အခန်း (၂၁၆-၂၂၀)
Vol. 15 Ch. 216-220
အခန်း ၂၁၆ အမျိုးသမီးအိုကြီး နှင်ထုတ်ခံရခြင်း
ကုနင်း ထိုလူမိုက်များ၏ထံမှ မလွတ်မြောက်နိုင်ခဲ့လျှင် မည်သို့သော ရလဒ်များထွက်လာမည်ကို ကုမန့်တွေးတောင် မတွေးရဲပေ။
"အမေ, သမီးအဆင်ပြေနေပါပြီ။ မစိုးရိမ်ပါနဲ့တော့။" ကုနင်း သူမအမေကို နှစ်သိမ့်ပေးလိုက်သည်။ ထိုအမျိုးသမီးအိုကြီး မဟုတ်တမ်းတရားတွေပြောနေတာကြောင့်သာမဟုတ်ရင် အခုလိုကိစ္စမျိုးကို လူကြားထဲ ကုနင်းထုတ်ပြောလိမ့်မည်မဟုတ်ပေ။ သူမအမေနှင့် အဒေါ်ကို စိတ်မကောင်းမဖြစ်စေချင်သလို သူစိမ်းများရှေ့တွင်လဲ ဆိုးရွားလှသည့် အဖြစ်အပျက်အကြောင်းမပြောချင်ပေ။
ကုချင်သည်လဲ မျက်ရည်မကျဘဲ မနေနိုင်ခဲ့ပေ။ ချက်ချင်းပဲ သူမအမေထံလျှောက်သွားလိုက်ကာ,
"အမေဘာလို့ ဒီလောက်တောင်ရက်စက်ရတာလဲ? အခုချက်ချင်းထွက်သွားပါ။ ကျွန်မမှာ ရှင့်လိုအမေမျိုးမရှိတော့ဘူး။"
ထိုအချိန်တွင်တော့ ကုချင်၏ အပြုအမူကို မသင့်လျော်ဘူးလို့ မည်သူမမထင်တော့ဘဲ အမျိုးသမီးအိုကြီးနှင့် ထိုက်တန်သည်ဟုသာ ထင်ကြတော့သည်။ လူတိုင်းမှာ ကုချင်, ကုမန့်နှင့် ကုနင်းတို့ကိုသာ သနားနေကြသည်။
အမျိုးသမီးအိုကြီး ထွက်သွားဖို့စိတ်ကူးမရှိသည်ကို မြင်တော့ ကုချင်လဲ သူမဘေးမှ မန်နေဂျာထံ အမိန့်ပေးလိုက်သည်၊
"မန်နေဂျာချန်း, ဒီအမျိုးသမီးကို လုံခြုံရေးတွေခေါ်ပြီး ဆိုင်ပြင်ထုတ်သွားလိုက်ပါ။ သူပြဿနာထပ်ရှာရဲရင်တော့ ရဲကိုသာခေါ်လိုက်။"
"ကောင်းပါပြီ။" အသက်သုံးဆယ်ဝန်းကျင်ရှိ မန်နေဂျာအမျိုးသမီးသည် လုံခြုံရေးများကိုခေါ်ကာ ချက်ချင်း ရောက်လာခဲ့သည်။ ထို့နောက် အမျိုးသမီးအိုကြီးကို ကြမ်းကြမ်းတမ်းဆွဲထုတ်တော့သည်။
"ကုချင်, နင်ကများ ငါ့ကို ဒီလိုဆက်ဆံရဲတယ်! ငါက နင်တို့ကို မွေးထားတဲ့အမေလေ။" အမျိုးသမီးအိုကြီးမှာ အရင်တုန်းက အခုလိုမျိုး တစ်ခါမှ အရှက်ခွဲမခံရဖူးတာကြောင့် ဒေါသကြောင့်တုန်ရီကာ အောင်ဟစ်နေပေမယ့် အလဟသသာဖြစ်ခဲ့သည်။
မန်နေဂျာချန်း နှင့် ကျန်လူများက အမျိုးသမီးအိုကြီးကို ဆွဲထုတ်သွားပြီး ကုန်တိုင်သို့အကြောင်းကြားထားရာမှရောက်လာသည့် လုံခြုံရေးနှစ်ယောက်လက်ထဲကို ထည့်ပေးလိုက်ကာ ဖြစ်ခဲ့သည့်ကိစ္စများကို ရှင်းပြလိုက်သည်။
ထို့နောက် လုံခြုံရေးနှစ်ယောက်သည်လဲ တုံ့ဆိုင်းခြင်းမရှိအမျိုးသမီးအိုကြီးကို ဆွဲထုတ်သွားတော့သည်။
အမျိုးသမီးအိုကြီး မောင်းထုတ်ခံလိုက်ရပြီးနောက် ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီးလဲ တစ်ဖြည်းဖြည်းလူစုခွဲသွားကြသည်။ အသားအရေထိန်းသိမ်းမှုလုပ်နေသည့် ဖောက်သည်များသည်တော့ အခုလိုအဖြစ်အပျက်လေးကို မြင်လိုက်ရရုံနှင့် ထွက်မသွားကြပေမယ့် သူတို့လုပ်စရာရှိတာကို ဆက်မလုပ်ခင် ကုချင်နှင့် ကုမန့်တို့ကို နှစ်သိမ့်ပေးလိုက်ကြသေးသည်။
ထိုပုံစံအရ ကုချင်နှင့် ကုမန့်မှာ ဝန်ထမ်းများအပြင် ဖောက်သည်များ၏ လေးစားသဘောကျမှုကိုပါ ရရှိထားပုံပင်။
အမျိုးသမီးအိုကြီးသည်တော့ ကုန်တိုက်မှဆွဲထုတ်ခံနေရသည့်တစ်လျှောက်လုံး အော်ဟစ်ဆဲဆိုနေခဲ့သည်။ လုံခြုံရေးနှစ်ယောက်သည်လဲ ဒီအတိုင်းအပြင်ကိုနှင်ထုတ်ပြီးသည်နှင့် ချက်ချင်းပြန်မဝင်သွားကြဘဲ ထိုအမျိုးသမီးအိုကြီး တစ်ခေါက်ပြန်ဝင်လာကာ ပြဿနာရှာမည်စိုးတာကြောင့် မျက်စိဒေါက်ထောက် စောင့်ကြည့်နေကြသည်။
အမျိုးသမီးအိုကြီးလဲ ဒေါသထွက်ပေမယ့် လုံခြုံရေးများ၏စောင့်ကြည့်ခြင်းခံနေရတာကြောင့် ဘာမှ ပြန်မလုပ်နိုင်ဘဲ ကုချင်းရှန်ကို ဖုန်းဆက်ကာ ဖြစ်ခဲ့သမျှကို ပြန်တိုင်ကြားတော့သည်။
ကုချင်းရှန်သည်လဲ သူ့အမေ၏ မိုက်မဲလှစွာသော အပြုအမူများကြောင့် ထိတ်လန့်သွားပြီး ချက်ချင်းအိမ်ကို တန်းပြန်ရန် ပြောလိုက်သည်။
သူ့အမေလုပ်ခဲ့သည်က အလွန်အရှက်မဲ့ရာရောက်ပြီး ကုချင်နှင့် ကုမန့်တို့သည် ယခုအချိန်တွင် အမျိုးသမီးဟောင်၏ အထောက်အပံ့ရနေပြီဖြစ်သည်။ ကုမိသားစုတွင် ဟောင်မိသားစုကို ယှဉ်ပြိုင်နိုင်သည့်အရည်အချင်းမျိုးမရှိပေ။
အမျိုးသမီးအိုကြီးလဲ ဘာမှပြန်မပြောနိုင်တော့ဘဲ ကုချင်းရှန်၏စကားကိုနားထောင်ကာ အိမ်ကိုပြန်လာခဲ့ပြီး နောက်ထပ်အခွင့်ရေးတစ်ခုကိုသာ စောင့်ရန်ဆုံးဖြတ်လိုက်သည်။
အမျိုးသမီးအိုကြီး အိမ်ပြန်ရောက်လာချိန်တွင်တော့ လင်းလိကျွမ်းလဲ သူမကျရှုံးခဲ့မှန်း ချက်ချင်းသိသွားကာ စိတ်ပျက်သွားခဲ့သည်။ သို့ပေမယ့် အကျိုးအကြောင်းကိုတော့ မေးကြည့်လိုက်သေးသည်။
"အမေ, ဘယ်လိုဖြစ်သွားပြီလဲ?"
ကုချင်နှင့် ကုမန့်တို့ ဒီအမျိုးသမီးအိုကြီးကို မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းခဲ့သည်ကို သူမအလွန်သိချင်နေမိသည်။
"ကုနင်း , ကလေကချေမ! ကုမန့်ရဲ့ငွေတွေက ငါနဲ့ဘာမှမသက်ဆိုင်ဘူးလို့ သူကပြောလွှတ်လိုက်တယ်။ ပြီးတော့ ကုချင်နှင့် ကုမန့်ကိုလဲ ငါ့အတွက်၁လကို ယွမ်၁ထောင်ပဲ ထောက်ပံ့ခွင့်ပြုမယ်တဲ့။ ငါက သူတောင်းစားမို့လို့လား?" အမျိုးသမီးအိုကြီးက ဒေါသတကြီးပြန်ပြောပြတော့သည်။
သူမကုချင်းရှန်၏အိမ်တွင် ကောင်းကောင်းမွန်မွန်နေနိုင်ပြီး ယွမ်၁သိန်းလောက်တောင် စုဆောင်းမိနေပြီဖြစ်ပေမယ့် ကုချင်နှင့် ကုမန့်တို့ရဲ့ ငွေကိုလဲ လိုချင်တပ်မက်စွာမျှော်လင့်နေသေးသည်။
"ကုနင်း?" လင်းလိကျွမ်းသည်လဲ ကုနင်း၏အမည်ကို ကြားလိုက်ရသည်နှင့် ဒေါသများပြည့်လျှံလာခဲ့သည်။ ကုနင်းကြောင့်သာမဟုတ်လျှင် ကုရှောင်ရှောင်သည်လဲ ယခုလို ကျောင်းပြောင်းလိုက်ရမည်မဟုတ်ပေ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် မကြာခင်ကျင်းပတော့မည်ဖြစ်ပြီး ယခုလိုအချိန်ကျောင်းပြောင်းလိုက်ရခြင်းက ကုရှောင်ရှောင်၏ ပညာရေးကို ထိခိုက်စေနိုင်သည်လေ။
ဒီလိုတစ်ကိုယ်ကောင်းဆန့်သည့်လူများက ကိုယ့်အတွက်ကိုယ်သာကြည့်ပြီး တခြားလူများကို ဂရုစိုက်တတ်ခြင်းမရှိတာကြောင့် ထိုလိုလူများနှင့် အကျိုးသင့်အကြောင်းသင့် ပြောဆိုခြင်းသည် အဓိပ္ပါယ်မရှိသလို အသုံးလဲမဝင်ပေ။ သူတို့အမှားဖြစ်နေလျှင်တောင်မှ တခြားလူဘက်ကိုသာ အပြစ်တင်ကြပေလိမ့်မည်။
အမျိုးသမီးအိုကြီးသည်တော့ စိတ်မလျှော့နိုင်သေးဘဲ သူမအခန်းကိုပြန်ရောက်သည်နှင့် ကုချင်းယန်ကို ဖုန်းဆက်ကာ ကိစ္စအားလုံးပြောပြန်သည်။
"ဘာ? ကုချင်နဲ့ ကုမန့်တို့က ချမ်းသာသွားကြပြီ? အလှပြင်ဆိုင်တစ်ဆိုင်ကိုတောင် ပြန်ဝယ်ခဲ့တယ်ဟုတ်လား? သူတို့အဲ့ပိုက်ဆံတွေဘယ်ကနေ ရလာကြတာလဲ?"
