← Chapters

အခန်း (၁၇၁-၁၇၅)

Vol. 12 Ch. 171-175

အခန်း (၁၇၁-၁၇၅)

Vol. 12 Ch. 171-175

အခန်း ၁၇၁ ကုနင်း၏ဒေါသ ၂

ကျန်းရှင်းရွှယ် ထိုကျောင်းသူ၃ယောက်အပေါ် လုံးဝမသနားမိပေမယ့် ထိုကောင်မလေးတွေသာ ဒဏ်ရာအကြီးကျယ်ရသွားခဲ့ရင် သူမနှင့် ကုနင်းတို့ ပြဿနာအကြီးကြီးတက်သွားလိမ့်မယ်။

"စိတ်အေးအေးထား, သူတို့လဲ ဘာမှမဖြစ်သလို ငါတို့လဲ ဘာမှဖြစ်မှာမဟုတ်ဘူး။ ငါ့ကိုယုံလိုက်။" ကုနင်း ကျန်းရှင်းရွှယ်ဘက်ကို ကြည့်ကာ သူမကို စိတ်အေးသွားအောင် နူးနူးညံ့ညံ့နှင့် နှစ်သိမ့်ပေးနေလိုက်သည်။

ကျန်းရှင်းရွှယ် ကုနင်း၏စကားတွေကို ယုံကြည်ပါသည်။ ကုနင်းက အဆင်ပြေတယ်လို့ပြောနေမှတော့ တကယ်အဆင်ပြေသွားမယ်ဆိုပြီး သူမယုံကြည်နေမိသည်။

ကုနင်း ထိုကျောင်းသူလေး၃ယောက်ကို တစ်ကြိမ်တည်းသာကန်ရသေးတာကြောင့် သူမကျေနပ်သေးပေမယ့် ထိုကောင်မလေးတွေက ဆိုးဆိုးဝါးဝါးကို ဒဏ်ရာရနေကြပြီဖြစ်တာကြောင့် သူတို့ကို ဆက်ပြီးမရိုက်နေတော့ပေ။

မကြာခင်မှာပဲ ငယ်ရွယ်သေးသည့် ဆရာတစ်ယောက်နှင့် ဆရာမတစ်ယောက်ရောက်လာခဲ့သည်။ သူတို့က မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ကြခြင်းမဟုတ်ပေမယ့် ကျောင်းသားတစ်ယောက်က မိန်းကလေးတစ်ယောက် ကျောင်းသူ၃ယောက်ကို ကန်လိုက်တာ မီတာပေါင်းများစွာလွင့်သွားကြောင်း ပြောပြပြီးဖြစ်သည်။ တစ်ယောက်က သတိလစ်သွားကာ တစ်ယောက်က ခြေကျိုးသွားပြီး တစ်ယောက်မှာတော့ ရှေ့သွားတွေအားလုံးကျိုးသွားသည်ဟုကြားလိုက်ရသောကြောင့် သူတို့ထိတ်လန့်သွားရသေးသည်။

ထိုဆရာငယ်လေးနှစ်ယောက်ကတော့ ကောင်မလေးတစ်ယောက်က တစ်ချိန်တည်းနှင့် နောက်လူ၃ယောက်ကို ကန်နိုင်လိမ့်မယ်လို့မယုံကြည်သလို ဒဏ်ရာကြီးကြီးမားမား ရသွားလိမ့်မယ်လို့လဲ လုံးဝမယုံကြည်ခဲ့ပဲ သက်သက်ချဲ့ကားပြောဆိုနေခြင်းဖြစ်မည်ဟုသာ တွေးထားခဲ့ကြပေသည်။ သိုပေမည့် ကျောင်းသူ၃ယောက်၏ အခြေအနေကို မျက်မြင်ကိုယ်တွေ့,တွေ့လိုက်ရချိန်မှာတော့ အမှန်တရားကို ကြိတ်မှိတ်လက်ခံလိုက်ရတော့လေသည်။

ဆရာမက သတိလစ်နေသည့် ကျောင်းသူဘေးကို သွားလိုက်ကာ အထိတ်တလန့်နှင့် လှုပ်နှိုးလိုက်သည်,

"ကျားကျား, ကျားကျား..."

ကျောင်းသူဘက်က မည်သည့် တုန့်ပြန်မှုမှမရလာတာကြောင့် သူမချက်ချင်း ဆေးရုံတင်ကားကို ဖုန်းလှမ်းဆက်ခေါ်လိုက်သည်။ ထိုအချိန်မှာပဲ ဆရာကလဲ မေးလိုက်သည်။

"ဒါ ဘယ်သူလုပ်တာလဲ?"

"ကျွန်မလုပ်တာ." ကုနင်းကတော့ လုံးဝကြောက်ရွံ့နေပုံမပေါ်ပဲ ပျာပျာသလဲတောင် ဝန်ခံနေလိုက်သေး၏။

ဆရာလဲ ကုနင်းကို ကြည့်လိုက်မတော့ ချက်ချင်းပဲ ကုနင်းက သူတို့ကျောင်းက ကျောင်းသူမဟုတ်မှန်း သတိထားမိသွားကာ အမှတ်၃အထက်တန်းကျောင်းကမှန်းလဲ တခါတည်းသိသွားခဲ့သည်။ သူကဒေါသတကြီးနှင့် မေးလိုက်သည်။

"မင်းက အမှတ်၃အထက်တန်းကျောင်းက ကျောင်းသူလေ. ဘာလို့ ဒီကိုလာပြီးး ငါတို့ကျောင်းသားတွေကို လာရိုက်ရတာလဲ?"

ကုနင်းကတော့ ထိုဆရာ၏ဒေါသကို နည်းနည်းလေးမှ ကြောက်ရွံ့ဟန်မပြဘဲ အေးဆေးပြန်ဖြေလိုက်ပေသည်။

"ဘာလို့ဆို သူတို့က တခြားကျောင်းသူတစ်ယောက်ကို အရင်ဆုံးလာရိုက်ခဲ့တာလေ။"

ဆရာလဲ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ ဆက်မေးလိုက်သည်။

"ဘယ်သူကို ရိုက်ခဲ့လို့လဲ?"

"ကျွန်မဝမ်းကွဲညီမကို။" ဆိုပြီး ကျန်းရှင်းရွှယ်ကို လက်ညှိုးညွှန်ပြရင်းပြန်ဖြေလိုက်၏။

ဆရာဖြစ်သူလဲ ကျန်းရှင်းရွှယ်ကို ကြည့်လိုက်ချိန် သူမရဲ့မျက်နှာတစ်ခြမ်းက ယောင်ကိုင်းနေတာကြောင့် လန့်သွားမိသည်။

ဒါပေမယ့် ကျန်းရှင်းရွှယ်၏မျက်နှာပေါ်တွင်တော့ လက်ဝါးရာနှစ်ချက်ပဲရှိနေကာ တစ်ဖက်က ကျောင်းသူ၃ယောက်သည်တော့ ဒဏ်ရာများနှင့် မြေပေါ်လဲနေရသည်လေ။ ဒါကြောင့် ဆရာက ရှားပေါင်ကျားနှင့် ကျန်တဲ့ကျောင်းသူနှစ်ယောက်ဘက်က ကာကွယ်ပြောဆိုလိုက်သည်။

"သူလဲအဆင်ပြေနေတာပဲ ဒါပေမယ့် မင်းကတော့ ဟို၃ယောက်ကို အားပြင်းပြင်းနဲ့ ရိုက်ခဲ့တာပဲ. ဒါက အရမ်းလွန်လွန်းသွားပြီ!"

"ဘာ? သူကျတော့ ပါးနှစ်ချက်အရိုက်ခံပြီးထားတာတောင် အဆင်ပြေတယ်တဲ့လား? " ကုနင်းရဲ့အသံက အေးဆက်ကာ ထက်ရှသည့် ဓါးသွားတစ်လက်လိုမျိုး ဆရာ့ဘက်ကို ဦးတည်နေတာကြောင့် ဆရာခမျာ တောင့်ခဲနေတော့သည်။

ပြီးတာနဲ့ ကုနင်း ထိုကောင်မလေး၃ယောက်ဘက်ကို ညွှန်ပြလိုက်ကာ ဒေါသတကြီးပြန်ပြောတော့သည်၊

"ဒီကောင်မလေးတွေ အထူးသဖြင့် ရှားကျားပေါင်လို့ ခေါ်တဲ့တစ်ယောက် သူကသာ အရင် သူကြိုက်နေတဲ့ကောင်လေးက ကျွန်မညီမကို စာလိုက်ပေးလို့ဆိုပြီး ပါးရိုက်ခဲ့တာ။ သူဘယ်လိုလုပ်ဒီလိုလုပ်နိုင်ရတာလဲ? ဘယ်သူက သူ့ကို အဲ့လိုလုပ်ခွင့်ပေးထားတာလဲ? အဓိကအချက်က အဲ့ပေးတဲ့စာကို ကျွန်မညီမဘက်က လက်မခံခဲ့ဘူး. ဒီမနက်ကျတော့ ကောင်လေးက ကျွန်မညီမမနေ့ကဖြစ်သွားတဲ့ ကိစ္စကို တောင်းပန်ဖို့ရောက်လာတယ်. ပြီးတော့ကော! ဒီကောင်မလေးတွေက ကျွန်မညီမကို နောက်ထပ်ပါးရိုက်ခဲ့ပြန်တယ်. သူတို့က ဘာမို့လို့ ကျွန်မညီမကို ပါးရိုက်ရတာလဲ ပြီးတော့ ကျွန်မကကော ကျွန်မညီမအတွက် ဘာကြောင့်များပြန် မရိုက်ပေးနိုင်ရမှာလဲ? သူတို့ ကျွန်မညီမကို ရိုက်နေတာကို ကျွန်မက တိတ်တိတ်လေးရပ်ကြည့်နေသင့်တယ်လို့ ရှင်ထင်နေတာလား? ရှင်သာ ကျွန်မနေရာမှာဆိုရင်ရော တိတ်တိတ်လေးရပ်ကြည့်နေမှာလား?"

ကုနင်း၏စကားလုံးတိုင်းက အလွန်ရန်လိုတာကြောင့် ဆရာ့ကိုတောင် လွှမ်းမိုးခံလိုက်ရသလိုခံစားသွားရစေသည်။ ဒီမိန်းကလေးက အရမ်းသန်မာပြီး စွမ်းအားကြီးတာပဲ! သူမက ကျောင်းအုပ်ကြီးထက်တောင် ပိုပြီးကြောက်ဖို့ကောင်းသေး။

ကံကောင်းစွာပဲ ထိုဆရာသည် ကြောင်းကျိုးဆီလျော်စွာစဉ်းစားဆုံးဖြတ်နိုင်သည့် ဆရာဖြစ်တာကြောင့် ကုနင်းရဲ့ပြန်လည်ပြောဆိုမှုတွေကိုကြားတော့ သူပြောခဲ့သည့်ကိစ္စအတွက် အနည်းငယ်အပြစ်ရှိသလိုခံစားသွားရသည်။

"ဘာကြောင့်ပဲဖြစ်ဖြစ်, မင်းသူတို့ကို ထိခိုက်အောင်လုပ်ခဲ့တာအမှန်တရားပဲ. ငါရဲကိုအကြောင်းပြီးသွားပြီ။ မင်းပြေးလို့ မလွတ်တော့ဘူး။ " ဆရာမကတော့ ကုနင်းဆီက ဖိအားတွေကို ခံစားနေရတာတောင်မှ အလွတ်မပေးလေဘူး။

ရှားကျားပေါင်နှင့် ကျန်တဲ့ကျောင်းသူ၂ယောက် ကျန်းရှင်းရွှယ်ကို ပါးမရိုက်ခဲ့သည့်ပေမယ့် ကုနင်းကတော့ သူမလုပ်ခဲ့တာအတွက် ပြန်ပြီးတာဝန်ယူရပါမယ်။

တကယ်တော့ ကုနင်း ထိုကိစ္စအတွက် နစ်နာကြေးပေးလိုက်ရုံနဲ့အဆင်ပြေသွားမှာဖြစ်ပေမယ့် ဆရာမကတော့ သူမကို ငွေထက်ပိုပြီးပြန်ပေးဆပ်စေချင်ပါသည်။

