← Chapters

အခန်း (၂၆၆-၂၇၀)

Vol. 18 Ch. 266-270

အခန်း (၂၆၆-၂၇၀)

Vol. 18 Ch. 266-270

အခန်း ၂၇၆

နှစ်သစ်ကို အတူကုန်ဆုံးခြင်း

ကျောက်ရိုင်းရာပေါင်းများစွာတွင် အဖိုးမတန်သည့်ကျောက်ရိုင်း၇၀လောက်သာပါခြင်းက အလွန်ထိတ်လန့်စရာကောင်းနေပြီဖြစ်သော်လည် အဖိုးမတန်ကျောက် တစ်တုံးမှမပါခြင်းထက်တော့ နည်းနည်းလောက်ပါနေသည်က လက်ခံလို့ရသည့်အနေအထားမျိုးဖြစ်သည်။

သူတို့ ကျောက်ရိုင်းအားလုံးကိုရွှေ့ပြီးသွားချိန်တွင်တော့ ညနေ၄နာရီခွဲပြီဖြစ်သောကြောင့် ကုနင်း ကျန်းဖန်ကို ဖုန်းလှမ်းခေါ်လိုက်သည်။

ဖုန်းပြန်ဖြေလာသည့်အချိန်တွင် ကုနင်းဖုန်းတစ်ဖက်မှ ဆူဆူညံညံစကားပြောသံများကိုကြားလိုက်ရသည်။ လူတချို့ Colorfulကျောက်စိမ်းတင်ပို့မှုအကြောင်းကိုပြောနေကြခြင်းပင်။

"ဟိုင်း, ဘော့စ်၊" ကျန်းဖန် နှုတ်ဆက်လိုက်သည်၊

"ဟိုင်း, ဦးလေးကျန်း၊ ဆိုင်အခြေအနေဘယ်လိုလဲ?" ကုနင်းမေးမြန်းကြည့်လိုက်သည်။

"ကျွန်တော်တို့အခုပဲပြီးတာ၊ ပြီးတော့ ရုံးခန်းအပြင်ဘက်မှာ ကျွန်တော်တို့နဲ့ပူးပေါင်းချင်လို့ဆိုပြီးလာရှာတဲ့လူတွေလဲ အများကြီးပဲ။"

ကျန်းဖန် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ ကျောက်စိမ်းတင်ပို့မှုလုပ်ငန်းတွင် ညှိနှိုင်းမှုထက် ကျောက်စိမ်းကသာပိုလို့အရေးကြီးမှန်း သူနားလည်ထားပေမယ့်လဲ ဖွင့်ပွဲနေ့မတိုင်ခင်တွင်တောင်မှ စီးပွားရေးလုပ်ငန်းရှင်များစွာဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကို မစောင့်နိုင်တော့ပေ။

ဒီပုံစံအတိုင်းသာဆိုလျှင် အစကောင်းဖို့သေချာနေပြီဖြစ်သည်။

"ကောင်းတာပေါ့, ကျွန်မတို့ မနက်ဖြန်စပြီး ကျောက်စိမ်းတွေကိုစီစဉ်ပေးထားမမှာမလို့ နေ့လည်လောက်ဆိုလာကြည့်လို့ရပါတယ်လို့ ပြောလိုက်ပါ။ ပြီးတော့ ဦးလေး ဟန့်ယွမ်စက်ရုံနယ်မြေကို ကျောက်ရိုင်းဖြတ်ဖို့အလုပ်သမားနှစ်ယောက် မြန်မြန်လေးပို့ပေးပါဦးနော်။" ကုနင်း အမိန့်ပေးလိုက်တော့ ကျန်းဖန်လဲ ချက်ချင်းပဲပြန်ဖြေလိုက်သည်၊

"ကောင်းပါပြီ။"

ဆိုင်မှကိစ္စများပြီးသွားသည်နှင့် ကျန်းဖန် အလုပ်သမားနှစ်ယောက်ကိုခေါ်ကာ ဟန့်ယွမ်စက်ရုံနယ်မြေသို့သွားလိုက်သည်။

ဖုန်းဆက်ပြီးသွားတော့ ကုနင်းက ကောင်းယိနှင့် ချောင်ယတို့ကိုပြောလိုက်သည်

"ငါ့ရဲ့ကျောက်စိမ်းတင်ပို့မှုလုပ်ငန်းအတွက် ကျန်းဖန်က တာဝန်ယူဆောင်ရွက်ပေးလိမ့်မယ်။ ပြီးတော့ နှစ်သစ်ကူးပွဲတော်ရောက်ဖို့က ၁၇ရက်ပဲလိုတော့တယ်။ ငါအခုရက်ပိုင်းထဲ မြို့တော်ကိုလဲသွားရဦးမှာဆိုတော့ နင်တို့နှစ်ယောက် ဒီမှာပဲနေပြီး ကျန်းဖန်ကို ကူညီပေးလိုက်ကြ။ ငါ မြို့တော်ကနေ Fမြို့ကိုပြန်ရောက်ပြီဆိုရင်တော့ နင်တို့နှစ်ယောက် ငါ့ဆီကိုလာခဲ့ပြီး နှစ်သစ်ကူးပွဲတော်ကိုအတူတူကုန်ဆုံးကြတာပေါ့။"

ထိုစကားများကိုကြားတော့ ကောင်းယိနှင့်ချောင်ယတို့အလွန်ခံစားသွားရကာ ငိုပင်ငိုမိလုနီးနီးဖြစ်သွားသည်။ တကယ်တော့ သူတို့နှစ်ယောက်အတူတူ နှစ်သစ်ကူးပွဲတော်များစွာတွင်အတူရှိခဲ့ကြဖူးပေမယ့် သာမာန်နေ့များနှင့် ဘာမှမကွာသလို ထူးခြားမှုလဲမရှိသွားပေမယ့် အိမ်ဆိုသည့် ခံစားချက်ကိုတော့ မခံစားခဲ့ကြရပေ။ ကုနင်း အခုလိုရုတ်တရက်ကြီးသူမရဲ့အိမ်တွင် နှစ်သစ်ကူးပွဲတော်ကို သူမမိသားစုများနှင့်အတူ ကုန်ဆုံးရန် သူတို့ကိုဖိတ်ခေါ်လာခြင်းကြောင့် ကောင်းယိနှင့် ချောင်ယတို့အလွန်စိတ်လှုပ်ရှားနေကာ ပါဝင်ဆင်နွှဲလိုစိတ်များပြင်းပြနေပေမည့် သူတို့ဘော့စ်ရဲ့မိသားစုကို စိတ်အနှောက်အယှက်ဖြစ်စေမိမည်ကို စိုးရိမ်မိသွားကြသည်။

ထိုအကြောင်းကိုတွေးမိသွားတော့ ချောင်ယက ကုနင်းကိုမေးလာသည်၊

"ဘော့စ်၊ ဒီလိုလုပ်တာက ဘော့စ်တို့မိသားစုကို အနှောက်အယှက်မဖြစ်စေဘူးလား?"

"မဖြစ်ပါဘူး၊ ငါတို့မိသားစုမှာက ငါ့အမေ, အဒေါ်, ဦးလေး၊ ငါ့ဝမ်းကွဲညီမနဲ့ ငါ စုစုပေါင်း၅ယောက်ပဲရှိတာ။ ပြီးတော့ နင်တို့နှစ်ယောက်လုံးက ငါ့ရဲ့ဦးဆောင်မှုနောက်ကိုလိုက်နေကြတဲ့လူတွေလေ၊ ဒီတော့ ငါနဲ့အတူရှိတယ်ဆိုတာ ပုံမှန်ပါပဲ။ နှစ်သစ်ကူးပွဲတော်ပြီးမှပဲ နင်တို့အတွက် လုပ်ရမယ့်တာဝန်တွေ စီစဉ်ပေးမယ်။"

"ကောင်းပါပြီ။" ကောင်းယိကော ချောင်ယပါ ပြိုင်တူဖြေလိုက်ကြသည်။

ကျန်းဖန်နှင့် အလုပ်သမားနှစ်ယောက်မရောက်လာသေးခင်မှာပဲ ကုနင်း ကိုယ်တိုင်ကျောက်ရိုင်းများကို စဖြတ်နေလိုက်သည်။ ပြီးတော့ ကောင်းယိနှင့် ချောင်ယကိုပါ ကျောက်ရိုင်းဖြတ်နည်းများသင်ပေးလိုက်သောကြောင့် သူတို့လဲ သူမကိုကူညီနိုင်သွားပေသည်။

သူတို့တွင် ကျောက်ရိုင်းဖြတ်ဖို့ရန် လူနည်းနည်းပဲရှိနေပေမယ့်လဲ တိတ်တိတ်ဆိတ်ဆိတ်ပဲဆောင်ရွက်ချင်သောကြောင့် နောက်ထပ်အလုပ်သမားများထပ်ခန့်ရန်အတွက် ကုနင်းစိတ်ကူးမရှိပေ။

ယခုအလုပ်သမားနှစ်ယောက်မှာလဲ ကျန်းဖန်နှင့်အတူ အချိန်အကြာကြီးအလုပ်တွဲလုပ်ခဲ့ကြခြင်းဖြစ်သောကြောင့် ယုံကြည်ရသည်ဆိုပေမယ့်လဲ သူတို့ဘက်ကသာ သူမ၏စည်းမျဉ်းများကို ချိုးဖောက်ခဲ့မည်ဆိုလျှင် ကုနင်းသည်လဲ တုံ့ဆိုင်းမနေဘဲ အပြစ်ပေးမည်ဖြစ်သည်။ ပထမဆုံးအကြိမ်ဆိုလျှင်တော့ သတိပေးသည့်အဆင့်ပဲဖြစ်ပါမည်။

ယခုတစ်ခေါက်ကျောက်ရိုင်းဖြတ်ခြင်းသည် ကောင်းယိနှင့်ချောင်ယတို့အတွက် ပထမဆုံးအကြိမ်ဖြစ်ပေမယ့်လဲ သူတို့၏ထူးချွန်လှသည့်သင်ယူနိုင်စွမ်းနှင့် လုပ်ရည်ကိုင်ရည်များကြောင့် မကြာခင်တွင်ပဲ ကောင်းကောင်းလုပ်နိုင်သွားတော့သည်။

ကုနင်းက အရင်ဦးစွာသူတို့အတွက် မျဉ်းဆွဲပေးပြီး သူတို့ကတော့ ထိုမျဉ်းများအတိုင်းလိုက်ပြီးဖြတ်ဖို့ရန်သာလိုလေသည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက်တွင်တော့ ကျန်းဖန်ရောက်ရှိလာခဲ့ပြီ။

