← Chapters

အခန်း (၂၆၁-၂၆၅)

Vol. 18 Ch. 261-265

အခန်း (၂၆၁-၂၆၅)

Vol. 18 Ch. 261-265

အခန်း ၂၆၁ ဘာလို့သူ့ကျောက်စိမ်းကိုဝယ်ရတာလဲ?

ထိုသတင်းတွင် နောက်ထပ်ပုံပေါင်းများစွာကိုလဲ တွဲတင်ထားလေသည်။ အရင်သတင်းမှာ ပုံလေးတစ်ပုံသာပါပေမယ့် ထိုအမျိုးသမီးသည် သူတို့ရှေ့မှာရှိနေသူနှင့် တစ်ယောက်တည်းဖြစ်မှန်းတော့ မမှတ်မိနိုင်စရာမရှိပေ။

သူမက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျောက်စိမ်း၄တုံးထဲနှင့် ယွမ်၃၄၅သန်းတောင်ရသွားတာပေါ့၊ ပြီးတော့ ဒီတစ်ကြိမ်က ကျောက်စိမ်း၆တုံးတောင်ရနေပြီဆိုတော့ ပိုပြီးတောင်ငွေတွေအများကြီးရဦးမှာပေါ့။

ကုနင်း ဖြတ်ခဲ့သည့်ကျောက်စိမ်းအများစုမှာ အလယ်အဆင့်များဖြစ်ပြီး ဈေးနည်းတယ်ဆိုပေမယ့် သာမာန်လူများ၏မျက်စိထဲတွင်တော့ အလွန်များပြားလေသည်။

သတင်းကိုလူတွေတစ်ယောက်ပြီးတစ်ယောက်ပြန်ပြန်တင်ကြရင်း သိသွားကြသူများလဲ ပိုလို့များပြားလာခဲ့သည်။ ကျောက်အလောင်းအစားလမ်းတွင်နေထိုင်ကြသည့်လူများကတော့ သူတို့မျက်လုံးများဖြင့်ကိုယ်တိုင်မြင်တွေ့ခွင့်ရရန် အပြေးရောလာကြသည်။

၈တုံးမြောက်ကျောက်ရိုင်းတုံးတွင်တော့ ကုနင်း အဆင့်မြင့်ကျောက်စိမ်းကိုဖြတ်ခဲ့ပြီး ၉တုံးမြောက်သည်လဲ အလားတူ အဆင့်မြင့်ကျောက်စိမ်းဖြစ်ကာ ခရမ်းရင့်ရောင်ရှိလေသည်။

ဝမ်ဟုန်းမင်သည်တော့ ဒေါသများပေါက်ကွဲထွက်တော့မတတ်ဖြင့် တုန်ရီနေကာ အလွန်စိတ်ပျက်မိလွန်းလို့ ရူးတောင်ရူးသွားတော့မလိုပင်။

ဘာလို့လဲ? ဒီအမျိုးသမီးဘာလို့ ဒီလောက်ကျောက်စိမ်းအများကြီး ဖြတ်နိုင်ရတာလဲ? ဘာလို့လဲ?

ဝမ်ရှင်းယန်သည်တော့ ဆွံ့အမှင်တက်နေပြီး အိပ်မက်တစ်ခုဖြစ်ပါစေလို့သာ ဆုတောင်းနေမိတော့သည်။

ပြီးနောက် ကုနင်း ဆယ်တုံးမြောက်ကျောက်ရိုင်းကိုတော့ ထိပ်တန်းအဆင့်ကျောက်စိမ်းပါသည့်ကျောက်ရိုင်းကိုထုတ်ယူလိုက်လေသည်။

ဝန်ထမ်းက အထဲတွင်ကျောက်စိမ်းရှိနေပြီဖြစ်ကြောင်းကြေညာသည့်အခါတွင်တော့ အားလုံးမှ ထိုးစကားလုံးနှင့်ရင်းနှီးနေပြီတောင်ဖြစ်တာကြောင့် ထူးထွေကာ အံ့အားသင့်မနေကြတော့ပေ။ အကယ်၍ အထဲတွင် ဘာကျောက်စိမ်းမှမရှိဘူးဆိုလျှင်မှ အလွန်အံ့အားသင့်စရာကောင်းနေပေမည်။ သို့ပေမယ့် ထိုကျောက်စိမ်း၏အမျိုးအစားကို သိသွားချိန်တွင်တော့ ထိပ်တန်းအဆင့်ဖူလူရှိုးကျောက်စိမ်းဖြစ်နေသောကြောင့် ထပ်မံအုံကြွလာကြပြန်လေသည်။

ကျောက်ဖြတ်ပေးသည့်ဝန်ထမ်းမှာလဲ ဒီကျောက်ရိုင်းလောကတွင် လုပ်လာခဲ့သည်မှာ အနည်းဆုံး၇နှစ်ရှိပြီဖြစ်ပေမယ့် အခုလိုမျိုး ထိပ်တန်းအဆင့်ကျောက်စိမ်းတစ်တုံးကိုပင်မဖြတ်ဖူးခဲ့သောကြောင့် အလွန်စိတ်လှုပ်ရှားနေလေသည်။

သူ့သူဌေးက အခုကိစ္စကြောင့် အလုပ်ထုတ်မည်ဆိုလျှင်ပင် သူဘက်မှ ဘာမှပြန်ပြောတော့လိမ့်မည်မဟုတ်ပေ။

"ဘာ? ငါနားကြားမှားတာ? တကယ်ထိပ်တန်းအဆင့် ဖူလူရှိုးကျောက်စိမ်းလား?"

ဝမ်ဟုန်းမင်မှာ ချက်ချင်းနေရာတွင်ပင် ခေါက်ကနဲသေတော့မလိုခံစားလိုက်ရသည်။

ဝမ်မိသားစုတွင် ကျောက်စိမ်းများစွာရှိပေမယ့်လဲ အဆင့်မြင့်ကျောက်စိမ်းနှင့် ထိပ်တန်းအဆင့်ကျောက်စိမ်းသည်တော့ ရှားပါးက အထူးသဖြင့် ထိပ်တန်းကျောက်စိမ်းမှာ ပိုလို့ပင်ရှားပါးလေသည်။ သူတို့ဒီနှစ်များအတွင်း ထိပ်တန်းအဆင့်ကျောက်စိမ်းတစ်တုံးရရှိအောင် ကျောက်ရိုင်းပါးတစ်ထောင်ကျောက်လောက်ဖြတ်ခဲ့ရပေမယ့် ကုနင်းသည်တော့ အလွယ်တကူဖြင့် အဆင့်မြင့်ကျောက်စိမ်းနှစ်တုံးနှင့် ထိပ်တန်းအဆင့်ကျောက်စိမ်းတစ်တုံးကို သူ့ဆိုင်ကကျောက်ရိုင်းများမှဖြတ်နိုင်သွားသည်ကိုမြင်တော့ အလွန်ပင်မနာလိုဖြစ်မိရသည်။

၁၀တုံးမြောက်ကျောက်စိမ်းကိုဖြတ်ပြီးသွားသည်နှင့် ကုနင်း ဝမ်ဟုန်းမင်ဘက်ကိုကြည့်လိုက်ကာ,

"ဆရာကြီးဝမ်၊ အခုဆို အလောင်းအစားပွဲရဲ့ရလဒ်က ရှင်းရှင်းလင်းလင်းအဖြေထွက်သွားပြီလို့ထင်တယ်။ ရှင်ကျွန်မကို ငွေသားပဲလွှဲပေးချင်လား ဒါမှမဟုတ် ချက်လက်မှတ်နဲ့ပဲပေးချင်လား?"

"အဖိုး....." ဝမ်ရှင်းယန် သူ့အဖိုးကိုတားချင်ပေမယ့် သူမစကားဆုံးအောင်မပြောရသေးချိန်တွင်ပဲ ဝမ်ဟုန်းမင်က သူမကို ဒေါသမျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်သောကြောင့် ချက်ချင်းအသံတိတ်သွားရလေသည်။

ဝမ်ဟုန်းမင်လဲ ထိုလောင်းကြေးကို အလွန့်အလွန်ပင် ပေးဖို့ဆန္ဒမရှိပေမယ့်လဲ အခုချိန်မှငြင်းဖို့ရန်က အလွန်နောက်ကျသွားပြီဖြစ်သောကြောင့် ကုနင်းကို ငွေလွှဲပေးလိုက်ရတော့သည်။

လူအုပ်ကြီးသည်လဲ နောက်တစ်ဖန် ဆွေးနွေးပြောဆိုမှုများဖြင့် ဆူညံသွားပြန်သည်။

"မိန်းကလေးထန်က တကယ့်ကိုအံ့ဩဖို့ကောင်းတာပဲ! သူဘယ်လိုလုပ် တစ်ချိန်တည်းနဲ့ ဒီလောက်တောင် ကံကောင်းနေရတာလဲ?"

"သူ့မှာ သဘာဝလွန်စွမ်းအားတွေရှိလို့ အထဲမှာကျောက်စိမ်းရှိနေတယ်ဆိုတာကို သိနေတာများလား?"

"ငါအထင် သူ့မှာ ကျောက်ရိုင်းတွေကို ထိုးထွင်းမြင်နိုင်တဲ့ ကျောက်စိမ်းမျက်ဝန်းရှိနေတာပဲဖြစ်ရမယ်။"

လူအများကတော့ ထိုထိတ်လန့်စရာကောင်းသည့်အမှန်တရားကြောင့် ဆွေးနွေးပြောဆိုနေကြပေမယ့် သူတို့အားလုံးသည် သာမာန်လူသားများသာဖြစ်သောကြောင့် ကုနင်းတွင် ကျောက်စိမ်းမျက်ဝန်းရှိနေတယ်လို့တော့ အမှန်တကယ်မယုံကြပေ။

ဝမ်ဟုန်းမင်၏ ဒေါသများကတော့ ပေါက်ကွဲခါနီးပင်၊ ယွမ်သန်း၂၀ပေးလိုက်ရ၍ကြောင့်တော့မဟုတ်ဘဲ ကုနင်းက သူ့ဆိုင်ရှိ အဖိုးအတန်ဆုံးသောကျောက်စိမ်းကို ရရှိသွားသောကြောင့်ဖြစ်လေသည်။ ထိုကျောက်စိမ်းမှာ ယွမ်သန်း၂၀ထက်အဆပေါင်းများစွာ တန်ဖိုးရှိလေသည်။

သူမမှာ တကယ်ပဲ သဘာဝလွန်စွမ်းအား ဒါမှမဟုတ် ကျောက်စိမ်းမျက်ဝန်းရှိနေတာလား? ဝမ်းဟုန်းမင် သူ့ဘာသာတွေးကြည့်နေပေမယ့် မကြာခင်မှာပဲ ထိုအရာကမဖြစ်နိုင်ဘူးဟုသာ ပြန်တွေးလိုက်သည်။ ဒီလို အဓိပ္ပါယ်မရှိသည့်အရာမျိုးကိုလဲ အမှန်လို့လက်မခံနိုင်ပေ။

အခုချိန်တွင် ကမ္ဘာပေါ်၌ ဝမ်ဟုန်းမင် နောက်ဆုံးမြင်ချင်သည့်လူကတော့ ကုနင်းဖြစ်ပေမယ့် အခုချက်ချင်းတော့ မထွက်သွားချင်သေးဘဲ ကုနင်းနောက်ထပ်ကျောက်စိမ်းဘယ်လောက်ဖြတ်နိုင်ဦးမည်ဆိုသည်ကို သိချင်သေးသလို ဖူလူရှိုးကျောက်စိမ်းကိုလဲ သူစိတ်ဝင်စားလေသည်။

ဖူလူရှိုးကျောက်စိမ်းသည် သိပ်မသေးသောကြောင့် စတင်ဈေးခေါ်သည့်နှုန်းကပင် အတော်မြင့်လေသည်။

"ယွမ်သန်း၅၀!"

