အခန်း (၂၂၁-၂၂၅)
Vol. 15 Ch. 221-225
အခန်း ၂၂၁ ဆောက်လုပ်ရေးဆိုက်မှမတော်တဆမှု ၂
တခနအကြာမှာပဲ လူတိုင်းအသိစိတ်ပြန်ကပ်သွားကြကာ ကုနင်းတို့အနားချဉ်းကပ်လာကြသည်။
"ဟေ့, မင်းဒီမှာဘာလုပ်နေတာလဲ?"
"ဟုတ်တယ်၊ မင်းဘာလုပ်နေတာလဲ?"
လူများက ကုနင်းကို ဆက်တိုက်မေးခွန်းများမေးနေပေမယ့် ကုနင်းချက်ချင်းပဲ ပြန်အောင်ပစ်လိုက်သည်။
"ပါးစပ်ပိတ်ထားပြီး အခုချက်ချင်းဆေးရုံကားအရင်ခေါ်ကြ။"
ထိုစကားကိုကြားတော့မှ ချက်ချင်းလူနာတင်ယာဉ်ကိုခေါ်ကြတော့သည်။
ဆောက်လုပ်ရေးအလုပ်သမား၏ နံရိုးများကျိုးသွားကာ အတွင်းအင်္ဂါများလဲ ပျက်စီးသွားပြီး ညာခြေထောက်သည်လဲ ကျိုးသွားခဲ့သည်။ ပုံမှန်အတိုင်းသာဆိုလျှင် သူသေသွားပြီးဖြစ်ပေမည့် ကုနင်း၏စွမ်းအားများက သူ့ဒဏ်များကို ကုသပေးလိုက်သည်။
ထိုဒဏ်ရာများအတွက် ကုနင်းစွမ်းအားအမြောက်အမြားကုန်ပေမယ့် အခုက အရေးပေါ်အခြေအနေဖြစ်နေသလို ဒီဆောက်လုပ်ရေးလုပ်သားသည် သူမ၏ဝန်ထမ်းတစ်ယောက်လဲဖြစ်နေသေးတာကြောင့် ဘာမှမလုပ်ဘဲ မနေနိုင်ပေ။ ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတစ်ယောက်ယောက်သေသည့်သတင်းသာပျံ့သွားလျှင် ကုမ္ပဏီကို ထိခိုက်စေနိုင်သလို ထိုအဆောက်အဦး၏ဖုန်းရွှေအနေအထားကိုလဲ သံသယဝင်သွားနိုင်ကြပေသည်။
ကုနင်း ထိုလုပ်သား၏ ဒဏ်ရာအလုံးစုံကို ကုသမပေးဘဲ သေဘေးမှလွတ်ရုံလောက်သာ ကုပေးခဲ့သည်။ အကယ်၍ ထိုမျှမြင့်မားသည့် အဆောက်အဦးပေါ်မှပြုတ်ကျပြီး ဘာဒဏ်ရာမှမရတာ ဒါမှမဟုတ် ဒဏ်ရာနည်းနည်းပဲရခဲ့တာဆိုလျှင် အရမ်းထူးဆန်းသွားပေလိမ့်မည်။
ဆောက်လုပ်ရေးလုပ်သားမှာ နိုးလာခဲ့ပြီး သူအသက်ရှင်နေသေးသည်ကို သိလိုက်ရချိန်တွင် သူ့မျက်လုံးများထဲ၌ စိတ်ပျက်မှုနှင့် မလိုလားမှု အရိပ်အယောင်များဖြတ်ပြေးသွားခဲ့သည်။
သူက အသက်ရှင်နေတာကို စိတ်ပျက်ပြီး မလိုမလားဖြစ်နေတယ်လား? ကုနင်း ထိုသူ၏ပုံမှန်မဟုတ်သည့် အမူအရာကို သတိထားမိသွားခဲ့သည်။ ကြည့်ရတာ ဒီကိစ္စမှာ မတော်တဆမှုမဟုတ်ဘဲ ကြိုတင်ကြံစည်ထားခြင်းနှင့်ပိုတူနေလေသည်။ ဘာကြောင့်များလဲ?
ကုနင်းအခုချိန်တွင်တော့ ထိုအကြောင်းတွေးနေရန်အချိန်မရှိသေးဘဲ အန်းကွမ်းယောင်ကိုသာ ချက်ချင်းဖုန်းလှမ်းဆက်လိုက်လေသည်။
"ဘော့စ်, ဘာကိစ္စရှိလို့လဲ?" အန်းကွမ်းယောင်ကတော့ ပုံမှန်အတိုင်းပဲမေးလိုက်ကာ ဆောက်လုပ်ရေးဆိုက်တွင် တစခုခုဖြစ်နေသည်ဟု လုံးဝမတွေးမိပေ။
"ဦးလေးအန်း, ကျွန်မတို့ဆောက်လုပ်ရေးဆိုက်မှာ မတော်တဆမှုတစ်ခုဖြစ်လို့။ အလုပ်သမားတစ်ယောက် အထပ်မြင့်ကနေပြုတ်ကျပြီး ဒဏ်ရာရသွားတယ်။ အခုချက်ချင်းလာခဲ့ပေးပါဦး။" ကုနင်းပြောလိုက်သည်။
"ဘာ? ကောင်းပြီ, ကျွန်တော်အခုပဲ အဲ့ဒီ့ကိုလာခဲ့မယ်။" အန်းကွမ်းယောင် ထိတ်လန့်ကာ သူ့ထိုင်ခုံကနေတောင် ထပ်မိလိုက်သည်။ ထိုကိစ္စကုနင်းဘယ်လိုသိသွားလဲဆိုတာတောင် သူ့မှာမေးဖို့အချိန်မရှိတော့ဘဲ အတွင်းရေးမှူးကို ကားအဆင်သင့်ထုတ်ထားရန်နှင့် ဆောက်လုပ်ရေးဒါရိုက်တာကို အသိပေးရန်မှာကြားလိုက်သည်။
အန်းကွမ်းယောင်တစ်ယောက် ကုမ္ပဏီကထွက်ခါနီးမတိုင်ခင်အထိ မတော်တဆဖြစ်သည့်သတင်းအကြောင်း အစီအရင်ခံမှုကို မရခဲ့ပေ။
ဘာလို့ဆို ဆောက်လုပ်ရေးဆိုက်ကနေ လုံခြုံရေးရုံးခန်းကို တစ်ဆင့်ပြောရမည်ဖြစ်ပြီး လုံခြုံရေးကမှ ကုမ္ပဏီကိုဖုန်းထပ်ခေါ်ကာ ထိုကုမ္ပဏီဝန်ထမ်းကနေမှ ထိုသတင်းဆိုးကို စီစဉ်စရာရှိတာစီစဉ်ဦးမည်ဖြစ်သည်။ အားလုံးပြီးသွားတော့မှသာ အန်းကွမ်းယောင်က နောက်ဆုံးပိတ်ကြားရခြင်းဖြစ်သည်။
လူနာတင်ယာဉ်က အန်းကွမ်းယောင်ထက်အရင်ရောက်လာကာ ဆရာဝန်တစ်ယောက်ကနေပြီး အလုပ်သမား၏ဒဏ်ရာများကို တစ်ချက်အရင်စစ်ဆေးပြီးမှ ဆေးရုံကို ခေါ်သွားကြသည်။
ကုနင်း ဆောက်လုပ်ရေးဆိုက်ခေါင်းဆောင်ကို ဆရာဝန်နှင့်အတူလိုက်သွားရန်ပြောပြီး အန်းကွမ်းယောင်ကိုလဲ ဆေးရုံသို့သာ တန်းလာခဲ့ရန်ဖုန်းထပ်ခေါ်လိုက်ကာ သူမသည်လဲ ချက်ချင်းဆေးရုံသို့ မောင်းသွားလိုက်သည်။
အန်းကွမ်းယောင်က ထိုဆောက်လုပ်ရေးဆိုက်မှမတော်တဆမှုအကြောင်း စုံစမ်းရန် ဆောက်လုပ်ရေးဒါရိုက်တာအား အမိန့်ပေးလိုက်ပြီး သူကတော့ ဆေးရုံသို့တန်းသွားလိုက်သည်။
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ မန်နေဂျာဖြစ်သူက မရောက်လာသေးတာကြောင့် ကုနင်းကသာ ဆေးရုံမှလိုအပ်သည့်ကိစ္စအဝဝကို ကိုင်တွယ်စီစဉ်ပေးရပြန်တသည်။ မကြာခင်တွင်ပဲ အန်းကွမ်းယောင်ရောက်လာခဲ့သည်။ သူ့အတွင်းရေးမှုကတော့ ဆောက်လုပ်ရေးလုပ်သား၏ ဒဏ်ရာများကို ဂရုစိုက်ပေးရန်ထွက်သွားပြီး သူသည်တော့ ကုနင်းနှင့်ဆွေးနွေးရန်သွားလိုက်သည်။
"ဘော့စ် ဘယ်လိုလုပ် ဆောက်လုပ်ရေးဆိုက်မှာမတော်တဆဖြစ်နေပြီဆိုတာကို သိနေတာလဲ?" အန်းကွမ်းယောင် သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
"ကျွန်မနေ့လည်နားချိန်တုန်းက အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ လူတစ်ယောက်အဆောက်အဦးမြင့်ကနေပြုတ်ကျသွားတယ်တဲ့။ ထူးဆန်းတယ်ဆိုပေမယ့်, ကျွန်မရဲ့ အိပ်မက်နဲ့ ခံစားချက်တွေက အမြဲတမ်းအမှန်တကယ်ဖြစ်လာနေကျဆိုတော့ ကိုယ်တိုင်သွားပြီး စစ်ကြည့်လိုက်တာ။ မမျှော်လင့်ဘဲ မတော်တဆမှုက တကယ်ဖြစ်သွားတယ်။" ကုနင်းရုပ်တည်ကြီးနှင့် လိမ်လိုက်ပြန်သည်။
အန်းကွမ်းယောင်သည်လဲ ကုနင်း၏အတည်ပေါက်ရှင်းပြချက်များကို သံသယမရှိယုံကြည်လေသည်။ ကုနင်းမှာ ကျောက်အလောင်းအစားပွဲများကိုတောင် အလွယ်လေးနိုင်နိုင်တာကြောင့် သေချာပေါက် သာမာန်မဟုတ်တဲ့လူသားတစ်ယောက်ဖြစ်လေသည်။
"ဘော့စ်၊ ဒီမှာကျွန်တော်ပဲ ဖြေရှင်းလိုက်ပါ့မယ်။ ကျောင်းကိုပဲပြန်လိုက်ပါတော့။ " အန်းကွမ်းယောင်က ကုနင်းမှာအတန်းတက်စရာကျန်သေးမှန်း သတိပေးလိုက်သည်။
