အခန်း (၂၃၁-၂၃၅)
Vol. 16 Ch. 231-235
အခန်း ၂၃၁
လွမ်းနေတာ
စားသောက်ပြီးသွားတော့ ညနေ၄နာရီပင်ရှိပြီဖြစ်သည်။
လင်ရှောင်းထင်က Fမြို့သို့ ပြန်ရောက်နေပြီဖြစ်ပြီး ကုနင်းလဲ သူ့ကိုလွမ်းနေပြီဖြစ်တာကြောင့် Fမြို့သိုပြန်ရန် လေယာဉ်လက်မှတ်ရှိမရှိ စစ်ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမ Dမြို့သို့လာရသည့် ရည်ရွယ်ချက်ကလဲ ပြီးမြောက်သွားပြီဖြစ်တာကြောင့် ပြန်လို့ရနေပေပြီ။
သို့ပေမယ့် အခုချိန်တွင် Fမြို့သို့ပြန်သန်းမည့် လေယာဉ်များမရှိတော့သလို နောက်ဆုံးတစ်စီးသည်လဲ လွန်ခဲ့သည် နာရီဝက်က ထွက်သွားပြီဖြစ်သည်။ ကုနင်း ဘယ်လေယာဉ်ကိုမှ မမှီတော့တာကြောင့် မနက်ဖြန်ရောက်သည်အထိ စောင့်ရန်သာရှိတော့လေသည်။
ဒါကြောင့် သူမ ချွမ်လင်းအပန်းဖြေစခန်းတွင်သာ တည်းရန်ဆုံးဖြတ်လိုက်ပြီး ကေကလဲ ရက်ရောစွာဖြင့် ကုနင်းအတွက် အခန်းခများပေးချေပေးခဲ့သည်။
ကေပြန်သွားပြီးတော့ ကုနင်း ချွမ်လင်းအပန်းဖြေစခန်းအတွင်း လျှောက်ပတ်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ ချွမ်လင်းအပန်းဖြေစခန်းသည် လှပသောတောင်မှနှင့် သဘာဝဆန်သောမြင်ကွင်းများ၊ ရေကန်များဝန်းရံနေကာ သက်သောင့်သက်သာရှိပြီး အပန်းဖြေနေထိုင်ရန်အကောင်းဆုံးနေရာဖြစ်လေသည်။
ကုနင်း ထိုလှပသည့် နောက်ခံမြင်ကွင်းများနှင့် ဓါတ်ပုံတစ်ပုံရိုက်ကူးကာ လင်ရှောင်းထင်ထံပို့လိုက်သည်။
လင်ရှောင်းထင်သည်လဲ ကုနင်းကို ဖုန်းဆက်ရန် ကြံရွယ်နေချိန်ဖြစ်ပြီး တိုက်ဆိုင်စွာဖြင့် ကုနင်းဘက်ကအရင်စာဝင်လာခဲ့သည်။
ကုနင်း၏ဓါတ်ပုံကိုမြင်လိုက်သည်နှင့် လင်ရှောင်းထင် နှလုံးခုန်နှုန်းများ ရပ်တန့်သွားသလို ခံစားလိုက်ရကာ သူမကို အခုချက်ချင်းဖက်နမ်းပစ်ချင်စိတ်များဝင်လာခဲ့သည်။
လင်ရှောင်းထင် : အဲ့ဒါဘယ်နေရာလဲ?
ကုနင်း : ချွမ်လင်းအပန်းဖြေစခန်း။ အရမ်းလှတာပဲ။
လင်ရှောင်းထင် : အင်း၊ ကိုယ်တွေ့တယ်။
ထို့နောက် သူတို့စာဆက်မပို့ကြတော့ပေ။
နောက်၄၅မိနစ်နေတော့ ကုနင်းအခန်းသို့ပြန်ရန်ပြင်ပြီး နောက်သို့လှည့်လိုက်စဉ် သူမရင်းနှီးနေသည့် ပုံရိပ်တစ်ခု သူမထံသို့လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရခြင်းကြောင့် ကြောင်အသွားမိသည်။
လင်ရှောင်းထင်လား? သူက ဘာလို့ဒီမှာရှိနေရတာလဲ? ကုနင်း တကယ်အစစ်အမှန်ဟုတ်ရဲ့လားဟု သံသယဝင်စွာ သူမမျက်လုံးကို သူမပြန်ပွတ်ကြည့်လိုက်ပေမယ့် အမှန်တကယ်ကို ထိုလူက သူမအနားသို့လျှောက်လှမ်းလာစဲပင်။
"ရှင်ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?" ကုနင်း မယုံကြည်နိုင်စွာမေးလိုက်မိသည်။
"မင်းကို လွမ်းလို့လာခဲ့တာ။" လင်ရှောင်းထင် ကုနင်းရှေ့တွင်ရပ်ကာ သူမကို စိုက်ကြည့်နေရင်းပြန်ဖြေလိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ အထီးကျန်မှုများနှင့် နက်ရှိုင်းသည့် ချစ်နှစ်သက်မှုများကတော့ သိသာမြင်သာစွာ ပြည့်လျှံနေသည်။ လင်ရှောင်းထင်သည် စကားလုံးလှလှလေးများဖြင့်ဆွဲဆောင်တတ်သည့် လူတစ်ယောက်မဟုတ်ပေမယ့် လက်တွေ့သမားတစ်ယောက်ဖြစ်လေသည်။ ကုနင်းမှာ ဝမ်းသာလွန်းလို့ ငိုပင်ငိုမိတော့မတတ်။ လင်ရှောင်းထင် သူမကို လွမ်းလွန်းလို့ တစ်ရက်လောက်ပင်မစောင့်နိုင်တော့ပဲ လိုက်လာခဲ့သည်။
သူမတွင်လဲ ထိုသို့သော ခံစားချက်မျိုးထပ်တူညီစွာဖြစ်ပေါ်နေပေသည်။ သူမလဲ လင်ရှောင်းထင် Fမြို့သို့ပြန်ရောက်နေမှန်းသိသည်နှင့် ချက်ချင်းပြန်သွားကာ ထိုလူအနားတွင် ရှိနေချင်ခဲ့ပေမယ့် လေယာဉ်တစ်စီးမှကို မမီလိုက်ခဲ့ပေ။
"ဒီနားတစ်ဝိုက်လျှောက်သွားကြည့်ရအောင်!" ကုနင်းအရင်စပြောလိုက်သည်။
"ကောင်းပြီလေ။" လင်ရှောင်းထင်ကလဲ တုံ့ဆိုင်းမှုမရှိ ချက်ချင်းသဘောတူလိုက်သည်။
ကုနင်းက သဘာဝကျစွာ လင်ရှောင်းထင်လက်ကို လှမ်းကိုင်လိုက်ပေမယ့် လင်ရှောင်းထင်သည်တော့ တစ်ကိုယ်လုံးတောင့်ခဲသွားကာ သတိလက်လွတ်ဖြစ်သွားရလေသည်။ အခုက သူတို့နှစ်ယောက် ပထမဆုံးနီးနီးကပ်ကပ်နေဖူးခြင်းဖြစ်တာကြောင့် လင်ရှောင်းထင်မှာ ရုတ်တရက်ကြီး အသားမကျနိုင်သေးပေ။ လင်ရှောင်းထင်လဲ ထိုခံစားချက်မျိုးကို သဘောကျကာ ကုနင်းကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေသည့်အတိုင်း သူမလက်ကို သူ့လက်ဖဝါးပြင်ကျယ်ကြီးများဖြင့် တစ်ဖန်ပြန်လည်တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
သူတို့နှစ်ယောက် အချိန်အတန်ကြာလမ်းလျှောက်ပြီးသည့်နောက် ခုံတန်းတစ်ခုတွင်ဝင်ထိုင်လိုက်ကာ၊
"အတူတူ ဓါတ်ပုံတစ်ပုံလောက်ရိုက်ကြရအောင်!" ကုနင်းပြောလိုက်သည်။
လင်ရှောင်းထင်မှာ ထိုသို့ဓါတ်ပုံရိုက်မှုမျိုးနှင့် ကျင့်သားမရှိတာကြောင့် အနည်းငယ်စိုးရိမ်ပူပန်မိသွားသည်။
ကုနင်း လင်ရှောင်းထင်အနားသို့ ကပ်ထိုင်လိုက်ကာ ဖုန်းကို မြှောက်လိုက်ပြီး သူမတို့နှစ်ယောက်ထိုင်နေသည့်ပုံကို ရိုက်ကူးယူလိုက်လေသည်။ ကုနင်းကတော့ ပုံထဲတွင် ပေါ့ပေါ့ပါးပါးပုံစံရှိနေပြီး လင်ရှောင်းထင်သည်တော့ နဂိုအတိုင်း အမူအရာမဲ့စွာဖြစ်နေပေမယ့် နှစ်ယောက်လုံးကြည့်လို့ကောင်းကြလေသည်။
တစ်စက္ကန့်လောက်ပဲကြာကာ ဓါတ်ပုံရိုက်ခြင်းအမှုပြီးဆုံးသွားတော့သည်။
နှစ်ယောက်လုံး ဓါတ်ပုံထဲတွင် အလွန်လိုက်ဖက်ညီလှပေသည်။
"ကိုယ့်ကိုပို့ပေး။" လင်ရှောင်းထင်ပြောလိုက်သည်။
ထိုပုံမှာ သူတို့နှစ်ယောက်ပထမဆုံးအကြိမ်ရိုက်ကူးသည့်ပုံဖြစ်ပြီး သူနှင့်အတူသွားလေရာသယ်သွားချင်လေသည်။ ထိုမှသာ သူသတိရတိုင်း ထုတ်ကြည့်လိုက်ရနိုင်မည်။
"ကောင်းပြီလေ။" ကုနင်းလဲ ချက်ချင်းပဲ လင်ရှောင်းထင်ထံ ပို့ပေးလိုက်သည်။
သူမအချိန်အတော်ကြာသည်အထိ သူမတို့နှစ်ယောက်ပုံကို အာရုံစူးစိုက်ကာ ကြည့်နေမိခဲ့သည်။
ညနေ၆နာရီထိုးခါနီးလောက်ကျတော့ ကုနင်းက,
"ရှင်ညစာဘာစားချင်လဲ?"
"မင်းကြိုက်တာစားပါ။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
ကုနင်းကတော့ အခုထိမဆာသေးပေမယ့် လင်ရှောင်းထင်သည်တော့ Fမြို့ကနေလေယာဉ်စီးကာ သူမထံသို့လာခဲ့ရခြင်းဖြစ်တာကြောင့် သေချာပေါက်ဆာနေလောက်ပေပြီ။
"ဒါဆိုအရင်ဆုံးစားသောက်ဆိုင်ကိုသွားကြတာပေါ့။" ကုနင်းပြောလိုက်ကာ သူတို့နှစ်ယောက် စားသောက်ဆိုင်ရှိရာသို့ လမ်းလျှောက်သွားလိုက်ကြသည်။
စားသောက်ဆိုင်တံခါးနားရောက်တော့ လင်ရှောင်းထင်နှင့် ကုနင်းတို့ အဖွဲ့တစ်ဖွဲ့ကို တွေ့လိုက်ကြသည်။ ကုနင်းအံ့ဩသွားရသည်ကတော့ ထိုအဖွဲ့ကို သူမရင်းနှီးနေသည့် လူနှစ်ယောက်က ဦးဆောင်လာခြင်းပင်။
ထိုနှစ်ယောက်မှာ တစ်ယောက်က ယန်ကျန်းလင်ဖြစ်ကာ နောက်တစ်ယောက်သည်တော့ သူမဒီနေ့တင်တွေ့ဆုံးခဲ့သည့် ကျန်းပါးဝမ့်ပင်ဖြစ်လေသည်။ ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ!
