← Chapters

အခန်း (၁၆၁-၁၆၅)

Vol. 11 Ch. 161-165

အခန်း (၁၆၁-၁၆၅)

Vol. 11 Ch. 161-165

အခန်း ၁၆၁ ဒီအလှပြင်ဆိုင်ကို ရယူမယ်.

ဘာသာပြန်သူ - Charm.Y

ကုနင်း ထိုအလှဖန်တီးသူကို အေးစက်တဲ့အကြည့်နှင့် လှည့်ကြည့်လိုက်သည်. ထိုအချိန် အလှဖန်တီးသူမှာ သူမလည်ပင်းကို ဓါးထက်ထက်တစ်ချောင်းနှင့် အထောက်ခံထားရပြီး အချိန်မရွေးအသတ်ခံရနိုင်တယ်လို့ ခံစားလိုက်ရတာကြောင့် တစ်ကိုယ်လုံးအေးစက်ကာ တုန်ရီနေတော့သည်.

ဒီကောင်မလေးရဲ့အကြည့်က စူးရှပြီး အရမ်းကြောက်ဖို့ကောင်းတာပဲ!

ကုနင်းထို အလှဖန်တီးသူရဲ့ ခံစားချက်ကို လျစ်လျူရှုကာ မေးခွန်းထုတ်လိုက်သည်.

"ဒါက ရှင့် ဖောက်သည်တွေကို ဆက်ဆံတဲ့နည်းလမ်းလား? တော်တော်ဘဝင်မြင့်ပြီး တစ်ကိုယ်ကောင်းဆန်တာပဲ!" ပြီးတော့ နံရံမှာချိတ်ဆွဲထားသည့် လက်ရေးစာမူဘက်ကို လက်ညှိုးထိုးလိုက်ကာ,

"ဖောက်သည်သည်သာ ပထမဦးစားပေး, စစ်မှန်တဲ့ ဆက်ဆံမှု နှင့် တူညီတဲ့ရည်ရွယ်ချက်. ဒါတွေက အလိမ်အညာတွေလား?"

ထိုစကားကိုကြားတော့ လူတိုင်း အလှဖန်တီးသူကို အပြစ်တင်လိုက်ကြသည်.

အလှဖန်တီးသူကလဲ ချက်ချင်းပြန်ချေပလိုက်သည်.

"မိန်းကလေး, ကျွန်မတို့ဆိုင်ရဲ့ ဂုဏ်သတင်းကို မဖျက်စီးပါနဲ့."

ဆိုင်ဝန်ထမ်းတွေသာ ဘဝင်မြင့်ပြီး တစ်ကိုယ်ကောင်းဆန်နေကြလျှင် ဒီဆိုင်ကို ဘယ်သူမှလာချင်ကြမှာမဟုတ်တော့ပါဘူး. ဒီသတင်းသာပျံ့သွားရင် သူတို့ဆိုင်အတွက် ဆိုးကျိုးတော်တော်ရှိသွားမှာပါ. အလှဖန်တီးသူကလဲ သူမရဲ့ အပြုအမူက မမှန်ကန်မှန်းသိပေမယ့် သူမ အမျိုးသမီးဝူကိုတော့ကြောက်ပါတယ်. ဒါကြောင့် ကုနင်းလဲ ကြောက်လိမ့်မယ်လို့ တွေးလိုက်တာပါ. မမျှော်လင့်ထားပဲ ကုနင်းက ငွေရော အာဏာကိုရော အရှုံးပေးတတ်သူမဟုတ်ခဲ့ပါဘူး.

"ဒီဆိုင်ရဲ့ ဂုဏ်သတင်းကို ဖျက်စီးနေတာ ကျွန်မလား ဒါမှမဟုတ် ရှင်လား? ဘယ်သူကမှ တစ်ကိုယ်ကောင်းဆန်တဲ့လူလဲ? ဒီအမျိုးသမီးဝူကြောင့် ရှင်က တခြားဖောက်သည်တွေကို သီးသန့်ခန်းထဲကနေ ထွက်သွားဖို့ တွန်းအားပေးခဲ့တာလား?" ကုနင်းမေးလိုက်သည်.

"ဟုတ်တာပေါ့! ဒါသူအမှားပဲ! ဘယ်လိုလုပ် ကောင်မလေးကို အပြစ်တင်နိုင်ရတာလဲ? အရှက်မရှိလိုက်တာ."

"ကျွန်မလဲ သဘောတူတယ်. အစက ဒီနေရာရဲ့ ဝန်ဆောင်မှုကို ကောင်းတယ်လို့ မြင်မိခဲ့တာ. ဒါပေမယ့် ကျွန်မမှားသွားတယ်နဲ့တူတယ်!"

"ကျွန်မလဲ စိတ်ပျက်တယ်. ဒီကို ဘယ်တော့မှမလာတော့ဘူး. ချမ်းသာတဲ့ အမျိုးသမီးတွေလာလိုက်ရုံနဲ့ ရှင်းထုတ်ခံရမယ့် အဖြစ်မျိုးတော့ ကျွန်မမလိုချင်ဘူး!"

အနားက တချို့ ဖောက်သည်တွေလဲ စိတ်တိုနေကြသည်. သူတို့တော်တော်များများက အမျိုးသမီးဝူလိုမချမ်းသာကြပါဘူး. ဒါကြောင့် အများစုက ချမ်းသာတဲ့လူတွေကို သဘောမကျကြဘူး.

အလှဖန်တီးသူမှာ အခုတော့ ကူကယ်ရာမဲ့သွားတော့သည်. သူမလဲ ဒါတွေက သူမကြောင့် ပြဿနာပိုကြီးသွားမှန်းသိပါသည်.

"အမျိုးသမီးဝူသာ ထပ်လာခဲ့ရင် ငါဒီကို ဘယ်တော့မှထပ်မလာတော့ဘူး." အမျိုးသမီးတစ်ယောက်ကပြောလိုက်သည်.

ထိုစကားကိုကြားတော့ အမျိုးသမီးဝူဒေါသထွက်သွားကာ,

"ဘာလို့လဲ? ရှင်လဲ ဒီအလှပြင်ဆိုင်ကိုမပိုင်ပါဘူး. ကျွန်မကဘာလို့မလာရမှာလဲ? ရှင်တို့တွေ ကျွန်မရဲ့ချမ်းသာမှုကို မနာလိုဖြစ်နေတာလို့ပဲ ကျွန်မတော့ထင်တယ်!"

အမျိုးသမီးဝူရဲ့စကားက ချက်ကောင်းကိုထိသွားတာကြောင့် ကျန်တဲ့အမျိုးသမီးတွေအားလုံး ပါးစပ်ပိတ်ကုန်ကြသည်. ဝန်တော့မခံကြပေမယ့် သူတို့ပြန်မပြောခင်မှာပဲ ကုနင်းက,

"ရှင်အရမ်းချမ်းသာနေတယ်ဆိုရင် အခုချက်ချင်းဒီဆိုင်ကိုဝယ်လိုက်!" ကုနင်း သူမကို စိန်ခေါ်လိုက်သည်.

"မင်း..." အမျိုးသမီးဝူ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်. တကယ်တော့ သူမမှာ အဲ့လောက်ငွေအများကြီးမရှိပါဘူး. အပြင်လူတွေရဲ့အမြင်မှာတော့ သူမဟာ အလွန်ကြွယ်ဝသည့်ဘဝမှာနေတယ်လို့ ထင်ရပေမယ့် တကယ့်တော့ သူ့ယောကျ်ားက အရမ်းမရက်ရောပါဘူး. တစ်လကိုမှ သူမအတွက်အသုံးစရိတ် ယွမ်၁သိန်းသာပေးပါသည်.

သူမ အသားအရည်ထိန်းသိမ်းတာ, အဝတ်အစားနှင့် လက်ဝတ်ရတနာတွေဝယ်တာလုပ်ရ၍ လတိုင်း ယွမ်၁သောင်းကျော်လောက်သာစုမိပါသည်. ပြီးတော့ သူမစုထားသမျှ အားလုံးပေါင်း ယွမ်သိန်းဂဏန်းလောက်ရှိပေမယ့် ဒီအလှပြင်ဆိုင်ကတော့ အနည်းဆုံးယွမ်သန်းအနည်းငယ်လောက်တန်ဖိုးရှိတာကြောင့် သူမမတတ်နိုင်ပါဘူး.

သိပ်မကြာလိုက်ပဲ အမျိုးသမီးဝူက ပြန်ချေပလိုက်သည်,

"ဒါဆို, မင်းဘာသာမင်းကျ ဘာလို့မဝယ်တာလဲ?"

"ကျွန်မကတော့ ဆိုင်ရှင်သာရောင်းမယ်ဆို ဝယ်ချင်တာပေါ့." ကုနင်းအတည်ပေါက်ပြန်ဖြေလိုက်သည်.

ဒီအလှပြင်ဆိုင်ကို ကုမန့်နှင့်ကုချင်အတွက်ဝယ်ပေးပြီး လည်ပတ်ခိုင်းတာကလဲ မဆိုးဘူးလို့တွေမိပါတယ်. သူတို့ကိုယ်တိုင်လဲ စီမံခန့်ခွဲစရာမလိုပဲ ဝင်ငွေထွက်ငွေကို ကိုင်ထားရုံပဲလိုအပ်တာပါ.

သေချာပေါက် ဆိုင်ပိုင်ရှင်ကလဲ ကုနင်းကို ရောင်းပေးဖို့လိုသေးတာပေါ့.

သတို့ ဆိုင်မှာ ဗီအိုင်ပီကဒ်လာလုပ်တုန်းက ဒီအလှပြင်ဆိုင်က ကိုယ်ပိုင်ကုမ္ပဏီတစ်ခုဆိုတာ ကုနင်းသိခဲ့သည်. သူတို့က အဆင့်မြင့် ဝန်ဆောင်မှုနှင့် ထုတ်ကုန်တွေကိုသာ ထုတ်လုပ်တာကြောင့် သူတို့ရဲ့ ဖောက်သည်ကလဲ အရမ်းမများပါဘူး. ဒါပေမယ့် ဗီအိုင်ပီဖောက်သည်တစ်ယောက်က တစ်ခါတည်းနဲ့ သာမာန်ဖောက်သည် ဆယ်ကြိမ်သွားသလောက် ငွေပမာဏကို သုံးကြပါသည်. ဒီစီးပွားရေးက အမြတ်အစွန်းရ‌ပေမယ့် အရမ်းတော့ နာမည်မကြီးပါဘူး.

"နင်းနင်း..."

ကုမန့်ရော ကုချင်ပါ ထိတ်လန့်အံ့ဩသွားကြသည်. ကုနင်း သေသေချာချာမစဉ်းစားပဲ ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်ချလိုက်မှာမျိုး သူတို့မဖြစ်စေချင်ကြပါဘူး.

