အခန်း (၁၇၆-၁၈၀)
Vol. 12 Ch. 176-180
အခန်း ၁၇၆ ဆက်ပြီးကြိုးစားမယ်
ရုပ်ရှင်ရုံထဲမဝင်ခင် လင်ရှောင်းထင် ရေ၂ဗူးနှင့် ပြောင်းဖူးပေါက်ပေါက်တစ်ဗူးဝယ်လိုက်သည်။
လင်ရှောင်းထင်က နောက်ဆုံးတန်းမှ ခုံ၂ခုံကို ကြိုတင်မှာထားခဲ့သည်။ ဒီဇာတ်ကားက အခုရက်တွေအတွင်း အလွန်နာမည်ကြီးနေတာပေမယ့် ရုံပြမည့် ရက်ပြီးတော့မည်ဖြစ်သောကြောင့် ကြည့်ရှုသူများများစားစားမရှိတော့ပေ။ ထိုကြောင့် နောက်ဆုံးတန်းတွင် ကုနင်းနှင့် လင်ရှောင်းထင်သာ ထိုင်သည့်သူရှိလေသည်။
ဇာတ်လမ်းက အတွေးလေးတွေပါသည့် ပြည်တွင်းဟာသကားတစ်ကားဖြစ်ကာ ရယ်ရုံသာရယ်ရပြီး အနှစ်သာရမရှိသည့် ဇာတ်လမ်းမျိုးမဟုတ်ပေ။ ကုနင်းကတော့ ဇာတ်လမ်းထဲတွင်စီးမျောသွားကာ ရယ်ရင်းမောရင်နှင့် သင်ယူသင့်တာတွေကိုသင်ယူနေလေသည်။ လင်ရှောင်းထင်သည်တော့ ရုပ်ရှင်ကို လုံးဝစိတ်မဝင်စားပဲ ကုနင်းကိုသာ အာရုံထားနေခဲ့သည်။ သူမအရမ်းသဘောနေသည်ကို မြင်တော့ သူလဲ ကျေနပ်သွားရသည်။
၁နာရီခွဲလောက်ကြာပြီးနောက် ရုပ်ရှင်လဲပြီးသွားကာ ကုနင်းနှင့် လင်ရှောင်းထင်သည်တော့ ကြည့်ရှုသူတွေအားလုံးမကုန်ခင်အထိ ပြန်မထွက်ခဲ့ပေ။ သူတို့ ရုံအပြင်သို့ထွက်တော့ ည၁၀နာရီရှိပြီဖြစ်တာကြောင့် ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့သာ တန်းပြန်လိုက်ကြတော့သည်။
လမ်းမှာတော့ ထုံးစံအတိုင်း ကုနင်းရောလင်ရှောင်းထင်ပါ တိတ်ဆိတ်နေကြကာ အနည်းငယ်ရှက်ရွံ့နေကြပုံပေါ်သည်။
လင်ရှောင်းထင်ဘက်ကတစ်ခုခုပြောချင်နေပေမယ့် ပြောစရာစကားပျောက်ရှနေလေသည်။ သူအင်တာနက်ပေါ်ကနေ ချစ်စကားကြိုက်စကားချိုချိုလေးများ ရှာထားခဲ့ပေမည့် ထိုစကားတွေက စစ်မှန်သည်ဟု သူမခံစားရတာကြောင့် ထုတ်မပြောနိုင်သလို သူကိုယ်တိုင်သည်လဲ စကားပြောကောင်းသူတစ်ယောက်မဟုတ်ပါ။ သို့ပေမယ် သူသာ ဘာမှမပြောရင် အခုအခြေနေက ပိုလို့တောင် ကို့ရိုးကားယားနိုင်နေပါလိမ့်မည်။
ကုနင်းလဲ ပုံမှန်ဆိုရင် စကားများသူတစ်ယောက်ပေမယ့် လင်ရှောင်းထင်နှင့် ရှိနေသည့် အချိန်တွင် ရှက်ရွံ့သလိုဖြစ်နေကာ ဘာစကားပြောရမလဲ လုံးဝစဉ်းစားလို့မရခဲ့ပေ။
"ဟို..."
"ဟို..."
တအောင့်ကြာတော့မှ နှစ်ယောက်လုံးတစ်ပြိုင်နက်စကားစမိလိုက်ပေမယ့် တစ်ပြိုင်တည်းပဲ ရပ်လိုက်ကြပြန်သည်။
"မင်းအရင်ပြော...." "ရှင်အရင်ပြော...." တစ်ဖန် တိုက်ဆိုင်သွားကြပြန်လေသည်။
"မင်းအရင်ပြောပါ." အခုတစ်ခါတွင်တော့ ကုနင်းမပြောခင် လင်ရှောင်းထင်က ဦးသွားသည်။
"ကျွန်မကို ရှင့်ရည်းစားဖြစ်စေချင်တာမဟုတ်ဘူးလား? ဘာလို့ ဘာတစ်ခွန်းမှ မပြောရတာလဲ? ကျွန်မပျင်းနေပြီ။" ကုနင်း မကြိုက်သလိုပြောနေပေမည့် တကယ်တော့ လင်ရှောင်းထင်နှင့် အတူရှိနေရတာကိုပင် သဘောကျနေလေသည်။
လင်ရှောင်းထင်က စကားများလေ့ရှိသူမဟုတ်မှန်း ကုနင်းနားလည်ပါသည်။ သူမသာ တကယ်မကြိုက်ရင် သူ့ကိုလဲ ချစ်မိသွားလိမ့်မှာမဟုတ်သလို သူမသာ ယောက်ျားတစ်ယောက်ကို တကယ်မနှစ်သက်လျှင် သူမကို ပိုးပန်းခွင့်ပင်ပေးမည်မဟုတ်ပေ။
ချင်ယီဖန်းလိုပဲ ကုနင်း ချက်ချင်းကို ငြင်းပစ်လိုက်တာမျိုးပါ။
လင်ရှောင်းထင်ကို အပြည့်အဝမယုံကြည်သင့်မှန်းလဲ ကုနင်းသိထားပေမယ့် တခါတစ်လေတော့ ထိုလူ့အကြောင်းဘာမှမသိရလဲဖြစ်တယ်လို့ ထင်နေမိပြန်သည်။ တကယ်ကို ရူးသွပ်တဲ့ ခံစားမှုပဲ။ ထို့အပြင် လင်ရှောင်းထင်သာ သူမကို လှည့်စားခဲ့မည်ဆိုလျှင် သူ့ကို တုံ့ဆိုင်းမှုမရှိ ချက်ချင်းဖျက်စီးပစ်လိုက်မိမှာပါ။
သူမအတိတ်ဘဝတုန်းက ယောက်ျားတစ်ယောက်၏စွန့်ပစ်ခြင်းကို ခံခဲ့ရတာကြောင့်နှင့် ယောက်ျားတွေအပေါ်မှာ လုံးဝယုံကြည်မှုကင်းမဲ့နေတာတော့မဟုတ်ပေမယ့် ဒါကလဲ မှတ်ဉာဏ်ကောင်းတစ်ခုတော့မဟုတ်ပေဘူး။ သူမပိုပြီးတော့ သတိထားနေကာ ထိုသို့သောအဖြစ်မျိုးထပ်မံဖြစ်ခွင့်မပြုနိုင်တောပါဘူး။
လင်ရှောင်းထင် တောင်ခဲသွားကာ စိတ်လှုပ်ရှားသွားသည်။ "ဆက်ပြီးလေ့လာပါ့မယ်။ ငါ့ကို အချိန်ထပ်ပေးပါဦး။"
လင်ရှောင်းထင် အရမ်းစိုးရိမ်နေပုံကိုမြင်ရတော့ ကုနင်းအနည်းငယ်စိတ်မကောင်းဖြစ်သွားမိသည်။
ဘုရားရေ! သူမအခု ထိုလူရဲ့အကြည့်လေးတစ်ချက်နဲ့တင် စိတ်လှုပ်ရှားနေလောက်အောင် အခုချိန်ကတည်းက နက်နက်ရှိုင်းရှိုင်းချစ်မိသွားတာလား။ သို့ပေမယ့် ကုနင်း ချက်ချင်းကြီးတော့ အဖြေမပေးချင်သေးပါဘူး။ ဒါကြောင့် သူမအေးဆေးပဲ ပြန်ဖြေလိုက်သည်,
"စိတ်မပူပါနဲ့။ ကျွန်မမှာ အချိန်တွေအများကြီးပဲ။ အခုမှ ကျွန်မက ၁၈နှစ်လေ။ အခုအရွယ်က ချစ်မိဖို့အရမ်းငယ်သေးပြီး စာကိုပဲ ပိုပြီး အချိန်ပေးလေ့လာသင့်တယ်။"
ကုနင်း လင်ရှောင်းထင်ပြောခဲ့သည့် အတိုင်းတစ်ပုံစံတည်းပြန်ပြောလိုက်ခြင်းကြောင့် လင်ရှောင်းထင်မှာ သူပြောခဲ့မိသည့်စကားအတွက် နောင်တရသွားသည်။
"အဲ့ဒါက..အမ်...." လင်ရှောင်းထင် ရှင်းပြလိုက်ချင်ပေမယ့် ဘယ်လိုရှင်းပြရမလဲတော့မသိပေ။ ကုနင်းအခုချိန်မှာ ငယ်သေးတာက အမှန်ပဲဖြစ်ကာ သူလဲပဲ သူ့ကြောင့်နှင့် ကုနင်းစာလေ့လာခြင်းကို မထိခိုက်စေလိုပေ။ ဒါပေမယ့် သူသာမငြင်းရင် ကုနင်းနှင့် နီးစပ်ဖို့လဲ မဖြစ်နိုင်တော့တာကြောင့် လင်ရှောင်းထင် ဝမ်းနည်းမိသွားလေသည်။
လင်ရှောင်းထင်၏အမူအရာတွေပြောင်းလဲနေသည်ကို ကုနင်းမြင်နေရပေ၏။ စိတ်ထဲမည်သို့မည်ပုံတွေးနေသည်ကိုတော့ သူမလဲ မစဉ်းစားတတ်ပေမယ့် သူဘာကြောင့် ရုတ်တရက်ကြီး စိုးရိမ်စိတ်ဝင်သွားသည်ကိုတော့ နားလည်ပါသည်။
လင်ရှောင်းထင် စိတ်မကောင်းဖြစ်နေသည်ကို မြင်ရတော့ ကုနင်းလဲ အောင်အောင်မြင်မြင်ပြန်လက်စားချေနိုင်ခဲ့သည့်အတွက်မပျော်နိုင်ဖြစ်နေကာ သူမလဲ ဝမ်းနည်းလာခဲ့ပေမယ့် လင်ရှောင်းထင်ကို စိတ်ရှုပ်အောင်မလုပ်ဘဲလဲ သူမ,မနေနိုင်ပေ။ ကုနင်း သူမကိုယ်သူမ အနိုင်ကျင့်တတ်သည့်လူလို့တောင် ထင်မိလာသည်။
လင်ရှောင်းထင် စိတ်မကောင်းဖြစ်နေပုံကို ကုနင်းအချိန်ကြာကြာဆက်မကြည့်နေနိုင်တော့တာကြောင့် သူမဆက်ပြီးမေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ?"