"ကောင်မလေးက၊ မင်းဒီကိုဘာလာလုပ်တာလဲ?" ကုနင်းဘာမှမပြောခင်လေးမှာပဲ ယန်ကျန်းလင်က သူမကို တွေ့သွားကာ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းရောက်လာပြီး နှုတ်ဆက်လိုက်သည်။
ကျန်းပါးဝမ့်သည်လဲ ထိုမြင်ကွင်းကြောင့် အံ့ဩမိသွားသည်။ သူတို့နှစ်ယောက်က သိနေကြတာလား? သူတို့သိနေတယ်ဆိုတာကတော့ အသိသာကြီးပါ။ ပြီးတော့ အရမ်းလဲ ရင်းနှီးကြပုံပဲ။ ဆွေမျိုးတွေများလား?
"ဦးလေးယန်၊ တိုက်ဆိုင်လိုက်တာ! ကျွန်မက Dမြို့မှာ ကိစ္စလေးရှိလို့လာတာ? ဦးလေးကရော?" ကုနင်းပြန်မေးလိုက်သည်။
"ငါရောပဲ!" ယန်ကျန်းလင် ပြန်ဖြေပြီးသည်နှင့် လင်ရှောင်းထင်ဘက်လှည့်ကာ၊
"တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းလင်။"
"ကျွန်တော်လဲ တွေ့ရတာဝမ်းသာပါတယ်၊ မြို့တော်ဝန်ယန်။" လင်ရှောင်းထင် ခေါင်းတစ်ချက်ညိတ်ပြကာ ပြန်နှုတ်ဆက်လိုက်သည်။
"အိုး၊ မိန်းကလေးကုနဲ့ ဆရာယန်က မိတ်ဆွေတွေလား?" ကျန်းပါးဝမ့်လဲ အနားသို့လျှောက်လာခဲ့သည်။
"တွေ့ရတာဝမ်းသာပါတယ်၊ မြို့တော်ဝန်ကျန်း။" ကုနင်း ကျန်းပါးဝမ့်ကို နှုတ်ဆက်လိုက်သည်။
"ဘာလဲ? မင်းတို့နှစ်ယောက်ကကော သိနေကြတာလား?" ယန်ကျန်းလင် ထိတ်လန့်မိသွားသည်။ ကုနင်းကတော့ ရောက်ရာနေရာတိုင်းက အရေးပါသည့် ပုဂ္ဂိုလ်များနှင့် သိကျွမ်းနေသည်ချည်းပဲ။
"ကျွန်တော် ဒီနေ့ ခင်ဗျားကိုပြောပြတဲ့ မိန်းကလေးဆိုတာ မိန်းကလေးကုပဲလေ။" ကျန်းပါးဝမ့်ပြန်ဖြေလိုက်သည်။
"ဘာ? အဲ့ဒါမင်းလား?" ယန်ကျန်းလင် အလွန်အံ့အားသင့်မိသွားသည်။ သူ ရှောင်းချန်ချွန်းဖြစ်ခဲ့သည့် ကိစ္စကို ကြားပြီးဖြစ်ကာ ထိုကားကို ငြိမ်အောင်ထိန်းပေးခဲ့သည့် မိန်းကလေးမှာ ကုနင်းဖြစ်နေသည်တဲ့လား! သို့ပေမယ့် ကုနင်းက သာမာန်ကောင်မလေးတစ်ယောက်မဟုတ်မှန်း သူသိပြီးသားဖြစ်တာကြောင့် ကုနင်း သေချာပေါက် ထိုသို့လုပ်နိုင်မည်ဆိုတာကို ယုံကြည်လေသည်။
လင်ရှောင်းထင်သည်လဲ ကုနင်းကို သံသယဝင်စွာစိုက်ကြည့်လိုက်သည်။
ကုနင်းလဲ လင်ရှောင်းထင် ထိုအကြောင်းသိသွားကာ သူမအတွက်စိုးရိမ်နေမည်စိုးတာအကြောင့် အနည်းငယ် အထိတ်တလန့်ဖြစ်သွားရသည်။
လင်ရှောင်းထင်ကလဲ ကုနင်း၏ထိုသေးငယ်သည့် ပြောင်းလဲမှုကိုကအစ သတိထားမိကာ ကုနင်းသေချာပေါက် သူကြားသည်နှင့် စိတ်မကောင်းဖြစ်ရစေမည့် အရာတစ်ခုခုလုပ်ထားမည်ဖြစ်ကြောင်းခံစားလိုက်ရသည်။
"ကောင်မလေးက၊ မင်းကတော့ အမြဲတမ်းငါ့ကို အံ့ဩအောင်လုပ်နေတော့တာပဲ။" ယန်ကျန်းလင် အံ့အားသင့်စွာပြောလိုက်သည်။
ထိုကိစ္စသည်အလွန်အန္တရာယ်များပြီး အခန့်မသင့်ရင် သူမပါအတူကျသွားနိုင်ပေသည်! သူမကတော့ တကယ့်ကို သူမဘဝကိုပါ ထိခိုက်စေမည့်အလုပ်ကို လုပ်ခဲ့သည်ပဲ။ သို့ပေမယ့် ကံကောင်းစွာဖြင့် ကုနင်းရော ရှောင်းချန်ချွန်းပါ ဘေးကင်းခဲ့ကြလေသည်။
"ဆရာယန်၊ မိန်းကလေးကု ခင်ဗျားရဲ့ဆွေမျိုးလား?" ကျန်းပါးဝမ့်မေးလိုက်သည်။
"အဲ့လိုတော့မဟုတ်ပါဘူး။ မိန်းကလေးကုက ကျွန်တော့်အဖေရဲ့မိတ်ဆွေလေ ပြီးတော့ ကျွန်တော့် အသက်ကို ကယ်ခဲ့တဲ့သူဆိုလဲဟုတ်တယ်။ အရင်တစ်ခေါက် ခင်ဗျားကို ပြောပြသေးတာကော။" ယန်ကျန်းလင်ပြန်ဖြေလိုက်သည်။
"ဘာ?" ထိုစကားကိုကြားတော့ ကျန်းပါးဝမ့်မှာပိုလို့ပင် ထိတ်လန့်အံ့ဩသွားရသည်။ ကုနင်းက ယန်ကျန်းလင်ကို စနိုက်ပါသေနတ်သမားရဲ့လက်ကနေကယ်လိုက်တဲ့ မိန်းကလေးလား? ဘုရားရေ! ဒီမိန်းကလေးက တကယ့်ကို အံ့ဩစရာပဲ!
ကုနင်းကတော့ ထိုနှစ်ယောက်၏ တစ်လှည့်စီအံ့ဩထိတ်လန့်နေမှုများကြောင့် အနည်းငယ်နေရထိုင်ရခက်သလို ခံစားနေရလေသည်။
ယန်ကျန်းလင်လဲ သတိထားမိသွားကာ ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်ကာ,
"ကောင်မလေးကု, မင်းတို့လဲ ဒီကို ညစာစားဖို့လာတာမလား? အတူတူစားကြရအောင်!"
***
အခန်း ၂၃၂
တစ်ခန်းတည်းတွင်နေခြင်း
"ကျေးဇူးပါ၊ အတူစားချင်ပေမယ့် ကျွန်မတို့မှာ သီးသန့်ဆွေးနွေးစရာလေးရှိနေသေးလို့။" ကုနင်းငြင်းဆိုလိုက်သည်။
ယန်ကျန်းလင်ဘက်ကလဲ ယဉ်ကျေးမှုအရခေါ်ကြောင်း ကုနင်းသိပေသည်။ သူတို့လဲ အဖွဲ့လိုက် ဒီနေရာကိုလာကြမှတော့ အရေးကြီးတာတစ်ခုခုဆွေးနွေးဖို့သာ လာခြင်းဖြစ်ပေမည်။
အမှန်တကယ်ကိုပဲ ယန်ကျန်းလင်တို့အဖွဲ့မှာ ဒီကိုလာသည့်တစ်လျှောက်လုံး အရေးကြီးသည့် ကိစ္စတစ်ခုကို တိုင်ပင်ဆွေးနွေးနေခဲ့ကြသည်။ သို့ပေမယ့် ကုနင်းနှင့် လင်ရှောင်းထင်တို့ကသာ သူတို့နှင့်အတူညစာလိုက်စားဖို့ ဆန္ဒရှိမယ်ဆိုလျှင် သူ့ဘက်ကလဲ ဘယ်လိုမှသဘောထားမည်မဟုတ်ဘဲ ကြည်ကြည်ဖြူဖြူလက်ခံမည်ဖြစ်သည်။
အခုကုနင်းဘက်က အရင်ငြင်းလာမှတော့ သူလဲ အတင်းမတိုက်တွန်းတေတော့ပေ။
"ကောင်းပြီလေ၊ ဒါဆို ငါတို့အရင်ဝင်နှင့်လိုက်တော့မယ်။"
ယန်ကျန်းလင်တို့အဖွဲ့ထွက်သွားတော့မှ လင်ရှောင်းထင် ကုနင်းကိုစိုက်ကြည့်လိုက်ကာ,
"မင်းဘာလို့ လန့်သွားတာလဲ?"
