← Chapters

အခန်း (၂၀၆-၂၁၀)

Vol. 14 Ch. 206-210

အခန်း (၂၀၆-၂၁၀)

Vol. 14 Ch. 206-210

အခန်း ၂၀၆ နယ်မြေချဲ့ထွင်ခြင်း ၂

ကုနင်းနှင့် လင်ရှောင်းထင် အချင်းချင်းတွေ့ဆုံးကြတော့ စိတ်လှုပ်ရှားနေကြစဲဖြစ်သောကြောင့် လင်ရှောင်းထင်ဘက်ကစပြီး စကားစတစ်ခုရှာပြောလိုက်သည်၊

"ဘဏ်ဘက်က ငွေသားထုတ်ပေးဖို့အဆင်သင့်ပဲ။ မင်းသွားတာနဲ့ တန်းလုပ်ပေးလိမ့်မယ်။ လုံခြုံရေးနဲ့ အစိုးရဘက်က ဝန်ထမ်းတွေကတော့ ၁၀နာရီခွဲလောက်ရောက်ကြလိမ့်မယ်။"

"ကျေးဇူးပါ, ကျွန်မကို အများကြီးကူညီပေးခဲ့တာပဲ။" ကုနင်းအမှန်တကယ် လင်ရှောင်းထင် သူမအတွက်လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်နေမိလေသည်။

"ကိုယ့်ကို ကျေးဇူးတင်ဖို့မလိုပါဘူး။" လင်ရှောင်းထင်ပြန်ပြောလိုက်သည်။

"ကျွန်မ ရှင့်အပေါ် ကိစ္စတိုင်းကို အားကိုးနေမှာမကြောက်ဘူးလား?" ကုနင်းနောက်လိုက်တော့ လင်ရှောင်းထင်က

"မင်းဆန္ဒရှိသ၍ ကိုယ်လုပ်ပေးနေနိုင်သ၍ ကိုယ့်ပိုင်ဆိုင်သမျှ အရာရာတိုင်းကို မင်းအတွက်ပေးဖို့ဆန္ဒရှိတယ်။"

"ကောင်းပြီလေ, ရှင်နောင်တမရဖို့မျှော်လင့်ပါတယ်။"

ကုနင်းနှင့်လင်ရှောင်းထင်တို့ လေဆိပ်သို့သွားနေချိန်တွင် လီကျန်းကျန်းနှင့် ဆုကျင်းသည်လဲ ယွမ်ဆန်း,လင်းဝမ်းခုံးတို့နှင့် အခြေအတင်စကားများပြီးနောက် ထားသွားခြင်းခံခဲ့ရသည်။ ပုံပေါင်းများစွာကိုလဲ ရိုက်ယူခြင်းခံခဲ့ရပါသေးသည်။

ကုနင်းနှင့့် လင်ရှောင်းထင်တို့လေဆိပ်သို့ရောက်တော့ လေယာဉ်ကလဲ မိနစ်ပိုင်းအတွင်း ဆိုက်ရောက်တော့မည်ဖြစ်သည်။ ကုနင်းက လင်ရှောင်းထင်ကို ကားထဲတွင်ပင်စောင့်ခိုင်းခဲ့ကာ အန်းကွမ်းယောင်နှင့် တခြားလူများကို သွားကြိုခဲ့သည်။

အန်းကွမ်းယောက်တို့ မြို့တော်Gလေဆိပ်သို့ မကြာခင်တွင်ရောက်ရှိလာခဲ့သည်။ အန်းကွမ်းယောင်နှင့် ရှေ့နေလီကျီဝမ်တို့က လင်ရှောင်းထင်ကားနှင့်လိုက်ကြကာ ကျန်လူများကတော့ ဗင်ကားတစ်စီးငှားလိုက်ကြသည်။

အန်းကွမ်းယောင်ရော လီကျီဝမ်ပါ လင်ရှောင်းထင်၏ ထက်မြတ်ကာ အေးစက်သည့်အငွေ့အသက်များကြောင့် အံ့ဩမိသွားကြသည်။

ကုနင်းက အန်းကွမ်းယောင်နှင့် မြေဝယ်မည့်ကိစ္စအသေးစိတ်ကို မဆွေးနွေးခင် လင်ရှောင်းထင်နှင့် အရင်မိတ်ဆက်ပေးလိုက်သေးသည်။

မနက် ၁၀နာရီခွဲ၊ မိနစ်လေးဆယ်ကြာပြီးနောက်, သူတို့ ကျန်းယန်လမ်းသို့ရောက်ရှိလာကြသည်။ ရောင်းချမည့်လူအားလုံးလဲ သူတို့အလာကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့်စောင့်ဆိုင်းနေကြပြီဖြစ်သည်။ ရှန်ဟိုင်းကုမ္ပဏီကပို့ပေးသည့် လုံခြုံရေးအယောက်၂၀သည်လဲ မနက်၁၀နာရီ၁၀မိနစ်ကတည်းက ကျန်းယန်လမ်းသို့ရောက်ရှိနေပြီဖြစ်သည်။ သို့ပေမယ့် သူတို့ရဲ့အလုပ်ရှင်မလာခင်အထိ အထဲသို့မဝင်ကြသေးပေ။

လင်ရှောင်းထင်က ကုနင်းကို လုံခြုံရေးခေါင်းဆောင်၏ဖုန်းနံပါတ်ကို ပေးပြီး သူတို့ရောက်ပြီဖြစ်ကြောင်းဖုန်းဆက်ခိုင်းစေသည်။ သူတို့ကားများနှင့် အထဲသို့မဝင်သွားခင် အချင်းချင်းအရင်တွေ့ကြဖို့လိုသေးသည်လေ။

ကုနင်းတို့အဖွဲ့က Porscheကားတစ်စီးနှင့် ဗင်ကားတစ်စီးဖြင့်ရောက်လာခဲ့သည်။

ကုနင်း လမ်းအဝင်နားကို ရောက်တော့ တင်းပေဝေ့ထံဖုန်းဆက်လိုက်သည်။ တင်းပေဝေ့သည်လဲ သူ့အိမ်နီးချင်းများကို အိမ်ခြံမြေလုပ်ငန်း၏တကယ့်ကိုယ်စားပြုညှိနှိုင်းသူလာမည့်အကြောင်းပြောပြနေချိန်တွင်ပဲ မမျှော်လင့်ထားစွာ ကားလေးစီးကဆိုက်ရောက်လာခဲ့သည်။

ပြီးတော့ ကားအားလုံးမှ လူ၃၀လောက်ဆင်းလာကြသောကြောင့် သူတို့လန့်သွားကြသည်။ ထိုအဖွဲ့တွင် လူပုံစံမျိုးစုံပါဝင်နေတာကြောင့် သူတို့အားလုံးထိတ်လန့်နေကြသည်။ သူတို့ အကြမ်းနည်းသုံးကြမလို့များလား?

တင်းပေဝေ့လဲ အနည်းငယ်လန့်သွားမိသည်။ သူကိုယ်တိုင်က ကုနင်းအကြောင်းသေချာမသိထားဘဲ သူမဘာလို့ ဒီလောက်လူအများကြီးခေါ်လာမှန်းမသိပေ။ သို့ပေမယ့် သူ့စိတ်ကိုသူပြန်ထိန်းကာ အဆုံးထိမတွေးခင် တင်းပေဝေ့တစ်ယောက် အပြုံးကြီးကြီးတစ်ခုပြုံးကာ ကုနင်းထံသွားလိုက်သသည်။

"မိန်းကလေးကု, အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်။"

"တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းတင်း! ဒါက ရှန်းဟွာအိမ်ခြံမြေကုမ္ပဏီရဲ့ ဥက္ကဌ အန်းကွမ်းယောင်ပါ။ သူက ဒီမြေအရောင်းအဝယ်ကိစ္စအတွက် တာဝန်ရှိသူပါ။" ကုနင်း အန်းကွမ်းယောင်နှင့် တင်းပေဝေ့ကို မိတ်ဆက်ပေးလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်, ဥက္ကဌအန်း။" တင်းပေဝေ့ အန်းကွမ်းယောက်ကို နှုတ်ဆက်လိုက်ကာ လက်ကိုဆန့်တန်းပေးလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းတင်း" အန်းကွမ်းယောက်က ပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင် နောက်ထပ် ကိုယ်ပိုင်ကားသုံးစီးဝင်လာပြန်လေသည်။ ကျန်းယန်လမ်းတွင် နေထိုင်သူများလဲ ပိုလို့ပင် စိတ်မတည်မငြိမ်ဖြစ်လာကြပေမယ့် ကုနင်းကတော့ အစိုးရဘက်မှလာသည့် ဝန်ထမ်းများဖြစ်မှန်း တန်းသိလိုက်သည်။

ထိုကားသုံးစီးသည် ဗင်ကားများ၏နောက်တွင်ရပ်လိုက်ကြသည်။

တင်းပေဝေ့လဲ ကားထဲထွက်လာသည့်လူများကို မြင်လိုက်တော့ ထိတ်လန့်အံ့ဩသွားရပြန်သည်။ ရှေ့ဆုံးမှလူများသည် အိုးအိမ်ဦးစီးဌာန နှင့် မြေစာရင်းဌာနမှ အတွင်းရေးမှူးများဖြစ်လေသည်။

အတွင်းရေးမှူးနှစ်ယောက်သည် အိုးအိမ်ဦးစီးဌာန နှင့် မြေစာရင်းဌာန၏ ဒါရိုက်တာနှစ်ယောက်ကိုယ်စားရောက်ရှိလာကြခြင်းဖြစ်ပြီး ကျန်လူများသည်တော့ သူတို့၏လက်ထောက်များဖြစ်လေသည်။

တင်းပေဝေ့ချက်ချင်းသွားပြီးနှုတ်ဆက်လိုက်ပြန်သည်၊

"တွေ့ရတာဝမ်းသာပါတယ်၊ အတွင်းရေးမှူးချန်း နဲ့ အတွင်းရေးမှူးကော"

တင်းပေဝေ့ကိုတွေ့တော့ ထိုလူနှစ်ယောက်က ခေါင်းညိတ်အသိအမှတ်ပြုလိုက်ပေမယ့် ရင်းနှီးမှုရှိပုံပေါ်ပြီး စိတ်ကြီးဝင်မာနထောင်လွှားနေသည့် အရိပ်အယောင်မပေါ်ပေ။

သူတို့နှစ်ယောက်သည် သတင်းထုတ်ပြန်ရေးတွင် မကြာခနပါလေ့ရှိတာကြောင့် ကျန်းယန်လမ်းတွင်နေ့သည့် လူအများစုသည် သူတို့မျက်နှာကို ရင်းနှီးနေပြီးသားဖြစ်လေသည်။

"အဲ့ဒါသူပဲ။"

"ဟုတ်တယ်၊ ငါသူ့ကို တီဗီထဲမှာမြင်ဖူးတယ်။"

"သူတို့က အိုးအိမ်ဦးစီးဌာန နဲ့ မြေစာရင်းဌာနက အတွင်းရေးမှူးတွေမဟုတ်လား။ ဘုရားရေ, သူတို့က ကိုယ်တိုင်တောင်လာကြတယ်လား။"

"ကြည့်ရတာ သူတို့ ဒီမြေအရောင်းအဝယ်ကိစ္စကြောင့် လာကြတာထင်တယ်။"

.............

