← Chapters

အခန်း (၁၈၁-၁၈၅)

Vol. 13 Ch. 181-185

အခန်း (၁၈၁-၁၈၅)

Vol. 13 Ch. 181-185

အခန်း ၁၈၁ ချန်းကျီယောင်လုပ်တာလား?

ကုနင်းကိုပြောထားသည့်သတင်းမှားနှင့်ပတ်သတ်ပြီး အတွေးအမြင်မတူသူ အဖွဲ့၃ဖွဲ့ကွဲနေကာ ပထမဆုံးအဖွဲ့သည်တော့ ကုနင်းကို ပတ်ပတ်စက်စက်ဆဲဆိုကြသူများဖြစ်ကာ အများစုသည် မိန်းကလေးများဖြစ်သည်။

ဒုတိယအဖွဲ့သည်တော့ သာမာန်ပဲဖြစ်ကာ ကားမောင်းပို့သူက ဘယ်သူဆိုတာ တိကျသည့်သက်သေမရသေးသ၍ ဘက်မလိုက်အဖွဲ့ဖြစ်ပြီး နောက်ဆုံးအဖွဲ့သည်တော့ ကုနင်းကို ထောက်ခံသည့်အဖွဲ့ဖြစ်ပေသည်။

အားလုံးထဲတွင် ဘက်မလိုက်အဖွဲ့သည်တော့ ဒီအရှုပ်အထွေး၏ အဓိကအကျဆုံးအဖွဲ့ဖြစ်ပေသည်။

ထိုအချိန်တွင် ကုနင်းကို ဆိုးဆိုးဝါးဝါးပြောဆိုနေကြသည့်အဖွဲ့သည်တော့ ဟောင်ရန်နှင့်ကျန်တဲ့လူများ၏ ပြင်းပြင်းထန်ထန်သတိပေးခံလိုက်ကြရလေသည်။ အခုလိုမျိုး နှုတ် နဲ့ လက်နဲ့ အကြမ်းနည်းသုံးလိုက်ချိန်မှာတော့ မိန်းကလေးများထက် ယောက်ျားလေးများကသာပိုဒဏ်ခံကြသည်။ ထို့ကြောင့် ကုနင်းကို ဆဲဆိုကြသည့် လူဦးရေလဲသိသိသာသာကို လျော့နည်းသွား၏။

ကုနင်းဘက်ကသတင်းပြန်တင်လိုက်ပြီးချိန်တွင်တော့ ထိုသတင်းသည်လဲ တင်ပြီးသည်နှင့် အချိန်ခနလေးအတွင်း ကြည့်ရှုသူအများအပြားရှိသွားသည်။ ကုနင်းဘက်က ဝိုင်းဝန်းထောက်ခံသည့် လူများလဲများလာခဲ့သည်။ သတင်းမှားက အရမ်းတော့ ကိစ္စကြီးတစ်ခုမဟုတ်ပေ။ ကုနင်းကို ယုံကြည်သည့်သူများနေသ၍ မကြာခင်တွင်ပဲ ထိုသတင်းကို မေ့သွားကြမည်ဖြစ်ပေမည့် ကုနင်းကို အပြစ်တင်မည့်သူပိုများနေလျှင်တော့ သတင်းကို ပိုမို ပျံ့နှံ့သွားပေလိမ့်မည်။

'ဘော့စ်, နောက်ကွယ်ကလူကို သင်ခန်းစာကောင်းကောင်းပေးလိုက်ကြရအောင်!' ဟောင်ရန်တို့အဖွဲ့က ကုနင်းရဲ့စာအောက်တွင် မှတ်ချက်ပေးခဲ့သည်။

'ကုနင်း ငါတို့နင့်ကို ယုံတယ်!'

'ငါလဲသဘောတူတယ်, ငါတို့ရဲ့ ကုနတ်ဘုရားမကို ထိခိုက်အောင်လုပ်တဲ့လူကို ရိုက်သင့်တယ်။'

'ငါလဲသဘောတူတယ်။'

တခြား သံသယဝင်နေကြသူတွေလဲ အများအပြားရှိနေပါသေးသည်။

'နင့်ဖြေရှင်းချက်ကကောင်းတော့ကောင်းပေမယ့် နင့်ကို ကျောင်းလိုက်ပို့တာ နင့်ရှူးဂါးဒယ်ဒီမဟုတ်ပါဘူးလို့ နင်သက်သေမပြနိုင်သေးဘူးလေ။'

'ဟုတ်တယ်၊ နင့်မှာ တိကျတဲ့သက်သေမရှိဘူး။'

ကုနင်းထိုမှတ်ချက်တွေကို အကြောင်းပြန်လိုက်သည်။

'ငါကတော့ ရှင်းရှင်းလင်းလင်းပြောပြီးသွားပြီထင်တယ်။ ငါ့ကို မကောင်းတဲ့မိန်းမလို့ပြောနေတဲ့သူတွေကလဲ ဆက်ပြောနေကြမှာဖြစ်သလို ငါ့ကိုယုံကြည်တဲ့လူတွေကလဲ ဆက်ယုံကြမှာပဲ။ ပြီးတော့ နင်တို့ကိုတစ်ခုတော့ပြောလိုက်မယ်၊ ငါ့ဂုဏ်သိက္ခာကို ဖျက်စီးပြောဆိုနေတဲ့ ဘယ်သူမဆို သတိတော့ထားနေကြနော်။ ငါက ပြန်လက်စားချေမှာမလို့။'

ကုနင်း ပွင့်ပွင့်လင်းလင်းကို ခြိမ်းခြောက်လိုက်သည်။ 'ကုနင်းက တကယ့် အန္တရာယ်တစ်ပါးပဲ!'

'အဲ့တော့ဘာဖြစ်လဲ? ငါဘက်က အမှားလုပ်ခဲ့လို့ဆိုရင် နင်တို့ကြိုက်သလို ဆဲဆိုလို့ရတယ်။ ဒါပေမယ့် ငါ့အမှားမဟုတ်ရင်တော့ ငါ့ဘက်ကလဲ ငြိမ်ခံနေစရာအကြောင်းမရှိဘူး။'

ကုနင်းကို ထောက်ခံသည့် မှတ်ချက်အများအပြားရှိကာ ထိုထဲတွင် ဟောင်ရန်တို့အဖွဲ့ကတော့ ထိပ်ဆုံးဖြစ်သည်။ ကုနင်းကို မကြိုက်သည့်သူများလဲ ရှိသေးပေမည့် ဘာမှတော့ပြန်မပြောရဲကြတော့ပေ။

အခန်း၂တွင်တော့ ချန်းကျီယောင်တစ်ယောက် ကျောင်းဖိုရမ်မှသတင်းများကနေ အကြည့်မကွာနိုင်ဖြစ်နေကာ ကုနင်းကို ယုံကြည်သည့်လူများနေတာကို မြင်ရတော့ ဒေါသတွေဆူပွက်နေတော့သည်။

ချန်းကျီယောင်က အကောင့်အသစ်ကိုသုံးပြီးသတင်းတင်ခဲ့ခြင်းဖြစ်သောကြောင့် သူမလုပ်မှန်းပေါက်ကြားသွားမှာ မကြောက်မိပေမယ့် ကားမှတ်တမ်းတင်ဗီဒီယိုလို့ခေါ်သည့်ပစ္စည်းတစ်ခုရှိနေသည်ကိုတော့ သူမမေ့နေခဲ့လေသည်။

လင်ရှောင်းထင်လဲ ကျောင်းဖိုရမ်ကိုပဲအာရုံစိုက်စစ်ဆေးနေစဲဖြစ်ကာ အများစုက ကုနင်းကိုထောက်ခံသည်မြင်တော့မှ စိတ်အေးသွားရသည်။

အတန်းချိန်ပြီးသွားတော့ ချူးဖေ့ဟန် နှင့်ကျန်တဲ့လူများ ကုနင်းဆီချက်ချင်းအပြေးရောက်လာကြကာ,

"ဘော့စ်, ဘာဖြစ်သွားပြီလဲ? မင်းသူငယ်ချင်းရဲ့ ကားမှတ်တမ်းကနေ စစ်ကြည့်ပြီးပြီလား?" မုခယ်က အရင်မေးလိုက်သည်။

"အင်း" ကုနင်းပြန်ဖြေလိုက်သည်။

"ဘယ်သူလုပ်တာတဲ့လဲ?" အားလုံးတပြိုင်တည်း မေးလိုက်ကြသည်။

ကုနင်း သူမဖုန်းကိုထုတ်ကာ ဟောင်ရန်တို့ကို ဗီဒီယိုတစ်ပုဒ်ဖွင့်ပြလိုက်သည်။

"ဘာ? သူလား!"

သူတို့အားလုံး ထိတ်လန့်သွားကြပေမယ့် ဒီမိန်းကလေးက ကုနင်းကို အမြဲတမ်းမကြိုက်တဲ့လူဖြစ်တာကြောင့် မြန်မြန်ဆန်ဆန်ပဲအဖြစ်မှန်ကို လက်ခံနိုင်လိုက်ကာ အားလုံးစိတ်တိုသွားကြသည်။

"ငါအခုချက်ချင်း သူ့ကိုသွားရိုက်ပစ်မယ်။" ချူးဖေ့ဟန်က စိတ်တိုစွာပြောလိုက်ကာ သူမအတန်းဆီပြန်သွားဖို့ပြင်လိုက်ပေမယ့် ကုနင်းက တားလိုက်သည်။

"မလုပ်နဲ့ဦး၊ သူ့ကိုရိုက်တာက ဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းမဟုတ်ဘူး။"

"ဒါဆို ငါတို့ဘာလုပ်ကြမှာလဲ?" ချူးဖေ့ဟန်က ဆက်မေးလိုက်သည်။

"ငါသူ့ကို ကျောင်းက ကျောင်းသားတွေအားလုံးနဲ့ ဆရာတွေရှေ့မှာ တောင်းပန်စေချင်တယ်။" ကုနင်းပြောလိုက်သည်။

ချန်းကျီယောင် အရမ်းမာနကြီးသည်ကို သူမသိတာကြောင့် ကုနင်းကို လူအများရှေ့တောင်းပန်တယ်ဆိုတာ သူမနှိပ်စက်နည်းတစ်မျိုးပေပဲ။ ကုနင်းကလဲ ချန်းကျီယောင်နှင့် ထိုက်တန်သည့် အရှက်ကွဲမှုမျိုးကို ဖြစ်စေချင်လေသည်။

ကုနင်းက ထိုသို့ပြောနေမှတော့ ချူးဖေ့ဟန်လဲ သူမအစီအစဉ်ကို ဝင်နှောင့်ယှက်ဖို့ စိတ်မကူးတော့ပေ။

ဟောင်ရန်နှင့်ကျန်သည့်ကောင်လေးများမှာ ချန်းကျီယောင်ကိုရိုက်ချင်ပေမည့် သူတို့က ယောကျ်ားလေးတွေဖြစ်သောကြောင့် မိန်းကလေးများကို အနိုင်ကျင့်လေ့မရှိပေ။ ကုနင်းနှင့် ချူးဖေ့ဟန်သာဒီကိစ္စကို မဖြေရှင်းနိုင်လျှင်တော့ သူတို့က အစားလုပ်ပေးပါလိမ့်မယ်။