"ယွမ်သန်း၆၀!"

.........

"ယွန်သန်း၃၂၀!"

အဆုံးတွင်တော့ ဝမ်ဟုန်းမင်က ဖူလူရှိုးကျောက်စိမ်းကို ယွမ်သန်း၃၂၀ဖြင့်ရရှိသွားကာ ထပ်မံငွေလွှဲပြောင်းပေးလိုက်ရပြန်သည်။

ဝမ်ဟုန်းမင်၏ အမူအရာများကတော့ ရောထွေးနေလေသည်။ သူက သူ့ဆိုင်က သူပိုင်သည့်ကျောက်ရိုင်းတုန်းကို ငွေကြေးမြောက်မြားစွာပေးကာ ပြန်လည်ဝယ်ယူနေရခြင်းက အတော်လေး ပုံမှန်မဟုတ်တာပဲ! ဒီကျောက်စိမ်းကို သူကိုယ်တိုင်သာဖြတ်နိုင်ခဲ့သည်ဆိုလျှင် ခြူးတစ်ပြားမှပင်ပေးစရာမလိုပေမယ့် မမျှော်လင့်ဘဲ သူ့တွင် ကံကောင်းမှုက သိပ်မရှိနေခဲ့ပေ။

"အဖိုး၊ ဘာလို့ သူ့ကျောက်စိမ်းကိုဝယ်ရတာလဲ?" ဝမ်ရှင်းယန်သည် တကယ်တော့ အသက်၂၀ပြည့်ခါနီးနေပြီဖြစ်ပေမယ့် မြှောက်စားခံထားရသောကြောင့် ပျက်ဆီးနေသူဖြစ်သည်။ သူမက စိတ်အခြေအနေကိုမထိန်းချုပ်နိုင်သလို စီးပွားရေးသမားတစ်ယောက်၏ရှုထောင့်မှနေလဲ ဆုံးဖြတ်ချက်များကို မှန်မှန်ကန်ကန်မချမှတ်နိုင်ပေ။

"ရုန်, သူ့ကို အိမ်ပြန်ပို့လိုက်တော့။" ဝမ်ဟုန်းမင် အခုချိန်တွင် စိတ်အခြေအနေမကောင်းတော့တာကို ဝမ်ရှင်းယန်ကပါ သူ့နားနားကပ်ပြီး အမျိုးမျိုးပြောနေတာကြောင့် တော်တော်လေးစိတ်တိုလာ၍ သူ့ယာဉ်မောင်းကို အိမ်အရင်ပြန်ပို့ဖို့ ခိုင်းလိုက်ရသည်။

"အဖိုး...." ဝမ်ရှင်းယန် မထွက်သွားချင်၍ ငြင်းဖို့လုပ်လိုက်ပေမယ့်,

"အခုချက်ချင်းအိမ်ပြန်တော့!" ဝမ်ဟုန်းမင်၏ စိတ်ရှည်မှုများပျောက်ဆုံးသွားပြီဖြစ်လေသည်။ ထို့ကြောင့် ဝမ်ရှင်းယန်လဲ ထပ်ပြီး အထွန့်မတက်ရဲတော့ပဲ ယာဉ်မောင်းနှင့်သာ ထွက်သွားတော့သည်။ သူထွက်သွားရင်းဖြင့် ကုနင်းကို သေလောက်အောင်မုန်းတီးနေသည့်အကြည့်များဖြင့် စိုက်ကြည့်သွားသေးလေသည်။

သို့ပေမယ့် ကုနင်းကတော့ ဝမ်ရှင်းယန် သူမကိုမယှဉ်နိုင်မှန်းသိပြီးဖြစ်သောကြောင့် ဂရုပင်စိုက်မနေပေ။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အင်တာနက်ပေါ်သို့နောက်ထပ်သတင်းများတင်လိုက်ပြန်သည်၊

ခေါင်းစဉ်သည်တော့ 'နောက်ဆုံးရသတင်း : ကျောက်စိမ်းဘုရင်မက အခုထိ ကျောက်ရိုင်း၁၀တုံးဖြတ်ခဲ့ပြီ။ တစ်တုံးကတော့ ဖူလူရှိုးကျောက်စိမ်းဖြစ်ပြီး ယွမ်သန်း၃၂၀နှင့် ရောင်းထွက်သွားပြီ။' ဟူ၍ပင်ဖြစ်သည်။

ထိုသတင်းတွင် ပုံကိုလဲ ထည့်သွင်းဖော်ပြထားလေသည်။

ဒီတစ်ခေါက်သတင်းသည်က ပိုလို့ပင် တုန်လှုပ်ဖွယ်ကောင်းကာ ကျောက်စိမ်းအသင်းမှ အဖွဲ့ဝင်များသည်လဲ ထိုဆိုင်သို့ နှောင့်နှေးမှုမရှိ ရောက်ရှိလာကြခြင်းပင်ဖြစ်သည်။

ဖန်သားကျောက်စိမ်းနှင့် ခရမ်းရင့်ရောင်ကျောက်စိမ်းတို့သည် ရှာရခက်ပေမယ့် အလွန်ရှားနေသည်တော့မဟုတ်ဘဲ ဖူလူရှိုးကျောက်စိမ်းသည်သာ အမှန်တကယ်အရှားပါးဆုံးကျောက်စိမ်းဖြစ်လေသည်။ သူတို့မှာ လွန်ခဲ့သည့်နှစ်အနည်းငယ်ကပဲ ဖူလူရှိုးကျောက်စိမ်းကိုဖြတ်နိုင်သည်ဟူသည့် သတင်းကိုကြားဖူးခဲ့ကြခြင်းဖြစ်သည်။

..............Book 18 Part 261end.............

ဖီးနစ်သွေးစက်

အခန်း ၂၆၂ စိတ်ပျက်ခြင်း

လူတော်တော်များများသည်တော့ ကုနင်းကျောက်စိမ်းအများကြီးဖြတ်နိုင်နေသောကြောင့် အလွန်မနာလိုဖြစ်နေကြကာ ထိုမြောက်မြားလှသည့်ငွေများကို သူတို့အပိုင်ဖြစ်ဖို့သာ စိတ်ကူးယဉ်နေကြလေသည်။

အခုချိန်တွင်တော့ ကျောက်စိမ်းဘုရင်မသည် အွန်လိုင်းပေါ်တွင် အလွန်ကျော်ကြားနေလေသည်။

"မိန်းကလေးထန်၊ မင်းရဲ့ကျန်တဲ့ကျောက်ရိုင်းတုံးတွေကိုကော ဆက်ပြီးဖြတ်ဖို့ အစီစဉ်ရှိသေးလား?" တစ်ယောက်ကနေပြီး မျှော်လင့်ချက်ကြီးစွာဖြင့်မေးလာလေသည်။

ဝမ်မိသားစုပိုင်ဆိုင်ထဲတွင် မတူညီသည့် ကျောက်မြတ်ရတနာလုပ်ငန်းကုမ္ပဏီ၇ခုမှကိုယ်စားလှယ်များရောက်နေပေမယ့် တစ်ချို့ကသာ ကျောက်စိမ်း တစ်တုံး နှစ်တုံးခန့်ရရှိထားကြလေသောကြောင့် မလုံလောက်သေးပေ။

သူတို့သည်လဲ ကုနင်း၏ မယုံနိုင်စရာကံကောင်းမှုနှင့် အခုလိုကျောက်စိမ်းများစွာဖြတ်နိုင်သည့်အပေါ်မနာလိုဖြစ်မိပေမယ့် သူတို့ကတော့ နောင်အနာဂါတ်တွင် သူမနှင့်အကျိုးတူပူးပေါင်းလုပ်ကိုင်ရန်အတွက် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန်သာ ပိုလို့ဆန္ဒရှိကြလေသည်။

"ဖြတ်ဦးမှာပါ။" ကုနင်း သူတို့ကို အဖြေပြန်ပေးလိုက်သည်။ သူမ ဝမ်ဟုန်းမင်းကို စိတ်တိုအောင်လုပ်ဖို့ ရည်ရွယ်ထားပြီးဖြစ်သောကြောင့် စပြီးနေမှတော့ လမ်းတစ်ဝက်တွင်ရပ်တန့်မည်မဟုတ်ပေ။

ဆက်ပြီးတော့ အခန်းAမှကျောက်ရိုင်းများကို ဖြတ်ကြသည်။

ထိုထဲမှတစ်တုံးမှာ အစိမ်းရောင်ပေါ်ပြီးသား ဝင်းဒိုးဖွင့်ထားသည့်အတုံးဖြစ်သောကြောင့် လူတိုင်းက ထိုကျောက်ရိုင်းထဲတွင် အလယ်အဆင့်ကျောက်စိမ်းရှိမယ်ဟု ယုံကြည်ထားကြပေမယ့် ပထမတစ်ဖြတ်ဖြတ်လိုက်သည်နှင့် အရောင်ပါပြောင်းသွားသောကြောင့် အားလုံး အလွန်အံ့အားသင့်သွားကြရသည်။

"အဲ့ဒါ ခရမ်းရောင်ပဲ! ဘယ်လိုလုပ်ခရမ်းရောင်ထွက်လာရတာလဲ?" ဝန်ထမ်းမှာ စိတ်လှုပ်ရှားလွန်းလို့ အကျယ်ကြီးအော်မိတော့မတတ်ဖြစ်သွားရသည်။

"ဘာ? ခရမ်းရောင်? အစိမ်းရောင်မဟုတ်ဘူးလား?"

"မဟုတ်ဘူး- မဟုတ်ဘူး၊ ဒါ ခရမ်းကျောက်အမျိုးအစား အဆင့်မြင့်ကျောက်စိမ်းပဲ!"

"ဘာ? အဆင့်မြင့်ခရမ်းရောင်ကျောက်စိမ်း?"

ဝိုး!!

