အခန်း (၂၈၆-၂၉၀)
Vol. 20 Ch. 286-290
အခန်း ၂၈၆
ထန်ယွှင်ဖန်း၏သမီး?
အတိအကျပြောရလျှင်တော့ဖြင့် ကုနင်းသည် ထန်ယွင်ဖန်း၏ သမီးဖြစ်နိုင်လေသည်! ကမ္ဘာပေါ်တွင် ဆင်တူသည့်လူများစွာရှိသော်လဲ ကုနင်းသည်တော့ ထန်မိသားစုနှင့် ဆက်နွယ်နေနိုင်သည်ဆိုသည့်အချက်ကို လျစ်လျူမရှုထားနိုင်ပေ။
လင်ရှောင်းထင်သည်လဲ ကုနင်းစိတ်ခံစားချက်နည်းနည်းပြောင်းလဲသွားသည်ကို ခံစားလိုက်မိသည်။ သူသည်လဲ ကုနင်းကဲ့သို့အတွေးမျိုးရှိလေသည်။ ကုနင်းက အမှန်တကယ် ထန်မိသားစုနှင့်ဆက်နွယ်မှုရှိနေတာလား?
"ဒါပေမယ့် ဘာဖြစ်လို့လဲ?" ကုနင်းစကားထောက်ပေးလိုက်သည်။ သူမပုံစံက အနည်းငယ်မယဉ်ကျေးရကျမှန်သိပေမယ့် ဆရာကြီးထန်ဘာဆက်ပြောချင်သည်လဲဆိုသည်ကိုတော့ အရမ်းသိချင်နေမိသည်။
"သူ့တစ်ဘဝလုံး အလုပ်ထဲကိုပဲစိတ်နှစ်ထားခဲ့တာ။ ဘယ်တုန်းကမှလဲ လက်မထပ်ခဲ့ဖူးသလို ကလေးလဲမရှိဘူး။ မဟုတ်ရင် မင်းကို သူ့သမီးမဟုတ်ဘူးလို့ ဘယ်သူမှသံသယဝင်နိုင်မှာမဟုတ်ဘူး။" ဆရာကြီးထန် ဆက်ပြောပြလိုက်သည်။
ဘဝတစ်လျှောက်လုံး အလုပ်ထဲကိုပဲစိတ်နှစ်ထားပြီး လက်ထပ်ဖူးခြင်းမရှိသလို ကလေးလဲမရှိခဲ့ဘူး?
အခုတော့ ကုနင်းခံစားချက်တွေ အတော်လေးရှုပ်ထွေးသွားရသည်။ သူမရဲ့ထင်မြင်ချက်မှန်ကန်နေလိမ့်မည်ဟုလဲမသေချာပေ။ ကုမန့်ပြောပြချက်အရ ကုနင်း၏အဖေရင်းမှာ မတော်တဆမှုတစ်ခုဖြစ်ပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်၍ သေသွားတာလဲဖြစ်နိုင်ပေမယ့် အကယ်တင်ခံလိုက်ရခြင်းလဲဖြစ်နိုင်မလား? သူသာ တကယ်အကယ်ခံလိုက်ရသည်ဆိုလျှင် ဘာလို့ ကုမန့်ဆီပြန်မလာရတာလဲ? အခုဆို ၁၈နှစ်တောင်ရှိသွားခဲ့ပြီ။
သို့ပေမယ့် ကုမန့် နှင့် ကုနင်းအဖေတို့ စတင်တွေ့ဆုံကြစဉ်တုန်းက ထိုလူ၏မှတ်ဉာဏ်မှာလုံးဝပျောက်ဆုံးနေခဲ့သည်ပင်။ အကယ်၍ ထိုလူက သူအကယ်ခံလိုက်ရသည့်အချိန်တွင် ပျောက်ဆုံးနေသည့်မှတ်ဉာဏ်များပြန်ရသွားခဲ့ပြီး မှတ်ဉာဏ်ပျောက်ဆုံးနေစဉ်က ကုမန့်နှင့်အတူရှိခဲ့ဖူးသည့် ကိစ္စရပ်အားလုံးကို မေ့ပျောက်သွားခြင်းဖြစ်နေလျှင်ရော? သိပ်အဓိပ္ပါယ်မရှိဟုထင်ရပေမယ့်လဲ ဖြစ်နိုင်ပေသည်!
ထန်ယွင်ဖန်း လက်မထပ် ကလေးမရှိခြင်းက အလုပ်အပေါ်တွင်ပဲ စိတ်နှစ်ထားခဲ့တာကြောင့်ဖြစ်နိုင်သလို သူချစ်ရသူကို တွေ့ခဲ့ပြီးကာမှ ပြန်လည်ပျောက်ဆုံးသွားခဲ့ရ၍ နောက်ထပ်ဘယ်သူ့ကိုမှ မချစ်နိုင်တော့သည်လဲဖြစ်နိုင်လေသည်။ ဒါတွေက ကုနင်း၏ထင်မြင်ချက်များသာဖြစ်ပေမယ့် ဘာတွေပဲဖြစ်ပါစေ သူမဘက်က စုံစမ်းဖော်ထုတ်ရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်သည်။ သူမက ကုမန့်ကို ၁၈နှစ်မကထပ်ပြီးမစောင့်ဆိုင်းခိုင်းချင်တော့ပေ။
"အိုး, ထန်ဖိုးဖိုးပြောတာနဲ့ ကျွန်မတောင် အဲ့ဦးလေးကို တွေ့ချင်မိသွားပြီ၊ ကျွန်မတို့ဘယ်လောက်ထိတောင်မှဆင်တူနေတာပါလိမ့်။ တကယ်တော့ ကျွန်မမှာ အမေတစ်ယောက်တည်းရှိတာပါ၊ ပြီးတော့ ကျွန်မကို အရွယ်ရောက်အောင်ကျွေးမွေးစောင့်ရှောက်ဖို့လဲ အမေကတော်တော်လေးကြိုးပမ်းခဲ့ရတယ်။ ကျွန်မအဖေက ဘယ်လိုဘယ်ပုံဆိုတာကိုလဲ တစ်ခါမှမမြင်ခဲ့ဖူးဘူး။" ကုနင်း ပြောပြနေရင်းဖြင့် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
မိသားစုကိစ္စအကြောင်းပြောလာတော့ လင်ရှောင်းထင်လဲ အနည်းငယ်မပျော်မရွှင်ဖြစ်လာရသည်။ သူသည်တော့ မိဘနှစ်ပါးလုံးကို မြင်ခဲ့ဖူးပေမယ့် သူ၁၀နှစ်အရွယ်တွင်ပဲ တပြိုင်နက်ဆုံးရှုံးလိုက်ရလေသည်။ ဒါကြောင့် အခုချိန်တွင်တော့ သူ့မိဘများ၏ ဓါတ်ပုံများကိုသာ ကြည့်နိုင်တော့သည်။
ကုနင်း၏စကားများကိုကြားတော့ ဆရာကြီးထန် အလွန်သနားမိသွားရသည်။ ကုနင်း ဆင်းရဲသည့်မိသားစုတွင်မွေးဖွားခဲ့ခြင်းဖြစ်လိမ့်မည်ဟု သူမသိထားသောကြောင့် သတိမထားမိစွာဖြင့် ကုနင်းကို စောင့်ရှောက်ပေးချင်စိတ်များ ဖြစ်ပေါ်လာရသည်။
ထိုတစ်ခနတွင်ပဲ ဆရာကြီးထန် အကြံတစ်ခုရသွားကာ,
"မင်းဘာလို့ ငါ့ရဲ့ဒုတိယသားကို မွေးစားအဖေမတော်လိုက်တာလဲ? ငါအမြဲတမ်း မင်းလို မြေးမလေးတစ်ယောက်လိုချင်နေခဲ့တာ!"
ဆရာကြီးထန်၏ သက်တော်စောင့်များဖြစ်သည့် ထန်ဝမ်နှင့် ထန်ဝူသည်တော့ ကုနင်းအပေါ် အမြင်ကောင်းရှိထားမှန်းသိပေမယ့် မွေးစားဖို့အထိ ဆန္ဒရှိနေသောကြောင့် အံ့ဩသွားကြရသည်။ အရင်တုန်းကတော့ ကုနင်းသည် ဆင်းရဲနွမ်းပါးရာမှ အလွန်ချမ်းသာသည့်အမွေဆက်ခံသူတစ်ယောက်အဖြစ် ရုတ်တရက်ဖြစ်သွားခြင်းသည် ကုနင်း၏ကံကြမ္မာလုံးဝပြောင်းလဲသွားခြင်းဟု သူတို့ထင်မိမှာဖြစ်သည်။ သို့ပေမယ့် ကုနင်းက သူတို့ဆရာကြီး၏အသက်ကို ကယ်တင်ခဲ့ပြီးနောက်တွင်တော့ ထိုမိန်းကလေးမှာ သာမာန်မဟုတ်ကြောင်းယုံကြည်သွားကာ သူမနှင့် ဆက်ဆံရေးရင်းနှီးမှုရှိလို့လဲ မဆိုးပေ။ ကျိကျိတက်ချမ်းသာသွားသည့်လူများသည် ငွေထက် ကျန်းမာရေးကိုသာပိုတန်ဖိုးထားကြတော့လေသည်။
ကုနင်းလဲ ဆရာကြီးထန် ဒီအတိုင်းအပြောသက်သက်ပြောနေခြင်းမဟုတ်ကြောင်းနားလည်ပေမယ့် ချက်ချင်းလက်မခံလိုက်ပေ။
"ထန်ဖိုးဖိုး၊ ဒါက ကိစ္စကြီးတစ်ခုဆိုတော့ အဖိုးရဲ့ ဒုတိယသားအမြင်ကိုလဲ တွေးပေးသင့်တယ်ထင်တယ်။"
ပြီးတော့ သူမလဲ သေချာတွေးတောကြည့်သင့်လေသည်။ သူမက တခြားလူတစ်ယောက်နှင့် အတော်လေးဆင်တူပြီး ထိုလူက သူမ၏အဖေရင်းမဟုတ်ဘူးဆိုလျှင် သူမဘက်က ထိုလူနှင့် ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် တွန့်ဆုတ်မိသည်။ ပြီးတော့ ကုမန့်၏ခံစားချက်ကိုလဲ ဂရုစိုက်ရပေသည်။ ကုမန့်သာ သူမချစ်ရသူနှင့်ဆင်တူလွန်းသည့်လူတစ်ယောက်ကိုတွေ့လိုက်ရပေမယ့် သူမချစ်ရသူမဟုတ်ခဲ့ဘူးဆိုလျှင် နာကျင်ခံစားသွားရလိမ့်မည်။ ကုနင်းသာ ထန်ယွင်ဖန်းကို သူမ၏မွေးစားအဖေအဖြစ်အသိအမှတ်ပြုလိုက်လျှင် ကုမန့်နှင့် ထန်မိသားစုတို့သေချာပေါက်တွေ့ကြရပေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် ထန်ယွင်ဖန်းသာ ကုနင်း၏အဖေရင်းဖြစ်ခဲ့မည်ဆိုလျှင်တော့ ကုမန့်ဘက်က ပိုလို့တောင် ထိုလူနှင့်တွေ့ဆုံချင်ပေသည်။ ကုမန့်နှင့်ထိုလူသာ တစ်ယောက်နှင့်တစ်ယောက်ဆက်ပြီးချစ်နေသေးသည်ဆိုလျှင် ကုနင်းအတွက်လဲ သူမတို့မိသားစုပြန်လည်စုံစည်းခြင်းအတွက် ပျော်ရွှင်ရပေမည်။