အန်းကွမ်းယောင်နှင့် ကုနင်းတို့လဲ အံ့အားသင့်နေကြလေသည်။ ဒီလိုအရေးကြီးပုဂ္ဂိုလ်များကိုယ်တိုင် ရောက်လာကြလိမ့်မည်ဟု သူတို့ထင်မထားခဲ့ပေ။

ကုနင်းလဲ အစိုးရဘက်မှ မည်သူတွေကိုပို့လိုက်မည်ဟုမသိထားသောကြောင့် အန်းကွမ်းယောက်ကို အစိုးရဘက်မှ ကူညီပေးမည့်သူများလဲ ရောက်လာမည်ဟုသာ ပြောထားလေသည်။ ကုနင်းလဲ အိုးအိမ်ဦးစီးဌာန နှင့် မြေစာရင်းဌာန၏ အတွင်းရေးမှူးများကိုယ်တိုင်ရောက်လာခြင်းကြောင့် အံ့ဩသွားသည်။ ဒီနေရာကို ရုံးအုပ်အဆင့်တစ်ယောက်ယောက်လောက်သာလွှတ်လိုက်မည်လို့ သူမအစကထင်ထားခဲ့ခြင်းဖြစ်သည်။

ကုနင်း အတွင်းရေးမှူးများကို ကြိုဆိုရန် အန်းကွမ်းယောင်ကို အကြည့်တစ်ချက်ဖြင့် သတိပေးလိုက်သည်။ ဒီနေရာတွင် သူကအဓိကတာဝန်ရှိသူဖြစ်တာကြောင့် အန်းကွမ်းယောင်လဲ ချက်ချင်းပဲ ထိုအတွင်းရေးမှူးနှစ်ယောက်ထံလျှောက်သွားလိုက်သည်။

"အခုလိုမျိုးတွေ့ဆုံရတဲ့အတွက် ဝမ်းသာပါတယ်၊ အတွင်းရေးမှူးချန်း နဲ့ အတွင်းရေးမှူးကော! ကျွန်တော်က ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ဥက္ကဌ အန်းကွမ်းယောင်ပါ။" အန်းကွမ်းယောက်က သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်။" အတွင်းရေးမှူးချန်းက ယဉ်ယဉ်ကျေးကျေးပြန်နှုတ်ဆက်လိုက်သည်။

အိုးအိမ်ဦးစီးဌာန၏ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ဒါရိုက်တာထက်ပိုရာထူးမြင့်သည့် ပုဂ္ဂိုလ်က ဒီမြေရောင်းဝယ်သည့်အရေးကို စီမံရန် အမိန့်ပေးခဲ့ခြင်းသိထားလေသည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်၌ အစိုးရဘက်မှ ထောက်ခံမှုကြီးတစ်ခုရှိနေသောကြောင့် သူ့ဘက်က ယဉ်ကျေးမှုရှိစွာနှင့် ဂရုတစိုက်ရှိဖို့လိုလေသည်။

သူလဲပဲ ဒီအရောင်းအဝယ်ကိစ္စသည် မြို့သစ်တစ်ခုဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် အကူအညီကြီးတစ်ရပ်ဖြစ်ကြောင်းသိထားပြီး ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းရဲ့ အပြုအမူများကို ဒီနေရာတွင်နေထိုင်သည့် မြို့သူမြို့သားများက မကျေမနပ်ဖြစ်နေခဲ့ကြပေသည်။ သို့ပေမယ့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်ကသာ ဒီမြေနေရာကို သင့်တော်သည့်ဈေးတစ်ခုပေးခဲ့သောကြောင့် မြို့သူမြို့သားများလဲ သေချာပေါက် သဘောတူကြပေသည်။ ယခုသူတို့လုပ်စရာဟူ၍ ကိစ္စများကို အပြီးသတ်ပေးရုံသာ။

ထို့နောက် သူတိုစတင်ပြီး လက်မှတ်ရေးထိုးသည့်ကိစ္စကိုဆောင်ရွက်ကြလေသည်။

မြို့သူမြို့သားများကို အိမ်နံပါတ်အလိုက် အဖွဲ့သုံးဖွဲ့ခွဲလိုက်သည်။ အစမှာတော့ ပရမ်းပတာဖြစ်နေခဲ့ပေမယ့် လုံခြုံရေးများ၏အကူအညီကြောင့် မကြာခင်တွင်ပဲ အစီစဉ်တကျဖြစ်သွားလေသည်။

ငွေကြေးကိစ္စသည်တော့ နေထိုင်ရာမြေရောအကျယ်အဝန်းအလိုက်ပေးချေခဲ့သည်။

..............Book 14 Part 206end....................

အခန်း ၂၀၇ နယ်မြေချဲ့ထွက်ခြင်း ၃

အိုးအိမ်ဦးစီးဌာဘက်မှလဲ သူတို့ဘက်မှယူလာသည့် အချက်အလက်များနှင့် သူတို့ဘက်မှ အချက်အလက်များကို စစ်ဆေးလေသည်။

အုတ်မြစ်ချအတွက်က ယွမ်၂သောင်းကျပြီး အဆောက်အဦးအတွက်ကတော့ စတုရန်း၁မီတာကို ယွမ်၁သောင်းကျမည်ဖြစ်သည်။ ကိုယ်ပိုင်အိမ်များတွင်တော့ အုတ်မြစ်ချစရိတ်သီးသန့်ရှိပြီးဖြစ်ပေမယ့် အထပ်မြင့်အဆောက်အဦးများအတွက်ကိုတော့ အစိုးရထံမှသီးသန့် ပြန်ဝယ်ယူရမည်ဖြစ်သည်။

အစမှာတော့ လူတိုင်းကို ငွေသားပေးရလိမ့်မည်ဟုတွေးထားခဲ့ပေမယ့် အခုတော့ အားလုံးက ငွေလွှဲပေးမှုကို သဘောတူကြလေသည်။ တခါတည်းနှင့် ယွမ်သန်းပေါင်းများစွာကို သယ်ယူဖို့ရန်က လုံခြုံမှုမရှိပေ။ တချို့လူများကတော့ အိမ်ချင်းအလဲအထပ်လုပ်ချင်ကြလေသည်။

ဒီနယ်မြေတွင် အိမ်ဈေးနှုန်းမှာ ၁စတုရန်းမီတာကို ယွမ်၈ထောင်ရှိပြီး သူတို့ဘက်ကသာ ငွေအစားအိမ်တစ်လုံးလိုချင်သည်ဆိုလျှင် ပုံမှန် အိမ်ဈေး၏၂၀ရာခိုင်နှုန်းလျှော့ဈေးရမည်ဖြစ်သည်။ ၂၀ရာခိုင်းနှုန်းဆိုသည်မှာ အလွန်များပြားသည့်ငွေပမာဏဖြစ်တာကြောင့် တော်တော်များများက အိမ်ကို အစားလိုချင်ကြသည်။ တချို့သည်တော့ အိမ်မြေနေရာတစ်ပိုင်းကို အိမ်နှင့်လဲချင်ကာ ကျန်တဲ့အပိုင်းကိုတော့ ငွေနှင့်လဲချင်ကြသည်။

အိမ်ပိုင်ရှင်တိုင်းကို အရင်ဆုံးစာချုပ်ဖတ်ရအောင် တစ်စောင်စီပေးထားပြီး အကယ်၍ မေးစရာရှိက မေးနိုင်ပေသည်။ မရှိလျှင်တော့ ချက်ချင်း လက်မှတ်ထိုးကာ အလဲအလှယ်လုပ်နိုင်ပြီဖြစ်သည်။

စာချုပ်တိုင်းကို မိတ္တူနှစ်စောင်စီထုတ်ထားပြီး အန်းကွမ်းယောင်နှင့် တခြားဝန်ထမ်းတွေအားလုံး ထိုထောင်နှင့်ချီသည့် စာချုပ်မိတ္တူများကို အချိန်အတော်ကြာပေးပြီး ပြင်ဆင်ခဲ့ကြရသည်။ ဒါကြောင့် ဒီနေ့တွင် စာချုပ်စာတမ်းကိစ္စတစ်မျိုးကိုသာ အပြီးသတ်နိုင်ခဲ့သည်။

ကုနင်းတို့ဘက်က စာချုပ်လက်မှတ်ထိုးသည့်ကိစ္စများနှင့်အလုပ်ရှုပ်နေချိန် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်ကလဲ ကျန်းယန်လမ်း မြေအရောင်းအဝယ်လုပ်ခွင့်ကို မြို့တော်F၏ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ ရသွားသည့်သတင်းကို ကြားခဲ့ရသည်။ ဟုန်ယွမ်အိမ်ခြံမြေကုမ္ပဏီဥက္ကဌဖြစ်သည့် ဖန်ချန်းရှန်သည်တော့ ထိတ်လန့်အံ့ဩသွားကာ ထိုသတင်းအသေးစိတ်အခြေအနေကို ချက်ချင်းမေးမြန်းတော့သည်။

မြေစာရင်းဌာန၏ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ခေါင်းဆောင်နှင့် ဖန်ချန်းရှန်က ရင်းနှီးသူများဖြစ်တာကြောင့် ခေါင်းဆောင်က ထိုသတင်းကို ကြားသည်နှင့်ချက်ချင်း ဖန်းချန်းရှန်ကို လှမ်းပြောခဲ့ခြင်းဖြစ်သည်။ သို့ပေမယ့်၊ ခေါင်းဆောင်လဲ အသေးစိတ်အချက်အလက်အထိတော့မသိသေးသလို ဖြစ်သွားတာတွေကလဲ အရမ်းမြန်လွန်းလှသည်။ သူတို့မနေ့ကမှ ထိုအကြောင်းကြားခဲ့ခြင်းဖြစ်ပေမယ့် တစ်ရက်တည်းနှင့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်မှ ခွင့်ပြုချက်ရသွားခဲ့ပေသည်။