"အဲ့ဒါက အရေးမကြီးပါဘူး။" ကုနင်းပြန်ဖြေလိုက်သည်။ သူမထိုအလုပ်သမားပြုတ်ကျရခြင်း၏ အကြောင်းရင်းမှန်ကို ဖော်ထုတ်ရန် ဆုံးဖြတ်ထားလေသည်။
ထို့နောက်အန်းကွမ်းယောင်လဲ အတင်းမတိုက်တွန်းတော့ပေ။
မကြာခင်တွင်ပဲ ဆေးစစ်ချက်ရလဒ်ထွက်လာခဲ့သည်။ နံရိုးတစ်ချောင်းကျိုးသွားကာ, အတွင်းအင်္ဂါအတော်အတန်ပျက်စီးသွားပြီး ညာခြေထောက်သည်လဲ ကျိုးသွားခဲ့လေသည်။ ကံကောင်းစွာပဲ သူ့ဒဏ်ရာများမှာ အရမ်းမပြင်းထန်ဘဲ အသက်ကို မထိခိုက်နိုင်တော့ပေ။ ပြီးသွားတော့ သူ့ကို ခွဲစိတ်ကုသမှုခံယူစေကာ ဆေးရုံတွင် ရက်အနည်းငယ်နေခိုင်းမည်ဖြစ်သည်။
ဆေးရုံတွင် သာမာန်လူနာဆောင်နှင့် ဗီအိုင်ပီလူနာဆောင်ဆိုပြီးရှိပေမယ့် လူနာအများကြီးစုနေရသည့် လူနာဆောင်ထက်တော့ သာမာန်လူနာဆောင်က အများကြီးပိုကောင်းလေသည်။
ကုနင်းမပြန်ခင် သီးသန့်ဆောင်ထဲသို့ဝင်လိုက်ကာ အိပ်ရာဘေးတွင် အသံဖမ်းစက်တစ်ခုတပ်ကာ တီဗီအောက်တွင် လျှို့ဝှက်ကင်မရာတစ်လုံးကို တပ်လိုက်သည်။
ထို့နောက် ကုနင်းကျောင်းသို့ပြန်လာချိန်တွင်တော့ သူတို့အတန်းအားလုံးပြီးသွားပြီဖြစ်တာကြောင့် ကုနင်းအထဲမဝင်တော့ဘဲ ဟောင်ရန်ကိုသာ စာတစ်စောင်လှမ်းပို့သည်။ ထို့နောက်ကားပါကင်တွင် သူ့ကိုစောင့်နေလိုက်သည်။
ကုနင်းမှာကားတစ်စီးလောက်မရှိခြင်းက အဆင်မပြေလှပေမယ့် မြို့တော်တွင် တက္ကသိုလ်ဝင်ခွင့်ရပြီးမှသာ ကားဝယ်ရန် ကုနင်းဆုံးဖြတ်ထားလေသည်။
ကုနင်းဆေးရုံကထွက်လာကတည်းက ကြိုးမဲ့နားကျပ်ကို နားတွင်တပ်ဆင်ထားသည်။ ထိုနားကြပ်သည် သီးသန့်ဆောင်ထဲမှ အသံဖမ်းဆက်နှင့်ချိန်ဆက်ထားခြင်းဖြစ်ပေမယ့် ကုနင်းအခုချိန်ထိတော့ အသုံးဝင်သည့်အရာမည်သည်ကိုမှ မကြားရသေးပေ။
ဟောင်ရန်နှင့်တခြားလူများထွက်လာချိန်တွင်တော့ ကုနင်း ဟောင်ရန်ကို ကားပြန်ပေးလိုက်ကာ သူမကတော့ ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ ပြေးပြီးပြန်လိုက်သည်။ အပြန်လမ်းတွင် ကုနင်းထံ အမြန်ချောပို့ကုမ္ပဏီမှ စာတစ်စောင်ဝင်လာကာ သူမအတွက် ပါဆယ်ကို ပထမထပ်မှ ပစ္စည်းထည့်သည့်ဗီရိုထဲတွင်ထည့်ခဲ့သည့်အကြောင်းဖြစ်သည်။ ကျိုးကျန်ဟုန် သူမအတွက်ပို့ပေးလိုက်သည့်ပစ္စည်းဖြစ်ပေမည်။
ထိုပါဆယ်ထဲတွင်တော့ ကုနင်းမှာထားသည့် ကျောက်စိမ်းဆွဲပြားပါဝင်ပါသည်။
မနက်ဖြန်သည် ချူးဖေ့ဟန်၏မွေးနေ့ဖြစ်ပြီး ထိုကျောက်စိမ်းဆွဲပြားကို သူမရဲ့မွေးနေ့လက်ဆောင်အဖြစ်ပေးဖို့ စီစဉ်ထားခြင်းဖြစ်သည်။
ယွမ်သိန်းပေါင်းများစွာတန်သည့် လက်ဆောင်ပစ္စည်းသည် သာမာန်အမြန်ချောပို့ကုမ္ပဏီကနေတစ်ဆင့် ပို့ဆောင်ပေးလာခဲ့သည်။ ကုနင်းသည်လဲ ပစ္စည်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ခြင်းမရှိပေ။
အိမ်ပြန်ရောက်တော့ ကုနင်းပါဆယ်ကိုပါတစ်ခါတည်းဝင်ယူသွားကာ ကျိုးကျန်းဟုန်ကိုလဲ ပစ္စည်းလုံလုံခြုံခြုံရောက်ရှိသည့်အကြောင်းလှမ်းပြောပြလိုက်သည်။ သူမအခန်းထဲရောက်တော့ စိတ်စွမ်းအင်အာကာပြင်ထဲမှ လပ်တော့ကိုထုတ်ယူလိုက်ပြီး လျှို့ဝှက်ကင်မရာမှရိုက်ကူးနေသည့် ဗီဒီယိုကို ဖွင့်လိုက်သည်။ အားလုံးကတော့ အဆင်ပြေနေစဲပင်။
ဒဏ်ရာရသွားသည့် ဆောက်လုပ်ရေးလုပ်သားမှာ ဝမ်းမောင်ဟုခေါ်ကာ သူမိသားစုများလာလည်ကြပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှလဲ လျော်ကြေးငွေများလက်ခံရရှိလေသည်။
ထိုဆိုးရွားလှသည့် မတော်တဆမှုကြောင့် အချို့အလုပ်သမားများထိတ်လန့်ကြောက်ရွံ့နေကြပေမယ့် ကုမ္ပဏီဘက်ကနေပြီး အကြောင်းရင်ကို သေချာစုံစမ်းကာ သူတို့ကိုလဲ လုံခြုံအောင်ထားမည့်အကြောင်း ကတိပေးလိုက်တာကြောင့် မြန်မြန်ဆန်ဆန်ပဲ စိတ်အေးသွားကြလေသည်။
ည၈နာရီလောက်တွင်တော့ ဝမ်းမောင်၏ဇနီးမှာ သူ့အတွက်စားစရာဝယ်ရန် အပြင်သို့ထွက်သွားခဲ့တာကြောင့် သီးသန့်ဆောင်ထဲတွင် ဝမ်းမောင်တစ်ယောက်သာကျန်ခဲ့သည်။ ထိုအချိန်တွင် သူဖုန်းကိုထုတ်လိုက်ကာ တစ်စုံတစ်ယောက်ထံဖုန်းခေါ်လိုက်သည်။
"ဟလို, ကျွန်တော် ဝမ်းမောင်ပါ။ ခင်ဗျားပြောထားတဲ့ကိစ္စလုပ်ပြီးသွားပေမယ့် ကျွန်တော်အသက်ရှင်နေတုန်းပဲ။" ဝမ်းမောင်ပြောလိုက်သည်။
ထိုစကားများကိုကြားတော့ ကုနင်းမျက်ဝန်းများမှေးစဉ်းသွားခဲ့သည်။ နောက်ဆုံးတော့ တကယ့်ပြဿနာကောင်အစစ်ကို ပေါ်ထွက်လာပြီပဲ။ ဝမ်းမောင်ထိုလောက်အမြင့်ကနေပြုတ်ကျတယ်ဆိုတာ တမင်လုပ်မှန်းအသိသာကြီးပေမယ်။ နောက်ကွယ်က ဘယ်သူခိုင်းစေနေတာလဲ?
"အမှိုက်ကောင်! မင်းမအောာင်မြင်ခဲ့မှတော့ ကျန်တဲ့ ယွမ်၁သိန်း၅သောင်းကိုလဲ ငါပေးမှာမဟုတ်ဘူး။ မင်းကိုစရံပေးထားတဲ့ ယွမ်၅သောင်းကိုပဲ ယူထားလိုက်တော့၊ ဒါပေမယ့် ငါ့ကိုတော့သစ္စာမဖောက်နဲ့နောက်။ မဟုတ်ရင် မင်းတို့တစ်မိသားစုလုံးကို သတ်ပစ်မယ်။" တစ်ဖက်မှလူက ခြိမ်းခြောက်လိုက်သည်။
..............Book 15 Part 221end.............
အခန်း ၂၂၂ ဆောက်လုပ်ရေးဆိုက်မှ ပြဿနာ
ဆေးရုံခန်းထဲတွင် တိတ်ဆိတ်နေပြီး ကုနင်းရဲ့အကြားအာရုံသည်လဲ ကောင်းလွန်းတာကြောင့် သူတို့ပြောသမျှကို ရှင်းရှင်းလင်းလင်းကြားရလေသည်။
"ကောင်းပါပြီ။" ဝမ်းမောင်စိတ်ပျက်သွားပေမယ့် သူက သာမာန်လူတစ်ယောက်ဖြစ်တာကြောင့် ခွန်းတုံ့မပြန်ရဲပေ။ ထိုလူရဲ့နောက်ခံအစစ်အမှန်ကိုသူမသိပေမယ့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဂုဏ်သိက္ခာကို ဖျက်စီးဖို့ရန်အတွက်နှင့် တူတစ်ယောက်ကို ယွမ်၂သိန်းပေးပြီးငှားတယ်ဆိုကတည်းက ထိုလူ့တွင် သူ့မိသားစုကို လွယ်လွယ်ကူကူသတ်ပစ်နိုင်လောက်ပေသည်။
ကုနင်း လျှို့ဝှက်ကင်မရာကို ဝမ်းမောင်၏နောက်ဖက်တွင် တပ်ဆင်ထားခဲ့တာကြောင့် သူ့ကို အမိန့်ပေးနေသည့် ခေါ်ဆိုသူကို မြင်ရလေသည်။
ကုနင်းချက်ချင်းပဲ ခေါ်ဆိုသူ၏ဖုန်းနံပါတ်ကို စစ်ဆေးကြည့်လိုက်တော့ Gမြို့မှ နံပါတ်ဖြစ်နေသည်။
Gမြို့?