ကုမန့်၏ကျန်ရှိနေသည့် ဘဝသက်တမ်းတစ်လျှောက်လုံးကို တစ်ယောက်တည်းအထီးကျန်စွာမဖြတ်သန်းစေလိုပေ။ သူမက ငယ်ရွယ်သေးသောကြောင့် ကိုယ်ပိုင်ပျော်ရွှင်စရာဘဝတစ်ခုတွင် နေထိုင်သင့်သည်။ ပြီးတော့ ကုနင်းသည်လဲ မကြာင်ခင် မြို့တော်သို့သွားတော့မည်ဖြစ်ပြီး ကုမန့်နှင့်ခွဲခွာရတော့မည်ဖြစ်သည်။ ကုမန့်တွင်သာ သူမ၏ကျန်ရှိသည့်ဘဝသက်တမ်းတစ်လျှောက် အတူတကွဖြတ်သန်းဖို့ရန် ယုံကြည်စိတ်ချရသည့် ယောကျ်ားတစ်ယောက်ရှိနေလျှင် ကုနင်းဘက်ကတော့ သေချာပေါက် သဘောတူပေမည်။
"ကောင်းပြီလေ။" ဆရာကြီးထန်ကတော့ ဒီကိစ္စသိပ်ပြီးလွယ်ကူမည်မဟုတ်ကြောင်းခံစားလိုက်ရသည်။ သူ့သား၏အကျင့်အကြောင်းကို သေချာသိထားပြီး ထန်ယွင်ဖန်းသဘောမတူလောက်သိကိုလဲ သိနေပေမယ့် သူသာ ထန်ယွင်ဖန်း၏သဘောတူညီမှုကိုမရဘဲ အတင်းအကျပ်လုပ်လိုက်မည်ဆိုလျှင် ကုနင်းရှက်သွားပေလိမ့်မည်။ ဆရာကြီးထန် အနည်းငယ်စိတ်ပျက်သွားရသည်။
ဆရာကြီးထန်၏ပုံစံကိုမြင်တော့ ကုနင်းပြုံးလိုက်ရင်း နှစ်သိမ့်ပေးလိုက်သည်၊
"ကျွန်မလို မြေးတစ်ယောက် အဖိုးတစ်ကယ်လိုချင်တာဆိုရင် အဖိုးရဲ့မြေးလိုပဲ ဆက်ဆံလို့ရပါတယ်၊ ကျွန်မလဲ အဖိုးကို ကျွန်မရဲ့အဖိုးအရင်းလို့မှတ်ယူပါတယ်။"
ထိုအဖြေကိုကြားသည်နှင့် ဆရာကြီးထန် မျက်လုံးများ ချက်ချင်းလက်သွားကာ,
"ဟ-ဟ၊ ဒီအကြံကောင်းသားပဲ။"
"မင်းအခု အထက်တန်းကျောင်းတက်နေတာလား ဒါမှမဟုတ် တက္ကသိုလ်တက်နေတာလား?" ဆရာကြီးထန် ကုနင်းကိုမေးလိုက်သည်။
"ကျွန်မအခု အထက်တန်းနောက်ဆုံးနှစ်တက်နေတာပါ၊ နောက်နှစ်ဝက်ဆိုရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာ။"
"ဘယ်တက္ကသိုလ်တက်ချင်တာလဲ? Bမြို့ဆိုရင်ကော ဘယ်လိုလဲ? Bမြို့မှာကျောင်းဆက်တက်မယ်ဆို အဖိုး ဂရုစိုက်ပေးလို့ရတာပေါ့။" ဆရာကြီးထန် သူ့ကိုယ်သူ ကုနင်း၏အဖိုးရင်းတစ်ယောက်လို့ မှတ်ယူနေပြီဖြစ်ကာ သူမကို သူ့အမြေးအရင်းတစ်ယောက်လို ဆက်ဆံနေတော့သည်။
"သူက မြို့တော်ကိုသွားမှာပါ။ ပြီးတော့ ကျွန်တော် သူ့ကိုဂရုစိုက်ပေးမှာ။" ဒီတစ်ခေါက်တော့ ကုနင်းဘာမှပြန်မဖြေနိုင်သေးခင်တွင်ပဲ လင်ရှောင်းထင်က ဆရာကြီးထန်၏အမေးကို အရင်ဆုံးဝင်ဖြေလိုက်သည်။ ကုနင်းတကယ်ပဲ Bမြို့သို့ထွက်သွားတော့မလိုဖြင့် သူမလက်ကိုလဲဆွဲလို့ထားသေးသည်။ ကုနင်းက Bမြို့မှာ ကျောင်းဆက်တက်ရန် ရည်ရွယ်ချက်မရှိသော်လည်း လင်ရှောင်းထင်သည်တော့ သူမ ဆရာကြီးထန်ကြောင့် စိတ်ပြောင်းသွားမည်ကိုစိုးရိမ်နေလေသည်။
ကုနင်းသည်လဲ လင်ရှောင်းထင် သူမကို လက်လွှတ်ရမည်ကိုစိုးရိမ်နေမှန်း နားလည်သောကြောင့် သူမ၏ဆုံးဖြတ်ချက်ကိုရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောပြလိုက်သည်၊
"ကျေးဇူးပါ ထန်ဖိုးဖိုး ကျွန်မ မြို့တော်ကိုသွားဖို့ ဆုံးဖြတ်ပြီးသားဖြစ်နေပါပြီ။"
"ကောင်းပြီလေ၊ ဒါပေမယ့် မင်းအားတာနဲ့ Bမြို့ကိုလာလည်၊ အဖိုး အကုန်အကျခံပေးမယ်။"
"ဟုတ်ကဲ့၊ လာခဲ့ပါ့မယ်။"
ထို့နောက် သူတို့အချိန်အတော်ကြာ စကားဆက်ပြောနေကြပြီးနောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ ဆရာကြီးထန်ကို နှုတ်ဆက်လိုက်သည်။
ကုနင်းသွားတော့မည်ကိုတွေ့တော့ ဆရာကြီးထန် အကြောင်းမရှိ အထီးကျန်သလိုခံစားလိုက်ရလေသည်။
ကုနင်းတို့ လက်ဖက်ရည်စံအိမ်မှထွက်လာပြီးနောက် လင်ရှောင်းထင်မေးလိုက်သည်၊
"မင်း အဲ့ဒီ့အကြောင်းစုံစမ်းချင်လား?"
လင်ရှောင်းထင်ဘာကိုဆိုလိုမှန်း ကုနင်းသိသောကြောင့်၊
"ကျွန်မဘာသာပဲ လုပ်လိုက်ပါ့မယ် မစိုးရိမ်ပါနဲ့၊ ရလဒ်ကဘယ်လိုပဲဖြစ်ပါစေ မြို့တော်ကို သွားဖို့ဆုံးဖြတ်ပြီးသားပါ။"
ကုနင်းက သူ့အကူအညီကိုငြင်းပယ်လိုက်သောကြောင့် လင်ရှောင်းထင် အနည်းငယ်ဝမ်းနည်းသွားပေမယ့် အတင်းအကျပ်တော့မပြောပေ။ ကုနင်းက မြို့တော်ကိုသွားဖို့ စိတ်ဆုံးဖြတ်ပြီးနေမှတော့ နောင်အနာဂါတ်တွင် သူတို့နှစ်ယောက်အတူရှိမနေနိုင်မှာကို စိုးရိမ်နေရန်မလိုတော့ပေ။
ပြီးနောက် သူတို့ဆက်ပြီး ရှေးဟောင်းလမ်းထဲ လည်ပတ်လိုက်ကြသည်။ နောက်ဆုံးတော့ ကုနင်း မတော်တဆ ရှေးဟောင်းပစ္စည်းအစစ်နှစ်မျိုးကိုရလိုက်လေသည်။ တစ်မျိုးသည်တော့ ယွမ်၁သန်းဝန်းကျင်လောက်အဖိုးတန်က နောက်တစ်မျိုးသည်တော့ ယွမ်၈သန်းလောက် အဖိုးတန်လေသည်။
***
အခန်း ၂၈၇
ဝမ်မိသားစု၏ ထောင်ချောက်
ကုနင်းနှင့် လင်ရှောင်းထင်တို့ ရှေးဟောင်းလမ်းတစ်လျှောက်လည်ပတ်ပြီးသွားချိန်တွင်တော့ ညနေ၅နာရီပင်ထိုးပြီဖြစ်သောကြောင့် ဟိုတယ်သို့သာပြန်လာလိုက်ကြသည်။
သူတို့ ဟိုတယ်ကားပါကင်တွင် ကားရပ်လိုက်ကြပြီးနောက် အနီးနားမှ စားသောက်ဆိုင်တစ်ခုတွင် ညစာစားရန်ထွက်လာလိုက်ကြသည်။
သူမတို့ညစာစားနေချိန်တွင် ဆရာကြီးထန်က ဖုန်းဆက်လာကာ သူမဝယ်ခိုင်းသည့် အပြာနှင့်အဖြူစပ်ကြွေထည်ချောပန်းကန်ပြားမှာ ရှေးဟောင်းပစ္စည်းအစစ်ဖြစ်နေ၍ ကျေးဇူးတင်ကြောင်းပြောလာသည်။ ပြီးတော့ ဆရာကြီးထန်က ကုနင်းကို ညစာအတူစားရန် ဖိတ်လိုက်ပေမယ့် ကုနင်းက သူမညစာစားနေပြီဖြစ်သောကြောင့် ငြင်းလိုက်လေသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ စားပြီးသည်နှင့် သူမတို့အခန်းကိုပြန်လာကြပြီး အခန်းထဲဝင်လိုက်ချိန်တွင်တစ်ခုခုမူမမှန်နေကြောင်း ကုနင်းသတိထားမိသွားသည်။ သူမတီဗီပေါ်တွင် အနီရောင်အစက်လေးကိုတစ်ခုကိုရှာတွေ့သွားကာ လျှို့ဝှက်ကင်မရာအသေးလေးတစ်ခုဖြစ်နိုင်သည်!