ဖန်ချန်းရန်အများကြီးထပ်မေးမနေတော့ဘဲ ဒုတိယဒါရိုက်တာဖြစ်သည့် လျှိုရှီခွန်းကို ဖုန်းဆက်လိုက်သည်။

လျှိုရှီခွန်းသည်လဲ ဘာမှမသိထားဘဲ ဖန်ချန်းရှန်သာ ဖုန်းမခေါ်လျှင် သိတောင်သိမည်မဟုတ်ပေ။ ပြီးတော့ လျှိုရှီခွန်းက မြေစာရင်းဌာ ဒုတိယဒါရိုက်တာထံဖုန်းဆက်လိုက်ပြန်သည်။

မြေစာရင်းဌာန၏ ဒုတိယဒါရိုက်တာကတော့ အစိုးရဘက်မှခွင့်ပြုမိန့်ရရှိပြီးဖြစ်တာကြောင့် မြေအရောင်းအဝယ်ကိစ္စကို ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်းပြန်ပြောခဲ့သည်။

လျှိုရှိခွန်းလဲ ဘာတွေဖြစ်ပျက်နေမှန်းနားမလည်နိုင်တော့သလို မြို့တော်Fမှ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက မြို့တော်Gအစိုးရအဖွဲ့ကို မည်သို့သိနေလဲဆိုသည်ကိုလဲ မခန့်မှန်းတတ်တော့ပေ။ လျှိုရှိခွန်းက တစ်ဖန် ဖန်ချန်းရှန်ကို ဖုန်းပြန်ဆက်ကာ ဒေါသတကြီးမေးလိုက်သည်၊

"မင်း မြေအရောင်းအဝယ်ခွင့်ပြုမိန့်ကို လျှောက်နေတာ ရက်တွေဒီလောက်ကြာနေခဲ့တာတောင် ဘယ်လိုလုပ်မအောင်မြင်ခဲ့ရတာလဲ?"

ဖန်ချန်းရှန်ဘက်ကလဲ မကျေမနပ်ပြန်ပြောလိုက်သည်,

"အဲ့ဒီ့ မြို့သူမြို့သားတွေက ငါတို့ပေးတဲ့ ငွေကို မလုံလောက်ဘူးလို့ထင်နေကြတာလေ။ ဒီတော့ သူတို့ဘက်က မြေကို ရောင်းဖို့သဘောမတူကြတာ။"

"ဒီလိုဆိုလဲ ငွေကိုပိုပေးလိုက်ပါလား။ ဘယ်လိုပဲဖြစ်ဖြစ် အမြတ်ရမယ့် ကိစ္စပဲကို ။ အခုတော့ ကျန်းယန်လမ်းက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအပိုင်ဖြစ်သွားပြီ။ မင်းအဲ့မြေကို လိုချင်နေသေးရန် အခုပဲ သွားပြန်ဆွဲယူခဲ့။" လျှိုရှီခွန်း ပေါက်ကွဲနေတော့သည်။

သူနှင့် ဖန်ချန်းရှန်က အပေးအယူလုပ်ထားပြီး ထိုနေရမှတစ်ဆင့် ငွေအများကြီးရအောင်ရှာဖို့ စီစဉ်ထားကြခြင်းဖြစ်တာကြောင့် အခုလို ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်က ရှုံးသွားသည့် အတွက် အလွန်အမင်း ဒေါသထွက်နေမိသည်။ သူတို့ဘက်မှ ဈေးနှိမ်ပေးကာ ငွေအများကြီးမြတ်အောင်လုပ်ဖို့ စိတ်ကူးခဲ့ကြပေမယ့် တကယ်တမ်းပုံမှန်ဈေးနှုန်းနှင့် ဝယ်ခဲ့မည်ဆိုလျှင်ပင် အမြတ်ငွေအများအပြားရရှိနေဦးမည်ဖြစ်သည်။ ဘယ်သူမှ ငွေဝင်မည့်အခွင့်အရေးမျိုးကို လက်လွှတ်ခံချင်ကြမည်မဟုတ်ပေ။ ဒါကြောင့် သေချာပေါက် အပေးအယူလုပ်မည့်ငွေပမာဏကို မြှင့်ပြီးပေးလိုက်တာပဲဖြစ်ရမည်။

သူတို့ထပ်ပြီး အံ့ဩသွားရသည်က ရှန်းဟွာလုပ်ငန်းဘက်က ကျန်းယန်လမ်းမှ မြို့သူမြို့သားများနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကာ ဒီကနေ့ပဲ စာချုပ်ချုပ်ဆိုကြခြင်းဖြစ်နေသည်။ ဖန်ချန်းရှန်သည်တော့ မြို့တော်Gအစိုးရဘက်မှ ရှန်းဟွာလုပ်ငန်းဘက်ကို အထောက်အပံ့ပေးခဲ့တာကြောင့် ထိတ်လန့်အံ့ဩနေခဲ့သည်။

သို့ပေမယ့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးငွေယွမ်သန်း၇၀၀လောက်ပဲရှိပြီး လုပ်လက်စပရောဂျက်လဲရှိနေတာကြောင့် ရင်းနှီးငွေတွင် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းကိုမယှဉ်နိုင်ပေ။

"ငါအဲ့ကို အခုပဲ လူတွေပို့လိုက်မယ်." ထိုအရောင်းအဝယ်ကိစ္စမ မည်မျှတောင် အကျိုးအမြတ်ရမည်ကို ဖန်ချင်းရှန်သိထားပြီးဖြစ်တာကြောင့် လွယ်လွယ်လွှတ်မပေးနိုင်ပေ။

နေ့လည်စာစားချိန်တွင်တော့ ကုနင်းက အနီးနားမှ စားသောက်ဆိုင်ကနေ ဝန်ထမ်းများအတွက် နေ့လည်စာထမင်းဘူးများကို မှာယူခဲ့သည်။ နံပါတ်စဉ်နောက်ရောက်သည့် မြို့သူမြို့သားများသည်တော့ စာချုပ်ချုပ်ဖို့လိုသေးတာကြောင့် အိမ်ပြန်ကာ ထမင်းစားကြလေသည်။

သို့မေပယ့် ထိုအချိန်တွင်ပဲ ကိုယ်ပိုင်ကားသုံးစီး တစ်စီးပြီးတစ်စီးဝင်လာခြင်းက အားလုံးရဲ့အာရုံများကို ဖမ်းစားသွားခဲ့သည်။

ကားထဲမှလူများအပြင်ကို ထွက်လာသည်ကို မြင်သည်နှင့် မြို့သူမြို့သားများ၏ အမူအရာများချက်ချင်းပြောင်းလဲကုန်ကြသည်။ ထိုလူများကို ဖန်ချန်းရှန်၏အတွင်းရေးမှူးဖြစ်သည့် စွန်းခိုင်က ဦးဆောင်လာခဲ့သည်။

သူ့နောက်တွင်တော့ ဒီနယ်မြေခေါင်းဆောင်ဖြစ်သည့် ကျန်းကွမ်းသယ်လိုက်လာခဲ့သည်။

ကျန်းကွမ်းသယ်ကို မြင်သည်နှင့် အခုထပ်ရောက်လာသည့်လူများမှာ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်မှလူများဖြစ်မှန်း ကုနင်းတန်းသိလိုက်သည်။ သူတို့နှင့် ယှဉ်ပြိုင်ဖို့လာကြတာပဲဖြစ်ရမယ်။

ဘယ်စီးပွားရေးသမားမှ အပေးအယူတည့်ခါနီးနောက်ဆုံးအချိန်လေးတွင် တခြားတစ်ယောက်ဖြတ်ယူသွားခြင်းမျိုးကို သည်းမခံနိုင်ကြပေ။ သိုပေမယ့် သူတို့အခုလိုရောက်လာတာကတော့ အဓိပ္ပါယ်မရှိတော့ပါ။ ဘာလို့ဆို ကျန်းယန်လမ်းသည် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအပိုင်ဖြစ်နေခဲ့ပေပြီ။

ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်က အပေးအယူတည့်ခါနီးအထိလုပ်ပြီးနေပြီဆိုပေမယ့် တကယ်အပေးအယူတည့်သွားသည်မှမဟုတ်သေးဘဲ။ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းနှင့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကြားမှ ပြိုင်ဆိုင်မှုသည် သာမာန်သာဖြစ်ပေသည်။

အကယ်၍ ဟုန်ယွမ်ဘက်ကသာ အပေးအယူအပြီးအစီးလုပ်ပြီးသားဆိုလျှင် ကုနင်းလဲ ဖြတ်ယူမည်မဟုတ်သလို ဥပဒေကြောင်းအရလဲ မကိုက်ညီပေ။

"သူတို့က ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်ကပဲ! ဒီကိုဘာလို့ ရောက်လာကြတာလဲ?"

"သူတို့မြေနေရာအတွက် ယှဉ်ပြိုင်ချင်ကြလို့လား?"

"အဲ့လိုဖြစ်မှာစိုးရတယ်.."

အားလုံးလဲ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းအကြောင်း မုန်းတီးမှုအပြည့်ဖြင့် ခန့်မှန်းနေကြသည်။ ဟုန်ယွမ်ဘက်က သူတို့မြေကို ဈေးနှိမ်ပြီးဝယ်ဖို့လုပ်ခဲ့တာကြောင့် သူတို့အပေါ်အမြင်မကြည်ပေ။

ဟုတ်ယွမ်ဘက်က လူများလဲ သူတို့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ ဒီလောက် မြို့သူမြို့သားအများကြီကို စာချုပ်မှာလက်မှတ်ထိုးပြီးစေသည်အထိ ရှန်းဟွာလုပ်ငန်းဘက်က စွမ်းဆောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

"မင်း-မင်းတို့ဘာတွေလုပ်နေကြတာလဲ? ဘယ်လိုလုပ် ချက်ချင်းကြီး စာချုပ်မှာလက်မှတ်ထိုးနေကြတာလဲ? " ကျန်းကွမ်းသယ်လဲ စိတ်တိုသွားခဲ့သည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်ကသာ ဒီပြိုင်ပွဲတွင် အနိုင်ရသွားမည်ဆိုလျှင် သူသည်လဲ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်က မည်သည့်အကျိုးအမြတ်မှ ရရှိမည်မဟုတ်ပေ။

ကျန်းကွမ်းသယ်လဲ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်ကို ဈေးအရမ်းနှိမ်ပေးတာကြောင့် အနည်းငယ် အပြစ်တင်မိသည်။ သူတို့ဘက်ကသာ သင့်တော်သည့် ဈေးပေးခဲ့လျှင် မြို့သူမြို့သားများလဲ သဘောမတူစရာအကြောင်းမရှိပေ။ ဒီလိုသာဆို သူလဲပဲ အကျိုးအမြတ်အနည်းငယ်မျှရနိုင်ပေမယ့် အခုတော့ အားလုံးအလဟသဖြစ်သွားခဲ့ပြီ။

"ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်က ငါတို့ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့မပေးခဲ့ပေမယ့် တခြားကုမ္ပဏီကတော့ ပေးခဲ့တယ်။" တင်းပေဝေ့ကတော့ ကျန်းကွမ်းသယ်ဒေါသထွက်နေသည်ကို မြင်ရ၍ ပျော်ရွှင်နေလေသည်။

"ဟုတ်တယ်၊ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက မင်းတို့ထက်ပိုပြီးဈေးမြင့်မြင့်ပေးတယ်။ အရူးပဲ မင်းတို့ ဟုတ်ယွမ်ဘက်ကို ရောင်းလိမ့်မယ်။" တခြား မြို့သားတစ်ယောက်ကလဲ ထောက်ခံလိုက်သည်။

..............Book 14 Part 207end....................