ကုချင်းယန်လဲ ထိုသတင်းကိုကြားလိုက်ရချိန် အလွန်ထိတ်လန့်သွားပြီး မနာလိုဖြစ်သွားသည်။ ကုချင်နှင့် ကုမန့်တို့သည် ကုမိသားစုတွင် အဆင်းရဲဆုံးဖြစ်ကြပေမယ့် အခုတော့ ကုချင်းယန်တို့ ယွမ်သိန်းဂဏန်းလောက်သာချမ်းသာသေးချိန်တွင် သူတို့က ယွမ်၁သန်းလောက်တန်ကြေးရှိတဲ့ အလှပြင်ဆိုင်တစ်ဆိုင်ကိုတောင် ဝယ်နိုင်ခဲ့လေပြီ။
"ငါလဲ သူတို့ပိုက်ဆံဘယ်ကရသွားကြလဲ မသိပေမယ့် သူတို့ရုတ်တရက်ကြီးကို ချမ်းသာသွားကြတာ။ အဲ့လိုကြောင့်ပဲ အလုပ်ထွက်, အိမ်ပြောင်းပြီး ငါတို့ကို အဆက်အသွယ်ဖြတ်သွားကြတာ။ ငါတို့ကို လုံးဝကို မေ့ပစ်ကြတာပဲ။" အမျိုးသမီးအိုကြီးက မကျေမနပ်ပြောဆိုနေသည်။
ကုချင်းယန်သည်လဲ သူ့အမေအကြောင်းသိထားပြီးသားဖြစ်ကာ သူမဆိုးဆိုးရွားရွားပြောဆိုခဲ့လို့သာ ကုချင်နှင့် ကုမန့်တို့၏နှင်ထုတ်ခြင်းခံခဲ့ရမည်ဖြစ်ကြောင်းသိလေသည်။ သို့ပေမယ့် ကုချင်နှင့် ကုမန့်တို့ ချမ်းသာလာသည်နှင့် သူတို့ကို "စွန့်ပစ်လိုက်ခြင်း" အပေါ် ကုချင်းယန်အလွန်စိတ်တိုနေမိသည်။ သူ့ညီမနှစ်ယောက်ရဲ့ လေးစားခံရမှုကို လုံးဝဆုံးရှုံးသွားလေပြီ။
ဒါကြောင့် သူ့အမေနှင့် ဖုန်းပြောပြီးသည်နှင့် ကုချင်ထံချက်ချင်းဖုန်းခေါ်လိုက်တော့သည်။
ကုချင်းယန် ဖုန်းခေါ်လာတော့ ဘာအကြောင်းပြောမည်ကို ကုချင်သိပြီးဖြစ်တာကြောင့် အစကတော့ ပြန်ဖြေဖို့ စိတ်ကူးမရှိပေမယ့် သူမသာမဖြေလျှင် ဆက်တိုက်ဖုန်းခေါ်နေမည်ကိုလဲ သိလေသည်။ အခုချိန်တွင် သူမကိုယ်ပိုင်စီးပွားရေးကိုလုပ်နေပြီဖြစ်တာကြောင့် ဖုန်းစက်ပိတ်ထား၍လဲ မဖြစ်နိုင်ပေ။ ဒီလိုနဲ့ နောက်ဆုံးတော့ ဖုန်းကိုင်လိုက်ရတော့သည်။
ကုချင်းယန်၏ အမေးစကားများကို ကြားလိုက်ရချိန်တွင်တော့ နေ့လည်တုန်းက ကုနင်း သူမအမေကိုပြောခဲ့သည့်အတိုင်း ကုချင်ပြန်ဖြေတော့သည်။ ပြီးတော့ သူမအမေနှင့် ကုချင်းရှန်တို့မိသားစု သူမတို့ကို အရှက်ခွဲစော်ကားနေခဲ့တုန်းက ဘာလို့များ ပါးစပ်ပိတ်နေခဲ့တာလဲဆိုသည့် မေးခွန်းကိုပင်ပြန်မေးလိုက်သည်။
အမျိုးသမီးအိုကြီး၏ အဓိကအပြစ်တင်မှုက ကုမန့်နှင့်ကုနင်းကိုပဲဆိုပေမယ့် ကုချင်ကိုလဲ အမြဲလိုလို ဆဲဆိုကြိမ်းမောင်းလေ့ရှိလေသည်။ ဒါကြောင့် ကုချင်မှာ သူမအမေအပေါ် အကောင်းမြင်စိတ်သိပ်မရှိဘဲ ကုမန့်နှင့်သာပိုမိုရင်းနှီးခဲ့သည်။ ဒါကြောင့် ဘာကိစ္စပဲဖြစ်လာလာ ကုမန့်နှင့် ကုနင်းဘက်မှသာ သူမရပ်တည်ပေးပေမည်။
ကုချင်းယန်လဲ ထိုသို့ကုချင်နှင့် ကုမန့်ကို မိသားစုထဲမှ ခွဲခြားဆက်ဆံခြင်းမျိုးနှင့် အသားကျနေပြီးဖြစ်တာကြောင့် အခုလို အကြောင်းအရင်းကိုအမေးခံလိုက်ရတော့ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ အထူးသဖြင့် ကုချင်သည် ဆင်းရဲသည့် ကျန်းရွှီလိုလူနှင့် လက်ထပ်လိုက်ပြီး ကုမန့်သည်လဲ လက်မထပ်ရသေးခင် ကိုယ်ဝန်ရှိသွားချိန်တွင်တော့ ကုချင်းယန်မှာ ပိုလို့ပင် အထင်အမြင်သေးစွာဆက်ဆံခဲ့လေသည်။ သို့ပေမယ့် သူက ကုချင်နှင့်ကုမန့်တို့ကို လှောင်ရယ်ရုံသာရှိပြီး ကိုယ်တိုင်အနိုင်မကျင့်ခဲ့ပေ။ ထိုသို့မတရားဆက်ဆံခဲ့သည်မှာတော့ သူ့အမေသာဖြစ်ပေသည်။
ကုချင်၏ဘေးတွင် ကုနင်းလဲ ရှိနေတာကြောင့် သူမကိုဖုန်းပေးရန်ပြောလိုက်သည်။
ထို့နောက် ကုနင်းကနေပြီး၊
"ဦးလေး၊ ကျွန်မကုနင်းပါ။ ကျွန်မဘက်က ဦးလေးလို့ဆက်ခေါ်နေတာက ကျွန်မတို့ကြားမှာ ရန်ငြှိုးရန်စမရှိခဲ့လိုပဲ။ ပြီးတော့ ကျွန်မပြောထားရဦးမယ်။ ကုမိသားစုမှာ ကျွန်မအဒေါ်မိသားစုကလွဲပြီး ကျန်တဲ့လူတိုင်းကို မုန်းတယ်။ ဦးလေးတို့မိသားစုနဲ့ အဆက်အသွယ်မဖြတ်သေးဘူးဆိုပေမယ့် မလုပ်ဖူးလို့တော့ မပြောဘူးနော်။ ဦးလေးကတော့ ကျွန်မက အရမ်းမောက်မာနေတယ်လိုထင်ရင်ထင်မှာပေါ့။ ဒါပေမယ့် ဒါကအမှန်တရားပဲ။ လက်ခံနိုင်အောင်ကြိုးစားလိုက်တာပိုကောင်းမယ်။ ကျွန်မအမေနဲ့အဒေါ်ကို ဦးလေးရဲ့ညီမတွေအဖြစ်သတ်မှတ်သေးတယ်ဆိုရင် ကျွန်မတို့ ကိုယ်ရေးကိုယ်တာကိစ္စတွေထဲ ဒီ့ထက်ပိုပြီး ဝင်မပါပါနဲ့။ ဦးလေးလဲ ကုချင်းရှန်တို့မိသားစုလို မကောင်းကြံချင်နေတယ်ဆိုရင်တော့ အဲ့ဒီ့အတွက် ပြန်ပေးဆပ်ရလိမ့်မယ်! အပြောကြီးသပ်သပ်ပဲမဟုတ်ဘူးနော်။ ကုရှောင်ရှောင်က အကောင်းဆုံးနမူနာပဲ။"
..............Book 15 Part 216end.............
အခန်း ၂၁၇ ယောက်ျားတစ်ယောက်အတွက် ယှဉ်ပြိုင်ရမယ်?