ပုံမှန်ဆိုလျှင် လူများ၏မျက်စိဖြင့် ထိုကင်မရာလေးကိုရှာမတွေ့နိုင်သောကြောင့် လင်ရှောင်းထင်သည်လဲ တစ်ခုခုမူမမှန်ဖြစ်နေကြောင်း သတိမထားမိပေ။ သို့ပေမယ့် ကုနင်းသည်တော့ ကျောက်စိမ်းမျက်ဝန်းကြောင့် ထိုလျှို့ဝှက်ကင်မရာအသေးလေးကို သတိထားမိလေသည်။
ဒါကြောင့် သူမချက်ချင်းပဲ လင်ရှောင်းထင်ဘက်လှည့်လိုက်ကာ,
"ကျွန်မ နဂါးမောက်သီးစားချင်လို့။ ရှင်သွားဝယ်ပေးလို့ရမလား?" ထို့နောက် သူမသံကိုနှိမ့်လိုက်ကာ
"အထဲမှာ ကင်မရာတစ်ခုရှိနေတယ်။"
ထိုစကားကိုကြားတော့ လင်ရှောင်းထင်ချက်ချင်းပဲ သတိအနေအထားဖြစ်သွားသည်။
"ရှင်အရင်ထွက်နှင့်လိုက်။" ကုနင်းထပ်ပြီး အသံတိုးတိုးလေးဖြင့်ပြောလိုက်ပြန်သည်။
"ကောင်းပြီလေ၊ နဂါးမောက်သီးပဲလား?" လင်ရှောင်းထင် ချက်ချင်းပဲ ကုနင်းပြောသည့်အတိုင်း အလိုက်အထိုက်ပြန်ဖြေလိုက်သည်။
"ကီဝီသီးလေးရောပဲ။" ကုနင်းပြန်ဖြေလိုက်ပြီးနောက် ထပ်ပြီးအသံတိုးတိုးဖြင့်,
"ကျွန်မတို့ ဟိုတယ်ပြောင်းမှရတော့မယ်။"
"ကောင်းပြီလေ၊"
ပြီးသွားသည်နှင့် လင်ရှောင်းထင်ပြန်ပြီးထွက်သွားတော့သည်။
ကုနင်း တံခါးကိုပိတ်လိုက်ပြီး မီးဖွင့်လိုက်သည်။ အခန်းထဲသို့ ပုံမှန်အတိုင်းပဲ လျှောက်ဝင်သွားပေမယ့် တကယ်တမ်းတော့ တခြားနေရာတွေမှာရော လျှို့ဝှက်ကင်မရာရှိနေသေးလားဆိုးသည်ကို စစ်ဆေးနေခြင်းဖြစ်သည်။
လျှို့ဝှက်ကင်မရာများအပြင် အိပ်ရာအောက်တွင်ပါ သားရေသားဖြင့်သေတ္တာတစ်လုံးကိုပါ ကုနင်းတွေ့လိုက်ရသည်။ အထဲတွင်တော့ အဖြူရောင်အမှုန့်များပါရှိသည့် အိပ်ထုပ်များရျိနေသောကြောင့် ကုနင်းမကျေမနပ်ဖြစ်သွားရသည်။ ကြည့်ရတာ ထောင်ချောက်တစ်ခုဖြစ်ပေမည်။ ကုနင်း ကင်မရာတွေရှိနေပြီး သူမသိသွားပြီဆိုသည်ကိုလဲ မဖော်ထုတ်လိုသောကြောင့် ထိုသေတ္တာကိုအိပ်ရာအောက်အထိ သွားမယူဘဲနှင့် စိတ်စွမ်းအင်အာကာပြင်အတွင်းထည့်သိမ်းရန်ကြိုးပမ်းလိုက်သည်။
ကံကောင်းစွာဖြင့် ကုနင်းတွင်ထိုသို့ပြုလုပ်ရန် စွမ်းအင်အလုံအလောက်ရှိနေလေသည်။ ထို့ကြောင့် သူမတို့ထောင်ချောက်မိတော့မည်မဟုတ်ပေ။
မတော်တဆတစ်ခုစုံတစ်ခုကျန်နေခဲ့မည်စိုး၍ ကုနင်း သူမပစ္စည်းတွေမထုပ်သိမ်းခင် အခန်းတစ်ခုလုံးကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သေးသည်။
ထိုတခနတွင်ပဲ အပြင်ဘက်မှတံခါးခေါက်သံတစ်သံကိုကြားလိုက်ရသောကြောင့် ကုနင်းကျောက်စိမ်းမျက်ဝန်းဖြင့်ကြည့်လိုက်ချိန်တွင် အပြင်ဘက်၌ ရဲ၇ယောက်ခန့်ကိုတွေ့လိုက်ရသည်။
သူမအတော်လေးဒေါသထွက်သွားပြီး, 'ဒီရဲတွေတကယ်ကိုမစောင့်နိုင်တော့ဘူးပဲ!' ဆိုပြီး သူမဘာသာတွေးလိုက်မိသည်။
သို့ပေမယ့် မူးယစ်ဆေးသတ္တာကို သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းထည့်သိမ်းထားပြီးဖြစ်သောကြောင့် သူတို့ရှာတွေ့သွားမည်ကို ကုနင်းမစိုးရိမ်ပေ။
"ဘာကိစ္စရှိလို့ပါလဲ?" ကုနင်းတံခါးဖွင့်လိုက်ပြီး သူမဘာမှမသိသည့်ပုံစံဖြင့်မေးလိုက်သည်။
"မင်းမူးယစ်ဆေးတွေတိတ်တဆိတ်ဝယ်ထားပြီး ဟိုတယ်ကိုသယ်လာခဲ့တယ်လို့ ငါတို့သတင်းရထားတယ်။ ဒါကြောင့် ရှာဖွေစစ်ဆေးရမယ်!" ခေါင်းဆောင်လာသည့်ရဲက ကုနင်းကို ရှာဖွေခွင့်ဝရမ်းပြကာ သူတို့တာဝန်ကိုသူတို့လုပ်ရသလိုဖြင့်ပြောလာသည်။
"အိုး! တစ်ယောက်ယောက်က ကျွန်မကိုတိုင်ထားတယ်ပေါ့? ဘယ်သူလဲ၊ ဘယ်တုန်းကလဲ ဘယ်အချိန်ကလဲ?" ကုနင်းအေးဆေးပဲပြန်မေးလိုက်သည်။
"မျက်မြင်သက်သေရဲ့လုံခြုံရေးအတွက် ငါတို့ဘက်ကလျှို့ဝှက်ပေးထားရမယ်။ ငါတို့မှာရှာဖွေခွင့်ဝရမ်းရှိတယ်၊ မင်းဘက်က တားရဲမယ်ဆိုရင် ငါတို့ချက်ချင်းပဲ ဖမ်းလိုက်လို့ရတယ်။" ထိုရဲက ဆက်ပြောလိုက်သည်။
ကျန်သည့်ရဲများကတော့မသိပေမယ့် ထိုဦးဆောင်လာသည့်ရဲသည်တော့ မူးယစ်ဆေးသတ္တာတစ်လုံး အိပ်ရာအောက်တွင်ဖွက်ထားသည်ကို ကုနင်းသိမည်မဟုတ်မှန်း သိပြီးသားဖြစ်သောကြောင့် ကုနင်း၏အခန်းကိုရှာဖွေရန်အလွန်ယုံကြည်ချက်ရှိနေလေသည်။ သူတို့သာ မူးယစ်ဆေးသတ္တာကိုရှာတွေ့လိုက်သည်နှင့် ကုနင်းငြင်းဆိုရန်မဖြစ်နိုင်တော့ပေ။
ကုနင်းသူတို့ကိုအထဲဝင်ခွင့်ပေးလိုက်ပေမယ့် သူတို့ကိုယ်ပေါ်တွင် မူးယစ်ဆေးထုပ်များသယ်လာသေးလားသိရအောင်လို့ ကျောက်စိမ်းမျက်ဝန်းဖြင့် ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်လိုက်သည်။ သို့ပေမယ့် သူတို့ကိုယ်တိုင်ကပဲ ယုံကြည်ချက်ရှိလွန်းနေသည်လား သို့မဟုတ် သူတို့နောက်ကွယ်ကလူသည်ပဲ ယုံကြည်ချက်လွန်ကဲနေသည်လားမသိ အခန်းထဲတွင် ဆေးသတ္တာရှာမတွေ့လျှင် ကုနင်းကိုချောက်ချနိုင်ရန် တခြားဆေးထုပ်များပြင်ဆင်မလာခဲ့ပေ။
"ရှာကြတော့!" ခေါင်းဆောင်လာသည့် ရဲကအမိန့်ပေးလိုက်သည်နှင့် ကျန်သည့်ရဲ၆ယောက်သည်လဲ ချက်ချင်းပဲ အခန်းတွင်းသို့ရှာဖွေကြတော့သည်။
သူတို့ချက်ချင်းကြီး အိပ်ရာအောက်သို့တန်းမရှာကြဘဲ အခန်းတွင်းတခြားနေရာများကို အရင်ရှာလိုက်သည်။ ဒါကြောင့် ဆေးများဖွက်ထားသည့်နေရာကို ခေါင်းဆောင်လာသည့်ရဲတစ်ယောက်သာသိကြောင်း ကုနင်းသေချာပေါက်ပြောနိုင်တော့သည်။
ကုနင်း၏ ခရီးဆောင်အိတ်အပါအဝင် သူတို့တစ်ခန်းလုံးရှာဖွေပြီးသွားပြီဖြစ်ပေမယ့် မည်သည့်တရားမဝင်ပစ္စည်းတစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။
"ခေါင်းဆောင်၊ ကျွန်တော့ မူးယစ်ဆေးတစ်ခုမှမတွေ့ခဲ့ပါဘူး။"
"ခေါင်းဆောင် ကျွန်တော်လဲ တရားမဝင်တဲ့ ဘာပစ္စည်းမှမတွေ့ခဲ့ပါဘူး။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းတို့အိပ်ရာအောက်ကိုရော ရှာပြီးကြပြီလား?" ခေါင်းဆောင်ရဲက သတိလက်လွတ်ထုတ်မေးလိုက်မိသည်။
"ရှာပြီးသွားပါပြီ။" နောက်ရဲတစ်ယောက်ကပြန်ဖြေလိုက်သည်။
ခေါင်းဆောင်ရဲသည်တော့ သူ့ဘော့စ်က သေချာပေါက် အိပ်ရာအောက်တွင် မူးယစ်ဆေးသတ္တာကိုထားထားကြောင်းပြောထားသောကြောင့် မယုံကြည်နိုင်ဖြစ်နေလေသည်။ ဒါကြောင့် သူကိုယ်တိုင်သွားစစ်ကြည့်လိုက်ပေမယ့် ရှာမတွေ့ခဲ့ပေ။
"ဒါဆို၊ ရှင်တို့ရှာစရာရှိတာလဲရှာပြီးပြီ၊ ပြီးတော့ တရားမဝင်တဲ့ဘာပစ္စည်းကိုမှလဲမတွေ့ခဲ့ဘူး။ အခုထွက်သွားလို့ရပြီလား?" ကုနင်းပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါတို့ရှာမတွေ့ဘူးဆိုတာနဲ့ မင်းမှာမူးယစ်ဆေးရှိမနေဘူးလို့မဆိုလိုဘူး။ ပြောစမ်း၊ မင်းဆေးတွေကိုဘယ်နားဖွက်ထားလဲ?" ခေါင်းဆောင်ရဲက အလျှော့မပေးနိုင်မှန်းသိသာလေသည်။
"ဟွန့်၊" ကုနင်းနှာခေါင်းရှုံလိုက်မိပြီး,
"ကျွန်မဒီတစ်ခုကိုအရမ်းသိချင်နေမိတယ်၊ ရှင်ဘာလို့များ ကျွန်မမှာ မူးယစ်ဆေးတွေရှိနေမယ်လို့ ဒီလောက်တောင် ယုံကြည်မှုအပြည့်နဲ့သေချာနေရတာလဲ? ကျွန်မဘက်က အခန်းကိုလဲ ရှာခွင့်ပေးထားပြီးပြီ။ ရှင့်မှာသက်သေမရှိဘူးဆိုရင် ကျွန်မကိုဖမ်းစရာအကြောင်းလဲမရှိဘူး။ တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကျွန်မကို ထောင်ချောက်ဆင်ချင်နေတာများလား?" ကုနင်း ထိုခေါင်းဆောင်ကို စိုက်ကြည့်ကာမေးလိုက်သည်။
ခေါင်းဆောင်ရဲလဲ အနည်းငယ်အံ့အားသင့်သွားကာ ပြန်ပြောဖို့လုပ်လိုက်ပေမယ့် သူ့နားကြပ်ကနေပြီး တစ်စုံတစ်ယောက်က အမိန့်ပေးလာခဲ့သည်။ ကုနင်းလဲ ထိုအသံကိုကြားလိုက်ရသောကြောင့် သူမနှုတ်ခမ်းထပ်တွင် အေးစက်လှသည့်အပြုံးတစ်ခုချိတ်ဆွဲသွားလေသည်။
ထို့နောက် ခေါင်းဆောင်ရဲက သူ့လုပ်ဖော်ကိုင်ဖက်များနှင့်အတူထွက်သွားကာ ကုနင်းလဲ သူတို့ကိုတားမနေပေ။ အခုချိန် သူတို့နှင့်ဖြေရှင်းလို့လဲ အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။ ကေဘက်က ကုနင်းကို ဝမ်မိသားစု၏ တရားမဝင်လုပ်ရပ်များနှင့်ပတ်သတ်သည့် သက်သေများလွှဲပြောင်းပြီးပါက ဝမ်မိသားစုကို လွယ်လွယ်လေး သူမဖြုတ်ချနိုင်သွားပေပြီ။
ရဲများထွက်သွားပြီးသည်နှင့် ကုနင်းလဲ ဟိုတယ်မှထွက်လာခဲ့လိုက်သည်။
လင်းကျန်းသည်တော့ ဟိုတယ်အခန်းထဲရှိ လျှို့ဝှက်ကင်မရာများတွင် မှတ်တမ်းတင်နေသည့်ပုံရိပ်များကို ကွန်ပျူတာမှတစ်ဆင့်ကြည့်နေရင်းဖြင့် ကြက်သေသေနေမိသည်။ သူ့အကြံအစည်ဘာလို့များရှုံးနိမ့်သွားသည်လဲဆိုသည်ကို သူဘယ်လိုမှမသိပေ။ မူးယစ်ဆေးသတ္တာကို ကုတင်အောက်ထားနေခြင်းကို သူကိုယ်တိုင် လျှို့ဝှက်ကင်မရာများမှတစ်ဆင့် ကြည့်နေခဲ့ခြင်းဖြစ်ပြီး ထိုကွန်ပျူတာရှေ့တွင်ပဲ တစ်ချိန်လုံး ဆက်စောင့်ကြည့်နေခဲ့ခြင်းလဲဖြစ်သည်။ ကုနင်းတွင် ထိုသတ္တာကို ဖယ်ထုတ်ဖို့ရန် အခွင့်အလမ်းမရှိနိုင်ပေ။
ဘယ်လိုတွေဖြစ်သွားရတာလဲ!