ကုနင်းလဲ ထိုကိစ္စကို လင်ရှောင်းထင်အားမဖုံးကွယ်ထားနိုင်ကြောင်းနားလည်လေသည်။ အကယ်၍ လင်ရှောင်းထင်သာ သတင်းဖတ်ပြီး ထိုကိစ္စကိုသိသွားရလျှင် တစ်ချက်တည်းကြည့်ရုံနှင့် သူမဖြစ်ကြောင်းတန်းသိသွားနိုင်သည်။ ဒါကြောင့် သူမကိုယ်တိုင်အမှန်တရားကိုပြောပြလိုက်ခြင်းက ပိုကောင်းလေသည်။
"ဒီမနက် အဝေးပြေးလမ်းမပေါ်မှာ ကားတိုက်မှုတစ်ခုဖြစ်ပြီး အဲ့ကားက လမ်းအတားကိုကျော်ပြီး တစ်ဖက်ကချောက်ထဲကို ကျမလိုဖြစ်သွားတယ်။ ဒါနဲ့ ကျွန်မလဲ ကားဘီးကို လှမ်းဆွဲလိုက်ပြီး ငြိမ်သွားအောင်ဝင်ထိန်းပေးလိုက်တာ။ ပြီးတော့ ကားထဲကလူအားလုံးကိုလဲ ကယ်နိုင်သွားတယ်၊ ဒါပါပဲ။"
ထိုစကားကိုကြားလိုက်ရတော့ လင်ရှောင်းထင် ခံစားချက်များရောထွေးသွားလေသည်။ သူ ကုနင်း၏အလျင်စလိုလုပ်တတ်လွန်းသည့် အကျင့်နှင့် သူမအသက်ကိုပင် ဂရုမထားဘဲ တခြားလူများကို ကယ်ဆယ်ခြင်းကိုလဲ စိတ်တိုမိလေသည်။ ကုနင်းကယ်ခဲ့သည့်လူများက မည်သူတွေပဲဖြစ်နေပါစေ အခုချိန်တွင် သူ့နှလုံးသားထဲမှာတော့ ကုနင်းထက် ပို၍ အရေးပါသည့်လူ မည်သူမှမရှိပေ။
မတော်တဆမှုကပြီးဆုံးသွားပြီဆိုလျှင်တောင်မှ လင်ရှောင်းထင်ကတော့ သူမအတွက်စိုးရိမ်ပူပန်မိနေစဲပင်။ အကယ်၍ သူမသာ ထိန်းမထားနိုင်တော့ဘဲ ကားနဲ့အတူ အဝေးပြေးလမ်းကနေပြုတ်ကျသွားခဲ့ရင်ကော? ထိုသို့ဖြစ်သွားမည်ကို စိတ်ကူးဖြင့်တောင် ပုံမဖော်ကြည့်နိုင်သလို သူဂရုစိုက်မြတ်နိုးရသည့် လူတစ်ယောက်ကို ဆုံးရှုံးရမည့်ခံစားချက်မျိုးကိုလဲ မခံစားကြည့်ချင်ပေ။ ကံကောင်းစွာဖြင့် အခုကုနင်းက ဘာမှမဖြစ်ခဲ့ပေ၊ မဟုတ်ရင် သူဘာလုပ်လို့လုပ်ရမည်ပင်သိမည်မဟုတ်။
လင်ရှောင်းထင် ကုနင်းကို စိတ်တိုမိပေမယ့် စိုးရိမ်ပူပန်သည့် စိတ်ကပိုလို့ပင်များလေသည်။
လင်ရှောင်းထင် မပျော်ရွှင်ဘဲ စိတ်ပူပန်နေသည်ကို မြင်ရတော့ ကုနင်းအနည်းငယ် အပြစ်ရှိသလိုခံစားမိသွားကာ သူ့လက်ကို ဆုပ်ကိုင်ထားရင်းဖြင့်၊
"ကျွန်မ နောက်ထပ်အဲ့လိုမျိုး ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်။"
အခုဟာ ကုနင်းအတွက် အမှန်တကယ်အန္တရာယ်မများပေမယ့်လဲ သူမအရည်အချင်းအစစ်အမှန်ကို မသိတဲ့တခြားလူများရဲ့အမြင်တွင်တော့ အလွန့်, အလွန်ကိုအန္တရာယ်များလွန်းလေသည်။
ထိုတော့မှ လင်ရှောင်းထင် အနည်းငယ်စိတ်သက်သာယာရသွားကာ ကုနင်းလက်ကိုပြန်လည်ဆုပ်ကိုင်လိုက်သည်။ ဒီကမ္ဘာပေါ်တွင် သူလိုချင်သည့်တစ်ဦးတည်းသောလူမှာ သူမသာဖြစ်လေသည်။
အမှန်တကယ်ကို သူမကို ဆုံးရှုံးသွားမည်အား စိုးရိမ်ကြောက်ရွံ့မိလေသည်။
သူတို့နှစ်ယောက် စားသောက်ပြီးသွားတော့ အပြင်ဘက်တွင် မှောင်တောင်မှောင်နေပေပြီ။
ကုနင်းနှင့် လင်ရှောင်းထင်တို့ အပန်းဖြေစခန်းအတွင်း ထပ်မံလျှောက်ပတ်ကြည့်ကာ ပတ်ဝန်းကျင်၏ အသက်ရှူမှားဖွယ် ညမြင်ကွင်းများကို ခံစားနေကြသည်။
ထို့နောက် သူတို့ ရုပ်ရှင်ပြဇာတ်ရုံတစ်ရုံကို သတိထားမိလိုက်ကာ ရုပ်ရှင်တစ်ကားလောက် ဝင်ကြည့်လိုက်ကြသေးသည်။ သူတို့ရုံထဲမှပြန်ထွက်လာတော့ ည၁၀နာရီထိုးခါနီးပြီဖြစ်၍ ဧည့်ကြိုဌာနသို့သွားကာ အခန်းတစ်ခန်းထပ်ငှားလိုက်သည်။ သို့ပေမယ့် မမျှော်လင့်ထားစွာပဲ ဟိုတယ်အခန်းအားလုံး လူပြည့်နေပြီဖြစ်သည်။
"အမ်, ဒီညအတွက် အခန်းအပိုမရှိတော့ဘူးပဲ။ အဆင်ပြေမယ်ဆို ဒီည ကျွန်မအခန်းမှာပဲ အိပ်လိုက်ပါလား? အခန်းထဲမှာ ဆိုဖာတစ်လုံးရှိတယ်။" ကုနင်းစိတ်လှုပ်ရှားနေကာ ထိုစကားကိုပြောဖို့ရန် သူမရဲ့သတ္တိတွေအားလုံးစုစည်းထားရခြင်းဖြစ်သည်။ လင်ရှောင်းထင်ဘက်က သူမကို လွယ်ကူသည့်မိန်းကလေးတစ်ယောက်လို့ ထင်သွားမည်ကိုလဲ မလိုချင်ပေ။
လင်ရှောင်းထင်လဲ အနည်းငယ်စိတ်မသက်မသာခံစားမိသွားပေမယ့် ဒီညအတွက် အခြားအခန်းလွတ်တစ်ခန်းမှ မကျန်တော့ဘဲ။ သူဒီချွမ်လင်းအပန်းဖြေစခန်းကထွက်သွားပြီး တခြားဟိုတယ်မှတည်းရင်တော့ရပေမယ့် အဲ့လိုလဲမလုပ်ချင်တာကြောင့် သဘောတူလိုက်တော့သည်။
အခန်းသို့ပြန်ရာလမ်းတစ်လျှောက်တွင် နှစ်ယောက်လုံး ဒီညကို ဘယ်လိုဖြတ်သန်းကြမလဲဆိုပြီးမတွေးဘဲ မနေနိုင်ခဲ့ပေ။ နှစ်ယောက်လုံးရဲ့ မျက်နှာများနီမြန်းနေကာ ရင်ခုန်သံများလဲ မြန်ဆန်နေပြီး တစ်လမ်းလုံး စကားတစ်ခွန်းပင်မပြောနိုင်ကြပေ။
သို့ပေမယ့်၊ သူတို့နှစ်ယောက်သည် အခုချိန်တွင် ချစ်သူရည်းစားများဖြစ်နေပြီဖြစ်တာကြောင့် အခုလို တစ်ခန်းထဲတွင် အတူနေခြင်းက ပုံမှန်သာဖြစ်လေသည်။
အကယ်၍ သူတို့အတူအိပ်ခဲ့မည်ဆိုလျှင်ပင် နှစ်ယောက်လုံးမှာ အချင်းချင်းချစ်နေကြသည့်လူများဖြစ်ခြင်းကြောင့် ကိစ္စကြီးတစ်ခုမဟုတ်တော့ပေ။
သူတို့အခန်းထဲသို့ဝင်လိုက်ချိန်တွင်ပဲ ကုနင်းကနေပြီး,
"ရှင့်အရပ်ကရှည်တော့ အိပ်ရာပေါ်မှာအိပ်လိုက်ပါ။ ကျွန်မ ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်။"
"မင်းပဲ အိပ်ရာနဲ့အိပ်လိုက်ပါ၊ ကိုယ်ဆိုဖာပေါ်မှာပဲ အိပ်မယ်။" လင်ရှောင်းထင်ကတော့ အဘယ်သို့ ကုနင်းကို ဆိုဖာပေါ်တွင် အိပ်ခွင့်ပြုမည်နည်း။ ဆိုဖာက သက်သောင့်သက်သာမရှိဘူးလေ။
"ဒါပေမယ့် ဆိုဖာက ရှင်နဲ့ဆို အရမ်းသေးနေမှာ။" ကုနင်းထပ်ပြောလိုက်သည်။
"ရပါတယ်။ " လင်ရှောင်းထင်ပြောပြီးသည်နှင့် ဆိုဖာဆီသို့လျှောက်သွားကာ ထိုင်ချလိုက်သည်။
"စောင်အပိုလဲ မရှိတော့ဘူး။" ကုနင်းရုတ်တရက်သတိရသွားလိုက်သည်။
"ကိစ္စမရှိပါဘူး။ အဲကွန်းဖွင့်ထားတာပဲ။ ကိုယ်မအေးပါဘူး။" လင်ရှောင်းထင်ပြန်ပြောလိုက်သည်။
"အိပ်ရာပေါ်မှာပဲ ကျွန်မတို့အတူတူအိပ်ကြရင်ကော?" ကုနင်းသတိလက်လွတ်ပြောလိုက်မိပြီးကာမှ သူမစကားကိုသူမပြန်ထိတ်လန့်သွားရသည်။
လင်ရှောင်းထင်သည်လဲ ခနမျှကြောင်အသွားခဲ့ပြီးနောက် သူ့တစ်ကိုယ်လုံးမှသွေးများအကုန် လျှင်မြန်စွာစီးဆင်းသွားသလိုခံစားလိုက်ရပြီး ကုနင်းကို ထပ်ပြီးတောင်မကြည့်ရဲတော့ပေ။
ကုနင်းထိုတော့မှ ထပ်ပြီး၊
"အိပ်ရာက နှစ်ယောက်စာမကတော့ ကျယ်ပါတယ်။"
ပြောရမည်ဆိုလျှင် အကယ်၍သူမတို့နှစ်ယောက် တစ်ကုတင်တည်းအိပ်မည်ဆိုလျှင်ပင် တစ်ယောက်နှင့်တစ်ယောက်ထိနေမည်မဟုတ်ပေ။
လင်ရှောင်းထင် ဆုံးဖြတ်ချက်ချဖို့ရန် အတော်လေးခက်ခက်ခဲခဲကြိုးစားလိုက်ရသည်။ သူ ကုနင်းနှင့်နီးစပ်ချင်တယ်ဆိုပေမယ့်လဲ သူမကြောက်ရွံ့သွားမှာမျိုးကို မလိုချင်ခဲ့ပေ။ နောက်ဆုံးမှာတော့ လင်ရှောင်းထင်လဲ သဘောတူလိုက်တော့သည်။
ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ သူတို့အပေါ်ထပ်ကုတ်အင်္ကျီများကိုသာ ချွတ်ပြီး အိပ်ရာထက်တွင် အတူတကွလဲလျောင်းလိုက်ကြသည်။
ညအိပ်မီးအိမ်ကိုတော့ ဖွင့်ထားသည့်အတွက် အလင်းရောင်ဖျော့ဖျော့လေးထွန်းလင်းနေလေသည်။ အခုချိန်က အရမ်းစောနေလို့လား၊ သူတို့ပဲ အရမ်းစိတ်လှုပ်ရှားနေ၍ပဲလားမသိ သူတို့နှစ်ယောက်လုံးအိပ်လို့မပျော်ကြပေမယ့် စကားတော့တစ်ယောက်မှမပြောကြပေ။
ရုတ်တရက် ကုနင်းဘေးနားရှိစားပွဲပေါ်မှ ဖုန်းက တုန်ခါလာခဲ့သည်။ ညအချိန်က အလွန်တိတ်ဆိတ်နေတာကြောင့် ကုနင်းတောင် ထိုအသံကို ကြားလိုက်ရတော့ လန့်တောင်လန့်သွားခဲ့ရသည်။
ဖုန်းခေါ်ဆိုသူကတော့ စစ်ထူယဲ့ပင်။ ဘာလို့ ညဘက်ကြီး သူကဖုန်းဆက်ရတာလဲ?
