← Chapters

အခန်း (၂၃၆-၂၄၀)

Vol. 16 Ch. 236-240

အခန်း (၂၃၆-၂၄၀)

Vol. 16 Ch. 236-240

အခန်း ၂၃၆

ဘော့စ်ရဲ့ရည်းစား

သူဌေးတစ်ယောက်က သူ့အတွင်းရေးမှူးကို အိမ်ပြန်လိုက်ပို့ခြင်းက သိပ်မူမမှန်သည့် ကိစ္စမျိုးမဟုတ်ပေမယ့် ကုနင်းကတော့ ကုချင်းရှန်နှင့် သူ့အတွင်းရေးမှူးအမျိုးသမီးကြားက ဆက်ဆံရေးမှာ သာမာန်မမဟုတ်မှန်း ခံစားမိလေသည်။

သို့ပေမယ့် ကုနင်းတွင် ထိုကိစ္စအကြောင်း အကျယ်တဝံ့စုံစမ်းလိုသည့် စိတ်ကူးတော့မရှိပေ။ ကုချင်းရှန်တို့မိသားစုကို ကောင်းကောင်းမွန်မွန်မနေစေချင်ပေမယ့်လဲ သူမတွင် တခြားလူအတွင်းရေးကအစလိုက်မစုံစမ်းသင်သည့် ကိုယ်ကျင့်တရားတော့ ရှိလေသည်။

သို့ပေမယ့် ကုနင်း ထိုကိစ္စများကို လင်းလိကျွမ်းကိုယ်တိုင်စုံစမ်းဖော်ထုတ်သွားမိဖို့ကိုတော့ မျှော်လင့်လေသည်။ ထိုသို့သာဆို အတော်လေးစိတ်ဝင်စားဖို့ကောင်းလိမ့်မည်မှာ အမှန်ပင်။

ကုနင်း ၉နာရီထိုးခါနီးတော့ အိမ်ကိုပြန်လိုက်သည်။

လင်ရှောင်းထင်က ကုနင်းကို ဇုံGအပြင်ဘက်အထိလိုက်ပို့ပေးခဲ့ပြီး မခွဲခွာခင် ရှည်ကြာသည့် အနမ်းတစ်ခုကို ပုံဖောက်ခဲ့ကြလေသေးသည်။ အခုချိန်တွင် လင်ရှောင်းထင်ရဲ့စိတ်တွေကို ကြည်လင်သွားအောင် ရေအေးအေးနှင့် ခေါင်းကနေလောင်းချလိုက်မှဖြစ်တော့မည့်အခြေအနေဖြစ်သွားသည်။ ဒါကြောင့် ကုနင်း သူ့မြင်ကွင်းထဲက ပျောက်ကွယ်သွားသည်နှင့် ချက်ချင်းပဲ ရှုကျင်းချန်၏အိမ်သို့သွားကာ ရေအေးအေးဖြင့် ရေသွားချိုးလိုက်သည်။ ဒီတော့မှသာ နေလို့ထိုင်လို့ကောင်းသွားရ၏။

နောက်နေ့များတွင်လဲ ကုနင်းနှင့် လင်ရှောင်းထင်တို့ နေ့လည်ဘက် ညနေဘက်များတွင် ထမင်းအတူသွားစားကြသည်။ ချူးဖေ့ဟန်တို့ကတော့ ကုနင်း သူမတို့ကို လေ့ကျင့်ပေးဖို့အချိန်မပေးခြင်းကြောင့် အတော်လေးမကျေမနပ်ညည်းညူပြောဆိုနေခဲ့ကြသည်။

ကုနင်းတစ်ခနလောက်တွေးကြည့်ပြီးတော့ အခုချိန်က လင်ရှောင်းထင်ကို သူတို့နှင့် မိတ်ဆက်ပေးရန် အချိန်ကောင်းတစ်ခုဖြစ်လောက်ပြီလို့ထင်မိတာကြောင့် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် သူတို့အားလုံးကို ညနေစာအတူစားရန် ဖိတ်ကြားလိုက်သည်။

သူတို့ဘော့စ်ရဲ့ ရည်းစားဖြစ်သူနှင့် တွေ့ရတော့မည်ဟု သိလိုက်ရတာကြောင့် သူတို့လဲ စိတ်လှုပ်ရှားနေခဲ့ကြသည်။

နောက်ဆုံးအတန်းချိန်ပြီးသွားသည်နှင့် ချူးဖေ့ဟန်အခန်း၄ကို အပြေးသွားလိုက်ပေမယ့် ကျန်တဲ့လူတွေကတော့ မပြီးကြသေးပေ။ ဒါနဲ့ ချူးဖေ့ဟန် အသံအကျယ်ကြီးဖြင့် ဆရာမကိုလှမ်းအော်ပြောလိုက်သည်၊

"ဟိုင်း၊ ဆရာကျန်း၊ အတန်းချိန်ကုန်နေပြီလေ။"

ဆရာဖြစ်သူက အတန်းချိန်ကို နောက်၂မိနစ်လောက်အချိန်ဆွဲထားဖို့စီစဉ်ထားခဲ့ပေမယ့် ချူးဖေ့ဟန်က နှောက်ယှက်နေခဲ့သည်။ သူ ချူးဖေ့ဟန်ကို စိုက်ကြည့်လိုက်ပေမယ့် သူမကတော့ ဂရုပင်မစိုက်ခဲ့။

ကုနင်းသည် ပြောစရာစကားများဆွံ့အနေမိတော့သည်။

ထို့နောက် သူတို့တစ်ဖွဲ့လုံး အပြင်ကို ထွက်လာခဲ့ကြကာ ချူးဖေ့ဟန်နှင့် ဟောင်ရန်တို့က သူတို့ကို မြန်မြန်လျှောက်ရန်ပင် လောဆော်နေခဲ့ကာ သူတို့ဘော့စ်ရဲ့ရည်းစားကို အရမ်းတွေ့ချင်နေကြလေသည်။

"ဘော့စ် အဲ့လူက အတိုက်အခိုက်တော်လား?" ဟောင်ရန်ရုတ်တရက် အတွေးပေါ်လာခြင်းကြောင့် မေးမြန်းလိုက်သည်။

"အိုး! ငါဘယ်လိုလုပ်မေ့သွားတာလဲ! ဘော့စ်ရဲ့ရည်းစားက စစ်အရာရှိဆိုတော့ အတိုက်အခိုက်ကတော့ တော်မှာပဲ။ ဒါနဲ့ သူက သာမာန်စစ်သားလား ဒါမှမဟုတ် အထူးတပ်ဖွဲ့ကလား? အထူးတပ်ဖွဲ့ကသာဆိုရင် အတော်လေးကို မိုက်မှာ။" ချူးဖေ့ဟန် ဝင်ပြောလိုက်သည်။

ပြီးတော့ ကျန်တဲ့လူအားလုံးသည်လဲ ကုနင်း၏အဖြေကို စောင့်ဆိုင်းနေကြသည်။

"သူက အထူးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတာ။ ငါ့ထက်လဲ ပိုတော်တယ်။" ကုနင်း ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။

"ဝိုး! ဘော့စ်နောက်ဆုံးတော့ မင်းထက်ပိုတော်တဲ့လူကိုတွေ့သွားပြီပေါ့။" ချင်ကျီရွှမ်းလဲ စိတ်လှုပ်ရှားနေသည်။

"အရင်တစ်ခေါက် ငါစစ်ထူယဲ့နဲ့ပြိုင်တုန်းကလဲ ရှုံးခဲ့တာပဲကို။" ကုနင်းပြန်ပြေလိုက်တော့ ချင်ထန်ပင်းက၊

"အဲ့ဒါလဲဟုတ်တာပဲ။" အပြင်လူများကတော့ သူတို့ယှဉ်ပြိုင်မှုမှ ကွာခြားချက်များကို မပြောနိုင်ပေ။

"စစ်ထူယဲ့ ဘော့စ်ကို နိုင်သွားတယ်ဆိုတာက သူက ဘော့စ်ထက်အသက်အများကြီးကြီးတော့ ပိုပြီး အတွေ့အကြုံများတာကြောင့်ပါ။ ဒါပေမယ့် ငါတို့ဘော့စ်ကို ဒီလောက်အချိန်နဲ့တော့ မထိန်းချုပ်နိုင်ဘူးလေ။ ဒီတော့ သူရှုံးတာနဲ့ မခြားဘူး။" ချူးဖေ့ဟန်က ချက်ချင်းပဲ သူမရဲ့မကျေနပ်ချက်များကိုပါပေါင်းကာ ရှင်းပြတော့သည်။

ငြင်းဆိုစရာမရှိလောက်အောင်ပင် ချူးဖေ့ဟန်ပြောစကားများမှာ အမှန်တရားများဖြစ်လေသည်။

"ဖေ့ဟန်ပြောတာမှန်တယ်။ ဒီလိုသာဆို ငါတို့ဘော့စ်ပဲ နိုင်မှာ။" မုခယ်ကလဲ ဝင်ထောက်ခံလိုက်သည်။

လူတိုင်းလဲ ခေါင်းညိတ်ထောက်ခံကြသည်။

"အဲ့လိုလဲမှန်တယ်ဆိုပေမယ့် တကယ် တိုက်ခိုက်ရမယ့် အခြေအနေတွေ ပြိုင်ပွဲတွေမှာတော့ မင်းတို့ရဲ့ ကျွမ်းကျင်မှုကော အတွေ့အကြေုံကောက ဘာမှအရေးမကြီးတော့ဘူး၊ အဓိကက နိုင်သွားဖို့ပဲ။ ပြီးတော့ ငါတို့က ငါးမိနစ်ထဲပြိုင်ခဲ့ကြတာမလို့ သေချာတိတိကျကျ အဖြေမထွက်ခဲ့ဘူး။ ငါပြောနိုင်တာကတော့ အဲ့ပွဲတုန်းက ငါအကောင်းဆုံးကြိုးစားခဲ့တယ် ။ ဒီလောက်ပဲ။" ကုနင်း စစ်ထူယဲ့ဘက်လိုက်ပြီးလဲမပြောသလို ချူးဖေ့ဟန်ပြောတာကိုလဲ မငြင်းခဲ့ပေ။ သူမယုံကြည်ထားသည်က ပြိုင်ပွဲတစ်ခုတွင် အနိုင်ရသူမှာတစ်ယောက်တည်းသာရှိပြီး ဘာကြောင့်နိုင်သွားသည်ဆိုတာကတော့ အရေးမကြီးပေ။

လူတိုင်းလဲ ကုနင်းအပြောကို သဘောတူလိုက်ကာ မကြာခင်တွင်ပဲ စကားစဖြတ်လိုက်ကြတော့သည်။

သူတို့ကျောင်းပြင်သို့ရောက်တော့ မိန်းကလေးတွေက ဟောင်ရန်ရဲ့ကားနဲ့သွားကာ ကောင်လေးတွေကတော့ တက္ကစီငှားလိုက်ကြပြီး ယို့ယွီစားသောက်ဆိုင်သို့ ဦးတည်လိုက်ကြသည်။

ကုနင်းက လင်ရှောင်းထင်ကို သူမသူငယ်ချင်းများနှင့် မိတ်ဆက်ပေးမည်ဟုပြောထားပြီးဖြစ်တာကြောင့် သူ သီးသန့်ခန်းတစ်ခုကို ကြိုမှာထားခဲ့သည်။

စားပွဲထိုးတစ်ယောက်၏ လမ်းပြမှုနှင့်အတူ ကုနင်းတို့အဖွဲ့ သီးသန့်ခန်းတစ်ခုဆီသို့ရောက်သွားကာ တံခါးခေါက်လိုက်ကြသည်။