"ငါ့အခန်းထဲပြန်မသွားချင်တော့ဘူး။ မဟုတ်ရင် သူ့ကိုရိုက်ချင်စိတ်တွေထိန်းမထားနိုင်မှာစိုးတယ်။ ငါနင့်အခန်းမှာပဲ လာတက်တော့မယ်။" ချူးဖေ့ဟန်ကတော့ သူမအခန်းကို ပြန်သွားသည်ထက် ဒီမှာပဲဆက်နေလိုက်တာပိုကောင်းမယ်လို့ထင်လေသည်။

ကုနင်းလဲ ဘာပြန်ပြောရမှန်းမသိပေမယ့် ချူးဖေ့ဟန် သူမဒေါသကို မထိန်းချုပ်နိုင်မှာကို သိနေသောကြောင့် သဘောတူလိုက်သည်။

စာသင်ချိန်တွေပြန်စခါနီးတော့ အားလုံးကိုယ့်အတန်းကို ပြန်သွားလိုက်ကြသည်။

ချူးဖေ့ဟန် ကုနင်းတို့အခန်းထဲဝင်လာသည်ကိုတွေ့တော့ အခန်း၄တစ်ခန်းလုံးကြောက်လန့်သွားကြသည်။ ကံကောင်း၍ အခန်း၄တွင် ခုံ၂လုံးပိုနေလေသည်။ ချူးဖေ့ဟန်သည်လဲ တခြားသူများနှင့်အတူမထိုင်ချင်၍ ခုံတစ်လုံးဆွဲကာာ ကုနင်းနှင့်ယွီမီရှီနားဝင်ထိုင်လိုက်သည်။

ယခုအတန်းချိန်သည် ရူပဗေဒအချိန်ဖြစ်ပြီး အခန်း၂၏အတန်းပိုင် ကျန်းယွမ်သင်ကြားသည့်ဘာသာရပ်လဲဖြစ်ပေသည်။ ချူးဖေ့ဟန်ကတော့ ချက်ချင်းပဲ အမိခံလိုက်ရပေမယ့် စာသင်ချိန်များကို အမြဲပျက်လေ့ရှိသူဖြစ်သောကြောင့် ကျန်းယွမ်ကို မကြောက်ပေ။ ကုနင်းကြောင့်သာမဟုတ်လျှင် သူမအခုတလောလို့ အတန်းတက်မှန်လုလုဖြစ်နေမှာမဟုတ်ပါဘူး။ စာသင်ခန်းထဲမှာ ချူးဖေ့ဟန်တစ်ယောက်ရောက်နေခြင်းက အလွန်အံ့ဩဖို့ကောင်းပေမယ့် ကျန်းယွမ်သည်တော့ ဘာမှထွေထွေထူးထူးမပြောဘဲ ချူးဖေ့ဟန်ကို တစ်ချက်မျှသာလှမ်းကြည့်ကာ စာစသင်လေသည်။

ချူ့ဖေဟန် အတန်းတက်သည်ဆိုမှတော့ သူမအိပ်မပျော်သွားခင်အထိ စာကို သေချာအာရုံစိုက်နားထောင်နေသည်။

နောက်အတန်းများတွင်လဲ ဆရာတွေက ချူးဖေ့ဟန်ကိုမြင်ပေမယ့် ဘာမှမပြောဘဲ စာကိုသာ ဆက်သင်ကြသည်။

ထိုအချိန်တွင် မိုးသည်လဲ စဲသွားခဲ့ပြီ။

နောက်ဆုံးအတန်းချိန်ပြီးသွားသည်အထိ ချန်းကျီယောင်က သတင်းကိုမဖျက်သွားသောသောကြောင့် ကုနင်းတို့အဖွဲ့ သူမအခန်းရှေ့ကို ရောက်သွားကြသည်။

ကုနင်းတို့ကို မြင်တော့ ချန်းကျီယောင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူမလုပ်တာ ပေါ်သွားပြီလား? မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ချန်းကျီယောင် မဖြစ်နိုင်ဟု ယုံကြည်နေပေမယ့် အခုချက်ချင်းထွက်ပြေးချင်စိတ်ဖြစ်နေသည်။ ပြီးတော့ ဒီလူတွေက လွယ်လွယ်ကူကူဖြေရှင်းခွင့်ပေးကြမည့်ပုံလဲမပေါ်ဘူး။ သူမတော့ ဒုက္ခရောက်ပြီထင်၏။

"နင်-နင်တို့ဘာလုပ်ချင်လို့လဲ?" ချန်းကျီယောင် တုန်တုန်ရီရီအသံနှင့်မေးလိုက်သည်။

"ငါတို့က ဘာလုပ်ချင်လို့လဲတဲ့လား? ချန်းကျီယောင်၊ နင်တကယ်ပဲ သတင်းကို နင်တင်ထားတာကို ငါတို့မသိဘူးလို့များထင်နေတာလား? ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့။ နင်ဒီလိုဆိုးဆိုးရွားရွားတွေကို လုပ်ပြီး ဖုံးကွယ်နိုင်လောက်အောင်အထိ ဥာဏ်ကောင်းတဲ့လူမဟုတ်ဘူး။" ချူ့ဖေ့ဟန်က ချန်းကျီယော်ကို အထင်သေးစွာကြည့်ရင်းပြောလိုက်သောကြောင့် သူမမျက်နှာအမူအရာပြောင်းလဲသွားခဲ့သည်။

ဘယ်လို? သူတို့ဘယ်လိုလုပ် သိသွားတာလဲ?

ချန်းကျီယောင်တစ်ယောက်တည်း အံ့ဩနေခြင်းမဟုတ်ဘဲ သူမဘေးနားမှ ချင်ကျန်းအပါအဝင် ကျန်တဲ့ကျောင်းသားများပါ သူမကို တအံ့တဩကြည့်နေကြသည်။

ဘာ? ဒီကိစ္စချန်းကျီယောင်လုပ်တာလား?

ဒါသာအမှန်ဆို ချန်းကျီယောင်က သူတစ်ပါးထိခိုက်အောင် ဘယ်လိုနည်းမဆိုသုံးတတ်တဲ့ ကြောက်စရာမိန်းကလေးတစ်ယောက်ပဲ။ မည်သူမှ ချန်းကျီယောင်ဘက်က မထောက်ခံပေးရဲကြပေ။

...............Book 13 Part 181 End.....................

အခန်း ၁၈၂ ချန်းကျီယောင် အပြစ်တင်မှုများအလယ်ရောက်ရှိခြင်း

တကယ်တော့ အစတုန်းက သတင်းက အမှန်ပါလို့ ချင်ကျန်းယုံကြည်ခဲ့ပေမည့် ကုနင်း၏ စာကိုတွေ့လိုက်ချိန်မှာတော့ မဖြစ်နိုင်ဟု ယူဆလိုက်ကာ ကုနင်းကိုပဲယုံကြည်ဖို့ရွေးချယ်လိုက်လေသည်။

ကုနင်းသည် တကယ်ပဲ ဆင်းရဲသည့်မိသားစုကဖြစ်ပေမည့် သူမမှာ ချမ်းသာသည့်ဆွေမျိုး မိတ်ဆွေတွေမရှိဘူးလို့တော့မဆိုလိုပေ။ ချမ်းသာတဲ့ ဆွေမျိုးအကြောင်းပြောရမယ်ဆို ကုရှောင်ရှောင်တို့မိသားစုပဲဖြစ်သည်။ သို့သော် သူတို့နှစ်မိသားစုမှာ ဆက်ဆံရေးမပြေလည်ကြပေ။ ချမ်းသာတဲ့ သူငယ်ချင်းဆိုလျှင်တော့ အများကြီးရှိကာ, မုခယ်၊ ဟောင်ရန်၊ အန်းရီ နှင့် ချူးဖေ့ဟန်တို့ရှိပြီး ချင်ရီဖန်းတို့ မြို့တော်ဆေးရုံဒါရိုက်တာ၏သမီးဖြစ်သည့် အန်ချင်းတို့နှင့်လဲ ဆက်ဆံရေးကောင်းရှိနေသေးသည်။ ထို့ကြောင့် ကုနင်းမှာ နောက်ထပ် ချမ်းသာသည့် မိတ်ဆွေသူငယ်ချင်းများရှိနေနိုင်ပါသည်။

ချင်ကျန်း ထိုလူတွေနှင့် ကုနင်းဘယ်လိုလုပ်သိလဲဆိုတာကို သိချင်ပေမယ့် ကုနင်းကားတိုက်ခံရပြီးကတည်းက ပြောင်းလဲသွားသည်ကို သူသိသည်။ သူက ထူးချွန်သည့် ကုနင်းကို လက်လွှတ်လိုက်ရပေမည့် သူမကို စိတ်အနှောင့်အယှက်တော့သွားမပေးရဲပေ။

"နင့်မှာ ငါလုပ်တယ်လို့ သက်သေပြစရာရှိလို့လား? နင့်မှာသက်သေမရှိရင် ဒါကအသေရေဖျက်တာပဲ။" ချန်းကျီယောင် စိတ်ကိုထိန်းချုပ်ကာပြန်ပြောလိုက်ပေမယ့် သူမအသံကတော့အနည်းငယ်အားလျော့်နေသေးသည်။ သူမက အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ပဲဖြစ်တာကြောင့် ကိုယ့်ခံစားချက်ကို သေချာမထိန်းချုပ်နိုင်သေးပေ။

"အသရေဖျက်တယ်? ဟွန်, နင်လိုလူမျိုးက ဒီလိုစကားလုံးမျိုးကို သိနေမယ်လို့ ငါထင်တောင်မထင်ထားမိဘူး။" ကုနင်း ချန်းကျီယောင်နှုတ်က ထွက်လာသည့် ထိုစကားလုံးမှာ ကမ္ဘာပေါ်ရှိအရယ်ရဆုံးဟာသတစ်ခုလိုထင်လိုက်မိကာ ရယ်မောလိုက်သည်။ ချန်းကျီယောင်မှာ သက်သေအတိအကျမရှိဘဲနဲ့ သူမက ကုနင်းအကြောင်းသတင်းမှာတွေကိုတင်ခဲ့ပြီး အခုမှ သူမက ကုနင်းကိုသက်သေလာပြခိုင်းနေတာက တကယ့်ဟာသတစ်ပုဒ်ပဲ။

ကုနင်းကထပ်ပြီး၊

"နင်က ဒါကို အသရေဖျက်တာလို့ပြောနေမှတော့ နင့်မှာသက်သေမရှိဘဲ ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ? သက်သေရှိနေလို့လား? နင်က အဓိပ္ပါယ်မရှိတဲ့ဓါတ်ပုံတစ်ပုံလောက်ရိုက်လိုက်ပြီး ဒီလိုငါ့အကြောင်းသတင်းမှားတင်ခဲ့တာ ရယ်စရာမကောင်းလွန်းနေဘူးလား?"

