကုမန့်ကမမေးပဲ သတိရှိရှိနှင့် ဂရုစိုက်နေဖို့ပါ မှာပါတယ်.

ကုချင်းရှန်နှင့် လင်လိကျွမ်းကတော့ မြို့တော်Gမှာ ကုရှောင်ရှောင်ကိုတွေ့ဖို့သွားကြသည်.

ကုနင်း ဝယ်စရာရှိတာဝယ်ပြီးသွားတော့ အလှပြင်ဆိုင်မှာ ကုမန့်နှင့် ကုချင်တို့ကို တွေ့ဖို့လိုက်သွားပြီး မပြန်ခင် လျှောက်သွားစားကြဦးမှာပါ.

ဒါပေမယ့် သူမအလှပြင်ဆိုင်တံခါးနားကိုရောက်တာနဲ့ အထဲမှ အပြင်အလှန်ပြောဆိုနေသံကို ကြားလိုက်ရသည်. သူမ ကုချင်ရဲ့ဒေါသသံကိုတော့ သတိထားလိုက်မိပေမယ့် ရှင်းရှင်းလင်းလင်းတော့မကြားလိုက်ပါဘူး.

ကုနင်းစိတ်အနှောင့်အယှက်ဖြစ်သွားကာ ချက်ချင်းပဲ တံခါးကို တွန်းဖွင့်ဝင်သွားသည်.

သီးသန့်ခန်းတစ်ခန်း၏အပြင်ဘက်တွင် လူတစ်စုစုဝေးနေကာ အပြန်အလှန်ပြောဆိုနေသံကတော့ ထိုသီးသန့်ခန်းထဲက ထွက်လာခြင်းဖြစ်သည်.

"အမျိုးသမီးတို့, ကျေးဇူးပြုပြီး နောက်သီးသန့်ခန်းတစ်ခုကို သုံးပေးပါ. အမျိုးသမီးဝူကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လို့ ရှင်တို့အတွက် ဘာမှကောင်းမှာမဟုတ်ဘူး." နှင်းဆီနီယောင်ယူနီဖောင်းကိုဝတ်ဆင်ထားသည့် အလှပြင်ပေးသူတစ်ယောက်က မောက်မာတဲ့လေသံနှင့် ကုချင်နှင့်ကုမန့်ကို ပြောနေသည်.

"ဘာလို့လဲ? ဒါရှင်တို့စီးပွားရေးလုပ်ပုံလား? သူကသာ ချိန်းထားတာကို အချိန်ပြောင်းတဲ့လူလေ. ဘာလို့ကျွန်မတို့က ထွက်သွားရမှာလဲ?" ကုချင်က ဒေါသသံနှင့်ပြန်ပြောလိုက်သည်.

အမျိုးသမီးဝူက သာမာန်လူမဟုတ်မှန်း သူမသိပေမယ့် သူမရဲ့အပြုအမူကိုတော့ လက်မခံပေးနိုင်ပါဘူး. ပြီးတော့ ကုမန့်ကတော့ ကြောက်ပြီးကုချင်နောက်မှာပုန်းနေပါတာ ကုနင်းကို စိတ်မသက်မသာခံစားလိုက်ရစေပါသည်.

"အဲ့တော့ဘာဖြစ်လဲ? ငါဘယ်သူဆိုတာ နင်တို့သိရဲ့လား? ငါ့ယောကျ်ားက ဒုန်ဟန်အိမ်ခြံမြေလုပ်ငန်းရဲ့ ဥက္ကဌဝူလျန်ချင်းပဲ! နင်တို့က ငါ့ကို ဘာများလုပ်နိုင်မှာမို့လို့လဲ?" ထိုအမျိုးသမီးက သူမကိုယ်သူမ ဘုရင်မတစ်ပါးလိုပုံစံနှင့်ပြောလိုက်သည်.

ဒုန်ဟန်အိမ်ခြံမြေလုပ်ငန်း၏ဥက္ကဌ ဝူလျန်ချင်းဆိုတာ အရင်နေ့က လူကြီးမင်းချင်မွေးနေ့ပွဲမှာ အန်းကွမ်းယောင်ကို အပြစ်ရှာတဲ့လူပါပဲ.

ကုနင်း အန်းကွမ်းယောင်နှင့် ဝူလျန်ချင်းဆိုသူအကြောင်းပြောဖြစ်ကြပါသေးတယ်. ထိုလူက ရည်မှန်းချက်ကြီးကာ ဒုန်ဟန်အိမ်ခြံမြေလုပ်ငန်း၏မြို့တော်Fအဖွဲ့ခွဲက ဥက္ကဌဖြစ်ပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုတောင် သူ့အပိုင်အဖြစ်လိုချင်နေသူဖြစ်သည်. ဒါပေမယ့် သူကဈေးသိပ်မပေးတာကြောင့် ကုနင်းနိုင်သွားခဲ့တာပါ. ဒါ့အပြင် ဝူချင်းလျန်သည် လူတွေရဲ့နောက်ကွယ်ကနေ ထောင်ချောက်ဆင်တတ်သည့် ကြောင်သူတော်တစ်ယောက်လဲဖြစ်ပါသေးသည်.

"အိုး, ရှင့်ယောကျ်ားက ဒုန်ဟန်အိမ်ခြံမြေလုပ်ငန်းရဲ့ ဥက္ကဌပေါ့. အဲ့တော့ဘာဖြစ်လဲ?" ကုနင်းထိုလူအုပ်ကို ဖြတ်ကာ အထဲကို လျှောက်ဝင်သွားရင်း ထိုအမျိုးသမီးကို အထင်သေးစွာကြည့်လိုက်သည်.