"ဝင်ခဲ့ကြပါ။" အခန်းထဲမှနေပြီး လင်ရှောင်းထင်၏အသံထွက်လာခဲ့သည်။

ထို့နောက် ကုနင်းတို့အားလုံး အခန်းထဲသို့ လျှောက်ဝင်လိုက်ကာ လင်ရှောင်းထင်ကလဲ ချက်ချင်းမတ်တပ်ရပ်ပြီး အားလုံးကိုကြိုဆိုလိုက်ပေမယ့် ပုံမှန်အတိုင်းသူ့အကြည့်သည်တော့ ကုနင်းဆီအရင်ဆုံးကျရောက်သွားခဲ့သည်။

အားလုံးကတော့ လင်ရှောင်းထင်၏ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရလျှင်ပဲ ဆွံ့အမှင်တက်ကုန်ကြတော့သည်။ ထိုလူမှာ အရပ်ရှည်ကာ သန်မာဟန်ရလေသည်။ အခန်းထဲတွင် အပူချိန်ညှိစက်ရှိနေတာကြောင့် ထိုလူမှာ သူ့အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်ထားပြီး အနက်ရောင်ကိုယ်ကျပ်ဆွယ်တာတစ်ထည်ကို ဝတ်ထားတာကြောင့် သူ့ရဲ့ ဆွဲဆောင်မှုရှိလှသည့် ကိုယ်ဟန်အနေအထားကိုလဲ ထင်ပေါ်နေစေလေသည်။ ပြီးတော့ သူ့ရဲ့မျက်နှာသွင်ပြင်သည်လဲ ထူးချွန်ထက်မြက်သည့် ပုံစံပေါ်သည်။

လူတိုင်း၏အံ့အားသင့်နေသည့် အကြည့်များကို မြင်လိုက်ရတော့ လင်ရှောင်းထင် မကြိုက်မနှစ်သက်ကြောင်းကို မထုတ်ပြပေမယ့် ထိုသို့လူအများအာရုံစိုက်ခြင်းခံရမှုများအလည်ရောက်နေရခြင်းကိုတော့ နေသားမကျဖြစ်နေခဲ့သည်။

"လာလေ၊ ထိုင်ကြဦး။" ကုနင်းအရင်စကားစကာ သူတို့၏အံ့ဩနေမှုများကို အဆက်ဖြတ်လိုက်သည်။

ချူးဖေ့ဟန်က ရုတ်တရက်ကြီး,

"တွေ့ရတာဝမ်းသာပါတယ်။ ခဲအို။"

လင်ရှောင်းထင်ရော ကုနင်းပါ ထိတ်လန့်သွားပေမယ့် လင်ရှောင်းထင်သည်တော့ အနည်းငယ်ကျေနပ်ဟန်ပေါ်သွားသည်။ ချူးဖေ့ဟန်တို့အားလုံးသည် ကုနင်းကို ဘော့စ်တစ်ယောက်လိုကော အစ်မကြီးတစ်ယောက်ကဲ့သို့ပါ လေးစားကြကြောင်း လင်ရှောင်းထင်သိထားပြီဖြစ်သည်။ သူက ကုနင်း၏ရည်းစားဖြစ်နေမှတော့ သူတို့ဘက်က သူ့ကို ခဲအိုလို့ခေါ်ခြင်းက မမှားပေ။

တစ်ဖက်တွင်တော့ ကုနင်းမှာ စိတ်မသက်မသာဖြစ်သွားရသည်။

"တွေ့ရတာဝမ်းသာပါတယ်။ ယောက်ဖ(ခဲအို)" ဟောင်ရန်နှင့် ကျန်သူများကလဲ တစ်ညီတစ်ညာတည်း နှုတ်ဆက်လိုက်သည်။

"ငါလဲ တွေ့ရတာဝမ်းသာပါတယ်။" လင်ရှောင်းထင်လဲ ပြန်နှုတ်ဆက်လိုက်သည်။ သူ့ဘက်က အေးစက်စက်ပြန်နှုတ်ဆက်ခြင်းမျိုးဆိုပေမယ့် ဘယ်သူမှ သူက အထက်စီးဆန်ကာ မာနကြီးသည်ဟု မတွေးကြပေ။

လင်ရှောင်းထင်သည် စကားနည်းသည့်လူတစ်ယောက်ဖြစ်ပြီး ဟာသလဲမပြောတတ်ပေမယ့် မာနကြီးသည့်လူတော့မဟုတ်ပေ။ သူက လူတိုင်းကို တန်းတူညီမျှ လေးစားမှုရှိသည်။

တစ်ချိန်တည်းတွင်ပဲ ကုနင်းမှာလဲ သူမသူငယ်ချင်းများကို လင်ရှောင်းထင်၏အမူအကျင့်အကြောင်းကို ပြောပြထားပြီးသားဖြစ်သည်။ ထိုလူက အေးစက်ကာ စကားသိပ်မပြောပေမယ့်လဲ ယုံကြည်ရသည့်လူတစ်ယောက်ဖြစ်တာကြောင့် အားလုံးလဲ မလာခင်ကတည်းက သူတို့စိတ်ကိုသူတို့ပြင်ဆင်လာကြပြီးဖြစ်သည်။ သို့ပေမယ့် သူတို့အမြင်မှာတော့ လင်ရှောင်းထင်ကို ဘုရင်တစ်ပါးလို့တောင်မြင်နေမိတာကြောင့် သူ့ရှေ့တွင်တော့ အတော်လေးဂရုတစိုက်ပြုမူနေမိကြသည်။

နှုတ်ဆက်ပြီးသွားတော့ အားလုံးထိုင်လိုက်ကြသည်။

ကုနင်းက သူမအပေါ်ထပ်ကုတ်ကို ချွတ်လိုက်သည်နှင့် ချက်ချင်းပဲ လင်ရှောင်းထင်က သူမကိုကူညီကာ လှမ်းယူပေးလိုက်သည်။

စားပွဲထိုးဝင်လာသည်နှင့် ကုနင်းက သူမသူငယ်ချင်းများကို အရင်ဆုံးမှာစေကာ,

"နင်တို့ကြိုက်တာမှာကြ။"

"မှာရမှာပေါ့၊ ငါတို့ခဲအိုကြီးက ဝယ်ကျွေးမှာဆိုတော့ ငါတို့လဲရှက်နေလို့ဘယ်ဖြစ်မလဲ!" ချူးဖေ့ဟန်ချက်ချင်းပြောလိုက်သည်။

***

အခန်း ၂၃၇

အရမ်းချမ်းသာသည့် ယောက်ဖ

"ဟုတ်တာပေါ့။" ကျန်တဲ့လူတွေကလဲ တန်းပြီးထောက်ခံကြတော့သည်။

ကုနင်းကတော့ ဘာပြောလို့ပြောရမည်ပင်မသိဖြစ်သွားပေမယ့် လင်ရှောင်းထင်ကတော့ ကုနင်း၏သူငယ်ချင်းများထံမှ ထောက်ခံမှုကိုရနေ၍ ပျော်ရွှင်နေလေသည်။

သူက ကုနင်းရဲ့သဘောထားတစ်ခုတည်းကိုသာ ဂရုစိုက်ပေမယ့်လဲ သူမသူငယ်ချင်းများကပါ သူ့ကို သဘောကျကြသည်က မကောင်းသည့်ကိစ္စတော့မဟုတ်ပေ။ သူ ကုနင်းကိုချစ်သလို သူမသူငယ်ချင်းများကိုလဲ လေးစားမှုရှိပါသည်။

"အမ်, တကယ်တော့ ကျွန်မမှာ ခဲအိုကိုမေးချင်တာတွေအများကြီးရှိပေမယ့် အခုက အချိန်ကောင်းဟုတ်မဟုတ်တော့မသိဘူး။ ဒီလိုဆိုရင်ရော၊ ခဲအိုဖြေချင်တဲ့မေးခွန်းကိုဖြေပေးလေ၊ တကယ်လို့ မဖြေချင်တာရှိရင်လဲ ကျော်သွားကြတာပေါ့။ ကျွန်မတို့လဲ ခဲအိုအကြောင်းကို ပိုသိချင်လို့။" ချူးဖေ့ဟန်၏ စပ်စုချင်စိတ်များကတော့ တောက်လောင်လို့နေလေသည်။

"ကောင်းပြီလေ။" လင်ရှောင်းထင်မငြင်းလိုက်ပေ။

"ခဲအိုရဲ့အသက်က ဘယ်လောက်လဲ ဘယ်မှာနေတာလဲ?"

"၂၆နှစ် မြို့တော်မှာနေတာ။"

"ရှင့်မှာ အိမ်ပိုင်ရှိလား? စုထားတဲ့ငွေကော ဘယ်လောက်ရှိလဲ?"

"မြို့တော်မှာ ၆၀၀စတုရန်းမီတာကျယ်တဲ့ ခြံဝန်ကျယ်တစ်ခုရှိတယ်။ ပြီးတော့ စုထားတာဘယ်လောက်ရှိနေပြီလဲတော့ သေချာမသိဘူး။"

"ဘုရားရေ!"

ကုနင်းအပါအဝင် လူတိုင်းထိတ်လန့်အံ့ဩကုန်ကြသည်။

"မြို့တော်လိုနေရာမှာ ၆၀၀စတုရန်းမီတာကျယ်တဲ့ ခြံဝန်းကြီးရှိတယ်တဲ့လား။ ခင်ဗျားက အရမ်းချမ်းသာတာပဲ!"

မြို့တော်ရှိ အိမ်ဈေးနှုန်းများမှာ အလွန်ခေါင်ခိုက်နေပြီး မြို့ထဲတွင် ခြံကျယ်တစ်ခုပိုင်ဆိုင်ဖို့ဆိုလျှင် အနည်းဆုံး ယွမ်သန်းရာဂဏန်းလောက်လိုပေသည်။

"ဒီတော့ စုထားတာတဲ့ငွေအတိအကျကို မမှတ်မိဘူးဆိုတာက များလွန်းနေလို့ပေါ့?"

လင်ရှောင်းထင်ကတော့ တိတ်ဆိတ်နေစဲပင်။ သူ့မှာငွေဘယ်လောက်များများရှိနေလဲဆိုတာကို ဂရုမစိုက်တာကြောင့် အခုချိန်ထိဘယ်လောက်စုမိပြီလဲဆိုတာကိုလဲ မစစ်မိပေ။

လူတိုင်းကတော့ထပ်မံထိတ်လန့်အံ့ဩသွားကြရပြန်၏။

"ရှင်ကတော့ တကယ့်ကို အရည်အသွေးမြင့်ယောကျ်ားတစ်ယောက်ပဲ! အစစ်အမှန်လို့တောင်မယုံကြည်နိုင်တော့ဘူး။" ချူးဖေ့ဟန်ကတော့ သူမနားကိုပင် မယုံနိုင်ဖြစ်နေသည်။

အသက်ပြင်းပြင်းထပ်ရှူရှိုက်လိုက်ပြီးတော့ ချူးဖေ့ဟန်က ထပ်ပြီး၊

"ခဲအို၊ ရှင့်မှာ တခြားရည်စားတွေရှိနေတာ ဒါမှမဟုတ် လက်ထပ်ပြီးသားဖြစ်နေပြီး ကျွန်မတို့ဘော့စ်ကို လာကစားနေတာမျိုး မဟုတ်တာတော့သေချာပါတယ်နော်။"

"သေချာပေါက်မရှိပါဘူး။"

ချူးဖေ့ဟန်ခဗျာ မူးမေ့သတိလစ်တော့မတတ်ပင်။

မကြာခင်တွင်ပဲ, စားစရာများ စကားပွဲထက်ရောက်ရှိလာကာ ဘီယာများလဲ ပါဝင်လေသည်။

ကားမောင်းရမည့် ဟောင်ရန်နှင့် လင်ရှောင်းထင်ကလွဲပြီး ကျန်သူအားလုံး ပျော်ရွှင်စွာ သောက်စားကြတော့သည်။

