← Chapters

အခန်း (၁၆၆-၁၇၀)

Vol. 12 Ch. 166-170

အခန်း (၁၆၆-၁၇၀)

Vol. 12 Ch. 166-170

အခန်း ၁၆၆ ယဉ်ကျေးမှုအရပါ.

လင်ရှောင်းထင် ချက်ချင်းပြန်လှည့်သွားကာ စိတ်ထကြွနေတော့တယ်. အခုချိန် ရေအေးအေးလေးနဲ့ ချိုးလိုက်ဖို့ အရမ်းလိုအပ်နေပြီ.

ကုနင်း သတိမထားမိခင် သူမကို ထားခဲ့ကာ လင်ရှောင်းထင်ပြန်ပြေးသွားတော့သည်. သူ့ရဲ့ တုံ့ပြန်မှုအရ သူခြောက်လား မခြောက်လား အထူးတလည်ပြန်ရှင်းပြပေးနေစရာမလိုတော့ပါဘူး.

ထိုအချိန်မှာပဲ ကုနင်းလဲ ဘာဖြစ်ခဲ့မှန်း သတိပြုမိသွားကာ ချက်ချင်း ဖန်ဟွားအဆင့်မြင့်အိမ်ရာကနေပြေးထွက်ပြီး ကျောင်းကို မြန်မြန်ရောက်အောင်သွားတော့သည်.

သူမရှက်ရွံ့ပြီး စိတ်လှုပ်ရှားလွန်းလို့ နှလုံးတောင် အပြင်ကို ခုန်ထွက်တော့မလိုဖြစ်နေကာ စိတ်ထဲကနေ လင်ရှောင်းထင်ကို အပြစ်တင်နေလိုက်သည်.

သူနဲ့သာမတိုက်မိခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ပေမယ့် ဒါက လင်ရှောင်းထင်ရဲ့အမှားတော့လဲ မဟုတ်ပါဘူး. သူမရုတ်တရက်ကြီး ရပ်လိုက်မိတာကြောင့်သာ လင်ရှောင်းထင်နှင့် တိုက်မိတာဖြစ်ပြီး သူလဲ ထိုသို့ဖြစ်သွားလိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ.

ကုနင်းရောင်းရောက်တော့ စိတ်ပြန်ငြိမ်လုနီးပါးဖြစ်သွားကာ ကျောင်းဘောလုံးကွင်းကို ဦးတည်လိုက်သည်. ယွီမီရှီလဲ ထိုနေရာတွင်ရှိနေတာကြောင့် ကုနင်းမေးလိုက်သည်,

"မီရှီ, နင့်အမေသတိရလာပြီလား?"

ယွီမီရှီ အနည်းငယ်ဖြူဖျော့နေပေမယ့် အပြုံးတွေကတော့ တောက်ပနေကာ,

"ည၁၂နာရီလောက်ကပဲ ငါ့အမေ သတိရလာတယ်. ဆရာဝန်တွေပြောတာတော့ တော်တော်ပြန်ကောင်းသွားပြီတဲ့, တစ်ပတ်လောက်နေတာနဲ့ ဆေးရုံဆင်းလို့ရပြီ. ငါလဲအပျော်လွန်ပြီး WeChatကနေ နင်တို့အားလုံးကို စာပို့ပြောဖို့ မေ့သွားတာ!"

"ရပါတယ်. ဒီစကားကြားတာနဲ့ကို ဝမ်းသာပါတယ်." ကုနင်းပြောလိုက်သည်.

"နင်းနင်း, ငါတို့ပြောခဲ့တဲ့ကိစ္စ ငါ့အဖေကို ပြောပြလိုက်တော့ နောင်ကျ နင့်ကို ကူညီနိုင်ဖို့ ငါစာကြိုးစားလို့ရအောင် ပံ့ပိုးပေးမယ်တဲ့." ယွီမီရှီ သူမအဖေပြောထားတာကို ပြန်ပြောပြလိုက်သည်.

"ကောင်းတာပေါ့! ငါ့ကိုစိတ်မပျက်စေနဲ့နော်." ကုနင်း သူမကို အားပေးလိုက်သည်.

"မပျက်စေရဘူး." ယွီမီရှီမှာ အခုတော့ မျှော်လင့်ချက်အပြည့်ရှိနေပြီဖြစ်တာကြောင့် ကုနင်းကို ဘယ်တော့မှ စိတ်ပျက်ရအောင်မလုပ်ပါဘူးလို့ ကတိပေးလိုက်သည်.

"နင်တို့ဘာတွေပြောနေကြတာလဲ?" မလှမ်းမကမ်းမှာရပ်နေသည့် ချူးဖေ့ဟန်က သူမတို့စကားပြောနေတာတော့သိပေမယ့် ဘာပြောနေလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမကြားရပါဘူး. ဒါကြောင့် သူမတို့စကားဝိုင်းထဲ ဝင်လိုက်သည်.

"ငါတို့ မကြာခင်ရောက်လာတော့မယ့် တစ်စုံတစ်ယောက်ရဲ့မွေးနေ့အတွက် ဘာလက်ဆောင်ပေးရင်ကောင်းမလဲ တိုင်ပင်နေကြတာ." ထိုအကြောင်းတကယ်ကြီးတွေးနေသလို ကုနင်းဟန်ဆောင်လိုက်သည်. အလုပ်ကိစ္စကိုတော့ လောလောဆယ် သူမနှင့် ယွီမီရှီနှစ်ဦးကြားထဲက လျှို့ဝှက်ချက်အနေနဲ့ပဲထားထားချင်ပါသေးသည်.

"တစ်ယောက်ယောက်မွေးနေ့? ဘယ်သူလဲ?" ချူးဖေ့ဟန် စိတ်လှုပ်ရှားသွားသည်. မွေးနေ့ဆိုမှတော့ ပါတီပွဲလဲလာတော့မယ်လေ.

"ဘယ်သူ့မွေးနေ့လဲ?" ဟောင်ရန်တို့ ကောင်လေးတွေလဲ အနားကို ရောက်လာကြသည်. သူတို့သူငယ်ချင်းရဲ့ မွေးနေ့ဆို သေချာပေါက် သူတို့လဲ ပါဝင်ဆင်နွှဲပေးရမှာပေါ့.

ကုနင်း မျက်စံကို ဝေ့လိုက်ရင်း ချူးဖေ့ဟန်ကို ကြည့်ကာ,

"ငါ့အထင်တော့ အဖြေက အသိသာကြီးပါ!."

ချူးဖေ့ဟန် ဆွံ့အသွားပြီးမှ သူမမွေးနေ့က လဝက်ပဲလိုတော့မှန်း သတိရသွားတော့သည်.

ကိုယ့်မွေးနေ့ကိုယ်တောင် သူမမေ့နေခဲ့တာပဲ! ချူးဖေ့ဟန် အနည်းငယ်ရှက်သွားပြီး ပျော်လဲပျော်သွားသည်,

"ဟ-ဟ! ငါ့မွေးနေ့က လဝက်ပဲလိုတော့တာပဲ! ဘယ်လိုလုပ်မေ့နေပါလိမ့်! ဘော့စ်, နင်ဘယ်လိုလုပ်သိတာလဲ? ငါပြောပြမိတယ်လို့တော့မထင်ဘူး." ချူးဖေ့ဟန် အရမ်းသိချင်သွားသည်.

"နင်ငါ့ကိုပြောပေမယ့် ငါမြင်ခဲ့တယ်လေ. အရင်တစ်ခေါက် ငါတို့အခန်းငှားတုန်းက နင့်အိုင်ဒီကဒ်ကနေတွေ့ခဲ့တာ." ကုနင်းပြန်ဖြေလိုက်သည်.

"ဘာ?"

ထိုစကားကိုကြား‌တော့ ချူးဖေ့ဟန်တင်မကပဲ ကျန်တဲ့လူအားလုံးပါ ထိတ်လန့်သွားကြသည်. ကုနင်းမှာ ဘယ်လိုတောင်ကောင်းတဲ့ မှတ်ဉာဏ်ရှိနေတာလဲ!

ဒါ့အပြင် သူတို့မျက်လုံးထဲမှာ နတ်ဘုရားမတစ်ပါးလို မြင်လာတာကြောင့် သူမရဲ့မယုံနိုင်စရာစွမ်းရည်တွေကို ရှာဖွေဖော်ထုတ်ချင်စိတ်တွေ ထက်သန်လာကြသည်.

"ဘော့စ်, မယုံနိုင်စရာပဲ! ငါနင်တို့အားလုံးအတွက် အစားအသောက်ကောင်းတွေနဲ့ အရမ်းခမ်းနားတဲ့ ပါတီတစ်ခုကျင်းပပေးမယ်! လက်ဆောင်ကိုတော့စိတ်ထဲမထားနေကြနဲ့." ချူးဖေ့ဟန် ပြောလိုက်သည်.

ဒီတော့ ကုနင်းက, "ကောင်းပြီလေ. အစက ငါတန်ဖိုးကြီးလက်ဆောင်တစ်ခုနင့်အတွက်ပြင်ပေးမလိုလုပ်နေတာ. နင်ကဒီလိုပြောလာတော့လဲ အဆင်ပြေပါတယ်. ငါ့ငွေအများကြီးမကုန်တော့ဘူးပေါ့."

ထိုစကားကိုကြားတော့ ချူးဖေ့ဟန် ဟန်တောင်မဆောင်နိုင်တော့ပဲ စိတ်လှုပ်ရှားစွာနဲ့ အမြန်ပြန်ပြောလိုက်သည်,

"ဘော့စ်, ငါက စကားအဖြစ်ပြောတာပါ. အတည်ကြီးမမှတ်လိုက်နဲ့လေ!"

ဒီတော့ အားလုံးလဲ ရယ်ကြတော့သည်.

ဖန်ဟွားအဆင့်မြင့်အိမ်ရာတွင်,

ရှုကျင်းချန်၏အိမ်၌ ရေအေးအေးလေးချိုးပြီးသွားသည့် လင်ရှောင်းထင်တစ်ယောက် ဆိုဖာပေါ်ထိုင်ရင်း အတွေးနယ်ချဲ့နေမိသည်.

မထင်မှတ်ထားတဲ့ သူ့ခန္ဓာကိုယ်၏တုန့်ပြန်ခဲ့မှုကြောင့် ကုနင်းအပေါ်သူ့ရဲ့ ခံစားချက်တွေ ပိုမို ကြီးထွားလာခဲ့သည်. သူမိန်းမတစ်ယောက်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးတာကြောင့် ကုနင်းကို သူချစ်မိနေမှန်း မသချောခဲ့တာဖြစ်ပေမယ့် သူမမပျော်ရွှင်တာကို မြင်ရရင် သူလဲစိတ်ပျက်မိတယ်. ဒါကြောင့် ဥပဒေနှင့် မကိုက်ညီတာတောင်မှ ကုနင်းကို သေနတ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်.

ရှုကျင်းချန် ကုနင်းကို လိုက်မယ်လို့ပြောတုန်းကလဲ လင်ရှောင်းထင်မကျေမနပ်ဖြစ်ခဲ့သည်, ဒါကြောင့် ရှုကျင်းချန်ကို သူနှင့်အတူ တာဝန်လုပ်ဆောင်ဖို့ ဖိအားပေးခဲ့ကာ ကုနင်းနဲ့ မနီးစပ်သွားအောင် ကာကွယ်ခဲ့ခြင်းဖြစ်သည်.