အမျိုးသမီးဝူနှင့် ကျန်တဲ့လူတွေလဲ ထိတ်လန့်သွားကြပါသည်.

ဘာ? ဒီကောင်မလေးက အလှပြင်ဆိုင်ကို ဝယ်မယ်? သူနောက်နေတာလား? ဒီဆိုင်က အနည်းဆုံး ယွမ်သန်းအနည်းငယ်လောက်တော့ တန်တယ်လေ! သူအဲ့လောက်ကို တတ်နိုင်တယ်လား? ကုနင်းထိုသလို့လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူမှမယုံကြည်ကြပါဘူး.

"ရှင်တကယ်ပဲ ဝယ်ချင်တာလား?"

ထိုအချိန်မှာပဲ, လူအုပ်ကြီးနောက်ကနေ အမျိုးသမီးသံတစ်သံထွက်လာခဲ့သည်. မကြာခင်မှာပဲ အသက်၃၀အရွယ်လောက်ရှိသည့် အမျိုးသမီးတစ်ယောက် ဝင်လာခဲ့သည်.

သူမခန္ဓာကိုယ်က ဆွဲဆောင်မှုရှိသည်. အရပ်ရှည်ကာ ပိန်သွယ်ပြီး ရည်မွန်ပြီး ဆွဲဆောင်မှုရှိသည့် အရှိန်အဝါတွေပျံ့လွင့်နေသည်.

သူမရဲ့ ချောမွေ့နူးညံ့သည့်အသားအရေမှာ မိတ်ကပ်ပါးပါးလေးရှိနေကာ တောက်ပသည့် မျက်ဝန်းအစုံတွင်တော့ ဉာဏ်အမြော်အမြင်ရှိမှုနှင့် ယုံကြည်မှုရှိမှုတွေနဲ့ ပြည့်လျှံနေသည်.

သူမ ကုနင်းလို မိန်းမငယ်လေးတစ်ယောက်ကို မေးလိုက်သည့်အချိန်တွင်တောင် အထင်သေးသည့် အရိပ်အယောင်လုံးဝမပါပါဘူး. ကုနင်းကို ပုံမှန်အတိုင်းညီတူညီမျှပဲ ဆက်ဆံပါသည်.

"သူ-သူဌေး." ထိုအမျိုးသမီးကို မြင်တော့ ဖန်တီးသူတွေရဲ့မျက်နှာတွေအားလုံး ဖြူဖျော့ကုန်သည် အထူးသဖြင့် နှင်းဆီနီရောင် ဝတ်စုံနှင့် အလှဖန်တီးပေါ့.

ဒီတစ်ကြိမ် သူမအလုပ်တောင် အထုတ်ခံရနိုင်ပါသည်. သူမသူဌေးရဲ့ အမူအကျင့်ကို သေချာသိတာပေါ့. အမျိုးသမီးဝူကြောင့်သာမဟုတ်ရင် သူမလဲ ဒီနေ့လိုအဖြစ်မျိုးလုပ်မိမှာမဟုတ်ပါဘူး.

ဒီအလှပြင်ဆိုင်တွင် ဝန်ထမ်းများကို အဆင့်၃ဆင့်ခွဲခြားထားသည်.

သာမာန် အလှဖန်တီးသူတွေက ပန်းရောင်ယူနီဖောင်းကို ဝတ်ပြီး အဖွဲ့ခေါင်းဆောင်တွေကတော့ နှင်းဆီနီရောင်ယူနီဖောင်းကို ဝတ်သည်.

အသားအရေထိန်းသိမ်းသည့် အမျိုးအစားတွေအများကြီးရှိပါတယ်. သဘာဝသန့်စင်သည့် အသားအရေထိန်းသိမ်းမှု, အိုမင်းမှုကို လျော့ကျစေသည့် ကုထုံး, နှိပ်နယ်ပေးခြင်း, ရနံ့ကုထုံး စသည့်ဖြင့် အမျိုးအစားများစွာရှိပါသည်. ဒါတွေအပြင် တခြားခန္ဓာကိုယ်ကျန်းမာရေးအတွက် ပစ္စည်းတွေလဲ ရှိပါသေးတယ်.

အလှဖန်တီးသူတိုင်းက ဆိုင်ရှိပညာရပ်တိုင်းကို မလုပ်ပေးနိုင်ကြပါဘူး. သူတို့ကျွမ်းကျင်ရာသူတို့ရှိကြတာကြောင့် မတူညီသည့်အဖွဲ့တွေဖွဲ့ထားကြပါသည်.

အဖွဲ့ခေါင်းဆောင်၏အထက်တွင်တော့ မန်နေဂျာရှိကာ အဖြူရောင်ယူနီဖောင်းကို ဝတ်ဆင်ပါသည်. တိုက်ဆိုင်စွာပဲ မန်နေဂျာက ဒီနေ့ခွင့်ယူထားခဲပါသည်. မဟုတ်ရင် ဒီလိုပြဿနာမျိုး ဖြစ်လာမှမဟုတ်ပါဘူး.

သူဌေးက သူမဝန်ထမ်းကို လျစ်လျူရှုထားပြီး ကုနင်းကို ကြည့်ကာ ထပ်မေးလိုက်သည်,

"မိန်းကလေး, တွေ့ရတာဝမ်းသာပါတယ်. ကျွန်မက ဒီအလှပြင်ဆိုင်ရဲ့သူဌေး ယွီန ပါ. ရှင်ဒီဆိုင်ကို ဝယ်မှာ သေချာပါလား?"

"ရှင်ကော ရောင်းဖို့ဆန္ဒရှိလား?" ကုနင်းပြန်မေးလိုက်သည်.

"ရှင်သာဝယ်ချင်ရင်, ကျွန်မရောင်းမှာပါ." ယွီန ယဉ်ယဉ်ကျေးကျေးပဲပြန်ဖြေလိုက်သည်,

ဒီတော့ ကုနင်းလဲ, "သေချာတာပေါ့, ကျွန်မဝယ်မယ်."

ကုနင်းတကယ်ကြီး ဒီနေရာကို ဝယ်ဆိုတာကိုကြောင့် အားလုံးထိတ်လန့်သွားကြသည်.

"နင်းနင်း..." ကုမန့်နှင့် ကုချင်လဲ အံ့ဩသွားကြကာ တစ်ခုခုပြောလိုက်ချင်ပေမယ့် ဘာပြောရမှန်းလဲ မသိဖြစ်နေကြသည်. သူတို့ ကုနင်းက မစဉ်းစားမဆင်ခြင်ပဲလုပ်တတ်သည့် လူမျိုးမဟုတ်တာကို သူတို့ယုံကြည်ပါသည်. သူမဝယ်မယ်လို့ပြောလိုက်မှတော့ ဝယ်ရမယ့် အကြောင်းအရင်းရှိနေလို့ပေါ့.

"အမေ နဲ့ အန်တီ, စီးပွားရေးတစ်ခု မလုပ်ချင်ဘူးလား? ဒီအလှပြင်ဆိုင်က အခုကစပြီး အမေတို့အပိုင်ဖြစ်သွားပြီ! ဒီဆိုင်ကို လည်ပတ်ဖို့အချိန်အများကြီးသုံးဖို့မလိုဘူး. အုပ်ချုပ်ပြီး ငွေထိန်းပေးရုံပဲ." ကုနင်းပြောလိုက်တော့ အားလုံးက ကုမန့်နဲ့ ကုချင်ကို အားကျစွာဝိုင်းကြည့်လိုက်ကြသည်.

ကုမန့်နှင့် ကုချင်လဲ အရမ်းခံစားသွားရကာ ဒါက အရမ်းများလွန်းမှန်းတွေးမိပေမယ့် ပျော်ရွှင်စွာပဲ လက်ခံလိုက်ကြသည်.

................Book 11 Part161end..............

ဖီးနစ်သွေးစက်

အခန်း ၁၆၂ အဖွဲ့ဝင်မှုဖျက်သိမ်းခြင်း

ဘာသာပြန်သူ - Charm.Y

"ဒီဆိုင်က ဘယ်လောက်လဲ?" ကုနင်း သူဌေးဖြစ်သူကို မေးလိုက်သည်.

"ရိုးရိုးသားသားပြောရရင် လအနည်းငယ်အတွင်း ကျွန်မ Yနိုင်ငံကို ပြောင်းဖို့ စီစဉ်နေတာ, ဒီတော့ အစထဲက ဆိုင်ကို ရောင်းဖို့ ရည်ရွယ်ချက်ရှိနေပြီးသား. လိုအပ်တဲ့ စာရွက်စာတမ်းတွေလဲ လုပ်ထားပြီးသွားပြီ. ဒီနေရာက ပစ္စည်းအားလုံးအပါအဝင် စုစုပေါင်း ယွမ် ၃.၂သန်းကျသင့်ပါတယ်." ယွီနကပြောရင်း အိတ်ထဲက ပစ္စည်းစာရင်းနှင့် စာချုပ်ကို ထုတ်ယူကာ ကုနင်းကို လှမ်းပေးရင်း,

"ဒါက စားရင်းပါ. မင်းပစ္စည်းတွေကို အရင်စစ်ကြည့်လိုက်လေ. အားလုံးအဆင်ပြေတယ်ဆို ဥပဒေကိစ္စတွေမလုပ်ခင် လက်မှတ်ထိုးကြတာပေါ့."

"ကောင်းပြီလေ." ကုနင်း စာရင်းနှင့် စာချုပ်ကို ယူလိုက်ပေမယ့် မကြည့်ခင် အရင်မေးလိုက်သည်,

"ကျွန်မတို့ ပြဿနာကို အရင်ဖြေရှင်းတာပိုကောင်းမယ်လို့ ကျွန်မထင်တယ်."

"ရှင် ဒီကိစ္စကို ဘယ်လို ကိုင်တွင်ချင်လဲ?" ယွီနမေးလိုက်သည်.

"ကျွန်မမကြာခင် ဒီဆိုင်ကို လက်လွှဲယူတော့မှာဆိုတော့ တချို့ ဆုံးဖြတ်ချက်လေးတွေလောက်ချဖို့တော့ အာဏာရှိပြီထင်တယ်, ဟုတ်တယ်မလား?" ကုနင်းမေးလိုက်တော့ ယွီနက,

"သေချာတာပေါ့."

"ကောင်းပြီ, အရင်ဆုံး အမျိုးသမီးဝူကို အဖွဲ့ဝင်မှုဖျက်သိမ်းရမယ်. ပြီးတော့ ဒီအလှဖန်တီးသူကို အလုပ်ထုတ်ရမယ်. ကျွန်မရဲ့ဆိုင်မှာ စိတ်ကြီးဝင်နေတဲ့ ဝန်ထမ်းတွေ အလိုမရှိဘူး." ကုနင်း ပြန်မငြင်းနိုင်လောက်မယ့် လေသံနှင့်ပြောလိုက်တာကြောင့် ကျန်တဲ့လူတွေ သတိလက်လွတ် သူမကို လေးစားမိသွားကြသည်.