"ခဲအိုက ကားမောင်းရမှာမို့မသောက်ဘူးဆိုမှတော့ ဘော့စ်က သူ့အစားနည်းနည်းပါးပါးတော့သောက်ပေးသင့်တယ်။" ချူးဖေ့ဟန်တောင်းဆိုလိုက်သည်။

ကုနင်းလဲ ဘီယာသောက်တာလောက်က ဘာမှပြဿနာကြီးမဟုတ်တာကြောင်း မငြင်းခဲ့ပေ။ ပြီးတော့ သူတို့က အပျော်သဘောပဲဖြစ်ခြင်းကြောင့် အများကြီးလဲ သောက်ကြမည်မဟုတ်ပါ။

စားသောက်ပြီးသွားတော့ ဟောင်ရန်က V5ဘားသို့သွားရန် ပြောခဲ့ပေမယ့် ချူးဖေ့ဟန်က သဘောမတူပေ။

"အမြဲတမ်းကြီးတော့ V5ဘားကို မသွားချင်တော့ဘူး။ ပျင်းစရာကောင်းနေပြီ။ ငါတို့ တိဟိုင်အသင်းတိုက် ကိုသွားကြရအောင်လား! ဒီနေ့ည ၁၀နာရီ လက်ဝှေ့ပွဲတစ်ပွဲရှိတယ်။"

တိဟိုင်အသင်းတိုက်သည် ချင်ဂိုဏ်းအပိုင်ဖြစ်ပြီး အဆင့်မြင့်ဖျော်ဖြေရေးနေရာတစ်ခုဖြစ်ကာ အသင်းတိုက်တွင် လက်ဝှေ့ပွဲများဖြင့်ဖျော်ဖြေရန် ကျွမ်းကျင်လက်ဝှေ့သမားများစွာကို အလုပ်ခန့်အပ်ထားပြီး စိတ်ခေါ်ပွဲများလုပ်လေ့ရှိသည်။ ဧည့်သည်များကလဲ လောင်းကြေးထပ်ကစားနိုင်သည်။

လက်ဝှေ့ပွဲများကို နေ့တိုင်းမကျင်းပကြပေမယ့်လဲ ပွဲမလုပ်ခင်ရှေ့တစ်ရက်တွင်တော့ ကြေငြာလေ့ရှိကာ တစ်ပတ်တွင် ၂ပွဲ၃ပွဲယှဉ်ပြိုင်လေ့ရှိသည်။

လက်ဝှေ့ပွဲကျင်းပသည့် ရက်များတွင်တော့ တိဟိုင်အသင်းတိုက်တွင်လူများပြည့်လျှံနေတတ်ကာ ဧည့်သည်များကလဲ တစ်ရက်ကြိုတင် လက်မှတ်ဝယ်ယူရလေသည်။

"အိုး၊ ဟုတ်သားပဲ။ ငါဘယ်လိုလုပ်ဒါမျိုးကိုမေ့သွားပါလိမ့်?!" ဟောင်ရန်လဲ ပျော်ရွှင်သွားကာ တိဟိုင်အသင်းတိုက်သို့သွားရန် သဘောမတူဘဲ မနေပေ။

လူတိုင်းလဲ အကြံတူကြလေသည်။ သူတို့ထဲမှအများစုမှာတိုက်ခိုက်ခြင်းကိုစိတ်ဝင်စားခြင်းကြောင့် လက်ဝှေ့ပွဲများကြည့်ရခြင်းကိုလဲ ကြိုက်နှစ်သက်သည်။ ကုနင်းကတော့ သူတို့နောက်တစ်နေရာကို ဘယ်သွားသွားကိစ္စမရှိတာကြောင့် ဒီအတိုင်းသူတို့နောက်ကိုသာလိုက်သွားဖို့လုပ်လိုက်သည်။ လင်ရှောင်းထင်တော့ ဘာကိုမှဂရုစိုက်မည့်လူမဟုတ်ဘဲ ကုနင်းဘယ်သွားသွားလိုက်မည်ပင်။

"အခုက အရမ်းနောက်ကျနေပြီဆိုတော့ လက်မှတ်ရပါဦးမလား?" မုခယ်ကမေးလိုက်သည်။ အရင်တုန်းက သူထိုနေရာကိုမရောက်ဖူးတာကြောင့် စည်းမျဉ်းများကိုလဲ မသိပေ။

"စိတ်မပူပါနဲ့ , ငါတာဝန်ယူတယ်။" ချူးဖေ့ဟန်ပြောပြီးသည်နှင့် တိဟိုင်အသင်းတိုင်နှင့်သူမအဆက်အသွယ်ရှိသည်ကို တခြားလူများမသိစေချင်တာကြောင့် ဘေးတစ်ဖက်သို့လျှောက်သွားကာ တစ်စုံတစ်ယောက်ထံဖုန်းဆက်လိုက်သည်။

ချူးဖေ့ဟန်က ချင်ဂိုဏ်းအဖွဲ့ဝင်တစ်ယောက်မဟုတ်ပေမယ့် Fမြို့ရှိအကြီးပိုင်းအုပ်ချုပ်သူအားလုံးနှင့်တော့ ရင်းနှီးပြီးသားဖြစ်လေသည်။ သူမကိုယ်တိုင်လဲ တိဟိုင်အသင်းတိုက်ကို မကြာခနသွားရောက်လည်ပတ်လေ့ရှိခြင်းကြောင့် သူမအတွက် မြင်ကွင်းကောင်းကောင်းနှင့် သီးသန့်အခန်းကျယ်တစ်ခုကို ပြင်ပေးထားကြကာ သူမသွားချင်သည့်အချိန်သွားနိုင်ပေသည်။ သို့ပေမယ့် အခုတော့ အရင်ဆုံးဖုန်းဆက်ထားဖို့လိုက်ကာ တိဟိုင်အသင်းတိုက်မှ ဝန်ထမ်းများကို သူမရဲ့အတကယ့် နောက်ခံအစစ်အမှန်ကို မဖော်ထုတ်ရန်ကြိုပြောထားရလေသည်။

ခနကြာပြီးနောက်တွင်တော့ ချူးဖေ့ဟန်ပြန်လှည့်လာကာ ပြဿနာတွေရှင်းပြီးသွားပြီဖြစ်ကြောင်းပြောပြလိုက်သည်။

ထို့နောက် မိန်းကလေးများက လင်ရှောင်းထင်၏ကားဖြင့်လိုက်ကာ ကောင်လေးတွေကတော့ ဟောင်ရန်၏ကားနှင့်လိုက်ပြီး တိဟိုင်အသင်းတိုက်ကို ဦးတည်လိုက်ကြလေသည်။

သူတို့အားလုံး တိဟိုင်အသင်းတိုက်ကို ရောက်သွားတော့ ၉နာရီထိုးခါစပဲရှိသေးပြီး လက်ဝှေ့ပွဲစဖို့အတော်လေးစောနေသေးသည်။

ထိုအချိန်တွင် ဒီညအတွက် ဧည့်သည်များပါဝင်ကံစမ်းနိုင်သည့် ဆုကြီးတစ်ဆုရှိနေပေမယ့် သီးသန့်အခန်းများမှဧည့်သည်များသာ နိုင်လျှင်တော့ သာမာန်စားပွဲများမှ ဧည့်သည်များထက်ပိုပြီးတန်ဖိုးကြီးကြီးတာကို ရရှိပေလိမ့်မည်။

အကယ်၍ သီးသန့်ခန်းတစ်ခုမှ ဧည့်သည်တစ်ယောက်ကသာ အမြင့်ဆုံးစုကိုရသွားမည်ဆိုလျှင်တော့ ဒီညအတွက် ကုန်ကျသမျှကို အသင်းတိုက်ပေးချေပေးမည်ဖြစ်သည်။ သို့ပေမယ့် ဧည့်သည်များက ကံစမ်းပွဲတွင်မပါခင် သီးသန့်ခန်းကိုကြိုမှာထားရမည်ဖြစ်တာကြောင့် အခန်းခကိုတော့ ထည့်တွက်မည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ်၊ သီးသန့်ခန်းဖြစ်ဖြစ်, အပြင်စားပွဲပဲဖြစ်ဖြစ် သိပြီး ကုန်ကျသည်မဟုတ်ပေမယ့် စားစရာ သောက်စရာများကတော့ အတော်လေးဈေးမြင့်လေသည်။ သို့ပေမယ့် လူဦးရေကိုတော့ ၁၀ယောက်အထိသာခွင့်ပြုထားသည်။ အကယ်၍ ထိုအနိုင်ရသွားသည့် သီးသန့်ခန်း ဒါမှမဟုတ် အပြင်စားပွဲတွင် လူ၁၀ယောက်ထက်ကျော်လွန်နေမည်ဆိုလျှင်တော့ လူပိုက စုစုပေါင်းကုန်ကျငွေ၏ ဆယ်ပုံတစ်ပုံကိုပေးချေရပေမည်။

ကုနင်းနှင့် သူမတို့သူငယ်ချင်းများသည်တော့ စုစုပေါင်းမှ၉ယောက်တည်းရှိတာကြောင့် သတ်မှတ်ချက်နှင့်ကိုက်ညီလေသည်။

ကုနင်းလဲ အမည်းရောင်ပုံးထဲမှ စာအိတ်နီတစ်အိတ်ကို ရွေးချယ်လိုက်လေသည်။ သူမရဲ့ကျောက်စိမ်းမျက်ဝန်းအကူအညီဖြင့် အမြင့်ဆုံးဆုပါရှိသည့် စာအိတ်နီကို ရွေးဖို့ရန် မခက်ခဲပေ။

"အခုဖွင့်လိုက်၊ ငါတို့ဆုများရမလားပဲ?"

လူတိုင်းစိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြလေသည်။

ကုနင်းစာအိတ်နီကိုဖွင့်လိုက်ပြီး ထိုထဲတွင်တော့ အမြင့်ဆုံးဆုရှိနေလေသည်။ အခန်းထဲရှိ စားပွဲထိုးအပါအဝင်လူတိုင်း အလွန်အံ့အားသင့်ကုန်ကြတော့သည်။

ဧည့်သည်များအတွက် ပထမဆု, ဒုတိယဆု ဒါမှမဟုတ် တတိယဆုရဖို့ဆိုသည်က အလွန်ထူးရှားပါးပြီး အခုလိုမျိုးတစ်ယောက်ယောက်က အမြင့်ဆုံးဆုကို ရသွားသည်ဆိုတာက တကယ့်ကို ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ထိုအမည်းရောင်ပုံးထဲတွင် စာအိတ်နီပေါင်း၁၀၀ရှိကာ တိဟိုင်အသင်းတိုက်တွင် သီးသန့်အခန်းပေါင်း ၅၀ရှိတာကြောင့် ဆုတစ်ဆုရဖို့ပင်အလွန်ခက်ခဲလေသည်။

"ဝိုး! အမြင့်ဆုံးဆုပဲ!"

"ငါ့မျက်လုံးကိုတောင် ငါမယုံကြည်နိုင်ဘူး။"

"ဒါတကယ်ပဲလား?"