ထိုအချိန်မှာပဲ ဟောင်ရန်ကလဲ ကုနင်းဘက်ကထောက်ခံလိုက်သည်၊

"ဟုတ်တယ်။ ကုနင်း ဇိမ်ခံကားထဲကနေထွက်လာရုံနဲ့ နင်ကဘာလို့ သူ့မှာ ရှူးဂါးဒယ်ဒီရှိနေတာပါလို့ သေချာနေရတာလဲ? ဒီကိစ္စအတွက် နင့်မှာဘာသက်သေမှမရှိနေဘူးလေ။ နင်ဒါကို သက်သေမပြနိုင်ရင် နင်လဲ အသေရေဖျက်တဲ့သူပဲ။ နင်က ကျောင်းဖိုရမ်မှာတောင် တင်ခဲ့တာဆိုတော့ ငါတို့နင့်ကို တရားစွဲနိုင်တယ်။ ပြီးတော့ နင့်အသက်အရွယ်နဲ့ဆို ဥပဒေအရအရေးယူခွင့်လဲရှိနေပြီ။"

ထိုစကားကိုကြားတော့ ချန်းကျီယောင်မျက်နှာတစ်ပြင်လုံးဖြူဖျော့သွားသည်။

"ချန်းကျီယောင်၊ ကုရှောင်ရှောင်ကိစ္စဖြစ်ပြီးသွားတော့ နင်ငြိမ်သွားမယ်လို့ငါထင်ခဲ့တာ။ ဒီလိုသာဆို နင့်ငါ့အပေါ်လုပ်ခဲ့သမျှ ငါခွင့်လွှတ်ပေးလိုက်တော့မလို့ပဲ။ ဒါပေမယ့် နင်ကမငြိမ်နေတော့ ငါတောင်အံ့ဩသွားမိတယ်။ ငါ့မှာသက်သေသာမရှိရင် နင့်ဆီလာနေစရာအကြောင်းမရှိဘူး။ ငါတို့က နင့်လိုငတုံးတွေမဟုတ်ဘူး။"

ထိုစကားကိုပြောရင်း ကုနင်းသူမဖုန်းကိုထုတ်လိုက်ကာ ချန်းကျီယောင်ကို ဗီဒီယိုတစ်ပုဒ်ဖွင့်ပြလိုက်သည်။

"ချန်းကျီယောင်၊ နင် ကားမှတ်တမ်းတင်ဗီဒီယိုဆိုတာကို သိရဲ့လား? ပြီးတော့ ငါ့တို့ကျောင်းတံခါးနားမှာ လုံခြုံရေးကင်မရာတွေလဲရှိသေးတယ်။ ဒီလိုတစ်ပုံလောက်ရှာဖို့ဆိုတာ အလွယ်လေးပဲ။"

ချန်းကျီယောင်ဆွံ့အသွားကာ မက်တပ်ပင်ကောင်းကောင်းမရပ်နိုင်တော့ပေ။ ကားမှာ မှတ်တမ်းတင်ဗီဒီယိုရှိလိမ့်မယ်လို့ သူမမသိခဲ့ပေ။ သူမက ထိုမှတ်တမ်းတင်ဗီဒီယိုမြင်ကွင်းတည့်တည့်မှာတောင် ဝင်သွားလိုက်မိသေးတယ်။

"အခုတော့ နင်ဘာပြောချင်သေးလဲ?" ချူးဖေ့ဟန် နှာခေါင်းရှုံကာမေးလိုက်သည်။

ချန်းကျီယောင် ဘာမှထပ်ပြီးမငြင်းနိုင်တော့ပေမယ့် ကုနင်းတို့အဖွဲ့ကို ကြောက်တာတောင်မှာ အရှုံးမပေးခဲ့ပေ။

"အဲ့တော့ဘာဖြစ်လဲ? ငါ့ဓါတ်ပုံတစ်ပုံပဲရိုက်ခဲ့ပေမယ့် နင့်မှာ ရှူးဂါးဒယ်ဒီရှိနေတယ်ဆိုတာ သက်သေပြဖို့လုံလောက်နေပြီ။" ချန်းကျီယောင် ပြန်လည်ချေပလိုက်သည်။

"နင့်မှာ သက်သေအခိုင်အမာမရှိဘူးလေ။ ဥပဒေအရဆို ဒါက အသေရေဖျက်မှုပဲ။ ငါနင့်ကိုတရားစွဲနိုင်တယ်။" ကုနင်းအတည်ပြောလိုက်သောကြောင့် ချန်းကျီယောင်ပါးစပ်ချက်ချင်းပိတ်သွားတော့သည်။

အခန်းထဲမှ ကျန်သည့်လူတွေလဲ ကုနင်းကိုစတင်ထောက်ခံလာကြသည်။

"ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် သူ့မှာသက်သေမှမရှိတာ။ ဒါ ကုနင်းရဲ့ဂုဏ်သတင်းကို ပျက်စီးသွားစေနိုင်တယ်။ သူက တကယ်ကို ကြောက်ဖို့ကောင်းတဲ့လူပဲ။"

"သူ့ကိုလဲ ကုရှောင်ရှောင်လို့ ကျောင်းထုတ်ပစ်သင့်တယ်။"

"ငါလဲသဘောတူတယ်။ သူ့လိုလူမျိုးနဲ့တစ်ကျောင်းတည်းစာအတူမသင်ချင်ဘူး။"

"ငါတော့ ကုနင်း ရဲကို လှမ်းအကြောင်းကြားလိုက်သင့်ပြီလို့ထင်တယ်။"

"ပါးစပ်ပိတ်။ နင်တို့ပါးစပ်တွေပိတ်ထား?" ချန်းကျီယောင် အော်ဟစ်လိုက်သည်။ ကျောင်းထုတ်ခံရခြင်း ဒါမှမဟုတ် ရဲအဖမ်းခံရကာ ထောင်ထဲရောက်မည့်စကားမျိုးကို ကြားရတာပင် မုန်းမိသည်။

"ချန်းကျီယောင်၊ ငါနင့်ကို အခွင့်ရေးတစ်ခုပေးမယ်။ ဒါပေမယ့် နင်ငြင်းချင်လဲငြင်းနိုင်ပါတယ်။ အကျိုးဆက်ကိုတော့ နင်လက်ခံနိုင်ရမှာပေါ့။" ကုနင်း အသံနှိမ့်ကာပြောလိုက်သည်။

ကုနင်းသူမကို ရိုက်တော့မည်ဟုထင်မိကာ ချန်းကျီယောင်ပြန်လဲမတိုက်ခိုက်နိုင်တာကြောင့် ထိတ်လန့်သွားပေမယ့် ကုနင်းက ဆက်ပြီးပြောလိုက်သည်။

"နင်ငါ့ကိုလုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ခိုင်းရမှာပေါ့။ သတင်းကိုဖျက်ပြီး ငါ့ကိုတောင်းပန်။ ပြီးတော့ နင်အသံလွှင့်ခန်းကိုသွားပြီးတော့ ကျောင်းသားတွေအားလုံးနဲ့ ဆရာတွေအားလုံးရှေ့မှာ ငါ့ကိုတောင်းပန်ရမယ်။"

"မလုပ်နိုင်ဘူး။" ချန်းကျီယောင် ဒီလိုရှက်စရာအလုပ်မျိုးမလုပ်နိုင်သောကြောင့် ချက်ချင်းငြင်းလိုက်သည်။

"မလုပ်နိုင်ဘူးလား? နင့်သဘောပါပဲ။ နင်ငြင်းမယ်ဆိုရင်တော့ ဒီ့ထက်ပိုဆိုးတာတွေလာလိမ့်မယ်။" ကုနင်း ခြိမ်းခြောက်လိုက်သည်။

"နင်...." ချန်းကျီယောင် စိတ်တိုသွားပေမယ့် ဘယ်လိုပြန်ပြောမလဲမသိပေ။ ဒီလိုရှက်စရာကောင်းလှသည့် တောင်းပန်မှုမျိုးကိုလဲ သူမမလုပ်ချင်ပေ။

"ဒီနေ့ခင်းအတန်းတွေပြီးလို့မှ နင်တောင်းပန်တာကို ငါမကြားရသေးရင် နောက်ဘာဆက်ဖြစ်မလဲဆိုတာ သတိထားစောင့်နေပေါ့။" ကုနင်းသူမကို သတိပေးလိုက်ကာ သူမသူငယ်ချင်းများနှင့် ပြန်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် ကုနင်းတို့ စကားပြောနေကြသည်ကို တစ်ယောက်ယောက်မှ ဗီဒီယိုရိုက်ယူပြီးဖြစ်သောကြောင့် ကုနင်းတို့ထွက်သွားပြီးချက်ချင်းပဲ ကျောင်းဖိုရမ်ပေါ်တင်လိုက်လေသည်။ မကြာခင်တွင်ပဲ ထိုဗီဒီယို တစ်ကျောင်းလုံးပျံ့သွားတော့သည်။

တစ်ချို့လူတွေသည်တော့ ကုနင်းက သူမမှာ ရှူးဂါးဒယ်ဒီမရှိပါဟု တိကျသည့်သက်သေမပေးခဲ့သောကြောင့် သံသယဝင်နေကြသေးပေမည့် အများစုကတော့ ချန်းကျီယောင်ကိုသာ အပြစ်တင်ဆဲဆိုကြလေသည်။

ထိုကြောင့် ကုနင်းအပေါ်အမြင်မကြည်သည့် မှတ်ချက်များက သိပ်တိုးမပေါက်ခဲ့ပေ။

ကုနင်း ဇိမ်ခံကားပေါ်က ဆင်းလာရုံနှင့် သူမမှာ ရှူးဂါးဒယ်ဒီရှိပါသည်ဟု တန်းပြီးကောက်ချက်ချမှုက အလွန်ရယ်စရာကောင်းလေသောကြောင့် အများစုက ပိုပြီး အကြောင်းအကျိုးညီညွတ်သည့် အချက်ကိုသာတွေးကြသည်။

နောက်ဆုံး ကုနင်းနှင့် ဟောင်ရန်တို့အဖွဲ့ ပြိုင်ပွဲမှာနိုင်သွားကြပြီး အကျောင်းသားအတော်များများအပေါ် အမြင်ကောင်းတစ်ခုချန်ထားခဲ့နိုင်သွားလေသည်။ နောက်ထပ်ကျောင်းသားအတော်များများသည်လဲ ကုနင်းအပေါ်ဆက်လက် လေးစားနေခဲ့စဲဖြစ်သည်။

မကြာခင်တွင်ပဲ ကျန်းယွမ်လဲ ကျူးဖန်ထံမှတစ်ဆင့် သတင်းကိုကြားသွားခဲ့သည်။

ကိစ္စအားလုံးနောက်ကွယ်၌ ချန်းကျီယောင်ရှိနေသည်ဟု သိလိုက်ရ၍ သူအလွန်အံ့ဩမိသွားသည်။ ချန်းကျီယောင်သည် အတန်းထဲတွင် လိမ္မာသည့်ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပေမည့် တကယ်တော့ လိမ်ညာထားတာတွေတဲ့လား။

ကျူးကျန့်၏အမိန့်ကြောင့် ချန်းယွမ်ချက်ချင်းပဲ ချန်းကျီယောင်ကို ကုနင်းဖြစ်သွားသည့် ကိစ္စများက သူမကြောင့်လားလို့မေးခဲ့သည်။

သို့ပေမယ့် ချန်းကျီယောင်၏လုပ်ရပ်သည် ကုရှောင်ရှောင်လောက်မဆိုးရွားသောကြောင့် သူမကို ကျောင်းထုတ်သည်အထိတော့မခံရနိုင်ပေ။

............... Book 13 Part 182 End.....................