အလှဖန်တီးသူလဲ အလုပ်ထုတ်မခံချင်ပေမယ့် သူပြန်ပြင်ဖို့ အရမ်းနောက်ကျသွားပြီဆိုတာ နားလည်လိုက်ပါသည်.

ဒါပေမယ့် အမျိုးသမီးဝူကတော့ ထိုဆုံးဖြတ်ချက်ကို မကျေနပ်ပါဘူး. ဒါကြောင့် ဒေါသတကြီး မေးလိုက်သည်,

"ငါ့အဖွဲ့ဝင်မှုက ဘာလို့ ဖျက်သီးခံရမှာလဲ?"

"ဘာလို့ဆို , ကျွန်မက ဒီဆိုင်ရဲ့ ဘော့စ်ဖြစ်သွားပြီလေ, ဒီတော့ ကျွန်မမှာ အဲ့လိုလုပ်ပိုင်ခွင့် အာဏာရှိတယ်." ကုနင်းပြောလိုက်သည်.

"မင်းက ဘော့စ်ဆိုရင်တော့ ဒီလိုအဖွဲ့ဝင်ကို ဖျက်ချင်တိုင်းဖျက်လိုက်လို့ မင်းတို့ ဂုဏ်သတင်းပျက်စီးသွားမှာမကြောက်ဘူးလား?" အမျိုးသမီးဝူက အလျင်အမြန် ပြန်တုံ့ပြန်ပြောဆိုလိုက်သည်.

"အဲ့လိုလုပ်တာက ဖောက်သည်အပေါ်မှာမူတည်တယ်လေ. ရှင့်လို ဂုဏ်မောက်ပြီး ရိုင်းစိုင်းတဲ့ ဖောက်သည်မျိုးဆိုရင်တော့ ကျွန်မတို့ဘက်က မကြိုဆိုနိုင်ဘူး." ကုနင်းအေးဆေးပြန်ဖြေလိုက်တာကြောင့် တခြားလူတွေကို သူမကို အထင်ကြီးသွားကြပြန်သည်.

"မင်း..." အမျိုးသမီးဝူမှာ ဒေါသထွက်နေပေမယ့် ဘာပြန်ပြောရမှန်းတော့ မသိတော့ပါဘူး.

"လီလီ, သူတို့ကို စည်းမျဉ်းအတိုင်းလုပ်ပေးလိုက်." ယွီနက အမိန့်ပေးလိုက်သည်,

"ဘယ်သူကဂရုစိုက်နေမှာလဲ? အသားအရေထိန်းသိမ်းပေးတဲ့ ဆိုင်က ဒီတစ်ဆိုင်တည်းရှိတာမဟုတ်ဘူး! " အမျိုးသမီးဝူ ဒေါသထွက်သွားပေမယ့် ကုနင်းက ဘော့စ်ဖြစ်သွားပြီဖြစ်တာကြောင့် အချိန်အကြာကြီးဆက်မနေရဲတော့ပါဘူး.

အမျိုးသမီးဝူနှင့် အလှဖန်တီးသူတို့ ထွက်သွားသည်နှင့် ကုနင်း လူအုပ်ကြီးကို ကြည့်ကာ,

"Kameiအလှပြင်ဆိုင်ရဲ့ ဝန်ထမ်းအားလုံး, ကျွန်မကအခုထိ ဘော့စ်မဖြစ်သေးဘူးဆိုပေမယ့် အခုထဲက ရှင်းရှင်းလင်းလင်းပြောထားရင် ပိုကောင်းမယ်ထင်ပါတယ်. ရှင်တို့ နံရံပေါ်မှာရေးထားတဲ့ စည်းမျဉ်းအတိုင်းမလုပ်နိုင်ဘူးဆိုရင် အခုပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ထွက်သွားနိုင်ပါတယ်. မဟုတ်ရင်တော့ စည်းမျဉ်းချိုးဖောက်တာများ ကျွန်မရှာတွေ့လိုက်ရင် အပြစ်ပေးရလိမ့်မယ်."

သူမရဲ့စကားတွေက အားလုံးကို ဆွဲဆောင်လွှမ်းမိုးသွားနိုင်တာကြောင့် ဘယ်သူမှ သူမကို ကောင်မလေးတစ်ယောက်လို့မတွေးမိဘဲ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်လို့ တွေးလိုက်မိကြသည်. ထိုသတိပေးချက်ကြောင့် အားလုံး ကုနင်းကို လေးစားသွားကြပြန်သည်. ပုံမှန်စကားပြောကြည့်လိုက်တော့ ဒီဆိုင်ကဝန်ထမ်းတွေက ထူးချွန်ကြပြီး တချို့တလေသာ သိုးမည်းတွေဖြစ်ကြသည်.

ယွီနလဲ ကုနင်းကို အသိအမှတ်ပြုတဲ့အကြည့်နှင့်ကြည့်လိုက်သည်. ဒီမိန်းကလေးက သာမာန်မဟုတ်ဘူးပဲ.

"သေချာတာပေါ့, ရှင်တို့ စည်းမျဉ်းတွေကို လိုက်နာနေသ၍ ကျွန်မကလဲ ရှင်တို့လစာကို မမျှမတမလုပ်ပါဘူး." ကုနင်းထပ်ပေါင်းပြောလိုက်သည်.

"ပြီးတော့ ဒီမှာရှိနေတဲ့ ဖောက်သည်တွေအားလုံးပဲ, ဒီနေရာက သာတူညီမျှရှိတဲ့ နေရာတစ်ခုပါ. ရှင်တို့ ချမ်းသာတာဖြစ်ဖြစ် အာဏာရှိတာဖြစ်ဖြစ် အရေးမကြီးပါဘူး. ကျေးဇူးပြုပြီး လူလူချင်း လေးစားမှုရှိပေးကြပါ. ရှင်တို့ကို ဆက်ဆံစေချင်တဲ့ပုံစံအတိုင်း တဖက်လူကိုလဲ ပြန်ဆက်ဆံပေးပါ." ကုနင်းပြောလိုက်သည်.

အရှုပ်တွေရှင်းသွားပြီး ဝန်ထမ်းတွေလဲ သူ့အလုပ်သူပြန်လုပ်ကြတော့သည်. ကုနင်းကတော့ ကုမန့်နှင့် ကုချင်ကိုခေါ်ကာ ပစ္စည်းစာရင်းနှင့် ပစ္စည်းတွေကို တိုက်ကြည့်ပြီး ငွေစာရင်းကိုလဲ စစ်ဆေးကြည့်ကြသည်.

ထိုအချိန်တွင် ယွီနက ဆိုင်ဝန်ထမ်းတွေကို Kameiဆိုင်တွင် ကောင်းကောင်းအလုပ်လုပ်ကြရန် သတိထပ်ပေးလိုက်သည်. သူမ ကုနင်းကို ယုံကြည်သလို တခြားလူတွေလဲ ယုံကြည်ကြဖို့ မျှော်လင့်ပါသည်. ယွီနပြောပြီးတော့ အားလုံးလဲ ယုံကြည်လိုက်ကာ သူမပြောတာကို သဘောတူလိုက်ကြသည်.

ကုနင်း၏ထူးချွန်တဲ့ စွမ်းရည်ကြောင့် ပစ္စည်းတိုက်စစ်တာနှင့် ငွေစာရင်းစစ်ဆေးခြင်းကို နာရီဝက်အတွင်းပြီးဆုံးသွားသည်. ဘာမှမမှားနေပါဘူး. ယွီနလဲ ကုနင်းအချိန်တိုတိုနှင့် စစ်ဆေးနိုင်တာကို မြင်တော့ အံ့ဩသွားကာ,

"ဝိုး, ရှင်ခနလေးနဲ့ သေချာစစ်ဆေးနိုင်တာပဲ! အားလုံးမှန်တယ်မလား?"

"ကျွန်မက ဖတ်မှတ်တာတွေမှာတော်တယ်လေ." ကုနင်းပြန်ဖြေလိုက်သည်. သူမကြွားဝါတာမဟုတ်ပဲ အချိန်ကိုက်သူမရဲ့ စွမ်းရည်ကို သက်သေပြလိုက်ခြင်းသာဖြစ်သည်.

"မင်းက ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ပဲဖြစ်ရမယ်!" ယွီနပြောလိုက်သည်.

"ရှင်မှန်တယ်." ကုနင်းပြန်ဖြေလိုက်သည်.

ယွီနပြုံးလိုက်ကာ ကုနင်းကို ပိုလို့တောင် အသိအမှတ်ပြုလိုက်သည်. သူမက လုံးဝသာမာန်မဟုတ်တဲ့မိန်းကလေးပဲ.

"ကောင်းပြီလေ, ၁၁နာရီတောင်ထိုးတော့မယ်ဆိုတော့ ဒီနေ့ရုံးတွေမပိတ်ခင် လိုအပ်တာတွေသွားအပြီးသတ်ကြရအောင်." ယွီန နာရီကို တစ်ချက်ကြည့်ရင်းပြောလိုက်သည်.

ဒီနေ့က တနင်္ဂနွေနေ့ဆိုပေမယ့် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် အခွန်ဦးစီးဌာနကတော့ ဖွင့်ပါသည်. သူတို့ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် အခွန်ဦးစီးဌာနကိုသွားပြီး ပိုင်ဆိုမှုပြောင်းလဲသည့် စာရွက်စာတမ်းများလုပ်ကြရပါမည်. ယွီနက ထိုဌာနနှစ်ခုလုံးတွင်လုပ်နေသည့် လူအချို့နှင့်သိတာကြောင့် ကိစ္စတွေကို ချောချောမွေ့မွေ့နှင့် လျင်လျင်မြန်မြန်ပဲ ၁၂နာရီမတိုင်ခင် ဆောင်ရွက်ပြီးစီးသွားခဲ့ပါသည်.

ဥပဒေအရ ကုမန့်က ရှယ်ယာ၅၁ရာခိုင်နှုန်းပိုင်ဆိုင်ကာ တစ်ဦးတည်းသောရှယ်ယာဝင်ဖြစ်သည့် ကုချင်က ရှယ်ယာ၄၉ရာခိုင်နှုန်းပိုင်ဆိုင်ပါသည်.

ကုမန့်ရော ကုချင်ပါ ကိစ္စတွေပြီးသွားတာတောင် အိပ်မက်မက်နေကြတာလို့ ထင်နေကြသည်. ဒါသာ အစစ်ဆိုအရမ်းကောင်းတာပေါ့. အခုကစပြီး, သူတို့က အလှပြင်ဆိုင်ပိုင်ရှင်တွေဖြစ်သွားကြသည်. ဒီကိစ္စတွေဖြစ်ပျက်သွားတာအရမ်းကို မြန်ဆန်လွန်းလှပါသည်.