ကုနင်းက သူမ သူ့ကို သဘောကျနေကြောင်း အရိပ်အမြွှက်ပေးခဲ့စဉ်က တစ်ညလုံး နှလုံးခုန်တွေမြန်ကာ အိပ်မရဖြစ်ခဲ့သည်.

ကုနင်းက သူမကို တစ်စုံတစ်ယောက်က ချစ်ခွင့်ပန်ကြောင်းပြောခဲ့တုန်းကလဲ လင်ရှောင်းထင် စိတ်ထဲ အလွန့်အလွန်ကို မသက်မသာဖြစ်ခဲ့သည်. ဒါကြောင့် သူမကို တားရန် မြို့တော်Fကို အလောတကြီးပြန်လာခဲ့ခြင်းဖြစ်သည်.

သူမအကြောင်းတွေးလိုက်မိသည်နှင့် စိတ်အေးချမ်းသွားသလို ပျော်ရွှင်မှုကိုလဲ အကြောင်းပြချက်မရှိခံစားလိုက်ရသည်. ပြောရရင် သူတကယ်ကို ကုနင်းအားချစ်မိနေပြီပဲ.

ရုတ်တရက်မြည်လာသည့် ဖုန်းသံက လင်ရှောင်းထင်ရဲ့အတွေးတွေကို ဖြတ်တောက်လိုက်တာကြောင့် သူအနည်းငယ်မကျေမနပ်ဖြစ်သွားပေမယ့် ပြန်တော့ဖြေလိုက်ပါသေးသည်.

ခေါ်ဆိုသူမှာ ရှုကျင်းချန်ဖြစ်ပြီး လင်ရှောင်းထင် ဖုန်းပြန်ဖြေလိုက်သည်နှင့် တပြိုင်နက်,

"ဟေး! ဘော့စ်, အခုဘယ်မှာလဲ?"

"ဘာကိစ္စရှိလို့လဲ?" လင်ရှောင်းထင်ပြန်မေးလိုက်သည်.

ဒီတော့ ရှုကျင်းချန်က ,

"ဘာမှမတော့မဟုတ်ပါဘူး. ငါအခုဘာမှလုပ်စရာမရှိလို့ အဲ့ဒါကြောင့် ငါကြိုက်တဲ့ မိန်းကလေးအရှာထွက်တော့မယ့် အကြောင်းမင်းကိုပြောပြချင်လို့. ငါ့မိသားစုက စီစဉ်ပေးမယ့် ကြင်ဖက်တွေ့ပွဲကိုတော့မသွားချင်ဘူးလေ."

သူကြိုက်တဲ့ မိန်းကလေး?

ရုတ်တရက် ရှုကျင်းချန်ပြောဖူးသည့် ကုနင်းကို လိုက်ချင်တယ်ဆိုတဲ့စကားကို လင်ရှောင်းထင်ပြန်အမှတ်ရသွားကာ အခုလဲ ကုနင်းကို လိုက်မလို့ပြောခြင်းဖြစ်မည်ဟုတွေးလိုက်မိသည်. ဒါကြောင့် တုံ့ဆိုင်းမှုမရှိပဲ သဘောမတူကြောင်းပြောလိုက်သည်.

"မင်းအဲ့လိုလုပ်လို့မရဘူး!"

"ဘာ? ဘာလို့လဲ?" ရှုကျင်းချန် ဆွံ့အသွားရသည်,

ဒီတော့ လင်ရှောင်းထင်က, "ငါပြန်လာတဲ့အထိစောင့်ဦး,"

"မင်းက ဘယ်တော့ပြန်လာမှာလဲ?" ရှုကျင်းချန် ပြန်မေးလိုက်သည်.

"မကြာခင်ပေါ့." တကယ်တော့ မကြာခင်ဆိုတာ ဘယ်အချိန်မှန်းမသိသေးဘဲ သူ့စိတ်အပေါ်မှာမူတည်ပါသည်. ဒီလို သူ့ဘော့စ်ရဲ့အလိမ်ခံရတာက ရှုကျင်းချန်အတွက် ပထမဆုံးအချိန်တော့မဟုတ်ပါဘူး.

နေ့လည်ရောက်တော့ , ကျိုးကျန်းဟုန်က Jade Beautyဆိုင်၏ ကြော်ငြာဓါတ်ပုံကို ကုနင်းထံပို့ခဲ့ကာ ကုနင်းရဲ့အမြင်ကို မေးသည်. ဒါကသိမကောင်းသေးရင် ပြန်ပြင်ဖို့ အချိန်လုံလုံလောက်လောက်ရှိနေသေးသည်လေ. ကုနင်းသာသဘောကျတယ်ဆိုရင်တော့ အခုချက်ချင်းပုံကို ထုတ်ကာ ကြော်ငြာအစီအစဉ်စလုပ်တော့မည်ဖြစ်သည်

ကုနင်း ခနကြည့်လိုက်ပြီး သူမလဲသဘောကျတာကြောင့် ကျိုးကျန်းဟုန် ပုံထုတ်ဖို့သွားလိုက်သည်.

နေ့ခင်းအတန်းတွေပြီးသွားတော့ မုခယ်နှင့်အန်းရီပဲ အတန်းတက်ကာ ကျန်တဲ့လူတွေအားလုံးက အတူတူကျောင်းကထွက်လာကြသည်.

ယွီမီရှီကလဲ သူမအမေကို သွားတွေ့ရမှာဖြစ်တာကြောင့် ညနေခင်းအတန်းကို ခွင့်တိုင်လိုက်သည်.

သူတို့တစ်ယောက်နှင့်တစ်ယောက်နှုတ်ဆက်ပြီးသွားတော့ ကုနင်းလဲ အိမ်ပြန်ဖို့ပြင်လိုက်တယ်. လမ်းမှာလူလဲရှင်းတာကြောင့် ကုနင်းပြေးသွားဖို့ပဲစီစဉ်လိုက်သည်. သိပ်ဝေးဝေးမရောက်သေးခင်မှာပဲ သူမနားကို အနက်ရောင်Maseratiတစ်စီးရပ်လာကာ မှန်တံခါးကို ချလိုက်သည်. အထဲမှလူသည်တော့ စစ်ထူယဲ့ပဲဖြစ်သည်.

"ဝင်လေ, ငါအိမ်ပြန်လိုက်ပို့ပေးမယ်!" စစ်ထူယဲ့ပြောလိုက်သည်.

"မလိုတော့ပါဘူး. ကျေးဇူးပဲ." ကုနင်းငြင်းလိုက်တော့,

"ဒါလူတစ်ယောက်ကို အိမ်ပြန်လိုက်ပို့ပေးဖို့ ငါကိုယ်တိုင်ခေါ်တာ ပထမဆုံးအကြိမ်ပဲ. ငါ့ကိုမျက်နှာသာလေးပေးပါဦး." စစ်ထူယဲ့ထပ်ပြောလိုက်သည်.

စစ်ထူယဲ့ဒီလိုတောင်ပြောပြီဆိုမှတော့ ကုနင်းလဲ သူ့စေတနာကို ငြင်းပြီးစိတ်မကောင်းဖြစ်စေချင်တာကြောင့် ကားထဲဝင်လိုက်တော့သည်. ဒါပေမယ့် ရှေ့ခန်းမှနှစ်ယောက်မှာတော့ ထိတ်လန့်အံ့ဩနေကြသည်. သူတို့ဘော့စ် ဘယ်တုန်းကစပြီး ဒီလောက်ကြင်နာ နူးညံ့သွားတာလဲ?

...............Part 166 Book 12.....................

အခန်း ၁၆၇ လင်ရှောင်းထင် မိန်းကလေးတစ်ယောက်ကို စတင်ပိုးပန်းခြင်း

"သွားရအောင်! ဖန်ဟွားအဆင့်မြင့်အိမ်ရာကို " စစ်ထူယဲ့အမိန့်ပေးလိုက်သည်.

စစ်ထူယဲ့၏အသံကို ကြားသည်နှင့် မောင်းသူနေရာမှ လူသည်ချက်ချင်းကားကို ဖန်ဟွားအဆင့်မြင့် အိမ်ရာဘက်ကို မောင်းထွက်လိုက်သည်.

စစ်ထူယဲ့၏Meseratiနောက်တွင်တော့ အနက်ရောင် Land Roverတစ်စီးရှိနေတာကို ဘယ်သူမှသတိမထားမိဘဲ ထိုထဲမှာထိုင်နေသည့် အမျိုးသားသည် ကုနင်းကိုပဲ တစ်ချန်လုံး မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်.

ကုနင်း စစ်ထူယဲ့၏ကားထဲဝင်ပြီး မောင်းထွက်သွားသည်ကိုမြင်တော့ ထိုလူ့အကြည့်တွေက အေးစက်ပြီး ဝမ်းနည်းရိပ်တွေသန်းလာခဲ့သည်. ထိုလူကတော့ လင်ရှောင်းထင်ပါပဲ.

လင်ရှောင်းထင် အတွေးနယ်ချဲ့ပြီးနောက်မှာ သူကုနင်းကို ချစ်မိနေပြီမှန်းသိသွားတာကြောင့် သူမဆီကိုလာခဲ့ပေမယ့် မမျှော်လင့်ထားစွာပဲ သူနောက်ကျသွားခဲ့သည်. ထိုကားပိုင်ရှင်က ဘယ်သူမှန်းမသိတောကြောင့် နောက်ကနေသာ တစ်လျှောက်လုံးဆက်လိုက်သွားတော့သည်.

တစ်ချိန်ထဲမှာပဲ အရှေ့ကကားထဲတွင်တော့ ကုနင်းနှင့် စစ်ထူယဲ့တိ့စကားပြောနေကြသည်. ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ရောက်ခါနီးတော့ စစ်ထူယဲ့က ကုနင်းနဲ့ ဖုန်းနံပါတ်လဲလိုက်ကြပြီး တကယ်လို့မြို့တော်Gတွင် သူမတစ်စုံတစ်ရာအခက်အခဲရှိခဲ့ပါက သူ့ကို အချိန်မရွေးဆက်သွယ်နိုင်ပြီး သူ့တွင် ဂိုဏ်းတွေ အစိုးရပိုင်းတွေနှင့် အဆက်အသွယ်ရှိကြောင်းပြောခဲ့သည်.

ရှေ့ခန်းတွင်ထိုင်သည့်၂ယောက်မှာတော့ ထပ်မံထိတ်လန့်သွားကြပြန်သည်. သူတို့ဘော့စ် ဘယ်ချိန်ကစပြီး ဒီလောက် ကိုယ်ကျိုးမငဲ့ကူညီချင်စိတ်တွေရှိသွားတာလဲ? ဒါပေမယ့် သူတို့လန့်သွားရင်တောင် ထုတ်ပြောဖို့အထိတော့ မလုပ်ရဲကြပါဘူး. ထိုသို့သာလုပ်မိရင် အရမ်းကိုဆိုးဝါးသည့်ကိစ္စဖြစ်သွားနိုင်သည်လေ.

ကုနင်းကတော့ သေချာပေါက် ဘယ်ငြင်းမလဲ. သူမ အကူအညီတွေလိုအပ်နေသည်လေ.