ကုနင်းဘက်က အေးအေးဆေးဆေးလေးပြောလိုက်ပေမယ့်လို့ ကုချင်းယန်သည်တော့ စိုးရိမ်မိသွားသည်။
"မင်း ရှောင်ရှောင့်ကိုဘာလုပ်လိုက်တာလဲ?" ကုချင်းယန်မေးလိုက်သည်။
"ကုရှောင်ရှောင်က ကျွန်မကိုဖျက်စီးဖို့ လူမိုက်တွေငှားခဲ့တယ်လေ။ ဒါပေမယ့် ကျွန်မက အတိုက်အခိုက်တတ်တော့ သူတို့ပဲရှုံးသွားခဲ့တယ်။ ဒါကြောင့် သူကျောင်းထုတ်ခံလိုက်ရတာ။ ပြီးတော့ ကျွန်မဘက်က အဲ့သတင်းတွေကို Fမြို့တစ်ခုလုံးကိုဖြန့်ပေးလိုက်တယ်လေ၊ ဒီတော့ သူ့ကို ဘယ်ကျောင်းကမှ လက်မခံချင်ကြတော့ဘဲ Fမြို့ကနေ ပြောင်းသွားရတော့တာပဲ။ ရဲကို အကြောင်းကြားပြီး သူ့ကိုထောင်ထဲမထည့်ပေးခဲ့တာတောင် သူ့မိသားစုက ကျွန်မကို အပြစ်တင်နေကြသေးတယ်။ အခုတော့ သူတို့ကို ဂရုစိုက်မနေတော့ပါဘူး။ တစ်ယောက်ယောက်ကသာ ကျွန်မကိုထိခိုက်အောင်လုပ်ရဲရင် သူတို့ကို သေချာပေါက် ပြန်ပေးစပ်ရအောင် လုပ်မှာမို့လို့လေ။ " ကုချင်းယန်ကို သူ့အပြုအမူများကို ထိန်းသိမ်းစေချင်တာကြောင့် ကုနင်းအသေးစိတ်ပြန်ပြောပြလိုက်သည်။
ကုနင်းတွင် အခုလောလောဆယ် ကုချင်းယန်တို့ မိသားစုနှင့်ပါ ဆွေမျိုးဖြတ်ဖို့ စိတ်ကူးမရှိသေးပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် သူတို့ Fမြို့ကိုလာတုန်းက သူ့ညီမတွေကို မကြိုက်တာတောင် ကုချင်နှင့်ကုမန့်တို့ကို ထမင်းစားဖိတ်ခဲ့သေးတာကြောင့် သူမတို့အပေါ်ကောင်းကောင်းဆက်ဆံပေးသေးတုန်းဟု သတ်မှတ်၍ ရသည်။
ကုချင်နှင့်ကုမန့်တို့သည် သူတို့အားလုံးကိုစိတ်ပျက်နေမိပြီးသားဖြစ်ပေမယ့်လဲ နှလုံးသားထဲမှာတော့ သူမတို့မိသားစုဝင်များကို ဂရုစိုက်ကာ ချစ်နေသေးပေသည်။ ကုချင်ယန်သာ ကောင်းကောင်းနေသ၍ ကုနင်းလဲ သူတို့ဆက်ဆံရေးကို ဖြတ်ပစ်မည်မဟုတ်ပေ။ သို့ပေမယ့် ကုချင်းရှန်တို့မိသားစုလို သူမကိုဆန်ကျင့်ဖို့ ကြံစည်သည်နှင့် ကုနင်းဘက်ကလဲ ညှာတာနေမည်မဟုတ်။
ကုနင်း၏စကားများကိုကြားတော့ ကုချင်းယန်တစ်ယောက်အသက်ပြင်းပြင်းရှူမိသွားလေသည်။ ကုချင်းရှန်က ကုရှောင်ရှောင်မှာ အာဏာရှိသည့်မိသားစုမှ ကျောင်းသူတစ်ယောက်ကို ရန်စမိတာကြောင့် သူမလုံခြုံရေးအတွက် တခြားတစ်မြို့ကို ကျောင်းပြောင်းခဲ့ရသည်လို့ပြောခဲ့လေသည်။ ကုနင်းပြောသမျှသာအမှန်တရားဆိုလျှင် ကုရှောင်ရှောင်သည် အတော်ဆိုးဝါးသူဖြစ်ပေမယ့် ကုနင်းသည်လဲ တစ်မြို့လုံးကိုတောင် သတင်းဖြန့်နိုင်သည်ဆိုတော့ တော်ရုံတန်ရုံလူမဟုတ်ပေ။
ကုနင်း၏အရည်အချင်းကို ကုချင်းယန်သံသယဖြစ်နေမိတုန်းဆိုပေမယ့် သူမ၏သတိပေးမှုကိုတော့ လျစ်လျှူမရှုထားရဲပေ။ ဒါကြောင့် အခုချိန်ကစပြီး ထိုမိသားစုအရှုပ်အထွေးထဲဝင်မပါချင်တော့ပေ။
ကုချင်းယန်သည် တစ်ကိုယ်ကောင်းဆန်ကာ ကုချင်နှင့် ကုမန့်တို့ ရုတ်တရက်ချမ်းသာလာမှုအပေါ် အနာလိုဖြစ်မိပေမယ့် သူဘာမှလုပ်လို့မရကြောင်းကိုလဲ သေချာသိလေသည်။ သူ့မှာ ဝင်ပါခွင့်လဲ လုံးဝမရှိပေ။
ဟောင်ရန်ကျောင်းကိုပြန်ရောက်တော့ ဒီနေ့သူ့အမေလုပ်ခဲ့သည့်ကိစ္စများကို သူငယ်ချင်းတွေအားပြန်ပြောပြလေသည်။ သူ့အမေက သူမသူငယ်ချင်း၏သမီးဖြစ်သူနှင့် သူ့ကို သူငယ်ချင်းများဖြစ်စေချင်သောကြောင့် နေလည်စာအတူစားရန်ခေါ်ခဲ့ပြီး မမျှော်လင့်ထားပဲ သူ့အမေသူငယ်ချင်း၏သမီးဖြစ်သူမှာ သူ့ဘော့စ်ဖြစ်နေခဲ့သည်။
ထိုတော့ သူ့သူငယ်ချင်းများကလဲ ဟောင်ရန်နှင့် ကုနင်းတို့ သူငယ်ချင်းကောင်းတွေဖြစ်လာကြမှာပါ ဆိုပြီးစနောက်ကြတော့သည်။
ညနေတွင်တော့ အန်ချင်းနှင့် ညနေစာအတူစားရန် ကုနင်းချိန်းထားခဲ့သည်။
အန်ချင်းက ညနေ၅နာရီခွဲတွင် တာဝန်ချိန်ပြီးကာ ဆေးရုံနှင့် မြို့ထဲကလဲ မဝေးတာကြောင့် ကားနှင့်ဆိုလျှင် မိနစ်ပိုင်းလောက်မောင်းရုံဖြင့်ရောက်ပေသည်။
ကုနင်းက စားသောက်ဆိုင်သို့ ညနေ၅နာရီခွဲတွင်ရောက်နှင့်ပြီး အန်ချင်းသည်တော့ ၅နာရီမိနစ်၄၀တွင်ရောက်လာသည်။
"နင်းနင်း"
အန်ချင်းကတော့ ကုနင်းကိုမြင်လိုက်သည်နှင့်စိတ်လှုပ်ရှားနေတော့သည်။
"ဟိုင်း!" ကုနင်းလဲ ချက်ချင်းထကာ သူမကို ကြိုဆိုလိုက်သည်။
"နောက်ဆုံးတော့ နင်ငါ့ကိုခေါ်တွေ့ပြီပေါ့။ နင်ခေါ်မှာကို ငါဘယ်လောက်တောင်စောင့်နေခဲ့ရလဲ! တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကလဲ နီးနေပြီဆိုတော့ ငါ့မှာ နင်စာကြည့်တာကို ထိခိုက်မှာစိုးလို့ စတောင်မခေါ်ရဲဘူး။" အန်ချင်းက မကျေမချမ်းအထွန့်တက်နေသည်။
ကုနင်းလဲ အနည်းငယ်ရှက်ရွံ့သွားမိသည်။ အမှန်တကယ်တော့ သူမက စာလုပ်နေလို့မအားခြင်းမဟုတ်ဘဲ Gမြို့သို့သွားကာ စီးပွားရေးလုပ်နေခြင်းကြောင့်ဖြစ်နေသည်လေ။
"အမ်, ငါဒီရက်ပိုင်းအလုပ်များနေလို့ပါ။ ဒါပေမယ့် နောက်ဆို ငါအားရင်မကြာခနတွေ့ကြတာပေါ့။" ကုနင်းရှင်းပြလိုက်သည်။
"ကောင်းပါပြီ။ ခွင့်လွှတ်ပေးလိုက်ပါ့မယ်။" အန်ချင်းက ကုနင်းကို တကယ်စိတ်ဆဆိုးနေတာမဟုတ်ပါဘူး။ ကုနင်းက စီနီယာအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တာကြောင့် စာများနှင့်လုံးပမ်းနေရမည်ကို သူမနားလည်သည်လေ။
"နင်ဘာစားမလဲ?" ကုနင်း အန်းချင်းဆီသို့ မီနူးစာအုပ်ကို ကမ်းပေးလိုက်သည်။
အန်ချင်းခနလောက်ဖတ်ကြည့်ပြီးတော့မှ,
"အသားကင်သီးသန့် အနေတော်အကျက်ကိုမှ ငရုတ်ကောင်းနက်ဆော့စ်နဲ့။"
"ကျွန်မလဲ အတူတူပဲယူမယ်။" ကုနင်းလဲပြောလိုက်သည်။
"ဟုတ်သားပဲ၊ ငါနင့်အတွက် လက်ဆောင်ဝယ်ခဲ့တယ်။" ကုနင်းပြောရင်းနှင့် သူမလွယ်အိတ်ထဲမှ ဗူးလေးတစ်ခုကို ထုတ်ယူလိုက်သည်။
"ငါ့အတွက် လက်ဆောင်လား?" အန်ချင်းက အံ့ဩသွားပေမယ့် ဗူးကို ချက်ချင်းမယူလိုက်ဘဲ,
"အထဲဘာလဲ?"
ကုမန့်ကို သူမဂရုစိုက်ပေးခဲ့တဲ့အတွက် ကုနင်းလက်ဆောင်ပေးလာတာမှန်းသိပေမယ့် တကယ်တော့ ကုနင်းသူမအတွက်လုပ်ပေးခဲ့တာနှင့်ယှဉ်လျှင်ပြောပလောက်သည့်ကိစ္စမဟုတ်ပေ။ ဒါက သာမာန်လက်ဆောင်လေးသာဆိုလျှင် သူမလက်ခံမည်ဖြစ်ပေမယ့် ဈေးကြီးပစ္စည်းသာဆိုလျှင် လက်မခံနိုင်ပေ။
ကုနင်းလဲ အန်ချင်းရဲ့စိတ်ကိုသိတာကြောင့် အဖြူရောင်မုသားကိုထုတ်သုံးလိုက်ရတော့သည်။
"ကျောက်စိမ်းဆွဲပြားလေးတစ်ခုပါ။ ဈေးအရမ်းမကြီးပါဘူး။ ငါအရင်နေ့က Gမြို့ကို သွားတော့ လှတာနဲ့ဝယ်လာခဲ့တာ။"
ကုနင်းက ထိုသို့ပြောလာမှတော့ အန်ချင်းလဲ ငြင်းမနေတော့ဘဲ၊
"ကျေးဇူးပါ။"
သစ်ရွက်ပုံစံ ကျောက်စိမ်းဆွဲပြားလေးကို မြင်လိုက်သည်နှင့် အန်ချင်းအလွန်သဘောကျသွားကာ၊
"ဝိုး!အရမ်းလှတာပဲ!"
ချက်ချင်းထုတ်ယူလိုက်ပြီး ဓာတ်ပုံပင်ရိုက်နေသေးသည်။
အန်ချင်းသည် ကျောက်စိမ်းအကြောင်းမသိတာကြောင့် အမျိုးအစားကော အဆင့်ကိုပါ မသိပေ။ စားသောက်ပြီးသွားတော့ အတူတူဈေးဝယ်ထွက်ဖို့သွားလိုက်ကြသည်။ ကုနင်းလဲ ဒီနေ့အလုပ်မရှိတာကြောင့် အန်ချင်းနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ပဲ အချိန်ကုန်ဆုံးပေးဖို့စိတ်ကူးထားလေသည်။
ကုနင်းနှင့် အန်ချင်းတို့အထည်ဆိုင်ထဲဝင်လိုက်ရုံရှိသေး နောက်ထပ် အသက်၂၆ဝန်းကျင်အမျိုးသမီး၃ဦးလဲ အထဲသို့ဝင်လာခဲ့လေသည်။ သို့ပေမယ့် အန်ချင်း သူတို့ကို သတိထားမိသွားသည်နှင့် အမူအရာချက်ချင်းပြောင်းသွားတော့သည်။ ထိုထဲမှတစ်ယောက်က ထေ့ငေါ့သည့်အသံနှင့် ,
"အိုး, ဒါ ဒေါက်တာအန်မဟုတ်လား? တိုက်ဆိုလိုက်တာ!"
ထိုအမျိုးသမီးသုံးယောက်တော့ မြင်ရတော့ အန်ချင်း စိတ်မကျေမနပ်ဖြစ်သွားခဲ့ကာ သူမမျက်လုံးထဲတွင် စိတ်မရှည်မှုနှင့် မုန်းတီးမှုများထင်ဟက်နေတော့သည်။ အန်ချင်း ထိုသုံးယောက်ကို လျစ်လျူရှုလိုက်တော့,
"အန်ချင်း, နင့်မှာယဉ်ကျေးမှုမရှိဘူးလား? ဘယ်လိုလုပ် ဒီလောက်ယဉ်ကျေးမှုမရှိဘဲ ငါတို့ကိုလျစ်လျူရှုရတာလဲ?" အမျိုးသမီးတစ်ယောက်က ထေ့ငေါ့မေးလိုက်သည်။
ဒီတစ်ခေါက်တော့ အန်ချင်းငြိမ်မနေနိုင်တော့ဘဲ ထိုအမျိုးသမီးကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်၊
"ချန်းမန်ချီ, နင့်မှာ ငါ့ရဲ့အပြုအမူကို အကဲဖြတ်ပေးနိုင်လောက်တဲ့ အရည်အချင်းရှိတယ်လို့မထင်ဘူး။ ငါ့ကို သူစိမ်းတစ်ယောက်လိုပဲ သဘောထားလိုက်လို့မရဘူးလား?"