"ဘာမှမဖြစ်ပါဘူး။" လင်ရှောင်းထင်ကတော့ သူအမှန်တကယ်ရှင်းပြလိုက်ချင်ပေမယ့် အဆုံးမှာတော့ လက်လျှော့လိုက်ရတော့သည်။
"တကယ်လား? ရှင်မပြောချင်လဲ နေပါ။ ရှင်ကျွန်မကို ပိုးပန်းမယ်လို့ပြောတာ နောက်ရုံနောက်ခဲ့တာထင်တယ်။" ကုနင်း အနည်းငယ်စိတ်တိုသွားသည်။
"မဟုတ်ဘူး- အဲ့လိုမဟုတ်ပါဘူး။" လင်ရှောင်းထင် ချက်ချင်းပြန်ငြင်းလိုက်ကာ,
"ငါက ဒီတိုင်း...."
"ဘာဖြစ်လဲ?" ကုနင်း စိတ်ရှည်မှုတွေပျောက်ဆုံးကာ ဘုဆတ်ဆတ်ပြန်မေးလိုက်သည်။
"ငါမင်းစာသင်တာကို မထိခိုက်စေချင်ရုံပါ။" နောက်ဆုံးတော့ လင်ရှောင်းထင်ပြောထွက်သွားခဲ့၏။
"မဖြစ်နိုင်တာ! ကျွန်မက ကျွန်မတို့နှစ်ရဲ့ အမှတ်ပြည့်နီးနီးရတဲ့ အဆင့်၁ကျောင်းသူလေ!" ကုနင်းပြောပြီးကာမှ ထိုသို့အလျင်စလိုမပြောသင့်မှန်း သတိရသွားသည်။ အခုဟာက သူမဘက်က လင်ရှောင်းထင်နှင့် အတူရှိနိုင်ဖို့ အရမ်းမျှော်လင့်နေသလိုပုံပေါ်သွားသည်။
ကုနင်းစကားကိုကြားတော့ လင်ရှောင်းထင်လဲ အံ့ဩမိသွားသည်။ ကုနင်း ဒီလောက်အထိစာတော်လိမ့်မယ်လို့ သူမထင်ထားဘူး။ တကယ်လို့သူမသာ အခုလိုအဆင့်၁ကို ဆက်ထိန်းထားနိုင်မည်ဆိုရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အလွယ်လေးအောင်နိုင်လိမ့်မယ်။ နိုင်ငံထဲမှာ အဆင့်၁အနေနဲ့တောင် ရပ်တည်နိုင်လောက်တယ်! ဒီလိုသာဆို နာမည်ကြီးတက္ကသိုလ်တွေက သူမကို ရဖို့အပြိုင်အဆိုင်တွေတောင် ဖြစ်လာလိမ့်မယ်။
ကုနင်းရဲ့ရည်မှန်းချက်က မြို့တော်တက္ကသိုလ်ဖြစ်ပေမယ့် အဲ့ဒါက အဓိကမဟုတ်သေးပါဘူး။
ကုနင်းသာ စာတော်နေရင် ချိန်းတွေ့ဖို့လဲ အဆင်ပြေတာပေါ့! ထို့နောက် လင်ရှောင်းထင် စိတ်လှုပ်ရှားစွာနဲ့
"မင်း ငါ့နဲ့ ......"
လင်ရှောင်းထင် ဘာပြောမယ်ဆိုတာကို ကုနင်းသိပြီးဖြစ်တာကြောင့် သူ့စကားမဆုံးခင် တားလိုက်သည်။
"ကျွန်မပြောတာ အဲ့သဘောမဟုတ်ဘူး။ ရှင်ကျွန်မနဲ့ ချိန်းတွေ့ချင်ရင် ဒီ့ထက်ပိုကြိုးစားဖို့လိုတယ်။"
အခုလိုပုံစံက အနည်းငယ်မာနကြီးသလိုပုံပေါက်မှန်း ကုနင်းသိပေမယ့် လင်ရှောင်းထင်မှာသာ သူမကို ပိုးပန်းဖို့ အချိန်ရော စိတ်ရှည်မှုပါမရှိလျှင် သူ့ရည်စားဖြစ်သွားရင်တောင် သူမစိတ်ကျေနပ်နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် သူ့ချစ်သူဖြစ်ဖို့ အဖြေမပေးသေးဘဲ အခုလို ကြိုးရှည်ရှည်နှင့် လှန်ထားသည့် အဆင့်မှာပဲ အချိန်ကြာကြာဖြုန်းနေချင်ပါသေးသည်။
ကုနင်း သဘောမတူတာကို ကြားရတော့ လင်ရှောင်းထင်အနည်းငယ်စိတ်ပျက်မိသွားပေမယ့် သူမက သူ့ကို ငြင်းလဲမငြင်းတာကြောင့် သူ့မှာ အခွင့်ရေးရှိနေသေးလေသည်။ လင်ရှောင်းထင် ဆက်ပြီးကြိုးစားဖို့ သူ့စိတ်ကိုသူပြင်ဆင်လိုက်သည်။
"ငါ ဆက်ပြီးကြိုးစားပါ့မယ်။" လင်ရှောင်းထင် ဆုံးဖြတ်ချက်ခိုင်မှာစွာနဲ့ပြန်ပြောလိုက်သည်။
မကြာခင်တွင်ပဲ သူတို့ ဖန်ဟွားအဆင့်မြင့်အိမ်ရာ၏ အဆောက်အအုံGသို့ရောက်သွားကာ ကုနင်းလဲ ကားပေါ်မှဆင်းပြီး အထဲဝင်သွားလိုက်သည်။
ကုနင်း သူ့မြင်ကွင်းထဲမှပျောက်သည်အထိ လင်ရှောင်းထင်ဆက်ကြည့်နေလိုက်သည်။
ကုနင်း ဓါတ်လှေကားထဲဝင်လိုက်ချိန်တွင်တော့ လင်ရှောင်းထင်ထံမှစာတစ်စောင် ဝင်လာခဲ့သည် : ကောင်းသောညပါ!
...............Part 176 Book 12.....................
အခန်း ၁၇၇ အဲ့ဒီ့ကျောင်းသူက သမီးလား?
လင်ရှောင်းထင်၏စာကို မြင်လိုက်တော့ ကုနင်းကိုယ်တိုင်ပင် မသိလိုက်ဘဲ ပြုံးမိသွားကာ ပြန်စာပို့လိုက်သည် : ကောင်းသောညပါ။
ထိုအချိန်တွင်တော့ လင်ရှောင်းထင်က ကားတံခါးပိတ်ကာ သူ့အဆောက်အအုံ၏ ဓါတ်လှေကားသို့ သွားနေချိန်ဖြစ်ပြီး ဖုန်းကိုချက်ချင်းစစ်လိုက်တော့ ကုနင်းထံမှ ပြန်စာရောက်ရှိနေတာမှန်း သိသွား၍ သူလဲပဲ ပြုံးမိသွားသည်။
ဒီအပြုံးကို ရှုကျင်းချန်နှင့် တခြားအဖွဲ့သားတွေသာ မြင်သွားခဲ့လျှင် အလွန်ကို အံ့ဩမိနေမည်ဖြစ်ပြီး အနောက်မှ နေထွက်လာခဲ့ပြီလို့တောင် ထင်မိလောက်သည်။ သူတို့ လင်ရှောင်းထင်ကို အနည်းဆုံး ၅နှစ် ၁၀နှစ်ခန့် ရင်းနှီးခဲ့ကြသူတွေဖြစ်ပေမည့် လင်ရှောင်းထင် ပျော်ရွှင်တဲ့အချိန်ကိုတော့ သူတို့တစ်ခါမျှပင် မမြင်ဖူးကြပါဘူး။ လင်ရှောင်းထင်က အမြဲတမ်း အေးစက်စက်မျက်နှာထားဖြစ်နေကာ အဖက်မလုပ်တတ်သည့်လူလို့ထင်ရသည်။
လင်ရှောင်းထင်၏ လူမှုဆက်ဆံရေးပုံစံက သူ့မိသားစုကြောင့် အများကြီးပါခြင်းကြောင့် သူ့ရဲ့နောက်ခံအမှန်ကို သိထားသည့်သူသာ ထိုသို့သောစရိုက်ရှိနေခြင်းကို သနားပင် သနားသွားနိုင်သည်။ ထိုကြောင့် မီးတောက်နီအဖွဲ့ဝင်တိုင်းက လင်ရှောင်းထင်ကို ထောက်ခံပေးနိုင်ကြခြင်းဖြစ်သည်။
ကုနင်း အိမ်ပြန်ရောက်သောအခါ ကုချင်တို့မိသားစုလဲ အတူတူရှိနေကြပြီး သူတို့ပုံစံက တစ်ခုခုကို စိုးရိမ်နေကြပုံပင်။
ကျန်းရှင်းရွယ်က ဆိုဖာထက်တွင်ထိုင်နေကာ သူမခေါင်းကို ငုံထားပြီး အသံတိတ်သောကြောင့် ကုနင်းချက်ချင်းပဲ မည်သည့်ကိစ္စဖြစ်ခဲ့သည်ကို နားလည်သွားသည်။
ကုနင်း ကျန်းရှင်းရွှယ်၏ဒဏ်ရာကို သက်သေအဖြစ်ပြလိုတာကြောင့် ပျောက်အောင်မကုပေးခဲ့ခြင်းက အခုတော့ သူမမိသားစုကို သိသွားစေတော့သည်။ ပုံစံကတော့ ကျန်းရှင်းရွှယ်ဖြစ်ခဲ့သမျှကိစ္စအားလုံးကို ပြောပြီးဖြစ်မည်ထင်သည်။
ကုနင်း ယနေ့ဖြစ်ခဲ့သည့်ကိစ္စများကို အမှန်အတိုင်းပြောဖို့ ပြင်လိုက်ပေမယ့် ကုနင်းက ကြားဖြတ်ပြောသွားသည်။
"နင်းနင်း, သမီးက ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို သေချာချနိုင်တဲ့ လိမ္မာတဲ့ကလေးဆိုတာ အန်တီသိပါတယ်။ ဒီတော့ သမီး အန်တီ့ကို တစ်ခုလောက်ကူညီပေးနိုင်မလား?" ကုချင်က ဆိုဖာမှ ထရပ်လိုက်ရင်း ကုနင်းကို ကြည့်ကာ အကူအညီတောင်းခံလိုက်သည်။
ကုနင်း ရုတ်တရက် ဆွံ့အသွားရသည်။ ဘာတွေဖြစ်ကုန်တာလဲ?