လင်းကျန်း စိုးရိမ်သွားပြီး ချက်ချင်းပဲ ဝမ်ဟုန်းမင်ထံသတင်းလှမ်းပို့လိုက်သည်။ ဝမ်ဟုန်းမင်လဲ ထိတ်လန့်သွားပြီး သူတို့အစီစဉ်ရှုံးနိမ့်သွားသည်ကို မယုံကြည်နိုင်ပေမယ့် အဖြစ်မှန်ကိုလက်ခံလိုက်ကာ Colorfulကျောက်စိမ်းတင်ပို့မှုစက်ရုံကိုပို့ထားသည့် သူ့လူတွေအောင်မြင်ဖို့သာမျှော်လင့်ရတော့သည်။
လင်ရှောင်းထင်သည်တော့ အနီးနားက ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှ ပုံစံတူအခန်းကိုငှားလိုက်ကာ တခန်းလုံးအနှံ့သေချာဂရုတစိုက်ဖြင့် လျှို့ဝှက်ကင်မရာများ အသံဖမ်းစက်များမရှိနေအောင် စစ်ဆေးလိုက်သည်။
ထို့နောက် ကုနင်းကိုဖုန်းဆက်လိုက်သည်။ သို့ပေမယ့် ကုနင်းမှာ မူးယစ်ဆေးသတ္တာရုတ်တရက်ဘယ်လိုပျောက်သွားကြောင်း မရှင်းပြတတ်သောကြောင့် အသေးစိတ်မပြောပြခဲ့ပေ။
***
အခန်း ၂၈၈
ဝမ်မိသားစု ဒုက္ခရောက်ပြီ
ည၁၀နာရီလောက်တွင်တော့ ကုနင်း ကေ့ထံမှဖုန်းရကာ ဝမ်မိသားစုကိုဆန့်ကျင်နိုင်မည့် သက်သေများကို သူရှာတွေ့ထားပြီး ကုနင်း၏အီးမေးလ်သို့ပို့ထားပြီးပြီဖြစ်ကြောင်းပြောလာခဲ့သည်။
"ဘော့စ်, မင်းကသူလျှိုများလား? ဘာလို့များ မင်းရဲ့ရန်သူအားလုံးက ပြစ်မှုရှိနေတဲ့လူတွေကြီးပဲလဲ?" ကေ ကုနင်းအတွက် သူစုံစမ်းပေးရသည့်အချိန်တိုင်း အလွန်ထူးခြားသည့်သူတွေကြီးဖြစ်နေသောကြောင့် စနောက်လိုက်သည်။
"မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်မကအရမ်းတော်လွန်းလို့ တချို့လူတွေကမနာလိုဖြစ်နေကြတာ။" ကုနင်း သက်ပြင်းလေးချကာပြောလိုက်သည်။ သူမနောက်နေတာပေမယ့် အမှန်တရားလဲဖြစ်ပေသည်။
"ကောင်းပြီလေ၊ ကြည့်ရတာတော့ မင်းနဲ့အတူအလုပ်လုပ်ဖို့က သိပ်မလွယ်ကူဘူးပဲ။ ငါတော့အလည်အပတ်သွားနိုင်ဖို့ပဲဆုတောင်းတယ်။" ကေ အထွန့်တက်လိုက်သည်။
"ရှင်နောင်တရလို့မရတော့ဘူး။ မဟုတ်ရင် ရှင့်ခြေထောင် အရင်အတိုင်းပြန်ဖြစ်သွားတာကိုလိုချင်လို့လား?" ကုနင်းပြန်ပြောလိုက်သည်။
ကေလဲချက်ချင်းပဲ သူအဲ့လိုမပြောသင့်မှန်းသတိရသွားကာ၊
"မဟုတ်ဘူး- မဟုတ်ဘူး။ အဲ့လိုမဟုတ်ရပါဘူး။ ဒါပဲနော်!" ဆိုကာ ချက်ချင်းဖုန်းချသွားတော့သည်။
ကုနင်းမရယ်ပဲမနေနိုင်တော့ပေ။ ထို့နောက် သူမ ကေ့ကို Bမြို့ရှိ ထန်မိသားစု၏ဒုတိယသားအကြောင်းစုံစမ်းထားရန် စာပို့လိုက်သည်။ ထန်ယွင်ဖန်း ဒီ၁၈နှစ်တာကာလအတွင်း ဘာတွေများလုပ်နေခဲ့လဲဆိုသည်ကို သူမသိချင်နေမိသည်။
လင်ရှောင်းထင်သည်တော့ ရေချိုးနေသောကြောင့် ကုနင်းနှင့်ကေဖုန်းပြောခဲ့သည်ကိုမသိလိုက်ပေ။
ခနအကြာတွင်ပဲ လင်ရှောင်းထင် ရေချိုးခန်းထဲမှထွက်လာကာ ကုနင်းကို တစ်ဖန်တွန်းလှဲလိုက်ပြီး ပြင်းရှသည့်အနမ်းများကိုစတင်ပုံဖော်တော့သည်။ ကုနင်းလဲ ကေပို့လာမည့်အီးမေးလ်ကို စစ်ဆေးရန်ပင် မေ့လျော့သွားခဲ့သည်။ သို့ပေမယ့် ကုနင်းနှင့် လင်ရှောင်းထင်တို့ အချင်းချင်း ထွေးပွေ့ရစ်ပတ်နေကြစဉ်တွင် ကုနင်း၏ဖုန်းမှမြည်လာကာ သူတို့ကိုကြားဖြတ်နှောက်ယှက်လိုက်တော့သည်။
လင်ရှောင်းထင် စိတ်မကျေမနပ်ဖြစ်သွားရပေမယ့်လဲ ကုနင်းဖုန်းပြန်ဖြေသည်ကို မဟန့်တားခဲ့ပေ။ အခုလိုညအချိန်ကြီးတစ်ယောက်ယောက်က ခေါ်ဆိုလာသည်ဆိုမှတော့ အရေးကြီးကိစ္စသာဖြစ်လောက်ပေသည်။
ခေါ်ဆိုသူမှာ ချောင်ယဖြစ်ကာ သူတို့ရဲ့ Colorfulကျောက်စိမ်းတင်ပို့မှုစက်ရုံသို့ လူအချို့ချိုးဖောက်ဝင်ရောက်ခဲ့ပေမယ့် ထိုလူများအထဲသို့ရောက်သည်နှင့် သူတို့အခြေအနေများကို ထိန်းချုပ်ထားပြီဖြစ်ကြောင်းပြောလာသည်။ စစ်ဆေးကြည့်လိုက်တော့ ထိုလူများကို ဝမ်မိသားစုက ပို့လွှတ်လိုက်ခြင်းဖြစ်ပြီး ချောင်ယက မည်သို့မည်ပုံဖြေရှင်းရမလဲဆိုသည်ကို ကုနင်းအားလှမ်းမမေးခြင်းဖြစ်သည်။
ထိုစကားများကိုကြားသည်နှင့် ကုနင်းဒေါသထွက်သွားတော့သည်။ ဒီဝမ်မိသားစုကတော့ သူတို့အကြံမအောင်မြင်မချင်း အလျှော့ပေးမည့်ပုံမပေါ်ပေ။
"သူတို့ထွက်ဆိုချက်တွေကို ဗီဒီယိုရိုက်ထား ပြီးရင်း ရဲကိုအကြောင်းကြားလိုက်။"
ရဲတွေက ဝမ်မိသားစု၏လွှမ်းမိုးနိုင်စွမ်းကြောင့် ထိုလူများကိုအပြစ်မပေးလောက်သည်ကို နားလည်ပေမယ့် ထိုရဲများကိုအသုံးချ၍ ဝမ်မိသားစုကို တွန်းလှန်နိုင်ရန်လဲ ကုနင်းတွင် ရည်ရွယ်ချက်မရှိပေ။ သူမက နည်းနည်းလောက် ဆူပူသွားအောင်သာလုပ်ချင်ခြင်းဖြစ်သည်။
"ရဲတွေဘက်က ဒီကိစ္စကို လျစ်လျူရှုထားရင် ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်လို့ရတယ်။" ကုနင်းထပ်ပေါင်းပြောလိုက်သည်။
ချောင်ယလဲ ကုနင်း၏အမိန့်ကိုလိုက်နာက အရင်ဦးဆုံး ရဲများကိုအကြောင်းကြားခဲ့ပေမည့် သေချာပေါက် လျစ်လျူရှုခံလိုက်ရလေသည်။ ထို့ကြောင့် ချောင်ယနှင့် ကောင်းယိတို့ ဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်တော့သည်။ ဝမ်မိသားစုသည် သူတို့ရဲ့ မောက်မာရိုင်းစိုင်းသည့် အပြုအမူများကြောင့် မကောင်းသတင်းကျော်ကြားပြီးဖြစ်သောကြောင့် ထိုသတင်းသည် ချက်ချင်း ပျံ့နှံ့သွားတော့သည်။ လူအတော်များများသည် ဝမ်မိသားစုကို မနှစ်မြို့ကြကာ အခွင့်သာသည်နှင့် အပြစ်တင်ဝေးဖန်ရန်စောင့်ဆိုင်းနေကြသူများဖြစ်လေသည်။