ပထမဆုံး ကုနင်းစိတ်ထဲပေါ်လာမိသည်ကတော့ ဟွန်ယွမ်အိမ်ခြံမြေလုပ်ငန်းပင်ဖြစ်သည်။ သူတို့ဆီမှ အမြတ်အများကြီးရနိုင်မယ့် လုပ်ငန်းတစ်ခုကို ဖြတ်ယူထားခဲ့သည်လေ။
ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်မှ ကျန်းယန်လမ်းတွင် မကောင်းတာတစ်ခုခုလုပ်လိမ့်မယ်လို့ ကုနင်းတွေးမိပြီးသားဖြစ်ပေမယ့် သူတို့က မစောင့်နိုင်ဘဲ Fမြို့အထိရောက်လာခဲ့သည်တဲ့လား။
သို့ပေမယ့် ကုနင်းတွင် တိကျသည့်သက်သေမရှိသေးပေမယ့် ထိုကိစ္စနောက်ကွယ်တွင် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းရှိနေတယ်ဆိုတာကိုတော့ ကုနင်းသေချာနေလေသည်။ ထို့ကြောင့် အရင်ဆုံး သက်သေများကို စုဆောင်းရန် စီစဉ်လိုက်သည်။
ရှန်းဟွာနှင့် ဟုန်ယွမ်တို့ ရန်သူတွေဖြစ်သွားပြီဆိုမှတော့ ကုနင်းလဲ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းကို ပြန်ပညာပေးဖို့အတွက် ပြင်ဆင်ထားရတော့မှာပေါ့။
ထို့နောက် ကုနင်း အန်းကွမ်းယောင်ထံ ဖုန်းခေါ်လိုက်သည်။
"ဦးလေးအန်း, အခုဖုန်းပြောလို့ အဆင်ပြေလား? ကျွန်မ ဦးလေးနဲ့ အရေးကြီး ဆွေးနွေးစရာရှိလို့။" ကုနင်းစပြောလိုက်သည်။
"ရတာပေါ့၊ ပြောပါ။" အန်းကွမ်းယောင် ပြန်ဖြေလိုက်သည်နှင့် ကုနင်းဆက်ပြောလိုက်သည်။
"ဝမ်းမောင် အဆောက်အဦးပေါ်က ပြုတ်ကျတာက မတော်တဆမဟုတ်ဘူး။ လျှို့ဝှက်ကြံစည်မှုပဲ။"
"ဘာ? လျှို့ဝှက်ကြံစည်မှုဟုတ်လား?" အန်ကွမ်းယောင် အံ့အားသင့်သွားသည်။
"ဟုတ်တယ်၊ သူအသက်ရှင်နေတာကို သိသွားတဲ့အချိန်မှာစိတ်ပျက်သွားသလိုဖြစ်သွားတယ်။ ဒါနဲ့ သူ့ပုံစံက မူမမှန်လို့ ဆေးရုံအခန်းထဲမှာ လျှို့ဝှက်ကင်မရာနဲ့ အသံဖမ်းစက် ကျွန်မတပ်ခဲ့လိုက်တာ။ အခုသူနဲ့ တခြားလူတစ်ယောက်ဖုန်းပြောနေတဲ့အသံကို ကြားလိုက်သည်။ သူပြောတာတော့ သူ့ကိုပြောတဲ့အတိုင်းလုပ်ခဲ့ပေမယ့် ကျရှုံးသွားတယ်တဲ့။" ကုနင်းဆက်ပြောလိုက်သည်။
အန်းကွမ်းယောင်သည်တော့ အသက်ပြင်းပြင်းရှူလိုက်မိကာ ကုနင်း၏ထက်မြက်လှသော သိမြင်မှုကို အံ့ဩနေမိသည်။ ဒီတော့မှ ဝမ်းမောင်ကို သီးသန့်ဆောင်တွင်ထားရန် ကုနင်းသူ့ကို ဘာကြောင့်ပြောခဲ့မှန်း သိသွားတော့သည်။
ဒီလိုဆို ဝမ်းမောင်ကို မျက်စိဒေါက်ထောက်လိုက်ကြည့်ဖို့ အဆင်ပြေပြီး ဝမ်းမောင်ကိုယ်တိုင် သူ့ကိုယ်သူဖော်ထုတ်ဖို့အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။
ပြီးတော့ အန်းကွမ်းယောင်အနည်းငယ်လဲရှက်ရွံ့မိသွားသည်။ အကယ်၍ ကုနင်းသာမပြောပြခဲ့လျှင် ပုံမှန်မတော်တဆမှုတစ်ခုလို့သာ သူထင်နေမိလိမ့်မည်။
ကုနင်းကဆက်ပြီး,
"ခေါ်ဆိုသူနံပါတ်ရဲ့ တည်နေရာက Gမြို့ကပဲ၊ ဒါကြောင့် နောက်ကွယ်က ကြိုးကိုင်နေတဲ့လူက ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းက ဖြစ်လိမ့်မယ်လို့ ထင်တယ်။"
"ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း? သူတို့က Fမြို့မှာတောင် ဒီလိုလာလုပ်ရဲရလား!" အန်းကွမ်းယောင်ဒေါသထွက်သွားသည်။ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်မှ ကျန်းယန်လမ်းကို လွယ်လွယ်ကူကူ လက်လွှတ်လိမ့်မှာမဟုတ်မှန်း သူသိထားပြီးဖြစ်ပေမယ့် အခုလို မစောင့်နိုင်ဘဲ Fမြို့အထိပါ လာရောက်တိုက်ခိုက်လိမ့်မယ်လို့တော့ မမျှော်လင့်မိပေ။
"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ?" အန်းကွမ်းယောင်မေးလိုက်သည်။ သူလဲ ကုနင်း၏ အကြံဉာဏ်ကို သိချင်သေးသည်။
"ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်က ဒီတစ်ကြိမ်ကျရှုံးသွားတယ်ဆိုပေမယ့် သူတို့ဒီလောက်နဲ့ရပ်သွားမှာမဟုတ်တာတော့ သေချာတယ်။ ဒီတော့ ဦးလေးပိုပြီးဂရုစိုက်မှရမယ်။ အကယ်၍ တချို့အလုပ်သမားတွေ ပြဿနာရှာတာပဲဖြစ်ဖြစ် ဆောက်လုပ်ရေးဆိုက်ကို အရှုပ်အရှင်းတွေဖြစ်အောင်လုပ်တာပဲဖြစ်ဖြစ် သူတို့နာမည်တွေကို ချမှတ်ထားပြီး သက်သေစုဆောင်းလို့ရအောင် သူတို့ကို မျက်စိဒေါထောက်လိုက်ကြပေးထားပါ။ သူတို့ဘက်ကအလုပ်ထွက်ချင်တယ်ဆိုရင်တော့ ထွက်ခွင့်ပေးလိုက်ပါ။ ဒါပေမယ့် အဲ့လူတွေအားလုံးရဲ့နာမည်ကို နာမည်ပျက်စာရင်းထဲထည့်ပြီး ဘယ်တော့မှအလုပ်ထပ်မခန့်နဲ့တော့။" ကုနင်းပြောလိုက်သည်။
ဆောက်လုပ်ရေးဆိုက်များမှာ မတော်တဆမှုဖြစ်ခြင်းသာ သာမာန်သာဖြစ်ပြီး ကုမ္ပဏီကသာ သေချာကိုင်တွယ်ဖြေရှင်းနိုင်နေသ၍ အဆင်ပြေနေမည်ဖြစ်သည်။
နောက်တစ်နေ့တွင်တော့ မတော်တဆမှုသတင်းဟာပျံ့သွားခဲ့သည်။ အမှန်တကယ်မတော်တဆဖြစ်တာတော့မဟုတ်ပေမယ့် တချို့လူတွေကတော့ သတင်းမှာတွေထွက်အောင်လုပ်ပြီး ပြဿနာကိုပိုကြီးအောင်လုပ်နေကြသည်။ ဖြစ်ရပ်က အမှန်ဟုတ်သည်ဖြစ်စေ မဟုတ်ဘူးဖြစ်စေ လူများကတော့ စတင်ယုံကြည်လာကြသည်။
ထိုသတင်းမှားများသည် ရှန်းဟွာလုပ်ငန်း၏ ဆောက်လုပ်ရေးဆိုက်နှင့် ဂုဏ်သိက္ခာပိုင်းကို အတော်လေးထိခိုက်သွားစေသည်။ အဆောက်အဦးအပြီးသတ်ဆောက်ပြီးသွားလျှင်တောင် ထိုနေရာကို ဘယ်သူမှဝယ်ချင်တော့မည်မဟုတ်ကာ ကုမ္ပဏီဘက်မှလဲ ငွေအမြောက်အမြားဆုံးရှုံးတော့မည်ဖြစ်သည်။
တကယ်လဲ ဆောက်အဦးများမှာ ပြီးခါနီးနေပြီဖြစ်ကာ အိမ်တော်တော်များများကိုလဲ စတင်ရောင်းချရန်စီစဉ်ထားပြီးဖြစ်သည်။ သို့ပေမယ့် ထိုနေရာတွင် ဝယ်ဖို့အစီအစဉ်ရှိပြီးသားသူများသည် သတင်းကို ကြားလိုက်ချိန်မှာတော့ ဝယ်သင့်မဝယ်သင့်ပြန်စဉ်းစားကုန်ကြသည်။
တချို့အိမ်ခြံမြေလုပ်ငန်းများသည်တော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ကံဆိုးမိုးမှောင်ကျမှုအပေါ် ဝမ်းမြောက်နေကြသည်။ အထူးသဖြင့် အန်းကွမ်းယောင်ကိုအမြဲတမ်း မလိုမုန်းတီးထားနေသည့် ဝူလျန်ချင်းပေါ့။
သို့ပေမယ့် ရှန်းဟွာကုမ္ပဏီဘက်မှ အာမခံကြေးများစွာပေးခြင်းကြောင့် ဖြစ်နေကျ သာမာန်မတော်တဆမှုတစ်ခုလိုသာ သူတို့အားလုံးထင်ခဲ့ကြသည်။
ဒီကိစ္စက ကုမ္ပဏီဘက်မှ ကောင်းကောင်းကိုင်တွယ်နိုင်သည့်ပေါ်သာ မူတည်လေသည်။
အတွင်းလူများသည်တော့ သတင်းမှာခနတွင်းအလွန်ပျံ့သွားခြင်းဖြစ်တာကြောင့် ရိုးရိုးမတော်တဆမှုတစ်ခုမဖြစ်နိုင်မှန်း သိလိုက်ကြပေမယ့် နောက်ကွယ်ကကြိုးကိုင်သူမှာ မည်သူဖြစ်သည်ကိုတော့ ဘယ်သူမှမသိကြပေ။
ဆောက်လုပ်ရေးဆိုက်တွင်တော့ အလုပ်သမားများမှာ လျော်ကြေးမြင့်မြင့်နှင့် လစာများများပေးရင်ပေးမဟုတ်ရင် အလုပ်ထွက်ကြမယ်ဆိုကာ ငြင်းခုံနေကြသည်။ အန်းကွမ်းယောင်ကတော့ ထိုလူများကို ကိုယ်တိုင်ကိုယ်ကျ စိုးရိမ်သောကပြေပျောက်အောင် ပြုလုပပေးကာ လျော်ကြေးငွေကိုလဲတိုးမြှင့်ပေးပေမယ့် တချို့သည်တော့အလုပ်ထွက်ချင်နေကြတုန်းပင်။
"လျော်ကြေးငွေကို ဂရုမစိုက်ဘူး။ တကယ်လို့ တစ်နေ့နေ့ ကျွန်တော်လဲ အဆောက်အဦးအမြင့်ကနေပြုကျခဲ့ရင်ရော? ကျွန်တော့် ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ဆေးရုံမှာပဲ မကုန်ဆုံးချင်ဘူး။ "
"ဟုတ်တယ်၊ တကယ်လို့ ကျွန်တော်တို့မလှုပ်မရှားနိုင်ဖြစ်သွားရင် ဒါမှမဟုတ် သေသွားခဲ့ရင် ငွေဆိုတာ ဘာမှလုပ်လို့မရဘူး။"
"ငါတို့လစာတွေထုတ်ပေးလိုက်တော့ အလုပ်ထွက်ကြတော့မယ်။"
"ခင်ဗျားတို့မပေးရင်။ ခင်ဗျားတို့ကို တရားဆွဲပြီး ဒီနေရာကိုလဲ ဖျက်စီးပစ်မယ်။"
.............