"ရတာပေါ့, ဘာဖြစ်တာလဲ ပြောပါ။" ကုနင်း သူမစိတ်ရှုပ်ထွေးသွားမှုကို ခေတ္တဖယ်ထုတ်လိုက်သည်။
"ရှင်းရွှယ်ကို ဒီနေ့သူ့ကျောင်းက သူငယ်ချင်းက ပါးရိုက်လိုက်တယ်တဲ့ ဒါပေမယ့် ဘာကြောင့်လဲဆိုတာကို သူမပြောပြဘူး။ ဒီတော့ အန်တီတို့ သူ့အတန်းပိုင်ဆရာကို ဖုန်းလှမ်းဆက်မေးလိုက်တော့ ရှင်းရွှယ်ကို ရိုက်လိုက်တဲ့ ကောင်မလေးက ရှားမင်ရှန်းရဲ့သမီးလို့ပြောတယ်။ နောက်ထပ် ရှင်းရွှယ်ဘက်က ကူညီပေးတဲ့ကောင်မလေးကိုတော့ ရဲစခန်းကို ခေါ်သွားတယ်တဲ့။ အန်တီလဲ ဘယ်လိုဆက်လုပ်ရမလဲမသိတော့လို့ အကြံဥာဏ်လေးပေးပါဦး။" ကုနင်း တုန်ရီနေသောအသံနှင့် ရှင်းပြခဲ့သည်။
ထိုသတင်းကိုကြားချိန်က ကုချင် မေ့လဲတော့မလိုတောင်ဖြစ်ခဲ့ရပေသည်။ ကျန်းရှင်းရွှယ်ပါးရိုက်ခံလိုက်ရသည်ဟု ကြားခြင်းကြောင့် သူမနှလုံးသားထဲမှ နာကျင်သွားရသလို ကျန်းရှင်းရွှယ်ကို ကူညီပေးလိုက်သည့် ကျောင်းသူလေး ရဲစခန်းကို အဖမ်းခေါ်ခံသွားရတာကြောင့်လဲ စိတ်မကောင်းဖြစ်သွားရသည်။ သူမကိုယ်တိုင်လဲ ရှားမင်ရှန်းရဲ့ အာဏာကို ကြောက်ရွံ့ရပါသည်။
ခြုံပြောရလျှင်တော့ ကုချင်ရော ကုမန့်ပါ ဒီတစ်နေ့လုံး စိတ်လှုပ်ရှားပူပန်နေရကာ သူတို့တွင် ဒီကိစ္စကို မည်သို့ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည့် အကြံကောင်းဥာဏ်ကောင်းလဲမရှိသောကြောင့် ကုနင်းအိမ်အပြန်လာကို စောင့်ဖို့နည်းသာရှိလေတော့သည်။
ကျန်းရှင်းရွှယ်၏အတန်းပိုင်ဆရာက ထိုကိစ္စအကြောင်းကို ရှင်းရှင်းလင်းလင်းလဲမသိသလို နောက်ဆုံးဘာဆက်ဖြစ်သွားသည်ဆိုသည်ကိုလဲ မသိပေ။ ထို့ကြောင့် ကျန်းရှင်းရွှယ်ကို ကူညီပေးလိုက်သည့် ကျောင်းသူလေးမှာ ကုနင်းမှန်း ကုချင်ရော ကုမန့်ပါမသိလိုက်သလို ခနပဲကြာကာ ကုနင်းရဲစခန်းမှ ပြန်လွတ်လာသည်ကိုလဲ မသိခဲ့ကြပေ။
ကျန်းရှင်းရွှယ်က ဘာမှမပြောဘဲ နှုတ်ပိတ်နေသောကြောင့် ကုနင်းထိတ်လန့်သွားသည်။ သေချာပေါက် ဒါက ကုနင်းမိသားစုတွေကိုမပြောပြဖို့ မှာထားသောကြောင့် ကျန်းရှင်းရွှယ် ကုနင်းပါဝင်နေသည့် အကြောင်းလုံးဝမပြောပြခဲ့ခြင်းဖြစ်ပေသည်။
အခုတော့ ကျန်းရှင်းရွှယ်ကို ကူညီပေးသည့် ကျောင်းသူလေးအဖမ်းခံလိုက်ရသည်ကြောင့် သူတို့ပိုလို့ပင်စိတ်ပူနေမိကြသည်။ အခုကိစ္စက ကျန်းရှင်းရွှယ်ကြောင့်ဖြစ်သောကြောင့် သူတို့အပြစ်ရှိသလိုခံစားနေရသည်။
ကုနင်းသည်တော့ ကျန်းရှင်းရွှယ်က သူမကတိကို သူမတည်သည်ကိုတွေ့ရ၍ ပျော်ရွှင်သွားသည်။ ဒီလိုနည်းနဲ့ ကျန်းရှင်းရွှယ်က သူမယုံကြည်နိုင်မည်လူတစ်ယောက်ဆိုတာ သက်သေပြလိုက်ပါပြီ။
"စိတ်မပူပါနဲ့. သမီးမဖြေရှင်းနိုင်လဲ အန်တီနားလည်ပါတယ်။" ကုနင်းကို အတင်းတွန်းအားမပေးချင်သကြောင့် ကုချင်ထပ်ပြောလိုက်သည်။
ကုနင်းက သူတို့ကို အကူအညီအများအပြားပေးထားပြီးဖြစ်သည်။ အခုကိစ္စကလဲ သူတို့ကိုယ်တိုင်သာဖြေရှင်းနိုင်မည်ဆိုလျှင် ကုနင်းကို စိတ်အနှောက်အယှက်ပေးမိမှာမဟုတ်ပေ။
ကုနင်း သက်ပြင်းချလိုက်မိကာ အခုကိစ္စကို အချိန်ကြာကြာဖုံးကွယ်လို့မရနိုင်မှန်းလဲသိတာကြောင့် အဖြစ်အပျက်အစအဆုံးကို အမှန်အတိုင်းပြောပြလိုက်တော့သည်။
"အန်တီ, အန်ကယ် စိတ်လျှော့ထားနော်။ ပြဿနာအားလုံးကို သမီးဖြေရှင်းပြီးသွားပါပြီ......။"
ကျန်းရှင်းရွှယ်ကို ကူညီလိုက်လို့ အဖမ်းခံလိုက်ရသည့်ကျောင်းသူက ကုနင်းဖြစ်ကြောင်းသိလိုက်ရ၍ အားလုံးထိတ်လန့်အံ့ဩကုန်ကြသည်။
"ဘာ? အဲ့ဒီ့ကျောင်းသူက သမီးလား?" ကုချင်မယုံကြည်နိုင်ဘဲ ထပ်မေးလိုက်သည်။
"နင်းနင်း, ဘာ-ဘာလို့ ဒီလောက်ရဲတင်းရတာလဲ? အဆင်ကောပြေရဲ့လား?" ကုမန့်ချက်ချင်းပဲ ကုနင်းအနားကိုသွားလိုက်ကာ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအနာတရ,ရှိနေလားဆိုတာကို စစ်ဆေးလိုက်သည်။
"အမေ, သမီးအဆင်ပြေပါတယ်။ အခုတလော သမီးသိုင်းလေ့ကျင့်နေခဲ့တာ။ လူတွေအများကြီးတခါတည်းဝိုင်းချရင်တောင် သမီးကို မနိုင်နိုင်ဘူး! အဲ့ဒီ့ကျောင်းသူလေးတွေကို သမီးရိုက်ခဲ့တယ်ဆိုတာလဲ သူတို့အမှားကြောင့်ပါ။ အဲ့ဒီ့အတွက် သမီးအပြစ်ပေးခံစရာလဲမလိုဘူး။ သမီးသူငယ်ချင်းက စစ်အရာရှိတစ်ယောက်ဆိုတော့ သူပြည့်သူ့လုံခြုံရေးဌာနက တစ်ယောက်ယောက်ကို ဖုန်းဆက်ပေးလိုက်ရုံနဲ့ ရဲတွေက ချက်ချင်းပဲ သမီးကို လွှတ်ပေးလိုက်တာ။ ပြီးတော့ ခေါင်းဆောင်ရှားနဲ့ပတ်သတ်ပြီးတော့လဲ စိတ်မပူကြနဲ့။ သူ သမီးသူငယ်ချင်းကိုတော့ ဘယ်လိုမှမယှဉ်နိုင်ဘူး။" ကုနင်း ကုမန့်တို့ကို နှစ်သိမ့်ပေးလိုက်သည်။
ကုမန့်နှင့်ကျန်တဲ့လူတွေသည်တော့ ကုနင်း၏ရှုပ်ထွေးလှသည့် ရှင်းပြချက်များကြောင့် ခေါင်းရှုပ်သွားပေမယ့် ကုနင်းက သူတို့ကို အဆင်ပြေသည်ဟု ပြောမှတော့ ထိုစကားကို ယုံကြည်လိုက်ကြသည်။
ကုနင်း၏ စစ်အရာရှိသူငယ်ချင်းဆိုသူကိုတော့ သူမတို့မည်သို့တွေ့ခဲ့ကြလဲဆိုသည်ကို ကုမန့်တို့သိချင်နေကြကာ ကုနင်း တစ်ခုခုထိခိုက်မှာကို စိုးရိမ်မိကြသည်။ သို့ပေမည့် နောက်ဆုံးတွင်တော့ မည်သည့် မေးခွန်းမှ မမေးခဲ့ကြတော့ပေ။ ထိုအစား ကုနင်းသူ့မဘဝကို ကောင်းကောင်းထိန်ကြောင်းနိုင်သည်ဟုသာ ယုံကြည်ပေးလိုက်ကြ၏။
တခနလောက် တိတ်ဆိတ်နေကြပြီးကာမှ ကုမန့်က ကုနင်းကို ရုတ်တရက်ထမေးလိုက်သည်,
"နင်းနင်း, အမေတို့ ဒီနေ့ အလှပြင်ဆိုင်ရဲ့ ဗီအိုင်ပီဧည့်သည်တွေအကြောင်း ဖတ်ကြည့်တာ သမီးရဲ့အကြီးဆုံးအဒေါ်လဲ Kameiမှာ ဗီအိုင်ပီတစ်ယောက်ပဲ။"
ထိုစကားကိုကြားတော့ ကုနင်းအနည်းငယ်အံ့ဩသွားသည်။
"အဲ့ဒါ ပြဿနာတော့မရှိပါဘူး။ သမီးတို့လုပ်စရာရှိတာကိုပဲ ဆက်လုပ်ကြတာပေါ့။" ကုနင်း သူတို့ကိုသူတို့ ပုံးကွယ်နေရမယ်လို့မတွေးမိပေ။
ကုမန့်နှင့် ကုချင်သည်လဲ ဆိုင်တွင် တနေကုန်နေကြသည်မဟုတ်၍ သူတို့ချင်းတွေ့ကြဖို့ဆိုသည့်ဖြစ်နိုင်မှာအလွန်နည်းပါးလှပါသည်။ အကယ်၍ တွေ့ခဲ့ကြလျှင်တောင် လင်းလိကျွမ်းကို သူမတို့က ဆိုင်ပိုင်ရှင်များဖြစ်သွားပြီဆိုသည့်အကြောင်း ပေးသိလိုက်လို့ မကောင်းတာမရှိပေ။
နောက်တစ်နေ့တွင်တော့ မိုးရွာနေသောကြောင့် ကုနင်းကျောင်းကို ပြေးမသွားနိုင်၍ အိမ်မှစောစောထွက်မနေတော့ပေ။ မနက်၆နာရီကျမှ ကုနင်း ထီးတစ်ချောင်းနှင့် လမ်းလျှောက်ထွက်လာချိန် လင်ရှောင်းထင်က သူမကို ဇုံGအပြင်ဘက်တွင် အသင့်စောင့်နေပြီဖြစ်သည်။ ကုနင်းက ကျောင်းကို ပြေးသွားနေကျဖြစ်မှန်း လင်ရှောင်းထင်သိထားပေမည့် ယနေ့လို မိုးရွာသည့်နေ့မျိုးတွင်တော့ ပြေးလို့မရနိုင်သောကြောင့် သူမကို ကျောင်းသို့ ကားဖြင့် လိုက်ပို့ပေးရန်လာခဲ့ခြင်းဖြစ်သည်။
ကုနင်းအပြင်သို့ထွက်လိုက်သည်နှင့် သူမရင်းနှီးပြီးသားကားတစ်စီး လမ်းဘေးတွင်ရပ်ထားသည်ကို သတိပြုလိုက်မိကာ ကားပြင်တွင်တော့ လင်ရှောင်းထင်က ထီးတစ်လက်ဆောင်းထားကာ မက်တပ်ရပ်နေခဲ့တာကြောင့် သူမစိတ်လှုပ်ရှားသွားရပြန်သည်။
ထို့ကြောင့် ကုနင်းအချိန်ဆွဲမနေဘဲ လင်ရှောင်ထင်၏ကားဆီသို့ တည့်တည့်လျှောက်သွားလိုက်တော့သည်။
...............Part 177 Book 12.....................