ကုနင်း ထိုလူက ချင်ဂိုဏ်းနှင့် အဆက်အသွယ်ရှိနေတာများလားလို့ သံသယဝင်ခဲ့သည်. အခုတော့ စစ်ထူယဲ့ကိုယ်တိုင်ကပြောလာတော့ သူက ချင်ဂိုဏ်းနှင့် ရင်းရင်းနှီးနှီးဆက်ဆံရေးရှိသည့်လူမှန်း ကုနင်းပိုသေချာသွားတော့သည်.

တကယ်လို့မင်းသာ ဂိုဏ်းတစ်ခုခုကို စိတ်အနှောင့်အယှက်ပြုမိလျှင် မင်းရဲ့ဘဝနဲ့ရင်းပြီး ပြန်တိုက်ခိုက်ရပါလိမ့်မယ်.

ဒါကြောင့် အဆက်အသွယ်ကောင်းတွေတည်ဆောက်ထားဖို့အဆိုတာ အလွန်အရေးကြီးသည့် အချက်ဖြစ်နေခြင်းဖြစ်သည်.

ဖန်ဟွားအဆင့်မြင့်အိမ်ရာကိုရောက်တော့ ကုနင်းကားပေါ်ကဆင်းလိုက်ကာ အထဲမဝင်ခင် စစ်ထူယဲ့ကို ကျေးဇူးတင်စကားပြောလိုက်သည်. ဒါပေမယ့် စစ်ထူယဲ့တို့ကားသည် ချက်ချင်းမထွက်သွားသေးပဲ ကုနင်းကိုမြင်ကွင်းထဲမှပျောက်သည်အထိ ကားမှန်ကိုချကာ လိုက်ကြည့်နေသည်.

ဒါကြောင့်ပဲ ကားထဲမှလူတွေကို လင်ရှောင်းထင် မသွားခင်မြင်လိုက်ရသည်.

ကုနင်းလမ်းတစ်ဝက်လောက်ရောက်တော့ သူမဘေးမှာနောက်ထပ်ကားတစ်စီးထပ်ရပ်လာပြန်ကာ ထိုထဲမှ လင်ရှောင်းထင်ထွက်လာခဲ့သည်.

လင်ရှောင်းထင်ကို မြင်တော့ ချက်ချင်းမနက်ကဖြစ်ရပ်ကို ကုနင်းပြန်သတိရသွားကာ အနည်းငယ်စိတ်လှုပ်ရှားသွားပေမယ့် စက္ကန့်ပိုင်းအတွင်း သူမမျက်နှာအမူအရာကို ပြန်ပြောင်းလိုက်သည်.

လင်ရှောင်းထဲ ဒဲ့ပဲ သူမကို မေးလိုက်သည်,

"မင်းကို ချစ်ခွင့်ပန်တဲ့ယောက်ျားက အခုပြန်လိုက်ပို့တဲ့လူနဲ့တစ်ယောက်ထဲပဲလား?"

လင်ရှောင်းထဲ၏ ထိုလေသံမျိုးနှင့် အပြောခံရတာကြောင့် ကုနင်း မကျေနပ်ဖြစ်သွားသည်.

"ဒါက ရှင်နဲ့ဆိုင်မယ်လို့မထင်ဘူး. ရှင့်ကိစ္စမဟုတ်ဘူး!" ကုနင်းပြန်ပြောလိုက်သည်.

ကုနင်းရဲ့ အပြုအမူကြောင့် လင်ရှောင်းထင် သူမှန်းတာမှန်သွားပြီလို့တွေးမိတာကြောင့် သူ ဆက်ပြီး ဖျောင်းဖျလိုက်သည်,

"မင်းနဲ့မလိုက်ဘူး. သူက အန္တရာယ်များတယ်."

ကုနင်း မျက်မှောင်ကြုတ်သွားသည်. လင်ရှောင်းထင်က သူ့ကို သိနေတာလား? ဒါကြောင့် သူမသိချင်စိတ်ဖြစ်စွာ,

"ဘာလို့ အန္တရာယ်များတာလဲ? သူ့ရဲ့အကြောင်းကို သိလို့လား?"

"သူက ချင်ဂိုဏ်းရဲ့ဘော့စ် စစ်ထူယဲ့ပဲ." လင်ရှောင်းထင်၏ပြန်ဖြေသံတွင် ချင်ဂိုဏ်းကို မနှစ်မြို့မှုတွေပါဝင်နေသည်.

"ဘာ?" ကုနင်း သတိလစ်မလိုဖြစ်သွားသည်.

ထိုလူက ချင်ဂိုဏ်းနှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိမယ်လို့ သူမခန့်မှန်းပြီးသားဖြစ်ပေမယ့် မမျှော်လင့်ထားစွာပဲ သူကဘော့စ်ဖြစ်နေတယ်တဲ့လား!

စစ်ထူယဲ့၏ နောက်ခံအစစ်အမှန်ကို ကြားလိုက်တော့ ဒါက သတင်းကောင်းလို့တောင် တွေးလိုက်မိသည်.

"ချင်ဂိုဏ်းရဲ့ဘော့စ်တဲ့လား. မဆိုးဘူးပဲ! ဒါဆို ဘယ်ပြဿနာမဆို စက္ကန့်ပိုင်းအတွင်းတောင်ဖြေရှင်နိုင်လိမ့်မယ်." ကုနင်း ဂုဏ်ယူနေတဲ့လေသံနှင့်ပြောလိုက်သည်.

ထိုစကားကို ကြားတော့လင်ရှောင်းထင်မကျေမနပ်ဖြစ်သွားကာ ချက်ချင်းပြန်ခံပြောလိုက်သည်.

"ငါလဲ ကူညီနိုင်တယ်. ပြီတော့ သူ့ထက်ပိုတော်တယ်."

ဒါသည် လင်ရှောင်းထင် တခြားသူထက်ကိုယ့်ကိုကိုယ် ဂုဏ်တင်ပြောဆိုတာ ပထမဆုံးအကြိမ်ပဲ.

ကုနင်း အံ့ဩသွားပေမယ့် ဒါ လင်ရှောင်းထင် ကြွားရုံကြွားနေတာမဟုတ်မှန်း သူမသိပါသည်. သူမလင်ရှောင်းထင်ရော စစ်ထူယဲ့နဲ့ပါ တိုက်ခိုက်ကြည့်ဖူးပြီး လင်ရှောင်းထင်က စစ်ထူယဲ့ထက်ပိုတောင်တာတော့အမှန်ပါပဲ. ဒါပေမယ့် ဝံပုလွေတစ်ကောင်က ဝံပုလွေအုပ်စုကိုတော့ မနိုင်နိုင်ဘူးလေ! သန်မာသည့် အဖွဲ့တစ်ခုရှိဖို့က အရေးကြီးဆုံးဖြစ်သည်.

ကုနင်း သူ့ကိုသံသယဝင်ပြီး စစ်ထူယဲ့ကိုတော့ လေးစားနေခြင်းကို လင်ရှောင်းထင်မုန်းမိသလို နာကျင်မိသည်.

"ငါ့ရဲ့ နောက်ခံအစစ်အမှန်အကြောင်း မင်းကို အခုတော့ မပြောနိုင်သေးပေမယ့် ဘာပဲဖြစ်ဖြစ် ငါလုပ်ပေးနိုင်တယ်လို့ ကတိပေးတယ်. သူ့ထက်လဲပိုပြီးတော်တယ်." လင်ရှောင်းထင် ယုံကြည်မှုအပြည့်နှင့်ပြောလိုက်သည်.

ကုနင်းကတော့ လင်ရှောင်းထင်၏ဂုဏ်ဖော်တတ်နေမှုကို အခုချိန်ထိမသိခဲ့ပါဘူး.

သူမဆွံ့အသွားခဲ့ပါဘူးပြီးတော့ သူ့ရဲ့အပြုအမူကနေ လင်ရှောင်းထင်စိတ်ထဲဘာတွေးနေတယ်ဆိုတာကို သိလိုက်သည်,

"အိုး, တကယ်လား? ဒါ့ပေမယ့် အဲ့ဒါက ကျွန်မနဲ့မဆိုင်ဘူးထင်တယ်." ကုနင်း တမင်ပြောလိုက်ပေမယ့် ရင်ထဲမှာတော့ အလွန်ပျော်ရွှင်နေမိသည်.

"ငါမင်းကို ကူညီပေးနိုင်တယ်!" လင်ရှောင်းထင်ဆက်ပြောလိုက်သည်.

"ဘာလို့ကျွန်မကို ကူညီချင်တာလဲ? ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အရမ်းရင်းနှီးကြတာမှမဟုတ်ဘဲ." ကုနင်း ပြန်မေးလိုက်သည်.

"ဖြစ်နိုင်တယ်." လင်ရှောင်းထင်ပြောလိုက်တော့ ကုနင်းက,

"ဘာဖြစ်နိုင်တာလဲ?"

"ငါတို့ရင်းနှီးနိုင်တယ်." လင်ရှောင်းထင် ထပ်ပြောလိုက်တော့ ကုနင်းက ဆက်ပြီး

"ဘယ်လောက်အထိ ရင်းနှီးနိုင်လို့လဲ?"

"အမ်..."လင်ရှောင်းထင် တုံ့ဆိုင်းသွားပြီး ပြောစရာစကားတွေပျောက်ဆုံးကုန်တော့သည်.

"တော်ပါပြီ. ရှင့်ကို ဆက်မနှောင့်ယှက်တာပိုကောင်းမယ်." လို့ပြောပြီး ကုနင်းလှည့်ထွက်သွားတာကြောင့် လင်ရှောင်းထင် စိတ်လှုပ်ရှားကာ နှုတ်မှလွတ်ခနဲပြောလိုက်မိသည်,

"မင်း ငါ့ကောင်မလေးလုပ်မလား?"

ပြောပြီးသွားတော့ ထိုအမျိုးသားရဲ့မျက်နှာမှာ မီးတွေတောက်လောင်နေသလိုဖြစ်သွားကာ နှလုံးခုန်နှုန်းတွေလဲ အလွန်မြန်ဆန်လာခဲ့သည်. ဒါပေမယ့် သူအကျယ်ကြီးပြောလိုက်မိတာကြောင့် ပြန်ရုတ်သိမ်းဖို့လဲမဖြစ်နိုင်တော့ပါဘူး. ပြီးတော့ ပြန်ရုတ်သိမ်းလို့ရရင်တောင် သူ,မလုပ်ချင်ပါဘူး.

ကုနင်း ရပ်တန့်သွားသည်. ဒါက မမျှော်လင့်ထားသည့်ကိစ္စတော့မဟုတ်ပေမယ့် သူမအံ့ဩမိနေတုန်းပါပဲ. သူမလဲ စိတ်လှုပ်ရှားနေကာ လင်ရှောင်းထင်ကိုတောင် မျက်နှာချင်းမဆိုင်ရဲတော့ပါဘူး.

"ဒါက ကျွန်မနဲ့မဆိုင်ဘူးလေ, ရှင်နဲ့ပဲဆိုင်တာ. ရှင်ကျွန်မနှလုံးသားကို သိမ်းပိုက်နိုင်ပါ့မလား?" ကုနင်း သူမစိတ်ကို ငြိမ်အောင်ပြန်ထိန်းလိုက်ကာ လင်ရှောင်းထင်ကို လမ်းဖွင့်ပေးလိုက်သည်.