"အန်ချင်း, ငါလဲ အဲ့လိုပဲလုပ်ချင်တာပေါ့၊ ဒါပေမယ့် နင်က ငါ့လူကိုခိုးသွားတော့ သူစိမ်းလို မသိချင်ယောင်ဆောင်မနေနိုင်တော့ဘူးလေ။" ချင်းမင်ချီ အံကြိတ်ကာပြောလိုက်သည်။
ထိုစကားကိုကြားတော့ ကုနင်းအနည်းငယ်မျက်မှောင်ကြုတ်မိသွားသည်။ အန်ချင်းထိုသို့လုပ်လိမ့်မယ်လို့ သူမမယုံကြည်ပေမယ့် သေချာမသိခင် နောက်ဆုံးရလဒ်ကို တန်းပြီး မဆုံးဖြတ်ချင်သေးပေ။
"ချန်းမန်ချီ၊ နင်အဓိပ္ပါယ်မရှိတာတွေမပြောနဲ့။ နင့်လူကို ငါဘယ်တုန်းကမှမခိုးဖူးဘူး။ လဲ့ကျန်းယွီက အစကတည်းက နင့်မလူမဟုတ်ဘူး။ နင်က သူနဲ့မတန်လို့ ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး။ သူကလဲ နင့်ကိုမကြိုက်ဘူး။ ဒီတော့ ငါ့ကို အပြစ်လာတင်စရာအကြောင်းမရှိဘူး။" အန်ချင်းပြန်ပြောလိုက်သည်။
အခုမှပဲ ကုနင်းလဲ ဘာတွေပြောနေသည်ဆိုသည်ကို အတိုင်းအတာတစ်ခုအထိ နားလည်သွားတော့သည်။
..............Book 15 Part 217end.............
အခန်း ၂၁၈ သတ္ထုစပ်မှန်
"နင့်ကြောင့်သာမဟုတ်ရင် သူငါ့ကိုငြင်းမှာမဟုတ်ဘူး! သူနင့်ကိုကြိုက်မှန်းလဲ နင်သိတယ်ပြီးတော့ နင်ဘက်ကတော့ သူကိုမကြိုက်ဘူးလေ။ ဒါတောင် ဘာလို့ သူနဲ့နီးနီးကပ်ကပ်နေပြီး မျှော်လင့်ချက်တွေပေးနေတာလဲ?" ချန်းမန်ချီ အပြစ်တင်လိုက်သည်။
"ချန်းမန်ချီ, နင့်ကိုနင်ဟာသတစ်ပုဒ်ပြောနေတယ်လို့ မထင်မိဘူးလား? ငါဘာသာ သူနဲ့ နီးနီးမနီးနီး နင်နဲ့ဘာမှမဆိုင်ဘူး။ သူက နင့်ရည်းစားလဲမဟုတ်သလို နင့်မှာလဲ သူ့ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး။" ချန်းမန်ချီမှ ထိုစကားမျိုးပြောခြင်းခံရတာက အန်ချင်းအတွက်ပထမဆုံးအကြိမ် မဟုတ်တော့ပေမယ့် ဘယ်အချိန်ကြားကြား ရယ်စရာတစ်ခုလို့သာမြင်မိလေသည်။
"ဒါပေမယ့် , သူက နင့်တစ်ယောက်တည်းကိုပဲကြိုက်တာလို့ ပြောတယ်လေ။" ချန်းမန်ချီ မနာဝန်တိုစွာပြောလိုက်သည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ? နင်နဲ့ဘာများဆိုင်သွားလို့လဲ?" အန်ချင်းပြန်မေးလိုက်သည်။
"နင်...." ချန်းမန်ချီလဲ မည်သို့ပြန်တုံ့ပြန်ရမှန်းမသိတော့ပေ။
လဲ့ကျန်းယွီဘယ်သူ့ကိုကြိုက်ကြိုက် သူမနှင့်မသက်ဆိုင်ပေမယ့် လဲကျန်းယွီက အန်ချင်းတစ်ယောက်ကိုသာကြိုက်တာကြောင့် ချန်းမန်ချီတွင် အခွင့်အရေးမရှိခဲ့ပေ။ ဒါကြောင့် အန်ချင်းကိုသာ မုန်းတီးပြီး အပြစ်တင်ရုံသာ တတ်နိုင်ခဲ့သည်။
ထိုအချိန်တွင်ပဲ၊ အရောင်းစာရေးမတစ်ဦး သူတို့ထံလျှောက်လာကာ သတိပေးလိုက်သည်၊
"ကျေးဇူးပြုပြီး ကျွန်မတို့ဆိုင်ထဲမှာတော့ စကားမများကြပါနဲ့။ တခြားဝယ်သူတွေလဲ ရှိနေလို့ပါ။"
"ဒီဘက်က မိန်းကလေး ပါးစပ်ပိတ်ထားသ၍ ကျွန်မဘက်က ဘာမှပြန်ပြောစရာမရှိဘူး။" အန်ချင်းပြန်ပြောလိုက်သည်။ အခုကိစ္စ ချန်းမန်ချီအမှားသာဖြစ်လေသည်။ ချန်းမန်ချီသာ သူမကို အပြစ်လာမရှာသ၍ သူမဘက်မှလဲ လူကြားထဲ အခြေအတင်ပြန်ပြောနေစရာအကြောင်းမရှိပေ.
ပြီးတာနဲ့ အန်ချင်း ချန်းမန်ချီကို လျစ်လျူရှုထားခဲ့ကာ ဆိုင်ထဲလှည့်ပတ်ကြည့်နေလိုက်သည်။ အန်ချင်းစိတ်အခြေအနေသိပ်မကောင်းသေးပေမယ့် သူမမျက်စိရှေ့က ခေတ်ဆန်လှပသည်အဝတ်အစားများကိုတော့ စိတ်ဝင်စားနိုင်ပါသေးသည်။
အန်ချင်း နံရံထက်တွင်ချိန်ထားသည့် ဝတ်စုံတစ်စုံကို လက်ညှိုးထိုးပြလိုက်ကာ,
"ကျွန်မဒီတစ်ထည်စမ်းဝတ်ကြည့်ချင်တယ်။"
ချန်းမန်ချီတစ်ယောက်သည်တော့ ဒေါသအမျက်ချောင်းချောင်းထွက်နေပေမယ့် အခုချိန်က ဆက်ပြီးစကားများမနေသင့်မှန်းသိသေးသလို မျက်နှာပျက်စရာလဲဖြစ်ပြီးဖြစ်တာကြောင့် ချက်ချင်းပြန်ထွက်သွားတော့သည်။
ချန်းမန်ချီထွက်သွားတော့မှ အန်ချင်းက ကုနင်းကို သူမအကြောင်းတွေပြောပြတော့သည်၊
"လဲ့ကျန်းယွီကို ငါ့အသက်၁၀နှစ်တုန်းက စတွေ့ခဲ့တာ။ မိသားစုချင်းကလဲ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်တိုက်သိနေကြတာလေ။ လဲ့ကျန်းယွီနဲ့ ငါက တစ်မိသားစုထဲတော့မဟုတ်ပေမယ့် မိသားစုထက်တောင်ပိုပြီးရင်းနှီးကြတယ်။ ငါ့မိသားစုမှာ ငါတစ်ယောက်တည်းမိန်းကလေးဆိုတော့ သူကအစ်ကိုကြီးတစ်ယောက်လို အမြဲတမ်းဂရုစိုက်ပေးခဲ့တယ်။ ဒါကြောင့် ငါလဲ သူ့ကိုတကယ့်အစ်ကိုတစ်ယောက်လို သဘောထားခဲ့တယ်။ သူ့အခုဖြစ်နေတဲ့ ခံစားချက်ကို ငါရင်မဆိုင်နိုင်ပေမယ့် အဝေးကိုလဲ ပြေးမထွက်သွားနိုင်ခဲ့ဘူး။ သူကိုယ်တိုင်လဲ သူကငါ့အတွက် အစ်ကိုတစ်ယောက်လိုပဲဆိုတာသိပေမယ့် လက်မလျှော့သွားဘူး။ ဒါကြောင့် ငါတို့ချင်းသဘောတူညီမှုတစ်ခုလုပ်ခဲ့တယ်။ အကယ်၍ ငါ့အသက်၃၀အထိသာ ငါသဘောကျတဲ့ ယောကျ်ားတစ်ယောက်ကို မတွေ့ခဲ့ရင် သူ့နဲ့လက်ထပ်ပါ့မယ်လို့ပေါ့။ ဒါက သူ့အတွက်မတရားမှန်းတော့သိပေမယ့် အချစ်မှာ မတရားဘူးဆိုတာမရှိဘူးလေ။ အရင်ဆုံးစချစ်မိသွားခဲ့တဲ့လူက အရှုံးပဲ။"
အခုချိန်တွင် တစ်ယောက်ယောက်ကို ရင်ဖွင့်ဖို့ရန် လိုအပ်နေတာကြောင့် အကြောင်းအရာအလုံးစုံကို အန်ချင်းပြောပြနေတော့သည်။
ကုနင်းလဲ အန်ချင်း၏စကားများကိုသဘောတူလေသည်။ အချစ်မှာမတရားတာမရှိပေ။ အရင်ဆုံးချစ်မိသူသာ အရှုံးဖြစ်သည်။
အနည်းဆုံးတော့ အန်ချင်းနှင့် လဲ့ကျန်းယွီမှာ တစ်ယောက်နှင့်တစ်ယောက်မိသားစုဝင်များထက်တောင်မှ ဂရုစိုက်ကြသူများဖြစ်သည်။ ဒါ့အပြင် အချစ်ဆိုသည်ကလဲ လက်ထပ်ပြီးလျှင် သူ့အလိုလိုဖြစ်လာနိုင်သည်ပဲ။
ပြီးတော့ အန်ချင်းလုပ်ခဲ့သည့် သဘောတူညီမှုကြောင့်လဲ သူမနှင့် လဲ့ကျန်းယွီတို့ မိသားစုအနေနဲ့သာ အဆုံးသတ်သွားသည်လဲဖြစ်နိုင်ချေရှိပေသည်။
"နင်းနင်း, ဒီကိုလာကြည့်ပါဦး။ ဒီမှာနင်ကြိုက်တာ ရှိရင် ဘာပဲဖြစ်ဖြစ်ငါဝယ်ပေးမယ်။ " အန်ချင်းပြောလိုက်သည်။
ဒီအထည်ဆိုင်သည် အလယ်အလတ်တန်းစားဆိုင်ဖြစ်တာကြောင့် သိပ်ဈေးမကြီးပေ။ ထို့ကြောင့် ကုနင်းလဲ တုံ့ဆိုင်းမနေဘဲ သူမသဘောကျသည့် ဦးထုပ်တစ်လုံးကိုယူလိုက်ကာ,