အခန်း ၁၇၈ တော်တော်တွေးတတ်တာပဲ!
ကုနင်းတို့နှစ်ယောက်လုံး ကားထဲဝင်ထားပြီးသွားတော့ လင်ရှောင်းထင်က ချက်ချင်းမောင်းမထွက်သေးဘဲ ထမင်းဘူးတစ်ခုကိုယူလိုက်ကာ ကုနင်းကိုပေးလိုက်ပြီး,
"ငါကိုယ်တိုင် မနက်စာလုပ်ထားခဲ့တာ။ မင်းစားကြည့်မလား?"
လင်ရှောင်းထင်ကိုယ်တိုင် မနက်စာပြင်ပေးခဲ့သည်ကို ကြားလိုက်ရတော့ ကုနင်းအံ့ဩသွားကာ ဝမ်းသာလွန်းလို့ မျက်ရည်ပင်ကျလုပ်မတတ်ဖြစ်သွားရသည်။ လင်ရှောင်းထင်သည် စကားများများလဲမပြောတတ် ချစ်စကားချိုချိုလေးများလဲ မပြောတတ်ပေမည့် သူ့ရဲ့အပြုအမူများနှင့်တင် ကုနင်းကို အရမ်းဂရုစိုက်လေသည်။
"ရှင်ကိုယ်တိုင်လုပ်လာတာပေါ့? တော်တော်တွေးတတ်တာပဲ!" ကုနင်းထိုသို့ပြောကာ ဗူးကိုယူလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
လင်ရှောင်းထင် ရှက်ပြီး မျက်နှာအနည်းငယ်နီသွားကာ,
"မင်းသဘောကျတယ်ဆို ဝမ်းသာပါတယ်။" လို့ပြန်ဖြေလိုက်သည်။ ကုနင်း ထိုသို့ကျေးဇူးတင်စကား ခနခနပြောတာမျိုး သူမလိုချင်ဘဲ သူမနှင့်ပိုပြီး ရင်းနှီးလာချင်ပါသည်။
ပြီးတော့ လင်ရှောင်းထင်ထပ်ပြီး နို့တစ်ဗူး ကုနင်းကို ပေးလိုက်ပြန်ကာ ဒီတစ်ခါတွင်တော့ ကုနင်းက ယူရုံယူလိုက်ပြီး ကျေးဇူးတင်စကားထပ်မပြေတော့ပေ။
ကုနင်းနို့/ေူးကို ဘေးမှာထားလိုက်ပြီး မနက်စာဗူးကို ဖွင့်လိုက်သည်။ ပထမအထပ်တွင်တော့ အကန့်နှစ်ကန့်ပါက တစ်ကန့်တွင် သစ်သီးအပြည့်နှင့် ကျန်တစ်ကန့်တွင် အသဲပုံကြက်ဥကြော်တစ်လုံးရှိနေလေသည်။
ကုနင်း လင်ရှောင်းထင်ကို ထိတ်လန့်အံ့ဩစွာလှည့်ကြည့်လိုက်မိသည်။ ဒီလူဒါမျိုးတွေလဲ လုပ်တတ်တာပဲလား!
လင်ရှောင်းထင် ကားကို ဂရုစိုက်မောင်းနေပေမည့် ကုနင်းက သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိနေသည်။ သို့ပေမယ့် ကုနင်းကမျက်လုံးချင်းစုံပြီး ပြန်ကြည့်ဖို့ကိုတော့ သူရှက်နေသည်။
ကုနင်းလဲ လင်ရှောင်းထင်ထံမှအကြည့်ရွှေ့ကာ မနက်စာဗူးကိုပြန်ကြည့်လိုက်သည်။ ဒုတိယအထပ်တွင်တော့ ယာဂုရှိနေကာ အပေါ်တွင်လဲ ကြက်သွန်မြိတ်ကို အသဲပုံစံ ဖြူးထားသေးပြန်သည်။
ဒါက သာမာန်မနက်စာဗူးတစ်ဗူးဆိုပေမည့် ကုနင်းအတွက်တော့ တော်တော်လေးပျော်ရွှင်သွားခဲ့ရပေ၏။
ကုနင်းစပြီး စားနေသောကြောင့် လင်ရှောင်းထင်ကားကို ဖြည်းဖြည်းငြိမ်ငြိမ်လေးမောင်းပေးလိုက်တာကြောင့် ကားထဲဖြစ်တာတောင်မှ ကုနင်းအအေးအေးဆေးဆေးစားနိုင်လေသည်။ ကျောင်းသို့မရောက်ခင်တွင်ပဲ သူမစားလို့သောက်လို့ပြီးစီးသွားခဲ့သည်။
မနက်ခင်းအတန်းပြီးသွားတော့ အားလုံးက ဖုန်းကိုယ်စီနှင့် ဂိမ်းကစားသူကစား WeChatတွင် စကားပြောသူပြောနှင့် လုပ်နေကြပြီး တချို့သည်တော့ ကျောင်းဖိုရမ်ထဲဝင်ကြည့်နေကြသည်။
ထိုအချိန်တွင်ပဲ နောက်ဆုံးသတင်းသစ်တစ်ပုဒ်ကြောင့် အားလုံး အုံကြွကုန်ကြသည်။ သတင်းထူးဆိုသည့် ခေါင်းစဉ်ဖြင့် "ဆင်းရဲသူလေး ကုနင်း သူ့ရှူးဂါးဒယ်ဒီရဲ့ ဇိမ်ခံကားထဲမှ ထွက်လာခြင်း" ဆိုပြီး ရေးသားထားသည်။ [ပုံနှင့်တကွ]
"ဘာ? မဖြစ်နိုင်တာ!"
အခန်း၄မှကျောင်းသားတစ်ယောက်က အံ့ဩစွာထအော်လိုက်သောကြောင့် အတန်းဖော်တွေအားလုံး လန့်သွားကြကာ တစ်ယောက်ကပြောလိုက်သည်။
""ချန်ဘင်း, မင်းဘယ်လိုဖြစ်နေတာလဲ?
"သတင်းထူးပဲ! တစ်ယောက်က ကုနင်းမှာ ရှူးဂါးဒယ်ဒီရှိနေတယ်ဆိုပြီး သတင်းတစ်ပုဒ်တင်လိုက်တယ်။" ချန်ဘင်းက ပြန်ဖြေလိုက်သည်။
"ဘာ?"
ထိုစကားကိုကြာတော့ အားလုံးထိတ်လန့်သွားကြကာ ချက်ချင်း ကုနင်းကို လှည့်ကြည့်လိုက်ကြသည်။
တစ်ချို့သည်တော့ ထိုသတင်းကို အမှန်ဟုမယုံပေမယ့် တချို့ကတော့ မယုံနိုင်ဖြစ်နေကြသည်။ သို့ပေမည့် ကုနင်းသည်သာ တကယ့်အမှန်တရားကိုသိသူဖြစ်သည်။ သူတို့ချက်ချင်းပဲ ကျောင်းဖိုရပ်ထဲ ဝင်လိုက်ကြသလို ကုနင်းလဲ စိတ်တိုသွားကာ ချက်ချင်း သူမဖုန်းကို ဆွဲထုတ်ကြည့်လိုက်သည်။
"နင်းနင်း..." ယွီမီရှီ စိုးရိမ်စွာခေါ်လိုက်သည်။ သူမထိုသတင်းကို အမှန်ဟုမယုံကြည်ပေမယ့် ဒါကတစ်ယောက်ယောက်တမင်ကြံစည်ထားပုံပေါ်သည်။
"ငါဘာမှမဖြစ်ပါဘူး။" ကုနင်း နှစ်သိမ့်ပေးလိုက်သည်။
သူမက ပြဿနာတက်နေသူဖြစ်ပေမယ့် သူမကပဲပြန်ပြီး ယွီမီရှီကို ပြန်နှစ်သိမ့်ပေးနေရသည်။
ကုနင်းသတင်းကို ဖတ်လိုက်တော့ ၁၂တန်းအခန်း၄ရဲ့ကျောင်းသူ ကုနင်းက အရမ်းဆင်းရဲပြီး အမေတစ်ယောက်တည်းကမွေးထားသူဖြစ်ကြောင်းကိုသာ အဓိကဦးတည်ရေးသားထားကာ သူမအမေက စက်ရုံတွင်အလုပ်လုပ်ပြီး တစ်လမှ ယွမ်၃ထောင်လောက်သာရရှိသောကြောင့် ကုနင်းက သူမကျူရှင်စားရိတ်များအတွက် ခန္ဓာကိုယ်ကိုရောင်းစားခဲ့ကြောင်း။ အခုလိုမိုးရွာသည့်နေ့တွင်တော့ သူမ၏ ရှူးဂါးဒယ်ဒီကိုယ်တိုင် ကျောင်းကို ကားဖြင့်လိုက်ပို့ပေးကြောင်း။ ကုနင်း လင်ရှောင်းထင်ကားထဲမှ ဆင်းလာသည့် ပုံနှင့်တကွပူးတွဲဖော်ပြထားလေသည်။
ဓါတ်ပုံခိုးရိုက်သူကိုတော့ လင်ရှောင်းထင်၏ကားမှတ်တမ်းစက်မှတစ်ဆင့်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ လင်ရှောင်းထင်က ကားမှတ်တမ်းတင်စက်ကို အရှေ့ကော အနောက်တွင်ပါ တပ်ဆင်ထားသောကြောင့် ရှာလို့လွယ်ကူပေလိမ့်မည်။
သက်သေမပြနိုင်ခင်အထိတော့ ဒီကိစ္စနောက်ကွယ်မှလူမှ မည်သူမဖြစ်မှန်း ကုနင်းအတိအကျမသိပေမယ့် ထိုလူကိုတော့ သူ့အပြစ်အတွက်ပြန်ပေးဆပ်ခိုင်းဖို့ ကုနင်းစိတ်ထဲမှတ်ထားလိုက်သည်။
"ဟွန့်, ကုနင်း, နင်ဟိုတစ်နေ့တုန်းကတော့ ငါမဟုတ်တာပြောတာလို့ နင်မပြောခဲ့ဘူးလား? အခုတော့ သတင်းတွေတောင်ထွက်လာပြီ နင်ဘာပြန်ပြောနိုင်သေးလဲ?"