သူတို့အချင်းချင်းသည်တော့ ကုနင်း ကျန်းဖန်ကို ကူညီပေးခဲ့သည့်နေ့ကတည်းက မြင်ဖူးထားကြပြီးဖြစ်သည်။ အလုပ်သမားနှစ်ယောက်တွင် တစ်ယောက်သည် အသက်၅၀ရှိပြီဖြစ်ကာ နောက်တစ်ယောက်သည်တော့ အသက်၄၀အရွယ်ရှိပြီဖြစ်သည်။

ပိုအသက်ကြီးသည့်လူကိုတော့ လီချွမ်ရှန်းဟုခေါ်ကာ ငယ်သည့်သူကိုတော့ဖြင့် ကျန်းကျင်းကွမ်းဟုခေါ်တွင်လေသည်။ ထိုသူနှစ်ယောက်လုံးသည် ကျန်းဖန်အတွက် အနည်းဆုံး၇နှစ်မျှ အလုပ်လုပ်ပေးလာကြသူများလဲဖြစ်ပေသည်။

ကျန်းဖန်က ကျန်းကျင်းကွမ်းနှင့် လီချွမ်ရှန်တို့ကို မနေ့တုန်းက ကုနင်းဘာတွေလုပ်ခဲ့သလဲဆိုသည်ကို ပြောပြထားပြီးဖြစ်သောကြောင့် အခုလို ကုနင်းသည် အလွန်ငယ်ရွယ်နေသည်ကိုတွေ့လိုက်ရချိန်တွင် အံ့ဩသွားကြရသည်။ ပြီးတော့ ဒီလောက်ငယ်ငယ်ရွယ်ရွယ်လေးနှင့် ကျောက်စိမ်းတင်ပို့သည့်လုပ်ငန်းတစ်ခုကိုတောင် တည်ထောင်နိုင်သည်တဲ့လား။ ကျောက်စိမ်းရဖို့သည်က အလွန်ခက်ခဲကြောင်း လူတိုင်းအသိဖြစ်ကာ အဆင့်မြင့်ကျောက်စိမ်းများဆိုလျှင် ပိုလို့တောင် ခက်ခဲလေသည်။ ထို့ကြောင့် ကျောက်စိမ်းဖြတ်လိုက်မိသည်နှင့် အချိန်တိုအတွင်းရောင်းထွက်သွားကြသည်ချည်းပင်။ ကုနင်းဘာလို့များဒီလောက်တောင်မှ ယုံကြည်ချက်အပြည့်ရှိနေရသည်လဲ?

သို့ပေမယ့် ချင်ဂိုဏ်းနှင့်ဖြစ်သည့် ပြဿနာကိုတောင်မှ ကုနင်းလွယ်လွယ်ကူကူဖြေရှင်းနိုင်ခဲ့သည်ဆိုကတည်းက သာမာန်မိန်းကလေးမဟုတ်ကြောင်းကိုတော့ ယုံကြည်နေပြီဖြစ်သည်။

ကျန်းဖန်၏မိတ်ဆက်ပေးမှုအပြီးတွင်တော့ လီချွမ်ရှန်းနှင့် ကျန်းကျင်းကွမ်းတို့လဲ ကုနင်းကို လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်၊

"တွေ့ရတာဝမ်းသာပါတယ်, ဘော့စ်။"

"ကျွန်မလဲ တွေ့ရတာဝမ်းသာပါတယ်။" ကုနင်းလဲ ယဉ်ယဉ်ကျေးကျေးပြန်နှုတ်ဆက်လိုက်သည်၊ သို့ပေမယ့် သူမ၏အသက်ကငယ်နေသည်ဆိုလျှင်တောင်မှ သူတို့ရဲ့ဘော့စ်ဖြစ်နေသေးသောကြောင့် မျက်နှာထားကို တည်တည်ထားထားရသည်။

ခနလောက်နေတော့မှ ကုနင်းဆက်ပြီး,

"ကျွန်မအပွင့်လင်းဆုံးပြောထားပါ့မယ်။ ရှင်တို့သာ ကျွန်မကို သစ္စာရှိမယ်ဆိုရင် ကျွန်မဘက်ကလဲ ဒီလုပ်ငန်းနယ်ပယ်မှာ အမြင့်ဆုံးလစာကိုပေးပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမှာပါ။ ဒါပေမယ့် ကျွန်မကို သစ္စာဖောက်ရဲရင်တော့ သေချာပေါက် လုပ်ခဲ့သမျှအတွက် ပြန်ပေးဆပ်ရမယ်။" ကုနင်းပေါ်ပေါ်ထင်ထင်ပဲ ခြိမ်းခြောက်လိုက်သည်။

လီချွမ်ရှန်းနှင့် ကျန်းကျင်းကွမ်းတို့နှစ်ယောက်လုံး ကုနင်းသည် အပြောသမားသက်သက်မဟုတ်ကြောင်း ခံစားလိုက်ရသောကြောင့် ကြောက်ရွံ့သွားကြသည်။

"ဘော့စ်၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့ သစ္စာစောင့်သိမှာပါ!" လီချွမ်ရှန်းနှင့် ကျန်းကျင်းကွမ်းတို့ ချက်ချင်းပဲပြန်ဖြေလိုက်ကြသည်။

သူတို့နှစ်ယောက်လုံးသည် ဖြောင့်မတ်မှန်ကန်သည့်လူများဖြစ်ကြပြီး ကုနင်း၏ခေါင်းဆောင်မှုနောက်သို့လိုက်ရန် ဆုံးဖြတ်ပြီးမှတော့ သူမသည် ဆယ်ကျော်သက်လေးတစ်ယောက်ဆိုလျှင်တောင်မှ သစ္စာဖောက်တော့မည်မဟုတ်ပေ။ ထို့အပြင် ကုနင်းတွင် နောက်ခံကောင်းကောင်းရှိနေသည်ကိုလဲ သူတို့နားလည်ကာ သူတို့သည် သာမာန်နိုင်ငံသားလေးများသာဖြစ်သောကြောင့် ကုနင်းကိုဆန်ကျင့်ဖို့လဲ မဝံ့ရဲပေ။

"ကောင်းတာပေါ့၊ " ကုနင်းပြန်ပြောလိုက်သည်။

ပြီးသွားတော့ သူတို့အတူတူ စက်ရုံနယ်မြေထဲသို့ဝင်လာလိုက်ကြသည်။ မကြာခင်တွင်ပဲ သူတို့ကို ကုနင်း စက်ရုံထဲသို့ဦးဆောင်ခေါ်သွားတော့သည်။ သူတို့စက်ရုံနှင့်နီးလာလေ အထဲမှ ကျောက်ဖြတ်နေသည့်ဆူညံသံများကိုကြားရလေဖြစ်သည်။

စက်ရုံ၏အသံထိန်းချုပ်နိုင်မှုမှာသိပ်မကောင်းပေမယ့်လဲ အရမ်းတော့မဆိုးပေ။ ထိုအသံက ဆူညံပေမယ့် အပြင်ဘက်မှ ဘယ်သူမှတော့မကြားနိုင်ပါ။ ပြီးတော့ စက်ရုံဆိုသည့်အတိုင်း အမြဲတမ်းဆူညံနေမည်မှာ ပုံမှန်ပင်ဖြစ်သည်။

သူတို့အားလုံး ဒုတိယထပ်သို့တက်သွားကာ ကြမ်းပြင်တွင် ကျောက်ရိုင်းများစုပုံထားသည်ကိုတွေ့လိုက်ရသည်။ ထိုနေရာတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် ကျောက်ရိုင်းများဖြတ်ရင်းဖြင့်အလုပ်များနေကြကာ အနားတွင်လဲ ဖြတ်တောက်ပြီးသား ကျောက်စိမ်းတုံးများစွာကိုတွေ့လိုက်ရ၍ ကျန်းဖန်တို့အဖွဲ့ ထိတ်လန့်အံ့ဩသွားကြလေသည်။

***

အခန်း ၂၇၇

ရောင်းနည်း

ကျန်းဖန်တို့အဖွဲ့ထိတ်လန့်နေသည်ကိုမြင်ရတော့ ကုနင်းရှင်းပြလိုက်သည်။

"ရှင်တို့အခုကတည်းက အံ့ဩနေဖို့စောသေးတယ်။ ဒီကျောက်ရိုင်းအများစုမှာ ကျောက်စိမ်းတွေပါတယ်၊ ပြီးတော့ အဖိုးမတန်တဲ့ကျောက်ရိုင်းကတော့ နဲနဲပဲပါမယ်။ မြေအောက်ခန်းထဲမှာလဲ နောက်ထပ်ကျောက်ရိုင်းတွေအများကြီးရှိသေးတယ်။"

"ဘာ?" ထိုစကားများကိုကြားတော့ ကျန်းဖန်တို့ပိုလို့ပင် အံ့ဩထိတ်လန့်သွားကြသည်။ ဘယ်သူမှ သူတို့နားမှကိုယ်တိုင်ကြားနေရသည်ကိုပင် မယုံနိုင်ကြပေ။

ဒီလောက်များပြားသည့်ကျောက်ရိုင်းတုံးများကို သူတို့ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သလို အများစုမှာကျောက်စိမ်းပါနေသည်ဆိုတော့ ပိုလို့ပင် ထိတ်လန့်အံ့ဩစရာဖြစ်ပေသည်။

ပုံမှန်ဆိုလျှင် လူတစ်ယောက်သည် ကျောက်ရိုင်းရာပေါင်းများစွာမှနေပြီး ကျောက်စိမ်း၂ တုံးမှနေ ၁၀တုံးလောက်အထိသာဖြတ်နိုင်ကြပေမယ့် ကုနင်းသည်တော့ ယခုကြမ်းပြင်ပေါ်တွင်စုပုံထားသည့်‌ ကျောက်ရိုင်းများထဲတွင် အများစုမှာ ကျောက်စိမ်းများပါသည်ဟုပြောနေခြင်းက သူတို့အမြင်တွင်တော့ မဖြစ်နိုင်သည့်အရာပင်။ လီချွမ်ရှန်းနှင့် ကျန်းကျင်းကွမ်းတို့သည်တော့ သံသယမဝင်ပဲမနေနိုင်တော့ပေ။

ကုနင်းလဲ သူတို့ဘာလို့သံသယဝင်နေကြမှန်းနားလည်သောကြောင့်၊

"ကျောက်အလောင်းအစားလုပ်တာနဲ့ပတ်သတ်ပြီး ကျွန်မမှာ ကိုယ်ပိုင်ကျွမ်းကျင်မှုရှိတယ်ဆိုတာလောက်ပဲပြောပြနိုင်မယ်။ ပြဿနာတွေကြားထဲမပါချင်လို့ ဒီအကြောင်းကိုလျှို့ဝှက်ထားပေးကြပါနော်။"