"ငါတော့ ဒီဦးထုပ်လေးမဆိုးဘူးထင်တယ်။"
အန်ချင်းသည်လဲ ဆွယ်တာတစ်ထည်, ကုတ်တစ်ထည် နှင့် စကတ်တစ်ထည်ဝယ်ခဲ့သည်။ ဝယ်လို့ပြီးသွားချိန်တွင်တော့ ထိုနေရာကနေပဲ အန်ချင်းနှင့် ကုနင်းတို့လမ်းခွဲလိုက်ကြလေသည်။
ကုနင်းချက်ချင်းအိမ်ကိုမပြန်သေးဘဲ ယွမ်တိုင်တောင်သို့သွားခဲ့သည်။ ဒီတောင်မှာ ရှေးဟောင်းပစ္စည်းလာရှာဖို့ အတော်ကြာအချိန်ဆွဲနေခဲ့မိခြင်းကြောင့် အခုလိုအားသည့်အချိန်မျိုးတွင် လာကြည့်လိုက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ညအချိန်တွင် မည်သူမှတောင်တက်ခြင်းမရှိခြင်းကြောင့် ယွမ်တိုင်တောင်မှာ ပိုလို့ပင်တိတ်ဆိတ်ကာ လှပနေတော့သည်။ ဒီနေရာတွင် အဖိုးတန်ပစ္စည်းများရှိသည်ဟုလဲ ဘယ်သူမှမသိခြင်းကြောင့် ညခင်းစောင့်ကြပ်သူတစ်ယောက်မှမရှိပေ။
အဝင်ဝတွင်တော့ လုံခြုံရေးကင်မရာများရှိပေမယ့် အနားတစ်ဝိုက်မှာ မှောင်မိုက်လွန်းနေတာကြောင့် ကုနင်း နံရံမှကျော်တက်ကာ အထဲသို့ဝင်လိုက်သည်။
အခုက ညအချိန်ဖြစ်နေပေမယ့်လို့ ကုနင်း၏ကျောက်စိမ်းမျက်ဝန်းကြောင့် ရှင်းရှင်းလင်းလင်းမြင်နေရသည်။ တောင်ထိပ်သို့ မိနစ်၂၀လောက်ကသာ သူမပြေးလိုက်ရပြီး စိတ်စွမ်းအင်အာကာပြင်ထဲမှ ကြိုးကိုထုတ်ယူလိုက်ကာ ကမ်းပါးပေါ်ရှိတစ်နေရာတွင် ခိုင်ခိုင်မာမာချည်နှောင်လိုက်ပြီး အောက်သို့တွယ်ဆင်းလိုက်သည်။
လှိုဏ်ဂူနားရောက်သည်နှင့် အထဲတွင် အန္တရာယ်ရှိမရှိသိရရန် ကျောက်စိမ်းမျက်ဝန်းနှင့်အကဲခတ်လိုက်တော့ ဘာအန္တရာယ်အငွေ့အသက်မှ မရှိနေပေ။
ပြီးတာနှင့် ကုနင်း ချောက်ကမ်းပါးအပေါ်ယံလွှာကို ဖောက်ရန် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ အနားပတ်ဝန်းကျင်တွင် မည်သူမှရှိမနေတာကြောင့် ဆူညံသံများပေါ်ထွက်လာမည်ကိုလဲ မကြောက်မပေ။
ချောက်ကမ်းပါးနံရံတွင် အက်ရာလေးများပေါ်လာကာ မကြာခင်တွင်ပဲ အပေါက်တစ်ခုဖြစ်သွားတော့သည်။ ကုနင်းအတွက် သူမဝင်လို့ရရုံအကျယ်လောက်သာလိုအပ်တာကြောင့် တစ်နာရီလောက်နေသည်နှင့်ပြီးစီးသွားသည်။ ထို့နောက် ကုနင်းအထဲသို့အောင်အောင်မြင်မြင်ဝင်သွားနိုင်ပြီး စွမ်းအင်များရှိနေသည့်နေရာသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။
မီတာ၂၀လောက်သွားပြီးချိန်တွင်တော့ အထဲတွင် ၁၀မီတာလောက်ကြီးသည့် လှိုဏ်ဂူဆီသို့ရောက်ရှိသွားတော့သည်။ အထဲမှအပြင်အဆင်သည်ရိုးရှင်းလှကာ တစ်ဖက်တွင်တော့ ထင်းပုံကြီးတစ်ပုံနှင့် များပြားလှစွာသော ခွက်ကွဲများကိုထည့်ထားသည့် အိုးတစ်လုံးသာရှိနေသည်။
တခြားတစ်ဖက်တွင်တော့ အဝတ်စုတ်များတင်ထားသည့် ကောက်ရိုးဖျာတစ်ချပ်နှင့် ခေါင်းအုံးတစ်လုံးစာအရွယ်လောက်ရှိသည့် အထုပ်တစ်ထုပ်ရှိနေသည်။ စွမ်းအင်များသည် ထိုအထုပ်မှထွက်ပေါ်လာခြင်းဖြစ်တာကြောင့် ရှေးဟောင်းပစ္စည်းများသည် ထိုထဲတွင်ရှိနေရပေမည်။
ကုနင်းအထုပ်ကို ချက်ချင်းဖွင့်မကြည့်သေးဘဲ ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ အထဲမှာဘာရှိလဲ မြွေတွေကြွက်တွေများရှိနေမလားဆိုတာ အရင်စစ်ကြည့်လိုက်သည်။ ကုနင်း သတ္တိရှိတယ်ဆိုပေမယ့် မြွေတို့ ကြွက်တို့ကိုတော့ ကြောက်လေသည်။
ကံကောင်းစွာပဲ အထဲတွင် လက်ဝတ်ရတနာများ၊ ရှေးခတ်ဘဏ်စက္ကူထုပ်များနှင့် ကြွေထည်များသည်ရှိခြင်းကြောင့် ကုနင်းဖွင့်ဖောက်လိုက်သည်။ ကုနင်းတွင် ဒီလှိုဏ်ဂူထဲမှ ပစ္စည်းများကို စစ်ဆေးနေချိန်မရှိတာကြောင့် အားလုံးကို တခါတည်း စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်သွင်းလိုက်ကာ အိမ်ရောက်မှကြည့်ရန်ဆုံးဖြတ်လိုက်သည်။
ပြီးနောက် ကုနင်းလာရာလမ်းအတိုင်းပြန်ထွက်လာခဲ့လေသည်။
သူမအိမ်ကိုပြန်ရောက်တော့ ၁၂နာရီထိုးလုနီးနီးရှိနေပြီဆိုပေမယ့် ကုမန့်ကတော့ ဒီနေ့ကုနင်း အန်ချင်းနှင့်သွားတွေ့မည်ကို သိထား၍ ဒီအချိန်အထိ သူမတို့နှစ်ယောက်အတူရှိနေကြသည်ဟုပဲ ထင်လိုက်ကာ ဘာမှမေးမြန်းမနေခဲ့ပေ။
ကုနင်းသူမအခန်းထဲသို့ တန်းဝင်သွားကာ ပစ္စည်းများကို တစ်ခုချင်းထုတ်ယူလိုက်သည်။ အားလုံးမှ ချင်မင်းဆက်မှ လာဘ်စားသည့် အရာရှိတစ်ယောက်ပိုင်ဆိုင်ခြင်းဖြစ်ပေမယ့် တစ်ချို့ပစ္စည်းများသည်တော့ ချင်မင်းဆက်မတိုင်ခင် ရှေ့ခေတ်များမှဖြစ်လေသည်။
ကုနင်းလက်ဝတ်ရတနာများကို တစ်ဖက်အရင်ထားလိုက်ကာ သတ္ထုစပ်မှန်ကို စစ်ဆေးလိုက်သည်။ ကုနင်းကိုယ်တိုင် ရှေးဟောင်းပစ္စည်းများနှင့်ဆိုင်သည့် စာအုပ်မှမိတ်ဆက်စာများကို ဖတ်ထားပြီးဖြစ်သည်။
ထို့ကြောင့် သတ္ထုပ်စပ်မှန်၏ အရင်းအမြစ်သည် ရှန်နှင့်ကျိုးမင်းဆက်မှဖြစ်ပေမယ့် သတ္ထုပ်စပ်မှန်ကို ရှန်မင်းဆက်မှာ အသုံးပြုသည်ဆိုတာကတော့ သိပ်ပြီး နည်းလမ်းမကျပေ။ မှန်သည် အလွန်ရှားပါးသည့် ပစ္စည်းဖြစ်ကာ အဆင့်အတန်းမြင့်သည်လူများသာ ပိုင်ဆိုင်နိုင်ကြသည်။
သတ္ထုပ်စပ်မှန်များသည် ကျန်းကော်ရှီထိုက်(475BC-221BC)ခေတ်တွင် စတင်လူကြိုက်များထင်ရှားခဲ့ပြီး ဟန်နှင့်ထန်မင်းဆက်များတွင် ပိုမိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ကြသည်။ ထိုအတူပုံစံများမှာလဲ တစ်ခတ်နှင့်တစ်ခတ်မတူကွဲပြားကြသည်။
ယင်ရှန့်ခေတ်တွင် မှန်မှာသေးငယ်ကာ အနောက်တွင် ဂျီဩမေတြီဆိုင်ရာပုံစံရေးဆွဲထားသည်။ ကျိုးခေတ်တွင်တော့ ပုံမှန်ဗြောင်ဒီဇိုင်းဖြစ်သွားပေမယ့် အောက်ခြေနားတွင် ပြောင်းလဲလို့ရသည့်အရာလေးပါလာခဲ့သည်။ နွေဦးနှင့်ဆောင်းဦးခေတ်တွင်တော့ သတ္ထုစပ်မှန်အနည်းငယ်သာရှိခဲ့ကာ, အများစုသည် ကျောဘက်ဗြောင်ပေါ်တွင် ကျားပုံ, သမင်ပုံ နှင့် ငှက်ပုံများကို ရေးထွင်းထားလေသည်။
..............Book 15 Part 218end.............