"ခင်ဗျားတို့အားလုံးဆောက်လုပ်ရေးဆိုက်တွေမှာအလုပ်လုပ်ခဲ့တာ အချိန်တွေအရမ်းကြာနေပြီ မတော်တဆဖြစ်နိုင်တယ်ဆိုတာကိုလဲ သိထားသင့်တယ်။ တကယ်လို့ ခင်ဗျားတို့ဘက်ကအရမ်းထွက်ချင်နေတယ်ဆိုရင်တော့ ထွက်ခွင့်ပြုပါတယ်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက် ခင်ဗျားတို့အားလုံးကို ပေးနိုင်တယ်။" အန်းကွမ်းယောင်ပြန်ပြောလိုက်သည်။
အန်းကွမ်းယောင် ဒီနေ့မလာခင် သူ့ငွေစာရင်းဌာနမှ ဝန်ထမ်းနှင့်အတူ ငွေသားများကိုလဲ တခါတည်းပြင်ဆင်ခဲ့တာကြောင့် စိတ်မပူပေ။
သို့ပေမယ့် တချို့ကတော့ ထိုစကားကြားလိုက်ရတော့ တုံ့ဆိုင်းသွားကြသည်။ အန်းကွမ်းယောင်ပြောတာမှန်ပါတယ်။ ဆောက်လုပ်ရေးဆိုက်မှာအလုပ်လုပ်တယ်ဆိုတာ အန္တရာယ်များပြီး သူတို့အားလုံးလဲ သိသိရက်နှင့် ထိုအလုပ်ကို လက်ခံခဲ့ကြခြင်းဖြစ်သည်။ အတော်များများလဲ ပြီးခဲ့သည့်နှစ်များအတွင်း မတော်တဆမှုများကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြပြီးဖြစ်သည်။ ပြီးတော့ အခုတစ်ခေါက်ဒဏ်ရာရသွားသည့် အလုပ်သမားကိုလဲ ကုမ္ပဏီမှ လျော်ကြေးအလုံလောက်ပေးကာ ဆေးရုံကို ပို့ပေးပြီးဖြစ်သည်။ ဒါကြောင့် အခုလို မတော်တဆမှုလေးနှင့် သူတို့အားလုံးအလုပ်ထွက်ကြမယ်ဆိုလျှင် တော်တော်လေးမသင့်လျှော်သည့် ကိစ္စပင်။
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် လစာကော လျော်ကြေးပါအမြင့်ကြီးပေးထားတာကြောင့် သူတို့ထွက်သွားဖို့ရန် တွန့်ဆုတ်နေမိကြသည်။
အဆုံးမှာတော့ အလုပ်သမား၇ယောက်လောက်သာ အလုပ်ထွက်သွားပြီး အားလုံးထဲတွင် လူအများကို စိတ်စွပေးနေသည့်လူနှစ်ယောက်လဲရှိသည်။ ဒါကြောင့် အန်းကွမ်းယောင်ထိုနှစ်ယောက်ကို ပိုပြီးသတိထားစောင့်ကြည့်လိုက်သည်။
..............Book 15 Part 222end.............
အခန်း ၂၂၃ နောက်တစ်ခေါက်
အန်းကွမ်းယောင်၏အတွင်းရေးမှုနှင့် ရှေ့နေသည်သာ ထိုအဖြစ်အပျက်မှာ မတော်တဆမှုတစ်ခုမဟုတ်မှန်းသိကြပြီး ကျန်တဲ့လူများကတော့ အမှန်တရားကိုမသိကြသေးပေ။
ဒါကြောင့် ရှေ့နေလီကျီဝမ်က ထိုနှစ်ယောက်အပေါ်ကို မျက်စိဒေါက်ထောက်လိုက်ကြည့်နေခဲ့သည်။ ထိုနှစ်ယောက်ကတော့ အလုပ်သမား၇ယောက်သာ အလုပ်ထွက်သွားခဲ့တာကြောင့် စိတ်ပျက်နေလေသည်။
"ခင်ဗျားတို့ဘာလို့မထွက်သွားကြသေးတာလဲ? ခင်ဗျားတို့လဲ မတော်တဆမှုထဲပါချင်နေကြတာလား?"
"အဟုတ်ပဲ၊ နောက်မှနောင်တရနေကြရမယ်။"
ထိုစကားကိုကြားတော့ ကျန်အလုပ်သမားများလဲ အလုပ်ထွက်တာက ပိုကောင်းသလိုခံစားလာကြရသည်။
ထိုအချိန်တွင်ပဲ လီကျီဝမ်ကနေပြီး,
"မင်းတို့တွေလာစာလဲရပြီးနေပြီ ဒါကိုတောင် ဆက်ပြီးသွေးထိုးလှုံဆော်နေဦးမယ်ဆိုရင် ငါတို့ဘက်က မင်းတို့ကို တရားစွဲနိုင်တယ်နော်။"
ဒီတော့မှ ထိုနှစ်ယောက်ပါးစပ်ပိတ်သွားကြတော့သည်။ ဘာပဲဖြစ်ဖြစ်သူတို့ဖြစ်ချင်တာ အောင်မြင်သွားခဲ့ပြီပဲ။
"ပြီးတော့ ခင်ဗျားတို့အားလုံး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကနေနှုတ်ထွက်သွားပြီးရင် ဘယ်တော့မှ ခင်ဗျားတို့ကို ဒီမှာအလုပ်ပြန်ခန့်တော့မှမဟုတ်ဘူး။ ဒါကြောင့် အလုပ်မထွက်ခင် သေချာစဉ်းစားကြပါ။" လီကျီဝမ်ထပ်ပြောလိုက်သည်။
ထိုစကားကိုကြားတော့ အလုပ်သမားများ တုံ့ဆိုင်းသွားကြပြန်သည်။
ရက်အနည်းငယ်အကြာမှာပဲ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း ဒေဝါလီခံရတော့မည်ဆိုသည့် ကောလဟာလတစ်ခုထပ်ထွက်လာပြန်သည်။ ကုမ္ပဏီက ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံခဲ့ပေမယ့် ပရောဂျက်က ပျက်စီးလုပ်နီးနီးဖြစ်နေပြီဖြစ်တာကြောင့် ဒေဝါလီခံရတော့မည်ဖြစ်ကြောင်းပြောထားခြင်းဖြစ်သည်။
သို့ပေမယ့် တချို့တွေရဲ့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအပေါ်အမြင်ကတော့ မတူပေ။ ရှန်းဟွာလုပ်ငန်းကိုတောင် အလွယ်လေးဝယ်ယူနိုင်လိုက်တဲ့ တကယ့်ဘော့စ်မှာ အကြွေးနှင့်အသိမ်းခံရမည့်အရေးမှ ကယ်တင်နိုင်မည့်စွမ်းရည်ရှိလောက်မည်။ ကုမ္ပဏီဘက်မှ ထိုမြေနေရာကို လက်လွှတ်ရရုံလောက်သာဖြစ်မည်ဖြစ်ကာ ဒေဝါလီခံရသည့်အဆင့်တော့မရောက်နိုင်ပေ။
အခုချိန်တွင်တော့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှာ အားလုံး၏မျက်စိကျစရာဖြစ်နေခဲ့သည်။
ထိုပြဿနာ ဒီလောက်အပြောများနေမှတော့ အစိုးရဘက်မှလဲ စုံစမ်းစစ်ဆေးရန် လူပို့လွှတ်ရတော့သည်။
ကောလဟာလများသည် ရှန်းဟွာကိုသာမက အစိုးရဘက်ကိုပါ ထိခိုက်စေသည်။ ဘာလို့ဆို ယခုဆောက်လုပ်နေသည့် မြေနေရာက အစိုးရဘက်မှ ရှန်းဟွာကို ရောင်းချခဲ့ခြင်းဖြစ်သည်။ ကောလဟာလသာအမှန်တကယ်ဆိုလျှင် အစိုးရဘက်မှ မကောင်းသည်ဆုံးဖြတ်ချက်ချခဲ့ခြင်းပင်။
ကိစ္စက လုံးဝမပြီးသေးတာကြောင့် ဆောက်လုပ်ရေးဆိုက်ကိုလဲ အချိန်တစ်ခုအထိ ရပ်နားထားလိုက်ကြရသည်။ ဆောက်လုပ်ရေးအလုပ်သမားအားလုံးမှာ လစာရပိတ်ရက်ရရှိထားကြကာ အလုပ်ပြန်စလျှင်တော့ အကြောင်းကြားချက်ရမည်ဖြစ်သည်။
ယနေ့သည် ချူးဖေ့ဟန်၏မွေးနေ့ဖြစ်ကာ သူမသူငယ်ချင်းများနှင့်အတူ ကြိုတင်မှာထားသည့် ကြယ်ငါးပွင့်ဟိုတယ်အခန်းသို့ အတန်းပြီးသည်နှင့်သွားလိုက်ကြသည်။
