← Chapters

အခန်း (၂၁၁-၂၁၅)

Vol. 15 Ch. 211-215

အခန်း (၂၁၁-၂၁၅)

Vol. 15 Ch. 211-215

အခန်း ၂၁၁ အုပ်ချုပ်သူများ

ထိုအမျိုးသမီးကို ကုနင်းရင်းနှီးနေ၍ မှတ်မိနေခြင်းမျိုးမဟုတ်ဘဲ ကုနင်း၏ အလွန်ကောင်းလွန်းသည့် မှတ်ဉာဏ်စွမ်းအားကြောင့်သာဖြစ်လေသည်။ ကုနင်းသာသေချာအာရုံစိုက်လိုက်လျှင် မည်သည့်အရာမဆို တစ်သက်လုံးစွဲမြဲစွာမှတ်မိနေမည်ဖြစ်သည်။

မကြာမီတွင်ပဲ လှပသည် အထက်တန်းလွှာမှ အမျိုးသမီးနှစ်ယောက် ဆိုင်ထဲသို့ဝင်လာခဲ့သည်။ တစ်ယောက်ကတော့ ကုနင်းနှင့် လူကြီးမင်းချင်၏မွေးနေ့ပွဲတွင် တစ်ကြိမ်တွေ့ဆုံခဲ့သည့် ဟောင်ရန်၏မိခင် အမျိုးသမီးဟောင်ဖြစ်သည်။ ပြီးတော့ စကားပြောခဲ့သည့် အမျိုးသမီးသည်တော့ အမျိုးသမီးလုပင်ဖြစ်သည်။

အမျိုးသမီးလုကိုလဲ ချင်လူကြီးမင်း၏မွေးနေ့ပွဲတွင် ကုနင်းတွေ့ခဲ့ပေမယ့် တစ်ခါမှတော့ စကားမပြောခဲ့ဖူးပေ။

"တွေ့ရတာဝမ်းသာပါတယ်၊ အမျိုးသမီးဟောင်, အမျိုးသမီးလု။" ကုချင်နှင့် ကုမန့်က ချက်ချင်းကြိုဆိုနှုတ်ဆက်လိုက်သည်။ သို့ပေမမယ့် သူတို့ကို နှုတ်ဆက်ခဲ့ခြင်းက နောက်ခံအသိုင်းအဝိုင်းကြောင့်နှင့်မသက်ဆိုင်ပေ။

လင်းလိကျွမ်းသည်တော့ ကုချင်နှင့် ကုမန့်ကို သူဌေးလို့ပြောလိုက်သည်ကိုကြားလိုက်ရတာကြောင့် ဆွံ့အမှင်တက်သွားနေမိသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! လင်းလိကျွမ်း သူ့နားကိုသူမယုံနိုင်ပေ။

သို့ပေမယ့် အလွန်ချမ်းသာသည့် မိသားစုမှ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုကို တွေ့လိုက်ရတာကြောင့် လင်းလိကျွမ်းချက်ချင်း မျက်နှာလိုမျက်နှာရ နှုတ်ဆက်တော့သည်၊

"အိုး, အမျိုးသမီးဟောင် , အမျိုးသမီးလု အခုလိုထပ်မံတွေ့ဆုံရတာ ဂုဏ်ယူမိပါတယ်။ ရှင်တို့နှစ်ယောက်လုံး အရမ်းလှလွန်းပြီး နဂိုအသက်လို့တောင်မထင်ရအောင် နုပျိုနေတာပဲ။"

"ဒါ အမျိုးသမီးကုမဟုတ်လား? ရှင်ဘာလို့ တခြားလူတွေကို လူကြားထဲ ဝေဖန်အပြစ်တင်နေရတာလဲ?" အမျိုးသမီးဟောင်က ထေ့ငေါ့မေးမြန်းလိုက်သည်။

အမျိုးသမီးဟောင်သည် မာနကြီးအထက်စီးဆန်သည့် လူမျိုးမဟုတ်ပေမယ့် သူမသူငယ်ချင်းများဘက်မှသာ ရပ်တည်ပေးသည့်လူမျိုးဖြစ်သည်။ တကယ်တော့ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုမှာ ကုချင်နှင့် ကုမန့်တို့ဆိုင်လွှဲပြောင်းပြီးတော့မှပင် Kameiအလှပြင်ဆိုင်သို့ နှစ်ကြိမ်ရောက်ဖူးပြီးသားဖြစ်ကာ သူတို့ချင်း အတွေးအမြင်များမျှဝေကြရင်း သူငယ်ချင်းများဖြစ်နေကြပြီဖြစ်သည်။

လင်းလိကျွမ်းလဲ အမျိုးသမီးဟောင်၏ဒေါသကို ခံစားမိလိုက်ပြီး ရှက်ရွံ့သွားပေမယ့် စိတ်ရှည်လက်ရှည်ပြန်ရှင်းပြလိုက်သည်၊

"အမျိုးသမီးဟောင် ကျွန်မကို အထင်မလွဲပါနဲ့။ ကျွန်မတို့က ဆွေမျိုးတွေပါ။ သူတို့ခက်ခဲတဲ့ဘဝကို တစ်လျှောက်လုံးဖြတ်သန်းလာရပြီး သူ့တို့သားသမီးတွေရဲ့ ကျူရှင်စားရိတ်ကိုတောင် မနည်းရုန်းကန်နေရတာကို ကျွန်မသိထားတယ်လေ။ အခုတော့ နှစ်ယောက်လုံးအလုပ်ရုတ်တရက်ထွက်သွားကြပြီး အသားအရေထိန်းသိမ်းဖို့တောင် ပိုက်ဆံရှိသွားတယ်။ ဒါကြောင့် ကျွန်မက သဘောရိုးနဲ့မေးလိုက်ရုံပါ။"

အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့ကို ရင်ဆိုင်နေရတာကြောင့် လင်းလိကျွမ်းမှာ အသံမာမာဖြင့်ပင်မပြောရဲပေ။ ထိုအမျိုးသမီးနှစ်ယောက်သည် အလွန်ချမ်းသာသည့် မိသားစုများကဖြစ်ပေမယ့် သူမယောကျ်ားကတော့ ခက်ခက်ခဲခဲအောင်မြင်လာရသည့် စီးပွားရေးသမားတစ်ယောက်ဖြစ်လေသည်။ ဒါကြောင့် ထိုအမျိုးသမီးနှစ်ယောက်သူ့အပေါ် အမြင်ကောင်းလေးကျန်ရှိနေစေရန် သူတို့ကို စိတ်ကျေနပ်အောင် ပြောနေရခြင်းပင်။

"သူတို့က ရှင့်ရဲ့ဆွေမျိုးတွေလား?" အမျိုးသမီးလုက အံ့ဩစွာမေးလိုက်သည်။

"ဟုတ်ပါတယ်။" လင်းလိကျွမ်းချက်ချင်းပြန်ဖြေလိုက်သည်။

"ရှင်တို့က ဆွေမျိုးတွေဆိုမှတော့ သူတို့ကလေးတွေကျောင်းတက်နိုင်အောင် ရှင်တို့ဘက်က ဘာလို့မကူညီပေးတာလဲ? ထားပါ၊ ဒါက ရှင်တို့တာဝန်မဟုတ်တာကို နားလည်ပါတယ်။ ကျွန်မကသာ ကျွန်မမိသားစုတွေကို တန်ဖိုးထားတတ်လွန်းလို့ သူတို့အခက်အခဲဖြစ်နေချိန် ဒီတိုင်းကြည့်မနေနိုင်တတ်တာဖြစ်ပါလိမ့်မယ်။" အမျိုးသမီးလုက တမင် လင်းလိကျွမ်း သွေးအေးရက်စက်သည်ဆိုသည့် အချက်ကိုထောက်ပြကာ အပြစ်တင်ပြောဆိုလိုက်သည်။

ပုံမှန်ဆိုလျှင် သူတို့လူကြားထဲ တခြားလူတစ်ယောက်ကို အပြစ်တင်ပြောဆိုလေ့မရှိပေမယ့် လင်းလိကျွမ်းသည်တော့ အကြင်နာတရားမရှိ ခက်ထန်ရက်စက်သည့်စကားများကိုပြောနေခဲ့သည်။ သူမက သူမဆွေမျိုးတွေကို မကူညီတဲ့အပြင် အခုလိုကောင်းကောင်းမွန်မွန်ရှိနေတာကိုပင် မုန်းတီးနေသေးသည်။

အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုမှာ ကုချင်နှင့် ကုမန့်တို့မိသားစုအကြောင်း များများစားစားမသိပေမယ့် အခုတလော သူမတို့နှင့်စကားပြောရင်းအကြောင်းအရာတချို့တလေကိုတော့ သိထားလေသည်။ သူတို့နှစ်ယောက်လုံး ကုချင်နှင့် ကုမန့်တို့ စက်ရုံတွင်အလုပ်လုပ်ရကာ ငွေကြေးခက်ခဲသည့်အခြေအနေရှိခဲ့မှန်းလဲသိထားသည်။ သူတို့က ကုချင်နှင့် ကုမန့်တို့၏ ရိုးသားကာ ကြင်နာတတ်သည့် စိတ်နေသဘောထားကို သဘောကျကာ စကားတွေလဲ အများကြီးပြောဖြစ်ခဲ့ကြသည်။

သူမတို့လို အထက်တန်းလွှာအမျိုးသမီးများတွင် သေချာပေါက် အချင်းချင်းမြှောက်ပင့်ပြောဆိုတတ်သည့် သို့မဟုတ် ပြိုင်ဆိုင်နေပြောဆိုနေတတ်သည့် သူငယ်ချင်းမိတ်ဆွေများစွာရှိပေမယ့် ထိုလိုလူမျိုးများကို မကြိုက်ပေ။ ထိုလူများသည် သူတို့ လိုအပ်သည့်အချိန်အခါမျိုးတွင်သာ ဆက်သွယ်တတ်ကြလေသည်။

အမျိုးသမီးလု၏စကားကိုကြားတော့ လင်းလိကျွမ်းရှက်ရွံ့သွားပြီး အမျိုးသမီးလု သူမကို တမင်ပြောနေမှန်းလဲသိလိုက်သည်။

ကုချင်နှင့် ကုမန့်တို့ သူမဘက်က ဝင်ကာကူမပြောပေးသည့်အတွက်လဲ အလွန်မုန်းတီးမိသည်။ သို့ပေမယ့် အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့ ဒီနေရာတွင်ရှိနေတာကြောင့် ကုချင်နှင့်ကုမန့်တို့ကို အပြစ်တင်မကြိမ်းမောင်းရဲပေ။

နောက်တော့ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုက လင်းလိကျွမ်းကို လျစ်လျူရှုထားလိုက်ကာ ကုချင်နှင့် ကုမန့်ကိုသာ စကားပြောလိုက်သည်၊

"ငါတို့ နေ့လည်စာသွားမစားခင် ဘာလို့ အရင် မျက်နှာပေါင်းမတင်ကြတာလဲ?"