အခန်း ၂၀၈ သူတို့အရှုံးမပေးဘူး

"ငါတို့ဆွေးနွေးကြည့်ကြရအောင်!" နောက်ကျနေပြီမှန်းသိနေပေမယ့်လဲ စွန်းခိုင်ပြောလိုက်မိသည်။

"အဓိပ္ပါယ်မရှိလိုက်တာ! ငါတို့ရက်ပေါင်းများစွာကန့်ကွက်ခဲ့တာတောင် မင်းတို့ဘက်က ဈေးမြှင့်ပေးခဲ့လို့လား? တခြားအိမ်ခြံမြေကုမ္ပဏီတွေက မင်းတို့မှာ အစိုးရဘက်နဲ့ အဆက်အသွယ်ရှိနေလို့ မပြိုင်ရဲတာနဲ့ပဲ ဒီမြေကို လွယ်လွယ်လိုချင်နေတာလေ။ အခုရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်က ငါတို့ကို သင့်တော်တဲ့ဈေးနဲ့ ပေးဝယ်တော့မှ မင်းတို့က ငါတို့နဲ့ထပ်ပြီး ညှိနှိုင်းနေချင်တယ်ပေါ့? မဖြစ်နိုင်တာတွေမပြောနဲ့!"

"သူတို့က အမြတ်ထုတ်ဖို့ပဲလုပ်နေတာ။"

"ဟုတ်တယ်!"

စွန်းခိုင်လဲ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်တွင် အစိုးရထောက်ပံ့မှုရှိနေမှန်းသိတာကြောင့် အချိန်ကုန်ခံပြီး စကားမများနေချင်၍ ထွက်သွားကြတော့သည်။

ရှန်းဟွာဘက်ကသာ မြို့သူမြို့သားများနှင့် စာချုပ်မချုပ်ရသေးဘူးဆိုလျှင် သူတို့ယှဉ်ပြိုင်လို့ရဦးမှာပေမယ့် အခုတော့ နောက်ကျသွားခဲ့ပေပြီ။

အခုချိန်တွင်တော့ ဟုန်ယွမ်ဘက်မှလူတွေနောက်ဆုတ်သွားသည်ဆိုပေမယ့် သူတို့လွယ်လွယ်လက်လျှော့မှာတော့ မဟုတ်မှန်း ကုနင်းသိလေသည်။ သူတို့က လူပုံအလယ်မှာ ပြဿနာမဖြစ်ရဲပေမယ့် ကွယ်ရာမှာတော့ သူမတို့ကို ထိခိုက်အောင်လုပ်ပေလိမ့်မည်။

ကုနင်း သူတို့ပြန်လာကြမယ်မှန်းသေချာသိနေပေမယ့် မကြောက်ပါဘူး။ သူမက အပေါ်ယံလောက်ပဲ သန်မာသည့်မိန်းကလေးမျိုးမှ မဟုတ်ဘဲ။

ဟုတ်ယွမ်ဘက်မှလူများ ဒီလောက်မြန်မြန်ထွက်သွားကြလိမ့်မယ်လို့ ဘယ်သူမှလဲ မထင်ထားခဲ့တာကြောင့် သူတို့နောက်မှပြန်လာပြီး ပြဿနာလာရှာကြမှာဖြစ်လောက်တယ်လို့ တွေးလိုက်မိကြသည်။

စွန်းခိုင်က ကားထဲရောက်သည်နှင့် ဖန်ချန်းရှန်ထံ ဖုန်းခေါ်လိုက်ကာ,

"ဘော့စ်, ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်က မြို့သူမြို့သားတွေနဲ့ စာချုပ်မှာလက်မှတ်တောင် ထိုးပြီးနေကြပြီ။"

"ဘာ? ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ?" ဖန်ချန်းရှန် ဒေါသတကြီး ထိုင်ခုံမှထရပ်လိုက်မိကာ သူ့နားသူပင်မယုံနိုင်ခဲ့ပေ။ ရှန်းဟွာဘက်က အပေးအယူတည့်သွားတာ လျှပ်စီးပစ်သလိုတောင် မြန်လှချည်လား! သတို့မနေ့ကအထိတောင် မြေနေရာဝယ်ယူခွင့်မရသေးပေမယ့် ဒီမနက်ရောက်တာနဲ့ မြို့သူမြို့သားတွေအားလုံးကို စည်းရုံးသိမ်းသွင်းနိုင်သွားပြီတဲ့လား။

"ကျွန်တော် အသေးစိတ်ကိုတော့ မသိသေးပေမယ့် သူတို့တကယ်လက်မှတ်ထိုးထားပြီးနေပြီဆိုတော့ ကျွန်တော်လဲ ထွက်လာခဲ့လိုက်တယ်။" ဒီတစ်ကြိမ်တွင်တော့ ဟုန်ယွမ်ဘက်မှ အမြောက်အမြားဆုံးရှုံးခဲ့ရပြီပဲ။

"ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း! သူတို့ကများ ငါ့ကိုဆန့်ကျင်ရဲတယ်! မင်းတို့ ပြန်ပေးဆပ်ရအောင်လုပ်ပြမယ်!!" ဖန်ချန်းရှန် ဒေါသများပေါက်ကွဲထွက်နေကာ ရှန်းဟွာလုပ်ငန်းကို သေလောက်အောင်ပင်မုန်းတီးနေပြီး လွယ်လွယ်နှင့် အလျှော့မပေးနိုင်ပေ။ ဖန်ချန်းရှန်ဘက်က ထိုမြေနေရာကို မရခဲ့ဘူးဆိုမှတော့ ရှန်းဟွာဘက်ကလဲ မရစေရဘူး။

လီကျန်းကျန်းနှင့် ဆုကျင်းသည်တော့ နေ့လည်၂နာရီလောက်မှပြန်နိုးလာခဲ့ကာ ယွမ်ဆန်းနှင့် လင်းဝမ်ခုံးက သူမတို့အတွက် နေ့လည်စာအဆင့်သင့်ပြင်ပေးထားလေသည်။ ယွမ်ဆန်းနှင့် လင်းဝမ်ခုံးမှာ သူမတို့နှင့် ချစ်တင်းနှောချင်တာတစ်မျိုးတည်းရှိပြီး အိပ်ရာပေါ်ရှိသည့်အချိန်ကလွဲလို့ နှိပ်စက်ဖို့ ရည်ရွယ်ချက်မရှိပေ။

"အရင်ဆုံး နေ့လည်စာစားလိုက်ဦး။ ပြီးတော့ ငါတို့မပြန်ခင် ရေလဲချိုးသွားလိုက်။" ယွမ်ဆန်းက ပြောလိုက်သည်။

လီကျန်းကျန်းနှင့် ဆုကျင်းကတော့ သူတို့ကို တစ်ချက်ကြည့်ရုံသာကြည့်ပြီး ဘာမှတော့ ပြန်ခံမပြောရဲသလို ပြန်လုပ်နိုင်စွမ်းလဲမရှိချေ။ ဒါကြောင့် သူတို့ပြောသမျှစကားအတိုင်းသာ လိုက်နာခဲ့ရသည်။ ပြီးသွားတော့ သူတို့ကို လင်းဝမ်ခုံးနှင့် ယွမ်ဆန်းတို့က အိမ်ပြန်ပို့ပေးခဲ့ကြသည်။

လမ်းရောက်တော့ လင်းဝမ်ခုံးက သူတို့ကို သတိထပ်ပေးလိုက်ပြန်သည်,

"မင်းတို့နှစ်ယောက်လုံး ဒီကိစ္စတွေကို နှုတ်ပိတ်ထား မဟုတ်ရင် ခံရမယ့်သူက မင်းတို့ပဲဖြစ်နေလိမ့်မယ်။ ဒီရက်တွေအတွင်း မင်းတို့ငါတို့နဲ့ ကောင်းကောင်းမွန်မွန်နေပေးရင် ငါတို့စိတ်မဝင်စားတော့တဲ့တစ်နေ့ လွှတ်ပေးမယ်။"

ထိုအချိန်တွင် လီကျန်းကျန်း၏မိသားစုများက အိမ်တွင်မရှိကြဘဲ အိမ်အကူတစ်ယောက်သာရှိနေသည်။

"အဆင်ပြေရဲ့လား?" အိမ်အကူကနေပြီး လီကျန်းကျန်းပုံစံက နွမ်းလျနေသည်ကို မြင်တာကြောင့် စိုးရိမ်စွာမေးလိုက်သည်။

"ပြေပါတယ်၊ နည်းနည်းပင်ပန်းနေလို့ပါ၊ ခနအိပ်ဦးမှာမို့ ညစာအတွက်လာမနှိုးနေနဲ့တော့။" လီကျန်းကျန်း စိတ်အခြေနေအတော်လေးဆိုးရွားနေတာကြောင့် အသံတိုးညှင်းစွာဖြင့်သာ ပြန်ဖြေနိုင်ခဲ့လေသည်။

ကံကောင်းစွာပဲ , ယခုအချိန်က ဆောင်းရသီဖြစ်နေကာ အင်္ကျီအထပ်ထပ်ဝတ်ထားခဲ့တာကြောင့် အိမ်အကူမှာ လီကျန်းကျန်းကိုယ်ပေါ်မှ ဒဏ်ရာများကို ရှာမတွေ့ခဲ့ပေ။

"ကောင်းပါပြီ။" အိမ်အကူမှပြန်ဖြေလိုက်သည်။

လီကျန်းကျန်းအပေါ်ထပ်တပ်သွားကာ သူမအခန်းထဲတွင် တံခါးသော့ပိတ်ကာ နာကျင်မှုကြောင့် ငိုကြွေးနေပေမယ့် အသံကျယ်ကြီးတော့ မထွက်ရဲပေ။ သူမနက်စစနိုင်းချင်တုန်းကတော့ သေပစ်ချင်စိတ်ပေါ်ခဲ့ပေမယ့် အခုတော့ စိတ်ပြောင်းသွားလေပြီ။ ယွမ်ဆန်းတို့ကို လွယ်လွယ်အလွတ်မပေးနိုင်ပေ။ သေချာပေါက် ပြန်လက်စားချေရမည်။ သူတို့ကို တရားမစွဲနိုင်ဘူးဆိုမှတော့ ကျွမ်းကျင်သည့် လူသတ်သမားများကို ငှားကာ သူတို့ကိုသတ်ပစ်ရမည်။

........