အန်းရီကတော့ ရှန်းဟွာလုပ်ငန်း၏သတင်းများကြောင့် စိတ်အခြေအနေမကောင်းပေ။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် သူတို့မိသားစုပိုင်လုပ်ငန်းမဟုတ်တော့ပေမယ့်လဲ သူ့အဖေက ထိုကုမ္ပဏီတွင်အလုပ်လုပ်နေစဲဖြစ်သည်။ သို့ပေမယ့် ဒီနေ့က ချုးဖေ့ဟန်မွေးနေဖြစ်တာကြောင့် မသွားဘဲမနေနိုင်ပေ။ ပြီးတော့ သူလဲ သူ့အဖေအတွက် ကူညီပေးနိုင်တာ ဘာမှ,မှမရှိတာ။
သူငယ်ချင်းအားလုံးက သူ့အဖေ ပြဿနာကို မဖြေရှင်းနိုင်လျှင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ တကယ့်ဘော့စ်က ကိုင်တွင်ပေးပါလိမ့်မည်ဟုပြောက သူ့ကို နှစ်သိမ့်ပေးနေတာကြောင့် အနည်းငယ်စိတ်သက်သာရာရသွားသည်။
ချူးရွှမ်ဖန်ကတော့ အလုပ်ခရီးထွက်သွားတာကြောင့် ချူးဖေ့ဟန်မွေးနေ့ပွဲကို မလာခဲ့ပေ။ ကျူးချဲ့အဖွဲ့၏ခေါင်းဆောင်တစ်ယောက်ဖြစ်တာကြောင့် ချူးရွှမ်ဖန်မှာ အလုပ်ကိစ္စများစွာကို ညှိနှိုင်းဆွေးနွေးရင်း အလုပ်ရှုပ်နေလေသည်။ သူလတိုင်းFမြို့တွင်တော့ မနေနိုင်ပေ။ ချူးရွှမ်ဖန် သူ့ညီမမွေးနေ့ကျမှထွက်သွားရ၍ စိတ်မကောင်းဖြစ်ပေမယ့် ဒါကပထမဆုံးအကြိမ်လဲမဟုတ်တော့တာကြောင့် အတိုင်းအတာတစ်ခုထိတော့ နေသားကျနေပါပြီ။
ကုနင်းအပါအဝင် ဘယ်သူမှချူးဖေ့ဟန်၏တကယ့်နောက်ခံကိုမသိကြပေ။ ချူးဖေ့ဟန်က အမြဲတမ်းလျှို့ဝှက်ထားတာကြောင့် သူမမှာအစ်ကိုရှိမှန်း သူတို့သိကြပေမယ့် မိဘတွေဘာလုပ်တယ်ဆိုတာကို မသိကြပါ။
သူတို့အားလုံးသူငယ်ချင်းဖြစ်လာကြသည်ဆိုတာက ဝါသနာတူနေခြင်းကြောင့်ဖြစ်ပြီး မိသားစုနောက်ခံများကြောင့်မဟုတ်ကြပေ။
လူတိုင်းက မစားသောက်သေးခင် သူတို့လက်ဆောင်ပစ္စည်းများကို ထုတ်ပြကြသည်။ ကုနင်းကဘော့စ်ဖြစ်တာကြောင့် သူမအရင်ဆုံးပြရမှာပေမယ့် ကုနင်းပြောလိုက်သည့်စကားကြောင့်အားလုံးအံ့ဩသွားကြသည်။
"ငါဘာလက်ဆောင်မှ မယူလာခဲ့ဘူး။"
"ဘာ? မဟုတ်ဘူးလေ! ဘော့စ်, နင်ပြောတော့ တန်ဖိုးကြီးလက်ဆောင် ငါ့ကိုပေးမလို့! ငါ နင့်ဆီကလက်ဆောင်ရဖို့ဘယ်လောက်စိတ်လှုပ်ရှားနေခဲ့မှန်းသိရဲ့လား?" ချူးဖေ့ဟန်ဝမ်းနည်းသွားခဲ့သည်။
ကျန်တဲ့လူတွေကတော့ ဘာပြောလို့ပြောရမှန်းမသိတော့ပေမယ့် ကုနင်းလက်ဗလာနှင့်လာမှာမဟုတ်ဘူးလို့တော့ ယုံကြည်ကြလေသည်။
"နင်ပဲ လက်ဆောင်ကို မလိုဘူးဆို။" ကုနင်း အပြစ်ကင်းသည့် မျက်နှာထားလေးနှင့်ပြောလိုက်သည်။
"ငါနောက်လိုက်တာလေ။ အဲ့လောက်ကြီးအတည်မယူပါနဲ့။" ချူးဖေ့ဟန် ငိုတောင်ငိုချင်လာကာ နောက်ဆုံးတော့ လမ်းတစ်ဝက် ခြေထိုးခံရသည့်ခံစားချက်ကို နားလည်သွားတော့သည်။ အခုက သူမမွေးနေ့ဖြစ်တာကြောင့် မွေးနေ့လက်ဆောင်များကိုလဲ မျှော်လင့်ထားလေသည်။
"အေးပါ, အေးပါ, ငါဘဲ နောက်တာပါ။" ကုနင်းရယ်လိုက်ပြီး ကျောပိုးအိတ်ထဲမှ ဗူးလေးတစ်ခုကိုထုတ်ယူလိုက်သည်။
ထိုစကားကိုကြားတော့မှ ချူးဖေ့ဟန်မျက်နှာလင်းလက်သွားကာ,
"ဘော့စ်ရာ, ငါသိသားပဲ။"
သို့ပေမယ့်အားလုံးတော့ အံ့ဩသွားခဲ့ရပါသည်။
ချူးဖေ့ဟန် ကုနင်းထံမှဗူးကိုဆွဲယူလိုက်တာကြောင့် ကုနင်းပြုံးရုံသာပြုံးလိုက်တော့သည်။
ချူးဖေ့ဟန် ချက်ချင်းဗူးကိုဖွင့်ကြည့်လိုက်တော့ အထဲတွင် ယုန်ပုံစံကျောက်စိမ်းဆွဲပြားတစ်ခုတွေ့လိုက်ရသည်။
သူမက လက်ဝတ်ရတနာများကို အရမ်းမနှစ်သက်ပေမယ့် ဒီလက်ဆောင်က ကုနင်းပေးတာဖြစ်သလို သူမနာမည်ကိုလဲ ထွင်းထားတာကြောင့် အလွန်သဘောကျလေသည်။
"ဘာလေးလဲ?" အားလုံးလဲ သူမအနားကို ဝိုင်းအုံလာကြသည်။
"ဒါကျောက်စိမ်းယုန်ရုပ်လေးပဲ! ဘော့စ် ကျွန်တော်တို့ရဲ့ တရုတ်ရာသီခွင်တွေကိုမေးတာ အားလုံးကိုကျောက်စိမ်းဆွဲပြားတစ်ခုစီပေးမလို့လား?" ဟောင်ရန် သူတို့ကို ကုနင်းမေးခဲ့သည့်မေးခွန်းအကြောင်းချက်ချင်းမှတ်မိသွားတော့သည်။
"နင်တော်သားပဲ, မှန်တယ်။ နင်တို့အားလုံးအတွက် ကျောက်စိမ်းဆွဲပြားပေးမလို့ပဲ ဒါပေမယ့် ဖေ့ဟန်ရဲ့မွေးနေ့က နီးနေတော့သူ့ကို အရင်ပြီးအောင်လုပ်ပေးလိုက်တာ။ နင်တို့ကတော့ အချိန်ခနလောက်စောင့်ရဦးမယ်။" ကုနင်းပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားတော့ အားလုံးပျော်သွားကြကာ ကျန်တဲ့လူတွေလဲ ချူးဖေ့ဟန်ကို လက်ဆောင်များဆက်ပေးကြသည်။
စားပြီးသွားတော့ သူတို့ V5ဘားသို့သွားကာ ပျော်ပါးကြသည်။ V5ဘားသည်လဲ နောက်ဆုံးအကြိမ်ဖြစ်ပြီးတော့ ထိုဘားကို ထောက်ပံ့ပေးထားသူမှ ချင်ဂိုဏ်းမှန်းသိသွားတာကြောင့် ပိုပြီး ကျော်ကြားလာခဲ့သည်။
တချို့ကတော့ ချင်ဂိုဏ်းကို ကြောက်ကြပေမယ့် အတော်များများကတော့ V5ဘားမှာ ပိုပြီးလုံခြုံသည်ဟုတွေးကြသည်။
သူတို့ဘားမှာ ကြာကြာလဲမနေသလို သိပ်လဲမသောက်ကြပေ။ နောက်တော့ ချူးဖေ့ဟန်က သူမသူငယ်ချင်းများကို ညလည်စာစားဖို့ဖိတ်ပြန်သည်။
သူတို့ထွက်သွားမလိုပြင်ရုံရှိသေး ဆူညံသည့်စကားများသံအချို့ကိုကြားလိုက်ရသည်။
ကောင်လေးတစ်ယောင်နှင့် ကောင်မလေးတစ်ယောက်က နောက်ထပ်ကောင်မလေးတစ်ယောင်နှင့် အငြင်းပွားနေတာဖြစ်ပြီး သူတို့အားလုံး အသက်၁၇နှစ်လောက်သာရှိပေဦးမည်။
"စုအန်းယာ၊ တော်လောက်ပြီ! မင်းနဲ့ငါပြတ်ပြီလို့ပြောထားပြီးပြီလေ, ငါ့နောက်ဆက်မလိုက်နဲ့တော့။" ကောင်လေးက သူ့ရှေ့မှကောင်မလေးကို ဒေါသတကြီးအော်ပြောလိုက်သည်။
..............Book 15 Part 223end.............