အရင်ဆုံးကုနင်းကို ထေ့ငေါ့ပြောဆိုလိုက်သူသည်တော့ ရှောင်ဖေးဖေးပါပဲ။ ရှောင်းဖေးဖေးသည် ကုနင်းကိုအမြဲမလိုမုန်းထားသူဖြစ်သောကြောင့် အခုလိုအခွင့်ရေးရသည်နှင့် တန်းပြီး လှောင်ပြောတော့သည်။
ကုနင်း ရှောင်းဖေးဖေးရဲ့အမူအရာတွေကို နည်းနည်းမှအလွတ်မပေးဘဲ ဂရုတစိုက်ကြည့်နေလိုက်သည်။ ကြည့်ရတာ ရှောင်ဖေးဖေးလဲ ထိုသတင်းကိုကြားတော့ တကယ်အံ့ဩသွားသည့်ပုံပင်။ ထို့ကြောင့် ဒီတစ်ခေါက်တော့ ရှောင်ဖေးဖေးအကြံအစည်မဟုတ်ကြောင်း ကုနင်းယုံကြည်လိုက်သည်။
"ဟုတ်တယ်! နင်ကလူလိမ်ပဲ! ဘယ်သူမ နင့်ကိုယုံတော့မှာမဟုတ်ဘူး။" ဝူချင်းယသည်လဲ ဝင်ထောက်ခံလိုက်သည်။
"ငါတော့ အဲ့လိုမထင်ဘူး။ ကုနင်းက အဲ့လိုမိန်းကလေးမျိုးမဟုတ်ဘူး။" တစ်ယောက်ကို ပြန်ပြီးတုံ့ပြန်ပြောဆိုလိုက်သည်။
"နင်လိမ်နေတာကိုတောင် မကြည့်တတ်ဘူးလား? သူ့မိသားစုက ဒီလောက်ဆင်းရဲတာ။ သူသာ ရှူးဂါးဒယ်ဒီတစ်ယောက်မရှာရင် ကျောင်းကိုတောင်တက်နိုင်မှာမဟုတ်ဘူး!" ယန်ယွီလုကလဲ ထပ်ပြောလိုက်သည်။
"နင်ပြောတာမှန်တယ်။" နောက်ကျောင်းသားတစ်ယောက်က ထောက်ခံလိုက်သည်။
"အဓိပ္ပါယ်မရှိတာ! ဓါတ်ပုံတစ်ပုံနဲ့ အဲ့လိုပြောလို့ရရောလား? သူတို့က ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းရော မဖြစ်နေနိုင်ဘူးလား?" နောက်တစ်ယောက်က ပြန်ချေပလိုက်ပြန်သည်။
"ဟုတ်တယ်! ဝူချင်းယ, နင်လဲ တစ်နေ့က ရှောင်ဖေးဖေးတို့မိသားစုကားပေါ်ကဆင်းလာတာကို ငါတွေ့လိုက်သေးတယ်။ ရှောင်ဖေးဖေးရဲ့အဖေကရော နင့်ရှူးဂါးဒယ်ဒီလား?" ထိုစကားက စော်ကားသလိုဖြစ်ပေမယ့် ထိရောက်ပါတယ်။
"နင်-နင်ဘာတွေပြောနေတာလဲ?" ဝူချင်းယ ဒေါသတကြီးပြန်အော်ပစ်လိုက်သည်။
ကုနင်းကလွဲပြီး ဘယ်သူမှ ဝူချင်းယလန့်သွားသည်ကို သတိမထားလိုက်မိပေ။
ကုနင်းအံ့ဩမိသွားပေသည်။ တကယ်ပဲ ဝူချင်းယနဲ့ ရှောင်းဖေးဖေးရဲ့အဖေကြားမှာ တစ်ခုခုရှိနေတာလား? မဟုတ်ရင် သူမဘာလို့ ဒီလောက်လန့်သွားစရာလိုလဲ?
"ငါ့အဖေက အဲ့လိုဘယ်တော့မှမလုပ်ဘူး! အဲ့နေ့က ချင်းယကို ကျောင်းလိုက်ပို့တာ ငါ့အဖေရောငါပါ,ပါတယ်။" ယွီမီရှီ ပြန်ပြောလိုက်သည်။
"ဒါဆို အထဲမှာ ဘယ်သူပါလဲတောင်မသိဘဲနဲ့ နင်တို့က ဘာလို့ ကုနင်းမှာ ရှူးဂါးဒယ်ဒီရှိနေတယ်လို့ ကောက်ချက်ချလိုက်ရတာလဲ?" အခုချိန်တွင်တော့ ယွီမီရှီပါ ဝင်ပြောလာတော့သည်။
"သတင်းကအဲ့လိုတင်တာလေ, ငါတို့ပြောတာမှမဟုတ်ဘဲ။" ယန်ယွီလုက ပြန်ချေပလိုက်သည်။
"ချူးဖေ့ဟန်, ဟောင်ရန်နဲ့ ကျန်တဲ့ကောင်လေးတွေအားလုံးက ကုနင်းနဲ့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေဆိုတာမမေ့နဲ့ဦး။ ကုနင်းသာ ပိုက်ဆံမရှိရင် သူတို့ဘာမှစဉ်းစားမနေဘဲ ကူညီကြလိမ့်မယ်။ ဒီလိုဆို ကုနင်း ရှူးဂါးဒယ်ဒီတစ်ယောက်ရှာစရာလိုနေဦးမယ်မထင်ဘူး။" နောက်တစ်ယောက်က ချူးဖေ့ဟန်, ဟောင်ရန်နှင့် တခြားလူတွေကိုပဲ ထည့်ပြောလိုက်သောကြောင့် အတန်းထဲမှ အများစုလဲ သူ့စကားကို လက်ခံလိုက်ကြသည်။
သူတို့က သူငယ်ချင်းတွေဖြစ်သည့်အပြင် ကုနင်းက သူတို့ဘော့စ်လဲဖြစ်သည်။ ကုနင်းသာ ငွေတကယ်လိုနေလျှင် သူတို့သေချာပေါက် ကူညီကြမှာပဲ။ တကယ်တော့ ကျန်တဲ့လူတွေလဲ အရမ်းမယုံခဲ့သလို ရှောင်ဖေးဖေးတို့အဖွဲ့တောင်မှ သတင်းကို အနည်းငယ်သံသယဝင်မိကြသည်။ သူတို့က ယခုတစ်ကြိမ်သတင်းကို ခုတုံးလုပ်ကာ သူတို့ဒေါသတွေကို ပေါက်ကွဲချင်ကြရုံပဲဖြစ်ပေသည်။
...............Part 178 Book 12.....................
အခန်း ၁၇၉ ကုနင်းထူးခြားတယ်လား?
သို့ပေမည့် ရှောင်ဖေးဖေးတို့အဖွဲ့သည်တော့ ထိုသတင်းကို အမှန်ဖြစ်ဖို့ မျှော်လင့်နေကြကာ ကုနင်း၏ ဂုဏ်သိက္ခာကို တစ်စစီပျက်စီးသွားစေချင်သည်။
"ကျူရှင်စားရိတ်က ဒီလောက်ဈေးကြီးတာ, ပြီးတော့ သူတို့မိသားစုချမ်းသာတယ်ဆိုပေမယ့် သူတို့ပိုက်ဆံတော့မဟုတ်ဘူးလေ။ ဘယ်သူကများ တခြားလူအကျိုးအတွက် ငွေကို ပေးချင်တိုင်းပေးပစ်မှာလ?" ရှောင်ဖေးဖေး ကုနင်းဘက်မှ ထောက်ခံသူများ၏စကားကို ပြန်ချေပလိုက်သည်။
မည်သို့ပင်ပြန်ပြောပါစေ အများစုသည်တော့ ကုနင်းကို ယုံကြည်ဖို့သာရွေးချယ်ကြစဲဖြစ်သည်။
ထိုအချိန်တွင် ကုနင်းက "ငါကတော့ ဆင်းရဲတဲ့သူလဲတစ်နေ့ချမ်းသာလာနိုင်သလို အခုချိန် ချမ်းသာနေတဲ့လူတွေကလဲ တစ်နေ့တုန်းက ဆင်းရဲခဲ့ကြမယ်လို့ထင်တယ်။ နင့်ရဲ့ အဘိုး ဒါမှမဟုတ် နင့်အဘိုးရဲ့အဘိုးတွေကလက်ထပ်ကကော မဆင်းရဲခဲ့ကြဘူးလား? အနာခံမှ အသာစံရမယ်တဲ့။ အလုပ်ကြိုးကြိုးစားစားသာလုပ်မယ်ပြီး လမ်းသစ်ဖောက်နိုင်မယ်ဆိုရင် အဲ့လူက ဘာအမွေမှဆက်ခံစရာမလိုပဲ ချမ်းသာတဲ့ပထမမျိုးဆက်တစ်ယောက်ဖြစ်သွားလိမ့်မယ်။ "
ကုနင်း၏စကားများကို ကြားတော့ အတော်များများက ထောက်ခံကြသည်။ အတန်းထဲတွင် တော်တော်များများသည် တကယ့် ချမ်းသာသည့် ကလေးများမဟုတ်ဘဲ သူ့တို့ရှေ့ဘိုးဘေးများ၏ အလုပ်ကြိုးစားမှုမှတစ်ဆင့် အမွေဆက်ခံခဲ့ကြသည့်သူများသာဖြစ်သည်။ ရှောင်ဖေးဖေးတောင်မှ စိတ်ထဲမှသဘောတူလိုက်မိသည်။ သူမသည်လဲ ငယ်ဘဝက ဆင်းဆင်းရဲရဲနေခဲ့ရကာ လွန်ခဲ့သည့်၁၀နှစ်လောက်တွင်မှ သူတို့မိသားစု စတင်ချမ်းသာလာခဲ့ခြင်းဖြစ်ပေသည်။
"ကုနင်း, အခုထွက်လာခဲ့။"
ထိုအချိန်တွင်ပဲ သူတို့အတန်းပိုင်ကျန်းချိုးဟွာရောက်လာခဲ့သည်။ သူမသည်လဲသတင်းကြားပြီးဖြစ်၍ အံ့ဩနေမိသည်။
ကျန်းချိုးဟွာက ထိုသတင်းကို အမှန်ဟုမယုံကြည်သည့်အဖွဲ့တွင်ပါဝင်ပေမယ့် ထိုကိစ္စကို ဖော်ထုတ်ရန်လိုအပ်ပေသည်။ မဟုတ်လျှင် ကုနင်းအပါအဝင် ကျောင်း၏ဂုဏ်သိက္ခာကိုလဲ ဆိုးဆိုးဝါးဝါးပျက်စီးသွားစေနိုင်ပါသည်။
ကုနင်းထွက်လာသည်နှင့် ချူးဖေ့ဟန်နှင့် မုခယ်တို့အပြေးလေးရောက်လာကြကာ ကျန်းချိုးဟွာရှိနေသည်ကိုတောင် လျစ်လျူရှုလိုက်ပြီး ကုနင်းကိုမေးလိုက်သည်။
"ဘော့စ်၊ သတင်းတွေ့ပြီးသွားပြီလား?"