လူအုပ်ကြီးမှာ ထပ်မံလို့ ထိတ်လန့်အံ့ဩသွားရပြန်သည်။ အမှန်တကယ်ကြီး ခရမ်ရောင်ကျောက်စိမ်းတစ်တုံး ထွက်ပေါ်လာခြင်းသည် သူတို့၏အတွေးအမြင်များကိုပင်ကျော်လွန်နေပေမယ့် ဘယ်သူမှ ဝမ်ဟုန်းမင်ထက်တော့ ဝမ်းနည်းမနေပေ။ သူကတော့ အခုချိန်တွင် အတော်လေးကိုစိတ်ပျက်နေပြီဖြစ်သည်။ အဖိုးတန်လှပါသည့် ကျောက်စိမ်းအားလုံးကို လူစိမ်းတစ်ယောက်က ဝယ်သွားခဲ့သောကြောင့် ဒီတစ်နေ့တည်းနှင့်ပင် ငွေကြေးမြောက်မြားစွာ ဆုံးရှုံးခဲ့ရလေသည်။ ထိုဝင်းဒိုးဖွင့်ထားသည့် ကျောက်ရိုင်းတွင် အလယ်အဆင့်ကျောက်စိမ်းလောက်သာရှိမည်ဟု တွေးထားခဲ့သောကြောင့် အစတုန်းကသိပ်ပြီး အာရုံစိုက်မနေခဲ့ပေ။

သို့ပေမယ့် နောက်ထပ်စိတ်လှုပ်ရှားစရာအခြေအနေတစ်ခုထပ်မံပေါ်ပေါက်လာပြန်ပြီ။

နောက်ထပ် ဝန်ထမ်းတစ်ယောက်က ဒုတိယမြောက် ဝင်းဒိုးဖွင့်ထားသည့်ကျောက်ရိုင်း၏အပေါ်လွှာကို ဖယ်ရှားကာ စတင်သန့်စင်ပေးနေချိန်တွင်ပဲ လူအများ၏ မြင်ကွင်းထဲသို့ တောက်ပသည့် အစိမ်းရောင်တစ်သွယ် ဝင်ရောက်လာပြန်သည်။ ထိုကျောက်စိမ်းမှာ အနာအဆာမရှိ ချောမွတ်လှသည့် တွင်းဟောင်းဖန်သားကျောက်အမျိုးအစား ကျောက်စိမ်းတစ်တုံးဖြစ်နေလေသည်။

ဝမ်ဟုန်းမင်သည်တော့ ရုတ်တရက် အသိစိတ်မကပ်နိုင်တော့ပေ။

ဘာလို့လဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူ့ဘာသာတွေးနေမိသည်။

အခုချိန်တွင် ကုနင်း၏ ကျောက်အလောင်းအစားလုပ်ရာတွင် ဆုံးဖြတ်နိုင်မှုသည် ၁၀၀ရာခိုင်နှုန်းမှန်ကန်တိကျနေသောကြောင့် သူ့အမြင်တွင် နတ်ဘုရားမတစ်ပါးကဲ့သို့ပင် မှတ်ယူနေကာ သူမလိုမျိုး နောက်ထပ်ဘယ်သူမှ ထပ်လုပ်နိုင်တော့မည်မဟုတ်ပေ။

ထိုအကြောင်းတွေးလိုက်မိချိန်တွင်တော့ ဝမ်ဟုန်းမင် အမှန်တရားကို လက်မခံနိုင်ဘဲဖြစ်ကာ ဒေါသ မကျေနပ်မှုများက မီးတောက်တစ်ခုလို အရှိန်အဟုန်ပြင်းပြင်းဖြင့် တောက်လောင်လာတော့သည်။

"ငါကတော့ အဲ့ဒါက ခရမ်းရင့်ရောင်ကျောက်စိမ်းပဲလို့မထင်ဘူး။ ခရမ်းရင့်ရောင်ကျောက်စိမ်းကိုမှ ပန်းစိမ်းပါတာပဲဖြစ်ရမယ်။" လူတစ်ယောက်က တစ်ဝက်ကျော်လောက်ဖြတ်တောက်ပြီးနေပြီဖြစ်သည့် ခရမ်းရင့်ရောင်ကျောက်စိမ်းကိုကြည့်ကာ အထိတ်တလန့်နှင့်ပြောလာခဲ့လေသည်။

ပန်းစိမ်းပါတဲ့ ခရမ်းရင့်ရောင်ကျောက်စိမ်းသည် ထိတ်တန်းအဆင့်ကျောက်စိမ်းဖြစ်ကာ အစိမ်းရောင်ဘုရင်နှင့်တော့ မယှဉ်နိုင်ပေမယ့် တွင်းဟောင်းဖန်သားကျောက်အမျိုးအစားဖြင့် ကျောက်စိမ်းထပ်တော့ အများကြီးပိုတန်ဖိုးရှိလေသည်။

"ဟုတ်တယ်၊ ငါလဲ လွန်ခဲ့တဲ့ ၅နှစ်တုန်းက တစ်ယောက်က အခုလို ပန်းစိမ်းနဲ့ ခရမ်းရင့်ရောင်ကျောက်စိမ်းဖြတ်နိုင်တယ်ဆိုတာ ကြားဖူးတယ်။ အဲ့ဒါရဲ့အလေးချိန်က ၁၂ပေါင်လောက်ရှိတော့ ယွမ်၁ဘီလီယံတောင်ရသွားတယ်တဲ့။ အခုကျောက်ကတော့ ၈ပေါင်လောက်ပဲရှိမယ်ဆိုတော့ အနည်းဆုံး ယွမ်သန်း၅၀၀တော့ တန်မှာပဲ။" ထိုလူကပဲ ထပ်ပြောလိုက်သည်။

လူတိုင်းသည်လဲ ဈေးနှုန်းကြောင့် အလွန်အံ့အားသင့်သွားပေမယ့် တစ်ချိန်တည်းမှာပဲ တချို့သည်လဲ တကယ့်ဈေးအမှန်ကိုထုတ်ပြောလိုက်သည့် ထိုလူကို စိတ်တိုသွားကြလေသည်။ သူ့ကြောင့်နှင့် အခုဆိုလျှင် စတင်လေလံတင်မည့်ဈေးကို နှိမ့်ထားလို့မရတော့ပေ။ သို့ပေမယ့် အခုချိန်တွင်လဲ ဘယ်သူမှ ဝမ်ဟုန်းမင်လောက်ထိတ်လန့်အံ့အားသင့်နေမည်မဟုတ်ပေ။

ဝမ်ဟုန်းမင်တစ်ယောက် သူ့ကိုသူစိတ်ငြိမ်သွားအောင်လုပ်ရန် အချိန်အတော်ကြာယူလိုက်ရပြီး ရုတ်တရက် သူ့လည်ချောင်းအတွင်းသို့ သွေများဆန်တက်လာသလိုခံစားလိုက်ရသည်။ ဒါကြောင့် သူလဲ ချက်ချင်းပဲ သူ့အတွင်းရေးမှူးထံမျက်ရိပ်ပြလိုက်ကာ အပြင်သို့ထွက်သွားတော့သည်။

ကုနင်းလဲ ဝမ်ဟုန်းမင်ဖြစ်ပျက်သွားသည့် အမူအရာအားလုံးကို သတိထားမိကာ ထိုလူတော့ စိတ်တိုရလွန်းလို့ အခုတော့မထိန်းချုပ်ထားနိုင်တော့မှန်းလဲ နားလည်လိုက်သည်။

ဝမ်ဟုန်းမင် ဆိုင်အပြင်သို့ရောက်သည်နှင့် ပါးစပ်အတွင်းမှ သွေးတစ်လုတ်အန်ထွက်သွားကာ လဲကျလုနီးနီးဖြစ်သွားသည်။ ကံကောင်းစွာပဲ သူ့အတွင်းရေးမှူးမှ အချိန်မှီ ထိန်းပေးလိုက်၍သာ တော်သေးလေသည်။ ထိုအချိန်တွင်ပဲ ဝမ်ဟုန်းမင်၏ကိုယ်ပိုင်ယာဉ်မောင်းလဲပြန်ရောက်လာသောကြောင့် ချက်ချင်းပဲ ဝမ်ဟုန်းမင်ကို ဆေးရုံသို့ပို့ပေးလိုက်ရတော့သည်။

ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ အပြင်ဘက်တွင်ဖြစ်နေသမျှကို မြင်တော့နေရပေမယ့်လဲ ဝမ်ဟုန်းမင်မှာ သူလုပ်ခဲ့သည့်ကိစ္စနှင့်ထိုက်တန်သည့် အကျိုးဆက်ကိုသာရသွားခြင်းဖြစ်သောကြောင့် အနည်းငယ်မျှ သနားစိတ်မဝင်မိပေ။ ဆက်ပြီးတော့လဲ ဝမ်ဟုန်းမင်ကို ထိခိုက်အောင်လုပ်လိုသည့် ဆန္ဒမရှိပေ။

အကယ်၍ ဝမ်ဟုန်းမင်သာ ဒီကိစ္စကို ဒီနေရာမှာတင်ရပ်မည်ဆိုလျှင် သူမလဲ ဆက်ပြီး သူ့ကိုဆန့်ကျင်သည့် အပြုအမူမျိုး လုပ်မည်မဟုတ်ပေမယ့် သူ့ဘက်ကသာ ပြန်ပြီး လက်စားချေဖို့ရန်ကြိုးစားမည်ဆိုလျှင် သူမလဲ ငြိမ်ခံနေမည်မဟုတ်ပေ။

တကယ်တော့ ကုနင်း ဝမ်မိသားစုအကြောင်းသိထားပြီးဖြစ်ကာ ထိုဝမ်မိသားစုက သူမကို အလွယ်တကူလွှတ်ပေးလိမ့်မည်မဟုတ်မှန်းလဲ နားလည်ထားပြီးဖြစ်သည်။

ဝမ်ဟုန်းမင် လမ်းပေါ်တွင်သွေးအန်သွားသည်ကို မြင်လိုက်သည့် လူအချို့သည်လဲ စတင်ကာ ပြောဆိုဆွေးနွေးကြတော့သည်။

"ဟေ့၊ ငါဆရာကြီးဝမ် အခုလေးတင်လမ်းပေါ်မှာ သွေးအန်နေတာကို တွေ့ခဲ့တယ်။"

"ဘာ? ဆရာကြီးဝမ်က သွေးအန်နေတယ်?"

"နားလည်ပေးနိုင်ပါတယ်၊ သူဒီတစ်နေ့တည်းနဲ့တင် အဖိုးတန်ကျောက်စိမ်းပေါင်းများစွာကို ဆုံးရှုံးသွားခဲ့တာကို။"

"ဟုတ်တယ်! ငါသာ သူ့နေရာမှာဆိုလဲ လက်ခံနိုင်မှာမဟုတ်ဘူး။"

"ဒါပေမယ့် အခုကိစ္စကတော့ တကယ့်ကိုလန့်စရာပဲ၊ ထန်အိုက်နင်းဆိုတာ ဘယ်သူလဲ? တကယ့်ကိုမယုံနိုင်စရာကောင်းတဲ့လူပဲ!"

"အဟုတ်ပဲ ၊ ငါလဲ သူ့ကိုမနာလိုတောင်ဖြစ်တယ်။"

...........