"ကောင်းပါပြီ,ဘော့စ်။" သူတို့ချက်ချင်းပဲ ကတိပေးလိုက်ကြသည်။ ကျောက်အလောင်းအစားလုပ်ခြင်းနှင့်ပတ်သတ်သည့် ကုနင်း၏ဆန်းကြယ်လှသောကျွမ်းကျင်မှုအကြောင်းကို သူတို့သိချင်နေသေးကြသော်လဲ ကုနင်းက သူတို့၏ဘော့စ်ဖြစ်သောကြောင့် ဘာတစ်ခွန်းမျှထပ်မမေးကြတော့ပေ။

"ကျွန်မတို့ မနက်ဖြန်စရောင်းနိုင်အောင် ဒီနေ့အတွင်း ကျောက်စိမ်းတုံးများများရနိုင်သလောက် အတတ်နိုင်ဆုံးကြိုးစားဖြတ်ကြရမယ်။ အခုကစပြီး ကျွန်မတို့မှာ ရောင်းနည်းနှစ်နည်းရှိမယ်။ ပထမတစ်ခုက၊ တစ်ပတ်တစ်ကြိမ် ကျွန်မတို့ရဲ့ကျောက်စိမ်းတွေကို အရောင်းဖွင့်မယ်။ အခေါက်တိုင်း အရေအတွက်ကို ၅တုံးအထိကန့်သတ်ထားမယ်။ အဆင့်မြင့် ဒါမှမဟုတ် ထိပ်တန်းအဆင့်ကျောက်စိမ်းဆို ၁တုံး ပြီးတော့ အလယ်အမြင့်အဆင့်ကျောက်စိမ်းဆို ၂တုံး၊ ကျန်တာကိုတော့ အလယ်အဆင့်ကျောက်စိမ်းထည့်မယ်၊ အလယ်အဆင့်ကျောက်စိမ်းတွေက ပိုပြီးလွယ်လွယ်ကူကူဖြတ်နိုင်တယ်လေ။"

"ဒုတိယနည်းကတော့၊ လစဉ် ကျောက်စိမ်း တစ်တုံးကနေ သုံးတုံးအထိကို လက်ဝတ်ရတနာလုပ်ငန်းရှင်တွေနဲ့ ကုန်သွယ်နိုင်ဖို့ပဲ။ အကြိမ်တိုင်း အဆင့်မြင့်ကျောက်စိမ်းနဲ့အထက်က ကျောက်စိမ်းတွေကိုဖြတ်နိုင်မယ်လို့တော့ ကတိမပေးနိုင်ပေမယ့် အလယ်အဆင့်နိမ့်နဲ့ အလယ်အဆင့်ကျောက်စိမ်းတွေကိုတော့ လက်ဝတ်ရတနာလုပ်ငန်းရှင်တိုင်းကိုပေးနိုင်တယ်။ ဒီအတွက်တော့၊ လက်ဝတ်ရတနာလုပ်ငန်းရှင်တွေဘက်က ကျွန်မတို့ဆီက လတိုင်းကျောက်စိမ်းဝယ်ယူပါ့မယ်ဆိုတဲ့ ၂နှစ်စာချုပ်ကိုအရင်ချုပ်ထားဖို့လိုတယ်။ အရေအတွက်ကိုတော့ မကန့်သတ်ထားဘူး။ သူတို့စာချုပ်အတိုင်းမလိုက်နာနိုင်ခဲ့ရင်တော့ ကျွန်မတို့ဘက်ကို စာချုပ်ဖျက်သိမ်းရတဲ့အတွက် နစ်နာကြေးပေးရမယ်။"

ကုနင်း ကျောက်စိမ်းရောင်းသည့်ပမာဏကိုကန့်သတ်ထားခြင်းမှာ အကြောင်းရှိလေသည်။ သူမသည် ကုမ္ပဏီတစ်ခုကို အချိန်ကြာမြင့်စွာ လည်ပတ်ဖို့ရန် စီစဉ်ထားသောကြောင့် လက်ဝတ်ရတနာလုပ်ငန်းရှင်များနှင့်လဲ နှစ်ရှည်ပူးပေါင်းဆောင်ရွက်မှုတစ်ခုတည်ဆောက်ချင်လေသည်။

အကယ်၍ လက်ဝတ်ရတနာလုပ်ငန်းရှင်များကသာ တကြိမ်တည်းဖြင့် ကျောက်စိမ်းတစ်တန်စာလောက်အများကြီးဝယ်သွားခဲ့ပါက အချိန်အတော်ကြာအထိ ထပ်ဝယ်တော့မည်မဟုတ်ပေ။ ထိုအချိန်အတွင်းတွင် ကုနင်း၏ကုမ္ပဏီမှာ အပေးအယူဆောင်ရွက်ချက်များမရှိ၍ ရပ်တည်ဖို့ရန် မနည်းကြိုးစားနေရပေလိမ့်မည်။ အရေးအကြီးဆုံးအချက်သည်တော့ ကျောက်စိမ်းဖြတ်ထုတ်ဖို့ရန် ခက်ခဲခြင်းသည် လူတိုင်းသိထားသည့်အမှန်တရားဖြစ်ကာ အခုလိုမျိုး သူမတို့ကုမ္ပဏီက ကျောက်စိမ်းများကို လွယ်လွယ်ကူကူဖြတ်နိုင်ကြောင်း လူတိုင်းသိသွားကြလျှင် ပြဿနာတတ်နိုင်ပေသည်။

ထပ်ပြီးဆိုရလျှင်၊ ကုနင်းမှာ လက်ဝတ်ရတနာလုပ်ငန်းရှင်များစွာကို သူမ၏နာမည်ကဒ်များပေးထားပြီးဖြစ်သည်။ အကယ်၍ ထိုသူများအားလုံး သူမနှင့်စာချုပ်ချုပ်ဆိုမည်ဆိုပါက လတိုင်း ကျောင်းစိမ်းပေါင်းများစွာကို ထုတ်လုပ်မှဖြစ်တော့မည်။ ထိုသည်ကပင် အတော်လေးများသည့် ပမာဏဖြစ်နေလေပြီ။

ကုနင်းတွင် ကျောက်စိမ်းပါဝင်သည့် ကျောက်ရိုင်းရာပေါင်းများစွာရှိနေပြီဖြစ်ပေမည့် ထိုပမာဏသည် အနည်းဆုံးနှစ်ဝက်လောက်သာခံပေမည်။

ကျန်းဖန်နှင့် ကျန်သည့်လူများသည် ကုနင်း၏စကားများကို စိတ်ထဲတွင်စွဲစွဲမြဲမြဲမှတ်သားလိုက်ကြကာ စတင်ပြီး ကျောက်ရိုင်းများကိုဖြတ်တောက်တော့သည်။

အစပိုင်းတွင်တော့ လီချွမ်ရှန်းနှင့် ကျန်းကျင်းကွမ်းတို့သည် သူတို့ဆက်တိုက်ဖြတ်နိုင်ခဲ့သည့် များပြားလှသောကျောက်စိမ်းပမာဏများကိုကြည့်ရင်း အလွန်အံ့အားသင့်နေခဲ့ကြပေမယ့် အချိန်တခုအကြာတွင်တော့ ကျင့်သားရသွားကြသည်။

ထိုအချိန်တွင်, ကျန်းဖန်၏ဆိုင်သည် Colorfulကျောက်စိမ်းတင်ပို့သည့်ရုံးခန်းဖြစ်လာသည်ဆိုသည့်သတင်းသည် ကျောက်အလောင်းအစားလမ်းမတစ်လျှောက်ပျံ့နှံ့သွားလေပြီဖြစ်ပြီး လူတိုင်းသည်လဲ အလွန်အံ့အားသင့်နေကြလေသည်။

ကျန်းဖန်၏မွေးစားသားဖြစ်သည့် ကျန်းဟောင်သည်လဲ ထိုသတင်းကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ ကျန်းဟောင်သည် ငွေတိုးချေးထားသည့်အကြွေးများကို ပြန်မဆပ်နိုင်တော့ကတည်းက တခြားမြို့တစ်မြို့သို့ ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ပေမယ့် အခုချိန်တွင်တော့ ကျန်းဖန်၏ စီးပွားသစ်မှနေ အကျိုးအမြတ်များရရှိပိုင်ဆိုင်နိုင်အောင် ကြိုးစားရန်အတွက် ချက်ချင်းပြန်လာခဲ့တော့သည်။

ကျန်းမိသားစု၊ ဝမ်မိသားစု နှင့် လုမိသားစုတို့သည်လဲ ထိုသတင်းကိုကြားကြကာ ကျန်းဖန်၏ ကျောက်စိမ်းအရင်းအမြစ်အကြောင်းနှင့်ပတ်သတ်ပြီး စိတ်ရှုပ်ထွေးနေကြတော့သည်။ သူတို့သည်တောင်မှ လက်ဝတ်ရတနာလုပ်ငန်းရှင်များအတွက် တင်သွင်းရန် ကျောက်စိမ်းလုံလုံလောက်လောက်မဖြတ်တောက်နိုင်ပေ။

တစ်ချိန်တည်းတွင်ပဲ ကျန်းဖန်တစ်ယောက် ကျောက်စိမ်းတင်ပို့သည့်လုပ်ငန်းကို လည်ပတ်နိုင်ပါ့မလားဆိုသည်ကိုလဲ မြင်ချင်နေကြသည်။ အထူးသဖြင့် ဝမ်မိသားစုနှင့် လုမိသားစု နှစ်စုလုံးသည် ကျန်းဖန်၏လုပ်ငန်းသာအောင်မြင်သွားပါက သူတို့၏ဈေးကွက်များကိုဆုံးရှုံးနိုင်သောကြောင့် ကျန်းဖန်ကျဆုံးသွားစေရန်မျှော်လင့်နေကြသည်။

ညနေ၆နာရီထိုးခါနီးတွင်တော့ ကုနင်း ချောင်ယကို အစားသောက်များ သွားဝယ်လာခဲ့ရန်ပြောလိုက်သည်။ မနက်ဖြန်သည် ဖွင့်ပွဲနေ့ဖြစ်သောကြောင့် ဒီညကျောက်စိမ်းအရေအတွက်ပိုများများထွက်စေရန် အချိန်ပိုလုပ်ကြဖို့ရန်လိုအပ်လေသည်။

ကျောက်စိမ်းတင်ပို့သူတစ်ယောက်၏လုပ်ငန်းသည် ပုံမှန်သုံးစွဲသူများအစား လက်ဝတ်ရတနာလုပ်ငန်းရှင်များကိုသာ အဓိကရည်ရွယ်သောကြောင့် ဒီတစ်ကြိမ် ဖွင့်ပွဲအခမ်းအနားသည် အရမ်းကြီးကျယ်ခမ်းနားတော့မည်မဟုတ်ပေ။