"အဲ့အကြံကောင်းသားပဲ။" ကုချင်နှင့် ကုမန့်တို့ ချက်ချင်းပြန်ဖြေလိုက်သည်။ သူတို့ အချိန်အကြာကြီးရင်းနှီးလာသည်တော့မဟုတ်ပေမယ့် အတော်လေးအဆင်ပြေနေကြကာ သူငယ်ချင်းဟောင်းတွေလိုတောင် ထင်မှတ်ရလေသည်။

လင်းလိကျွမ်းသည်တော့ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုကနေပြီး ကုမန့်နှင့် ကုချင်ကို နေ့လည်စာစားရန်ဖိတ်လိုက်တာကြောင့် ထိတ်လန့်မိသွားရသည်။ ဘာဖြစ်လို့လဲ? ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

"အမျိုးသမီးကု, ကိုယ့်ဘာသာပဲ အဆင်ပြေသလိုလုပ်လိုက်ပါနော်၊ ကျွန်မတို့အခုအလုပ်များနေလို့။" ကုချင်က လင်းလိကျွမ်းကို တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်ကာ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့ကို ကုမန့်နှင့် အတူ သီးသန့်ခန်းအတွင်းသို့ ဦးဆောင်ခေါ်သွားလေသည်။

လင်းလိကျွမ်း အရမ်းဒေါသထွက်သွားပေမယ့် သွားတော့မတားရဲပေ။

သူတို့လေးယောက်လုံးထွက်သွားတော့မှ လင်းလင်ကျွမ်း ဧည့်ကြိုကောင်တာမှ ဧည့်ကြိုမိန်းကလေးကိုမေးလိုက်သည်။

"ကုချင်နဲ့ ကုမန့်က ဒီကဗီအိုင်ပီတွေပဲလား?"

"အဲ့လိုမဟုတ်ပါဘူး။ သူတို့က Kameiအလှပြင်ဆိုင်ရဲ့ အုပ်ချုပ်သူတွေပါ။" ဧည့်ကြိုမိန်းကလေးက ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်ပေမယ့် လင်းလင်ကျွမ်းကိုတော့ သဘောမကျပေ။ အခုလေးတင်ဖြစ်သွားသည့်ကိစ္စများကို သူမမျက်မြင်ကိုယ်တွေ့,တွေ့ထားပြီး လင်းလိကျွမ်းသည် ဘဝင်မြင့်ကာ ဂုဏ်မောက်နေသည့် အမျိုးသမီးတစ်ယောက်မှန်းသိထားလေသည်။ သူမလဲ အခုမှပဲ သူတို့သူဌေးနှစ်ယောက်က ဘာလို့ဆွေမျိုးများကို သူတို့ချမ်းသာနေကြောင်း အသိမပေးလိုခြင်းမှန်းနားလည်သွားတော့သည်။

"ဘာ?" ထိုစကားကိုကြားတော့ လင်းလိကျွမ်း အံ့ဩထိတ်လန့်သွားကာ,

"ယွီနမှက မင်းတို့သူဌေးမဟုတ်ဘူးလား?"

"သူဌေးယွီက တခြားနိုင်ငံကို ပြောင်းသွားတာကြောင့် ဒီမှာ သူဌေးကုတို့ပဲ ရှိပါတော့တယ်။" ဧည့်ကြိုမိန်းကလေးကပြန်ဖြေလိုက်သည်။

"မဖြစ်နိုင်တာ။ သူတို့မှာ ဒီဆိုင်ကို ပြန်ဝယ်နိုင်လောက်တဲ့ ငွေဘယ်လိုလုပ်ရှိနိုင်မှာလဲ! ဒါက အနည်းဆုံးယွမ်၁သန်းကျော်လောက်တန်တာလေ။" လင်းလိကျွမ်းသည်တော့ အမှန်တရားကို လက်ခံရန်ငြင်းဆိုနေကာ ကုချင်နှင့် ကုမန့်တို့ ဒီလောက်အထိစွမ်းဆောင်နိုင်မယ်လို မယုံကြည်နိုင်ပေ။

ဧည့်ကြိုမိန်းကလေးသည်တော့ စိတ်လေသည့်သဘောဖြင့် မျက်စံကိုသာဝေ့ဝိုက်လိုက်မိတော့သည်။ အလွန်ချမ်းသာသည့် မိသားစုများ၏ အမွေခံဒုတိယမျိုးဆက်များမှလွဲ၍ လူချမ်းသာတိုင်းဟာ ဆင်းရဲသည့်ဘဝမှတစ်ဆင့်ချင်းတက်လာကြခြင်းဖြစ်ပေသည်။ သို့ပေမယ့် ထိုဒုတိယမျိုးဆက်များတွင် အမွေများကို ထိန်းသိမ်းလုပ်ကိုင်နိုင်သည့် အရည်အချင်းမရှိပါက သူတို့သည်လဲ ဆင်းရဲသွားနိုင်ပေသည်။

ကုချင်နှင့် ကုမန့်တို့နှစ်ယောက်လုံးသူ သူဌေးကောင်းများဖြစ်ကြပြီး ဝန်ထမ်းများအားလုံး၏ထောက်ခံမှုကို ရထားလေသည်။ ဝန်ထမ်းတိုင်း သူတို့ကို လေးစားချစ်ခင်ကာ အလိုလို သူတို့ဘက်မှကာကွယ်ပေးကြသည်။

"ဒါဘယ်လိုမှမဖြစ်နိုင်ဘူး! ငါကိုယ်တိုင် သူတို့ဖြေတာကိုကြားချင်တယ်!" ပြောပြီးသည်နှင့် လင်းလိကျွမ်းချက်ချင်း ပြေးသွားလိုက်သည်။

"ရှောင်ရှောင် လိုက်သွားကြည့်လိုက်။ သူ့ကို ဘာပြဿနာမှမရှာစေနဲ့။" ဧည့်ကြိုမိန်းကလေးက ချက်ချင်းပဲ သူမဘေးနားမှ အလှဖန်တီးသူတစ်ယောက်ကို ပြောလိုက်သည်။

ထိုအလှဖန်တီးသူသည်လဲ ချက်ချင်းပဲ လင်းလိကျွမ်းနောက်ကို လိုက်သွားလိုက်သည်။

..............Book 14 Part 211end.............

အခန်း ၂၁၂ ကုမိသားစု

ကုမန့်နှင့် ကုချင်တို့ သီးသန့်ခန်းထဲသို့ မဝင်ရသေးခင်တွင်ပဲ လင်းလိကျွမ်းက သူတို့ကိုဖြတ်တားလိုက်ကာ,

"ကုချင်, ကုမန့်, ငါအခုချက်ချင်းနင်တို့နဲ့စကားပြောဖို့လိုတယ်။"

"လင်းလိကျွမ်း, ငါကတော့ နင်နဲ့ပြောစရာအကြောင်းရှိမယ်လို့ မထင်ဘူး။ နင်အသားအရေထိန်းသိမ်းချင်လို့လာတာဆိုရင် အလှဖန်တီးသူတွေဆီကိုသာသွားလိုက်။" ကုချင်က တန်းငြင်းလိုက်သည်။ လင်းလိကျွမ်း ဘာပြောချင်နေလဲ ကုချင်သိပေမယ့် အခုချိန်တွင် သူမပြောတာတွေကို နားထောင်လိုစိတ်မရှိပေ။

"နင်...." အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုသာ ဒီနေရာတွင်ရှိမနေလျှင် လင်းလိကျွမ်း ကုချင်ကို အော်ပစ်လိုက်ပြီးဖြစ်လောက်ပေမယ့် အခုတော့ သူမဒေါသကို သူမမနည်းထိန်းနေရကာ ချက်ချင်းလှည့်ထွက်သွားလိုက်သည်။

ဆိုင်ပြင်သို့ရောက်သည်နှင့် ချက်ချင်းပဲ ကုချင်းရှန်ထံဖုန်းဆက်လိုက်သည်။

"ဘာလဲ?" ကုချင်းရှန်သည်တော့ လင်းလိကျွမ်းဖုန်းခေါ်ဆိုလာခြင်းကို စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ဟန်နီ၊ ကျွန်မအခု ကုချင်နဲ့ ကုမန့်ကို အလှပြင်ဆိုင်မှာတွေ့ခဲ့တယ်။ ရှင်ယုံနိုင်မှာမဟုတ်ပေမယ့် သူတို့က အခု အလှပြင်ဆိုင်ရဲ့ သူဌေးတွေဖြစ်နေကြပြီ! သူတို့ဘယ်လိုလုပ်ဝယ်နိုင်တာလဲ? ဒီဆိုင်က အနည်းဆုံးယွမ်၁သန်းကျော်လောက်အနည်းဆုံးတန်တာ!" လင်းလိကျွမ်း ဒေါသတကြီးတိုင်တန်းပြောဆိုလိုက်သည်။

"ဘာ? သူတို့မှာ ဒီလောက်ပိုက်ဆံအများကြီးရှိတယ်လား?" ထိုစကားများကို ကြားတော့ ကုချင်းရှန်လဲ ထိတ်လန့်သွားကာ မယုံနိုင်ခဲ့ပေ။

"အဟုတ်ပဲ! သူတို့အလုပ်ထွက်ပြီး အိမ်ပြောင်းသွားကြတာ ဒါကြောင့်ပဲ။ သူတို့က အခုချမ်းသာသွားပြီး ကျွန်မတို့နဲ့အဆက်အသွယ်မလုပ်ချင်ကြတော့လို့။" လင်းလိကျွမ်းထပ်ပြောလိုက်သည်။

"သူတို့က ဘယ်လိုလုပ်ချမ်းသာသွားရတာလဲ?" ကုချင်းရှန်စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

"ကျွန်မက ဘယ်လိုလုပ်သိမှာလဲ? သူတို့ကို မေးချင်ပေမယ့် ကုချင်က ကျွန်မကို စကားတောင်မပြောဘူး။ အမျိုးသမီးဟောင်နဲ့ အမျိုးသမီးလုကလဲ သူတို့ကိုကူညီပေးနေကြတယ်။ သူတို့ကိုစိတ်အနှောက်အယှက်ပေးမိမှာစိုးတာနဲ့ ကျွန်မလဲ ဒီတိုင်းပဲထွက်လာလိုက်ရတာ။"

အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့ ကုချင်နှင့်ကုမန့်ကို တရင်းတနှီးရှိနေသည့်အကြောင်းကို ပြန်စဉ်းစားလိုက်မိတော့ လင်းလိကျွမ်းအလွန်တရာ မနာလိုဖြစ်သွားမိသည်။

