အခန်း (၁၉၁-၁၉၅)
Vol. 13 Ch. 191-195
အခန်း ၁၉၁ လင်ရှောင်းထင် ရုတ်တရက်ပေါ်ထွက်လာမှု
ဆိုင်ထဲတွင်လဲ နောင်လိုအပ်လျှင်အရေးပေါ်အသုံးပြုရန်ဆောင်ထားသည့် သံတုတ်များစွာရှိနေပြီးသားပေမယ့် ဖွင့်ပွဲမတိုင်ခင်မှာပဲ သုံးလိုက်ရလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ပေ။
ကုနင်းတို့၃ယောက်လုံး လက်ထဲတွင်တုတ်ကိုယ်စီကိုင်ကာ တံခါးဆီသို့သွားလိုက်သည်။
ဆိုင်အတွက် သော့၃ချောင်းရှိကာ ကုနင်းနှင့်ကျိုးကျန်းဟုန်က တစ်ချောင်းစီယူထားကာ နောက်ဆုံးတစ်ချောင်းသည်တော့ ဆိုင်မန်နေဂျာ၏လက်ထဲတွင်ဖြစ်သည်။
ကုနင်းက ကောင်လေး၂ယောက်ကို အနားမလာခိုင်းထားတာကြောင့် သူမကိုယ်တိုင်သာ တံခါးကိုဖွင့်လိုက်သည်။
တံခါးက နှစ်ထပ်ဖြစ်ကာ အတွင်းသည်တော့ ကျည်ကာမှန်တံခါးဖြစ်ပြီး အပြင်ဘက်သည်တော့ အလူမီနီယံလိပ်ခုံးတံခါးတပ်ဆင်ထားသည်။ မှန်တံခါးသည် ဖောက်မြင်ရသောကြောင့် အပေါ်မှ လိုက်ကာတစ်ထပ်ခံထားပါသေးသည်။
အပြင်ဘက်မှ လူမိုက်အဖွဲ့သည်တော့ တံခါးကိုဖျက်စီးရန်ကြံရွယ်နေကြသည်။ ထိုအချိန်တွင်ပဲ လိပ်ခုံးတံးခါးသည်ဖြည်းညှင်းစွာအပေါ်သို့တက်သွားသောကြောင့် အားလုံးအံ့ဩသွားကြသည်။ သို့ပေမည့် အထဲမှလူများ သူတို့ရှိနေမှန်းသိသွားပြီလို့တော့ မထင်ထားပေ။ ဒါ အထဲမှဝန်ထမ်းတွေအိမ်ပြန်ကြမှာမို့လို့ တံခါးဖွင့်ကြရုံလို့သာ ယုံကြည်လိုက်ကြသည်။
ထိုလူမိုက်များက ဆိုင်ထဲတွင်ဘာဖြစ်နေသည်ဆိုတာကို မမြင်ရဘဲ မီးဖွင့်ထားသောကြောင့်သာ လူရှိမှန်းသိခြင်းဖြစ်သည်။ ဒါပေမယ့် လူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ကတော့ဂရုမစိုက်ခဲ့ပါဘူး။ အခုတော့ တစ်ယောက်ယောက်က ဆိုင်တံခါးကိုဖွင့်လိုက်ပြီဖြစ်၍ လက်ဝတ်ရတနာများကိုပါ လုယက်လို့ရပြီး ချမ်းသာကြွယ်ဝနိုင်တော့မည်ဖြစ်သောကြောင့် သူတို့စိတ်လှုပ်ရှားလာကြသည်။
ထို့ကြောင့် တံခါးအဆုံးပွင့်သွားကာမှ တခါတည်းဝင်ပြီးဖျက်စီးပစ်ရန် ရပ်စောင့်နေလိုက်သည်။
ကုနင်းသည်တော့ အပြင်ဘက်မှ လူမိုက်များ၏လှုပ်ရှားမှုမှန်သမျှကို ကျောက်စိမ်းမျက်ဝန်းကြောင့်ရှင်းရှင်းလင်းလင်း မြင်နေရပြီး သူတို့တွေးနေသည့်အစီစဉ်ကိုလဲ ချက်ချင်းနားလည်လိုက်သည်။
တခနလေးအတွင်းတွင်ပဲ လူတစ်ယောက်က ထိုလူမိုက်များကို ပြင်းပြင်းထန်ထန်ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းကြောင့် အားလုံးနာနာကျင်ကျင်အောင်ဟစ်ကာလဲကျကုန်ကြသည်။
ကုနင်းထို ရင်းနှီးနေသည့်လူပုံသဏ္ဍာန်ကို မြင်လိုက်ရ၍ မျက်ဝန်းအစုံပြူးကျယ်ဝိုင်းစက်သွားသည်။ လင်ရှောင်းထင်? သူက ဘာလို့ဒီကိုရောက်နေတာလဲ? သူတခြားမြို့တစ်မြို့မှာ လုပ်စရာရှိတယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလား? ထိုတော့မှ လင်ရှောင်းထင် သူမအတွက် မြို့တော်Gကိုလာပေးမှန်းသိလိုက်ကာ အံ့ဩပျော်ရွှင်သွားရသည်။
ဆိုင်ထဲမှလူများသည်တော့ အပြင်ဘက်မှအော်သံများကိုကြားရ၍ အားလုံးနားမလည်နိုင်ဖြစ်နေကြသည်။
လိပ်ခုံးတံခါးအပေါ်သို့အပြီးတိုင်ပွင့်သါားသည်နှင့် ကုနင်းချက်ချင်း မှန်တံခါးကိုဖွင့်လိုက်ကာ ပြေးထွက်လိုက်သည်။ သူမ လူမိုက်တစ်ယောက်ကို လွင့်ထွက်သွားအောင်ကန်လိုက်ပြီး နောက်တစ်ယောက်၏ခြေထောက်ကိုတော့ သူတို့ဘာမှပြန်မလုပ်နိုင်သေးခင် သံတုတ်နှင့်ရိုက်ချလိုက်သည်။ ထိုလူမိုက်နှစ်ယောက်လို့ နာကျင်စွာအော်ဟစ်နေကြတော့သည်။
ကုနင်းနောက်ကလိုက်လာသည့် ခယ်ယင်းနှင့် ချောင်ဟွားသည်တော့ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ ဒီဆယ်ကျော်သက်ကောင်မလေးက သူတို့ထက်တောင်မှ အတိုက်အခိုက်ကောင်းလှချည်လား။
ခယ်ယင်းနှင့် ချောင်ဟွားမှာ နောက်ထပ်လူမိုက်များကို တိုက်ခိုက်နေသည့်လူကြောင့် ထပ်ပြီး အံ့အားသင့်သွားကြရပြန်သည်။ ဒီလူဆီကနေ ဘုရင်တစ်ပါး၏အငွေ့အသက်များဖြာထွက်နေကာ သူတို့အထင်သာမှန်မယ်ဆိုလျှင် ဒီလူသည် စစ်တပ်မှ ထိပ်တန်းအရာရှိတစ်ယောက်ပဲဖြစ်ရမည်။
ခနလောက် ထိတ်လန့်ပြီးသည်နှင့် သူတို့လဲ ချက်ချင်းပဲ ထိုလူမိုက်များနှင့်တိုက်ပွဲကြား ဝင်ရောက်သွားလိုက်တော့သည်။
သူတို့သည် အနားယူထားသည့် သာမာန် စစ်သားများဖြစ်ပေမယ့်လဲ နှစ်ပေါင်းများစွာ နည်းစနစ်ကျကျ လေ့ကျင့်ပေးခြင်းခံခဲ့ရသောကြောင့် ဒီလောက်လူမိုက်တွေကိုတော့ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လေသည်။
ဆိုင်ထဲမှလူများသည်တော့ အပြင်ကို ထွက်မလာရဲသေးတာကြောင့် လုံခြုံရေးကင်မရာကနေတစ်ဆင့်သာ ကြည့်လိုက်ကြသည်။ ကျိုးကျန်းဟုန်မှလွဲပြီး ကျန်တဲ့လူအားလုံးကုနင်း၏လှုပ်ရှားတိုက်ခိုက်မှုများကိုကြည့်ကာ အံ့အားသင့်နေကြလေသည်။
သူမက တကယ်အံ့ဩစရာကောင်းတာပဲ! ပြီးတော့ ရုတ်တရက်ကြီးပေါ်လာသည့် အမျိုးသားသည်လဲ အံ့ဩဖို့ကောင်းအောင် တော်လှသည်!
ခယ်ယင်းနှင့် ချောင်ဟွားလဲ ကောင်းကောင်းတိုက်ခိုက်နိုင်ပေသည်။
အချိန်ခနလေးအတွင်းတွင်ပဲ လူမိုက်အားလုံး မြေပေါ်လဲကျနေကြပြီး မတ်တပ်ပင်မရပ်နိုင်ကြတော့ပေ။ လင်ရှောင်းထင်နှင့် ကုနင်းမှာ လူအများဆုံးရိုက်နိုင်ခဲ့သည်။ ဘာကြောင့်ဆို သူတို့နှစ်ယောက်က အရမ်းသန်မာကြသောကြောင့် ထိုလူမိုက်များကို အလဲထိုးနိုင်ဖို့ တစ်ယောက်ကို တစ်ချက်သာလိုအပ်သည်လေ။
ကုနင်း လင်ရှောင်းထင်နားသွားကာ မေးလိုက်သည်၊
"ရှင်ဘာလို့ ဒီမှာရှိနေတာလဲ? လုပ်စရာကိစ္စရှိတယ်လို့ ရှင်မပြောခဲ့ဘူးလား?"
ကုနင်း တမင်မေးလိုက်ခြင်းဖြစ်သည်။ လင်ရှောင်းထင်၏ ရုတ်တရက်ပေါ်လာမှုက သူမကို အံ့အားသင့်သွားစေပေမယ့် အမှန်အတိုင်းမပြောခဲ့ခြင်းကိုတော့ မကျေနပ်ပေ။
လင်ရှောင်းထင်လဲ အနည်းငယ်လန့်သွားကာ,
"မြို့တော်မှာ လုပ်စရာရှိတာသွားလုပ်ပြီးမှ ဒီကိုလာတာပါ။"
ထိုအပြောကို ကုနင်းမယုံသေးတာကြောင့် လင်ရှောင်းထင်ထပ်ပြီး ရှင်းပြလိုက်သည်၊
"ကိုယ့်မှာ သက်သေပြဖို့ လေယာဉ်လက်မှတ်ရှိတယ်။ အဲ့ဒါ ကားထဲမှာ။" လင်ရှောင်းထင်ပြောပြီးပြီးချင်းပဲ ထိုလေယာဉ်လက်မှတ်အား ကုနင်းကိုပြရန် ကားဆီသွားဖို့လုပ်လိုက်သည်။
ကုနင်းချက်ချင်းသူ့ကိုတားလိုက်ကာ,
"ထားလိုက်ပါ။ ကျွန်မရှင့်ကို ယုံတယ်။"
ထိုစကားကိုကြားတော့မှပဲ လင်ရှောင်းထင် စိတ်အေးသွားတော့သည်။
ဆိုင်ထဲမှလူများသည်လဲ ပြဿနာရှင်းသွားပြီဖြစ်ကြောင်း လုံခြုံရေးကင်မရာများမှတစ်ဆင့်တွေ့လိုက်၍ အပြင်သို့ထွက်လာခဲ့ကြသည်။ လူမိုက်များ သွေးအလူးလူးနှင့် မြေပေါ်လဲနေသည်ကို မြင်သောအခါ သူတို့ကိုယ်တိုင်ပင် နာကျင်မှုကို ခံစားမိသွားသလိုမျိုး အသက်ပြင်းပြင်းရှုလိုက်မိသည်။
ကျိုးကျန်းဟုန်၏အကြည့်သည်တော့ လင်ရှောင်းထင်ထံရောက်နေကာ ထိုလူဘယ်သူလဲဆိုတာကို အရမ်းသိချင်နေပေမယ့် အခုချိန်ကမေးမြန်းနေရမည့်အချိန်ကောင်းမဟုတ်သေးမှန်းတော့ သိပါသေးသည်။
"ဟုတ်ပြီ, ဒီလူတွေကိစ္စအရင်ရှင်းကြတာပေါ့။" ကုနင်း လူမိုက်များကို ကြည့်ကာပြောလိုက်သည်။
လူမိုက်များသည်တော့ ကုနင်း၏အေးစက်စက်အကြည့်ကြောင့် ထိတ်လန့်တုန်ရီနေကြကာ ဒီဆိုင်တွင်အလုပ်လုပ်သည့်လူများ အခုလိုအတိုက်အခိုက်တော်ကြလိမ့်မယ်လို့ သူတိုမထင်ထားမိခဲ့ပေ။ သူတို့အားလုံး သိုင်းဆရာကြီးတွေပဲ!