ထိုစကားကို ကြားတော့ လင်ရှောင်းထင်မျက်ဝန်းထဲ ပျော်ရွှင်မှုမီးလျှံတွေတောက်ပကုန်သည်. သူမိန်းမတစ်ယောက်ကို ဘယ်လိုလိုက်ရမယ်ဆိုတာမသိပေမယ့် သင်ယူနိုင်တယ်လေ. ဒါကြောင့် ပြန်ဖြေလိုက်သည်,

"ငါအကောင်းဆုံးကြိုးစားမယ်!"

"ကောင်းပြီလေ, ကျွန်မစောင့်နေမယ်." ကုနင်းပြောပြီးတာနဲ့ ထွက်ပြေးသွားကာ လင်ရှောင်းထင်ကတော့ ထိုနေရာမှာပဲ အကြာကြီးဆက်ရပ်နေခဲ့သည်.

သူအိမ်ပြန်ရောက်တော့ ချက်ချင်းပဲ အင်တာနက်ကနေ မိန်းကလေးတစ်ယောကို ပိုးပန်းနည်းကို ရှာဖွေပါတော့သည်.

ကုနင်း မျက်နှာနီရဲပြီး အိမ်ကို ပြန်ရောက်လာတာကြောင့် ကုမန့် ထိတ်လန့်သွားကာ,

"နင်းနင်း, ဘာဖြစ်လာတာလဲ? သမီးမျက်နှာအရမ်းနီနေတယ်!" ကုနင်းပြောရင်းနှင့် ကုနင်းရဲ့နဖူးကို ထိကာ အဖျားများရှိနေလို့လားဆိုပြီး စမ်းသပ်လိုက်သည်.

"အမေ, သမီးနေကောင်းပါတယ်. ပြေးလာတာဆိုတော့ နည်းနည်းပူနေလို့ပါ." ကုနင်းချက်ချင်းရှင်းပြလိုက်ပေမယ့် ကိုယ့် အဖြေကိုယ်တောင် မယုံကြည်ပါဘူး.

ကုနင်းစိတ်အေးသွားပြီး ကုနင်းရဲ့နဖူးကလဲပူနေတာကြောင့် ယုံကြည်သွားကာ,

"အရင်ရေချိုးလိုက်ဦး. ပြီးရင် သမီးအန်တီအိမ်ကို သွားပြီး နေ့လည်စာစားကြတာပေါ့."

"ကောင်းပါပြီ." ကုနင်းပြန်ဖြေပြီး သူမအခန်းထဲကို ဝင်သွားလိုက်သည်.

၁၀မိနစ်နေတော့ ကုနင်းချိုးပြီးသွားကာ အိမ်နေရင်းဝတ်စုံလေးဝတ်ပြီး ထွက်လာခဲ့သည်.

...............Part 167 Book 12.....................

အခန်း ၁၆၈ လင်ရှောင်းထင် ညတိုင်းမအိပ်နိုင်ခြင်း

ကုနင်း ဆံပင်ကို လေမှုတ်စက်နှင့်အခြောက်ခံလိုက်ကာ အဆင်ပြေသလို ထုံးဖွဲ့လိုက်ပြီး အိမ်သော့နှင့် ဖုန်းကိုယူ၍ ကုချင်တို့အိမ်ကို သွားလိုက်သည်.

ကျန်းရွှီအိမ်ပြန်ရောက်နေတာကို မြင်တော့ ကုနင်း ဂရုတစိုက်နှင့်မေးလိုက်သည်,

"အန်ကယ်, အလုပ်ကိစ္စတွေဘယ်လိုနေလဲ?"

"အားလုံးအဆင်ပြေတယ်. ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ သန်ဘက်ခါရောက်မယ်ဆိုတော့ အဲ့နေ့ ဆိုင်ဖွင့်ဖို့လဲ အဆင်သင့်ဖြစ်နေပြီ!" ကျန်းရွှီပျော်ရွှင်စွာနဲ့ ပြန်ဖြေလိုက်သည်.

"ဒီလိုကြားရတာ ဝမ်းသာပါတယ်." ကုနင်းပြောပြီးတာနှင့် မီးဖိုချောင်ထဲဝင်သွားသည်, ကုမန့်နှင့် ကုချင်သည်တော့ ဟင်းချက်ရင်းအလုပ်များနေကြကာ,

"အမေ, အန်တီ သမီးဘာကူညီပေးရဦးမလဲ?"

"မလိုပါဘူး, အဲ့နားမှာပဲထိုင်နေ. ဟင်းတွေက ကျက်ခါနီးနေပြီ." ကုချင်ပြန်ပြောလိုက်သည်.

"အိုး, ဟုတ်သားပဲ, အလှပြင်ဆိုင်အခြေနေရော?" ကုနင်းမေးလိုက်သည်.

"တော်တော်ကောင်းတယ်. လုပ်ငန်းနဲ့လဲ ကျွမ်းဝင်လာပြီ." ကုချင်ပဲ ထပ်ဖြေလိုက်သည်.

"ကောင်းတာပေါ့!" ကုနင်းပြောလိုက်ရင်း,

"ရှင်းရွှယ်ကော ဘယ်ရောက်နေလဲ?"

"သူ့အခန်းထဲမှာ, ကျောင်းကပြန်ရောက်ထဲက တံခါးပိတ်ထားတယ်. ဘာဖြစ်နေမှန်းလဲ မသိပါဘူး. ထွက်ကိုမလာတော့ဘူး." ကုချင် စိုးရိမ်နေတဲ့အသံနှင့်ပြောလိုက်သည်.

"သမီး စကားသွားပြောကြည့်လိုက်မယ်." ကုနင်းပြောရင်း ကျန်းရှင်းရွှယ်အခန်းကို သွားကာ တံခါးခေါက်လိုက်သည်.

"ရှင်းရွှယ်, ငါပါ. အထဲမှာဘာလုပ်နေတာလဲ?"

"ဘာမှမလုပ်ဘူး." ကျန်းရှင်းရွှယ် ပြန်တော့ဖြေလာပေမယ့် အပြင်ထွက်လာဖို့ စိတ်ကူးရှိပုံတော့မရပါဘူး. ကုနင်းလဲ ကျန်းရှင်းရွှယ်အသံက ပုံမှန်မဟုတ်တာကို သတိထားမိသွားသည်. သူမငိုနေတာလား? ဘာလို့လဲ?

"ငါဝင်လာလို့ရလား?"ကုနင်းမေးလိုက်သည်.

"ဟင်အင်း, ညီမစာကျက်နေတာ!" ကျန်းရှင်းရွှယ်ချက်ချင်းငြင်းလိုက်သည်.

"ဘာလို့ ရိုင်းနေတာလဲ? အခုချိန်ကြီး စာကျက်နေတာလား? ရှင်းရွှယ် အခုချက်ချင်းအပြင်ထွက်လာခဲ့စမ်း!" ကုချင်က မီးဖိုချောင်ထဲကနေပြေးထွက်လာကာ ဒေါသထွက်နေတဲ့အသံနှင့်ပြောလိုက်သည်.

"အန်တီ, အဆင်ပြေပါတယ်. သမီးနဲ့ပဲလွှဲခဲ့ပေး!" ကုနင်းချက်ချင်း ကုချင်ကို မီးဖိုချောင်ဘက် ပြန်တွန်းလွှတ်လိုက်သည်.

သူများကိုယ်ရေးကိုယ်တာကိစ္စကို ကုနင်းဝင်မစွက်ဖက်ချင်ပေမယ့် ကျန်းရှင်းရွှယ်ပုံစံက ပုံမှန်မဟုတ်မှန်းသိသာနေတာကြောင့် ကျောက်စိမ်းမျက်ဝန်းကို သုံးကာ အခန်းထဲကို ကြည့်လိုက်သည်.

အထဲမှာတော့ ကျန်းရှင်းရွှယ်က အမှန်တကယ်ကို စာကြည့်စားပွဲမှာထိုင်နေတာပေမယ့် စာကျက်နေတာတော့မဟုတ်ပါဘူး. သူမငိုနေတာဖြစ်ပြီး ဘယ်ဘက်ပါးတွင် ထင်ရှားသည့်လက်ဝါးရာတစ်ခုရှိနေသည်. သေချာကြည့်ကြည့်ရင်တော့ နောက်ထပ်လက်ဝါးရာတွေထပ်တွေ့နေရပါသေးသည်.

ထိုအရာကို မြင်တော့ ကုနင်းအမူအရာပြောင်းသွားကာ ကျန်းရှင်းရွှယ်ဘာလို့ ထွက်မလာချင်မှန်း သဘောပေါက်သွားသည်. သူမမျက်နှာပေါ်က ဒဏ်ရာတွေကို တခြားလူတွေမမြင်စေချင်သောကြောင့်ပင်.

ကုနင်း ချက်ချင်း ရေခဲစိမ်အအေးတစ်ဗူးကို ယူလိုက်ကာ ကျန်းရှင်းရွှယ်ထံ စာတစ်စောင် ပို့လိုက်သည်.

'ရှင်းရွှယ်, နင်ဘာဖြစ်နေမှန်း နင့်မိဘတွေကို မသိစေချင်တာကို ငါနားလည်တယ်. ဒါပေမယ့် ငါကူညီပေးနိုင်ပါတယ်. ငါဝင်ရအောင် တံခါးဖွင့်ပေး.'

ကျန်းရှင်းရွှယ် ထိုစာကို ဖတ်ပြီးတော့ တံခါးဖွင့်ပေးန် တုံ့ဆိုင်းနေသေးပေမယ့် ခနနေတော့ ကုနင်းအတွက် ဖွင့်ပေးလိုက်သည်.

ပြီးတော့ သူမဘယ်ဘက်ပါးကို အုပ်မိအောင် ဆံပင်ကို ဖြည်ချထားသေးသည်. ကုနင်းသူမရှေ့မှာရပ်နေပေမယ့် ကျန်းရှင်းရွှယ်ကတော့ ဘာမှလဲမပြောသလို ကုနင်းရဲ့အကြည့်တွေကိုရှောင်ကာ ခေါင်းကို အတင်းငုံ့ထားသည်.

ကုနင်း အထဲကို ဝင်သွားကာ ချက်ချင်းတံခါးကို ပြန်ပိတ်လိုက်ပြီး ကျန်းရှင်းရွှယ်ကို ကုတင်နားဆွဲခေါ်သွားလိုက်သည်. ပြီးတော့ ဘာမှပြောမနေဘဲ ရေခဲဘူးနှင့် ကျန်းရှင်းရွှယ်ကာထားသည့် ပါးကို ကပ်လိုက်တာကြောင့် ကျန်းရှင်းရွှယ် သတိလက်လွတ်ရုန်းလိုက်မိပေမယ့် ကုနင်းက ပြန်ဆွဲထားကာ,

"နင့်မိဘတွေကို မသိစေချင်ရင် ငြိမ်ငြိမ်နေ."

ရေခဲဘူးက အကာအကွယ်သဘောသာဖြစ်ပြီး တကယ်တော့ ကုနင်း လျှို့ဝှက်စွာနဲ့ စွမ်းအားတွေကို လွှဲပေးနေခြင်းဖြစ်သည်. ဒါပေမယ့် သံသယတွေမဖြစ်သွားအောင် ကျန်းရှင်းရွှယ်ရဲ့ မျက်နှာပေါ် ရေခဲဘူးကို အချိန်ကြာကြီးကပ်ထားလိုက်သည်.

