အခန်း (၂၅၆-၂၆၀)
Vol. 18 Ch. 256-260
အခန်း ၂၅၆ လက်စားချေမှုလေး
ထိုကြီးမားလှသည့်ကျောက်ရိုင်းတုံးကြီးသည် ၄၅၀ပေါင်ရှိကာ တစ်ပေါင်ကို ယွမ်၂သောင်းကျပေမယ့် မန်နေဂျာက ကုနင်းကို ဈေးလျှော့ပေးလိုက်သောကြောင့် အဆုံးတွင်တော့ စုစုပေါင်း ယွမ်၇.၈သန်းသာပေးချေရလေသည်။
ပြီးသွားတော့ ကုနင်း ကျောင်ရိုင်းအသေးတုံးများကိုတော့ ကတ်ထူစက္ကူပုံးများဖြင့်ပဲ ထုပ်ပိုးခိုင်းကာ ကျောက်ရိုင်းတုံးကြီးကိုတော့ ဆိုင်ဝန်ထမ်းများကို အကူအညီတောင်းကာ အပြင်သို့ထုတ်ခိုင်းလိုက်လေသည်။
အပြင်ဘက်တွင်စောင့်နေသည့် ကောင်းယိသည်တော့ ထိုကျောက်ရိုင်းတုံးအကြီးကြီးကိုမြင်လိုက်သည်နှင့် ထိတ်လန့်သွားရသည်။
ဒီကျောက်ထဲမှာ ကျောက်စိမ်းကောရှိရဲ့လား? မရှိများသာမရှိရင် ဘော့စ်တော်တော်လေးဆုံးရှုံးမှုများသွားလိမ့်မယ်!
ထို့နောက် ကောင်းယိ ထိုကျောက်ရိုင်းတုံးအားလုံးကို သူတို့ရဲ့ဂိုဒေါင်သို့ပြန်သယ်သွားပြီး ကုနင်းက ဂိုဒေါင်မှာပဲခနဆက်နားနေရန်နှင့် သူမလိုအပ်မှသာ ဖုန်းဆက်လိုက်မည်ဖြစ်ကြောင်းပြောလာလေသည်။
ဒီတစ်ခေါက်တွင်တော့ ကုနင်း ဆိုင်ရှိ လူအများရှေ့တွင်ပင် ကျောက်ရိုင်းဖြတ်ဖို့စီစဉ်ထားလေသည်။ ဝမ်မိသားစုသည် ထန်မြို့ရှိ အဓိကကျောက်ရိုင်းတင်သွင်းမှုအများဆုံး သုံးဦးတွင်ပါသောကြောင့် ဒီနေရာသို့အဆင့်မြင့်ကျောက်စိမ်းများရှာဖွေရန်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များလဲ အများအပြားရှိပေလိမ့်မည်။
အခန်းBထဲတွင် နောက်ထပ်အဆင့်မြင့်ကျောက်စိမ်းပါဝင်သည့်ကျောက်ရိုင်းများရှိနေသေးကာ ကျောက်ရိုင်းတုံးအကြီးကြီးကြောင့်သာမဟုတ်လျှင် ကုနင်းမြန်မြန်ပြထွက်ခဲ့မည်မဟုတ်ပေ။ သူမ အခန်းBသို့မြန်မြန်ပြန်သွားလိုက်ကာ အဆင့်မြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းနှစ်တုံးနှင့် အလယ်အမြင့်ဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းနှစ်တုံးကိုရွေးယူဖို့ရန်လုပ်လိုက်သည်။
သို့ပေမယ့် ကုနင်း နောက်ဆုံးအလယ်အမြင့်အဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းတုံးကိုကောက်ယူတော့မည့်အချိန်တွင်ပဲ အသံတစ်သံက သူမကိုတားလိုက်လေသည်။
"ဟေ့, အဲ့ဒီ့ကျောက်ရိုင်းတုံးကို ငါအရင်မြင်တာ! ငါ့ကိုပေးစမ်း။" အသက်၁၇နှစ်အရွယ်လောက်ရှိသည့် မိန်းကလေးတစ်ယောက်က ကုနင်းကို ရိုင်းရိုင်းစိုင်းစိုင်းအော်ပြောလိုက်ကာ ကုနင်းထံမှ ဆွဲလုရန်ပြေးလာလေသည်။
ကုနင်း ထိုကောင်မလေးလက်မှလွတ်ရန် ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး,
"ကျောက်အလောင်းအစားလုပ်တဲ့စည်းကမ်းတွေကိုမသိဘူးလား? ကျောက်ရိုင်းလက်ထဲအရင်ရောက်တဲ့လူကပဲ ပိုင်ရမှာ အရင်မြင်တဲ့လူက ပိုင်ရမှာမဟုတ်ဘူး။"
"ဟုတ်တယ်၊ ကျောက်အလောင်းအစားလုပ်တာမှာလဲ စည်းမျဉ်းတွေရှိတယ် ဒီကောင်မလေးတော်တော်ရိုင်းတာပဲ!" လူတစ်ချို့က အပြစ်တင်ပြောဆိုလိုက်ကြသည်။
"အဲ့တော့ဘာဖြစ်လဲ? ငါဘယ်သူလဲဆိုတာကောသိကြရဲ့လား? ငါက ဝမ်မိသားစုရဲ့သမီး ဝမ်ရှင်းယန်ပဲ။ ဒါက ငါတို့မိသားစုအပိုင်ဆိုင် ဒီတော့ ငါပြောရင်ပြောတဲ့အတိုင်းပဲဖြစ်မှာ။" ထိုမိန်းကလေးက မောက်မာမှုအပြည့်ဖြင့်ပြန်ပြောလာသည်။
ထိုမိန်းကလေးက ဝမ်မိသားစု၏သမီးဆိုသည်ကိုကြားလိုက်ရတော့ အနားမှလူအားလုံးကြောက်လန့်သွားကာ အထူးသဖြင့်ထိုသမီးဆိုသူက ဝမ်ရှင်းယန်မှန်းသိလိုက်ချိန်တွင်ပင်။
ဘာလို့လဲ? ဘာလို့ဆို ဝမ်ရှင်းယန်သည် သူမ၏ ရိုင်းဆိုင်းကာ ရက်စက်တတ်သည့်ကိုယ်ကျင့်တရားကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသူဖြစ်သောကြောင့်ပင်။
"သူက ဝမ်မိသားစုရဲ့သမီးတဲ့လား? သူကပြဿနာရှာတဲ့တစ်ယောက်ပဲ!"
"ဟုတ်တယ်, ဘယ်သူမကမှ ဝမ်မိသားစုနဲ့ ရန်ငြှိုးမဖွဲ့ရဲကြဘူးလေ!"
"ငါကြားတာတောင့် တခါတုန်းက မိန်းကလေးဝမ်ကြိုက်နေတဲ့ကျောက်ရိုင်းကို မိန်းမငယ်လေးတစ်ယောက် ရွေးလိုက်ပြီး သူ့တုန်းကလဲ အခုလိုပြန်မပေးချင်ဘူးတဲ့။ ပြီးတော့ သူက မိန်းကလေးဝမ်နဲ့တောင်ရန်ဖြစ်လိုက်သေးတယ်။ ဒီလိုနဲ့ပဲ သူ့အဖေရဲ့ ဝမ်မိသားစုနဲ့ သဘောတူညီချက်ကိုဖျက်သိမ်းခံလိုက်ရတယ်တဲ့။"
"ငါလဲအဲ့သတင်းကြားတယ်။ မိန်းကလေးဝမ်ရဲ့လက်မောင်းမှာ ခြစ်ရာတစ်ခုဖြစ်သွားရပေမယ့် ဟိုမိန်းကလေးဘက်ကတော့ ခြစ်ရာတွေအများကြီးပြန်လုပ်ခံရတဲ့အပြင် တစ်ခုဆို သူ့မျက်နှာပေါ်တောင်မှတဲ့။" နောက်ထပ်လူကြီးတစ်ယောက်က ထပ်ပေါင်းပြောပြလာသည်။ ထို့ကြောင့် သူက ကုနင်းကိုစေတာနာနှင့်တိုက်တွန်းလိုက်သည်၊
"မိန်းကလေး၊ မင်းဒီကျောက်ရိုင်းကို သူ့ကိုပေးလိုက်တာပိုကောင်းမယ်ထင်တယ်။ မင်းနောက်ဖြစ်လာမယ့်အကျိုးဆက်ကို လက်ခံနိုင်မှာမဟုတ်ဘူး။"
ဝမ်မိသားစုဆိုသည်မှာ ထန်မြို့တွင် သူတို့ရဲ့ရိုင်းစိုင်းကာ မောက်မာတတ်မှုဖြင့် ကျော်ကြားကြသူများဖြစ်လေသည်။ ဘာလို့ဆို သူတို့က ထန်မြို့ရှိအကြီးမားဆုံးဖြစ်သည့် တစ်ဦးတည်းသော ကျောက်ရိုင်းတင်သွင်းသူများမဟုတ်ပေမည့် ဝမ်မိသားစု၏ ဒုတိယသားသည်က ထန်မြို့၏ မြို့တော်ဝန်ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။ ဝမ်မိသားစုသည် နိုင်ငံရေးကော စီးပွားရေးတွင်ပါ လွှမ်းမိုးမှုရှိသောကြောင့် ဘယ်သူမှ သူတို့ကိုဆန့်ကျင်သည့်အပြုအမူမျိုးမပြုလုပ်ရဲပေ။
ဒါတွေက ကုနင်းနှင့်ဘာမှတော့မဆိုင်ပေမယ့်လဲ အခုတော့ ဝမ်မိသားစုအပေါ် သူမအတော်လေးအမြင်မကြည်တော့ပေ။
"မပေးနိုင်ဘူးဆိုရင်ကော? နင်က ငါ့ကိုဘာလုပ်နိုင်မှာလဲ?" ကုနင်း ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် ဝမ်ရှင်းယန်ကိုပြန်မေးလိုက်သည်။
ဝမ်ရှင်းယန် ဘာလို့ဒီကျောက်ရိုင်းကိုဒီလောက်လိုချင်နေရတာလဲ? သူက ဒီအတိုင်းဆိုးသွမ်းတဲ့ကောင်မလေးတစ်ယောက်ပဲကို၊ ဒါမှမဟုတ် ဒီထဲမှာကျောက်စိမ်းရှိမယ်လို့များသေချာနေလို့လား?