"ဒီနေ့လုပ်ခဲ့တဲ့ကိစ္စတွေကြောင့် ကျွန်မတော့ စိတ်အေးသွားရပြီ! ကျေးဇူးတင်ပါတယ်, မိန်းကလေးကု." ယွီန ကုနင်းကို ကျေးဇူးတင်လိုက်သည်. ကုနင်းလို စာချုပ်ပါအချက်အလက်တွေကို အားလုံးလက်ခံပေးသည့် ဝယ်သူတစ်ယောကို ရှာတွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး. တခြားဝယ်သူတွေသာဆို ဈေးတွေဆစ်နေကြဦးမှာ. စီးပွားရေးသမားတွေဆိုတာ အမြတ်ရဖို့ကို အရင်ကြည့်ကြတာလေ.

ကုနင်း တုံ့ဆိုင်းမှုမရှိပဲ လွယ်လွယ်သဘောတူလိုက်လို့ သူမမှာ စီးပွားရေးအသိအမြင်ဘာမှမရှိဘူးလို့တော့ ယွီနမထင်ပါဘူး. ကုနင်းက ရက်ရောတဲ့ ဝယ်သူတစ်ယောက်ဖြစ်နေရုံပါ.

"မိန်းကလေးယွီ, ကျွန်မကသာ ရှင့်အကူအညီအတွက်ကျေးဇူးတင်ရမှာပေါ့. ကျွန်မလဲ အလှပြင်ဆိုင်တစ်ဆို လိုချင်နေခဲ့တာ." ကုနင်းပြန်ဖြေလိုက်သည်.

"၁၂နာရီတောင်ရှိပြီဆို‌တော့ ကျွန်မတို့ အရောင်းအဝယ်ဖြစ်တာကို ဂုဏ်ပြုဖို့ နေ့လည်စာအတူစားကြရင်မကောင်းဘူးလား? ကျွန်မဒကာခံပါ့မယ်!" ယွီန ဖိတ်ခေါ်လိုက်သည်.

................Book 11 Part162end..............

ဖီးနစ်သွေးစက်

အခန်း ၁၆၃ ယွီမီရှီ အကူအညီတောင်းခြင်း

ဘာသာပြန်သူ - Charm.Y

"ကောင်းတာပေါ့." ကုနင်းတုံ့ဆိုင်းမနေဘဲ ချက်ချင်းကို သဘောတူလိုက်သည်. စားပြီးသောက်ပြီးတော့ သူတို့အချင်းချင်းနှုတ်ဆက်လိုက်ကြသည်.

ကုမန့်နှင့် ကုချင်ကတော့ သူတို့လုပ်ငန်းနှင့် ရင်းနှီးအောင် အလှပြင်ဆိုင်ကို ပြန်သွားပြီး ကုနင်းကလဲ သေချာပေါက် သူတို့နဲ့ ပြန်လိုက်သွားတာပေါ့.

ယွီနကတော့ Kameiအလှပြင်ဆိုင်က ဝန်ထမ်းအများစုသည် အလုပ်ကြိုးစားကြတဲ့ လူကောင်းတွေဖြစ်ပြီး တချို့တလေကသာ စိတ်ကြီးဝင်နေသူတွေဖြစ်တယ်လို့ ကုနင်းတို့မိသားစုကို ပြောပြခဲ့သည်. သူတို့ တွေ စည်းမျဉ်းကို လိုက်နာမယ်မလိုက်နာဘူးကိုတော့ ယွီနလဲ မသိ၍ ကုနင်းကိုသာ ပိုသတိထားစောင့်ကြည့်ဖို့ သတိပေးလိုက်သည်.

Kameiအလှပြင်ဆိုင်သည် အခုဆို ကုမန့်နှင့် ကုချင်တို့အပိုင်ဖြစ်သွားပြီ ဒါကြောင့် သူတို့ကိုယ်တိုင်ပဲ ဆိုင်ကို ထိန်းသိမ်းဂရုစိုက်ပေးမှ ရပါတော့မယ်.

ကုမန့်က အမြဲတမ်း စိတ်ထားနူးညံ့ပြီး ကြင်နာတတ်တာကြောင့် ဝန်ထမ်းတွေ တစ်ခုခုအမှားလုပ်ခဲ့ရင်တောင်မှ အပြစ်မတင်ရဲမှာ အပြစ်မပေးရဲမှာကို ကုနင်းစိုးရိမ်မိသည်. ဒါကြောင့် သူမအမေကို လိုအပ်ရင်လိုအပ်သလို စည်းကမ်းတင်းကျပ်ပေးဖို့ ကုနင်းမျှော်လင့်သည်. မင်းရဲ့ဝန်ထမ်းက မင်းကို လုံးဝမကြောက်ရင် အလုပ်ကိုလဲ သေချာလုပ်ကြတော့မှာမဟုတ်ပါဘူး.

ပြီးတော့ အကူအညီတစ်ခုခုလိုရင်လဲ သူမကို အားနာမနေပဲ ချက်ချင်းပြောဖို့ ကုနင်းမှာလိုက်ပါသေးသည်.

ဆိုင်မှာ ကုနင်းတို့ ၂နာရီလောက်နေပြီး ပြန်ထွက်လာကြပေမယ့် အိမ်မပြန်ကြသေးပဲ ဈေးဝယ်စင်တာကို သွားလိုက်ကြသည်.

ကုမန့်နှင့် ကုချင်တို့ လုပ်ငန်းစလုပ်တော့မယ်ဆိုမှတော့ သူတို့သာမာန်လိုဝတ်ဆင်လို့မဖြစ်တော့ပေ. ဒါကြောင့် သူတို့အတွက် လုပ်ငန်းအတွက်အဆင်ပြေမယ့် ဝတ်စုံအများအပြားကို ကုနင်းလိုက်ဝယ်ပေးခဲ့သည်.

သူတို့ တစ်ယောက်ကို ရုံးဝတ်ဒီဇိုင်း ၃စုံစီဝယ်ပေးကာ ဒေါက်ဖိနပ်နှင့် လက်ကိုင်အိတ်တွေပါ အစုံလိုက်ဝယ်ပေးလိုက်သည်.

သူတစ် ယွမ်၁သိန်းဝန်းကျင်လောက်ကို သုံးပစ်လိုက်ပါတယ်.

ကုမန့်နှင့် ကုချင်ကတော့ အဝတ်အစားအတွက်နှင့် ဒီလောက်ငွေအများကြီးကို မသုံးချင်ပေမယ့် အလုပ်အတွက်လိုအပ်တာကြောင့် လက်ခံလိုက်သည်.

ကုနင်းတို့ အိမ်ပြန်ရောက်သည်နှင့် သူမဖုန်းမြည်လာကာ ခေါ်ဆိုသူကတော့ ယွီမီရှီဖြစ်သည်.

"ဟိုင်း, မီရှီ" ကုနင်းဖုန်းကိုင်လိုက်သည်.

ယွီမီရှီ ငိုကြွေးရင်း,

"နင်းနင်း, ငါ့ကို ကူညီပါဦး! ငါ့အမေသတိလစ်သွားလို့ ပြီးတော့ ဦးဏှောက်ထဲမှာ အကြိတ်လဲရှိနေသေးတယ်တဲ့. အခုချက်ချင်းအဲ့အကြိတ်ကို ဖယ်ဖို့ ခွဲစိတ်မှုလုပ်ရမယ်ပြောတယ်. ဒါပေမယ့် ခွဲစိတ်ခက ယွမ်၂သိန်းနီးပါးကုန်မှာ. ငါတို့မိသားစုကအဲ့လောက်ထိမတတ်နိုင်ဘူး. ငါ့ကို ငွေနည်းနည်းလောက်ချေးပေးလို့ရမလား?"

ကုနင်းကသာ ယွီမီရှီအတွက် တစ်ခုတည်းသော‌ မျှော်လင့်ချက်ဖြစ်သည်. သူမတို့မိသားစု စုဆောင်းမိသမျှမှာ ယွမ်သောင်းကျော်လောက်သာရှိပြီး လုံးဝမလောက်ပါဘူး.

"ဘာ? နင်အခု ဘယ်ဆေးရုံမှာရောက်နေတာလဲ?" ကုနင်းချက်ချင်းမေးလိုက်သည်.

"အမှတ်၃ ဆေးရုံ. အတွင်လူနာဌာနရဲ့ အခန်းနံပါတ် ၅၁၀မှာ." ယွီမီရှီပြန်ဖြေလိုက်သည်.

"စိတ်မပူနဲ့, ငါအဲ့ကို အခုချက်ချင်းလာခဲ့မယ်." လို့ပြောပြီး ကုနင်း ဖုန်းချက်လိုက်ကာ ချက်ချင်းပြန်ထွက်သွားသည်.

ကံကောင်းစွာပဲ ဖန်ဟွားအဆင့်မြင့်အိမ်ရာကထွက်ထွက်ခြင်းမကြာခင်မှာပဲ တက္ကစီတစ်စီးရလိုက်ပေမယ့် အမှတ်၃ဆေးရုံက နည်းနည်းဝေးနေပါတယ်. အနည်းဆုံး ထိုနေရာကို ရောက်ဖို့ မိနစ်၃၀လောက်လိုပါသည်. ယွီမီရှီရဲ့အမေ ဆေးကုသမှုခံယူဖို့ အချိန်မမှီလိုက်မှာကို စိုးရိမ်တာကြောင့် ကုနင်း သူမသူငယ်ချင်းတွေကို ဖုန်းဆက်ကာ အကူအညီလှမ်းတောင်းလိုက်သည်.

ကုနင်း အရင်ဆုံး ချူးဖေ့ဟန်ကို ဖုန်းလှမ်းခေါ်လိုက်သည်.

"ဟိုင်း, ကုနင်း." ဖုန်းကိုင်သူကတော့ ချူးဖေ့ဟန်မဟုတ်ဘဲ ချူးရွှမ်ဖန်ဖြစ်နေပါသည်,

"ဖေ့ဟန်, မ...."

ချူးရွှမ်ဖန် ပြောလို့မဆုံးခင်မှာပဲ ကုနင်းက ကြားဖြတ်ပြောလိုက်သည်,

"ကျွန်မ ရှင့်ကိုခေါ်တာ."