"ရှင်တို့ကို ဘယ်သူလွှတ်လိုက်တာလဲ?" ကုနင်း မေးလိုက်သည်။
သို့ပေမယ့် လူမိုက်များက အကြည့်လွှဲသွားကြကာ အမှန်တရားကိုပြောပြဖို့ တုံ့ဆိုင်းနေကြလေသည်။
"ကျွန်မက စိတ်မရှည်တတ်ဘူးနော်။ ရှင်တိုအမှန်အတိုင်းမပြောရင် ရလဒ်ကို လက်ခံနိုင်ကြမယ်လို့မထင်ဘူး။" ကုနင်း ခြိမ်းခြောက်လိုက်သည်။
"မလုပ်ပါနဲ့။" လူမိုက်ခေါင်းဆောင်ဖြစ်သူမှအရင် နှုတ်ဟလာခဲ့သည်။ သူတို့သည် သစ္စာခံခြင်းဆိုတာမရှိသည့် အလုပ်လက်မဲ့လူမိုက်များသာဖြစ်ကြသည်။ ထပ်ပြီးသစ္စာဖောက်လိုက်၍လဲ သူတို့ဘဝထူးခြားသွားမည်မဟုတ်ပေ။
"ကျိုးဖူကျောက်မြတ်ရတနာလုပ်ငန်းရဲ့ သူဌေး ရှောင်ပင်းက လွှတ်လိုက်တာပါ။" လူမိုက်ခေါင်းဆောင်က ဝန်ခံလိုက်သည်။
"ဘာ? ရှောင်ပင်း?" ကျိုးကျန်းဟုန် မကျေမနပ်ဖြစ်သွား ကုနင်းသူ့ကို ပြောခဲ့သည့်စကားကို သေချာသဘောပေါက်သွားတော့သည်။ သူသာ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစလုပ်မည်ဆိုလျှင် ရှောင်ပင်းက သူမစနိုင်ခင်တွင်ပဲ ဖျက်စီးပစ်လိမ့်မည်ဖြစ်သည်။
ကံကောင်း၍ သူက ကုနင်း၏အထောက်အပံ့နှင့်လုပ်ကိုင်ခြင်းဖြစ်သောကြောင့် ရှောင်ပင်း၏အကြံပျက်စီးသွားခဲ့လေသည်။
"ရှင်ပြောတာသေချာလား?" ကုနင်း ထိုလူရဲ့မျက်လုံးကိုစိုက်ကြည့်ကာ အေးစက်စက်မေးလိုက်ပြန်သည်။ သူမ,မယုံကြည်၍မဟုတ်ဘဲ ပိုပြီးသေချာစေရန်အတည်ပြုခြင်းဖြစ်ပေသည်။
ကျိုးကျန်းဟုန် နှင့် ရှောင်ပင်းမတည့်ကြဘူးဆိုတာ အများသိဖြစ်သောကြောင့် တစ်ယောက်ယောက်ကနေပြီး ကျိုးကျန်းဟုန်၏စီးပွားရေးကို ဖျက်စီးရန် ရှောင်ပင်းနာမည်ကို ယူသုံးတာလဲဖြစ်နိုင်လေသည်။
ရှောင်ပင်းသည် ကျိုးကျန်းဟုန်၏ ရန်သူဖြစ်သောကြောင့် ကုနင်းက သူ့အပေါ်လက်စားချေနိုင်ရန် ကျိုးကျန်းဟုန်ကို သေချာပေါက်ကူညီပေးမည်ဖြစ်ပေမယ့် JadeBeautyကို လာရောက်ဖျက်စီးဖို့ ကြံရွယ်သူမည်သူ့ကိုမဆိုတော့ သူမကိုယ်တိုင် အလွတ်ပေးမည်မဟုတ်ပေ။
"သူပါပဲ။ သူက ချင်ဂိုဏ်းက ခေါင်းဆောင်ဟူနဲ့ အဆက်သွယ်ကောင်းရှိတယ်။ အစက ခေါင်းဆောင်ဟူကို အကူညီတောင်းတာပေမယ့် ချင်ဂိုဏ်းစည်းမျဉ်းကြောင့် ငြင်းလိုက်ပြီး ကျွန်တော်တို့ကို ရှောင်ပင်းနဲ့မိတ်ဆက်ပေးခဲ့တာပါ။" လူမိုက်ခေါင်းဆောင်က ကုနင်းမယုံကြည်မည်စိုး၍ အသေးစိတ်ရှင်းပြလိုက်သည်။
ထိုလူမိုက်ခေါင်းဆောင်၏ ရိုးရိုးသားသားရှင်းပြချက်များကိုမြင်ရတော့ ကုနင်းယုံကြည်လိုက်သည်။
"သူ ရှင်တို့ကို ဘယ်လောက်ပေးလဲ?" ကုနင်းမေးလိုက်တော့ ခေါင်းဆောင်က,
"ယွမ်၅သောင်းပါ။"
"ဘာ? ယွမ်၅သောင်းပဲပေးတယ်။ သူကတော့ တကယ့်လူပဲ။" ကုနင်းအထင်သေးစွာထေ့ငေါ့ပြောလိုက်သည်။
"ကောင်းပြီ၊ ရှင်တို့သွားလို့ရပြီ။" အခုချိန်မှာ ထိုလူတွေသည်အသုံးမဝင်တော့သောကြောင့် ကုနင်းလွှတ်ပေးလိုက်သည်။
ကုနင်း၏စကားကိုကြားလိုက်သည်နှင့် လူမိုက်တွေအကုန်ချက်ချင်းထွက်ပြေးသွားကြတော့သည်။
"ဦးလေးကျိုး ရှောင်ပင်းရဲ့လိပ်စာကိုသိလား? သူဘာကားမျိုးမောင်းတာလဲ? ကားနံပါတ်ကိုကောသိလား?" ကုနင်း ကျိုးကျန်းဟုန်ကိုမေးလိုက်သည်။
ကျိုးကျန်းဟုန်လဲ ကုနင်းတော့ ရှောင်ပင်းကို ပြဿနာဖြစ်အောင်လုပ်တော့မယ်ဆိုတာကို နားလည်လိုက်သည်။ သူမ ဥပဒေနှင့်မညီညွတ်သည့် လုပ်ရပ်များလုပ်မိမည်ကို စိုးရိမ်၍ သူမကို ဖျောင်းဖျရန် ကြိုးစားဖို့လုပ်လိုက်သည်။
...............Book 13 Part 191 End.....................
အခန်း ၁၉၂ ရှောင်ပင်းကို လက်စားချေခြင်း
သူတို့အားလုံး ရှောင်ပင်းကို သင်ခန်းစာပေးချင်ကြပေမယ့် ကုနင်းအပြစ်ဖြစ်မှာကိုလဲ စိုးရိမ်ကြပါသည်။ ဒါပေမယ့် ကျိုးကျန်းဟုန် ကုနင်းကို ပြောဖို့ လုပ်လိုက်ချိန်မှာပဲ ကုနင်းက ကြားဖြတ်လိုက်ကာ,
"အေးဆေးပါ၊ ကျွန်မက သူ့ကားကိုတစ်ခုခုပြန်လုပ်ပြီး နည်းနည်းလောက်ပညာပြလိုက်ချင်ရုံပါ။"
ရှောင်ပင်းက ကျိုးကျန်းဟုန်ကြောင့် ယခုလိုလုပ်ခဲ့ခြင်းဖြစ်ပေမယ့် JadeBeautyဆိုတာ ကုနင်း၏ ကုမ္ပဏီဖြစ်ပေသည်။ အကယ်၍ ရှောင်ပင်းသာ JadeBeautyကျောက်မြတ်ရတနာလုပ်ငန်းကို ဖျက်စီးဖို့လုပ်မယ်ဆို ဒါက ကုနင်းနှင့် ရန်ငြှိုးဖွဲလိုက်ခြင်းသာဖြစ်သည်။
ထို့ကြောင့် ကျန်းကျန်းဟုန် ကုနင်းကိုပြောပြလိုက်သည်၊
"သူက --လမ်းပေါ်က ဟာမိုနီးယက်စ်အိမ်ရာ, တိုက်၇ရဲ့ အခန်း နံပါတ် ၁၀၀၃မှာနေတာပါ။ ကားကတော့ အနက်ရောင် BMW , ကားနံပါတ်က G332။ "
"ဆိုင်ပြင်ဆင်တော့ မှုတ်ဆေး ဒါမှမဟုတ် ကော်ဖြစ်ဖြစ် ပိုတာမရှိဘူးလား?" ကုနင်းမေးလိုက်သည်။
"ကျွန်တော်တို့မှာ အဖြူရောင်မှုတ်ဆေးနဲ့ ကော်ကျန်ပါသေးတယ်။" မန်နေဂျာက ပြန်ဖြေလိုက်သည်။
ပြီးတာနှင့် မန်နေဂျာ ပစ္စည်းများကိုယူရန် ချက်ချင်း အထဲဝင်သွားလိုက်ကာ မကြာခင်တွင်ပဲ မှုတ်ဆေး၃ဗူးနှင့် ကော်၂ဗူးထည့်ထားသည့် စက္ကူအိတ်တစ်အိတ်ကို သယ်ပြီးပြန်ရောက်လာခဲ့သည်။
ကုနင်း ထိုအိတ်ကိုယူလိုက်ရင်း,
"ကောင်းပြီ, အခုကလဲနောက်ကျနေပြီဆိုတော့ ရှင်တို့ အန္တရာယ်ကင်းအောင် ဆိုင်မှာပဲ အနားယူလိုက်ကြတာပိုကောင်းမယ်လို့ထင်တယ်။"
ပြီးသွားသည်နှင့် သူမ လင်ရှောင်းထင်နှင့်အတူထွက်လာခဲ့လိုက်သည်။
လင်ရှောင်းထင်လဲ ကုနင်းဘယ်ကိုသွားချင်မလဲဆိုသည်ကို သိသောကြောင့် ရှောင်ပင်းရဲ့အိမ်လိပ်စာအတိုင်း တန်းမောင်းပေးလိုက်သည်။ လင်ရှောင်းထင်က မြို့တော်G၏လမ်းများနှင့် မရင်းနှီးသောကြောင့် လမ်းပြမြေပုံမှတစ်ဆင့်ကြည့်ပြီးသွားရသည်။
မနက်အစောကြီးဖြစ်သောကြောင့် လမ်းပေါ်တွင် ကားအများကြီးမရှိသောကြောင့် ဟာမိုနီးယက်စ်အိမ်ရာသို့ ရောက်ရှိရန် မိနစ်၂၀သာမောင်းလိုက်ရသည်။
"မင်းဘာလုပ်ချင်တာလဲ? ကိုယ်ကူညီပေးမယ်။" လင်ရှောင်းထင်ပြောလိုက်တော့ ကုနင်းက,
"ကျွန်မကိုယ်တိုင်ပဲ လုပ်ချင်တယ်။"
လင်ရှောင်းထင် အနည်းငယ်စိတ်ပျက်မိသွားပေမယ့် သူမကိုယ်တိုင်လုပ်ချင်တာကို နားလည်သောကြောင့် အတင်းပြောမနေတော့ပေ။
ကုနင်းလဲ လင်ရှောင်းထင် သူမကြောင့် စိတ်မကောင်းဖြစ်သွားသည်ကို မလိုချင်သောကြောင့် ခနလောက်စဉ်းစားပြီးမှ မေးလိုက်သည်၊
"ကျွန်မကို ဒီနားက လုံခြုံရေးကင်မရာတွေထဲ မမိသွားအောင် ရှင်လုပ်ပေးနိုင်လား?"