အခန်း ၁၈၃ ရှင့်ကို ဘာလို့စိတ်ဆိုးရမှာလဲ?

ချန်းကျီယောင် တောင်းပန်လိုက်ရုံနှင့် ပြဿနာကလွယ်လွယ်ကူကူ ဖြေရှင်းနိုင်သွားမှာ ဆိုပေမည့် သူမသာမတောင်းပန်ပဲ တင်းခံနေမည်ဆိုပါက ကုရှောင်ရှောင်လိုပဲ သူမကိုလဲ ကျောင်းထုတ်ရပါလိမ့်မည်။ အကယ်၍ ကျောင်းသားဘက်ကသာ သူ့အမှားသူပြန်လည်ပြင်ဆင်ချင်စိတ်ရှိခဲ့လျှင် ကျောင်းဘက်က ကျောင်းထုတ်လိမ့်မှာမဟုတ်ပေ။ ထိုသို့ကျောင်းထုတ်လိုက်ခြင်းကလဲ ကျောင်းကော အထုတ်ခံရသူဘက်ရဲ့ ဂုဏ်သတင်းကိုပါ ပျက်စီးနိုင်၏။

ကျန်းယွမ်နှင့် ကျူးကျဲ့၏ ဖိအားပေးမှုကြောင့် ကုနင်းကိုတောင်းပန်ဖို့ ချန်းကျီယောင် သဘောတူလိုက်ရပေမည့် သူမနှလုံးသားထဲတွင်တော့ ကုနင်းကို သေလောက်အောင်မုန်းနေမိသည်။ ကုနင်းတစ်နေ့ပြန်ပေးဆပ်စေရမည်ဟု ချန်းကျီယောင် ကျိန်ဆဲလိုက်သည်။

နေ့လည်ခင်းအတန်းများစခါနီးအချိန်တွင်တော့ သတင်းတုကိုဖျက်သွားကာ ထိုအစားတောင်းပန်သည့်သတင်းတက်လာခဲ့သည်။ ထိုနောက် ချန်းကျီယောင် ကျောင်းအသံလွှင့်ခန်းသို့သွားကာ,

"၁၂တန်း အခန်း၄က ကျောင်းသူ ကုနင်း၊ ငါက ၁၂တန်းအခန်း၂က ချန်ကျီယောင်ပါ။ နင့်မှာ ရှူးဂါးဒယ်ဒီရှိတယ်ဆိုတဲ့ သတင်းအမှားကို ဖြန့်ခဲ့တာက ငါပဲ။ ငါလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ ငါ့တောင်းပန်မှုကို လက်ခံပေးပါ။"

တစ်ကျောင်းလုံး ဆွေးနွေးသံများနှင့် ဆူညံသွားပြန်သည်။ ချန်းကျီယောင်သည်လဲ နာမည်ဆိုးဖြင့်ကျော်ကြားသွားလေသည်။

နောက်ဆုံးမှာတော့ ထိုပြဿနာအရှုပ်ထုပ်ကို ဖြေရှင်းနိုင်သွားခဲ့လေပြီ။

တောင်းပန်မှုပြီးသွားချိန်တွင်တော့ ချန်းကျီယောင်မှာ နောက်အတန်းချိန်များကို ဆက်တက်ဖို့ရန် အလွန်ရှက်သွားပြီဖြစ်သောကြောင့် အိမ်ပြန်ခွင့်တောင်းကာ ပြန်သွားတော့သည်။

လင်ရှောင်းထင်သည်တော့ ကျောင်းဖိုရမ်ပေါ်မှ သတင်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သောကြောင့် အဆင်ပြေသွားပြီဆိုသည်ကို သိလိုက်၏။

နေ့လည်ပိုင်းအတန်းချိန်များပြီးသွားချိန်တွင်တော့ ကုနင်း ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ပြန်လိုက်ကာ ဇုံCနှင့်ခပ်လှမ်းလှမ်းတစ်နေရာတွင် လင်ရှောင်းထင်ကိုတွေ့လိုက်ရလေသည်။

ယနေ့ဖြစ်ခဲ့သည့် ကိစ္စများကြောင့် ကုနင်းထပ်ပြီးပြဿနာမတက်အောင် လင်ရှောင်းထင်လာမကြိုရဲခဲ့ဘဲ အခုသူမကိုမြင်ချိန်မှာတောင် အနားသွားဖို့တုံ့ဆုတ်နေလေသည်။

ကုနင်း လင်ရှောင်းထင်မည်သို့ခံစားနေရမည်ဆိုသည်ကို နားလည်ပေမည့် ဘာပဲဖြစ်ဖြစ် အခုကိစ္စက သူ့အမှားမဟုတ်ပေ။ သူမလဲပဲ လင်ရှောင်းထင် ကျောင်းလိုက်ပို့ပေးတာကို ကြည်ကြည်ဖြူဖြူခွင့်ပြုပေးခဲ့သူဖြစ်သည်လေ။

ကုနင်းကပဲ လင်ရှောင်းထင်ထံအရင်လျှောက်သွားကာ မေးလိုက်သည်၊

"ရှင်ကျွန်မနဲ့ ညနေစာအတူစားချင်လား?"

"အင်း, စားတာပေါ့။" လင်ရှောင်းထင် မျက်လုံးတွေတောက်ပသွားကာ ချက်ချင်းလက်ခံလိုက်သည်။

ထို့နောက်နှစ်ယောက်အတူတူ အပြင်သို့လမ်းလျှောက်ထွက်လာကြကာ ကုနင်းက ကုမန့်ကို အိမ်မှာညနေစာစားတော့မည်မဟုတ်ကြောင်းလဲ လှမ်းအသိပေးလိုက်ပေသည်။

ကုနင်းဖုန်းချသည်အထိ လင်ရှောင်းထင်ကြည့်နေကာ,

"မင်း ကိုယ့်ကို စိတ်မဆိုးဘူးလား?"

"ဘာလို့ ရှင့်ကိုစိတ်ဆိုးရမှာလဲ?" ကုနင်းပြန်မေးလိုက်သည်။ လင်ရှောင်းထင် မည်သည့်အကြောင်းကိုပြောချင်နေမှန်း သူမသိပေမယ့် သူ့အပေါ်တော့လုံးဝစိတ်မဆိုးနေပေ။

"ကိုယ်သာ ဒီမနက် မင်းရဲ့ကျောင်းကို ကားနဲ့လိုက်မပို့ပေးခဲ့ရင် အခုလိုကိစ္စတွေဖြစ်ခဲ့မှာမဟုတ်ဘူးလေ။" လင်ရှောင်းထင် အပြစ်ရှိစိတ်နှင့်ပြောလိုက်သည်။

ဒီတော့ ကုနင်းက, "ကျွန်မကိုယ့်သဘောနဲ့ကိုယ် ရှင့်ကားနဲ့လိုက်ခဲ့တာပါ။ ရှင့်စေတနာကို အခုအပြစ်ပြောလိုက်ရင် နောင်ကျွန်မအပေါ်ဘယ်သူမှ စေတနာထားကြတော့မှာမဟုတ်ဘူး။"

ကုနင်းစကားကိုကြားတော့မှ လင်ရှောင်းထင်လဲ စိတ်သက်သာရာရသွားတော့သည်။

"ရှင်ဘာစားချင်လဲ?" ကုနင်းအရင်မေးလိုက်တော့ လင်ရှောင်းထင်က,

"မင်းစားချင်တာဘာဖြစ်ဖြစ်ရတယ်။"

"ဒါဆို သွားရင်းနဲ့ ဘာတွေရှိမလဲကြည့်ကြတာပေါ့။" ကုနင်းလဲ ဘာစားရမလဲမသိသောကြောင့် လမ်းလျှောက်ရင်းနဲ့ပဲ စဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။

သူတို့နှစ်ယောက် ယို့ယီလမ်းတစ်လျှောက် အတူတူလမ်းလျှောက်သွားကြကာ ဖန်ဟွားအဆင့်မြင့်အိမ်ရာနှင့် မနီးမဝေးတစ်နေရာတွင် စားသောက်ဆိုင်တစ်ခုကိုတွေ့လိုက်သည်။ ထိုနေရာက ပတ်ဝန်းကျင်အခြေနေလဲ လှပသေသပ်သောကြောင့် ကုနင်းစမ်းစားကြည့်ဖို့စိတ်ကူးကာ ပြတင်းပေါက်ဘေးရှိ စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်ကြသည်။ စားသောက်စရာများမှာပြီးသွားတော့ ကုနင်းက,

"ရှင်ဘာလို့ နေ့တိုင်းလိုလို ဒီမှာရှိနေတာလဲ? အလုပ်မလုပ်ရဘူးလား?"

"ကိုယ့်မှာ ထမ်းဆောင်စရာတာဝန်မရှိသ၍ အားတယ်။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။ အတိတ်အချိန်တုန်းကတော့ ဒီလိုစကားမျိုး သူဘယ်တော့မှပြောမှာမဟုတ်ပါဘူး။ တာဝန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အမြဲတည်းရှာကြံပြီးတစ်ခုမဟုတ် တစ်ခု သူလုပ်နေကြဖြစ်ကာ ဘယ်တော့မှ ကိုယ့်ကိုကိုယ်အအားမထားခဲ့ပေ။ သို့ပေမည့် ကုနင်းကို ချစ်မိသွားသည့်အချိန်မှစကာ တာဝန်မရှိသည့်အချိန်တိုင်းအမြဲတမ်းလိုလို သူမဘေးနားမှာသာနေချင်နေမိသည်။

သူတို့တစ်နေ့မှ တစ်ခါနှစ်ခါပဲတွေ့ရတာဖြစ်ပြီး အတူတူအချိန်ကုန်ဆုံးချိန်အများကြီးလဲမရှိသောကြောင့် သူမကို နေ့တိုင်းတွေ့ရမှပဲ လင်ရှောင်းထင်မှာ စိတ်ကျေနပ်နိုင်တော့သည်။

ပြီးတော့ ဒီလောက်နဲ့တောင်လုံလောက်တယ်လို သူမထင်ပေမယ့် တစ်ယောက်တည်းအထီးကျန်ရင်း ကုနင်းကို လွမ်းနေရမှာနဲ့နှိုင်းယှဉ်ရလျှင်တော့ အများကြီးသာပါသေးသည်။

လင်ရှောင်းထင်က သူ့တာဝန်များကို အင်တာနက်ကနေတစ်ဆင့် ညှိနှိုင်းအမိန့်ပေးလို့ရပြီး ကိစ္စတိုင်း ကိုယ်တိုင်လူလုံးထွက်ပြဖို့မလိုအပ်ပေ။

ထိုအချိန်တွင်ပဲ ကုနင်းထံသို့ ကျိုးကျန်းဟုန်ဆီမှ ဖုန်းဝင်လာခဲ့သည်။ လင်ရှောင်းထင်ကြားသွားလဲ ကိစ္စမရှိသောကြောင့် ကုနင်းထိုနေရာတွင်ပဲ ပြန်ဖြေလိုက်သည်၊