"ဟလို၊ လူကြီးမင်းစစ်ထူ။" ကုနင်းဖုန်းပြန်ဖြေလိုက်သည်။
လင်ရှောင်းထင်ချက်ချင်းပဲ ခြိမ်းခြောက်ခံရသည့် ခံစားချက်မျိုးရလာခဲ့သည်။
"ဟေ့, မင်းအခုအိမ်မှာလား? ကိုယ်အခု Fမြို့မှာ။ ညခင်းမုန့်အတူသွားစားရင်မကောင်းဘူးလား?" စစ်ထူယဲ့ဘက်က ဖိတ်ခေါ်လိုက်သည်။
"အိုး, ဘယ်လိုလုပ်မလဲ! ကျွန်မအခုအိမ်မှာမဟုတ်ဘူး။ Dမြို့ကိုရောက်နေတာ။" ကုနင်းပြန်ဖြေလိုက်သည်။
လင်ရှောင်းထင်ကတော့ ကုနင်း၏ပြန်ဖြေသံကြောင့် မကျေမနပ်ဖြစ်သွားသည်။
စစ်ထူယဲ့လဲ စိတ်ပျက်မိသွားရသည်။ သူFမြို့ကို လာခဲ့ခြင်းက ကုနင်းနှင့် တွေ့ချင်၍ဖြစ်ပေမယ့် သူမကတော့ မရှိနေပေ။ သူထင်ထားတာ ကုနင်း Gမြို့မှာသာမရှိလျှင် သေချာပေါက် Fမြို့တွင်ရှိနေမည်ပေါ့။
"မင်းဘယ်တော့ပြန်လာမှာလဲ?" စစ်ထူယဲ့ထပ်မေးလိုက်တော့ ကုနင်းက၊
"မနက်ဖြန်ပါ။"
ဒီတော့ စစ်ထူယဲ့လဲ, "ကောင်းတာပေါ့၊ ဒါဆိုမနက်ဖြန် မင်းပြန်ရောက်ရင် အတူညစာစားကြတာပေါ့။"
"ကောင်းပြီလေ။" ကုနင်းလဲ မနက်ဖြန်အားနေတာကြောင့် ငြင်းမနေတော့ပေ။
ကုနင်း စစ်ထူယဲ့ထံမှဖုန်းလာကတည်းက လင်ရှောင်းထင် စိတ်မကြည်မှန်းသိပေမယ့် ထိုလူဘာကြောင့် ဒီလောက်တောင် မကျေမနပ်ဖြစ်နေရလဲဆိုတာကို သူမစဉ်းစားလို့ပင်မရ။ သူမနဲ့ စစ်ထူယဲ့ဆိုတာ သာမာန်သူငယ်ချင်းတွေပဲလေ။
***
အခန်း ၂၃၃
ဘာလို့ အကူအညီမတောင်းတာလဲ?
ကုနင်းသည်လဲ အဆက်အသွယ်ကောင်းများတည်ဆောက်ရမည်ဖြစ်၍ နောက်ထပ်ယောက်ျားများနှင့် တွေ့ဆုံခြင်းကို ရပ်တန့်ပစ်လို့မရနိုင်ပေ။
ကုနင်း လင်ရှောင်းထင်ဘက်ကို လှည့်ကာ မေးလိုက်သည်၊
"ရှင် ကျွန်မမှာ ယောကျ်ားလေးမိတ်ဆွေတွေရှိနေလို့ သဝန်တိုနေတာလား?"
"သူက မင်းကို ပိုးပန်းနေတာ?" လင်ရှောင်းထင် သူသဝန်တိုနေသည်ဆိုသည့်အချက်ကို မငြင်းဆန်ခဲ့ပေ။ အကယ်၍ စစ်ထူယဲ့ဘက်ကသာ ကုနင်းကို မပိုးပန်းဘူးဆိုလျှင် သူလဲ သဝန်တို့အကြောင်းမရှိပါ။
"ဘာ? မဖြစ်နိုင်တာ!" ကုနင်း အနည်းငယ် အံ့ဩသွားရသည်။ စစ်ထူယဲ့က သူမကို မတွဲခွဲပြားစွာ ဆက်ဆံမှုရှိနေတယ်လို့ မသိတာကြောင့် မယုံကြည်ပေ။
"ရှင်ကဘယ်လိုလုပ်သိတာလဲ?" ကုနင်းမေးကြည့်လိုက်သည်။
"ယောက်ျားတစ်ယောက်ရဲ့ပင်ကိုအသိကြောင့်," လင်ရှောင်းထင် ယုံကြည်မှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။
"ဟ-ဟ," ကုနင်းကတော့ အကျယ်ကြီးသာအော်ရယ်လိုက်မိတော့သည်။ အကယ်၍ စစ်ထူယဲ့ဘက်က သူမကို ပိုးပန်းမည်ဆိုလျှင်ပင် လက်ခံမည်မဟုတ်ပေ။
"ရှင့်ကိုယ်ရှင် ယုံကြည်ချက်မရှိတာလား? ဒါမှမဟုတ် ကျွန်မကို မယုံကြည်တာလား?" ကုနင်းနောက်ရုံသာ နောက်လိုက်ချင်းပင်။
လင်ရှောင်းထင် ကုနင်းကို စိုက်ကြည့်နေခဲ့ပေမယ့် တိတ်ဆိတ်မြဲတိတ်ဆိတ်နေကာ သူကိုယ်တိုင်လဲ ထိုမေးခွန်းအတွက်အဖြေကို မသိပေ။
ကုနင်းလဲ အခုလင်ရှောင်းထင်စိတ်ထဲဘာဖြစ်နေသည်ကို သိ၏။ အကယ်၍ လင်ရှောင်းထင်ဘက်ကသာ သူမကို မယုံကြည်ဘူးဆိုလျှင်လဲ အပြစ်တင်မည်မဟုတ်ပေ။ သူမတို့နှစ်ယောက်တွဲတာက အချိန်ခနလေးပဲရှိသေးတာကြောင့် သူ့ဘာသူ ပြန်လုယူခံရနိုင်လောက်သည်ဟု တွေးမိနေခြင်းက သာမာန်သာဖြစ်လေသည်။
အကယ်၍ ကုနင်းလဲ လင်ရှောင်းထင်နှင့် သိပ်မရင်းနှီးနေဘူးဆိုလျှင် ဒီလို ဆွဲဆောင်မှုရှိကာ ချောမောလှသည့်ယောကျ်ားကြောင့် ထိတ်လန့်ကြောက်ရွံ့မှုများကို ခံစားနေရနိုင်ပါသည်။
"ရှင်ကျွန်မကို သစ္စာမဖောက်သ၍ ကျွန်မဘက်ကလဲ ရှင်နာကျင်အောင်မလုပ်ဘူး။" ကုနင်းရိုးရိုးသားသားနှင့် လင်ရှောင်းထင်၏စိုးရိမ်ပူပန်မှုများ လျော့ကျအောင် ကတိပေးလိုက်သည်။ ထို့နောက် လင်ရှောင်းထင်နားကို ချဉ်းကပ်လိုက်ကာ အနမ်းဖွဖွတစ်ခုပေးအပ်လိုက်လေသည်။
သို့ပေမယ့် လင်ရှောင်းထင်သည်တော့ ကုနင်းကို ပြန်မလွှတ်ပေးပဲ အားပြင်းပြင်းနှင့် နမ်းရှိုက်လိုက်သည်။ လင်ရှောင်းထင်က အနမ်းပေးရာမှာ ကျွမ်းကျင်သူတစ်ယောက်တော့မဟုတ်ပေမယ့် မကြာခင်တွင်ပဲ အဆင်ပြေပြေလုပ်ဆောင်နိုင်သွားလေသည်။
အခုက ကုနင်းအတွက် ပထမဆုံးအကြိမ် ယောကျ်ားတစ်ယောက်နှင့် နီးနီးကပ်ကပ်နေခြင်းဖြစ်ပြီး သူမအားအင်တွေအားလုံး ပျောက်ဆုံးသွားသလိုခံစားနေရလေသည်။ လင်ရှောင်းထင်ကတော့ အနမ်းလောက်နှင့် ကျေနပ်ပုံမပေါ်ဘဲ အဆင့်ဆက်တက်ရန်ကြိုးစားနေတော့လေသည်။
ကုနင်းကတော့ လင်ရှောင်းထင်နှင့် အဆင့်ဆက်တက်ဖို့အထိ သူမစိတ်ကို မပြင်ဆင်ရသေးတာကြောင့် ငြင်းဆန်ဖို့ကြိုးစားလိုက်ပေမယ့် ကိုယ်ခန္ဓာကတော့ သူမအလိုကို မလိုက်နေကာ ဆက်လက်လိုက်လျောနေမိတော့သည်။
တခနနေတော့ အပြင်ဘက်အခြားအခန်းမှ တံခါးပိတ်သံတစ်ခုကြောင့် လင်ရှောင်းထင် လန့်သွားကာ အသိစိတ်ပြန်ဝင်သွားတော့သည်။ ဟိုတယ်သည် အဆင့်မြင့်ကာ အသံလုံစနစ်လဲအလွန်ကောင်းမွန်ပေမယ့် လင်ရှောင်းထင်၏ အကြားအာရုံနှင့်ယှဉ်၍တော့မရပေ။
ထို့နောက် ကုနင်း၏ နီမြန်းကာ ဖူးယောင်စပြုနေပြီဖြစ်သည့် နှုတ်ခမ်းနှစ်လွှာကို မြင်လိုက်ရတော့ လင်ရှောင်းထင် အလွန်ထိတ်လန့်သွားကာ,
"နင်းနင်း, ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်...."
"ရပါတယ်။" ကုနင်း သက်ပြင်းအရှည်ကြီးချလိုက်ကာ သူမစိတ်ကိုသူမတည်ငြိမ်အောင် ပြန်တည်ဆောက်လိုက်သည်။ အကယ်၍ ထို့ထက်အဆင့်ဆက်တက်သွားမည်ဆိုလျှင်ပင် သူမစိတ်ဆိုးမည်မဟုတ်ဘဲ အခုလက်ရှိက သူမစိတ်ကို သူမမပြင်ဆင်ထားရသေးရုံသာဖြစ်သည်။
လင်ရှောင်းထင်သည်တော့ ဆက်မလုပ်ရဲတော့ပဲ ကုနင်းကို သူ့လက်မောင်းထက်ခေါင်းအုံးစေကာ အိပ်ပျော်ရန်ကြိုးစားနေတော့သည်။ သို့ပေမယ့် အခုလိုမျိုးပြင်းပြင်းပြပြ အနမ်းဖလှယ်ပြီးနောက်တွင်တော့ ယောကျ်ားတစ်ယောက်အတွက် အိပ်ပျော်ရန်အလွန်ပင်ခက်ခဲလှပေသည်။ ကုနင်းသည်တော့ အချိန်ခနအတွင်း အိပ်ပျော်သွားခဲ့ပေမယ့် သူကတော့ အတော်လေးနောက်ကျသည်အထိ အိပ်မပျော်နိုင်ခဲ့ပေ။
နောက်တစ်နေ့မနက်ခင်းတွင်,
လင်ရှောင်းထင်မှာ ကြမ်းပြင်နှင့်တစ်ဆက်တည်းရှိနေသည့် ပြတင်းပေါက်တစ်ခုရှေ့တွင် ရပ်နေကာ ကုနင်းနိုးလားလျှင် ဘယ်လိုစကားပြောရင်ကောင်းမလဲ ဆိုသည့်အကြောင်းကို စဉ်းစားနေလေသည်။
"ရှင်ဘာတွေစဉ်းစားနေတာလဲ?" ကုနင်း နိုးလာကာမေးလိုက်သည်။
လင်ရှောင်းထင်လဲ သူမဘက်သို့လှည့်လိုက်ကာ,
"ဘာမှမဟုတ်ပါဘူး။ မင်းမနက်စာကို ဒီမှာပဲစားချင်လား အပြင်ထွက်စားချင်လား?