"ဘော့စ်, နင်ကတော့ တကယ့်ကိုအံ့ဖွယ်ပဲ။" ချူးဖေ့ဟန်လဲ ကုနင်းကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ချီးကျူးလိုက်လိုက်လေသည်။

ဒီညစားသောက်စားရိတ်ပေးရသည်ဖြစ်စေ မပေးရသည်ဖြစ်စေ ချူးဖေ့ဟန်အတွက် အာရုံမရှိပေမယ့် အခုလို ကုနင်းက အမြင့်ဆုံးဆုကိုရလိုက်ခြင်းကတော့တကယ့်ကို သတင်းကောင်းဖြစ်လေသည်။

တိဟိုင်အသင်းတိုက်ရှိ ခန်းမကြီးသည် အလွန်ကြီးမားကာ ၄၀၀စတုရန်းမီတာလောက်ပင်ရှိသည်။ ထိုနေရာ၏အလယ်တွင်တော့ စတုရန်း၆မီတာလောက်ကျယ်သည့် ပြန့်ပြူးသည့်နေရာတစ်ခုရှိကာ လက်ဝှေ့ပွဲရှိချိန်တွင်တော့ ထိုနေရာသည် လက်ဝှေ့စင်ဖြင့်ဖြစ်သွားပေလိမ့်မည်။ အကယ်၍ ဘာလက်ဝှေ့ပွဲမှမရှိလျှင်တော့ ထိုနေရာတွင် အကအလှများဖျော်ဖြေရန် စင်တစ်ခုဖြစ်သွားပေမည်။

သီးသန့်ခန်းများသည်တော့ ဒုတိယထပ်တွင် ထိုခန်းမကြီးကို ဝန်းရံကာတည်ရှိလေသည်။ အခန်းများတွင် အလယ်ရှိခန်းမကို မျက်နှာမူထားသည့် ကြမ်းပြင်ကိုထိစပ်ထားသည့် ကြီးမားသည့်မှန်ပြတင်းပေါက်များရှိခြင်းကြောင့် ဧည့်သည်များသည် ထိုနေရင်းဖြင့် ခန်းမနှင့်စင်မြင့်ကို တန်းမြင်နိုင်လေသည်။ ပြီးတော့ တချို့အမြင်အာရုံမကောင်းသည့် ဧည့်သည်များအတွက်တော့ အခန်းများတွင် စစ်တပ်သုံးမှန်ဘီလူး သုံးခုစီထားပေးထားလေသည်။

ကုနင်းနှင့်သူမသူငယ်ချင်းများသည်တော့ ညဘက်လက်ဝှေ့ပွဲစချိန်ကို အခန်းထဲတွင်စောင့်ဆိုင်းနေကြလေသည်။

***

အခန်း ၂၃၈

လက်ဝှေ့ပွဲ

လက်ဝှေ့ပွဲမစခင်အချိန်တွင် ကုနင်းတို့အဖွဲ့သောက်ကြစားကြရင်းစကားပြောနေကြသည်။

အချိန်ကြာလာသည်နှင့်အမျှ တိဟိုင်အသင်းတိုက်တွင် လူများထပ်မံရောက်ရှိလာကြ မကြာခင်တွင်ပဲ ပြည့်သွားတော့သည်။ ၁၀နာရီထိုးခါနီးတွင်တော့ လူအများက စတင်ပြီး တက်ကြွစွာအော်ဟစ်လာတော့သည်။

"ချန်ရှင်း၊ ချန်ရှင်း၊ ချန်ရှင်း!"

ချန်ရှင်းသည် တိဟိုင်အသင်းတိုက်၏ပုံမှန် လက်ဝှေ့သမားတစ်ယောက်ဖြစ်ကာ သူ့ရဲ့အကောင်းဆုံးရလဒ်မှာ လွန်ခဲ့သည့်၃နှစ်တွင် နိုင်ငံ့လက်ဝှေ့ပြိုင်ပွဲ၌ အဆင့်၉ရခဲ့ခြင်းဖြစ်သည်။ ပြီးတော့ တောင်ပိုင်းတိုင်းတွင် အဆင့်၃ရထားကာ နိုင်ငံတကာလက်ဝှေ့ပြိုင်ပွဲတွင်တော့ အဆင့်၅၀အတွင်းဝင်ထားသည့်သူတစ်ယောက်ဖြစ်လေသည်။

သူ့ရဲ့ပြိုင်ပွဲရလဒ်များက အလွန်လေးစားစရာအခြေနေကြီးတော့မဟုတ်ပေမယ့် သူကကျော်ကြားကာ ကျွမ်းကျင်သည့်လက်ဝှေ့သမားတစ်ယောက်တော့ဖြစ်သည်။ အခုလို လက်ဝှေ့သမားပေါင်း ထောင်ပေါင်းများစွာရှိတဲ့အထဲတွင်မှ ကျော်ကြားသည့်လူတစ်ယောက်ဖြစ်လာခြင်းမှာလဲ လွယ်ကူသည့်အရာတော့မဟုတ်ပေ။ တကယ်တော့ ချင်ဂိုဏ်းတွင် ပိုတောင်သည့်လက်ဝှေ့သမားများစွာရှိပြီး လက်ဝှေ့ချန်ပီယံပင်ရှိသည်။ သို့ပေမယ့် ထိုလက်ဝှေ့သမားများသည် ပိုပြီးကြီးမားသည့် ဖျော်ဖြေရေးအသင်းတိုက်များတွင် အလုပ်လုပ်ကြကာ ပိုပြီးခွန်အားကြီးသည့် စိန်ခေါ်မှုများကိုလဲ လက်ခံကြသည်။

Fမြို့သည် တတိယတန်းစားမျိုးတစ်မြို့ဖြစ်တာကြောင့် လက်ဝှေ့ချစ်သူများများမရှိ၍ ပုံမှန်လက်ဝှေ့သမားတစ်ယောက်လောက်ရှိလျှင်ကို လုံလောက်နေပြီဖြစ်သည်။

ချင်ဂိုဏ်း၏ဌာနချုပ်သည် ဒုတိယတန်းစားဖွံ့ဖြိုးပြီးမြို့ဖြစ်သည့် Gမြို့တွင်တည်ရှိနေခြင်းဖြစ်ပေမယ့် ချင်ဂိုဏ်း၏တကယ့် အဓိကအချက်အခြာကျသည့် ဥပဒေနှင့်ဆိုင်သည့်လုပ်ငန်းများသည်တော့ တောင်ပိုင်းရှိ Zမြို့တွင်ရှိသည်။ Zမြို့သည် မြို့တော်နှင့် အတော်အတန်ယှဉ်နိုင်သည့်မြို့တစ်မြို့ဖြစ်လေသည်။

ည၁၀အတိတွင် လက်ဝှေ့သမားများ စတင်ထွက်ရှိလာကြသည်။

စင်ပေါ်သို့ပထမဆုံးတက်ရောက်လာသည်ကတော့ ချန်ရှင်းဟုခေါ်သည့် လက်ဝှေ့သမားဖြစ်သည်။ ချန်ရှင်းကိုမြင်သည်နှင့် ဧည့်ပရိတ်သတ်များမှာ တခဲနက် ကျယ်လောင်စွာ အော်ဟစ် အားပေးကြတော့သည်။

"ချန်ရှင်း, ချန်ရှင်း, ချန်ရှင်း!"

"ချန်ရှင်း, ကြိုးစားထား!"

"ချန်ရှင်း, သူ့ကိုသတ်ပစ်!"

ချန်ရှင်းစင်ပေါ်တွင် ရပ်ပြီးနောက်တွင်တော့ သူ့ပြိုင်ဘက်လဲ ထွက်လာခဲ့သည်။

"လျိုချင်း, လျိုချင်း, လျိုချင်း!"

"လျိုချင်း, ကြိုးစားထား!"

"လျိုချင်း, သူ့ကိုသတ်ပစ်!"

လျိုချင်းသည်လဲ အရင်တုန်းက ဆုပေါင်းများစွာရရှိခဲ့ဖူးသည့် လက်ဝှေ့သမားတစ်ယောက်ဖြစ်ကာ ချန်ရှင်းထက်တော့ အားမနည်းပေ။ အရေးအကြီးဆုံးအချက်သည်တော့ လျိုချင်းနှင့် ချန်ရှင်းကြားတွင် အလွန်ရှည်ကြာသည့်မကျေပွဲတစ်ခုရှိနေခဲ့သည်။ ပြီးခဲ့သည့်အခေါက် ချန်ရှင်းကိုစိန်ခေါ်သည့်ပွဲတွင် လျိုရှင်းရှုံးခဲ့ခြင်းကြောင့် အခုပွဲမှာ အနိုင်ရရန် အလွန်စိတ်အားထက်သန်နေသည်။

သူဒီည တမင်ကို ချန်ရှင်းအတွက်လာခဲ့ခြင်းဖြစ်ကာ စိတ်လှုပ်ရှားစရာပြိုင်ပွဲတစ်ခုဖြစ်ပေလိမ့်မည်။

လျိုချင်းနှင့် ချန်ရှင်းတို့ စင်မြင့်ထက်တွင် တစ်ယောင်နှင့်တစ်ယောက် စိုက်ကြည့်နေကြရင်း၊

"ချန်ရှင်း, မတွေ့တာကြာပြီနော်။" လျိုချင်းကစပြီး ချန်ရှင်းကိုနှုတ်ဆက်လိုက်ပေမယ့် သူ့ပုံစံကအနည်းငယ်တော့ ရက်စက်တော့မည့်ဟန်ပေါ်လေသည်။

"ဟုတ်တာပေါ့။ ဒီနေ့ ငါ့အတွက်ဘာတွေများအံ့ဩစရာပြချင်လို့လာခဲ့တာလဲ။ မင်းထပ်ပြီး ရှုံးချင်လို့လား?" ချန်ရှင်းထေ့ငေါ့ကာ ပြောဆိုလိုက်သည်။

လျိုချင်း နှာခေါင်းရှုံ့လိုက်ကာ,

"မင်းက ဒီနေရာမှာ စိန်ခေါ်ခွင့်ပေးထားမှတော့ ငါကကော ဘာလို့မလာနိုင်ရမှာလဲ?"

"ငါက အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူး။" ချန်ရှင်းပြန်ပြောလိုက်သည်။

လျိုချင်း အေးစက်စက်ဖြင့် 'ဟွန်း'ဆိုပြီး အသံတစ်ချက်ပြုလိုက်ကာ ဘာစကားမှထပ်မပြောတော့ပေ။

ပြီးသွားတော့ ပွဲစီစဉ်သူကနေပြီး လျိုချင်းနှင့် ချန်ရှင်းတို့ကို တစ်လှည့်စီမိတ်ဆက်ပေးလိုက်သည်။

သီးသန့်ခန်းထဲတွင်တော့ ဟောင်ရန်က ကုနင်းကိုမေးလိုက်သည်၊

"ဘော့စ်၊ မင်း ဘယ်သူနိုင်လောက်မယ်လို့ထင်လဲ?"