ကုနင်းတွင် လက်ဝတ်ရတနာလုပ်ငန်းများမှ ကိုယ်စားလှယ်များစွာ၏ နာမည်ကဒ်များရှိပြီးဖြစ်သောကြောင့် ထိုလူများကိုဆက်သွယ်ဖို့ရန်လွယ်ကူလေသည်။

အကယ်၍ သူမတွင် ထိုလူများ၏ဖုန်းနံပါတ်မရှိလျှင်တောင်မှ ကျောက်စိမ်းဖြတ်ဖို့ရန်အလွန်ခက်ခဲသောကြောင့် သူမကဖြတ်ပြီးသားကျောက်စိမ်းများကိုရောင်းမည်ဟု သိလိုက်ရုံဖြင့် ချက်ချင်းရောက်ချလာကြမည်ဖြစ်သည်။ ထို့အပြင် လက်ဝတ်ရတနာလုပ်ငန်းရှင်အတော်များများသည်လဲ ပူးပေါင်းဆောင်ရွက်လို၍ ကျန်းဖန်၏ဆိုင်သို့သွားရောက်ကြည့်ရှုပြီးသားဖြစ်ကြသောကြောင့် အရောင်းအဝယ်ကိစ္စနှင့်ပတ်သတ်ပြီး ကုနင်းစိုးရိမ်ပူပန်ဖို့မလိုပေ။

ဆိုင်ကိုတော့ မနက်ဖြန် စာချုပ်စာတမ်းများရသည့်အချိန်မှသာ ဖွင့်လှစ်ရန် ဆုံးဖြတ်ထားကြသည်။ လင်ရှောင်းထင်သည်လဲ စာချုပ်စာတမ်းများကို မနက်ဖြန်သူမဆီသို့ယူလာပေးမည်ဟု ပြောထားပြီးဖြစ်လေသည်။

လင်ရှောင်းထင်အကြောင်း တွေးမိသွားသည်နှင့် ကုနင်းမလွမ်းမိဘဲမနေနိုင်တော့ပေ။ လင်ရှောင်းထင် အရမ်းထူးချွန်သည်ဆိုသည်ကို သူမသိပြီးဖြစ်သော်လဲ လင်ရှောင်းထင်၏ဘေးကင်းလုံခြုံမှုအတွက်စိုးရိမ်ပူပန်မိနေစဲပင်။

ကောင်းယိ၊ ချောင်ယ၊ ကုနင်း နှင့်ကျန်သည့်လူများအားလုံး ည၁၁နာရီအထိကျောက်ရိုင်းများကို ဆက်လက်ဖြတ်တောက်ခဲ့ကြသည်။ အခုက အရမ်းနောက်ကျသွားပြီဖြစ်သောကြောင့် ကျန်လူများကို အိမ်ပြန်ရန်သာ ကုနင်းပြောလိုက်သည်။ သူတို့အားလုံး ကျောက်စိမ်းများကို လှည်းများဖြင့်သယ်ကာ လုံခြုံသည့်နေရာသို့ထားလိုက်ပြီး ထိုအခန်း၏လျှို့ဝှက်နံပါတ်ကိုတော့ဖြင့် ကုနင်း၊ ကောင်းယိ နှင့် ချောင်ယတို့သာသိကြလေသည်။

ကောင်းယိနှင့် ချောင်ယတို့သည် ထန်မြို့တွင် အချိန်အတော်ကြာနေကြရဦးမည်ဖြစ်သောကြောင့် စက်ရုံတွင်သာ ယာယီနေကြမည်ဖြစ်သည်။ ဒီလိုက နောက်ရက်များတွင် အလုပ်လုပ်ဖို့ရန်လဲ အဆင်သင့်သွားပေမည်။

ကုနင်းသည်တော့ သူတို့ကိုယ်တိုင်က စက်ရုံတွင်နေချင်သည့်ဆန္ဒရှိနေသောကြောင့် ကျေနပ်သွားရသည်။ ဒီလိုဆိုလျှင် လင်ရှောင်းထင်ပြန်ရောက်လာလျှင် သူမနှင့်အတူ နှစ်ယောက်တည်းရှိနိုင်ပေမည်။ ထို့ကြောင့် အဆုံးတွင်တော့ ကုနင်းတစ်ဦးတည်း ဟိုတယ်သို့ပြန်သွားလိုက်တော့သည်။

***

အခန်း ၂၇၈

ယန်ရွှီယာ

ကုနင်းစက်ရုံမှမထွက်သွားခင် ကျန်းဖန်နှင့်ကျန်လူများကို ဖြတ်သန်းခွင့်ကဒ်လုပ်ရန်အတွက် ၁လက်မအရွယ်လိုင်စင်ဓာတ်ပုံများပြင်ဆင်ထားရန် သတိပေးလိုက်သေးသည်။

ကျန်းဖန်က ကုနင်းကိုလိုက်ပို့ပေးမည်ဟုပြောသော်လည်း သူမငြင်းခဲ့သည်။ ကုနင်းသည် သိုင်းပညာတွင်အလွန်ထူးချွန်ကာ မိမိကိုယ်ကိုကာကွယ်နိုင်ကြောင်းလဲ ကျန်းဖန်သိနေသောကြောင့် အတင်းအကြပ်မတိုက်တွန်းနေတော့ပေ။

ထို့နောက် ကုနင်း တက္ကစီတစ်စီးငှားကာ တစ်ယောက်တည်းပြန်သွားတော့သည်။ သို့ပေမယ့် တက္ကစီသည် တိတ်ဆိတ်လှသည့်လမ်းမတစ်လျှောက် မောင်းနှင်လာရာလမ်းတွင် လမ်းဘေး၌ ဇိမ်ခံကားသုံးစီးရပ်ထားသည်ကို ကုနင်းသတိထားမိလိုက်သည်။ ကောင်လေး ကောင်မလေး၇ယောက်လောက်သည် တစ်ဖက်ဆီတွင် ရပ်နေကြသည်။ ကောင်မလေးအုပ်စုထဲက တစ်ယောက်က ကုနင်းနှင့်ရွယ်တူလောက်ရှိမည့် တခြားကောင်မလေးတစ်ယောက်ကို ဒေါသတကြီးတွန်းထုတ်လိုက်လေသည်။

ကုနင်း ချက်ချင်းပဲ တွန်းလိုက်သည့်မိန်းကလေးမှာ ဝမ်ရှင်းယန်မှန်း မှတ်မိသွားတော့သည်။ သို့ပေမယ့် ဝမ်ရှင်းယန်၏အားပြင်းပြင်းနှင့်အတွန်းခံလိုက်ရသည့် ကောင်မလေးသည်တော့ ဘာမှမတုံ့ပြန်ခဲ့ပေ။ သူမသည် တိတ်ဆိတ်နေမြဲဖြစ်ကာ ဝမ်ရှင်းယန်၏ ကြမ်းတမ်းလှသည့်အပြုအမူများကို သည်းခံနေခဲ့သည်။ ဝမ်ရှင်းယန် သူမကို ပါးရိုက်လိုက်ချိန်တွင်တောင်မှ သူမဝမ်ရှင်းယန်ကို မျက်စောင်းထိုးကြည့်ရုံသာကြည့်လိုက်ပြီး မတုံ့ပြန်ပေ။

"နင်အတိုက်အခိုက်တော်တယ်မဟုတ်ဘူးလား? ဘာလို့ပြန်မတိုက်တာလဲ? နင်ပြန်တိုက်ရဲနေရင်လဲ နင်တို့တစ်မိသားစုလုံးကို ထန်မြို့ကနေထွက်သွားရအောင် ငါလုပ်ပစ်မှာ!" ဝမ်ရှင်းယန် အထက်စီးဆန်ဆန်ပြောလိုက်သည်။

ကုနင်းသည် ထိုစကားများကို သေချာကြားနေရသောကြောင့် အတော်လေးစိတ်အနှောက်အယှက်ဖြစ်မိကာ တက္ကစီယာဉ်မောင်းကို ကားရပ်ခိုင်းလိုက်သည်။

"မိန်းကလေး, မင်းဝင်မပါရင်ပိုကောင်းလိမ့်မယ်။" တက္ကစီယာဉ်မောင်းကမရပ်ပေးဘဲ ကုနင်းကို ထိုအဖွဲ့အားလျစ်လျူရှုထားရန် အကြံပေးလိုက်သည်။ တကယ်တော့ တက္ကစီယာဉ်မောင်း၏အပြုအမူမှာ လုံးဝမှားပေ။ လမ်းပေါ်ကလူများကို လူတိုင်းသေချာပေါက် ကူညီပေးရမည်ဟူသည့် တာဝန်မရှိပေ။

"ကားရပ်လိုက်။" ကုနင်း၏ အေးစက်စက်အပြောကြောင့် တက္ကစီယာဉ်မောင်းမှာ ကြောက်လန့်သွားပြီး ကားကိုရုတ်တရက်ရပ်တန့်လိုက်ရသည်။

ကုနင်း ထိုကောင်မလေးကို ကူညီမည်ဟု တွေးပြီးနေမှတော့ ပြန်ပြီးနောင်တရစရာအကြောင်းမရှိတော့ပေ။

"မိန်းကလေး...." တက္ကစီယာဉ်မောင်းက ကုနင်းမထိခိုက်စေရန်အတွက် တားမြစ်ဖို့ကြိုးစားလိုက်ပေမယ့် ကုနင်းကတော့ သူ့ကိုလျစ်လျူရှုကာ ယွမ်၅၀ထုတ်ယူပြီးပေးလာသည်။ ထို့နောက် ပြန်အမ်းငွေကိုလဲမယူတော့ဘဲ ကားတံခါးကိုဖွင့်ကာ ထိုကောင်လေး, ကောင်မလေးများအုပ်စုရှိနေသည့်နေရာသို့ ထွက်သွားတော့သည်။

ထိုသို့ဆိုမှတော့ တက္ကစီယာဉ်မောင်းသည်လဲ ဘာမှပြောမနေတော့ဘဲ မြန်မြန်မောင်းထွက်သွားတော့သည်။

ကုနင်းကားထဲကထွက်လာသည့်နေရာမှာ ဟိုဘက်အဖွဲ့ရှိနေသည့်နေရာနှင့် ၁၀မီတာပဲကွာဝေးသောကြောင့် သူမထွက်လာသည်ကို မြင်လိုက်ကြသည်။ အထူးသဖြင့် ဝမ်ရှင်းယန်သည်တော့ ကုနင်းကို မှတ်မိသွားသည်နှင့် အလွန်မကျေမနပ်ဖြစ်သွားရတော့သည်။