ကျန်းရှင်းရွှယ်သည်တော့ ဆရာမက ရဲခေါ်လိုက်သည်ကိုကြား၍ အလွန်ထိတ်လန့်နေတာကြောင့် ကုနင်းက သူမလက်ကို ဆုပ်ကိုင်ကာ သူမကို စိတ်ငြိမ်စေရန် စွမ်းအားတွေလွှဲပြောင်းပေးနေခဲ့ပေသည်။

"ကျွန်မလုပ်ခဲ့တာအတွက် တာဝန်ယူသင့်မှန်း သိပါတယ်. ဒါပေမယ့် သူတို့ကျွန်မညီမကို လုပ်ခဲ့တာက စိတ်ဒဏ်ရာဖြစ်စေတာလေ, ဘယ်ဟာက ပြင်းထန်မလဲ."ကုနင်း တမင်ပြောလိုက်သည်။

"အဲ့လိုဆိုတော့ကော, မင်းကဘာလုပ်နိုင်မှာမို့လို့လဲ?" ဆရာမကတော့ ကုနင်းမှာ သူမကို ဆန့်ကျင်နိုင်မည့် စွမ်းရည်ရှိနေလိမ့်မယ်လို့ လုံးဝမထင်ပါဘူး. သူမ ကျန်းရှင်းရွှယ်၏နောက်ခံကိုသိထားပြီးဖြစ်၍ ကုနင်းသည်လဲ ဘာမှလုပ်နိုင်မှမဟုတ်ဘူးလို့ တွေးနေ၏။

ထိုဆရာမ၏အပြုအမူအရ ဒီကျောင်းသူ၃ယောက်ထဲမှ အနည်းဆုံးတစ်ယောက်သည်တော့ အင်အားကြီးမိသားစု ဒါမှမဟုတ် ချမ်းသာသည့် မိသားစုကဖြစ်မည်ဟု ကုနင်းခန့်မှန်းမိလိုက်ပေမယ့် ဒီတော့ဘာဖြစ်လဲ ကုနင်းကလဲ အားနည်းသည့်ကောင်မလေးတစ်ယောက်မှမဟုတ်ဘဲ။

သူတို့က အဆက်အသွယ်တွေသုံးပြီး အနိုင်ပိုင်းချင်တယ်ဆို ကုနင်းဘက်ကလဲ ထိုသို့တစ်ပုံစံတည်းပြန်လုပ်ပေးရမှာပေါ့။

"စိတ်ဝင်စားစရာပဲ! ဒါဆို စောင့်ကြည့်ကြတာပေါ့!" ကုနင်းဘာကိုမှ ဂရုမစိုက်သည့်အပြင် ရန်စသလိုပါပြောလိုက်သည်။

ဆရာမမှာတော့ ကုနင်းသက်သက်မဲ့ လေလုံးထွားနေတယ်လို့မြင်မိသည်။ ဆရာသည်တော့ ကျန်းရှင်းရွှယ်၏နောက်ခံကို မသိသောကြောင့် ကုနင်းဒီလို အေးဆေးနေပြီး ယုံကြည်ချက်အပြည့်ရှိနေတာကို မြင်တော့ သူမနောက်ခံတော်တော်တောင့်မယ်လို့ ထင်လိုက်မိသည်။ သို့ပေမယ့် ဘာတွေဘယ်လိုပဲဖြစ်နေပါစေ သူကတော့ ဒီကိစ္စထဲ ဒီ့ထက်ပိုမပါဝင်ချင်တော့ပေ။

၂မိနစ်လောက်နေတော့ အနားမှာ ဆရာတွေအပါအဝင် လူအများအပြားစုဝေးလာကြသည်။

ကုနင်းက ရှားကျားပေါင်နှင့်ကောင်မလေး၂ယောက်ကို ကန်လိုက်တာ မီတာပေါင်းများစွာလွင့်သွားကြောင်းသိရတော့ လူတိုင်းထိတ်လန့်အံ့ဩသွားကြပေမယ့် အနည်းငယ်ကသာ ကုနင်းကို အပြစ်တင်ကြသည်။ ကုနင်းရှင်းပြခဲ့သလိုပါပဲ, ကုနင်းသူမလုပ်တာကို တာဝန်ခံသင့်ပေမယ့် ရှားကျားပေါင်တို့ကတော့ စိတ်ဒဏ်ရာရအောင်လုပ်ခဲ့ခြင်းဖြစ်ပေသည်။

မိနစ်အနည်းငယ်ကြာပြီးချိန်မှာတော့ ကျောင်းအုပ်သည်လဲရောက်လာခဲ့ကာ သူ့နာမည်ကတော့ ဒူဟိုင်ပင်းဖြစ်ပြီး ဘဝင်မြင့်ကာ တစ်ကိုယ်ကောင်းဆန်သည့်လူတစ်ယောက်လဲဖြစ်သည်။

ရှားကျားပေါင်၏ဖခင်က ပညာရေးဌာန၏ စာမေးပွဲကြီးကြပ်ရေးနှင့်ဝန်ထမ်းထောက်ခံရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် ရှားမင်ရှန်းဖြစ်သည်။ သူသာ ရှားကျားပေါင်အဖေနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့လျှင် အကူညီကောင်းတစ်ရပ်ဖြစ်နိုင်ပြီး မဟုတ်ရင်တော့ သူ့ရဲ့အလုပ်ရာထူး အဆုံးသတ်သွားရပေလိမ့်မည်။ ဒူဟိုင်ပင်းမှာ ထောင်ခံပေးမယ့်အင်အားမရှိတာကြောင့် ချမ်းသာပြီး အာဏာရှိသည့်လူတွေကို မျက်နှာလုပ်နေရသည်။ ဒီကိစ္စမှာ သေချာပေါက်ကို သူ ရှားကျားပေါင်ဘက်ကနေရပ်တည်ပေးမှာပါ။

...............Part 171 Book 12.....................

ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like & Shareလေးတွေလုပ်ပေးကြဖို့ မမေ့နဲ့နော်

အခန်း ၁၇၂ ရဲကို ပြန်လည်တိုက်ခိုက်ခြင်း

ကုနင်းသည် ရှားကျားပေါင်နှင့် ကျန်သည့်မိန်းကလေးနှစ်ယောက်ကို ရိုက်ခဲ့သည့် တရားခံမှန်း ဒူဟိုင်ပင်းသိသွားသည်နှင့် ကုနင်းကို ဘာကြောင့် ဖြစ်ခဲ့ရတာလဲဆိုသည့် မည်သည့်မေးခွန်းမျှပင် မေးမြန်းခြင်းမပြုပဲ ချက်ချင်းကို ကျိန်ဆဲအော်ဟစ်တော့သည်။

ဒါပေမယ့် စက္ကန့်အနည်းငယ်အော်ဟစ်ပြီးချိန်မှာပဲ ကုနင်းက ဒေါသတကြီး ရပ်ခိုင်းသည့် အသံထွက်ပေါ်လာပေ။

"တော်တော့!"

ကုနင်း၏ လေသံပြင်းပြင်းကြောင့် ဒူဟိုင်ပင်း ဆွံ့အမင်တက်သွားခဲ့ကာ အံ့ဩလွန်းလို့ မျက်လုံးတော်ပြူးပြီး ကုနင်းကို ကြည့်နေခဲ့မိပေမယ့် နောက်ထပ်ဘာဆက်လုပ်လို့လုပ်ရမှန်းတော့ မသိတော့ပေ။

အနားရှိလူအားလုံးကလဲ ကုနင်း ကျောင်းအုပ်ကို အော်လိုက်တာကို မြင်၍ အံ့ဩသွားကြကာ ဆရာမလဲ ကုနင်းကို ရန်စမိ၍ အနည်းငယ်တော့ နောင်တရသွားပေမယ့် ကုနင်းမှာ နောက်ခံကောင်းကောင်းရှိတယ်လို့ ထင်မြင်ချက်ကို တော့ သူမဆက်လက်ငြင်းဆန်နေခဲ့သည်။

ကြည့်ရတာ ဒီနေ့ကတော့ နေ့တာရှည်ဦးမည့်ပုံပေပဲ။

"ရှင်က ကျောင်းအုပ်တစ်ယောက်ဖြစ်ပြီး ကျွန်မ ဘာလို့ရိုက်ခဲ့လဲဆိုတဲ့မေးခွန်းတစ်ခုမှတောင် မမေးပဲ အပြစ်တန်းတင်တယ်ပေါ့. ဆရာတွေအတွက် ရှင်က ရှက်စရာပြယုဂ်ပဲ။" ကုနင်းဒီလို ဒဲ့တိုးပြောဆိုလိုက်ခြင်းက သူမစိတ်ကြီးဝင်ကာ သူသိသူတက်လုပ်ချင်လို့မဟုတ်ဘဲ ထိုကျောင်းအုပ်မှာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုလုံးဝမရှိခြင်းကြောင့်ဖြစ်၏။

တော်တော်လေးကြာပြီးသွားကာမှ ကျောင်းအုပ်မှာ သူ့လို ပညာတတ်တစ်ယောက်ကို ဆယ်ကျော်သက်ကောင်မလေးက လူပုံအလယ်မှာ အရှက်ခွဲလိုက်ခြင်းဖြစ်ကြောင်း သတိပြုမိသွားပြီး ရှက်ရွံ့ဒေါသထွက်လာခဲ့ကာ ကုနင်းကို ထပ်မံအော်ဟစ်ပြန်တော့သည်။

"မင်းကများ ငါ့ကို ဒီလိုပုံစံနဲ့ပြန်ပြောရဲတယ်! မင်းပဲ ဒီမိန်းကလေးတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တာမဟုတ်ဘူးလား?"

"အဲ့တော့ဘာဖြစ်လဲ? သူတို့ကအရင်စပြီး ကျွန်မညီမဝမ်းကွဲကို ပါးရိုက်ခဲ့တာလေ။ သူတို့နဲ့ထိုက်လို့ပြန်အပြစ်ပေးလိုက်တာပဲ။" ကုနင်း အေးစက်လှသောအသံနှင့်ပြန်ဖြေလိုက်သည်။

"မင်း...." ဒူဟိုင်ပင်းဒေါသအရမ်းထွက်လာကာ,

"မင်းရဲ့ဝမ်းကွဲလဲ အဆင်ပြေနေတာပဲကို။ ဘာလို့ဒီလိုလုပ်ခဲ့တာလဲ?"

"ရှင့်အပေါ်မဆက်ဆံစေချင်တဲ့ပုံစံအတိုင်း တခြားလူအပေါ်လဲ အဲ့လိုမျိုး မဆက်ဆံသင့်ဘူး။ ဒါကျွန်မအများကြီး သက်ညှာကြင်နာပေးထားတာ။" ကုနင်းနှာခေါင်းရှုံ့ရင်းပြန်ဖြေလိုက်သည်။

"ဟွန့်! မိုက်မဲလိုက်တာ! မင်းကို ဖမ်းမှကို ဖြစ်မယ်!" ဒူဟိုင်ပင်း ခြိမ်းခြောက်သည့်လေသံနှင့်ပြောလိုက်သည်။

"ဂရုမစိုက်ဘူး။ ကျွန်မတစ်ယောက်ပဲ အဖမ်းခံရမယ့်လူမှမဟုတ်တာ။" ကုနင်း ရှားကျားပေါင်နှင့် ကျန်တဲ့မိန်းကလေးနှစ်ယောက်ဘက်ကို ကြည့်ကာ အရေးမစိုက်ဟန်နှင့် ပေါ့ပေါ့ပါးပါးပဲပြန်ဖြေလိုက်သည်။

"ဒီကမ္ဘာပေါ်မှာ တရားမျှတမှုဆိုတာထက် ပိုထိရောက်တဲ့ အာဏာဆိုတဲ့အရာရှိသေးတာကို မမေ့နဲ့!" ဒူဟိုင်ပင်း ကုနင်း၏မသိတက်မှုကို အထင်သေးစွာလှောင်ရယ်လိုက်သည်။

"ဟုတ်တာပေါ့၊ တရားမျှတမှုထက် ပိုထိရောက်တဲ့ အာဏာဆိုတာ ဒီကမ္ဘာပေါ်မှာရှိတာပေါ့။" ကုနင်း၏ပြန်လည်ဖြေကြားမှုက အဓိပ္ပါယ်တစ်မျိုးသက်ရောက်နေသည်။

"ဒါကြောင့် ရှင်သေချာမသိတဲ့လူတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဘယ်တော့မှမလုပ်မိစေနဲ့။"

ကုနင်း၏ယုံကြည်ချက်အပြည့်နှင့်ပြောဆိုပုံကိုတွေ့ရတော့ ဒူဟိုင်ပင်း စိုးရိမ်စိတ်ဝင်သွားသည်။ ဒီကောင်မလေးက အာဏာရှိတဲ့မိသားစုတစ်ခုခုကများလား?