ကျန်းယန်လမ်းတွင်တော့ ညနေ၅နာရီလောက်မှသာ စာချုပ်ချုပ်ဆိုခြင်းအမှုပြီးဆုံးသွားခဲ့လေသည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်က ချက်ချင်းကြီး ဒီမြေပေါ်တွင် အဆောက်အဦးဆောက်ကြသေးမည်မဟုတ်တာကြောင့် မြို့သူမြို့သားများဘက်မှလဲ အိမ်သစ်ရှာဖို့ တစ်လလောက်အချိန်ရသေးပေသည်။

ဒီတနင်္ဂနွေပြီးလျှင် နောက်ဆုံးစာမေးပွဲဖြေဖို့ရန် ၁လပဲလိုတော့လေကာ ကုနင်းလဲ ဆောင်းရာသီအားလပ်ရက်တွင် ငွေစုဖို့ရန် Yနိုင်ငံသို့သွားရန် စီစဉ်ထားလေသည်။

"ကိုယ်မင်းကို ငွေထောက်ပံ့ပေးဖို့လိုသေးလား?" လင်ရှောင်းထင် ကုနင်းကို မေးလိုက်သည်။

"ယွမ်သန်း၁ရာလောက်လိုနေတာ။ အကယ်၍ရှင့်ဆီက ချေးပြီးရန် ကျွန်မပြန်မပေးတော့မှမကြောက်ဘူးလား?" ကုနင်းမေးကြည့်လိုက်သည်။

"ကိုယ့်ကိုပြန်ပေးဖို့မလိုပါဘူး။" လင်ရှောင်းထင်ဘက်က အတည်ပြောလာခဲ့လေသည်။ သူ့အနေနှင့် ကုနင်းကို သူ့မိသားစုဝင်အဖြစ် သတ်မှတ်ပြီးနေပြီးဖြစ်လေသည်။

"ဟ-ဟ, အခုပုံက ကျွန်မက တကယ့်ချမ်းသာတဲ့မိသားစုက လူကို လက်ထပ်ပြီး,သွားပြီလိုတောင် ထင်ရတယ်။" ကုနင်းနောက်လိုက်ကာ,

"ဒါပေမယ့် အခုကိစ္စကိုတော့ ကျွန်မဖြေရှင်းနိုင်ပါတယ်၊ ကျေးဇူးပါ။"

"ကောင်းပြီလေ၊ မင်းဘာပဲလိုလို ကိုယ့်ကိုသာပြော။" လင်ရှောင်းထင်ဘက်ကလဲ ကုနင်း၏ဆုံးဖြတ်ချက်ကို လေးစားပေးလေသည်။

"ကောင်းပါပြီ။"

ကုနင်းက ဟွမ်းဒင်ဟိုတယ်တွင် သီးသန့်ခန်းကျယ် နှစ်ခန်းကြိုတင်မှာထားဖို့ ကျိုးကျန်းဟုန်ကိုပြောလိုက်သည်။ အန်းကွမ်းယောင်က အတွင်းရေးမှူးနှစ်ယောက်နှင့် ကျန်သည့် အစိုးရဝန်ထမ်းများကို သူတို့နှင့် အတူညစာစားရန်ဖိတ်ကြားခဲ့ပေမယ့် ငြင်းလိုက်ကြသည်။ အန်းကွမ်းယောင်လဲ သူတို့မှာကိုယ်ပိုင်ကိစ္စတွေရှိမည်ဖြစ်မှန်းနားလည်တာကြောင်း အတင်းအကျပ်မတိုက်တွန်းခဲ့ပေ။ ပြီးတော့ ယနေ့တာဝန်ပြီးသွားသည်နှင့် လုံခြုံရေးများကလဲ သူတို့ကုမ္ပဏီကိုပြန်သွားကြသောကြောင့် ဟွမ်းဒင်ဟိုတယ်သို့ ရှန်းဟွာလုပ်ငန်းမှ ဝန်ထမ်းများသာသွားလိုက်ကြသည်။

ကုနင်းက ယနေ့မြို့တော်Fသို့မပြန်နိုင်တော့တာကြောင့် ကုမန့်နှင့် ကျန်းချိုးဟွာထံ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

ကုနင်းအတန်းထပ်ပျက်တာကြောင့် ကျန်းချိုးဟွာမကျေမနပ်ဖြစ်ကာ အပြစ်တင်လိုက်ချင်ပေမယ့် ကုနင်းက စာဘက်မှာမထိခိုက်ပါဘူးလို့ ကတိပေးထားခဲ့တာကြောင့် သူမပဲ အလျှော့ပေးလိုက်ရတော့သည်။

သူတို့ ဟွမ်းဒင်ဟိုတယ်သို့ ညနေ၆နာရီတွင်ရောက်ရှိကြကာ ကျိုးကျန်းဟုန်က သူတို့က စောင့်ဆိုင်းနေလေသည်။

ကုနင်းက ဝန်ထမ်းများအတွက် သီးသန့်ခန်းတစ်ခန်းစီစဉ်ပေးလိုက်ပြီး အန်းကွမ်းယောင်နှင့် လုကျီဝမ်ကတော့ ကုနင်းနှင့် လင်ရှောင်းထင်နောက်လိုက်ကာ ကျိုးကျန်းဟုန်ရှိနေသည့် နောက်ထပ်သီးသန့်ခန်းတစ်ခုသို့သွားလိုက်သည်။

ကုနင်းက အန်းကွမ်းယောင်နှင့် ကျိုးကျန်းဟုန်ကို မိတ်ဆက်ပေးဖို့ စီစဉ်ထားပေမယ့် တခြားလူများကိုတော့ သူမက တကယ့်ဘော့စ်မှန်းမသိစေချင်သေးတာကြောင့် သူတို့ချည်းသပ်သပ်အတူစားရန် အခန်းခွဲလိုက်ခြင်းဖြစ်သည်။

ကျိုးကျန်းဟုန်လဲ ကုနင်းက သူမမိတ်ဆွေကိုပါ ဖိတ်ကြားထားခြင်းသိပေမယ့် သူမတို့ကြားဆက်ဆံရေးကို မသိသေးတာကြောင့် ကုနင်းတို့ဝင်လာသည်နှင့် ပုံမှန်ပဲ နှုတ်ဆက်လိုက်သည်၊

"အားလုံးပဲ, တွေ့ရတာဝမ်းသာပါတယ်။"

"ဦးလေးကျိုး, ကျွန်မမိတ်ဆက်ပေးရဦးမယ်။ ဒီဘက်က ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းရဲ့ဥက္ကဌ အန်းကွမ်းယောင်ပါ၊ ဒါကတော့ ရှေ့နေလီကျီဝမ်ပါ။" ကုနင်း ကျိုးကျန်းဟုန်ကို အရင်ပြောကာ အန်းကွမ်းယောင်နှင့် လီကျီဝမ်ဘက်ကိုလှည့်ပြီး တစ်ဖန်,

"ဦးလေးအန်း, ဦးလေးလီ, ဒီဘက်ကတော့ မြို့တော်G JadeBeautyရဲ့ ဥက္ကဌ ကျိုးကျန်းဟုန်ပါ။"

..............Book 14 Part 208end.............

အခန်း ၂၀၉ လေးစားမှု

"တွေ့ရတာဝမ်းသာပါတယ်။" အန်းကွမ်းယောင်နှင့် ကျိုးကျန်းဟုန်က လက်ဆွဲနှုတ်ဆက်လိုက်သည်။

သို့ပေမယ့် လီကျီဝမ်သည်တော့ အံ့ဩနေကာ,

"ဘာ? ခင်ဗျားက JadeBeautyရဲ့ ဥက္ကဌကျိုးလား? တွေ့ရတာဝမ်းသာပါတယ်! အင်တာနက်ပေါ်ကနေ ခင်ဗျားရဲ့ဆိုင်ဖွင့်ပွဲအခမ်းအနားအကြောင်း ကျွန်တော်ဖတ်လိုက်ရတယ်။ တကယ့်ကို လှုပ်ခတ်သွားတဲ့သတင်းပဲ။"

အန်းကွမ်းယောင်သည်တော့ ဘာမှမသိထားတာကြောင့် သိပ်ပြီးထူးထူးခြားခြားမခံစားရပေ။

"ကျေးဇူးတင်ပါတယ်။" ကျိုးကျန်းဟုန်ကပြန်ပြောလိုက်သည်။

"ဟုတ်ပါပြီ၊ ထိုင်ကြပါဦး။ ကျွန်မ ဒီနေ့အားလုံးကိုပြောချင်တာက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနဲ့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက တစ်ဖွဲ့တည်းဆိုတာပဲ။" ကုနင်းပြောလိုက်သည်။

"ဘာ?"

ကျိုးကျန်းဟုန်, အန်းကွမ်းယောင် နှင့် လီကျီဝမ်တို့အားလုံး ထိတ်လန့်အံ့ဩစွာ ကုနင်းကို ကြည့်မိလိုက်ကြသည်။

ကုမ္ပဏီနှစ်ခုလုံးက တစ်ဖွဲ့တည်းတဲ့လား? ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနဲ့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက တစ်ဖွဲ့တည်းသာဆို ကုနင်းက ဒီကုမ္ပဏီနှစ်ခုလုံးရဲ့ပိုင်ရှင်ပေါ့!