"ဘာပြောတယ်? မင်းပြောတာ အချမ်းသာဆုံးအဆင့်၉နေရာမှာရှိတဲ့ မိသားစုရဲ့ အမျိုးသမီးဟောင်နဲ့ 'ဟက်ပီးဟုမ်း' ပရိဘောဂနဲ့ အိမ်အသုံးအဆောင်ပစ္စည်းများလုပ်ငန်းရဲ့ အမျိုးသမီးလုလား?" ကုချင်းရှန်ထပ်ပြီး ထိတ်လန့်သွားရသည်။

"ဟုတ်တယ်၊" လင်းလိကျွမ်းပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ၊ ငါစုံစမ်းလိုက်မယ်။" ကုချင်းရှန် ချက်ချင်းဖုန်းချလိုက်တော့သည်။ အခုချိန်တွင် သူ့စိတ်ခံစားချက်တွေအားလုံး ရှုပ်ထွေးနေလေသည်။

ကုချင်ကို သူ့ကိုယ်ပိုင်ဖုန်းနဲ့ ခေါ်ဖို့စဉ်းစားလိုက်ပေမယ့် ခနစဉ်းစားလိုက်ပြီးတော့ ရုံဖုန်းနှင့်သာဆက်လိုက်သည်။ ဘာလို့ဆို ကုချင်က သူ့ဖုန်းနံပါတ်ကို သိနေကာ ပြန်ဖြေကြားမည်မဟုတ်မှန်းလဲ သူသိလေသည်။

ကုချင်တကယ်ပဲ ကုချင်းရှန်ရဲ့ ရုံးဖုန်းနံပါတ်ကို မသိတာကြောင့် ပြန်ဖြေလိုက်လေသည်။ "ဟလို"

ကုချင်းရှန်လဲ နှုတ်ဆက်စကားများဖြင့် အချိန်ဆွဲမနေတော့ပဲ သူမေးချင်တာကိုသာ တန်းမေးလိုက်သည်၊

"ကုချင်, ငါပါ နင့်အစ်ကိုကြီး။ ငါကြားတာတော့ နင်နဲ့ ကုမန့်တို့ အလှပြင်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ကြတယ်ဆို? ဘယ်ကနေပိုက်ဆံရကြတာလဲ?"

ကုချင်းရှန်၏အမေးစကားသံက ကုချင်နှင့်ကုမန့်တို့မှာ တသက်လုံး ငွေမရှိကြေးမရှိဖြင့် ဆင်းဆင်းရဲရဲသာနေကြရလိမ့်မည်ဟု တစ်ထစ်ချယုံကြည်နေဟန်။

ကုချင်းရှန်၏ အသံကိုကြားတော့ ကုချင်အော်ရယ်လုနီးနီးဖြစ်သွားသည်။ ကုချင်းရှန်က သူ့ထက်သူမတို့ပိုကောင်းသည့် ဘဝမှာနေနိုင်ကြမည်ကို မြင်ရမှာအလွန်မုန်းကြောင်း သူမသိတာကြောင့် ချက်ချင်းပြန်ပြောလိုက်သည်။

"ဘာလို့ အခုလိုလာမေးနေတာလဲ? ကျွန်မတို့ချမ်းသာလာတာ ဥပဒေနဲ့များမညီညွတ်နေလို့လား? ဘဝမေ့မနေနဲ့ဦး, အစ်ကိုလဲ မချမ်းသာခင်တုန်းက ဆင်းရဲတဲ့ဘဝကလာခဲ့တာပဲ"

"မင်း...." ကုချင်၏စကားများကြောင့် ကုချင်းရှန်ဒေါသထွက်သွားပေမယ့် ဘာပြန်ပြောလို့ပြောရမှန်းတော့မသိပေ။

ကုချင်က ကုမန့်, အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့ကို ရှောင်ပြီးမှ ဖုန်းဖြေခဲ့ခြင်းမဟုတ်တာကြောင့် သူတို့အားလုံးလဲ ရှင်းရှင်းလင်းလင်းကြားလိုက်ရလေသည်။ ကုမန့်မျက်နှာသည်တော့ အနည်းငယ်ပြောင်းလဲသွားကာ စိတ်ထိခိုက်နာကျင်နေဟန်ပေါ်လေ၏။ သူမမိသားစုများအကြောင်း သိပြီးဖြစ်တာတောင်မှ အခုလိုအမေးခံရသည်ကို ဝမ်းနည်းစိတ်ထိခိုက်နေမိစဲပင်။

အမျိုးသမီးဟောင်သည်တော့ ဒေါသထွက်သွားကာ ကုချင်လက်ထဲမှဖုန်းကို ဆွဲယူလိုက်ပြီး,

"သူဌေးကု, ကျွန်မက ဟောင်ကျုံးလုံရဲ့ဇနီး ကုလန်ပါ။ ရှင်ဘာလို့ ကုချင်နဲ့ ကုမန့်တို့ ငွေဘယ်ကရလဲဆိုတဲ့အကြောင်း မေးနေမှန်း ကျွန်မနားမလည်နိုင်ဘူး။ ကျွန်မပြောလိုက်မယ်၊ အဲ့ဒီ့ငွေကို ကျွန်မသူတို့ကို ချေးလိုက်တာ။ ပြီးတော့ ရှင့်မှာလဲ သူတို့ကို မေးခွန်းထုတ်ပိုင်ခွင့်မရှိဘူး။"

ပြီးတာနဲ့ အမျိုးသမီးဟောင် ကုချင်းရှန်ဖုန်းကို ချပစ်လိုက်ကာ ကုချင်နှင့်ကုမန့်ကိုကြည့်ပြီး,

"တောင်းပန်ပါတယ်၊ ကျွန်မနည်းနည်းရိုင်းသွားတယ်၊ စိတ်မရှိပါနဲ့နော်။"

ကုချင်နှင့် ကုမန့်တို့လဲ အကြည့်များပြောင်းသွားကာ ရယ်လိုက်ပြီး ကုချင်ကပြောလိုက်သည်။

"မဟုတ်တာ။ ရှင်အဲ့လိုလုပ်လိုက်တာ ပိုတောင်ကောင်းသေးတယ်။"

"အမ်, ဒါနဲ့ ရှင်တို့ငွေတွေက တရားတော့ဝင်ပါတယ်နော်?" အမျိုးသမီးဟောင် သတိလက်လွတ်မေးပြီးသွားကာမှ မသင့်တော်သည့်မေးခွန်းမှန်း ပြန်သတိရသွားကာ

"တောင်းပန်ပါတယ်၊ ကျွန်မအဲ့လိုသဘောပြောချင်တာမဟုတ်ပါဘူး။"

အမျိုးသမီးဟောင် ဘယ်လိုသဘောနဲ့မေးလိုက်သည်ဖြစ်စေ ကုချင်နှင့်ကုမန့်ကတော့ စိတ်မဆိုးပေ။ နောက်ကုမန့်ကနေပြီး ရှင်းပြလိုက်သည်,

"သေချာပေါက် တရားဝင်ပါတယ်။ သူတို့ကို မပြောပြချင်ရုံပါ။ ကျွန်မသမီးက လူတစ်ယောက်အသက်ကို အတော်တဆကယ်ခဲ့မိတာနဲ့ အဲ့လူက ငုံးဥအရွယ်လောက်ရှိတဲ့ ကျောစိမ်းတစ်လုံးကို အဖိုးအခအနေနဲ့ပြန်ပေးခဲ့တယ်။ သမီးကလဲ လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ကိုသွားပြီး စစ်ဆေးကြည့်ခိုင်းလိုက်တော့ မမျှော်လင့်ထားပဲ ယွမ်၁၀သန်းလောက်တန်တဲ့ အစိမ်းရောင်ဘုရင်ဖြစ်နေခဲ့တယ်လေ။ ကျွန်မတို့အတွက် ရတနာပစ္စည်းဆိုတာမလိုတော့ ကျွန်မသမီးကလဲ အဲ့ကျောက်ကို ရောင်းချပြီး စီးပွားရေးစဖို့ ငွေအရင်းအနှီးအနေနဲ့သုံးခဲ့တာ။"

"ဘာ? အစိမ်းရောင်ဘုရင်? ကျောက်စိမ်းတွေရဲ့ဘုရင်လား? အဲ့ဒါက အရမ်းအဖိုးတန်တာလေ။" ထိုစကားများကိုကြားတော့ အမျိုးသမီးဟောင်ရော အမျိုးသမီးလုပါ ထိတ်လန့်အံ့ဩသွားကြသည်။

အမျိုးသမီးများသည် လက်ဝတ်ရတနာများကို နှစ်ခြိုက်သဘောကျကြလေသည်။ တချို့ကတော့ ရွှေ, ငွေများကိုကြိုက်ပြီး တချို့သည်တော့ စိန်များ, တချို့သည်တော့ ကျောက်စိမ်းများကိုသဘောကျကြသည်။ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုသည်တော့ ကျောက်စိမ်းကို သဘောကျသည့် လူမျိုးထဲတွင်ပါဝင်လေသည်။

ရှေးစကားတစ်ခွန်းလိုပေါ့: ကျောက်စိမ်းဆိုတာ လူသားများကို ပျော်ရွှင်မှုပေးသည်။ ပြီးတော့ ကျောက်စိမ်းသည်သာ သူတို့၏လှပမှုကို ပိုမိုပေါ်လွင်စေသည်။

အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုသည်တော့ ကုမန့်လိမ်ညာလိမ့်မည်မဟုတ်ဟု ယုံကြည်တာကြောင့် ကုမန့်၏ရှင်းပြချက်ကို သံသယမဝင်ပေ။

ထိုအချိန်တွင် ကုချင်းရှန်သည်တော့ အမျိုးသမီးဟောင်ဘက်မှဖုန်းကြပြီးအတော်ကြသည်အထိ ဆွံ့အမှင်တက်နေမိသည်။

အမျိုးသမီးဟောင်က သူတို့ကိုငွေချေးပေးခဲ့တယ်လား? သူယုံကြည်သင့်လားဆိုတာတော့ မသေချာပေမယ့် အတော်လေးတော့ အံ့ဩမိသွားသည်။ သူ့ဘက်မှ အမျိုသမီးဟောင်ကို စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရဲပေမယ့် သူမကတော့ သူ့ကို ရန်စသွားခဲ့လေသည်။

ကုနင်းလေယာဉ်ပေါ်မှဆင်းပြီး အန်းကွမ်းယောင်တို့နှင့်အတူမပြန်ပဲ တစ်ယောက်ထဲ ပြန်လာခဲ့သည်။ ပြီးတော့ သူမဖုန်းကိုဖွင့်လိုက်ကာ ကုမန့်ကို ဖုန်းဆက်လိုက်သည်။ ကုမန့်နှင့်ကုချင်တို့ အလှပြင်ဆိုင်မှာရှိနေသည်ကိုသိလိုက်တေ့ာ သူမလဲ ထိုနေရာသို့သွားတွေ့ရန် ဆုံးဖြတ်လိုက်လေသည်။

ကုနင်းဖုန်းချသွားတော့မှ ကုမန့်လဲ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့ဘက်ကြည့်ကာ,

"အမ်, ကျွန်မသမီးက ကျွန်မတို့ကိုတွေ့ဖို့ ဒီကိုလာမယ်တဲ့။ နေ့လည်စာလဲ အတူတူစားဖြစ်လောက်တယ်။ အဆင်ပြေရဲ့လား?"

အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့ မျက်ခုံးပင့်လိုက်မိကာ အမျိုးသမီးဟောင်က ပြုံးလိုက်ပြီး,

"ပြေတာပေါ့။ ကျွန်မတို့လဲ ရှင့်သမီးကို တွေ့ချင်နေမိတာ။"

"အိုး၊ ဒါနဲ့ ကျွန်မသားကောလာခိုင်းလို့ရလား? သူတို့ကတစ်ကျောင်းတည်းဆိုတော့ အချင်းချင်းသိရင်သိနေမှာ။ ကျွန်မသားက စာသိပ်မတော်ပဲ နည်းနည်းလေးဆိုးတယ်ဆိုပေမယ့် လူကောင်းလေးပါ။" အမျိုးသမီးဟောင်က ဆက်ပြောလိုက်သည်။

"ရတာပေါ့။" ကုမန့်ပြန်ဖြေလိုက်သည်။

ပြီးတာနဲ့ အမျိုးသမီးဟောင်လဲ သူ့မသားထံ စာလှမ်းပို့လိုက်လေသည်။

..............Book 14 Part 212end.............

အခန်း ၂၂၃ JadeBeautyလက်ဝတ်ရတနာဆိုင်အားကြော်ငြာခြင်း

ဟောင်ရန်သည်တော့ သူ့အမေဆီမှစာရကိုဖတ်ပြီး မသွားချင်ပေမယ့် အမိန့်နာခံကာ သွားမှဖြစ်ပေမည်။ မဟုတ်လျှင် အိမ်ပြန်ရောက်သည်နှင့် အပြစ်ပေးခံနေရလိမ့်မည်။

တကယ်တော့ ဟောင်ရန်မှာ သူ့အမေကို အရမ်းကြောက်ရလေသည်။ ဘာလို့ဆို သူ့အမေက သူ့နားရွက်ကို ဆွဲကာ မပြီးနိုင်မစီးနိုင် ဆူပူမှုသည် အတော်လေးညီးငွေ့စရာကောင်းက ဟောင်ရန်အတွက်တော့ တောင့်မခံနိုင်သည့်အရာဖြစ်လေသည်။ အဆုံးမှာတော့ စကားနားထောင်ကာ သွားလိုက်ရသည်။

၁၁နာရီ၄၀လောက်ရောက်တော့ ကုနင်းအလှပြင်ဆိုင်ကိုရောက်လာခဲ့ကာ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုသည်တော့ မျက်နှာပေါင်းတင်ပြီး၍ နားနေခန်းတွင် ထိုင်စောင့်နေကြလေသည်။

"နင်းနင်း, ဒီကိုလာခဲ့။" ကုနင်းကို ကုမန့်က အရင်ဆုံးမြင်လိုက်တာကြောင့် လှမ်းခေါ်လိုက်သည်။ ကုန်ငးလဲ ကုမန့်ထံသွားလိုက်သည်။

ကုနင်းဝင်လာသည်နှင့် အမျိုးသမီးဟောင်မှာ အံ့ဩထိတ်လန့်စွာဖြင့် ချက်ချင်းမတ်တပ်ထရပ်လိုက်ကာ ,

"မင်းပဲ။"

လူတိုင်းသည်လဲ အမျိုးသမီးဟောင်ကို ကြည့်လိုက်မိကြသည်။ သူမ ကုနင်းကိုသိနေတာလား?

အမျိုးသမီးဟောင်ကိုမြင်တော့ ကုနင်းလဲ အနည်းငယ်အံ့ဩမိသွားကာ ယဉ်ကျေးစွာပြန်နှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်, အမျိုးသမီးဟောင်။"

"အမျိုးသမီးဟောင်လို့မခေါ်ပါနဲ့, အန်တီကုလို့ပဲခေါ်။" အမျိုးသမီးဟောင်သည် ကုနင်းကိုစတွေ့ခဲ့ကတည်းက အမြင်ကောင်းရှိနေတာကြောင့် အခုလို ကုမန့်ရဲ့သမီးဖြစ်နေတာကို သိလိုက်ရတော့ ပိုလို့တောင် သဘောကျသွားလေသည်။

"တွေ့ရတာဝမ်းသာပါတယ်, အန်တီကု။" ကုနင်းထပ်နှုတ်ဆက်လိုက်သည်။

"ကုလန်, နင် ကုမန့်ရဲ့သမီးကိုသိနေတာလား?" အမျိုးသမီးလုက မေးလိုက်ကာ ကုမန့်နှင့် ကုချင်တို့သည်လဲ သိချင်နေကြလေသည်။

"သူက တစ်နေ့က ဟောင်ရန်နဲ့ကျန်တဲ့ကောင်လေးတွေနဲ့ လူကြီးမင်းချင်ရဲ့မွေးနေပွဲကိုတက်တဲ့ ကောင်မလေးလေ။ သူလက်ဆောင်တောင်ပေးခဲ့သေးတယ်၊ ဘာပါလိမ့်, အော် သမင်ခေါင်းနဲ့ ဖန်ခွက်လေ။ နင်တောင် အဲ့တုန်းက သူ့မှာ ကောင်းတဲ့အငွေ့အသက်တွေရှိနေတယ်လို့ပြောသေးတာကော။" အမျိုးသမီးဟောင်က ဝမ်းသာပျော်ရွှင်စွာရှင်းပြလိုက်သည်။

"အိုး, အဲ့ဒါမင်းလား?" အမျိုးသမီးလုလဲ အံ့ဩသွားခဲ့သည်။ သူမလဲ ထိုနေ့က ကုနင်းအပေါ်အမြင်ကောင်းရှိနေခဲ့သည်လေ။

"ဟုတ်ပါတယ်၊ ကျွန်မပါပဲ. တွေ့ရတာဝမ်းသာပါတယ်၊ မဒမ်။" ကုနင်း အမျိုးသမီးလုကို နှုတ်ဆက်လိုက်သည်။

"မဒမ်လို့ခေါ်ဖို့မလိုပါဘူး။ အန်တီပိုင်လို့သာခေါ်။" အမျိုးသမီးလုကလဲ ပြန်ပြင်ပြောလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်၊ အန်တီပိုင်။" ကုနင်းပြန်နှုတ်ဆက်လိုက်သည်။

ထိုစကားများကိုကြားတော့မှ ကုမန့်နှင့် ကုချင်လဲ ဘာတွေဖြစ်နေမှန်းသိသွားတော့သည်။ သူတို့လဲ ကုနင်းမွေးနေ့ပွဲတစ်ခုကို တက်ခဲ့မှန်းသိထားလေသည်။

"ကုမန့်က သူ့သမီးလဲ အမှတ်၃အထက်တန်းကျောင်းက စီနီယာကျောင်းသူလို့ပြောလို့ အန်တီတောင် ဟောင်ရန်ကို သမီးနဲ့တွေ့ရအောင် ခေါ်ထားလိုက်သေးတယ်။ မမျှော်လင့်ဘဲ သမီးတို့က သူငယ်ချင်းတွေတောင်ဖြစ်ပြီးနေကြပြီ။" အမျိုးသမီးဟောင်ကို သူတို့အရမ်းရင်းနှီးသွားကြသည့်ပုံစံပြောလိုက်သည်။

"အိုး, ဟောင်ရန်အခုချိန်ဆို ကျောင်းကထွက်လာလောက်ပြီ။ သမီးကို မြင်ရင် သူဘယ်လိုဖြစ်သွားမလဲတောင်သိချင်လာပြီ။" အမျိုးသမီးလုတွင်လဲ ဟောင်ရန်ကို အခုအကြောင်းပြန်ပြောပြဖို့ အတွေးမရှိပုံပင်။

ကုနင်းလဲ သိချင်တာကြောင့် ဟောင်ရန်ကို မပြောပြခဲ့ပေ။

သူတို့တစ်ဖွဲ့လုံး ဟိုတယ်သို့သွားကြပြီးနောက် အမျိုးသမီးဟောင်က ဟောရန်ထံသို့ နေရာကိုလှမ်းပြောလိုက်သည်။

နာရီဝက်လောက်နေတော့ စားပွဲပေါ်တွင် ဟင်းပွဲများဖြင့်ပြည့်သွားကာ တစ်ချိန်တည်းမှာပဲ ဟောင်ရန်လဲ ရောက်ရှိလာခဲ့သည်။ ဟောင်ရန် သီးသန့်ခန်းထဲသို့ဝင်လိုက်သည်နှင့် အရွယ်ရောက်အမျိုးသမီးများကြားတွင် ကွဲထွက်နေသည့် ကုနင်းကို ချက်ချင်းသတိထားမိသွားကာ အလွန်ထိတ်လန့်အံ့ဩသွားပြီး,

"ဘော့စ်၊ ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?"

"ဘာ့စ်?"

လူတိုင်းအံ့ဩသွားကာ ဟောင်ရန်နှင့် ကုနင်းကို ကြည့်လိုက်မိကြသည်။ ဟောင်ရန်က ဘာ့လို့ ကုနင်းကို ဘော့စ်လို့ခေါ်ရတာလဲ?

ကုမန့်သည်တော့ ဟောင်ရန်ဝင်လာသည့်အချိန်တွင် သူမဆေးရုံသို့လာလည်ဖူးသည့်ကောင်လေးမှန်း မှတ်မိသွားပေမယ့် နာမည်ကိုတော့ မမှတ်မိပေ။ အခုတော့ ကုမန့် ကံကြမ္မာဆိုတာကို အမှန်တကယ်ယုံကြည်သွားတော့သည်။

"အမ်, ဘာမှမဟုတ်ပါဘူး။ ကျွန်တော်နဲ့ ကုနင်းအလောင်းအစားတစ်ခုလုပ်တာ ကျွန်တော်ရှုံးသွားတာနဲ့ သူ့ကို ဒီလိုခေါ်တာ။" ဟောင်ရန်လဲ သူအပြောမှားသွားမှန်းသိလိုက်တောကြာင့် ဝတ်ကျေတန်းကျေပြန်ဖြေလိုက်သည်။

သူတို့ထပ်မေးမလို့ရှိသေး ဟောင်ရန်က ချက်ချင်းကုမန့်ဘက်ကို လှည့်ကာမေးလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်၊ အန်တီကု။ ကျွန်တော်ကို မှတ်မိသေးလား?"