အခန်း ၂၂၄ အလွန်ချမ်းသာသည့်မိသားစုမှ ဆက်ခံသူ
"ကောယွိချန်, နင်ဘယ်လိုလုပ်ဒီလောက်အရှက်မဲ့နိုင်ရတာလဲ! နင်ငါ့ကိုမကြိုက်လို့ အစကတည်းက လမ်းခွဲလိုက်ရင် ငါဘာမှမပြောပါဘူး။ ဒါပေမယ့် နင်ဘာလို့တစ်ခါတည်း နှစ်ယောက်ပြိုင်တွဲရတာလဲ ပြီးတော့ ငါမိသွားတော့မှ လမ်းခွဲမယ်တဲ့လား? နင် ငါ့ကိုဘာထင်နေလဲ? ငါကနင့်မျက်လုံးထဲမှာ အရုပ်တစ်ရုပ်လား?" စုအန်းယာကလဲ ဒေါသတကြီးပြန်ပြောတော့သည်။
စုအန်းယာပုံစံက ဝမ်းနည်းနေပုံမရဘဲ စိတ်အနှောက်အယှက်ဖြစ်နေပုံနှင့်ပိုတူလေသည်။
ထိုစကားများကိုကြားတော့ ကုနင်းလဲ စုအန်းယာလို့ခေါ်တဲ့ ကောင်မလေးဘက်မှ ခံစားသွားရကာ ဒေါသထွက်သွားသည်။
"စုအန်းယာ နင့်ကိုနင်ဘာထင်နေလဲ? နင်ကနည်းနည်းပါးပါးလှပြီး စာလေးတော်ရုံပဲ။ ပြီးတော့ နင်က သာမာန်မိသားစုကပေမယ့် ယွိချန်က အရမ်းချမ်းသာတဲ့မိသားစုက အမွေဆက်ခံသူ။ နင်က သူနဲ့မထိုက်တန်ဘူး။ ပြီးတော့ နင်လဲ ယွိချန်ချမ်းသာလို့ကပ်ခဲ့တာပဲမလား။ နင်ယွိချန်နဲ့ နှစ်ဝက်လောက်တွဲခွင့်ရတာကိုပဲ ဂုဏ်ယူသင့်နေပြီ။ ပြီးတော့ အခုချိန် ငါကသာ သူ့ရဲ့တစ်ဦးတည်းသောရည်းစား။ " ကောင်လေးရဲ့ဘေးတွင်ရပ်နေသည့် ကောင်မလေးက မာနထောင်လွှားစွာပြောလိုက်ပြီး သူမရဲ့နေရာကိုသိသာအောင် ကောင်လေး၏ လက်မောင်းကို တွယ်ချိတ်ထားလေသည်။
"***,သူနဲ့တွဲနိုင်လို့ပဲ ငါက ဂုဏ်ယူပေးရဦးမယ်ပေါ့။ သူက ချမ်းသာတဲ့မိသားစုက အမွေဆက်ခံသူဖြစ်နေတော့ကော ဘာဖြစ်လဲ? နင်အရင်က ဘယ်ကောင်မလေးတွေနဲ့ပဲတွဲခဲ့ပါစေ ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် ငါ့ကို အမှန်တကယ်စိတ်ရင်းနဲ့မဆက်ဆံရင်တော့ နင်ရလဒ်ကို လက်ခံနိုင်အောင်ပြင်ဆင်ထားလိုက်။" စုအန်းယာက ဒေါသပေါက်ကွဲလာကာ ကောယွိချန်ပါးကို ရိုက်ပစ်လိုက်သည်။
စုအန်းယာရိုက်လိုက်ချိန်တွင် ကောယွိချန်တစ်ယောက်ရှောင်ချိန်မရလိုက်ခြင်းကြောင့် သူ့ပါးပေါ် အားပြင်းလှသည့် ရိုက်ချက်တစ်ခုကျရောက်သွားလေသည်။
"စုအန်းယာ, နင်ရူးနေလား?" ကောင်မလေးက အော်လိုက်တော့ စုအန်းယာက နောက်တစ်ကြိမ် သူမလက်ကို မြှောက်လိုက်ကာ၊ ထိုကောင်မလေးထံ...
"ဒါက နင့်အတွက်။" ဆိုပြီးပြောလိုက်ကာ ရိုက်ဖို့ကြံလိုက်ပေမယ့် သူမလက်ဖဝါး ကောင်မလေးရဲ့ပါးပေါ် မရောက်သေးခင်မှာပဲ ကောယွိချန်က သူမကို အားပြင်းပြင်းနှင့်ထွန်းထုတ်လိုက်သည်။ စုအန်းယာလဲ အနောက်သို့ယိုင်သွားကာ လမ်းအတားနှင့်ခလုပ်တိုက်မိသွားပြီး လမ်းလယ်သို့ပြုတ်ကျသွားသည်။ ထိုအချိန်တွင်ပဲ ကိုယ်ပိုင်ကားတစ်စီးသည် အရှိန်ပြင်းပြင်းနှင့်မောင်းနှင်လာခဲ့ကာ ရပ်လိုက်ဖို့အတွက် အလွန်နောက်ကျသွားလေပြီ။
လူတိုင်းလဲ ထိတ်လန့်သွားကြသည်။
ကားက စုအန်းယာနှင့်တိုက်မိခါနီးပြီဆိုပေမယ့် အားလုံးကြောင်အနေကြကာ ဘယ်သူမစတင်မလှုပ်ရှားမိပေ။ သို့ပေမယ့် တခနအတွင်းတွင်ပဲ လက်တစ်ဖက်က စုအန်းယာကိုနောက်ကနေဆွဲကာ လမ်းထဲသို့ဆွဲခေါ်လိုက်သည်။
ကားသည်လဲ စုအန်းယာကို မတိုက်မိပေမယ့်ချက်ချင်းထိုးရပ်သွားခဲ့သည်။ အကယ်၍ ထိုလက်ကသာ စုအန်းယာကို မဆွဲခဲ့ဘူးဆိုလျှင် သူမအတိုက်ခံရကာ အသက်ဆုံးရှုံးသွားလောက်ပေပြီ။
လူတိုင်း စုအန်းယာကို ကယ်လိုက်တဲ့လူကို လေးစားမှုအပြည့်ဖြင့်ကြည့်နေကြကာ စုအန်းယာသည်တော့ ကြောက်ရွံ့တုန်ရီနေပြီး မတ်တပ်ပင်အနိုင်နိုင်ရပ်နေရလေသည်။
ပြီးတော့ စုအန်းယာကို ကယ်လိုက်သည့်လူမှာတော့ သေချာပေါက် ကုနင်းပင်။
"ဘော့စ် အဆင်ပြေရဲ့လား?"
ဟောင်ရန်နှင့်ကျန်သူငယ်ချင်းများ ကုနင်းထံ ချက်ချင်းပြေးလာကြတော့သည်။ ကုနင်းအဆင်ပြေနေတယ်ဆိုပေမယ့် သူတို့ကတော့ စိုးရိမ်ပူပန်နေမိကြစဲပင်။
"ငါဘာမှမဖြစ်ပါဘူး။" ကုနင်းပြန်ပြောလိုက်သည်။
စုအန်းယာ အန္တရာယ်ကင်းသွားတာကိုမြင်တော့မှ ကောယွိချန်လဲစိတ်သက်သာရာရသွားခဲ့ပေမယ့် သွားတောင်းပန်ဖို့စိတ်ကူးမရှိဘဲ ထွက်သွားတော့သည်။
"နေဦး!" ကုနင်း ကောယွိချန်ကိုတားလိုက်သည်။ အခုကိစ္စက သူမနှင့်ဘာမှမသက်ဆိုင်ဘူးဆိုပေမယ့်လဲ ကောင်ယွီချန်ကို ဒေါသတကြီး အပြစ်မတင်ဘဲမနေနိုင်ပေ။
"ဘာလဲ?" ကောယွိချန် မကျေမနပ်ဖြစ်သွားမိသည်။
"နင်သူ့ကို သတ်မိတော့မလိုဖြစ်သွားပြီး ဒီတိုင်းအေးအေးဆေးဆေးထွက်သွားတော့မယ်ပေါ့?" ကုနင်းအေးစက်စွာမေးလိုက်သည်။
"သူအခု အဆင်ပြေနေတာပဲ။" ကောယွိချန် စိတ်မရှည်စွာပြန်ဖြေလိုက်သည်။
"သူအဆင်ပြေနေတယ်ဆိုတာ ငါကယ်လိုက်လို့လေ။ ဒါပေမယ့် နင့်ကြောင့်ဖြစ်တာဆိုတာကိုတော့ ဒီလိုလျစ်လျူရှုလို့ရမလား။" ကုနင်းဆက်ပြောလိုက်သည်။
"ငါလဲ တမင်လုပ်တာမှမဟုတ်တာ။" ကောယွိချန် အထင်သေးစွာပြန်ဖြေလိုက်သည်။ သူ့တွင် အမှန်တကယ် အပြစ်ရှိသလိုနည်းနည်းလေးတောင် မခံစားနေရပေ။
"နင်ပြန်တော့တောင်းပန်သင့်တယ်။" ကုနင်းအပြစ်တင်လိုက်သည်။
"မင်း..." ကုနင်း၏အပြောကြောင့် ကောယွိချန်စိတ်တိုသွားကာ,
"မင်းကဘယ်သူလဲ? ပြီးတော့ မင်းကိုယ်မင်း ဘယ်သူထင်နေလို့ ဒီလိုလာပြောနေရတာလဲ?"
"အဲ့ဒါအရေးမကြီးပါဘူး။ အဓိကက နင်လုပ်ခဲ့တဲ့ကိစ္စအတွက် ရှက်တတ်တဲ့စိတ်လေးရှိဖို့ပဲ!" ကုနင်း ဒေါသတကြီးပြန်ပြောလိုက်သည်။
"ငါကမတောင်းပန်ရင်ရော, မင်းကဘာလုပ်နိုင်မှာမို့လို့လဲ?" ကောယွိချန်က စုအန်းယာကို မကြည်ကြည့်တစ်ချက်ကြည့်ကာ ဂုဏ်မောက်စွာပြောလိုက်သည်။ စုအန်းယာဘက်က သူ့ကိုဘာပြန်လုပ်ရမှန်းမသိဖြစ်နေမှာကို သူသိနေသည်လေ။
စုအန်းယာနောက်ဆုံးအသိစိတ်ပြန်ကပ်သွားပေမယ့် ထိတ်လန့်နေစဲပင်။ ကောယွိချန် ဒီလိုဆိုးဆိုးဝါးဝါးပြုမူတာကိုမြင်ရတော့ ပိုလို့တောင် ဒေါသထွက်သွားကာ,
"ကောယွိချန်, ဝူရှင်းယွီ, နင်တို့နှစ်ယောက်လုံးတစ်နေ့ ဒီနေ့ကိစ္စတွေအတွက် သေချာပေါက် ပြန်ပေးဆပ်စေရမယ်။"
ထို့နောက် စုအန်းယာ ကုနင်းကိုဆွဲကာ လှည့်ထွက်သွားတော့သည်။
ကုနင်းလဲ အတင်းအကြပ်ထပ်မပြောနေတော့ဘဲ သူမနောက်ကို လိုက်လာခဲ့လိုက်သည်။
"မင်း..." ကောယွိချန်ရော ဝူရှင်းယွီပါ စုအန်းယာ၏ခြိမ်းခြောက်စကားကြောင့် စိတ်တိုသွားပေမယ့် ဒီလိုသာမာန်မိန်းကလေးတစ်ယောက်က သူတို့ကို ထိုခိုက်အောင်လုပ်နိုင်လိမ့်မည်လိုတော့ မထင်မိပေ။
ဟောင်ရန်တို့သည်လဲ စုအန်းယာနောက်ကိုလိုက်လာခဲ့ကြသည်။
"ငါတော့ ဒီကမ္ဘာမှာယောကျ်ားကောင်းဆိုတာမရှိနိုင်တော့ဘူးထင်တယ်။" ချူးဖေ့ဟန်က သက်ပြင်းလေးချ ခေါင်းလေးခါရင်း ရင်မောစွာပြောလိုက်သည်။
ထိုစကားကိုကြားတော့ ဟောင်ရန်နှင့် ကျန်တဲ့ကောင်လေးတွေအကုန် ချက်ချင်းပြန်ပြီး ခွန်းတုံ့ပြန်ကြတော့သည်။
"ဟေ့, အဲ့ကောင်ကြောင့်နဲ့ ဒီလိုတော့မပြောနဲ့လေ။ နင်မျက်စိရှေ့မှာ ငါလို ယောက်ျားကောင်းတစ်ယောက်လုံးရပ်နေတာကို။"
"ငါရောပဲ!"