"အင်း, မစိုးရိမ်ပါနဲ့၊ ငါဖြေရှင်းနိုင်တယ်။" ကုနင်းပြန်ဖြေလိုက်သည်။
ပြဿနာဖြစ်သူမှ ကုနင်းဆိုပေမည့် သူမကတော့ အေးဆေးဖြစ်နေကာ သူငယ်ချင်းများက သူမထက်တောင် ပိုလို့ပင်စိတ်ပူနေကြပေသည်။ သူငယ်ချင်းဆိုတာ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်စည်းပေးဖို့ အဆင်သင့်ရှိနေကြသူတွေပဲ။
"ဒီသတင်းနောက်ကွယ်က လူကို ဖမ်းဖို့ ငါ့အစ်ကိုရဲ့အကူအညီလိုသေးလား? ဒီတစ်ကြိမ်တော့ ဘယ်သူပဲဖြစ်ဖြစ် အသေရိုက်သတ်ပစ်မယ်။" ချူးဖေ့ဟန်သည်တော့ ကျန်းချိုးဟွာ သူမဘေးတွင်ရပ်နေတာတောင်မှ ဒေါသတကြီးကြိမ်းမောင်းနေတော့သည်။
သို့ပေမယ့် ကျန်းချိုးဟွာသည်လဲ ချူးဖေ့ဟန်၏နောက်ခံကိုကြောက်၍တော့မဟုတ်ဘဲ ဒီကောလဟာလသည် အရမ်းဆိုးရွားစက်ဆုပ်ဖို့ကောင်းသောကြောင့် ချူးဖေ့ဟန် ကြိမ်းမောင်းနေသည်ကို ဘာမျှဝင်မပြောပေ။ နောက်ကွယ်တွင် မည်သူပင်ရှိပါစေ ထိုလူကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပေသည်။
"မလိုတော့ဘူး။ ကျေးဇူးပဲ၊ ငါ့ဘာသာ ကားမှာမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကနေယူစစ်လိုက်မယ်။" ကုနင်း ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ၊" ကုနင်းထိုသို့ပြောလိုက်သည်ကြောင့် ချူးဖေ့ဟန်ရော မုခယ်ပါစိတ်အေးသွားကြသည်။ သူတို့ဘယ်တုန်းကမှ မကောင်းသည့်လူတစ်ယောက်ကို လွယ်လွယ်ခွင့်လွှတ်ပေးလေ့မရှိပေ။
မကြာခင်မှာပဲ ဟောင်ရန်တို့လဲ ချူးဖေ့ဟန်နှင့် မုခယ်ကိုတွေ့ရန်ရောက်လာကြသည်။ သူတို့လဲသတင်းကြားပြီးပြီးချင်း စိတ်အေးအေးမထားနိုင်တော့၍ ချက်ချင်းပြေးလာကြခြင်းဖြစ်သည်။
ရောက်သည်နှင့် စပြီးမေးမြန်းလိုက်တော့သည်။
"ဘော့စ်ဘယ်မှာလဲ?"
"သူ့အတန်းပိုင်နောက်လိုက်သွားတယ်၊ စိတ်အေးအေးထား၊ ဒီကိစ္စဘော့စ်ဖြေရှင်းလိမ့်မယ်။" ချူးဖေ့ဟန် ကုနင်းပြောသည့်အတိုင်းပြန်ဖြေလိုက်သည်။
"တောက်၊ ဒီကိစ္စနောက်ကွယ်ကလူ ငါရှာတွေ့တာနဲ့ သေအောင်ရိုက်သတ်ပစ်မယ်။" ဟောင်ရန်က အံ့ကြိတ်ကာ ကြိမ်းဝါးလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ဘော့စ်မှာ ရှူးဂါးဒယ်ဒီဆိုတာမျိုးမလိုအပ်ဘူး။" ချင်ကျီရွှမ်းကလဲ ထပ်ပြောလိုက်သည်။
ဆရာများရုံးခန်းသည် စာသင်ဆောင်၏၄ထပ်မြောက်တွင်တည်ရှိကာ ရုံးခန်းတစ်ခန်းတွင် ဆရာ၄ယောက်ရှိလေသည်။ ကျန်းချိုးဟွာ၏ရုံးခန်းအတွင်းတွင်တော့ အခန်း၁၊ ၂၊ ၃ နှင့် ၄မှအတန်းပိုင်ဆရာများပါ၏။
ကျန်းယွမ်သည် အခန်း၂၏ အတန်းပိုင်ဆရာဖြစ်ပြီး ဖန်ချင်းသည်တော့ အခန်း ၃၏ အတန်းပိုင်ဆရာမဖြစ်သည်။ သူမသည်တော့ သူတစ်ပါးအပေါ်နှိမ့်ချတတ်ခြင်းကြောင့် နာမည်ဆိုးနှင့်ကျော်ကြားသူဖြစ်လေသည်။
ကျန်းချိုးဟွာနှင့် ကုနင်းတို့အခန်းထဲရောက်လာသည်နှင့် ဖန်ချင်းကအရင်စကာ,
"အိုး ရှင့်ရဲ့အခန်းက အခုတလော တော်တော်လေးကျော်ကြားနေတယ်နော်၊ အထူးသဖြင့် ဒီကျောင်းသူကြောင့်ပေါ့။ အရင်ဆုံး ကန်တင်းမှ တခြားလူတွေနဲ့ စကားများတယ်ပြီးတော့ ရန်ပွဲထဲလဲ ပါလိုက်သေးတယ်၊ နောက် ချင်ဂိုဏ်းကိုလဲ ပြဿနာရှာခဲ့တယ် ၊ အခုတော့ ရှူးဂါးဒယ်ဒီရှိတဲ့သတင်းထပ်ထွက်လာပြန်ပြီ။ ဝိုး၊ သူကတကယ်ကို ထူးခြားတာပဲ။"
သူတို့တတိယနှစ် (၁၂တန်း)များထဲ ကျန်းချိုးဟွာ၏အတန်းမှ အဆင့်၁ရသွားကတည်းက ဖန်ချင်းမှာ ကျန်းချိုးဟွာကို အလွန်မနာလိုနေခြင်းဖြစ်ပေသည်။
သူတို့နှစ်ခန်းလုံးသည် သာမာန်အခန်းများဖြစ်ပြီး ပုံမှန်အားဖြင့် အခန်း၄မှ ကျောင်းများထက် အခန်း၃မှကျောင်းသားများက ပိုအမှတ်များကြလေသည်။ သို့ပေမည့် ကုနင်းက သူတို့နှစ်အတွက် ဘာသာရပ်အားလုံးတွင် အမှတ်အများဆုံးရခဲ့ခြင်းကြောင့် ဖန်ချင်းအလွန်မကျေမနပ်ဖြစ်နေခဲ့သည်။
အခန်း၁သည် ထိတ်တန်းအတန်းဖြစ်ကာ အခန်း၂တွင်တော့ ထူးချွန်သူများရှိကာ ကျန်သည့်နှစ်ခန်းသည်တော့ သာမာန်ကျောင်းသားများသာရှိသည်။ ထို့ကြောင့် ဖန်ချင်းမှာအခန်း ၁ နှင့် ၂ကိုတော့ လိုက်ပြီးမယှဉ်ပြိုင်ပေမည့် တခြားသာမာန်အခန်းဖြစ်သည့် အခန်း၄နှင့်တော့ အမြဲတမ်းယှဉ်ပြိုင်လေသည်။
ကျန်းယွမ်သည်တော့ စကားတစ်ခွန်းမှ ဝင်မပြောသေးပေ။ ကုနင်းက ဆင်းရဲသည့်မိသားစုမှဖြစ်မှန်း သိထားပေမည့် သူမကို မတုံ့မဆိုင်းကူညီပေးကြမည့် ချူးဖေ့ဟန်တို့ရှိခြင်းကြောင့် သတင်းအမှန်ဖြစ်လိမ့်မယ်လို့ မယုံကြည်ပေ။
ဒီပြဿနာ၏နောက်တွင် တစ်စုံတစ်ယောက်ကြိုးကိုင်နေသည်ဟု ကျန်းယွမ်လဲ တွေးမိသည်။
ကုနင်းသည် သတ္တိနည်းသူတစ်ယောက်မဟုတ်သောကြောင့် မည်သူမှ သူမကို အလွယ်တကူ အခွင့်ကောင်းယူကာ အနိုင်ကျင့်လို့မရနိုင်ပါဘူး။
"အဲ့ကိစ္စတွေအားလုံးက တခြားသူတွေအရင်လာစလို့ဖြစ်ရတာချည်းပဲ။ ကုနင်းက သူ့ကိုယ်သူကာကွယ်ဖို့လုပ်တာ။" ကျန်းချိုးဟွာ ပြန်ချေပလိုက်သည်။ အကယ်၍ ထိုကိစ္စများသာ ကုနင်းဘက်မှ အမှားဆို သူမဘက်က ရပ်တည်ပေးမည်မဟုတ်ပေမည့် ကုနင်းက ခံရသူတစ်ယောက်ဖြစ်နေသောကြောင့် သူမဘက်မှ ထောက်ခံပေးခြင်းဖြစ်ပေသည်။
"သူသာ သူများတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ထားရင် ဒီလိုပြဿနာတွေဖြစ်လာမှာမဟုတ်ဘူး။" ဖန်ချင်းကတော့ ထိုကိစ္စများသည် ကုနင်း၏အမှားဟုသာ တထစ်ချယုံကြည်ထားလေသည်။