"နင်ငါ့ကို အဲ့ဒီကျောက်ရိုင်းမပေးဘူးဆိုရင်၊ လူရှာပြီး နင့်ကိုဆိုင်ထဲက မောင်းထုတ်ပစ်မယ်။" ဝမ်ရှင်းယန်က ခြိမ်းခြောက်လိုက်သည်။
"တကယ်လား? ဒါပေမယ့် ဒီလိုဆုံးဖြတ်ချက်မျိုးက နင့်မှာလုပ်ပိုင်ခွင့်ရှိမယ်လို့မထင်ဘူး။ တကယ်လို့ ဒီဆိုင်ရဲ့သူဌေးကသာ သဘောတူမယ်ဆိုရင် ငါချက်ချင်းထွက်သွားလိုက်မယ်။" ကုနင်းပြန်ပြောလိုက်သည်။
"နင်...." ဝမ်ရှင်းယန် အလွန်စိတ်တိုသွားရသည်။ ကုနင်းဒီလိုမျိုး သူမကိုလုံးဝမကြောက်ဘဲနေမည်ဟု မမျှော်လင့်ထားမိပေ။
"နင်ကများ မသွားဘဲနေရဲတယ်ပေါ့! ငါ့အဖိုးကိုသွားရှာခဲ့မယ်။"
ပြောပြီးသည်နှင့် ဝမ်ရှင်းယန် လှည့်ထွက်ကာ ပြေးသွားတော့သည်။
ထိုအချင်းအရာကိုမြင်တော့ အားလုံး ကုနင်းကို စိုးရိမ်ပူပန်စွာကြည့်လိုက်ကြပေမယ့် သူမကတော့ အေးအေးဆေးဆေးပင်။
အခုတစ်ခေါက်တွင်တော့ ဝမ်ရှင်းယန်၏အဖိုးသည်လဲ ဆိုင်ထဲတွင်သာရှိနေသောကြောင့် မကြာခင်တွင်ပဲ သူမအဖိုးကိုခေါ်ကာ ပြန်ရောက်လာတော့သည်။
ဝမ်ရှင်းယန်၏အဖိုးဖြစ်သူမှာ ဝမ်ဟုန်းမင်ဟုခေါ်ပြီး သူသည် ထန်မြို့ရှိ အလွှမ်းမိုးနိုင်ဆုံးမိသားစုကြီးလေးစုထဲမှ တစ်စု၏ခေါင်းဆောင်လဲဖြစ်သည်။
ထန်မြို့တွင် လွှမ်းမိုးမှုအရှိဆုံးမိသားစုကြီးလေးခုရှိကာ ရှီမိသားစု, ကျန်းမိသားစု, ရှန်မိသားစု နှင့် ဝမ်မိသားစုတို့ဖြစ်ကြသည်။ သူတို့ထဲတွင် ကျန်းမိသားစုနှင့် ဝမ်မိသားစုသည် ကျောက်ရိုင်းတင်သွင်းသူများဖြစ်ကြလေသည်။
ဝမ်ဟုန်းမင်ကြည့်ရတာ စိတ်အခြေအနေမကောင်းပုံရပေမယ့် အကြောင်းအရင်းကိုတော့ ဘယ်သူမှမသိကြပေ။
ဝမ်မိသားစုသည် အမြဲတမ်းမောက်မာသည့်လူများဖြစ်သော်လည်း သူတို့ဘက်ကအလွန်အမင်းအကျိုးအကြောင်းမညီညွတ်သည့်ဘက်ရောက်နေလျှင်တော့ ညှိနှိုင်းမှုပြုလုပ်ကြလေသည်။
"အဖိုး၊ သူပဲ! သူ သမီးရဲ့ကျောက်ရိုင်းကိုလုသွားတာ။" ဝမ်ရှင်းယန် ကုနင်းကိုလက်ညှိုးထိုးပြကာ သူမအဖိုးကိုတိုင်တန်းပြောဆိုလိုက်သည်။
"ဘာတွေဖြစ်နေကြတာလဲ?" ဝမ်ဟုန်းမင်၏အမေးစကားတွင် သဘာဝအလျောက် ခြိမ်းခြောက်နိုင်သည့်အငွေ့အသက်များလွှမ်းမိုးနေလေသည်။
ပြီးတော့ သူလဲ သူ့မြေးဖြစ်သည်၏အကျင့်စရိုက်ကိုသိထားပြီးဖြစ်ကာ သူ့မြေးဘက်ကသာ ချဲ့ကားပြောဆိုနေခြင်းမှာ ဖြစ်နိုင်ချေပိုများလေသည်။ သို့ပေမယ့် သူ့မြေးတွင် ထူးချွန်သည့်စရိုက်လက္ခဏာရှိကာ သူမကသာ ထိုကျောက်ရိုင်းကိုလိုချင်သည်ဆိုလျှင် အထဲတွင်ကျောက်စိမ်းရှိနေဖို့အခွင့်အရေးပိုများလေသည်။ ထို့ကြောင့် သူသည်လဲ ထိုကျောက်ရိုင်းကိုလက်မလွှတ်ချင်ပေ။ ဒါကြောင့် သူရဲ့အရှိန်အဝါကိုအသုံးချကာ ကုနင်းကိုသူမကိုယ်တိုင်ပြန်ပေးလာအောင် ခြိမ်းခြောက်နေခြင်းဖြစ်လေသည်။
သို့ပေမယ့် ကုနင်းကတော့ နည်းနည်းလေးတောင့်ကြောက်ရွံ့မှုကိုမခံစားလိုက်ရဘဲ ဝမ်ဟုန်းမင်၏မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်၊
"ကျွန်မဒီကျောက်ရိုင်းကိုအရင်ယူခဲ့တာ ဒါပေမယ့် မိန်းကလေးဝမ်က သူအရင်မြင်တာဆိုပြီး လာငြင်းတယ်။ ကျွန်မတော့ ကျောက်အလောင်းအစားလုပ်တဲ့ထဲမှာ အရင်မြင်သူယူကြေးဆိုတဲ့စည်းမျဉ်းရှိနေတယ်လို့မထင်ဘူး။"
ဝမ်ဟုန်းမင် ကုနင်းကိုစိုက်ကြည့်လိုက်သည်။ သူ့ကို အခုလိုမျိုး ထိုအမျိုးသမီး ပြန်ဆန့်ကျင်ရဲလိမ့်မယ်လို့မထင်ထားခဲ့မိပေ။
"အဖိုး၊ သမီးက လှည်းကိုပြန်သွားယူရုံပါ။ ဒါပေမယ့် ဒီမိန်းမက ချက်ချင်းလုသွားတာ။" ဝမ်ရှင်းယန် ထပ်ပြီးပြောလိုက်သည်။
"မိန်းကလေး၊ ဒီကျောက်ရိုင်းကို ငါ့မြေးက အရင်မြင်ပြီး အရမ်းလဲလိုချင်နေတယ်။ သူ့ကိုပဲပြန်ပေးလိုက်ပါလား? ငါတို့ဆိုင်မှာ တခြားကျောက်ရိုင်းတွေလဲအများကြီးရှိနေသေးတာပဲ တခြားတစ်ခုကိုပဲရွေးလိုက်ပါ။ ငါ့မြေးမှာက အကျင့်ဆိုးလေးရှိတယ်၊ ငါတို့ဘယ်လောက်ပြောပြော နားထောင်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါတို့ဘက်ကလဲ သူမင်းကို တိုက်ခိုက်မှာမျိုးမဖြစ်စေချင်ဘူး။" ပုံစံအရ ဝမ်ဟုန်းမင်က ကုနင်းကိုရင်းနှီးစွာပြောနေသည်ကိုထင်ရပေမယ့်လဲ တကယ်တော့ခြိမ်းခြောက်နေခြင်းသားဖြစ်လေသည်။
"ကောင်းပြီလေ၊ ဒီတစ်တုံး သူ့ကိုပြန်ပေးနိုင်ပါတယ်၊ ဒါပေမယ့် တကယ်လို့ ကျွန်မနောက်ထပ် ကျောက်ရိုင်းတစ်တုံးထပ်ရွေးလို့ သူအရင်မြင်တာပါဆိုပြီး ထပ်ငြင်းနေရင်ရော?" ကုနင်းပြန်ပြောလိုက်သည်။
ဝမ်ဟုန်းမင်ချက်ချင်းပဲ ကျေနပ်သည့်အမူအရာဖြစ်သွားသည်။ အနားမှလူအားလုံးသည်လဲ ကုနင်းအရှုံးပေးကာ ညှိနှိုင်းလိုက်သည်ဟု ယုံကြည်သွားကြလေသည်။ သို့ပေမယ့် သူတို့မသိလိုက်တာက ကုနင်းမှာတကယ်တော့ သူမရဲ့လက်စားချေမှုလေးတစ်ခုကိုပြင်ဆင်ခဲ့ပြီးဖြစ်နေသည်ကိုပင်။
"ဒီလိုထပ်မဖြစ်တော့ပါဘူး။ သူဒီကျောက်ရိုင်းကိုရပြီးသွားတာနဲ့ ငါခေါ်သွားတော့မှာပါ။" ဝမ်ဟုန်းမင်က ကတိပေးလိုက်သည်။
..............Book 18 Part 256end.............
ဖီးနစ်သွေးစက်
အခန်း ၂၅၇ အလွန်ချမ်းသာသည့် အမျိုးသမီး
"ကောင်းပြီလေ။" ကုနင်းသဘောတူကာ ကျောက်ရိုင်းတုံးကို ဝမ်ရှင်းယန်အားပေးလိုက်သည်။ ဝမ်ရှင်းယန်လဲ ချက်ချင်းဆွဲယူလိုက်ကာ သူမရဲ့အောင်နိုင်မှုအပေါ် ဂုဏ်မြောက်နေလေသည်။ ထို့နောက် ကျောက်ရိုင်းတုံးကိုသယ်ကာ ဝမ်ဟုန်းမင်နှင့်အတူ ထွက်သွားတော့သည်။
ကုနင်း၏မျက်ဝန်းထဲတွင်တော့ အေးစက်လှသည့်အရိပ်အငွေ့များထူထပ်သိပ်သည်းစွာတည်ရှိနေလေသည်။ သူမအစကတော့ အလယ်အမြင့်ဆင့်ကျောက်စိမ်းရှိသည့်ကျောက်ရိုင်းတစ်ဝက်လောက်နှင့် ထိပ်တန်းအဆင့်ကျောက်စိမ်းရှိသည့်ကျောက်ရိုင်းအားလုံးကိုသာဝယ်ယူသွားရန်စီစဉ်ထားခဲ့ပေမည့် အခုတော့ စိတ်ပြောင်းသွားလေပြီ။ သူမ အလယ်အဆင့်ကျောက်စိမ်းပါရှိသည့်ကျောက်ရိုင်းတုံးကအစ ကျန်သည့်အထက်အဆင့်ရှိသည့်ကျောက်ရိုင်းအားလုံးကိုပါ တစ်ခုမကျန်ယူသွားတော့မည်ဖြစ်သည်။
မကြာခင်တွင်ပဲ ကုနင်း အခန်းB, C, Dများထဲမှာ အလယ်အဆင့်နှင့်အထက်ကျောက်စိမ်းရှိသည့်ကျောက်ရိုင်းအားလုံးကို လှည်းအတွင်းသို့ထည့်လိုက်ပြီးဖြစ်လေသည်။ ထိုထဲတွင် ထိပ်တန်းအဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်း၃တုံး၊ အဆင့်မြင့်ကျောက်စိမ်းပါသည့်ကျောက်ရိုင်း ၇တုံး၊ အလယ်အမြင့်ဆင့်ကျောက်စိမ်းပါရှိသည့် ကျောက်ရိုင်း၂၁တုံးနှင့် နောက်ထပ်အလယ်အဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းများ အားလုံးပေါင်း ၆၈တုံးရရှိသွားခဲ့လေသည်။
ထပ်ပြီးတော့ အခန်းAအတွင်းရှိ အဖိုးတန်ကျောက်စိမ်းများပါရှိနေမည့် ကျောက်ရိုင်း၂တုံးကိုတောင်မှ အလွတ်မပေးခဲ့ပေ။
ထိုထဲမှတစ်တုံးသည် ဘက်စကတ်ဘောလုံးတစ်လုံးလောက်ကြီးကာ နောက်တစ်တုံးသည်တော့ ဘောလုံးတစ်လုံးလောက်ကြီးလေသည်။