"ရတာပေါ့!" လင်ရှောင်းထင်မျက်နှာအခုမှပဲ တောက်ပသွားတော့သည်။ အခုလိုကိစ္စလေးက သူ့အတွကတော့ ကိတ်မုန့်တစ်တုံးစားရသလိုပါပဲ။
ထို့နောက် နှစ်ယောက်သားအချိန်ဆွဲမနေဘဲ ကိုယ်လုပ်စရာရှိသည်ကို စလုပ်လိုက်ကြသည်။ လင်ရှောင်းထင်က လုံခြုံရေးခန်းထဲသို့သွားကာ ကင်မရားများကို အရင်ပိတ်လိုက်ပြီး ကုနင်းကို အဆင်ပြေပြီဖြစ်ကြောင်းစာပို့လိုက်သည်။ စာရသည်နှင့် ကုနင်း တိုက်၇သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်တော့သည်။
ကုနင်း မြေအောက်ကားပါကင်သို့သွားကာ ရှောင်ပင်း၏ကားကိုရှာလိုက်သည်။ ပြီးသည်နှင့် အဖြူရောင်မှုတ်ဆေးဗူးကိုထုတ်ကာ ရှောင်ပင်း၏အနက်ရောင်ကားကို အဖြူပြောင်းသွားအောင်လုပ်ပစ်သည်။ ထို့နောက် သူမ ယွမ်တိုင်တောင်ပေါ်တက်ရန်ပြင်ဆင်ထားသည့် ပစ္စည်းများကို စိတ်စွမ်းအင်အာကာပြင်ထဲမှ ထုတ်ယူကာ ကားဘီး၄ခုလုံးကို လေလျှော့လိုက်သည်။ ထို့နောက် သူမကားတံခါးကို အားပြင်းပြင်းနှင့်ဆွဲဖွင့်လိုက်ကာ ကားစတီယာရင်ကို ဖြုတ်ပစ်လိုက်သည်။
ပြီးသွားတော့ ကုနင်း ဓါတ်လှေကားမှတစ်ဆင့် ဆယ်လွှာသို့တက်ကာ ထိုအထပ်၏ အခန်းနံပါတ် ၀၃တံခါးရှေ့တွင်ရပ်လိုက်ပြီး တံခါးနှင့်ကြမ်းပြင်ကြားမှ ကွာနေသည့်နေရာတွင် ကော်များလောင်းချလိုက်သည်။ ထို့နောက် တံခါးတွင်လဲ မှုတ်ဆေးဖြူများဖြင့် လျှောက်ဆွဲလိုက်တော့ ထိုတံခါးမှာလုံးဝကို ပုံပျက်ပန်းပျက်ဖြစ်သွားလေတော့သည်။ နောက်ဆုံး ကုနင်းစိတ်ကျေနပ်သွားတော့မှပဲ ပြန်ထွက်လာခဲ့သည်။
သူမကားဆီကို ပြန်ရောက်တော့ လင်ရှောင်းထင်က သိချင်စိတ်ပြင်းပြစွာနှင့်မေးလိုက်သည်၊
"မင်းဘာတွေလာခဲ့တာလဲ?"
ကုနင်း လင်ရှောင်းထင်ကို အားလုံးပြောပြလိုက်တော့ ထိုလူ၏နှုတ်ခမ်းစွန်းလေးများမြင့်တက်သွားခဲ့သည်။ မနက်ဖြန် မနက် တံခါးဖွင့်လို့မရဖြစ်နေမှာရယ် ကားရယ်ကိုမြင်လိုက်ချိန် ထိတ်လန့်သွားမည့် ရှောင်ပင်း၏ပုံစံကို သူတောင်ခန့်မှန်းနိုင်လေသည်။
"အခုဘယ်သွားမလဲ?" လင်ရှောင်းထင်မေးလိုက်တော့ ကုနင်းက,
"ရှင်ကရော ဘယ်မှာနေမှာလဲ?"
ဒီတော့ လင်ရှောင်းထင်က, "ဟိုတယ်မှာ."
"ဒါဆို ရှင်ဟိုတယ်မသွားခင် ကျွန်မကို ရေပြာအိုင်မှာ အရင်ဝင်ချပေးသွားလို့ရမလား?" ကုနင်းမေးလိုက်သည်။
ကုနင်း၏စကားကိုကြားတော့ လင်ရှောင်းထင် အနည်းငယ်စိတ်မကောင်းဖြစ်မိသွားသည်။ သူတို့အခုလေးတင်မှတွေ့ခဲ့ရတာပေမယ့် ကုနင်းက သူ့အတွက် သီးသန့်အချိန်ပင်မပေးဘဲ နှင်လွှတ်နေခဲ့ပြီ။
ခနလောက်နေတော့၊ လင်ရှောင်းထင် ကုနင်းကို ပြန်ပြောလိုက်သည်၊
"ကိုယ်အခုထိဘာမှမစားရသေးဘူး။"
အမ်....
ကုနင်းအံ့ဩမိသွားပေမယ့် လင်ရှောင်းထင်ထိုစကားပြောလာချိန်တွင် သူမလဲဗိုက်ဆာလာတာကြောင့်၊
"ဒါဆိုလဲ ကျွန်မတို့ ညလယ်စာအတူတူသွားစားကြတာပေါ့။"
"ကောင်းပြီ။" ထိုတော့မှ လင်ရှောင်းထင်ပြန်ပြီး ပျော်ရွှင်သွားတော့သည်။
ညလယ်စာရောင်းသည့်ဆိုင်အများစုသည် ၂၄နာရီဖွင့်ကြသည်ဖြစ်ပြီး အခုက မနက်၂နာရီပဲရှိပါသေးသည်။ အခုလိုအချိန်မှာ ဘားသွားရသည်ကိုနှစ်သက်သည့်သူများ ခနတဖြုတ် အဆာပြေစားရန် ထွက်လာသည့်အချိန်မျှသာရှိသေးလေသည်။
လင်ရှောင်းထင်က ပင်လယ်စာနှင့်မတည့်ဘူးဆိုပေမယ့် ငါးကိုတော့ စားလို့ရသောကြောင့် သူတို့ငါးကင်စားဖို့သာ သွားလိုက်ကြသည်။ သူတို့ပုံစံက မိုးလင်းသည်အထိဖြည်းဖြည်းချင်းစားကြရန် လျှို့ဝှက်သဘောတူထားသလိုတောင် ထင်ရလေသည်။
ညလယ်စာစားပြီးသွားတော့ မနက်၄နာရီပင်ထိုးတော့မည်ဖြစ်ကာ အခုချိန်ရောက်မှာတော့ အိမ်ပြန်အိပ်ဖို့အလွန်နောက်ကျနေပြီဖြစ်ပေမယ့် သူတို့ဘာထပ်လုပ်စရာရှိသေးလဲ? သူတို့နှစ်ယောက်က အခုထိ အတွဲတွေမဟုတ်သေးသောကြောင့် လုပ်စရာများများစားစားမရှိပေ။ တဖြည်းဖြည်းနှင့်ကားထဲမှ လေထုသည် နေရထိုင်ရခက်သည့်အခြေနေသို့ပြောင်းလာခဲ့သည်။
ထိုတခနတွင်ပဲ ကုနင်းအကြံတစ်ခုပေါ်လာကာ,
"ကျွန်မတို့ ဘာလို့ မြို့တော်Gထဲ ကားလျှောက်မမောင်းကြည့်တာလဲ? လမ်းတွေနဲ့ပိုပြီး ရင်းနှီးသွားတာပေါ့။"
ဟုတ်ပါတယ်, ကုနင်း မြို့တော်G၏နေရာများနှင့်အမှန်တကယ်ကိုပိုပြီး ရင်းနှီးချင်ပါသည်။ သူမ၏ ပြိုင်ဘက်ကင်းမှတ်ဉာဏ်နှင့်သာဆိုလျှင် မြင်တွေ့ရသမျှနေရာအားလုံးကို မှတ်သားထားနိုင်ပါသည်။
လင်ရှောင်းထင်လဲ တခြားဘာလုပ်ရမလဲဆိုသည်ကိုမသိသောကြောင့် ကုနင်းအကြံပေးတာကိုပဲ ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်တော့သည်။ သူတို့ကားလေးနှင့် မြို့တော်Gလမ်းမတစ်လျှောက် ခရီးဆက်သွားကြသည်။
ထိုအချိန်တွင် လမ်းထက်၌ အရက်မူးနေသည့် လူနှစ်ယောက် သုံးယောက်လောက်သာ အချင်းချင်း စနောက်မူးရူးနေကြပြီး ရေဆိုးနုတ်စနစ်လုပ်သားများသည်တော့ သူတို့အလုပ်ဖြစ်သည့် လမ်းသန့်ရှင်းရေးကိုပြီးစီးကာ အလုပ်သိမ်းကြချိန်ဖြစ်သည်။
အချက်ပေးမှုမရှိဘဲ ကုနင်းတို့ကားနောက်မှ ဆူညံလှသည့် အင်ဂျင်သံကိုကြားလိုက်ရသည်။ နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်လိုက်တော့ သူတို့ကားနောက်တွင် နောက်ထပ်ကား၃သုံးသည် အရှိန်မြင့်မြင့်နှင့် မောင်းနှင်လာသည်ကိုတွေ့လိုက်ရသည်။
ကုနင်းအထင်သာမှန်လျှင် ထို၃စီးသည် ကားပြိုင်မောင်းနေကြသည့်လူများပင်ဖြစ်ရမည်။
ထိုကား၃စီးသည် လင်ရှောင်းထင်၏ကားကိုကျော်တက်သွားရင်း ကားထဲမှလူများက သူမတို့ဘက်ကို လက်ခလယ်ထောင်ပြသွားကြသည်။ ကား၃စီးလုံးထဲတွင် ထိုနေကြသည့်လူတိုင်း ထိုသို့လုပ်ပြသွားခြင်းသာ။
လင်ရှောင်းထင် ရော ကုနင်းပါ ဒေါသထွက်သွားကာ ကုနင်းက အေးစက်စက်အသံနှင့်ပြောလိုက်သည်။
"သူတို့ကို ကျော်ပစ်!"