"မမ, ဘယ်လိုလုပ်သိတာလဲ..." ကျန်ရှင်းရွှယ် ကုနင်းဘယ်လိုလုပ်သူမဒဏ်ရာအကြောင်းသိသွားမှန်း သူမမသိသေးပါဘူး.

"အဲ့ဒါအရေးမကြီးဘူး. ဘာဖြစ်ခဲ့တာလဲသာပြော!" ကုနင်း သေချာပေါက် ကျန်းရှင်းရွှယ်ကို အမှန်မပြောပါဘူး.

ကျန်းရှင်းရွှယ်ဘယ်ကစပြောလို့ ပြောရမယ်မှန်းမသိတာကြောင့်,

"ပြောမှာသာပြောစမ်း." ကုနင်းအနည်းငယ်ခြိမ်းခြောက်လိုက်သည်. ဒီတော့မှ ကျန်းရှင်းရွှယ်လဲ ချက်ချင်းပဲ,

"ကျောင်းမှာ ညီမကို ကြိုက်နေတဲ့ကောင်လေးက စာလိုက်ပေးတယ်. ဒါပေမယ့် ညီမ,မယူခဲ့ဘူး. ပြီးတော့ အဲ့ကောင်လေးကို ကြိုက်နေတဲ့ ကောင်မလေးက သိသွားပြီး ညီမကို ပါးတွေ အချက်ပေါင်းများစွာ လာရိုက်သွားတာ. ပြီးတော့ ဟိုကောင်လေးနဲ့ ဝေးဝေးနေရင်နေ မဟုတ်ရင် ညီမနဲ့တွေ့တိုင်းထပ်ရိုက်နေဦးမယ်လို့ ခြိမ်းခြောက်သွားသေးတယ်. ဒါ-ဒါပေမယ့် အဲ့ကောင်လေးနဲ့ ညီမ ဘာမှမဟုတ်ပါဘူး." ထိုသို့ပြောရင်းနှင့် ကျန်းရှင်းရွှယ် ဝမ်းနည်းလာကာ ထပ်ပြီး ငိုပြန်သည်.

ထိုစကားကိုကြားတော့ ကုနင်းအလွန်ဒေါသထွက်သွားကာ,

"၉တန်းဘယ်အခန်းကလဲ? နာမည်ကကော ဘယ်သူလဲ?" ကုနင်း သူမဒေါသကို ထိန်းကာ အေးစက်စွာနဲ့မေးလိုက်သည်.

"၉တန်း အခန်း၃က, ရှပေါင်ကျား, ဖန်ရှောင်ယွီ နဲ့ ကျန်းယန်လင်." ကုနင်းနဲ့ရင်ဆိုင်ရတော့ ကျန်းရှင်းရွှယ် ဘာမှမကွယ်ဝှက်ရဲပါဘူး.

"ကောင်းပြီ, ငါနင့်အတွက် လက်တုန့်ပြန်ပေးမယ်. ပြီးတော့ မှတ်ထား, ဘယ်တော့မှထွက်မပြေးနဲ့ တစ်ယောက်ထဲလဲ ငိုမနေနဲ့. နင်ကိုယ်တိုင် ရပ်တည်နိုင်ရမယ်. မကြောက်နဲ့. ဘယ်သူမှ ကြက်ပေါက်လေးတစ်ကောင်ကိုတော့ လေးစားမှာမဟုတ်ဘူး. ကိုယ်တိုင် မကိုင်တွယ်နိုင်တဲ့ကိစ္စဆိုရင်တော့ ငါ့ကို အကူအညီလာတောင်းလို့ရတယ်. ရှင်းပြီလား?" ကုနင်း သူမရဲ့ ဝမ်းကွဲညီမကို သင်ပြနေသည်. သူမရဲ့မိသားစုဝင်ကို အနိုင်ကျင့်မခံစေချင်ပါဘူး.

"ဟုတ်ကဲ့," ကျန်းရှင်းရွှယ်ပြန်ဖြေလိုက်သည်. သူမကအားနည်းတာကြောင့် လူတွေအမြဲအနိုင်ကျင့်ကြမှန်း သိပေမယ့် သူမအမြဲတမ်း တိတ်တဆိတ် ငြိမ်ခံနေခဲ့သည်. ဒါကြောင့် သူမပြောင်းလဲဖို့ အချိန်တော့ယူရပါဦးမယ်.

ကျန်းရှင်းရွှယ်ရဲ့ မျက်လုံးတွေက အချိန်ကြာကြီးငိုထားတာကြောင့် ယောင်နေပေမယ့် ကုနင်းရဲ့စွမ်းအားက သူမပါးတင်မက မျက်လုံးကိုပါ ကုပေးခဲ့တာဖြစ်သည်. ဒါကြောင့် သူမကုနင်းနှင့်အတူ စားဖို့ထွက်လာတော့ သာမာန်အတိုင်းဘာမှမထူးခြားပဲဖြစ်သွားသည်. ကျန်းရှင်းရွှယ်လဲ အံ့ဩမိပေမယ့် ဘာမှတော့ ရှည်ရှည်ဝေးဝေးတွေးမနေတော့ပါဘူး.

ကုနင်းက ကျန်းရှင်းရွှယ်ကို စာမေးပွဲမှာအဆင်မပြေခဲ့လို့ စိတ်ခံစားချက်မကောင်းဖြစ်နေတာလို့ အကြောင်းပြချက်ပေးခိုင်းခဲ့သည်.

ကုချင်လဲ ယုံသွားကာ သူမကို နောက်တစ်ကြိမ်ကျမှ အကောင်းဆုံးကြိုးစားရန် နှစ်သိမ့်ပေးကြသည်.

သူတို့ ပျော်ရွှင်စွာနဲ့ ညစာအတူစားသောက်လိုက်ကြသည်.

တစ်ချိန်ထဲမှာပဲ လင်ရှောင်းထင်မှာတော့ မိန်းကလေးတစ်ယောက်ကို ပိုးပန်းနည်းများသင်ယူကာ အလုပ်ရှုပ်နေသည်.

သူနည်းလမ်းတွေအများကြီး ဖတ်ခဲ့ကာ: ပန်းပေးခြင်း, ရုပ်ရှင်အတူကြည့်ခြင်း, လက်ဆောင်တွေပေးခြင်း, စကားချိုချိုလေးတွေပြောခြင်း စသဖြင့်ပေါ့. ဒါပေမယ့် အမျိုးမျိုးသောမိန်းကလေးတွေက အမျိုးမျိုးတော ပစ္စည်းကို ကြိုက်နှစ်သက်ကြတာကြောင့် လင်ရှောင်းထင် အလွန်စိတ်ရှုပ်နေရပြန်သည်.

ဒါကြောင့် သူတစ်ညလုံးမအိပ်ပဲ စဉ်းစားနေခဲ့သည်.

နောက်တစ်နေ့မနက်,

ကုနင်း ဇုံGကနေထွက် အနက်ရောင်Land Roverတစ်စီး လမ်းနားမှာရပ်ထားတာကို တွေ့လိုက်ကာ ကားကို မှီထားပြီး သူမဘက်ကိုလှည့်၍ လင်ရှောင်းထင်ရပ်နေခဲ့သည်.

အခုလိုပုံစံနှင့် ထိုလူ အရမ်းကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိနေတာကိုတော့ ကုနင်းမငြင်းနိုင်ပါဘူး.

ကုနင်းကို မြင်တော့ လင်ရှောင်းထင် ချက်ချင်းမတ်မတ်ပြန်ရပ်လိုက်ကာ စိတ်လှုပ်ရှားစွာနှင့်,

"အမ်, ငါမင်းကို ကျောင်းလိုက်ပို့ချင်လို့."

ကုနင်းစိတ်ကို ငြိမ်ငြိမ်ထားလိုက်သည်. ထိုလူရဲ့ ကြည့်ကောင်းလှသည့်အသွင်အပြင်ကို ရင်ဆိုင်လိုက်ရတော့ သူမစိတ်လှုပ်ရှားနေမိတာဖြစ်သည်.

"အိုး, မလိုပါဘူး. ကျေးဇူးပဲ. ကျွန်မ အမြဲကျောင်းကို ပြေးသွားနေကြ."

လင်ရှောင်းထင် အနည်းငယ် စိတ်မကောင်းဖြစ်သွားကာ,

"အမ်, ဒါဆို ငါလဲ မင်းနဲ့ အတူကျောင်းကို ပြေးသွားမယ်."

...............Part 168 Book 12.....................

အခန်း ၁၆၉ အခွင့်ရေးတစ်ကြိမ်ထပ်ပေးခြင်း

ကုနင်း ငြင်းမလိုလုပ်ပြီးမှ စိတ်ပြောင်းသွားကာ "ကိစ္စမရှိပါဘူး."

လင်ရှောင်းထင် နည်းနည်းပြန်ပျော်သွားကာ ကားကို ထိုနေရာမှာပဲရပ်ထားခဲ့ပြီး ကုနင်းနှင့်အတူကျောင်းကိုပြေးသွားလိုက်သည်.

လမ်းတစ်လျှောက် သူတို့ ဘာစကားတစ်ခွန်းမှမပြောခဲ့ကြပေ. လင်ရှောင်းထင်ဘက်ကတော့ စပြောချင်ပေမယ့် ဘယ်က စပြောရမယ်မှန်း သူမတွေးတတ်ပါဘူး.

သူတို့ကျောင်းကိုရောက်တော့မှသာ လင်ရှောင်းထင်က,

"မနက်စာအတူတူစားကြရအောင်!"

"အမ်, ကျွန်မသူငယ်ချင်းတွေနဲ့ မနက်စာအတူတူစားဖို့ ချိန်းထားပြီးသား." ကုနင်း တမင်ငြင်းလိုက်သည်.

"ဒါဆို နေ့လည်စာကော? မင်းအားမလား?" လင်ရှောင်းထင် ထပ်ပြီး ဖိတ်ခေါ်လိုက်ပြန်သည်.

"စိတ်မရှိပါနဲ့, နေ့လည် ကျွန်မလုပ်စရာတစ်ခုရှိနေသေးလို့." ကုနင်းနောက်တစ်ကြိမ်ထပ်ငြင်းလိုက်ပြန်သည်. ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ နေ့လည်ကျရင် ကုနင်းတစ်ကယ်အရေးကြီးသည့် ကိစ္စလုပ်စရာရှိတာကြောင့်ဖြစ်သည်. သူမ ကျန်းရှင်းရွှယ်ကို အနိုင်ကျင့်သွားသည့် ကောင်မလေးတွေကို သင်ခန်းစာသွားပေးရမှာဖြစ်ပေသည်.

လင်ရှောင်းထင် မျက်မှောင်ကြုတ်သွားကာ စိတ်ပျက်သလိုခံစားလိုက်ရပေမယ့် အရှုံးတော့မပေးပါဘူး.

"ဒီနေ့မွန်းလွဲပိုင်းချိန်ကော?"

အခုလို လင်ရှောင်းထင် မပျော်မရွှင်ဖြစ်နေတာမျိုးကို ကုနင်းမမြင်ချင်တာကြောင့် သူ့ကို အခွင့်ရေးတစ်ခုထပ်ပေးလိုက်သည်. "ရတာပေါ့."

ကုနင်းရဲ့ သဘောတူညီချက်ကို ရတော့ လင်ရှောင်းထင် မျက်လုံးတွေတောက်ပသွားကာ,

"ဒါဆို မင်းဘာစားချင်လဲ?"