"ငါရောပဲ!"
"အမ်, ငါတော့မထင်ဘူး။" ချူးဖေ့ဟန်တွေးကြည့်လိုက်မိသည်။ သူတို့လဲ အနာဂါတ်ကျရင်ပြောင်းလဲသွားကြနိုင်တာပဲ။
စုအန်းယာတော်တော်ဝေးဝေးရောက်တော့မှ ရပ်လိုက်ကာ ကုနင်းကို ဦးညွှတ်ပြီး စိတ်ရင်းနှင့်ကျေးဇူးတင်စကားဆိုလိုက်သည်။
"ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နင့်ကြောင့်သာမဟုတ်ရင်, ငါသေသွားလောက်ပြီ။"
"မပြောပလောက်ပါဘူး။" ကုနင်းပြန်ပြောလိုက်သည်။
"ဟုတ်သားပဲ, ငါတို့အတူတူ ညလယ်စာအဆာပြေမုန့်သွားစားကြရအောင်လား!" စုအန်းယာပြောလိုက်သည်။
"နင်အခုချိန်စားချင်စိတ်ရှိတာသေချာရဲ့လား?" ကုနင်းမေးလိုက်တော့ စုအန်းယာက,
"သေချာတာပေါ့ ငါအခုကြုံခဲ့တာတွေကြောင့် ပိုပြီးတောင် ငါ့ကိုယ်ငါဂရုစိုက်ရမယ် ပြီးတော့ ကလေးတစ်ယောက်လိုငိုနေလို့မဖြစ်ဘူး။ ပြီးတော့ အဲ့ကောင်ကိုလဲ ငါလွယ်လွယ်နဲ့အလွတ်ပေးမှာမဟုတ်ဘူး။"
"ကောင်းပြီလေ၊ ဒါဆိုလဲ အတူတူသွားစားကြတာပေါ့။" ကုနင်းသဘောတူလိုက်သည်။
ကုနင်းတို့မိန်းကလေးများက တစ်စီး, ကျန်တဲ့ကောင်လေးတွေက နှစ်စီးဆိုပြီး သူတို့အားလုံးအတွက် တက္ကစီသုံးစီးငှားလိုက်ကြသည်။
"အိုး, မိတ်ဆက်ရဦးမယ်၊ ငါ့နာမည်က စုအန်းယာ အမှတ်၁ အထက်တန်းကျောင်းရဲ့စီနီယာကျောင်းသူ။ နင်တို့ကကော?" စုအန်းယာမေးလိုက်သည်။
"ငါ့နာမည်က ကုနင်း၊ သူက ချူးဖေ့ဟန်၊ သူကတော့ ယွီမီရှီ။ ငါတို့အားလုံးက အမှတ်၃ အထက်တန်းကျောင်းရဲ့စီနီယာကျောင်းသူတွေ။" ကုနင်းပြန်ဖြေလိုက်သည်။
ထို့နောက် သူတို့အားလုံးညဈေးတန်းတွင် ဆုံလိုက်ကြသည်။ စုအန်းယာနှင့် ကျန်တဲ့ကောင်လေးများကတော့ ဟောင်ရန်သွားနေကြ ဆိုင်သို့သွားရာလမ်းတွင် အချင်းချင်းမိတ်ဆက်လိုက်ကြသည်။
စုအန်းယာသည်လဲ သွက်လက်သည့်မိန်းကလေးဖြစ်တာကြောင့် သူတို့နဲ့တစ်သားတည်းဖြစ်ဖို့ သိပ်မကြာလိုက်ပေ။ သူတို့လဲ အချင်းချင်းဖုန်းနံပါတ်ချင်း ၊ WeChatအကောင့်ချင်းလဲလှယ်လိုက်ကြပြီး နောက်တစ်ကြိမ်ထပ်ဆုံကြရန်ပြောလိုက်သည်။
..............Book 15 Part 224end.............
အခန်း ၂၂၅ ကုနင်းပြန်တိုက်ခိုက်ခြင်း
ညလယ်စာအဆာပြေမုန့်များစားပြီးသွားတော့ သူတို့အသီးသီးလမ်းခွဲလိုက်ကြသည်။
ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့ကတော့ သူတို့ကိုယ်ပိုင်ယာဉ်မောင်းများကို လှမ်းခေါ်လိုက်သည်။
ယွီမီရှီနှင့် အန်းယီကတော့ ချူးဖေ့ဟန်ကားနှင့်လိုက်ပြီး ဟောင်ရန်ကတော့ ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းတို့ကို အိမ်ပြန်လိုက်ပို့ပေးသည်။ မုခယ်ရဲ့အိမ်ကတော့ လမ်းမတူတာကြောင့် သူကသီးသန့်တက္ကစီတစ်စီးငှားကာပြန်သည်။ သူက ယောကျ်ားလေးတစ်ယောက်ဖြစ်တာကြောင့် အန္တရာယ်မရှိနိုင်ပေ။
သူတို့စကားပြောကြရင်း ကုနင်းနှင့် စုအန်းယာတို့က ဖန်ဟွားအဆင့်မြင့်အိမ်ရာမှာနေတာခြင်းတူမှန်းသိလိုက်တာကြောင့် သူတို့နှစ်ယောက်ကအတူတူပြန်ကြသည်။
အားလုံးကလဲ ကုနင်းတစ်ယောက် သူမကိုယ်သူမနှင့် သူမသူငယ်ချင်းကို ကာကွယ်ပေးနိုင်မယ်မှန်းသိတာကြောင့် သူတို့နှစ်ယောက်အတွက် စိတ်မပူနေကြတော့ပေ။
သူတို့ဖန်ဟွာအဆင့်မြင့်အိမ်ရာသို့ပြန်ရောက်တော့ ကုနင်းကမေးလိုက်သည်၊
"ငါနင့်ကို အိမ်ပြန်လိုက်ပို့ပေးဖို့လိုသေးလား?"
"မလိုတော့ပါဘူး, ကျေးဇူးပဲ။ ဒီမှာဆို လုံခြုံပါတယ်။" စုအန်းယာငြင်းလိုက်သည်။ သူမရဲ့နောက်ခံအစစ်ကို ကုနင်းအားမသိစေချင်သေးပေ။
"ကောင်းပြီလေ၊ ဘိုင့် - ဘိုင်။" ကုနင်းအတင်းပြောမနေတော့ပေ။
.............
နောက်ရက်တွေမှာလဲ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအကြောင်း မပြီးဆုံးနိုင်သည့် ကောလဟာလများထွက်နေကာ ရှန်းဟွာ၏ဝန်ထမ်းများပင်လျှင် စိုးရိမ်ပူပန်နေရသည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက တကယ်ပဲ ကျရှုံးတော့မည်လား?
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်မှ အတွင်းလူများကိုရော အပြင်လူများကိုပါ ဘာအသိပေးချက်မှမလုပ်တာကြောင့် ရှန်းဟွာဘက်မှာ ဘာတွေစီစဉ်နေလဲဆိုတာကို မည်သူမှမသိကြပေ။
ကျိုးကျန်းဟုန်ကတော့ ကုနင်းကို ဖုန်းဆက်ခဲ့ပေမယ့် ကုနင်းဘက်က သူ့ကိုစိတ်အေးအေးထားရန်နှင့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအဆင်ပြေသွားမည်ဖြစ်ကြောင်းသာပြန်ပြောခဲ့သည်။
ကုနင်း၏စိတ်အေးနေသည့်အသံကိုကြားတော့ ကျိုးကျန်းဟုန်လဲ ကုနင်းတွင် ထိုကိစ္စကို အဆင်ပြေပြေကိုင်တွယ်ဖြေရှင်းနိုင်သည့်နည်းလမ်းရှိနေကြောင်း နားလည်လိုက်သည်။
ကျန်းရွှီသည်လဲ ထိုမတော်တဆမှုအကြောင်းကုနင်းကို မေးမြန်းခဲ့သည်။
သို့ပေမယ့် နောက်သုံးရက်အကြာတွင်ပဲ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ သတင်းစာရှင်းလင်းပွဲတစ်ပြုလုပ်ကာ များပြားလှစွာသော အသံဖိုင်များနှင့် ဗီဒီယိုဖိုင်များကို ဖွင့်ထုတ်ပြသခဲ့သည်။
ပထမဆုံးအသံဖိုင်သည်တော့ ဝမ်းမောင်နှင့် အမည်မသိလူတို့ဖုန်းပြောနေသည့်အသံဖြစ်သည်။ ထိုအမည်မသိသည့်လူမှာ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း၏ ဈေးကွက်မန်နေဂျာ ရမ်ခန်းပင်ဖြစ်သည်။
ဒုတိယအသံဖိုင်နှင့် ဗီဒီယိုသည်တော့ အလုပ်သမားများကို သွေးထိုးလှုံ့ဆောင်ခဲ့သည့် အလုပ်သမားနှစ်ယောက် ရမ်ခန်းနှင့်လျှို့ဝှက်တွေ့ဆုံနေခြင်းဖြစ်သည်။ ရမ်ခန်းကတမင် မတော်တဆမှုဖြစ်အောင်လုပ်ခဲ့ကာ ကောလဟာလများဖြန့်လိုက်ပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ဂုဏ်သိက္ခာနှင့် လုပ်လက်စပရောဂျက်များ ပျက်စီးစေအောင် တမင်ရည်ရွယ်ခြင်းဖြစ်ပေသည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်မှလဲ ထိုပြဿနာကြောင့် အများကြီးထိခိုက်နစ်နာခဲ့ကာ ငွေအမြောက်အမြားဆုံးရှုံးခဲ့ရသည်။ ဒီသက်သေများက အလွန်ရှင်းလင်းနေခြင်းကြောင့် ရှန်းဟွာဘက်မှ ဟုန်ယွမ်ကို တရားစွဲလိမ့်မည်ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲပြီးချိန်တွင်တော့ လူတိုင်းထိတ်လန့်သွားကြသည်။ အသံဖိုင်နှင့် ဗီဒီယိုများကြောင့် လူများက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်ကို ယုံကြည်သွားကာ ကောလဟာလများသည်လဲ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