"မသိသေးဘူး။ သူတို့နှစ်ယောက်က အတော်လေးညီနေပုံပဲ။ လျိုချင်းက တစ်ကြိမ်ရှုံးဖူးတယ်ဆိုပေမယ့် နောက်ထပ်တစ်ကြိမ်ထပ်ရှုံးအုံးမယ်လို့တော့ ဆိုလိုတာမဟုတ်ဘူးလေ။ သူ ချန်ရှင်းကို ထပ်ပြီး စိန်ခေါ်ရဲတယ်ဆိုမှတော့ ဒီတစ်ကြိမ်အတွက် ယုံကြည်ချက်ရှိနေလို့ဖြစ်နိုင်တယ်။" ကုနင်းပြန်ဖြေလိုက်သည်။

"မင်းတို့ရောဘယ်လိုထင်လဲ?" ဟောင်ရန် ချူးဖေ့ဟန်နှင့် ကျန်တဲ့လူများကိုပါထပ်မေးလိုက်သည်။

"အစကတော့ ငါချန်ရှင်းဘက်ကလောင်းထားတာ၊ ဒါပေမယ့် ဘော့စ်ပြောလိုက်တော့ သိပ်မသေချာတော့ဘူး။" ချင်ကျီရွှမ်းကပြောလိုက်သည်။

ချူးဖေ့ဟန်ကတော့,

"ဒီလိုဆိုရင်တောင် ချန်ရှင်းကထပ်ပြီး လျိုချင်းကို အနိုင်ယူတာလဲဖြစ်နိုင်သေးတာပဲ! ငါကတော့ ချန်ရှင်းဘက်ကိုပဲ ဆက်လောင်းမယ်။"

"နင်လောင်းချင်တာလား?" ကျန်းထန်ပင်းက စိတ်လှုပ်ရှားစွာဝင်ပြောလိုက်သည်။

"လောင်းရမှာပေါ့! လက်ဝှေ့ပွဲကိုကြည့်ရုံပဲကြည့်နေရရင် ပျင်းစရာကြီးကို!" ဟောင်ရန်ကချက်ချင်းပဲ ဝန်ဆောင်မှုခေါ်သည့်ခေါင်းလောင်းလေးကိုတီးကာ စားပွဲထိုးကိုလိုက်သည်။

လင်ရှောင်းထင်၊ ကုနင်းနှင့် ယွီမီရှီကလွဲပြီး ကျန်တဲ့လူအားလုံး ယွမ်၂သောင်းစီလောင်းကြေးတင်လိုက်ကြသည်။

ဟောင်ရန်, ချင်ကျီရွှမ်းနှင့် မုခယ်တို့က လျိုချင်းဘက်မှလောင်းပြီး ကျန်တဲ့လူများကတော့ ချန်ရှင်းဘက်မှလောင်းကြသည်။

လောင်ကြေးငွေကိုတော့ လျိုချင်းဘက်ကဆိုလျှင် သုံးဆရမည်ဖြစ်ကာ ချန်ရှင်းဘက်ကဆိုလျှင်တော့ နှစ်ဆရမည်ဖြစ်သည်။

အသင်းတိုက်ရှိ ပွဲကြည့်ပရိတ်သတ်များသည် ပုံမှန်လောင်းနေကြများဖြစ်သည်။ အခုလို နှစ်ဖက်ကစားသမားနှစ်ယောက်လုံးက ကောင်းနေကြချိန်တွင်တော့ ပရိတ်သတ်များအတွက် မည်သူ့ကိုလောင်းရမည်ဆိုသည်က အတော်လေးခက်ခဲလှသည့် ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ အဆုံးမှ‌တော့ အများစုမှာ ချန်ရှင်းကိုလောင်းလိုက်ကြသည်။

ပွဲစီစဉ်သူက မိတ်ဆက်မှုပြီးသွားသည်နှင့် စင်မြင့်ပေါ်ကနေဆင်းလိုက်ပြီး ကြိုးဝိုင်းဒိုင်ကို ခေါ်လိုက်ကာ ပြိုင်ပွဲကိုစခိုင်းလိုက်သည်။ လျိုချင်းနှင့် ချန်ရှင်းသည်တော့ မစောင့်နိုင်တော့ဘဲ ပွဲစဖို့ကြေညာလိုက်သည်နှင့် အချင်းချင်းပြင်းပြင်းထန်ထန်စတင်တိုက်ခိုက်ကြတော့သည်။

သူတို့နှစ်ယောက်လုံး၏လက်သီးချက်များ လေထဲတွင်ဆုံသွားကာ နှစ်ယောက်လုံးတစ်ဖက်စီ၏အင်အားများကြောင့် နောက်သို့ခြေလှမ်းဆုတ်မိသွားကြရသည်။

အသက်ပြင်းပြင်းတစ်ချက်ပြန်ရှူပြီးချိန်တွင်တော့ သူတို့တုံ့ဆိုင်းမနေဘဲ ထပ်မံတိုက်ခိုက်ကြပြန်တော့သည်။

ချန်ရှင်းသည် လျိုချင်းပြီးခဲ့သည့်အခေါက်က သူ့ကိုရှုံးသွားခဲ့သည်ကိုတောင် အနည်းငယ်မျှ အထင်မသေးဘဲ သူ့ပြိုင်ဘက်ကို အတည်အတံ့တိုက်ခိုက်နေသည်။ ဘာလို့ဆို အရင်တစ်ခေါက်က အနိုင်ရခဲ့ခြင်းမှာလဲ လွယ်လွယ်ကူကူရရှိခဲ့ခြင်းမဟုတ်ကြောင်း သူသိပြီးသားမို့ပင်။

အချိန်အတော်ကြာထိ ဘယ်သူ့ဘက်မှအသာစီးမရဘဲ ပြိုင်ပွဲသည်လဲ ပိုလို့ပင်စိတ်လှုပ်ရှားဖို့ကောင်းလာခဲ့သည်။

လူတိုင်းက သူတို့လောင်းကြေးထပ်ထားသည့် ကစားသမားကိုအနိုင်ရစေချင်တာကြောင့် စင်မြင့်ပေါ်ရှိ လက်ဝှေ့သမားများအားတက်အောင် အော်ဟစ်အားပေးနေကြသည်။

နောက်မကြာခင်တွင်ပဲ ချန်ရှင်းဘက်မှ စပြီး ပြိုင်ပွဲတွင် အသာစီးရလာခဲ့ကာ လျိုချင်းကတော့ သူ့လက်သီးချက်များကို ရှောင်တိမ်းနေရတော့သည်။

သို့ပေမယ့် ပရိတ်သတ်များက လျိုချင်းနောက်တစ်ကြိမ်ထပ်ရှုံးတော့မယ်လို့တွေးနေကြသည့်အချိန်တွင်ပဲ သူက ချန်ရှင်း၏မျက်နှာတည့်တည့်ကို ထိုးချလိုက်တော့သည်။

ချန်ရှင်းရှောင်လိုက်ပေမယ့် မမျှော်လင့်ထားစွာဘဲ လျိုချင်းကတစ်ပတ်ပြန်လည်လာပြီး ထိုအခွင့်အရေးကိုယူကာ ချန်ရှင်း၏ပါးစောင်ထက် နောက်ပြန်ရိုက်ချက်တစ်ချက်ဖြင့် ထပ်မံရိုက်ချလိုက်ပြန်သည်။

ကျွမ်းကျင်လက်ဝှေ့သမားတစ်ယောက်အနေဖြင့် သူ့ရဲ့လက်သီးချက်မှာ အနည်းဆုံးပေါင်၁၀၀လောက်အားရှိလေသည်။ ထိုပြင်းထန်သည့် တိုက်ရိုက်, ရိုက်ချက်ကြောင့် ချန်ရှင်းမှာ ကြိုးဝိုင်းထက်သို့ ပြင်းပြင်းထန်ထန် ပြိုလဲကျသွားတော့သည်။

"မဖြစ်နိုင်တာ!"

လူတိုင်းထိတ်လန့်တုန်လှုပ်ကုန်ကြတော့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" ချူးဖေ့ဟန်တစ်ယောက် သူမထိုင်ခုံကနေ ချက်ချင်းမတ်တပ်ထရပ်လိုက်ကာ သူမမျက်လုံးများကိုမယုံနိုင်ဖြစ်နေသည်။

ချန်ရှင်းက သိသိသာသာကြီး အနိုင်ရမလိုဖြစ်နေတာကို ဘယ်လိုလုပ်ရုတ်တရက်ကြီး ရှုံးသွားရတာလဲ?

"ဒါကဖြစ်နိုင်ပါတယ်။ နောက်ဆုံးစက္ကန့်မတိုင်ခင်အထိ အနိုင်ရလောက်မယ့်လူဆိုတာမရှိဘူးလေ။" ကုနင်းပြုံးကာ ငြင်ငြင်သာသာလေးပြောလိုက်သည်။

အရိုးသားဆုံးပြောရလျှင် လျိုချင်းက ချန်ရှင်းကို နောက်ဆုံးပိတ်လက်သီးတစ်ချက်ဖြင့် အနိုင်ရရန် အခွင့်ကောင်းကိုစောင့်ရင်းရှောင်နေခြင်းဖြစ်မှန်း ကုနင်းသတိထားမိလေသည်။

သူလုပ်နိုင်ပါ့မလားဆိုတာကိုတော့ ကုနင်းမသေချာပေမယ့် တကယ်တမ်းအောင်မြင်သွားခဲ့လေသည်။

စင်မြင့်ပေါ်တွင်တော့ ကြိုးဝိုင်းဒိုင်မှာ စတင်ပြီး နံပါတ်စဉ်ရေတွက်တော့သည်၊

"၁၀, ၉,...."

"ထလိုက်, အခုချက်ချင်းထ။"

ပရိတ်သတ်များမှာ ချန်ရှင်းကို ကျယ်လောင်စွာအော်ဟစ်နေကြတော့သည်။

ချူးဖေ့ဟန်နှင့် ကျန်သည့်လူများလဲ အပါအဝင်ပေါ့။

"၆, ၅....." ဒိုင်သည်လဲ ဆက်လက်ရေတွက်နေသည်။

"ချန်ရှင်း ထလိုက်စမ်းပါ။"

"၃, ၂, ၁။"

အဆုံးမှာတော့ ချန်ရှင်းမထနိုင်ခဲ့ပေ။

ဒါကြောင့် လျိုချင်းဘက်မှလောင်းထားသူများသည် လောင်းထားသည့်ငွေပမာဏ၏သုံးဆတိတိရသွားကြပြီး ချန်ရှင်းဘက်မှလောင်းသူများကတော့ လောင်းကြေးအားလုံးဆုံးရှုံးသွားလေသည်။

***

အခန်း ၂၃၉

ခွက်လဲကြမယ်

ချန်ရှင်းရော လျိုချင်းကိုပါ လောင်းတဲ့သူများကတော့ နည်းနည်းပါးပါးမြတ်ပြီး, နည်းနည်းပါးပါးရှုံးသွားကြသည်ပေါ့။

"ငါအစ ချန်ရှင်းဘက်ကို လောင်းမလို့ပဲ ဒါပေမယ့် စိတ်ပြောင်းသွားလို့ လျိုချင်းဘက်ကိုလောင်းလိုက်တာ။" ဟောင်ရန်အကျယ်ကြီးရယ်ကာ ဝမ်းမြောက်ဝမ်းသာပြောနေလေသည်။

"ငါ့တစ်ယောက်တည်းလွှတ်ထားစမ်းပါ။" ချူးဖေ့ဟန်သည်တော့ ဒေါသထွက်နေသည်။ ပိုက်ဆံနည်းနည်းလောက် ဆုံးရှုံးသွားသည်က သူမအတွက်ဘာမှမဟုတ်ပေမယ့် အခုလိုရှုံးနိမ့်သွားရသည့်ခံစားချက်ကိုတော့ မကြိုက်ပေ။

"ဘာလို့လဲ? ငါတစ်ယောက်တည်း လျိုချင်းဘက်လောင်းလိုက်တာမှမဟုတ်တာကို။" ဟောင်ရန်တမင်ကိုဆက်ပြောနေသည်။

"မင်း...." ချူးဖေ့ဟန် စိတ်ညစ်ညူးစွာ ဟောင်ရန်ဘက်ကိုလှည့်ကြည့်လိုက်လေသည်။

ထိုတစ်ခနတွင်ပဲ ကုနင်း အခြားတစ်ဖက်ရှိသီးသန့်ခန်းမှ ရင်းနှီးသည့်လူတစ်ယောက်ကို ဖျတ်ခနဲမြင်လိုက်ရသည်။

ထိုအခန်းတွင် အမျိုးသား၃ယောင်နှင့် အမျိုးသမီး၂ယောက် တစ်ဖက်စီထိုင်နေကြကာ ထိုထဲမှ အမျိုးသားတစ်ယောက်ကိုတော့ ကုနင်းသိလေသည်။ ထိုသူမှာ လဲ့ကျန်းယွီပင်။

ပြီးတော့ အမျိုးသမီးနှစ်ယောက်သည်လဲ အရင်နေ့တွေတုန်းက အန်ချင်းနှင့် ဈေးဝယ်ထွက်သည့်အချိန်တွင် တွေ့ခဲ့ဖူးသည့် ချန်းမန်ချီနှင့် သူမသူငယ်ချင်းဖြစ်သည်။

ဘာလို့ လဲ့ကျန်းယွီက ချန်းမန်ချီနှင့်အတူရှိနေရတာလဲ?