သို့ပေမယ့် ကျန်းချိုးဟွာဘက်မှ မည်သည့်စကားမျှပြန်မပြောရသေးခင်တွင်ပဲ ကုနင်းက အရင်ပြောလိုက်ပေသည်။
"ပါမောက္ခဖန်က ဒီကိစ္စတွေအားလုံးကို သိနေမှတော့ ဘာကြောင့်ဖြစ်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကိုလဲ သိရမှာပေါ့။ ကန်တင်းက ပြဿနာက သူတို့အရင် ကျွန်မအမေကို လူကြားထဲ စော်ကားပြောဆိုခဲ့လို့စဖြစ်ရတာ။ တကယ်လို့ ပါမောက္ခရဲ့အမေကိုသာ တစ်ယောက်ယောက်က လူကြားထဲ စော်ကားပြောဆိုခဲ့မယ်ဆို ပါမောက္ခဖန်လဲ ဒီတိုင်းပါးစပ်ပိတ်ပြီး ငြိမ်ခံနေမယ်လို့ ကျွန်မတော့မထင်ဘူး၊ ဟုတ်တယ်မလား? တကယ်လို့ ပါမောက္ခကသာ ငြိမ်နေပြီး ဖြစ်သမျှကို မေ့ပစ်ပေးလိုက်မယ်ဆိုရင် ကျွန်မ ပါမောက္ခရဲ့သည်းခံနိုင်စွမ်းကို အရမ်းလေးစားမိတယ်။" ကုနင်းက 'သည်းခံနိုင်စွမ်း' ဆိုသည့်နေရာတွင် လေသံကိုပိုဖိကာ ထေ့ငေါ့ပြောလိုက်သည်။
သူမသာ သူမမိခင်ကို လူကြားထဲ ဆော်ကားပြောဆိုခြင်းကို လက်ခံခွင့်လွှတ်ပါက သူမက တကယ်ကို အားနည်းပြီး သတ္တိကြောင်သူတစ်ယောက်မှန်း သေချာလေသည်။
"မင်း..." ဖန်ချင်း ဒေါသထွက်သွားပေမယ့် ကုနင်းကပဲဆက်ပြီး,
"ရန်ပွဲကတော့ သူတို့ဘက်က ကျွန်မကို အရင်လာစိန်ခေါ်လို့ လက်ခံလိုက်ရတာ၊ ပြီးတော့ အခုချိန်မှာ ကျွန်မက သူတို့ရဲ့ဘော့စ်တောင်ဖြစ်နေပြီ။"
"ချင်ဂိုဏ်းကိစ္စဆိုရင်လဲ ကုရှောင်ရှောင်ကြောင့်ဖြစ်ခဲ့ရမှန်း အသိသာကြီးလေ။ သူ့ဘာသာကျွန်မကို ချောက်ချလို့မပြီးနိုင်မစည်းနိုင်လုပ်နေတာ။ အခုထိ ပါမောက္ခက ဒီကိစ္စတွေအားလုံး ကျွန်မအမှားလို့ ထင်နေတုန်းပဲလား? ဒါဆိုရင်တော့ ရှင်က တော်တော်ထူးခြားတဲ့ဆရာမတစ်ယောက်ပဲ။ ဒီလိုဆို ရှင့်အတန်းထဲက ကျောင်းသားတွေအားလုံးလဲ ရှင့်လို အတွေးအမြင်တွေရှိနေကြမှာပေါ့နော်?"
ထို'ထူးခြား'ဆိုသည့် စကားလုံးသည် 'မူမမှန်' ဆိုသည့် အဓိပ္ပါယ်ကို အဓိကဆောင်ခြင်းဖြစ်သည်။ ဖန်ချင်းလိုဆရာမမျိုးရှိနေမှတော့ သူမအတန်းထဲမှကျောင်းသားများသည်လဲ သူမလို ရက်စက်ကာ သူတစ်ပါးကို နှိမ်တတ်သည့် လူမျိုးတွေပဲဖြစ်နေမှာပေါ့။
ဖန်ချင်းမှာ ဒေါသထွက်လွန်းလို့ အသက်ပင်မနည်းရှူနေရကာ ကုနင်းကို ဘာမှ ပြန်ခွန်းတုံ့မပြန်နိုင်ခဲ့ပေမယ့် ကုနင်းကို အရှင်လတ်လတ်ဝါးမြိုပစ်ချင်သလို စိုက်ကြည့်နေခဲ့သည်။
...............Part 179 Book 12.....................
အခန်း ၁၈၀ သတင်းကို ဖျက်
ဆရာမတစ်ယောက်ကို ထိုသို့ သံသယဝင်သည်က အရှက်ရစရာတစ်ခုဖြစ်ပြီး ကုနင်းထိုသို့ပြောလိမ့်မည်ဟုလဲ ဖန်ချင်းမထင်မှတ်ထားသောကြောင့် မည်သို့ပြန်ချေပရမှန်းမသိဖြစ်သွားသည်။ သို့ပေမည့် ကုနင်းကတော့ ပြောလို့မပြီးသေးတာကြောင့် ဖန်းချင်းကို ခွန်းတုံ့ပြန်ခွင့်မပေးဘဲ၊
"ဒီတစ်ခေါက် ကောလဟာလကတော့ တော်တော်လေးကို ရယ်စရာကောင်းတယ်။"
"ကောင်မလေးတစ်ယောက် ဇိမ်ခံကားတစ်စီးပေါ်က ဆင်းလာရုံနဲ့ ကိုယ်ကျင့်တရားမဲ့သွားတယ်တဲ့လား? မောင်းတဲ့သူက သူ့မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ယောက်ကောမဖြစ်နိုင်ဘူးလား? ဆင်းရဲတဲ့သူမှာ ချမ်းသာတဲ့ ဆွေမျိုး ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်မရှိနိုင်တော့ဘူးလား? ပြီးတော့ ပုံထဲမှာက မောင်းတဲ့သူကိုတောင်မြင်ရတာမဟုတ်ဘူး။ ရှင်လဲ မောင်းတဲ့သူက ယောက်ျားလား မိန်းမလားဆိုတာ မသိဘူး။ ဘယ်လိုလုပ် နောက်ဆုံးအဖြေမှာ ကျွန်မက ကိုယ်ကျင့်တရားမကောင်းဘူးလို့ ထွက်သွားတာလဲ? အမှန်တရားကိုတောင်မသိဘဲနဲ့ ဘာလို့ ကျွန်မအမှားပါလို့ ရှင်က ယုံကြည်နေတာလဲ? ဆရာမတစ်ယောက်ဆိုတာ ကိစ္စတစ်ခုကို မသမာတဲ့နည်းလမ်းနဲ့ ဆုံးဖြတ်ချက်ချသင့်တယလို့ ထင်နေတာလား?"
ဖန်ချင်းမှာ အရှက်ကွဲမှုကြောင့် ဒေါသတွေပေါက်ကွဲထွက်လာကာ ကျန်းချိုးဟွာကိုသာ အပြစ်တင်လေတော့သည်။
"ကျန်းချိုးဟွာ, နင့်ကျောင်းသူမှာ လေးစားမှုဆိုတာ နည်းနည်းလေးတောင်မရှိဘူးပဲ!"
"ကျွန်မပြောတာ မှားသွားလို့လား?" ကုနင်းဆက်မေးလိုက်သည်။
ကုနင်းလဲ ဆရာတွေအပေါ် လေးစားမှုရှိသင့်မှန်းနားလည်ပေမည့် ဆရာကအရင်လေးစားမှုခံယူသင့်သည့် အရည်အချင်းရှိဖို့လိုလေသည်။ ဖန်ချင်းမှာ ထိုသို့သောအရည်အချင်းမပြည့်မှီသောကြောင့် ကုနင်း၏လေးစားမှုကို ခံရဖို့ မထိုက်တန်ပေ။
"ကျွန်တော်လဲ ကုနင်းမှားတယ်လို့မထင်ဘူး။ ပါမောက္ခဖန် ကျွန်တော်တို့ အမှန်တရားကို အခုထိမသိရသေးဘူးလေ။ အခုချိန်က သူမ ကောင်းသည်ဆိုးသည် ကောက်ချက်ချဖို့ အချိန်ကောင်းမဟုတ်ဘူး။" ကျန်းယွမ်ဝင်ပြောလိုက်သည်။ သူ ကုနင်းကို ကာကွယ်ပေးခြင်းမဟုတ်ဘဲ အမှန်တရားကို ရိုးရိုးသားသားထုတ်ပြောလိုက်ခြင်းသာဖြစ်ပေသည်။
"ရှင်...." ဖန်ချင်းမှာ ပိုလို့ပင်ဒေါသတွေဆူပွက်လာပေမယ့် သူတို့ကို မည်သို့မည်ပုံပြန်ပြောရမည်ကို မသိပေ။ တကယလဲ ထိုသတင်းက အခုချိန်ထိ ကောလဟာလတစ်ခုသာဖြစ်ကြောင်း ဖန်ချင်းသိပေမည့် သူမသဘောမကျသည့် ယခုလိုနည်းဖြစ် အပြစ်ရှာနေကျဖြစ်လေသည်။ ဖန်ချင်းမျက်နှာပျက်စရာတွေဖြစ်သွားခဲ့သောကြောင့် ရုံးခန်းထဲတွင် ဆက်နေဖို့ ရှက်သောကြောင့် ချက်ချင်းထွက်သွားတော့သည်။
ဖန်ချင်းရဲ့ ကြားဝင်စွက်ဖက်မှုမရှိတော့မှပဲ ကျန်းချိုးဟွာ ကုနင်းကို စကားပြောချိန်ရသွားတော့သည်။
"မင်း ငါ့ကို အမှန်အတိုင်းပြောနိုင်လား?"