"အပြင်ထွက်စားတာပေါ့။ လေယာဉ်က မနက် ၉နာရီခွဲမှဆိုတော့ လေဆိပ်မသွားခင်စားလို့ရတာပဲ။"
ထို့နောက် သူတို့ပစ္စည်းများသိမ်းကာ စားသောက်ဆိုင်သို့သွားပြီး မနက်စာစားလိုက်ကြသည်။
ကုနင်းမနက်စာစားပြီးသွားတော့ ကေ့ကိုဖုန်းဆက်လိုက်ကာ သူမFမြို့သို့ပြန်တော့မည့်အကြောင်း ပြောလိုက်သည်။
ကေက လေဆိပ်သို့လိုက်ပို့ပေးရန် ကမ်းလှမ်းလာခဲ့ပေမယ့် ကုနင်းပြန်ငြင်းလိုက်လေသည်။
ကုနင်း လင်ရှောင်းထင်ကို ရှောင်ပြီး ဖုန်းပြောခဲ့ခြင်းမဟုတ်တာကြောင့် သူသည်လဲ ကုနင်းDမြို့သို့လာရခြင်းအကြောင်းကို သိသွားခဲ့ပေပြီ။
ဖုန်းချပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် အံ့ဩစွာဖြင့် ကုနင်းကိုမေးလိုက်မိသည်၊
"မင်းရောဂါကိုလဲ ကုပေးနိုင်တာပဲလား?"
"ဟုတ်တယ်၊" ကုနင်းငြင်းလဲမငြင်းသလို ထပ်ပြီးလဲ ရှည်ရှည်ဝေးဝေးရှင်းပြမနေပေ။
သို့ပေမယ့် လင်ရှောင်းထင်တော့ ကုနင်း Dမြို့ကိုလာခြင်းက ဖုန်းထဲကအမျိုးသားနှင့် အပေးအယူလုပ်ဖို့လာခြင်းဖြစ်ကြောင်း သိလိုက်ရတာကြောင့် မကျေမနပ်ဖြစ်သွားကာ,
"မင်းတစ်ခုခုကို စုံစမ်းချင်တာပဲ၊ ဘာလို့ကိုယ့်ကို အကူအညီမတောင်းရတာလဲ?"
ကုနင်းပြန်ရှင်းပြလိုက်ရသည်၊
"ရှင် ကျွန်မကို အများကြီးကူညီထားပြီးပြီလေ ဒါပေမယ့် ကျွန်မ ရှင့်အပေါ်ပဲ အမြဲတမ်းမမှီခိုနေနိုင်ဘူး။ ပြီးတော့ ကျွန်မမှာ အကူအညီဖြစ်မယ့် လက်ထောက်တစ်ယောက်လိုသေးတယ်။ သူက နာမည်ကြီးဟက်ကာ ကေပဲ။ သူကျွန်မကို ကူညီပေးဖို့ ဆန္ဒရှိနေတာကတင် ကျွန်မအတွက် အတော်လေးကောင်းကျိုးဖြစ်နေပြီ။"
ဒါကြောင့် လင်ရှောင်းထင်လဲ အတင်းအကြပ်ထပ်မပြောနေတော့ပေ။
ကုနင်းက စီးပွားရေးတစ်ခုစလုပ်နေခြင်းဖြစ်၍ အရည်အချင်းရှိသူများလိုအပ်နေကြောင်း လင်ရှောင်းထင်လဲသိတာကြောင့် သူမကျွမ်းကျင် ဝန်ထမ်းများငှားရမ်းခြင်းနှင့် အဆက်အသွယ်ကောင်းများ တည်ဆောက်ခြင်းကို သူမပိတ်ပင်ချင်ပေ။ သူလုပ်နိုင်သည်က ကုနင်းလိုအပ်သမျှ အကူအညီကိုပေးကာ သူမကိုလာပိုးပန်းသည့် ယောကျ်ားများရန်မှ ကာကွယ်ရန်ဖြစ်ပေသည်။
.............
သူတို့ Fမြို့သို့ပြန်ရောက်တော့ အရင်ဆုံး စားသောက်ဆိုင်တစ်ခုတွင် နေ့လည်စာသွားစားလိုက်ကြသည်။
စားသောက်ပြီးသွားတော့ လင်ရှောင်းထင်မှာ ကုနင်းနှင့် မခွဲချင်သေးတာကြောင့် ကုနင်းချက်ချင်းအိမ်မပြန်သေးဘဲ လင်ရှောင်းထင်နှင့်အတူ ရှေးဟောင်းဈေးသို့သွားလိုက်သည်။
သူမ ရှေးဟောင်းဈေးသို့မသွားတာ အလွန်ကြာနေပြီဖြစ်၍ ထိုလမ်းမှနေ ရှေးဟောင်းပစ္စည်းအစစ်အမှန်များကို မတော်တဆရွေးချယ်မိခဲ့သည့်အချိန်များကိုပင် လွမ်းနေမိပြီဖြစ်သည်။ လင်ရှောင်းထင်ကတော့ ကုနင်းနှင့်သာအတူ ရှိရမည်ဆိုလျှင် ဘယ်နေရာဖြစ်ဖြစ်ပြောနေစရာမလိုဘဲ လိုက်မည်ဖြစ်သည်။
ထို့နောက် လင်ရှောင်းထင်တစ်စုံတစ်ယောက်ထံဖုန်းဆက်လိုက်ကာ သူ့ကိုကားလာပို့ပေးရန်ပြောလိုက်သည်။ ၁၀မိနစ်လောက်နေလျှင်ပဲ ကားတစ်စီးချကချင်းရောက်လာခဲ့ကာ လင်ရှောင်းထင်ကိုယ်တိုင်မောင်း၍ ကုနင်းနှင့်အတူ ရှေးဟောင်းဈေးသို့သွားလိုက်သည်။
လမ်းရောက်တော့ ကုနင်း ကုမန့်ထံဖုန်းဆက်လိုက်ကာ Fမြို့သို့ပြန်ရောက်နေပြီဖြစ်ပေမယ့် ညမှသာအိမ်ပြန်လာမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
ရှေးဟောင်းဈေးကတော့ ကုနင်းပထမဆုံးအကြိမ်လာခဲ့တုန်းကနှင့် ကွာခြားသွားခြင်းမရှိဘဲ ပစ္စည်းအတုများပေါများနေကာ အစစ်တစ်ခုလောက်ရှာတွေ့ဖို့ပင် အလွန်ခက်ခဲလေသည်။
"မင်းရှေးဟောင်းပစ္စည်းတွေကိုသဘောကျတာလား?" ကုနင်းပစ္စည်းများကို လေ့လာနေသည်ကိုတွေ့၍ လင်ရှောင်းထင်မေးလိုက်သည်။
"ဟုတ်တယ်။"
"ကိုယ်မှာ နည်းနည်းပါးပါးရှိတယ်၊ နောက်မှ မင်းအတွက်ပို့ပေးလိုက်မယ်။" ကုနင်းသဘောကျသည်ကို သိလိုက်သည်နှင့် လင်ရှောင်းထင်ချက်ချင်းပြောလိုက်သည်။
"ထားပါ၊ ကျွန်မက ဒီလိုအတုတွေကြားကနေ ပစ္စည်းအစစ်ကို ကိုယ်တိုင် ရွေးချယ်စူးစမ်းရတာကိုပဲကြိုက်တာ။ စုဆောင်းရတာကြိုက်တာမဟုတ်ဘူး။" ကုနင်းပြန်ပြောလိုက်သည်။
***
အခန်း ၂၃၄
မက်မွန်သီး၉လုံးနှင့် လင်းနို့၅ကောင်ပုံပါသည့် ဆေးပန်းချီချယ်ပန်းကန်ပြားတစ်ချပ်
အချိန်အတော်ကြာ ရှေးဟောင်းဈေးထဲသို့ လျှောက်ပတ်ကြည့်ပြီးနောက်တွင်တော့ ကုနင်း ပစ္စည်းတစ်ခုထံမှ စွမ်းအင်အငွေ့အသက်များကို သတိပြုမိလိုက်သည်။
အဖြူရောင်ပန်းကန်ပြားမှာ အလွန်ကြည်လင်ကာ အပြစ်အနာအဆာမရှိ ချောမွေ့ပြီး ယုံကျန့်ဆေးရေးပန်ချီ၏ခမ်းနားထည်ဝါလှသည့် ပြယုဂ်တစ်ခုပင်ဖြစ်သည်။ ပန်းကန်ပြား၏နောက်ခံအရောင်နှင့် ပန်းချီဆွဲထားသည့် အရောင်နှစ်မျိုးသည် လိုက်ဖက်ညီကာ သန့်စင်သည့်အရောင်များဖြစ်ပြီး တော်ဝန်ဆန်ကာ လှပမှုကိုလဲ ထင်ဟပ်ပြသထားသည်။ ထို့ကြောင့် လူအများက ထိုပန်းကန်ကို အတုလို့ထင်နိုင်ပြီး ပန်းကန်အောက်ခြေတွင်လဲ အဖြူရောင်နှင့် အပြာရောင်ဆေးဖြင့် ယုံကျန့်ကာ, ချင်ခတ်ဟု ဒေါင်လိုက်စာတန်းရေးထိုးထားတာတောင်မှ အပြင်လူတစ်ယောက်သာဆိုလျှင် အစစ်ဖြစ်နိုင်မည်ဟု လုံးဝယုံကြည်မည်မဟုတ်ပေ။
ပန်းကန်ရှိ ပန်းချီများမှာ အနည်းငယ်မှိန်နေကာ အချိန်ကြာမြင်ခဲ့ပြီးဖြစ်ကြောင်း သိသာနေစေသည်။ မက်မွန်သီးများ၏အရောင်မှာနီနေတုန်းပေမယ့် အရမ်းတော့ မတောက်ပနေတော့ဘဲ ဝါရာမှ အနီသို့ သဘာဝကျကျ ပြောင်းလဲသည့်သဏ္ဍာန်ပေါ်နေတုန်းပင်။
ပန်းချီစုတ်ချက်တိုင်းသည်လဲ တိကျသေသပ်ကာ အမှားကင်းပြီး အဖိုးတန်လှလေသည်။
မက်မွန်ပွင့်များသည်တော့ ပွင့်ဖက်ရှည်ရှည်လေးများဖြင့် ထိပ်ပိုင်းတွင် အရောင်တောက်ပနေကာ အတွင်းသို့ရောက်လေ တဖြည်းဖြည်းနှင့်မည်းနက်လာလေဖြစ်သည်။ သစ်ရွက်များသည်တော့ ထိပ်ပိုင်းတွင် စိမ်းကာ အရင်းပိုင်းသို့ရောက်လောက် နက်ပြာရောင်သန်းလာလေဖြစ်ပြီး အလင်းပြန်မှုအောက်ရှိ အရောင်ကွဲပြားသွားမှုကို အနုစိတ်ဖော်ပြထားလေသည်။ ထိုသစ်ရွက်များသည် နီညိုရောင်ရှိသည့် လင်းနို့များနှင့်လဲ လိုက်ဖက်ညီစွာတည်ရှိနေသည်။
ကုနင်း ထိုပန်းကန်ပြား၏ဈေးကို မေးကြည့်တော့ ယွမ်၂ထောင်တည်းကျသင့်တာကြောင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ငွေရှင်းလိုက်တော့သည်။
လင်ရှောင်းထင်က ကုနင်းအတွက် အစားငွေရှင်းပေးချင်ပေမယ့်လဲ ကုနင်းငြင်းလိုက်လေသည်။ အကယ်၍ လင်ရှောင်းထင်သာ ထိုပစ္စည်းအတွက် ငွေရှင်းပေးလိုက်လျှင် ပထမသူမပြောခဲ့သည့် စကားများက အဓိပ္ပါယ်မဲ့ဖြစ်သွားပေမည်။
ပန်းကန်ပြားကိုရပြီးသည်နှင့် ကုနင်းနှင့် လင်ရှောင်းထင်တို့ ဆက်ပြီးလျှောက်လာကြသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့သွားပြီး စက္ကန့်ပိုင်းလောက်မှာပဲ သက်လတ်ပိုင်းလူကြီးတစ်ယောက်သည် အသက်၇၀ ဝန်းကျင်အရွယ်ရှိလူကြီးတစ်ယောက်နှင့် အလျင်အမြန်ရောက်ရှိလာကြလေသည်။ သူတို့နှစ်ယောက်လုံး ကုနင်းဆေးချယ်ပန်းကန်ပြားဝယ်သွားသည့် ဆိုင်ရှေ့တွင် ရပ်လိုက်ကြသည်။
"ဆရာ၊ ဒီဟာက....." သက်လတ်ပိုင်းလူကြီးက စကားစလိုက်ပေမယ့် သူ့စကားမဆုံးလိုက်ခင်တွင်ပဲ ပစ္စည်းထားရာစင်ပေါ်သို့ကြည့်ကာ ဆွံ့အသွားရတော့သည်။ ထို့နောက်ထိတ်လန့်သွားကာ အသံမြှင့်ပြီး အော်မေးလိုက်သည်၊
"ဒီပေါ်က မက်မွန်သီး၉လုံးနှင့် လင်းနို့၅ကောင်ပုံပါသည့် ဆေးပန်းချီချယ်ပန်းကန်ပြားဘယ်ရောက်သွားတာလဲ?"