ရဲများဘက်ကလဲ ယခုလိုအကျယ်တဝံ့ဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားကြပေ။ ထိုသတင်းပျံ့နှံ့နေသည်ကို ဟန့်တားရန်အတွက် အမိန့်ရလိုက်သောကြောင့် သူတို့ချက်ချင်းပဲ ဖြေရှင်းရန် ရဲများကို ပို့လွှတ်ရတော့သည်။
ဝမ်မိသားစုသည်လဲ ယခုကိစ္စတွင်ပါဝင်ပတ်သတ်နေသောကြောင့် ရဲဌာနက ဝမ်ဟုန်းမင်ကိုလဲ ဖုန်းလှမ်းဆက်လိုက်သည်။ ဝမ်ဟုန်းမင်သည်လဲ သူ့ရဲ့အစီစဉ်Bကပါ ကျရှုံးသွားသည်ကို သိရတော့ စိတ်တိုသွားရသည်။
ပြီးတော့ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏စက်ရုံတွင် ဒီလိုအတိုက်အခိုက်အလွန်ကောင်းလွန်းသည့် လူများရှိနေသောကြောင့် ဝမ်ဟန်းမင်အံ့ဩသွားရသည်။ ဝမ်ဟုန်းမင်ဘက်က သေချာပေါက် ထိုကိစ္စတွင် ဝမ်မိသားစုပါဝင်ပတ်သတ်နေခြင်းမဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။
ဝမ်မိသားစုက စက်ရုံကိုဖျက်စီးရန် လူများစေလွှတ်ခဲ့သည်ဟု လူအများက မရေမရာဖြစ်နေကြပေမယ့် ဝမ်ဟုန်းမင်က ငြင်းလိုက်သောကြောင့် အဆုံးတွင်တော့ ထိုလူများမှာ သူခိုးများအဖြစ်သာ တရားစွဲခံခဲ့ရလေသည်။
ကုနင်းကတော့ သူမတွင်အစီစဉ်ရှိပြီးသားဖြစ်သောကြောင့် စိတ်ပျက်မှုတစ်စုံတစ်ကို ထုတ်မပြပေ။
နောက်တစ်နေ့ မနက်၉နာရီတွင်တော့ ဝမ်ဟုန်းမင်က လင်းကျန်းကိုပြောလိုက်သည်၊
"Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းရဲ့ ဘော့စ်က ကျောက်စိမ်းဘုရင်မလို့ သတင်းဖြန့်လိုက် ပြီးတော့ တခြားကျောက်ရိုင်းတင်ပို့သူတွေကိုလဲ သူတို့ကိုကျောက်စိမ်းမရောင်းပေးဖို့ပြောလိုက်။"
၎င်းသည်က Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းနှင့် ကျောက်စိမ်းဘုရင်မ၏ဆက်နွယ်မှုကို ဝမ်ဟုန်းမင်သိနေ၍မဟုတ်ဘဲ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ ကျောက်ရိုင်းအရင်းအမြစ်ကိုဖြတ်တောက်ချင်၍သာဖြစ်သည်။
"ကောင်းပါပြီ!" လင်းကျန်းပြန်ဖြေလိုက်သည်။
သို့ပေမယ့် ထိုအချိန်တွင်ပဲ ဝမ်ဟုန်းမင်ထံ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ကာ ထိုဖုန်းခေါ်ဆိုမှုကိုပြန်ဖြေပြီးချိန်တွင်တော့ ဝမ်ဟုန်းမင် ကြက်သေသေနေမိတော့သည်။
ထိုအချိန် ထန်မြို့တွင်တော့.......
အင်တာနက်ကဖေးဆိုင်များမှ ကွန်ပျူတာများအားလုံး လုံခြုံရေးချိုးဖောက်ခံရကာ မျက်နှာပြင်များထပ်တွင် စာကြောင်းသုံးကြောင်းကိုဖော်ပြနေကြသည်။ ထန်မြို့ ဒုတိယမြို့တော်ဝန် ဝမ်ပါးခန်း၏သား ဝမ်ယာဖုန်းသည် ဆယ်ကျော်သက်မိန်းကလေးများကို အဓမ္မပြုကျင့်သည့် အမှုတွင် အကြိမ်များစွာပါဝင်ပတ်သတ်ခဲ့လေသည်။ လွန့်ခဲ့သည့်နှစ် မေလ ၁၂ရက်တွင် ဝမ်ယာဖုန်းသည် သူ့ဆရာဖြစ်သူ၏ ၁၆နှစ်အရွယ်သမီးကို ဆရာ၏စာအသင်အပြကို စိတ်မကျေနပ်ဟူသည့်အကြောင်းပြချက်ဖြင့် အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့လေသည်။ ဒုမြို့တော်ဝန်ဖြစ်သည် ဝမ်ပါးခန်းက သူ့သားနေရာတွင် တခြားလူတစ်ယောက်ကို တိတ်တဆိတ်အစားထိုးကာ ထိုလူသည်လဲ သေဒဏ်ချမှတ်ခံခဲ့ရလေသည်။
ထိုစာကြောင်းများအဆုံးတွင် ဗီဒီယိုတစ်ခုကိုပါ တွဲတင်ထားပေသည်။
ထိုဗီဒီယိုထဲတွင် ဝမ်ယာဖုန်းသည် ထောင့်တနေရာတွင် ထိုကာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့်ကင်မရာဘက်ကို ကြည့်နေပြီး သူပြုလုပ်ခဲ့သမျှ မကောင်းမှုများကို ထုတ်ဖော်ဝန်ခံနေသည်။
ဝန်ခံမှုများထဲတွင်တော့၊ သူလွန်ခဲ့သည့်၃နှစ်အတွင်း အနည်းဆုံး၁၀ကြိမ်မျှ အဓမ္မပြုကျင့်သည့်အမှုတွင်ပါဝင်ခဲ့ပြီး ခံရသူအားလုံးမှာ မိသားစုနောက်ခံအင်အားမရှိသည့် သာမာန်မိန်းကလေးများသာဖြစ်လေသည်။
အထူးသဖြင့် လွန်ခဲ့သည့်နှစ် မေလ၁၂ရက် ဝမ်ယွမ်ဖုန်း အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်နေချိန်တွင်တော့ သူ့ဆရာက သူရန်ပွဲတွင်ပါဝင်သောကြောင့် ခေါ်ဆူခဲ့ခြင်းကြောင့် သူ့ဆရာ၏သမီးဖြစ်သူ သူနှင့်တစ်တန်းတည်းသားချင်းဖြစ်သည့် ၁၆နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။ ပြီးနောက် ထန်မြို့ ဒုတိယမြို့တော်ဝန် ဝမ်ပါးခန်း၏စီစဉ်မှုများအောက်တွင် ဝမ်ယာဖုန်း၏အတန်းဖော်တစ်ဦးမှာ သေဒဏ်ချမှတ်ခံလိုက်ရပေမယ့် ဝမ်ယာဖုန်းသည်တော့ အောင်အောင်မြင်မြင် လွတ်မြောက်သွားလေသည်။
ဝမ်ယာဖုန်း၏ဖုန်းထဲတွင် သူအဓမ္မပြုကျင့်နေသည့် ဓါတ်ပုံများ ဗီဒီယိုများရှိနေကာ ထိုအရာများကို အသုံးပြု၍ နစ်နာသူများကို ခြိမ်းခြောက်ကာ နှုတ်ပိတ်ထားလေသည်။ နစ်နာသူများဘက်ကလဲ ဝမ်မိသားစု၏လွှမ်းမိုးမှုကိုမတွန်းလှန်နိုင်သောကြောင့် နှုတ်ပိတ်၍သာနေနိုင်ကြသည်။
ထိုသတင်းထွက်လာပြီးမကြာခင်တွင်ပဲ ထန်မြို့တစ်ခုလုံး ဆူပူအုံကြွသွားကာ လူအများလဲ ဒေါသထွက်ကုန်ကြသည်။ လူအတော်များများက ပြည်သူ့လုံခြုံရေးဌာနသို့ဖုန်းဆက်ကာ ထိုကိစ္စကို စုံစမ်းဖော်ထုတ်ရန် ပြောဆိုကြသည်။ ဒီတစ်ချိန်တွင်တော့ ဝမ်မိသားစု၏ဂုဏ်သတင်းများမှာ လုံးဝပျက်စီးသွားပြီဖြစ်သည်။ သူတို့လုပ်ခဲ့သည့် ကိစ္စများက ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိပေ!