"သမီးနဲ့ တစ်ဝန်းထဲနေတဲ့ သူငယ်ချင်းက လိုက်ပို့တာပါ။ သတင်းထွက်နေသလို တစ်ခုမှမဟုတ်ပါဘူး။ သမီးဘာသာ ဒီကိစ္စကို ဖြေရှင်းခွင့်ပြုပေးပါလား?" ကုနင်းပြန်ဖြေလိုက်သည်။
"ကိုယ်တိုင်ဖြေရှင်းနိုင်တာ သေချာရဲ့လား?" ကျန်းချိုးဟွာထပ်မေးလိုက်တော့ ကုနင်းက "ဟုတ်, သေချာပါတယ်။"
"ကောင်းပြီလေ။ ဒီကိစ္စကြောင့် ငါ့တို့အခန်းကော ကျောင်းကိုပါ မထိခိုက်စေချင်ဘူး၊ မဟုတ်ရင် မင်းကျောင်းထုတ်ခံရလိမ့်မယ်၊ ဒီလိုဆို ငါလဲ ဘာမှမကူညီပေးနိုင်တော့ဘူး။" ကျန်းချိုးဟွာ ကုနင်းကို သတိပေးလိုက်သည်။
ကောလဟာက ကိစ္စကြီးမဟုတ်ပေမယ့် ပျံ့နှံ့နှုန်းက အရမ်းမြန်လေသည်။ မြန်မြန်ဖြေရှင်းမှ အဆင်ပြေမည်ဖြစ်ကာ မဟုတ်ဘဲ သတင်းအရမ်းပျံ့သွားခဲ့ရင် တစ်ယောက်ယောက်ကိုတော့ အပြစ်ပေးမှ အဆုံးသတ်နိုင်လိမ့်မည်။
"ကောင်းပါပြီ။" ကုနင်းပြန်ဖြေလိုက်သည်။
ကုနင်း ရုံးခန်းထဲမှထွက်လာသည်နှင့် အိတ်ကပ်ထဲမှ သူမဖုန်းမှ တစ်ချက်တုန်သွားသောကြောင့် ထုတ်ကြည့်လိုက်သည်။ လင်ရှောင်းထင်ထံမှ စာတစ်စောင်ရောက်လာခြင်းဖြစ်ကာ ထိုစာကိုဖတ်ကြည့်လိုက်တော့ ကုနင်းထိတ်လန့်သွားသည်။
၎င်းမှာ ကားမှတ်တမ်းဗီဒီယိုတစ်ပုဒ်ဖြစ်ကာ ကုနင်းကို တိတ်တဆိတ်ဓါတ်ပုံခိုးရိုက်သူမှ ချန်းကျီယောင်ပင်ဖြစ်သည်။ ကုရှောင်ရှောင်ကိစ္စဖြစ်ပြီးတော့ ချန်းကျီယောင်လဲသင်ခန်းစာရသွားလောက်ပြီဟု ကုနင်းတွေးခဲ့ပေမယ့် မမျှော်လင့်ထားဘဲ သူမက သင်ခန်းစာနည်းနည်းလေးတောင်မရခဲ့ဘူးပဲ။
တကယ်တော့ ကုနင်း ချန်းကျီယောင်ကို ပညာပေးဖို့ စိတ်ကူးမရှိသလို သူမလုပ်ခဲ့သည့်ကိစ္စများကိုလဲ ခွင့်လွှတ်ပေးထားလေသည်။ သို့ပေမယ့် ချန်းကျီယောင်က သူမကိုယ်သူမသက်သေကျန်ခဲ့အောင်ပါ လုပ်ခဲ့မှတော့ ကုနင်းလဲ အပြည့်အဝအသုံးချပေးရတော့မှာပေါ့။
ထို့နောက် ဗီဒီယိုနောက်တွင် လင်ရှောင်းထင်က 'ငါကူညီပေးရမလား?' ဟုပါမေးထားလေသည်။
ကုနင်း၏ကိုယ်ရေးကိုယ်တာကိစ္စများကို ခွင့်ပြုချက်မရဘဲ သူဝင်မပါချင်ပေ။ သူမအတွက် တစ်ခုခုကူညီပေးချင်ပေမည့် စိတ်အနှောက်အယှက်လဲမပေးချင်ပေ။ အဓိကသည်တော့ ကုနင်းမှာ ထိုကိစ္စများကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟုလဲ ယုံကြည်လေသည်။
ကုနင်းသည်တော့ ထိုသတင်းကို လင်ရှောင်းထင် ဘယ်လိုသိသွားသလဲ အရမ်းသိချင်နေသောကြောင့် ချက်ချင်းဖုန်းဆက်လိုက်သည်။ ဖုန်းက စက္ကန့်ပိုင်းလောက်သာမြည်လိုက်ကာ ချက်ချင်းကိုင်လိုက်သောကြောင့် လင်ရှောင်းထင်ဖုန်းကို ကိုင်ထားစဲဖြစ်မည့်ပုံပင်။
"နင်းနင်း" လင်ရှောင်းထင်၏ပြန်ဖြေသံတွင် အပြစ်ရှိသလိုအသံပါနေသည်။ ဟုတ်ပါ၏။ သူသာ ကုနင်းကို ကားနဲ့လိုက်မပို့ခဲ့လျှင် ထိုသို့ဖြစ်လာလိမ့်မည်မဟုတ်သောကြောင့် သူအပြစ်ရှိသလိုခံစားနေရလေသည်။
အခုကတော့ လင်ရှောင်းထင် ကုနင်း၏နာမည်ကို ပထမဆုံးအကြိမ်ခေါ်ဆိုခြင်းဖြစ်သောကြောင့် ကုနင်းမှာ နှလုံးခုန်ပင်ရပ်တော့မလိုဖြစ်သွားသည်။
ကုနင်းသူမစိတ်သူမပြန်ထိန်းကာ မေးစရာရှိသည်ကို မေးလိုက်သည်။
"ရှင် ဘယ်လိုလုပ်ဒီကိစ္စကို သိသွားတာလဲ?"
"ကိုယ် မင်းရဲ့ကျောင်းဖိုရမ်ထဲကနေ တွေ့တာ။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
သူ ကုနင်း၏ကျောင်းအကြောင်းပိုမိုသိချင်သောကြောင့် ကျောင်းဖိုရမ်ထဲဝင်ကြည့်ခဲ့လေသည်။ ပြီးနောက် ထိုသတင်းကအလွန်ပျံ့နှံ့နေသည်ကို တွေ့လိုက်ရ၍ သူထိတ်လန့်သွားသည်။ သူအရမ်းဒေါသ ထွက်မသွားပေမယ့် ထိုသတင်းကို မတွေ့ခင်အထိ ကုနင်းမှာ မိဘတစ်ယောက်ထဲရှိသိဆိုတာကို မသိခဲ့ပေ။ ထို့ကြောင့် အခုကစပြီး ကုနင်းကို ပိုမိုဂရုစိုက်ပေးဖို့ ဆုံးဖြတ်လိုက်လေသည်။
"ကိုယ် မင်းအတွက် တစ်ခုခုလုပ်ပေးဖို့လိုလား?" လင်ရှောင်းထင်မေးကြည့်လိုက်သည်။
"မလိုတော့ပါဘူး၊ ကျေးဇူးပဲ။ ကျွန်မပဲ ဖြေရှင်းလိုက်မယ်။" ကုနင်းချက်ချင်းပြန်ငြင်းလိုက်သည်။
"ကောင်းပြီလေ, မင်းတစ်ခုခုလိုအပ်တာနဲ့ ကိုယ့်ကို ချက်ချင်းဆက်သွယ်လိုက်။" ကုနင်းက သူ့အကူအညီမလိုအပ်သောကြောင့် လင်ရှောင်းထင်စိတ်ပျက်မိပေမည့် အတင်းအကျပ်တော့မပြောပါဘူး။ သူ ကုနင်းကို ယုံကြည်လေသည်။ ပြီးနောက် သူတို့နှစ်ယောက်ဖုန်းချလိုက်ကြသည်။
ကုနင်းအခန်းကိုပြန်ရောက်တော့ အတန်းချိန်သုံးပုံတစ်ပုံလောက်ကုန်နေပြီဖြစ်သည်။ ကုနင်းပြန်လာသည်ကို မြင်တော့ အားလုံးဘာဖြစ်ခဲ့သည်ဆိုတာကို သိချင်နေကြသည်။ တစ်ချို့မှာ ကုနင်းကို စိုးရိမ်နေကြပြီး တစ်ချို့သည်တော့ ပြဇာတ်တစ်ပုဒ်လို့ စောင့်ကြည့်ချင်နေကြသည်။ စာသင်နေသည့် ဆရာသည်လဲ ကုနင်းဘာကြောင့် နောက်ကျမှန်းသိသောကြောင့် ဘာမှပြောမနေပေ။
ကုနင်း သူမခုံသို့ပြန်သွားလိုက်ကာ ယွီမီရှီကိုတော့ အဆင်ပြေကြောင်းတစ်ချက်ကြည့်ပေးလိုက်သည်။ ပြီနောက် သူမဖုန်းမှတစ်ဆင့် ကျောင်းဖိုရမ်ထဲသို့ဝင်လိုက်ကာ၊
'ကျွန်မက ၁၂တန်း အခန်း၄ကကျောင်းသူ ကုနင်းပါ။ ကျွန်မမှာ ရှူးဂါးဒယ်ဒီရှိနေတယ်ဆိုတဲ့ သတင်းမှားအတွက် ကျွန်မအရမ်းစိတ်တိုသလို ဒီသတင်းမှားကို စလွှင့်တဲ့လူကိုလဲ ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး။ ရှင်တို့မှာ ကျွန်မကျူရှင်လခမတက်နိုင်ဘူးဆိုတဲ့ သက်သေလဲမရှိဘူး။ ဘယ်သူမှ မမှန်ကန်တဲ့သတင်းအပေါ်လိုက်ပြီး လူတစ်ယောက်ကို အကဲမဖြတ်သင့်ဘူး။ ကျွန်မအခုချိန်မှာ ဆင်းရဲရင်ဆင်းရဲမှာပေမယ့် အမြဲတမ်းဆင်းရဲသွားမယ်လို့ဆိုလိုတာမဟုတ်ဘူး။ ဘယ်သူမှ အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာကို မသိနိုင်လို့ စောင့်ကြည့်ကြတာပေါ့။
ဆင်းရဲတဲ့သူမှာ ချမ်းသာတဲ့ ဆွေမျိုး ၊ မိတ်ဆွေတွေမရှိနိုင်ဘူးလား? ကျွန်မသူငယ်ချင်းက စေတနာနဲ့ ကျောင်းလိုက်ပို့ပေးခဲ့တာ။ တစ်ခုခုများမှားသွားလို့လား? ရှင်တို့ထဲက ဘယ်သူများ ကိုယ်ကျင့်တရားမဲ့တဲ့အလုပ်လုပ်မယ်ဆို လူကြားထဲချပြရဲကြလဲ? ဒီသတင်းမှားကို အခုချက်ချင်းဖျက်ပြီး ကျွန်မကို တောင်းပြန်ပါ မဟုတ်ရင်တော့ ဒီကိစ္စအတွက် ပြန်ပေးဆပ်စေရမယ်။'
ထိုသို့ရေးပြီးသည်နှင့် ကုနင်းကျောင်းဖိုရမ်ပေါ်ချက်ချင်းတင်လိုက်သည်။
အခုက အတန်းချိန်တွေဆိုပေမယ့် အားလုံးက ထိုသတင်းကို အာရုံစိုက်နေချိန်ဖြစ်သောကြောင့် ကုနင်းစာတင်လိုက်သည်နှင့် ချက်ချင်းပဲ တွေ့သွားကြတော့သည်။
...............Part 180 Book 12 End.....................
စာစဉ် ၁၂ ပြီး၏။