သူတို့အားလုံး စိတ်ရှုပ်ထွေးနေကြသည်။

ထိုပုံစံကို မြင်တော့ ကုနင်းက အပြုံးလေးနှင့် သူတို့စိတ်ကို အတည်ပြုပေးလိုက်သည်၊

"အခုအားလုံးစိတ်ထဲမှာ ထင်နေကြသလိုပဲ ကျွန်မက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနဲ့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း နှစ်ခုလုံးရဲ့ပိုင်ရှင်ပါ။"

လူသုံးယောက်လုံး ထိတ်လန့်စရာကောင်းသည့် သတင်းကိုကြားလိုက်ရတာကြောင့် အသက်ပြင်းပြင်းရှူလိုက်မိကြကာ တအောင့်လောက်နေတော့မှ သေချာနားလည်သွားကြသည်။

အန်းကွမ်းယောင်နှင့် လီကျီဝမ်တို့ကတော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုတောင် ကုနင်းဝယ်ယူနိုင်မှတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို ဖွင့်လှစ်နိုင်သည်က မဖြစ်နိုင်စရာအကြောင်းမရှိဟုတွေးမိကြသည်။ ထို့အတူ ကျိုးကျန်းဟုန်သည်လဲ အတွေးတူလေသည်။ ကုနင်းသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းကို ဖွင့်လှစ်နိုင်မှတော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုလဲ ဝယ်ယူနိုင်လောက်ပေသည်။

သိုပေမယ့် သူမကအရမ်းငယ်လွန်းတာကြောင့် မယုံနိုင်စရာကောင်းလှသည်။

ကုနင်း၏ရှင်းပြချက်များအပြီးတွင်တော့ အန်းကွမ်းယောင်နှင့် လီကျီဝမ်လဲ သူမတွင် ကျောက်အလာင်းအစားလုပ်ရာတွင် ကျွမ်းကျင်သည့် အရည်အချင်းရှိပြီး အရင်းအနှီးအားလုံးကို ထိုမှတစ်ဆင့်ရရှိခဲ့ကြောင်းသိလိုက်ရတာကြောင့် ထပ်ပြီး ထိတ်လန့်အံ့ဩသွားကြရပြန်သည်။

ကျောက်အလောင်းအစားလုပ်ခြင်းသည် သာမာန်အလောင်းအစားလုပ်ခြင်းထက် ဆိုးကျိုးပိုများလေသည်။ နတ်ဘုရားတောင်မှ တိကျမှန်ကန်အောင် ဆုံးဖြတ်နိုင်မည်မဟုတ်ပေမယ့် ကုနင်းသည်တော့ ထိုကျောက်အလောင်းအစားလုပ်ခြင်းဖြင့် ဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့သည်။ တကယ့်ကို မယုံကြည်နိုင်စရာပင်!

အန်းကွမ်းယောင်နှင့် လီကျီဝမ်သည်တော့ ကုနင်းကို ဒီထက်ပိုပြီး လေးစားလို့မရလောက်အောင် လေးစားမှုများပြည့်လျှံနေခဲ့ပြီ။

"ဘော့စ်, မင်းမှာနောက်ထပ် ထိတ်လန့်စရာသတင်းတွေများရှိသေးလား?" အန်းကွမ်းယောင်ကနောက်လိုက်သည်။ အခုချိန်တွင်တော့ ကုနင်းက သာမာန်မဟုတ်သည့်လူသားတစ်ယောက်မှန်း သူလက်ခံယုံကြည်နေပြီဖြစ်သည်။

"ရှိတာပေါ့။ နောက်ကျရင်သိရလိမ့်မယ်။" ကုနင်းက ဟာသတစ်ဝက် အတည်တစ်ဝက်နှင့်ပြန်ဖြေလိုက်သည်။ အမှန်တကယ်လဲ သူမအခုအခြေအနေထပ်ပိုပြီး လုပ်ကိုင်နိုင်ဦးမည်ဖြစ်လေသည်။

သူတို့အားလုံးက ပျော်ရွှင်စွာပြောဆိုနေကြပေမယ့် လင်ရှောင်းထင်သည်တော့ တိတ်ဆိတ်နေခဲ့သည်။

ရုတ်တရက် လင်ရှောင်းထင်ဖုန်းမှ တုန်ခါလာတာကြောင့် ကုနင်းကို ဖုန်းသွားဖြေဦးမည်ဟုပြောကာ အပြင်ခနထွက်သွားလိုက်သည်။ မကြာခင်မှာပဲ လင်ရှောင်းထင်ပြန်ဝင်လာကာ ကုနင်းကို စိုက်ကြည့်လိုက်ရင်း,

"ကိုယ်တောင်းပန်ပါတယ်, တာဝန်ရှိလို့အခုပဲသွားမှရတော့မယ်။"

"ဘာ?" ကုနင်းအတွက် လင်ရှောင်းထင်ကို သွားခွင့်ပေးလိုက်ဖို့တွန့်ဆုတ်နေမိပေမယ့် တာဝန်ကပိုအရေးကြီးမှန်းသိတာကြောင့်,

"အရေးပေါ်အခြေအနေမို့လို့လား? အရင်ဆုံးတစ်ခုခုစားသွားဖို့အချိန်မရှိဘူးလား?"

"အချိန်မရှိလောက်တော့ဘူးထင်တယ်။ ကိစ္စပြီးတာနဲ့ ကိုယ်ချက်ချင်းမင်းဆီပြန်လာခဲ့ပါမယ်။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ, ကျွန်မအပြင်ထိလိုက်ပို့မယ်။" ကုနင်းပြောလိုက်သည်။

လင်ရှောင်းထင်သွားရတော့မယ်ဆိုတာကြားတော့ အားလုံးကလဲ အဆင်ပြေရန်ဆုတောင်းပေးကြလေသည်။

ကုနင်း လင်ရှောင်းထင်ကို ကားပါကင်အထိလိုက်ပို့ပေးပြီး ဂရုစိုက်စေရန်မှာကြားလိုက်သည်။ ထိုအခိုက်အတန့်တွင်ပဲ လင်ရှောင်းထင်က ရုတ်တရက် ကုနင်း၏နှုတ်ခမ်းပါးပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်လေသည်။

အရင်တစ်ခေါက် အနမ်းကြောင့် သူအခုထိရှက်နေသေးပေမယ့် ထိုခံစားချက်ကိုလဲ သဘောကျကာ ပိုပိုပြီးလိုချင်နေခဲ့လေသည်။ အခုလိုခွဲရတော့မယ့်အချိန်လေးတွင် အနမ်းတစ်ပွင့်ကိုသာ အလွမ်းပြေယူဆောင်သွားနိုင်ပေမည်။

"ကိုယ်မင်းဆီပြန်လာခဲ့ပါ့မယ်။" လင်ရှောင်းထင် ကတိပေးလိုက်သည်။ ကုနင်းသည်လဲ လင်ရှောင်းထင်၏ကား မြင်ကွင်းမှပျောက်သည်အထိ စောင့်ကြည့်နေပြီးမှ ပြန်ဝင်လာခဲ့သည်။

သူတို့နှစ်ယောက်လုံးတွင် အလုပ်ကိုယ်စီရှိကြခြင်းဖြစ်သောကြောင့် အခုလို ခွဲခွာရသည်မှာ ရှောင်လွှဲလို့မရသည့် အရာဖြစ်လေသည်။

ကုနင်း သီးသန့်ခန်းသို့ပြန်ရောက်တော့ ဟင်းပဲများက ရောက်ရှိနေပြီဖြစ်သည်။

အထဲမှလူများသည်တော့ လင်ရှောင်းထင်၏နောက်ခံအစစ်အမှန်ကိုသိချင်နေကြပေမယ့် ဘယ်သူမှတော့ မမေးလာပေ။ သူတို့အားလုံး အရက်သောက်ရသည်ကို မကြိုက်တာကြောင့် ဘယ်သူမှမသောက်ကြဘဲ စားရင်းနှင့်သာ အလုပ်ကိစ္စများဆွေးနွေးကြလေသည်။

"ဦးလေးအန်း, ကျွန်မ ကျန်းယန်လမ်းအပြင်ဘက်မှာ ရုံးခန်းဆောက်ဖို့စီစဉ်ထားတယ်။ အရမ်းလဲမကြီးဘဲ စတုရန်းမီတာ ၃၀၀လောက်နဲ့ ငါးထပ် ဒါမှမဟုတ် ခြောက်ထပ်လောက်ဆို လုံလောက်ပြီ။ အဲ့ဒီရုံးခန်းက ရှန်းဟွာအိမ်ခြံမြေနဲ့ မြို့တော်Gက JadeBeautyရဲ့ ရုံးခွဲလဲဖြစ်သွားလိမ့်မယ်။ ရုံးချုပ်ကိုတော့ ကျွန်မက မြို့တော်တက္ကသိုလ်မှာတက်မှာဆိုတော့ မြို့တော်မှာပဲထားဖို့ ကျွန်မစီစဉ်ထားတယ်။ အဲ့ဒီမှာပဲ နေဖို့လဲ စဉ်းစားထားတယ်။ ဒီတော့ အခုဆောင်းရာသီပိတ်ရက်မှာ မြို့တော်ကို သွားပြီး သင့်တော်တဲ့ ရုံးခန်းတစ်ခုဝယ်ရင်ဝယ်မဟုတ်ရင်လဲ ကိုယ့်ဘာသာဆောက်ဖို့သွားမယ်။ နာမည်ကိုတော့ ရှန်နင်းအဖွဲ့အစည်းလို့ပေးမယ်။ ကျွန်မဒီတစ်နိုင်ငံလုံးအနေအထားနဲ့ အိမ်ခြံမြေလုပ်ငန်းရယ် လက်ဝတ်ရတနာလုပ်ငန်းရယ်ကိုလုပ်ကိုင်နိုင်ဖို့ဆုံးဖြတ်ထားတယ်။ Fမြို့ နဲ့ Gမြို့မှာတော့ ရုံးခွဲပဲထားမယ်။ ပြီးတော့ နောက်ကျရင် ဖျော်ဖြေရေးနယ်ပယ်အပြင် တခြားစီးပွားရေးနယ်ပယ်တွေထဲကိုလဲဝင်နိုင်ဖို့တွေးထားသေးတယ်။" ကုနင်းသူတို့ကို သူမအစီအစဉ်များကိုပြောပြလိုက်သည်။

အိမ်ခြံမြေလုပ်ငန်းနှင့် ဖျော်ဖြေရေးနယ်ပယ်ကိုကုနင်းလုပ်ကိုင်ရသည့် အဓိကအကြောင်းအရင်းကတော့ ထန်မိသားစုက ထိုနယ်ပယ်နှစ်ခုတွင် အဓိကပါဝင်ခြင်းကြောင့်ပင်။