"ဘာလို့လဲ?" ချူးဖေ့ဟန် အံ့ဩသွားသည်. ကုနင်းက ဆက်ပြီး

"ရှင် အမှတ်၃ဆေးရုံမှာ အလုပ်လုပ်တဲ့သူတွေထဲ သိတဲ့လူရှိလား? ယွီမီရှီ့အမေက အရေးပေါ်ဖြစ်နေတယ်. ဦးဏှောက်အကြိတ်တည်တာတာပြီးတော့ အခုချက်ချင်း ခွဲစိတ်မှဖြစ်မယ်တဲ့. ယွီမီရှီတို့ မိသားစုမှာ ပိုက်ဆံမလောက်လို့ ခွဲစိတ်ခမပေးနိုင်သေးဘူး. ကျွန်မကလဲ အခုလမ်းမှာပဲရှိသေးတာဆိုတော့ အဲ့ဒီကို နောက်မိနစ်၃၀နေလောက်မှရောက်နိုင်မှာ. ယွီမီရှီအမေ ခွဲစိတ်ဖို့မစောင့်ခိုင်းစေချင်ဘူး. အရင်ဆုံး မီရှီ့အမေကို ခွဲစိတ်ခွင့်ရအောင်လုပ်ပေးပါလား? ကျွန်မရောက်တာနဲ့ ပြန်ပေးပါ့မယ်."

"လုပ်ပေးရမှာပေါ့, သူ့အမေနာမည်ကဘယ်သူလဲ?" ချူးရွှမ်ဖန်မေးလိုက်သည်.

"ကျွန်မလဲမသိဘူး. ဒါပေမယ့် အတွင်းလူနာဆောင်က အခန်း၅၁၀မှာရှိတယ်. ယွီမီရှီလဲ အတူတူရှိနေတယ်." ကုနင်းပြန်ဖြေလိုက်သည်.

"ကောင်းပြီ, ငါကြည့်စီစဉ်လိုက်မယ်." ပြီးတော့ ချူးရွှမ်ဖန် ဖုန်းချလိုက်ကာ အမှတ်၃ဆေးရုံ၏ဒါရိုက်တာထံဖုန်းလှမ်းဆက်လိုက်သည်.

ချူးရွှမ်ဖန်က ချင်ဂိုဏ်းမှာလုပ်နေသူဆိုပေမယ့် လူတော်တော်များများနှင့်လဲ အဆက်အသွယ်ရှိပါသည်. အစိုးရအတွက်အလုပ်လုပ်နေကြသည့် ချင်ဂိုဏ်းလူတွေလဲ အများကြီးရှိပေမယ့် သူတို့က ပြစ်မှုကျူးလွန်နေကြသူတွေတော့မဟုတ်ပါဘူး.

ထိုအချိန်တွင် အမှတ်၃ဆေးရုံ၏ ဒါရိုက်တာမှာ အလုပ်ဆင်းရန်ပြင်ဆင်နေချိန်ဖြစ်ပြီး ဆေးရုံပြင်ကို ထွက်ရုံလေးရှိသေး ချူးရွှမ်ဖန်ထံမှ ဖုန်းဝင်လာခြင်းဖြစ်သည်.

ဒါရိုက်တာက ချူးရွှမ်ဖန်ကို အလွန်လေးစားသူဖြစ်တာကြောင့် သူ့ရဲ့တောင်းဆိုချက်ကို ကြားသည်နှင့် ချက်ချင်းပဲ စီစဉ်ပေးဖို့ ပြန်ဝင်သွားသည်.

ချူးရွှမ်ဖန် ဖုန်းချပြီးချိန် ချူးဖေ့ဟန်အိမ်ပြန်ရောက်လာတာကြောင့် ယွီမီရှီအကြောင်းပြောပြလိုက်သည်. ချူးဖေ့ဟန်လဲ စိတ်ပူသွားကာ ဘာမှတောင်မစားတော့ဘဲ ဆေးရုံကို တန်းလိုက်သွားတော့သည်.

ချူးရွှမ်ဖန်လဲ သူမနှင့်အတူလိုက်သွားချင်ပေမယ့် စစ်ထူယဲ့ကို အိမ်မှာတစ်ယောက်ထဲထားခဲ့ဖို့က မသင့်တော်လေဘူး. သို့ပေမယ့် မမျှော်လင့်ထားစွာပဲ စစ်ထူယဲ့ကပါ သူတို့နှင့်အတူလိုက်ချင်ကြောင်းပြောလာသည်.

ချူးရွှမ်ဖန်ရော ချူးဖေ့ဟန်ပါ ထိတ်လန့်အံ့ဩသွားကြသည်. ချင်ဂိုဏ်းရဲ့ ဘော့စ် စစ်ထူယဲ့က ဘာလို့သူတို့နဲ့ ဆေးရုံကို လိုက်မှာလဲ? ဒါပေမယ့် သူတို့မှာထိုအကြောင်းတွေးနေဖို့ အချိန်အများကြီးမရှိနေပါဘူး. ဒါကြောင့် သုံးလောက်လုံးမြန်မြန်ပဲ ဆေးရုံကို သွားလိုက်ကြသည်.

စစ်ထူယဲ့ ဆေးရုံကို လိုက်တယ်ဆိုတာ ကုနင်းကြောင့်မှန်း သံသယရှိစရာတောင်မလိုပါဘူး. ဒါက အခွင့်ကောင်းပဲလေ.

လမ်းရောက်တော့ ချူးရွှမ်ဖန်က ချူးဖေ့ဟန်ကို ကုနင်းထံဖုန်းဆက်ပြီး အားလုံးစီစဉ်ပေးပြီးပြီဖြစ်ကြောင်းလှမ်းပြောခိုင်းလိုက်သည်.

"မီရှီကို အရင်ဆက်တာကောင်းမယ်ထင်တယ်. သူအရမ်းစိုးရိမ်နေလောက်တယ်." ချူးဖေ့ဟန်က ထိုသို့ပြောပြီးချက်ချင်း ယွီမီရှီထံဖုန်းဆက်လိုက်သည်. မကြာခင် သူမအမေခွဲစိတ်ခန်းဝင်လို့ရပြီဆိုတာကို သိလိုက်တော့ ယွီမီရှီ ချူးဖေ့ဟန်ကို စိတ်လှုပ်တရှားကျေးဇူးတင်နေကာ ပြီးတာနဲ့ သူမအဖေကို သတင်းကောင်းသွားပြောတော့သည်.

ယွီမီရှီအဖေလဲ သူ့သမီးက သူငယ်ချင်းတွေဆီအကူအညီတောင်းတာသိသွားပြီး ထိုသို့ သူတို့ကို ကူညီပေးချင်သည့် ချမ်းသာပြီး ကြင်နာတတ်သည့် သူငယ်ချင်းတွေရနေသည့် အတွက် အလွန်ဝမ်းသာနေမိသည်.

ယွီမီရှီကို သူမသူငယ်ချင်းတွေဆီက ပိုက်ဆံမချေးစေချင်ပေမယ့် သူ့မှာ တခြားရွေးချယ်စရာမရှိပေ. သူတို့မိသားစုက ခွဲစိတ်စားရိတ်သွင်းဖို့ အရမ်းဆင်းရဲလွန်ပြီး ဆွေမျိုးတွေကလဲ ငွေမချေးချင်ကြပါဘူး.

သူ ဇနီးဖြစ်သူကို မဆုံးရှုံးချင်သလို သူ့သမီးအတွက်လဲ အမေဖြစ်သူကို မဆုံးရှုံးချင်ပါဘူး. ယွီမီရှီ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးရအောင်လုပ်မိလို့ သူအရမ်းရှက်မိပေမယ့် သူ့ဇနီးကို ကယ်တင်နိုင်တော့မည်ဖြစ်၍ အလွန်ပျော်ရွှင်နေမိသည်.

ယွီမီရှီအမေ နေကောင်းသွားတော့မှ သူအလုပ်ပိုကြိုးစားလုပ်ကာ ယွီမီရှီ့သူငယ်ချင်းတွေကို ပြန်ဆပ်ရပါမယ်.

ပြီးသွားတော့ ချူးဖေ့ဟန် ကုနင်းကို ဖုန်းဆက်ကာ ခွဲစိတ်ဖို့ကိစ္စစီစဉ်ပြီးသည့်အကြောင်းနှင့် ယွီမီရှီကိုလဲ ပြောပြီးသည့်အကြောင်းလှမ်းပြောလိုက်သည်.

မိနစ်ပိုင်းလောက်ကြာပြီးတော့ လူနာခန်းနံပါတ်၅၁၀သို့ ဆေးရုံဒါရိုက်တာအပါအဝင် ဆရာဝန်အချို့ရောက်လာခဲ့သည်.

"ယွီမီရှီဆိုတာ ဘယ်သူလဲ?" ဒါရိုက်တာက မေးလိုက်သည်.

"ကျွန်မပါ." ယွီမီရှီချက်ချင်းမတ်တပ်ထရပ်လိုက်သည်. သူမအဖေလဲ ဆရာဝန်တွေကို မြင်တော့ အလွန်ဝမ်းသာသွားသည်.

"တွေ့ရတာဝမ်းသာပါတယ်. ကျွန်တော်က ဒီအမှတ်၃ဆေးရုံရဲ့ ဒါရိုက်တာပါ. အခုလေးတင် လူကြီးမင်းချူးဆက်သွယ်ထားပါတယ်. အခုချက်ချင်းမင်းအမေအတွက် ခွဲစိတ်ဖို့လိုအပ်တာတွေစာရင်းသွင်းဖို့လိုတယ်."

ဒါရိုက်တာကိုယ်တိုင်ရောက်လာတာကြောင့် ယွီမီရှီရော သူမအဖေပါ အံ့ဩနေကြသည်, အထူးသဖြင့် ယွီမီရှီ့အဖေပေါ့. သူ့သမီးသူငယ်ချင်းတွေက ဒီလောက်အထိ လွှမ်းမိုးမှုရှိမယ်လို့ မထင်ထားမိလေဘူး.

"ကျေးဇူးအများကြီးတင်ပါတယ်!" ယွီမီရှီချက်ချင်းပဲ ဒါရိုက်တာကို ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်ကာ ပြီးတာနှင့် ယွီမီရှီ့အမေကို ခွဲခန်းထဲ ခေါ်သွားကြတော့သည်.

ယွီမီရှီနဲ့ သူမအဖေကတော့ အပြင်ဘက်မှာစောင့်နေပြီး ရလဒ်ကို မသိရသေးတာကြောင့် အရမ်းတော့စိတ်မအေးရသေးပါဘူး.

မိနစ်၃၀ကြာပြီးနောက်, ကုနင်း ချူးရွှမ်ဖန်တို့နှင့် ဆေးရုံအဝင်မှာ မတော်တဆတွေ့ကာအတူတူဝင်သွားကြတော့သည်.

................Book 11 Part163end..............