အမျိုးသမီးဟောင်လဲ ဟောင်ရန် ကျောင်းတွင် ရန်အလွန်ဖြစ်တတ်မှန်းသိထားပေမယ့် ယောကျ်ားလေးတွေနဲ့ပဲလို့သာသိထားလေသည်။ အခုလို့ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်သည့်အပြင် သုံးယောက်တစ်ယောက်ချသည်ကိုပါ အမျိုးသမီးဟောင်သိလိုက်ပါက သေချာပေါက် ဟောင်ရန်ကို အကြိမ်ပေါင်းများစွာအပြစ်ပေးပေလိမ့်မည်။ ဘယ်လိုပဲရှုံးခဲ့တယ်ဆိုဆို, မိန်းကလေးတစ်ယောက်နှင့်ရန်ဖြစ်တဲ့ဆိုတာကိုက ရှက်စရာကောင်းလွန်းလှသည်။

အမျိုးသမီးဟောင်သည် ထိုသို့ယဉ်ကျေးမှု အကျင့်သိက္ခာမရှိသည့်လူမျိုးကို အလွန်မုန်းလေသည်။

"မှတ်မိတာပေါ့။ အန်တီဆေးရုံမှတုန်းကလာသေးတယ်မလား။" ကုမန့်ပြုံးကာပြန်ဖြေလိုက်သည်။

ဟောင်ရန်တစ်ယောက် သူနှင့်ကုနင်း၏အလောင်းအစားအကြောင်း တခြားသူများကိုအောင်မြင်စွာ အာရုံလွှဲသွားစေနိုင်ခဲ့သည်။

အမျိုးသမီးလုနှင့် ကုချင်ကိုပါ နှုတ်ဆက်ပြီးသွားတော့ ဟောင်ရန် ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်သည်။

တကယ်တော့ ဟောင်ရန်သူ လူကောင်းလေးတစ်ယောက်ပင်။ အတန်းတွေပျက်ပြီး ရန်ဖြစ်တတ်တာကလွဲပြီး ပညာတတ်လူယဉ်ကျေးတစ်ယောက်ဖြစ်လေသည်။ ဆယ်ကျော်သက်အရွယ်ဆိုတာ အားလုံးလိုလို မနာခံမှုလေးတွေရှိတတ်ကြသည်ပဲလေ။

"ကျွန်မ အမြဲတမ်း အဆင့်မြင့်ကျောက်စိမ်းတစ်ဆင်စာလောက်လိုချင်နေခဲ့တာ။ ဒါပေမယ့် မြို့တော်Fကကျောက်စိမ်းအားလုံးက သာမာန်တွေပဲ။ ယီချိုင်ကျောက်စိမ်းဆိုင်တော့ရှိပေမယ့် ကျွန်မကြိုက်တာပုံစံမဟုတ်ဘူး။ ပထမတန်းမြို့တော်တွေကိုသွားဖို့ဆိုတာကလဲ ပျင်းနေတာ။" အမျိုးသမီးဟောင်က သက်ပြင်းလေးချကာပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် ကုနင်းအကြံတစ်ခုပေါ်လာတော့သည်။ ဒါကသူမတို့ကျောက်စိမ်းလက်ဝတ်ရတနာတံဆိပ်ကို ကြော်ငြာဖို့အခွင့်ရေးကောင်းပဲ။

"အန်တီဟောင်၊ Gမြို့မှာ တမြန်နေ့ကဖွင့်ခဲ့တဲ့ အဆင့်မြင့်တံဆိပ်ကျောက်စိမ်းဆိုင်တစ်ဆိုင်ရှိတယ်။ နာမည်ကတော့ JadeBeautyတဲ့။ အဲ့ဒီ့က ကျောက်စိမ်းအားလုံးက အလယ်အမြင့်အဆင့်နဲ့အထက်တွေကြီးပဲ။ ဖွင့်ပွဲနေ့တုန်းက အစိမ်းရောင်ဘုရင်ကို အော်ဒါကောက်တာ မိနစ်ပိုင်းအတွင်း ရောင်းထွက်သွားတာပဲ။ အဲ့နေ့တစ်နေ့တည်းနဲ့တင် ဆိုင်က ယွမ်သန်း၁၀၀ကျော်လောက်ဝင်သွားတယ်။ အစိမ်းရောင်ဘုရင်ကရောင်းထွက်သွားပြီဆိုပေမယ့် တခြား ရှားပါးတဲ့ ကျောက်စိမ်းတွေ, တွင်းဟောင်းဖန်သား, ပျော်ရွှင်ခြင်းနှစ်ဆ, ခရမ်းရင့်ရောင်ကျောက်သား၊ ရေသားကျောက်၊ ခေါင်ရမ်းကျောက်တို့လို ကျောက်စိမ်းအမျိုးအစားတွေလဲ အများကြီးရှိသေးတယ်။ ပြီးတော့ ဝယ်ယူသူစိတ်ကြိုက် အထူးလုပ်ပေးတဲ့ ဝန်ဆောင်မှုလဲရှိသေးတယ်။ ဖွင့်ပွဲနေ့ပြီးလို့ သုံးရက်အတွင်းလဲ ဝယ်သူတိုင်းကို ၁၀ရာခိုင်လျှော့ဈေးပေးနေသေးတယ်။" ကုနင်းသိသိသာသာကို ဆွဲဆောင်သိမ်းသွင်းနေလေသည်။

"တကယ်ပဲလား?" အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုသည်တော့ စိတ်လှုပ်ရှားကာ မျက်လုံးအရောင်များတောက်ပလာတော့သည်။

"ဟုတ်တယ်၊ ကျွန်မအရင်အပတ်တုန်းက အဲ့ဆိုင်ကိုသွားခဲ့တာ။ အင်တာနက်ကနေလဲ ရှာကြည့်လို့ရတယ်။ သတင်းတွေအများကြီးပဲ။ Gမြို့ရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်အတော်များများလဲ ဖွင့်ပွဲကိုတက်ရောက်ခဲ့ကြသေးတယ်။" ကုနင်း‌ပြန်ဖြေလိုက်သည်။

အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုသည်လဲ ချက်ချင်းသူတိုဖုန်းများကိုထုတ်ကာ သတင်းများကို ရှာဖတ်ကြလေသည်။ ကြော်ငြာကိုတွေ့လိုက်ရတော့ အမျိုးသမီးဟောင်ရော အမျိုးသမီးလုပါ ဝမ်းသာပျော်ရွှင်သွားသည်။ အစိမ်းရောင်ဘုရင်သည် အလွန်ဆွဲဆောင်မှုရှိပေသည်။ သို့ပေမယ့် သူတို့လူကိုယ်တိုင်ကြည့်ရှုခွင့်မရလိုက်သည်ကတော့ နှမြောစရာကောင်းလှသည်။

ပြီးတော့ တခြားကျောက်စိမ်းအမျိုးအစားများ၏ပုံများကိုလဲ ဆက်ကြည့်လိုက်ကြသည်။ လက်ဝတ်ရတနာများကို အဆင့်မြင်ကျောက်စိမ်းဖြင့်ပြုလုပ်ထားကာ ဈေးပေါသည့် ကျောက်စိမ်းများနဲ့လုံးဝကွာခြားလေသည်။ ဖုန်းမျက်နှာပြင်ကတစ်ဆင့်တောင်မှ အထက်တန်းဆန်လှသည့် အငွေ့အသက်များကို ခံစားနေရလေသည်။

ကုချင်နှင့် ကုမန့်လဲ သိချင်စိတ်ဖြစ်လာပေမယ့် သူတို့က ကျောက်စိမ်းအကြောင်းသိပ်မသိတာကြောင့် ဒီအတိုင်းအပျော်သဘောသာရှာကြည့်လိုက်ကြသည်။

"ဒီဇိုင်းတွေက ရိုးရှင်းတယ်ဆိုပေမယ့် အဆင့်မြင့်ကျောက်စိမ်းဆိုတာနဲ့ကို အရမ်းထူးခြားလွန်းနေပြီပဲ!" အမျိုးသမီးဟောင်ကပြောလိုက်သည်။

..............Book 14 Part 213end.............

အခန်း ၂၁၄ ကုနင်းရဲ့အဘွားကတော့ ပြဿနာရှာပြန်ပြီ ၁

"ဟုတ်တယ်! ပြီးတော့ တွေ့ဖို့ ခက်လွန်းတဲ့ ကျောက်စိမ်းအမျိုးအစားတွေလဲအများကြီးပဲ။ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့သူဌေးက တကယ့်ကို ချမ်းသာပြီး ကျောက်စိမ်းအရင်းအမြစ်လဲ တော်တော်ရှိပုံရတယ်။" အမျိုးသမီးလုက ထပ်ပြောလိုက်သည်။

အမျိုးသမီးလုရော အမျိုးသမီးဟောင်ပါ ကျောက်စိမ်းကြိုက်နှစ်သက်သူတွေဖြစ်တာကြောင့် ကျောက်စိမ်းအမျိုးအစားများကို သိထားလေသည်။ ကျောက်စိမ်းဆိုသည်မှာ ကျောက်အလောင်းအစားလုပ်ရမှာရရှိလာခြင်းဖြစ်ကာ ကျောက်အလောင်းအစားလုပ်ရသည်မှာလဲ သာမာန်အလောင်းအစားများလုပ်ရသည်ထက် ပိုလို့ခက်ခဲလေသည်။ ကျောက်အလောင်းအစားလုပ်သည့် ၉၉ရာခိုင်းနှုန်းလောက်သည် ကျရှုံးကြသည်က များ၏။

၁ရာခိုင်နှုန်းလောက်သာ အနိုင်ရနိုင်ပေသည်။ အလွန်ကျွမ်းကျင်ပြီး အသိပညာဗဟုသုတကြွယ်ခြင်းသည် တခြားနေရာများတွင် အသုံးဝင်ပေမည့် ကျောက်အလောင်းအစားလုပ်ရာတွင်တော့ နိုင်ချေ ရာခိုင်နှုန်းအနည်းငယ်လောက်ကိုသာ ပိုမြင့်တက်စေသည်။

"ငါတို့ Gမြို့ကို အတူသွားကြရအောင်လား?" အမျိုးသမီးဟောင်က အကြံပြုလိုက်သည်။

"ကောင်းသားပဲ! ငါအခုပဲ လေယာဉ်လက်မှတ်လှမ်းမှာလိုက်မယ်။ နေ့လည်ကျရင်သွားကြတာပေါ့။" အမျိုးသမီးဟောင်ကလဲ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းသဘောတူလိုက်သည်။

အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့ကို စွဲဆောင်နိုင်ခဲ့ပြီး JadeBeautyတံဆိပ်ကို အောင်အောင်မြင်မြင် ကြော်ငြာခွင့်ရလိုက်တာကြောင့် ကုနင်းပျော်ရွှင်နေတော့သည်။

Gမြို့နှင့် Fမြို့သည် သိပ်မဝေးဘဲ ၁နာရီလောက် လေယာဉ်စီးရုံဖြင့်ရောက်ရှိနိုင်သည့် အရပ်ဒေသဖြစ်လေသည်။

ဟောင်ရန်သည်တော့ သူ့အမေအကြောင်းသိပြီးသားဖြစ်၍ ဘာမှဝင်မပြောဘဲ တိတ်တိတ်လေးသာနေနေလေသည်။

စားသောက်ပြီးသွားတော့ အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့က Gမြို့သို့သွားရမည်ဖြစ်၍ ချက်ချင်းထွက်သွားကြသည်။

ဟောင်ရန်ကတော့ ကုနင်းကို သူနဲ့ ကျောင်းအတူလိုက်မလားလို့မေးခဲ့ပေမယ့် ကုနင်းကဒီနေ့ခွင့်ယူထားပြီးသားဖြစ်တာကြောင့် ငြင်းလိုက်ကာ မနက်ဖြန်မှသွားတော့မည်ဖြစ်ကြောင်းပြောခဲ့လေသည်။

................