"ပင်လယ်စာ."

လင်ရှောင်းထင် ပင်လယ်စာနှင့်မတည့်မှန်း ကုနင်းသိပေမယ့် တမင်ပြောလိုက်ခြင်းဖြစ်သည်.

ယောကျ်ားတွေက အမဲလိုက်မုဆိုးတွေဖြစ်ပြီး မင်းကိုမင်း ဘယ်တော့မှ လွယ်လွယ်ကူကူ မဖမ်းမိစေသင့်တာကို ကုနင်းနားလည်ပါသည်.

ကုနင်းကို ငယ်သေးလို့ မချစ်သင့်သေးကြောင်း သတိပေးခဲ့သူမှာ လင်ရှောင်းထင်ဖြစ်ပြီး ယခုတော့ သူကိုယ်တိုင် ထိုခြေလှမ်းမျိုးလှမ်းနေသည်.

ကုနင်းလဲ သာမာန်အမူအကျင့်တွေနှင့် သာမာန်မိန်းကလေးတစ်ယောက်ပဲဆိုတော့ တစ်ခါတစ်လေ သူမလဲသဘောကျနေမိသည့် ယောကျ်ားတစ်ယောက်ကို စမ်းသပ်မှုလေးတွေလုပ်ချင်တာပေါ့.

"ကိစ္စမရှိပါဘူး." ကုနင်းတမင်လုပ်မှန် လင်ရှောင်းထင်သိပေမယ့် သဘောတူလိုက်,

"ဒါဆို မင်းအတန်းပြီးတဲ့ အချိန်လာခေါ်မယ်."

"အဲ့လိုကမကောင်းဘူးထင်တယ်. ကျွန်မအတန်းဖော်တွေတွေ့သွားရင် အတင်းအဖျင်းသတင်းတွေလုပ်နေကြလိမ့်မယ်. ရှင် အချိန်နဲ့နေရာကိုသာပြောပါ ကျွန်မလာခဲ့မယ်."

တကယ်တော့ ကုနင်း အတင်းအဖျင်းစကားတွေကို လုံးဝစိတ်မပူပါဘူး. သူမတမင်နောက်ကျမှသွားပြီး လင်ရှောင်းထင်ကို စောင့်ခိုင်းဖို့ တမင်ကြံရွယ်ထားတာပါ.

"အိုး, ဟုတ်သားပဲ." လင်ရှောင်းထင်ပြန်ဖြေလိုက်သည်.

"ဘိုင့်-ဘိုင်." ကုနင်းနှုတ်ဆက်ကာ ကျောင်းထဲပြေးဝင်သွားတော့သည်.

လင်ရှောင်းထင်ကတော့ ကုနင်း သူ့မြင်ကွင်းထဲကမပျောက်မချင်း တချိန်လုံးလိုက်ကြည့်နေခဲ့သည်.

"နင်းနင်း."

လမ်းတစ်ဝက်လောက်ရောက်တော့ ကုနင်းနောက်ကနေ ချူးဖေ့ဟန်လှမ်းခေါ်လိုက်သည်.

ကုနင်း ရပ်လိုက်ပြီး နောက်ကို ပြန်လည့်ကြည့်လိုက်တော့ ချူးဖေ့ဟန်က အဓိပ္ပါယ်ပါပါပြုံးနေသည် . ကြည့်ရတာ လင်ရှောင်းထင်နှင့် သူမအတူတူရှိနေတာကို မြင်သွားပုံပဲ.

သေချာတာပေါ့....

"အဲ့လူက ဘယ်သူလေ? ငါ့ကိုပြော" ချူးဖေ့ဟန်မေးလိုက်တော့ ကုနင်းက,

"သူငယ်ချင်းတစ်ယောက်ပါ."

"အိုး,တကယ်လား? ဘယ်လိုသူငယ်ချင်းအမျိုးအစားလဲ?" ချူးဖေ့ဟန် သူ့လက်ကို ကုနင်းရဲ့ပုခုံးပေါ်လှမ်းတင်ကာ အမှန်မပြောရင် သွားခိုင်းမှာမဟုတ်သည့်ပုံစံနဲ့မေးလိုက်သည်.

"သာမာန်သူငယ်ချင်းပါ." ကုနင်း မနိုင်သည့်သဘောနှင့်ပြန်ဖြေလိုက်တော့ ချူးဖေ့ဟန်က မျက်စောင်းထိုးကာ,

"ဟ, ငါကတော့ မယုံနိုင်ပါဘူး."

"ယုံယုံမယုံယုံဟာ!" ကုနင်း သူမနှင့်လင်ရှောင်းထင်ကြားမှာ ဘာပတ်သတ်မှုမရှိသလို ဟန်ဆောင်လိုက်သည်.

"ကောင်းပြီလေ, ငါယုံပါတယ်!" ကုနင်းက သူငယ်ချင်းပါလို့ပြောနေမှတော့ သူငယ်ချင်းပဲဖြစ်မှာပေါ့. ချူးဖေ့ဟန်က စနောက်ချင်ယုံသာဖြစ်ပြီး တကယ်အတွဲတွေလို့ ယုံကြည်နေတာမဟုတ်ရပါဘူး.

"အိုး, နင်းနင်း, နင်ဘယ်တက္ကသိုလ်သွားဖို့ စိတ်ကူးထားလဲ?" ချူးဖေ့ဟန် အဆက်အစပ်မရှိမေးလိုက်သည်.

"မြို့တော်တက္ကသိုလ်, နင်ရော?" ကုနင်းပြန်မေးလိုက်သည်.

"ငါလဲ နင်နဲ့အတူတူပဲ! ငါ့အစ်ကို,ကို အိပ်ဆောင်အတူတူ စီစဉ်ပေးဖို့ပြောရမယ်." ချူးဖေ့ဟန် စိတ်လှုပ်ရှားနေသည်.

"အကြံကောင်းသားပဲ. ဒါပေမယ့် အခုထဲကပြောထားရဦးမယ်. ငါက ကျောင်းဆောင်မှာ တစ်လ, နှစ်လလောက်ပဲနေဖြစ်မှာ. ပြီးရင် ငါ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုစမှာမို့ အရမ်းအလုပ်များလိမ့်မယ်. ဒီလိုဆို ငါအပြင်မှာနေတာက ပိုအဆင်ပြေမှာ." ကုနင်း သူမရဲ့ရည်ရွယ်ချက်ကို မဖုံးကွယ်ပဲပြောလိုက်သည်..

"ဘာ? နင်က လုပ်ငန်းတစ်ခုစလုပ်မယ်?" ချူးဖေ့ဟန် အံ့ဩသွားပြီး ကုနင်းကို လေးစားမှုတွေနဲ့ ကြည့်လိုက်ကာ,

"ဘော့စ်, နင်ကတော့ အခုကစပြီး ငါ့အသည်းစွဲဖြစ်သွားပြီ. ငါ့မှာ စီးပွားရေးလုပ်ဖို့တော့ ရည်ရွယ်ချက်မရှိပေမယ့် ငါ့ဘဝနဲ့ငါတော့ နေချင်တယ်. ဘော့စ်, နင်အောင်မြင်သွားရင် ငါ့ကို မမေ့သွားနဲ့နော်."

ချူးဖေ့ဟန် ကုနင်းရဲ့လက်မောင်းကို ရိုက်ရင်း ကုနင်းကပဲ သူမကို စွန့်ပစ်သွားမှာလို ပုံစံနဲ့လုပ်နေသည်. တကယ်တော့ သူတို့အချင်းချင်းစနောက်ကျရုံသက်သက်ပါ. ချူးဖေ့ဟန်ရဲ့မိသားစုက အင်အားကြီးတာကြောင့် ကုနင်းရဲ့ထောက်ပံ့မှုကို တကယ်မလိုအပ်ပါဘူး.

"ကောင်းပြီ, ငါကတိပေးတယ်. ငါအောင်မြင်လာရင် နင့်ကို ပြန်ဂရုစိုက်မယ်. ပြီးတော့ မိသားစုကောင်းတစ်ခုနဲ့လဲ လက်ထပ်ပေးမယ်." ကုနင်းနောက်လိုက်သည်.

"ငါလက်မထပ်ချင်ပါဘူးနော်! ငါကတစ်ယောက်တည်းလွတ်လွတ်လပ်လပ်ပဲနေမှာ!" ချူးဖေ့ဟန် ပြန်ချေပလိုက်သည်.

ကုနင်းပြုံးမိသည်. လူအမျိုးမျိုး စိတ်အထွေထွေပဲလေ. ချူးဖေ့ဟန်က ငယ်သေးတော့ ဒီလိုစဉ်းစားမှာပေါ့. သူအသက်အရွယ်တစ်ခုလောက်ရောက်သွားရင် ဒါမှမဟုတ် သူနဲ့သင့်တော်တဲ့ယောကျ်ားတစ်ယောက်နဲ့တွေ့သွားရင် သူမစိတ်လဲပြောင်းလဲသွားမှာပါ.

မြို့တော်Gတွင်တော့, ကျိုးကျန်းဟုန်က ဒီမနက်မှာ ကြော်ငြာဖို့အဆင်သင့်ဖြစ်နေပါပြီ.

ပြီးတော့ သူတို့ဆိုင်အပြင်ဘက်တွင် တဖက်ကဈေးတန်းနဲ့ မျက်နှာချင်းဆိုင်က ဈေးတန်း၏ LEDမျက်နှာပြင်တွင် ကြော်ငြာကို ပြသမည်ဖြစ်သည်.

ဒါက သိပ်မထင်ရှားဘူးလို့ထင်ရပေမယ့် ကြောငြာက အရမ်းကို ဆွဲဆောင်မှုရှိပါတယ်.

LEDမျက်နှာပြင်ပေါ်တွင် ကျောက်စိမ်း၁၀မျိုးကို အနှစ်ချုပ်ပြသကာ "တန်ဖိုးကြီးကျောက်များ၏သရဖူ"ဆိုသည့် ဂုဏ်ပုဒ်ကိုဖော်ပြနေသည်. ဒီကျောက်စိမ်းတွေရဲ့အဓိပ္ပါယ်ကတော့ ကံကောင်းမှု, ဉာဏ်ပညာရှိမှု, မြင့်မြတ်မှု နှင့် ဥစ္စာပေါများကြွယ်ဝမှုတို့ဖြစ်သည်.

"Jade Beauty"လက်ဝတ်ရတနာဆိုင်သည် အဆင့်မြင့်ကျောက်စိမ်းလက်ဝတ်ရတနာတွေကို ဖန်တီးမှာဖြစ်ကာ ဖွင့်ပွဲအခမ်းအနားသည်တော့ ဒီဇင်ဘာ ၁၂ရက်, စနေနေ့တွင်ကျင်းပမည်ဖြစ်သည်.

ဝယ်ယူအားပေးသူတိုင်းလဲ ၁၀ရာခိုင်းနှုန်းလျှော့ဈေးရမည်ဖြစ်ပြီး ကျောက်စိမ်းဘုရင်, အစိမ်းရောင်ဘုရင်, ကိုလဲ ကိုယ့်စိတ်ကြိုက်ပုံဖော်ခိုင်းလို့ရမည်ဖြစ်သည်. လိပ်စာကတော့. XXXX"

စက္ကန့်နဲ့ ငွေပေးရတာကြောင့် ကြော်ငြာပေါ်က ပစ္စည်းတွေကို တော်တော်လေးကန့်သတ်ထားပါတယ်.