တစ်ချိန်တည်းတွင်ပဲ ထန်မြို့ရှိ အရာရှိတိုင်းသည်လဲ ထိုဗီဒီယိုနှင့်တွဲထားသည့် စာကို လက်ခံရရှိကြကာ သူတို့၏ဒေါသမီးများလဲ တောက်လောင်လာကြပြီး ဝမ်ပါးခန်း၏ရုံးသို့ အပြစ်တင်ရန် အဖွဲ့လိုက်သွားကြတော့သည်။
ပြည်သူ့လုံခြုံရေးဌာန၏ ခေါင်းဆောင်ဖြစ်သည့် ကျန်းယွမ်ချန်းသည်လဲ ဝမ်ပါးခန်းကို ကိုယ်တိုင်ကိုယ်ကျဖမ်းဆီးရန်သွားခဲ့သည်။ ဝမ်ယာဖုန်းသည်တော့ အစကတည်းက ပြည်သူ့လုံခြုံရေးဌာနသို့အပို့ခံရပြီးဖြစ်ကာ ရဲများ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။
တကယ်တော့ ဝမ်မိသားစုတွင် ဝမ်ဟုန်းမင်နှင့် ဝမ်ပါးခန်းသာလျှင် ဝမ်ယာဖုန်း၏အတင်းအဖျင်းသတင်းများကိုသိကြခြင်းဖြစ်ပေမယ့် အခုလိုထိုသတင်းများပေါက်ကြားသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။
***
အခန်း ၂၈၉
အစပဲရှိသေးတယ်
ပြီးတော့ ဝမ်ဟုန်းမင်နှင့် ဝမ်ပါးခန်းကို ပိုပြီး အံ့ဩစေသည်က ဝမ်ယာဖုန်းသည် သူတို့သိထားသည့်ထက်ပိုမိုးများပြားလှသည့် အမှုကိစ္စများလုပ်ထားခြင်းဖြစ်သည်။ ဝမ်ယာဖုန်းလုပ်ခဲ့သည့် အပြုအမူက ထိန်းချုပ်နိုင်စွမ်းကင်းမဲ့လွန်းနေကြောင်း သူတို့သိပေမယ့် အခုလိုမျိုး ထိုကိစ္စကို စွဲစွဲလမ်းလမ်းလုပ်နေခဲ့မှန်းတော့မသိခဲ့ပေ။
ဝမ်မိသားစုသည် ထန်မြို့တွင် အာဏာလွှမ်းမိုးမှုရှိတယ်ဆိုပေမယ့်လဲ တချိန်လုံးတော့ ဥပဒေကို ဆန့်ကျင်နိုင်ကြခြင်းမဟုတ်ပေ။ ဝမ်ယာဖုန်းကလဲ ကိုယ်တိုင်ဝန်ခံသွားပြီဖြစ်သောကြောင့် ဝမ်ပါးခန်းမှာ ဘယ်လိုမှမငြင်းဆန်နိုင်တော့ပေ။
သို့ပေမယ့် ဘယ်သူကများ ဝမ်ယာဖုန်းကို သူ့ပြစ်မှုများအား ဝန်ခံခိုင်းခဲ့သည်လဲ ဆိုသည်ကိုတော့ မဖော်ထုတ်နိုင်သေးပေ။ ဝမ်ဟုန်းမင်နှင့် ဝမ်ပါးခန်းသာ ထိုဖော်ထုတ်လိုက်သည့်လူကို သိချင်နေကြသည်မဟုတ်ဘဲ အများပြည်သူကပါ သိချင်နေကြခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပဲ ဝမ်မိသားစုမှာ လုံးဝရှုပ်ထွေးနေတော့သည်။
"အဖေ၊ ကျေးဇူးပြုပြီး ပါးခန်း နဲ့ ယာဖုန်းကို ကယ်ပေးပါ။" ဝမ်ပါးခန်း၏ဇနီးဖြစ်သည့် လီမန်ကျဲ့က ငိုရှိုက်ရင်း ဝမ်ဟုန်းမင်ကို တောင်းပြန်ခယလိုက်သည်။
"ဘယ်လိုကယ်ရမှာလဲ? ယာဖုန်းက ဝန်ခံပြီးနေပြီ။ ငါက ဘယ်လိုနဲ့များ သူ့ကိုကယ်ပေးရမှာလဲ?" ဝမ်ဟုန်းမင်သည်လဲ သူ့သားဖြစ်သူနှင့် မြေးကို သေချာပေါက် ကယ်တင်ချင်နေပေမယ့် အခုလိုဆိုးရွားလွန်းသည့်အခြေအနေတွင် သူသည်လဲ ခြေချုပ်လက်ချုပ်မိနေရလေသည်။
ဝမ်မိသားစုသည် ထန်မြို့တွင် အာဏာကြီးပြီး ဩဇာလွှမ်းမိုးမှုရှိသည်မှာ မှန်ပေမယ့် အမြဲတမ်း ဥပဒေကို ဆန့်ကျင်နိုင်ကာ လွယ်လွယ်ကူကူရှောင်ထွက်နိုင်သည်ဟု မဆိုလိုပေ။ ဝမ်ယာဖုန်းသာ ဝန်မခံရသေးလျှင် သူ့ကို ကယ်တင်ဖို့ရန် ဖြစ်နိုင်သေးသည်ဆိုပေမယ့် အခုတော့ သူတို့ဘက်တွင် မည်သည့်အခွင့်ရေးမှမရှိတော့ပေ။
ဝမ်ဟုန်းမင်မှာ မနေ့ကတည်းက အကြိမ်ကြိမ်သွေးအန်နေခဲ့ရသောကြောင့် အခုချိန်တွင်အားနည်းနေကာ မတ်တပ်ရပ်ဖို့ပင် မလွယ်ကူသည့်အခြေနေဖြစ်နေသည်။ ယခုလို ပရမ်းပတာဆန်သည့် နေ့ရက်များနှင့်ကြုံပြီးနောက်တွင် ဝမ်ဟုန်းမင်၏ဆံပင်များမှာ လျင်လျင်မြန်မြန်ပဲ မီးခိုးရောင်အဖြစ်သလို့ပြောင်းလဲလာခဲ့တော့သည်။
တကယ်တော့ ဝမ်ပါးခန်း၏နောက်တွင် နိုင်ငံရေးပိုင်းမှ သူ့ကိုထောက်ပံ့ပေးနေသည့် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ရှိနေပေမယ့် ယခုကိစ္စပေါ်ထွက်လာပြီးနောက်တွင်တော့ ထိုပုဂ္ဂိုလ်မှာ သူဖုန်းဆက်သည်ကိုပင်ပြန်မဖြေတော့ကာ သူ့ကိုစွန့်ပစ်လိုက်ပြီမှန်းသိသာလှပေသည်။ ယခုလို ဆတ်ဆတ်ထိမခံသည့်အခြေအနေမျိုးတွင် ဘယ်သူမှ ဝမ်မိသားစု၏အရှုပ်ထုပ်အတွင်းသို့ဝင်မပါလိုကြပေ။ ထိုအချိန်တွင် ဝမ်မိသားစုမှာ ပြင်းပြင်းထန်ထန် ဝေဖန်အပြစ်တင်ခံနေရလေသည်။
"ဒါဆို၊ ကျွန်မတို့ဘာလုပ်သင့်လဲ?" လီမန်ကျဲ့ စိတ်ပျက်အားငယ်စွာမေးမြန်းရင်း ကြမ်းပြင်ထက်သို့ ပြိုလဲကျသွားရသည်။ အခုအခြေအနေက ဘယ်လောက်ပြင်းထန်နေသည်ကို သူမနားလညပေမယ့် သူမခင်ပွန်းနှင့် သားကို ထောင်ကျသွားမှာ ဒါမှမဟုတ် သေသွားနိုင်သည်ကို ဒီတိုင်းထိုင်မကြည့်နေနိုင်ပေ။ ဒီလိုဆိုလျှင်တောင်မှ သူမဘာဆက်လုပ်ရမလဲဆိုသည်ကိုတော့ စဉ်းစား၍မရပေ။
"အဖေ၊ ကျွန်တော်တို့ တခြားနည်းလမ်းမရှိနိုင်တော့ဘူးလား?" ဝမ်ဟုန်းမင်၏အကြီးဆုံးသားဖြစ်သည့် ဝမ်ရှင်းယန်၏အဖေ ဝမ်ပါးဝမ့်ကမေးလိုက်သည်။
ဝမ်ဟုန်းမင်တွင် သား၃ယောင်နှင့် သမီး၁ယောက်ရှိကာ အကြီးဆုံးသား ဝမ်ပါးဝမ့်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပြီး ဒုတိယသား ဝမ်ပါးခန်းသည်တော့ နိုင်ငံရေးလုပ်ကာ အငယ်ဆုံးသား ဝမ်ပါးယွမ်သည်တော့ ဝမ်ပါးဝမ့်နှင့်အတူ မိသားစုစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လေသည်။
"ဒီလိုတွေဖြစ်ပြီးသွားမှတော့ ငါက ဘာလုပ်နိုင်ဦးမှာလဲ? မင်းတို့အားလုံး ဒီပြဿာနာကနေဝေးဝေးနေကြ။ ဘယ်သူမှမေးလဲမမေးနဲ့ ဝင်လဲမပါကြနဲ့။ တစ်ယောက်ယောက်ကသာ ဒီပြဿနာထဲဝင်ပါပြီး ဝမ်မိသားစုကို ပျက်စီးအောင်လုပ်ရဲမယ်ဆိုရင် အခုထဲက ထွက်သွားကြ!" ဝမ်ဟုန်းမင်၏ပုံစံက သွေးအေးအေးဖြင့် သတိပေးလိုက်ခြင်းဆိုပေမယ့် သူက ဝမ်မိသားစုတစ်စုလုံးအတွက်နှင့် ဝမ်ပါးခန်းနှင့် ဝမ်ယာဖုန်းကို စွန့်ပစ်ဖို့ရန် ရွေးချယ်လိုက်ခြင်းသာဖြစ်သည်။
"အဖေ!" လီမန်ကျဲ့ လက်မခံနိုင်ဖြစ်နေခဲ့သည်။
"ပါးစပ်ပိတ်ထား၊ မင်းလက်မခံနိုင်ရင် ကိုယ်တိုင်သွားကယ်!" ဝမ်ဟုန်းမင် စိတ်မရှည်စွာအော်လိုက်သောကြောင့် လီမန်ကျဲ့လဲ တိတ်သွားတော့သည်။
ပြီးနောက် ဝမ်ပါးဝမ့်က ဝမ်ဟုန်းမင်ကို ကူတွဲပေးကာ အိပ်ခန်းဆီသို့လိုက်ပို့ပေးလိုက်သည်။ အခုချိန်တွင် ဝမ်ဟုန်းမင်ဘာမှမလုပ်နိုင်တော့ဘူးဆိုပေမယ့်လဲ ဒီတိုင်းပဲတော့ အလျှော့မပေးနိုင်ပေ။ ဝမ်းပါးခန်းနှင့် ဝမ်ယာဖုန်းတို့သည် သူ၏သွေးသားရင်းချာများဖြစ်သောကြောင့် ရလဒ်ဘယ်လိုပဲဖြစ်ပါစေ သူကြိုးစားကြည့်ချင်သေးသည်။ ပြီးတော့ ဒီပြဿနာကို ဖော်ထုတ်ခဲ့သည့်လူကိုလဲ ရှာဖို့ရန်ဆုံးဖြတ်ထားကာ သူကိုယ်တိုင် လက်စားပြန်ချေရပေမည်။
ထိုပြဿာနကြောင့်နှင့်, Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းနှင့် ကျောက်စိမ်းဘုရင်မ ဆက်နွယ်နေသည်ဆိုသည့်သတင်းကို ဖြန့်ဖို့ရန် ဝမ်ဟုန်းမင်မေ့သွားတော့သည်။
ထိုအချိန်တွင် ကုနင်းသည်တော့ လင်ရှောင်းထင်နှင့်အတူ ဟိုတယ်၏စားသောက်ခန်းမတွင် မနက်စာအတူစားနေခဲ့သည်။ ရုတ်တရက် ဘေးစားပွဲမှ အမျိုးသမီးတစ်ယောက် အံ့အားသင့်စွာဖြင့် ထအော်လာသည်၊
"ဘုရားရေ! ဒုမြို့တော်ဝန်ရဲ့သားက ၁၀ကြိမ်မက မိန်းမငယ်လေးတွေကို အဓမ္မပြုကျင့်ဖူးတယ်တဲ့! မနှစ်က ဖြစ်သွားတဲ့ ဆရာတစ်ယောက်ရဲ့သမီး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရတာကလဲ သူလုပ်ခဲ့တာတဲ့! ဝမ်ပါးခန်းက သူ့သားဘေးကင်းဖို့ တခြားကောင်လေးတစ်ယောက်ကို ဓါးစာခံအဖြစ်သွင်းလိုက်တာတဲ့၊ အရမ်းရက်စက်ကြတာပဲ!"
ထိုအမျိုးသမီး၏စကာများက စားသောက်ခန်းအတွင်းရှိလူတိုင်းကို အလွန်အံ့အားသင့်သွားစေခဲ့သည်။
ဒုတိယမြို့တော်ဝန်? သူက ဝမ်မိသားစုဝင်တစ်ယောက်မဟုတ်လား?
သူ့သားက အဓမ္မကျင့်တဲ့အမှု၁၀ကြိမ်မက ကျူးလွန်ထားပြီး ကောင်မလေးတစ်ယောက်ကိုတောင်မှသတ်ခဲ့သေးတယ်လား?