အခန်း ၂၁၉ ညလင်းပုလဲ
ကျန်းကော်ရှီထိုက်(475BC-221BC)အတွင်း သတ္ထုစပ်မှန်ထုတ်လုပ်မှုအရေအတွက် များပြားလာခဲ့ပြီး ပိုမိုသေသပ် တောက်ပလာကာ အနားသပ်များပိုမိုပါးလွှာသေးငယ်လာခဲ့သည်။ လူကြိုက်များသည့်ပုံစံများကတော့ နဂါးနှင့်ဖီးနစ်ငှက်ဒီဇိုင်း၊ ပန်းဒီဇိုင်း၊ လျှပ်စီးဒီဇိုင်း၊ စိန်ပွင့်ဒီဇိုင်းစသည်တို့ဖြစ်ကြသည်။
ဟန်မင်းဆက်တုန်းက သတ္ထုစပ်မှန်များသည် ထူပြီးလေးလံကာ မှန်ပေါ်တွင် မင်္ဂလာစကားများကို တခါတရံထွင်းထုထားတတ်ကြသည်။ မှန်အောက်ခြေတွင်တော့ အများအားဖြင့် ကမ္ဘာခြမ်းပုံစံနှင့် တယ်သီးပုံစံလက်ကိုင်များကိုထည့်သွင်းခြင်းက လူကြိုက်များခဲ့သည်။ ထိုအချိန်တွင် အလင်းပြန်မှန်အမျိုးအစားဖြစ်သည့် 'နေအလင်း'မှန်သည်လဲ ခေတ်စားခဲ့သည်။ မှန်မျက်နှာပြင်ကို နေရောင်ပြလိုက်လျှင် ထိုပုံရိပ်မှာ နံရံပေါ်သို့ပြန်ထင်ဟပ်နိုင်လေသည်။
ဟန်မင်းဆက် အလယ်လောက်မှ ဝေ့နှင့် ကျင်မင်းဆက်တွင်တော့ ပုံတူဖောင်းကြွပုံများနှင့် နတ်ဝင်မှန်များလဲ ရှိခဲ့သည်။
ထန်မင်းဆက်သည် နိုင်ငံတွင် သတ္ထုစပ်မှန်ထုတ်လုပ်မှုအထွတ်အထိပ်ရောက်နေသည့် ခေတ်ကာလအပိုင်းအခြားတစ်ခုဖြစ်ခဲ့သည်။ သေသပ်လှပလာရုံတင်မကဘဲ ရှေးရိုးရာပုံစံမှ ခွဲထွက်ကာ အရောင်အသွေးစုံလင်သည့် လိပ်ပြာများ၊ စပျစ်သီးခိုင်များ၊ ငှက်များနှင့် သားရဲများစသည့် ပုံစံမျိုးစုံကို ထည့်သွင်းလာခဲ့သည်။ ထိုခေတ်ကာလတွင်၊ ရွှေ, ငွေတို့နှင့်လုပ်သည့် ပါးလွှာသည့် မှန်များလဲ ပေါ်ထွက်လာသည်။
စုန့်မင်းဆက်တွင်တော့ ပုံလောင်းသည့် စနစ်ပေါ်လာခဲ့ကာ မှန်များကို ရှုပ်ထွေးသည့် ပန်းများနှင့် ပျိုနီပန်းပုံစံကိုသာ အဓိက ထုတ်လုပ်ကြတော့သည်။
ဟူကျိုးသည် ပုံလောင်းမှန်များကို ထုတ်လုပ်သည့် အကျော်ကြားဆုံးနေရာဖြစ်ကာ သူတို့ထံမှ မှန်နောက်ခံပုံစံများကို မှန်အလုပ်ရုံများမှပင်အသုံးပြုလာကြသည်။
ကုနင်းလက်ထဲရှိ သတ္ထုစပ်မှန်သည် ပေါ့ပါးကာ လှပသည်ဆိုပေမယ့် ယွမ်သန်းအနည်းငယ်လောက်တော့ တန်ကြေးရှိသင့်ပေသည်။
နောက်ထပ်ရှေးဟောင်းပစ္စည်းတစ်ခုမှာတော့ အဖြူရောင်ကြွေထည်အချောအမာစားဗူးရှည်တစ်လုံးဖြစ်ပြီး ၁၀.၃စင်တီမီတာလောက်မြင့်ကာ ၅.၂စင်တီမီတာလောက်ကျယ်ပြီး အောက်ခြေသည်တော့ ၆.၆စင်တီမီတာလောက်ကျယ်သည်။ ကြွေထည်အချောအမာစားဗူးရှည်သည် စာရွက်တစ်ရွက်လိုပင် ပါးလျကာ တောက်ပသည့် သေသပ်သည့်ပန်းချီ၊ အဝါရောင်စဉ့်ရည်သုတ်ထားပြီး စပျစ်ခိုင်ပုံစံရေးထွင်းထားသည်။ အောက်ခြေတွင်တော့ ယုံးလီခေတ်ဟု ရေးထွင်းထားသောကြောင့် ဒီပါးလွှာသည့်ကြွေထည်အချောအမာစားဗူးရည်မှာ ယုံးလီခေတ်မှလက်ရာတစ်ခုဖြစ်ကာ ရှားပါးပစ္စည်းလဲဖြစ်ပေမည်။
ပုံမှန်ကြွေထည်အချောအမာစားပန်းကန်လုံးတစ်ခုဆိုလျှင် ယွမ်၁သန်းကျော်လောက်တန်တာကြောင့် ဒီဗူးရှည်ဆိုလျှင်တော့ ပိုပြီးဈေးမြင့်နိုင်ပေသည်။ ဒါကြောင့် ကုနင်း ဒီဗူးကို အနည်းဆုံး ယွမ်၇ သန်း ၈သန်းလောက်တန်မည်ဟု ထင်မိသည်။
အခုချိန်တွင် ကုနင်းတစ်ယောက် အရမ်းပျော်ရွှင်နေခဲ့သည်။
ထို့နောက် အရောင်နု , အပြာရောင်, အဖြူရောင်အစရှိသည့် ပန်းကန်တွေအများကြီးကိုထုတ်ယူလိုက်ပြန်သည်။ ဒါတွေအားလုံးပေါင်း ယွမ်သန်းနှင့်ချီရှိလောက်သည်။
ပြီးသွားတော့ အထဲတွင် လက်ရေးမူအပိုင်းအစများလဲရှိနေသေးသည်။
တစ်ခုသည်တော့ မင်မင်းဆက်မှ နာမည်ကြီး ပန်းချီဆရာ, လက်ရေးလှဆရာနှင့် ကဗျာဆရာတစ်ဦးဖြစ်သည့် ထန်ယင်းရဲ့ 'ရေခေါင်ရမ်း' လက်ရေးမူဖြစ်ကာ ယွမ်၇သန်းလောက်တန်ပေသည်။ နောက်တစ်ခုသည်တော့ စုန့်မင်းဆက်အဆုံး ယွမ်မင်းဆက်အစတွင်မွေးဖွားသည့် နာမည်ကြီး လက်ရေးလှဆရာ, ပန်းချီဆရာနှင့် ကဗျာဆရာတစ်ဦးဖြစ်သည့် ကျိုးမင်ဖူ၏ 'လျှိုရှန်းဖူ' ဖြစ်သည်။ ယွမ်ဆယ်သန်းအထိ တန်ကြေးမြင့်နိုင်ပေသည်။
ဈေးကွက်တွင်တော့ ဈေးနည်နိုင်သည်ဆိုပမေယ့် လေလံသာတင်လိုက်လျှင် ဈေးအရမ်းမြင့်သွားနိုင်တာကြောင့် ကုနင်းလေလံတင်ဖို့ဆုံးဖြတ်လိုက်သည်။
နောက်ထပ်ကတော့ ရွှေတုံး, ငွေတုံးများ၊ ရွှေလက်ကောက်များ, ရွှေသစ်ရွက်များအစရှိသဖြင့်ပါဝင်သည်။
လျှို့ကျန်းသည်အမှန်တကယ်ကို လာဘ်စားသည့် အရာရှိတစ်ယောက်ဖြစ်ပြီး တန်ဖိုးကြီးပစ္စည်းပေါင်းများစွာကို ရရှိခဲ့လေသည်။ ကုနင်းကတော့ ထိုသူကို ကျေးဇူးပင်တင်ချင်နေမိသည်။
နောက်ထပ် ၁၀စင်တီမီတာလောက်မြင့်သည့် နှင်းဆီသားသတ္တာတစ်လုံးလဲရှိနေသေးသည်။ ကုနင်းထိုသတ္တာကိုဖွင့်လိုက်တော့ တောက်ပသည့်အလင်းရောင်တစ်ဖျာပေါ်ထက်လာခဲ့သည်။ ကုနင်းကြောက်သွားပြီး သေတ္တာကိုတောင်လွှင့်ပစ်လိုက်မိကာ အိပ်ရာပေါ်သို့ကျသွားသည်။ ထိုအချိန်တွင်ပဲ ကုနင်းအားကောင်းသည့် စွမ်းအင်ကို အာရုံခံမိလိုသည်။ စွမ်းအင်မှာအားကောင်းလွန်းတာကြောင့် ကုနင်းမနေနိုင်ပဲ ချက်ချင်းစုပ်ယူလိုက်ချင်ပေမယ့် အထဲမှပစ္စည်းကို သေချာမြင်ရသည်အထိစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ကုနင်း အထဲမှပစ္စည်းကို မြင်လိုက်ရသည်နှင့် အံ့ဩထိတ်လန့်သွားခဲ့သည်။ ထိုအရာသည်တော့ ကြက်ဥနှစ်လုံးအရွယ်လောက်ရှိသည့် ညလင်းပုလဲတစ်လုံးဖြစ်ကာ အနည်းဆုံး ယွမ်၁၀သန်းကျော်တန်လေသည်။
တန်ကြေးထက် ထိုမျှအားကောင်းသည့် စွမ်းအင်များကို ကုနင်းမကြုံခဲ့ဖူးပေ။
ညလင်းပုလဲများသည်ရှာပါသည့် ရတနာတစ်မျိုးဖြစ်ပြီး နာမည်ပြောင်များစွာရှိလေသည်။ ၎င်းသည် နေနှင့်လမှ အဆီအနှစ်များနှင့်အလင်းရောင်ကို ကိုယ်တိုင်စုပ်ယူနိုင်သည်။ ပြောရမည်ဆိုလျှင် ကုနင်း ညလင်းပုလဲကိုသာ သူမနှင့်အတူယူဆောင်ထားလျှင် စွမ်းအင်များကို အလိုအလျောက်စုပ်ယူနေနိင်မည်ဖြစ်သည်။
ယခုတစ်ခေါက် ရှေးဟောင်းပစ္စည်းအရှာထွက်သည့်အထဲတွင် ညလင်းပုလဲသည် အဖိုးအတန်ဆုံးအရာဖြစ်တာကြောင့် ကုနင်းထို ညလင်းပုလဲကို မရောင်းပဲ ကိုယ်တိုင်အတွက်သာအသုံးပြုဖို့ရန် သိမ်းထားဖို့လုပ်လိုက်သည်။
ကုနင်း ညလင်းပုလဲမှ စွမ်းအင်များကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ စုပ်ယူသွားပြီးနောက် စိတ်စွမ်းအင်အာကာပြင်မှာ ပြောင်းလဲလာကာ နှစ်ဆပိုကျယ်သွားသည်။ အခုတော့ အာကာပြင်မှာ ၄မီတာတောင်ကြီးသွားပြီဖြစ်ကာ ကျောက်စိမ်းမျက်ဝန်း၏ ဖောက်ထွင်းမြင်နိုင်မှုစွမ်းအားသည်လဲ တိုးတက်လာခဲ့သည်။
ကုနင်းအိပ်ရာမဝင်ခင် ပစ္စည်းအားလုံးကို စိတ်စွမ်းအင်အာကာပြင်အတွင်းသို့ထည့်သွင်းလိုက်သည်။
ကုနင်းအခုချိန်တွင် ပိုက်ဆံမရှိသေးဘူးဆိုပေမယ့် ဒီရှေးဟောင်းပစ္စည်းများအားလုံးကို ရောင်းလိုက်လျှင်လဲ မလုံလောက်သေးပေ။ ဒါကြောင့် အချိန်ယူကာ လေလံတင်ရောင်းရန်သာ ဆုံးဖြတ်လိုက်သည်။
ကံအားလျော်စွာပဲ ရှေ့ရက်များတွင်လဲ ကုနင်းဘာပြဿနာမှမရှိခဲ့သလို ကုချင်းရှန်သည်လဲ ကုနင်းနှင့်ကုမန့်ကို ပြဿနာလာမရှာခဲ့ပေ။
ချန်းကျီယောင်မှာ ကျောင်းဆက်တတ်နေခဲ့ပေမယ့် တခြားကျောင်းသားများနှင့်တော့ မိတ်ပျက်သွားခဲ့သည်။ သူမ၏အတန်းဖော်များကလဲ သူမ၏အကျင့်စရိုက်အပေါ် အပြစ်တင်နေစဲဖြစ်တာကြောင့် သူမဘဝကို ပူပန်ကြောင့်ကြမှုများဖြင့် ဖြတ်သန်းနေရလေသည်။ သူမ ကုနင်းကိုအကြိမ်များစွာတွေ့ပေမယ့် မျက်လုံးချင်းစုံကာမကြည့်ရဲပေ။ သို့ပေမယ့် ကုနင်းသူမဘေးမှ ဖြတ်သွားလျှင်တော့ သတ်တော့ဖြတ်တော့မယ့် အကြည့်မျိုးဖြင့် စောင်းကြည့်လေသည်။ ချန်းကျီယောင် ကုနင်းကို သေမတတ်မုန်းမိပေမယ့် ဘာလုပ်ရမလဲမသိတာကြောင့် သူမဒေါသများကိုသာ မြိုသိပ်ထားနိုင်တော့သည်။
Gမြို့, ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းသည်တော့ ရှန်းဟွာဘက်မှ ကျန်းရန်လမ်းကို ဝယ်သွားပြီးနောက် ဘာမှဆက်မလုပ်သေးပေ။ ကြည့်ရတာ တိုးတိုးတိတ်တိတ်တစ်ခုခုကြံစည်ထားပြီးကြပြီဖြစ်မည်။
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက ကျန်းရီလမ်းတွင် ဘာအဆောက်အအုံမှစတင်မဆောက်လုပ်သေးတာကြောင့် Fမြို့ရှိ ရှန်းဟွာလုပ်ငန်း၏ဆောက်လုပ်ရေးဆိုက်များတွင် တစ်ခုခုလုပ်ရန် ဖန်ချန်းရှန်ကြံစည်နေလေသည်။
ဒါကြောင့် အခုက မုန်းတိုင်းမလာခင် ငြိမ်သက်နေခြင်းသာဖြစ်သည်။
JadeBeautyဆိုင်သည်လဲ ကောင်းကောင်းမွန်မွန်လည်ပတ်နေပြီဖြစ်သည်။ ပထမသုံးရက်ပြီးသွားတော့ အမြတ်ငွေလျော့လာတယ်ဆိုပေမယ့် ပုံမှန်လက်ဝတ်ရတနာဆိုင်များထက်တော့ ရောင်းအားကောင်းနေစဲဖြစ်သည်။
ကုနင်းကို စိတ်မကောင်းဖြစ်စေသည့် တစ်ခုတည်းသောအချက်ကတော့ ဒီလောက်ရက်တွေအများကြီးကြာပြီဖြစ်တာတောင် လင်ရှောင်းထင်ပေါ်မလာခဲ့သလို သတင်းလဲ မကြားရသေးခြင်းဖြစ်သည်။ သူမစိတ်ပူမိပေမယ့် လင်ရှောင်းထင်က တာဝန်ထမ်းဆောင်နေရခြင်းဖြစ်တာကြောင့် အနှောက်အယှက်လဲမပေးလိုပေ။
သို့ပေမယ့် လီမိသားစုအတွင်းတွင်တော့ ငြိမ်းချမ်းခြင်းမရှိခဲ့ပေ။
လီကျန်းကျန်းက နှစ်ရက်လောက် အခန်းထဲသော့ပိတ်နေ,နေကာ မစားမသောက်ဖြစ်နေတာကြောင့် သူမမိသားစုမှာ အလွန်ထိတ်လန့်နေခဲ့သည်။ သူမက တံခါးမဖွင့်ပေးတာကြောင့် နောက်ဆုံးလီကျန်းယွီတံခါးကို ချိုးပစ်ခဲ့ပေမယ့် အထဲတွင်တော့ သတိလစ်မေ့မျောလုနီးပါးဖြစ်နေသည့် လီကျန်းကျန်းကိုသာတွေလိုက်ရ၍ ဆေးရုံသို့အမြန်ပို့လိုက်ရသည်။
သူမမိသားစုက လီကျန်းကျန်းကို ဘာကြောင့် အခန်းပိတ်နေ,နေခဲ့တာလဲလို့ မေးပေမယ့် လီကျန်းကျန်းကတော့ ဘာမှပြန်မပြောပေ။ သူမမိသားစုဝင်များက ချင်ယီဖန်းကြောင့်သာဖြစ်ရမယ်လို့တွေးမိပေမယ့် ထိုသို့ကလဲ သိပ်မဖြစ်နိုင်ပေ။ ချင်ယီဖန်း လီကျန်းကျန်းကို ငြင်းခဲ့တာ အကြိမ်ပေါင်းများစွာရှိနေပြီး လီကျန်းကျန်းလဲ ဘယ်တုန်းကမှ ထိုသို့မလုပ်ခဲ့ပေ။
ဒါဆို ဘာကြောင့်လဲ?