"ဟိုင်း၊ အန်ကယ်ကျိုး"

"ဘော့စ်, အခုစကားပြောလို့အဆင်ပြေလား? ကျွန်တော် အရေးကြီးပြောစရာရှိလို့။" ကျိုးကျန်းဟုန် စိတ်လှုပ်ရှားမှုပြည့်နှက်နေသည့်အသံနှင့်မေးလိုက်သည်။

ကျိုးကျန်းဟုန်၏အသံက ကျယ်သောကြောင့် လင်ရှောင်းထင်လဲကြားလိုက်ရကာ ထိုလူက ကုနင်းနှင့် မြို့တော်Gတွင် အတူတွေ့ခဲ့သည့်လူဖြစ်ကြောင်း သတိရသွားသည်။

"အဆင်ပြေပါတယ်။" ကုနင်းပြန်ဖြေလိုက်သည်နှင့် ကျိုးကျန်းဟုန်က ပျော်ရွှင်စွာ ဆက်ပြောတော့သည်။

"လူကြီးခြေထောက်အရွယ်လောက်ရှိတဲ့ ထိပ်တန်းအဆင့်ကျောက်စိမ်းတစ်တုံး ကျွန်တော်တို့ ဖြတ်နိုင်ခဲ့တယ်။ အရောင်ကတော့ အနီနဲ့အစိမ်းအရော ပျော်ရွှင်ခြင်းနှစ်ဆကျောက်အမျိုးအစားပဲ။"

"ပျော်ရွှင်ခြင်းနှစ်ဆကျောက်?" ကုနင်းလဲအံ့ဩမိသွားသည်။ ပျော်ရွှင်ခြင်းနှစ်ဆကျောက်သည် ဖူလူရှိုးကျောက်ထက်တော့ အဆင့်နိမ့်ပေမယ့် ခရမ်းရင့်ရောင်ကျောက်ထပ်တော့ အများကြီးပိုတန်ဖိုးရှိပါသည်။

ကုနင်း သူမကိုယ်တိုင်ရွေးယူခဲ့သည့် ကျောက်ရိုင်းများအားလုံး အဖိုးတန်တွေကြီးပဲဆိုတာကို သိပေမယ့် ကျိုးကျန်းဟုန်ဆီက သတင်းကောင်းကို ထပ်ကြားရချိန်မှာလဲ ပျော်ရွှင်ရပါသည်။

"ဟုတ်တယ်,ဘော့စ်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။" ကျိုးကျန်းဟုန် ကုနင်းကို ချီးကျူးစကားဆိုလိုက်ပြန်သည်။ သူသည်တော့ ကုနင်းက နတ်ဘုရားထက်တောင်ပိုပြီး စွမ်းအားကြီးသည်ဟု ယုံကြည်ထားပြီး ကျောက်ရိုင်းများထဲမှ ကျောက်စိမ်းကို ဖောက်မြင်နိုင်သည့် ကျောက်စိမ်းမျက်ဝန်းများရှိနေသလားဟုပင် မတွေးဘဲ နေနိုင်တော့ပေ။

ဟုတ်တာပေါ့၊ သူထိုစကားကို အကျယ်ကြီးလဲထုတ်မပြောသလို အမှန်တကယ်လဲ မယုံကြပါဘူး။ ဒါက မဖြစ်နိုင်သည့် ကိစ္စပဲလေ။ သို့ပေမယ့် သူတို့မယုံကြည်နိုင်သည့် အဖြစ်များက အမှန်တရားတစ်ခုဖြစ်နေခဲ့သည်။

လင်ရှောင်းထင်သည်တော့ ကုနင်းကျောက်အလောင်းလုပ်သည့်လုပ်ငန်းတွင်ပါဝင်နေခြင်းကြောင့် အံ့ဩမိသွားသည်။ သူသည်တော့ ကျောက်စိမ်းအကြောင်း အနည်းအကျဉ်းမျှသာသိထားပြီး ပျော်ရွှင်ခြင်းနှစ်ဆဆိုသည်က ဘယ်လိုမှန်းမသိပေမည့် ကျိုးကျန်းဟုန်က ထိပ်တန်းအဆင့်ကျောက်စိမ်းလို့ပြောနေမှတော့ အတော်လေးအဖိုးတန်မယ်မှန်းတော့သိလိုက်သည်။

ကျိုးကျန်းဟုန်၏မပြီးဆုံးနိုင်သော ချီးမွမ်းမှုများကို လက်ခံနေရချိန်မှာတော့ ကုနင်းဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေခဲ့သည်။ ကျောက်စိမ်းမျက်ဝန်းမရှိဘဲနှင့် သူမဘာမှမလုပ်နိုင်ဘူးဆိုတာကို သိသည်လေ။

"ဒါနဲ့, ပျော်ရွှင်ခြင်းနှစ်ဆကျောက်ကိုသုံးပြီး ဆွဲပြားနှစ်ခုလောက်လုပ်ပေးပါဦး။ အဲ့ဒီဆွဲပြားနှစ်ခုပေါင်းမှ တစ်ခုတည်းဖြစ်သွားမည့်ပုံစံမျိုးလေ။ အပေါ်မှာတော့ အဆုံးမဲ့ချစ်ခြင်းကို ကိုယ်စားပြုတဲ့ နဂါးပုံဖီးနစ်ငှက်ပုံကို တစ်ခုစီမှာထွင်းပေးပါ။ အရွယ်ကတော့ အလတ်လောက်ဆိုအဆင်ပြေပြီ။"

ပျော်ရွှင်ခြင်းနှစ်ဆကျောက်စိမ်းသည် အချစ်သက်သေဆွဲပြားတစ်စုံလုပ်ဖို့အတွက် အသင့်တော်ဆုံးကျောက်စိမ်းဖြစ်သည်။

ထိုဆွဲပြား၏အနက်အဓိပ္ပါယ်ကို လင်ရှောင်းထင်ကြားလိုက်တော့ သူ့စိတ်ထဲတစ်စုံတစ်ခုကိုတွေးလိုက်မိပေမယ့် ကုနင်းကိုတော့ အခုချိန်မှာမပြောပြသေးပေ။

"ကောင်းပါပြီ, အဲ့ဒါကို ကိုယ်တိုင်သိမ်းထားမှာလား ဒါမှမဟုတ် ဖွင့်ပွဲမှာ ပြမလို့လား?" ကျိုးကျန်းဟုန် မေးလိုက်သည်။

ဒီတော့ ကုနင်းက,

"ဖွင့်ပွဲမှာ ပြလိုက်ပါ။"

"ကောင်းပါပြီ" ဆိုကာကျိုးကျန်းဟုန် သဘောတူလိုက်သည်။

သူတို့ဖုန်းချခါနီးလေးတွင်ပဲ ကုနင်းက စကားတစ်ခွန်းထပ်ပြောလိုက်သေးသည်။

"ကျွန်မ သန်ဘက်ခါမနက်ခင်း မြို့တော်Gကိုရောက်မယ်နော်။"

ကုနင်းထိုအကြောင်းကို အစောကြီးကတည်းက တွေးပြီးသားဖြစ်သည်။ ကျိုးကျန်းဟုန်က ကုမ္ပဏီမှာ အစွမ်းကုန်အားဖြည့်လုပ်ကိုင်နေသည်ဆိုပေမယ့် သူမလဲ လိုအပ်သည့်အကြံဉာဏ်အချို့ပေးသင့်သေးသည်လေ။

ကျန်းရွှီ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်က မနက်ဖြန်ဖွင့်မှာဖြစ်ပြီး သူမလဲ ထိုနေရာတွင်ရှိမည်ဖြစ်သောကြောင့် မြို့တော်Gကို ညနေလေယာဉ်နှင့်မှသွားလို့မှီမည်ဖြစ်၍ နောက်နေ့မနက်ကိုသာရွေးလိုက်သည်။

ကုနင်း မြို့တော်Gကိုသွားမည့်သတင်းကို ကြားလိုက်ရတော့ လင်ရှောင်းထင်၏အကြံဉာဏ်ပိုလို့ပင် ပေါ်ပေါက်တော့မည်။

"ကောင်းတာပေါ့၊ ဒါပေမယ့် သန်ဘက်ခါက သောကြာလေ, အတန်းတက်စရာမလိုဘူးလား?" ကုနင်းလာမည်ဆို၍ ကျိုးကျန်းဟုန် ဝမ်းသာသွားပေမည့် သူမပညာရေးဘက်တွင် ထိခိုက်သွားမည်ကိုလဲ စိုးရိမ်မိသည်။

............... Book 13 Part 183 End.....................

အခန်း ၁၈၄ ရှင်ကျွန်မကို လေဆိပ်လိုက်ပို့ပေးနိုင်လား?

ကုနင်းသည် စီနီယာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်ကာ မကြာမီတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလဲ ဖြေရတော့မည်ဖြစ်သည်။

"အဆင်ပြေပါတယ်၊ ကျွန်မက အခုချိန်မှာ စာအရမ်းတော်နေပြီးသားပါ!" ကုနင်းနောက်လိုက်တာပေမယ့် အမှန်တရားဆိုလဲ မမှားပေ။ ဆရာမခွင့်ပြုချက်ရ၍ အတန်းတိုင်းကို ပျက်မည်ဆိုလျှင်တောင်မှ အမှတ်ကောင်းကောင်းရမယ်လို့ သူမယုံကြည်ချက်ရှိပါသည်။

"ဟ-ဟ, အရမ်းကောင်းတယ်၊ ဒါဆို သန်ဘက်ခါမနက် ကျွန်တော်လာကြိုမယ်။" ကျိုးကျန်းဟုန်ရယ်လိုက်ပေမယ့် သေချာပေါက် သူကုနင်းပြောသည်ကို ယုံတာပေါ့။ ကုနင်းသည် ကျိုးကျန်းဟုန်၏ အတွေးအမြင်ကိုပင် များစွာကျော်လွန်သည်အထိ ထူးချွန်ပြီး တော်သည့်မိန်းကလေးတစ်ယောက်ဖြစ်သည်လေ။

ကျိုးကျန်းဟုန်နှင့် သူမပြောနေသည့်စကားများကို လင်ရှောင်းထင်ကြားနေမှာမှန်း ကုနင်းသိပေမယ့် စိတ်ထဲထားမနေဘဲ ထိုအစားတစ်ခုပြောလိုက်သည်။

"ကျွန်မ အလုပ်ကိစ္စတစ်ခုအတွက် သန်ဘက်ခါ မြို့တော်Gကိုသွားဖို့ရှိတယ်။"

"တကယ်တော့ ကိုယ်လဲ ပိတ်ရက်ကို သွားစရာရှိတယ်ဆိုတာ ပြောမလို့ပဲ။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။

"ဘယ်အချိန်လဲ?" ကုနင်း သူမကို လင်ရှောင်းထင်ထားသွားမှာမျိုး မလိုချင်စွာနဲ့မေးလိုက်သည်။

"စနေနေ့သွားဖို့လုပ်ထားပေမယ့်ပေမယ့် မင်းက သောကြာနေ့မှ ထွက်မှာဆိုတော့ကိုယ်လဲ သောကြာပဲသွားတော့မယ်။" ထိုသို့ပြောလိုက်ခြင်းက လင်ရှောင်းထင်လဲ ကုနင်းဤနေရာတွင်မရှိပဲ မနေချင်ဘူးဆိုသည်ကို သွယ်ဝိုက်ဝန်ခံလိုက်ခြင်းဖြစ်ပေသည်။

ကုနင်းဘာပြန်ပြောရမည်ကိုမသိပေမယ့် ရင်ထဲမှာတော့ အလွန်ဝမ်းသာပျော်ရွှင်သွားသည်။

"မနက်ဖြန် နေ့လည်စာအတူတူစားကြမလား?" လင်ရှောင်းထင်မေးလိုက်သည်။

"ကျွန်မဦးလေးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်က မနက်ဖြန်ဖွင့်မှာဆိုတော့ မနက်ဖြန်အားနိုင်ပါ့မလားဆိုတာ မသေချာဘူး။" ကုနင်းပြန်ဖြေလိုက်သည်။

လင်ရှောင်းထင် ခေါင်းသာညိတ်ပြလိုက်သည်။ သူ့ရဲ့အနည်းငယ်စိတ်ပျက်သွားသလိုပုံစံကြောင့် ကုနင်းစိတ်မကောင်းဖြစ်သွားကာ ခနလောက်စဉ်းစားပြီးထပ်ပြောလိုက်သည်။

"ကျွန်မလေယာဉ်ချိန်က မနက်၈နာရီခွဲဆိုတော့ ရှင်ကျွန်မကို လေဆိပ်လိုက်ပို့ပေးနိုင်မလား?"