လူတိုင်းကတော့ ကုနင်းအခုလို စိတ်လွတ်လက်လွတ်ဝယ်ယူနေသည်ကို ကြောင်အစွာကြည့်နေကြလေသည်။ တချို့ကတော့ ကုနင်းအခုလိုမျိုး အသုံးအဖြုန်းကြီးလှသည်ကိုမြင်ရတော့ ရူးနေသည်ဟုတောင် တွေးလိုက်မိကြသေးသည်။
ဆိုင်မန်နေဂျာသည်လဲ ကုနင်း ပစ္စည်းဖိုးလာရှင်းသည့်အချိန်၌ အလွန်ထိတ်လန့်သွားရလေသည်။
ကျောက်ရိုင်းတစ်ပုံလိုက်ကြီးမှာ အားလုံးပေါင်း ယွမ်၂၆.၈သန်းကျသင့်ပြီး အခန်းAအတွင်းမှကျောက်ရိုင်းနှစ်တုံးသည်တော့ ဝင်းဒိုးဖွင့်ပြီးသားဖြစ်ကာ ကျောက်စိမ်းရှိနိုင်ချေမြင့်သောကြောင့် နှစ်တုံးပေါင်း ယွမ်၁၂သန်းလောက်ပေးရလေသည်။
အခန်း Aထဲမှ ဘက်စကတ်ဘောလုံးအရွယ်ရှိသည့် ကျောက်ရိုင်းသည်က ယွမ်၇သန်းကျသင့်ကာ ဘောလုံးအရွယ်လောက်ရှိသည့်ကျောက်ရိုင်းသည်တော့ ယွမ်၅သန်းကျလေသည်။
ထိုကျောက်ရိုင်းများထဲတွင် ကျောက်စိမ်းရှိနေမည်ဆိုလျှင် အပေါ်ခွံကိုဖယ်ထုတ်ပြီးပါကာ နဂိုအရွယ်အစား၏ သုံးပုံနှစ်ပုံလောက်ကျန်ရှိနေမည်ဖြစ်ကာ အကြီးရော အသေးရော၏တန်ဖိုးမှာ အနည်းဆုံးယွမ် ၁၀သန်းနှင့် ယွမ်၈သန်းလောက်ရရှိမည်ဖြစ်သည်။ တကယ်ဆို အခန်းAမှ ကျောက်ရိုင်းများသည် အမြတ်အစွန်းများစွာမရရှိပေမယ့်လဲ ငွေပြန်ရနိုင်ချေတော့အတော်လေးမြင့်လေသည်။
ကုနင်း ပစ္စည်းတန်ဖိုးရှင်းနေသည့်အချိန်တွင် လူများဝိုင်းအုံနေကာ သူမအများကြီးဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်မိနေကြသည်။
ကုနင်း စက္ကန့်ပိုင်းအတွင်းတွင်ပဲ ငွေပေးချေမှုပြီးဆုံးသွားလေသည်။
သူမငွေရှင်းပြီးရုံရှိသေး၊ ကျောက်ဖြတ်သည့်နေရာမှ ဝမ်ရှင်းယန်၏အသံကိုကြားလိုက်ရလေသည်။
"ကျောက်စိမ်းရှိနေတယ်၊ အဖိုး အထဲမှာကျောက်စိမ်းရှိနေတယ်။!" ဝမ်ရှင်းယန်က စိတ်လှုပ်ရှားကာ အော်ဟစ်နေပြီး ဝမ်ဟုန်းမင်သည်လဲ အတော်လေးကျေနပ်နေလေသည်။
ကုနင်းကတော့ ထိုကျောက်ရိုင်းထဲတွင် ကျောက်စိမ်းရှိနေမှန်းသိပြီးသားဖြစ်သောကြောင့် ထူးထွေကာ အံ့ဩမနေတော့ပေ။
ဝမ်ဟုန်းမင်ပိုင်သည့်ကျောက်စိမ်းဖြစ်သောကြောင့် ဘယ်သူမှဈေးမခေါ်ရဲကြပေ။ ဘာလို့ဆို ဝမ်မိသားစုသည်လဲ လက်ဝတ်ရတနာလုပ်ငန်းလုပ်ကိုင်နေကြသောကြောင့် ဝမ်ဟုန်းမင်သည်လဲ ရောင်းမည်မဟုတ်ပေ။
ဝန်ထမ်းက ကျောက်စိမ်းအပေါ်မှ ဖုန်မှုန့်များကိုဆေးကြောပြီးသည်နှင့် အလွန်အံ့အားသင့်စွာပြောလာလေသည်၊
"ဒါပန်းရောင်ဖျော့ပဲ၊ ပန်းရောင်ကြာစွယ်အမျိုးအစားပဲ!"
"ဘာ? အဲ့ဒါဆို အလယ်အမြင့်ဆင့်ကျောက်စိမ်းပေါ့!"
"ဟုတ်တာပေါ့၊ အဲ့ဒါဆိုတော်တော်တန်ဖိုးရှိမှာ။"
"ဝိုး, အားကျလိုက်တာ။"
...............
"ငါရွေးထားတာ!" ဝမ်ရှင်းယန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမရွေးထားတာမှန်း ကြေညာနေလေကာ ဝမ်ဟုန်းမင်သည်လဲ အတော်လေးပျော်ရွှင်နေလေသည်။
"မိန်းကလေးဝမ်က တကယ့်ကို ကျောက်အလောင်းအစားလုပ်တာမှာ ထူးချွန်တဲ့အရည်အချင်းရှိတာပဲ!"
"ဆရာကြီးဝမ်ကတော့ ဂုဏ်ယူနေတော့မှာပေါ့။"
.........
လူတိုင်းက အဆက်မပြတ်မြှောက်ပင့်နေကြကာ ကုနင်းကတော့ နှာခေါင်းသာရှုံ့လိုက်မိသည်။ အခုက ပျော်ဖို့စောလွန်းနေပါသေးသည်။
ကုနင်းလဲ သူမဒီလိုလုပ်မှာက ဝမ်မိသားစုနှင့်သေချာပေါက်ရန်ငြှိုးဖွဲ့မိမည်မှန်း နားလည်ထားပြီးဖြစ်သည်။ သေချာပေါက်သူတို့ဘက်ကလဲ သူမကိုထိခိုက်အောင် လျှို့ဝှက်ကြံစည်နိုင်ပေမယ့် ကုနင်းကတော့ ယခုအချိန်တွင် လင်ရှောင်းထင်၏ထောက်ပံ့ပေးမှုရှိနေပြီဖြစ်သောကြောင့် ဂရုမစိုက်နေတော့ပေ။ ပြီးတော့ သူမမတောင်းဆိုလျှင်တောင်မှ လင်ရှောင်းထင်ဘက်က သူမကိုလိုလိုချင်ချင်ကာကွယ်မှုပေးနေချင်သူဖြစ်လေသည်။
လင်ရှောင်းထင်သည်တော့ အခုချိန်တွင် ထန်မြို့သို့လာသည့် သီးသန့်ဂျက်လေယာဉ်ပေါ်သို့ရောက်ရှိနေပြီးဖြစ်လေသည်။
ချန်းမင်က လေယာဉ်မှူးဖြစ်ကာ သူတို့အဖွဲ့တွင် အဆင့်၉ရှိသည့် ကူယွဲ့ကျီက တွဲဖက်လေယာဉ်မှူးဖြစ်လေသည်။
လေယာဉ်ထဲတွင်တော့ ရှင်းပိုင်၊ စစ်မင် နှင့်ရှုကျင်းချန်တို့က စကားပြောနေကြပေမယ့် လင်ရှောင်းထင်သည်တော့ အရောင်လက်နေသည့်မျက်ဝန်းများဖြင့် ဖုန်းကိုသာစိုက်ကြည့်နေလေသည်။
စစ်မင်က ထိုအချင်းအရာကိုသတိထားမိသွားကာ အံ့ဟသွားပြီး ရှင်းပိုင်နှင့် ရှုကျင်းချိန်ကို အသံတိုးတိုးဖြင့်လှမ်းပြောလိုက်သည်၊
"ဟေ့, ငါ့တို့ဘော့စ်ကိုကြည့်လိုက်။ သူ့မျက်လုံးတွေက အရောင်တစ်လက်လက်နဲ့ ဖုန်းကိုပဲ အာရုံစိုက်ကြည့်နေတယ်။ သူအလှလေးတွေရဲ့ပုံတွေကြည့်နေတာများလားပဲ?"
ထိုစကားကိုကြားတော့ ရှင်းပိုင်နှင့် ရှုကျင်းချန်လဲ ချက်ချင်းပဲ လင်ရှောင်းထင်ကိုလှည့်ကြည့်လိုက်ကြသည်။
သို့ပေမယ့် စစ်မင်ဘယ်လောက်ပဲတိုးတိုးပြောပြော လင်ရှောင်းထင်ကတော့ ရှင်းရှင်းလင်းလင်းကြားနေရသောကြောင့် ဖုန်းကိုချက စစ်မင်ကို အေးစက်စက်ကြည့်လိုက်လေသည်။
ထို့ကြောင့် ရှင်းပိုင်နှင့် ရှုကျင်းချန်တို့ခေါင်းလှည့်ကြည့်လိုက်သည့်အချိန်တွင် လင်ရှောင်းထင်၏အေးစက်လှသည့်အကြည့်များနှင့် တည့်တည့်တိုးသွားတော့သည်။ သူတို့မှာ ပြစ်မှုကျူးလွန်နေချိန် သက်သေနှင့်တကွ လက်ပူးလက်ကြပ်အဖမ်းခံလိုက်ရသည့် ခံစားချက်မျိုးဖြစ်သွားကာ ချက်ချင်းပဲ အကြည့်တွေကိုရွှေ့လိုက်ကြတော့သည်။
စစ်မင်လဲ အလွန်ထိတ်လန့်သွားခဲ့ကာ အခုလိုမျိုး သူတို့ဘော့စ်အကြောင်းအတင်းပြောနေတုန်း အမိခံလိုက်ရသည့်ခံစားချက်က အတော်ပင်ဆိုးရွားလွန်းလေသည်။ ဒီလိုကိစ္စလေးကြောင့်နှင့် ဘော့စ်ကစိတ်ဆိုးမည်မဟုတ်မှန်းသိနေသောလဲ လင်ရှောင်းထင်၏အရှိန်အဝါအောက်တွင်တော့ အတော်လေးနေရခက်လေသည်။ ထို့ကြောင့် စစ်မင်လဲချက်ချင်းပဲ ခေါင်းစဉ်ပြောင်းပြောလိုက်တော့သည်။
"အမ်, ကျင်းချန်, ဒါပြီးရင် ငါတို့ဘယ်သွားကြမလဲ? အိုးဟုတ်သားပဲ၊ မင်းအိမ်က မိန်းကလေးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်ဆို။ ဘယ်လိုနေလဲ?"
"ကြင်ဖက်တွေ့တယ်ဆိုတာက တကယ်ကိုပျင်းစရာကောင်းလွန်းတယ်။ ငါကတော့ အဲ့ဒါကြီးကို မုန်းကိုမုန်းတာ။" ရှုကျင်းချန်က အလွန်အမင်းသဘောမကျလှသည့်ပုံစံဖြင့်ပြန်ဖြေလာသည်။
"ဒါတော့ ငါလဲသဘောတူတယ်။ ငါတို့ရှေ့ဆက်ရမယ့်ဘဝက အရှည်ကြီးရှိပါသေးတယ်။ ဒီလိုကိစ္စတွေကို ပူပန်နေဖို့မလိုသေးဘူးလို့ထင်တယ်။" ရှင်းပိုင်ကလဲ ဝင်ထောက်ခံလိုက်သည်။
..........
ဝမ်မိသားစုပိုင် ကျောက်ရိုင်းဆိုင်တွင်တော့ ကုနင်း ကျောက်ရိုင်းအပြည့်ဖြင့်တွန်းလှည်းတစ်ခုတွန်းကာ ကျောက်ဖြတ်သည့်နေရာဘက်ကို လျှောက်လာသည်ကိုမြင်တော့ အားလုံးအံ့အားသင့်သွားကြလေသည်။
"ဘုရားရေ! သူဒီလောက်အများကြီးဝယ်ပစ်တာလား!"