သူမမိသားစုဝင်များကတော့ အကြောင်းရင်းကို ဘယ်လိုမှရာမတွေ့ကြပေ။
လီကျန်းယွီရုတ်တရက် လီကျန်းကျန်း၏သူငယ်ချင်းကောင်းဖြစ်ခဲ့သည့် ဆုကျင်းကိုသတိရလိုက်ကာ ချက်ချင်းဖုန်းဆက်လိုက်သည်။
လီကျန်းကျန်းဖြစ်နေသည့် အကြောင်းများကို သိသွားပေမယ့် ဆုကျင်းဘက်ကတော့ သူမလဲ ထိုအတိုင်းစိတ်အခြေအနေဆိုးနေခဲ့တာကြောင့် ဘာမှထူးခြားမအံ့ဩမိပေမယ့် ဆုကျင်းကတော့ သူမမိသားစုဝင်များသိသွားမှာစိုးတာကြောင့် သူတို့ရှေ့တွင် ကြိုးစားကာစားသောက်ပြနေရသည်။ ဒါကြောင့် သူမ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေသည်တော့ လီကျန်းကျန်းလိုမဆိုးရွားနေခဲ့ပေ။
အခန်း ၂၂၀ ဆောက်လုံးရေးဆိုက်မှ မတော်တဆမှု ၁
လင်းဝမ်ခုံးနှင့် ယွမ်စန်းကို ဆုကျင်းသတ်ပစ်ချင်လောက်အောင်ကို မုန်းတီးပေမယ့် ထိုသို့မုန်းနေရုံက လက်တွေ့မကျမှန်းသိလေသည်။ လီကျန်းယွီကို ဆုကျင်းရှင်းရှင်းလင်းလင်းပြန်မဖြေလိုက်ပေမယ့် လီကျန်းကျန်းထံသတင်းလာမေးမည့်အကြောင်းကိုတော့ပြောလိုက်သည်။
သို့နှင့် ဆုကျင်းအိမ်ကမထွက်ခင် နွမ်းနေသည့်ပုံစံကို ဖုံးကွယ်ရန် မိတ်ကပ်သေချာလိမ်းချယ်လိုက်သည်။
သူမ ဆေးရုံသို့ရောက်တော့ လီကျန်းကျန်းဘေးတွင် လီကျန်းယွီရှီနေခဲ့သည်။ ဒါနဲ့ ဆုကျင်းလဲ လီကျန်းကျန်းနှင့် နှစ်ကိုယ်တည်းစကားပြောချင်သည်ဟုပြောလိုက်တော့ လီကျန်းယွီအပြင်သို့ ထွက်သွားလိုက်သည်။
"ကျန်းကျန်း, ငါတောင်းပန်ပါတယ်။ ငါသာနင့်ကိုအတူသောက်ကြဖို့ မခေါ်ခဲ့ရင် ဒီလိုအဖြစ်မျိုးဖြစ်ခဲ့မှာမဟုတ်ဘူး။" ဆုကျင်း တကယ့်စိတ်ရင်းဖြင့် လီကျန်းကျန်းကို တောင်းပန်လိုက်သည်။
လီကျန်းကျန်းလဲ ဆုကျင်းကထိုသို့ပြောလာတော့ အမှန်းတရားများပေါ်ပေါက်လာခဲ့သည်။ အကယ်၍ ဆုကျင်းသာ သူမကို အပြင်ထွက်သောက်ဖို့မခေါ်ခဲ့လို ယခုလိုအခြေအနေမျိုးဖြစ်လာမည်မဟုတ်ပေ။ ဒါပေမယ့်လဲ အတူသောက်ဖို့ သူမဆန္ဒနှင့်သူမ သဘောတူခဲ့တာဖြစ်သလို ဆုကျင်းသည်လဲ ခံရသူတစ်ယောက်ဖြစ်နေသည်။
လီကျန်းကျန်းဘက်မှ နှုတ်ဆိတ်နေတော့ ဆုကျင်းလဲ ဘာပြန်ဆက်ပြောလို့ပြောရမှန်းမသိကာ သူမလဲ တိတ်တိတ်လေးနေလိုက်သည်။
အတော်လေးကြာတော့မှသာ လီကျန်းကျန်းက,
"ဆုကျင်း၊ နင်လက်စားပြန်မချေချင်ဘူးလား?"
"သေချာပေါက် လက်စားချေချင်တာပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်မှာလဲ?"
"သူတို့သာသေသွားရင် ဒီအကြောင်းဘယ်သူမှသိကြတော့မှာမဟုတ်ဘူး။" လီကျန်းကျန်း၏မျက်ဝန်းထဲတွင် လူသတ်သမားတစ်ယောက်၏ သွေးအေးလှသော အငွေ့အသက်များထင်ဟပ်နေခဲ့သည်။
ထိုစကားကိုကြားတော့ ဆုကျင်းအနည်းငယ်တုန်လှုပ်သွားကာ,
"သူတို့ကို ဘယ်လိုသေအောင်လုပ်မှာလဲ?"
ဆုကျင်း ထိုသူနှစ်ယောက်ကို သေအောင်လုပ်လိုက်မိ၍ သူမထံတွင် မကောင်းတာဖြစ်လာမည်ကိုတော့ မလိုချင်ပေ။
လီကျန်းကျန်းလဲ ဆုကျင်းမည်သို့တွေးနေသည်ကို နားလည်လိုက်သလို သူမတွင်လဲ ထိုသို့အတွေးတူနေသည်။
"စိတ်ချပါ၊ ငါတို့တော့ဘာမှမဖြစ်ဘူး။"
.........
ကြာသပတေးနေ့, နေ့လည်စာစားချိန်တွင်တော့ ကုနင်းဖုန်းမှ ရုတ်တရက်ထမည်လာကာ ခေါ်ဆိုသူနာမည်ကိုတွေ့လိုက်သည်နှင့် ကုနင်းမျက်နှာ ချက်ချင်းဝင်းပသွားပြီး နူးညံ့သည့်လေသံလေးဖြင့် ပြန်ဖြေလိုက်သည်။
"ဟိုင်း,"
"မင်း နေ့လည်စာ စားပြီးသွားပြီလား?" လင်ရှောင်းထင်ဘက်မှလဲ နူးနူးညံ့ညံ့မေးလာခဲ့သည်။
"အင်း, အခုစားနေတာ။ ရှင်ရောစားပြီးပြီလား?" ကုနင်းပြန်မေးလိုက်သည်။
"မစားရသေးဘူး၊ ခနနေစားမှာပါ။" လင်ရှောင်းထင်ပြန်ဖြေလိုက်တော့ ကုနင်းကနေတစ်ဖန်
"တာဝန်ကော ပြီးသွားပြီလား?"
"တာဝန်ကပြီးသွားပေမယ့် တခြားအလုပ်ရှိနေသေးလို့ မင်းဆီအခုချက်ချင်းပြန်လာဖို့ မဖြစ်နိုင်သေးဘူး။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
ကုနင်းသည်လဲ နားလည်ပေးနိုင်တာကြောင့်,
"ရပါတယ်၊ အလုပ်က ပထမပေါ့၊ ကျွန်မတို့က ရှင်အားတဲ့အချိန်ကျမှ တွေ့လဲရတာပဲကို။"
ခနလောက်နေတော့ သူတို့နှစ်ယောက်ဖုန်းချလိုက်သည်။
ချူးဖေ့ဟန်နှင့်တခြားလူများကတော့ ကုနင်းရဲ့မျက်နှာကို စပ်စုချင်စိတ်အပြည့်နှင့် အကဲခတ်နေကြတာကြောင့် ကုနင်းမှာအနည်းငယ် ထိတ်လန့်မိသွားသည်။
"ဘော့စ်, ချစ်သူရှိနေတာလား?" ချူးဖေ့ဟန် ကုနင်းကို ချဉ်းကပ်လာကာမေးလိုက်သည်။ ကျန်တဲ့သူတွေအားလုံးလဲ သိချင်စိတ်ပြင်းပြစွာဖြင့် ကုနင်းကို စိုက်ကြည့်နေကြလေသည်။
"ဟုတ်တယ်၊" ကုနင်းပျာပျာသလဲပြန်ဖြေလိုက်ရသည်။
"တကယ်လား? ဝိုး!" သူတို့အားလုံး အံ့အားသင့်သွားကြကာ ကုနင်းနားကို ဝန်းရံလာကြသည်။
"ဘော့စ်, သူ့ပုံစံက ဘယ်လိုလဲ?"