သတင်းဖတ်ပြီးနောက် နောက်ထပ်ရောက်လာသည့်လူများလဲ အများအပြားရှိနေသေးလေသည်။

သူတို့ကတော့ လူတစ်ယောက် ကျောက်စိမ်းများကို ဆက်တိုက်ဖြတ်နိုင်သည်ဟုပဲ သိထားကြသေးကာ ဘာအမျိုးအစားဖြတ်နိုင်သည်ဆိုသည်ကိုတော့ မသိသေးပေ။ သူတို့ရောက်လာပြီး မြင်တွေ့ဖို့ရန်ပင် ခက်ခဲရှားပါးလွန်းလှသည့် ပန်းစိမ်းခရမ်းရောင်ကျောက်အမျိုးအစားနှင့် တွင်းဟောင်းဖန်သားကျောက်အမျိုးအစားတို့ဖြတ်ထားနိုင်မှန်း သိလိုက်ရတော့ အလွန်တရာအံ့ဩကုန်ကြလေသည်။

သူတို့အားလုံးလဲ ဒီကိစ္စကို အမှန်ဖြစ်ရင်ကောင်းမည့် အိပ်မက်တစ်ခုလိုသာ ထင်မှတ်နေမိကြသည်။

ထိတ်လန့်မှု, လေးစားမှု နှင့် အားကျမှုများထက် ကုနင်းကတော့ သူမပတ်လည်မှ ရန်လိုနေသည့် အငွေ့အသက်များကိုပိုလို့ပင်ခံစားနေရလေသည်။

သူမကအချိန်တိုလေးအတွင်းတွင် များပြားလှသည့်ငွေပမာဏကိုရှာနိုင်ခဲ့ခြင်းဖြစ်သောကြောင့် လူအများသတိထားစရာဖြစ်သွားလေသည်။

ကျောက်အလောင်းအစားလုပ်သည့်လမ်းသည် လူချမ်းသာများစုစည်းရာနေရာတစ်ခုဖြစ်သောကြောင့် လမ်းထဲတွင် တစ်ချိန်လုံး သူခိုးများ ဓါးပြများရှိနေတတ်သည်။

သို့ပေမယ့် ကုနင်းကတော့ဂရုမစိုက်ပေ။ သူမအခုလိုမျိုး လူကြားထဲ ကျောက်ဖြတ်ဖို့ရန် ရွေးချယ်လိုက်ပြီးကတည်းက ထိုကိစ္စများအတွက်ပါ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုသူခိုး ဓါးပြများ သူမကိုလာတိုက်ခိုက်ရဲမည်ဆိုလျှင် ဖြစ်လာမည့်အကျိုးဆက်အတွက် တခါတည်း စိတ်အခြေအနေကိုလဲ ကြိုတင်ပြင်ဆင်ပြီးမှသာ လာသင့်ပေသည်။

နောက်ထပ် လက်ဝတ်ရတနာကုမ္ပဏီများမှ ကိုယ်စားလှယ်များရောက်လာကာ ကုနင်းနှင့်စကားပြောဆိုရင်း နာမည်ကဒ်များလဲလှယ်ကြလေသည်။

အခုဆိုလျှင် သူမလက်ထဲတွင် နာမည်ကဒ် ၁၆ခုရှိနေပြီဖြစ်ကာ နိုင်ငံ၏ ကျော်ကြားလှသည့် လက်ဝတ်ရနာတံဆိပ် သုံးပုံတစ်ပုံလောက်ကို လွှမ်းမိုးထားနိုင်သည့် ပြည်တွင်းလက်ဝတ်ရတနာကုမ္ပဏီ၁၃ခုနှင့် တခြားနိုင်ငံတကာ လက်ဝတ်ရတနာကမ္ပဏီ၂ခုတို့ပါဝင်လေသည်။

ကျောင်းယွဲ့ဖန်သည်လဲ တခြားလူများကဲ့သို့ရောက်လာခဲ့ပေမယ့် ကုနင်းကိုမမှတ်မိခဲ့ပေ။ ပြီးတော့ ကုနင်းသည်လဲ သူမ၏နောက်ခံအမှန်ကို မပေါ်စေချင်သောကြောင့် ကျောင်းယွဲ့ဖန်ကိုလဲ တခြားလူများကဲ့သို့ပင် ဆက်ဆံပြောဆိုလေသည်။

..............Book 18 Part 262end.............

ဖီးနစ်သွေးစက်

အခန်း ၂၆၃ လင်ရှောင်းထင်ရောက်ပြီ

ကျန်းသဲ့ချန်သည်လဲ မကြာခင်တွင် သူနှင့်ရွယ်တူအဖိုးကြီးများနှင့်အတူ ရောက်ရှိလာခဲ့သည်။ သူတို့လဲ ကျောက်စိမ်းအမျိုးအစားကိုသိလိုက်ရတော့ ပိုလို့ပင်ထိတ်လန့်အံ့ဩကုန်ကြသည်။

အဖိုးကြီးတစ်ဦးက ကုနင်းထံသို့လျှောက်လာကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်၊

"မင်းက ဒီကျောက်စိမ်းတွေကိုဖြတ်ခဲ့တဲ့ မိန်းကလေးထန်များလား?"

တကယ်တော့ တစ်ချက်ကြည့်ရုံဖြင့် သူမမှန်း သိပေမယ့် ယဉ်ကျေးမှုအရသာ ထိုသို့မေးလိုက်ခြင်းဖြစ်ပေသည်။

"ဟုတ်ပါတယ်၊ ကျွန်မပါ။ ဒီဘက်က လူကြီးမင်းရဲ့နာမည်ကို သိပါရစေ။" ကုနင်း ယဉ်ယဉ်ကျေးကျေးပဲပြန်ဖြေလိုက်သည်။

ထိုအဖိုးကြီးသည်လဲ ကုနင်းဘက်က ကောင်းကောင်းမွန်မွန်ပြန်ဖြေလာသောကြောင့် အံ့ဩသွားရလေသည်။ သူတွေးထားသည်က သူမအခုလိုမျိုး အဖိုးတန်ကျောက်စိမ်းပေါင်းများစွာကိုဖြတ်နိုင်သူဖြစ်၍ အလွန်မာနကြီးတာ ဒါမှမဟုတ် အလွန်ဂုဏ်မောက်နေမည်ဟုပင်။ သို့ပေမယ့် အခုတော့ သူ ကုနင်းအပေါ် အတော်လေးအမြင်ကောင်းရှိသွားပေပြီ။

"မိန်းကလေးထန်၊ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော်က ကျောက်စိမ်းအဖွဲ့အစည်းရဲ့ခေါင်းဆောင် ကျန်းသဲ့ချွမ်ပါ။ ပြီးတော့ မင်းရဲ့ ကျောက်အလောင်းအစားလုပ်တဲ့ ထူးချွန်လှတဲ့ အရည်အချင်းကို အရမ်းပဲ လေးစာမိတယ်၊ ဒါကြောင့် ငါတို့တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်နိုင်ဖို့ အခွင့်အရေးလေးရှိလာဖို့ မျှော်လင့်ပါတယ်။"

ကျန်းသဲ့ချွမ်က သူ့ရဲ့ ကုနင်းအပေါ် လေးစားမှုနှင့် အထင်ကြီးမှုတို့ကို ဖုံးကွယ်မနေသလို မုန်းတီးမှုနှင့် မနာလိုဖြစ်မှုတစ်စုံတစ်ရာကိုလဲ မရှိနေပေ။ သူက ကုနင်း၏ ကြွယ်ဝချမ်းသာမှုကိုမဟုတ်ဘဲ ကျောက်အလောင်းအစားလုပ်နိုင်သည့် အရည်အချင်းကိုသာ အထင်ကြီးလေးစားခြင်းဖြစ်လေသည်။ အမှန်တကယ် ဖြောင့်မတ်မှန်ကန်သည့်လူများသာလျှင် ငွေထက် အရည်အချင်းနှင့် ကျွမ်းကျင်မှုကို တန်ဖိုးထားကြပေသည်။

ကျန်းသဲ့ချွမ်သည် ကျန်းသဲ့ချန်၏ ညီငယ်ဖြစ်ပြီး ကျောက်စိမ်းအဖွဲ့အစည်း၏ခေါင်းဆောင်လဲဖြစ်သောကြောင့် သူသည်လဲ ကျောက်အလောင်းအစားလုပ်ရာ၌ ထူးချွန်လေသည်။ သူအရင်တုန်းက ကျောက်ရိုင်းငါးတုံးတွင် ကျောက်စိမ်း၃တုံးရသည်အထိ ဖြတ်နိုင်ခဲ့ဖူးပေသည်။ ထိုအဖြစ်အပျက်မျိုး တစ်ကြိမ်တစ်ခါသာဖြစ်ခဲ့ပေမယ့်လဲ သူ့အပြင် တခြားဘယ်သူမှမလုပ်နိုင်ကြသောကြောင့် လူတိုင်း၏လေးစားအားကျမှုကိုရရှိပိုင်ဆိုင်ထားခဲ့လေသည်။ သို့ပေမယ့် အခုတော့ ကုနင်းက ရုတ်တရက်ကြီးထွက်ပေါ်လာခဲ့လေသည်။

"တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းကျန်း၊ ရှင်နဲ့ အခုလိုဆက်သွယ်ခွင့်ရတာကိုက ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။" ကုနင်း ပလွှားခြင်းမရှိပြန်ဖြေလိုက်လေသည်။ ဒီလိုမျိုး ကြင်နာတတ်ကာ တစ်ဖက်လူအပေါ် အလေးထားတတ်သည့်လူမျိုး သူမအနေဖြင့် ငြင်းလွှတ်မည်မဟုတ်ဘဲ အခုလိုပူးပေါင်းမှုသည် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်မည့်အရာပင်ဖြစ်သည်။

"မိန်းကလေးထန်, ဒီကျောက်ရိုင်းတွေမှာကျောက်စိမ်းရှိနေပါမယ်လို့ ဘယ်လိုများခွဲခြားဆုံးဖြတ်တာလဲဆိုတာ ပြောပြလို့ရမလား? ကျွန်တော် ခင်ဗျားရဲ့ လှည်းထဲကိုကြည့်ကြည့်ပေမယ့် တချို့ကျောက်ရိုင်းတုံးတွေမှာ ကျောက်စိမ်းဖြစ်မယ့်လက္ခဏာတစ်မျိုးမှမတွေ့ရဘူး။" ကျန်းသဲ့ချွမ်က ကုနင်းကိုမေးလိုက်သည်။

"ကျောက်ရိုင်းရဲ့အပြင်ဘက်အလွှာက မိုးဒဏ်လေဒဏ်ကြောင့် အကာတစ်ခုလိုဖြစ်နေတော့ အထဲမှာ ကျောက်စိမ်းရှိလား ဒါမှမဟုတ် ဘာကျောက်အမျိုးအစားလဲဆိုတာ မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ 'ဆုန်းဟွာ'၊ 'စပါးအုံးစင်း'၊ 'အညှိတက်' လိုမျိုး အပေါ်ယံလက္ခဏာတွေနဲ့ ကျောက်ရိုင်းထဲက ဘယ်လိုအခြေအနေဖြစ်မလဲဆိုတာကို ဆုံးဖြတ်ကြတယ်မလား။ အဲ့လိုမျိုးတွေက တကယ်လဲ ကိစ္စတော်တော်များများမှာ အကူအညီဖြစ်တယ်ဆိုတာ ကျွန်မမငြင်းပါဘူး၊ ဒါပေမယ့် အဲ့ဒီ့ 'ဆုန်းဟွာ'၊ 'စပါးအုံးစင်း'၊ 'အညှိတက်' တွေမပါဘဲနဲ့လဲ ဆုံးဖြတ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ကံကောင်းမှုဆိုတာကလဲ အရမ်အရေးကြီးတယ်လေ၊ ဒါကြောင့် ဒီကျောက်ရိုင်းတွေကို ကျွန်မရဲ့ပင်ကိုသိစိတ်ကိုအခြေခံပြီးရွေးထားတာပါ။ မျှော်လင့်ထားတဲ့အတိုင်းပဲ ကျွန်မမှာက တကယ်ကို သိမြင်စိတ်ရှိပြီး ကံလဲကောင်းနေခဲ့တယ်လေ။" ကုနင်းပြန်ဖြေလိုက်သည်။