လင်ရှောင်းထင်လဲ ချက်ချင်းအရှိန်တင်လိုက်ကာ ထိုကားများနောက်ကို အမှီလိုက်သွားခဲ့သည်။
ထိုကား၃စီးထဲမှလူများသည် အသက်၂၀ကျော်အရွယ်လေးများဖြစ်ကာ လင်ရှောင်းထင် သူတို့နောက်ကိုအမှီလိုက်လာမှန်း နောက်ကြည့်မှန်မှတဆင့်တွေ့လိုက်တော့ အံ့ဩသွားမိပြီး ပိုလို့တောင် စိတ်လှုပ်ရှားစရာကောင်းသည်ဟု ခံစားသွားကြရသည်။ လင်ရှောင်းထင်သူတို့ကို အမှီလိုက်နိုင်လိမ့်မယ်လို့ မထင်သောကြောင့် လူငယ်တစ်ယောက်က ကားထဲမှ ခေါင်းထွက်ကာ လင်ရှောင်းထင်ထံ အော်ပြောလိုက်သည်။
"လာစမ်းပါ၊ ကောင်လေးရဲ့၊ မင်းသာငါတို့ကို မှီအောင်လိုက်နိုင်ရင် မင်းကို အဖိုးလို့တောင်ပြန်ခေါ်ပေးလိုက်မယ်။"
ထိုစကားကို လင်ရှောင်းထင်ရော ကုနင်းပါ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ကုနင်းက ဆုံးဖြတ်ချက်ခိုင်မာသည့် အသံနှင့်၊
"လုပ်တာပေါ့၊ သူတို့အားလုံး ကို မြေပေါ်ကမထနိုင်အောင် ကျွန်မကိုယ်တိုင် ရိုက်ပစ်မယ်။"
သူတို့က သူမတို့ကို အရင်စော်ကားခဲ့သောကြောင့် ကုနင်းဘယ်လိုမှအလွတ်မပေးနိုင်တော့ပေ။
လင်ရှောင်းထင်မောင်းနေသည်က ယွမ်၂သန်းလောက်တန်ဖိုးရှိသည့် Porscheကားတစ်စီးဖြစ်ပြီး ဈေးတော့မပေါပေမယ့် သူတို့ရဲ့ ယွမ်၄သန်းလောက်တန်သည့် ပြိုင်ကားနှင့်ယှဉ်လျှင်တော့ ပိုပြီးဈေးပေါပါသည်။
သို့ပေမယ့် လင်ရှောင်းထင်သည် မြန်မြန်ဆန်ဆန်နှင့် ငြိမ်ငြိမ်လေးမောင်းနိုင်သည့် ကျွမ်းကျင်မောင်းနှင်သူတစ်ဦးဖြစ်သောကြောင့် မကြာခင်တွင်ပဲ သူတို့ကို မှီသွားတော့သည်။
ပြိုင်ကားထဲမှ လူငယ်လေးများသည်တော့ လင်ရှောင်းထင် သူတို့ကိုလွယ်လွယ်လေး မှီသွားသောကြောင့် အံ့ဩနေကြသည်။ သူတို့အရှိန်ကိုထပ်ပြီးမြှင့်လိုက်လျှင်တောင်မှ လင်ရှောင်းထင်က စက္ကန့်ပိုင်းအတွင်း ပြန်မှီသွားပြန်သောကြောင့် သူတို့အလွန်စိတ်အနှောက်အယှက်ဖြစ်နေရသည်။ သို့ပေမယ့် သူတို့ပိုပြီးစိတ်အနှောက်အယှက်ဖြစ်လေ ကားကိုကောင်းကောင်းမမောင်းနိုင်လေသာဖြစ်ခဲ့သည်။
...............Book 13 Part 192 End.....................
အခန်း ၁၉၃ သူတို့ကို ကန်ထုတ်ပစ်
အချိန်ခနလေးအတွင်းတွင်ပဲ လင်ရှောင်းထင်၏ Porscheကားလေးမှာ ကျန်တဲ့ကား၃စီးလုံးကိုကျော်တက်သွားပြီး လမ်းလယ်ကို ကန့်လန့်ဖြတ်ကာ ပိတ်ရပ်လိုက်လေသည်။
သုံးလမ်းသွားဆိုပေမယ့် တစ်လမ်းတွင် ကုန်ကားကြီးတစ်စီးရပ်ထားသည်။ လင်ရှောင်းထင်၏ကားက ကျန်သည့်နှစ်လမ်းကိုပါ ပိတ်ရပ်လိုက်သည်ဖြစ်၍ လင်ရှောင်းထင်၏ကားကို ဝင်တိုက်ပြီးထွက်ဖို့ကလွဲလို့ သွားစရာလမ်းမရှိတော့ပေ။
ကားထဲမှ ကောင်လေးများ ကျိန်ဆဲအော်ဟစ်နေပေမယ့် အမြန်တော့ ကားကိုရပ်လိုက်ရသည်။
သို့ပေမယ့် သူတို့အရှုံးကို သူတို့သိကြသောကြောင့် ကားကို လှည့်ပြီး ထွက်ပြေးဖို့လုပ်လိုက်ကြပေမယ့် ဒုတိယကားကိုသာ တိုက်မိသွားလေသည်။
ထိုတိုက်မိသွားကြသည့် ကားနှစ်စီး၏ပိုင်ရှင်များသည် တစ်ယောက်နှင့်တစ်ယောက်မတည့်ကြသလို အခုချိန်တွင် အရက်လဲမူးနေကြသောကြောင့် စိတ်တိုလွယ်နေကြ၏။ မတော်တဆမှုဖြစ်ပြီးသွားချိန်တွင်တော့ အငြင်းပွားမှုတစ်ခုစတင်လာခဲ့သည်။
ဒုတိယကား၏ပိုင်ရှင်ကအပြင်သို့ထွက်လာကာ ပထမကားဆီလျှောက်သွားရင်း အော်ဟစ်ပြောဆိုတော့သည်၊
"လီဖန်း, ခွေးကောင် မင်းဘာလုပ်လိုက်တာလဲ?"
လီဖန်းလဲသူ့ကားထဲမှာထွက်လာပြီး သူသည်လဲ စိတ်ဆိုးနေကာ၊
"မာရန်ယွိ, မင်းက ဘာကောင်မို့ငါ့ကို ဆဲရတာလဲ? ငါတမင်လုပ်တာမှမဟုတ်တာ။ ပြန်လျော်ပေးမယ်။"
"ငါမှာ မင်းလျော်ကြေးကို ယူဖို့အထိမွဲမနေဘူး။ မင်းလိုကောင်မျိုးကို မုန်းတယ်။" မာရန်ယွိထပ်အော်လိုက်သည်။
ထို့နောက် တတိယကားပိုင်ရှင်လဲထွက်လာကာ သူတို့နှစ်ယောက်ကို အပြစ်တင်ပြောဆိုတော့သည်၊
"ကိစ္စကြီးလဲမဟုတ်ဘဲနဲ့ ဘာလို့ အော်ကျယ်အော်ကျယ်လုပ်နေကြတာလဲ? စိတ်လျှော့ကြစမ်းပါ။"
"ဝေ့, ငါကစိတ်မလျှော့ချင်တာမဟုတ်ဘူး။ ဒီကောင့်ကို ဆက်ပြီးသည်မခံနိုင်တော့ရုံပဲ။ သူကငါ့ကောင်မလေးနဲ့အိပ်ခဲ့တယ်။ ငါဘာမှမပြောခဲ့ပါဘူး။ ဒါပေမယ့် သူကဆက်ပြီး အမြဲတမ်း ငါ့ကောင်မလေးတွေကို ဖြားယောင်းသွေးဆောင်သွားခဲ့တာ။ ငါဆက်ပြီးသည်းခံနေနိုင်မယ်လို့ မင်းထင်နေတာလား?" မာရန်ယွိက ဒေါသတကြီး အံ့ကြိတ်ရင်းပြောလိုက်သည်။
ကုနင်းပင်ကြောင်အသွားခဲ့ရကာ ဒီလိုပြဇာတ်ဆန်ဆန်ဇာတ်လမ်းတစ်ပုဒ်ကို ကြားလိုက်ရလိမ့်မယ်လို့ သူမမထင်မှတ်ထားခဲ့ပေ။ သူမရယ်ချင်သွားပေမယ့် အရိုးသားဆုံးပြောရလျှင် လီဖန်းလို့ခေါ်သည့်ကောင်လေးက မာရန်ယွိဆိုသည့်တစ်ယောက်ထက်ပိုပြီး ချောမောခန့်ညားလေသည်။ အတိအကျပြောရလျှင်တော့ မာရန်ယွိလို့ခေါ်သည့်ကောင်လေးမှာ အရမ်းကြီးကြည့်ကောင်းသည့်အထဲတွင်တောင်မပါဝင်ပေ။ သူက အရပ်၁၆၈စင်တီမီတာလောက်ပဲမြင့်ကာ ဘာအရှိန်အဝါမှမရှိဘဲ အနည်းငယ်တောင်ဝနေသေးသည်။
ပြီးတော့ လီဖန်းဆိုသည့်ကောင်လေးသည်တော့ ၁၈၆စင်တီမီတာမြင့်ပြီး ခန္ဓာကိုယ်တောင့်တင်းကာ ကြည့်ကောင်းသည့်အနေအထားရှိသည်။ ရုပ်ရည်သည်တော့ အရမ်းမချောပေမယ့် အရှိန်အဝါလုံးဝကင်းစင်နေတာမျိုးတော့မဟုတ်ပေ။ ပြီးတော့ အဝတ်အစားလဲ လိုက်ဖက်စွာဝတ်ဆင်တတ်ကာ စော်ကြည်ဘဲတစ်ယောက်လိုမျိုး ဆွဲဆောင်မှုတစ်မျိုးလဲ ရှိနေသည်။
အမျိုးသမီးများသည် ခပ်ဆိုးဆိုးကောင်လေးမျိုးကို ပိုမိုစိတ်ဝင်စားတက်သောကြောင့် မာရန်ယွိ၏ကောင်မလေးများသည် လီဖန်းနှင့်အိပ်ခြင်းဖြင့်သာအဆုံးသတ်သွားသည်ကို နားလည်ပေးနိုင်ပါသည်။
"သူတို့ကသာ ငါ့ကိုအရင်လာပြီး ဖျားယောင်ကြတာမဟုတ်လား? ဒါငါ့အမှားမဟုတ်ဘူး။ မင်းအပေါ်သူတို့ ဖျားယောင်းလာခဲ့ရင်ကော မင်းသည်းခံနိုင်မှာမို့လို့လား? ပြီးတော့ ငါသူတို့အားလုံးကို ငြင်းခဲ့ပြီးသား။ မင်းသူတို့ကို မထိန်းနိုင်ရုံနဲ့ ငါ့ကိုလာပြီး အပြစ်တင်နေစရာအကြောင်းမရှိဘူး။" လီဖန်းအထင်သေးစွာနှင့် ပြန်တုံ့ပြန်လိုက်သည်။ မာရန်ယွိသည့် သူ့ကောင်မလေးတွေကိုတောင် အနားမှာဆွဲမထားနိုင်သည့်အတွက် လီဖန်းအထင်သေးနေခြင်းဖြစ်သည်။