ကုနင်းစိတ်ရှုပ်ထွေးနေပေမယ့် တကယ့်အခြေအနေကို သူမလဲ သေချာမသိသေးတာကြောင့် ခနလောက်ဆက်ပြီးစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"ဘာဖြစ်လို့လဲ?" ကုနင်းတစ်ဖက်ခန်းကို စိုက်ကြည့်နေသည်ကိုမြင်တော့ လင်ရှောင်းထင် သူမကို မေးကြည့်လိုက်သည်။

သူ ကုနင်းရဲ့အကြည့်အတိုင်း သူ့မကို ကျော်ပြီးကြည့်,ကြည့်လိုက်တော့ တစ်ဖက်ခန်းမှလူများကိုတွေ့ပေမယ့် ဘယ်သူ့ကိုမှမသိပေ။

"ကျွန်မနဲ့သိတဲ့ လူတစ်ယောက်ကို တွေ့လိုက်တာပေမယ့် နည်းနည်းထူးဆန်းနေပုံရလို့။" ကုနင်းတစ်ဖက်ခန်းဆီမှ အကြည့်မလွှဲဘဲ ပြောလိုက်သည်။

လင်ရှောင်းထင် ဆက်ပြီးလဲမမေးတော့သလို ကုနင်းကိုလဲ အနှောက်အယှက်ထပ်မပေးတော့ပေ။

မကြာခင်တွင်ပဲ လဲ့ကျန်းယွီမတ်တပ်ထရပ်လိုက်ကာ သီးသန့်ခန်းကထွက်လိုက်သည်နှင့် ချန်းမန်ချီလဲ သူမလက်ကိုင်အိတ်ထဲမှ စက္ကူအိတ်အသေးလေးကို ထုတ်ယူလိုက်လေသည်။ သူထိုအထုပ်လေးကိုဖောက်လိုက်ပြီး လဲ့ကျန်းယွီ၏ဝိုင်ခွက်ထဲသို့လောင်းထည့်လိုက်သည်။

ကုနင်းလဲ တစ်ခုခုတော့ မှားနေပြီဖြစ်ကြောင်းခံစားလိုက်ရကာ ချက်ချင်းထရပ်လိုက်ပြီး,

"ခနနော်၊ ငါအပြင်ခနသွားလိုက်ဦးမယ်။"

သူငယ်ချင်းတွေကတော့ ကုနင်းသန့်စင်ခန်းသွားမည်ဟုထင်မိတာကြောင့် သိပ်ပြီး ဂရုစိုက်မနေကြပေ။

လင်ရှောင်းထင်သည်တော့ တစ်ဖက်ခန်းမှမြင်ကွင်းကို မြင်လိုက်ခြင်းကြောင့် ကုနင်းဘာသွားလုပ်မည်ကိုတန်းပြီးနားလည်လိုက်သည်။

"ကိုယ်ရောအတူလိုက်ခဲ့ပေးရမလား?"

ထိုစကားကိုကြားတော့ အားလုံးလင်ရှောင်းထင်ကို လှည့်ကြည့်မိလိုက်ကြသည်။ သူတို့အားလုံး လင်ရှောင်းထင်မှာ ကုနင်းနှင့်အတူ သန့်စင်ခန်းသို့လိုက်သွားမည်ဟုတွေးမိလိုက်တာကြောင့် တူးဆန်းသည်ဟုတွေးမိသွားကြခြင်းဖြစ်သည်။

လင်ရှောင်းထင်လဲ သူတို့အားလုံးရုတ်တရက် သူ့ကိုထိုသို့ကြည့်ကြမှန်းမသိတာကြောင့် စိတ်ရှုပ်သွားရလေသည်။

ကုနင်းကတော့ အချိန်ဖြုန်းမနေချင်တာကြောင့်,

"မလိုတော့ဘူး။ ဒီလောက်တော့ ကျွန်မပဲကိုင်တွယ်နိုင်ပါတယ်။"

"ကောင်းပြီလေ။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။

ကုနင်းလဲ ချက်ချင်းပဲ လဲ့ကျန်းယွီထောင်ချောက်မိသွားမည်ဆိုး၍ တစ်ဖက်အခန်းသို့ပြေးသွားလိုက်သည်။

ထိုအဖြူရောင်အမှုန့်မှာ ဘာမှန်းတော့သူမမသိပေမယ့် ဆိုးတာတစ်ခုခုဖြစ်မည်ကိုတော့ သိလေသည်။

ချန်းမန်ချီတစ်ယောက် လဲ့ကျန်းယွီနှင့် အိပ်ရရန် မသမာသည့်နည်းလမ်းကို အသုံးပြုနေခြင်းဖြစ်ရပေမည်။

ကုနင်းထွက်လာသည့်အချိန်တွင်ပဲ လဲ့ကျန်းယွီမှာ အခန်းထဲသို့ပြန်ဝင်သွားပြီဖြစ်တာကြောင့် ကုနင်းလဲ လဲ့ကျန်းယွီကို ချက်ချင်းတားမှရမည်ဖြစ်ကြောင်းသိလိုက်၏။

လဲ့ကျန်းယွီ သူ့ရဲ့ဝိုင်ခွက်ကိုယူက သောက်မလို့လုပ်လိုက်ချိန်တွင်ပဲ ကုနင်း တံခါးကို အသံအကျယ်ကြီးမြည်အောင် ထုရိုက်လိုက်သည်။

အခန်းထဲမှလူများမှာလဲ ထိုအသံကြောင့် ထိတ်လန့်သွားကြာကာ ချက်ချင်းသောက်လက်စများကို ရပ်တန့်လိုက်သည်။

ကုနင်းလဲ ကျောက်စိမ်းမျက်ဝန်းနှင့်ကြည့်နေခြင်းဖြစ်တာကြောင့် စိတ်သက်သာရာရသွားခဲ့သည်။

"ဘယ်သူလဲ?" လဲ့ကျန်းယွီမဟုတ်သည့် နောက်အမျိုးသားတစ်ယောက်က စိတ်မရှည်စွာမေးလိုက်သည်။

ကုနင်းထိုသူ့ကို လျစ်လျူရှုလိုက်ကာ,

"လူကြီးမင်းလဲ့၊ ကျွန်မကုနင်းပါ။ အရေးကြီးကိစ္စရှိလို့ပါ။"

တခြားလူတွေအားလုံး ချန်းမန်ချီ လဲ့ကျန်းယွီရဲ့ဝိုင်ခွက်ထဲ ဆေးခပ်တာကိုမြင်ပေမယ့် ဘယ်သူမှ စကားတစ်ခွန်းမဟခဲ့ကြပေ။ ထို့ကြောင့် သူတို့အဖွဲ့လိုက် လဲ့ကျန်းယွီကို ထောင်ချောက်ဆင်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိသာလေသည်။

ကုနင်းဆိုတာကြားလိုက်ရတော့ လဲ့ကျန်းယွီ ဝိုင်ခွက်ကို ချလိုက်ကာ တံခါးထံသို့လျှောက်လာခဲ့သည်။ ကုနင်းဘာလို့ ဒီလောက်အလျင်လိုနေလဲဆိုတာတော့ သူမသိပေမယ့် သူမသည် အန်ချင်း၏သူငယ်ချင်းဖြစ်တာကြောင့် သူမကို လျစ်လျူမရှုလိုက်နိုင်ပေ။

လဲ့ကျန်းယွီတံခါးကိုဖွင့်လိုက်ကာ ကုနင်းကိုမေးမြန်းလိုက်သည်။

"မိန်းကလေးကု, ကျွန်တော်ဘာများကူညီပေးရမလဲ?"

"နင်ပဲ!" ချန်းမန်ချီလဲ ကုနင်းကိုမြင်လိုက်တော့ အနည်းငယ်အံ့အားသင့်သွားသည်။

ချန်းမန်ချီဘေးတွင်ထိုင်နေသည့် အမျိုးသမီးသည်လဲ အလွန်အမင်းအံ့ဩသွားလေသည်။

ကုနင်း ချန်းမန်ချီကို သိနေတယ်ဆိုတဲ့အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်တာကြောင့် ချန်းမန်ချီသတ္တိလက်လွတ်တုန်ရီသွားမိပေမယ့် သူမလုပ်ခဲ့တာကို ကုနင်းသိနေလိမ့်မယ်လို့တော့ မယုံပေ။

"မင်းတို့နှစ်ယောက်က သိနေကြတာလား?" လဲ့ကျန်းယွီမေးလိုက်သည်။

"အရမ်းတော့မဟုတ်ပါဘူး။ ကျွန်မတို့တစ်ကြိမ်ပဲတွေ့ဖူးတာပါ။ ဒါပေမယ့်အဲ့ဒါက..." ကုနင်း အလွန်စိတ်ဝင်စားစရာကောင်းသည့်ပုံစံဖြင့်ပြောပြနေတာကြောင့် ချန်းမန်ချီမျက်နှာထားပြောင်းသွားကာ ချက်ချင်း သူမစကားစကို ဖြတ်ချတော့သည်၊

"ရပ်လိုက်တော့!"

"ဘာလဲ? မိန်းကလေးချန်း၊ ကျွန်မအခုထိပြီးအောင်မပြောရသေးဘူးလေ၊ ဘာလို့ရပ်ရမှာလဲ? ပြီးတော့ ရှင်ကရော ဘာလို့ဒီလောက်ထိတ်လန့်နေရတာလဲ?" ကုနင်းနှုတ်ခမ်းစွန်းလေးကော့တက်သွားကာ အဓိပ္ပါယ်ပါပါ မေးခွန်းထုတ်လိုက်သည်။

"နင်..." ချန်းမန်ချီစိတ်တိုသွားပေမယ့် ဘယ်လိုပြန်တုံ့ပြန်သင့်မှန်းမသိတော့ပေ။

"မိန်းကလေးကု, ဘာအရေးတကြီးကိစ္စများရှိနေလို့လဲ?" ကုနင်းနှင့် ချန်းမန်ချီတို့မတည့်ကြကြောင်း လဲ့ကျန်းယွီသတိထားမိလိုက်ပေမယ့် ကုနင်း၏အရေးအပေါ်ကိစ္စကိုတော့ မနှောင့်နှေးစေလိုပေ။

"အခုအဆင်ပြေသွားပါပြီ။ ပြီးတော့ ကျွန်မ မိန်းကလေးချန်းနှင့် ဝိုင်တစ်ခွက်လောက်သောက်ချင်သေးတယ်။ ဝင်လာလို့ရမလား?" ကုနင်းပြောပြီးသည်နှင့် အထဲသို့တန်းဝင်သွားလိုက်သည်။

လူတိုင်းကတော့ ကုနင်း၏ရုတ်တရက်ဆန်သည့် လှုပ်ရှားမှုများကြောင့် အံ့အားသင့်နေကြသည်။

လဲ့ကျန်းယွီလဲရှိနေခြင်းကြောင့် ချန်းမန်ချီမငြင်းနိုင်၍ ပြန်ဖြေလိုက်ရသည်။

"ရတာပေါ့၊ ကိစ္စမရှိပါဘူး။"

ထို့နောက် သူမဝိုင်ခွက်ကို မြှောက်ပြလိုက်သည်။

အခန်းတွင် ဝိုင်ခွက်အသစ်တစ်ခွက်ရှိနေသးတာကြောင့် လဲ့ကျန်းယွီ ကုနင်းအတွက် ဝိုင်ထည့်ပေးလိုက်သည်။

"မိန်းကလေးချန်း၊ ခွက်လဲကြရအောင်!" ကုနင်း မကောင်းဆိုးဝါးဆန်ဆန်အပြုံးပြုံးလိုက်ကာ လဲ့ကျန်းယွီ၏ဝိုင်ခွက်ကို ချန်းမန်ချီထံပေးလိုက်သည်။

အားလုံးလဲ ထိတ်လန့်ကာ ကြောက်လန့်သွားကြသည်။

သူမသိသွားတာလား? မဟုတ်ဘူး။ မဖြစ်နိုင်ပါဘူး! သူမကဘယ်လိုလုပ်သိမှာလဲ?