"ဟုတ်တာပေါ့!" ကျန်းသဲ့ချွမ်လဲ ထိုအချက်ကိုသဘောမတူဘဲမနေနိုင်ပေ။ သူသည်လဲ ကျောက်ရိုင်းတစ်တုံးကို 'ဆုန်းဟွာ'၊ 'စပါးအုံးစင်း'၊ 'အညှိတက်' စတဲ့ ပုံစံတွေမပါဘဲနှင့် ကျောက်စိမ်းဖြတ်နိုင်သည်ဆိုတာကို သိပေမယ့်လဲ ထိုအရာက အရမ်းအန္တရာယ်များသောကြောင့် ဘယ်သူမှ မစမ်းကြည့်ရဲကြပေ။ သို့ပေမယ့် ဒီအမျိုးသမီး၏မယုံကြည်နိုင်စရာကံကောင်းမှုကိုတော့ သူအံ့အားသင့်နေမိစဲပင်။ သို့ပေမယ့် နောက်ထပ် ယခုဖြစ်နေသည့် အကြောင်းအရာအတွက် ဖြေရှင်းချက်ကောင်းကောင်းမရှိသောကြောင့် အခုချိန်တွင် ကုနင်းပြောတာကိုသာ ယုံကြည်လိုက်ဖို့သာရှိတော့သည်။ ပြီးတော့ ဒီအမျိုးသမီးကို ကြည့်ရသည်မှာလဲ အလွန်ယုံကြည်မှုအပြည့်ပင်။

ကုနင်းလဲ သူမနှင့် နာမည်ကဒ်လဲသွားသေးသည့် တိဟောက်လက်ဝတ်ရတနာကုမ္ပဏီ၏ကိုယ်စားလှယ်ဖြစ်သည့် လုမင်ဖေးနှင့်အတူ ဆရာကြီးထန် မတ်တပ်ရပ်နေသည်ကို သတိထားမိလိုက်လေသည်။

တိဟောတွင် လက်ဝတ်ရတနာကုမ္ပဏီသည် Bမြို့တွင် တည်ထောင်ထားပြီး နိုင်ငံ၏အကြီးမားဆုံး အဆင့်မြင့်လက်ဝတ်ရတနာတံဆိပ်တစ်ခုလဲဖြစ်လေသည်။ ၎င်းသည် ပြည်တွင်းရှိ ထပ်တန်းလက်ဝတ်ရတနာတံဆိပ်လေးခုတွင် တစ်ခုအပါအဝင်ဖြစ်သလို နိုင်ငံတကာတွင်လဲကျော်ကြားလေသည်။

ဒီနိုင်ငံတွင် နိုင်ငံတကာကိုပါ ထိုးဖောက်နိုင်သည့် ပြည်တွင်းလက်ဝတ်ရတနာကုမ္ပဏီ သုံးခုပဲရှိကာ ထန်မိသားစုပိုင်ကုမ္ပဏီသည် တစ်ခုအပါအဝင်ဖြစ်ပေမယ့် ထိုထန်မိသားစုမှာ ထန်အိုက်နင်း၏ ထန်မိသားစုမဟုတ်ပေ။

ကုနင်း ဆရာကြီးထန်ကိုကြည့်လိုက်တော့ လုမင်ဖေးသည် ဆရာကြီးထန်ကို သူ့ရဲ့သူဌေးတစ်ယောက်လိုမျိုး အလွန်ရိုသေစွာဆက်ဆံနေလေသည်။ ဆရာကြီးထန်က တိဟောက်လက်ဝတ်ရတနာလုပ်ငန်း၏ သူဌေး ဒါမှမဟုတ် အုပ်ချုပ်ရေးပိုင်းကများလား? ကုနင်း သူမဘာသာတွေးကြည့်နေမိလေသည်။

တိဟောက်လက်ဝတ်ရတနာလုပ်ငန်းသည် ထန်ဟွမ်လုပ်ငန်းစုပိုင်ဖြစ်ပြီး ထန်မိသားစုသည်တော့ Bမြို့ရှိ ဩဇာလွှမ်းမိုးမှုအရှိဆုံး မိသားစုကြီး၄ခုထဲတွင် ပါဝင်လေသည်။

ထန်မိသားစုသည် စီးပွားရေးရော နိုင်ငံရေးတွင်ပါ အာဏာရှိသောကြောင့် သာမာန်အလွန်ချမ်းသာသည့်မိသားစုများထက်ပိုမိုသာလွန်လေသည်။ ထို့ကြောင့် သူတို့ကို လူအနည်းစုလောက်ကသာလျှင် ဆန့်ကျင်ရဲကြသည်။

ကုနင်းလဲ ဆရာကြီးထန်မှာ တိဟောက်လက်ဝတ်ရတနာလုပ်ငန်းနှင့် ရင်းနှီးသည့်ဆက်သွယ်မှုတစ်ခုရှိရမည်ဟုယုံကြည်မိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုကိစ္စမှာ သူမနှင့်တော့ဘာမှမဆိုင်ပေ။

ပန်းစိမ်းပါသည့် ခရမ်းရင့်ရောင်ကျောက်စိမ်းကို မကြာခင်တွင်ပဲ လေလံစတင်ဆွဲကြတော့သည်။

လူတစ်ယောက်က ပန်းစိမ်းပါသည့် ခရမ်းရင့်ရောင်ကျောက်စိမ်း၏ ပေါက်ဈေးကို ထုတ်ပြောပြီးဖြစ်သောကြောင့် လေလံဈေးသည်လဲ အတော်မြင့်မြင့်မှစလေသည်။

အဆုံးတွင်တော့ ထို ပန်းစိမ်းခရမ်းရင့်ရောင်ကျောက်စိမ်းကို တိဟောက်လက်ဝတ်ရတနာလုပ်ငန်းမှ ယွမ်သန်း၆၀၀ဖြင့်ရရှိသွားလေသည်။

ပြီးနောက် တွင်းဟောင်းဖန်သားကျောက်အမျိုးအစားကိုတော့ ယွမ်သန်း၂၅၀ဖြင့် ရောင်းထွက်သွားတော့သည်။

ကုနင်းဆက်လက်ပြီး ကျန်ရှိနေသည့် ကျောက်ရိုင်းတုံးများကို ဖြတ်ကာ ကျောက်စိမ်းများလဲ ဆက်တိုက်ထွက်ရှိလာပေမယ့် ရောင်းဖို့အတွက်ကိုတော့ အလယ်အမြင့်အဆင့်ကျောက်စိမ်းကိုသာဖြတ်လေသည်။

စစ်နယ်မြေသို့ လင်ရှောင်းထင်တို့လေယာဉ်စိုက်ရောက်သည်နှင့် လင်ရှောင်းထင်က ရှုကျင်းချန်နှင့် ကျန်လူများကို သူပြန်မလာခင်အထိ တစ်ဖက်လူများကိုစောင့်ကြည့်ထားရန်မှာကြားခဲ့ပြီးနောက် သူတို့ကို ချန်ပြီးထွက်သွားသောကြောင့် ရှုကျင်းချန်နှင့် သူ့အဖွဲ့သားများမှာ အလွန်အံ့အားသင့်စွာဖြင့် ကျန်ခဲ့ကြရသည်။

"နေပါဦး, ဘာတွေဖြစ်ကုန်တာလဲ?"

"မသိတော့ဘူး။"

"ငါ့အထင်တော့ ငါတို့ဘော့စ်က အခုတလော လူစိမ်းတစ်ယောက်လိုပြောင်းလဲသွားတယ်။ သူတစ်ယောက်ယောက်ကိုတွေ့ဖို့ အမြဲတမ်းအလျင်လိုလာတယ်။"

"အဟုတ်ပဲ, ငါတို့ကိုတောင်မှ စွန့်ပစ်သွားပြီ။"

"သူတကယ်ပဲ အချစ်တွေ့နေတာလား?"

..........

ကုနင်း အစကတည်းက သူမဒီနေ့ ကျောက်အလောင်းအစားလမ်းတွင်ရှိနေမည်ဖြစ်ကြောင်း လင်ရှောင်းထင်ကိုပြောထားပြီးဖြစ်သောကြောင့် သူလဲ ထိုလမ်းသို့သာ တန်းပြီးမောင်းထွက်လာလိုက်သည်။

သူကားပါကင်တွင် ကားရပ်ပြီးသည်နှင့် ကုနင်းကို ဖုန်းလှမ်းဆက်လိုက်ပေမယ့် ကုနင်းဖုန်းကိုင်လို့ အဆင်မပြေသေးတာကြောင့် သူ့ကိုစာသာပြန်ပို့လာခဲ့သည်။

ဒါကြောင့် လင်ရှောင်းထင်လဲ ချက်ချင်းပဲ 'ကိုယ်ကျောက်အလောင်းအစားလမ်းက ကားပါကင်မှာရောက်နေပြီ။' ဆိုကာ စာပြန်ပို့လိုက်သည်။

ထိုစာကိုကုနင်းဖတ်ပြီးသည်နှင့် ကုနင်းအနည်းငယ်အံ့ဩမိသွားပေမယ့် မကြာခင်တွင်ပဲ ပုံမှန်ပြန်ဖြစ်သွားလေသည်။ လင်ရှောင်းထင် ကိုယ်တိုင်လာသည်ဆိုမှတော့ သူအားနေလို့ပဲဖြစ်မည်မှန်း ကုနင်းနားလည်သောကြောင့် အချိန်မဆွဲနေဘဲ ပစ္စည်းများထုတ်ပိုးကာ ထွက်သွားဖို့ပြင်တော့သည်။

ကုနင်း သူမရဲ့ကျောက်ရိုင်းတစ်ဝက်ကိုသာ ဖြတ်ရသေးပြီး နောက်ထပ် အလယ်အဆင့်ကျောက်စိမ်းရှိမည့် ကျောက်ရိုင်းအတုံး၃၀လောက်ကျန်နေသေးလေသည်။

ကုနင်း ဒီတစ်နေ့တည်းဖြင့် ယွမ်၂.၃ဘီလီယံရှာနိုင်ခဲ့ရုံသာမက ကျောက်စိမ်းများမှ စွမ်းအင်အများအပြားကိုလဲစုပ်ယူနိုင်ခဲ့သောကြောင့် သူမရဲ့စိတ်စွမ်းအင်အာကာပြင်သည်လဲ ယခင်ထက်နှစ်ဆပိုမိုကျယ်နေပြီဖြစ်ကာ အခုဆိုလျှင် စတုရန်း၈မီတာပင်ရှိနေပြီဖြစ်သည်။

ကုနင်းထွက်သွားမည်ကိုမြင်သည်နှင့် လက်ဝတ်ရတနာစီးပွားရေးသမားများထဲမှ အတော်များများမှာ ကျောက်စိမ်းတစ်တုံးမျှပင် မရသေးသူများရှိသောကြောင့် စိတ်ပျက်နေကြလေသည်။

..............Book 18 Part 263end.............

ဖီးနစ်သွေးစက်

အခန်း ၂၆၄ ပျက်ဆီးနေသည့်ဆိုင်

ကုနင်းကနေပြီး သူတို့အားလုံးကိုနှစ်သိမ့်ပေးလိုက်သည်၊

"စိတ်မပူကြပါနဲ့၊ နောက်တစ်ရက် နှစ်ရက်အတွင်း ကျန်တဲ့ ကျောက်ရိုင်းအားလုံးကိုဖြတ်ပြီးတာနဲ့ လူကြီးမင်းတို့ကိုအကြောင်းကြားပါ့မယ်။"

ထိုစကားကိုကြားတော့ အားလုံးလဲ စိတ်လှုပ်ရှားသွားကြကာ ကုနင်းလဲ ဆိုင်ထဲမှထွက်သွားတော့သည်။

ဝမ်ဟုန်းမင် ဆိုင်မှာမရှိတော့ဘူးဆိုပေမယ့်လဲ သူ့ကို ဆိုင်တွင်ဖြစ်နေသည့် ကိစ္စအသေးစိတ်ကိုပြန်ပြောပြနေသည့်သူက ရှိပြီးဖြစ်သည်။ သူ ဒီတစ်နေ့အတွင် ကုနင်း ကျောက်စိမ်းပေါင်း ၃၀ကျော်ဆက်တိုက်ဖြတ်နိုင်ခဲ့ကာ ယွမ်၂.၃ဘီလီယံရှာနိုင်သွားသည်ကို ကြားရသည်နှင့် တစ်ဖန် သွေးတွေအကြိမ်များစွာထပ်အန်ပြန်တော့သည်။

သူမကျောက်ရိုင်းများထဲမှ တစ်ဝက်သာ ဖြတ်ပြီးဖြစ်ဖြစ်တာတောင်မှ ယွမ်၂.၃သန်းရသွားသည်တဲ့လား!