ထိုလူဘာကြောင့် ဒီလောက်ထိတ်လန့်သွားရတယ်ဆိုတာကိုတော့ ဆိုင်ရှင်နားမလည်နိုင်ပေမယ့် ထိုလူ့ဘေးမှာရပ်နေသည့် လူကြီးကိုတော့ သူသိသည်။ သူက ပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး ရှေးဟောင်းလက်ရာအဖွဲ့အစည်း၏ခေါင်းဆောင်လဲဖြစ်သည့် ကုချန်ကျန်းဖြစ်သည်။
သက်လတ်ပိုင်းလူကြီးသည်တော့ မကြာခင်အချိန်တုန်းက ထိုပစ္စည်းစင်နားကိုပဲ လာခဲ့သေးကာ မက်မွန်သီး၉လုံးနှင့် လင်းနို့၅ကောင်ပုံပါသည့် ဆေးပန်းချီချယ်ပန်းကန်ပြားကို အချိန်အတော်ကြာစိုက်ကြည့်နေခဲ့ပေမယ့် အဆုံးတွင်တော့ ပြန်ထွက်သွားခဲ့သည်။ အခုတော့ သူက ကျွမ်းကျင်ရှေးဟောင်းပစ္စည်းစစ်ဆေးသူတစ်ယောက်ကို ခေါ်ကာ ပြန်လာခဲ့သည်။ ထိုတစ်ခနတွင်ပဲ ဆိုင်ရှင်၏စိတ်ထဲသို့ မက်မွန်သီး၉လုံးနှင့် လင်းနို့၅ကောင်ပုံပါသည့် ဆေးပန်းချီချယ်ပန်းကန်ပြားမှာ ရှေးဟောင်းပစ္စည်းအစစ်ဖြစ်နိုင်သည်ဆိုသည့် အတွေးတစ်ခုဝင်လာခဲ့၏။
"ဟေ့လူ, ကျုပ်ခင်ဗျားကို မေးနေတယ်လေ!" သက်လတ်ပိုင်းအမျိုးသားမှာ ထပ်မံမေးမြန်းလိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ဆိုင်ရှင်ချက်ချင်းပြန်ဖြေလာသည်။
"အဲ့ဒါကို အခုလေးတင်ပဲ ရောင်းလိုက်ပြီ။"
"ဘာပြောတယ်?" သက်လက်ပိုင်းလူကြီးမှာ အမှန်တရားကို လက်မခံနိုင်ခဲ့ပေ။ ထိုပန်းကန်ပြားက အစစ်ဖြစ်ပါမယ်လို့ သူအပြည့်အဝသေချာမပြောနိုင်ပေမယ့် အစစ်ဖြစ်နိုင်ချေရှိကြောင်းကိုတော့ ယုံကြည်လေသည်။ ဒါကြောင့်ပဲ သူ့ရဲ့ဆရာကိုပြန်ခေါ်ပြီး ထပ်မံလာရောက်ခဲ့ခြင်းဖြစ်သည်။ သို့ပေမယ် မိနစ်ပိုင်းလေးအတွင်းမှာပဲ ထိုဆေးချယ်ပန်းကန်ပြားကို ရောင်းထွက်သွားပြီတဲ့လား? ဒါက သူ့အတွက်တော့ အဆိုးရွားဆုံးသတင်းတစ်ခုပင်ဖြစ်သည်။
ဆိုင်ရှင်သည်တော့ သက်ပြင်းသာချမိတော့သည်။ သူကိုယ်တိုင်လဲ ဘာတွေဖြစ်နေမှန်း သေချာမတွေးတတ်တော့ပေ။ အဲ့ဒီ့ ဆေးချယ်ပန်းကျန်ပြားက အစစ်တဲ့လား? တကယ်သာ အစစ်ဆိုလျှင် ကြွယ်ဝချမ်းသာနိုင်မယ့် အခွင့်အရေးကို သူလက်လွှတ်လိုက်ရသည်ပဲ။ ဆိုင်ပိုင်ရှင်မှာ အလွန်နောင်တရနေမိသည်။
"ဘယ်သူဝယ်သွားတာလဲ?" ဝယ်သွားသည့်လူက ဒီနားတစ်ဝိုင်တွင်ပဲ ရှိနေဦးလောက်မည်ဖြစ်တာကြောင့် သက်လတ်ပိုင်းအရွယ်လူကြီးမေးလိုက်သည်။
"ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်နဲ့ လူငယ်လေးပဲ။" ဆိုင်ရှင်ကပြန်ဖြေလိုက်သည်။
ဒီတော့ သက်လတ်ပိုင်းလူကြီးက ထပ်ပြီး,
"သူတို့ ဘယ်ဘက်ကို ထွက်သွားတာလဲ?"
"ညာဘက်ကိုပါ။"
"ဆရာ, သူတို့နောက်ကိုလိုက်ရအောင်။ အခုချိန်သွားရင် မှီနိုင်ဦးမယ်ထင်တယ်။" လူလတ်ပိုင်းကြီးကပြောလိုက်သည်။
သူတို့နှစ်ယောက်က ဆေးချယ်ပန်းကန်ပြားကို ရှေးဟောင်းပစ္စည်းစုဆောင်းသည့်ထဲထည့်လိုခြင်းဖြစ်သည်။
"ခနလေး။" သူတို့ထွက်သွားခါနီးကျတော့ ဆိုင်ရှင်က ချက်ချင်းပဲ လှမ်းတာလိုက်ကာ,
"အဲ့ဒီ့ပန်းကန်ပြားက ရှေးဟောင်းပစ္စည်းအစစ်လား?"