"မိန်းကလေးကု, ဒီဝိုင်ခွက်က ကျွန်တော့်ခွက်ပါ။" လဲ့ကျန်းယွီ ကုနင်းဘာကြောင့် ထိုသို့လုပ်မှန်းနားမလည်ပေ။ ချန်းမန်ချီလက်ထဲတွင်လဲ ဝိုင်ခွက်ကရှိနေပြီးသားကို။

"မိန်းကလေးကု, ရှင်ဘာလုပ်ချင်နေတာလဲ? ကျွန်မမှာ ဝိုင်ခွက်ရှိပြီးသားလေ ဘာလို့ တခြားလူသုံးပြီးသားခွက်ကို သုံးရမှာလဲ?" ချန်းမန်ချီ ကိုယ့်ကိုကိုယ်စိတ်အေးအောင် ကြိုးစားထိန်းချုပ်နေရသည်။

ကုနင်း သူမလျှို့ဝှက်ချက်ကို သိသွားပြီဆိုရင်တောင်မှ သူမလက်မခံနိုင်ပေ။

"ဘာလို့လဲ? ဒါကိစ္စကြီးမို့လို့လား? ဒါကလဲ ဝိုင်ခွက်အသစ်ပဲကို။" ကုနင်းထပ်ပြောလိုက်သည်။

"နင်...." ချန်းမန်ချီ သေချာပေါက် ထိုဝိုင်ခွက်မှဝိုင်ကို မသောက်နိုင်ပေ။

"မိန်းကလေးကု...." လဲ့ကျန်းယွီလဲ ကုနင်းဘာလုပ်နေမှန်းနားမလည်နိုင်ပေမယ့် သူမရဲ့အပြုအမူတွေက ထူးဆန်းနေလေသည်။

"လူကြီးမင်းလဲ့၊ ရှင်ကျွန်မကို ယုံကြည်တယ်ဆိုရင် ခနလောက်တိတ်တိတ်လေးနေပေးပါ။" ကုနင်းအေးဆေးပြန်ပြောလိုက်သည်။

လဲ့ကျန်းယွီသည် စီးပွားရေးသမားတစ်ယောက်ဖြစ်ချင်းကြောင့် ကုနင်း၏သတိပေးမှုကိုကြားလိုက်သည်နှင့် တစ်ခုခုမူမမှန်ကြောင်း ခံစားလိုက်ရသည်။

ကုနင်းဘာကြောင့် သူ့ကိုထိုဝိုင်ခွက်မကိုင်ခိုင်းတာလဲ? ဝိုင်ထဲမှာတစ်ခုခုပါနေတာလား? လဲ့ကျန်းယွီချက်ချင်းပဲ သတိထားမိသွားကာ မကျေမနပ်ဖြစ်သွားသည်။ သို့ပေမယ့် ကုနင်းက သူ့ကို ခနလောက်တိတ်တိတ်နေခိုင်းမှတော့ သူလဲ နောက်ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်စောင့်ကြည့်ဖို့ရန်ဆုံးဖြတ်လိုက်သည်။

***

အခန်း ၂၄၀

ချန်းမန်ချီ၏အကြံအစည်

အမျိုးသားနှစ်ယောက်မှာတော့ သူတို့အကြောင်းဖော်ထုတ်ခံလိုက်ရမည်ကို ကြောက်ရွံ့သွားတာကြောင့် ကုနင်းကို အပြစ်တင်တော့သည်,

"မိန်းကလေး၊ မန်ချီမှာ သူ့ဝိုင်ခွက်ရှိပြီးသားလေ၊ ဒီတော့ မင်းသူ့ကိုဘာလို့ အတင်းနောက်တစ်ခွက်သုံးခိုင်းနေရတာလဲ?"

"အဟုတ်ပဲ၊ မင်းက အလုပ်အမှုဆောင်လဲ့ရဲ့သူငယ်ချင်းဆိုရင်တောင် မင်းဆက်လုပ်နေဦးမယ်ဆိုရင် ငါတို့လုံခြုံရေးကိုခေါ်ရလိမ့်မယ်။"

"အရမ်းကောင်းတာပေါ့။ အခုပဲ လုံခြုံရေးကိုခေါ်လိုက်ကြပါ။ ပြီးတော့ ရှင်တို့ရဲကိုပါတစ်ခါတည်းခေါ်လိုက်ရင်ပိုကောင်းမယ်ထင်တယ်။" ကုနင်းကတော့ လုံးဝမကြောက်ရွံ့ပေ။

"မင်း...."

သူတို့မျက်နှာအမူအရာတွေချက်ချင်းပြောင်းလဲသွားသည်။ အကယ်၍ သူတို့သာရဲကိုခေါ်လိုက်လျှင် သူတို့အကြောင်းဖော်ထုတ်လိုက်သလိုဖြစ်သွားပေလိမ့်မည်။ ပြီးတော့ အခုချိန်မှာ ထိုမိန်းကလေး တစ်ခုခုသိနေတယ်ဆိုတာ ပိုသေချာလို့သွားသည်။ မေးစရာကတော့ သူမဘယ်လိုလုပ်သိသွားရတာလဲ?

လဲ့ကျန်းယွီလဲ အသေးစိတ်အမူအရာတွေကိုကအစ အလွတ်မခံဘဲစောင့်ကြည့်နေပြီး သူ့နောက်ကွယ်တွင် ထိုလူများတစ်ခုခုလုပ်ထားကြောင်း သူသိလိုက်သည်။

"ရှင် ဒါကိုသောက်မှာလား ? မသောက်ဘူးလား?" ကုနင်း အေးစက်သည့်အမူအရာဖြင့် ချန်းမန်ချီကို မေးလိုက်သည်။

ချန်းမန်ချီ စိတ်တိုနေသလို တစ်ချိန်တည်းကြောက်ရွံ့ထိတ်လန့်နေခြင်းကြောင့် ဘာစကားမှမပြောနိုင်တော့ပေ။

"ရှင်ကိုယ်တိုင်မသောက်ချင်ဘူးလား? ဒါဆို ကျွန်မကူညီပေးပါ့မယ်။" ကုနင်းနှာခေါင်းတစ်ချက်ရှုံလိုက်သည်။ ချန်းမန်ချီဘက်က ဘာမှမတုံ့ပြန်နိုင်သေးခင်တွင်ပဲ ကုနင်း သူမပါးစပ်ကို ကျယ်ကျယ်ဆွဲဖွင့်လိုက်ကာ သူမလည်ချောင်းတစ်လျှောက် ဝိုင်များတန်းဝင်သွားရန် လောင်းထည့်လိုက်တော့သည်။

ချန်းမန်ချီလက်ထဲက ဝိုင်ခွက်သည်တော့ ကြမ်းပြင်ထက်သို့လွတ်ကျသွားကာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားပေမယ့် သူမမှာတော့ ကြောက်လွန်းလို့ ထိုခွက်ကို ဂရုမစိုက်နိုင်ပေ။ သို့ပေမယ့် သူမခုခံမှုကအလဟဿဖြစ်သွားကာ ဝိုင်များမှာ သူမအစာအိမ်အတွင်းသို့ စီးဆင်းဝင်ရောက်သွားလေပြီ။

ကျန်တဲ့လူတွေအားလုံးလဲ ထိတ်လန့်သွားကြပေမယ့် တားဖို့ရန်နောက်ကျသွားခဲ့လေပြီ။

ကုနင်း ချန်းမန်ချီကိုလွှတ်ပေးလိုက်သည်နှင့် ချက်ချင်းဝိုင်များပြန်အန်ထွက်သွားအောင် အသည်းအသန်ကြိုးစားတော့သည်။

"နင်...." ချန်းမန်ချီ ကုနင်းကိုစိုက်ကြည့်လိုက်ပေမယ့် အခုချိန်တွင်သူမဘာမှမလုပ်နိုင်ပေ။

စက္ကန့်ပိုင်းလောက်နေသည်နှင့် ချန်းမန်ချီ ဆိုဖာပေါ်သို့ မူးလဲကျသွားတော့သည်။

ကျန်သည့်အမျိုးသားနှစ်ယောက်သည်တော့ ကြောက်လန့်ကာ ဘာမှစကားတစ်ခွန်းမှဝင်မပြောရဲကြတော့ပေ။

"ဘယ်သူလုပ်တာလဲ?" လဲ့ကျန်းယွီ ဒေါသတကြီးမေးမြန်းလိုက်သည်။

ထိုအချိန်တွင် အမျိုးသားတစ်ယောက်က ချက်ချင်းရှင်းပြတော့သည်။

"အလုပ်အမှုဆောင်လဲ့၊ ကျွန်တော်တို့နဲ့ဘာမှမဆိုင်ပါဘူး။ ဒါက ချန်းမန်ချီရဲ့အကြံပါ။"

"ဟုတ်ပါတယ်၊ ချန်းမန်ချီကိုယ်တိုင်လုပ်တာပါ၊ ပြီးတော့ ကျွန်တော်တို့ဘာမှမသိပါဘူး။ ကျွန်တော်တို့ သူဘာလုပ်မှာလဲဆိုတာကြည့်ချင်လို့ ဒီတိုင်းငြိမ်နေလိုက်ရုံပါ။ ခွင့်လွှတ်ပေးပါ။" နောက်လူတစ်ယောက်ကလဲ တောင်းပန်ခယတော့သည်။

သူတို့က လဲ့ကျန်းယွီနှင့် ပူးပေါင်းလုပ်ကိုင်နေသူများဖြစ်ပေမယ့် သူ့ကိုတော့ မယှဉ်နိုင်သေးပေ။ အကယ်၍ လဲ့ကျန်းယွီကသာ သူတို့သဘောတူညီချက်များကို ဖျက်သိမ်းလိုက်လျှင် သူတို့ကုမ္ပဏီ၏အနာဂါတ်လဲ ပျောက်ဆုံးသွားနိုင်ပေသည်။

ချန်းမန်ချီ၏သူငယ်ချင်းတောင်မှ ထိုကိစ္စမှာ ချန်းမန်ချီ၏ကိုယ်ပိုင်အကြံသာဖြစ်ကြောင်း ထွက်ဆိုလေသည်။

"ဒါဆို သူဘာလို့ဒီလိုလုပ်တာလဲဆိုတာ ရှင်တို့သိကြမှာပေါ့!" ကုနင်းမေးလိုက်သည်။ တကယ့်တော့ လဲ့ကျန်းယွီအပေါ် ချန်းမန်ချီဘယ်လိုသဘောထားလဲဆိုတာ သူမသိပြီးသားဖြစ်လေသည်။ ချန်းမန်ချီက လဲ့ကျန်းယွီကို ကြိုက်နေပေမယ့် လဲ့ကျန်းယွီသည်တော့ အန်ချင်းကိုသာကြိုက်လေသည်။ ဒါကြောင့် ချန်းမန်ချီက လဲ့ကျန်းယွီကို ဆေးခပ်ကာ သူနှင့်အတူအိပ်ရရန်ကြံစည်ခြင်းဖြစ်သည်။