မာရန်ယွိမှာ ဘာအရှိန်အဝါမှမရှိဘူးဆိုလျှင်တောင် ချမ်းသာပါသေးသည်၊
လှပသည့်မိန်းမငယ်လေးများသည်လဲ သူကစားတာကိုခံချင်ကြပေမယ့် လီဖန်းသည်လဲ ခန့်ညားကာ ချမ်းသာသည်ကိုသိလိုက်သည်နှင့် ချက်ချင်းပဲ ဘက်ပြောင်းသွားကြလေ့ရှိသည်။
"လီဖန်း၊ ခွေး***" မာရန်ယွိ အရှက်ရမှုကြောင့်ပိုပြီးဒေါသထွက်လာခဲ့ကာ လီဖန်းကို လက်သီးနှင့်လှမ်းထိုးလိုက်သည်။
လီဖန်းသည်လဲ မာရန်ယွိကို အချိန်အတော်ကြာကတည်းက ထိုးချင်နေသည်ဖြစ်၏။ သူ့အမှားကြောင့် မာရန်ယွိဘေးနားမှကောင်မလေးများထွက်သွားခဲ့သည်ဟုလဲ မတွေးခဲ့ဖူးပေ။ မာရန်ယွိသာ ဝေ့ဖေးဟုန်၏ သူငယ်ချင်းပါမဟုတ်ခဲ့လျှင် သူထိုးပြီးသည်မှာကြာလေပြီ။ အခုလို မာရန်ယွိဘက်မှ အရင်စတိုက်ခိုက်လာမှတော့ သူ့ဘက်ကလဲ တုံ့ဆိုင်းနေရန်အကြောင်းမရှိတော့ပေ။
တတိယကားပိုင်ရှင်ဖြစ်သည့် ဝေ့ဖေးဟုန်သည် ထိုနှစ်ယောက်ကို တားချင်ပေမယ့်လဲ သူပါရောထိုးခံရမည်ကိုစိုး၍ ဘေးကနေသာအော်နေတော့သည်၊
"မင်တို့နှစ်ယောက်လုံး ရပ်လိုက်ကြတော့။"
သို့ပေမယ့် မာရန်ယွိကော လီဖန်းပါ အသိစိတ်လွတ်နေပြီဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် အသေသတ်ဖို့သာတွေးနေကြပြီး ဘယ်သူမှ ဝေ့ဖေးဟုန်၏အသံကို မကြားနိုင်ကြပေ။ နှစ်ယောက်သား အပြင်းအထန်တိုက်ခိုက်နေကြခြင်းကြောင့် အမှန်တကယ်ကို မုန်းတီးနေကြဟန်တူလေသည်။
လင်ရှောင်းထင်သည်လဲ ကုနင်းကားပေါ်ကဆင်းသွားကတည်းက နောက်မှလိုက်ဆင်းလာပြီးဖြစ်လေသည်။ ကုနင်းသည်တော့ ထိုနှစ်ယောက်တိုက်ခိုက်နေသည်ကို လက်ပိုက်ရင်းတပျော်တပါးကြီးကြည့်နေခဲ့သည်။ သူတို့၏တိုက်ခိုက်စွမ်းရည်ကမကောင်းပေမယ့်လဲ ရယ်စရာတစ်ခုအဖြစ်တော့ ကြည့်လို့ကောင်းနေပါသေးသည်။
ဝေ့ဖေးဟုန်သည် ကုနင်းနှင့်လင်ရှောင်းထင်တို့ကို သတိထားမိသွားပြီး သူတို့၏ပုံစံကြောင့် ကြောင်အသွားရသည်။ လင်ရှောင်းထင်အရမ်းချောမောခန့်ညားပေမည့် ဝေ့ဖေးဟုန်ကစိတ်မဝင်စားသောကြောင့် အမြန်အကြည့်လွှဲလိုက်ကာ ကုနင်းကိုသာ ကောက်ကျစ်စွာစိုက်ကြည့်နေသည်။
လင်ရှောင်းထင်သည်တော့ ဝေ့ဖေးဟုန်ကြောက်သွားအောင် အေးစက်စက်အကြည့်တစ်ချက်နှင့်ကြည့်လိုက်သည်။ အမှန်တကယ်လဲ ထိုလူ၏အကြည့်ကြောင့် ဝေ့ဖေးဟုန်ကြောက်လန့်သွားခဲ့သည်။
လင်ရှောင်းထင်သည်လဲ ဝေ့ဖေးဟုန်၏ ကုနင်းအပေါ် ကောက်ကျစ်စွာကြည့်နေသည့် အကြည့်ကြောင့် စိတ်တိုနေသည်။ ဒါကသက်သက် ကုနင်းကို စော်ကားလိုက်တာပဲ။
ကုနင်းသည်လဲ သေချာပေါက် ဝေ့ဖေးဟုန်၏အကြည့်ကြောင့်မကျေနပ်ပေ။ ထို့ကြောင့် သူမ လင်ရှောင်းထင်နှင့်အတူ ဝေ့ဖေးဟုန်ဆီလျှောက်သွားလိုက်သည်။ ဝေ့ဖေးဟုန် သတိလက်လွတ် ကြောက်လန့်တကြား နောက်သို့ဆုတ်လိုက်မိပြီးမှ မိန်းကလေးတစ်ယောက်ကို ကြောက်ပြတာက ရှက်စရာကောင်းမှန်းသတိရသွားကာ သူစိတ်သူငြိမ်အောင်ပြန်ထိန်းလိုက်သည်။ သို့ပေမယ့် လင်ရှောင်းထင်၏ကြည့်သည်တော့ သူ့ဘော့စ်တစ်ယောက်ကကြည့်နေသလိုမျိုး နေရထိုင်ရခက်လှပေသည်။
သူမကျေမနပ်နှင့်မေးလိုက်သည်၊
"မင်းတို့ ဘာလုပ်ချင်တာလဲ?"
"ရှင်တို့ကို အမှီလိုက်နိုင်ခဲ့ရင် ရှင့်အဖိုးလို့ခေါ်ပါမယ်လို့မပြောခဲ့ဘူးလား? အခုကျွန်မတို့ ကျော်တက်သွားခဲ့တယ်လေ။ ဒီတော့ အခုချိန်က အဖိုးလို့ခေါ်ရတော့မယ့်အချိန်ပဲ။" ကုနင်း အရှုံးသမားတစ်ယောက်အားကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်ကာပြောလိုက်သည်။
"မင်း...." ဝေ့ဖေးဟုန် စိတ်တိုသွားပေမယ့် ချက်ချင်းပဲ ပြန်သရော်လိုက်သည်။
"သေချာတာပေါ့။ ဒါပေမယ့် ငါပြောခဲ့တဲ့ 'ဖမ်းမိတယ်'ဆိုတာက တကယ်တော့ မင်းသာ ငါနဲ့အတူအိပ်မယ်ဆို အိပ်ရာထဲမှာ မင်းကြိုက်သလို ငါ့ကို ခေါ်နိုင်တာကိုပြောတာ။"
ဝေ့ဖေးဟုန်က အရှုံးကို ငြင်းရုံတင်မကဘဲ ကုနင်းကိုပါ စော်ကားပြောဆိုလိုက်သေးသည်။ လင်ရှောင်းထင်ရော ကုနင်းပါ အလွန်စိတ်တိုသွားကာ ကုနင်းပင် ဘာမှမလုပ်ရသေးမီ လင်ရှောင်းထင်က ချက်ချင်းပဲ ဝေ့ဖေးဟုန်ကို ကန်ချပစ်လိုက်သည်။ ဝေ့ဖေးဟုန်မှာအရှိန်ပြင်းပြင်းဖြင့် သူ့ကားပေါ်သူပြန်ပြုတ်ကျသွားကာ ကားဘောနပ်တောင်မှ ချိုင့်သွားခဲ့သည်။
ဝေ့ဖေးဟုန်မှာ အစာအိမ်ရှိသည့်နေရာသို့ အားပြင်းပြင်းအကန်ခံရသည့်အပြင် ကားပေါ်ပါထပ်ပြီး ပြုတ်ကျသွားသောကြောင့် စကားနှင့်ပင်မဖော်ပြနိုင်လောက်အောင် အလွန်နာကျင်သွားရသည်။
ဝေ့ဖေးဟုန်ပြုတ်ကျသွားသည့် အသံကျယ်ကြီးကြောင့် မာရန်ယွိ နှင့် လီဖန်းတို့ချက်ချင်းလှည့်ကြည့်လိုက်ကာ ထိတ်လန့်သွားကြသည်။
"ဝေ့!!"
မာရန်ယွိနှင့် လီဖန်းတို့နှစ်ယောက်မှာ ဘယ်လောက်ပဲမတည့်တည့် ဝေ့ဖေးဟုန်၏နောက်ခံကြောင့် သူတို့လျစ်လျူမရှုထားရဲကြပေ။ သူတို့အတူရှိနေချိန် ဝေ့ဖေးဟုန် ဒဏ်ရာရသွားသည်ဆိုလျှင် ဝေ့ဖေးဟုန် အဖေသည်သူတို့ကိုလဲ အလွတ်ပေးမည်မဟုတ်ပေ။
ထို့ကြောင့် မာရန်ယွိနှင့် လီဖန်းတို့ ရန်ဖြစ်နေသည်ကို ရပ်လိုက်ကာ ဝေ့ဖေးဟုန်ထံချက်ချင်း အပြေးသွားလိုက်ကြသည်။
"မင်းကများ ဝေ့ကို ကန်ရဲတယ်! သူဘယ်သူလဲဆိုတာ မင်းတို့သိရဲ့လား?" မာရန်ယွိက လင်ရှောင်းထင်နှင့် ကုနင်းကိုကြည့်ရင်း ခြိမ်းခြောက်သည့်လေသံနှင့် အော်ပြောလိုက်သည်။
ဝေ့ဖေးဟုန်၏နောက်ခံက ရိုးရှင်းပုံမရပေ။
မာရန်ယွိ၏စိတ်တိုနေသည့်ပုံစံကိုမြင်ရသည်မှာ ကုနင်းအတွက်တော့ ဟာသတစ်ပုဒ်ကို ကြည့်နေရသလိုခံစားရကာ အကျယ်ကြီးတော့ အသံထွက်ရယ်မိမလိုဖြစ်သွားပြီး, ကုနင်းမေးလိုက်သည်။
"အိုး၊ ဒီတော့ သူကဘယ်သူမို့လို့လဲ?"
...............Book 13 Part 193 End.....................
အခန်း ၁၉၄ မင်းအကျိုးဆက်ကို လက်ခံနိုင်မှာမဟုတ်ဘူး!