ဝမ်ဟုန်းမင်မှာ ကုနင်း၏ကျန်သည့်ကျောက်ရိုင်းတုံးများတွင်လွဲ ဧကန်မလွဲကျောက်စိမ်းများပါနေဦးမည်ဆိုသည်ကို အပြည့်အဝယုံကြည်နေပြီဖြစ်သည်။

သူ ငါ့ဆိုင်ထဲက ကျောက်စိမ်းပါတဲ့ ကျောက်ရိုင်းအားလုံးကို ယူသွားတာများလား? ဝမ်ဟုန်းမင်တွေးကြည့်လိုက်မိသည်နှင့် ဒီတစ်ခေါက်တွင်တော့ ထန်အိုက်နင်းကို သတ်ရန်အစီစဉ်ဆွဲတော့သည်။

ကုနင်း ဆိုင်အပြင်သို့ထွက်လိုက်သည်နှင့် အကြည့်များက သူမပေါ်တွင်ကျရောက်လာသည်ကို ခံစားမိပေမယ့် ဂရုစိုက်မနေပေ။ သူမ သန့်စင်ခန်းသို့သွားလိုက်ပြီး လက်ထဲမှ ကျောက်ရိုင်းထည့်ထားသည့် ပုံးကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်လိုက်ကာ အင်္ကျီကိုလဲလိုက်ပြီး မိတ်ကပ်များကိုလဲ ဖျက်ပစ်လိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက်တွင်တော့ သူမရဲ့နဂို ကုနင်းပုံစံအတိုင်းပြန်ဖြစ်သွားကာ သန့်စင်ခန်းမှပြန်ထွက်လာခဲ့တော့သည်။

သန့်စင်ခန်းအပြင်ဘက်နားတွင်တော့ ယောကျ်ားကြီးလေးယောက် ရှေ့နောက်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ သန့်စင်ခန်းတံခါးဝကိုသာ အာရုံစိုက်နေကြပေမယ့် ကုနင်းမှာ လုံးဝပြောင်းလဲသွားပြီဖြစ်သောကြောင့် သတိမထားမိကြပေ။

သူတို့အချိန်အတော်ကြာအောင်စောင့်ဆိုင်းနေခဲ့ပေမယ့် ထန်အိုက်နင်းမှာပေါ်မလာသောကြောင့် တခုခုတော့လွဲနေပြီဖြစ်ကြောင်း သူတို့စတင်သတိထားမိသွားကြသည်။ အမျိုးသမီးတစ်ယောက် သန့်စင်ခန်းသုံးဖို့ရန် အချိန်အများကြီးမကြာသင့်ပေမယ့် သူတို့က အမျိုးသားများဖြစ်သောကြောင့် အထဲကို ဝင်သွားကာ စစ်ဆေးလိုမရ၍ နောက်ထပ် အပြင်ဘက်ရှိအမျိုးသမီးတစ်ယောက်ကိုသာ သူတို့အတွက်သွားစစ်ခိုင်းရတော့သည်။

သို့ပေမယ့် ထိုအမျိုးသမီးက သူတို့ကို အထဲတွင် ဘယ်သူမှရှိမနေဘူးဟူ၍သာပြန်ပြောလာလေသည်။

"ဘာ? ဘယ်သူမှမရှိဘူး? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ထန်အိုက်နင်း လုံးဝထွက်မလာသေးသည်မှာ သေချာသောကြောင့် သူတို့အားလုံး မယုံကြည်ကြပေ။

"မင်းလိမ်နေတာလား?" ထိုလူများထဲမှတစ်ယောက်က ထိုအမျိုးသမီးကိုမေးလိုက်သည်။

"မလိမ်ပါဘူး။ ရှင်တို့မယုံရင် ကိုယ့်ဘာသာဝင်သွားပြီးစစ်ကြည့်ကြလေ။" ထိုအမျိုးသမီးက ပြန်ဖြေလိုက်သည်။

ထို့နောက် သူတို့ချင်း တစ်ယောက်နှင့် တစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ခနကြာတော့မှ သူတို့ထဲမှတစ်ယောက်က,

"ငါသွားစစ်ကြည့်လိုက်မယ်။"

သူ အမျိုးသမီးသန့်စင်ခန်းထဲတွင် တစ်ပတ်ဝင်စစ်လိုက်ပေမယ့် အထဲတွင်ဘယ်သူမှမရှိနေခဲ့ပေ။ အခုအခေါက်တွင်တော့ သူတို့အားလုံး ကြောင်အကုန်ကြလေသည်။

"ဘာတွေဖြစ်သွားတာလဲ? ငါတို့ဒီနားမှာ တစ်ချိန်လုံးစောင့်ကြည့်နေပေမယ့် သူဘယ်တုန်းကမှ ထွက်မလာခဲ့ဘူးလေ။"

"သူပုံံပြောင်းလိုက်လို့ ငါတို့မမှတ်မိတာများလား?"

"မဖြစ်နိုင်ဘူး။ ငါလက်ထဲမှာ ပုံးကိုင်ပြီးထွက်လာတဲ့ အမျိုးသမီးတစ်ယောက်မှ ထွက်လာတာမတွေ့ဘူးလေ။"

"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?"

"သူအကြောင်းမရှိဘဲနဲ့ လေထဲပျောက်သွားတာလား?" တစ်ယောက်ကပြောလိုက်တာကြောင့် အားလုံးလဲ မယုံကြည်ပေမယ့် ကြောက်သွားကြသည်။

"ငါတို့ အခုဘာလုပ်ကြမလဲ?" ထိုလူကပဲ စိုးရိမ်စွာမေးလာလေသည်။ သူတို့ရဲ့ပစ်မှတ်က ရုတ်တရက်ကြီးပျောက်သွားသည်ဆိုတော့ သူတို့အပြစ်ပေးခံကြရပေလိမ့်မည်။

"မသိတော့ဘူး။" နောက်ထပ်တစ်ယောက်က စိတ်ပျက်လက်ပျက်ဖြစ်ပြန်ဖြေလိုက်သည်။

"ငါတော့ ဒီနားပတ်ဝန်းကျင်ကို တစ်ခေါက်လောက်ထပ်စစ်ဆေးကြည့်ရကောင်းမယ်ထင်တယ်။"

.......

ကုနင်း ကျောက်အလောင်းအစားလမ်းမှ ထွက်လာစဉ် လူတစ်စုက ဆိုင်တစ်ဆိုင်ကိုဖျက်ဆီးနေသည်ကို ရပ်ကြည့်နေကြသည့် လူအုပ်ကြီးကို သူမသတိထားလိုက်မိသည်။

"ဘာတွေဖြစ်နေတာလဲ? သူဌေးကျန်း ဘယ်သူ့ကို အပြစ်လုပ်မိလို့လဲ?"

"သူဌေးကျန်းမဟုတ်ဘူး၊ သူ့သားကျန်းဟောင်က ငွေတိုးချေးစားတဲ့လူတွေကို ငွေပြန်မဆပ်နိုင်လို့။ ငွေတိုးချေးစားတဲ့လူတွေကလဲ သူတို့ငွေပြန်မရတော့ သူ့ဆိုင်ကိုဖျက်ဆီးဖို့လူတွေလွှတ်လိုက်တာ။"

"ဘာ? ထပ်ပြီးတော့လား?"

ကြည့်ရတာတော့ အရင်လဲ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ဖူးသည်ထင်၏။

"ဟုတ်တယ်၊ ဒီနှစ်ထဲ ဒါသုံးကြိမ်မြောက်ပဲ။ သူဌေးကျန်းလဲ အရင်နှစ်ခေါက်တုန်းကတော့ ငွေတိုးကိုပြန်ဆပ်ပေးနိုင်ပေမယ့် ဒီတစ်ခေါက်တော့ သူလဲ မဆပ်နိုင်တော့ဘူး။"

"ဟင်း.... ငါတော့ သူဌေးကျန်းကို တကယ်ပဲ သနားတယ်။ သူ့မိန်းမက ကလေးတစ်ယောက်မှမရှိခင် ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားတယ်။ သူကလဲ သူ့မိန်းမကို အရမ်းချစ်တော့ နောက်အိမ်ထောင်လဲထပ်မပြုဘဲ ကျန်းဟောင်ကိုမွေးစားလိုက်တယ်။ ဒါပေမယ့် မမျှော်လင့်ထားဘဲ ကျန်းဟောင်က သူဌေးကျန်းရဲ့ချမ်းသာမှတွေအားလုံးကို မထိန်းသိမ်းနိုင်ဘဲ ဖျက်ဆီးဖို့ပဲ တတ်တဲ့ အရှုံးသမားတစ်ယောက်ဖြစ်နေတာပဲ။"

"ဟုတ်တာပေါ့! ကျန်းဟောင်က တစ်နေ့တစ်နေ့ အရူးလိုလျှောက်သွားနေပြီး လောင်းကစားပဲလုပ်နေတာ။ သူဌေးကျန်းလိုလူကျောင်းတစ်ယောက်ကို သူ့မွေးစားသွားကဖျက်ဆီးပစ်တယ်ဆိုတာ တကယ်ကို အရှက်ရစရာပဲ!"

"ငါတော့ သူတို့ဆိုင်လဲ မကြာခင်ပိတ်ပစ်ရတော့မယ်ထင်တယ်။"

"ကျန်းဟောင်က အတော်ကို အရှက်မဲ့ပြီး အသုံးမကျတဲ့လူပဲ။ သူဌေးကျန်းဘာလို့များ သူ့ကို အဆက်အသွယ်မဖြတ်ပစ်တာလဲမသိဘူး?"

"ဘယ်သူသိမှာလဲ?"

.....