"တော်တော်လေးကိုများတာပဲ။"
"ကြည့်စမ်း၊ ဝင်းဒိုးဖွင့်ပြီးသားကျောက်ရိုင်းနှစ်တုံးတောင်ပါလိုက်သေးတယ်! ဒီတစ်လှည်းလုံးဆို အနည်းဆုံးယွမ်သန်း၂၀လောက်ရှိလိမ့်မယ်။"
"သူက အရမ်းချမ်းသာတာပဲ!"
..........
ဝမ်ရှင်းယန်နှင့် ဝမ်ဟုန်းမင်တို့လဲ ထိတ်လန့်သွားကြလေသည်။
"ဒီလောက်ကျောက်ရိုင်းအများကြီးဝယ်လို့လဲ အဓိပ္ပါယ်မရှိဘူး။ အားလုံး တန်ဖိုးမရှိတာတွေပဲဖြစ်နေမှာ။" ဝမ်ရှင်းယန်က လှောင်ပြောင်ကာပြောလိုက်သည်။
ဝမ်ဟုန်းမင်သည်လဲ ကုနင်းကျောက်စိမ်းဖြတ်နိုင်လိမ့်မည်ဟုမယုံကြည်ပေ။ သို့သော်လဲ ဝမ်ရှင်းယန်က သူမလက်ထဲက ပန်းရောင်ကြာစွယ်အမျိုးအစား အလယ်အမြင့်ဆင့်ကျောက်စိမ်းကို လုယူခဲ့ခြင်းဖြစ်လေသည်။ ဝမ်ရှင်းယန်သာ မလုခဲ့ဘူးဆိုလျှင် ထိုအဖိုးတန်ကျောက်စိမ်းမှာ သူမအပိုင်ဖြစ်သွားခဲ့မည်သာ။
ဒါကြောင့် ကုနင်းက ကံကောင်းလိုထိုကျောက်ရိုင်းကိုကောက်မိသွားရုံလား ဒါမှမဟုတ် သူမမှာတကယ်ပဲ ကျွမ်းကျင်ပညာရပ်ရှိနေသောကြောင့်လားဆိုတာကိုတော့ ဝမ်ဟုန်းမင် မတွေးကြည့်ဘဲမနေနိုင်ခဲ့ပေ။
"ဒီကျောက်တွေကို ဖြတ်တောင်မဖြတ်ရသေးဘဲနဲ့ ဘယ်လိုအဖြေမျိုးထွက်လာမယ်ဆိုတာ မင်းကဘယ်လိုလုပ်သိနိုင်တာလဲ?" ကုနင်း ယုံကြည်ချက်အပြည့်ဖြင့်ပြန်တုံ့ပြန်ပြောဆိုလိုက်သည်။
"ဟွန့်၊ ကျောက်စိမ်းဖြတ်တယ်ဆိုတာလွယ်တယ်များထင်နေလား?" ဝမ်ရှင်းယန်က ကုနင်းကိုငတုံးတစ်ယောက်လိုသဘောထားကာကြည့်လိုက်သည်။
"ဒါဆိုလဲ စောင့်ကြည့်ကြတာပေါ့။" ကုနင်းပြောလိုက်သည်။
"ငါ့အထင်တော့ ဒီကျောက်တွေအားလုံးတန်ဖိုးမရှိတာတွေပဲထွက်လာမှာ ပြီးတော့ နင်လဲအကြီးအကျယ်ဆုံးရှုံးသွားလိမ့်မယ်။" ဝမ်ရှင်းယန်ကတော့ သေချာပေါက် ကုနင်းကျရှုံးမည်ကိုမျှော်လင့်နေလေသည်။
..............Book 18 Part 257end.............
ဖီးနစ်သွေးစက်
အခန်း ၂၅၈ ငါတို့ဘာလို့မလောင်းကြရမှာလဲ?
"အမှန်တကယ်မဖြစ်လာသေးသ၍ ဘယ်သူမှဘာတွေဖြစ်လာမယ်ဆိုတာကို မသိနိုင်ဘူးလေ။ ကျောက်အလောင်းအစားလုပ်တာက အရမ်းအန္တရာယ်များတဲ့စီးပွားရေးတစ်ခုဆိုရင်တောင်မှ, ငါကတော့ ရှုံးနိမ့်စရာအကြောင်းမရှိဘူးလို့ယုံကြည်ချက်ရှိတယ်၊ ဒီ ပန်းရောင်ကြာစွယ်ကျောက်လိုပဲပေါ့......"ကုနင်းဆက်ပြီးမပြောတော့သလို ဝမ်ရှင်းယန်နှင့် ဝမ်ဟုန်းမင်သည်လဲ ပြည့်ပြည့်ဝဝနားလည်မည်ဖြစ်သောကြောင့် ဆက်ပြောစရာလဲမလိုတော့ပေ။
ဝမ်ဟုန်းမင်ကတော့ ကုနင်းအကြောင်းပိုလို့ပင်သိချင်လာမိသည်။
ဒီအမျိုးသမီးသည် သာမာန်လူတစ်ယောဖြစ်ပုံမရပေ။ သူမကတကယ်ပဲ အရင်သူမယူထားသည့်ကျောက်ရိုင်းတွင် ပန်းရောင်ကြာစွယ်ကျောက်စိမ်းရှိနေမည်မှန်း သိနေခဲ့သည်လား? ထိုသို့သာဆိုလျှင် ယခုသူမရဲ့တွန်းလှည်းထဲတွင်လဲ ကျောက်စိမ်းပါသည့်ကျောက်ရိုင်းအများအပြားရှိနေနိုင်လောက်ပေသည်။ ဝမ်ဟုန်းမင်လဲ တစ်ခုခုတော့မှားနေပြီဖြစ်မှန်း ခံစားလိုက်မိသည်။
"ငါအရင် ကျောက်ရိုင်းကိုတွေ့ခဲ့တာလို့ပြောပြီးသားလေ။" ဝမ်ရှင်းယန်သည်တော့ ကုနင်းတွင် ကျောက်ရိုင်းနှင့်ပတ်သတ်၍ သိမြင်နိုင်သည့်ပညာရှိနေပြီဟူသည့်အချက်ကို လုံးဝလက်မခံပေ။
"ဘာပဲဖြစ်ဖြစ်၊ ငါတို့နှစ်ယောက်လုံးသိနေခဲ့တယ်ပဲထားပါတော့။ ဘယ်သူအရင်သိသိမကွာခြားသွားပါဘူး။" ကုနင်း ပြုံးရုံလေးပြုံးကာ လှောင်ပြောင်သည့်လေသံဖြင့်ပြန်ပြောလိုက်သည်။
"နင်......" ဝမ်ရှင်းယန်မှာ ဒေါသတွေပြန်ထွက်လာကာ ကုနင်းကိုပိုပိုပြီးမုန်းလာတော့သည်။
ထိုတခနတွင်ပဲ ဝမ်ရှင်းယန်စိတ်ထဲ ယုတ်မာသည့်အကြံတစ်ခုပေါ်လာကာ ပြုံးလိုက်ပြီးနောက်၊
"နင်ဒီလောက်ယုံကြည်ချက်ရှိနေမှတော့ ငါတို့ဘာလို့မလောင်းကြမှာလဲ?"
"အိုး, ဘယ်လိုများလောင်းချင်တာလဲ?" ကုနင်း မငြင်းလိုက်ပေ။
"ဝင်းဒိုးဖွင့်ပြီးသား ကျောက်ရိုင်းနှစ်တုံးကလွဲလို့ နင့်လှည်းထဲကကျန်တဲ့ ကျောက်ရိုင်းတွေအားလုံးထဲကနေ ကျောက်စိမ်း၁၀တုံးဖြတ်နိုင်ခဲ့ရင် ဒီပန်းရောက်ကြာစွယ်ကျောက်စိမ်း နင့်ကိုပေးမယ်။ မဟုတ်ရင်တော့၊ ပေါက်ဈေးအတိုင်း ဒီကျောက်စိမ်းကိုနင်ဝယ်ရမယ်။" ဝမ်ရှင်းယန်ပြောလိုက်သည်။
"ရှင်းယန်၊ မဆိုးစမ်းနဲ့!"ဝမ်ဟုန်းမင် ဖြတ်ပြောလိုက်သည်။ ဒါက ဝမ်ရှင်းယန် နိင်လောက်မည်ဟု ယုံကြည်ချက်မရှိ၍မဟုတ်ဘဲ ပန်းရောင်ကြာစွယ်ကျောက်စိမ်းကိုလက်မလွှတ်လိုက်ချင်ရုံသာဖြစ်လေသည်။ အကယ်၍ ကုနင်းနိုင်သွားခဲ့မည်ဆိုလျှင်ကော? သူမယုံကြည်ပေမယ့်လဲ စိုးရိမ်စိတ်တော့ဝင်နေမိသေးသည်. ပြီးတော့ တကယ်လို့ဝမ်ရှင်းယန်ဘက်ကသာရှုံးသွားခဲ့ရင် အတော်လေးရှက်ဖို့ကောင်းပေမည်။
သို့ပေမယ့် ပွဲကြည့်နေသူများ၏ အမြင်တွင်တော့ အခုလောင်းကြေးသည် ကုနင်းကို တမင်သက်သက် ဝမ်ရှင်းယန် အခွင့်ကောင်းယူနေသည်ဟုသာမြင်ကြလေသည်။ ကျောက်ရိုင်းဆယ်တုံးတွင် ၉တုံးလောက်က တန်ဖိုးမရှိသည့်ကျောက်ထွက်လေ့ရှိသည်မှာ အားလုံးသိပြီးသား အသိအမြင်တစ်ခုပင်ဖြစ်လေသည်။ ကုနင်း၏တွန်းလှည်းထဲတွင် ကျောက်စိမ်းနှစ်တုံးလောက်ရှိနေလျှင်ပင် အတော်လေးကံကောင်းသည်ဟုပင်ဆိုရပေမည်။ အဓိကအချက်သည်တော့ ဝမ်ရှင်းယန်တွင် ပန်းရောင်ကြာစွယ်ကျောက်စိမ်းရှိပြီးသားဖြစ်၍ ကုနင်းကိုလွယ်လွယ်နှင့်အနိုင်ပေးလိမ့်မည်မဟုတ်ပေ။
ဒီလိုဆိုလျှင်တောင်မှ ဘယ်သူမှဝင်မပြောရဲကြပေ။ ယခုကိစ္စက သူတို့နှင့်ဘာမှလဲမဆိုင်သလို ဝမ်မိသားစုကိုဆန့်ကျင်ကာ ရပ်တည်ဖို့လဲ မလိုလားကြပေ။
"အဖိုးက သမီးရှုံးလိမ့်မယ်လို့ထင်နေတာလား?" ဝမ်ရှင်းယန် မကျေမနပ်ပြန်မေးလိုက်သည်။
"မင်း....ကောင်းပြီလေ။ မင်းကြိုက်တာသာလုပ်တော့။" ဝမ်ဟုန်းမင်သာ အရှုံးပေးလိုက်ရတော့သည်။
ဝမ်ဟုန်းမင်သည် ဝမ်ရှင်းယန်က သူ့လိုပဲကျောက်စိမ်းများကိုကြိုက်နှစ်သက်ကာ သင်ယူလိုစိတ်လဲရှိသောကြောင့် အမြဲတမ်းဖူးဖူးမှုတ်အလိုက်ဖျက်ဆီးခဲ့ပေသည်။ အရေးအကြီးဆုံးအချက်မှာ ဝမ်ရှင်းယန်တွင် အလွန်ထူးချွန်သည့်သိမြင်နိုင်စိတ်ရှိပြီး ကျောက်စိမ်းများကိုမကြာခန အရဖြတ်နိုင်ခဲ့ကာ သူတောင်မှ ထိုသို့မလုပ်နိုင်ခဲ့ဖူးပေ။
ဝမ်ရှင်းယန်၏ ရိုင်းစိုင်းကာ တစ်ကိုယ်ကောင်းဆန်သည့်အကျင့်စရိုက်များမှာ သူ့အဖိုး၏ အကျင့်ဖျက်မှုများကြောင့် ယခုလိုကြီးထွားလာခြင်းဖြစ်လေသည်။
ဝမ်ဟုန်းမင်ထံမှ သဘောတူညီချက်ကိုရသည်နှင့် ဝမ်ရှင်းယန် ထပ်မံပြီး ကုနင်းကိုစိန်ခေါ်လိုက်ပြန်သည်။
"ဘယ်လိုလဲ, လောင်းရဲလား?"