"မသေချာသေးဘူး။" လူလတ်ပိုင်းကြီးလဲ ပြန်ဖြေပြီးသည်နှင့် ဆိုင်ရှင်ကို လျစ်လျူရှုလိုက်ကာ ချက်ချင်းပဲ ကုချန်ကျန်းနှင့်အတူ ထွက်သွားတော့သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့က ဖြည်းဖြည်းပဲ လမ်းလျှောက်နေခြင်းဖြစ်တာကြောင့် ခနအတွင်းတွင်ပဲ လူလတ်ပိုင်းကြီးနှင့် ကုချန်ကျန်းတို့လိုက်မှီသွားတော့သည်။ ကုနင်းက ဆေးချယ်ပန်းကန်ပြားကို လက်ထဲတွင်ပဲ ကိုင်ထားတာကြောင့် သူတို့ချက်ချင်းသတိထားမိသွားခြင်းပင်။
"ခနလေးနေပါဦး။" လူလတ်ပိုင်းကြီးက ကုနင်းတို့လမ်းကို ပိတ်ရပ်ကာ ယဉ်ကျေးစွာပြောနေတယ်ဆိုပေမယ့်လဲ သူ့တွင် အချိန်ဖြုန်းဖို့မရှိနေပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့လဲ ရပ်လိုက်ကာ ထိုလူကြီးတွင် အလျင်လိုစရာတစ်ခုခုရှိနေလိမ့်မယ်လို့ တွေးလိုက်မိသည်။
သို့ပေမယ့် ထိုလူလတ်ပိုင်းကြီးနားတွင် ရပ်နေသည့် ကုချန်ကျန်းကို ကုနင်းသတိထားမိသွားကာ ဘာလို့တားရလဲဆိုသည့်အကြောင်းကို ချက်ချင်းနားလည်သွားတော့သည်။
"ဆရာကြီးကု, တွေ့ရတာဝမ်းသာပါတယ်။" ကုနင်း အရင်စပြီး နှုတ်ဆက်လိုက်သည်။
"မင်းငါ့ကိုသိလို့လား?" ကုချန်ကျန်းလဲ အံ့ဩမိသွားသည်။ ကုနင်းကို သူရင်းနှီးသလိုခံစားရပေမယ့်လဲ ဘယ်နေရာမှာတွေ့ဖူးခဲ့တယ်ဆိုတာကိုတော့ လုံးဝမမှတ်မိနိုင်သေးပေ။
ကုနင်း ပြုံးလိုက်ကာ,
"ကျွန်မတို့ ဆရာကြီးချင်ရဲ့မွေးနေ့ပွဲမှာတွေ့ခဲ့ကြသေးတယ်လေ။ ကျွန်မက ကုနင်းပါ။"
"အိုး! အဲ့ဒါမင်းပဲ။" ကုချန်ကျန်းလဲ ထိုတော့မှ ပြန်မှတ်မိသွားခဲ့တော့သည်။ ထိုအချိန်တုန်းက ကုနင်းမှာ မိတ်ကပ်အပြည့်အစုံလိမ်းချယ်ထားပြီး အခုချိန်တွင်တော့ ဘာမိတ်ကပ်မှမလိမ်းထားတာကြောင့် အစတုန်းကို ချက်ချင်း ကုနင်းကို မမှတ်မိလိုက်မိခြင်းဖြစ်သည်။ သို့ပေမယ့် နာမည်ကိုတော့ မှတ်မိနေသေးသည်။
"ဆရာကြီး ကျွန်မကို လာရှာတာက ဒီဆေးချယ်ပန်းကန်ပြားကြောင့်မလား?" ကုနင်းမေးလိုက်သည်။
"အဟုတ်ပဲ! ငါ့ကျောင်းသားက ဒီလမ်းထဲလျှောက်ပတ်ကြည့်ရင်း အဲ့ဒီ့ဆိုင်က ပန်းကန်ပြားကို တွေ့ခဲ့တာ။ သူကတော့ အစစ်လားဆိုတာ မသေချာလို့ ငါ့ကို အကူအညီတောင်းပြီးလာကြည့်ခိုင်းခဲ့တာ။ ဒါပေမယ့် ငါတို့လဲ ပြန်ရောက်ရော ပန်းကန်ကရောင်းပြီးသွားနေပြီ။" ကုချန်ကျန်းပြန်ဖြေလိုက်သည်။
"ဆရာကြီးကြည့်ချင်တယ်ဆိုမှတော့ ကျွန်မဘက်ကပြပေးရမှာပေါ့။" ကုနင်းချက်ျင်းပဲ ကုချန်ကျန်းထံ ပန်းကန်ပြားကို လှမ်းပေးလိုက်သည်။
ကုချင်ကျန်းလဲ ဝမ်းမြောက်ပျော်ရွှင်စွာဖြင့်၊
"ငါတို့ နေရာတစ်ခုလောက်အရင်ရှာပြီးမှ အနီးသေချာကြည့်ရင်ပိုကောင်းမယ်ထင်တယ်။"
ကုနင်းလဲ သဘောတူလိုက်ကာ အနီးနားရှိ လက်ဖက်ရည်အိမ်တော်တစ်ခုသို့သွားလိုက်ကြသည်။
ကုချန်ကျန်း ပန်းကန်ပြားကို အချိန်အတော်ကြာ စစ်ဆေးကြည့်ရှုပြီး တကယ့် ရှေးဟောင်းပစ္စည်းအစစ်မှန်းသိလိုက်ရတော့ ပိုလို့ပင်စိတ်လှုပ်ရှားသွားကာ,
"ကောင်မလေးကု, မင်းဒီပန်းကန်ကို ရှေးဟောင်းပစ္စည်းအစစ်မှန်းသိနေလို့ ဝယ်လိုက်တာလား?"
ကုနင်းလဲ ပြုံးလိုက်ကာ ပြန်ရှင်းပြလိုက်သည်၊
"ကျွန်မလဲ မသေချာပါဘူး။ ဒါပေမယ့် အစစ်ဖြစ်နိုင်ချေတော့ အတော်လေးများလို့ ဝယ်လိုက်တာ။ တကယ်လို့ အတုဖြစ်သွားရင်တောင်မှ ပန်းကန်ကလှနေပြီးသားဆိုတော့ အလှဆင်တဲ့အနေနဲ့သုံးလို့ရတယ်လေ။"
ကုချန်ကျန်း ခေါင်းညိတ်လိုက်မိကာ ကုနင်း၏ သတ္တိနှင့် ယုံကြည်ချက်ရှိမှုတို့ကို တော်တော်လေးသဘောကျသွားသည်။ ရှေးဟောင်းပစ္စည်းအစစ်ကိုရဖို့ဆိုတာက ထိုလူရဲ့ ကံ, မြင်နိုင်မှုနှင့် ဝယ်ရဲသည့် သတ္တိရှိမှုတို့အပေါ်မူတည်လေသည်။ သက်လတ်ပိုင်းလူကြီးကိုပဲ ကြည့်၊ သူကံကောင်းပြီး အရင်ဆုံးတွေ့ခဲ့ပေမယ့်လဲ ဝယ်ရဲသည့် သတ္တိမရှိခြင်းကြောင့် လက်လွှတ်လိုက်ရလေသည်။
"ကောင်မလေးကု, ဒီပန်းကန် ငါ့ကို ရောင်းပေးချင်လား?" ကုချင်ကျန်းမေးလိုက်သည်။ ကုနင်းသာ ရောင်းဖို့ ဆန္ဒရှိနေလျှင် သူလဲ သူ့ရဲ့စုဆောင်းမှုများထဲ ထိုဆေးချယ်ပန်းကန်ပြားကို ထည့်ချင်နေပါသေးသည်။
***
အခန်း ၂၃၅
စောင့်နေမယ်
"ဆရာကြီးက သဘောကျနေတယ်ဆိုမှတော့ ရောင်းပေးရမှာပေါ့။" ကုနင်းပြန်ဖြေလိုက်သည်။
သူမလဲ ထိုဆေးချယ်ပန်းကန်ပြားကို အရမ်းကြီးကြိုက်နေသည်မဟုတ်တာကြောင့် ဆရာကြီးကုကိုသာရောင်းပြီး မိတ်ဖွဲ့ခြင်းက ပိုအကျိုးရှိ၏။
"တကယ်ပဲလား?" ကုချန်ကျန်းမှာ ကုနင်းအလွယ်တကူသဘောတူလိုက်ခြင်းကြောင့် အံ့ဩသွားကာ,
"ကျေးဇူးအများကြီးတင်ပါတယ်။ မင်းဘက်ကမနစ်နာစေရပါဘူး။ ဒီပန်းကန်ပြားက ယွမ်၁.၅သန်းတန်တယ်ဆိုတော့ မင်းကိုလဲ ယွမ်၁.၅သန်းအတိုင်းပဲပေးမယ်။"
"ဆရာကြီးနဲ့ မိတ်ဆွေဖြစ်ချင်လို့ ကျွန်မဈေးလျှော့ပေးပါ့မယ်။ ယွမ်၁သန်းဆိုလုံလောက်ပြီ၊ ပေါက်ဈေးအတိုင်းအတိအကျပေးဖို့မလိုပါဘူး။" ဆိုပြီး ကုနင်းပြောလိုက်တော့,
"မဟုတ်တာ၊ ငါ့ကြောင့်နဲ့ မင်းငွေတွေဆုံးရှုံးသွားလိမ့်မယ်၊ ငါပေါက်ဈေးအတိုင်းပဲဝယ်ပါ့မယ်။" ကုချန်ကျန်း ငြင်းလိုက်သည်။ ထိုဆေးချယ်ပန်းကန်ပြားကို ကုနင်းငွေအများကြီးသုံးကာ ဝယ်ခဲ့ရခြင်းမဟုတ်ပေမယ့်လဲ တန်ဖိုးကြီးလေသည်။ ဆရာကြီးကုအနေနဲ့လဲ ကုနင်းအပေါ် အခွင့်ကောင်းမယူချင်ပေ။
"ဆရာကြီးကု, ငွေရေးကြေးရေးအတွက်နဲ့ ငြင်းခုန်မနေပါနဲ့တော့။ ဒါက အရေးကြီးတာမှမဟုတ်တာ၊ ဆရာကြီးဘက်ကသာ စိတ်မရှိဘူးဆိုရင် ကျွန်မ အဘိုးကုလို့ခေါ်လို့မလား? ဆရာကြီးသာ ကျွန်မနဲ့မိတ်ဆွေဖြစ်ပေးဖို့ ဆန္ဒရှိရင် ဒီတစ်ကြိမ်တော့ ကျွန်မပြောတာလေးကို နားထောင်ပေးပါ။"
"အင်း, ကောင်းပြီလေ၊ မင်းတောင် ငါ့ကို အဘိုးကုလို့ခေါ်ချင်နေမှာတော့ ဒီတစ်ကြိမ်မင်းစကားကို နားထောင်ပေးရတော့မှာပေါ့။" ကုချန်ကျန်းဘက်ကပဲ အလျှော့ပေးလိုက်တော့သည်။ သူသည်လဲ ကုနင်းအပေါ် အမြင်ကောင်းရှိထားပြီးဖြစ်ကာ ကုနင်းက သူ့မြေးများနှင့်လဲ အသက်အတူတူသာဖြစ်လေသည်။ သို့ပေမယ့် မြေးအရင်းများမှာ သူ့နားဘေးတွင်မရှိနေတာကြောင့် လွမ်းဆွတ်နေရသည်။
ခနကြာပြီးနောက်တွင်တော့ ကုနင်းနှင့် လင်ရှောင်းထင်တို့ထွက်သွားကြတော့သည်။
ကုချန်ကျန်းလဲ ချက်ချင်းပဲ ချင်ဟောင်ကျန်းထံဖုန်းဆက်က ဖြစ်ခဲ့သမျှကိစ္စအဝဝကို ပြန်လည်ပြောပြတော့သည်။
ချင်ဟောင်ကျန်းသည်လဲ ကုနင်း ရှေးဟောင်းပစ္စည်းများအကြောင်းသိနေ၍ အလွန်အံ့အားသင့်သွားရပြန်သည်။ ထိုမိန်းမငယ်လေးအကြောင်းကြားလိုက်တိုင်း အံ့ဩဖွယ်ရာကိစ္စများနှင့်သာ ပြည့်နှက်နေခဲ့ကာ သူသည်လဲ ထိုထူးချွန်သည့်မိန်းကလေးအပေါ် မလေးစားမိဘဲ မနေနိုင်ပေ။
ဒီရက်ပိုင်း ကုနင်းကြောင့် ချင်ယီဖန်းဝမ်းနည်းနေတာကို သူနားလည်ပေမယ့်လဲ သူကိုယ်တိုင်ဝင်ပါဖို့ကတော့မဖြစ်နိုင်ပေ။