ဒါသာအမှန်ဆိုရင် ဝမ်မိသားစုက တကယ့်တိရိစ္ဆာန်တွေပဲ! ကုနင်းတွေးလိုက်မိသည်။
ထို့နောက် ဗီဒီယိုတစ်ခုမှ အသံကနေပြီး ဝမ်ယာဖုန်းကိုယ်တိုင် သူလုပ်ခဲ့သည့်ပြစ်မှုများကို ဝန်ခံနေသည့်အသံကိုကြားလိုက်ရတော့,
"ဒီဝမ်မိသားစု တကယ့်ကို တိရိစ္ဆာန်တွေပဲ!" ကုနင်းဒေါသထွက်သွားရသည်။
ရုတ်တရက် ကုနင်း ကေပို့ထားသည့် အီးမေးလ်ကို သတိရသွားကာ ချက်ချင်းပဲ သူမဖုန်းကိုဖွင့်ပြီး အီးမေးလ်ထဲဝင်ကြည့်လိုက်တော့ စာတစ်စောင်တွင် ဝမ်ယာဖုန်း အဓမ္မပြုကျင့်သည့်အမှု ၁၀ကြိမ်မက ကျူးလွန်ထားပြီး တခါမှအပြစ်ပေးမခံခဲ့ရသည့်ကြောင်းပြောထားလေသည်။
ကုနင်း သူမထက်အရင် ဘယ်သူကများ ဒီကိစ္စကို ဖော်ထုတ်လိုက်လဲဆိုသည်ကို သိချင်မိသွားသည်။
ရုတ်တရက် သူမ လင်ရှောင်းထင်များလားဆိုပြီး သံသယဝင်မိသွားပေမယ့် သေတော့မသေချာပေ။
"အင်း, ကိုယ်ပဲ။" ကုနင်း လင်ရှောင်းထင်ကို ကြည့်လိုက်သည်နှင့် တဖက်ကချက်ချင်း အတည်ပြုလာခဲ့သည်။
ကုနင်း တစ်ခုခုပြောဖို့ ပါးစပ်ကို ဟလိုက်မိပေမယ့် ဘာပြောလို့ပြောရမှန်းမသိဘဲ လင်ရှောင်းထင် တုံ့ဆိုင်းခြင်းမရှိ ဝမ်မိသားစုကို ဆန့်ကျင်ရာတွင် သူမဘက်မှ ရပ်တည်ပေးခဲ့သည့်အပေါ် အရမ်းကြည်နူးမိသွားလေသည်။
"ဒါအစပဲရှိသေးတယ်။" လင်ရှောင်းထင် အေးစက်စွာပြောလိုက်သည်။ ဝမ်မိသားစုက ကုနင်းကို ထိခိုက်အောင် ကြံစည်ရဲမှတော့ သူ့ဘက်က ထိုလူများကို ပြန်ပေးဆပ်အောင်လုပ်ပေးရပေမည်။ လင်ရှောင်းထင်က ဝမ်မိသားစုတစ်ခုလုံးကို အမြစ်ပြတ်ဖြုတ်ချရန်အတွက် စိတ်ဆုံးဖြတ်ပြီးဖြစ်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မမှာ ဝမ်မိသားစုနဲ့ပတ်သတ်တဲ့ ဥပဒေနဲ့မလွတ်ကင်းတဲ့ကိစ္စတွေအတွက် သက်သေတွေရှိနေပြီးပြီ၊ ဒီနေ့ပဲ ဝမ်မိသားစုကို ဖြုတ်ချနိုင်တယ်။" ကုနင်းပြောရင်းဖြင့် သူမကို ကေပို့ပေးထားသည့် အီးမေးလ်ကို လင်ရှောင်းထင်အားဖတ်ခိုင်းလိုက်သည်။
သက်သေစာရင်းများကို ဖတ်ပြီးချိန်တွင်တော့ လင်ရှောင်းထင် အလွန်စိတ်မကျေမနပ်ဖြစ်သွားသည်။ အာဏာပိုင်အားလုံးသည် ဥပဒေနှင့်မလွတ်ကင်းသည့်ကိစ္စတစ်ခုမဟုတ်တစ်ခု လုပ်ခဲ့ဖူးကြောင်း သူသေချာသိပေသည်။ ပုံမှန်အားဖြင့် အသေးစိတ်အချက်အလက်တွေကိုသာမသိလျှင် သူလျစ်လျူရှုလိုက်မည်ဖြစ်ပေမယ့် ဝမ်မိသားစုသည်တော့ မတူပေ။ သူတို့က ကုနင်းကို အကြိမ်ပေါင်းများစွာ ထိခိုက်စေရန် ကြံစည်ခဲ့ကြသောကြောင့် လင်ရှောင်းထင်အနေနှင့် သူတို့ကို လွယ်လွယ်အလွတ်ပေးမည်မဟုတ်ပေ။
မကြာခင်တွင်ပဲ၊ ယန်ရွှီယာက ကုနင်းကို ဖုန်းဆက်လာခဲ့ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်မေးလာသည်၊
"ကုနင်း၊ အခုကိစ္စက နင်လုပ်ခဲ့တာလား?"
ယန်ရွှီယာမှာ သတင်းကိုကြားခဲ့ချိန်၌ အခုထက်ပိုပြီးတောင် ပျော်ရွှင်ခဲ့ရသေးလေသည်။
***
အခန်း ၂၉၀
ဝမ်မိသားစုကို ဖြုတ်ချမည်
ယန်ရွှီယာ ဝမ်မိသားစုကိုမုန်းလို့မဟုတ်ပေမယ့် ဝမ်ရှင်းယန်နှင့်တော် အချိန်ကြာမြင့်စွာ မုန်းတီးမှုရှိခဲ့လေသည်။ ဒါက သူတို့နှစ်ဦးကြား မုန်းတီမှုပေမယ့် ဝမ်မိသားစုလုပ်ခဲ့သည့်ကိစ္စသည်လဲ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိပေ။ ဝမ်မိသားစုတွင် ရန်သူများစွာရှိကြောင်း သူမသိပေမယ့် ဒီအချိန်တွင် သူမစိတ်ထဲပထမဆုံးပေါ်လာမိသူကတော့ ကုနင်းပင်။
"ဟုတ်တယ်၊" ကုနင်းရှည်ရှည်ဝေးဝေးရှင်းပြမနေဘဲ အတည်ပြုပေးလိုက်သည်။
ကုနင်း၏အတည်ပြုချက်ကို ကြားလိုက်ရတော့ သူမဖော်ထုတ်ခဲ့သည့်ကိစ္စကို မှားသည်ဟု ယန်ရွှီယာမခံစားမိပေ။ ထိုအစား ကုနင်းပိုလို့ပင် လေးစားမိသွားသည်။ ကုနင်း၏နောက်တွင် အလွန်အင်အားကြီးသည့် နောက်ခံရှိနေ၍သာ သူမတစ်ယောက်တည်းဖြင့် ဝမ်မိသားစုကို ဖြုတ်ချဖို့လုပ်နိုင်ခြင်းဖြစ်ရပေမည်!
......
ဝမ်မိသားစုဘက်က ဒီပြဿနာကို ဘယ်သူဖော်ထုတ်လိုက်လဲဆိုသည်ကို မသိကြသေးခင်မှာပဲ သူတို့၏ဥပဒေနှင့်ဆန့်ကျင်သည့် လုပ်ရပ်များမှ သက်သေများစွာထပ်မံပေါ်ထွက်လာခဲ့ပြန်ကာ ထန်မြို့ကိုတဖန် အုံကြွလာစေသည်။
ဝမ်ပါးဝမ့်သည် ယွမ်သန်း၁၀၀ကျော်မက အခွန်ရှောင်တိမ်းမှုအတွက် သံသယရှိသူဖြစ်နေပြီး ဝမ်ပါးယွမ့်သည်တော့ထန်မြို့ရှိ အကြီးဆုံးဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်နေကာ မူးယစ်ဆေးကုန်သွယ်မှုများနှင့် လူသတ်မှုများတွင်ပါ ပါဝင်နေလေသည်။ ဝမ်မိသားစုတွင် တရားမဝင်လျှို့ဝှက်ချက်များစွာရှိကြောင်း လူတိုင်းသိထားကြပေမယ့်လဲ အခုလိုမျိုး သက်သေနှင့်တကွအတိအကျဖော်ပြလာချိန်တွင်တော့ ထိတ်လန့်အံ့ဩမိစဲပင်။
အချိန်ခနလေးအတွင်းတွင်ပဲ ဝမ်မိသားစုဝင်တော်တော်များများဖမ်းမိသွားကြကာ ဝမ်ဟုန်းမင်နှင့် အမျိုးသမီးများသာလျှင် အိမ်၌ ဘေးကင်းကင်းကျန်နေခဲ့ကြတော့သည်။ အဖြစ်အပျက်များသည် မြန်ဆန်လွန်းသောကြောင့် ဝမ်မိသားစုတွင် ပြင်ဆင်ချိန်မရှိခဲ့ကာ ဘယ်သူမှထွက်ပြေးဖို့အခွင့်အရေးမရှိခဲ့ကြပေ။
ဝမ်မိသားစုမှာ ထိုသက်သေများကို ငြင်းဆန်ရန် ကြိုးစားကြတော့သည်။
ဝမ်ဟုန်းမင်လို ကျန်းမာရေးမကောင်းတော့သည့် လူအိုကြီးသည်လဲ ဒီပြဿနာကြောင့် ဒေါသထွက်လွန်း၌ နာမကျန်းဖြစ်ရတော့သည်။
ဘာလို့လဲ? ဘာလို့ ဒီလျှို့ဝှက်ချက်တွေအားလုံး တစ်ချိန်တည်းအဖော်ထုတ်ခံလိုက်ရတာလဲ? နောက်ကွယ်က ဘယ်သူရှိနေတာလဲ?