ထိုအချိန်မှာပဲ ခပ်ဝေးဝေးကနေ ရဲကားသံ တဝီဝီကို ကြားလိုက်ရသည်။ ဒီရဲတွေ ၁၀မိနစ်ထဲနဲ့ ရောက်လာကြသည်ပဲ။

ရဲစခန်းက ကျောင်းနှင့် ဝေးလဲ အရမ်းကြီးမဝေးသလို နီးလဲ နီးနေတဲ့အနေအထားမဟုတ်ပါဘူး။

သို့ပေမယ့် ဆရာမက ရဲကို လှမ်းအကြောင်းကြားချိန် နစ်နာသူမှာ ပညာရေးဌာန၏ စာမေးပွဲကြီးကြပ်ရေးနှင့်ဝန်ထမ်းထောက်ခံရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် ရှားမင်ရှန်းရဲ့သမီးဖြစ်ကြောင်းကိုပါ ပိုပိုသာသာထည့်ပြောခဲ့ပြီး အခုအကန်ခံရတာကြောင့် သတိလစ်နေကြောင်းပြောခဲ့၍ ရဲတွေလဲ အချိန်ဖြုန်းမနေရဲဘဲ မြန်မြန်သွက်သွက်ရောက်လာကြခြင်းဖြစ်သည်။

ဆေးရုံသည်တော့ ရဲစခန်းထက် အနည်းငယ်ပိုဝေးသည်ဖြစ်၍ လူနာတင်ယာဉ်မှ ယခုထက်ထိမရောက်လာသေးပေ။

ရဲကားသည် လူအုပ်ကြီးဘေးတွင်ရပ်လိုက်ပြီး ကားထဲမှာ ရဲ၃ယောက်ထွက်လာခဲ့သည်။

ဆရာမက ချက်ချင်းပဲ ရဲတွေထံသို့လျှောက်သွားကာ နှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်။ ကျောင်းသူ၃ယောကို ဒဏ်ရာရအောင်လုပ်တာ ဒီမိန်းကလေးပါပဲ!"

"သူ့ကို ခေါ်သွားလိုက်!" ရဲတစ်ယောက်က အမိန့်ပေးလိုက်သည်နှင့် ကျန်တဲ့ရဲနှစ်ယောက်က ကုနင်းထံလျှောက်လှမ်းလာကာ ထိုထဲမှတစ်ယောက်သည်တော့ လက်ထိပ်ကိုတောင်ကိုင်ထားခဲ့ပါသေးသည်။ သူတို့က အကြောင်းအရင်းဖြစ်ရပ်ကို လုံးဝမေးမြန်းခြင်းမပြုဘဲ ဖမ်းဖို့ပြင်နေတာကြောင့် သူတို့ ငွေယူထားလို့ လာဖမ်းမှန်း အရမ်းကို သိသာပေ၏။

"နေဦး!" ကုနင်းသူတို့ကို တားလိုက်တာကြောင့် ရဲနှစ်ယောက် အထင်သေးစွာ သူမကို ကြည့်လိုက်ပြီး တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

"ဘာလဲ? မင်းက ရှောင်ပြေးချင်လို့လား?"

"မဟုတ်ပါဘူး, ဒါပေမယ့် ရှင်တို့ ကျွန်မကို မဖမ်းခင် အရင်ဆုံး ဘာကိစ္စတွေဖြစ်ခဲ့တာလဲဆိုတာကို ဖော်ထုတ်မေးမြန်းရမယ်မဟုတ်ဘူးလား?" ကုနင်းမေးလိုက်သည်။

ထိုစကားများကိုကြားတော့ ရဲနှစ်ယောက်မှာ စိတ်ရှည်မှုတွေပျောက်ဆုံးသွားတော့သည်။ အခုကိစ္စက စုံစမ်းမေးမြန်းနေဖို့အထိ လိုအပ်တယ်လို့ သူတို့မတွေးမိကြဘူးလေ။

သို့ပေမယ့် လူအများ၏ရှေ့မှောက်ဖြစ်နေတာကြောင့် သူတို့စိတ်ထဲကစကားများကို အပြင်ဘက်ထုတ်ပြောလို့မဖြစ်ဘဲ ဝတ်ကျေတန်းကျေ မေးခွန်းမျိုးသာမေးမြန်းလိုက်သည်။

"ကောင်းပြီလေ, ငါတို့မင်းကိုမေးမယ်။ မင်းသူတို့ကို ရိုက်ခဲ့သလား?"

"အင်း" ကုနင်းပြန်ဖြေလိုက်သည်။

"ဒီလိုဆိုမှတော့ ငါတို့မင်းကို ဖမ်းတာ မှားနေတယ်လို့ မထင်ဘူး။" မေးခွန်းမေးသည့် ရဲကပဲ ထပ်ပြောလိုက်၏။

"သူတို့က အရင် ကျွန်မညီမကို ပါးရိုက်ခဲ့တာဆိုတော့ ရှင်သူတို့ကိုလဲ ဖမ်းသင့်တယ်။" ကုနင်း ရှားကျားပေါင်နှင့် ကျန်တဲ့မိန်းကလေးနှစ်ယောက်ကို ညွှန်ပြကာ အထွန့်တက်လိုက်သည်။ ဟုတ်သည်လေ ဒါသူမတစ်ယောက်ထဲရဲ့အမှားမှမဟုတ်ဘဲ။ အဖမ်းခံရမှတော့အားလုံးခံသင့်တာပေါ့။

"မင်းက အရင်ဆုံးရဲစခန်းကိုသွားပြီး မင်းလုပ်ခဲ့တဲ့မှတ်တမ်းကို ချရေးရမယ်။ သူတို့ကတော့ ဒဏ်ရာရာထားလို့ အခုချက်ချင်း ဆေးရုံကိုသွားရမယ်။ ငါတို့ သူတို့ကို ဆေးရုံမှာ စစ်ဆေးမေးမြန်းဖို့ နောက်ထပ်ရဲတစ်ယောက်ထပ်လွှတ်လိုက်မယ်။" ထိုရဲကပဲ ဆက်ပြောလိုက်သည်။

သူဒီလိုပြောလိုက်တယ်ဆိုတာက လူအများ၏ရှေ့မှောက်ဖြစ်နေ၍သာဖြစ်ပြီး ဒီလူတွေရဲ့နောက်ကွယ်ကို ရောက်သည်နှင့် ထိုသို့လုပ်တော့မည်မဟုတ်ပေ။

ကုနင်းလဲ ဒီအပြောက သက်သက်ဟန်လုပ်တာမှန်းသိပေသည်။ သူမ ပြန်ခံပြောနေရတယ်ဆိုတာကလဲ ပြစ်မှုမှတ်တမ်းမဝင်သွားစေချင်ရုံကြောင့်သာပါ။

"ကောင်းပြီလေ။ ဒါပေမယ့် အခုကိစ္စက ပြည်သူချင်းအငြင်းပွားမှုလေးပဲလေ။ ကျွန်မက အပြစ်သားတစ်ယောက်မဟုတ်တော့ ရှင်တို့လက်ထိပ်ခတ်ဖို့အထိမလိုဘူးမလား။"

ရဲစခန်းကို အရခေါ်ဆောင်သွားခြင်းက ထောင်ခြောက်တစ်ခုမှန်း ကုနင်းသိပေမယ့် မကြောက်ပါဘူး။

"ကောင်းပြီလေ၊ သွားကြတာပေါ့။" ရဲဘက်ကလဲ ကုနင်း၏အပြောကို သဘောတူလိုက်သည်။

ကုနင်းချက်ချင်းမလိုက်သွားဘဲ နဲ့ ဒူဟိုင်ပင်းကို ကြည့်လိုက်ကာ ခြိမ်းခြောက်စကားပြောခဲ့သည်။

"ကျောင်းအုပ်ကြီးဒူ၊ ကျွန်မမရှိတုန်း ကျွန်မညီမဝမ်းကွဲ တစ်ခုခုထိခိုက်ခဲ့မယ်ဆိုရင် ရှင့်ရာထူးလဲ မြဲလိမ့်မှာမဟုတ်ဘူး။"

သူမရဲ့ အေးစက်စက်ခြိမ်းခြောက်သံကြောင့် ဒူဟိုင်ပင်းမှာ သူ့ရာထူးနေရာကို ကုနင်းတကယ်ပဲ အစားထိုးပစ်နိုင်သည့် အရည်အချင်းရှိသည်ဟု ယုံကြည်မိသွားသည်။

ကုနင်း ကျန်းရှင်းရွှယ်အား ရဲစခန်းကို သူမနှင့်အတူ ခေါ်သွားဖို့စိတ်ကူးမရှိပါဘူး။ ကျန်းရှင်းရွှယ်မှာ အပြစ်ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ ရဲစခန်းကို ရောက်သွားရင် သူမဂုဏ်သိက္ခာကို ထိခိုက်နိုင်ပါသည်။ သို့ပေမယ့် ကုနင်းကတော့ သူမဂုဏ်သိက္ခာထိခိုက်သည်ဖြစ်စေ မထိခိုက်သည်ဖြစ်စေ ဂရုစိုက်တတ်သည့်လူတစ်ယောက် မဟုတ်ပေ။

"မမ..." ကျန်းရှင်းရွှယ် ကုနင်းလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကာ မလွှတ်ပေးပါဘူး။

"စိတ်အေးအေးထား၊ ငါအဆင်ပြေတယ်။ အိမ်ကလူတွေကိုလဲ သွားမပြောနဲ့ဦးနော်။" ကုနင်း ကျန်းရှင်းရွှယ်ကို စိတ်ဆုံးဖြတ်ချက်ပြတ်သားသည့် အမူအရာနှင့် စိုက်ကြည့်ကာပြောလိုက်တော့ ကျန်းရှင်းရွှယ်မှာလဲ အကြောင်းပြချက်စိတ်အေးသွားရသည်။

ထို့နောက် ကုနင်း ရဲ၂ယောက်နောက်ကနေလိုက်သွားကာ ရဲကားထဲဝင်လိုက်လျှင်ပဲ လူနာတင်ယာဉ်လဲရောက်ရှိလာခဲ့ပါသည်။

ကားထဲရောက်တော့ ကုနင်း သူမဖုန်းကိုထုတ်ကာ ဖုန်းဆက်ဖို့လုပ်လိုက်ပေမယ့် ရဲတစ်ယောက်က သူ့လက်ကို ဆန့်တန်းကာ ကုနင်းလက်ထဲကဖုန်းကို ဆွဲယူဖို့လုပ်လိုက်သည်။

"မင်းက အခုသံသယရှိသူတစ်ယောက်၊ ဒီတော့ မင်းဖုန်းကို သိမ်းထားရမယ်။"

ကုနင်းလဲ သူမလက်ကို ပြန်မြှောက်ကာ ရဲ၏လက်ကို အားနဲ့ တင်းတင်းလှမ်းဖမ်းဆုပ်လိုက်တာကြောင့် ရဲလဲ မလှုပ်မရှားနိုင်ဖြစ်သွားသည်။

အရွယ်ရောက်ပြီးသားယောကျ်ားတစ်ယောက်က ဆယ်ကျော်သက်ကောင်မလေးကို ရှုံးနိမ့်သွားတာကြောင့် ရဲမှာ ရှက်ပြီး ဒေါသထွက်လာကာ ကုနင်းကို ခြိမ်းခြောက်စကားဆိုလိုက်သည်။

"ငါ့ကို လွှတ်စမ်း မဟုတ်ရင် ရဲကို ပြန်တိုက်ခိုက်မှုနဲ့ မင်းကို ဖမ်းရလိမ့်မယ်!"