ထိုစကားကိုကြားတော့ လင်ရှောင်းထင် မျက်လုံးများ ချက်ချင်းပြန်တောက်ပသွားကာ, သဘောတူလိုက်သည်။

"ပို့ပေးမှာပေါ့။"

စားပြီးသွားတော့ သူတို့နှစ်ဦး ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ပြန်လာခဲ့ကာ ကုနင်းကို ဇုံGအပေါက်ထိ လင်ရှောင်းထင် လမ်းလျှောက်လိုက်ပို့ပေးခဲ့သည်။ ကုနင်း သူ့မြင်ကွင်းထဲမှ ပျောက်သွားသည်အထိကြည့်ပြီးကာမှ သူလဲ အိမ်ကိုပြန်သွားခဲ့သည်။

ကျန်းရွှီက ကုနင်းထက်အိမ်ပြန်နောက်ကျကာ ရောက်လာသည်နှင့် မနက်ဖြန်ဆိုင်ဖွင့်မည့်အကြောင်း ကုနင်းကိုပြောပြလေသည်။ သူတို့နှင့် သိသည့် စီးပွားရေးလောကမှ နာမည်ကြီးလူများလဲမရှိသောကြောင့် လူစိတ်ဝင်စားမှုအများကြီးရအောင် ဆွဲဆောင်ဖို့လဲ ရည်ရွယ်ချက်မရှိပေ။

ကုနင်းသည်တော့ ထိုပျင်းစရာကောင်းသည့် ဖွင့်ပွဲအခမ်းအနားမျိုးကို သဘောမကျသောကြောင့် အန်းကွမ်းယောင်ထံဖုန်းဆက်ကာ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုယ်စား ကျန်းရွှီကို ဂုဏ်ပြုသည့် ပန်း၁ခြင်းပို့ခိုင်းလိုက်သည်။

ပြီးတော့ ဟောင်ရန်နှင့်ကျန်တဲ့လူအားလုံးကိုလဲ WeChatကမှတစ်ဆင့် ဖွင့်ပွဲအကြောင်းပြောပြလိုက်သောကြောင့် မနက်ဖြန်ရောက်လာကြမည်ဖြစ်သည်။ အန်ချင်းသည်တော့ ဖိတ်စာရထားသည်ဖြစ်၍ ကုနင်းမသိသလိုနှင့်ပဲ ထောက်ခံပေးလိုက်သည်။

ချင်ယီဖန်းကိုတော့ တွေ့ဖို့က ရှက်စရာကောင်းနေသေးသောကြောင့် မဖိတ်သည်က ပိုကောင်းမည်ဟု တွေးလိုက်မိသည်။

သို့ပေမည့် ချင်ကျီရွှမ်းတို့မိသားစုက ထိအချိန်တွင် ချင်မိသားစုကိုရောက်နေသည်ဖြစ်ကာ စားသောက်ပြီး ဧည့်ခန်းထဲတွင် စကားထိုင်ပြောနေကြချိန်ဖြစ်သည်။

ချင်ကျီရွှမ်းက ချင်ယီဖန်းနှင့်ကုနင်းကြားဖြစ်ခဲ့သည့်ကိစ္စကိုမသိ၍ ဒီတိုင်းမေးလိုက်မိသည်။

"ကျွန်တော်တို့ဘော့စ်ရဲ့မိသားစုက မနက်ဖြန် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ဖွင့်မှာတဲ့။ အစ်ကိုတို့ရော ဖွင့်ပွဲတက်ကြမှာလား?"

ထိုစကားကိုကြားတော့ ချင်ယီဖန်းအံ့ဩသွားသည်။ ကုနင်းတို့မိသားစု ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုဖွင့်မည်ဆိုသည်ကို သူလုံးဝမသိထားလေဘူး။

"ဘော့စ်? ဘာလို့လူမိုက်တွေအသုံးအနှုန်းနဲ့တူနေတာလဲ? မင်း ကျောင်းမှာ လူမိုက်ဂိုဏ်းတစ်ခုခုကို ဝင်ထားသေးတားလား?" ချင်ကျီရွှမ်းရဲ့ အဖေ ချင်ဟောင်ကျီက မျက်နှာတည်ကြီးနှင့်မေးလိုက်သည်။ သူက အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်သောကြောင့် ဂိုဏ်းတွေကိုအလွန်မုန်းတီးလေသည်။

ချင်ကျီရွှမ်းလဲ သူ့အဖေဒေါသအကြောင်းသိသောကြောင့် ခပ်မြန်မြန်ပြန်ရှင်းပြလိုက်သည်။

"မဟုတ်ရပါဘူး၊ ကျွန်တော်တို့က သာမာန်သူငယ်ချင်းအဖွဲ့လေးပါ။ သူက အတိုက်အခိုက်အရမ်းကောင်းတဲ့မိန်းကလေးတစ်ယောက်၊ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ဘော့စ်လို့ခေါ်တာ။"

ထိုစကားကိုကြားတော့ ချင်မိသားစုထပ်ပြီး မကျေမနပ်ဖြစ်သွားပြန်သည်။ ဒီတော့ ချင်ကျီရွှမ်းအမေ, လုဟန်လန်က ဆူတော့သည်။

"ကျီရွှမ်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကဖြင့် မကြာခင်ဖြေရတော့မယ်။ မင်းက တစ်ချိန်လုံးအဆော့မက်လို့မပြီးသေးဘူးလား။ စာကိုပဲအာရုံစိုက်စမ်း။ မင်းသာ တက္ကသိုလ်ကောင်းကောင်းမရဘူးဆို ငါတို့မိသားစု အရှက်ရလိမ့်မယ်။"

လုဟန်လန်သည် မိသားစုဂုဏ်သိက္ခာကို တန်ဖိုးထားသူဖြစ်သည်။ သူမသူငယ်ချင်းများ၏ သားသမီးများက မနှစ်ကစာမေးပွဲဖြေခဲ့ကြသည်ဖြစ်ကာ အားလုံးလဲ တက္ကသိုလ်ကောင်းများကိုတက်နိုင်ခဲ့ကြသည်။ အကယ်၍ ချင်ကျီရွှမ်းသာမလုပ်နိုင်ဘူးဆို ချင်မိသားစုအတွက် အရှက်ရမှုတစ်ခုဖြစ်သွားပေလိမ့်မည်။

စာအကြောင်းပြောနေတော့ ချင်ကျီရွှမ်းစိတ်ညစ်လာသည်။

ထိုအချိန်တွင် ခနထွက်သွားသည့် ချင်ယီဖန်းက ဖိနပ်ဗူးတစ်ဝက်လောက်အရွယ် သစ်သားသေတ္တာလေးတစ်လုံးနှင့်ပြန်ရောက်လာခဲ့ကာ ချင်ကျီရွှမ်းကို ကမ်းပေးလိုက်သည်။

"ငါမနက်ဖြန်အလုပ်များလို့ ဒီရွှေသားစစ်သားရုပ်လေးတွေကို ငါ့အစားသူ့ကိုပေး,ပေး။"

သူသွားချင်ပေမယ့် အဖိတ်ခံရတဲ့အပြင် ကုနင်းနှင့် ဘယ်လိုမျက်နှာချင်းဆိုင်ရမည်မှန်းလဲမသိပေ။

"ဘာ? ရွှေသားစစ်သားရုပ်တွေလား? အဲ့ဒါက အသန့်စင်ဆုံးရွှေနဲ့လုပ်ထားပြီး ယွမ်၁သန်းကျော်တန်ဖိုးရှိတာလေ!" ချင်ယီချင်းထိတ်လန့်သွားသည်လို အားလုံးလဲ လန့်သွားကြသည်။

သာမာန်ဆို ဖွင့်ပွဲတစ်ခုအတွက် လက်ဆောင်ပစ္စည်းဆိုတာ အလွန်ဆုံးယွမ်သောင်းဂဏန်းလောက်ဆိုဖြစ်ပြီလေ။ ချင်ယီဖန်းရဲ့လက်ဆောင်က အရမ်းဈေးကြီးလွန်းတယ်။

ချင်ယီဖန်းကတော့ လှောင်ပြောင်သလိုပြုံးလိုက်ကာ၊

"ကျွန်တော်ကတော့ များတယ်မထင်ပါဘူး။ အရင်တစ်နေ့ အဖေ့ မွေးနေ့ပွဲတုန်းက ကျွန်တော်ပျော်စေချင်လို့ဖိတ်ခဲ့ပေမယ့် သူကတော့ ယွမ်သန်းပေါင်းများစွာတန်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကိုပေးခဲ့တယ်လေ။ ယွမ်၁သန်းတန်လောက်ဆိုတာ သူ့အတွက်တော့ဘာမှမပြောပလောက်ဘူး။"

ထိုစကားကိုကြားတော့ အားလုံးအံ့ဩသွားကာ ချင်ကျီရွှမ်းပြောသည့် ဘော့စ်ဆိုတာ အရင်နေ့တုန်းက ချင်ကျီရွှမ်းနှင့်အတူပါလာသည့် ရှေးဟောင်းပစ္စည်းပေးသည့်မိန်းကလေးမှန်း သိသွားကြသည်။

ဒါပေမယ့် ချင်ဟောင်ကျန်းသည်တော့ ပိုလို့သေချာအောင် ထပ်မေးလိုက်သည်၊

"ကျီရွှမ်းရဲ့ ဘော့စ်ဆိုတဲ့ ကောင်မလေးနာမည်က ကုနင်းလား?"