လင်းလိကျွမ်းအိမ်သို့ပြန်ရောက်သည်နှင့် သူ့ယောက္ခမထံ ယနေ့ဖြစ်ခဲ့သမျှအကြောင်းအရာအားလုံးကို ပြောပြတော့သည်။ အမျိုးသမီးအိုကြီးလဲ ကုချင်နှင့် ကုမန့်တို့ ရုတ်တရက်ချမ်းသာသွားကာ အလှပြင်ဆိုင်တစ်ခုကိုတောင် ဝယ်ထားနိုင်ပြီမှန်းသိလိုက်ရတော့ ထိတ်လန့်အံ့ဩသွားခဲ့သည်။

"ဘယ်လိုလုပ်သူတို့လုပ်နိုင်ရတာလဲ? ချမ်းသာပြီဆိုတာနဲ့ ချက်ချင်းခြေရာဖျောက်သွားကြတာပေါ့။ ငါ့ကိုတော့ နည်းနည်းလေးစားပြီး တွေးပေးသင့်တယ်။" အမျိုးသမီးအိုကြီးကတော့ ဒီတစ်လျှောက်လုံးမတရားဆက်ဆံခံခဲ့ရသူမှာ သူမပဲဖြစ်သလိုနှင့် ပြောဆိုနေတော့သည်။

သူမက ကုချင်နှင့် ကုမန့်တို့ရဲ့ငွေတွေကိုတောင်မှ လောဘတက်နေခဲ့သေးသည်။

အမျိုးသမီးအိုကြီးသည် သူမသမီးနှစ်ယောက်၏ ဘဝကို အရေးမစိုက်ပေမယ့် သူမတို့ကို မွေးဖွားပေးတဲ့အဖိုးအခကိုတော့ ပြန်လိုချင်နေလေသည်။ ပြောရရင်တော့ အမျိုးသမီးအိုကြီးမှာ ကုချင်နှင့်ကုမန့်ကို မုန်းတီးနေသည့်အပြင် သူမထက်ပိုကောင်းမွန်တဲ့ဘဝမျိုးတွင်မနေစေချင်ပေ။

လင်းလိကျွမ်းသည်တော့ ရုတ်တရက် အကြံဆိုးတစ်ခုပေါ်လာခဲ့ကာ,

"အမေ, ကုမန့်က အခုထိတရားဝင်လက်မထပ်ရသေးဘူးဆိုတော့ ဥပဒေအရ အမေ့ရဲ့သမီးဖြစ်နေတုန်းပဲ။ ဒီတော့ သူ့ပိုက်ဆံကလဲ အမေ့ပိုက်ဆံပဲဖြစ်သင့်တယ်။"

ကုမန့်ပိုင်ဆိုင်သည့် ငွေကြေးသည် ကုချင်းရှန်၏ချမ်းသာမှုနှင့်နှိုင်းယှဉ်လျှင်အတော်လေးနည်းသည်ဆိုပေမယ့် လင်းလိကျွမ်းကတော့ ကုမန့်နှင့် ကုချင်တို့နှစ်ယောက် ကောင်းကောင်းမွန်မွန်နေ,နေရသည်ကို မမြင်ချင်ပေ။ အထူးသဖြင့် ကုနင်းက သူမသမီးကုရှောင်ရှောင်ကို ကျောင်းပြောင်းရအောင်လုပ်ထားခဲ့တာကြောင့် ကုမန့်ကို သေလောက်အောင်မုန်းတီးနေမိသည်။

အမျိုးသမီးအိုကြီးလဲ ချက်ချင်းပဲ ကုမန့်ကို ဖုန်းခေါ်လိုက်ပေမယ့် တစ်ဖက်ကပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ ထိုအမျိုးသမီးအိုကြီးပြောလာမည်စကားများမှာ ကောင်းသည့်အရာဖြစ်မှာမဟုတ်မှန်းတော့ သံသယရှိစရာပင်မလို။

ကုမန့်က ဖုန်းမကိုင်တာကြောင့် အမျိုးသမီးအိုကြီး ဒေါသထွက်သွားကာ ကုချင်ကို ထပ်ခေါ်လိုက်ပေမယ့် ရလဒ်သည်တော့ အတူတူပင်။

အမျိုးသမီးအိုကြီး၏ ဒေါသများပေါက်ကွဲသွားပြီး,

"သူတို့နှစ်ယောက်လုံး ငါ့ဖုန်းကိုမကိုင်ကြဘူး။ ကိုယ့်အမေကိုတောင် မေ့နေကြပြီလားပဲ! အဲ့ဒီ့အလှပြင်ဆိုင်က ဘယ်နားမှာလဲ? ငါအခုချက်ချင်း သူတို့ကိုသွားရှာမယ်။"

လင်းလိကျွမ်းကတော့ သူမယောက္ခမကို မတားသည့်အပြင် ဆိုင်လိပ်စာကိုပေးလိုက်တာကြောင့် အမျိုးသမီးအိုကြီးချက်ချင်း ထွက်သွားတော့သည်။

ကုနင်း ဒီနေ့အားနေတာကြောင့် ကုချင်နှင့် ကုမန့်တို့နဲ့အတူ အလှပြင်ဆိုင်သို့ ပြန်လိုက်သွားခဲ့သည်။

တကယ်တော့ သူမအဖွား ကုချင်နှင့်ကုမန့်ကို ဖုန်းဆက်နေတာကြောင့် ပြဿနာတစ်ခုခုရှာမည်ကိုစိုးရိမ်နေခြင်းဖြစ်လေသည်။ အမျိုးသမီးအိုကြီးသာ အခုချိန်ရောက်လာခဲ့လျှင် ကုချင်နှင့်ကုမန့်တို့ ပြဿနာကို သေချာကိုင်တွယ်မဖြေရှင်းနိုင်မည်ကို ကုနင်းစိုးရိမ်မိသည်။

ကုနင်းအထင်မှန်ခဲ့ပေသည်။ သူမတို့ အလှပြင်ဆိုင်သို့ပြန်ရောက်ပြီး နာရီဝက်လောက်နေသည်နှင့် အမျိုးသမီးအိုကြီးရောက်လာခဲ့ပေသည်။ သူမအထဲကို ဝင်လာပြီးသည်နှင့် ချက်ချင်းအော်ဟစ်တော့သည်,

"ကုချင်, ကုမန့်, အခုချက်ချင်းထွက်ခဲ့ကြစမ်း!"

သူမရဲ့အော်သံသည် ပတ်ဝန်းကျင်မှုလူအတော်များများရဲ့ အာရုံကို ဖမ်းစားသွားခဲ့ကာ သူတို့သည်လဲ ဒီအမျိုးသမီးအိုကြီး ပြဿနာလာရှာခြင်းဖြစ်ကြောင်း ချက်ချင်းသိလိုက်ကြသည်။

"နာမည်လေးတစ်ချက်လောက်ပြောပြပေးလို့ရမလား? ဘာအတွက်နဲ့ ကျွန်မတို့သူဌေးတွေကို တွေ့ချင်ရတာပါလဲ?" အမျိုးသမီးအိုကြီးက ဝင်လာသည်နှင့် ဒေါသတကြီးလျှောက်ပတ်ရမ်းနေတာကြောင့် ဧည့်ကြိုမိန်းကလေး ချက်ချင်းရောက်လာကာ သူမကို စိတ်ငြိမ်အောင်ပြောဆိုလိုက်သည်။

သို့ပေမယ့် ထိုအမျိုးသမီးအိုကြီးသည်တော့ အရှက်ကင်းမဲ့စွာ အသံကျယ်ကျယ်နှင့် အော်ဟစ်ဆဲဆိုပြန်သည်၊

"ကုချင်, ကုမန့်, ကျေးဇူးမသိတတ်တဲ့သမီးတွေ! နင်တို့ အခုချမ်းသာသွားတာနဲ့ နင်တို့အမေကို မေ့သွားကြပြီလား!"

တစ်ခနအတွင်း ထိုနေရာသို့လူများစုရုံးလာကြပြီး အဖြစ်မှန်ကိုမသိကြဘဲနှင့် ကျေးဇူးမသိတတ်သည့်သမီးများဟုဆိုကာ အပြစ်တင်နေကြတော့သည်။ သို့ပေမယ့် အလှပြင်ဆိုင်အတွင်းမှ ဝန်ထမ်းများသည်တော့ ကုချင်နှင့် ကုမန့်တို့ထိုသို့ကိစ္စမျိုးမလုပ်နိုင်ကြောင်း ယုံကြည်ကြလေသည်။

ကုနင်း, ကုချင်နှင့် ကုမန့်တို့သည် အနားက ရုံးခန်းထဲတွင်ထိုင်နေကြခြင်းဖြစ်တာကြောင့် အမျိုးသမီးအိုကြီးပြောသမျှကို ရှင်းရှင်းလင်းလင်းကြားလိုက်ရ၍ ချက်ချင်းထွက်လာခဲ့ကြသည်။

ကုနင်း သူမအဖွားကိုမြင်လိုက်ရတော့ အလွန်စိတ်အလိုမကျဖြစ်သွားကာ ကုချင်နှင့် ကုမန့်သည်လဲ စိတ်မချမ်းမြေ့တော့ပေ။ အခုအချိန်တွင် သူမတို့အမေနဲ့ ဘာမှပတ်သတ်စရာမှမရှိတော့ပဲ။

သူတို့ထွက်မလာခင်တွင်ပဲ၊ ကုနင်းက ကုချင်နှင့်ကုမန့်တို့ကို တိတ်တိတ်လေးသာနေကြပြီး သူမကိုသာ ဒီပြဿနာကို ဖြေရှင်းခွင့်ပြုထားရန် ပြောလိုက်သည်။

"ရှင်အခုဘာပြောလိုက်တာလဲ?" ကုနင်းက အေးစက်စွာမေးလိုက်သည်။ သူမစကားလုံးများတွင် လေးစားမှုတစ်စုံတစ်ရာမပါသလို အမျိုးသမီးအိုကြီးသည်လဲ သူမလေးစားပေးရလောက်သည်အထိ မထိုက်တန်ပေ။

"မှားနေလို့လား? နင်တို့ချမ်းသာလာတာနဲ့ အလုပ်ထွက် အိမ်ပြောင်းပြီး ပျောက်သွားကြတဲ့အပြင် ငါဖုန်းခေါ်တာကိုတောင် မကိုင်ကြတော့ဘူးလေ။ ငါ့အကြီးဆုံးချွေးမသာ နင်တို့ဒီမှာရှိမှန်းမသိခဲ့ရင် နင်တို့ အလှပြင်ဆိုင်တစ်ဆိုင်ပိုင်တဲ့အထိ ချမ်းသာနေပြီမှန်း ငါလဲသိလိုက်မှာမဟုတ်ဘူး။" အမျိုးသမီးအိုကြီးက ဒေါသတကြီးပြန်ပြောလိုက်သည်။

"တကယ်ပဲလား? သူတို့က ချမ်းသာတာနဲ့ ခြေရာဖျောက်သွားကြတာလား?"