"ရဲကို ပြန်တိုက်ခိုက်တယ်? ကျွန်မက အဲ့လိုပြောရုံနဲ့ကြောက်သွားမယ်လူများထင်နေတာလား? ဝေးဝေးနေစမ်းပါ၊ မဟုတ်ရင် ရှင်အကျိုးဆက်ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။" ကုနင်း အေးစက်စက်လေသံနှင့် သတိပေးလိုက်သည်။

"မင်း..." ထိုရဲမှာ ဒေါသထွက်သွားပေမယ့် ဒီမိန်းကလေးကို သူမနိုင်နိုင်မှန်းလဲသိနေသည်။ ပြီးတော့ ဒီမိန်းကလေး၏ယုံကြည်ချက်အပြည့်ပုံစံကြောင့်လဲ သူအံ့ဩရသေးသည်။ ဆရာမကသူတို့ကို လှမ်းတိုင်တုန်းက ဒီမိန်းကလေးရဲ့နောက်ခံက သာမာန်မိသားစုကဖြစ်ကြောင်းကို ပြောပြခဲ့ပြီးဖြစ်တာကြောင့် သူတို့ဒီလိုရိုင်းရိုင်းဆိုင်းဆိုင်းဆက်ဆံနေကြခြင်းဖြစ်ပေသည်။

ဒါကြောင့် ကုနင်းကို ထေ့ငေါ့သလိုလေသံနှင့်,

"မင်းဘယ်လိုလုပ် ရှားမင်ရှန်းရဲ့သမီးကို ရိုက်ရဲရတာလဲ? သူ့အဖေက ဘယ်သူလဲဆိုတာကိုကော မင်းသိရဲ့လား? သူ့အဖေက ပညာရေးဌာန၏ စာမေးပွဲကြီးကြပ်ရေးနှင့်ဝန်ထမ်းထောက်ခံရေးအဖွဲ့ ခေါင်းဆောင်ပဲ! မင်းတော့ ကြမ္မာဆိုးဝင်ပြီ!"

...............Part 172 Book 12.....................

အခန်း ၁၇၃ သူ့ကို အခုချက်ချင်းလွှတ်လိုက်

"အဲ့တော့ ဘာဖြစ်လဲ? သူတို့ကသာ ကျွန်မအခုလိုလုပ်အောင် အရင်လာစကြတာလေ။" ကုနင်းအေးဆေးပဲပြန်ပြောလိုက်သည်။

"ဘယ်လိုတောင် တုံးအရတာလဲ! မင်း ရဲစခန်းထဲကို ဝင်ပြီးသွားတာနဲ့ ဘေးကင်းနိုင်မယ်ထင်နေလား?" နောက်ထက် ရဲတစ်ယောက်က အထက်စီးဆန်ဆန်ဝင်ပြောလိုက်သည်။

"အဲ့ဒါ ရှင်နဲ့မဆိုင်ပါဘူး။ မြို့တော်Fမှာ ပညာရေးဌာနရဲ့ စာမေးပွဲကြီးကြပ်ရေးနဲ့ ဝန်ထမ်းထောင်ခံရေးအဖွဲ့ခေါင်းဆောင်ဆိုတာ ဘာမှမဟုတ်ဘူး။" ကုနင်းဘက်ကတော့ နဂိုအတိုင်းယုံကြည်ချက်အပြည့်နှင့် ပြန်ပြောလိုက်၏။

သူမပုံစံက သူမသည် ရှားမင်ရှန်းထက် အာဏာပိုကြီးသည့် နောက်ခံကို ပိုင်ဆိုင်ထားသည့် ပုံပေါက်နေ၏။

"ဒါပေမယ့် မင်းလဲ ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်ကို ရှင်းထုတ်ပစ်ဖို့ကတော့ လိုတာထက်ကို ပိုနေပြီ။" ထိုရဲကပဲ ကုနင်းယုံကြည်မှုအပြည့်ရှိနေတဲ့ပုံစံကို အထင်သေးစွာနဲ့ပြန်ပြောလိုက်သည်။ ထိုရဲ၏အမြင်မှာတော့ ကုနင်းသည် သာမာန် ဆင်းရဲသားတစ်ယောက်မျှသာလို့ပဲ ယုံကြည်နေတုန်းပါ။

ကုနင်းနှင့် စကားပြောနေသည့် ရဲနှစ်ယောက်ကတော့ အမြင်ချင်းမတူကြပါဘူး။ ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်သာဆိုရင် ရှားမင်ရှန်းရဲ့အာဏာလွှမ်းမိုးမှုကို မတွန်းလှန်ရဲသလို မတွန်းလှန်နိုင်တဲ့အပြင် ရဲတွေကိုလဲ ပြန်မတိုက်ခိုက်ရဲပါဘူး။ ဒီမိန်းကလေးက ဆရာမပြောခဲ့သလို သာမာန် ကောင်မလေးတစ်ယောက်မဟုတ်လေဘူးလား?

"ကျွန်မက ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်ပါလို့ ရှင်တို့ဘာလို့ ဒီလောက်သေချာနေတာလဲ? ကိုယ်တိုင်စုံစမ်းကြည့်ပြီးရဲ့လား?" ဒီလူတွေဘာကြောင့်များ သူမကိုဆို အားနည်းပြီး ဘာနောက်ခံမှမရှိဘူးလို့ တွေးနေကြသည်ကို သူမ,မတွေးတတ်တော့ပါ။

အရင်ကုနင်းတုန်းကတော့ သာမာန်ဆင်းရဲသည့်ကောင်မလေးတစ်ယောက်ဆိုတာ မှန်ပေ၏။ ဒါပေမယ့် အခုတော့ သူမမှာ ချမ်းသာပြီး အာဏာရှိသည့် သူငယ်ချင်းများလဲရှိနေပြီဖြစ်သလို့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဥက္ကဌတစ်ယောက်ဆိုသည့် ရာထူးနဲ့တင် သူမကိုယ်သူမ ကာကွယ်ဖို့လုံလောက်နေပါပြီ။

ဒါပေမယ့် သူမက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဥက္ကဌဆိုသည့် အမှန်တရားကိုတော့ အခုချိန်မှာ ထုတ်ပြောဖို့ ရည်ရွယ်ချက်မရှိသေးပေ။ ထိုလောက်အထိလဲ မလိုအပ်သောကြောင့်ပါ။

ကုနင်း၏စကားကိုကြားတော့ ရဲများအားလုံး ထိတ်လန့်သွားတုန်လှုပ်သွားရသည်။ ဒီမိန်းကလေးက သာမာန်ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်မဟုတ်ဘူးလား?

"မင်းက သာမာန်ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်မဟုတ်ဘူးလား?" ထိုထဲမှ ရဲတစ်ယောက်က သတိလက်လွတ် နှုတ်မှအမှန်တကယ်မေးလိုက်မိ၏။

"မကြာခင်သိရတော့မှာပါ။" ကုနင်း အတိအကျမပြန်မဖြေဘဲ ဝေ့ပြောလိုက်သည်။

ထိုတစ်ခန ရဲ၃ယောက်လုံးတစ်ခုခုတော့ မကောင်းတာဖြစ်တော့မှာပဲလို့ ခံစားလိုက်ပေမယ့် သူတို့လုပ်သင့်တာကိုတော့ လောလောဆယ်ဆက်လုပ်ရပါဦးမယ်။

ကုနင်း သူမဖုန်းနှင့် တစ်စုံတစ်ယောက်ကို လှမ်းဆက်လိုက်ပေမယ့် ဒီတစ်ခါမှတော့ ဘယ်ရဲမှ သူမကို မတားရဲတော့ပေ။ တားလျှင်တောင်မှ သူတို့နိုင်,နိုင်သည့် မိန်းကလေးတစ်ယောက်မှမဟုတ်ဘဲ။

ဖုန်းခေါ်ဆိုသူမှာ ကုနင်းမှန်းမြင်လိုက်သည်နှင့် လင်ရှောင်းထင် အံ့ဩမှုအပြည့်ဖြင့် ဖုန်းကို ချက်ချင်းပြန်ဖြေလိုက်ပေသည်။ ဒါပေမယ့် ကုနင်းဖြစ်ခဲ့သည့် ကိစ္စများကို ကြားလိုက်ရချိန်မှာတော့ လင်ရှောင်းထင် စိတ်မကောင်းဖြစ်သွားသလို ဒေါသလဲထွက်သွားသည်။

ထိုအချိန် ကုနင်းကနေပြီး မေးလိုက်သည်။

"ရှင်ကျွန်မကို ကူညီနိုင်မလားဆိုတာ ပြန်မဖြေသေးဘူးနော်။ ကျွန်မ အမှတ်၄အလယ်တန်းကျောင်းက လူတစ်ချို့ကို ရိုက်ခဲ့လို့ အခုအနီးနားက ရဲစခန်းကို ဖမ်းခေါ်ခံသွားရပြီ။ ရှင်ကျွန်မကို ရဲစခန်းကနေ ပြန်ထုတ်ပေးနိုင်လား? မလုပ်နိုင်ရင် ကျွန်မတခြား...." ကုနင်းတောင်ဆုံးအောင်မပြောရသေးခင်မှာပဲ လင်ရှောင်းထင်က ကြားဖြတ်ကာ,

"ငါလုပ်ပေးနိုင်တယ်။ ခနလေးစောင့် ငါကိုယ်တိုင်လာခေါ်မယ်။"

"ကောင်းပြီလေ, ကျွန်မရှင့်ကို စောင့်နေမယ်။" ကုနင်းပြန်ဖြေလိုက်ပြီးနောက် ဖုန်းကို ချလိုက်သည်။

'ကျွန်မရှင့်ကို စောင့်နေမယ်' ဆိုသည့်စကားက လင်ရှောင်းထင်ရင်ထဲ ပြင်းပြင်းထန်ထန်ထိခတ်သွားတာကြောင့် သူချက်ချင်းအပြင်ကို ထွက်လာလိုက်တာ အိမ်စီးဖိနပ်အပါးကို လဲဖို့ပင်မေ့ခဲ့လေသည်။

သူအိမ်အပြင်ဘက်ကို ရောက်သည်နှင့် တစ်စုံတစ်ယောက်ထံဖုန်းလှမ်းဆက်လိုက်သည်။ သူဖိနပ်အပါးလေးပဲ စီးခဲ့မိသည်ဆိုတာကိုတော့ ကားထဲမဝင်ခင်အထိ သတိမပြုမိဘဲ ထိုအချိန်မှာတော့ ပြန်သွားလဲဖို့ အချိန်မရှိတော့တာကြောင့် ထိုပုံစံအတိုင်းပဲ ရဲစခန်းဆီသို့ အရှိန်မြင့်မြင့်မောင်းထွက်သွားခဲ့ပေသည်။

ရဲ၃ယောက်လုံးကုနင်းကို နားမလည်နိုင်ကြည့်နေမကြသည်။ ဒီမိန်းကလေးက တကယ်ပဲ အာဏာရှိတာလား?

မိနစ်များစွာကြာပြီးနောက်,

သူတို့အဖွဲ့ ရဲစခန်းသို့ရောက်လာကြာကာ ကုနင်းကို စစ်ဆေးမေးမြန်းသည့်အခန်းသို့ ခေါ်ဆောင်သွားပေမယ့် ဘယ်သူမှ သူမကို မေးမြန်းဖို့ မဝင်သွားကြပါဘဲ ရဲသုံးယောက်မှာ အသံတိုးတိုးနှင့် ဆွေးနွေးတိုင်ပင်နေခဲ့ကြပေသည်။

"ငါတို့အခု ဘာဆက်လုပ်ကြမလဲ?"