သူမ ကုနင်းကို ထိခိုက်စေရန် လူမိုက်များကိုငှားရမ်းတိုက်ခိုက်ခဲ့ပေမယ့်လဲ ရှုံးနိမ့်ခဲ့ရကာ ကုနင်းကတောင်မှ သူမကို လက်စားချေမည်ဆိုသည့် ခြိမ်းခြောက်စကား ပြန်ပို့လာသေးသည်။ ဝမ်ရှင်းယန်အလွန်ဒေါသထွက်သွားပေမယ့် ကုနင်း တကယ်လက်စားပြန်ချေနိုင်မည်ဟုတော့ သူမ,မယုံကြည်ပေ။ ထို့အပြင် ကုနင်းတွင် အလွန်ချောမောခန့်ညားလှသည့် ရည်းစားတစ်ယောက်ရှိနေခြင်းကို သူမအလွန်မနာလိုဖြစ်ရလေသည်။

ကုနင်း၏ နောက်ခံကို ဝမ်ရှင်းယန် သေချာမသိပေမယ့် အခုလိုမျိုး တစ်ယောက်တည်း သူမရှေ့တွင်ပေါ်လာမှတော့ ကုနင်းကို ထပ်မံတိုက်ခိုက်ရန် ဝမ်ရှင်းယန် ဆုံးဖြတ်လိုက်သည်။

"ဘာလဲ? နင်ကကော ဒီကိစ္စထဲဝင်ပါချင်လို့လား?" ဝမ်ရှင်းယန် ကုနင်းကိုကြည့်ကာ ရန်စလိုက်သည်။

"အဲ့လိုဆိုရင်ရော?" ကုနင်းပြန်ပြောလိုက်သည်။

"ဒီလိုဆိုတော့လဲ, နင့်ရဲ့ တုံးအလှတဲ့ ဆုံးဖြတ်ချက်အတွက် ခံစားရတော့မှာပေါ့။ အရင်တစ်ခေါက်က နင့်ဘေးကလူကြောင့် လွတ်သွားပေမယ့် အခုတစ်ခေါက်တော့ နင့်ဘဝတော့ အဆုံးသတ်ပြီပဲ!" ဝမ်ရှင်းယန် ဒေါသတကြီးပြောပြီးနောက် သူမသူငယ်ချင်းများကို လှည့်ကြည့်လိုက်ပြီး,

"ဟေ့, ဒီကောင်မက ငါ့ကို စိတ်အနှောက်ယှက်ပေးခဲ့တယ်။ ဒီတော့ နင်တို့ငါ့ကို ကူပြီးဆုံးမပေးကြ!"

ထိုစကားကိုကြားသည်နှင့် ကောင်လေး၂ယောက်နှင့် ကောင်မလေး၄ယောက်မှာ ချက်ချင်းပဲ ကုနင်းရှိရာသို့လျှောက်လာကြတော့သည်။

"ဟေ့, မင်းရှင်းယန်ကို စိတ်အနှောက်အယှက်ပေးခဲ့တာလား? မင်းကိုယ်မင်းဘယ်သူထင်နေလို့လဲ?"

"နင်ကများ ရှင်းယန်ကို စိတ်အနှောက်အယှက်ပေးရဲတယ်လား?"

"ပုံမှန်ဆို, ငါမိန်းကလေးတွေကိုမရိုက်ပေမယ့်,..ငါ......."

"စကားပြောတာရပ်လိုက်တော့! နင်တို့တိုက်ခိုက်ချင်တာမဟုတ်လား၊ ငါ့ဘက်ကတော့ အဆင်သင့်ပဲ!" ကုနင်းစိတ်မရှည်စွာဖြင့် စကားကိုဖြတ်ပြောလိုက်တော့သည်။

"မင်း...."

ထိုအဖွဲ့လဲ ဒေါသထွက်သွားကာ,

"ဒီနေ့ မင်းကိုယ်တိုင်က သေချာနေမှတော့ ငါတို့လဲ ကူညီပေးရတာပေါ့!" ကောင်လေးတစ်ယောက်က ကုနင်းကို ရိုက်ချဖို့ပြင်လိုက်ပေမည့် သူ့လက်ကိုမြှောက်ရုံသာရှိသေး လက်သွယ်သွယ်တစ်ခုဖက်က သူ့ကိုဖမ်းမိသွားတော့သည်။ ထိုလက်ပိုင်ရှင်သည်ကတော့ ကုနင်းမဟုတ်ဘဲ သူတို့အနိုင်ကျင့်နေခဲ့ကြသည့် မိန်းကလေးပင်ဖြစ်သည်။ ကုနင်းလဲ ထိုမိန်းကလေး လျင်လျင်မြန်မြန်ဖြင့် ကောင်လေး၏လက်ကို တားနိုင်ခဲ့သောကြောင့် အံ့အားသင့်သွားရသည်။

"ယန်ရွှီယာ, ငါ့ကိုလွှတ်စမ်း!" ကောင်လေးက အမိန့်ပေးလိုက်သည်။

ယန်ရွှီယာဟုခေါ်သည့် ကောင်မလေးသည်တော့ တိတ်ဆိတ်နေမြဲဖြစ်ပေမယ့် ကောင်လေး၏လက်ကို တင်းကြပ်စွာဖမ်းကိုင်ထားရင်း မလွှတ်ပေးပေ။

"ယန်ရွှီယာ၊ နင်ကများ! နင်တို့တစ်မိသားစုလုံး ထန်မြို့ကနေနှင်ထုတ်ခံရမှာမကြောက်ဘူးလား?" ဝမ်ရှင်းယန် ဒေါတကြီး ခြိမ်းခြောက်လိုက်ပြန်သည်။

ယန်ရွှီယာသည် ဘာစကားတစ်ခွန်းမှမပြောခဲ့ပေမယ့် ကုနင်းကတော့ ယန်ရွှီယာကို,

"မင်းပြဿနာထဲဝင်ပါမိသလိုဖြစ်မှာစိုးရိမ်နေရင်, နောက်ဆုတ်နေပြီး ဒီကိစ္စငါ့ဆီလွှဲခဲ့လို့ရတယ်။"

ယန်ရွှီယာ သိုင်းပညာကိုသင်ယူထားမှန်း ကုနင်းသေချာပြောနိုင်ပြီး သာမာန်လူတွေထက်တောင်မှ ပိုပြီး အတိုက်အခိုက်ကောင်းလောက်သည်။

"ဒီအရှုပ်အထွေးတွေကြားကနေ ငါပြန်နောက်ဆုတ်လို့ရနိုင်မယ်ထင်နေတာလား?" ယန်ရွှီယာက ဝမ်းနည်းနေသည့်အသံဖြင့်မေးလိုက်ကာ ကောင်လေး၏ အစာအိမ်ရှိရာနေရာသို့ ကန်ပစ်လိုက်တော့သည်။ ထိုကောင်လေးလဲ နာနာကျင်ကျင်ဖြင့် မြေပြင်ပေါ်လဲကျသွားတော့သည်။

ယန်ရွှီယာ ဆက်ပြီးသည်းမခံနိုင်တော့ပေ။ သူမအမှန်တကယ်ကို ဝမ်မိသားစုအားကြောက်ရွံ့ပေမည့် ဝမ်ရှင်းယန်၏ အရှက်ခွဲအနိုင်ကျင့်မှုများကို အဆုံးသတ်ပစ်ချင်နေမိပြီ။

"နင်ကများ 'ဖေး'ကို ကန်ရဲတယ်!" ကျန်တဲ့လူများလဲ ယန်ရွှီယာ၏ ရုတ်တရက်ဆန်သည့် အပြုအမူကြောင့် အံ့ဩသွားကြသည်။ ယန်ရွှီယာ၏မိသားစုသည် သိုင်းပညာအသင်းငယ်လေးတစ်ခုကို ဆောင်ရွက်နေသူဖြစ်ပြီး ဝမ်မိသားစုနှင့် နည်းနည်းလေးတောင်မှ မယှဉ်နိုင်ပေ။

"အဲ့တော့ ဘာဖြစ်လဲ?" ယန်ရွှီယာလဲ အလွန်ဒေါသထွက်နေပြီဖြစ်သည်။

ထို့နောက်တွင်တော့ ကောင်လေး, ကောင်မလေးများအားလုံး ယန်ရွှီယာကို တိုက်ခိုက်ရန် တပြိုင်နက်ရှေ့တက်လာကြသည်။

ကုနင်း၏အကူအညီမပါဘဲနှင့်တောင်မှ ယန်ရွှီယာတစ်ယောက်တည်း သူတို့အားလုံးကို အလဲထိုးနိုင်ပေမယ့် ကုနင်း ဘာမှမလုပ်ဘဲ ဘေးထွက်မနေနိုင်သောကြောင့် ယန်ရွှီယာကို ဝင်ကူညီပေးလိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းတွင်ပဲ ကုနင်းနှင့် ယန်ရွှီယာတို့ ထိုလူများအားလုံးကို အလဲထိုးနိုင်သွားခဲ့ပေပြီ။

"နင်တို့...." ဝမ်ရှင်းယန်သည် ဒေါသကလဲထွက် နာကလဲနာနေပေမယ့် သူမတို့နှစ်ယောက်ကိုတော့ အနိုင်မတိုက်နိုင်ပေ။

"ဝမ်ရှင်းယန်၊ နင့်မိသားစုက ထန်မြို့မှာ အာဏာရှိတယ်ဆိုတာ ငါသိလို့ တစ်ချိန်လုံး နင့်အပြုအမူတွေကို သည်းခံခဲ့ပေမယ့် နင်ကတော့ ဘယ်တုန်းကမှမရပ်ခဲ့ဘူး! နင်ငါ့မိသားစုကို ထိခိုက်အောင်လုပ်ရဲရင်, နင့်ကိုသတ်ပစ်မယ်!" ယန်ရွှီယာတွင် သည်းခံစိတ်အားလုံးကုန်ဆုံးသွားပြီဖြစ်ပြီး သူမဘာပြောနေမှန်းတောင် မသိစွာဖြင့် ဝမ်ရှင်းယန်ကို ပြန်ခြိမ်းခြောက်နေခဲ့သည်။

"နင်ကများ!" ဝမ်ရှင်းယန်သည် အမြဲတမ်း သူမကိုယ်သူမ တခြားလူများထက်သာလွန်သည်ဟုတွေးနေကျဖြစ်သည်။

"ငါ-တကယ်-လုပ်-မှာ!" ယန်ရွှီယာ အန်ကြိတ်ကာ စကားကို တစ်ခွန်းချင်းထပ်ပြောလိုက်သည်။

***

အခန်း ၂၇၉

မင်းကျေနပ်ရဲ့လား?