"သူတို့အမေကိုတောင် အရှက်မရှိစွန့်ပစ်ခဲ့ကြတာပေါ့။"

.............

တချို့လူများက ကုမန့်နှင့် ကုချင်ကို အပြစ်တင်ကြတော့သည်။

"ပါးစပ်ပိတ်ထားကြ!" ကုနင်းရုတ်တရက်အော်လိုက်ကာ သူမရဲ့အေးစက်လှသည့်အကြည့်များကြောင့် အားလုံး ကြောက်ရွံ့ တိတ်ဆိတ်ကုန်ကြသည်။

ကုနင်းက အေးစက်လှသောလေသံဖြင့်,

"ရှင်တို့အားလုံး နောက်ကွယ်ကတကယ့်အကြောင်းအရင်းကိုသိထားကြလို့လား? မသိထားရင်, ပါးစပ်ကိုပိတ်ထားကြ။ ရှင်တို့ကိုရှင်တို့ သူပြောတာတစ်ခုထဲကြားရုံနဲ့ အမှန်တရားဘက်က ရပ်တည်တယ်လို့မထင်နေကြနဲ့။ ရှင်တို့သာ ကျွန်မတို့နေရာမှာဆို အခုလို ကျွန်မတို့ကို အပြစ်တင်နိုင်ကြလိမ့်ဦးမယ်လို့မထင်ဘူး။"

လူတိုင်းလဲ ထိုတော့မှ အမျိုးသမီးအိုကြီးပြောသလို ထိုကိစ္စမှာ ရိုးရိုးရှင်းရှင်းမဖြစ်နိုင်ကြောင်း သဘောပေါက်သွားကာ ရှက်ရွံ့သွားမိပြီး ဘယ်သူမှ ဝင်မပြောရဲကြတော့ပေ။

"ကျွန်မတို့ဘာလို့ပြောင်းသွားတာလဲဆိုတာ ရှင်မှတ်မိနေဦးမယ်လို့ထင်ပါတယ်။ ရှင်ပဲ ကျွန်မတို့ထွက်သွားအောင် ဖိအားပေးခဲ့တာလေ! ရှင့်ရဲ့ချစ်လှစွာသော မြေးမလေးက ကျွန်မသူငယ်ချင်းတွေနဲ့ အပျော်ကစားနေကြတဲ့ပုံကို ကျွန်မအမေကိုပို့ပြီး လန့်အောင်လုပ်ခဲ့တယ်။ အမေကလဲ ကျွန်မအရိုက်ခံနေတယ်လို့ထင်သွားပြီး‌ လှေကားပေါ်ကနေတောင် ပြုတ်ကျခဲ့တာ။ အမေ ဆေးရုံမှတစ်ပတ်လောက်နေခဲ့ရပေမယ့် ရှင်တစ်ခါတောင်လာကြည့်ခဲ့လို့လား? ပြီးတော့ အမေနဲ့ ကျွန်မကို လူကြားထဲမှာ ဆဲဆိုနေခဲ့သေးတယ်။ ကျွန်မတို့က ရှင့်ဖုန်းကို ဘာကိစ္စပြန်ဖြေရမှာလဲ?" ကုနင်းရဲ့အမြင်တွင်တော့ အမျိုးသမီးအိုကြီးသည် ဘာမှမဟုတ်သည့် ရှက်မဲ့သောအရှုံးသမားတစ်ယောက်သာသာပင်။

..............Book 15 Part 214end.............

အခန်း ၂၁၅ ကုနင်းရဲ့အဘွားကတော့ ပြဿနာရှာပြန်ပြီ ၂

ဘာ? ဒီအမျိုးသမီးအိုကြီးကမှ တကယ်အရှက်မဲ့တဲ့သူပေါ့?

ကုနင်း၏စကားများကိုကြားတော့ အမျိုးသမီးအိုကြီးအပေါ် အားလုံးရဲ့အကြည့်တွေပြောင်းလဲကုန်လေသည်။ ထိုစကားများသာအမှန်ဆိုလျှင် ငတုံးတွေသာ သူမဖုန်းခေါ်တာကို ပြန်ဖြေလိမ့်မည်။

"နင်....." အမျိုးသမီးအိုကြီးမှာ စိတ်တိုသွားပေမယ့် ဘယ်လိုပြန်ခံပြောသင့်လဲမသိတော့ပေ။

"ရှင်ဘာတွေပဲကြံနေနေ အရေးမကြီးဘူး။ ဒီအလှပြင်ဆိုင်က ရှင်နဲ့ဘာမှမပတ်သတ်ဘူး။ ဒါကိုကျွန်မပိုင်တာ, ပြီးတော့ ရှင်နဲ့ကျွန်မကလဲ ဘာသက်ဆိုင်မှုမှမရှိဘူး။ ဒီတော့ ရှင့်မှာ ကျွန်မစီးပွားရေးကို ဝင်စွက်ဖက်ခွင့်လုံးဝမရှိဘူး။" ကုနင်းဆက်ပြောလိုက်သည်။

"နင်က ငါ့မြေးလေ။ ဘယ်လိုလုပ် ဘာပတ်သတ်မှုမှမရှိရမှာလဲ?" အမျိုးသမီးအိုကြီးသည် အရင်တုန်းက ကုနင်းကို သူမမြေးအဖြစ် အသိအမှတ်ပြရန် အကြိမ်ကြိမ်ငြင်းဆိုထားခဲ့သည်ကို လုံးလုံးမေ့နေခဲ့လေသည်။ ငွေမျက်နှာကို တွေ့လိုက်ရချိန်တွင်တော့ ကုနင်းကို သူမမြေးအဖြစ်လိုလိုချင်ချင်ကို အသိအမှတ်ပြုနေတော့သည်။

"စိတ်ဝင်စားစရာပဲ!" ကုနင်း အသံထွက်ရယ်လိုက်ကာလှောင်ပြောင် သရော်လိုက်သည်။

"လွန်ခဲ့တဲ့ ၁၈နှစ်တာကာလလုံး, ကျွန်မကို ရှင့်မြေးအဖြစ်အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့တယ်။ ရှင့်အမြင်မှာ ကျွန်မက မိမစစ်ဖမစစ်ကလေးတစ်ယောက်သာသာပဲလေ။ အခုများကျတော့ ကျွန်မချမ်းသာသွားတာနဲ့ ချက်ချင်းကြီး အဘွားဖြစ်ချင်သွားပြီလား? အိပ်မက်ပဲမက်နေလိုက်!"

ထိုအမျိုးသမီးအိုကြီး သူမအမေနှင့်အဒေါ်ရဲ့သိက္ခာကို ဖျက်စီးခွင့်မပြုနိုင်တာကြောင့် သူမရဲ့ဆိုးရွားလှသည့် အတိတ်ကို လူကြားထဲ ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေခဲ့ပေ။ ထိုအမျိုးသမီးအိုကြီးစိတ်ကြိုက်သာလွှတ်ပေးထားလိုက်လျှင် အခြေနေတွေပိုဆိုးကုန်လိမ့်ပေမည်။

အခုတော့ လူအုပ်ကြီးမှာစတင်ပြီး အမျိုးသမီးအိုကြီးကို အပြစ်တင်စကားများပြောလာကြတော့သည်။

"နင့်အမေက...."

အမျိုးသမီးအိုကြီး စကားဆုံးအောင်မပြောနိုင်သေးခင်တွင်ပဲ ကုနင်းကို ကြားဖြတ်ကာ အေးစက်စက်လေသံဖြင့်

"အမေနဲ့ကျွန်မကို နောက်ထပ် အရှက်လာမခွဲနဲ့လို့ ရှင့်ကိုပြောထားတယ်လေ၊ မဟုတ်ရင် အဲ့ဒီ့အတွက် ရှင်ပြန်ပေးဆပ်ရလိမ့်မယ်။ ကျွန်မကို ဘယ်တော့မှ သွေးသားတော်စပ်တာတွေ ယဉ်ကျေးမှုဆိုတာတွေနဲ့ လာပြီး မပိတ်ပင်နဲ့။ အသုံးမဝင်ဘူး။"

ထိုစကားကိုကြားတော့ အမျိုးသမီးအိုကြီး၏အသံပြန်တိုးသွားခဲ့ပေမယ့် အလျှော့တော့မပေးပေ။

"နင့်အမေက ငါ့သမီးလေပြီးတော့ ငါကအသက်ကြီးနေလို့ နင်တို့မှာထောက်ပံ့ရမယ့် ဝတ္တရားရှိတယ်။ နင်တို့အခုချမ်းသာနေပြီဆိုမှာတော့ ငါ့ကိုလဲ နင်တို့ငွေတွေပေးသင့်တာပေါ့။"

"ဟွန့်, အကြီးဆုံးဦးလေးမှာ ယွမ်ဆယ်သန်းမကရင်းနှီးငွေရှိတဲ့ ကုမ္ပဏီတစ်ခုရှိတယ်လေ။ သူ့ရဲ့ချမ်းသာမှုက ရှင့်ကိုကောင်းကောင်းမွန်မွန်နေနိုင်အောင် မထောက်ပံ့ပေးနိုင်ဘူးဆိုရင်တော့ ကျွန်မအမေနဲ့ အဒေါ်ရှင့်ကို ထောက်ပံ့ကြေးပေးမှာကို ကျွန်မဘက်ကလဲ မတားပါဘူး။"

ဘာ? သူ့အကြီးဆုံးသားက ယွမ်ဆယ်သန်းကျော်ရင်းနှီးငွေရှိတဲ့ ကုမ္ပဏီတစ်ခုပိုင်တာတောင် သူ့သမီးတွေဆီက ပိုက်ဆံကိုတောင်းနေတုန်းတဲ့လား? ဒါ သပ်သပ် သူ့သမီးတွေဘဝကောင်းစားနေတာကို မမြင်ချင်ရုံပဲဖြစ်ရမယ်!