ကုနင်းရဲ့ အနာဂါတ်အစီအစဉ်များကိုကြားလိုက်ရတော့ သုံးယောက်သား အံ့ဩထိတ်လန့်ကာ မျက်လုံးများပြူးကျယ်နေကြသည်။ တခြားဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကသာ သူတို့ကိုထိုသို့လာပြောလျှင် ထိုကောင်မလေးရူးနေတာပဲလို့တွေးမိမှာပေမယ့် အခုတော့ ကုနင်းကပြောနေတာကြောင့် ရည်ရွယ်ချက်ဆိုတာထက် တကယ်ဖြစ်လာမည့်အရာများဟု သူတို့ယုံကြည်နေကာ ဘယ်သူမှ ကုနင်း၏အစီအစဉ်ကို သံသယမဝင်ကြပေ။

ဒါကအမှန်တရားပါပဲ! ကုနင်းသည် သာမာန်အထက်တန်းကျောင်းသူလေးလို့ထင်ရပေမယ့် ရင်းနှီးငွေ ယွမ်သန်း ၇ရာဝန်းကျင်ရှိသည့် အိမ်ခြံမြေလုပ်ငန်းတစ်ခုနှင့် ရင်းနှီးငွေ ယွမ်သန်းရာပေါင်းများစွာရှိသည့် လက်ဝတ်ရတနာလုပ်ငန်းတစ်ခုကို တစ်လအတွင်းတွင်ပင် ပိုင်ဆိုင်နေပြီဖြစ်သည်။ ပြီးတော့ လက်ဝတ်ရတနာလုပ်ငန်း၏ ရင်းနှီးငွေသည် အိမ်ခြံမြေလုပ်ငန်းထက်တော့နည်းမည်မဟုတ်ပေ။ အခုလက်ရှိတွင်ပင် သူမရဲ့ရင်းနှီးငွေမှာ ယွမ်၁ဘီလီယံကျော်နေပြီဖြစ်ပေသည်။

ပြီးတော့ လက်ဝတ်ရတနာဆိုင်ကို ဖွင့်ပွဲတွင်လဲ မြို့တော်G၏အရေးပါသည့်ပုဂ္ဂိုလ်အများအပြားတက်ရောက်ခဲ့တာကြောင့် ဘယ်သူမှ သူမရဲ့အရည်အချင်းကို မေးခွန်းမထုတ်ရဲကြပေ။

Fမြို့နှင့် Gမြို့မှာထက် မြို့တော်တွင်က ပိုပြီး စီးပွားရေးတစ်ခုလည်ပတ်နိုင်ဖို့ ခက်ခဲပေမယ့် ကုနင်းမလုပ်နိုင်ဘူးလို့တော့ မဆိုလိုပေ။ သူတို့ အဖွဲ့အစည်း၏အနာဂါတ်အတွက် စိုးရိမ်ပူပန်မိပေမယ့် ကုနင်းမည့်သည့်ပြဿနာနှင့် ရင်ဆိုင်ရပါစေ ကျော်လွှားဖြေရှင်းနိုင်ရန် သူတို့ဘက်မှ အားပေးထောက်ခံပေးသင့်ပေသည်။ အခုကစပြီးသူတို့က အဖွဲ့အစည်းတစ်ခုတည်းမှဖြစ်သွားကြပြီပဲ။

"ဦးလေးအန်း အားရင် မြို့တော်ရဲ့ အိမ်ခြံမြေလုပ်ငန်းဈေးကွက်ကိုစစ်ဆေးရအောင် လူနည်းနည်းလောက်လွှတ်ပေးပါဦး။ အကယ်လို့ အဆင်ပြေလောက်မယ့် မြေကွက်တွေ့ရင်လဲ လေလံဆွဲလို့ရတယ်။ ငွေကိစ္စအတွက် ပူစရာမလိုဘူး။ ဒီအားလပ်ရက်ကြရင် ကျွန်မ Yနိုင်ငံကိုသွားပြီး ကျောက်အလောင်းအစားလုပ်ရင်း ရင်းနှီးငွေလုံလုံလောက်လောက်ထပ်ရှာခဲ့မယ်။"

..............Book 14 Part 209end.............

အခန်း ၂၁၀ ဒါက နင့်အပိုင်မဟုတ်ဘူး

မြို့တော်ရှိ အိမ်ဈေးနှုန်းများသည် တခြားပထမတန်းမြို့များနှင့် လုံးဝမတူချေ။ ဆင်ခြေဖုံးရပ်ကွက်ရှိ ၁စတုရန်းမီတာလောက်ကိုပင် ယွမ်၂၀သောင်းလောက်ရှိပြီး မြို့လယ်နှင့် နီးသည့်နေရာဆိုလျှင် ၁စတုရန်းမီတာကို ယွမ်၁သိန်းကျော်လောက်ရှိပေသည်။

သာမာန်မြို့များတွင်, စတုရန်း၇၀မီတာလောက်ကျယ်သည့် မြေကွက်တစ်ကွက်သည် ယွမ်သန်း၁ရာမကျော်ပေမယ့် မြို့တော်တွင်တော့ ယွမ်သန်းရာပေါင်းများစွာတန်ကြေးရှိလေသည်။ ထို့ကြောင့် မင်းသာ လူလတ်တန်းစားရပ်ကွက်တစ်ခုရှိ စတုရန်း၇၀မီတာလောက်ကျယ်သည့်မြေနေရာတွင် အဆောက်အဦးဆောက်မည်ဆိုလျှင် အနည်းဆုံး ယွမ်၁ဘီလီယံလောက်ပြင်ဆင်ထားခဲ့သင့်ပေသည်။

"ကောင်းပါပြီ။" အန်းကွမ်းယောင်ပြန်ဖြေလိုက်သည်။

ကုနင်းက ကျောက်အလောင်းအစားလုပ်ပြီး ရင်းနှီးငွေကို စုဆောင်းနိုင်မှတော့ သူတို့အတွက် ငွေရေးကြေးရေးကိစ္စကို ပူပန်နေစရာမလိုတော့ပေ။

"ဦးလေးကျိုးကတော့ ဒီရက်ပိုင်း အရည်အချင်းရှိတဲ့လူတွေကို ရှာထားလိုက်ပါ။ JadeBeautyက အခြေကျသွားပြီဆိုရင် နောက်ဆိုင်ခွဲတွေဖွင့်ဖို့ တခါတည်းပြင်ဆင်ပြီးသားဖြစ်တာပေါ့။" ကုနင်းက ကျိုးကျန်းဟုန်ကို ဆက်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး, ရှာထားလိုက်မယ်။" ကျိုးကျန်းဟုန်ပြန်ဖြေလိုက်သည်။

တကယ်တော့ ကျိုးကျန်းဟုန်တွင်လဲ JadeBeautyက အခုလို အမြတ်အစွန်းရနေမှတော့ ဆိုင်ခွဲထပ်ဖွင့်ဖို့ အတွေးရှိပေမယ့် သူက အခုမှ လူသိများသည့်ဆိုင်တစ်ဆိုင်ကို စဖွင့်ကာစဆိုတော့ အချိန်အနည်းငယ်ယူရန် တွေးထားခဲ့သည်။ သို့ပေမယ့် ကုနင်းက ထိုသို့ အမိန့်ပေးလာတော့မှ အရင်ဆုံး အရည်အချင်းရှိသည့် ဝန်ထမ်းများကို ခန့်ကာ အရင်လေ့ကျင့်ပေးထားလို့ရကြောင်း ကျိုးကျန်းဟုန်သတိရသွားတော့သည်။

ညစာစားပြီးသွားတော့, ကုနင်းက အန်းကွမ်းယောင်နှင့် ကျန်သည့်လူများကို ယနေ့ညတော့ ဟွမ်းဒင်ဟိုတယ်တွင်သာနေရန်နှင့် မနက်ဖြန်ကျမှ အတူပြန်ကြရန်ပြောလိုက်သည်။ ထို့နောက် ကျိုးကျန်းဟုန်က ကုန်ငးကို ရေပြာအိုင်သို့ ကားဖြင့်ပြန်ပို့ပေးလေသည်။

ကုနင်း သူမတိုက်ခန်းကိုပြန်ရောက်တော့ သွားတိုက်မျက်နှာသစ်ကာ အိပ်ရာမဝင်ခင် "ဖိုက်တာမိသားစု" WeChatထဲကို ဝင်ကြည့်လိုက်သည်။

အထဲတွင်တော့ စာပေါင်းထောင်ချီရှိနေကာ သူမကို ရည်ညွှန်းပြောထားသည့်စာလဲ အများအပြားရှိလေသည်။ သို့ပေမယ့် ဒီနှစ်ရက်လုံး ကုနင်းအလုပ်များနေခဲ့ခြင်းကြောင့် စာပြန်ဖြေဖို့ မေ့နေခဲ့ပေသည်။

သူမကို ပြောထားသည့် စာအများစုသည်တော့ သူမဘယ်ရောက်နေလဲ နှင့် ဘာလို့ပျောက်နေတာလဲဆိုသည်အား မေးထားကြခြင်းဖြစ်သည်။ ကုနင်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စရှိနေမှန်း သူတို့သိထားတာကြောင့် ဖုန်းဆက်ပြီးတော့,တော့ အနှောက်အယှက်မပေးကြပေမယ့် ကုနင်းဘာတွေလုပ်နေလဲဆိုတာကိုတော့ ဘယ်သူမှမသိပေ။ ကုနင်းက အခုတလောသူတို့ကို အရမ်းလျှို့ဝှက်နေခဲ့လေသည်။

ကုနင်းသာ သူမအကြောင်းကို အရင်ဦးစွာစပြောဖို့ဆန္ဒမရှိလျှင် သူတို့ဘက်ကလဲ မေးမည်မဟုတ်ပါ။

ကုနင်းကလဲ သူမလုပ်ငန်းတစ်ခုစလုပ်ဖို့စီစဉ်နေကြောင်းသာ ရှင်းပြပြီး အသေးစိတ်အချက်အလက်များကိုတော့ မပြောပေ။

ယွီမီရှီနှင့် ချူးဖေ့ဟန်တို့သည်တော့ သိထားပြီးဖြစ်၍ စိတ်ကို ကြိုတင်ပြင်ဆင်ထားတာကြောင့် အရမ်းမအံ့ဩသွားကြပေမယ့် ဟောင်ရန်နှင့် ကျန်သည့်ကောင်လေးများကတော့ အလွန်ထိတ်လန့်အံ့ဩသွားကြသည်။ ပြီးတော့ ကုနင်းက ဒီ့ထက်ပိုမပြောပြ၍လဲ အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားကြသည်။