"သေချာတာပေါ့! ဘာကိစ္စမလောင်းရဲရမှာလဲ?" ကုနင်းလဲ လိုလိုချင်ချင်သဘောတူလိုက်သည်။ သူမဒီမှာ အစကတည်းကကျောက်ရိုင်းဖြတ်ဖို့စီစဉ်ထားပြီးသားဖြစ်သလို သူမနိုင်ဖို့ကလဲ သေချာနေပြီးသားဖြစ်လေသည်။ သို့ပေမယ့် တခြားလူများကတော့ မယုံကြည်ကြပေ။ အားလုံးမှာ ကုနင်းတော့အကြီးအကျယ်ဆုံးရှုံးတော့မည်ဟုသာ တွေးမိနေကြပေသည်။
ဝမ်ရှင်းယန်ကတော့ ကုနင်း၏ကြွယ်ဝမှုကို မနာလိုဖြစ်နေခဲ့သည်။ သူမတို့ဝမ်မိသားစုသည်ယွမ်၁၀ဘီလီယံလောက်အထိပိုင်ဆိုင်သည့် အလွန်ချမ်းသာသည့်မိသားစုကြီးတစ်ခုဖြစ်သော်လည်း သူမတွင်တော့ စုစောင်းထားသမျှ ယွမ်သိန်းအနည်းငယ်လောက်သာရှိလေသည်။
"ဒါဆိုလဲ စလိုက်တော့!" ဝမ်ရှင်းယန်စိတ်မရှည်စွာပြန်ပြောလိုက်သည်။
"ဒါပေမယ့် ကျွန်မကတော့ ပွဲမစခင် အရင်ဆုံးစာချုပ်မှာလက်မှတ်ထိုးထားတာပိုကောင်းမယ်ထင်တယ်၊ မဟုတ်ရင် တစ်ချို့တွေက နောက်မှနောင်တရပြီး နောက်ဆုတ်သွားတာမျိုးလဲဖြစ်နိုင်တယ်လေ။" ကုနင်း ဝမ်မိသားစုကိုမယုံကြည်နိုင်ပေ။
"နင်...." ဝမ်ရှင်းယန်ကတော့ ကုနင်း၏ သူမတို့အပေါ်မယုံကြည်မှုကြောင့် မကျေမနပ်ဖြစ်သွားပေမယ့် သူမလဲ ထိုအချက်ကိုလက်ခံတာကြောင့် သဘောတူလိုက်ပေသည်။
"ရတာပေါ့၊ ကိစ္စမရှိပါဘူး။"
ဝမ်ဟုန်းမင်သည် ကိုယ်ကိုကိုယ်အထင်ကြီးသည့်လူမျိုးဖြစ်ပေမယ့် ငတုံးတစ်ယောက်တော့မဟုတ်နေပေ။ ကုနင်းအခုလိုအရမ်းယုံကြည်ချက်ရှိနေသည်ကိုမြင်ရတော့ စိုးရိမ်နေမိပေမယ့် ကုနင်းတွင် ဒီကျောက်ရိုင်း၆၀ကျော်လောက်ထဲက ကျောက်စိမ်း၁၀တုံးဖြတ်နိုင်သည့် အရည်အချင်းမျိုးရှိနေလိမ့်မယ်လို့တော့ မယုံကြည်ပေ။
တခနကြာပြီးနောက်တွင်တော့ သဘောတူညီမှုစာချုပ်တွင် လက်မှတ်ထိုးပြီးသွားကြကာ ကုနင်းလဲ ကျောက်ရိုင်းများကိုစတင်ဖြတ်တောက်ဖို့ရန်ပြင်ဆင်တော့သည်။
ဆိုင်တွင် ကျောက်ဖြတ်စက် ၃လုံးရှိကာ တစ်လုံးက လုပ်နေစဲဖြစ်သောကြောင့် ကျန်စက်နှစ်လုံးသည်တော့ ကုနင်းရဲ့ကျောက်ရိုင်းများကိုတပြိုင်နက်ဖြတ်နိုင်ပေမည်။
ကုနင်း အလယ်အဆင့်ကျောက်စိမ်းပါရှိသည့် ဘောလုံးတစ်လုံးစာအရွယ်ရှိသည့်ကျောက်ရိုင်းကို အရင်ဦးစွာထုတ်ယူလိုက်ကာ သူမကိုယ်တိုင်မျဉ်းများဆွဲသား၍ ဝန်ထမ်းကိုပေးလိုက်သည်။ နောက်ကျောက်ရိုင်းသည်လဲ အလယ်အဆင့်ကျောက်စိမ်းပါရှိကာ အမေရိကန်ဘောလုံးတစ်လုံးအရွယ်လောက်ရှိပြီး ထိုတစ်တုံးကိုလဲ ကုနင်းကိုယ်တိုင်သာ မျဉ်းဆွဲပေးလိုက်သည်။
ချက်ချင်းပဲ ကျောက်ဖြတ်သည့်နေရာတွင် လူများစုအုံလာကာ မည်သူမှ ဒီလိုစိတ်လှုပ်ရှားစရာကောင်းသည့် ကျောက်အလောင်းအစားပွဲမျိုးကို မလွတ်သွားချင်ကြပေ။
စက်၂စက်လုံးစတင် လုပ်ဆောင်ချိန်တွင်တော့ ဝမ်ရှင်းယန်ကော ဝမ်ဟုန်းမင်ပါ စိတ်လှုပ်ရှားနေကြလေသည်။
"အစိမ်းရောင်ပေါ်လာပြီ!" ပထမတစ်ခေါက်ဖြတ်ပြီးချိန်တွင်တော့ ဝန်ထမ်းက စိတ်လှုပ်ရှားစွာအော်ပြောလာသောကြောင့် အနားမှလူများ၏ အာရုံများစုစည်းလာကြတော့သည်။
"ဘာ? အထဲမှာကျောက်စိမ်းရှိနေတာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ဝမ်ရှင်းယန်ကတော့ သူမကြားရသမျှကိုမယုံနိုင်ဖြစ်နေကာ ဝမ်ဟုန်းမင်လဲ အတူတူပင်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
"ဘာအမျိုးအစားလဲ?" တစ်ယောက်ကဝင်မေးလိုက်သည်။
ဝန်ထမ်းဖြစ်သူလဲ ကျောက်စိမ်းပေါ်မှ အမှုန်များကို သန့်ရှင်းလိုက်ကာ အနီးကပ်ယူကြည့်ပြီးနောက်၊
"ဒါက အစိမ်းရင့်ရောင်ကိုမှ ချောမွတ်နေတာပဲ။ ကျောက်စိမ်းနက်ပဲဖြစ်မယ်။"
"ကျောက်စိမ်းနက်! အဲ့ဒါ ရှားပါးတဲ့အလယ်အဆင့်ကျောက်စိမ်းပဲ!" တစ်စုံတစ်ယောက် ဝမ်းသာအားရဝင်ပြောလာသည်။
"အဲ့ဒါ အပေါ်ယံလွှာလေးပဲဖြစ်နိုင်တာပဲ!" ဝမ်ရှင်းယန် လှောင်ပြောင်ကာပြောလိုက်သည်။ သူမတကယ်ကိုကုနင်းရှုံးသွားမှာကိုလိုချင်လေသည်။ သူမရှုံးနိုင်သည့်အခြေအနေကိုတွေးကြည့်မိလိုက်လျှင်ပဲ ဝမ်ရှင်းယန် မျက်နှာထက် ယုတ်မာသည့်အပြုံးများပေါ်ထွက်လာတော့သည်။ မဟုတ်ဘူး၊ ငါဘယ်လိုမှမရှုံးနိုင်ဘူး။
"ဒါက အပေါ်ယံလွှာလေးပဲဆိုရင် ငါတို့အားလုံးသိနေမှာပဲလေ။" ကုနင်းယုံကြည်မှုအပြည့်ဖြင့်ပြန်ပြောလာသည်။
ဝမ်ဟုန်းမင် ထပ်ပြီးစိုးရိမ်ပူပန်မိလာကာ ရုတ်တရက်ကြီး ကုနင်း၏လှည်းထဲမှ ကျောက်စိမ်း၁၀တုံးဖြတ်နိုင်လိမ့်မည်ဟု ခံစားမိလာသည်။
"မိန်းကလေး၊ မင်းဒါကိုရောင်းချင်လား?" တစ်ယောက်က စပြီး ဈေးခေါ်ဖို့လုပ်လိုက်သည်။
"ရောင်းမှာပါ၊ ဒါပေမယ့် အဆုံးထိဖြတ်ပြီးမှရောင်းမယ်။" ကုနင်းပြန်ဖြေလိုက်သည်။
ကုနင်းဘက်က ဖြတ်ပြီးမှသာရောင်းမယ်လို့ပြောလာသောကြောင့် အားလုံးလဲ နောက်ဆုံးရလဒ်ထွက်လာဖို့ကိုသာစောင့်နေလိုက်ကြတော့သည်။
..............Book 18 Part 258end.............
ဖီးနစ်သွေးစက်
အခန်း ၂၅၉ ငြင်းချင်တာလား?
ကုနင်း၏ ဒုတိယစက်တွင်ဖြတ်နေသည့်ကျောက်ရိုင်းတုံးတွင်လဲ ကျောက်စိမ်းထွက်လာခဲ့လေတာကြောင့် ဝမ်ရှင်းယန် အလွန်စိတ်တိုလာရသည်။
"ဘုရားရေ! ဒီမိန်းကလေး အတော်ကံကောင်းပါလား?"
"အဟုတ်ပဲ၊ ကျောက်စိမ်းနှစ်တုံး ဆက်တိုက်ဖြတ်နိုင်တဲ့လူမျိုးငါတစ်ခါမှမမြင်ဖူးသေးဘူး။"
.............
လူတိုင်း အံ့ဩနေကြရလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘာလို့လဲ?" ဝမ်ရှင်းယန်ကတော့ သူမမျက်လုံးများကိုပင် မယုံကြည်နိုင်ဘဲ အမှန်တရားကို ငြင်းဆန်နေတော့သည်။
ဝမ်ဟုန်းမင်သည်လဲ အတော်လေးမကျေမနပ်ဖြစ်နေရလေသည်။ ဒီအမျိုးသမီး ကံပဲကောင်းနေတာလား ဒါမှမဟုတ် တကယ် ကျောက်စိမ်းအကြောင်းအရမ်းသိနေလို့လား?