"အရင်စောင့်ကြည့်ရင်ကောင်းမယ်ထင်တယ်။ သူတကယ်ပဲ ရှားမင်ရှန်းထက် ပိုပြီးအာဏာရှိတြ့လူတစ်ယောက်ယောက်ကို ဖုန်းခေါ်ခဲ့တာများလား?"

"ငါလဲသဘောတူတယ်။ ရှားမင်ရှန်း အာဏာနည်းနည်းရှိတယ်ဆိုပေမယ့် မြို့တော်Fက အရာရှိတစ်ယောက်တော့မဟုတ်ဘူးလေ။"

ထိုအချိန်မှာပဲ သက်လတ်ပိုင်းအရွယ်ရှိအမျိုးသားတစ်ယောက်ရောက်လာကာ ရဲ၃ယောက်အပြင်မှာရပ်ပြီး စကားပြောနေကြတာကို မြင်တော့ သူ့အမူအရာပြောင်းလဲသွားပြီး,

"မင်းတို့ အပြင်မှာဘာရပ်လုပ်နေကြတာလဲ? အခုသွားပြီး အပြစ်သားကို မေးဖို့လုပ်စမ်း! ခေါင်းဆောင်ရှားရဲ့ဒေါသပြေအောင် သူလွတ်သွားလို့မဖြစ်ဘူး။ "

"ခေါင်းဆောင်ဝမ်, ဒီကောင်မလေးမှာ နောက်ခံကောင်းရှိပုံပဲ။ အခုလေးတင် သူ့ကို လာထုတ်ပေးဖို့ တစ်ယောက်ယောက်ကို ဖုန်းဆက်ခဲ့တယ်။ ကျွန်တော်တို့ အဲ့လူမလာခင်အထိစောင့်ကြည့်ကြရင်မကောင်းဘူးလား? ပြီးမှ အဲ့လူရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တစ်ခုချကြတာပေါ့။" ရဲတစ်ယောက်က ဝင်အကြံပေးလိုက်သည်။

လူလတ်ပိုင်းကြီးလဲ ခေတ္တမျှတုံ့ဆိုင်းသွားပြီးမှ ပြန်မေးလိုက်သည်။

"ဒါပေမယ့် ဆရာမက သူ့ကို သာမာန်ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်ပဲလို့ ပြောခဲ့တာမဟုတ်ဘူးလား?"

"ဒါပေမယ့် အဲ့ကောင်မလေးက ခေါင်းဆောင်ရှားကို အထင်ကြီးတဲ့ပုံတောင်မပေါ်ဘူး။ သူက ယုံကြည်မှုအပြည့်နဲ့ ပြန်တောင်ရန်လိုနေသေးတယ်။ ကျွန်တော့်အထင်တော့ တကယ့်သာမာန်ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်သာဆို ဒီလိုမလုပ်ရဲဘူးနဲ့တူတယ်။" နောက်ထပ်ရဲတစ်ယောက်က ဝင်ပြောလိုက်ပြန်သည်။

"မင်းပြောတာမှန်တယ်။ ဒါဆို ခနလောက်စောင့်ကြည့်ကြတာပေါ့." ခေါင်းဆောင်ဝမ်က အမိန့်ပေးလိုက်သည်။ သူက ရှားမင်ရှန်းကို မျက်နှာလိုမျက်နှာရလုပ်ချင်တယ်ဆိုပေမယ့် တခြား သူစိတ်အနှောင့်အယှက်သွားမပေးသင့်သည့်လူတစ်ယောက်ကိုလဲ သွားပြီး စိတ်ဆိုးအောင်မလုပ်မိချင်ပေ။ မဟုတ်ရင် သူ့အလုပ်ပြုတ်သွားနိုင်သည်လေ။

ထိုအချိန်မှာပဲ ရဲစခန်း၏ဖုန်းမြည်လာကာ ခနနေတော့ ရဲတစ်ယောက်ရောက်လာပြီး ခေါင်းဆောင်ဝမ်ကို ဖုန်းဖြေပေးဖို့လာပြော၏။ ဖုန်းဆက်သည့်သူကတော့ ပြည်သူ့လုံခြုံရေးဌာန၏ဒါရိုက်တာ လင်းယွဲ့ပေါ်ပဲဖြစ်သည်။

ထိုနာမည်ကို ကြားလိုက်တော့ လူတိုင်းထိတ်လန့်သွားကြလေ၏။ ပြည်သူ့လုံခြုံရေးဌာနရဲ့ဒါရိုက်တာတဲ့လား? မဟုတ်မှ အထဲကကျောင်းသူကောင်မလေးအဖမ်းခံရတာကြောင့် ဆက်တာတော့မဟုတ်လောက်ပါဘူးနော်? သူတို့တော့ ဒုက္ခရောက်ပြီလို့ အားလုံးခံစားလိုက်ကြရသည်။

ခေါင်းဆောင်ဝမ်ချက်ချင်းပဲ ဖုန်းသွားဖြေလိုက်ကာ,

"မင်္ဂလာပါ, ဒါရိုက်တာလင်း, ကျွန်တော်က ပေါင်ရှန်းရဲစခန်းရဲ့ ဒုခေါင်းဆောင် ဝမ်ရန်ခိုင်ပါ။ ကျွန်တော်ဘာများ ကူညီပေးရမလဲဗျ?"

ဝမ်ရန်ခိုင်စကားဆုံးသည်နှင့်ကချက်ချင်း တစ်ဖက်က စိုးရိမ်စိတ်ရောယှက်နေသည့် ယောက်ျားသံတစ်သံပေါ်လာကာ,

"မင်းတို့ ကုနင်းလို့ခေါ်တဲ့ကျောင်းသူတစ်ယောက်ကို အမှတ်၄အလယ်တန်းကျောင်းကနေ ဖမ်းခဲ့သေးလား?"

ထိုအမေးကိုကြားတော့ တစ်ခုခုတော့မှားနေပြီဟု ဝမ်ရန်ခိုင်ခံစားလိုက်ရသည်။ ထိုမိန်းကလေးက ကုနင်းလိုတော့ သူမသိသေးပေမယ့် အမှတ်၄အလယ်တန်းကျောင်းမှ ဖမ်းလာသူမှာ တစ်ယောက်ထဲရှိတာကြောင့် သူမပဲဖြစ်ရမယ်လို့သေချာနေ၏။

ဒါရိုက်တာတောင်ကိုယ်တိုင်ဖုန်းခေါ်ပြီးပြောရလောက်တဲ့အထိ ထိုကျောင်းသူလေး အာဏာရှိနေလိမ့်မည်ဟု ဝမ်ရန်ခိုင်လုံးဝမထင်မှတ်ထားမိပေ။

ဝမ်ရန်ခိုင် သူ့နဖူးထက်မှ ချွေးတွေကို သုတ်လိုက်ရင်း အသံတုန်တုန်နှင့် ပြန်ဖြေလိုက်သည်။

"ဟုတ်-ဟုတ်ကဲ့ ဖမ်းလာခဲ့ပါတယ်, ဒါရိုက်တာလင်း"

"မင်းသူ့ကို ဘာကြောင့် ဖမ်းခဲ့တာပဲဖြစ်ဖြစ် အခုချက်ချင်းပြန်လွှတ်ပေးလိုက်! ယဉ်ယဉ်ကျေးကျေးလဲပြောဦး။ နားလည်လား?" လင်းယွဲ့ပေါ် ဘာမှသွယ်ဝိုက်မနေပဲ တန်းအမိန့်ပေးလိုက်သည်။

"ကောင်း-ကောင်းပါပြီ။" ရှားမင်ရှန်းကြောင့်နဲ့ ကုနင်းကို သူဘာမှမလုပ်ခဲ့မိသေးတာကံကောင်းသွားသည်။ ဒါရိုက်တာလင်း၏အမိန့်နှင့် ယှဉ်လိုက်ရင် သူတို့နှင့် ရှားမင်ရှန်းကြားက ဆက်ဆံရေးသည် ဘာဆိုဘာမှမဟုတ်တော့ပေ။

ဝမ်ရန်ခိုင် ဖုန်းချပြီးသည်နှင့် စစ်ဆေးမေးမြန်းခန်းကို အမြန်သွားလိုက်ချိန် ထိုရှေ့မှာ ရပ်နေစဲဖြစ်သည့် ရဲ၃ယောက်က သူ့ပုံစံကို သိချင်စိတ်ပြင်းစွာမေးမြန်းလိုက်သည်။

"ခေါင်းဆောင်ဝမ်, အခြေနေဘယ်လိုလဲ?"

"ကောင်မလေးကို ဘာကြောင့်ပဲဖမ်းခဲ့ခဲ့, အခုချက်ချင်းပြန်လွှတ်ပေးဖို့ ဒါရိုက်တာလင်းက အမိန့်ပေးလိုက်တယ်။ ပြီးတော့ ယဉ်ယဉ်ကျေးကျေးလဲ ပြောတဲ့." ဝမ်ရန်ခိုင်ပြန်ပြောပြလိုက်သည်။

ထိုစကားကိုကြားတော့ ရဲ၃ယောက်လုံးအသက်ရှူပင်ရပ်တန့်တော့မလို ထိတ်လန့်သွားကြလေ၏။

သူတို့ကားထဲမှာ ကုနင်းကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့မိသည့်အတွက် ကံကောင်းသည်ဟု ခံစားလိုက်ရပေမည့် ကုနင်းကို ပြောခဲ့မိသည့်စကားတွေအတွက် စိုးရိမ်နေမိသေးသည်။

ဝမ်ရန်ခိုင်ကတော့ သူတို့စိတ်ထဲဘာဖြစ်နေလဲဆိုတာကို အခုချိန်မှာ ဂရုစိုက်မနေနိုင်သေးဘဲ ကုနင်းကို မျက်နှာလုပ်ဖို့ စစ်ဆေးမေးမြန်းခန်းထဲကို ဝင်သွားလိုက်သည်။

စစ်ဆေးမေးမြန်းခန်းထဲတွင်,

ကုနင်းက ပျင်းရိနေတာကြောင့် အပြင်ဘက်ကပြောသမျှကို နားထောင်နေကာ အားလုံးကိုလဲ ရှင်းရှင်းလင်းလင်းကြားခဲ့လေသည်။ လင်ရှောင်းထင်က ပြည်သူ့လုံခြုံရေးအဖွဲ့၏ဒါရိုက်တာကိုယ်တိုင်လွှတ်ခိုင်းအောင်တောင် ပြောနိုင်သည်ဆိုတော့ တော်တော်လေးအာဏာရှိမှန်း ကုနင်းအသိအမှတ်ပြုမိလိုက်သည်။

...............Part 173 Book 12.....................