"နင်တို့တွေ...." ဝမ်ရှင်းယန်တစ်ယောက် အလွန်ဒေါသထွက်နေပေမယ့် ယန်ရွှီယာသည် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်သင်ကြားခဲ့သူတစ်ယောက်ဖြစ်သောကြောင့် အခုချိန်တွင် ဝမ်ရှင်းယန် စကားတစ်ခွန်းပင်ပြန်မပြောရဲပေ။ အကယ်၍ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုလျှင် ဝမ်ရှင်းယန် ဘယ်လိုမှ ယန်ရွှီယာကို မနိုင်နိုင်ပေ။

"သွားကြရအောင်။" ယန်ရွှီယာပြောပြီးသည်နှင့် ကုနင်းလက်ကိုဆွဲကာထွက်သွားတော့သည်။ ကုနင်းလဲ ငြင်းမနေဘဲ သူမခေါ်ဆောင်ရာနောက်သို့လိုက်သွားခဲ့သည်။ ယန်ရွှီယာသည် ဝမ်ရှင်းယန်တို့နှင့် အတော်ဝေးဝေးမရောက်ခင်အထိ လုံးဝမရပ်ပဲဆက်လျှောက်သွားပြီးမှ ကုနင်းကို ကျေးဇူးတင်စကားပြောလိုက်သည်။

"ငါ့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။"

"နင်အစကသူတို့ကို ရိုက်ဖို့စိတ်ကူးမရှိပေမယ့် ငါပေါ်လာတော့မှ ရိုက်ပစ်ရတာမဟုတ်လား။ သူတို့သေချာပေါက် နင့်ကိုပြန်ပြီးလက်စားလာချေလာနိုင်တယ်။ ငါ့ကိုအဲ့အတွက် အပြစ်မတင်ဘူးလား?" ကုနင်းမေးလိုက်သည်။

ကုနင်း သူမကြောင့် ယန်ရွှီယာ ပြဿနာပိုဖြစ်သွားသည်ကို သိသောကြောင့် အပြစ်မကင်းသလိုခံစားလိုက်ရသည်။

"နင့်ဘက်က ကြင်နာသမှုနဲ့ ကူညီပေးခဲ့တာကိုသိပါတယ်၊ ငါကိုယ်တိုင်ကိုက သည်းမခံနိုင်တော့လို့ပါ။ တကယ်လို့ သူတို့ငါ့ကိုလက်စားပြန်ချေမယ်ဆိုလဲ ဂရုမစိုက်ဘူး။" ယန်ရွှီယာ ဘာမှမဖြစ်သလိုပြောနေပေမယ့် အနည်းငယ်တော့ စိုးရိမ်နေမိလေသည်။

ယခုကိစ္စတွင် ကုနင်းဝင်ပါပြီးနှင့်ပြီဖြစ်သောကြောင့် ယန်ရွှီယာကို တစ်ယောက်တည်းပြဿနာထဲထားခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် ကုနင်းသူမနာမည်ကဒ်ကိုထုတ်ယူကာ ယန်ရွှီယာကိုပေးလိုက်ပြီး,

"ငါတို့ရန်သူက တူနေတာပဲ။ တကယ်လို့ သူနင့်ကိုပြဿနာလာရှာရင် ငါ့ကိုဆက်သွယ်လိုက်၊ ငါကူညီပေးမယ်။"

"ကျေးဇူးပါ။" ယန်ရွှီယာ မငြင်းလိုက်ပေမယ့် ကုနင်းကို စိတ်အနှာက်အယှက်ပေးမည်လဲမဟုတ်ပေ။

ထို့နောက် သူတို့နှစ်ယောက်လမ်းခွဲလိုက်ကြသည်။

ကုနင်း သူမဟိုတယ်အခန်းသို့ပြန်ရောက်လာချိန်တွင်တော့ ည၁၂နာရီပင်ထိုးခါနီးနေပြီဖြစ်သည်။ သူမယခုအချိန်အထိ လင်ရှောင်းထင်ထံမှ စာတစ်စောင်ပင် မရသေးသောကြောင့် လင်ရှောင်းထင် ဒီညပြန်လာပါ့မလားဆိုသည်ကို သေချာမသိပေ။ ကုနင်း အိပ်ဖို့ရန် ပြင်ဆင်ပြီးချိန်တွင်တော့ လင်ရှောင်းထင်ထံမှဖုန်းဝင်လာသောကြောင့် ချက်ချင်းပဲပြန်ဖြေလိုက်သည်။

"တံခါးဖွင့်ပေးဦး၊ ကိုယ်အပြင်မှာ။" လင်ရှောင်းထင်ပြောလိုက်သည်။

ကုနင်းလဲ ချက်ချင်းပဲ အိပ်ရာပေါ်မှခုန်ထွက်ကာ တံခါးဖွင့်ပေးရန်ပြေးသွားလိုက်သည်။ သူမ လင်ရှောင်းထင်ကို အရမ်းတွေ့ချင်လွန်း၍ အလျင်လိုနေသည်ကိုပင် သတိမထားမိလိုက်ပေ။

ကုနင်းတံခါးကိုဖွင့်လိုက်သည်နှင့် လင်ရှောင်းထင်၏မျက်လုံးအစုံကို တန်းပြီးတွေ့လိုက်ရသည်။ ထိုအချိန်တွင် နှစ်ယောက်လုံး နှစ်ပေါင်းများစွာကွဲကွာနေရာမှ ပြန်လည်စုံစည်းခွင့်ရခဲ့သလိုစိတ်လှုပ်ရှားမှုမျိုးဖြစ်လာခဲ့ကြသည်။ သို့ပေမယ့် ခနအတွင်းမှာပဲ လင်ရှောင်းထင်၏အကြည့်များသည် ကုနင်း၏ရင်ဘက်ပေါ်သို့ကျရောက်သွားတော့သည်။ ကုနင်းသည် ရေချိုးဝတ်ရုံကို လျော့တိလျော့ရဲဝတ်ဆင်ထားသောကြောင့် သူမ၏ရင်ဘက်တစ်ဝက်လောက်မှာ လစ်ဟာပေါ်လွင်နေခဲ့သည်။ ကုနင်းလဲ ချက်ချင်းသတိထားမိသွားကာ မျက်နှာများနီမြန်းစွာဖြင့် ရင်ဘက်ကို သူမလက်နှစ်ဖက်နှင့် အုပ်လိုက်ကာ အိပ်ခန်းအတွင်းသို့ပြေးဝင်သွားတော့သည်။

လင်ရှောင်းထင်သည်လဲ တံခါးကို ပိတ်လိုက်ကာ ကုနင်းနောက်မှနေပြီး အိပ်ခန်းထဲသို့လိုက်ဝင်သွားတော့သည်။

ကုနင်းသည်တော့ အိပ်ရာထက်သို့ခုန်တက်ကာ စောင်ဖြင့် သူမတစ်ကိုယ်လုံးကို ဖုံးအုပ်ကာကွယ်ထားလိုက်သည်။ သူမနောက်တွင် လင်ရှောင်းထင်လိုက်ပါလာသည်ကိုလဲ သိသောကြောင့် လုံးဝနောက်ကိုပြန်လှည့်မကြည့်ခဲ့ပေ။

လင်ရှောင်းထင်သည်လဲ လက်ထဲမှ စာချုပ်ဖိုင်ကို အိပ်ရာဘေးမှစားပွဲထက်သို့ပစ်တင်လိုက်ကာ အပေါ်ထပ်ကုတ်အင်္ကျီကိုချွတ်လိုက်ပြီးနောက် သူတို့နှစ်ယောက်၏ အချစ်ညလေးတစ်ညကို ထပ်မံကုန်ဆုံးခဲ့ကြပြန်သည်။ ကုနင်းလဲ လင်ရှောင်းထင်၏ပွေ့ဖက်မှုများကြားတွင် အလွန်ပျော်ရွှင်နွေးထွေးခဲ့ရပြီး သူမဘဝတွင် လိုချင်တာမှန်သမျှကို ရယူပိုင်ဆိုင်နိုင်သွားသလိုမျိုး ခံစားနေရလေသည်။

သူမတို့နှစ်ယောက်၏ ညတုန်းက အဖြစ်အပျက်ကို ပြန်လည်တွေးတောမိချိန်တွင် ကုနင်း ရှက်သွေးဖြာကာ ပြုံးလိုက်မိရင်း လင်ရှောင်းထင်၏ကိုယ်ခန္ဓာသည် လွန်စွာညှို့ဓါတ်ပြင်းလှကြောင်း လက်ခံမိသွားသည်။

သူမလင်ရှောင်းထင်ကို မြင်ရုံဖြင့် ရှက်နေမိပေမယ့်လဲ လင်ရှောင်းထင်၏ခန္ဓာကိုယ်ကို တစ်ချက်ထပ်မည့်ပဲမနေနိုင်ပေ။ ကုနင်း၏ပုံစံကို မြင်တော့ လင်ရှောင်းထင်ပြုံးမိသွားကာ စနောက်လိုက်သည်၊

"မင်းကျေနပ်ရဲ့လား?"

ကုနင်း၏ပါးပြင်နှစ်ဖက်မှာ ပိုလို့ပင်နီမြန်းသွားကာ ချက်ချင်းပဲအကြည့်လွှဲလိုက်ပြီး လင်ရှောင်းထင်၏လက်မောင်းများကြား တိုးဝင်လိုက်သည်။ သူတို့နှစ်ယောက် အိပ်ယာထဲတွင် တစ်ယောက်နှင့် တစ်ယောက် ဆက်လက်ဖက်တွယ်နေကြကာ မထခဲ့ကြပေ။

အချိန်အတော်ကြာသည့်အခါတွင်မှ ကုနင်းအတွက် မနက်စာပြင်ဆင်ပေးဖို့ရန်အတွက် လင်ရှောင်းထင်အရင်ထလိုက်သည်။

"အခုမှအစောကြီးရှိသေးတယ်၊ မင်းဆက်ပြီးအိပ်နေလိုက်ဦး။" ညက သူတို့အကြိမ်ရေများစွာချစ်ခဲ့ကြသောကြောင့် ကုနင်းသေချာပေါက်ပင်ပန်းနေမည်ဖြစ်လေသည်။

ကုနင်း တကယ်လဲ ပင်ပန်းနေခဲ့ပြီဖြစ်၍ လှုပ်လဲမလှုပ်သလို ထလဲမထခဲ့ပေ။ လင်ရှောင်းထင် မထွက်သွားခင် သူမကို အနမ်းဖွဖွထပ်မံပေးလိုက်သေးသည်။ ထို့နောက် ကုနင်း စောင်နှင့်တစ်ပတ်ပြန်လှိမ့်လိုက်ကာ ထပ်ပြီးအိပ်ပျော်သွားတော့သည်။ ကုနင်းမနိုးသွားစေရန်အတွက် လင်ရှောင်းထင်မနက်စာကို ဖြည်းဖြည်း ညင်ညင်သာသာဖြင့် အသံမထွက်စေရန် ဂရုတစိုက်လုပ်နေလိုက်သည်။