ကုနင်းကတော့ ဝေ့ဖေးဟုန်၏နောက်ခံဘာဖြစ်ဖြစ် ဂရုစိုက်မည့်သူမဟုတ်ပေ။ အကယ်၍ သူက ဒီခရိုင်၏ဝန်ကြီးချုပ်ရဲ့သားဖြစ်နေလျှင်တောင်မှ ကုနင်းကတော့ ရိုက်သင့်လျှင် ရိုက်ရမှာပဲ။
ကုနင်း၏ တုံ့ပြန်ပုံကြောင့် မာရန်ယွိရော လီဖန်းပါ စိတ်အနှောင့်အယှက်ဖြစ်သွားကာ,
"ဝေ့ရဲ့အဖေက ချင်ဂိုဏ်းရဲ့ ရွှမ်းဝူအဖွဲ့ခွဲက အကြီးတန်းခေါင်းဆောင်ပဲ။ မင်းတို့ ဝေ့ကို ထိခိုက်အောင်လုပ်ထားတဲ့ အကျိုးဆက်ကို လက်ခံနိုင်မှာမဟုတ်ဘူး။"
ရွှမ်းဝူအဖွဲ့ခွဲသည် ချင်ဂိုဏ်း၏ ဥပဒေလုပ်ငန်းအမျိုးမျိုးကို ချုပ်ကိုင်သည့်အဖွဲ့ဖြစ်ပေသည်။
ဝေ့ဖေးဟုန်၏ဖခင် ဝေ့ကျီမင်သည် ချင်ဂိုဏ်းကိုယ်စား မြို့တော်G၏ ဖျော်ဖြေရေးနေရာအားလုံးကိုအုပ်ချုပ်ရသည့် အထွေထွေမန်နေဂျာတစ်ယောက်ဖြစ်သည်။ ရွှမ်းဝူအဖွဲ့ခွဲ၏ အကြီးတန်းခေါင်းဆောင်တစ်ယောက်ဆိုသည်မှာလဲ မှန်ပေမယ့် ချင်ဂိုဏ်း၏ မန်နေဂျာများထဲမှ တစ်ယောက်သာသာဖြစ်လေသည်။
ဝေ့ကျီမင်းက တခြားလူများကိုတော့ ဩဇာလွှမ်းမိုးနိုင်မည်မှာမှန်ပေမည့် ထိုထဲတွင် ကုနင်းတော့မပါပေ။
"အဲ့တော့ဘာဖြစ်လဲ? ဒီနေရာမှာ ရှင်တို့ဘော့စ်ရှိနေမယ်ဆိုရင်တောင် ကျွန်မကြောက်မှာမဟုတ်ဘူး။" ကုနင်းအေးဆေးပြန်ပြောလိုက်သည်။ သူမမျက်လုံးထဲတွင်တော့ ချင်ဂိုဏ်းဆိုသည်မှာ ဘာမှပြောပလောက်သည့်အရာမဟုတ်ပေ။
"မင်း..." မာရန်ယွိနှင့် လီဖန်းတို့ စိတ်တိုသွားရသည်။ ထိုမိန်းမငယ်လေးက ချင်ဂိုဏ်းကိုပင်မကြောက်လောက်အောင် သတ္တိရှိနေမယ်လို့ သူတို့မထင်ထားခဲ့ပေ။ သို့ပေမယ့် ဒါက ကုနင်း ချင်ဂိုဏ်း၏အမှန်တကယ် အင်အားအစစ်ကို မသိသောကြောင့်သာ ဒီလို မကြောက်မရွံ့ဖြစ်နေသည်ဟု သူတို့တွေးလိုက်မိကြသည်။
"တော်တော်မိုက်မဲတဲ့လူတွေပဲ! ထွက်သွားရဲသွားကြည့်ကြစမ်း!" လီဖန်း ဒေါသတကြီးအော်ဟစ်ကာ ဖုန်းကိုထုတ်ပြီး အကူအညီလှမ်းတောင်းတော့သည်။
"ရှင်ပြောတိုင်း ကျွန်မက ဘာလို့နားထောင်ရမှာလဲ? ထွက်သွားတော့ရော ရှင်က ဘာများလုပ်နိုင်မှာမို့လို့လဲ?" ကုနင်းအထင်သေးစွာပြောလိုက်ကာ လင်ရှောင်းထင်နှင့်အတူ ထွက်သွားလိုက်သည်။
သူမ သူတို့ကို မကြောက်ဘူးဆိုပေမယ့် သူတို့ပြောတဲ့အတိုင်းဆက်နေ,ပေးမယ်လို့ဆိုလိုခြင်းတော့မဟုတ်ပေ။ ဘာကိစ္စသူတို့ပြောတိုင်းနားထောင်ပေးနေရမှာလဲ?
ကုနင်းနှင့်လင်ရှောင်းထင်တို့ထွက်သွားကြပေမယ့် မာနရန်ယွိနှင့် လီဖန်းသည်တော့ သူတို့ကိုဘယ်လိုတားရမှန်းမသိခဲ့ဘဲ မြင်ကွင်းထဲမှပျောက်သွားသည်အထိသာ လိုက်ကြည့်နေမိတော့သည်။ သူမတို့ကို တိုက်ခိုက်ဖို့ဆိုရင်လဲ မနိုင်, နိုင်မည့်အပြင် အခုချိန်တွင်လဲ သူတို့ဒဏ်ရာရထားသေးသောကြောင့် အနောက်ကနေသာ လှမ်းအော်ဆိုတော့သည်။
"စောင့်ကြည့်ထားလိုက်! မင်းတို့ပြန်ပေးဆပ်စေရမယ်!"
ထိုအချိန်သည် မနက်၆နာရီထိုးခါနီးပြီဖြစ်ကာ ကောင်းကင်တွင် အလင်းရောင်တစွန်းတစပေါ်ထွက်လာပြီဖြစ်သည်။ ယခုချိန်သည် ဆောင်းရာသီဖြစ်သောကြောင့် နေထွက်ချိန်နောက်ကျလေသည်။ အကယ်၍ နွေရာသီသာဆိုလျှင် ဒီအချိန်လောက်ဆို နေတောင်စပူနေလောက်ပေပြီ။
လမ်းပေါ်တွင် ကားများပိုပိုများလာကာ မနက်ခင်းလေ့ကျင့်ခန်းလုပ်သူများလဲ ရှိလာခဲ့သည်။
သူတို့လမ်းမတစ်လျှောက် အချိန်အတော်ကြာမောင်းနှင်သွားကြရင်း ၇နာရီလောက်ရောက်တော့ နေသည်လဲအလုံးစုံထွက်ပေါ်လာပြီဖြစ်ကာ ကုနင်းနှင့်လင်ရှောင်းထင်လဲ ဆိုင်သို့ပြန်လာခဲ့ကြသည်။
သူတို့ရောက်တော့ ဆိုင်ကဖွင့်တောင်ဖွင့်နေပြီဖြစ်ကာ ကျိုးကျန်းဟုန်နှင့် ဝန်ထမ်းများသည်တော့ မနက်စာပြင်ဆင်နေကြသည်။
ညက ရှောင်ပင်းကိစ္စနှင့်အလုပ်များနေသောကြောင့် ကုနင်း လင်ရှောင်းထင်ကို ကျိုးကျန်းဟုန်နှင့် အခုထိမိတ်မဆက်ပေးရသေးပေ။ ကျိုးကျန်းဟုန်သည် သူမ၏အရေးပါဆုံးသော လက်ထောက်တစ်ယောက်ဖြစ်သောကြောင့် သူတို့ချင်းကို မိတ်ဆက်ပေးဖို့လိုအပ်လေသည်။
"ဦးလေးကျိုး, ဒါက ကျွန်မသူငယ်ချင်း, လင်ရှောင်းထင်တဲ့။" ကုနင်း ကျိုးကျန်းဟုန်ကို လင်ရှောင်းထင်နှင့်မိတ်ဆက်ပေးလိုက်သည်။
"ဒီဘက်ကတော့ ကျွန်မရဲ့လက်ဝတ်ရတနာကုမ္ပဏီရဲ့ အမှုဆောင်သူဌေး ကျိုးကျန်းဟုန်။"
ကျိုးကျန်းဟုန်နှင့် လင်ရှောင်းထင် အချင်းချင်းနှုတ်ဆက်လိုက်ကြပြီး ကျိုးကျန်းဟုန်က ကုနင်းကို ရှောင်ပင်းကိုဘယ်လိုလုပ်ခဲ့လဲဆိုတာ မေးလိုက်သည်။ ကျိုးကျန်းဟုန်တင်မကဘဲ တခြားလူများသည်လဲ ထိုအကြောင်းကို အရမ်းသိချင်နေကြသည်။ ကုနင်းလဲ အမှန်တရားကို ဖုံးကွယ်မနေဘဲ အားလုံးပြောပြလိုက်သောကြောင့် အားလုံးကျေနပ်ကုန်ကြသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ မနက်စာမစားရသေးပေမယ့် ညလယ်စားစားထားသောကြောင့် ဗိုက်ပြည့်နေစဲဖြစ်သည်။
ဆိုင်ထဲမှ အမျိုးသမီးဝန်ထမ်းများသည် လင်ရှောင်းထင်လို ခန့်ညားသည့် ယောကျ်ားတစ်ယောက်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ သူတို့အားလုံး လင်ရှောင်းထင်ကို အကြည့်မလွှဲနိုင်ကြပေမယ့် မည့်သူ့စိတ်မှမရှိဘဲ ကြောက်ရွံ့သည့်ဘက်ကိုသာ အနည်းငယ်အလေးသာနေခဲ့သည်။
ရှောင်ပင်း မနက်စောစောနိုးလာတော့ သူJadeBeautyဆိုင်ကို ဖျက်စီးရန်ငှားခဲ့သည့် လူမိုက်ခေါင်းဆောင်ကို ဆက်သွယ်လိုက်ပေမယ့် ဘယ်သူမှ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ သူနောက်ထပ်လူမိုက်အဖွဲ့ဝင်တွေကိုလဲ ဆက်ပြီးဖုန်းခေါ်ခဲ့ပေမယ့် ရလဒ်သည်တော့အတူတူပင်။ ရှောင်ပင်း စိတ်တိုလာကာ အတော်ကြာဖုန်းတွေဆက်တိုက်ခေါ်နေခဲ့ပြီးမှ ဘယ်သူမှပြန်မဖြေလာသောကြောင့် နောက်မှ ပြန်ခေါ်ကြပါလိမ့်မည်ဟုတွေးကာ လက်လျှော့လိုက်ရတော့သည်။
ထို့နောက် သူအိမ်ကနေထွက်ကာ JadeBeautyဆိုင်၏အခြေအနေကို ကိုယ်တိုင်သွားကြည့်ဖို့ကြံရွယ်လိုက်ပေမည့် အိမ်တံခါးကိုအကြိမ်များစွာဖွင့်ကြည့်သော်လဲပွင့်မလာသောကြောင့် ဒေါသတကြီးနှင့်အော်တော့သည်။
"ဘယ်လိုတွေဖြစ်နေတာလဲ? တံခါးက ဘာလို့ဖွင့်လို့မရတာလဲ?"