ထို့နောက် ကုနင်းက နောက်နေ့အတန်းကိုပါ သူမပျက်ဦးမည်ဖြစ်ကြောင်းပြောခဲ့ပြန်သေးသည်။

တစ်ချိန်တည်းမှာပဲ ကုနင်းအကြံတစ်ခုပေါ်လာတာကြောင့် သူတို့အားလုံးရဲ့ တရုတ်ရာသီခွင်သင်္ကေတများကို သူမကိုပို့ခိုင်းလိုက်ပေမယ့် ဘာကြောင့်လဲဆိုတာတော့ မပြောပြသေးပေ။

ကုနင်း သူတို့ကို လက်ဆောင်တစ်ခုစီပေးဖို့ ဆုံးဖြတ်လိုက်ပြီး ကျိုးကျန်းဟုန်ထံ စာပို့က သူမသူငယ်ချင်းများ၏ တရုတ်ရာသီခွင်သင်္ကေတများဖြင့် ဆွဲပြားတစ်ခုစီလုပ်ပေးရန်ပေးလိုက်သည်။

ကျောက်စိမ်းဆွဲပြားတိုင်းကို အလယ်အမြင့်အဆင့်ကျောက်စိမ်းဖြင့်ပြုလုပ်ခိုင်းကာ သူမသူငယ်ချင်းများ၏ နာမည်များကိုပါ ရေးထွင်းခိုင်းလိုက်သည်။

ယုန်ပုံနှင့် "ဟန်"လို့ရေးထိုးထားသည့် ကျောက်စိမ်းဆွဲပြားမှလွဲ၍ ကျန်တာအားလုံးကို နောက်တစ်ပတ်သောက်ကာနေ့မတိုင်ခင် သူမကို ပြန်ပို့ပေးမည်ဖြစ်ပြီး ကျန်တာကိုတော့ ဖြည်းဖြည်းချင်းလုပ်မည်ဖြစ်သည်။

............

နောက်နေ့မနက် ၉နာရီ၅၀လေယာဉ်နှင့် ကုနင်းနှင့် ကျန်သည့်လူများ ပြန်ကြမည်ဖြစ်တာကြောင့် ကျိုးကျန်းဟုန်က သူမတို့ကို မနက်၈နာရီတွင်လာကြိုခဲ့သည်။

သို့ပေမယ့် သူတို့ လေဆိပ်သို့မသွားခင် ကုနင်းက JadeBeautyလက်ဝတ်ရတနာဆိုင်သို့ အရင်သွားလိုက်သည်။ သူမအနေဖြင့် အန်ချင်းက ကုမန့်ကို ဂရုစိုက်ပေးထားခဲ့သည့်အတွက် လက်ဆောင်တစ်ခုခုပြန်ပေးချင်သည်။

အန်ချင်းက ဆေးရုံစားရိတ်ကိုလက်မခံတာကြောင့် ကုနင်းဘက်မှ လက်ဆောင်ပြန်ပေးမှသာဖြစ်တော့မည်။ ဆေးရုံစားရိတ်က သိပ်မများပေမယ့် ကုနင်းက ငွေကြေးထက် သူငယ်ချင်းဆက်ဆံရေးကိုပိုတန်ဖိုးထားသူဖြစ်တာကြောင့် ယွမ်၂သိန်း၈သောင်းတန်ကြေးရှိသည့် ကျောက်စိမ်းဆွဲပြားတစ်ခုကို အန်ချင်းအားလက်ဆောင်ပေးဖို့ ရွေးချယ်လိုက်လေသည်။ ထိုဆွဲပြားသည် အမျိုးသမီးတစ်ယောက်၏လက်မအရွယ်လောက်ရှိသည့် ခေါင်ရမ်းကျောက်အမျိုးအစားသစ်ရွက်ပုံဆွဲပြားဖြစ်သည်။

၈နာရီ၂၀တွင်တော့ အန်းကွမ်းယောင်တို့က ဟိုတယ်မှစီစဉ်ပေးသည့်ကားဖြင့် ကုနင်းနှင့်တွေ့ရန် လေဆိပ်သို့ထွက်လာခဲ့ကြသည်။

ကုနင်းသည်တော့ ၉နာရီ၁၀မိနစ်တွင် လေဆိပ်သို့ရောက်နေကာ နားနေခန်းသို့သွားပြီး အန်းကွမ်းယောင်တို့နှင့် တွေ့လိုက်သည်။ နောက်၁၀မိနစ်နေတော့ လေယာဉ်ပေါ်တက်ဖို့အချိန်ကျလာခဲ့သည်။

ကုနင်းက ကိုယ့်ဘာသာလက်မှတ်မှာခဲ့ခြင်းဖြစ်တာကြောင့် သူတို့ခုံနေရာများတော့မတူကြပေ။

ကုနင်းတို့ Fမြို့သို့ပြန်လာချိန် Kameiအလှပြင်ဆိုင်တွင် ကိစ္စတစ်ခုဖြစ်ပွားခဲ့လေသည်။

လင်းလိကျွမ်းက နေ့လည်ခင်းတွင် အတန်းဖော်များနှင့် တွေ့ဆုံးပွဲတစ်ခုရှိတာကြောင့် မနက်ခင်းတွင် အသားအရေထိန်းသိမ်းရန်သွားခဲ့သည်။

သို့ပေမယ့် ထိုဆိုင်တွင် ကုမန့်နှင့် ကုချင်ကို အရင်နှင့်မတူ ကြော့ရှင်းသည့် အဝတ်အစားများဝတ်ဆင်ထားပြီး ကြည့်ကောင်းနေသည့်ပုံစံနှင့် တွေ့လိုက်ရတာကြောင့် အံ့ဩသွားရလေသည်။

ကုမန့်နှင့် ကုချင်သည် ငယ်ငယ်တုန်းက လှပသည့်မိန်းကလေးများဖြစ်ခဲ့ကြပေမယ့် ခက်ခဲသည့်ဘဝကို ဖြတ်သန်းခဲ့ရတာကြောင့် အသက်ထက်ပိုရင့်သွားခဲ့ကြသည်။ သို့ပေမယ့် သူတို့ဘဝတွေက အခုတော့ လုံးဝကွာခြားသွားပြီဖြစ်သည်။ အခုချိန်မှာပြန်ပြီး ငယ်ရွယ်သွားသည်တော့မဟုတ်ကြပေမယ့် သေချာဂရုတစိုက်အသားရေထိန်းသိမ်းပြီးနောက်တွင်တော့ ဆွဲဆောင်မှုရှိကာ လှပနေကြပေသည်။

"နင်တို့ ဘာလို့ဒီမှာရှိနေကြတာလဲ?" လင်းလိကျွမ်းက မနှစ်မြို့စွာမေးလိုက်သည်။ ဒီနေရာကိုလာမှတော့ အသားရေထိန်းသိမ်းဖို့လာတာပဲဖြစ်ကြောင်းသိပေမယ့် သူတို့တက်နိုင်မှာမှမဟုတ်တာဟူ၍သာ ယုံကြည်နေမိသည်။

လင်းလိကျွမ်းကို မြင်လိုက်တော့ ကုမန့်နှင့် ကုချင်လဲ စိတ်မကြည်ဖြစ်သွားသည်။ လင်းလိကျွမ်းသည် Kameiအလှပြင်ဆိုင်၏ ဗီအိုင်ပီဖောက်သည်တစ်ယောက်ပေမယ့် သူမနှင့်တွေ့ဖို့ကိုတော့ စိတ်အနှောက်အယှက်ဖြစ်နေတုန်းပင်။

"ငါတို့က ဘာလို့ဒီမှာမရှိနေနိုင်ရမှာလဲ? ဒါက နင့်အပိုင်မဟုတ်ဘူးလေ။" ကုချင်က ပြန်ပြောလိုက်သည်။

"နင်တို့က ဒီဆိုင်မှာပြင်ဖို့ ဘယ်လိုလုပ်တတ်နိုင်မှာလဲ?" လင်းလိကျွမ်းက သံသယလေးနှင့်မေးမြန်းလိုက်သည်။ ကုမန့်နှင့် ကုချင်တို့ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး အသားအရေလဲကောင်းမွန်နေတာကို သတိထားမိပေမယ့် မယုံကြည်နိုင်ပေ။

"ဘာ? ငါတို့ချမ်းသာသွားပြီဆိုတဲ့ အဖြစ်မှန်ကို နင်အခုထိလက်မခံနိုင်သေးဘူးလား?" ကုချင် ထေ့ငေါ့ကာမေးလိုက်သည်။

"ဟွန့်, ငါကတော့ နင်တို့ဆင်းရဲတာပဲသိတယ်၊ ခနလေးနဲ့ ဘယ်လိုလုပ်ချမ်းသာနိုင်မှာလဲ!" လင်းလိကျွမ်း၏ အမြင်တွင်တော့ ကုချင်နှင့် ကုမန့်ဆိုတာ သူမတို့ ဘဝတစ်လျှောက်လုံး ဆင်းရဲညစ်နွမ်းသည့် ဘဝတွင်သာရှိနေမည်ပင်။

"ငါတို့က ဘာလို့ မချမ်းသာနိုင်ရမှာလဲ? ငါတို့အစ်ကိုကြီး နင့်ယောကျ်ားကလဲ အရင်တုန်းက ဆင်းရဲခဲ့တာပဲလေ။" ကုချင်က ပြန်ခံပြောလိုက်သည်။

ခနလောက်နေပြီးမှ ကုချင်ကပဲ ထပ်ပြီး,

"ပြီးတော့ ငါတို့ချမ်းသာသည်ဖြစ်စေ မချမ်းသာသည်ဖြစ်စေ နင်တို့နှင့် ဘာမှမဆိုင်ဘူး။"

"နင်...." လင်းလိကျွမ်းစိတ်တိုသွားပေမယ့် ကုချင်တို့၏လက်ရှိအနေအထားအကြောင်းသိချင်စိတ်ကိုတော့ မရပ်တန့်နိုင်ပေ။

"ဘယ်သူကများ ဒီနေရာရဲ့သူဌေးတွေကို ရိုင်းရိုင်းစိုင်းစိုင်းပြဿနာရှာရဲတာလဲ?"

ထိုအချိန်တွင်ပဲ တံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ယောက်အသံပျံ့လွင့်လာခဲ့သည်။

ကုနင်းသာ ထိုနေရာတွင်ရှိနေလျှင် မျက်နှာမမြင်ရခင်ကတည်းက ထိုအမျိုးသမီးဘယ်သူဆိုတာကို ချက်ချင်းမှတ်မိပေလိမ့်မည်။

..............Book 14 Part 210end.............

စာစဉ် 14 ပြီး၏။

All Chapters