သို့ပေမယ့် ကုနင်း ကျောက်စိမ်းနှစ်တုံးကို ဆက်တိုက်ဖြတ်နိုင်ခြင်းက ကံကောင်းခြင်းတစ်ခုကြောင့်သာလို့တော့ မယုံကြည်ကြပေ။
သို့ပေမယ့် ဒီအမျိုးသမီးမှာသာ သာမာန်ထက်ထူးချွန်လွန်းတဲ့ ကျောက်အလောင်းအစားလုပ်သည့် အရည်အချင်းရှိနေခြင်းဆိုလျှင် သူမထိုကျောက်ရိုင်းပုံကြီးထဲမှ ဒီ့ထက်ပိုများလှသည့်ကျောက်စိမ်းများကို ထပ်ဖြတ်နိုင်ပေလိမ့်ဦးမည်။ ဝမ်ဟုန်းမင်သည်တော့ သတိပင်လစ်သွားတော့မလိုခံစားလိုက်ရသည်။
ပုံမှန်ဆိုလျှင် ဝန်ထမ်းများမှာ ကျောက်စိမ်းဖြတ်မိလျှင် သူတို့လဲ ကျော်ကြားသွားနိုင်သောကြောင့် အလွန်ပျော်ရွှင်ရကြပေမယ့် အခုအခြေအနေကတော့ လုံးဝကွဲပြားလေသည်။ သူတို့ရဲ့ဘော့စ်က သူတို့နောက်ထပ်ကျောက်စိမ်းထပ်ဖြတ်နိုင်သွားမှာကိုမလိုချင်သောကြောင့် လက်များပင်တုန်ရီနေကြသည်။ ကျောက်ရိုင်းတုံးများမှာ သူတို့လက်ထဲတွင် အားလူးပူတစ်လုံးကိုင်ထားရသလိုခံစားရကာ အဝေးကိုပင်လွှင့်ပစ်ချင်ကြပေမယ့် တကယ်တမ်းတော့မလုပ်နိုင်ပေ။
ဒုတိယကျောက်ရိုင်းသည်တော့ အလယ်အဆင့်ရေသားကျောက်စိမ်းအမျိုးအစားဖြစ်လေသည်။
ထိုအချိန်တွင်တော့ တတိယမြောက်စက်သည်လဲ အားသွားပြီဖြစ်၍ ကုနင်း အလယ်အဆင့်ကျောက်စိမ်းသာပါရှိမည့် တတိယမြောက်ကျောက်ရိုင်းကို ထုတ်ယူလိုက်သည်။ မကြာခင်တွင်ပဲ ထိုကျောက်ရိုင်းမှလဲ အစိမ်းရောင်ပေါ်လာသောကြောင့် အားလုံးမှာလဲ ပိုလို့ပင်ထိတ်လန့်အံ့ဩသွားရပြန်လေသည်။
ဝမ်ဟုန်းမင်သည်လဲ အခုတော့ အလွန်ကိုမကျေမနပ်ဖြစ်လာကာ ဝမ်ရှင်းယန်၏မျက်နှာထက်တွင်လဲ မနာလိုမှုများအထင်းသားဖြစ်ပေါ်နေလေသည်။
တစ်ယောက်ယောက်က ကျောက်စိမ်းဖြတ်နိုင်သွားသည်နှင့် ထိုသတင်းကောင်းက မီးအချက်ပေးသံတစ်ခုလိုမျိုး လူများဆီသို့ပျံ့နှံ့သွားလေသည်။
"တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော်က ပေါင်ယွမ့်ကုမ္ပဏီရဲ့မန်နေဂျာ ကျန်းယန်ပါ။ ဒါကျွန်တော့်နာမည်ကဒ်ပါ။ တစ်နေ့နေ့ ကျွန်တော်တို့ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်ဖို့မျှော်လင့်ပါတယ်။" ထိုလူကချက်ချင်းပဲ ကုနင်းကိုမိတ်ဆက်စကားပြောလာသည်။
ပေါင်ယွမ့်ကုမ္ပဏီသည် လက်ဝတ်ရတနာလောကတွင် ဒုတိယတန်းစားကုမ္ပဏီတစ်ခုဖြစ်လေသည်။
ကုနင်း၏ နောက်ထပ်ပန်းတိုက်က မကြာခင်ဖွင့်လှစ်တော့မည်ဖြစ်သည့် ကျောက်စိမ်းတင်ပို့သည့်လုပ်ငန်းအတွက် ဖောက်သည်များတိုးချဲ့ရှာဖွေရန်ဖြစ်ပြီး လက်ဝတ်ရတနာကုမ္ပဏီများမှာ သူမအတွက် အဓိကဖောက်သည်ဖြစ်လာမည်သူများဖြစ်သောကြောင့် ထိုမန်နေဂျာဖြစ်သူနှင့် ထပ်မံတွေ့ဆုံရန်ဆန္ဒရှိလေသည်။
"တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မနာမည်က ထန်အိုက်နင်းပါ။" ကုနင်း သူမအရင်ဘဝမှ နာမည်ကိုအသုံးပြုခဲ့ပေမယ့် ထန်မိသားစုနှင့် ချီကျီယွဲ့တို့ သူမကို ပြဿနာလာရှာမည်ကိုတော့ မစိုးရိမ်ပေ။
ကမ္ဘာပေါ်တွင် နာမည်ဆင်တူဖြင့်လူများစွာရှိပြီး သူမရဲ့ထန်အိုက်နင်းဆိုသည့်နာမည်ဖြင့် သူတို့မျက်စိရှေ့တည့်တည့်တွင် သွားရပ်နေမည်ဆိုလျှင်တောင်မှ သူမရဲ့ခန္ဓာကိုယ်ကတခြားသူအဖြစ်ပြောင်းလဲသွားပြီဖြစ်သောကြောင့် သူတို့ သံသယဝင်မည်မဟုတ်ကြပေ။
ထို့နောက် ကုနင်းနှင့် ထိုလူ အချင်းချင်းနာမည်ကဒ်များလဲလှယ်လိုက်ကြသည်။
"မိန်းကလေးထန်၊ တွေ့ရတာဝမ်းသာပါတယ်! ကျွန်တော်က ကျင်းယွီလက်ဝတ်ရတနာကုမ္ပဏီရဲ့မန်နေဂျာ, ချင်းယန်ပါ....."
"မိန်းကလေးထန်၊ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော်က........."
..........
နောက်ထပ် နောက်ထပ်သော လက်ဝတ်ရတနာကုမ္ပဏီများမှ မန်နေဂျာများသည် ကုနင်း၏နံဘေးသို့ရောက်ရှိလာကြကာ နောက်တစ်ချိန်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နာမည်ကဒ်များလာလဲကြတော့သည်။ ကုနင်းလဲ အားလုံးကို မငြင်းဆိုလိုက်ပေ။
အချိန်ခနလေးအတွင်းမှာပဲ ကုနင်း ပထမတန်းစား, ဒုတိယတန်းစား နှင့် တတိယတန်းစားလက်ဝတ်ရတနာကုမ္ပဏီများမှ နာမည်ကဒ်၇ကဒ်ရရှိသွားခဲ့သည်။
ပထမကျောက်စိမ်းတုံးအပြည့်အဝဖြတ်တောက်ပြီးသွားသည်နှင့် တချို့က စတင်ဈေးပေးကြတော့သည်၊
"ယွမ်၅သန်း!"
"ယွမ်၅.၅သန်း!"
.........
"ယွမ်၁၃သန်း"
အဆုံးတွင်တော့ ကျောက်စိမ်းနက်ကို ယွမ်၁၃သန်းဖြင့်အရောင်းတည့်သွားခဲ့သည်။
ကုနင်း သူမရဲ့နောက်ခံအစစ်အမှန်ကို မဖော်ပြရန်အတွင် ကေ့ကို ဆွဇ်ဘဏ်တွင် အစောကတည်းက အကောင့်တစ်ခုဖွင့်ထားခိုင်းပြီးသားဖြစ်သည်။
ဆွဇ်ဘဏ်သည် လုံခြုံရေးအလွန်မြင့်ပြီး ဘမ္ဘာတစ်ခွင်လုံးတွင် ယုံကြည်စိတ်ရဆုံးဘဏ်ဖြစ်သည်။ ကမ္ဘာ့ချမ်းသာသူများမှ လေးပုံတစ်ပုံခန့်သည် ထိုဘဏ်တွင် သူတို့ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားကြသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ နှင့် Aအဆင့်နာမည်ကျော်များ အားလုံးသည် သူတို့ဝင်ငွေများကို ဆွဇ်ဇာလန်နိုင်ငံ၏ ကမ္ဘာအကျော်ကြားဆုံးငွေကြေးလုပ်ငန်းတစ်ခုဖြစ်သည့် ဆွဇ်ဘဏ်တွင်သိမ်းဆည်းကြလေသည်။ ဒါကြောင့် တစ်ယောက်ယောက်ကသာ သူမရဲ့ နောက်ခံအကြောင်းအရာတွေကို ထိုဘဏ်မှတစ်ဆင့် ဖော်ထုတ်ဖို့ရန်ကြိုးစားမည်ဆိုလျှင် ထိုလူမှာ ဆိုးဆိုးဝါးဝါးကျရှုံးသွားပေလိမ့်မည်။
ပထမဆုံးအရောင်းအဝယ်မှာ မိနစ်ပိုင်းအတွင်းတွင်ပဲပြီးမြောက်သွားခဲ့ပေသည်။
ထို့နောက် ကုနင်း လေးတုံးမြောက်ကျောက်ရိုင်းတုံးကိုယူလိုက်ကာ ထိုကျောက်တုံးသည်လဲ အလယ်အဆင့်ကျောက်စိမ်းပါဝင်လေသည်။
လူတိုင်းကတော့ ပိုလို့ပင်အံ့ဩကုန်ကြရပြန်၏။ သူမကျောက်စိမ်းသုံးတုံးဆက်တိုက်ဖြတ်နိုင်သည်ကပင် အလွန်အံ့အားသင့်စရားကောင်းနေပြီဖြစ်ပေမယ့် ကြည့်ရတာ နောက်ထပ်လဲထပ်ပြီးဖြတ်နိုင်ဦးမည်ထင်သည်။
မကြာခင်တွင်ပဲ ဒုတိယမြောက်ကျောက်စိမ်းသည်လဲ အပြီးသတ်ဖြတ်ပြီးသွားသောကြောင့် ယွမ်၈သန်းနှင့်ရောင်းလိုက်လေသည်။
ကုနင်း၏ ငါးတုံးမြောက်ကျောက်ရိုင်းတုံးသည်လဲ အဖိုးတန်ကျောက်စိမ်းဖြတ်နိုင်ခဲ့ပြန်သောကြောင့် လူတိုင်းသတိလစ်မတတ်ဖြစ်သွားကြကာ ဘယ်သူမှ ယခုမြင်တွေ့နေရသည့်အရာကို အမှန်တရားလို့ပင် မထင်ကြတော့ပေ။ အခုက အမှန်တကယ်ဖြစ်လျှင် အလွန်ကောင်းမည့် အိပ်မက်တစ်ခုကိုမက်နေရသလိုပင်။
"ဘုရားရေ! အခုလိုမျိုး ကျောက်စိမ်း၅တုံးဆက်တိုက်ဖြတ်တာကို ငါ့မျက်စိနဲ့တပ်အပ်မြင်ဖူးတာ ဒါပထမဆုံးပဲ!"
"ဟုတ်တယ်၊ ငါ့အထင် ကျန်တဲ့ကျောက်ရိုင်းတုံးတွေထဲမှာလဲ ကျောက်စိမ်းတွေထပ်ရှိနိုင်လောက်သေးတယ်။"
"အမှန်ပဲ!"
လူအတော်များများလဲ ထိုအချက်ကိုစတင်ယုံကြည်လာကြသည်။
"သူ့ကိုကြည့်ရတာဘာလို့များရင်းနှီးနေသလိုထင်ရပါလိမ့်?"