ဝမ်ပါးခန်း၏ နိုင်ငံရေးနယ်ပယ်မှ ရန်သူများလား ဒါမှမဟုတ် ကုနင်းလား? ဝမ်ဟုန်းမင်တွေးနေမိသည်။ ကုနင်းသာဆိုလျှင် သူမကို အနှောက်အယှက်ပေးခဲ့မိသည့်အတွက် အမှန်တကယ်ကို ဝမ်ဟုန်းမင်နောင်တရနေပြီပေမယ့် အခုချိန်က နောင်တရနေဖို့လဲ နောက်ကျသွားလေပြီ။ ဝမ်ဟုန်းမင်သည် သူ့ဘဝတစ်လျှောက်လုံးစာ အတွေ့အကြုံများကာ လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုချိန်တွင်တော့ သူ့ရဲ့လက်တုန့်ပြန်မှုလေးတစ်ခုကြောင့် ဝမ်မိသားစုတစ်ခုလုံးပျက်စီးခဲ့ရပေသည်။ ဝမ်ဟုန်းမင်သည်လဲ အဖြစ်မှန်များကိုလက်မခံနိုင်စွာ အရှုပ်အထွေးများတည်ငြိမ်သွားပြီးမကြာခင်တွင်ပဲ ဆုံးပါးသွားတော့သည်။
သို့ပေမယ့်၊ ဝမ်မိသားစု၏ ဂုဏ်သတင်းများမှာ အခုချိန်တွင် လုံးဝအပြီးတိုင် ပျက်စီးသွားခဲ့ပြီဖြစ်ပေမယ့်လဲ သူတို့လုပ်ခဲ့သည့်လုပ်ရပ်များကို ဘယ်သူမှ ခွင့်မလွှတ်ပေးသလို မေ့လဲမမေ့ကြပေ။
ထိုစဉ်တွင် ဝမ်မိသားစုကိုဖြုတ်ချနိုင်သည့် အင်အားရှိနေသည့် နောက်ကွယ်ကလူဘယ်သူဆိုသည်ကိုလဲ လူအများသိချင်နေကြသည်။
ဝမ်မိသားစု ဖြုတ်ချခံရခြင်းမှာ အလွန်စိတ်လှုပ်ရှားစရာဖြစ်ရပ်ဖြစ်ပေမယ့်လဲ အလွန်မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့ခြင်းကြောင့် လူအပေါင်းကို အမှန်တကယ်ဟု မခံစားမိစေပေ။
နောက်တစ်နေ့တွင်တော့ ဝမ်ပါးခန်း၏ နိုင်ငံရေးလောကမှ တွဲဖက်များသည် အပြစ်ပေးခံရကာ ထောင်ထဲအထည့်ခံလိုက်ကြရသည်။ သို့ပေမယ့် ဒီတစ်ခေါက် ကိစ္စသည်တော့ လင်ရှောင်းထင်ရော ကုနင်းပါ ဝင်ပါခဲ့ခြင်းမရှိဘဲ ဝမ်ပါးခန်း၏ နိုင်ငံရေးလောကမှ ပြိုင်ဘက်များပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဝမ်ပါးခန်း၏ နိုင်ငံရေးလောကမှ ပြိုင်ဘကများသည် သူ့ကို အစဉ်အမြဲဖြုတ်ချချင်ခဲ့ကြပေမယ့် တိကျသည့် သက်သေများမရှိနေခဲ့ပေ။ ဝမ်မိသားစုသည် ထန်မြို့၏အာဏာလွှမ်းမိုးမှုရှိသည့် မိသားစုများထဲတွင်ပါဝင်ပေမယ့် အခုတော့ တစ်စုံတစ်ယောက်က ဝမ်းပါးခန်းကို ထောင်ထဲတန်းထည့်လိုက်မှတော့ သူ့ပြိုင်ဘက်တွေဘက်မှလဲ ထိုင်ကြည့်မနေကြတော့ပေ။
ကုနင်းသည်တော့ ဝမ်မိသားစုက သူတို့လုပ်ခဲ့သည့်ကိစ္စများအတွက် အပြစ်ပေးခံရသင့်သည်ဟုတွေးသောကြောင့် သူတို့၏အနာဂါတ်ကို ဂရုစိုက်မနေပေ။
ကုနင်းတို့ ဟိုတယ်အခန်းသို့ပြန်လာသည့်လမ်းတွင် ရုတ်တရက်ကြီး လင်ရှောင်းထင်က သူမကို လက်ဆောင်တစ်ခုပေးလာခဲ့သည်။ ထိုလက်ဆောင်ကိုမြင်တော့ ကုနင်းအလွန်ပျော်ရွှင်ဝမ်းသာသွားကာ ထပင်ခုန်မိမတတ် စိတ်လှုပ်ရှားသွားရသည်။ ၎င်းသည်တော့ ဝမ်မိသားစု၏ကျောက်ရိုင်းတူးဖော်ခွင့် စာချုပ်စာတမ်းများပင်ဖြစ်သည်။ ပြောရလျှင်တော့ ကုနင်းသည် ဝမ်မိသားစုနေရာကို အစားထိုးဝင်ရောက်နိုင်သွားကာ ထန်မြို့ရှိအကြီးမားဆုံး ကျောက်ရိုင်းတင်ပို့သူ၃ဦးထဲမှတစ်ဦးဖြစ်လာပြီဖြစ်သောကြောင့် ကုနင်းအလွန်အံ့ဩသွားရသည်။
တကယ်တော့ ကုနင်းတွင်လဲ ထန်မြို့တွင် ကျောက်ရိုင်းတူးဖော်ရန် အစီစဉ်ရှိထားပြီဖြစ်သည်။ ပြီးတော့ သူမစက်ရုံအကြီးကြီးတစ်ခုကို ဝယ်လိုက်ကာ ကျောက်စိမ်းတင်ပို့သူအဖြစ် ကုမ္ပဏီတည်ထောင်လိုက်ခြင်းသည်လဲ ထိုရည်ရွယ်ချက်ကြောင့်ပင်။ သူမတွင် ကျောက်စိမ်းမျက်ဝန်းရှိသောကြောင့် ကျောက်စိမ်းရှိမည့်တောင်တစ်တောင်ကို ရှာဖို့ရန်က အလွန်တရာလွယ်ကူကာ အထူးသဖြင့် ထန်မြို့တွင် ဝမ်မိသားစုသည် သူ့အာဏာနှင့် ရာထူးမရှိတော့ပေ။ ဒီ့အတွက်ကြောင့် ကုနင်းအနေနှင့် သူမကိုယ်သူမ ဝမ်မိသားစုနေရာတွင် အလွယ်တကူအစားထိုးနိုင်ကာ ဝမ်မိသားစု၏ဖောက်သည်များဖြင့်လဲ ဆက်သွယ်နိုင်ပေသည်။
မမျှော်လင့်ထားစွာပဲ လင်ရှောင်းထင်သည်လဲ သူမနှင့်အကြံတူနေကာ စာရွက်စာတမ်းများပင် ပြင်ဆင်လာပြီးဖြစ်နေသောကြောင့် သူမအမှန်တကယ်ကို ဝမ်းသာကြည်နူးမိသွားသည်။
"ရှင်ဒီအတွက် ဘယ်လောက်တောင်ပေးခဲ့ရလဲ?" ကုနင်းမေးလိုက်သည်။ ဒီစာရွက်စာတမ်းတွေရဖို့ရန် ဘယ်လောက်ဈေးကြီးမည်ဖြစ်ကြောင်း သူမနားလည်သလို လင်ရှောင်းထင်ကို ဘာမှပြန်မပေးဘဲနှင့်လဲ အခုလိုလက်ဆောင်ကို လွယ်လွယ်လက်မခံချင်ပေ။ တကယ်တော့ ငွေဆိုတာ လင်ရှောင်းထင် မျက်လုံးထဲတွင် ဘာမှမဟုတ်ပေမယ့်လဲ ကုနင်း လွယ်လွယ်ကူကူယူလိုက်မည်ဟုတော့မဆိုလိုပေ။
"ဒါက လက်ဆောင်ပါ။" လင်ရှောင်းထင်သည်လဲ ကုနင်း၏စိတ်ကိုနားလည်ပေမယ့် ကုနင်းပြန်ပေးလာမည့်ငွေကိုတော့ လက်ခံမည်မဟုတ်ပေ။ သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ငွေထက်ပိုပြီးတန်ဖိုးထားလေသည်။
"ဒါပေမယ့်...." ကုနင်း ဒီအတိုင်းလက်ခံပစ်ဖို့ရန်ကို ချီတုံချတုံဖြစ်နေမိသည်။
"ကောင်းပြီလေ, မင်း ကိုယ့်ကိုဒီလောက်ပြန်ပေးချင်နေမှတော့, မင်းပေးနိုင်ပါတယ်...." လင်ရှောင်းထင် ရုတ်တရက် ကုနင်းကို အကြည့်တစ်မျိုးဖြင့်ကြည့်ရင်းပြောလိုက်သည်။ ကုနင်းသည်လဲ ချက်ချင်းပဲ သူဘာကိုဆိုလိုချင်လဲဆိုသည်ကို သဘောပေါက်သွားတော့သည်။ သူမမရုန်းနိုင်ခင်တွင်ပဲ လင်ရှောင်းထင်က သူမကိုပွေ့ဖက်လိုက်သည်။
ကုနင်းက, "ရှင်စိတ်ပါတဲ့အကြိမ်က နည်းနည်းများနေတယ်လို့ ထင်တယ်။ အကယ်၌ ကျွန်မရှင့်အနားမရှိတဲ့အချိန်ဆို ဘယ်လိုလုပ်လဲ?"
_သူတစ်ခြားမိန်းမတစ်ယောက်နဲ့အိပ်လိုက်မှာလား?_ ကုနင်းတွေးလိုက်မိသည်။ လင်ရှောင်းထင် ထိုသို့မလုပ်လောက်ပါဟု သူမယုံကြည်ပေမယ့်လဲ လင်ရှောင်းထင်က သူမလဲမဟုတ်သလို သူမကလဲ ယောက်ျားတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် လင်ရှောင်းထင် သူမကို အလွန်ချစ်သည်ဆိုလျှင်တောင်မှ အချိန်တိုင်း သူမအပေါ်သစ္စာရှိနေပါမည်ဟု ယုံကြည်ချက်သိပ်မရှိပေ။ သို့ပေမယ့် သူသာ သူမအပေါ် အမှန်တကယ် လိမ်လည်လှည့်ဖျားခဲ့မည်ဆိုလျှင် သူမဘက်ကလဲ တုန့်ဆိုင်းခြင်းမရှိ ချက်ချင်း သူ့ကိုထားသွားမည်ဖြစ်သည်။ ကုနင်းသည် သူမဘဝရှင်သန်ရပ်တည်ဖို့ရန် ယောက်ျားတစ်ယောက်အပေါ်တွင် မှီခိုရလောက်သည့် မိန်းကလေးတစ်ယောက်မဟုတ်ပေ။
လင်ရှောင်းထင် ထိတ်လန့်သွားကာ ကုနင်းကို ပွေ့ဖက်လိုက်ရင်းဖြင့်၊
"နင်းနင်း၊ စိတ်မပူပါနဲ့၊ ကိုယ် မင်းတစ်ယောက်တည်းကိုပဲ လိုချင်ခဲ့ဖူးတာပါ။"
လင်ရှောင်းထင် အရမ်းအတည်အတန့်ဖြစ်ကာ ရှင်းပြန်နေသည်ကိုမြင်တော့ ကုနင်းအနည်းငယ်ရှက်ရွံ့သွားကာ စကားလမ်းကြောင်းလွှဲလိုက်သည်၊
"ကျွန်မဗိုက်ဆာနေပြီ။"
"တကယ်လား?" လင်ရှောင်းထင် ချက်ချင်းပဲ ကုနင်းကို ဝါးစားတော့မည့်အပြုံးမျိုးပြုံးလိုက်သည်။
ကုနင်း မျက်နှာတစ်ပြင်လုံး နီမြန်းသွားရသည်။ ဒီလူလုံးဝကိုပြောင်းလဲသွားတာပဲ!
"ကျွန်မတကယ် အစားအသောက်ကိုစားချင်တာ!" ကုနင်းစိတ်ဆိုးသလိုဟန်ဆောင်လိုက်ပေမယ့် လင်ရှောင်းထင်၏မျက်ဝန်းထဲတွင်တော့ အလွန်ချစ်စရာကောင်းနေလေသည်။
ဒီလိုနှင့် လင်ရှောင်းထင် ကိုယ့်ကိုကိုယ်မထိန်းချုပ်ထားနိုင်စွာ ကုနင်းကို နမ်းရှိုက်ရန် ပြင်လိုက်စဉ်မှာပဲ ကုနင်းက ချက်ချင်း သူ့ကိုတွန်းထုတ်လိုက်တော့သည်။