ဖီးနစ်သွေးစက်

အခန်း ၁၆၄ ကုနင်း အထင်ကြီးအောင်လုပ်ခြင်း

ဘာသာပြန်သူ - Charm.Y

"နင်းနင်း, နင်တို့ရောက်လာပြီပေါ့." ကုနင်းကို မြင်လိုက်တာနဲ့ ယွီမီရှီအပြေးသွားကာ ကုနင်းလက်မောင်းတွေကြားထဲ တိုးဝင်ပြီး ငိုကြွေးတော့သည်.

သူမအချိန်အကြာကြီးစိတ်ဖိစီးနေခဲ့တာဆိုပေမယ့် သူမအဖေကို ပိုပြီး ဝမ်းမနည်းစေချင်တာကြောင့် သူမခံစားချက်တွေကို မြိုသိပ်ကာ သန်မာသလို ဟန်ဆောင်နေခဲ့ရသည်. ဒါပေမယ့် ကုနင်းကို မြင်လိုက်သည်နှင့် သူမထိန်းချုပ်ထားသည့် ခံစားချက်တွေအားလုံး ပြိုလဲသွားတော့သည်.

"ငါရောက်ပြီ, ငါရောက်ပြီ, ဘာမှမဖြစ်တော့ဘူး, အားလုံးအဆင်ပြေသွားလိမ့်မယ်." ကုနင်းလဲ ယွီမီရှီကို နှစ်သိမ့်ပေးရင် သတိမလစ်သွားအောင် တိတ်တဆိတ် သူမစွမ်းအားတွေကို လွှဲပြောင်းပေးနေလိုက်သည်.

ယွီမီရှီအဖေကတော့ ကုနင်းတို့ကို မြင်တော့ ဘယ်သူက သူ့မိသားစုကို ကူညီထားသူမှန်း အတိအကျမသိ၍ ဘာလုပ်လို့လုပ်ရမှန်းမသိပါဘူး. ယွီမီရှီကလဲ ငိုနေတာကြောင့် သူမအဖေနဲ့ မိတ်ဆက်ပေးဖို့ မေ့နေခဲ့သည်.

ယွီမီရှီ့အဖေကတော့ ယွီမီရှီ အလွန်ဝမ်းနည်းနေပြီး စိတ်ထွက်ပေါက်တစ်ခုလိုနေမှန်းနားလည်တောင်ကြောင့် မတားနေတော့ပေ.

ကံကောင်းစွာပဲ ကုနင်းရဲ့စွမ်းအားကြောင့် ယွီမီရှီ အများကြီးနေလို့ကောင်းသွားသည်.

"ဆေးရုံစားရိတ်သွားရှင်းရအောင်." ကုနင်းပြောလိုက်သည်.

"ငါပဲဆက်လုပ်လိုက်ပါ့မယ်." ချူးဖေ့ဟန်က ဝင်ပြောလိုက်သည်. ယွမ်၂သိန်းလောက်က သူ့အတွက်ဘာမှမပြောပလောက်ပေ.

အရေးအကြီးဆုံးက ယွီမီရှီက ချူးဖေ့ဟန်သူငယ်ချင်းလဲဖြစ်တာကြောင့် သူကပရဟိတသမားတစ်ယောက်တော့မဟုတ်ပေမယ့် သူ့ညီမရဲ့သူငယ်ချင်းဖြစ်သူကိုတော့ ကူညီပေးချင်ပါသည်.

"ဟုတ်တယ်, မီရှီအတွက် ငါတို့ပေးလိုက်ပါ့မယ်." ချူးဖေ့ဟန်ကလဲ ထပ်ပြောလိုက်သည်.

"မရဘူး. ငါပဲပေးလိုက်မယ်." ကုနင်းက ပြန်မငြင်းနိုင်လောက်မယ့် အသံမျိုးနှင့်ပြောလိုက်သည်.

ယွီမီရှီ သူမကို အရင်ဆုံးအကူအညီတောင်းတယ်ဆိုတာက သူမတို့က အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်နေတာကြောင့်ပါ. ကုနင်းကို အကူအညီတောင်းရတာက သူမအတွက်ပိုပြီး စိတ်ဖိစီးမှုနည်းပါတယ်. ပြီးတော့ ယွီမီရှီဘက်က ကုနင်းကို အားကိုးမှတော့ သူမကလဲ ပြန်ပြီးလုံလုံလောက်လောက်ပြန်ထောက်ပံ့ပေးရမှာပေါ့.

ကုနင်းစိတ်ဆုံးဖြတ်ပြီးတာကို မြင်တော့ သူတို့ထပ်ပြောလဲ ရမှာမဟုတ်၍ ဝင်မပါကြတော့ပေ.

"ကျေးဇူးအများကြီးတင်ပါတယ်!" ယွီမီရှီအဖေက မျက်ရည်များပြည့်လျှံနေပြီး ကုနင်းရှေ့ကို ဒူးတောင်ထောင်တော့မလိုလုပ်တာကြောင့် ကုနင်း ချက်ချင်းသူ့ကိုတားလိုက်သည်.

"အဲ့လိုမလုပ်ပါနဲ့."

"အခုလို ပိုက်ဆံချေးပေးလို့ ဘယ်လိုကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူး. မြန်မြန်ပြန်ဆပ်နိုင်အောင် ကြိုးစားပါ့မယ်လို့ ဦးလေးကတိပေးပါတယ်." ယွီမီရှီအဖေက ပြောလိုက်သည်. သူ့ဇနီးသည်က အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရတာကြောင့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဆီက ပိုက်ဆံချေးရတာကိုလဲ မရှက်နေနိုင်တော့ပါဘူး.

"အဲ့အတွက် စိတ်မပူပါနဲ့. မီရှီအမေသာ နေပြန်ကောင်းလာမယ်ဆို ကျွန်မစောင့်ပေးနိုင်ပါတယ်." တကယ်တော့ ကုနင်းပိုက်ဆံပြန်ယူဖို့ စိတ်ကူးမရှိပေမယ့် ယွီမီရှီအဖေရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေချင်ပါဘူး.

ပြီးတော့ ကုနင်းနှင့်အတူ ယွီမီရှီ ဆေးရုံစားရိတ်သွားပေးချေဖို့ ထွက်လာခဲ့ကြသည်.

ချူးရွှမ်ဖန်ကြောင့် ဒါရိုက်တာက အကောင်းဆုံးဆရာဝန်နှင့် ဗီအိုင်ပီလူနာခန်းကို စီစဉ်ပေးထားပေမယ့် ဒီဆေးရုံကသူ့အပိုင်မဟုတ်တာကြောင့် ဆေးကုသစားရိတ်ကိုတော့ အလကားလုပ်ပေးလိုက်လို့မရပါဘူး.

ယွီမီရှီအမေဆေးရုံကမဆင်းသေးသ၍ ဆေးရုံစားရိတ်အားလုံးကို ပေးဖို့မလိုသေးတာကြောင့် အရင်ဆုံး ခွဲစိတ်ခ ယွမ်၂သိန်းကိုသာ ကုနင်းပေးခဲ့လိုက်သည်.

"နင်းနင်း, ငါနင့်ကို တကယ်ကျေးဇူးတင်ပါတယ်! နင့်ကို မြန်မြန်ပြန်ဆပ်မယ်လို့ ကတိပေးပါတယ်." ယွီမီရှီ ကုနင်းကို ကျေးဇူးထပ်တင်လိုက်သည်.

"မီရှီ, နင်ငါ့ကို ပြန်ပေးဖို့မလိုပါဘူး." ကုနင်းပြန်ပြောလိုက်သည်.

"ဘာ? မဖြစ်ပါဘူး." ယွီမီရှိ အံ့ဩသွားသည်. သူမဒီလိုတော့ လက်မခံနိုင်ပါဘူး. ကုနင်း သူမကို ပိုက်ဆံချေးပေးတာနဲ့တင် ကျေးဇူးအရမ်းတင်နေမိပြီကို ဘယ်လိုလုပ်ပြန်မပေးဘဲ နေနိုင်မှာလဲ?

အခုဟာက ယွမ်၂၀လဲမဟုတ်သလို ယွမ်၂၀၀လဲမဟုတ်တဲ့ ယွမ်၂သိန်းတောင်လေ!

"မီရှီ, နင်အရင်ကပြောဖူးတာ နင့်အိမ်မက်က စာရင်းကိုင်တစ်ယောက်ဖြစ်ဖို့ဆို. ဟုတ်တယ်မလား?" ကုနင်းမေးလိုက်သည်.

ကုနင်းဘာကြောင့် စကားလမ်းကြောင်းလွှဲလိုက်မှန်း ယွီမီရှီနားမလည်နိုင်ပေမယ့် ပြန်ဖြေလိုက်သည်,

"ဟုတ်တယ်!"

"ကောင်းတယ်, ငါပြောပြမယ်. ငါစီးပွားရေးတစ်ခုစမလို့ ပြီးတော့ အနာဂါတ်မှာ ငါယုံကြည်လို့ရမယ့်စာရင်းကိုင်တစ်ယောက်ကိုလဲ လိုနေတယ်. နင်ငါ့ကို ကူညီပေးမလား? နင်သာလုပ်ချင်ရင် အခုယွမ်၂သိန်းက နင့်ရဲ့ အကျိုးခံစားခွင့်ပဲ." ကုနင်း လေးလေးနက်နက်ပြောလိုက်သည်.

ဒါက ယွီမီရှီ ငွေပြန်မဆပ်အောင် ပြောလိုက်သည့် အကြောင်းပြချက်တစ်ခုပေမယ့် တကယ်လဲ ယွီမီရှီကို အလုပ်ခန့်ဖို့ စိတ်ကူးထားပြီးသားပါ. ဒါကသက်သက် ယွီမီရှီ စိတ်ပေါ့သွားအောင်ပြောပေးတာပါ. ယွီမီရှီသာ လုပ်ချင်မယ်ဆိုရင် ပိုကောင်းတာပေါ့.

သူမက သင်္ချာနှင့် အတွက်အချက်ပိုင်းမှာ ထူးချွန်ပြီးသားဖြစ်ကာ ထပ်ပြီး စာရင်းကိုင်ပညာကိုသာသင်လိုက်မယ်ဆိုရင် ထူးချွန်တဲ့စာရင်းကိုင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ကုနင်းယုံကြည်ပါသည်.

လူတစ်ယောက်၏သစ္စာရှိမှုကို ရဖို့အတွက် ထိုလူကို အကောင်းဆုံးဆက်ဆံပေးမယ်ဆိုရင် ထိုလူက မင်းကို အမြဲတမ်း သစ္စာရှိပေးနိုင်ပါတယ်. ထိုလူအနာဂါတ်မှာ စိတ်ပြောင်းပြီး သစ္စာဖောက်တာလဲဖြစ်တော့ဖြစ်နိုင်ပါတယ်.