ကုနင်းအထင်မှန်ပါ၏။

"သူ-သူက အလုပ်အမှုဆောင်လဲ့ကိုကြိုက်ပေမယ့် အလုပ်အမှုဆောင်လဲကတော့ သူ့ကိုမကြိုက်ဘူးလေ။ ဒါကြောင့်အလုပ်အမှုဆောင်လဲ့နဲ့အိပ်ပြီး ကိုယ်ဝန်ရအောင် စီစဉ်နေတာ။ ဒီလိုဆို အလုပ်အမှုဆောင်လဲက သူမအပိုင်ဖြစ်သွားမှာမလို့ပါ။" ချန်းမန်ချီ၏ မိန်းကလေးသူငယ်ချင်းကပြောပြခဲ့သည်။

လဲ့ကျန်းယွီမျက်လုံးထဲတွင်တော့ အမုန်းတရားများအုံ့ဆိုင်းနေလေသည်။ ချန်းမန်ချီ သူ့ကိုကြိုက်နေတာကို သိထားပြီးဖြစ်ပေမယ့် သူ့ဘက်ကလဲ အန်ချင်းကိုသာချစ်ကြောင်းပြန်ပြောထားပြီးဖြစ်သည်။ ထိုအချိန်ကစပြီး ချန်းမန်ချီက သူ့ကိုကြိုက်ကြောင်းထပ်မပြောတော့၍ လက်လျှော့သွားပြီဟုထင်ခဲ့ပေမယ့် အခုလိုသူ့နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်နေခြင်းကြောင့် အလွန်အံ့အားသင့်သွားမိသည်။

အကယ်၍ ကုနင်းကြောင့်သာမဟုတ်လျှင် သူထောင်ချောက်မိသွားပြီးဖြစ်ပေမည်။ ထိုထောင်ချောက်ထဲဝင်သွားပြီးပါက သူသည်စက်ဆုပ်ရွံ့ရှာစရာယောကျ်ားမျိုးဖြစ်သွားပြီး အန်ချင်ဘက်ကလဲ သူ့ကိုဘာမျှော်လင့်ချက်မှပေးတော့မည်မဟုတ်ပေ။

ထိုအကြောင်းများကိုတွေးလိုက်မိတော့ လဲ့ကျန်းယွီပိုလို့ပင်ရူးတော့မတတ် စိတ်တိုလာကာ အေးစက်ထက်ရှသည့်အကြည့်များဖြင့် ထိုယောကျ်ားနှစ်ယောက်ထံကြည့်လိုက်ပြီး,

"သူက ယောကျ်ားတစ်ယောက်ကို ဒီလောက်လိုချင်နေမှတော့ ခင်ဗျားတို့နှစ်ယောက် ဒီညအတွက် သူနဲ့ပူးပေါင်းပေးလိုက်ပေါ့။ ခင်ဗျားတို့ ကျုပ်အမိန့်ကိုမနာခံဘူးဆိုရင် ခင်ဗျားတို့ကုမ္ပဏီနဲ့ သဘောတူညီထားတာကို ချက်ချင်းဖျက်သိမ်းပစ်မယ်။"

လဲ့ကျန်းယွီသည် ပျော့ညံ့သည့်လူတစ်ယောက်မဟုတ်ပေ။ သူ့ကို တစ်စုံတစ်ယောက်က ထောင်ချောက်ဆင်မည်ဆိုလျှင် ထိုလူအောင်မြင်သွားသည်ဖြစ်စေ မအောင်မြင်ခဲ့သည်ဖြစ်စေ သူ့ဘက်ကတော့ သေချာပေါက် ထိုလူကို ပြန်ပေးဆပ်ရအောင်လုပ်ပေလိမ့်မည်။

သူသောက်မည့်ဝိုင်ခွက်ထဲ ဆေးခပ်သူမှာ ချန်းမန်ချီဆိုလျှင်တောင် ထိုလူနှစ်ယောက်မှာ ကြံရာပါအနေနှင့် အမှန်တရားကိုဖုံးကွယ်ပေးခဲ့ကြခြင်းကြောင့် လဲ့ကျန်းယွီဘက်ကလဲ သူတို့ကိုအလွတ်ပေးမည်မဟုတ်ပေ။

ထိုလူနှစ်ယောက်သည်လဲ ထိတ်လန့်တုန်လှုပ်ကာ ချက်ချင်းပြန်ဖြေကြသည်၊

"ဟုတ်ကဲ့ပါ။"

သူတို့အခုချိန်တွင်ပြန်ပြီး မခုခံရဲပေမယ့် မဟုတ်လျှင် သူတို့အလုပ်တွေကို ဆုံးရှုံးရပေလိမ့်မည်။ ဒါ့အပြင် ယောက်ျားတွေ မိန်းမလှလေးတစ်ယောက်နှင့်အတူအိပ်ရန် ငြင်းပယ်သည်က ကြုံတောင်ကြုံခဲဖြစ်ရပ်ပင်။ အထူးသဖြင့် ထိုလူနှစ်ယောက်ပေါ့။ ချန်းမန်ချီသည် လှပကာ ဆွဲဆောင်မှုရှိပြီး သူတို့ သူမကို လိုချင်နေတာလဲ အချိန်အတော်ကြာနေပြီဖြစ်ပေမယ့် ချန်းမန်ချီက သူတို့ကိုမကြိုက်ပေ။ ပြီးတော့ ချန်းမန်ချီသည့် ချမ်းသာသည့် မိသားစုတစ်ခုမှဖြစ်တာကြောင့် သူတို့ဘက်ကလဲ အတင်းဖိအားမပေးရဲပေ။

အခုလိုလဲ့ကျန်းယွီဘက်က သူတို့ကိုအမိန့်ပေးနေမှတော့ သူတို့ဘက်ကလဲ တရားလွန်ကိုသဘောတူတော့တာပေါ့။

ပြီးသွားသည်နှင့် လဲ့ကျန်းယွီနှင့် ကုနင်းတို့ထွက်သွားကြတော့သည်။

"မိန်းကလေးကု၊ ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်တော်ထောင်ချောက်မိသွားမှာ၊ ဒါပေမယ့် မင်းဘယ်လိုသိသွားတာလဲ ကျွန်တော့ကိုပြောပြလို့ရမလား? ကျွန်တော် ခနလေးပဲထွက်သွားခဲ့တာလေ။" လဲ့ကျန်းယွီ ကုနင်းကိုမေးလိုက်သည်။

ဒီတော့ကုနင်းက,

"ကျွန်မက ရှင်တို့အခန်းရဲ့ ညာဘက်မျက်စောင်းထိုးက သီးသန့်အခန်းမှာထိုင်တာလေ။ ပြီးတော့ ရှင်နဲ့အတူ ချန်းမန်ချီတွဲထိုင်နေတာကို မတော်တဆမြင်လိုက်မိတော့ သိချင်စိတ်ဖြစ်သွားမိတာ။ ကျွန်မ တစ်နေ့က ဈေးဝယ်စင်တာမှာ အန်ချင်းနဲ့အတူ ချန်းမန်ချီကိုတွေ့ထားပြီး ရှင်တို့ကြားက ဆက်ဆံရေးကိုလဲသိတယ်လေ။ ဒါကြောင့် ရှင်တို့ဘာလို့များအတူရှိနေလဲဆိုပြီး အံ့ဩသွားတာ။ မမျှော်လင့်ဘဲ ရှင်ထွက်သွားတာနဲ့ သူက ရှင့်ဝိုင်ခွက်ထဲ အဖြူရောင်အမှုန့်တွေထည့်လိုက်တယ်လေ။ ဘာမှန်းတော့ ကျွန်မလဲမသေချာပေမယ့် အကယ်လို့ ရှင်ဆေးခပ်ခံရမှာဆိုရင် မကောင်းဘူးလေ။ ဒါကြောင့် ကျွန်မလဲ အချိန်ဆွဲမနေဘဲ ချက်ချင်းအပြေးလားလိုက်တာ။ တော်သေးတာပေါ့ အချိန်မှီသွားလို့။"

အခုလေးတင်ဘာတွေဖြစ်ပျက်သွားသည်ဆိုတာကို ပြန်တွေးမိလိုက်တော့ လဲ့ကျန်းယွီစိတ်တိုနေသေးပေမယ့် ကုနင်း၏အမြင်အားကောင်းမှုကြောင့် အံ့အားသင့်သွားရသည်။

"မင်း တစ်ဖက်ခြမ်းကနေတောင် ကျွန်တော့်ကိုမြင်နိုင်တယ်ပေါ့? မင်းရဲ့အမြင်အားကတော့ တကယ့်အံ့မခမ်းပဲ။"

ထိုအခန်းနှစ်ခန်းကြားမှအကွာအဝေးမှာ မီတာ၂၀လောက်ကွာလေသည်။

"ဟုတ်တယ်၊ ကျွန်မအမြင်အားက သာမာန်လူတွေထက်ပိုကောင်းတယ်။" ကုနင်းရယ်လိုက်သည်။

"အိုး၊ မင်းဒီကို သူငယ်ချင်းတွေနဲ့လာတာမလား?" လဲ့ကျန်းယွီမေးလိုက်တော့ ကုနင်းက,

"ဟုတ်တယ်၊ ရှင်ရော ကျွန်မတို့အခန်းကိုလာခဲ့ပါလား? အန်းယီလဲရှိတယ်။"

အန်းယီနှင့် အန်ချင်းသည် ဝမ်းကွဲမောင်နှမများဖြစ်တာကြောင့် လဲ့ကျန်းယွီသည်လဲ သူနှင့်ရင်းနှီးလေသည်။

"မလာတော့ဘူး၊ ကျေးဇူးပါ။ ကျွန်တော်အခု စိတ်အခြေအနေသိပ်မကောင်းတော့လို့။" လဲ့ကျန်းယွီငြင်းလိုက်သည်။

"အဲ့လိုလား၊ ရပါတယ်။" ကုနင်းအတင်းမတိုက်တွန်းနေပေ။

"ပြီးတော့ ဒီအကြောင်းတွေ အန်ချင်းကိုမပြောပြပါနဲ့နော်၊ သူ့ကို မစိုးရိမ်စေချင်လို့ပါ။" လဲ့ကျန်းယွီပြောလိုက်တော့ ကုနင်းလဲ၊

"ကောင်းပါပြီ။"

ပြီးနောက် လဲ့ကျန်းယွီလဲထွက်သွားကာ ကုနင်းလဲ သူမတို့သီးသန့်အခန်းဆီပြန်သွားတော့သည်။

ကုနင်း ဆက်ပြီး သူမသူငယ်ချင်းများနှင့်ပျော်ပါးနေခဲ့ပြီး လင်ရှောင်းထင်သည်တော့ သူမကိုတစ်ချိန်လုံးမျက်စိဒေါက်ထောက်လိုက်ကြည့်နေခဲ့ခြင်းဖြစ်တာကြောင့် ဘာမှထပ်မမေးတော့ပေ။

လဲ့ကျန်းယွီ အောက်ထပ်ကောင်တာသို့သွားလိုက်ပြီး ကုနင်းတို့အတွက်တစ်ခုခုမှာပေးဖို့ရန်စီစဉ်လိုက်ပေမယ့် ကုနင်းတို့က ဒီညအတွက် အမြင့်ဆုံးဆုကို ရထားကာ စားသောက်စားရိတ်အားလုံး ပေးစရားမလိုကြောင်းသိသွားသည်။

***

စာစဉ် ၁၆ ပြီး၏။

All Chapters