အခန်း ၁၇၄ သီးသန့်ခန်း နံပါတ် ၅၂၀

လင်ရှောင်းထင်၏နောက်ခံက ရိုးရှင်းသည့်ပုံမပေါ်ပေ။

ဝမ်ရန်ခိုင် မေးမြန်းခန်းထဲသို့ဝင်လာပြီးသည်နှင့် မျက်နှာရချင်သည့် အပြုံးကြီးကြီးချိတ်ဆွဲကာ,

"မိန်းကလေးကု, တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ဒီရဲစခန်းရဲ့ ဒုခေါင်းဆောင် ဝမ်ရန်ခိုင်ပါ။ မိန်းကလေးဖြစ်သွားခဲ့တဲ့ ကိစ္စတွေအတွက်တောင်းပန်ပါတယ်။ အခုပဲအပြင်ပြန်ထွက်လို့ရပါပြီ ပြီးတော့ ကျောင်းကိုလဲ ကျွန်တော်တို့ပဲ ပြန်လိုက်ပို့ပေးပါ့မယ်။"

ဝမ်ရန်ခိုင်က အလွန့်အလွန်ကို ယဉ်ကျေးပြနေသောကြောင့် ကုနင်းလဲ ပြန်ပြီးကြင်နာစွာ ဆက်ဆံပေးရတော့မှာပေါ့

"ရပါတယ်။ ကျောင်းအထိလိုက်ပို့ပေးစရာမလိုပါဘူး။ ကျွန်မလဲ စိတ်ထဲမထားနေတော့ပါဘူး။ ဒါပေမယ့် အခုပြဿနာကို အာဏာတွေကြောင့်မဟုတ်ဘဲ အမှန်တရားအတိုင်းဖြစ်စေချင်တယ်။"

ထို့နောက် ဝမ်ရန်ခိုင်ကို စာရွက်ပိုင်းလေးတစ်ခု ကုနင်းပေးလိုက်ကာ ဝမ်ရန်ခိုင်ကလဲ ချက်ချင်းစာရွက်ထဲမှစာကို ဖတ်လိုက်လေသည်။

ထပ်ပြီးတော့ ကုနင်းက ဆက်ပြောပြလိုက်၏။

"ရှင်တို့ကျွန်မကို ဘာမှမမေးမြန်းခဲ့ဘူးဆိုပေမယ့် အဖြစ်အပျက်အားလုံးကိုတော့ ကျွန်မချရေးပေးထားပါတယ်။ ရှင်တို့ ဒါကို စစ်ဆေးကြည့်ကြပေါ့။ ကျွန်မဘက်ကလဲ သူတို့ကို မရိုက်သင့်မှန်းသိပေမယ့် အခုလိုလုပ်မှပဲ ကျွန်မညီမကို ကာကွယ်ပေးနိုင်မှာလေ။"

ဝမ်ရန်ခိုင် စာကိုဖတ်ပြီးသွားချိန် ကုနင်းပြောသမျှအမှန်များဖြစ်ကြောင်း သိသွားသည်။ ဥပဒေအရသာဆို ကုနင်းဘက်မှ နစ်နာကြေးပေးရမှာပေမယ့် ဒါရိုက်တာကိုယ်တိုင်က သူမကို လွှတ်ပေးဖို့ပြောထားမှတော့ ဝမ်ရန်ခိုင် ကုနင်းထံမှ မည်သည့်နစ်နာကြေးမှ မတောင်းရဲပေ။ ထို့အပြင် ကုနင်းက လူတစ်ယောက်ကို မီတာပေါင်းများစွာလွင့်သွားအောင် ကန်နိုင်ကြောင်းပါ ဝမ်ရန်ခိုင် သိလိုက်ရ၍ အံ့ဩထိတ်လန့်သွားလေသည်။ ဒီမိန်းကလေးက တော်တော်အံ့ဩဖို့ကောတာပဲ!

"အခုချိန်ကစပြီး ကျွန်မညီမကို အနိုင်ကျင့်တာမျိုးလုံးဝမလိုချင်ဘူး။ အထူးသဖြင့် ရှားကျားပေါင်ပေါ့။ သူတို့ရဲ့ကျောင်းအုပ်ကြီးကို ရှင်ဖုန်းခေါ်ပြီး သေချာနားလည်အောင်ပြောပြပေးလိုက်ဦး။ ကျောင်းအုပ်ကြီးကသာ ဆက်ပြီး ရှားကျားပေါင်ကို ကာကွယ်ပေးနေဦးမယ်ဆိုရင် ကျွန်မလဲ စိတ်အေးနိုင်မှာမဟုတ်ဘူး။"

ကုနင်း ဘာကို ဆိုလိုချင်သည်ဆိုတာကို ဝမ်ရန်ခိုင်သေချာပေါက်သိတာပေါ့။ ဒူဟိုင်ပင်းသည် အမှတ်၄အလယ်တန်းကျောင်း၏ကျောင်းအုပ်ဖြစ်ပြီး ရှားမင်ရှန်းကို မျက်နှာလုပ်ဖို့ ရှားကျားပေါင်ကို ကာကွယ်ပေးခဲ့သည်။ ဒူဟိုင်ပင်း၏အမူအကျင့်အရ ထိုသို့လုပ်ခြင်းကို ဝမ်ရန်ခိုင်နားလည်ပေးနိုင်ပါသည်။ သူသည်လဲ အာဏာရှင်များနှင့် ရင်ဆိုင်ရလျှင်ထိုသို့သာလုပ်မည့်လူမျိုးဖြစ်သည်လေ။

သူတို့က အမြဲတမ်း အာဏာပိုကြီးသည့်ဘက်တွင် ရပ်တည်ကြသည့် လူများဖြစ်ကာ အခုဖြစ်ခဲ့သလိုမျိုးပေါ့။ ကုနင်းက အာဏာပိုကြီးသည့်သူဖြစ်သောကြောင့် သူတို့ဘက်ကလဲ ကုနင်းကို အလိုလိုလွှတ်ပေးလိုက်ရသည်လေ။

"ကိစ္စမရှိပါဘူး။ ကျွန်တော် ပြီးတာနဲ့ သူ့ကို ဖုန်းလှမ်းဆက်ပြောလိုက်ပါ့မယ်။" ဝမ်ရန်ခိုင် ပုံမှန်အတိုင်းပြောပြမယ်လို့ ကတိပေးလိုက်ခြင်းမှန်ပေမည့် တကယ်တော့ ကျောင်းအုပ်ကြီးကို ခြိမ်းခြောက်ဖို့ စိတ်ကူးထားခဲ့ပါသည်။

ထို့နောက် ကုနင်းကပဲဆက်ပြီး, "အိုး, ရှားမင်ရှန်းအတွက်တော့ သူ့ကလေးရဲ့ပညာရေးအတွက်ကိုပဲ အချိန်ပိုပေးနိုင်ဖို့ ကျွန်မမျှော်လင့်တယ်။ ကျောင်းသားတွေဆိုတာ တခြားတစ်ယောက်ကို အနိုင်ကျင့်ဖို့မဟုတ်ဘဲ စာကိုပဲ ဂရုတစိုက်လေ့လာသင့်တယ်လေ။ အခုလိုကိစ္စမျိုးသာ ထပ်ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့လို လွယ်လွယ်အဆုံးသတ်သွားနိုင်မှာမဟုတ်ဘူး။"

"ဟုတ်တာပေါ့" ဝမ်ရန်ခိုင် ပြန်ဖြေကြားလိုက်သည်။

ထိုနောက် ဝမ်ရန်ခိုင်နောက်ကလိုက်ကာ ကုနင်းအခန်းပြင်သို့ ထွက်လာလိုက်၏။ အပြင်သို့ ထွက်ထွက်ချင်းမှာပဲ ကုနင်းကို ဖမ်းခေါ်လာသည့် ရဲ၃ယောက်ကို မြင်လိုက်ကာ သူတို့၃ယောက်လုံး ထိတ်လန့်နေပုံပေါ်သည်။

"ကျွန်မရှင်တို့ကိုပြောသားပဲ ကျွန်မလွတ်နိုင်မလွတ်နိုင်က ရှင်တို့နဲ့မဆိုင်ပါဘူးလို့။ နောက်တစ်ကြိမ်ဆို စည်းကမ်းကိုသေချာလိုက်နာပြီး ဥပဒေအတိုင်းဆောင်ရွက်ကြရင်ကောင်းမယ်။ ဒီလိုအခြေအနေသာထပ်ဖြစ်ခဲ့မယ်ဆိုရင် ဖြစ်လာမယ်အကျိုးဆက်ကို ရှင်တို့ တောင့်ခံနိုင်မှုမဟုတ်လောက်ဘူး။"

ကုနင်းပြောပြီးသည်နှင့် ဆက်လျှောက်သွားလိုက်တော့သည်။

သူမထိုလူတွေကို ခြိမ်းခြောက်တာမဟုတ်ပဲ သူတို့လုပ်နေသည့် ကိစ္စလေးတွေကို ပြန်သတိပေးရုံသာပါ။ သူတို့သာ အခုလိုပဲဆက်လုပ်နေဦးမည်ဆိုလျှင် တစ်နေ့ဒုက္ခတွေ့သွားနိုင်ပါသည်။

ထိုရဲ၃ယောက်လဲ ရှက်ရွံ့ကာ သင်ခန်းစာကောင်းကောင်းလဲရသွားကြသလို ကုနင်းသူတို့ကို အပြစ်မပေးခဲ့သ၍လဲ ဝမ်းသာသွားကြသည်။

"မိန်းကလေးကု, အခုက နေ့လည်၂နာရီ၂၀ဆိုတော့ အတန်းတက်စရာရှိသေးတယ်ထင်တယ်။ ကျွန်တော်ကျောင်းကို လိုက်ပို့ပေးပါရစေ။" ဝမ်ရန်ခိုင်က ထပ်ပြီးအလွန်အမင်းယဉ်ကျေးသည့် အသံနှင့် ပြောလိုက်ပြန်၏။

"မလိုတော့ပါဘူး။ ကျေးဇူးပဲ. ကျွန်မကို လာကြိုမယ့်သူရှိတယ်။" ကုနင်းအေးစက်စက်နဲ့သာပြန်တုန့်ပြန်လိုက်ပြီး ရဲစခန်းအပြင်ဘက်သို့ ထွက်သွားလိုက်သည်။

လမ်းဘေးတွင်တော့ အနက်ရောင် Land Roverတစ်စီးရပ်ထားကာ မောင်းသူနေရာ၏အပြင်ဘက်တွင်တော့ လင်ရှောင်းထင်ရပ်နေခဲ့ပြီး ကုနင်းဘေးကင်းကင်းထွက်လာသည်ကို မြင်မှ စိတ်သက်သာရာရသွားတော့သည်။ ကုနင်း အဆင်ပြေမည်ဆိုတာကို သိထားပြီးဖြစ်တာတောင်မှ ကိုယ်တိုင်မမြင်ရမချင်း သူစိတ်ပူနေခဲ့မိပါသည်။

ကုနင်း ကားဆီကို လျှောက်လာတော့ လင်ရှောင်းထင် သူမအတွက် ဘေးဘက်က ခရီးသည်ထိုင်ခုံဘက်တံခါးကို ဖွင့်ပေးလိုက်သည်။ ထိုအချိန်မှာပဲ လင်ရှောင်းထင် ဖိနပ်အပါးကိုသာ စီးထားသည်ကို ကုနင်းသတိထားမိသွားပြီး အနည်းငယ်အံ့ဩသွားသည်။

လင်ရှောင်းထင်ကလဲ ကုနင်းသတိထားမိသွားသည်ကို သိလိုက်သည်နှင့် ချက်ချင်းရှင်းပြလိုက်၏။

"ငါ အလောကြီးသွားမိလို့။"

"ဟ-ဟ." ကုနင်း အသံထွက်ရယ်လိုက်မိပေမယ့် ရင်ထဲတော့ ခံစားသွားရသည်။ လင်ရှောင်းထင် ဖိနပ်တောင်မလဲနိုင်ခဲ့ဘူးဆိုတော့ တော်တော်လေးစိုးရိမ်သွားလို့ဖြစ်မယ်။

လင်ရှောင်းထင်လဲ ကုနင်းရယ်လိုက်၍ ရှက်သွားတာကြောင့် ပြောလက်စခေါင်းစဉ်ကို ပြောလိုက်ကာ,

"မင်းအဆင်ပြေရဲ့လား?"