ယွီမီရှီ အနာဂါတ်မှာ စိတ်မပြောင်းသွားဘူးလို့တော့ ကုနင်းရာနှုန်းပြည့် အာမမခံနိုင်ပေမယ့် အနည်းဆုံးတော့ သူမက တခြားသူတွေထက်ပိုယုံကြည်ရပါသည်.

"ဘာ?" ထိုစကားကိုကြားတော့ ယွီမီရှီ ကြောင်သွားသည်.

ကုနင်းက စီးပွားရေးတစ်ခု စလုပ်မယ်? ကုနင်း အောင်မြင်အောင်လုပ်နိုင်တာမလုပ်နိုင်တာက အရေးမကြီးပါဘူး. သူမသာလုပ်ရင် ယွီမီရှီသေချာပေါက် အားဖြည့်ကူညီပေးရမှာပေါ့.

ဒါ့အပြင် ကုနင်းလုပ်နိုင်မယ်လို့ ယွီမီရှီ သံသယတစ်စက်မဝင်ပဲ ယုံကြည်ပါသည်. သူမက အရာရာတိုင်းမှာ ပြီးပြည့်စုံတာကြောင့် ယွီမီရှီ စိတ်ဆုံးဖြတ်ချက်အခိုင်အမာနှင့် ပြန်ဖြေလိုက်သည်,

"ငါလုပ်မှာပေါ့."

အခုဆို ယွီမီရှီ စာရင်းကိုင်ပညာကို သင်ဖို့ ပိုလို့တောင် စိတ်ဝင်စားသွားပြီဖြစ်ကာ နောက်ကျရင် ကုနင်းကို ကူညီနိုင်အောင် ပိုပြီးကြိုးစားမယ်လို့ စိတ်ဆုံးဖြတ်ချက်ချလိုက်သည်.

ကုနင်းနှင့် ယွီမီရှီတို့ ခွဲခန်းဘက်ကိုပြန်သွားပြီး ချူးရွှမ်ဖန်နှင့် ကျန်တဲ့လူတွေကို ,

"နင်တို့ဘာလို့မပြန်ကြသေးတာလဲ? ငါဆက်လုပ်လိုက်မယ်."

ခွဲစိတ်မှုက အချိန်ကြာမည်ဖြစ်တာကြောင့် အားလုံးကို စောင့်ခိုင်းထားဖို့က မသင့်တော်ပါဘူး. သူတို့အားလုံးမှာလဲ အလုပ်ကိုယ်စီရှိကြသည်လေ.

"ဟုတ်တယ်, ခွဲစိတ်မှုက အချိန်ခနလေးနဲ့ပြီးတာမဟုတ်ဘူး. ဒီမှာအချိန်ဖြုန်းမနေကြပါနဲ့. ဒီနေ့ကူညီပေးခဲ့တာတွေအတွက်ကိုတင်‌ ကျေးဇူးတင်နေပါပြီ!" ယွီမီရှီ့အဖေက ထပ်ပြောလိုက်သည်.

သူတို့သာ ဆက်ပြီးစောင့်ပေးနေကြရင် အပြစ်ရှိသလို အခံစားရဆုံးမှာ သူသာဖြစ်သည်.

"ငါမသွားဘူးနော်." ချူးဖေ့ဟန်ကပြောလိုက်သည်. သူမဆေးရုံစားရိတ်လဲမပေးခဲ့ရတာကြောင့် အခုချိန်ထွက်မသွားနိုင်ပါဘူး. ယွီမီရှီနှင့် ဆက်ပြီးနေချင်တာကြောင့် "ဪ! ငါဟောင်ရန်တို့ကိုလဲ ပြောထားတယ်. မကြာခင်သူတို့ရောက်လာလိမ့်မယ်."

ချူးဖေ့ဟန် အမြင်မှာတော့ သူတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တာကြောင့် တစ်ယောက်နှင့်တစ်ယောက် ထောက်ပံ့ပေးရမည်ဖြစ်သည်. သူမသာမပြောပြလိုက်ဘဲ သူတို့ကိုယ်တိုင်သိသွားရင် စိတ်ဆိုးခံရပါလိမ့်မယ်.

ကုနင်းကတော့ ဘာမှမပြောပါဘူး. ဒါကမကောင်းတာတော့မဟုတ်ဘူးလေ. ဒါပေမယ့် ထိုကောင်လေးတွေလာရင် လက်ဗလာနဲ့မလာမှာကို သိနေတာကြောင့် ယွီမီရှီကတော့ နည်းနည်းရှက်နေမိသည်.

သူတို့လာမယ်ဆိုမှတော့ ယွီမီရှီလဲ မတားနေတော့ပါဘူး. ဘာပဲဖြစ်ဖြစ် သူတို့ကသူငယ်ချင်းကောင်းတွေပဲလေ.

ချူးရွှမ်ဖန်ကတော့ ကိုယ်တိုင်မဆုံးဖြတ်တတ်တာကြောင့် စစ်ထူယဲ့ကို ကြည့်လိုက်သည်.

"ခနလောက်ဆက်စောင့်ကြတာပေါ့." စစ်ထူယဲ့စကားကြောင့် ချူးရွှမ်ဖန်ရော ချူးဖေ့ဟန်ပါ ထိန်လန့်အံ့ဩသွားကြပြန်သည်. စစ်ထူယဲ့ဘယ်တုန်းကစပြီး ဒီလောက်ကြင်နာတတ်သွားရတာလဲ?

တကယ်တော့ စစ်ထူယဲ့မှာ ကုနင်းနှင့် အချိန်ပိုကုန်ချင်ပြီး သူမအထင်ကြီးသွားစေချင်လို့ပါ.

သူတို့တောင်နေမယ်ပြောနေမှတော့ ယွီမီရှီအဖေလဲ ထပ်မပြောနေတော့ပါဘူး.

မိနစ်၃၀ကြာပြီးနောက် ခွဲစိတ်နေစဲပေမယ့် ချူးရွှမ်ဖန်ထံအလုပ်ကိစ္စဖုန်းဝင်လာတာကြောင့် ပြန်သွားဖို့ပြင်လိုက်သည်.

ချူးရွှမ်ဖန်သွားမယ်ဆိုတာကြောင့် စစ်ထူယဲ့ဆက်နေခဲ့ဖို့ မသင့်တော်တော့ပါဘူး. ဒါကြောင့် သူမသွားချင်သွားချင်နှင့် ချူးရွှမ်ဖန်နှင့်အတူ ပြန်လာလိုက်ရတော့သည်. သူ့မှာ ဆက်နေဖို့ အကြောင်းပြချက်မှ မရှိတော့ပဲ.

................Book 11 Part164end..............

ဖီးနစ်သွေးစက်

အခန်း ၁၆၅ ချစ်ရင်တောင် ရှင်နဲ့မဆိုင်ဘူး

ဘာသာပြန်သူ - Charm.Y

ခနနေတော့ ဟောင်ရန်တို့အဖွဲ့ ဖြည့်စွက်စာအိတ်၂အိတ်၃အိတ်သယ်ပြီးရောက်လာတာကြောင့် ယွီမီရှီနှင့် သူမအဖေတို့ ထိတ်လန့်သွားကြသည်.

ကုမန့်နေ့မကောင်းတုန်းကလဲ ဒီလိုပုံစံမျိုးမြင်ဖူးထားတာကြောင့် ယွီမီရှီကတော့ အဆင်ပြေသွားပေမယ့် သူမအဖေမှာတော့ တစ်ခါတည်းနဲ့ ဒီလောက်လက်ဆောင်အများကြီးကို တစ်ခါမှ မြင်ဖူးပါဘူး.

မီရှီရဲ့သူငယ်ချင်းအားလုံးက ဘာလို့ ချမ်းသာတဲ့မိသားစုတွေကကြီးဖြစ်နေတာလဲ? ယွီမီရှီအဖေ နည်းနည်းစိုးရိမ်သွားသည်. သူ့သမီးက သူငယ်ချင်းတွေအပေါ်အကျိုးလိုလို့ပေါင်းသင်းနေတာမျိုးဖြစ်မှာ ကြောက်သွားသည်.

ဒါပေမယ့် သူ့စိုးရိမ်မှုကို မထုတ်ဖော်ပြဘဲ သူတို့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်စကားပြောလိုက်သည်.

မိနစ်၂၀ကြာပြီးနောက် ခွဲစိတ်မှုပြီးသွားတာကြောင့် ခွဲခန်းမီးပိတ်သွား၍ သူတိ့အားလုံး ချက်ချင်းထိုနေရာကို သွားလိုက်သည်.

တံခါးဖွင့်လာကာ ဆရာဝန်တစ်ယောက်ထွက်လာပြီး,

"ဒေါက်တာ, ကျွန်တော့်အမျိုးသမီး ဘယ်လိုနေလဲ?"

"ဒေါက်တာ ကျွန်မအမေဘယ်လိုနေလဲ?"

ယွီမီရှီနှင့် သူ့အဖေတို့ စိုးရိမ်ပူပန်စွာမေးလိုက်သည်.

"ခွဲစိတ်မှုအောင်မြင်ပါတယ်. မေ့ဆေးပြယ်တာနဲ့ နိုးလာပါလိမ့်မယ်." ဆရာဝန်က ပြန်ဖြေလိုက်သည်.

ဒီတော့မှ အားလုံးလဲ စိတ်သက်သာရာရသွားတော့သည်.

ပြီးတော့ လူနာကုတင်ကိုတွန်းပြီး လူနာခန်းကို ပြန်သွားလိုက်ကြသည်.

ဗီအိုင်ပီအခန်းကိုရောက်တော့ ကုနင်းက ဟောင်ရန်တို့ကို ယွီမီရှီနဲ့ သူမမိဘတွေစားရန်သွားဝယ်ခိုင်းတော့ ယွီမီရှီ့အဖေက ချက်ချင်းတားလိုက်သည်. သူတို့ကို ထပ်ပြီး အလုပ်မရှုပ်စေချင်ပါဘူး. အဲ့အစား သူတို့ကိုသာ ညစာဖိတ်ကျွေးရန် ယွီမီရှိကို ပြောလိုက်ပေမယ့် ကုနင်းကို ပြန်ငြင်းခဲ့ပါသည်.

အခုချိန်က ယွီမီရှီ့အမေကို အထူးဂရုစိုက်ပေမးဖို့လိုအပ်နေချိန်ဖြစ်တာကြောင့် ယွီမီရှီအဖေကို စောင့်ရှောက်ပေးနေဖို့ပဲ တိုက်တွန်းလိုက်သည်. အဆုံးမှာတော့ ယွီမီရှီ့အဖေလဲ ကုနင်းပြောတာကို လက်ခံလိုက်ရတော့သည်.

ဟောာင်ရန်နှင့် ချင်ကျီရွှမ်းတို့ကတော့ သေချာပေါက် ကုနင်းပြောတဲ့အတိုင်းလုပ်ပေးတာပေါ့.