နောက်၁နာရီလောက်နေသည်နှင့် ကုနင်းမှာ အသားနံ့ရသောကြောင့် ဗိုက်ဆာပြီးနိုးလာခဲ့တော့သည်။ ထို့နောက် ရေမိုးချိုးအဝတ်အစားလဲပြီးတော့မှပဲ အိပ်ခန်းမှထွက်လာခဲ့သည်။ လင်ရှောင်းထင်မှာ အရသာရှိကာ အာဟာရပြည့်ဝမည့်အစားအစာမျိုးစုံကို ပြင်ဆင်၍ပြီးခါနီးနေပြီဖြစ်သည်။

"အခုခေတ်ကြီးမှာ ချက်ပြုတ်တတ်တဲ့ယောကျ်ားတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ တော်တော်ခက်သွားပြီ။ ကျွန်မတော်တော်ကံကောင်းတာပဲ။" ကုနင်း လင်ရှောင်းထင်ကို ချီးမွမ်းလိုက်သည်။ အခုက လင်ရှောင်းထင် သူမအတွက် စားသောက်ဖို့ပြင်ဆင်ပေးတာ ပထမဆုံးအကြိမ်မဟုတ်သောကြောင့် လင်ရှောင်းထင်ဘယ်လောက် ဟင်းချက်ကောင်းမှန်းသိနေပြီဖြစ်သည်။ သူမထက်ပင်ပိုလို့ ဟင်းကောင်းကောင်းချက်နိုင်လေသည်။

"မင်းသဘောကျသ၍ ကိုယ်နေ့တိုင်းချက်ပေးမယ်!" လင်ရှောင်းထင် ပြုံးရွှင်စွာပြန်ပြောလိုက်သည်။

"အင်း!!" ကုနင်းသည်တော့ ထိုစကားမျိုးကြားရသည်ကို သေချာပေါက် သဘောကျလေသည်။

တကယ်တော့ လင်ရှောင်းထင်မှာ သူချစ်ရသည့်မိန်းကလေးအတွက် ချက်ပြုတ်ပေးဖို့ရန် ပိုလို့ဆန္ဒရှိသူဖြစ်သည်။

မနက်စာစားပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် ကုနင်းလိုချင်သည့် စာချုပ်စာတမ်းအားလုံးပါသည့် ဖိုင်တစ်ခုကို ကုနင်းအားပေးလိုက်သည်။

"ရှင်ဒီနေ့အလုပ်များမှာလား?" ကုနင်းမေးလိုက်တော့,

"ဟင်အင်း၊ ဒီနေ့ မင်းရဲ့ကုမ္ပဏီကို လိုက်ခဲ့မလို့။"

"ကောင်းတာပေါ့။"

ထို့နောက် သူတို့နှစ်ယောက်လုံး အခန်းမှထွက်လာပြီး ဟိုတယ်အဝင်ပေါက်သို့ရောက်သည်နှင့် လျှပ်စစ်ကျဉ်စက်တုတ်များကိုင်ထားသည့် ရဲသား၅ဦးက သူတို့ကို တားလိုက်သည်။

သူတို့ထဲမှတစ်ယောက်က ကုနင်းရှေ့ဓါတ်ပုံတစ်ပုံပြကာ

"တစ်ယောက်က မင်းသူတို့ကိုတိုက်ခိုက်ပါတယ်ဆိုပြီး အမှုဖွင့်ထားတယ်၊ ဒါကြောင့် အခု ငါတို့နဲ့ရဲစခန်းကို လိုက်ခဲ့ရမယ်။"

ဓါတ်ပုံမှာ ကားရှေ့ကင်မရာမှဗီဒီယိုကို ပြန်လည်ရိုက်ယူထားခြင်းဖြစ်ပြီး ကုနင်း၏မျက်နှာမှာအတော်လေးရှင်းရှင်းမြင်နေရသောကြောင့် ငြင်းဖို့မဖြစ်နိုင်ပေ။ ကုနင်းသည်လဲ ဘယ်တုန်းကမှငြင်းဖို့ရန် မတွေးထားခဲ့ပေ။

"မင်းတို့လုပ်ရဲတယ်ပေါ့!" လင်ရှောင်းထင် ချက်ချင်းပဲ ကုနင်းရှေ့ကာရပ်လိုက်ကာ ဓါးတစ်ချောင်းကဲ့သို့ စူးရှအေးစက်လှသည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်သောကြောင့် ရဲများမှာကြောက်ရွံ့သွားကြရသည်။

ကုနင်းနဘေးတွင် လင်ရှောင်းထင်ရှိနေသ၍ သူမကို ခေါ်သွားဖို့ရန်မှာမဖြစ်နိုင်ပေ။

***

အခန်း ၂၈၀

ထောင်ဒဏ်ချမှတ်ခြင်း

ကုနင်းအကြောင်းရှိလို့ရိုက်ခြင်းဖြစ်ကြောင်း လင်ရှောင်းထင်ယုံကြည်ထားပြီး ဘာကိစ္စကြောင့်ပဲဖြစ်ပါစေ သူကတော့ ကာကွယ်ပေးမည်ဖြစ်သည်။ သို့ပေမယ့် ထိုအချိန်တွင်ပဲ ကုနင်း၏ဖုန်းမှမြင်လာလေသည်။ ဖုန်းနံပါတ်သည် ထန်မြို့မှ နံပတ်စိမ်းတစ်ခုဖြစ်သောကြောင့် ယန်ရွှီယာသာဖြစ်မည်ဟု ကုနင်းတွေးလိုက်မိကာ ချင်းချင်းပြန်ဖြေလိုက်သည်။

"ဟလို!"

"မိန်းကလေးကု, ရဲတွေ ငါ့ကိုလာဖမ်းကြတယ်၊ ငါ့အထင် နင့်ကိုဆီလဲမကြာခင်ရောက်လာကြမယ်ထင်တယ်၊ မြန်မြန်ပုန်းနေတော့!" ယန်ရွှီယာက အလောတကြီးပြောလာခဲ့သည်။

"အရမ်းနောက်ကျသွားပြီ။ သူတို့ငါနဲ့တွေ့နေပြီ။" ကုနင်းပြန်ဖြေလိုက်ပေမယ့် သူမအသံတွင် ကြောက်ရွံ့မှုရော စိတ်လှုပ်ရှားနေမှုပါရှိမနေချေ။

"ဘာ?" ယန်ရွှီယာ အံ့ဩသွားရသည်။

"ဒါဆိုလဲ ကိုယ့်ဘာသာဂရုစိုက်ဦးနော်။"

"စိတ်မပူပါနဲ့၊ အဆင်ပြေသွားမှာပါ။ ရဲစခန်းရောက်မှတွေ့ကြတာပေါ့။" ကုနင်းပြောလိုက်သည်။

"ကောင်းပြီလေ။" အကြောင်းအရာတချို့ကြောင့် ယန်ရွှီယာမှာ ကုနင်းကိုယုံကြည်နေမိပြီး ကုနင်းဘက်က အဆင်ပြေသည်ဟုပြောလာလျှင် အမှန်တကယ်အဆင်ပြေသွားလောက်ပေသည်။

ရဲသားများသည်တော့ လင်ရှောင်းထင်တားသည်ကိုခံလိုက်ရသောကြောင့် အရှက်ကွဲသလိုခံစားရကာ ဒေါသထွက်သွားသည်။ အထူးသဖြင့် ဓါတ်ပုံကိုင်ထားသည့် ရဲသားသည်ပိုလို့ပင်ဆိုးသေးသည်။

"မင်းဒီလိုငါတို့လမ်းကိုဆက်ပိတ်ရပ်နေရင် ဒါရဲတွေကို ဝတ္တရားနှောက်ယှက်မှုမြောက်သွားပြီ!"

ကုနင်းနှင့် ယန်ရွှီယာတို့ပြောနေသည့်စကားကို လင်ရှောင်းထင်ကြားလိုက်ပြီးဖြစ်သောကြောင့် အတင်းအကြပ်မတားတော့ပေမယ့် ထိုရဲများကို ကုနင်းအားထိခွင့်မပေးပေ။ အဆုံးတွင်တော့ ကုနင်းနှင့်အတူ လင်ရှောင်းထင်ပါ ရဲကားဖြင့်လိုက်သွားတော့သည်။

သူတို့နှစ်ယောက် ရဲစခန်းသို့ရောက်ချိန်တွင် ယန်ရွှီယာလဲ ရောက်နေပြီဖြစ်ကာ စစ်ဆေးရေးခန်းတွင်ရှိနေသည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့သည်လဲ ယန်ရွှီယာရှိနေသည့် စစ်ဆေးရေးခန်းထဲသို့သာ အပို့ခံလိုက်ရသည်။ ရဲများက သူတို့ကို ခွဲထားဖို့ရန် ဆန္ဒမရှိပေ။ ရှင်းရှင်းပြောရရင်ဖြင့် သူတို့ကို မဖမ်းခင်ကတည်းက အပြစ်ရှိသည်ဟု သတ်မှတ်ထားပြီးဖြစ်သောကြောင့် ကုနင်းတို့ထံမှ ဖြေရှင်းချက်သဘောထားများကိုနားထောင်ဖို့ရန် စိတ်မဝင်စားကြခြင်းဖြစ်သည်။

ကုနင်းဝင်လာသည်ကိုတွေ့တော့ ယန်ရွှီယာမှာ ကုနင်းတော့ သူမကို ရဲစခန်းကနေလွတ်အောင်လုပ်ပေးနိုင်မည်ဟုတွေးထားပြီး အခုတော့ နှစ်ယောက်ကလုံး ပြဿနာတတ်နေပြီဖြစ်သောကြောင့် စိတ်ပျက်သွားရသည်။ ကုနင်းက အဆင်ပြေသွားမှာပါလို့ပြောခဲ့ပေမယ့်လဲ အခုကြည့်ရတာတော့ပိုတောင်ဆိုးလို့နေပေပြီ။ သို့ပေမယ့် ယန်ရွှီယာ ကုနင်းကို အပြစ်မတင်ဘဲ သူမကိုယ်တိုင်သာ အကူညီမဲ့သလိုခံစားနေရလေသည်။

ယန်ရွှီယာ အနည်းငယ်စိတ်ပျက်နေသည်ကို ကုနင်းသတိထားမိပေမယ့် သူမအခုချိန်ထိ ဘာမှတောင်မလုပ်ရသေးသောကြောင့် ဂရုစိုက်မနေပေ။