"ဘယ်သူတဲ့လဲ?" နောက်တစ်ယောက်ကမေးလိုက်သည်။
"ချက်ချင်းကြီးတော့ ငါလဲမမှတ်မိဘူးဖြစ်နေတယ်။"
မကြာခင်တွင်ပဲ သတင်းက ပိုလို့ပျံသွားကာ ဆိုင်ထဲတွင် လူမျိုးပိုလို့ရောက်ရှိလာကြပြီး ခန်းမတစ်ဝက်လောက်လူများဖြင့်ပြည့်သွားတော့သည်။
"ရပ်လိုက်တော့!" ဝမ်ရှင်းယန် ရုတ်တရက်ထပြောလိုက်သည်။ အကယ်၍ဆက်ပြီတော့သာ ဖြတ်နေဦးမည်ဆိုလျှင် သူမ ကမ္ဘာပေါ်တွင် မလိုချင်ဆုံးအရာဖြစ်သည့် ဆိုးဆိုးရွားရွားရှုံးနိမ့်ခြင်းကို ကြုံရတော့မည်ဖြစ်သောကြောင့် အလောင်းအစားလုပ်ထားသည့်ကိစ္စကို ငြင်းဆိုရန်ကြိုးစားတော့လေသည်။
ဝမ်ဟုန်းမင်သည်လဲ ထိုသို့တွေးမိပေမယ့် ပြောဖို့ရန် ရှက်နေမိသည်။ ဒီနေ့ ထိုအမျိုးသမီးလုပ်ခဲ့သည့်ကိစ္စသည် သူရဲ့အတွေးများကိုပင်ကျော်လွန်နေလေသည်။ ယခုကျောက်စိမ်းထွက်လာသည့်ကျောက်ရိုင်းအားလုံးမှာ သူ့ဆိုင်ကသာဖြစ်သောကြောင့် အလွန်ထိတ်လန့်ကာ နောင်တရနေမိသည်။
ကျန်သည့်ကျောက်ရိုင်းများကနေပါ ကျောက်စိမ်းထွက်လာဦးမည်ဆိုလျှင် သူ့အတွက်အတော်လေးရင်နာရမည့်ကိစ္စဖြစ်ပေမယ့် ထိုကျောက်ရိုင်းအားလုံးကရောင်းပြီးသားများသာဖြစ်သောကြောင့် ဘာမှမလုပ်နိုင်တော့ပေ။
"ဘာလဲ? ရှင်က အလောင်းအစားလုပ်ထားတာကိုငြင်းချင်နေတာလား?" ကုနင်း ဝမ်ရှင်းယန်ကိုကြည့်ကာ လှောင်ပြောင်သည့်လေသံဖြင့်ပြောလိုက်လေသည်။
ထိုစကားကိုကြားတော့ လူတိုင်း ဝမ်ရှင်းယန်ကို အထင်သေးစွာကြည့်လိုက်ကြသည်။
ဝမ်ရှင်းယန်လဲ ထိုအခြေအနေနှင့်ကြုံလိုက်ရသောကြောင့် အမြဲတမ်း အရှက်မရှိနေခဲ့တာတောင်မှ အနည်းငယ်ရှက်ရွံ့သွားရလေသည်။ သို့ပေမယ့် သူမကအသံကျယ်ကျယ်ဖြင့်,
"အဲ့လိုဆိုတော့ကော၊ နင့်က ငါ့ကိုဘာများလုပ်နိုင်မှာမို့လို့လဲ?"
ကုနင်းသူမကို ပြန်ပြီးတစ်ခုခုလုပ်နိုင်လိမ့်မည်လိုမထင်ပေ။ သူမသည် ဝမ်မိသားစုသမီးတစ်ယောက်ပင်။
"ဆရာကြီးဝမ်ရော ဒီကိစ္စကိုဘယ်လိုများထင်ပါလဲ?" ကုနင်း ဝမ်ဟုန်းမင်ဘက်ကိုလှည့်ကာ သရော်ပြီး ရန်စသည့်ပုံစံဖြင့်ရန်စလိုက်လေသည်။
ဝမ်ဟုန်းမင် မျက်နှာအနည်းငယ်နီမြန်းသွားရသည်။ ထိုကိစ္စကရှက်စရာကောင်းမှန်းသိပေမယ့် အမှန်တကယ်လဲ ဆက်ပြီးတော့ မဖြတ်စေချင်တော့သောကြောင့် တောင်းဆိုသည့်ပုံစံဖြင့်ပြောလိုက်သည်၊
"မိန်းကလေးထန် ဒီလောက်များတဲ့ကျောက်စိမ်းတွေဖြတ်ပြီးနေမှတော့ ပန်းရောင်ကြာစွယ်ကျောက်စိမ်းဆိုတာလဲ မိန်းကလေးဆီမှာရှားမယ်မထင်ပါဘူး။ ဘာလို့အခုပဲမရပ်လိုက်တာလဲ?"
..............Book 18 Part 259end.............
ဖီးနစ်သွေးစက်
အခန်း ၂၆၀ သူက ကျောက်စိမ်းဘုရင်မပဲ
"ဆရာကြီးဝမ်က ကျွန်မကိုလာနောက်နေတာပဲ။ ဒီပန်းရောင်ကြာစွယ်ကျောက်စိမ်းက ယွမ်သန်း၂၀လောက်တန်ဖိုးရှိတာလေ။ ကျွန်မကဘာလို့ စွန့်လွှတ်ရမှာလဲ? ကောင်းပြီလေ၊ ကျွန်မကလဲ အကျိုးအကြောင်းမဆင်ခြင်တတ်တဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတော့ တကယ်လို့ကျွန်မနိုင်သွားရင် ဆရာကြီးတို့ ဒီပန်းရောင်ကြာစွယ်ကျောက်စိမ်းကိုပေးဖို့မလိုတော့ပါဘူး။ ဒါပေမယ့် သူနဲ့တူညီတဲ့ဈေးကိုတော့ ငွေပြန်ပေးရမယ်။ ဝမ်မိသားစုက ထန်မြို့မှာ အရမ်းချမ်းသာတဲ့လူတွေမှန်းကျော်ကြားပြီးသားဆိုတော့ ယွမ်သန်း၂၀လောက်ဆိုတာ ဘာမှပြောပလောက်တဲ့ပမာဏမဟုတ်လောက်ပါဘူး၊ မှန်တယ်မလား?" ကုနင်း လှောင်ပြောင်သည့်လေသံဖြင့်ပဲဆက်ပြောလိုက်သည်။
ဝမ်ဟုန်းမင် မကျေမနပ်ဖြစ်သွားကာ စိတ်လဲတိုသွားရသည်။ ယွမ်သန်း၂၀ဆိုတာ ဝမ်မိသားစုအတွက်ဘာမှမဟုတ်ပေမယ့်လဲ သူစိမ်းတစ်ယောက်ကိုတော့ အကြောင်းမဲ့မပေးလိုက်ချင်ပေ။
"မိန်းကလေးထန်၊ မင်းစကားတွေက သေချာပြီလား?" ဝမ်ဟုန်းမင် ခြိမ်းခြောက်ကာမေးလိုက်သည်၊
"ဘာလို့မသေချာရမှာလဲ? ရှင့်ရဲ့မြေးကအရင် လောင်းကြေးထပ်ဖို့ စပြောတာလေ ပြီးတော့ သူကအခုမှလာငြင်းချင်နေပြီမလား? ဒါအရမ်းရှက်စရာကောင်းတဲ့လုပ်ရပ်လို့ မထင်မိဘူးလား?" ကုနင်းအေးစက်စွာပြန်ပြောလိုက်သည်၊ သူမက ခြိမ်းခြောက်တိုင်းကြောက်သွားရအောင် အားနည်းသည့် ကြက်ပေါက်လေးတစ်ကောင်မဟုတ်ပေ။
လူအုပ်ကြီးလဲ ထိုအကြောင်းအရာကို စတင်ဆွေးနွေးပြောဆိုကုန်ကြသည်။
"မှန်တယ်! သူတို့မှာ ဒီလိုပယ်ဖျက်ပိုင်ခွင့်မရှိဘူး။"
"ဝမ်မိသားစုက ဩဇာလွှမ်းမိုးမှုရှိတဲ့မိသားစုတစ်ခုပါ၊ ဒီလိုလုပ်ဖို့တော့မသင့်တော်ဘူး။"
"အဟုတ်ပဲ၊ မိန်းကလေးထန်ရဲ့လက်ထဲကနေ ပန်းရောင်ကြာစွယ်ကျောက်စိမ်းတုံးကို မိန်းကလေးဝမ်ဆွဲလုသွားတာ ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့တာ။"
"ဘာ? တော်တော်ရှက်ဖို့ကောင်းတဲ့လုပ်ရပ်ပဲ!"
"ဒီဝမ်မိသားစု ဒါမျိုးလုပ်တာ ပထမဆုံးအကြိမ်လဲမဟုတ်တော့ဘူး။"
..........