"ဟုတ်တာပေါ့။ ကျွန်တော်တို့ဘော့စ် ကုနင်းပဲ။ သူကအတိုက်အခိုက်တော်ရုံတင်မကဘူး စာလဲအရမ်းတော်တာ။ ကျွန်တော်တို့ တတိယနှစ်အားလုံးထဲမှာ သူကအဆင့်၁ပဲ။" ချင်ကျီရွှမ်းကတော့ သူ့ဘော့စ်အကြောင်း ဂုဏ်ယူစွာမိတ်ဆက်ပေးလိုက်သည်။

ကုနင်းအကြောင်းကိုကြားတော့ ချင်ဟောင်ကျန်းနှင့်သူ့ဇနီးတို့၏အမူအရာတွေ ရှုပ်ထွေးကုန်ကြသည်။ ဘာလို့ဆို ချင်ယီချင်း သူမအပေါ်လုပ်ခဲ့သည့် လုပ်ရပ်အပေါ်ပြန်တွေးမိကာ စိတ်မကောင်းဖြစ်သွားသောကြောင့်ပင်။

ချင်ယီချင်းလဲ စိတ်မသက်မသာဖြစ်သွားကာ ချင်ယီဖန်းသည်လဲ ထိုနေ့ကကိစ္စနှင့်ပတ်သက်ပြီး သူမကို ခွင့်မလွှတ်ပေးသေးပေ။ အခုရက်များအတွင်း ထေ့ငေါ့သည့် ပုံစံဖြင့်သာ သူမကိုစကားပြောလေ့ရှိပေသည်။

"ကျွန်မအဲ့မိန်းကလေးကို သတိရပြီ။ အရမ်းကိုလှတဲ့တစ်ယောက်မဟုတ်လား? သူ့ကို အရမ်းချမ်းသာတဲ့မိသားစုတစ်ခုကလို့တွေးမိပေမယ့် တစ်ခါမှ မြို့တော်Fမှာ ကုမိသားစုလို့ခေါ်တဲ့ အင်အားကြီးမိသားစုတစ်ခုရှိတာကိုတော့ မကြားဖူးဘူး။" လုဟန်လန်သည်လဲ ကုနင်းအပေါ်အမြင်ကောင်းတွေရှိနေခဲ့သည်။

ချင်ယီဖန်းမိဘများနှင့် ချင်ယီချင်းသည်လဲ အခုတော့ ကုနင်းက အရမ်းချမ်းသာသည့်မိသားစုကကမဟုတ်ပေမယ့် အလွန်ထူးချွန်သည့်သူမှန်းသိသွားကြတော့သည်။ သူမက ယွမ်သန်း၁ရာကျော်ကိုလဲ အခုလိုငယ်ငယ်ရွယ်ရွယ်နှင့် ရှာနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ထိုအကြောင်းတွေကို သူတို့ထုတ်မပြောတော့ပေ။

နောက်တစ်နေ့ လင်ရှောင်းထင် ကုနင်းနှင့်အတူ ပုံမှန်အတိုင်းကျောင်းကို ပြေးပြီးလိုက်ပို့ပေးပေမယ့် သူမနောက်ကနေ ၅မီတာလောက်ခွာလိုက်လေသည်။ ပြီးတော့ ကျောင်းနားရောက်ခါနီးသည်နှင့် သူမနောက်ဆက်မလိုက်တော့ဘဲ ချက်ချင်းပြန်လှည့်သွားခဲ့သည်။ ကုနင်းသည်တော့ လင်ရှောင်းထင် ဒီလောက်အထိ ဂရုစိုက်နေတာကြောင့် ရယ်သာရယ်လိုက်ချင်တော့သည်။

အားလပ်ချိန်ရောက်တော့ ကုနင်းခွင့်တိုင်ဖို့သွားလိုက်ကာ ဆရာမကို သူမဦးလေးရဲ့ဆိုင် ဒီနေ့ဖွင့်မည်ဖြစ်၍ သူမသွားချင်ကြောင်းပြောလိုက်သည်။ ပြီးတော့ မနက်ဖြန် မြို့တော်Gသို့သွားမည့်အကြောင်းကိုလဲ ပြောပြလိုက်ပေသည်။

ကျန်းချိုးဟွာက အနည်းငယ်မကျေမနပ်ဖြစ်သွားကာ,

"ကုနင်း, မင်းဘာလို့ တခြားကိစ္စတွေနဲ့အမြဲအလုပ်ရှုပ်နေရတာလဲ? စာမေးပွဲကမကြာခင်ဖြေရတော့မယ်ဆိုတာ‌ကော သိသေးရဲ့လား?"

ဒီတော့ ကုနင်းက "သမီး စာဘက်ကို မထိခိုက်စေရပါဘူးလို့ ကတိပေးပါတယ်။ ဒီလိုခနခနခွင့်တိုင်ရလို့လဲ တောင်းပန်ပါတယ်။ ဒါပေမယ့် အခုကိစ္စတွေကမလုပ်လို့မဖြစ်တာကြောင့်ပါ။"

............... Book 13 Part 184 End.....................

အခန်း ၁၈၅ ဖွင့်ပွဲအခမ်းအနား

ကုနင်းက ထိုသို့ကတိပေးနေမှတော့ ကျန်းချိုးဟွာလဲ လက်ခံလိုက်ရပေမယ့် သူမကိုစာကြိုးစားဖို့တော့ ထပ်မံသတိပေးလိုက်သေးသည်။ တကယ်လို့သူမသာ ကတိကို မတည်ခဲ့ဘူးဆိုရင် နောက်တစ်ကြိမ် ကျောင်းပျက်ခွင့်လုံးဝပေးတော့မည်မဟုတ်ပေ။

"အိုး, ယွီမီရှီလဲ သမီးနဲ့အတူ ဒီနေ့ဖွင့်ပွဲလိုက်မှာဆိုတော့ တစ်ခါတည်းခွင့်ပေးလိုက်ပါနော်။" ကုနင်းထပ်ပြောလိုက်သည်။

"မင်း...." ကျန်းချိုးဟွာစိတ်ဆိုးသွားပေမယ့် ခွင့်ပြုပေးလိုက်ကာ ကုနင်းကို စိတ်မရှည်စွာတွန်းထုတ်တော့သည်။

"အခုထွက်သွား, သွားတော့။"

ကုနင်းလဲ ကျန်းချိုးဟွာတကယ်ရက်ရက်စက်စက်နှင်ထုတ်ချင်တာမဟုတ်မှန်း နားလည်သောကြောင့် စိတ်ထဲမထားနေဘဲ ကျေးဇူးတင်စကားပြောကာ ထွက်လာခဲ့တော့သည်။

ကုနင်းထွက်သွားပြီးလျှင်ပဲ ကျန်းယွမ်ဝင်လာကာ ကျန်းချိုးဟွာ၏မကျေမနပ်ဖြစ်နေသောပုံကြောင့် ဂရုတစိုက်သတင်းမေးလိုက်သည်။

"ပါမောက္ခကျန်း၊ အဆင်ပြေရဲ့လား?"

"ပြေပါတယ်။ ကုနင်းကြောင့် စိတ်တိုသွားရုံပါ။ စာမေးပွဲကနီးနေတာတောင် သူကအခုထိခွင့်တိုင်နေတုန်းပဲ။" ကျန်းချိုးဟွာမကျေမနပ်နှင့်ပြန်ဖြေလိုက်သည်။

"အနည်းဆုံးတော့ မင်းရဲ့ခွင့်ပြုချက်ကိုတောင်းသေးတာပဲ။ ကျွန်တော့်အတန်းထဲက ချူးဖေ့ဟန်ဆို အဲ့လိုတောင်တစ်ခါမှ လာမပြောဖူးဘူး။" ကျန်းယွမ်ပြောလိုက်သည်။ တကယ်တော့ ချူးဖေ့ဟန်၏ နောက်ခံကြောင့်ဘယ်သူမှ သူမကို မထိန်းချုပ်ရဲကြတာပါ။

ကုနင်း သူမအခန်းကိုပြန်ရောက်တော့ ယွီမီရှီကို သူမတို့သွားလို့ရကြောင်းပြန်ပြောပြလိုက်သည်။ ထိုတော့မှ ယွီမီရှီလဲ စိတ်အေးသွားခဲ့သည်။

ဆရာတွေဆီမှ နောက်ထပ်ခွင့်ပြုချက်ကိုတော့ မုခယ်နှင့်အန်းရီမှလွဲပြီး ချူးဖေ့ဟန်, ဟောင်ရန်နှင့်သူ့သူငယ်ချင်းတွေသည်တော့ မတောင်းကြဘဲ သူတို့စိတ်ကြိုက်ထွက်ချင်တဲ့အချိန်ထွက်ကြပါသည်။ တကယ်လို့ ခွင့်ပြုချက်သွားတောင်းနေမှသာ ထူးဆန်းနေပြီး သူတို့ဆရာတွေလဲအံ့ဩသွားကြပါလိမ့်မယ်။

နေ့ခင်းအတန်းချိန်များပြီးသွားတော့ သူတို့အားလုံးကျောင်းမှထွက်လာကာ ပန်းဝယ်ဖို့သွားကြသည်။

"ဘော့စ်၊ ဒီနေ့ချန်းကျီယောင် ကျောင်းမလာဘူး။" ချူးဖေ့ဟန်ပြောလိုက်သည်။

မုခယ်က ရယ်လိုက်ပြီး "သူကျောင်းလာရမှာ အရမ်းရှက်နေလို့ဖြစ်မှာပေါ့။"

ဒီတော့ ချူးဖေ့ဟန်က တစ်စုံတစ်ရာကိုလွမ်းဆွေးသလိုပုံစံမျိုးနှင့် ထပ်ပြောလိုက်သည်။"သူမှန်း ဖော်ထုတ်နိုင်သွားပေမယ့် တချက်လေးမှမရိုက်လိုက်ရတာကိုတော့ မကျေနပ်ဘူး။"

"ငါလဲ ထောက်ခံတယ်။" မုခယ်ကပါ သဘောတူလိုက်သည်။

"တော်ပါတော့၊ အမြဲတမ်း တစ်ယောက်ယောက်ကို ရိုက်တာ ပြဿနာတွေကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းမဟုတ်ဘူး။" ကုနင်းက သူမသူငယ်ချင်းတွေကို ဖျောင်းဖျပြောဆိုလိုက်သည်။

သူတို့ အားလုံးဈေးတစ်ခုသို့သွားကာ ပန်းနှင့် သစ်ပင်ခြင်း၂ခြင်းဝယ်လိုက်ပေမယ့် သူတို့ပိုက်ဆံမရှင်းခင် ကုနင်းက သူမဘာသာရှင်းသွားခဲ့သည်။ ပြီးတာနှင့် သူတို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးသို့သွားလိုက်ကြသည်။

ပန်းဆိုင်မှနေပြီး ပစ္စည်းပို့ရမည့်နေရာသို့ ထရက်ကားတစ်စီးစီစဉ်ပေးကာ ပန်းနှင့်သစ်ပင်ကိုတင်ပြီးတာတောင်မှ ကားတွင်လူ၄ယောက်လောက်ထိုင်ဖို့ နေရာလွတ်ရှိနေသေးသည်။ ထို့ကြောင့် မုခယ်၊ ဟောင်ရန်၊ ချင်ကျီရွှမ်း နှင့် ကျန်းထန်ပင်းတို့က ထိုကားတွင်ပဲလိုက်ပြီး ကုနင်းတို့မိန်းကလေးတွေက တက္ကစီတစ်စီးငှားကာ သွားကြသည်။

ကုနင်းတို့ ကျန်းရွှီ၏ဆိုင်သို့ရောက်ချိန် ဆိုင်တံခါးဝတွင် အံ့ဩစရာကောင်းလောက်အောင်များပြားလှသည့် ပန်းခြင်းများရှိနေကြလေသည်။

ဝိုး! အများကြီးပါပဲ! ငါတို့ ရိုးရိုးရှင်းရှင်းလေးပဲလုပ်ဖို့ စီစဉ်ထားကြတာမဟုတ်ဘူးလား? သူမကတော့ ထိုပုံစံအတိုင်းဆို ပျင်းစရာကောင်းသောကြောင့် အန်းကွမ်းယောင်၊ အန်ချင်းနှင့် သူမသူငယ်ချင်းများကို အသိပေးခဲ့ဖိတ်ကြားခဲ့သည်။ သို့ပေမယ့် ဒီမှာကပန်းခြင်း၁၀ခြင်းမကရှိနေသည်လေ!