ထိုအချိန်တွင် အသက်၃၀အရွယ်လောက်ရှိသည့် ရဲတစ်ယောက်ဝင်လာခဲ့သည်။ ထိုသူသည်တော့ ယခုကုနင်းတို့ရောက်ရှိနေသည့် ရဲစခန်း၏ခေါင်းဆောင်ဖြစ်သည့် ဝမ်ကျစ်လင်းဖြစ်ပြီး ဝမ်မိသားစု၏ သွေးဝေးသည့်ဝမ်းကွဲတစ်ယောက်လဲဖြစ်လေသည်။ သူက ဝမ်မိသားစု၏သွေးဝေးသည့် ဝမ်းကွဲတစ်ယောက်ဖြစ်နေပေမယ့်လဲ ဝမ်မိသားစု၏အာဏာလွှမ်းမိုးမှုကြောင့် သူ့ကိုတခြားလူများက လေးစားကြရလေသည်။ ဝမ်ကျစ်လင်းသည်လဲ ဝမ်မိသားစုအတွက်သာဆိုလျှင် ဘာမဆိုလုပ်ပေးမည့်သူသာဖြစ်သည်။

ဝမ်ကျစ်လင်း စာရွက်အချို့ကို ကိုင်ကာ ကုနင်းတို့ရှိနေသည့်စားပွဲဘက်သို့လျှောက်လာပြီး စာရွက်များကို စားပွဲထက်သို့ဆောင့်ချလိုက်ကာ,

"လက်မှတ်ထိုးလိုက်။"

ကုနင်းတစ်ချက်လောက် စာရွက်ရှိရာသို့စောင်းကြည့်လိုက်တော့ ထိုစာရွက်များတွင် သူမတို့သည် လူများကို ရိုက်နှက်၍ အပြစ်ရှိကြောင်းပြောထားခြင်းဖြစ်သည်။ သူမတို့သာလက်မှတ်ထိုးလိုက်လျှင် ပစ်မှုကို အတည်ပြုပြီးသားဖြစ်သွားမည်ဖြစ်ကာ ထောင်ထဲသို့ နှစ်ဝက်လောက်ဝင်လိုက်ရမည်ပင်။

ပြည်သူ့လုံခြုံရေးစီမံခန့်ခွဲမှုပြစ်ဒဏ်ချမှတ်ရေးဥပဒေ၏ အပိုဒ်ခွဲ၉အရ ပြည်သူ့လုံခြုံရေးကိုချိုးဖောက်သည့် အငြင်းပွားမှု၊ သူတစ်ပါး၏ပိုင်ဆိုင်မှုကို ပျက်ဆီးစေမှုများအတွက် အလွန်ပြင်းထန်ခြင်းမရှိလျှင် ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများက ဖျန်ဖြေမှုပြုလုပ်ပေးနိုင်သည်။

အကယ်၍ ထိုအဖွဲ့များမှာ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆွေးနွေးပြီး ကျေအေးသွားနိုင်လျှင် အပြစ်ဒဏ်ချမှတ်ခံရမည်မဟုတ်ပေ။ သို့ပေမည့် ညှိနှိုင်းဆွေးနွေးမှု ကျရှုံးသွားမည် သို့မဟုတ် သဘောတူညီမှုကိုဖောက်ဖျက်လိုက်မည်ဆိုလျှင်တော့ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းသည် အထက်ဖော်ပြပါဥပဒေအရ စည်းကမ်းချိုးဖောက်သူကို အပြစ်ပေးနိုင်ပေသည်။ အဖွဲ့အစည်းဘက်မှ တစ်ဖက်လူများ၏ ပြစ်မှုများကို စာရင်းသွင်းကာ လူထုတရားရုံးသို့ပေးအပ်ကိုင်တွယ်စေရမည်ဖြစ်သည်။

သို့ပေမယ့် ညတုန်းကလအရိုက်ခံရသည့်လူများမှာ ဒဏ်ရာနည်းနည်းပါးပါးလောက်ပဲရကြကာ မပြင်းထန်ပေ။ ထို့အပြင် ရဲဌာနဘက်မှလဲ ဆွေးနွေးညှိနှိုင်းပေးခြင်းမပြုခဲ့ဘဲ ကုနင်းနှင့် ယန်ရွှီယာတို့ကို ထောင်ထဲသို့ မြန်နိုင်သမျှ မြန်မြန်ပို့နိုင်ဖို့ရန်သာ ဆောင်ရွက်နေကြသည်။

ကုနင်းလဲ ယခုကိစ္စမှာ ဝမ်မိသားစု၏အမိန့်ကြောင့်ဖြစ်မှန်းနားလည်လေသည်။

ယန်ရွှီယာ၏မိသားစုသည် ထန်မြို့ရှိ ဝမ်မိသားစုကို မယှဉ်နိုင်ပေ။ ပြီးတော့ ကုနင်း သို့မဟုတ် လင်ရှောင်းထင်၏ နောက်ခံတွေကိုလဲ ဝမ်မိသားစုမှာ မသိကြသောကြောင့် သူတို့လုပ်ချင်သလိုလုပ်နေကြခြင်းဖြစ်သည်။ ထို့အပြင် ကုနင်းနှင့်လင်ရှောင်းထင်တို့တွင် နောက်ခံအင်အားရှိနေမည်ဟုလဲ မယုံကြည်ကြပေ။

ကုနင်းစိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုကိုရှာတွေ့သွားကာ ရဲအရာရှိကို မေးလိုက်သည်,

"ဒီရဲဌာနက ကျွန်မတို့ကို ထောင်ထဲတန်းထည့်ပိုင်ခွင့်ရှိတယ်ဆိုတာ တကယ်သေချာလား?"

"အဲ့တော့ဘာဖြစ်လဲ? မင်းတို့ဘယ်သူ့ကို စိတ်အနှောက်အယှက်ပေးခဲ့တယ်ဆိုတာသိရဲ့လား? ဒီထန်မြို့ရဲ့ အာဏာလွှမ်းမိုးမှုအရှိဆုံးထဲက တစ်စုဖြစ်တဲ့ ဝမ်သားစုပဲ ပြီးတော့ ဒီနေရာမှာ သူတို့လုပ်ချင်တာ မှန်သမျှ သူတို့လုပ်နိုင်တယ်။" ဝမ်ကျစ်လင်းက အထင်အမြင်သေးစွာဖြင့် ပြောလာသည်။

"တကယ်လား? ကျွန်မတို့ဘက်က လက်မှတ်ထိုးဖို့ငြင်းမယ်ဆိုရင်ရော?" ကုနင်းသာမာန်အတိုင်းဘာမှမဖြစ်သလိုသာ ဆက်မေးလိုက်သည်။

"မင်းကိုမင်း ဆန့်ကျင်နိုင်မယ်ထင်နေတာလား?" ဝမ်ကျစ်လင်း ဂုဏ်မောက်စွာဖြင့်မေးလိုက်သည်။

"ဒါကတော့, ရှင့်မှာ ကျွန်မတို့ကို လက်မှတ်ထိုးအောင်ဖိအားပေးနိုင်မယ့် အရည်အချင်းရှိမယ်လို့မထင်ဘူး။" ထိုအချိန်တွင်တော့ ကုနင်း၏လေသံမှာအေးစက်လို့လာလေသည်။

"ကြည့်ရသေးတာပေါ့!" ဝမ်ကျစ်လင်း ဒေါသထွက်သွားကာ လျှပ်စစ်တုတ်ကို ထုတ်လိုက်ပြီး ကုနင်းကို ချိန်ရင်း ခြိမ်းခြောက်ဖို့ရန်ကြိုးစားလိုက်သည်။

သို့ပေမယ့် ဝမ်ကျစ်လင်း ထိုသို့လုပ်လိုက်သည်နှင့် လင်ရှောင်းထင် ဒေါသထွက်သွားကာချက်ချင်းပဲ ဝမ်ကျစ်လင်၏ ဝမ်းဗိုက်နေရာသို့ကန်ချလိုက်သောကြောင့် လျှပ်စစ်တုတ်သည်လဲ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားရလေသည်။

"ခေါင်းဆောင်ဝမ်!" အခန်းပြင်တွင် ရပ်နေကြသည့် တခြားရဲအားလုံးလဲ သူတို့၏လျှပ်စစ်တုတ်များကိုကိုင်ဆောင်ကာ လင်ရှောင်းထင်ဘက်ကို ဦဂတည်တိုက်ခိုက်ရန် ချိန်ရွယ်လိုက်ကြသည်။

ယန်ရွှီယာသည်တော့ အစကတည်းက လင်ရှောင်းထင်ကို ရဲတစ်ယောက်ဟုထင်ထားပေမယ့် အခုတော့ ကုနင်းနှင့်တစ်ဖွဲ့တည်းဖြစ်နေသည်ကို မြင်တော့ အံ့ဩသွားရလေသည်။ အခုမှ လင်ရှောင်းထင်ကို အနီးကပ်သေချာကြည့်မိပြီး အလွန်ချောမောခန့်ညားကြောင်းကို ယန်ရွှီယာသတိထားမိသွားရသည်။

"မင်းကများ ရဲတစ်ယောက်ကို တိုက်ခိုက်ရဲတယ်!" ဝမ်ကျစ်လင်း ဒေါသတကြီး လင်ရှောင်းထင်ကို အော်ဟစ်လိုက်သည်။

"အဲ့တော့ဘာဖြစ်လဲ?" လင်ရှောင်းထင် အေးစက်စက်ပြန်ပြောလိုက်လေသည်။ ကုနင်းကို ကာကွယ်ဖို့အတွက်ဆိုလျှင် ထိုလူများမှာ ရဲများဖြစ်နေမည်ဆိုလျှင်ပင် ဂရုမစိုက်ပေ။

"မင်း....." ဝမ်ကျစ်လင်း အလွန်ဒေါသထွက်သွားကာ ကျန်သည့်ရဲများကို အမိန့်ပေးလိုက်သည်၊

"သူ့ကို အခုဖမ်းကြစမ်း!"

ကျန်နေသည့်ရဲများလဲ ချက်ချင်းပင် လင်ရှောင်းထင်ကို စတင်တိုက်ခိုက်ကြပေမယ့် ဘယ်သူမှအနားပင်မကပ်နိုင်ကြပေ။ စက္ကန့်ပိုင်းလေးအတွင်းတွင်ပဲ သူတို့အားလုံးကို လင်ရှောင်းထင် အလဲထိုးရိုက်နှက်ပစ်ခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင်တော့ ရဲများအားလုံး အမှန်တကယ်ကြောက်ရွံ့သွားကြတော့သည်။ သူတို့အားလုံး လင်ရှောင်းထင် ထိုမျှ အတိုက်အခိုက်ထူးချွန်မှန်းမမျှော်လင့်ထားမိကြပေ။

ဝမ်ကျစ်လင်းချက်ချင်းပဲ သေနတ်ကိုဆွဲထုတ်လိုက်ပြီး လင်ရှောင်းထင်ထံသို့ချိန်လိုက်ကာ ခြိမ်းခြောက်လိုက်တော့သည်။

"မလှုပ်နဲ့ မဟုတ်ရင် ပစ်လိုက်မယ်!"

All Chapters