လူတိုင်းကတော့ တခြားလူတွေအပေါ် အပြစ်တင်ဝေဖန်ရင်း တခြားလူများကို အကဲဖြတ်ရင်းဖြင့်သာ တစ်နေ့တစ်နေ့အလုပ်များနေသူများဖြစ်ကြပေသည်။

ထိုသူများရဲ့ဆွေးနွေးနေသည့်စကားများကိုကြားရတော့ ကုနင်းလဲ သူဌေးကျန်းအတွက်စိတ်မကောင်းဖြစ်မိပြီး ကျန်းဟောင်ကို မုန်းတီးမိသွားသည်။

"ရပ်ကြပါတော့! ရပ်ကြပါတော့! ကျွန်တော် နောက်နှစ်ရက်နေရင်ပြန်ဆပ်ပါ့မယ်!" ကျန်းဖန်သည် ထိုလူစု သူ့ဆိုင်ကိုဖျက်ဆီးနေခြင်းကို တားရန်ကြိုးစားပေမယ့်လဲ သူကသာ အားပြင်းပြင်းနှင့် နောက်သို့အတွန်းခံလိုက်ရသည်။

ထိုသို့ရုတ်တရက်ဖြစ်ပျက်မှုက အလွန်မြန်ဆန်လွန်းသောကြောင့် ကျန်းဖန် ဘာမှမတုံ့ပြန်လိုက်နိုင်ဘဲ ဟန်ချက်ပျက်ကာ နောက်ပြန်လဲကျပြီး သူ့နောက်တွင်တော့ ကျောက်ရိုင်းများတင်ထားသည့်စင်များရှိနေလေသည်။ အကယ်၍ ကျန်းဖန်သာ ထိုကျောက်ရိုင်းစင်များထံသို့တည့်တည့်ကြီးဆောင့်မိသွားမည်ဆိုလျှင် ဆိုးဆိုးရွားရွားဒဏ်ရာရရှိသွားပေလိမ့်မည်။

ကုနင်းလဲ တုံ့ဆိုင်းမနေဘဲ သူမရှေ့မှကွယ်နေသည့်လူနှစ်ယောက်ကို တွန်းထုပ်ကာ ဆိုင်ထဲသို့ပြေးဝင်သွားလိုက်သည်။ ထိုလူနှစ်ယောက်သည်လဲ လဲကျလုနီးနီးဖြစ်သွားကာ အော်ဟစ်မိတော့မတတ်ဖြစ်သွားပေမယ့် သူတို့မျက်စိရှေ့မှမြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ ထိတ်လန့်အံ့ဩသွားကြတော့သည်။

ကုနင်းသည် အလွန်လျင်မြန်ပေမယ့် နည်းနည်းတော့ နောက်ကျသွားခဲ့လေသည်။ ကျန်းဖန်သည် ကျောက်ရိုင်းတုံးများတွင်ထားသည့် စင်ဖြင့်ဆောင့်မိသွားပြီးဖြစ်ကာ ကျောက်ရိုင်းတုံးများစွာ တစ်တုံးပြီးတစ်တုံးပြုတ်ကျလာပြီး ထိုထဲမှတစ်တုံးမှ ကျန်းဖန်၏ ပုခုံးနှင့် နောက်တစ်တုံးသည်တော့ သူ့ခေါင်းပေါ်သို့ကျရန်ဦးတည်နေလေသည်။ လူအုပ်ကြီးသည်လဲ ထိတ်လန့်စွာ မျက်ဆံများပင်ပြူးကျယ်ကုန်ကြပြီး တချို့သည်တော့ ထိုဆိုးရွားလှသည့်မြင်ကွင်းကို ရှောင်ရန်လှည့်လိုက်ကြလေသည်။

သို့ပေမယ့် ထိုအချိန်တွင်ပဲ ကျန်းဖန်၏လက်မောင်းကို လက်တစ်ဖက်က လှမ်းကိုင်လိုက်ပြီး ဆွဲထုတ်လိုက်လေသည်။ နောက်ဆုံးတော့ ကျန်းဖန်တစ်ယောက်သူ့ပေါ်သို့ ကျောက်ရိုင်းစင်ကြီးပြုတ်ကျမှုအောက်မှလွတ်မြောက်သွားတော့သည်။

လူတိုင်းသည် အံ့ဩမှင်တက်နေကာ အံ့ဩစရာကောင်းလောက်အောင်လျင်မြန်မှုနှင့် သန်မာမှုတို့ဖြင့် ကျန်းဖန်ကိုကယ်တင်လိုက်သည့်မိန်းကလေးကို ကြည့်လိုက်မိကြသည်။ သူမကြောင့်သာမဟုတ်လျှင် ကျန်းဖန်းမှာ သေရင်သေ မသေရင် ဒဏ်အရာအကြီးအကျယ်ရသွားမည်ဖြစ်သည်။

ကျန်းဖန်သည်လဲ ကြောင်အမှင်သက်နေသည်။

ဆိုင်ကိုဖျက်ဆီးနေကြသည့် လူစုသည်လဲ အသံကျယ်ကြီးကြားလိုက်သောကြောင့် ရပ်တန့်သွားကြသည်။ သူတို့မှာ ကျန်းဖန်နှင့်နီးနီးလေးတွင်ရှိနေကြပေမယ့် ကူညီဖို့ရန် တစ်ဦးတစ်ယောက်တွင်မျှ ရည်ရွယ်ချက်ရှိမနေပေ။

ကုနင်းကယ်တင်ပြီးသွားသည်ကိုမြင်လိုက်သည့်နောက်တွင်တော့ သူတို့အားလုံးလဲ အံ့အားသင့်သွားကြရသည်။ သို့ပေမယ့် ကျန်းဖန်အဆင်ပြေနေသည်ကိုမြင်ရသောကြောင့် ဆိုင်ရှိပစ္စည်းများကို ဆက်လက်ဖျက်ဆီးတော့သည်။

ဒါက ကုနင်းနှင့် ဘာမှတော့မဆိုင်ပေမယ့်လဲ သူမအလွန်စိတ်အနှောက်အယှက်ဖြစ်သွားသောကြောင့် ထိုလူများကို စတင်တိုက်ခိုက်တော့သည်။

သူမနှင့် အနီးဆုံးနေရာတွင်ရပ်နေသည့် လူ၏ပုခုံးကို ဆွဲဖမ်းလိုက်ကာ မြေပြင်ပေါ်မှ ဆွဲမလိုက်ပြီး ဆိုင်အပြင်ဘက်သို့ အားပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်လေသည်။

အပြင်ဘက်မှလူများသည်တော့ ထိုမြင်ကွင်းကြောင့် ထိတ်လန့်အံ့ဩသွားကြရသည်။ ဒီမိန်းမငယ်လေးက သူတို့တွေးထင်ထားသည်ထက်ကိုကျော်လွန်ကာ အလွန်သန်မာသည်ပဲ။

ဆိုင်ထဲမှ ကျန်သည့်လူများ ဘာတွေဖြစ်သွားသည်ကိုမသိလိုက်ခင်တွင်ပဲ ကုနင်းက နောက်တစ်ယောက်ကို ကန်ချလိုက်ပြန်သည်။

..............Book 18 Part 264end.............

ဖီးနစ်သွေးစက်

အခန်း ၂၆၅ ကျန်းဖန်

"အား!"

ဒုတိယလူကိုလဲ မြှောက်လိုက်ကာ ဆိုင်အပြင်သို့ပစ်လိုက်ပြန်လေသည်။ ထိုလူမှာ ပထမလူအပေါ်သို့ မတော်တဆပြုတ်ကျသွားသောကြောင့် ပထမလူမှာ သေလုမတတ်နာကျင်သွားရလေသည်။

ကျန်နေသည့်လူနှစ်ယောက်လဲ ဘာတွေဖြစ်ပျက်နေသည်မှန်း နောက်ဆုံးတွင် သတိကပ်ပြီးသိသွားတော့သည်။¬ သူတို့နှစ်ယောက်လဲ သူတို့အဖွဲ့ဝင်နှစ်ယောက် အပြင်ဘက်သို့ကန်ထုတ်ခံလိုက်ရသည်ကိုမြင်ပြီး အံ့ဩသွားကြကာ ကုနင်းထံသို့ စိတ်ဆိုးမာန်ဆိုးဖြင့် သစ်သားတုတ်များကိုမြှောက်ကိုင်ကာ စတင်တိုက်ခိုက်ကြတော့သည်။

သို့ပေမယ့် ကုနင်းဘက်က ဘာမှမလှုပ်ရှားလိုက်ရသေးခင်တွင်ပဲ ထိုလူနှစ်ယောက်မှာ စက္ကန့်ပိုင်းအတွင်း ဆိုင်အပြင်ဘက်သို့ပစ်ထုတ်ခံလိုက်ရလေသည်။

လူတိုင်းလဲ နောက်ဝင်လာသည့် အမျိုးသား၏ လှပသည့်လှုပ်ရှားဟန်နှင့် ပုံပန်းသဏ္ဍာန်ကြောင့် အံ့အားသင့်သွားကြရပြန်သည်။

"မင်းအဆင်ပြေရဲ့လား?" လင်ရှောင်းထင် ကုနင်းကို စိုးရိမ်ပူပန်စွာမေးလိုက်သည်။

"အဆင်ပြေပါတယ်။" ကုနင်း ပြုံးလိုက်မိသည်။ ထိုလူရုတ်တရက်ပေါ်လာသည်ကို ကုနင်းမအံ့ဩသည့်အပြင် ရင်ထဲတောင်ထိသွားမိသည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ?" လင်ရှောင်းထင်မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ကျွန်မ ဒီလူကို ဝင်ကူချင်ရုံပါ။" ကုနင်းပြန်ဖြေလာခဲ့သည်။

"မိန်းကလေး, ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။" ကျန်းဖန် အစောကဖြစ်ရပ်ကြောင့် အတော်လေးထိတ်လန့်နေစဲဖြစ်ပေမယ့် ကုနင်းကို ကျေးဇူးတင်စကားဆိုလိုက်လေသည်။ သူမကြောင့်သာမဟုတ်လျှင် သူသေတောင်သေနေလောက်ပေပြီ။

"ရပါတယ်၊" ကုနင်းပြောလိုက်ပြီးနောက်,

"ဒါပေမယ့် လူကြီးမင်းကျန်း, ကျွန်မကြားတာတော့ ဒီပြဿနာတွေအားလုံးဖြစ်စေတဲ့လူက ရှင်မွေးစားထားတဲ့သားကြောင့်လိုကြားတယ်။ ဘာလို့ သူနဲ့ဆက်ဆံရေးကိုမဖြတ်တောက်လိုက်တာလဲ?"

ထိုစကားများကိုကြားတော့ ကျန်းဖန်သက်ပြင်းချလိုက်ရင်းဖြင့်,

"တကယ်တော့ ကျွန်တော် သူတဲ့လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက အဆက်အသွယ်ပြတ်နေခဲ့တာ။ သူအပြင်မှာ ပြဿနာတွေရှာခဲ့ပေမယ့် ဒီလူတွေကတော့ ကျွန်တော့်ဆီကိုပဲ လာကြတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းလို့ရှင်းရမှန်းလဲမသိတော့ပါဘူး။ ကျွန်တော့်ဘက်ကသာ ငွေမပေးဘူးဆိုရင် ဆိုင်ကိုဖျက်ဆီးသွားကြလိမ့်မယ်။"

ကုနင်းကို သူကျန်းဟောင်ကိုမွေးစားခဲ့သည့်အတွက် အလွန်နောင်တရနေသည်ဟုတော့မပြောပေမယ့်လဲ ကျန်းဟောင်နှင့် ဆက်ဆံရေးကိုဖြတ်တောက်ချင်နေကြောင်းကတော့ ထင်ရှားလေသည်။ လူတစ်ယောက်၏ ကြင်နာမှုဆိုတာလဲ ကန့်သတ်ချက်ရှိနေသည်မဟုတ်ပါလား။ ကျန်းဖန်က ကျန်းဟောင်ကိုခေါ်ယူမွေးစားခဲ့ပြီး ကျန်းဟောင်ကြောင့် သူ့ရဲ့ကြွယ်ဝချမ်းသာမှုများသည်လဲ အားလုံးဆုံးရှုံးသွားပြီဖြစ်သောကြောင့် နောက်ဆုံးသည်းခံနိုင်မှုကိုလဲ ကျော်လွန်သွားပြီဖြစ်လေသည်။

"ရှင်ရဲကိုဘာလို့အကြောင်းမကြားတာလဲ?" ကုနင်းဆက်မေးလိုက်သည်။

"ပြောခဲ့တာပေါ့! ဒါပေမယ့် သူတို့က ချင်ဂိုဏ်းအဖွဲ့သားတွေဆိုတော့ ရဲတွေတောင်မှ သူတို့ကို စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ရဲကြဘူး။" ကျန်းဖန်သည် ဘာအင်အား ဘာနောက်ခံမှမရှိသည့် သာမာန်ပြည်သူတစ်ယောက်သာဖြစ်သောကြောင့် သူ့ကို ဘယ်သူကမှကူညီဖို့ရန် ဆန္ဒမရှိပေ။