ချင်ယီဖန်း၏ဖခင်တစ်ယောက်အနေနှင့် သူဘယ်တုန်းကမှ ချင်ယီဖန်းကို လီကျန်းကျန်း ဒါမှမဟုတ် တခြားအလွန်ချမ်းသာသည့်မိသားစုမှ မိန်းကလေးများနှင့် နီးစပ်အောင် အတင်းတွန်းအားပေးခဲ့ခြင်းမရှိပေ။ သူချင်ယီဖန်းကို သာမာန်မိန်းကလေးတစ်ယောက်နှင့် အတူရှိနေမှာမျိုးကိုတော့ မလိုချင်ပေမယ့် သူ့အချစ်စစ်ကိုရှာဖွေခြင်းကိုတော့ တားမည်မဟုတ်ပေ။
သို့ပေမယ့် ချင်ယီချင်းက ချင်ယီဖန်း၏ ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်ရောက်စွက်ဖက်လိုက်ပြီဖြစ်ကာ ကုနင်းကလဲ ချင်ယီဖန်းကို ငြင်းလိုက်ပြီဖြစ်သည်။ ဒါကြောင့် ချင်မိသားစုအနေနှင့်လဲ ထိုအရာများကိုပြောင်းလဲပေးဖို့မဖြစ်နိုင်တော့ပေ။
ညနေ၅နာရီလောက်တွင် စစ်ထူယဲ့ဘက်က ကုနင်းကို ဖုန်းထပ်ဆက်လာပြီး လင်ရှောင်းထင်က ကုနင်းတို့ချိန်းထားသည့် စားသောက်ဆိုင်သို့ လိုက်ပို့ပေးလေသည်။ ကုနင်းနှင့် စစ်ထူယဲ့တို့အတူတူညနေစာစားကြမည်ကို သူသိပ်သဘောမကျပေမယ့် တားတော့မတားနိုင်ခဲ့ပေ။
စားသောက်ဆိုင်ထဲတွင် စစ်ထူယဲ့တစ်ယောက်တည်းသာရှိနေခဲ့လေသည်။
လင်ရှောင်းထင်ကသာ ကုနင်းကို စစ်ထူယဲ့က သူမအပေါ် မတူကွဲပြားစွာဆက်ဆံနေကြောင်း မပြောပြခဲ့လျှင် ကုနင်း သတိထားမိဦးမည်မဟုတ်ပေ။
ဘယ်လိုလုပ် စစ်ထူယဲ့လို ချင်ဂိုဏ်းခေါင်းဆောင်က သူမလိုဆယ်ကျော်သက်ကောင်မလေးတစ်ယောက်နဲ့ ညစာစားရမှာလဲ? ပြီးတော့ သူက သူမတစ်ယောက်တည်းသာရှိအောင် တမင်ရည်ရွယ်ပြီးပြင်ဆင်ထားသေးသည်။ သို့ပေမယ့် စစ်ထူယဲ့ဘက်ကလဲ ကုနင်းအပေါ် ခံစားချက်ရှိမရှိ မသေချာသေးတာကြောင့် ကုနင်းကို ဘာထွေထွေထူးထူးစကားမှမပြောခဲ့ပေ။
ကုနင်း သူမနှင့် ချင်ယီဖန်းလို အဆုံးသတ်မျိုးထပ်မဖြစ်စေချင်တာကြောင့် အစကတည်းက ရပ်တန့်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။ အခုဆို ချင်ယီဖန်းနှင့်သူမမှာ သူငယ်ချင်းအဖြစ်ဆက်ဆံဖို့ရန်ပင် အလွန်ကသိကအောက်ဖြစ်စရာအခြေအနေ ဖြစ်သွားလေပြီ။
ပြီးတော့ သူမ ချင်ဂိုဏ်းရဲ့ထောက်ပံ့ပေးမှုကိုလဲ လက်မလွှတ်ချင်ပေ။
သူတို့နှစ်ယောက်စားပြီးသွားတော့ ကုနင်းထံ လင်ရှောင်းထင်ဆီမှ ဖုန်းဝင်လာခဲ့သည်။ စစ်ထူယဲ့ကို သူမရည်းစားရှိကြောင်းသိသွားစေရန်အတွက် စစ်ထူယဲ့ကိုရှောင်မနေဘဲ ရှေ့တွင်ပင်ဖုန်းကိုလိုက်ကာ အသံညင်ညင်သာသာလေးဖြင့် ပြန်ဖြေလိုက်သည်။
"ဟလို။"
"မပြီးသေးဘူးလား?" လင်ရှောင်းထင်မေးလိုက်တော့
"ပြီးခါနီးနေပါပြီ။"
"ကိုယ်အခုအပြင်မှာစောင့်နေတယ်။" တကယ်တော့ လင်ရှောင်းထင်ပြန်ကိုမပြန်သွားခဲ့ခြင်းပါ။
စားသောက်ပြီးသွားလျှင် စစ်ထူယဲ့ဘက်မှ ကုနင်းကို ရုပ်ရှင်ကြည့်ဖို့ ဒါမှမဟုတ် ဈေးဝယ်ထွက်ကြဖို့ တစ်ခုခုအတွက် ထပ်ခေါ်သွားမည်ကို လင်ရှောင်းထင်စိုးရိမ်နေတာကြောင့် ကုနင်းတို့စားပြီးလောက်သည့်အချိန်ကိုက် ကုနင်းကိုဖုန်းဆက်လိုက်ခြင်းဖြစ်သည်။
ကုနင်းလဲ လင်ရှောင်းထင်စိတ်ထဲဘယ်လိုတွေ တွေးနေလောက်လဲဆိုတာကို နားလည်လေသည်။
"ကောင်းပြီလေ၊ ကျွန်မခနနေထွက်လာခဲ့မယ်။" ကုနင်းပြန်ဖြေလိုက်သည်။
"ကောင်းပြီ။ ကိုယ်မင်းကိုစောင့်နေမယ်။" လင်ရှောင်းထင် ပျော်ရွှင်သွားတော့သည်။
စစ်ထူယဲ့သည်လဲ ကုနင်းစကားပြောသည့်အသံအနေအသံထားအရ တစ်ဖက်လူနှင့်ဘယ်လိုအနေအထားမျိုးရှိသည်ကို သတိထားမိသွားကာ စိတ်ပျက်သလိုခံစားလိုက်ရသည်။
"မင်းရည်းစားခေါ်တာလား?" စစ်ထူယဲ့မေးလိုက်သည်။
"ဟုတ်တယ်။" ကုနင်းလဲ အချစ်များပြည့်လျှံနေကာ ပျော်ရွှင်နေသည့် ပုံစံဖြင့်ချက်ချင်းပြန်ဖြေလိုက်သည်။
"ဒါဆို အခုပဲပြန်ကြတာပေါ့။ မင်းရည်းစားနဲ့ချိန်းတွေ့မှာကို မနှောက်ယှက်တော့ပါဘူး။" စစ်ထူယဲ့သည့် အကျိုးအကြောင်းသင့်စဉ်းစားတတ်သူဖြစ်ပြီး သူ့နှလုံးသားထဲတွင်တော့ အနည်းငယ်ခါးသက်သက်ခံစးလိုက်ရသည်။ သို့ပေမယ့် သူ ကုနင်းအပေါ်ထားသည့် ခံစားချက်အစစ်အမှန်ကို မဖော်ထုတ်နိုင်သေးတာကြောင့် အရမ်းကြီးတော့ ဝမ်းမနည်းသွားပေ။
"ကျွန်မတောင်းပန်ပါတယ်။ နောက်တစ်ခါ ကျွန်မမြို့တော်Gကိုရောက်ရင် တစ်လှည့်ရှင့်ကို ညစာဖိတ်ကျွေးပါရစေ။" ကုနင်းပြောလိုက်တော့၊
"ရပါတယ်။"
ပြီးတာနှင့် သူတို့နှစ်ယောက်လုံး အပြင်ကိုထွက်လာခဲ့ကြသည်။
ကုနင်း ကားထဲဝင်သွားသည်ကို စစ်ထူယဲ့လိုက်ကြည့်နေပေမယ့် ယာဉ်မောင်းနေရာတွင်ထိုင်နေသည့်သူကိုတော့ ကြည့်ရန်ရှောင်လွှဲခဲ့သည်။ ကုနင်း၏ရည်းစားမှာလဲ သူမလို ထူးချွန်သည့်လူတစ်ယောက်ဖြစ်နေမည်ကို သူသိနေပေသည်။
ကုနင်းကားထဲသို့ရောက်သည်နှင့် လင်ရှောင်းထင်ကိုမေးလိုက်သည်။
"ရှင်တစ်ချိန်လုံး ကားထဲကနေစောင့်နေတာမလား?" ကုနင်းကတော့ ထိုသို့ဖြစ်နိုင်ချေပိုများကြောင်းတွေးမိသည်။
"အင်း." လင်ရှောင်းထင်တွန့်ဆုတ်စွာပြန်ဖြေလိုက်သည်။
"ဘာလို့လဲ? ကျွန်မတို့နှစ်ယောက် ရုပ်ရှင်အတူသွားကြည့်နေမှာစိုးရိမ်လို့လား?" ကုနင်း တမင်မေးလိုက်သည်။
မိန်းမတစ်ယောက်ကို ပိုးပန်းသည့် ယောက်ျားတစ်ယောက်သည် အမြဲတမ်း ညစာအတူစား ဒါမှမဟုတ် ရုပ်ရှင်အတူလိုက်ကြည့်ဖို့ ဖိတ်လေ့ရှိသည်။ ထိုသို့ဘေးချင်းကပ်လျက် ရုပ်ရှင်အတူကြည့်ရခြင်းက အချစ်ဇာတ်လမ်းတစ်ခုစဖို့အခွင့်ကောင်းပဲလေ။
လင်ရှောင်းထင် မျက်နှာနီရဲသွားပေမယ့် ငြင်းတော့မငြင်းခဲ့ပေ။
ကုနင်းလဲ ဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်သွားပေမယ့် ဒါကလဲ စစ်ထူယဲ့ကို သူမတွင် ချစ်သူရည်းစားရှိကြောင်းပြောဖို့ အခွင့်ကောင်းတစ်ရပ်ဖြစ်သွားလေသည်။
"ရှင်ညစာစားပြီးသွားပြီလား?" ကုနင်းမေးလိုက်သည်။
"ပြီးပြီ။" ဒီတစ်ကြိမ်တွင်တော့ လင်ရှောင်းထင် ကုနင်းကို အစာခံပြီးတော့မစောင့်နေခဲ့ပေ။ သူမတို့စားနေတာအရမ်းကြာတာကြောင့် သူတစ်ခုခုစားရန်ထွက်သွားခဲ့ပါသေးသည်။
"ကျွန်မတို့အခုဘယ်ကိုထပ်သွားဦးမလဲ?"
"မသိဘူး။" လင်ရှောင်းထင်ပြန်ဖြေလိုက်တော့ ကုနင်းက
"ဒါဆို ကားတစ်ပတ်လောက် လျှောက်မောင်းကြတာပေါ့။ ပြီးရန် ကျွန်မအိမ်ကိုပြန်မယ်။"
တကယ်တော့ သူတို့အတူတူသာရှိနေရသ၍ ကားထဲတွင်ပဲ ထိုင်နေရမည်ဆိုလျှင်ပင် သူတို့အတွက် ပျော်ရွှင်ဖွယ်အချိန်များဖြစ်လေသည်။ ဒါကြောင့် မြို့ထဲကားလျှောက်မောင်းပြီး အတူတူအချိန်ဖြုန်းကြရန် ဆုံးဖြတ်လိုက်သည်။
အခုချိန်တွင် မြို့ထဲ၌ အလွန်လမ်းရှုပ်နေတာကြောင့် မြို့ဆင်ခြေဖုံးဘက်သို့ လင်ရှောင်းထင်ဦးတည်မောင်းနှင်လိုက်သည်။
သူတို့ကား လူနေအိမ်ခြေများကိုကျော်လာသည့်အချိန်တွင်တော့ ကုနင်း ကုချင်းရှန်၏ကားကိုတွေ့လိုက်ရသည်။ ပြီးတော့ ကားထဲတွင် အမျိုးသမီးတစ်ယောက်ထိုင်နေကာ ကုနင်းမှတ်မိသလောက်ဆို ထိုအမျိုးသမီးမှာ ကုချင်းရှန်၏အတွင်းရေးမှူးဖြစ်သည်။