သူ့ဇနီးလဲ ဆူဆူညံညံအသံကြောင့်နိုးလာခဲ့ကာ အပြင်သို့ထွက်လိုက်ချိန် ရှောင်ပင်း၏ ဒေါသသံကိုကြားလိုက်ရသည်။
"ဘာဖြစ်လို့လဲ? တံခါးကဖွင့်မရဘူးလား? ဘာဖြစ်သွားလို့လဲ?" အမျိုးသမီးရှောင်က ချက်ချင်းတံခါးကိုဖွင့်ကြည့်ဖို့ကြိုးစားလိုက်ပေမယ့် အချည်းအနှီးသာ။
"ဘာဖြစ်သွားတာလဲ?" အမျိုးသမီးရှောင်က စိုးရိမ်စွာမေးလိုက်သည်။
"ငါကဘယ်လိုလုပ်သိမှာလဲ? အာမခံကုမ္ပဏီကိုအခုချက်ချင်းဖုန်းဆက်စမ်း!" ရှောင်ပင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။
အမျိုးသမီးရှောင်လဲ ချက်ချင်းပဲ အာမခံကုမ္ပဏီသို့ဆက်သွယ်လိုက်သည်။ ဟာမိုနီးယက်စ်အိမ်ရာသည် အလယ်အလတ်အဆင့် လူနေမှုနယ်မြေတွင်ပါဝင်သောကြောင့် ဝန်ဆောင်မှုကောင်းသည့် အာမခံကုမ္ပဏီ၏လက်အောက်တွင်ရှိလေသည်။ အထူးသဖြင့် အမျိုးသမီးရှောင်လိုလူမျိုးက ခေါ်ဆိုခြင်းဖြစ်သောကြောင့် အချိန်မဆွဲဘဲ သူတို့လူများကို ချက်ချင်းပို့ပေးကြလေသည်။
ထို့နောက် တစ်ယောက်ယောက်က တံခါးကြားကို ကော်ရည်များလောင်းထည့်သွားပြီး မှုတ်ဆေးများလဲဖြန်းခဲ့ကြောင်း တွေ့ရှိသွားတော့သည်။ တံခါးမှာ လုံးဝပျက်စီးသွားပြီဖြစ်သောကြောင့် ဖြုတ်ပစ်လိုက်ရတော့သည်။
ရှောင်ပင်း၏ဒေါသများသည်တော့ ပေါက်ကွဲမတတ်ဖြစ်နေကာ သူ့ကို ဘယ်သူကများထိုသို့လုပ်လဲဆိုသည်ကို စဉ်းစားလို့မရပေ။ ထို့ကြောင့် အာမခံကုမ္ပဏီအား လုံခြုံရေးကင်မရာများကို စစ်ဆေးခိုင်းသည့်အခါ တိပ်ခွေများသည် ပျက်စီးနှင့်နေပြီဖြစ်သည်။
ရှောင်ပင်း ရူးသွပ်လုလုဖြစ်သွားပေမယ့် တံခါးကိုပြန်တပ်ဖို့တော့ တစ်ယောက်ယောက်ကိုလှမ်းဖုန်းဆက်ခဲ့ပါသေးသည်။
တစ်နာရီလောက်နေတော့ တံခါးပြင်သူရောက်လာခဲ့သည်။ ရှောင်ပင်း အပြင်မထွက်ခင် သူ့ဇနီးကို အိမ်ထဲမှာပဲနေရန် မှာကြားခဲ့ကာ မြေအောက်ကားပါကင်ရှိရာသို့ဆင်းလာခဲ့သည်။ ထိုနေရာကိုရောက်တော့ သူ့ကားသည်လဲ ဖျက်စီးခံထားရသောကြောင့် ဒေါသထွက်လွန်းလို့ သတိလစ်မလိုပင်ဖြစ်သွားရသည်။
Jade Beautyလက်ဝတ်ရတနာဆိုင်၏ဖွင့်ပွဲသည် မနက်၁၀နာရီတွင်စမည်ဖြစ်ကာ စစ်ထူယဲ့စီစဉ်ပေးသည့် အစောင့်၁၀ယောက်သည်လဲ ၉နာရီကတည်းက ကုနင်းထံရောက်ရှိနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပဲ စစ်ထူယဲ့က ကုနင်းကို ဂုဏ်ပြုစကားကိုဖုန်းဆက်ပြောခဲ့သည်။
စစ်ထူယဲ့၏နောက်ခံမြင့်မားသောကြောင့် ဖွင့်ပွဲကိုလူကိုယ်တိုင်မလာရောက်နိုင်ဘဲ ဖုန်းဖြင့်သာ ဆက်သွယ်နိုင်ခဲ့သည်။
လင်ရှောင်းထင်သည်တော့ စစ်ထူယဲ့လဲ ကုနင်းကိုပိုးပန်းနေသည်ဟု အထင်လွဲထားသောကြောင့် အစထဲက စစ်ထူယဲ့ကိုကြည့်မရခဲ့ပေ။ ထို့ကြောင့် စစ်ထူယဲ့ထံမှဖုန်းလာသည်ဟုကြားသည်နှင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ကုနင်းလဲ လင်ရှောင်းထင် စိတ်ထဲဘာတွေတွေးပြီးမပျော်မရွှင်ဖြစ်နေလဲဆိုသည်ကို သေချာသိတာပေါ့။ သူက စစ်ထူယဲ့သူမအတွက်လုပ်ပေးခဲ့သည့်အပေါ် မကျေမနပ်ဖြစ်နေခြင်းပင်။
ကုနင်းဖုန်းချပြီးသည်နှင့် မေးလိုက်သည်။ " ဘာဖြစ်လို့လဲ?"
"မင်း အစောင့်လိုတာဘာလို့ ကိုယ့်ကိုမပြောတာလဲ?" လင်ရှောင်းထင် မကျေမနပ်ဖြင့်မေးလိုက်သည်။
"ရှင်ကအလုပ်များနေတယ်ဆိုတော့ အနှောက်အယှက်မပေးချင်လို့ပါ။" ကုနင်းပြန်ဖြေလိုက်သည်။
တကယ်တော့ ကုနင်းလင်ရှောင်းထင်ကို အကူအညီတောင်းရန် တွေးပင်မတွေးမိခဲ့ပေ။ ထိုအစား စစ်ထူယဲ့လို မြို့တော်Gတွင် အခြေတည်သည့် ဂိုဏ်းတစ်ဂိုဏ်းရှိသူမျိုးက အခုလိုကိစ္စမျိုးကူညီဖို့ပိုပြီးသင့်တော်သည့်သူမဟုတွေးခဲ့ခြင်းဖြစ်သည်။
...............Book 13 Part 194 End.....................
အခန်း ၁၉၅ ဖွင့်ပွဲအခမ်းအနား ၁
အခုတော့ ကုနင်းကို လိမ်ခဲ့မိသည့်အပေါ် လင်ရှောင်းထင် နောင်တရသွားပေမယ့် အလျှော့တော့မပေးပေ။
"ကိုယ်ဒီမှာမရှိဘူးဆိုရင်တောင်, မင်းကိုကူညီပေးနိုင်တယ်။"
မှန်ပါတယ်၊ လင်ရှောင်းထင် မြို့တော်Gသို့လာသည်ဖြစ်စေ မလာခဲ့သည်ဖြစ်စေ ကုနင်းအတွက် လုံခြုံရေးအစောင့်လောက်ကတော့ ဖုန်းလေးတစ်ချက်ဆက်ရုံနှင့် လွယ်လွယ်လေးစီစဉ်ပေးနိုင်ပါသည်။
"နောက် ဘာကိစ္စပဲလိုလို ရှင့်ကိုပဲ အကူညီတောင်းမယ်လို့ ကျွန်မကတိပေးတယ်။ စိတ်မကောင်းမဖြစ်နဲ့တော့။" ကုနင်းနှစ်သိမ့်ပေးလိုက်သည်။
ထိုတော့မှ လင်ရှောင်းထင် ပြန်ပျော်သွားကာ,
"ကောင်းပြီ။"
ဒီကနေ့ဖွင့်ပွဲ၏ အမြင်သာဆုံးထူးခြားချက်သည်တော့ အစိမ်းရောင်ဘုရင်ပဲဖြစ်လေသည်။ ထို့ကြောင့် အစိမ်းရောင်ဘုရင်ကို လူများများကြည့်နိုင်စေရန် ဆိုင်၏အလယ်တွင် နေရာလွတ်ကျယ်ကျယ်ဖြင့် ထားရှိထားကာ ဖန်ပုံးထဲတွင်ထည့် သော့ခတ်ထားကာ အစောင့်များလဲရှိနေစေသည်။
ခနအတွင်းပဲ လူအများအပြားရောက်ရှိလာကြကာ တချို့သည်တော့ လာကြည့်ကြတာဖြစ်ပြီး တချို့ကတော့ ကျိုးကျန်းဟုန်ကို ဂုဏ်ပြုစကားလာရောက်ပြောကြားခြင်းဖြစ်လေသည်။
လင်းရွှယ်နှင့် ကင်မရာသမားလဲ ဧည့်သည်များထဲတွင်မည်သူတွေပါဝင်သလဲသိရအောင် အစောကြီးထဲကရောက်နေခဲ့သည်။
ဆရာကြီးယန်၊ ဆရာကြီးဖူနှင့် ဆရာကြီးပိုင်တို့သည် ကြိုတင်ချိန်းဆိုထားခြင်းဖြစ်သောကြောင့် တချိန်တည်းနီးပါး ရောက်ရှိလာကြသည်။
မြို့တော်G၏မြို့တော်ဝန်ဖြစ်သည့် ယန်ကျန်းလင်သည်လဲ သူ့ဖခင်ဖြစ်သည့် ဆရာကြီးယန်နှင့်အတူရောက်လာကာ ပိုင်လင်းဝေ့သည်လဲ သူ့ဖခင်ဖြစ်သည့် ဆရာကြီးပိုင်နှင့်အတူပါလာခဲ့သည်။
သူတို့လို နောက်ခံမြင့်သည့်လူများရောက်လာသောကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ကျိုးကျန်းဟုတ်သည် မြို့တော်Gမှ ဩဇာလွှမ်းမိုးမှုရှိသည့်လူများနှင့်သိကျွမ်းနေလိမ့်မည်ဟု မည်သူမှမသိထားပေ။
ကုနင်းကတော့ ဒီနေ့သာမာန် ဝယ်သူတစ်ယောက်လိုပုံစံနှင့်သာပွဲတက်ခဲ့ကာ JadeBeautyမှ လူဟူသည့် မည်သည့်ခေါင်းစဉ်ကိုမှမတပ်ခဲ့ပေ။ ဆရာကြီးဖူတို့လဲ သိသောကြောင့် ကုနင်း၏ နောက်ခံအစစ်အမှန်ကို ဖုံးကွယ်ပေးရန် ကျိုးကျန်းဟုန်ထံသာ ဂုဏ်ပြုစကားသွားရောက်ပြောဆိုကြလေသည်။
လင်ရှောင်းထင်သည်တော့ ကုနင်းနောက်မှသာ တစ်ကောက်ကောက်လိုက်နေပြီး သူ့ရဲ့ ထင်ရှားသည့်ပုံစံနှင့် အနားက အေးစက်ကာ ကြောက်လန့်ဖွယ် လေထုကြောင့် လျစ်လျူရှုထားဖို့ဆိုတာအတော်လေးကို ခက်ခဲလေသည်။
ဆရာကြီးပိုင်တို့အားလုံးသည် အတွေ့အကြုံများသည့်လူတွေဖြစ်သောကြောင့် တစ်ချက်ကြည့်ရုံနှင့် လင်ရှောင်းထင်မှာ သာမာန်လူမဟုတ်ကြောင်းသိကြလေသည်။ သို့ပေမည့် သူ့ရဲ့နောက်ခံအဆင့်အတန်းကိုတော့ လုံးဝမသိပေ။ ပြီးတော့ ကုနင်းနှင့်ထိုလူက အတွဲများဖြစ်နေမလားဆိုပြီး အံ့ဩမိပေမယ့် ကုနင်းက အရမ်းငယ်သေးတာကြောင့် မဖြစ်နိုင်ဘူးလို့သာ ယုံကြည်လိုက်ကြသည်။