"ပြေပါတယ်။ သွားကြရအောင်။" ကုနင်းကားထဲဝင်သွားသည်နှင့် လင်ရှောင်းထင် ကားတံခါးပြန်ပိတ်ပေးလိုက်ကာ သူလဲ တစ်ဖက်ခြမ်းရှိ မောင်းသူနေရာကို ဝင်ထိုပြီး ကားစက်နှုးကာစတင်ထွက်ခွာလိုက်သည်။

ဝမ်ရန်ခိုင်မှာတော့ သူ့မြင်ကွင်းထဲမှ ကားလုံးဝပျောက်ကွယ်သည်အထိလိုက်ကြည့်ပြီးကာမှ စိတ်အေးသွားကာ ရှားမင်ရှန်းနှင့် ဒူဟိုင်ပင်းတို့ကို ချက်ချင်းဖုန်းဆက်ပြီး ကုနင်းပြောသွားသမျှာကို ပြန်ပြောပြလိုက်သည်။

ရှားမင်ရှန်းရော ဒူဟိုင်ပင်းပါ ကြောက်လန့်သွားကြကာ မည်သည့်အထွန့်တက်စကားမှ ပြန်မပြောရဲတော့ပေ။

ထို့အပြင် ဖန်ရှောင်ယွီနှင့် ကျန်းယန်လင်သည် ရှားကျားပေါင်ကြောင့် ထိခိုက်ခဲ့ရသည်ဖြစ်၍ ဆေးရုံစရိတ်ကိုတော့ ရှားမင်ရှန်းကပဲ အားလုံးကိုယ်တိုင်ပေးရမည်ဖြစ်သည်။

ကုနင်း လင်ရှောင်းထင်ကို ကျောင်းကိုပဲပြန်ပို့ပေးဖို့ပြောလိုက်ကာ ကျန်းရှင်းရွှယ်ကို ဖုန်းဆက်လိုက်တော့ ကံကောင်းစွာပဲ ကျန်းရှင်းရွှယ်လဲ အဆင်ပြေနေခဲ့သည်။

ကုနင်း ဖုန်းချပြီးသွားသည်နှင့် လင်ရှောင်းထင်ဘက်လှည့်ကာ,

"ဒီနေ့ရှင်လုပ်ပေးခဲ့တာအတွက် ကျေးဇူးပါ။"

"ဒီလောက်တော့ လုပ်ပေးရမှာပေါ့။" လင်ရှောင်းထင် ပြန်ပြောလိုက်သည်။

"ညနေစာကို အသားကင်ပဲစားကြတာပေါ့။ ကျွန်မပင်လယ်စာမစားချင်တော့ဘူး။" လင်ရှောင်းထင်ဘက်က သူမကို ကူညီပေးထားမှတော့ သူမလဲပြန်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးရတော့မှာပေါ့။

"ကောင်းပြီလေ." ဉာဏ်ကောင်းသည့် လင်ရှောင်းထင်ကတော့ ကုနင်းဘာကြောင့် ရုတ်တရက်စိတ်ပြောင်းသွားသည်ကို နားလည်၍ အလွန်ပျော်ရွှင်နေမိသည်။

ကုနင်းကျောင်းတက်ဖို့ အလျင်လိုနေတာကြောင့် လမ်းတစ်လျှောက် သူတို့စကားအများကြီးမပြောကြဘဲ ကားကိုသာ ငြိမ်ငြိမ်နဲ့ မြန်မြန်ရောက်အောင် လင်ရှောင်းထင် ဂရုစိုက်မောင်းနေခဲ့သည်။ ဒါကြောင့် မိနစ်၂၀လောက်သွားရမည့် လမ်းခရီးကို သူတို့ ၁၅မိနစ်အတွင်းရောက်သွားကြသည်။

ကုနင်းကားထဲကထွက်ပြီး လင်ရှောင်းထင်ကို နှုတ်ဆက်ကာ ကျောင်းထဲသို့ အမြန်ပြေးဝင်သွားပြီး အတန်းကို အချိန်မီလေးရောက်ရှိသွားခဲ့သည်။

ခနနားချိန်မှာတော့ ကုနင်း ကုမန့်ကို ဖုန်းဆက်ကာ သူမသူငယ်ချင်းနဲ့ ညနေစာစားမည်ဖြစ်၍ အိမ်မှာမစားဖြစ်တော့ကြောင်း လှမ်းအသိပေးလိုက်သည်။

နေ့ခင်းအတန်းများပြီးသွားချိန်တွင်တော့ ကုနင်းတက္ကစီတစ်စီးငှားကာ လင်ရှောင်းထင်နှင့် ချိန်းထားသည့် အနောက်တိုင်းစားသောက်ဆိုင်တစ်ခုသို့ ဦးတည်သွားရန် ဆုံးဖြတ်လိုက်သည်။ ကျောင်းတွင် မည်သည့် သတင်းအဖျင်းသတင်းမျှမထွက်စေချင်တာကြောင့် လင်ရှောင်းထင်အား သူမကို လာမကြိုခိုင်းခြင်းဖြစ်သည်။

ချိန်ထားသည့်အချိန်မှာ ၆နာရီခွဲဖြစ်ပြီး ကုနင်းကျောင်းမှစထွက်သည့်အချိန်မှာ ၅နာရီ၅၀မိနစ်တွင်ဖြစ်ကာ မြို့ထဲသို့ အနည်းဆုံးနာရီဝက်လောက် မောင်းရမည်ဖြစ်ပြီး အခုချိန်က ရုံးဆင်းချိန်လဲဖြစ်တာကြောင့် ပိုပြီးကြာနိုင်ပါသည်။ တစ်ဖက်တွင်တော့ လင်ရှောင်းထင်မှာ ၅နာရီခွဲကတည်းက အစောကြီးဆိုင်ကို ကြိုရောက်လို့နေသည်။

၆နာရီထိုးခါနီးတော့ လင်ရှောင်းထံမှ ကုနင်းစာတစ်စောင်ရလိုက်ကာ သူတို့တွေ့စုံစားသောက်မည့်နေရာသည် သီးသန့်အခန်းနံပါတ်၅၂၀ဖြစ်ကြောင်း ပေးပို့လာခြင်းဖြစ်ပေသည်။

...............Part 174 Book 12.....................

အခန်း ၁၇၅ လင်ရှောင်းထင်ထံမှ နှင်းဆီပန်း

လင်ရှောင်းထင် ဘာကြောင့် အစောကြီးကြိုရောက်နေရလဲဆိုတာတော့ ကုနင်းနားလည်ပေမယ့် အခန်းနံပါတ်အကြောင်းတွေးမိသွားတော့ သူမ,မရယ်ပဲမနေနိုင်တော့ဘူး။

ဒါက တိုက်ဆိုင်မှုသက်သက်မဟုတ်ပဲ လင်ရှောင်းထင်တမင်စီစဉ်ထားသည်ပဲဖြစ်ရမည်။ လင်ရှောင်းထင်၏ မထင်မှတ်ထားစရာ စိတ်ကူးယဉ်ဆန်တတ်မှုကြောင့် ကုနင်းပင် အံ့ဩမိသွားသည်။

ဒီလူသားက သူမရဲ့နှလုံးသားကို ရရှိပိုင်ဆိုင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေခဲ့တာပဲ။

ကုနင်း လမ်းခနလောက်လျှောက်ပြီးသည်နှင့် ကံကောင်းစွာပဲ တက္ကစီတစ်စီးငှားလို့ရသွားကာ လမ်းကလဲ အရမ်းရှုပ်မနေခဲ့တာကြောင့် စားသောက်ဆိုင်သို့ ၆နာရီမိနစ်၄၀တွင်ရောက်ရှိသွားလေသည်။

စားပွဲထိုးတစ်ယောက်က ကုနင်းကို လာကြိုဆိုချိန်မှာတော့ သူမက သီးသန့်ခန်းနံပါတ်၅၂၀မှာ ချိန်းထားသည့်မိန်းကလေးမှန်း သိလိုရ၍ အံ့အားသင့်သွားရသည်။

လင်ရှောင်းထင် ဆိုင်ကိုစရောက်တုန်းကလဲ သူ့ရဲ့ သန်မာတောင့်တင်းသည့် ကြွက်သားများ, ခြေတံရှည်ရှည်နှင့် နာမည်ကြီးမင်းသားကြယ်ပွင့်များထက်ပင် လွန်ကဲစွာ ချောမောခန့်ညားမှုများကြောင့် ပွဲဆူခဲ့ကြသွားသေးသည်။ ပြီးတော့ သူက သီးသန့်ခန်း၅၂၀ကိုလဲ ငှားခဲ့တာကြောင့် ဒါက သူ့ချစ်သူကောင်မလေးနှင့် ညစာအတူစားဖို့ စီစဉ်ထားတယ်ဆိုတာက အရမ်းသိသာလွန်းသွားသည်။

သူတို့အားလုံး ထိုမိန်းကလေးမှာ မူးမေ့လောက်အောင် ဆွဲဆောင်မှုအပြည့်ရှိမယ့်သူလို့ ထင်ထားခဲ့ကြပေမယ့် တကယ်တန်းကျ ဆယ်ကျော်ကသက်ကောင်မလေးတစ်ယောက်ရောက်လာသည်တဲ့လား။

ဒီဆယ်ကျော်သက်ကောင်မလေးက လှပတယ်ဆိုပေမည့် အရမ်းငယ်လွန်းနေတာကြောင့် သူတို့နှစ်ယောက်ကို ယှဉ်ကြည့်လျှင် စုံတွဲလို့တောင်မထင်ရဘူး။

စားပွဲထိုးက ကုနင်းကို အခန်း၅၂၀သို့လမ်းပြပေးပြီး ပြန်သွားခဲ့သည်။ ကုနင်းကိုယ်တိုင်ပဲ တံခါးခေါက်ဖို့ လုပ်လိုက်ပေမယ့် သူမလက်မြှောက်ရုံရှိသေး တံခါးက ပွင့်သွာခဲ့သည်။ ကုနင်း၏အသံကို အပြင်ဘက်တွင်ကြားလိုက်ရသောကြောင့် လင်ရှောင်းထင် အရင်ထပြီး တံခါးဖွင့်ပေးလိုက်ခြင်းပါ။ သူတို့မျက်ဝန်းချင်းစုံမိသွားကြချိန်မှာတော့ ဘာပြောလို့ပြောရမှန်းမသိပဲ ထိုပုံစံအတိုင်းသာ တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေမိသည်။

ထိုအခိုက် ကုနင်းချစ်မိသွားပြီလို့ တွေးလိုက်မိသည်။ အကယ်၍ လင်ရှောင်းထင်၏ စိတ်ထဲက ဂရုစိုက်မှုလေးများကြောင့် ဖြစ်စေ အပြင်ဘက်မှာ စိတ်ကူးယဉ်ဆန်ဆန်စီစဉ်ပေးတတ်လို့ကြောင့် ဖြစ်စေ ကြိုက်သွားခဲ့ရင်တောင် ကိစ္စမရှိပါဘဲ လင်ရှောင်းထင်က သူမနှလုံးသားကို လှုပ်နှိုးနိုင်ခဲ့ပြီလေ။ မဟုတ်ရင် အခုလိုသူနဲ့ ရင်းရင်းနှီးနှီးနေခဲ့မှာမဟုတ်ပေ။ လင်ရှောင်းထင်ကို နာမည်နှင့် စစ်အရာရှိတစ်ယောက်ဆိုသည်က လွဲပြီး သူမဘာတစ်ခုမှမသိထားသေးသလို စကားလဲများများမပြောဖူးကြသေးပါ။ ထိုသို့ဆိုလျှင်တောင်မှ လင်ရှောင်းထင်ကို ကုနင်းယုံကြည်မိကာ ထိုသူနှင့်အတူရှိနေလျှင် လုံခြုံမှုကိုပါ ခံစားရစေသည်။

လင်ရှောင်းထင်သည်တော့ ကုနင်းနှင့်အတူတကွရှိနေတိုင်း ပိုပိုပြီး ချစ်မိလာကာ အတူတူရှိနေတာတောင်မှ မျက်စိအောက်ကအပျော်မခံနိုင်ဘဲ ဂရုစိုက်ပေးချင်နေမိသည်။ ဒီလိုလူတစ်ယောက်ကို ဘာကြောင့် ချစ်မိသွားလဲဆိုတာ နှုတ်မှတစ်ဆင့်ရှင်းပြဖို့မှာ အလွန်ခက်ခဲလှပြီး သင်ကိုယ်တိုင် တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုးချစ်မိသွားလျှင်တော့ နားလည်သွားပါလိမ့်မယ်။

"ဝင်ခဲ့လေ!" လင်ရှောင်းထင်က အရင်ဆုံးအသိစိတ်ပြန်ကပ်သွားကာ ကုနင်းကို အထဲဝင်စေဖို့ လမ်းဖယ်ပေးလိုက်သည်။

ကုနင်းကတော့ လင်ရှောင်းထင်၏အသံကို ကြားလိုက်တော့မှ သူတံခါးအပြင်ဘက်မှာပဲ အခုထိရပ်နေသေးမှန်း သတိရသွားတာကြောင့် အနည်းငယ်ရှက်မိသွားပေမယ့် ချက်ချင်းစိတ်ပြန်လျှော့လိုက်ကာ အထဲကို ဝင်သွားလိုက်သည်။