အခုတော့ အားလုံးအမျိုးသမီးအိုကြီးကို အထင်မြင်သေးကုန်ကြတော့သည်။ ဘယ်သူမှ သူမဘက်ကနေပြီး စိတ်မကောင်းမဖြစ်ပေးကြတော့ပေ။

ထို့နောက် ကုနင်းကပဲ ဆက်ပြီး,

"အမေတို့ဘက်က ရှင်ကို လစဉ်ယွမ်၁ထောင်ပဲပေးနိုင်မယ်။"

ကုနင်း သူမအမေနဲ့အဒေါ်ကို သူမအဖွားအားထောက်ပံ့ပေးမှုကို မတားပေမယ့် ပမာဏကိုတော့ ကန့်သတ်ခွင့်ပြုမှရပေမည်။ ဒီလိုလုပ်တယ်ဆိုတာကလဲ ကုမန့်နှင့် ကုချင်ကောင်းဖို့အတွက်သာဖြစ်သည်။ သူမအမေနဲ့အဒေါ်ကို အမေအားမထောက်ပံ့ပေးသည့် သမီးများဟူ၍ လူအများအပြစ်တင်တာကို မခံရစေချင်ရုံသာ။ ကုနင်းမှာသာ သူမအဘွားလိုအမေမျိုးရှိနေခဲ့လျှင် တစ်ပဲတစ်ရွေးမျှပင် ပေးမယ်မဟုတ်ပေ။

"ဘာ? ယွမ်တစ်ထောင်ဟုတ်လား? ငါက သူတောင်းစားမဟုတ်ဘူးဟဲ့! ကုမန့်က အခုထိလက်မထပ်ရသေးဘူး။ ပြီးတော့ နင်ကလဲ ငါ့မြေးဖြစ်နေတုန်းပဲ။ ငါ့မှာ နင်တို့ငွေတွေကို ထိန်းသိမ်းအသုံးပြုခွင့်ရှိတယ်။" အမျိုးသမီးအိုကြီးက ဒေါသတကြီးပြောလိုက်သည်။

သူမလိုချင်သည်က ယွမ်တစ်ထောင်မကပေ။

လူတိုင်းသည်လဲ အမျိုးသမီးအိုကြီး၏အရှက်ကင်းမဲ့မှုကြောင့် ကြောင်အနေမိကြသည်။ ကုမန့်အခုချိန်ထိ လက်မထပ်ရသေးဘူူးဆိုလျှင်တောင် သူမမှာ သမီးတစ်ယောက်လဲရှိနေပြီဖြစ်သလို အိမ်ကနေလဲ ထွက်လာခဲ့ပြီးသားဖြစ်ပေသည်။ အမျိုးသမီးအိုကြီးတွင် ချမ်းသာသည့်သားတစ်ယောက်လဲရှိနေပြီးဖြစ်တာတောင် သူမသမီးတွေကိုလဲ လွတ်မြောက်ခွင့်မပြုပေ။

ဒီတစ်ကြိမ်တွင်တော့ ကုနင်းမရယ်ပဲမနေနိုင်ခဲ့ပေ။

"ရှင်ကများ ကျွန်မအမေရဲ့ငွေကို ထိန်းသိမ်းဦးမယ်? ရှင်ရူးနေပြီပဲ။ ကျွန်မအမေရဲ့ငွေဆိုရင် ကျွန်မနဲ့ပဲဆိုတာ, ရှင့်ကို ဘာလို့ ထိန်းသိမ်းခွင့်ပြုရမှာလဲ။ ရှင်အရှက်တရားဆိုတာကိုသိသေးရင် အခုချက်ချင်းထွက်သွားတာပိုကောင်းမယ်။ မဟုတ်ရင် ကျွန်မရဲကိုခေါ်လိုက်တော့မယ်။"

"နင်...." အမျိုးသမီးအိုကြီးမှာ ကုနင်းထိုသို့ သူမကိုနှင်ထုတ်ရဲလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပေ။

"ဟုတ်တယ်, သူကတော်တော်အရှက်မဲ့တာပဲ။ သူ့သမီးတွေကို နှင်ထုတ်ခဲ့ပြီး အခုမှ ငွေကိုကျလာပြီးထိန်းချုပ်ချင်နေတယ်။ သူ့ကိုယ်သူ ဘာများထင်နေလဲပဲ?"

"တကယ့်ကို စက်ဆုပ်စရာကောင်းတဲ့ အမေမျိုးပဲ။"

"ငါသာ သူ့သမီးဆိုရင်, အပြီးထွက်သွားပြီး ဘယ်တော့မှ ပြန်ကိုမလာတော့ဘူး။"

.............

လူတိုင်းအမျိုးသမီးအိုကြီးကို အပြစ်တင်ပြောဆိုနေတော့သည်။

အမျိုးသမီးအိုကြီးမှာ လက်မခံနိုင်သေးဘဲ ရုတ်တရက် သွေးရူးသွေးတမ်းအော်ပြောတော့သည်။

"ကုနင်း, နင့်လိုအဖေမရှိတဲ့ ကလေကချေကများ! ငါက နင့်ကို ခေါ်ထားခဲ့ပေမယ့် ငါ့ကိုနည်းနည်းလေးတောင် ရိုသေမှုမရှိဘူးပဲ။ ပြီးတော့ ငါတို့ရှောင်ရှောင်ကိုတောင် ကျောင်းပြောင်းရအောင်လုပ်လိုက်သေးတယ်။ နင်ငရဲကျလိမ့်မယ်။"

ဘာ? နင်းနင်းက ရှောင်ရှောင့်ကို ကျောင်းပြောင်းရအောင်လုပ်ခဲ့တယ်လား?

ကုချင်နှင့် ကုမန့်တို့နှစ်ယောက်လုံး ထိတ်လန့်အံ့ဩသွားခဲ့ကြသည်။ သို့ပေမယ့် ကုနင်းကတော့ အကြောင်းအရင်းမရှိဘဲ လုပ်မည်မဟုတ်မှန်း ယုံကြည်ကြလေသည်။ ကုရှောင်ရှောင်သည် အမြဲတမ်း ကုနင်းကို မကောင်းတာတစ်ခုခုလုပ်လေ့ရှိသည်။ ဒါကြောင့် ကုနင်းဘက်ကလဲ ကုရှောင်ရှောင် ကျောင်းပြောင်းသွားအောင် တစ်နည်းနည်းဖြင့် ပြန်ဖိအားပေးခဲ့ခြင်းဖြစ်ပေလိမ့်မည်။

တခြားလူတွေကတော့ အမျိုးသမီးအိုကြီး၏စကားများကို ထပ်မံယုံကြည်ခြင်းမရှိတော့ပေ။

ကုနင်းလဲ ဒေါသထွက်သွားကာ သူမကိုယ်သူမမထိန်းချုပ်နိုင်တော့ဘဲ အမျိုးသမီးအိုကြီးကို ရိုက်ပစ်မိလုနီးနီးပင်။

အမျိုးသမီးအိုကြီးသည်တော့ ကုနင်း၏အေးစက်လှသည့် အကြည့်များကြောင့် တုန်လှုပ်ထိတ်လန့်နေမိသည်။

"ရှင်တော်တော်အရှက်မဲ့တာပဲ။ ဒါပေမယ့် ရှင်ကကျွန်မကို ခေါ်မွေးထားတယ်လို့ပြောလာမှတော့ ကျွန်မဘက်ကလဲ ဝမ်းမြောက်စွာနဲ့ အမှန်တရားကိုပြောပြပေးရတော့မှာပေါ့။"

"ကုရှောင်ရှောင် ဘာလို့ကျောင်းပြောင်းရမှန်း ရှင်မသိဘူး ကျွန်မမထင်ပေမယ့် နောက်တစ်ခေါ်ကထပ်ပြောပြပေးရမှာပေါ့။ သူက ကျွန်မရဲ့သွေးရင်း ဝမ်းကွဲညီအစ်မပေမယ့် ကျွန်မအမေကို လူကြားထဲစော်ကားပြောဆိုခဲ့တယ်။ ဒီတော့ ကျွန်မဘက်ကလဲ သူ့ကိုပါးရိုက်လိုက်တာကို သူက ချင်ဂိုင်းကို အကူအညီတောင်းပြီး လူမိုက်တွေကို ကျွန်မကို စော်ကားဖျက်စီးဖို့ပြောခဲ့တယ်။ ကျွန်မဘက်ကသာ အဲ့ဒီ့လူမိုက်တွေကို ပြန်မရိုက်နိုင်ခဲ့ဘူးဆိုရင် အခုချိန်ဖျက်စီးခံရနေပြီးပြီ။ ကျွန်မရဲကို ခေါ်ပြီး သူ့ကို ထောင်ထဲမထည့်ခဲ့ပေမယ့် ရှင်က မကျေနပ်တဲ့အပြင် ကျွန်မကို အပြစ်တင်နေတာလား။ သူကျောင်းထုတ်ခံရတယ်ဆိုတာကလဲ သူ့လို ကြောက်စရာကောင်းတဲ့အလုပ်မျိုးလုပ်တဲ့သူကို ကျောင်းမှာမနေစေချင်လို့ ကျောင်းကဆုံးဖြတ်ချက်နဲ့အထုတ်ခံရတာ။ ဘယ်ကျောင်းကမှလက်ခံဘူးဆိုတာလဲ သူလို အပြစ်သားနဲ့ဘယ်သူကမှ အတူစာမသင်ချင်ကြလို့ပဲ။"

ကုချင်နှင့် ကုမန့်သည်တော့ ကုနင်း၏စကားများကြောင့် ကြောင်အနေမိကြကာ လူအုပ်ကြီးသည်လဲ အသက်ပြင်းပြင်းရှူမိလိုက်ကြသည်။

ထိုကုရှောင်ရှောင်လို့ခေါ်တဲ့ ကောင်မလေးက သူ့ဝမ်းကွဲကိုတောင် လူမိုက်တွေနဲ့ ဖျက်စီးပစ်ဖို့ခိုင်းရက်လောက်အောင် ရက်စက်ပါလား။

ကုမန့်ကတော့ ကုနင်းဆီပြေးသွားကာ သူမလက်များနှင့် သိုင်းဖက်လိုက်ပြီး နာနာကျင်ကျင်နှင့် ငိုကြွေးရင်း၊

"နင်းနင်း, အမေ့ရဲ့သနားစရာကလေးလေး၊ အခုလောက်ထိ ဒုက္ခခံခဲ့ရလိမ့်မယ်လို့ အမေမထင်ခဲ့မိဘူး။ ဒါတွေအားလုံး အမေ့အမှားတွေပါ။ အမေ့အမှားတွေကြီးပဲ။"

All Chapters