ကုနင်းကတော့ စိတ်ထဲမထားနေပါဘူး. အစပိုင်းမှာတော့ လူတွေကြော်ငြာကို လျစ်လျူရှုကြမှာပေမယ့် အစိမ်းရောင်ဘုရင်ကတော့ အာရုံအများအပြားကို ဆွဲဆောင်သွားမှာပါ. ကျောက်စိမ်းအကြောင်းသိတဲ့လူသိပ်များများစားစားမရှိပေမယ့် အများစုကတော့ အစိမ်းရောင်ဘုရင်ကို ကြားဖူးကြပါတယ်.

ဈေးဝယ်စင်တာ၏နံရံတွင် နောက်ထပ် ကြော်ငြာပိုစတာရှိနေကာ အရှည် ၅မီတာနဲ့ အကျယ်၂မီတာရှိသည်. ထိပ်ဆုံးမှာတော့ အင်္ဂလိပ်စာလုံးနှင့် "The King's Green"ဆိုပြီး ပုံအကြီးကြီးကိုပါထည့်ထားတာကြောင့် ထင်းခနဲမြင်ရကာ ဆွဲဆောင်မှုအပြည့်ရှိနေသည်.

အစိမ်းရောင်ဘုရင်သည် သူတို့၏အဓိကအရောင်းပစ္စည်းဖြစ်ပေမယ့် တခြားလှပသည့် အလယ်အမြင့်အဆင့်နှင့် အဆင့်မြင့်ကျောက်စိမ်းများဖြင့်လုပ်ထားသည့် လက်ဝတ်ရတနာအများအပြားလဲ ရှိနေပါသေးသည်.

...............Part 169 Book 12.....................

အခန်း ၁၇၀ ကုနင်း၏ဒေါသ ၁

ဝယ်ယူသူတိုင်းဖွင့်ပွဲအခမ်းအနားနေ့တွင် ၁၀ရာခိုင်းနှုန်းလျှော့ဈေးရမယ်. ကျောက်စိမ်းဝယ်ယူချိန်မှာ ၁၀ရာခိုင်နှုန်းဆိုတာ နည်းသည့် ပမာဏမဟုတ်ပါဘူး။ တကယ်လို့ မင်းက ယွမ်၁သန်းပေးရမယ်ဆိုရင် မင်းယွမ်၁သိန်းပြန်ရမှာပါ။

Jade Beauty၏ ကြော်ငြာမှာ ကျောက်စိမ်း မကြိုက်သော သာမာန်လူတွေကို သိပ်ထိရောက်မှုမရှိပေမယ့် ကျောက်မြတ်ရတနာနှင့် ကျောက်စိမ်းလောကမှလူများကြားတော့ ရိုက်ခတ်သွားခဲ့သည်။

အဓိကအကြောင်းရင်းကတော့ အစိမ်းရောင်ဘုရင်ကြောင့်ဖြစ်ပြီး တခြား Jade Beauty၏ လက်ဝတ်ရတနာများတွင် အသုံးပြုထားသည့် ကျောက်စိမ်းများ၏အဆင့်သည်လဲ ထိတ်လန့်အံ့ဩဖွယ်ကောင်းပါသည်။

ဒါက အထက်တန်းစားတံဆိပ်တစ်ခုဖြစ်ကာ အဆင့်မြင့်သည့် ကျောက်စိမ်းများကနေသာ အဓိကထားပြီး လက်ဝတ်ရတနာထုတ်လုပ်ခြင်းဖြစ်သည်။

မြို့တော်Gမှာ ကျောက်စိမ်းအလွန်မပေါများသောကြောင့် အဆင့်မြင့်ကျောက်စိမ်းရှာတွေ့ဖို့ဆိုတာ အရမ်းခက်ခဲပါသည်။ Jade Beautyကျောက်မြတ်ရတနာဆိုင်သည် အလွန်ချမ်းသာပြီး အာဏာကြီးသည့်သူမှတည်ထောင်ထားခြင်းဖြစ်တာကြောင့် အခုလို အဆင့်မြင့်ကျောက်စိမ်းတွေအလွန်များပြားနေခြင်းပဲဖြစ်ရမည်။

ကျောက်စိမ်းပညာကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်တော့ အစိမ်းရောင်ဘုရင်ကို အလွန်စိတ်ဝင်စားနေကြကာ သူတို့အားလုံးအရင်ဆုံးကြည့်ရမယ့်သူတွေဖြစ်ချင်နေကြသည်။ သူတို့ထဲမှ အတော်များများသည်လဲ သူတို့စုဆောင်းထားသမျှနှင့်ကို ဝယ်ဖို့စီစဉ်ထားကြသည်။ သူတို့ ကျောက်စိမ်းအမျိုးအစားများစွာကို မြင်ဖူးကြပြီး မရှားပေမယ့် သူတို့အများစုမှာ အလယ်အဆင့်ကျောက်စိမ်းလောက်ကိုသာ အများဆုံးစုဆောင်းနိုင်ခဲ့ကြသည်။ အစိမ်းရောင်ဘုရင်ကိုဆိုရင်တော့ လူအနည်းငယ်သာ မြင်ဖူးကြပြီး ထိုထဲမှ အနည်းစုကသာ ပိုင်ဆိုင်ကြသည်။ မင်းမှာ ငွေအလုံအလောက်ရှိနေခဲ့လျှင်တောင် အစိမ်းရောင်ဘုရင်တစ်တုံးပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်သည့် အခွင့်ရေးတစ်ခုပါ။

Jade Beautyသည် ကြော်ငြာတင်ထားသည့် ကိုယ်ပိုင် Weiboအကောင့်တစ်ခုကို ဖွင့်လိုက်သည်။ ဒါကြောင့် အချိန်ခနလေးအတွင်းမှာပဲ စောင့်ကြည့်သူအများအပြားရခဲ့သည်။

မနေ့နေ့လည်တုန်းက ကုနင်း ဆရာကြီးဖူ, ဆရာကြီးယန်နှင့် ဆရာကြီးပိုင်တို့ကို အသီးသီးဖုန်းခေါ်ဆိုခဲ့ကာ အစိမ်းရောင်ဘုရင်ဖြတ်လို့ရခဲ့ကြောင်းပြောပြခဲ့ပြီး ဖွင့်ပွဲနေကျလျှင် ခင်းကျင်းပြသမည့်အကြောင်းပါပြောခဲ့သည်။ လက်ဝတ်ရတာနာအားလုံးကိုလဲ ထိုနေ့တွင် သီးသန့်မှာယူနိုင်မည်ဖြစ်သည်။ သူမ မြို့တော်Gကို ရောက်ရင်တော့ သူတို့ကို ကိုယ်တိုင်လိုက်ပြပေးမည်ဖြစ်ကြောင်းလဲ ပြောလိုက်ပါသေး၏။

ဆရာကြီးတိုင်း ထိုသတင်းကို ကြားတော့ပျော်ရွှင်သွားကြကာ ကုနင်းကို မြို့တော်Gသို့ မြန်မြန်လာရန် ပြောကြတော့သည်.

ဆရာကြီးဖူနှင့် ဆရာကြီးပိုင်တို့က အစိမ်းရောင်ဘုရင်ကို ဝယ်ချင်တယ်လို့ပြောကြပေမယ့် ကုနင်းကတော့ ပွဲနေ့မှသာသီးသန့်ဝယ်ကြပါဆိုပြီး ငြင်းဆိုလိုက်သည်။

ကုနင်းက အခုချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့အကျိုးအမြတ်ကို အရင်ဆုံးဦးစားပေးမှာပါ။ ဆရာကြီးနှစ်ယောက်သည်လဲ စီးပွားရေးသမားတွေပဲဖြစ်တာကြောင့် ကုနင်း၏ဆုံးဖြတ်ချက်ကို နားလည်၍ အတင်းအကျပ်မတိုက်တွန်းနေတော့ပေ။

တစ်ချိန်တည်းမှာပဲ ဆရာကြီးပိုင်ရော ဆရာကြီးဖူပါ အစိမ်းရောင်ဘုရင်နှင့် လက်စွပ်ကျယ်တစ်ကွင်းစီလုပ်ရန် စိတ်ကူးလိုက်ကြသည်။ သူတို့ အစိမ်းရောင်ဘုရင်ကို ကြိုက်နှစ်သက်ခြင်းကြောင့်လဲဖြစ်သလို ကုနင်း၏စီးပွားရေးကို ကူညီပေးချင်တာကြောင့်လဲဖြစ်သည်။

ဆရာကြီးယန်ကတော့ ကျောက်စိမ်းထက် ရှေးဟောင်းပစ္စည်းတွေကို ပိုစိတ်ဝင်စားသူဖြစ်တာကြောင့် ဒီပြိုင်ပွဲတွင် ဝင်မပါပါဘူး။ သူက ကြည့်ရုံသာကြည့်ချင်တာဖြစ်သည်။ ဒါပေမယ့် ဆရာကြီးဖူနှင့် ဆရာကြီးပိုင်သည်တော့ ကုနင်းရောက်လာရန်သာစောင့်စားနေကြတော့သည်။ ဒီလိုစောင့်ဆိုင်းနေရခြင်းက သူတို့ကို နှိပ်စက်ညှင်းပန်းနေသလိုပါပဲ။

ကုနင်း ကြိုတင်ပြောဆိုထားခြင်းဖြစ်တာတောင်မှ ကြော်ငြာကိုမြင်ပြီး အစိမ်းရောင်ဘုရင်ကို တွေ့လိုက်ရသောကြောင့် ဆရာကြီးဖူနဲ့ ဆရာကြီးပိုင်တို့ စိတ်လှုပ်ရှားနေကြပြန်သည်။

တကယ့်လက်တွေ့ဘဝတွင် အစိမ်းရောင်ဘုရင်ကို မြင်တွေ့ရရန် အချိန်အနည်းငယ်ထပ်မံစောင့်ဆိုင်းရဦးမယ်ဖြစ်၍ ဆရာကြီးနှစ်ယောက်မှာ ကြော်ငြာက ပုံကိုသာ ထပ်မံဓါတ်ပုံပြန်ရိုက်ယူလိုက်ကြသည်။

လီကျန်းယွီလဲ သတင်းကြားကြားချင်း ချင်ယီဖန်းထံ အသိပေးအကြောင်းကြားလိုက်တာကြောင့် ချင်ယီဖန်းလဲ အံ့ဩသွားကာ Jade Beautyကျောက်မြတ်ရတနာဆိုင်၏ဖွင့်ပွဲအခမ်းအနားကို သွားကြည့်ဖို့ ကြံရွယ်လိုက်ပေ၏။

နေ့လည်ခင်းရောက်တော့ ကုနင်းကျောင်းကနေထွက်လာပေမယ့် သူမအမြဲတမ်းအတန်းပျက်နေတာကြောင့် သူမသူငယ်ချင်းတွေက အရည်အချင်းပြည့်မီခြင်းမရှိသည့်ဘော့စ်ဆိုပြီး အထွန့်တက်နေကြသည်။

ကုနင်းမှာ အမှန်တကယ်ကို အရေးကြီးသည့် ကိစ္စလုပ်ဖို့ရှိနေခြင်းဖြစ်တာကြောင့် သူမသူငယ်ချင်းတွေ မတားနိုင်ခဲ့ပေ။