"သူက ဘာလုပ်တဲ့လူလဲ?"
"ဘော့စ်မှာ သူ့ဓါတ်ပုံရှိလား?"
"သူက ခန့်ညားတယ်, စစ်တပ်အရာရှိတစ်ယောက်၊ ပြီးတော့ ငါ့မှာ သူဓါတ်ပုံမရှိဘူး။" ကုနင်းမေးခွန်းတိုင်းကို ပြန်ဖြေလိုက်သည်။
သူတို့ဘော့စ်ရဲ့ ချစ်သူက ခန့်ညားသည်ဆိုသောကြောင့် အားလုံး စိတ်လှုပ်ရှားသွားကြပြီး စစ်အရာရှိတစ်ယောက်ဖြစ်မှန်းသိလိုက်ရတော့ လေးစားသွားကြသည်။ သို့ပေမယ့် ကုနင်းတွင် ထိုလူ၏ဓါတ်ပုံမရှိခြင်းကိုတော့ အနည်းငယ်စိတ်ပျက်မိသွားသည်။
"နောက်ကျ သူ့ကို နင်တို့နဲ့ မိတ်ဆက်ပေးပါ့မယ်။ နေ့လည်စာစားပြီး လေ့ကျင့်ဖို့သွားကြရအောင်။" ကုနင်း စကားစကို ဖြတ်လိုက်သည်။
သူတို့ဘော့စ်ရဲ့ ချစ်သူပုံကို မမြင်နိုင်ကြသေး၍ စိတ်မကောင်းဖြစ်နေကြပေမယ့် မြန်မြန်တွေ့ရရန် စောင့်မျှော်နေမိကြလေသည်။
နေ့လည်ပိုင်းအတန်းများစတော့ ကုနင်းတို့အားလုံး ဆိုင်ရာအတန်းများဆီ ထွက်ခွာလိုက်ကြသည်။ ထိုတစ်ခနတွင်ပဲ ကုနင်းအာရုံထဲသို့ ပုံရိပ်တစ်ခုပေါ်လာခဲ့လေသည်။ ဆောက်လုပ်ရေးဆိုက်အလုပ်သမားတစ်ယောက် အလုပ်လုပ်နေရင်း တခနချင်းမှာပဲ အလွန်မြင့်သည့်နေရာမှ ပြုကျလာသည့်ပုံရိပ်ဖြစ်လေသည်။ ထိုအလုပ်သမားမှာ မသေသွားခင် တခနမျှ အသက်ငင်နေခဲ့သေးသည်။
ကုနင်း ဆွံ့အမှင်တက်သွားခဲ့သည်။ ဘာတွေဖြစ်နေတာလဲ? သူမအာရုံထဲ ထိုပုံရိပ်က ဘာကြောင့် ပေါ်လာရတာလဲ? ဘာလို့အစစ်အမှန်ဖြစ်ပျက်နေသည့်အရာလို ခံစားနေရတာလဲ? ဒါရှေ့ဖြစ်ကြိုမြင်နိုင်တဲ့စွမ်းရည်များလား? ဒါဆို အဲ့ဒီ့ဆောက်လုပ်ရေးဆိုက်က ဘယ်နားမှာလဲ?
ကုနင်းအတွေးထဲ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်အကြောင်းခေါင်းထဲဝင်လာခဲ့ကာ တစ်ခုခုဖြစ်တော့မည်ဟု ခံစားလိုက်ရသည်။ သူမမှာ တကယ်ပဲ ရှေ့ဖြစ်မြင်နိုင်သည့်စွမ်းရည်ရှိခဲ့ခြင်းဆိုလျှင် သူမနဲ့သက်ဆိုင်သည့်ကိစ္စမျိုးတွေကို ကြိုသိမြင်နိုင်ပြီပေါ့။ ပြီးတော့ လောလောဆယ် သူမနဲ့သက်ဆိုင်သည့် ဆောက်လုပ်ရေးဆိုက်ဟူ၍ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကိုသာ တွေးမိလေသည်။
"ဟောင်ရန်, ငါ့ကို နင့်ကားငှားပေးလို့ရလား? အခုချက်ချင်းလုပ်မှဖြစ်မယ့် ကိစ္စတစ်ခု သတိရသွားလို့။" ကုနင်း ဟောင်ရန်ကိုမေးလိုက်သည်။ သူမအမှန်ကိုပြောချင်တာကြောင့် ညာလိုက်ရုံသာတတ်နိုင်လေသည်။
"ရတာပေါ့။" ဟောင်ရန်ချက်ချင်းပဲ ကုနင်းကို ကားသော့လှမ်းပေးလိုက်သည်။ သူတို့အားလုံး ကုနင်းဘာကိစ္စရှိလဲဆိုတာကို မမေးပေ။
ကုနင်းလဲ ကားသော့ယူပြီးသည်နှင့် တုံ့ဆိုင်းခြင်းမရှိချက်ချင်းပြေးထွက်သွားတော့သည်။
"နင်းနင်းတော်တော်လောနေတာပဲ။ အရေးပေါ်ကိစ္စများလားမသိဘူး။" ယွီမီရှီ အနည်းငယ်ပူပန်စွာပြောလိုက်သည်။
"အရေးကြီးကိစ္စတစ်ခုခုဖြစ်မယ်ထင်တယ်။ ဒါပေမယ့် ဘော့စ်ဘာသာ ကိုင်တွယ်နိုင်လောက်မယ်ထင်တယ်။" မုခယ်ပြန်ပြောလိုက်သည်။
ကုနင်းကို ယုံကြည်ထားကြပေမယ့် စိတ်မပူဘဲနှင့်လဲ မနေနိုင်ကြပေ။
ကုနင်း ကားပါကင်သို့ ပြေးသွားကာ ကားကို အမြန်နှုန်းနှင့် မောင်းထွက်လိုက်သည်။ ကုနင်းသတ်မှတ်နှုန်းကိုတောင် ကျော်မောင်းခဲ့ပေမယ့် မီးနီကိုတော့ ဖြတ်မမောင်းခဲ့ပေ။ ဘာလို့ဆို ကားတွေအရမ်းရှုပ်နေတာကြောင့် သူမကိုယ်တိုင်လဲ ထိုကြားထဲဖြတ်မောင်းသွားဖို့ မဖြစ်နိုင်ပေ။ ကံကောင်းစွာပဲ ရုံးဆင်း, ရုံးတက်ချိန်မဟုတ်တာကြောင့် အရမ်းတော့ လမ်းမရှုပ်နေပေ။
ပုံမှန်ဆိုလျှင် ဆောက်လုပ်ရေးဆိုက်ကို ရောက်ဖို့ ၁၅မိနစ်လောက်မောင်းရမည်ဆိုပေမယ့် ကုနင်းကတော့ ၁၀မိနစ်နှင့်အရောက်သွားခဲ့လေသည်။
ဆောက်လုပ်ရေးဆိုက်အပေါက်ဝတွင် ကားကိုရုတ်တရက်ထိုးရပ်လိုက်သည့်အသံကြောင့် လုံခြုံရေးများလဲ အံ့ဩကာ ထိုနေရာသို့အပြေးသွားကြည့်ကြလေသည်။ နောက်တော့ သူတို့ဘာသာတွေးလိုက်မိကြသည်: 'ဒီမိန်းကလေးဘာလို့ ဒီလောက်အလျင်စလို ကားကိုရပ်ခဲ့တာပါလိမ့်?'
ကုနင်း ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ ဖြတ်သန်းခွင့်ကဒ်ကို ကိုင်၍ ကားထဲမှထွက်လာကာ ဆောက်လုပ်ရေးဆိုက်နေရာသို့ တန်းသွားလိုက်သည်။ အန်းကွမ်းယောင်က ကုနင်းအတွက် အစောကတည်းက ပြင်ဆင်ပေးထားခြင်းဖြစ်တာကြောင့် သူမအလိုရှိသလို ကုမ္ပဏီကိုကော ဆောက်လုပ်ရေးဆိုက်ကိုပါ ဝင်ထွက်နိုင်လေသည်။
လုံခြုံရေးတစ်ယောက်က သူမကိုကျောင်းသူတစ်ယောက်မှန်းသိလိုက်တာကြောင့် တားဖို့လုပ်လိုက်ပေမယ့် သူအနားကပ်လာသည်နှင့် ကုနင်းက ချက်ချင်းဖြတ်သန်းခွင့်ကဒ်ကို ပြလိုက်လေသည်။ ကုနင်းက ဒီနေရာက်ဝန်ထမ်းတစ်ယောက်လို့တော့ လုံခြုံရေးမှာမယုံကြည်ပေမယ့် သူမမှာ ဖြတ်သန်းခွင့်ကဒ်ပါနေပြီးဖြစ်တာကြောင့် ရှည်ရှည်ဝေးဝေးမမေးနေတော့ဘဲ ဝင်ခွင့်ပေးလိုက်သည်။
သို့ပေမယ့် ကုနင်းအထဲကိုမဝင်ခင် လုံခြုံရေးဦးထုပ်ကိုတော့ဆောင်းသွားသေးသည်။
ကုနင်း ဆောက်လုပ်ရေးဆိုက်ထဲကို ဝင်လာပြီး သူမမြင်ခဲ့သည့် အဆောက်အဦးကို အပြေးသွားရှာလိုက်သည်။ သူမအနားတစ်ဝိုက်မှလူများလဲ စိတ်ရှုပ်ထွေးနေကာ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ကြပေ။
သူတို့အားလုံး နောက်မကြာခင်အတွင်း မတော်တဆမှုတစ်ခုဖြစ်လာနိုင်သည်ကိုလဲ မသိထားကြသလို ကုနင်းဘာကြောင့် အခုလိုမျိုး အလျှင်စလိုဖြစ်နေရသလဲဆိုတာကိုလဲ မသိကြပေ။
သို့ပေမယ့် ကုနင်းနောက်ကျသွားခဲ့သည်။ သူမထိုအဆောက်အဦးနားရောက်ခါနီးရုံရှိသေး ငါးလွှာမှပြုတ်ကျလာသည့် လူတစ်ယောက်၏ ထိတ်လန့်အော်ဟစ်သံကျယ်ကြီးကိုကြားလိုက်ရသည်။
ရှေ့ဖြစ်မြင်ထားသည့် ပုံရိပ်အရ ထိုအမျိုးသားမှာ ပြုတ်ကျပြီး တစ်ခနအတွင်းသေသွားမှာဖြစ်ပေမယ့် သူကပြုတ်ကျသွားပြီးဖြစ်ကာ ကုနင်းမတားနိုင်ခဲ့တာကြောင့် သူမသေသွားခင် အချိန်ခနလေးအတွင်း အရေးပေါ်ကုသမှုလုပ်ပေးရုံသာ ကုနင်းတတ်နိုင်တော့ပေမည်။
ထိုထိတ်လန့်အော်ဟစ်သံကြီးသည် လူအများ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သို့ပေမယ့် ဘာဖြစ်သွားသလဲ ဆိုတာ သူတို့မသိလိုက်ခင်မှာပဲ မြေပြင်နှင့် ခန္ဓာကိုယ်ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည့်အသံကို ထပ်မံကြားလိုက်ရပြန်သည်။
အခုတော့ ထိုမြင်ကွင်းကြောင့် လူတိုင်း ကြောင်အမှင်တက်နေခဲ့ကြသည်။
ကုနင်း ချက်ချင်းပဲ ထိုအလုပ်သမားပြုတ်ကျသည့် အဆောက်အဦးသို့ရောက်သွားကာ သူမလက်ကို ထိုလူ၏ရင်ဘက်ပေါ်တွင် ထိကပ်ပြီး စွမ်းအားများကို လွှဲပြောင်းပေးလေတော့သည်။