ချင်ဂိုဏ်းအကြောင်းပြောနေရင်းမှ ကျန်းဖန်တစ်ယောက် အန္တရာယ်ရှိသည့်အရာတစ်ခုကို စဉ်းစားမိသွားကာ,

"ဟုတ်သားပဲ! သူတို့က ချင်ဂိုဏ်းကလေ ပြီးတော့ မင်းသူတို့ကို ဒဏ်ရာရအောင်လုပ်လိုက်တယ်။ မင်းတော့ ဒုက္ခရောက်တော့မှာပဲ! မင်းအခုချက်ချင်းပဲ ထွက်သွားတာကောင်းမယ်ထင်တယ်။"

"ရပါတယ်၊" ကုနင်းလဲ ကျန်းဖန်က သူမကို စိုးရိမ်၍ပြောနေမှန်းနားလည်ပေမယ့် သူမကတော့ ချင်ဂိုဏ်းကိုလုံးဝမကြောက်ပေ။

"ထွက်သွားဖို့မစဉ်းစားနဲ့! မင်းငါတို့ကို ဒဏ်ရာရအောင်လုပ်ထားတော့ ချင်ဂိုဏ်းက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး။" ထိုအချိန်တွင်ပဲ မြေပေါ် ပစ်ချခံထားကြရသည့်လူများက ကုနင်းနှင့် လင်ရှောင်းထင်ကို ခြိမ်းခြောက်လိုက်ကြသည်။

"ဟွန့်, ချင်ဂိုဏ်းကို လူတိုင်းကြောက်နေမယ်လို့များထင်နေတာလား?" ကုနင်းအထင်သေးစွာဖြင့်ပြန်ပြောလိုက်သည်။

"မင်း......" ကုနင်းဘက်က အခုလိုမျိုး လုံးဝမကြောက်ဘဲရှိနေမည်ဟု သူတို့မမျှော်လင့်ထားပေယ့် သူမဟန်ဆောင်နေခြင်းလို့သာ ယုံကြည်ကြလေသည်။ "မင်းတို့မကြောက်ဘူးဆိုရင်၊ ဒီမှာပဲနေ,နေကြ!"

ကြည့်ရတာတော့ သူတို့အကူအညီသွားတောင်းကြတော့မည်ထင်သည်။

"မသွားပါဘူး၊ ရှင်တို့လုပ်ခဲ့တာတွေအတွက်မှ မပေးရသေးတာ။ လူကြီးမင်းကျန်း, ကျေးဇူးပြုပြီး ရှင်ပျက်ဆီးသွားတာတွေကို တွက်ချက်လိုက်ပြီး သူတို့ဆီက လျော်ကြေးပေးခိုင်းလိုက်ပါ။" ကုနင်းပြောလိုက်သည်။

"မိန်းကလေး....." ကျန်းဖန်မှာ အံ့အားသင့်နေလေသည်။ သူတို့ဆီကနေ လျော်ကြေးငွေတောင်းရဲဖို့နေနေသာသာ သူ့ကိုပြန်ပြီးလက်စားချေလာမည်ကို ပိုလို့တောင်ကြောက်သေးသည်။

"ဘာပြောတယ်? မင်းကများ ငါတို့ကို လျော်ကြေးပေးဖို့တောင်းရဲတယ်ပေါ့?" ချင်ဂိုဏ်းမှလူများ ဒေါသထွက်သွားကြလေသည်။

"ရှင်တို့နဲ့မဆိုင်ပါဘူး။" ကုနင်း ထပ်ပြီးနှာခေါင်းရှုံမိသွားသည်။

သူမက ကျန်းဖန်ကို တစ်ခါကူညီပေးပြီးမှတော့ ဒီလူကို ဆက်ဖြစ်လာမည့်အရှုပ်အထွေးများကြား တစ်ယောက်ထဲမထားခဲ့နိုင်ပေ။ ပြီးတော့ ကုနင်းလဲ သူ့ပြဿနာအလုံးစုံကို ဖြေရှင်းပြီးသည်အထိ ကူညီပေးရန် ဆုံးဖြတ်ပြီးဖြစ်သည်။ မဟုတ်ရင် ထိုလူမိုက်များမှာ ကုနင်းနှင့် လင်ရှောင်းထင်တို့ထွက်သွားသည်နှင့် သူတို့ရဲ့ဒေါသများကို ကျန်းဖန်ထံပုံချတော့မည်ဖြစ်သည်။

ပြီးတော့ ကျန်းဟောင်၏မကောင်းမှုများအတွက် ကျန်းဖန်တွင် ပေးဆပ်ရမည့်တာဝန်မရှိပေ။

"ရှင်နဲ့ ရှင့်ခေါင်းဆောင်ရဲ့နာမည်တွေ ပြော။" ကုနင်းထိုလူထဲမှတစ်ယောက်ကိုပြောလိုက်သည်။

"ငါက ကျောင်းစန်း, ငါ့ခေါင်းဆောင်က ချင်ဂိုဏ်းမှာအရေးကြီးတဲ့လူတစ်ယောက်ပဲ, ကျိုးယဲ့ပဲ။" ထိုလူက ကုနင်း သူတို့ကို ယှဉ်နိုင်မှာမဟုတ်လို့ ယုံကြည်သောကြောင့် ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။

"ကောင်းပြီလေ။ ရှင်တို့သွားလို့ရပြီ။" ကုနင်းပြောလိုက်သည်။

"ဘာ?" ထိုလူမိုက်များလဲ ကုနင်းအခုလိုမျိုး စကားလမ်းကြောင်း မြန်မြန်ဆန်ဆန်ပြောင်းသွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။

"အခုချက်ချင်းထွက်သွား! မဟုတ်ရင်၊ ကျွန်မကိုယ်တိုင် ကန်ထုတ်ပေးမယ်။" ကုနင်း အေးစက်စက်အကြည့်ဖြင့်ကြည့်ရင်းပြောလိုက်သည်။

ကုနင်းထံမှ အားပြင်းလှသည့် ဖိအားကို ခံစားလိုက်ရသောကြောင့် ထိုလူမိုက်များ ကြောက်လန့်သွားကာ လွတ်မြောက်ဖို့ရန် ထွက်ပြေးကြတော့သည်။ သို့ပေမယ့် သူတို့မထွက်သွားခင် ခြိမ်းခြောက်သွားလေသေးသည်။

"ဒါနဲ့မပြီးသေးဘူး၊ ငါတို့ပြန်လာခဲ့မယ်!"

အနားမှ ကြည့်နေကြသည့်လူများလဲ ကျန်းဖန်အတွက် စိတ်မကောင်းဖြစ်မိပေမယ့် သူတို့လဲ ဘာမှမကူညီပေးနိင်ကြပေ။ ထိုလူမိုက်တွေက ချင်ဂိုဏ်းကမဟုတ်လား။

ကျောင်းစန်းတို့အဖွဲ့ထွက်သွားတော့ ကြည့်နေကြတဲ့သူတွေလဲ လူစုခွဲသွားကြသည်။

"ကြည့်ရတာတော့၊ ကျွန်တော့်ဆိုင်ကိုပိတ်ပြီး ထန်မြို့ကနေထွက်သွားရတော့မယ်ထင်တယ်။" ကျန်းဖန် ဝမ်းနည်းစိတ်ပျက်စွာဖြင့်ပြောလာသည်။ ဒီတစ်ခေါက်တော့ သူအမှန်တကယ်ကြောက်ရွံ့နေပြီး သူ့ဆိုင်က ဒီတိုင်းဆက်ထားလဲ အခုချိန်မှာ အကြွေးပတ်လည်ဖြင့်သာရှိနေမည်ဖြစ်သောကြောင့် ပိတ်လိုက်ဖို့စဉ်းစားထားပြီးသားဖြစ်သည်။

ထို့နောက် သူက ကုနင်းကိုထပ်ပြီး,

"မိန်းကလေး၊ မင်းချင်ဂိုဏ်းကိုမကြောက်ဘူးဆိုတာကို ငါပြောနိုင်ပေမယ့် ချင်ဂိုဏ်းဆိုတာ မင်းရန်ငြှိုးဖွဲ့နိုင်တဲ့ တချို့အဖွဲ့တွေလိုမဟုတ်ဘူး၊ ငါ့အထင် မင်းအခုပဲထွက်သွားတာကောင်းမယ်!"

"လူကြီးမင်းကျန်း, မစိုးရိမ်ပါနဲ့။ ကျွန်မဒီကိစ္စထဲပါနေပြီးမှတော့ ရှင့်ပြဿနာဖြေရှင်းပြီးတဲ့အထိ ကူညီသွားမှာပါ။"ကုနင်းပြောလိုက်သည်။

"ဘာ?" ကျန်းဖန် အနည်းငယ်အံ့ဩသွားမိသည်။ သူ့ကို ဒီအရှုပ်ထုပ်ထဲကနေပြီး လွတ်မြောက်အောင် တစ်စုံတစ်ယောက်က ကူညီပေးချင်မည်ဟု သူ့တွင် မျှော်လင့်ချက်မရှိခဲ့ပေ။

ကျန်းဖန်မှာ အမှန်တကယ်အကူညီလိုအပ်နေသည်ဆိုသော်လည်း တခြားမဆိုင်သည့်လူများကို ဒီပြဿနာထဲဆွဲမသွင်းလိုပေ၊ ထို့ကြောင့် သူငြင်းလိုက်သည်၊

"မိန်းကလေး၊ မင်းမှာ ကြင်နာတတ်ပြီး စာနာတတ်တဲ့ နှလုံးသားရှိတယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် မင်း ဒီလိုမျိုး ချင်ဂိုဏ်းကို စိတ်အနှောက်အယှက်သွားပေးရင် အန္တရာယ်များလွန်းတယ်။"

ကျန်းဖန်က သူ့ကြောင့်နှင့် ကုနင်းကို အန္တရာယ်ဖြစ်စေချင်ခြင်းက သူသည် ဖြောင့်မတ်မှန်ကန်သည့်လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေလေသည်။

တကယ်တော့ ကုနင်းအတွင်လဲ သူမကိုယ်ပိုင်အစီစဉ်ရှိပြီးသားပင်။

သူမက မကြာခင်ဖွင့်လှစ်မည့် ကျောက်စိမ်းတင်ပို့သည့်လုပ်ငန်းကို စီမံခန့်ခွဲရန်အတွက် ယုံကြည်ရမည့် ဖြောင့်မတ်မှန်ကန်သည့်လူတစ်ယောက်ကို ရှာနေခြင်းဖြစ်ကာ ကျန်းဖန်သည် အကောင်းဆုံးရွေးချယ်မှုဖြစ်ပေမယ့် ကျန်းဖန်အကြောင်းပိုမိုနားလည်စေရန် လေ့လာဖို့သူမတွင် အချိန်လိုအပ်သေးသည်။

သို့ပေမယ့် သူက ဒီလိုဆိုင်ကြီးတစ်ခုကို တည်ထောင်လည်ပတ်နိုင်နေမှတော့ သူမရဲ့လုပ်ငန်းအတွက် လဲ အတိုင်းအတာတစ်ခုထိ လုပ်ဆောင်နိုင်ပေလိမ့်မည်။

All Chapters