တကယ်တော့ ကုနင်းလဲ အမြဲတမ်းလိုလို အလုပ်ရှုပ်နေကာ သူမသူငယ်ချင်းများအတွက် အချိန်လုံလုံလောက်လောက်မပေးနိုင်တာကြောင့် ရှက်ရွံ့မိပါသည်။

အမှတ်၃အထက်တန်းကျောင်းသည် အမှတ်၄အလယ်တန်းကျောင်းနှင့် သိပ်မဝေးသောကြောင့် ကုနင်းထိုနေရာသို့ပြေးသွားရန် အချိန်၁၀မိနစ်သာကုန်ခဲ့၏။ ပြီးတာနှင့် အမှတ်၄အလယ်တန်းကျောင်းနံရံပေါ်ကနေကျော်တက်ကာ ကျောင်းထဲသို့ ကုနင်းဝင်သွားလိုက်သည်။ သူတို့ကျောင်းနှစ်ကျောင်း၏ ကျောင်းဝတ်စုံအရောင်များသည် တူညီပြီး ဒီဇိုင်းလေးပဲကွဲတာာကြောင့် အနီးကပ်သာလာမကြည့်ရင် ကုနင်းကို တခြားကျောင်းက ကျောင်းသူဖြစ်မှန်း သတိထားမိကြမည်မဟုတ်ပေ။

ကုနင်းအထဲကို ရောက်တော့ ကျန်းရှင်းရွှယ်ကို ဖုန်းလှမ်းဆက်ခေါ်လိုက်သောအခါ ကျန်းရှင်းရွှယ်ကဖုန်းတော့ကိုင်လိုက်ပေမယ့် ဘာစကားတစ်ခွန်းမှမပြောလာပေ။ ဒါပေမယ့် ကုနင်းကတော့ ဖုန်းကနေတစ်ဆင့် တစ်ဖက်ခြမ်းကပြောနေသည့်စကားသံများကို ရှင်းရှင်းလင်းလင်းကြားလိုက်ပေ၏။

"ကျန်းရှင်းရွှယ်, ငါနင့်ကို ချန်းဟန်နဲ့ဝေးဝေးနေဖို့ သတိပေးထားတယ်လေ. နင်ကများ ငါ့စကားကို လျစ်လျူရှုရဲတယ်ပေါ့!"

"ငါမလုပ်ပါဘူး. သူ့ဘာသာ မနေ့က နင်ငါ့ကိုလုပ်ခဲ့တဲ့ကိစ္စအတွက် ငါ့ကို တောင်းပန်ဖို့လာတာ." ကျန်းရှင်းရွှယ်ပြန်ရှင်းပြလိုက်သည်။

"တောင်းပန်တယ်? ဘာလို့လဲ? နင်နဲ့တန်တာလို့ ခံရတာလေ!"

အဓိပ္ပါယ်မရှိလိုက်တာ! ကုနင်းအလွန်ဒေါသထွက်လာတော့သည်။ ကောင်းလိုက်တာ, သူတို့ကို ရှာဖို့အတွက် သူမအချိန်တွေဖြုန်းနေစရာမလိုတော့ပဲ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ချလာကြတာကိုး။

ဒါပေမယ့် ကုနင်းသူတို့အသံကို ကြားတယ်ဆိုပေမယ့် ဘယ်နေရာမှာရှိနေကြမှန်းကိုတော့ မသိရပါဘူး။

ကံကောင်းစွာပဲ ကုနင်း၏အကြားအာရုံက အရမ်းကို ထက်မြက်တာကြောင့် ကျန်းရှင်းရွှယ်၏ဖုန်းကနေတစ်ဆင့် တစ်ဖက်မှ ပတ်ဝန်းကျင်အခြေနေကို ခန့်မှန်းနိုင်ခဲ့သည်။ ထိုအသံက သစ်ပင်များထက်ရှိ သစ်ရွက်များ တစ်ရွက်နှင့်တစ်ရွက်ပွတ်တိုက်ရာကနေထွက်ပေါ်လာသည့် အသံများနှင့်တူတာကြောင့် ထိုနေရာမှာ သစ်ပင်တွေအများကြီးရှိနေမည့်နေရာပဲဖြစ်ရပေမည်။ ကုနင်းလဲ ချက်ချင်းပင် သစ်တောဘက်ဖြစ်နိုင်သည်လို့ တွေးလိုက်မိသည်။

ကုနင်းငယ်ငယ်တုန်းကလဲ ဒီအမှတ်၄အလယ်တန်းကျောင်းတွင်ပဲတက်ခဲ့ခြင်းဖြစ်သောကြောင့် ကျောင်းနှင့် အတော်အတန်ရင်းနှီးနေပြီးဖြစ်တာကြောင့် သစ်တောဘက်မှာ လမ်းကျဉ်းလေးရှိကြောင်း အမှတ်ရသွားသည်။ ကုနင်းချက်ချင်းထို လမ်းကျဉ်းလေးဘက်ကို အပြေးသွားလိုက်သည်။ သူမ၏အပြေးနှုန်းကတော့ လျင်မြန်လွန်းလို့ နိုင်ငံ့ကျွမ်းကျင် အပြေးသမားကတောင် အရှုံးပေးရလိမ့်မည်။ လမ်းတစ်လျှောက်ကလူတိုင်းလဲ အံ့ဩသွားကြပေမယ့် သူတို့ဖုန်းများနှင့် မှတ်တမ်းတင်ထားဖို့ အမှတ်ရကာ အသိပြန်ကပ်သွားချိန်မှာတော့ ကုနင်းက အဝေးသို့ရောက်နှင့်နေပြီဖြစ်ပေသည်။

ဖုန်း၏တဖက်ခြမ်းက အသံများကတော့ ဆက်လက်ပြောဆိုနေကြစဲဖြစ်ကာ,

"နင်က ငါတို့စကားကို နားမထောင်မှတော့ ငါတို့ဘက်ကလဲ ထပ်ပြီး သင်ခန်းစာပေး,ပေးရတော့မှာပေါ့."

ထိုစကားကိုကြားတော့ ကုနင်းထိတ်လန့်သွားကာ ကျန်းရှင်းရွှယ်ထပ်ပြီး ထိခိုက်မှာကို ကြောက်ရွံ့မိသွားသည်။ တကယ်ကိုပဲ မကြာခင်မှာပဲ ပါးရိုက်သံအကျယ်ကြီးကို ကြားလိုက်ရကာ ကျန်းရှင်းရွှယ်၏ နာနာကျင်ကျင် အော်ဟစ်သံကိုပါတစ်ဆက်တည်းကြားလိုက်ရ၏။

ကုနင်းဒေါသတွေ တောက်လောင်ကျွမ်းသွားသည်။

အစကတော့ သူတို့ကို ပေါ့ပေါ့ပါးပါးလေးပဲ ပညာပြလိုက်ဖို့စိတ်ကူးထားပေမယ့် ကြည့်ရတာ ကျန်းရှင်းရွှယ်ကို သူတို့လုပ်ခဲ့မိတာအပေါ် နောင်တကြီးကြီးတစ်ခါတည်းရသွားအောင် လုပ်မှဖြစ်တော့မယ့်ပုံပဲ.

နောက်ဆုံးကုနင်း ထိုနေရာကို ရောက်သွားချိန်မှာတော့ ကျန်းရှင်းရွှယ်ဟာ ပါးနှစ်ချက်တောင် အရိုက်ခံခဲ့ရပြီးဖြစ်သည်။

ကုနင်း ရှေ့ကို ပြေးသွားကာ အားပြင်းပြင်းနှင့် ကန်ချလိုက်ခြင်းကြောင့် ကျန်းရှင်းရွှယ်ကို အနိုင်ကျင့်နေကြသည့် ကျောင်းသူ၃ယောက်လုံး မီတာပေါင်းများစွာအထိ လွင့်ထွက်သွားကြတော့၏။ ကုနင်းကတော့ နည်းနည်းလောက်ဖြစ်ဖြစ်ညှာတာပေးသင့်တယ်လို့ တွေးကို မတွေးမိပေ။

ထိုကျောင်းသူ၃ယောက်မှာမှာ ပြန်လည်ခုခံချိန်တောင် နည်းနည်းလေးမှမရလိုက်ကြပဲ တစ်ယောက်က သစ်ပင်တစ်ပင်နှင့်ဆောင့်မိကာ မြေပြင်ပေါ် သတိလစ်လျက် ပုံလဲကျသွားတော့သည်။ နောက်တစ်ယောက်သည်တော့ ကျောက်တုံးနှင့်တိုက်မိကာ ခြေထောက်တစ်ဖက်ကျိုးသွားသောကြောင့် နာနာကျင်ကျင် မလှုပ်မရှားနိုင်ဖြင့် ငိုကြွေးနေခဲ့သည်။ နောက်ဆုံးတစ်ယောက်ကတော့ မျက်နှာနှင့် မြေပြင်ပွတ်ဆွဲမိ၍ မေးရိုးတစ်လျှောင် ယောင်ကိုင်းသွားပြီး ရှေ့သွားများကျိုးသွားကာ ပါးစက်ထဲကနေ သွေးများ ရေတံခွန်သဖွယ်စီးကျနေတော့သည်။ သူမခဗျာ ငိုတောင်မငိုနိုင်ရှာတော့ပေ။

ကျန်းရှင်းရွှယ်မှာ သူမမျက်စိရှေ့တွင် ဖြစ်ပျက်သွားသည့် ထိုမြင်ကွင်းကြောင့် ကြောင်အနေခဲ့သည်။

တစ်တောထဲတွင် ကျောင်းသား ၂ယောက်၃ယောက်ခန့်သာရှိနေပြီး ကုနင်း၏ခွန်အားကို မြင်ကာ အားလုံးထိတ်လန့်အံ့ဩနေမိကြသည်။ သူတို့လဲ ကျန်းရှင်းရွှယ်ဒုက္ခရောက်နေတုန်းက သနားကာ စိတ်မကောင်းဖြစ်မိကြပေမယ့် ဝင်ကူညီဖို့အထိတော့ မဝံ့ရဲကြပေ။

ဒါပေမယ့် လူတွေထိခိုက်ဒဏ်ရာရသွားသည်ကို မြင်တာနဲ့ တစ်ယောက်က ချက်ချင်းပဲ ဆရာကို သွားအကြောင်းကြားတော့သည်။

ကုနင်း ထိုတစ်ယောက်ထွက်သွားသည်ကို သတိထားမိပေမယ့် ဂရုစိုက်မနေပါဘူး။ သူမအခုချိန်မှာထါက်လဲ မပြေးနိုင်သလို ကျန်းရှင်းရွှယ်ကိုလဲ တစ်ယောက်ထဲ မထားခဲ့နိုင်ပါပေ! သူမလုပ်ခဲ့သည့် ပြဿနာကို သူမကိုယ်တိုင်ဖြေရှင်းမှဖြစ်ပါမယ်။

"မမ...." ကျန်းရှင်းရွှယ်အသံတွေတုန်ရီနေရင်း ပြောနေကာ, "သူ..သူတို့..."

ကုနင်းရဲ့ခွန်အားကို ကျန်းရှင်းရွှယ်အရမ်းအံ့ဩနေမိပေမယ့် ဖြစ်လာမယ့်အကျိုးဆက်ကို ပိုပြီးကြောက်လန့်နေမိသည်။

All Chapters