ကုနင်း၏ အေးစက်ပြီး စူးရှတဲ့အကြည့်ကို လက်ခံလိုက်ရတော့ အမျိုးသမီးဝူကြောက်လန့်ကာ ဆွံ့အသွားတော့သည်.

"နင်းနင်း," ကုချင်နှင့် ကုမန့်မှာလဲ ကုနင်းကိုမြင်လိုက်တော့မှ စိတ်သက်သာရာရသွားကြတော့သည်.

ကုနင်း သူတို့ဆီလျှောက်သွားပြီး မေးလိုက်သည်,

"အမေ, အန်တီ အဆင်ပြေကြရဲ့လား?"

"အန်တီတို့အဆင်ပြေပါတယ်. ဒါပေမယ့်စိတ်တိုတယ်." ကုချင်မကျေမနပ်ပြောလိုက်သည်.

ခနနေတော့မှ မိန်းမငယ်လေးတစ်ယောက်ကြောင့် ထိတ်လန့်ပြီး အထင်သေးခံလိုက်ရတာကို အရှက်ခွဲခံလိုက်ရတယ်လို့ အမျိုးသမီးဝူခံစားသွားရကာ,

"မင်းကဘာလဲ? ငါ့ကိုများ မလေးမစားလုပ်ရဲတယ်?"

"ဟင်း...." ကုနင်း နှာခေါင်းရှုံလိုက်ကာ,

"ကျွန်မကတော့ ရှင်က လေးစားခံရဖို့တန်တယ်ထင်ဘူး. ရှင်ဘယ်လောက်နောက်ခံကောင်းတယ်ဆိုတာလဲ ဂရုမစိုက်ဘူး. ကျွန်မရဲ့ အမေနဲ့ အန်တီကို အခုချက်ချင်းပြန်တောင်းပန်."

"ဘာ? မဖြစ်နိုင်တာ!" အမျိုးသမီးဝူ ဒါကို မယုံကြည်နိုင်ပါဘူး. ပြီ‌ေးတာ့ လက်လဲမခံနိုင်ပါဘူး. မြို့တော်Fတွင် သူမကို ဒီလိုပုံစံ ဘယ်သူမှပြန်မပြောရဲကြပါဘူး.

"ရှင်ဘယ်သူလဲ ကျွန်မဂရုမစိုက်ဘူး. ကြိမ်းသေပြန်တောင်းပန်ရမယ်." ကုနင်းထပ်ပြီး တွန်းအားပေးလိုက်ည်.

"မင်း..." အမျိုးသမီးဝူ ကုနင်းသူမကို ထိုသို့ပြန်ပြောရဲမယ်လို့မမျှော်လင့်ထားခဲ့ပါဘူး.

အမျိုးသမီးဝူတင်မကဘူး ကျန်တဲ့လူတွေလဲ အံ့ဩနေကြသည်. သူမက အမျိုးသမီးဝူထက်ပိုပြီးနောက်ခံရှိတဲ့သူမို့လို့လား ဒါမှမဟုတ် အတွေ့အကြုံမရှိသေးတဲ့သူမို့လို့လား?

"နင်းနင်း..." ကုချင်နှင့် ကုမန့်လဲ အနည်းငယ်စိုးရိမ်သွားသည်. သူတို့ပြဿနာကို အရမ်းမကြီးစေချင်ပါဘူး.

"အဆင်ပြေသွားမှာပါ." ကုနင်းသူတို့ကိုနှစ်သိမ့်လိုက်ပါတယ်. သူမဒီနေ့တော့ အလျှော့ပေးမှာမဟုတ်ပါဘူး.

သူမအကြည့်တွေက ထပ်ပြီးအမျိုးသမီးဝူထံကျရောက်သွားကာ,

"ရှင်တောင်းပန်မှာလား မတောင်းပန်ဘူးလား?"

"မတောင်းပန်နိုင်ဘူး. အဲ့တော့ ဘာလုပ်ချင်လဲ?" အမျိုးသမီးဝူက ကုနင်းလိုမိန်းမငယ်လေးတစ်ယောက်က သူမကိုတစ်ခုခုလုပ်နိုင်လိမ့်မယ်လို့မထင်ပါဘူး.

"တကယ်လား?" ကုနင်းနောက်တစ်ခေါက် နှာခေါင်းရှုံလိုက်ကာ အမျိုးသမီးဝူကို အေးစက်စွာစိုက်ကြည့်လိုက်တာကြောင့် အမျိုးသမီးဝူကြောက်လန့်သွားသည်. အထူးသဖြင့် ကုနင်းက သူမထံတဖြည်းဖြည်းချဉ်းကပ်လာချိန် ကြောက်ရွံ့စွာနောက်ကို ဆုတ်သွားမိသည်.

နှင်းဆီနီရောင်ယူနီဖောင်းဝတ်ထားသည့် အလှပြင်ပေးသူကတော့ သူမအလုပ်လုပ်တဲ့ဆီမှာ အမျိုးသမီးဝူတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာကြောင့် ကုနင်းကို ချက်ချင်းတားလိုက်သည်,

"မိန်းကလေး, အမျိုးသမီးဝူနဲ့ ရန်ငြှိုးဖွဲ့လို့ မင်းအတွက် ဘာကောင်းကျိုးမှမရှိဘူးနော်. ဘာလို့ဒီအတိုင်းမမေ့ပစ်လိုက်တာလဲ?"

All Chapters