ထိုအချိန်မှာ, ကုနင်းက ယွီမီရှီ့အမေ ကုတင်နားကို သွားလိုက်ကာ သူမရဲ့ကျောက်စိမ်းမျက်ဝန်းနှင့် ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်လိုက်သည်.

ကုနင်းက စွမ်းအင်တွေအများကြီးစုပ်ယူထားပြီး လူတွေကို အတိုင်းအတာတစ်ခုအထိ ကုသပေးနေနိုင်ပြီမယ့် ဒီလို ဒဏ်ရာအများကြီးကို ကုဖို့အထိတော့ သူမစွမ်းအားက မလုံလောက်သေးပါဘူး.

ယွီမီရှီ့အဖေရဲ့ ခေါင်းထဲက အကြိတ်ကို ဖယ်ပြီးသွားတာကြောင့် ခွဲထားသည့်ဒဏ်ရာလေးပဲကျန်ခဲ့ပါသည်. ကုနင်း သူများတွေမမြင်နိုင်သည့် အဖြူရောင်မြူလင်းတန်းလေးကို ထုတ်ကာ တခြားသူတွေသတိမထားမိသွားအောင် ဒဏ်ရာ၏အတွင်းဘက်ကို ကုသပေးလိုက်သည်. အပြင်ကတော့ အရင်အတိုင်းမထူးခြားသွားဘဲ အတွင်းမှာတော့ ဘာဒဏ်ရာသက်ရောက်မှုမှမရှိတော့ပါဘူး.

ဒါက စွမ်းအားအများကြီးမကုန်သွားတာကြောင့် ဆက်ပြီး ယွီမီရှီ့အမေခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကာ သူမဘာများထပ်လုပ်ပေးလို့ရနိုင်ဦးမလဲ ကြည့်လိုက်သည်. သူမသူငယ်ချင်းအတွက် ဒီ့ထက်မက လုပ်ပေးချင်ပါသည်.

ကုနင်း ထိုသို့ ထပ်စစ်လိုက်တာ ပိုကောင်းသွားပါတယ်. ဘာလို့ဆို ယွီမီရှီ့အမေက နှစ်ပေါင်းများစွာ ထိခိုက်ပြီး နေမကောင်းဖြစ်ခဲ့တာတွေရှိ၍ သူမအစာအိမ်က အနည်းငယ်ပစ္စည်းစပြုနေပါသည်.

ကုနင်းချက်ချင်း ထိုပျက်စီးနေသည့် အစာအိမ်သို့ စွမ်းအားတွေထည့်သွင်းလိုက်သည်. ဒီတစ်ခါတော့ သူမစွမ်းအားအများကြီးသုံးလိုက်ရ၍ အနည်းငယ်ပင်ပန်းသွားရသည်. တော်သေးလို့ သူမစွမ်းအားရဲ့ တစ်ဝက်လောက်က ကျန်နေပါသေးသည်.

ကုနင်းလုပ်သွားတာက အရမ်းမြန်တာကြောင့် ဘယ်သူမှ သတိမထားမိလိုက်ကြပါဘူး.

ကုနင်းအစက ဒီည ယွမ်တိုင်တောင်ပေါ်မှာ ရတနာရှာဖို့ စီစဉ်ထားပေမယ့် နောက်ကျနေပြီဖြစ်တာကြောင့် လက်လျှော့လိုက်ရတော့သည်.

ကုနင်းနဲ့ကောင်လေးတွေပြန်သွားကြတော့ ယွီမီရှီက သူမနှင့်ကုနင်း ဆွေးနွေးခဲ့သည့် ကိစ္စကို သူမအဖေအားပြောပြလိုက်သည်. သူမအဖေကို သူမအမေရဲ့ ကျန်းမာရေးရော ငွေကိစ္စပါ စိုးရိမ်နေတာမျိုး မဖြစ်စေချင်ပါဘူး.

ထိုသတင်းကို ကြားတော့ ယွီမီရှီ့အဖေမှာ ကြောင်အသွားရသည်. သူထိတ်လန့်အံ့ဩမိတာက ကုနင်း ငယ်ငယ်ရွယ်ရွယ်နှင့် စီးပွားရေးတစ်ခု စတင်နိုင်လို့ပါ.

ကုနင်းက အဲ့လိုပြောခဲ့ပေမယ့် သူကတော့ သူမအတွက် တစ်ခုခုပြန်လုပ်ပေးဖို့ လိုနေတုန်းလို့ ခံစားရပါသေးသည်. ဒါပေမယ့် ငွေပြန်ပေးဖို့ကြ သူတို့မိသားစုက အလွန်ဆင်းရဲတာကြောင့် ယွီမီရှီကိုသာ စာကြိုးစားလေ့လာပြီး အနာဂါတ်မှာ ကုနင်းကို ကူညီပေးဖို့ သတိပေးလိုက်သည်. ကုနင်းက သူမအမေရဲ့ အသက်ကို ကယ်တင်ပေးထားတာပဲလေ.

ကုနင်းသာ အချိန်မှီမကူညီပေးခဲ့ရင် သူမအမေမှာ သေဖို့ကိုသာစောင့်ဖို့ပဲရှိပါတော့သည်.

နောက်တစ်နေ့,

ကုနင်း ဇုံGကနေထွက်ထွက်ချင်း လင်ရှောင်းထင်ကို အနက်ရောင်ဝတ်စုံနှင့် သူမကို စောင့်နေသည်အားတွေ့လိုက်သည်.

လင်ရှောင်းထင် ရုတ်တရက်ပေါ်လာတာကို ကုနင်းအံ့ဩမိပေမယ့် ဝမ်းလဲဝမ်းသာပါသည်.

သူက ဘာလို့ဒီရောက်နေတာလဲ? ဘာလာလုပ်တာလဲ? ငါ့ကို လာရှာတာလား? ဘာလို့ငါ့ဆီလာတာလဲ? ကုနင်းစိတ်ထဲ မေးခွန်းတွေတသီကြီးရောက်လာပြီးတော့မှ သူမအခုထိ သူ့ကို စိတ်ဆိုးနေသေးမှန်း ပြန်သတိရသွားသည်.

ဒါကြောင့် လင်ရှောင်းထင်ကို လျစ်လျူရှုကာ ဆက်လျှောက်သွားလိုက်သည်.

လင်ရှောင်းထင် ဝမ်းနည်းမှုတစ်ဝက် စိတ်လှုပ်ရှားမှုတစ်ဝက်ဖြင့် ကုနင်းကို လှမ်းတားလိုက်သည်,

"နေပါဦး."

ကုနင်းဆက်လျှောက်သွားချင်ပေမယ့် အဆုံးမှာတော့ ရပ်ပေးလိုက်ကာ,

"ဘာလဲ?"

"မင်းချစ်ဖို့အတွက် အရမ်းငယ်သေးတယ်လို့ ငါထင်တုန်းပဲ. မင်းစာကိုပဲ ပိုလေ့လာသင့်တယ်." လင်ရှောင်း စိုးရိမ်စွာနဲ့ပြောလိုက်သည်.

ဘာ? ကုနင်းဒေါသထွက်သွားသည်. သူဒီကိုလာတာ ငါကငယ်သေးလို့ အချစ်မရှာဖို့ပြောချင်လို့လား? သူဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ?

ကုနင်းလှည့်ကာ သူ့ကို အော်လိုက်သည်,

"ကျွန်မချစ်ချစ် မချစ်ချစ် ရှင့်ကိစ္စမဟုတ်ဘူး! ရှင့်ကို ရှင်ဘယ်သူလို့ထင်နေလဲ? အသိစိတ်လေးကပ်ဦး! ကျွန်မကြားတာတော့ ရှင်မှာ တခါမှ ကောင်မလေးမရှိဖူးဘူးဆို. ရှင်က ခြောက်နေတာလား?"

ပြီးသွားတာနဲ့ ကုနင်းချက်ချင်းလှည့်ထွက်သွားလိုက်သည်.

လင်ရှောင်းထင်မှာတော့ ဆွံ့အမှင်တက်နေစဲပါပဲ. ကုနင်းဘာလို့ ဒီလောက်စိတ်ဆိုးနေလဲဆိုတာ သူနားမလည်နိုင်ဘူး. သူမကောင်းဖို့အတွက်ပြောခဲ့တာလေ! သူတခါမှ ကောင်မလေးရည်းစားမထားခဲ့ဘူးဆိုတာက ဘယ်မိန်းမမှ သူ့နှလုံးသားကို လှုပ်ရှားအောင်မလုပ်နိုင်လို့လေ. ခြောက်နေလို့မဟုတ်ရပါဘူး!

ကုနင်းအထင်လွဲနေတာကိုသိရ၍ လင်ရှောင်းထင် သူမနောက်ကို ချက်ချင်းလိုက်သွားကာ,

"ငါမခြောက်ဘူး."

"ဂရုမစိုက်ဘူး." ကုနင်းဒေါသနှင့်ပြန်ပြောလိုက်သည်.

"ငါတကယ်အခြောက်မဟုတ်ဘူး." လင်ရှောင်းထင် ဆက်ပြီးရှင်းပြနေသည်.

"ကျွန်မပြောပြီးပြီလေ. ဂရုမစိုက်ဘူး....." ကုနင်း သူမနောက်မှာ လင်ရှောင်းထင်ပါလာမယ်လို့မထင်တာကြောင့် ချင်းချင်းရပ်လိုက်တော့ သူမကျောနဲ့ တိုက်မိသွားကာ အရှိန်မထိန်းနိုင်ပဲ လဲကျသွားတော့သည်.

"အား!!!"

ကံကောင်းစွာပဲ, လင်ရှောင်းထင်က အလွန်သွက်လက်တာကြောင့် သူမခါးကနေ လှမ်းဆွဲမိသွားတာကြောင့် ကုနင်းတစ်ဖန် သူမရဲ့ ကျောပြင်နှင့် လင်ရှောင်းထင်က ရင်ဘက်ထပ်တိုက်မိသွားပြန်သည်. ပြီးတော့ လင်ရှောင်းထင်၏ အထိမခံနိုင်သည့်နေရာကိုလဲ သူမထိမိသွားတာကြောင့် နှစ်ယောက်လုံး မျက်နှာအမူအရာတွေပြောင်းကုန်ကြတော့သည်.

အရင်ဘဝတုန်း ကုနင်း ချီကျီယွဲ့ နှင့် ၄နှစ်တွဲခဲ့တာတောင် သူတို့တစ်ခါမှ အတူမအိပ်ခဲ့ဖူးတာကြောင့် ကုနင်းက အခုထိ အပျိုစင်တစ်ယောက်ဖြစ်နေတုန်းပါ.

သေချာပေါက် လင်ရှောင်းထင်သည်လဲ လူပျိုလေးတစ်ယောက်ပေါ့.

All Chapters