ကုနင်းလျှောက်သွားရင်း ပန်းခြင်းပေါ်မှ စာတန်းများကိုဖတ်ကြည့်တော့ ကုမ္ပဏီကြီးတော်တော်များများမှ ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ဖွင့်လှစ်မှုကို ဂုဏ်ပြုကြောင်းပို့ပေးထားကြခြင်းဖြစ်သည်။

နောက်ထပ် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့် Kameiအလှပြင်ဆိုင်မှပန်းခြင်းများကိုလဲတွေ့ခဲ့သည်။

ကုနင်းထိုကုမ္ပဏီကြီးများထဲမှ တချို့ကိုသာကြားဖူးရုံကြားဖူးကာ တချို့ကိုတော့ အနည်းငယ်မျှပင်မသိပေ။ ဒါသည်လဲ မြို့တော်Fတွင်ရှိသည့်ကုမ္ပဏီကြီးများအကြောင်းလေ့လာဖို့ ကုနင်းအချိန်မပေးခဲ့ခြင်းကြောင့်သာဖြစ်ပေသည်။

ကုမ္ပဏီများမှ ပန်းခြင်းများအပြင် သီးသန့်တစ်ဦးချင်းပေးသည့် ပန်းခြင်းများလဲရှိနေသေးသည်။ အန်ချင်း၏ ပန်းခြင်းကိုလဲ တွေ့လိုက်ရကာ တစ်ချို့လူများကိုတော့ ကုနင်းအနည်းငယ်ရင်းနှီးလေသည်။

ကုနင်းနှင့် သူမသူငယ်ချင်းတွေ အထဲသို့ဝင်သွားချိန် ဧည့်သည်များက လက်ဆောင်ပစ္စည်းပေးပြီးသည်နှင့်ပြန်သွားကြပြီဖြစ်၍ လူသိပ်များများမရှိနေတော့ပေ။ အများစုကျန်နေသူများသည်တော့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများသာဖြစ်သည်။

အရင်တုန်းက ကျန်းရွှီသည် ထရက်ကားမောင်းသူတစ်ယောက်ဖြစ်ပေမည့် စီးပွားရေးသမားတော်တော်များများနှင့်လဲသိထားသည်။ ကျန်းရွှီကိုယ်ပိုင်စီးပွားရေးစလုပ်တော့မည့်သတင်းကြားလိုက်သည်နှင့် သူတို့အားလုံး ကျန်းရွှီနှင့် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ချင်နေကြတော့သည်။

ဒါသည်လဲ အဆက်အသွယ်တစ်ခုတစ်ဆောက်ဖို့နည်းပါပဲ။ အထဲတွင် အန်ချင်နှင့်အတူ လဲ့ကျန်းယွီလဲရှိနေသည်။

" အန်ချင်း၊ အလုပ်အမှုဆောင်လဲ့။ တွေ့ရတာဝမ်းသာပါတယ်။" ကုနင်းသူတို့ထံသွားကာ နှုတ်ဆက်လိုက်သည်။

"ငါလဲတူတူပါပဲ။ နင်းနင်း။" အန်ချင်းပြုံးပြီး ပြန်နှုတ်ဆက်လိုက်သည်။

ထို့နောက် လဲ့ကျန်းယွီကလဲ,

"တွေ့ရတာ ဝမ်းသာပါတယ်, မိန်းကလေးကု။"

"ဦးလေး၊ ဘယ်လိုလုပ် တံခါးနားမှ ပန်းခြင်းတွေအပင်တွေ ဒီလောက်များနေရတာလဲ?" ကုနင်း ကျန်းရွှီကို မေးလိုက်သည်။

ဒီတော့ ကျန်းရွှီက,

"ဦးလေးလဲမသိဘူး။ ဒီမနက် တော်တာ်များများ ဂုဏ်ပြုဖို့ဆိုပြီးရောက်လာကြပေမယ့် အခုထိဘာလို့မှန်းစဉ်းစားလို့မရသေးဘူး။ အိုးပြီးတော့ သူတို့ပိုက်ဆံအများကြီးထည့်ထားတဲ့ စာအိတ်နီတွေလဲပေးသေးတယ်။ တစ်ယောက်ကဆို ဦးလေးနဲ့ ပူးပေါင်းလုပ်ကိုင်ချင်တယ်တဲ့။ ပြီးတော့ သူက ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ စတုရန်းမီတာ၃၀၀ကျယ်တဲ့ စက်ရုံတစ်ခုတောင် ဆောက်ချင်တယ်လို့ပြောတယ်။"

ဒီနေ့တစ်နေ့လုံး ကျန်းရွှီမှာ အိပ်မက်တစ်ခုထဲရောက်နေသလိုခံစားရကာ အစစ်အမှန်လို့ပင်မယုံကြည်နိုင်ခဲ့ပေ။

ကုနင်းလဲထိတ်လန့်သွားကာ တစ်ယောက်ယောက်က တမင်စီစဉ်ထားတာမှန်း ချက်ချင်းသတိထားမိသွားလေသည်။ ဒါပေမယ့် ဘယ်သူကလုပ်တာလဲ?

ကုနင်း တွေးနေစဉ်မှာပဲ လင်ရှောင်းထင်ထံမှ စာတစ်စောင်ဝင်လာခဲ့ကာ ထိုစာကိုဖတ်ပြီးချိန်တွင်တော့ ကိစ္စအားလုံးကို နားလည်သွားတော့သည်။

လင်ရှောင်းထင် လုပ်ခဲ့တာပဲ။ သူက ရှုကျင်းချန်မိသားစု၏ စီးပွားဖက်များကို ထိုလက်ဆောင်ပစ္စည်းများပို့ပေးရန် စီစဉ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ရှုကျင်းချန်သည်လဲ သူ့ဘော့စ် လင်ရှောင်းထင်ထံမှ ထိုသို့တောင်းဆိုမှုမျိုးကိုကြားလိုက်ရချိန်အလွန်အံ့ဩသွားခဲ့သည်။

ရှုကျင်းချန် သူအပြင်ထွက်လို့ရအောင် နေ့တိုင်း လင်ရှောင်းထင်ကို ဖုန်းဆက်ကာ သူဘယ်နေ့ပြန်လာမည်မှန်းမေးခဲ့ပေမယ့် လင်ရှောင်းထင်ဘက်ကလဲ အမြဲတမ်း မကြာခင်လာခဲ့မည်ဟုသာပြန်ပြောခဲ့သည်။ သို့ပေမယ့် သူ ရှုကျင်းချန်ရှေ့ကိုလဲ ပေါ်မလာခဲ့သလို ဘယ်မှာရှိနေတယ်ဆိုသည်ကိုလဲ ရှုကျင်းချန်အားတစ်ခါမှမပြောပြခဲ့ပေ။

အခုလို ကုနင်းအတွက် လင်ရှောင်းထင်ဘက်မှမဆက်သွယ်ခင်အထိ သူမြို့တော်Fတွင်ရှိနေသည်ကို ရှုကျင်းချန်မသိခဲ့ပေ။ ရှုကျင်းချန် ထိတ်လန့်ရသည့် အကြောင်းကတော့ လင်ရှောင်းထင်က မြို့တော်Fသို့ ကုနင်းကြောင့် ရောက်နေခဲ့ခြင်းကိုပင်။

ရှုကျင်းချန် လင်ရှောင်းထင်နှင့် ကုနင်းအကြောင်းကို စပ်စုချင်သေးပေမယ့် လင်ရှောင်းထင်ကတော့ သူပြောချင်တာပြောပြီးသည်နှင့် ဖုန်းတန်းချလိုက်လေသည်။ ရှုကျင်းချင်သည်တော့ သူ့သိချင်စိတ်ကြောင့် မနေနိုင်မထိုင်နိုင်ဖြစ်ကာကျန်ခဲ့ရတော့သည်။ သို့ပေမယ့် လင်ရှောင်းထင်ကို နောက်တစ်ကြိမ်ဖုန်းပြန်ခေါ်ကာ မေးဖို့အထိတော့ သူအတင့်မရဲပါဘူး။

သေစမ်း! လင်ရှောင်းထင်လို တစ်ကိုယ်တည်းသမားအဖြစ်အချိန်ကြာကြီးနေခဲ့တဲ့သူတောင် ရည်းစားရတော့မယ် သူကျတော့ ဘာလို့ အခုထိတစ်ယောက်တည်းလဲ?

ကံကောင်းစွာပဲ, လင်ရှောင်းထင်က ရှုကျင်းချန်ကို သူတို့ရုံးချုပ်မှထွက်ခွင့်ပေးခဲ့၍ ကောင်မလေးများနှင့် ချိန်းတွေ့နိုင်တော့မည်ဖြစ်ပေမယ့် လင်ရှောင်းထင် မြို့တော်Fတွင်ရှိနေသည့် အချက်ကိုတော့ လျှို့ဝှက်ထားခိုင်းခဲ့သည်။

ရှုကျင်းချန် အားသွားပြီဖြစ်သောကြောင့် မြို့တော်Fသို့သွားကာာ လင်ရှောင်းထင်နှင့် ကုနင်းအကြားအခြေနေကို သွားကြည့်ရန် စီစဉ်လိုက်သည်။

သို့ပေမယ့် သူမြို့တော်သို့ပြန်သည့်လမ်းတွင် လုယက်သူများနှင့်ပက်ပင်းတိုးသွားသောကြောင့် မြို့တော်ကိုရောက်ချိန်နောက်ကျသွားကာ မြို့တော်Fသို့သွားသည့် လေယာဉ်ကို မမှီလိုက်သောကြောင့် မနက်ဖြန်အထိစောင့်ရပါတော့သည်။

ကုနင်း သူမခွင့်ပြုချက်မရှိဘဲ လုပ်ခဲ့၍ ဒေါသထွက်မည်ကို စိုးရိမ်သောကြောင့် လင်ရှောင်းထင် သူလုပ်ခဲ့သည့်ကိစ္စများကို ကုနင်းထံစာဖြင့်အသိပေးလိုက်သည်။

All Chapters