ကုနင်းက လူကြီးတစ်ယောက်လိုပြုမူပြောဆိုနေသောကြောင့် စောစောစီးစီးတစ်စုံတစ်ယောက်နှင့် ချစ်ကြိုက်မိသွားဖို့ဆိုတာ မဖြစ်နိုင်သည့် ကိစ္စတော့မဟုတ်ပေ။ သို့ပေမယ့် ဘယ်သူမှ ကုနင်းကိုထိုအကြောင်းမမေးကြပါ။ ဒါက သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး သူတို့မှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ ကုနင်းသည် ကျိုးကြောင်းစီလျော်စွာစဉ်းစားဆင်ခြင်တတ်သူဖြစ်မှန်း သူတို့ယုံကြည်ကြသောကြောင့် အကယ်၍ သူမချစ်မိသွားပြီဆိုလျှင်တောင် ထိုလူမှာအမှန်တကယ်ယုံကြည်စိတ်ချရသည့်သူသာဖြစ်ပေလိမ့်မည်။
"အဖိုးဖူ, အဖိုးယန်, အဖိုးပိုင်, မြို့တော်ဝန်ယန်, ဥက္ကဌပိုင် အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်။ ကုနင်းအားလုံးကိုတစ်ခါတည်း နှုတ်ဆက်လိုက်သည်။
"မင်းငါ့ကို မြို့တော်ဝန်ယန်လို့ခေါ်ဖို့မလိုပါဘူး။ ဦးလေးယန်လောက်ဆို အဆင်ပြေပါပြီ။" ယန်ကျန်းလင်ကပြန်ပြောလိုက်သည်။ သူ့ပုံစံမှာ အာဏာရှင်တစ်ယောက်နှင့်မတူလောက်အောင် ကြင်နာတတ်သည့်သဘောရှိလေသည်။ ကုနင်းက သူ့အသက်ကိုကယ်တင်ပေးထားသူဖြစ်သောကြောင့် သူမရှေ့တွင်တော့ အရာရှိတစ်ယောက်လို ဟိတ်ဟန်မထုတ်ချင်ပေ။
"ဦးလေးယန်၊ ကြိုဆိုပါတယ်။" ကုနင်းလဲ ယန်ကျန်းလင်သဘောရှိသည့် အတိုင်းသာ ပြန်ပြင်ခေါ်ပေးလိုက်သည်။
"အိုး၊ ငါ့ကိုလဲ ဥက္ကဌပိုင်လို့ခေါ်ဖို့မလိုဘူး။ ဦးလေးပိုင်လို့သာခေါ်။ ငါတို့က သူစိမ်းတွေမှမဟုတ်ကြတော့ပဲ။" ပိုင်လင်းဝေ့ကလဲ ဝင်ပြောလိုက်သည်။
ပိုင်လင်းဝေ့သည်လဲ ဖော်ရွေသည့်လူတစ်ယောက်ဖြစ်ပြီး အရေးကြီးဆုံးကတော့ သူ ကုနင်း၏စွမ်းရည်ကို အမှန်တကယ်သဘောကျအသိအမှတ်ပြုပြီး သူမနှင့် မိတ်ဆွေဖြစ်ချင်နေသည်ဖြစ်၏။
"ဦးလေးပိုင်ကိုလဲ ကြိုဆိုပါတယ်။" ကုနင်းပြန်ပြင်ပြောလိုက်ပြန်သည်။
ကုနင်းကတော့ ဒီလိုမျိုး အရေးပါသည့် နောက်ခံရှိသည့်လူများနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိရသည်ကိုပိုပြီး သဘောကျရတာပေါ့။
ထိုအချိန်တွင်ပဲ JadeBeautyဆိုင်ရှေ့တွင် အနက်ရောင် Jaguarတစ်စီးထိုးရပ်လာခဲ့ကာ မောင်းသူနေရာတွင်တော့ လီကျန်းယွီ, ဘေးခုံတွင်တော့ ချင်ယီဖန်းရှိပြီး နောက်ခန်းတွင်တော့ လီကျန်းကျန်းပါလေသည်။
ထိုနေရာကလမ်းအကျယ်ကြီးဖြစ်သည့်အပြင် ဆိုင်နှင့်လဲ ၆မီတာလောက်ဝေးနေသေးတာတောင်မှ သူတို့အရင်ဆုံးကုနင်းကို သတိပြုလိုက်မိသည်။
"ကုနင်းကဘာလို့ဒီမှာရှိနေရတာလဲ?" ကုနင်းကိုမြင်သည်နှင့် လီကျန်းကျန်း အမူအရာပင်မထိန်းနိုင်တော့ကာ ထိတ်လန့်ကြောက်ရွံ့သွားလေသည်။
"သူက ပိုင်မိသားစု, ယန်မိသားစု, ဖူမိသားစုတို့နဲ့တောင် သိနေလိုက်သေးတယ်! ပြီးတော့ တော်တော်လဲ ရင်းနှီးကြပုံပဲ။" လီကျန်းယွီလဲ ထိတ်လန့်အံ့ဩမိသွားပေမယ့် ကုနင်းက ထိုဆရာကြီးများနှင့်သိနေသည်ကိုပိုလို့ လန့်သွားမိသည်။
လီကျန်းကျန်းလဲ ထိုအတိုင်းပဲခံစားရ၏။
ကုငန်းက ဆင်းရဲသည့်ကောက်မလေးတစ်ယောက်သာသာဖြစ်ကာ အရမ်းချမ်းသာပြီး ဩဇာအာဏာရှိသည့်လူများနှင့် မိတ်ဆွေဖွဲ့နိုင်လိမ့်မည်မဟုတ်ဟု သူတို့ထင်ထားခဲ့ပေမယ့် အခုတော့ အရမ်းပင်ရင်းနှီးနေကြသေးသည်။ အကယ်၍ လီကျန်းယွီက ထိုဆရာကြီးများကို ဦးစွာသွားရောက်နှုတ်ဆက်မည်ဆိုလျှင်ပင် လျစ်လျူရှုခံရနိုင်သည့် အနေအထားတွင်ရှိသည်။
ချင်ယီဖန်းလဲ ထိုမြင်ကွင်းကြောင့် အံ့ဩမိသွားပေမည့် သူ့အကြည့်ကချက်ချင်းပဲ ကုနင်းဘေးမှ အမျိုးသားထံရွေ့သွားကာ 'ဒီလူကဘယ်သူလဲ?'
ကုနင်းနှင့်ထိုလူက အတွဲတွေလားဆိုတာကို သူမသေချာပေမယ့် လင်ရှောင်းထင်၏ပုံစံကပင် သူ့ကိုခြိမ်းခြောက်မှုတစ်ရပ်ခံစားရစေသည်။ ထိုအမျိုးသားက သူ့ထက်ပိုပြီးချောမောခန့်ညားသည်ကိုလဲ ဝန်ခံမိသည်။ ကုနင်းက ယောက်ျားတစ်ယောက်ကို ပြင်ပပုံပန်းသွင်ပြင်ကို ကြည့်ရွေးတတ်သည့် အလေးအနက်မထားတတ်သည့်မိန်းကလေးတစ်ယောက်မှန်း သူသိထားသည်။ ထို့ကြောင့် ကုနင်းကသာ ထိုလူကိုကြိုက်ရင် သေချာပေါက်ထိုလူမှာ ထူးချွန်သည့်သူပဲဖြစ်ရပေမည်။
လီကျန်းကျန်းက ချင်ယီဖန်းကို ချစ်ပေမယ့် တခြား ကြည့်ကောင်းသည့် ယောကျ်ားတိုင်း အထူးသဖြင့် ဆွဲဆောင်မှုရှိသည့် အဆိုတော်များ မင်းသားများကို သဘောကျတတ်ပေမယ့် ထိုလူတွေမှာ သူမမျက်လုံးထဲတွင်သာရှိပြီး ချင်ယီဖန်းသည်တော့ သူမနှလုံးသားထဲတွင်ရှိလေသည်။
ထို့ကြောင့် လင်ရှောင်းထင်ကို လီကျန်းကျန်းမြင်လိုက်ရသည်နှင့် ချက်ချင်းစိတ်ဝင်စားသွားတော့သည်။ ထိုလူက သူမသဘောကျသည့် အဆိုတော်များထက်ပိုပြီးတောင် ဆွဲဆောင်မှုရှိလေသည်။
တစ်ချိန်တည်းမှာပဲ ကုနင်းကို မနာလိုဖြစ်မိသည်။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးမည်သို့ပင်ဖြစ်ပါစေ၊ သူငယ်ချင်းမျှသာဖြစ်ပါစေ၊ လီကျန်းကျန်းကတော့ ကုနင်းမှာ ထိုလိုခန့်ညားသည့်လူတစ်ယောက်နှင့် အတူယှဉ်ရပ်ဖို့ပင် မတန်ဘူးလို့ယုံကြည်ထားလေသည်။
ချင်ယီဖန်းက ကုနင်းကို လက်လျှော့လိုက်ဖို့ပြင်နေပြီဆိုပေမယ့် လီကျန်းကျန်း၏ မြှောက်ထိုးပင့်ကော်စကားကိုကြားလိုက်ရတော့ ခံစားချက်မကောင်းတော့ပေ။
"အဲ့လူက မိန်းကလေးကုရဲ့ ချစ်သူထင်တယ်။ တော်တော်လေးချောတာပဲ။"
ချင်ယီဖန်း ရင်ထဲနာကျင်သွားပေမယ့် ဘာစကားမှတော့ပြန်မပြောခဲ့ပေ။ ပြီးတော့ လီကျန်းကျန်းတမင်ပြောသည်ဟုလဲ မထင်မိသောကြောင့် သူမကိုလဲ အပြစ်မတင်မိပေ။
ချင်ယီဖန်းကတော့ ကုနင်းသည် Jade Beautyနှင့် ပတ်သတ်မှုတစ်စုံတစ်ရာရှိလောက်သည်ဟု တွေးပေမည့် လီကျန်းယွီနှင့် လီကျန်းကျန်းသည်တော့ ကုနင်းနှင့် ကျိုးကျန်းဟုန် မိတ်ဆွေတွေဖြစ်မှန်းသိနေတာတောင်မှ ဒီနေ့ပွဲတက်ဖို့သက်သက်သာလာခြင်းဖြစ်သည်ဟု တွေးမိကြသည်။
ကုနင်းရှိနေခြင်းကြောင့် ၃ယောက်သား ကားထဲတွင်သာစောင့်နေကြသည်။
"ကောင်မလေးကု, ငါမေးပါရစေဦး။ ဒီလူငယ်လေးက ဘယ်သူများလဲ?" ဆရာကြီးပိုင်က လင်ရှောင်းထင်ကိုကြည့်ကာမေးလိုက်သည်။ လင်ရှောင်းထင်က၏ နောက်ခံကို သူစုံစမ်းမဖော်ထုတ်ချင်ပေမယ့် လျစ်လျူရှုထားလျှင်လဲ မယဉ်ကျေးရာရောက်သောကြောင့်ပင်။
"အိုး, ဟုတ်သားပဲ။ ဒါကျွန်မသူငယ်ချင်း လင်ရှောင်းထင်ပါ။" ကုနင်းချက်ချင်းပဲ မိတ်ဆက်ပေးလိုက်သည်။
လင်ရှောင်းထင်သည်တော့ သူ့ရဲ့စရိုက်အရ မလေးမစားတော့မလုပ်ပေမယ့် ခေါင်းညိတ်ရုံသာညိတ်ပြလေသည်။
ဆရာကြီးပိုင်နှင့် ကျန်လူများလဲ သူ့ကိုပြုံးပြလိုက်ကြသည်။ သူတို့လဲ လင်ရှောင်းထင်က စကားများသည့်လူမဟုတ်မှန်းသတိထားမိသောကြောင့် စိတ်ထဲထားမနေတော့ပေ။
"အစိမ်းရောင်ဘုရင်ကို သွားကြည့်ကြရအောင်! အဖေတို့မြင်ပြီးပေမယ့် ကျွန်တော်ကအခုထိမမြင်ရသေးဘူးလေ။" ပိုင်လင်းဝေ့က အဆိုပြုလိုက်သည်။ ကျောက်စိမ်းအပေါ်ကိုသိပြီးစိတ်မဝင်စားပေမယ့် အစိမ်းရောင်ဘုရင်သည်တော့ အလွန်တန်ဖိုးရှိသောကြောင့် ဓါတ်ပုံတစ်ပုံလောက်တော့ ရိုက်သွားမှဖြစ်မည်လေ။