ဝမ်မိသားစု၏နောက်ခံအင်အားကြီးသည်ဆိုသော်လဲ မည်သူမှမတွန်းလှန်နိုင်အောင် အလွန်အင်အားကြီးနေခြင်းမဟုတ်သောကြောင့် လူအတော်များများမှာ အပြစ်တင်ဝေဖန်နေရဲသေးလေသည်။
အထူးသဖြင့် လက်ဝတ်ရတနာကုမ္ပဏီများမှ ကိုယ်စားပြုလာရောက်ကြသူများပင်။ သူတို့က ကုနင်းဘက်ကနေရပ်တည်ကာ သူတို့နောက်ကွယ်တွင် ဝမ်မိသားစုထပ်ပိုမိုဩဇာကြီးတဲ့ သူတွေရှိနေသောကြောင့် ဝမ်မိသားစုကိုလုံးဝမကြောက်ကြပေ။
ဝမ်ဟုန်းမင်လဲ ရှက်ရွံ့သွားပေမယ့် တခြားသူတွေအတွက် ပိုပြောစရာရသွားမှာမို့ သူ့ဒေါသကို လူကြားထဲတွင်တော့ မထုတ်ဖော်ခဲ့ပေ။
ဒါကြောင့် သူ့ဒေါသတွေကို အတတ်နိုင်ဆုံး ဖိနှိပ်ကာ အေးစက်လှသည့်အသံဖြင့်,
"ကောင်းပြီလေ၊ မင်းဆက်ပြီးကျောက်ရိုင်းတွေကိုဖြတ်လို့ရပါတယ်၊ တကယ်လို့မင်းနိုင်သွားမယ်ဆိုရင် တန်ဖိုးအတိုင်းငွေပြန်အမ်းပေးမယ်။"
ဝမ်မိသားစုတွင် ကျောက်စိမ်းမရှားပါးပေမယ့် အလယ်အမြင့်အဆင့်ကျောက်စိမ်းသည်တော့ များများစားစားမရှိပေ။ ထို့ကြောင့် ကုနင်းကို ကျောက်စိမ်းအစားငွေသာ ပေးမှဖြစ်ပေမည်။
"အဖိုး....." ဝမ်ရှင်းယန်က သဘောမတူချင်သေးပေ။
"ပါးစပ်ပိတ်ထားစမ်း! ဒါမင်းစခဲ့တဲ့ဇာတ်လမ်း, ရလဒ်ကိုလဲ လက်ခံနိုင်ရမယ်။" ဝမ်ဟုန်းမင် ဖြတ်ပြောလိုက်သည်။ အခုချိန်တွင်တော့ သူ ဝမ်ရှင်းယန်၏ တကိုယ်ကောင်းဆန်မှုအပေါ် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နေပြီဖြစ်သည်။ အကယ်၍ သူမသာ ကုနင်းနှင့်လောင်းကြေးမထပ်ခဲ့လျှင် အခုလိုမျိုးဖြစ်သွားစရာအကြောင်းလဲမရှိပေ။
"အဖိုး၊ သမီးတို့က ထန်မြို့ရဲ့ ဩဇာလွှမ်းမိုးမှုအရှိဆုံးမိသားစုတွေထဲက တစ်ခုလေ၊ ပြီးတော့ ဦးလေးကလဲ ဒုတိယမြို့တော်ဝန်၊ ဘာလို့ ဒီလူစိမ်းတစ်ယောက်ကို ဂရုစိုက်နေရမှာလဲ?" ဝမ်ရှင်းယန် မရပ်သွားဘဲ သူမရဲ့အစစ်အမှန်ရည်ရွယ်ချက်ကိုပင် မဖုံးကွယ်နေဘဲ ကုနင်းကိုခြိမ်းခြောက်လိုက်လေသည်။
"အိုး, ဒီတော့ ဒုတိယမြို့တော်ဝန်က သူ့သဘောကျ လူတွေကိုအနိုင်ကျင့်နိုင်တယ်ပေါ့? အစိုးရအရာရှိတစ်ယောက်က ဖြောင့်မတ်မှန်ကန်သင့်တယ်မဟုတ်ဘူးလား? ဘာလို့ ရှင့်ရဲ့ဦးလေးကျတော့ ဆန့်ကျင်ဘက်ဖြစ်နေတာလဲ? ပြီးတော့ ဒီမြို့မှာ ဒုတိယမြို့တော်ဝန်က အာဏာအကြီးဆုံးမဟုတ်ဘူးနော်။ သူ့ထက်ရာထူးမြင့်တဲ့တစ်ယောက်ယောက်ကသာ ရှင်လုပ်ခဲ့တာတွေသိသွားရင် ရှင့်ဦးလေးဘာဖြစ်သွားမယ်ထင်လဲ?" ကုနင်းပြောလိုက်သည်။
တကယ်တော့ ဝမ်ဟုန်းမင်လဲ သူတို့မိသားစုရဲ့အဆက်အသွယ်တွေအကြောင်းကိုကြားပြီး ကုနင်းအလွန်ထိတ်လန့်သွားမယ်လို့ထင်မိခဲ့ပေမယ့် မမျှော်လင့်ထားစွာဘဲ ကုနင်းကလုံးဝကြောက်ရွံ့မနေပေ။
"ရှင်းယန်, အခုချက်ချင်းပါးစပ်ပိတ်လိုက်တော့! ဒါမင်းကိစ္စ ဒီတော့ ငါတို့တစ်မိသားစုလုံးကော မင်းဦးလေးကိုပါ ဆွဲသွင်းစရာအကြောင်းမရှိဘူး။ မင်းနားလည်မှုလွဲမနေနဲ့။" ဝမ်ဟုန်းမင် ဝမ်ရှင်းယန်အားအပြစ်တင်လိုက်သည်။ သူတကယ်ကို သူ့ဒုတိယသားကို ဒီကိစ္စကြောင့် ထိခိုက်သွားမည်အားစိုးရိမ်မိလေသည်။ အကယ်၍ သူ့သားရဲ့အလုပ်သာဆုံးရှုံးသွားမည်ဆိုလျှင် ဝမ်မိသားစုအတွက်လဲ အထိနာစရာကိစ္စဖြစ်ပင်ဖြစ်သည်။ ပြီးတော့ ဒီနေ့ဒီအချိန်အထိ ဝမ်မိသားစုတွင် အခုလိုပြဿနာမျိုးဘယ်တုန်းကမှမကြုံခဲ့ရဖူးပေ။
ဒီအမျိုးသမီးသည် ဝမ်မိသားစု၏နောက်ခံအင်အားကိုလုံးဝဂရုမစိုက်ပေ။ သူမမှာ ပိုအင်အားကြီးတဲ့နောက်ခံများရှိနေတာလား? ဝမ်ဟုန်းမင် ထိုအကြောင်းတွေးမိတော့ အလွန်ထိတ်လန့်သွားရပြန်သည်။
ဝမ်ရှင်းယန်ကတော့ လက်မခံချင်သေးပေမယ့် နောက်ထပ်စကားထပ်မပြောရဲတော့သောကြောင့် အဆုံးမှာတော့ လက်လျှော့လိုက်ရတော့သည်။ ကုနင်းထပ်ပြီးတော့ ကျောက်စိမ်းတွေထပ်မဖြတ်နိုင်ဖို့ကိုသာ သူမဆုတောင်းနေနိုင်တော့ပေသည်။
ကျောက်ဖြတ်ခြင်းကတော့ ဆက်လက်လုပ်ဆောင်နေကာ မိနစ်ပိုင်းလေးအတွင်းမှာပဲ ၆တုံးမြောက်ကကျောက်စိမ်းကိုဖြတ်နိုင်သွားပြီး ရောင်းထွက်သွားတော့သည်။
ကုနင်း၏ကျောက်ရိုင်းတုံးများထဲမှ နောက်ထပ်ကျောက်စိမ်းထပ်ရသည်ဆိုသည့်စကားများကြားတိုင်း ဝမ်ဟုန်းမင်မှာ ပိုလို့ ပိုလို့ပင် ဒေါသများဆူပွက်လာခဲ့ရသည်။
အခုချိန်ထိဆို ကုနင်းအလယ်အမြင့်ဆင့်ကျောက်စိမ်းများစွာဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
ဝန်ထမ်းများသည်တော့ ဆိုးဆိုးဝါးဝါးအနှိပ်စက်ခံနေရသလိုခံစားရလေသည်။ သူတို့အခုချိန်တွင်တော့ သူတို့သူဌေးရဲ့ဒေါသတွေ သူတို့အပေါ်လာမပေါက်ကွဲဖို့ကိုပဲမျှော်လင့်ရလေတော့သည်။ မဟုတ်ရင် သူတို့ကိုအလုပ်ဖြုတ်ပစ်နိုင်လေသည်။
၇တုံးမြောက်ခေါင်ရမ်းကျောက်စိမ်းကိုဖြတ်ပြီးသည့်အချိန်တွင်တော့ ဝန်တစ်တစ်ယောက်၏ လက်များမှာ တုန်ရီနေကာ သူ့နဖူးထပ်တွင် ချွေးစေးများပင်ထွက်နေပေပြီ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ်!" ဝမ်ရှင်းယန်မှာ ကျောက်စိမ်း၁၀တုံးပြည့်သွားမည်ကိုစိုးရိမ်လွန်း၍ ငိုတောင်ငိုချမိတော့ပေမည်။
ဝမ်ဟုန်းမင်သည်တော့ အရှုံးပေးလိုက်ပြီဖြစ်သည်။ သူတို့တို့ရှုံးမည်မှသေချာနေပြီမှန်း သိနေပြီဖြစ်သလို ကုနင်း၏ကျောက်အလောင်းအစားလုပ်သည့်စွမ်းရည်ကိုလဲ အလွန်မနာလိုဖြစ်နေမိသည်။
"အိုး, ငါမှတ်မိသွားပြီ!"
ရုတ်တရက် ကုနင်းကိုရင်းနှီးနေသည်ဟုပြောခဲ့သည့်လူက ထအော်လိုက်သည်၊
"ငါအင်တာနက်ပေါ်က သတင်းဖြတ်ခဲ့ဖူးတာ။ တနေ့ကGမြို့မှာ အမျိုးသမီးတစ်ယောက် အလယ်အမြင့်ဆင့်နဲ့ အဆင့်မြင့်ကျောက်စိမ်းလေးတုံးကို ဆက်တိုက်ဖြတ်သွားနိုင်ပြီး တစ်ခါတည်းနဲ့ ယွမ်၃၄၅သန်းရသွားတယ်တဲ့! ဒါနဲ့အားလုံးက သူ့ကို ကျောက်စိမ်းဘုရင်မဆိုပြီး လေးစားနေကြတာ! ငါ့အထင် သူက အဲ့ဒီ့ကျောက်စိမ်းဘုရင်မပဲဖြစ်ရမယ်။"
"ဘာ? ကျောက်စိမ်းဘုရင်မ ဟုတ်လား?"
အားလုံး ကုနင်းကိုထိတ်လန့်စွာ ကြည့်လိုက်မိကြလေသည်။
ဝမ်ဟုန်းမင်လဲ ထိုသတင်းကိုကြားခဲ့ပေမယ့် ထိုကိစ္စက လူတွေရဲ့ချဲ့ကားပြောဆိုမှု ဒါမှမဟုတ် ထိုအမျိုးသမီး ကံကောင်းသွားရုံသာဖြစ်မယ်ဆိုပြီး မယုံကြည်ခဲ့ပေ၊... ဒါပေမယ့် အခုတော့........
သူ့မျက်စိရှေ့ကအမျိုးသမီးကသာ ကျောက်စိမ်းဘုရင်မဆိုလျှင် အခုလေးတင် သူတို့အားလုံးရှေ့တွင် သူမရဲ့စွမ်းရည်ကိုပြသပြီးဖြစ်သောကြောင့် သတင်းတွေကအမှန်ပင်ဖြစ်ပေမည်။
ထိုအမျိုးသမီး၏ အလွန်ထူးချွန်လှသည့်အရည်အချင်းအကြောင်းကိုတွေးမိသွားတော့ ဝမ်ဟုန်းမင် ကုနင်း၏လှည်းထဲမှ ကျန်နေသည့်ကျောက်ရိုင်းများကို တစ်ချက်စောင်းကြည့်မိသွားလေသည်။ ဒီကျောက်ရိုင်းအားလုံးမှာသာ ကျောက်စိမ်းရှိနေမယ်ဆို....
ဝမ်ဟုန်းမင် အမှန်တရားကိုလက်မခံနိုင်သောကြောင့် ဆက်ပင်မတွေးရဲတော့ပေ။
လူတစ်ယောက်သည်တော့ ချက်ချင်းပဲ သူ့ဖုန်းကိုထုတ်ကာ ကုနင်းကိုဓါတ်ပုံရိုက်ယူတော့သည်၊ ကုနင်းလဲ သတိထားမိပေမယ့် တားမနေပေ။ သူမရဲ့ပုံစံကိုပြောင်းလဲထားပြီးဖြစ်သောကြောင့် တစ်ယောက်ယောက်က မှတ်မိသွားနိုင်စရာအကြောင်းမရှိပေ။
မကြာခင်တွင်ပဲ 'ကျောက်စိမ်းဘုရင်မ ထန်မြို့မှာ အဖိုးတန်ကျောက်စိမ်းတွေကို ပိုပြီးဖြတ်နိုင်နေပြီ [ဆက်ရန်ရှိသေးသည်]'ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်တက်လာတော့သည်။
ကျောက်စိမ်းဘုရင်မဘယ်သူဆိုတာကို လူအများကြီးမသိကြပေမယ့် သတင်းနဲ့တင် ထိတ်လန့်အံ့ဩစေဖို့ရန် လုံလောက်နေပြီဖြစ်သည်။
ထန်မြို့ရှိ မြို့သူမြို့သားများအားလုံးသည် ကျောက်အလောင်းအစားဆိုတာ ဘယ်လောက်အန္တရာယ်များမှန်း သိထားပြီးဖြစ်သောကြောင့် အခုလိုမျိုး ကျောက်စိမ်းများကို လွယ်လွယ်ကူကူဖြတ်တောက်နိုင်နေသည်ကိုကြားရတော့ အလွန်စိတ်ဝင်စားသွားကြသည်။
တစ်ချို့ကလဲ ချက်ချင်းပဲ ကျောက်စိမ်းဘုရင်မဆိုတာကို အင်တာနက်ပေါ်တွင်ရှာလိုက်ကြပြီး သူမသတင်းတွေကိုထပ်သိလိုက်ရတော့ ပိုလို့ပင် အံ့အားသင့်ကုန်ကြလေသည်။