စားပွဲပေါ်တွင်တော့ ဝိုင်ပုလင်းတစ်လုံးနှင့် ဖန်ခွက်နှစ်အပြင် မီနူးစာအုပ်တစ်အုပ်သာရှိနေပါသည်။

လင်ရှောင်းထင်က ကုနင်းအတွက် ခုံဆွဲထုတ်ပေးလိုက်ကာ ကုနင်းထိုင်းပြီးသွားတော့မှ သူ့နေရာတွင်ပြန်ထိုင်လိုက်ပြီး ကုနင်းကို မီနူးစာအုပ်ကမ်းပေးလိုက်၏။ "မင်းအရင်မှာလိုက်ပါ။"

လင်ရှောင်းထင်က ရုတ်တရက်ကြီး လူကြီးလူကောင်းတစ်ယောက်လို ပြုမူပြနေပုံက ကုနင်းအတွက် သိပ်ရင်းနှီးမှုမရှိဖြစ်နေ၏။

သူမ မီနူးကို ယူကာ ဖတ်နေချိန် လင်ရှောင်းထင်က ဝန်ဆောင်မှုပေးသည့် ဘဲလ်ကို တီးလိုက်တော့ မကြာခင်တွင်ပဲစားပွဲထိုးတစ်ယောက်ဝင်လာခဲ့သည်။

အနက်ရောင် ငရုတ်ကောင်းဆော့စ်နှင့် အနေတော်ကျက်သည့်အသားကင်ကို ကုနင်းမှာလိုက်ကာ လင်ရှောင်းထင်လဲ အတူတူပဲလိုက်မှာလိုက်သည်။

ထို့နောက် ကုနင်းထပ်ပြီး သစ်သီးပီဇာနှင့် သစ်သီးသုပ်တစ်ပွဲကိုလဲ မှာခဲ့ပါသေးသည်။

စားပွဲထိုးထွက်သွားချိန်မှာတော့ လင်ရှောင်းထင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။ သူတစ်စုံတစ်ခုကို စီစဉ်ထားပေမယ့် အခုချိန်က ဖွင့်ပြဖို့ ကောင်းသည့် အချိန်ဖြစ်မဖြစ်တော့ သူမသိပေ။

"ဘာဖြစ်လို့လဲ?" လင်ရှောင်းထင် လုပ်စရာတစ်ခုခုရှိနေတာကြောင့် စောစောပြန်ရမယ်လို့ပြောမယ်ဟု ကုနင်းထင်လိုက်မိသည်။

"အမ်, ငါမင်းကို ပေးစရာရှိလို့။ မင်းမကြိုက်ရင်တောင် စိတ်တော့မဆိုးနဲ့နော်။" လင်ရှောင်းထင် ကြိုတင်ပြီး တားထားလိုက်သည်။

"အိုး" လင်ရှောင်းထင်က သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမည်စိုးသောကြောင့် တုံ့ဆိုင်းနေခြင်းဖြစ်မည်ဟု ကုနင်းမထင်ထားမိပေ။ သူမအနည်းငယ်အံ့ဩသွားပေမယ့် လင်ရှောင်းထင်ဘာများပေးမှာလဲဆိုတာကိုလဲ စိတ်ဝင်စားသွားသည်။ သူမက မကြိုက်သည့်ပစ္စည်းတစ်ခုကို လက်ဆောင်ရလိုက်လို့ အလွယ်တကူ စိတ်ဆိုးဒေါသထွက်ရအောင် ကလေးတစ်ယောက်မဟုတ်ဘူးလေ။

"ဟုတ်ပါပြီ. ကျွန်မစိတ်မဆိုးပါဘူး။" ကုနင်းပြန်ဖြေလိုက်သည်။

ထိုတော့မှ လင်ရှောင်းထင် စိတ်သက်သာရာရသွားကာ အနောက်တွင်ထားထားသည့် လက်ဆောင်ကို သွားယူလိုက်သည်။ သို့ပေမယ့် လင်ရှောင်းထင် လက်ထဲတွင် နှင်းဆီပန်းအပွင့်ပေါင်းများစွာပါသည့် ပန်းစည်းတစ်စည်းနှင့် ပြန်လှည့်လာချိန်တွင်တော့ ကုနင်းခံစားချက်တွေ ရှုပ်ထွေးကုန်သည်။

သူမပြန်လည်မဝင်စားခင်အချိန်,

ချီကျီယွဲ့ သူမကို ပိုးပန်းခဲ့စဉ်က အလွန်လှပကာ စိတ်လှုပ်ရှားဖို့ကောင်းအောင် နှင်းဆီပန်းများစွာ အမြဲတမ်းပို့ပေးခဲ့ပေမယ့် အားလုံးက အတုအယောင်တွေဖြစ်သောကြောင့် အခုချိန်မှာ သူ မုန်းတီးစက်ဆုပ်မှုနှင့် လှောင်ပြောင်ခံရသလိုသာ ခံစားမိတော့သည်။

ကုနင်း ချီကျီယွဲ့ကို မုန်းတီးခြင်းများအား ဖုံကွယ်လိုက်ကာ စိတ်ကို ပြန်ထိန်းလိုက်သည်။ အခုချိန် ချီကျီယွဲ့အကြောင်းတွေးနေမိခြင်းက လင်ရှောင်းထင်အပေါ်မတရားသလိုဖြစ်နေသည်လေ။ ထို့ကြောင့် ချက်ချင်းထိုအကြောင်းကို မေ့ပစ်လိုက်သည်။

လင်ရှောင်းထင် ကုနင်းထံ တစ်လှမ်းခြင်း လှမ်းလျှောက်သွားကာ အရမ်းစိတ်လှုပ်ရှားမိနေပေမည့် ကုနင်းကို ရိုးရိုးသားသားဝန်ခံလိုက်သည်။

"မိန်းကလေးတွေက နှင်းဆီပန်းကြိုက်ကြတယ်လို့ ငါကြားဖူးတယ်။ ဒါပေမယ့် မိန်းကလေးတိုင်းကြိုက်တယ်လို့တော့ မထင်ဘူး။ မင်းကော ကြိုက်ရဲ့လား?"

"ကြိုက်တာပေါ့!" ပြောပြီးသည်နှင့် ကုနင်း လင်ရှောင်းထင်လက်ထဲမှ ပန်းစည်းကို ဆွဲယူလိုက်သည်။ အမှန်တကယ်တော့ မိန်းကလေးအများစု နှင်းဆီပန်းကို ကြိုက်တယ်ဆိုတာ အထူးသဖြင့် သူတို့နှစ်သက်သည့် အမျိုးသားများထံမှ ရရှိချိန်တွင် ကြိုက်ကြခြင်းဖြစ်ပေသည်။

ကုနင်း ဝမ်းသာစွာယူလိုက်သည်ကို မြင်တော့ လင်ရှောင်းထင် ပျော်ရွှင်သွားပေမယ့် ထပ်ပြီးတော့ စိုးရိမ်ကြောင့်ကြစွာနဲ့ ကုနင်းကို မေးလိုက်ပြန်သည်။

"အမ်, ငါ ရုပ်ရှင်လက်မှတ်၂စောင်ဝယ်လာခဲ့တယ်။ မင်းငါနဲ့အတူ ရုပ်ရှင်လိုက်ကြည့်နိုင်မလား?"

ကုနင်း ဒီတစ်ကြိမ်တွင်တော့ ဆွံ့အမှင်တက်သွားတော့သည်။ ရုပ်ရှင်လက်မှတ်တဲ့လား? ကုနင်းပိုပိုပြီးတောင် အံ့ဩနေမိသည်။ လင်ရှောင်းထင် သူ့အိမ်စာသူတော့ အကောင်းဆုံးလုပ်နေပုံပဲ!

"ကြည့်တာပေါ့." ကုနင်းသဘောတူလိုက်သည်။

အခုတော့ လင်ရှောင်းထင် လုံးဝကို စိတ်အေးသွားကာ သူ့မျက်နှာထက်တွင်တော့ စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။ လင်ရှောင်းထင်မျက်နှာတွင် အခုလို စိတ်ကျေနပ်နေမှုမျိုးတွေ့ရတာပုံမှန်မဟုတ်ပေမယ့် သူသဘောကျသည့် ကောင်မလေးရှေ့တွင်တော့ သူလဲ ကောင်ငယ်လေးတစ်ယောက်လို ပြောင်းလဲသွားကာ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်တော့ပေ။

မကြာခင်တွင်ပဲ စားပွဲပေါ်သို့ သစ်သီးသုပ်, ပီဇာနှင့် အသားကင်တို့ရောက်ရှိလာကာ လင်ရှောင်းထင်ကလဲ ဝိုင်ပုလင်းကို ဖွင့်လိုက်ပြီး ကုနင်းနှင့် သူ့အတွက် တစ်ခွက်စီဖြည့်လိုက်သည်။

သူတို့ စကားအများကြီးမပြောခဲ့ကြပေမယ့် သာသာယာယာပဲ ညနေစာကို စားခဲ့ကြလေသည်။ စားပြီးသွားချိန်မှာတော့ နှစ်ယောက်လဲ ရုပ်ရှင်ရုံထံ ဦးတည်လိုက်ကြသည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့နှစ်ယောက်က လူတော်တော်များများ၏စိတ်ကို ဆွဲဆောင်သွားပေမယ့် လူတိုင်းမှာလဲသူတို့အပေါ် အမြင်အမျိုးမျိုးရှိကြလေသည်။

လင်ရှောင်းထင်ကိုမြင်လိုက်ချိန်တွင်တော့ လူတိုင်းမှာ စူပါစတားတစ်ယောက်ကို မြင်လိုက်ရသလို မူးမေ့မတက် အော်ဟစ်မိတော့မတက်ဖြစ်သွားကြပေမယ့် အများစုသည်တော့ ကုနင်းကို မနာလိုဖြစ်နေကြသည်။ သူမလဲ လှပပေမယ့် အရမ်းငယ်လွန်းကာ ကျောင်းသူအရွယ်လောက်ပဲရှိသေးတာကြောင့် လင်ရှောင်းထင်နှင့် လုံးဝမလိုက်ဖက်ပေဘူး။

တစ်ချို့ကတော့ စိတ်ထဲတွင်သာတွေးနေခြင်းဖြစ်ပေမယ့် တစ်ချို့သည်တော့ နှုတ်ကနေပါထုတ်ပြောနေကြသည်။ နောက်ထပ်တစ်ချို့ကတော့ လင်ရှောင်းထင်နှင့် ကုနင်းကို မောင်နှမတွေဖြစ်ရမည်ဟုပြောနေကြသေးသည်။ ထိုစကားတွေကို ကြားလိုက်ရတော့ ကုနင်းစိတ်မကောင်းဖြစ်သွားမိသည်။

သူမက အဲ့လောက်တောင်ဆိုးဝါးနေလို့လား? လင်ရှောင်းထင်က ကုနင်းကို အရမ်းကြိုက်ကာ သူမကို ဒီလိုမျိုး ဝေဖန်နေတာမျိုး သူခွင့်မပြုပေးနိုင်ပါဘူး။ ကုနင်း မပျော်မရွှင်ဖြစ်နေတာကို လင်ရှောင်းထင်ခံစားမိလိုက်သည်နှင့် ဘေးမှလူတွေကို ကို အေးစက်စက်ကြည့်လိုက်တာကြောင့် မည်သူမှ စကားတစ်ခွန်းတောင် ထပ်မပြောရဲကြတော့ပေ။

ဒီလူက အရမ်းခန့်ညားတယ်ဆိုပေမယ့် ချဉ်းကပ်လို့လွယ်သည့်လူမျိုးတော့မဟုတ်ဘူး။

လင်ရှောင်းထင်၏ တုံ့ပြန်မှုက ကုနင်းရင်ထဲထိသွားကာ ဆက်ပြီး စိတ်မကောင်းဖြစ်မနေတော့ပေ။

...............Part 175 Book 12.....................

All Chapters