လူများကတော့ Fမြို့ရှိ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့် Gမြို့ရှိဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းမှာ နေရာဒေသလဲမတူပါပဲနှင့် ဘာကြောင့်များရုတ်တရက် ရန်သူတွေဖြစ်သွားကြရသလဲဆိုသည့်အကြောင်းကို စိတ်ရှုပ်ထွေးနေခဲ့ကြသည်။
ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်ကတော့ ထိုသတင်းကိုကြားပြီး အလွန်အံ့အားသင့်သွားမိကြသည်။
ဖန်ချန်းရှန်သည်လဲ ထိုတိကျလှသည့်သက်သေများကို မငြင်းနိုင်တော့တာကြောင့် ရမ်ခန်းကိုသာ အပြစ်တင်တော့သည်။ နောက်တော့ ထိုကိစ္စမှာ ရမ်ခန်း၏ ကိုယ်ရေးကိုယ်တာအရတိုက်ခိုက်ခြင်းဖြစ်ပြီး ဟုန်ယွမ်လုပ်ငန်းနှင့်ဘာမှမသက်ဆိုင်ကြောင်း ဖြေရှင်းခဲ့သည်။
သို့ပေမယ့် ထိုသတင်းများငြိမ်သက်သွားသည့်အချိန်တွင်တော့ ဖန်ချန်းရှန်ဘက်က ရမ်ခန်းလုံခြုံအောင်ပြုလုပ်ပေးလိမ့်မည်ဖြစ်သည်။
ဖန်ချန်းရှန်၏ ဖိအားပေးမှုများကြောင့် ရမ်ခန်းလဲ ထိုကိစ္စများကို ခေါင်းခံကာတာဝန်ယူရတော့သည်။
ဟုန်ယွမ်ဘက်မှတာဝန်ရှိသူက ရမ်ခန်းမှာ ကျန်းယန်လမ်းရောင်းဝယ်ရေးကိစ္စတွင်တာဝန်ရှိသူဖြစ်ပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှ ထိုသဘောတူညီချက်ကို ရရှိသွားခြင်းကြောင့် မုန်းတီးကာ ပြန်လည်လက်စားချေခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဒါကအကြောင်းအကျိုးသင့်သည့်ရှင်းပြချက်ဖြစ်တာကြောင့် လူအများစုမှာယုံကြည်သွားကြပေမယ့် မယုံကြည်သည့်လူများလဲ အမြောက်အများရှိနေပါသေးသည်။ အတွင်းလူများကတော့ ဖန်ချန်းရှန်မည်မျှ တစ်ကိုယ်ကောင်းဆန်ပြီး မကောင်းသည့်လူဖြစ်ကြောင်းသိထားပြီး သူကသာ ရမ်ခန်းကို ထိုကိစ္စလုပ်ရန် အမိန့်ပေးစေခိုင်းသူဖြစ်ရပေမည်။
သို့ပေမယ့် ကုနင်းသည်လဲ ထိုကိစ္စတွင် ရမ်ခန်းနှင့် ဖန်ချန်းရှန်တို့ဆက်သွယ်သည်ဆိုသည့် သက်သေကိုမစုမိနိုင်ခဲ့တာကြောင့် ဒီတစ်ကြိမ်တော့ ဖန်ချန်းရန်လုံခြုံသွားလေပြီ။
ပြီးတော့ ရှန်းဟွာနှင့် ဟုန်ယွမ်၏ယှဉ်ပြိုင်ပွဲမှာ အခုမှအစသာဖြစ်လေသည်။ ထိုကိစ္စများဖြစ်ပြီးသွားချိန်မှာတော့ ကုနင်းတစ်ယောက် ဟုန်ယွမ်လုပ်ငန်းကို ဖျက်စီးဖို့ရန် စိတ်ကို ပြင်ဆင်ထားလိုက်တော့သည်။ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း၏အတွင်းမှ ညစ်ညမ်းသည့်လျှို့ဝှက်ချက်သတင်းများကို စုဆောင်းဖို့ဆုံးဖြတ်လိုက်ပြီး ကောင်းကောင်းကူညီပေးနိုင်မည့်လူတစ်ယောက်ကိုလဲ ကုနင်းတွေးလိုက်မိသည်။ သူကတော့ ကုနင်းအရင်ပြန်လည်မမွေးဖွားခင်အချိန်တုန်းက သူမနှင့်အဆက်အသွယ်တော်တော်လေးရှိခဲ့သည့် ကျော်ကြားသည့်ဟက်ကာ ကေ ပင်ဖြစ်သည်။
သို့ပေမယ့်၊ ကေ့ရဲ့စိတ်သဘောထားမှာအလွန်ဆန်းကျယ်ကာ သူ့ကိုငှားဖို့ရန်အတော်လေးခက်ခဲလေသည်။
သူသာစိတ်မဝင်စားလျှင်၊ သူ့အတွက်စိန်ခေါ်မှုတစ်ရပ်လို့သာမထင်ရင် သူ့ရဲ့ဉာဏ်ပညာကို စော်ကားသည်ဟု ခံစားရတတ်သည်။ ပြီးတော့ သူ့ကို ငှားရန် မင်းပိုင်ဆိုင်မှုရဲ့သုံးပုံတစ်ပုံလောက်အသုံးပြုရမည်ဖြစ်ကာ မင်းရဲ့ပိုင်ဆိုင်မှုသည်လဲ သူ့ရဲ့စံသတ်မှတ်ချက်နှင့်ကိုက်ညီရမည်ဖြစ်သည်။
ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းအတွင်းရှိ ညစ်ညမ်းသည့်လျှို့ဝှက်ချက်များကို ထုတ်ဖော်ခြင်းသည့် ကေအတွက် စိန်ခေါ်မှုတစ်ရပ်လဲမဟုတ်သလို စိတ်ဝင်စားဖို့လဲ ကောင်းမည်မဟုတ်ပေ။ ကုနင်း သူမရဲ့ပိုင်ဆိုင်မှုအကုန်ပေးမည်ဆိုလျှင်တောင်, သူ့မျက်လုံးထဲတွင် ငွေကြေးဆိုတာ ဘာမှမဟုတ်တာကြောင့် အလုပ်လက်ခံလိမ့်မည်မဟုတ်ပေ။
ကမ္ဘာပေါ်မှာ သူ့အတွက်ဘယ်တော့မှမပြတ်လတ်သည့်အရာမှာ ငွေကြေးဖြစ်ကာ ဈေးမြင့်မြင့်တောင်းသည်ဆိုတာကလဲ ပျော်ချင်ရုံသက်သက်သာဖြစ်လေသည်။
သို့ပေမယ့် ကုနင်းကတော့ ကေ ဘာကိုလိုချင်သည်ဆိုတာကို အတိအကျသိလေသည်။
လွန်ခဲ့သည့်၅နှစ်တုန်းက မတော်တဆမှုကြောင့် သူ့ခြေထောက်များမလှုပ်ရှားနိုင်တော့ကာ အခုချိန်တွင် ဝှီးချဲဖြင့်သာ သွားလာနိုင်တော့လေသည်။ ဒါကြောင့် ကမ္ဘာပေါ်မှာသူလိုချင်သည့်တစ်ခုတည်းသောအရာမှာ သူ့ကိုယ်ပိုင်ခြေထောက်များဖြင့် နောက်တစ်ဖန်လမ်းပြန်လျှောက်နိုင်ခြင်းပင်ဖြစ်သည်။
ပြီးတော့ ကုနင်းတွင်လဲ မှော်စွမ်းအားများရှိနေပြီဖြစ်သည်။ သူအသက်ရှင်နေသ၍ ကုနင်းဘက်က မည်သည့် ရောဂါကိုမဆိုကုသပေးနိုင်ပေမယ့် အရင်ကတည်းကဖြစ်ခဲ့သည့် သူ့ခြေထောက်များကိုတော့ ကုနင်းပြန်ကောင်းအောင်ကုပေးနိုင်ပါ့မလားဆိုတာ မသေချာပေ။
ဒီလိုဆိုလျှင်တောင် သာမာန်လူများအတွက်တော့ လမ်းပြန်လျှောက်နိုင်ဖို့ဆိုတာ မယုံကြည်နိုင်စရာဖြစ်နေပေပြီ။ ကုနင်းတွင်လဲ ကေ သူမကို ကူညီပေးဖို့သဘောတူမည်ဟု ယုံကြည်ချက်ရှိလေသည်။ ကုနင်း ကေ့ခြေထောက်များကို အချိန်အတော်ကြာဆွဲကာ ကုသပေးဖို့စီစဉ်ထားပြီး ထိုမှသာ သူမကို အချိန်ကြာကြာကူညီပေးမည်ဖြစ်တာကြောင့်ပင်။
နောက်ဆုံးတွင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဘက်မှ လျော်ကြေးငွေများရရှိလိုက်ကာ ဆောက်လုပ်ရေးဆိုက်ကိုလဲ ပုံမှန်အတိုင်းပြန်လည်ပတ်နိုင်ခဲ့သည်။
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကျရှုံးသည်ကိုလိုချင်နေကြသည့် လူများတွေတော့ ဟာသသပ်သပ်သာဖြစ်သွားကြပြီး ရှန်းဟွာသည်တော့ ထိုပြဿနာဖြစ်ပြီးနောက် ပိုလို့ပင် အင်အားကြီးမားလာခဲ့လေသည်။ ပြီးတော့ Gမြို့ရှိ အိမ်ခြံမြေလုပ်ငန်းစီးပွားရေးသမားကြီးဆိုသည့် ဂုဏ်ပုဒ်ကိုပါ အောင်အောင်မြင်မြင်ဆွဲယူသွားနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ ရှန်းဟွာမှထွက်သွားသည့် ဆောက်လုပ်ရေးအလုပ်သမားများသည်တော့ လွန်စွာနောင်တရနေကြသည်။
ရမ်ခန်းဆီက ငွေလက်ခံခဲ့သည့် ဝမ်းမောင်နှင့် ကျန်အလုပ်သမားနှစ်ယောက်သည်တော့ တရားဥပဒေအရအပြစ်ပေးခံရမည်ဖြစ်ပေသည်။ ရမ်ခန်းတစ်ယောက်သာ လွတ်သွားသည်။
ဒီပြဿနာတွင် သူကအဓိကတာဝန်ရှိသူဖြစ်ကာ သူကိုယ်တိုင်အတွက် လျော်ကြေးငွေအပြည့်အဝမပေးနိုင်ပေမယ့် ဖန်ချန်းရှန်က ရမ်ခန်းကို ကူညီခြင်းဟူသည့် အကြောင်းပြချက်ဖြင့် လျော်ကြေးငွေကို ရှန်းဟွာအားပေးခဲ့သည်။ ပြီးသွားတော့ ဖန်ချန်းရှန်က ဒုမြို့တော်ဝန်လျှိုရှီခွန်းဘက်လှည့်ကာ ရမ်ခန်းကိုကာကွယ်ပေးခိုင်းခဲ့သည်။
မမျှော်လင့်ထားဘဲ၊ လျှိုရှီခွန်းက ထိုကိစ္စတွင် သူပါမပါဝင်လိုတာကြောင့် ဖန်ချန်းရှန်၏တောင်းဆိုမှုကို ငြင်းဆန်ကာ မကူညီရဲခဲ့ပေ။